မိုင်

De Rene_y

4.1M 422K 27.3K

Myanmar BL Mai multe

အပိုင်း [ ၁ ]
အပိုင်း [ ၂ ]
အပိုင်း [ ၃ ]
အပိုင်း [ ၄ ]
အပိုင်း [ ၅ ]
အပိုင်း [ ၆ ]
အပိုင်း [ ၇ ]
အပိုင်း [ ၈ ]
အပိုင်း [ ၉ ]
အပိုင်း [ ၁၀ ]
အပိုင်း [ ၁၁ ]
အပိုင်း [ ၁၂ ]
အပိုင်း [ ၁၄ ]
အပိုင်း [ ၁၅ ]
အပိုင်း [ ၁၆ ]
အပိုင်း [ ၁၇ ]
အပိုင်း [ ၁၈ ]
အပိုင်း [ ၁၉ ]
အပိုင်း [ ၂၀ ]
အပိုင်း [ ၂၁ ]
အပိုင်း [ ၂၂ ]
အပိုင်း [ ၂၃ ]
အပိုင်း [ ၂၄ ]
အပိုင်း [ ၂၅ ]
အပိုင်း [ ၂၆ ]
အပိုင်း [ ၂၇ ]
အပိုင်း [ ၂၈ ]
အပိုင်း [ ၂၉ ]
အပိုင်း [ ၃၀ ]
အပိုင်း [ ၃၁ ]
အပိုင်း [ ၃၂ ]
အပိုင်း [ ၃၃ ]
အပိုင်း [ ၃၄ ]
အပိုင်း [ ၃၅ ]
အပိုင်း [ ၃၆ ]
အပိုင်း [ ၃၇ ]
အပိုင်း [ ၃၈ ]
ဇာတ်သိမ်းပိုင်း
Announcement
Book details

အပိုင်း [ ၁၃ ]

101K 11.4K 931
De Rene_y

မြတ်သောမာန် ရုံးမှ ပြန်လာချိန်တွင် မိုင်မိုင်းက Kitchen ထဲတွင် ညနေစာ ချက်နေ၏။

သူ အိမ်ပြန်ရောက်ပြီဆို ဧည့်ခန်းကို  ထွက်ကြည့်တတ်သော ကောင်လေးမှာ ဒီနေ့တော့ သူ အပေါ်ထပ် တက်သွားသည်ကိုပင် သတိထားမိပုံမရ။

မြတ်သောမာန် ရေချိုး၊ အဝတ်အစား လဲပြီး အောက်ထပ်သို့ ဆင်းလာတော့လည်း ဟင်းရွက်တွေသင်နေသော မိုင်မိုင်းက မှိုင်တွေလျက်ရှိသည်။

ပုံမှန်ဆို ဒီကောင်လေး အခုလို စိတ်နှင့်လူ မကပ်တာမျိုး ရှားပါ၏။

သူ ထမင်းစားပွဲဝိုင်းတွင် ခုံတစ်လုံး ဆွဲပြီး ဝင်ထိုင်လိုက်ပါမှ မိုင်မိုင်းက သူ့ကို လှည့်ကြည့်လာတာဖြစ်သည်။

"ညစာ စားတော့မလားဗျ"

မြတ်သောမာန် ပြန်မဖြေရသေးခင်မှာ မိုင်မိုင်းက ပွက်ပွက်ဆူနေသော ဟင်းရည်အိုးဆီ လက်လှမ်းလိုက်တာလည်း သတိလက်လွတ်ပါလေ။

အပူငွေ့ဟပ်မှာ စိုးရိမ်စိတ်ဖြင့် အကဲဆတ်ဆတ် လိုက်ကြည့်နေမိသော သူ့မျက်လုံးတွေက ဟင်းချို ခပ်မြည်းဖို့ရာ ဇွန်းလှမ်းယူသည့် ဘယ်လက်ကို မြင်တော့ မျက်မှောင် ကြုတ်မိချေပြီ။

လက်ကောက်ဝတ်မှာ ရောင်နေတာ သိသိသာသာမို့ သူ မိုင်မိုင်းရဲ့အနားကို လှစ်ကနဲ ရောက်သွားပြီး ထိုလက်ကို သာသာလေး ဆွဲယူလိုက်တာတောင် မဲ့သွားသည့် မျက်နှာလေးက နာကျင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့။

မြတ်သောမာန် မချင့်မရဲဖြင့်

"ဒါ ဘာဖြစ်တာလဲ" လို့ မေးတော့

ကောင်လေးက သူ့ကို အဖြေမပေးနိုင်ဘဲ ဆူဝေလာတဲ့ ဟင်းရည်အိုးဆီကိုပဲ လက်လှမ်းပြန်၏။

"ကိုယ်လုပ်လိုက်မယ်"

အယောင်ယောင် အမှားမှားတွေ ဖြစ်နေသော ကောင်လေးကို ဘေးပို့ပြီး
သူ ဟင်းရည်အိုးကို တစ်ချက် မွှေကာ မီးပိတ်လိုက်ရသည်။

"ဘာကိုမှ သွားမထိတော့နဲ့...ခဏနေဦး"

လက်နာနေလျက်နဲ့ ညစာကို အရေးတကြီး လုပ်နေခြင်းအား
ဆူပစ်ချင်သော်လည်း မြတ်သောမာန် သက်ပြင်းချရုံပဲ တတ်နိုင်၏။

"ဒီကို လာခဲ့"

မြတ်သောမာန် ရေနွေးအိတ်သွားယူပြီး  မိုင်မိုင်းကို ဧည့်ခန်းထဲ လာဖို့ ခေါ်လိုက်သည်။

သူ့နံဘေး နေရာလွတ်တွင် ငြိမ်ငြိမ်လေး ဝင်ထိုင်သည့် မိုင်မိုင်းက သူ အစောက မေးတာကို အခုထိ မဖြေသေး။

မြတ်သောမာန် ခန့်မှန်း မိသလောက်ကတော့ ဒီလို ဒဏ်ရာမျိုးက မတော်တဆရတာတော့ မဟုတ်နိုင်ပေ။

ပန်းပျိုးတဲ့လက်ကလေး။ ဟင်းချက်ကောင်းတဲ့လက်ကလေးကို ဘယ်သူကများ ထိခိုက်စေတာလဲ။

"သက်သာလား"

"ဟုတ်ကဲ့ဗျ"

သူ ရေနွေးအိတ် ကပ်ပေးနေသည်မှာ ဆယ်မိနစ်ခန့်ရှိပြီဖြစ်သော်လည်း အရောင်ကမကျတော့ မြတ်သောမာန် စိတ်ထဲ တနုံ့နုံ့ ဖြစ်လာသည်။

"ထ...ဆေးခန်းသွားမယ်...အနွေးထည် သွားဝတ်"

"ဟုတ်ကဲ့"

အပြင်မှာ ရာသီဥတုက ချမ်းအေးနေသဖြင့် သူလည်း အခန်းထဲဝင်ပြီး ချည်ဆွယ်တာ တစ်ထည် ထပ်ဝတ်လိုက်၏။ သူ မိုင်မိုင်းရဲ့ အခန်းရှေ့တွင် ရပ်စောင့်နေရင်း မိုင်မိုင်း ကိုယ့်ဘာသာ အနွေးထည် ဝတ်လို့ အဆင်ပြေပါ့မလားဟု တွေးပူနေမိသည်။

"မိုင်မိုင်း"

"လာပြီဗျ"

အပြေးအလွှား အခန်းတံခါး လာဖွင့်သော ကောင်လေးကို ကြည့်ပြီး မြတ်သောမာန်မှာ ရင် တမမရယ်ပါ။

မိုးပြာရောင် ချည်သား ဝမ်းဆက်ပေါ်ကနေ အဖြူရောင် Cardigan လေး ထပ်ဝတ်ထားသည့် ကောင်လေးဟာ အထိအခိုက် မခံချင်စရာ ကောင်းလောက်အောင် နုဖတ် ဖြူစင်နေတာ မဟုတ်လား။

"သွားရအောင်"

"ဟုတ်"

သူ မိုင်မိုင်းကို ကားတံခါး ဖွင့်ပေးပြီး ကားပေါ်ရောက်တော့လည်း  ခါးပတ်ကို သေချာပါတ်ပေးလိုက်သည်။

အိမ်ကနေ ထွက်လာသည့်
တစ်လမ်းလုံး နှုတ်ဆိတ်နေခဲ့သော မိုင်မိုင်းက ဆေးခန်းရောက်သည်အထိ လက်က ဒဏ်ရာ ဘယ်လိုရသလဲဆိုတာကို လုံးဝ မပြောပါ။

Doctor လွမ်းမိုးက မိုင်မိုင်းရဲ့လက်ကောက်ဝတ် အခြေအနေကို စမ်းသပ် စစ်ဆေးပြီး ဆေးပတ်တီး စည်းပေးလိုက်သည်။

ဆေးခန်းကနေ အိမ်ကို ပြန်ရောက်ကြတော့ သူ့မေးခွန်းတွေကို ရှောင်ချင်သည့် မိုင်မိုင်းက အခန်းထဲ ဝင်သွားတာမို့ မြတ်သောမာန်လည်း ရုံးခန်းထဲ ဝင်ခဲ့လိုက်၏။

တကယ်တမ်း တွေးကြည့်တော့ မိုင်မိုင်းနှင့်ပတ်သက်လို့ သူ ဘာကိုမှ သေချာ မသိ။

မိုင်မိုင်း ကျောင်းမှာ အဆင်ပြေ၊ မပြေကိုပင် သူငယ်ချင်း ဖြစ်သူ ရတီ့ဆီက တစ်ဆင့် သိသင့်သလောက် သိရပေမယ့် မိုင်မိုင်း ဘယ်သွားတယ် ဘာလုပ်တယ်ကအစ လိုက် စောင့်ကြည့် မနေတာက ဆယ်ကျော်သက်တစ်ယောက် ရဲ့ နေ့စဥ်ဘဝကို လိုအပ်သည်ထက်ပိုကာ စွက်ဖက်မိမှာ စိုး၍ပင်။

အခုတော့ မိုင်မိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာကို မိုင်မိုင်းက မပြောပေမယ့်လည်း သူက သူ့နည်းသူ့ဟန်ဖြင့် သိအောင် လုပ်ရမည်။

မိုင်မိုင်း ဒီနေ့ အတန်းဆင်းတော့ အိမ်ကို တန်း မပြန်လာသေးဘဲ သူငယ်ချင်းတွေနဲ့ စျေးဝယ်ထွက်ဦးမည်ဖြစ်ကြောင်း သူ့ကို ဖုန်းဆက်
အသိပေးတုန်း​က အသံလေး မြူးနေတာမို့ အဲဒီအချိန်ထိ ဘာပြဿနာမှ ရှိသေးဟန်မတူ။

စျေးဝယ်ထွက်ရင်းနဲ့များ တစ်ခုခု ဖြစ်ကြသလားဟု တွေးတွေးဆဆဖြင့် သူ မိုင်မိုင်းရဲ့သူငယ်ချင်း ခွန်းဒီပကို ဖုန်းဆက်လိုက်သည်။

"Hello...ဦးမြတ်သောခင်ဗျ"

"စကား ပြောလို့ အဆင်ပြေလား ခွန်းဒီ"

"ဟုတ်ကဲ့ခင်ဗျ"

"ဒီနေ့ မိုင်မိုင်း လက်မှာ ဒဏ်ရာ ရလာတာ ခွန်းဒီတို့ သူငယ်ချင်းတွေ သိကြလား"

ခွန်းဒီပဘက်က တိတ်ဆိတ်သွားပုံအရ ပြောသင့် မပြောသင့် ချင့်ချိန်နေသည့် သဘောမှာ ရှိသည်။

"မိုင်မိုင်းက ဘာမှ မပြောလို့ ဦး မင်းကို လှမ်းမေးရတာပါ"

"ဟုတ်ကဲ့...ဦးမြတ်သော သိသင့်တဲ့ ကိစ္စလို့ ယူဆတာမို့ ကျွန်တော် ပြောပြပါမယ်...ဒီနေ့ ကျွန်တော်တို့ City Centre မှာ စျေးဝယ်ထွက်ကြတော့ ကျွန်တော်နဲ့စိုင်းလောဝ်က သီချင်းခွေတွေ ရွေးနေတုန်း မိုင်မိုင်းကတော့ စာအုပ်တန်းဘက်မှာ ရှိနေခဲ့ပါတယ်...အချိန်က ခန့်မှန်းခြေ မွန်းလွဲ ၂ နာရီလောက် ဖြစ်မယ်ခင်ဗျ...မိုင်မိုင်းကို လူတစ်​ယောက် ဆွဲခေါ်သွားတာကို လူတွေလိုက်ကြည့်နေကြတာ သတိထားမိမှ ကျွန်တော်တို့တွေ မိုင်မိုင်းနောက် ပြေးလိုက်ခဲ့ကြတာပါ...လူပြတ်တဲ့ Car parkingကို  ကျွန်တော်တို့ ရောက်သွားတော့ မိုင်မိုင်းက အဲဒီလူရဲ့ လက်ထဲကနေ  ရုန်းထွက်လာနိုင်ခဲ့ပါတယ်...အဲဒီလူက မိုင်မိုင်းနဲ့အသိတွေ လို့ ထင်ရပေမယ့် လူကောင်းဟုတ်ပုံ မရပါဘူး...ကြောက်လန့်တကြီး ဖြစ်နေတဲ့ မိုင်မိုင်းက အိမ်အပြန်ကျ ငိုခဲ့ပါတယ်"

ခွန်းဒီပ ပြောပြတာတွေကို နားထောင်ပြီး မြတ်သောမာန် ရင်ထဲ ဆစ်ကနဲကျဥ် သွားရ၏။

"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ခွန်းဒီ"

"မိုင်မိုင်း ကိုယ်တိုင်က မပြောတဲ့ ကိစ္စကို ကျွန်တော် ပြောလိုက်တာက ကျွန်တော်တို့ရဲ့သူငယ်ချင်း ဆက်ဆံရေးကို ထိခိုက်သွားစေနိုင်မလား မသိပေမယ့် ဒါက သူငယ်ချင်းတစ်ယောက်အနေနဲ့ မိုင်မိုင်းကို ထပ်ပြီး မထိခိုက်စေချင်လို့ ဆိုတာ မိုင်မိုင်း နားလည်ဖို့ မျှော်လင့်ပါတယ်ဗျ"

ခွန်းဒီပနှင့် ဖုန်းပြောပြီး အချိန်အတော်ကြာထိ မြတ်သောမာန် ရုံးခန်းထဲတွင် ဟိုသည်လျှောက်ရင်း သူ့ဒေါသတွေကို တည်ငြိမ်အောင် ထိန်းနေရပါတော့သည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိုင်မိုင်း အခန်းထဲတွင် စာထိုင်ဖတ်နေပေမယ့် စာတွေကို အာရုံစိုက်မရပေ။

ဦးမြတ်သောက ညစာ မစားသဖြင့် သူလည်း မစားဖြစ်။

ဒီည မိုးအေးတော့ သူ့လက်က ကိုက်ချင်နေသည်။

မိုင်မိုင်း စိတ်ညစ်လွန်းလို့ သက်ပြင်းတွေ ချနေရတာလည်း အခါခါပင်။

အစ်ကိုလင်းသစ်က သူ့ကို ဘယ်အချိန်ထိ နှောင့်ယှက်နေဦးမှာလဲ။

သူ အဲဒီအကြောင်းတွေ ဦးမြတ်သောကို ပြော မပြနိုင်တာက သူ့ကြောင့်နဲ့ ဦးမြတ်သောပါ စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုး၍ ဖြစ်သည်။

"မိုင်မိုင်း"

သူ့အခန်းရှေ့မှ ဦးမြတ်သောရဲ့ ခေါ်သံကို ကြားတော့ မိုင်မိုင်း အိပ်ရာပေါ်မှ ဆင်းပြီး အခန်းတံခါး သွားဖွင့်လိုက်သည်။

သူ အခန်းတံခါးကို Lock မချထားပေမယ့်လည်း ဦးမြတ်သောမာန်က အမြဲတမ်း တံခါး ခေါက်ပြီးမှသာ သူ့ရဲ့ အခန်းထဲ ဝင်လေ့ရှိ၏။

"ညစာ စားချင်စိတ် မရှိဘူး မလား"

"ဟုတ်ကဲ့"

ဦးမြတ်သောက လက်ထဲတွင် ကိုင်လာသော ဗန်းကို သူ့အိပ်ရာနံဘေးရှိ စားပွဲငယ်ပေါ်  တင်လိုက်ကာ

"ဒါသောက်လိုက်...Green tea က လက်ကောက်ဝတ်နာကျင်တာကို သက်သာစေတယ်တဲ့"

"ဟုတ်ကဲ့ဗျ"

ဦးမြတ်သောက ဘာမျှ ထပ်မပြောတော့ဘဲ ဆေး ပတ်တီး စည်းထားသည့် မိုင်မိုင်းရဲ့လက်ကို တစ်ချက် ကြည့်ပြီး အခန်းထဲမှ ပြန်ထွက်သွားခဲ့ပါ၏။

ဦးမြတ်သောရဲ့သူ့အပေါ် ဂရုစိုက်မှုတွေက မချိုသာလွန်းသော်လည်း စေတနာတွေပါမှန်း မိုင်မိုင်း ခံစားလို့ ရသည်။

မနက်ကျတော့ ဦးမြတ်သောက မိုင်မိုင်းကို ကျောင်း မသွားစေဘဲ အိမ်မှာပဲ နားဖို့ ပြောလာသည်။

"ကိုယ် မင်းရဲ့ဆရာမဆီ ခွင့်တိုင်ပေးထားတယ်...ဒီတစ်ခါတော့ ကိုယ့် စကား နားထောင်မယ် မဟုတ်လား"

"ဟုတ်ကဲ့ဗျ"

ဦးမြတ်သောမာန် လုပ်ပေးတဲ့ မနက်စာက ဆယ်လ်မွန်ငါးကင်နှင့်ထောပတ်သီးသုပ် ဖြစ်ပြီး သောက်စရာအတွက်တော့ မုန်လာဥနီ ဖျော်ရည် ဖြစ်သည်။

အနောက်တိုင်းတွင် ဆယ်နှစ်နေခဲ့သော ဦးမြတ်သောက အနောက်တိုင်း အစားအသောက် တချို့ကိုတော့ ကောင်းကောင်း လုပ်တတ်ပုံပင်။

မိုင်မိုင်းက မြန်မာ ထမင်း၊ဟင်းကို ပိုကြိုက်ပေမယ့် ဦးမြတ်သော ကိုယ်တိုင် လုပ်ပေးသည့် ဒီလို အနောက်တိုင်းစာ တွေကိုလည်း ခံတွင်းတွေ့သည်ပင်။

"ကိုယ် ရုံးသွားတော့မယ်...တစ်ခုခုဆို ဖုန်းဆက်နော်"

"ဟုတ်ကဲ့...စိတ်ချပါ ခင်ဗျ"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မြတ်သောမာန် ဒီနေ့ မနက်ပိုင်းပဲ ရုံးတက်ဖြစ်ပြီး နေ့လည်ပိုင်းကျတော့ မ​နေ့က မိုင်မိုင်းတို့ သွားခဲ့သည့် City Centre ကို ရောက်သည်။ သူ Centre ထဲ ဝင်သွားတော့ General Managerဟု ရင်ထိုးတံဆိပ် ကပ်ထားသည့် ဝန်ထမ်းတစ်ယောက်က သူ့ကို အဆင်သင့် ကြိုနေ၏။

"MTM Tech ရဲ့ CEO ဦးမြတ်သောမာန်လား ခင်ဗျာ"

"ဟုတ်ပါတယ်"

မြတ်သောမာန် ခေါင်းညိတ်ပြလိုက်တော့ ထိုဝန်ထမ်းက သူ့ကို ရှေ့ကနေ လမ်းပြလာသည်။

"ဒီဘက် ကြွပါဗျ"

မနေ့ညကတည်းက မြတ်သောမာန် ဒီ Centre ကို စီမံအုပ်ချုပ်သူ အကြီးအကဲနှင့် ဖုန်း အဆက်အသွယ် ရခဲ့သဖြင့် တာဝန်ရှိသူမှ အပ ဝင်ခွင့်မရသော Centre ရဲ့ Security Room ထဲအထိ ​အေးဆေး ဝင်သွားလိုက်သည်။

"မြေညီထပ် Car Parking က နည်းနည်းမှောင်ပေမယ့် CCTV တွေ တပ်ထားတာမို့ ဘယ်အချိန်ကို ကြည့်ချင်ပါလဲဗျ"

"မနေ့က မွန်းလွဲ နှစ်နာရီ ဝန်းကျင်ပါ"

တာဝန်ရှိ ဝန်ထမ်းတစ်ယောက်က Car Parking ရဲ့ CCTV မှတ်တမ်းတွေထဲမှ မြတ်သောမာန် ပြောသည့် အချိန်ကို ရှာပေး၏။

"ဒါလား ခင်ဗျ"

နှစ်နာရီနှင့်ငါးမိနစ်လောက်မှာ အရေးပေါ် လှေကားဘက်ရှိ CCTV Camera ကနေ ကောင်လေး နှစ်ယောက် ပြေးဆင်းလာတာကို မြင်တော့ လုံခြုံရေး ဝန်ထမ်းက Zoom ချဲ့ပြ၏။

"တစ်နာရီနဲ့ ၄၅မိနစ် ဝန်းကျင်လောက်ကို နောက် ​​ပြန်ရစ်ပေးပါ"

မြတ်သောမာန် မျက်စိလျင်လျင်ဖြင့်
Camera ရှုထောင့်တိုင်းကို သတိထားပြီး ကြည့်နေစဥ်တွင် VIP Parking Zone ဘက်က Camera မှာ မိုင်မိုင်းကို တွေ့လိုက်ရပါပြီ။

"ကျွန်တော့်ရဲ့ကိုယ်ရေး ကိုယ်တာနဲ့ သက်ဆိုင်နေတဲ့ ကိစ္စမို့လို့ 
ကိုယ့်ဘာသာ ကြည့်ချင်ပါတယ်"

"ဟုတ်ကဲ့...ဒါဆို CCTV မှတ်တမ်းကို လိုသလောက် ဖြတ်ထုတ်ပြီး ပေးလိုက်ပါ့မယ်ဗျ"

မြတ်သောမာန် Company ကို ပြန်လာတော့ သူ့လက်ထဲတွင် Memory Stickလေး တစ်ခု ပါလာ၏။ သူ့ဆန္ဒအတိုင်း Centre က CCTV မှတ်တမ်းမှာတော့ ဒီအပိုင်းကို အပြီးဖျက်ပစ်ပေးဖို့ သဘောတူသည့် Centre မှူးကို နောက်မှ မိတ်ဖြစ်ဆွေဖြစ် Dinner တစ်ဝိုင်းလောက် ဖိတ်ကျွေးရပါဦးမည်။

"Boss...နေ့လယ်စာ မှာပေးရတော့မလား"

"ကိုယ် မစားချင်သေးဘူး Elly"

မြတ်သောမာန် ရုံးခန်းထဲရောက်တော့ လက်ထဲက Stick ကို သူ့ Computer နှင့် Join ကြည့်လိုက်သည်။

လူတစ်ယောက်ရဲ့ လက်ထဲမှာ မိုင်မိုင်း ဒရောမျောပါး ပါသွားခြင်းအား Camera ရှုထောင့်တွေကြား ဝိုးတဝါးသာ မြင်ရပေမယ့် မိုင်မိုင်းရဲ့ကျောပြင်လေး အုတ်နံရံတွင် ပစ်ကပ်ခံလိုက်ရခြင်းကိုတော့ ထင်ထင်ရှားရှား မြင်ရ၏။

အရပ် ခြောက်ပေခန့်ရှိပြီး အသက် ၂၅နှစ် ဝန်းကျင် အရွယ် ထိုလူက မိုင်မိုင်းကို နိုင်ထက်စီးနင်း ပြုမူနေပုံများအား မြတ်သောမာန် မမှိတ်မသုန် ကြည့်နေရင်း ရင်ထဲမှ ဒေါသ မီးပွားက အရှိန်အဟုန်မြင့်စွာ တောက်လောင်လာသည်။

မိုင်မိုင်းခမျာ လက်နာနေသည့် ကြားက အတင်းအဓ္ဓမ နမ်းခံရမည့် အရေးမှ တွန်းလှန် ရုန်းကန်နေရတာကို မြင်တော့ မြတ်သောမာန် မကြည့်ရက်စွာပင် မျက်လုံးတွေကို မှိတ်ချလိုက်မိ၏။

သူငယ်ချင်းတွေ ရောက်လာလို့ လွတ်မြှောက်သွားသည့်တိုင်အောင် ဆောက်တည်ရာ မရ ထိတ်လန့်နေရှာသည့် မျက်နှာလေးက မြတ်သောမာန်ရဲ့ အာရုံထဲမှာ နောက်တစ်ရက် တိုင်သည့်အောင် တဝဲလည်လည်။

"​ဧည့်သည် ရောက်နေပါတယ် Boss"

"ကိုယ် Meeting ပြီးတာနဲ့ လာခဲ့မှာမို့ Living Room ထဲမှာ ဧည့်ခံထားပေးပါဦး"

မြတ်သောမာန် Meeting ပြီးသည့်နောက် သူ့ရုံးခန်းနှင့်ဘေးကပ်ရပ်ရှိ Living Room ထဲကို ဝင်သွားလိုက်တော့ ကျောင်းတုန်းက သူ့Junior ဖြစ်ခဲ့သည့် ဟိန်းဇေက ကော်ဖီတစ်ခွက်သောက်ရင်း သူ့ကို ထိုင်စောင့်နေခဲ့သည်။

"စောင့်လိုက်ရတာ အားနာပါတယ်ကွာ"

"ရပါတယ်ဗျာ...ကျွန်တော်ကသာ ချိန်းထားတဲ့အချိန်ထက် စောလာလိုက်လို့ပါ"

မြတ်သောမာန် ကိုယ်ပေါ်က Coat တစ်ထပ်ကို ချွတ်ပြီး ဟိန်းဇေနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်တော့ ဟိန်းဇေက စားပွဲပေါ် တင်ထားသည့် အညိုရောင် A4 Size စာအိတ် တစ်ခုကို သူ့ရှေ့သို့ တိုးပေးလာ၏။

"ကိုမြတ်သော စုံစမ်းခိုင်းထားတဲ့ ကိစ္စ"

မြတ်သောမာန် ချက်ချင်းပဲ စာအိတ်ကို ကောက် ဖွင့်လိုက်တော့ သူ မနေ့ကမှ ဟိန်းဇေဆီ ပို့ထားသည့် ဓာတ်ပုံနှင့်တွဲလျက် File တစ်ခုကို တွေ့ရသည်။ထိပ်တန်း သတင်းမီဒီယာ Company တစ်ခုကို ပိုင်တဲ့ CEO ဟိန်းဇေ အနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှာဖို့က မခက်။

"အဲဒီလူက ကိုမြတ်သောရဲ့ကောင် လေးကို ဆယ်တန်းကတည်းက လိုက်နေခဲ့တာတဲ့...အခုလက်ရှိတော့ Bangkokကို ခဏ ရောက်နေတယ်...လောင်းကစားစီးပွားရေး နယ်ပယ်မှာ အတော်လေး အရာရောက်တဲ့သူပဲ"

ဟိန်းဇေ ထပ်ဆောင်းပြောလာတာတွေကတော့ Profile စာရွက်ထဲမှာ မပါသည့် အချက်အလက်တွေပင်။

"ကျေးဇူး အများကြီး တင်တယ် ဟိန်းဇေ"

"မလိုပါဘူးဗျာ...လာမယ့် လထဲ ကျွန်တော့် Company နှစ်ပတ်လည်ပွဲကိုသာ ကိုမြတ်သော တက်ပေးပါ"

"မနှစ်က ပြည်ပခရီး ထွက်ချိန်နဲ့ တိုက်လို့ မတက်လိုက်ရပေမယ့် ဒီနှစ်တော့ အချိန်ဖယ်ထားလိုက်ပါ့မယ်ကွာ"

"မျှော်နေမယ်ဗျ"

ဟိန်းဇေ ပြန်သွားချိန်က ညနေ သုံးနာရီခွဲပဲ ရှိသေးပေမယ့် မြတ်သောမာန်လည်း ရုံး စောစော ဆင်းခဲ့လိုက်တော့သည်။

အပြန် တစ်လမ်းလုံး မြတ်သောမာန် ကားမောင်းရင်း တွေးလာတာက မိုင်မိုင်းရဲ့မိဘတွေက လင်းရောင်သစ်ရဲ့ရန်ကို စိုးရိမ်လို့များ မိုင်မိုင်းကို သူနှင့်သဘောတူ စေ့စပ်ပေးခဲ့ကြသလား ဆိုတာကိုပင်။

အမေလည်း လင်းရောင်သစ်အကြောင်း မသိဘဲ မနေလောက်ပေ။

သူ နောက်နေ့ အားရင် အမေနဲ့တွေ့ပြီး စကားပြောဖို့ လိုလာပြီ ဖြစ်သည်။

******************************

"မိုင်မိုင်း"

"ဗျာ"

မိုင်မိုင်း ကျောင်းမှ ပြန်လာတော့ အပေါ်ထပ်ရှိ Living Room ထဲတွင် ထိုင်နေသည့် ဦးမြတ်သောမာန်က သူ့ကို လှမ်းခေါ်သည်။

"အဝတ်လဲပြီး ထွက်ခဲ့"

"ဟုတ်ကဲ့"

မိုင်မိုင်း အခန်းထဲ ဝင်ကာ အဝတ်အစား မြန်မြန် လဲပြီးနောက်မှာ အခန်းပြင်ကို ပြန်ထွက်ခဲ့ရပါ၏။

"ထိုင်"

ဦးမြတ်သောမာန် မေးငေါ့ပြရာ မျက်နှာချင်းဆိုင် Sofa ပေါ် တွင် သူ
ဝင်ထိုင်လိုက်ပြီး စက္ကန့်ပိုင်းမျှ ကြာသည်အထိ ဘာမှ မပြောသေးဘဲ သူ့မျက်နှာကို စိုက်ကြည့်နေသည့် ဦးမြတ်သောရဲ့ မျက်ဝန်းတွေက နားလည်ရ ခက်စွာ။

"လင်းရောင်သစ် ဆိုတဲ့ လူအကြောင်း ကိုယ့်ကို ဘာလို့ မပြောတာလဲ"

ရုတ်တရက်ဆန်သည့် မေးခွန်းကြောင့် မိုင်မိုင်းရင်ထဲ ဒိန်းကနဲ မြည်ဟီးသွားရပြီး သူ ဘယ်လို​ဖြေရမလဲလို့ တွေဝေနေတုန်း

"ကိုယ် မေးနေတယ် မိုင်မိုင်း"

ဦးမြတ်သောမာန်ရဲ့လေသံက ဂရုဏာဒေါသောဖြင့် မာဆတ်ဆတ် ဖြစ်လာတော့

"ကြောက်...ကြောက်လို့"

အထစ်ထစ် အငေါ့ငေါ့ ဖြေမိသည့် သူ့အဖြေကို မနှစ်မြို့စွာပင် ဦးမြတ်သောမာန်က မျက်မှောင်ကြုတ်၏။

"ကြောက်ရအောင် ကိုယ်က လူဆိုးလား"

"အဲ့လို မဟုတ်"

မျက်ရည်တွေ ဝဲလျက် သူ ခေါင်းရမ်းတော့လည်း ဦးမြတ်သောက မျက်မှောင်တွေကို ဖြေကာ သက်ပြင်း ဖွဖွချပါသည်။

"ကိုယ့်ကို မပြောဘဲနေတော့ အဲဒီပြဿနာက မင်း တစ်ယောက်တည်း ဖြေရှင်းလို့ အဆင်ပြေမှာတဲ့လား...ကိုယ် မသိလိုက်ခင် မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ"

ဦးမြတ်သောမာန်ရဲ့မေးခွန်းတွေကို ပြန်လည် ချေပနိုင်စွမ်း မရှိသဖြင့် မိုင်မိုင်း ပေါင်တွေပေါ်က လက်သီးနှစ်ဖက်ကို တင်းတင်း ဆုပ်လိုက်မိ၏။

"တစ်ခုခုဆို ကိုယ့်ကို အသိပေးပါလို့ ခဏခဏ ပြောရက်နဲ့"

တစ်ဖက် Sofaကနေ ထလာပြီး သူ့ နံဘေးတွင် ဝင်ထိုင်သည့် ဦးမြတ်သောမာန်က သူ့ လက်တစ်ဖက်ကို ညင်ညင်သာသာ ဆွဲယူသွားသည့်အခါ မိုင်မိုင်း လက်သီးဆုပ်လေးတစ်ဖက်ကို ဖြေလျော့လိုက်မိသည်။

"မကြောက်နဲ့..."

ဦးမြတ်သောက လေသံအေးအေးလေးဖြင့် ကြင်ကြင်နာနာ ဆိုလာတော့မှ မိုင်မိုင်း မဝံ့မရဲဖြင့် ဦးမြတ်သောမာန်ရဲ့ မျက်နှာကို မော့ ကြည့်လိုက်၏။

"ဘာကိုမှ မကြောက်နဲ့ မိုင်...မင်း ကိုယ့်ကို အားကိုးနိုင်ပါတယ်"

"မိုင်" ဟူသော နူးနူးညံ့ညံ့ ခေါ်ဝေါ်ခြင်း တစ်ခုတည်းနဲ့တင် မိုင်မိုင်းရဲ့နှလုံးသားလေးမှာ စိတ်လုံခြုံမှုအပြည့်ဖြင့် နွေးထွေးသွားရကာ...

မျက်ဝန်းအိမ်ထဲ ပြည့်လျှံနေခဲ့သော မျက်ရည်ပူတွေကလည်း ပါးပြင်ပေါ် လိမ့်ကနဲ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

[ Zawgyi ]

ျမတ္ေသာမာန္ ႐ုံးမွ ျပန္လာခ်ိန္တြင္ မိုင္မိုင္းက Kitchen ထဲတြင္ ညေနစာ ခ်က္ေန၏။

သူ အိမ္ျပန္ေရာက္ၿပီဆို ဧည့္ခန္းကို  ထြက္ၾကည့္တတ္ေသာ ေကာင္ေလးမွာ ဒီေန႕ေတာ့ သူ အေပၚထပ္ တက္သြားသည္ကိုပင္ သတိထားမိပုံမရ။

ျမတ္ေသာမာန္ ေရခ်ိဳး၊ အဝတ္အစား လဲၿပီး ေအာက္ထပ္သို႔ ဆင္းလာေတာ့လည္း ဟင္း႐ြက္ေတြသင္ေနေသာ မိုင္မိုင္းက မွိုင္ေတြလ်က္ရွိသည္။

ပုံမွန္ဆို ဒီေကာင္ေလး အခုလို စိတ္ႏွင့္လူ မကပ္တာမ်ိဳး ရွားပါ၏။

သူ ထမင္းစားပြဲဝိုင္းတြင္ ခုံတစ္လုံး ဆြဲၿပီး ဝင္ထိုင္လိုက္ပါမွ မိုင္မိုင္းက သူ႕ကို လွည့္ၾကည့္လာတာျဖစ္သည္။

"ညစာ စားေတာ့မလားဗ်"

ျမတ္ေသာမာန္ ျပန္မေျဖရေသးခင္မွာ မိုင္မိုင္းက ပြက္ပြက္ဆူေနေသာ ဟင္းရည္အိုးဆီ လက္လွမ္းလိုက္တာလည္း သတိလက္လြတ္ပါေလ။

အပူေငြ႕ဟပ္မွာ စိုးရိမ္စိတ္ျဖင့္ အကဲဆတ္ဆတ္ လိုက္ၾကည့္ေနမိေသာ သူ႕မ်က္လုံးေတြက ဟင္းခ်ိဳ ခပ္ျမည္းဖို႔ရာ ဇြန္းလွမ္းယူသည့္ ဘယ္လက္ကို ျမင္ေတာ့ မ်က္ေမွာင္ ၾကဳတ္မိေခ်ၿပီ။

လက္ေကာက္ဝတ္မွာ ေရာင္ေနတာ သိသိသာသာမို႔ သူ မိုင္မိုင္းရဲ႕အနားကို လွစ္ကနဲ ေရာက္သြားၿပီး ထိုလက္ကို သာသာေလး ဆြဲယူလိုက္တာေတာင္ မဲ့သြားသည့္ မ်က္ႏွာေလးက နာက်င္မႈကို ဖုံးကြယ္မထားနိုင္ခဲ့။

ျမတ္ေသာမာန္ မခ်င့္မရဲျဖင့္

"ဒါ ဘာျဖစ္တာလဲ" လို႔ ေမးေတာ့

ေကာင္ေလးက သူ႕ကို အေျဖမေပးနိုင္ဘဲ ဆူေဝလာတဲ့ ဟင္းရည္အိုးဆီကိုပဲ လက္လွမ္းျပန္၏။

"ကိုယ္လုပ္လိုက္မယ္"

အေယာင္ေယာင္ အမွားမွားေတြ ျဖစ္ေနေသာ ေကာင္ေလးကို ေဘးပို႔ၿပီး
သူ ဟင္းရည္အိုးကို တစ္ခ်က္ ေမႊကာ မီးပိတ္လိုက္ရသည္။

"ဘာကိုမွ သြားမထိေတာ့နဲ႕...ခဏေနဦး"

လက္နာေနလ်က္နဲ႕ ညစာကို အေရးတႀကီး လုပ္ေနျခင္းအား
ဆူပစ္ခ်င္ေသာ္လည္း ျမတ္ေသာမာန္ သက္ျပင္းခ်႐ုံပဲ တတ္နိုင္၏။

"ဒီကို လာခဲ့"

ျမတ္ေသာမာန္ ေရေႏြးအိတ္သြားယူၿပီး  မိုင္မိုင္းကို ဧည့္ခန္းထဲ လာဖို႔ ေခၚလိုက္သည္။

သူ႕နံေဘး ေနရာလြတ္တြင္ ၿငိမ္ၿငိမ္ေလး ဝင္ထိုင္သည့္ မိုင္မိုင္းက သူ အေစာက ေမးတာကို အခုထိ မေျဖေသး။

ျမတ္ေသာမာန္ ခန့္မွန္း မိသေလာက္ကေတာ့ ဒီလို ဒဏ္ရာမ်ိဳးက မေတာ္တဆရတာေတာ့ မဟုတ္နိုင္ေပ။

ပန္းပ်ိဳးတဲ့လက္ကေလး။ ဟင္းခ်က္ေကာင္းတဲ့လက္ကေလးကို ဘယ္သူကမ်ား ထိခိုက္ေစတာလဲ။

"သက္သာလား"

"ဟုတ္ကဲ့ဗ်"

သူ ေရေႏြးအိတ္ ကပ္ေပးေနသည္မွာ ဆယ္မိနစ္ခန႔္ရွိၿပီျဖစ္ေသာ္လည္း အေရာင္ကမက်ေတာ့ ျမတ္ေသာမာန္ စိတ္ထဲ တႏုံ႕ႏုံ႕ ျဖစ္လာသည္။

"ထ...ေဆးခန္းသြားမယ္...အေႏြးထည္ သြားဝတ္"

"ဟုတ္ကဲ့"

အျပင္မွာ ရာသီဥတုက ခ်မ္းေအးေနသျဖင့္ သူလည္း အခန္းထဲဝင္ၿပီး ခ်ည္ဆြယ္တာ တစ္ထည္ ထပ္ဝတ္လိုက္၏။ သူ မိုင္မိုင္းရဲ႕ အခန္းေရွ႕တြင္ ရပ္ေစာင့္ေနရင္း မိုင္မိုင္း ကိုယ့္ဘာသာ အေႏြးထည္ ဝတ္လို႔ အဆင္ေျပပါ့မလားဟု ေတြးပူေနမိသည္။

"မိုင္မိုင္း"

"လာၿပီဗ်"

အေျပးအလႊား အခန္းတံခါး လာဖြင့္ေသာ ေကာင္ေလးကို ၾကည့္ၿပီး ျမတ္ေသာမာန္မွာ ရင္ တမမရယ္ပါ။

မိုးျပာေရာင္ ခ်ည္သား ဝမ္းဆက္ေပၚကေန အျဖဴေရာင္ Cardigan ေလး ထပ္ဝတ္ထားသည့္ ေကာင္ေလးဟာ အထိအခိုက္ မခံခ်င္စရာ ေကာင္းေလာက္ေအာင္ ႏုဖတ္ ျဖဴစင္ေနတာ မဟုတ္လား။

"သြားရေအာင္"

"ဟုတ္"

သူ မိုင္မိုင္းကို ကားတံခါး ဖြင့္ေပးၿပီး ကားေပၚေရာက္ေတာ့လည္း  ခါးပတ္ကို ေသခ်ာပါတ္ေပးလိုက္သည္။

အိမ္ကေန ထြက္လာသည့္
တစ္လမ္းလုံး ႏႈတ္ဆိတ္ေနခဲ့ေသာ မိုင္မိုင္းက ေဆးခန္းေရာက္သည္အထိ လက္က ဒဏ္ရာ ဘယ္လိုရသလဲဆိုတာကို လုံးဝ မေျပာပါ။

Doctor လြမ္းမိုးက မိုင္မိုင္းရဲ႕လက္ေကာက္ဝတ္ အေျခအေနကို စမ္းသပ္ စစ္ေဆးၿပီး ေဆးပတ္တီး စည္းေပးလိုက္သည္။

ေဆးခန္းကေန အိမ္ကို ျပန္ေရာက္ၾကေတာ့ သူ႕ေမးခြန္းေတြကို ေရွာင္ခ်င္သည့္ မိုင္မိုင္းက အခန္းထဲ ဝင္သြားတာမို႔ ျမတ္ေသာမာန္လည္း ႐ုံးခန္းထဲ ဝင္ခဲ့လိုက္၏။

တကယ္တမ္း ေတြးၾကည့္ေတာ့ မိုင္မိုင္းႏွင့္ပတ္သက္လို႔ သူ ဘာကိုမွ ေသခ်ာ မသိ။

မိုင္မိုင္း ေက်ာင္းမွာ အဆင္ေျပ၊ မေျပကိုပင္ သူငယ္ခ်င္း ျဖစ္သူ ရတီ့ဆီက တစ္ဆင့္ သိသင့္သေလာက္ သိရေပမယ့္ မိုင္မိုင္း ဘယ္သြားတယ္ ဘာလုပ္တယ္ကအစ လိုက္ ေစာင့္ၾကည့္ မေနတာက ဆယ္ေက်ာ္သက္တစ္ေယာက္ ရဲ႕ ေန႕စဥ္ဘဝကို လိုအပ္သည္ထက္ပိုကာ စြက္ဖက္မိမွာ စိုး၍ပင္။

အခုေတာ့ မိုင္မိုင္း ရင္ဆိုင္ေနရတဲ့ ျပႆနာကို မိုင္မိုင္းက မေျပာေပမယ့္လည္း သူက သူ႕နည္းသူ႕ဟန္ျဖင့္ သိေအာင္ လုပ္ရမည္။

မိုင္မိုင္း ဒီေန႕ အတန္းဆင္းေတာ့ အိမ္ကို တန္း မျပန္လာေသးဘဲ သူငယ္ခ်င္းေတြနဲ႕ ေစ်းဝယ္ထြက္ဦးမည္ျဖစ္ေၾကာင္း သူ႕ကို ဖုန္းဆက္
အသိေပးတုန္း​က အသံေလး ျမဴးေနတာမို႔ အဲဒီအခ်ိန္ထိ ဘာျပႆနာမွ ရွိေသးဟန္မတူ။

ေစ်းဝယ္ထြက္ရင္းနဲ႕မ်ား တစ္ခုခု ျဖစ္ၾကသလားဟု ေတြးေတြးဆဆျဖင့္ သူ မိုင္မိုင္းရဲ႕သူငယ္ခ်င္း ခြန္းဒီပကို ဖုန္းဆက္လိုက္သည္။

"Hello...ဦးျမတ္ေသာခင္ဗ်"

"စကား ေျပာလို႔ အဆင္ေျပလား ခြန္းဒီ"

"ဟုတ္ကဲ့ခင္ဗ်"

"ဒီေန႕ မိုင္မိုင္း လက္မွာ ဒဏ္ရာ ရလာတာ ခြန္းဒီတို႔ သူငယ္ခ်င္းေတြ သိၾကလား"

ခြန္းဒီပဘက္က တိတ္ဆိတ္သြားပုံအရ ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ေနသည့္ သေဘာမွာ ရွိသည္။

"မိုင္မိုင္းက ဘာမွ မေျပာလို႔ ဦး မင္းကို လွမ္းေမးရတာပါ"

"ဟုတ္ကဲ့...ဦးျမတ္ေသာ သိသင့္တဲ့ ကိစၥလို႔ ယူဆတာမို႔ ကြၽန္ေတာ္ ေျပာျပပါမယ္...ဒီေန႕ ကြၽန္ေတာ္တို႔ City Centre မွာ ေစ်းဝယ္ထြက္ၾကေတာ့ ကြၽန္ေတာ္နဲ႕စိုင္းေလာဝ္က သီခ်င္းေခြေတြ ေ႐ြးေနတုန္း မိုင္မိုင္းကေတာ့ စာအုပ္တန္းဘက္မွာ ရွိေနခဲ့ပါတယ္...အခ်ိန္က ခန့္မွန္းေျခ မြန္းလြဲ ၂ နာရီေလာက္ ျဖစ္မယ္ခင္ဗ်...မိုင္မိုင္းကို လူတစ္​ေယာက္ ဆြဲေခၚသြားတာကို လူေတြလိုက္ၾကည့္ေနၾကတာ သတိထားမိမွ ကြၽန္ေတာ္တို႔ေတြ မိုင္မိုင္းေနာက္ ေျပးလိုက္ခဲ့ၾကတာပါ...လူျပတ္တဲ့ Car parkingကို  ကြၽန္ေတာ္တို႔ ေရာက္သြားေတာ့ မိုင္မိုင္းက အဲဒီလူရဲ႕ လက္ထဲကေန  ႐ုန္းထြက္လာနိုင္ခဲ့ပါတယ္...အဲဒီလူက မိုင္မိုင္းနဲ႕အသိေတြ လို႔ ထင္ရေပမယ့္ လူေကာင္းဟုတ္ပုံ မရပါဘူး...ေၾကာက္လန့္တႀကီး ျဖစ္ေနတဲ့ မိုင္မိုင္းက အိမ္အျပန္က် ငိုခဲ့ပါတယ္"

ခြန္းဒီပ ေျပာျပတာေတြကို နားေထာင္ၿပီး ျမတ္ေသာမာန္ ရင္ထဲ ဆစ္ကနဲက်ဥ္ သြားရ၏။

"ေျပာျပေပးလို႔ ေက်းဇူးတင္ပါတယ္ ခြန္းဒီ"

"မိုင္မိုင္း ကိုယ္တိုင္က မေျပာတဲ့ ကိစၥကို ကြၽန္ေတာ္ ေျပာလိုက္တာက ကြၽန္ေတာ္တို႔ရဲ႕သူငယ္ခ်င္း ဆက္ဆံေရးကို ထိခိုက္သြားေစနိုင္မလား မသိေပမယ့္ ဒါက သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ မိုင္မိုင္းကို ထပ္ၿပီး မထိခိုက္ေစခ်င္လို႔ ဆိုတာ မိုင္မိုင္း နားလည္ဖို႔ ေမွ်ာ္လင့္ပါတယ္ဗ်"

ခြန္းဒီပႏွင့္ ဖုန္းေျပာၿပီး အခ်ိန္အေတာ္ၾကာထိ ျမတ္ေသာမာန္ ႐ုံးခန္းထဲတြင္ ဟိုသည္ေလွ်ာက္ရင္း သူ႕ေဒါသေတြကို တည္ၿငိမ္ေအာင္ ထိန္းေနရပါေတာ့သည္။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မိုင္မိုင္း အခန္းထဲတြင္ စာထိုင္ဖတ္ေနေပမယ့္ စာေတြကို အာ႐ုံစိုက္မရေပ။

ဦးျမတ္ေသာက ညစာ မစားသျဖင့္ သူလည္း မစားျဖစ္။

ဒီည မိုးေအးေတာ့ သူ႕လက္က ကိုက္ခ်င္ေနသည္။

မိုင္မိုင္း စိတ္ညစ္လြန္းလို႔ သက္ျပင္းေတြ ခ်ေနရတာလည္း အခါခါပင္။

အစ္ကိုလင္းသစ္က သူ႕ကို ဘယ္အခ်ိန္ထိ ေႏွာင့္ယွက္ေနဦးမွာလဲ။

သူ အဲဒီအေၾကာင္းေတြ ဦးျမတ္ေသာကို ေျပာ မျပနိုင္တာက သူ႕ေၾကာင့္နဲ႕ ဦးျမတ္ေသာပါ စိတ္အေႏွာင့္အယွက္ျဖစ္မွာကို စိုး၍ ျဖစ္သည္။

"မိုင္မိုင္း"

သူ႕အခန္းေရွ႕မွ ဦးျမတ္ေသာရဲ႕ ေခၚသံကို ၾကားေတာ့ မိုင္မိုင္း အိပ္ရာေပၚမွ ဆင္းၿပီး အခန္းတံခါး သြားဖြင့္လိုက္သည္။

သူ အခန္းတံခါးကို Lock မခ်ထားေပမယ့္လည္း ဦးျမတ္ေသာမာန္က အၿမဲတမ္း တံခါး ေခါက္ၿပီးမွသာ သူ႕ရဲ႕ အခန္းထဲ ဝင္ေလ့ရွိ၏။

"ညစာ စားခ်င္စိတ္ မရွိဘူး မလား"

"ဟုတ္ကဲ့"

ဦးျမတ္ေသာက လက္ထဲတြင္ ကိုင္လာေသာ ဗန္းကို သူ႕အိပ္ရာနံေဘးရွိ စားပြဲငယ္ေပၚ  တင္လိုက္ကာ

"ဒါေသာက္လိုက္...Green tea က လက္ေကာက္ဝတ္နာက်င္တာကို သက္သာေစတယ္တဲ့"

"ဟုတ္ကဲ့ဗ်"

ဦးျမတ္ေသာက ဘာမွ် ထပ္မေျပာေတာ့ဘဲ ေဆး ပတ္တီး စည္းထားသည့္ မိုင္မိုင္းရဲ႕လက္ကို တစ္ခ်က္ ၾကည့္ၿပီး အခန္းထဲမွ ျပန္ထြက္သြားခဲ့ပါ၏။

ဦးျမတ္ေသာရဲ႕သူ႕အေပၚ ဂ႐ုစိုက္မႈေတြက မခ်ိဳသာလြန္းေသာ္လည္း ေစတနာေတြပါမွန္း မိုင္မိုင္း ခံစားလို႔ ရသည္။

မနက္က်ေတာ့ ဦးျမတ္ေသာက မိုင္မိုင္းကို ေက်ာင္း မသြားေစဘဲ အိမ္မွာပဲ နားဖို႔ ေျပာလာသည္။

"ကိုယ္ မင္းရဲ႕ဆရာမဆီ ခြင့္တိုင္ေပးထားတယ္...ဒီတစ္ခါေတာ့ ကိုယ့္ စကား နားေထာင္မယ္ မဟုတ္လား"

"ဟုတ္ကဲ့ဗ်"

ဦးျမတ္ေသာမာန္ လုပ္ေပးတဲ့ မနက္စာက ဆယ္လ္မြန္ငါးကင္ႏွင့္ေထာပတ္သီးသုပ္ ျဖစ္ၿပီး ေသာက္စရာအတြက္ေတာ့ မုန္လာဥနီ ေဖ်ာ္ရည္ ျဖစ္သည္။

အေနာက္တိုင္းတြင္ ဆယ္ႏွစ္ေနခဲ့ေသာ ဦးျမတ္ေသာက အေနာက္တိုင္း အစားအေသာက္ တခ်ိဳ႕ကိုေတာ့ ေကာင္းေကာင္း လုပ္တတ္ပုံပင္။

မိုင္မိုင္းက ျမန္မာ ထမင္း၊ဟင္းကို ပိုႀကိဳက္ေပမယ့္ ဦးျမတ္ေသာ ကိုယ္တိုင္ လုပ္ေပးသည့္ ဒီလို အေနာက္တိုင္းစာ ေတြကိုလည္း ခံတြင္းေတြ႕သည္ပင္။

"ကိုယ္ ႐ုံးသြားေတာ့မယ္...တစ္ခုခုဆို ဖုန္းဆက္ေနာ္"

"ဟုတ္ကဲ့...စိတ္ခ်ပါ ခင္ဗ်"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ျမတ္ေသာမာန္ ဒီေန႕ မနက္ပိုင္းပဲ ႐ုံးတက္ျဖစ္ၿပီး ေန႕လည္ပိုင္းက်ေတာ့ မ​ေန႕က မိုင္မိုင္းတို႔ သြားခဲ့သည့္ City Centre ကို ေရာက္သည္။ သူ Centre ထဲ ဝင္သြားေတာ့ General Managerဟု ရင္ထိုးတံဆိပ္ ကပ္ထားသည့္ ဝန္ထမ္းတစ္ေယာက္က သူ႕ကို အဆင္သင့္ ႀကိဳေန၏။

"MTM Tech ရဲ႕ CEO ဦးျမတ္ေသာမာန္လား ခင္ဗ်ာ"

"ဟုတ္ပါတယ္"

ျမတ္ေသာမာန္ ေခါင္းညိတ္ျပလိုက္ေတာ့ ထိုဝန္ထမ္းက သူ႕ကို ေရွ႕ကေန လမ္းျပလာသည္။

"ဒီဘက္ ႂကြပါဗ်"

မေန႕ညကတည္းက ျမတ္ေသာမာန္ ဒီ Centre ကို စီမံအုပ္ခ်ဳပ္သူ အႀကီးအကဲႏွင့္ ဖုန္း အဆက္အသြယ္ ရခဲ့သျဖင့္ တာဝန္ရွိသူမွ အပ ဝင္ခြင့္မရေသာ Centre ရဲ႕ Security Room ထဲအထိ ​ေအးေဆး ဝင္သြားလိုက္သည္။

"ေျမညီထပ္ Car Parking က နည္းနည္းေမွာင္ေပမယ့္ CCTV ေတြ တပ္ထားတာမို႔ ဘယ္အခ်ိန္ကို ၾကည့္ခ်င္ပါလဲဗ်"

"မေန႕က မြန္းလြဲ ႏွစ္နာရီ ဝန္းက်င္ပါ"

တာဝန္ရွိ ဝန္ထမ္းတစ္ေယာက္က Car Parking ရဲ႕ CCTV မွတ္တမ္းေတြထဲမွ ျမတ္ေသာမာန္ ေျပာသည့္ အခ်ိန္ကို ရွာေပး၏။

"ဒါလား ခင္ဗ်"

ႏွစ္နာရီႏွင့္ငါးမိနစ္ေလာက္မွာ အေရးေပၚ ေလွကားဘက္ရွိ CCTV Camera ကေန ေကာင္ေလး ႏွစ္ေယာက္ ေျပးဆင္းလာတာကို ျမင္ေတာ့ လုံၿခဳံေရး ဝန္ထမ္းက Zoom ခ်ဲ့ျပ၏။

"တစ္နာရီနဲ႕ ၄၅မိနစ္ ဝန္းက်င္ေလာက္ကို ေနာက္ ​​ျပန္ရစ္ေပးပါ"

ျမတ္ေသာမာန္ မ်က္စိလ်င္လ်င္ျဖင့္
Camera ရႈေထာင့္တိုင္းကို သတိထားၿပီး ၾကည့္ေနစဥ္တြင္ VIP Parking Zone ဘက္က Camera မွာ မိုင္မိုင္းကို ေတြ႕လိုက္ရပါၿပီ။

"ကြၽန္ေတာ့္ရဲ႕ကိုယ္ေရး ကိုယ္တာနဲ႕ သက္ဆိုင္ေနတဲ့ ကိစၥမို႔လို႔ 
ကိုယ့္ဘာသာ ၾကည့္ခ်င္ပါတယ္"

"ဟုတ္ကဲ့...ဒါဆို CCTV မွတ္တမ္းကို လိုသေလာက္ ျဖတ္ထုတ္ၿပီး ေပးလိုက္ပါ့မယ္ဗ်"

ျမတ္ေသာမာန္ Company ကို ျပန္လာေတာ့ သူ႕လက္ထဲတြင္ Memory Stickေလး တစ္ခု ပါလာ၏။ သူ႕ဆႏၵအတိုင္း Centre က CCTV မွတ္တမ္းမွာေတာ့ ဒီအပိုင္းကို အၿပီးဖ်က္ပစ္ေပးဖို႔ သေဘာတူသည့္ Centre မႉးကို ေနာက္မွ မိတ္ျဖစ္ေဆြျဖစ္ Dinner တစ္ဝိုင္းေလာက္ ဖိတ္ေကြၽးရပါဦးမည္။

"Boss...ေန႕လယ္စာ မွာေပးရေတာ့မလား"

"ကိုယ္ မစားခ်င္ေသးဘူး Elly"

ျမတ္ေသာမာန္ ႐ုံးခန္းထဲေရာက္ေတာ့ လက္ထဲက Stick ကို သူ႕ Computer ႏွင့္ Join ၾကည့္လိုက္သည္။

လူတစ္ေယာက္ရဲ႕ လက္ထဲမွာ မိုင္မိုင္း ဒေရာေမ်ာပါး ပါသြားျခင္းအား Camera ရႈေထာင့္ေတြၾကား ဝိုးတဝါးသာ ျမင္ရေပမယ့္ မိုင္မိုင္းရဲ႕ေက်ာျပင္ေလး အုတ္နံရံတြင္ ပစ္ကပ္ခံလိုက္ရျခင္းကိုေတာ့ ထင္ထင္ရွားရွား ျမင္ရ၏။

အရပ္ ေျခာက္ေပခန့္ရွိၿပီး အသက္ ၂၅ႏွစ္ ဝန္းက်င္ အ႐ြယ္ ထိုလူက မိုင္မိုင္းကို နိုင္ထက္စီးနင္း ျပဳမူေနပုံမ်ားအား ျမတ္ေသာမာန္ မမွိတ္မသုန္ ၾကည့္ေနရင္း ရင္ထဲမွ ေဒါသ မီးပြားက အရွိန္အဟုန္ျမင့္စြာ ေတာက္ေလာင္လာသည္။

မိုင္မိုင္းခမ်ာ လက္နာေနသည့္ ၾကားက အတင္းအဓၶမ နမ္းခံရမည့္ အေရးမွ တြန္းလွန္ ႐ုန္းကန္ေနရတာကို ျမင္ေတာ့ ျမတ္ေသာမာန္ မၾကည့္ရက္စြာပင္ မ်က္လုံးေတြကို မွိတ္ခ်လိဳက္မိ၏။

သူငယ္ခ်င္းေတြ ေရာက္လာလို႔ လြတ္ျမႇောက္သြားသည့္တိုင္ေအာင္ ေဆာက္တည္ရာ မရ ထိတ္လန့္ေနရွာသည့္ မ်က္ႏွာေလးက ျမတ္ေသာမာန္ရဲ႕ အာ႐ုံထဲမွာ ေနာက္တစ္ရက္ တိုင္သည့္ေအာင္ တဝဲလည္လည္။

"​ဧည့္သည္ ေရာက္ေနပါတယ္ Boss"

"ကိုယ္ Meeting ၿပီးတာနဲ႕ လာခဲ့မွာမို႔ Living Room ထဲမွာ ဧည့္ခံထားေပးပါဦး"

ျမတ္ေသာမာန္ Meeting ၿပီးသည့္ေနာက္ သူ႕႐ုံးခန္းႏွင့္ေဘးကပ္ရပ္ရွိ Living Room ထဲကို ဝင္သြားလိုက္ေတာ့ ေက်ာင္းတုန္းက သူ႕Junior ျဖစ္ခဲ့သည့္ ဟိန္းေဇက ေကာ္ဖီတစ္ခြက္ေသာက္ရင္း သူ႕ကို ထိုင္ေစာင့္ေနခဲ့သည္။

"ေစာင့္လိုက္ရတာ အားနာပါတယ္ကြာ"

"ရပါတယ္ဗ်ာ...ကြၽန္ေတာ္ကသာ ခ်ိန္းထားတဲ့အခ်ိန္ထက္ ေစာလာလိုက္လို႔ပါ"

ျမတ္ေသာမာန္ ကိုယ္ေပၚက Coat တစ္ထပ္ကို ခြၽတ္ၿပီး ဟိန္းေဇႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ဝင္ထိုင္လိုက္ေတာ့ ဟိန္းေဇက စားပြဲေပၚ တင္ထားသည့္ အညိုေရာင္ A4 Size စာအိတ္ တစ္ခုကို သူ႕ေရွ႕သို႔ တိုးေပးလာ၏။

"ကိုျမတ္ေသာ စုံစမ္းခိုင္းထားတဲ့ ကိစၥ"

ျမတ္ေသာမာန္ ခ်က္ခ်င္းပဲ စာအိတ္ကို ေကာက္ ဖြင့္လိုက္ေတာ့ သူ မေန႕ကမွ ဟိန္းေဇဆီ ပို႔ထားသည့္ ဓာတ္ပုံႏွင့္တြဲလ်က္ File တစ္ခုကို ေတြ႕ရသည္။ထိပ္တန္း သတင္းမီဒီယာ Company တစ္ခုကို ပိုင္တဲ့ CEO ဟိန္းေဇ အေနနဲ႕ လူတစ္ေယာက္ရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြကို ရွာဖို႔က မခက္။

"အဲဒီလူက ကိုျမတ္ေသာရဲ႕ေကာင္ ေလးကို ဆယ္တန္းကတည္းက လိုက္ေနခဲ့တာတဲ့...အခုလက္ရွိေတာ့ Bangkokကို ခဏ ေရာက္ေနတယ္...ေလာင္းကစားစီးပြားေရး နယ္ပယ္မွာ အေတာ္ေလး အရာေရာက္တဲ့သူပဲ"

ဟိန္းေဇ ထပ္ေဆာင္းေျပာလာတာေတြကေတာ့ Profile စာ႐ြက္ထဲမွာ မပါသည့္ အခ်က္အလက္ေတြပင္။

"ေက်းဇူး အမ်ားႀကီး တင္တယ္ ဟိန္းေဇ"

"မလိုပါဘူးဗ်ာ...လာမယ့္ လထဲ ကြၽန္ေတာ့္ Company ႏွစ္ပတ္လည္ပြဲကိုသာ ကိုျမတ္ေသာ တက္ေပးပါ"

"မႏွစ္က ျပည္ပခရီး ထြက္ခ်ိန္နဲ႕ တိုက္လို႔ မတက္လိုက္ရေပမယ့္ ဒီႏွစ္ေတာ့ အခ်ိန္ဖယ္ထားလိုက္ပါ့မယ္ကြာ"

"ေမွ်ာ္ေနမယ္ဗ်"

ဟိန္းေဇ ျပန္သြားခ်ိန္က ညေန သုံးနာရီခြဲပဲ ရွိေသးေပမယ့္ ျမတ္ေသာမာန္လည္း ႐ုံး ေစာေစာ ဆင္းခဲ့လိုက္ေတာ့သည္။

အျပန္ တစ္လမ္းလုံး ျမတ္ေသာမာန္ ကားေမာင္းရင္း ေတြးလာတာက မိုင္မိုင္းရဲ႕မိဘေတြက လင္းေရာင္သစ္ရဲ႕ရန္ကို စိုးရိမ္လို႔မ်ား မိုင္မိုင္းကို သူႏွင့္သေဘာတူ ေစ့စပ္ေပးခဲ့ၾကသလား ဆိုတာကိုပင္။

အေမလည္း လင္းေရာင္သစ္အေၾကာင္း မသိဘဲ မေနေလာက္ေပ။

သူ ေနာက္ေန႕ အားရင္ အေမနဲ႕ေတြ႕ၿပီး စကားေျပာဖို႔ လိုလာၿပီ ျဖစ္သည္။

******************************

"မိုင္မိုင္း"

"ဗ်ာ"

မိုင္မိုင္း ေက်ာင္းမွ ျပန္လာေတာ့ အေပၚထပ္ရွိ Living Room ထဲတြင္ ထိုင္ေနသည့္ ဦးျမတ္ေသာမာန္က သူ႕ကို လွမ္းေခၚသည္။

"အဝတ္လဲၿပီး ထြက္ခဲ့"

"ဟုတ္ကဲ့"

မိုင္မိုင္း အခန္းထဲ ဝင္ကာ အဝတ္အစား ျမန္ျမန္ လဲၿပီးေနာက္မွာ အခန္းျပင္ကို ျပန္ထြက္ခဲ့ရပါ၏။

"ထိုင္"

ဦးျမတ္ေသာမာန္ ေမးေငါ့ျပရာ မ်က္ႏွာခ်င္းဆိုင္ Sofa ေပၚ တြင္ သူ
ဝင္ထိုင္လိုက္ၿပီး စကၠန့္ပိုင္းမွ် ၾကာသည္အထိ ဘာမွ မေျပာေသးဘဲ သူ႕မ်က္ႏွာကို စိုက္ၾကည့္ေနသည့္ ဦးျမတ္ေသာရဲ႕ မ်က္ဝန္းေတြက နားလည္ရ ခက္စြာ။

"လင္းေရာင္သစ္ ဆိုတဲ့ လူအေၾကာင္း ကိုယ့္ကို ဘာလို႔ မေျပာတာလဲ"

႐ုတ္တရက္ဆန္သည့္ ေမးခြန္းေၾကာင့္ မိုင္မိုင္းရင္ထဲ ဒိန္းကနဲ ျမည္ဟီးသြားရၿပီး သူ ဘယ္လို​ေျဖရမလဲလို႔ ေတြေဝေနတုန္း

"ကိုယ္ ေမးေနတယ္ မိုင္မိုင္း"

ဦးျမတ္ေသာမာန္ရဲ႕ေလသံက ဂ႐ုဏာေဒါေသာျဖင့္ မာဆတ္ဆတ္ ျဖစ္လာေတာ့

"ေၾကာက္...ေၾကာက္လို႔"

အထစ္ထစ္ အေငါ့ေငါ့ ေျဖမိသည့္ သူ႕အေျဖကို မႏွစ္ၿမိဳ႕စြာပင္ ဦးျမတ္ေသာမာန္က မ်က္ေမွာင္ၾကဳတ္၏။

"ေၾကာက္ရေအာင္ ကိုယ္က လူဆိုးလား"

"အဲ့လို မဟုတ္"

မ်က္ရည္ေတြ ဝဲလ်က္ သူ ေခါင္းရမ္းေတာ့လည္း ဦးျမတ္ေသာက မ်က္ေမွာင္ေတြကို ေျဖကာ သက္ျပင္း ဖြဖြခ်ပါသည္။

"ကိုယ့္ကို မေျပာဘဲေနေတာ့ အဲဒီျပႆနာက မင္း တစ္ေယာက္တည္း ေျဖရွင္းလို႔ အဆင္ေျပမွာတဲ့လား...ကိုယ္ မသိလိုက္ခင္ မင္း တစ္ခုခု ျဖစ္သြားရင္ ဘယ္လို လုပ္မလဲ"

ဦးျမတ္ေသာမာန္ရဲ႕ေမးခြန္းေတြကို ျပန္လည္ ေခ်ပနိုင္စြမ္း မရွိသျဖင့္ မိုင္မိုင္း ေပါင္ေတြေပၚက လက္သီးႏွစ္ဖက္ကို တင္းတင္း ဆုပ္လိုက္မိ၏။

"တစ္ခုခုဆို ကိုယ့္ကို အသိေပးပါလို႔ ခဏခဏ ေျပာရက္နဲ႕"

တစ္ဖက္ Sofaကေန ထလာၿပီး သူ႕ နံေဘးတြင္ ဝင္ထိုင္သည့္ ဦးျမတ္ေသာမာန္က သူ႕ လက္တစ္ဖက္ကို ညင္ညင္သာသာ ဆြဲယူသြားသည့္အခါ မိုင္မိုင္း လက္သီးဆုပ္ေလးတစ္ဖက္ကို ေျဖေလ်ာ့လိုက္မိသည္။

"မေၾကာက္နဲ႕..."

ဦးျမတ္ေသာက ေလသံေအးေအးေလးျဖင့္ ၾကင္ၾကင္နာနာ ဆိုလာေတာ့မွ မိုင္မိုင္း မဝံ့မရဲျဖင့္ ဦးျမတ္ေသာမာန္ရဲ႕ မ်က္ႏွာကို ေမာ့ ၾကည့္လိုက္၏။

"ဘာကိုမွ မေၾကာက္နဲ႕ မိုင္...မင္း ကိုယ့္ကို အားကိုးနိုင္ပါတယ္"

"မိုင္" ဟူေသာ ႏူးႏူးညံ့ညံ့ ေခၚေဝၚျခင္း တစ္ခုတည္းနဲ႕တင္ မိုင္မိုင္းရဲ႕ႏွလုံးသားေလးမွာ စိတ္လုံၿခဳံမႈအျပည့္ျဖင့္ ေႏြးေထြးသြားရကာ...

မ်က္ဝန္းအိမ္ထဲ ျပည့္လွ်ံေနခဲ့ေသာ မ်က္ရည္ပူေတြကလည္း ပါးျပင္ေပၚ လိမ့္ကနဲ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continuă lectura

O să-ți placă și

1.3M 95.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
789K 65.7K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.4M 179K 151
BL
1.3M 56.9K 27
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။