ထာဝရ၏ ခြောက်စက္ကန့်စာ(Six Sec...

De redinpeace

184K 17K 487

သာမာန်အချစ်ဇာတ်လမ်းလေး~ ~မဟုတ်ဘူး....သာမာန်ဆိုတာထက်ပိုတယ် (Zawgyi+Unicode) (Complete) *(ဤထဲတွင်ပါသော တချို့အက... Mai multe

နိဒါန်း
(၁)
(၂)
(၃)
(၄)
(၅.၁)
(၅.၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁၅)
(၁၆)
♥ February 1st♥
(၁၇)
(၁၈)
(၁၉)
(၂၀)
March 1st
Thank You
အိမ်ခေါ်ထားဖို့

Valentine's Day

4.4K 526 12
De redinpeace

Valentine’s Day

Indoor dateဆိုသည့်အတိုင်း ဘာပကာသနမှမရှိ။ 

ဆေးရုံအတွင်းရှိ အမှောင်ချထားသည့် အခန်းလေးတစ်ခန်းထဲတွင် Wedding Dayက ပုံလေးများကို projectorတစ်လုံးထောက်ကာဖြင့် ပျော်ရွှင်စွာ ကြည့်နေကြသော သောလျှံခနှင့် ဂျူနိုလေး...။ ဖယောင်းတိုင်မီးလေးတွေ ထွန်းထားတာကြောင့် အရမ်းမမှောင်ဘဲ လင်းပြပြလေးဖြစ်နေသည်။

ဂျူနိုသည် သောလျှံခရင်ခွင်ထဲတွင် ဝင်ထိုင်နေသည်။ သူတို့နှစ်ယောက်၏ဘေးတွင် ကော်ဖီဖျော်ထည့်ထားသည့် အဖြူရောင်mugခွက်လေးနှစ်ခွက်ကလည်း နေရာယူထားသည်။ ထိုကော်ဖီခွက်လေး၂ခွက်သည် ယခုမှ စဖျော်ထားမှန်းသိသာအောင် အငွေ့များ လှိုင်လှိုင်ထွက်နေလျက်...။

"ဒါကိုဘယ်လိုစီစဉ်လိုက်တာတုန်း"

"လက်ထပ်ပွဲတုန်းကလာတဲ့ ကိုယ့်သူငယ်ချင်း ကိုရဲလေ...သူ့ကို အကူညီတောင်းထားတာ"

"သြော်...သူကသိပ်သဘောကောင်းတာပဲ...အရမ်းသဘောကျတယ်လို့ပြောပေးဦးနော်"

"ဟုတ်ကဲ့ပါ"

"အဲ....နေဦး"

ဂျူနိုသည် သောလျှံခ ရင်ခွင်ထဲမှ ထွက်လိုက်ကာ ကုတင်ရှိရာသို့ သွားလိုက်သည်။ ထို့နောက် ခေါင်းအုံးအောက်တွင်ရှိနေသည့် အရာတစ်ခုကို ဆွဲယူပြီး သောလျှံခဆီပြန်ရောက်လာသည်။

"ခ' လက်ဖြန့်"

ဂျူနိုခိုင်းသည့်အတိုင်း သောလျှံခ လက်ဖြန့်ပေးလိုက်သည်။ ထို့နောက် သူ့လက်ပေါ်ရောက်လာသည့် အရာလေးက ပြာလဲ့လဲ့အရာလေးတစ်ခု....ကျောက်တုံးအသေးစားလေးတစ်ခုလို့ပြောလို့ရသည်။ ကြိုးအနက်ရောင်လေးနှင့် ရစ်ပတ်ထားသည်။

"လှလိုက်တာ....ဘာလေးလဲ"

သောလျှံခ အံ့သြပြုံးရွှင်သည့်စိတ်နှင့်အတူ ပြန်မေးမိသည်။

"အဲ့ဒါကို 'ဝံသဝဏ်' ကျောက်လို့ခေါ်တယ်...အချစ်နတ်ဘုရားမ ဗီးနပ်စ်ကို ရည်ညွန်းတယ်တဲ့...ဒီကျောက်တုံးလေးက ချစ်ခြင်းတရားကို နှစ်ပေါင်း ၅ထောင်တိုင်အောင် တည်မြဲစေတယ်လို့ အယူအဆရှိတယ်...အခု 'ခ'အတွက် ကျွန်တော်က ဒီကျောက်တုံးလေးကိုပေးတာဆိုတော့ နောင်နှစ်ပေါင်း၅ထောင်ထိ 'ခ'အတွက် ကျွန်တော့်ချစ်ခြင်းတွေ တည်နေပေးမယ်လို့ပြောတာ"

"Wow....ကိုယ်တကယ်ပြောစရာရှာမတွေ့တော့ဘူး...ကျေးဇူးအများကြီးတင်ပါတယ်"

သောလျှံခ ပြောလည်းပြော ဂျူနို့ကိုလည်း ဖက်လိုက်သည်။ ပြီးနောက် ပါးလေးကို နမ်းလိုက်ကာ....

"ဒေးဗစ်ကို အကူအညီတောင်းလိုက်တာလား"

"No...မာမီ့ကို...မာမီက တခါတလေ ဒီလို ကျောက်ဆန်းဆန်းလေးတွေစုရတာ ဝါသနာပါတယ်လေ...ကျွန်တော် ဒီနေ့အတွက် 'ခ'ကို အမှတ်တရလည်းဖြစ်စေမယ့်...အဓိပ္ပါယ်လည်းရှိမယ့် လက်ဆောင်မျိုးပေးချင်တယ်ဆိုလို့ မာမီက အကြံပေးရင်းနဲ့ ဒီလိုမျိုးပေးဖြစ်သွားတာ"

"ကိုယ်အရမ်းသဘောကျတယ်....သဘောကျတယ်ဆိုတာထက်ကို ပိုတယ်...ဂျူနို့အချစ်တွေက ဒီထဲရောက်နေလို့ဖြစ်မယ်"

"ဟီး...ဟီး..."

"အဲ့လိုကျတော့ ကိုယ်လုပ်ပေးတာလေးက သေးသွားသလိုမျိုးပဲ"

"မဟုတ်ဘူး...အခုမှ 'ခ'လုပ်ပေးတာနဲ့ ညီမျှသွားတာ"

သောလျှံခ ဂျူနို့ပါးလေးကို ထပ်နမ်းလိုက်သည်။

"ကျွန်တော်ဝတ်ပေးမယ်"

သောလျှံခ လည်ပင်းတွင် ထိုကျောက်တုံးပါ ဆွဲကြိုးအနက်ရောင်လေးကို ဂျူနို သေချာဝတ်ပေးလိုက်သည်။

"ခ'နဲ့ လိုက်တာပဲ"

"ဒါလေးကို ကိုယ်ဘယ်တော့မှမချွတ်ဘူးလို့ ကတိပေးတယ်"

"ကျေးဇူးတင်ပါတယ်"

"ဒါနဲ့...ကိုယ်တို့ gameကစားကြမလား..."

"Game...ဘယ်လိုကစားမှာလဲ"

သောလျှံခပြုံးလိုက်ကာ စားပွဲခုံပေါ်ရှိ အိတ်အမည်းရောင်လေးကို ဆွဲယူလိုက်သည်။ ထို့နောက် အိတ်ထဲမှ ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။ ထိုဘူးလေးသည် အကြည်ရောင်ဖြစ်သောကြောင့် အထဲမှ ရောင်စုံ တုတ်ချောင်းလေးများကို မြင်နေရသည်။ သိချင်စိတ်ဖြင့် အသည်းအသန်လိုက်ကြည့်နေသော ဂျူနိုကို ကြည့်ကာ....

"ကိုယ် onlineကနေ ideaရလာလို့ လုပ်ထားတာ...ဒီဘူးလေးထဲမှာ ကိုယ်က တုတ်ချောင်းလေး ၁၄ချောင်းထည့်ထားတယ်...အဲ့တုတ်ချောင်းလေးတွေပေါ်မှာ မေးခွန်းတိုလေးတွေရှိတယ်...ကိုယ်တို့က တုတ်ချောင်းတစ်ခုကို ယူလိုက်တိုင်း အဲ့အပေါ်မှာရှိတဲ့ မေးခွန်းကို ဖြေပေးရမယ်"

"ဟာ...မိုက်တယ်...ကစားကြမယ်လေ"

"Ok...."

သူတို့၂ယောက်က မျက်နှာချင်းဆိုင်ထိုင်နေတာကြောင့် ဘူးကို အလယ်တွင်ချလိုက်သည်။

"ကျွန်တော် စယူမယ်"

ဂျူနိုက ပြောပြောဆိုဆိုဖြင့် အဝါရောင် တုတ်ချောင်းလေးကို ယူလိုက်သည်။ ပြီးနောက် မျက်မှောင်လေးကြုတ်ကာ....

"မေးခွန်းက...သူကဆွဲဆောင်မှုရှိတယ်လို့ ထင်လားတဲ့"

သောလျှံခ ပြုံးစိစိဖြင့် မျက်ခုံးပင့်ပြလိုက်သည်။ ဂျူနိုရယ်ကာ....

"အင်း...ရှိတာပေါ့...တောင့်တင်းနေတဲ့ ရင်ခွင်ကြီးနဲ့ လက်က သွေးကြောစိမ်းစိမ်းတွေ"

"ဒါပဲလား.."

"ဟမ်...ဒါပဲပေါ့"

"ကိုယ့်တစ်ကိုယ်လုံးမှာ အဲ့နှစ်ခုပဲ သတိထားမိတာလား"

"နှုတ်ခမ်းတွေ...ဟီး...ဟီး..."

ဂျူနို သူ့ဘာသာထပ်ပြောပြီး ရှက်ရှက်နှင့် ထပ်ရယ်နေသည်။ သောလျှံခလည်း ဂျူနိုပျော်နေတာမြင်တော့ ဝမ်းသာမိသည်။

"ဟုတ်ပြီ...ကိုယ့်အလှည့်"

ဒီတစ်ခါက အပြာရောင် တုတ်ချောင်းလေး...။

"မေးခွန်းက...သူပျော်ရွှင်ရဖို့ မင်းဘာတွေ လုပ်ပေးချင်လဲ တဲ့"

"ဖြေ...ဘာလုပ်ပေးချင်လဲ"

ဂျူနိုက လက်လေးပိုက်ကာ မေး၏ ။

"ဂျူနိုမတောင်းဆိုပဲနဲ့ ဂျူနို့စိတ်ကို အလိုလိုသိနေပြီး လိုက်ဖြည့်စည်းပေးတာမျိုး"

"အခုလိုမျိုးလေးတွေလား"

"ဒါဆို ဂျူနိုက ဒီလိုမျိုးတွေလုပ်ပေးဖို့ မျှော်လင့်နေတာပေါ့"

"အင်းလေ...ကြီးကြီးမားမားမဟုတ်ဘဲ သာမာန်လေးပဲ..အဲ့ဒါက ပိုပြီးပျော်စရာကောင်းတယ်"

"သဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်...ဟုတ်ပြီ..ဂျူနိုအလှည့်"

ဂျူနိုက ခေါင်းညိမ့်ကာ အဖြူရောင်တုတ်ချောင်းလေးကို ယူလိုက်သည်။

"အယ်...မေးခွန်းကလည်း..."

"ဘာဖြစ်လို့လဲ ."

"နမ်းပါတဲ့"

သောလျှံခ အားပါးတရ ရယ်မိသည်။ ဂျူနိုလည်း ရယ်ရင်း...

"မေးခွန်းထုတ်တဲ့သူက တော်တယ်နော်...ပြီးတော့ ဘာလို့ ကျွန်တော်မှ ဒီမေးခွန်းရတာလဲမသိဘူး"

"ဘာလဲ...ကိုယ့်ကို မနမ်းချင်ဘူးလား"

"မသိဘူး...အနမ်းပဲခံဖူးတော့ နမ်းရတာဘယ်လိုလဲ မသိတော့ဘူး"

"Ok...နောက်ဆို ကိုယ်ခဏခဏ နမ်းမနေတော့ဘူး...ဂျူနိုပဲ ကိုယ့်ကို ခဏခဏ နမ်းရမယ်...ကဲ...အခုလောလောဆယ် မေးခွန်းကို ဖြေပါ"

ဂျူနိုတစ်ယောက် တခစ်ခစ်ရယ်ရင်း သောလျှံခ မျက်နှာနားသို့ကပ်အောင် လက်ဖျားထောက်ကာ ကိုယ်လုံးကို ရှေ့တိုးလိုက်သည်။ သောလျှံခ ပြုံးစိစိဖြင့် မျက်လုံးကိုတမင်မှိတ်ထားလိုက်သည်။

ခဏကြာတော့ နှုတ်ခမ်းထက်တွင် နွေးခနဲဖြစ်လာသည့် ခံစားချက်ကို ရလိုက်သည်နှင့် မျက်လုံးဖွင့်ကြည့်တော့ ကြည့်မဝတဲ့ မျက်နှာလေး....ထိုကောင်လေးကို အခက်တွေ့အောင် မလုပ်ချင်သည်နှင့် ငြိမ်နေလိုက်သည်။

"ကဲ...ဖြေပြီးပြီနော်"

"ဟင့်...ခဏလေး"

"အယ်..."

"ဟဟ...ထားပါ...နောက်မှ အတိုးချပြီး ယူရမယ်"

သောလျှံခ နောက်မေးခွန်းအတွက် အစိမ်းရောင်တုတ်ချောင်းလေးကို ထုတ်လိုက်သည်။

"အင်း...သီချင်းတစ်ပုဒ် သူ့အတွက်ဆိုပြပေးပါ တဲ့"

ဂျူနိုက အရမ်းပျော်သွားသည့် မျက်နှာလေးဖြင့် လက်ခုပ်တောင် ထတီးသည်။

"ဟာ...'ခ' သီချင်းဆိုတာ တစ်ခါမှ မကြားဖူးသေးဘူး...ဟီး ..နားထောင်ရတော့မယ်"

"ကိုယ်သီချင်းဆိုတာအတော်ကို ညံ့တဲ့အပြင် သီချင်းလည်းသိပ်နားမထောင်တော့ ဘာဆိုရမှန်းမသိဘူးရော"

"မရဘူး...သေချာစဉ်းစား..."

သောလျှံခ နှစ်မိနစ်လောက်ကို အသည်းသန်စဉ်းစားယူလိုက်ရပြီးနောက်...

"Ok...ကိုယ် Justin Bieberရဲ့ nothing like usဆိုပြမယ်...english အသံက သိပ်မဆိုးဖူးလို့ ခံစားရတာပဲ"

"အဲ့သီချင်း မသိဘူး..နားထောင်မယ်....ဆိုပြပါ"

"အဟမ်း.."

သောလျှံခ ချောင်းဟန့်ပြီးနောက်....

"Lately I’ve been thinking, thinking about what we had
And I know it was hard, it was all that we knew, yeah
Have you been drinking, to take all the pain away?
I wish that I could give you what you deserve

Cause nothing can ever, ever replace you
Nothing can make me feel like you do, yeah
You know there’s no one, I can relate to
I know we won’t find a love that’s so true

There’s nothing like us
There’s nothing like you and me
Together through the storm

There’s nothing like us
There’s nothing like you and me together oh

I gave you everything baby
Everything I had to give
Boy, why would you push me away?
Lost in confusion, like an illusion
You know I’m used to making your day

But that is the past now, we didn’t last now
I guess that this is meant to be
Tell me, was it worth it?
We were so perfect
But baby I just want you to see

There’s nothing like us
There’s nothing like you and me
Together through the storm

There’s nothing like us
There’s nothing like you and me together"

သောလျှံခ အသံနေအသံထားကျသည် မကျသည်က အသာထား သီချင်းဆိုပြီးသည်နှင့် ရင်ထဲကအလုံးကြီး ကျသွားသည့်နှယ် သက်ပြင်းချပြီး ဂျူနိုကိုကြည့်တော့ မျက်ရည်လေးတွေဝဲပြီး သူ့ကို ပြန်ကြည့်နေသော လူသားလေး....။

"ဟမ်...ဂျူနို...ဘာဖြစ်လို့လဲ...နေမကောင်းလို့လား"

"သီချင်းက ရင်ထဲရောက်လို့ပါ...ပြီးတော့ 'ခ'ဆိုပြတာ အရမ်းနားထောင်ကောင်းပါတယ်"

"Ok ok...ဒါဆို ဂျူနို့အလှည့်"

ဂျူနိုက အမဲရောင် တုတ်ချောင်းကို ယူလိုက်သည်။

"သူ့ကို အပြောချင်ဆုံး စကားတစ်ခွန်း....အင်း....ကျွန်တော့်ဘဝမှာ ဖြစ်ချင်တာတွေအားလုံးဖြစ်ခွင့်ရဖို့ အချိန်မလောက်တော့ပေမယ့်လို့ 'ခ'ကို ချစ်ခွင့်ရလိုက်တာကိုပဲ ကျေနပ်မိတယ်"

"ကျေးဇူးတင်ပါတယ်"

သောလျှံခ ပန်းရောင်တုတ်ချောင်းလေးကို ယူလိုက်သည်။

"သူကမင်းအတွက် တစ်ဦးတည်းသောသူဆိုတာ ဘယ်လိုသိခဲ့ရလဲ တဲ့"

"အိုး...မေးခွန်းက လှလိုက်တာ"

သောလျှံခက ကျေနပ်သည့် အပြုံးတစ်ခုနှင့်အတူ....

"ကိုယ်သေချာစဉ်းစားဖူးတယ်...ဂျူနို့ကို စချစ်နေတယ်လို့ခံစားမိတုန်းက...ဂျူနိုနဲ့ပထမဆုံးတွေ့တဲ့အချိန်တုန်းက ကိုယ်က ဂျူနိုကို foreignerနဲ့မှားပြီး လာစကားပြောတော့ ဂျူနိုငိုနေတာလေ...အဲ့မှာ ဂျူနိုက မျက်ရည်တွေကို သုတ်ပစ်ပြီး ပြုံးလိုက်တဲ့ အပြုံးလေး....ကိုယ် အဲ့အပြုံးလေးနဲ့စပြီး ဂျူနိုကိုချစ်မိခဲ့တာ...အဲ့မှာတစ်ခါတည်းတော့ ဂျူနိုက တစ်ဦးတည်းသောလို့တော့ တွေးဖို့တော့ သတိမရခဲ့ဘူးပေါ့...ဒါပေမယ့် ဂျူနိုနဲ့ ဒုတိယအကြိမ်ထပ်တွေ့ပြီးနောက်မှာ သေချာသွားခဲ့တယ်...ဂျူနိုဟာ ကိုယ့်ဘေးမှာ ခေါ်ထားချင်မိတဲ့ လူသားလေးဆိုတာ"

"အာ...ကျွန်တော်တော့ ထပ်ပြီး ကြွေရပြန်ပါပြီ"

ဂျူနိုသည် ပြုံးရင်း ပြောပြီး နောက်မေးခွန်းအတွက် တုတ်ချောင်းခရမ်းရောင်လေးကို ယူလိုက်သည်။

"သင်ကသူ့အတွက် ဘယ်လိုလူမျိုးလဲ တဲ့"

"ကဲ..."

"အင်း...ကျွန်တော်ခံစားမိသလောက်က ကျွန်တော်က 'ခ'အတွက် ကလေးပိစိလေးလိုပဲ....'ခ'က ကျွန်တော့်အတွက် မာမီနဲ့ ဒယ်ဒီနီးပါး ဂရုစိုက်ပေးနိုင်တဲ့သူနဲ့တူတယ်...ပြီးတော့ ကျွန်တော်က 'ခ'အတွက် အရေးပါတဲ့သူ ဖြစ်ပေးချင်တာ...ဒါပေမယ့်လည်း.. "

"အခုလည်း အရမ်းကို အရေးပါတဲ့သူပါ...ဂျူနိုရှိနေလို့ ကိုယ့်ရဲ့ဘဝအသစ်ကို ရလိုက်တယ်လေ...ဂျူနိုနဲ့သောလျှံခဆိုတဲ့ အိမ်ထောင်ရေးကို ကိုယ်ရလိုက်တယ်...အဲ့ဒါက ကိုယ့်အတွက် အရမ်းအရေးပါတယ်...ဂျူနိုသာမရှိရင် အဲ့လိုဖြစ်လာမှာမဟုတ်ဘူး...ကိုယ့်ရဲ့ တစ်ဦးတည်းသော ဂျူနိုလေး"

သောလျှံခ ဂျူနို့နားရွက်လေးကို ပွတ်သပ်ရင်း ပြောလိုက်သည်။ ထို့နောက် နောက်မေးခွန်းအတွက် တုတ်ချောင်းတစ်ချောင်း ယူကြည့်လိုက်သည်။

"ကတိတစ်ခုပေးပါတဲ့....အင်း...ကိုယ်အပေးနိုင်ဆုံး ကတိကတော့ ဂျူနို့ကို ချစ်တဲ့အချစ်က ဘယ်တော့မှ မပြောင်းလဲစေရဘူး...ဂျူနို့ကို ချစ်တယ်ဆိုတာထက် မြတ်နိုးတယ်...ကိုယ်အဲ့ခံစားချက်ကို ပြောမပြတတ်ဘူး...ဒါပေမယ့် ကိုယ်ဖြတ်သန်းလာတဲ့ အချိန်တွေအားလုံးထဲမှာမှ ဂျူနိုနဲ့အတူရှိတဲ့အချိန်ကို အမြတ်နိုးဆုံးပဲ"

ဂျူနိုက မျက်နှာချင်းဆိုင်ထိုင်နေရာမှ သောလျှံခရင်ခွင်ထဲ ပြန်လာတိုးဝင်ပြီး ထိုင်လိုက်သည်။ သောလျှံခလည်း အလိုက်သင့် ပြန်ဖက်ထားလိုက်ပြီး ဂျူနို့ခေါင်း အနောက်ဘက်ကို နမ်းလိုက်သည်။

"အင်း...ဟဟ...ဘယ်နှစ်ကြိမ်လောက်နမ်းဖူးလဲ တဲ့"

ဂျူနိုက အနီရောင်တုတ်ချောင်းကို လှမ်းယူကာကြည့်ရင်း ပြောလိုက်သည်။ ပြီးနောက် သောလျှံခကို မော့ကြည့်သည်။

"ဒီလူကြီးက ခဏခဏ နမ်းနေလွန်းလို့ မသိဘူးရော...ဒါပေမယ့် 'ခ'က နဖူးကိုနဲ့ ခေါင်းကိုပဲ ခဏခဏနမ်းနေတာကိုတော့ သတိထားမိတယ်...ဟီး"

"ကျန်တဲ့နေရာတွေနမ်းစေချင်လဲ နမ်းပေးမယ်လေ...အခုပဲ လုပ်လိုက်ကြတော့မလား"

"နေမကောင်းတဲ့သူကို အနိုင်မကျင့်ရဘူးတဲ့"

"နေမကောင်းတာက သက်သက်လေ...ပြီးတော့ ဒီနေ့က ကိုယ်တို့ date nightမလား...ဟင်းဟင်း"

သောလျှံခသည် ရှက်နေသော ဂျူနိုလေးကို အသည်းယားလာသည်နှင့် စနောက်နေမိသည်။

"အာ...gameဆက်ဆော့မယ်"

ဂျူနို သောလျှံခအတွက် နောက်မေးခွန်းတစ်ခုကို ယူပေးလိုက်သည်။

"Okလေ...gameဆော့ပြီးရင်တော့..."

"မျက်နှာကို ကုပ်မှာနော်"

"စိတ်ပုပ်လေး...ကဲ...မေးခွန်းက သူနဲ့အတူဖန်တီးဖူးတဲ့ အကောင်းဆုံးအမှတ်တရတခု....အင်း...ကိုယ်တို့လက်ထပ်တဲ့နေ့ပေါ့...အဲ့နေ့က ဂျူနိုက ဖြူကောင်လေးကျနေတာပဲ...ချစ်စရာလေး"

သောလျှံခ ပြောပြီးတာနဲ့ ဂျူနို့ပါးကို ရွှတ်ခနဲနမ်းလိုက်သည်။

"ဒီညတော့ အနမ်းတွေနဲ့ ပြည့်နေပါပြီ"

ဂျူနိုက ပါးလေးကိုကိုင်ကာ ပြုံးရင်းပြောလိုက်သည်။

"Ok..နောက်မေးခွန်း...ကိုယ့်ကိုယ်ကို အဆင်ပြေနေတယ်လို့ ခံစားရအောင် သူက ဘာတွေဘယ်လိုလုပ်ပေးလဲ တဲ့....အင်း...ပြောရမှာတွေကများတော့ ချုံ့ပြောလိုက်မယ်...'ခ' ရဲ့အချစ်က ကျွန်တော့်ကိုအဆင်ပြေစေတယ်...ကျွန်တော်စိတ်မညစ်ရဘူး၊ အမြဲစိတ်ချမ်းသာတယ်၊ ကျွန်တော်အားငယ်မိတာတောင် အဲ့အချစ်တွေက အမြဲအားပေးနေတတ်တယ်"

ဒီတစ်ခါတော့ ဂျူနိုက သောလျှံခမေးစေ့ကို မော့နမ်းလိုက်သည်။ သောလျှံခကတော့ ပီတိဖြာတဲ့ မျက်နှာနဲ့ ပြုံးဖြီးနေလို့....။

"Ok...ကိုယ့်အလှည့်...အင်း...သူ့ရဲ့ဘယ်လိုအပြုအမူလေးတွေက စိတ်ကို ကြည်နူးစေလဲတဲ့"

"ကျွန်တော့်မှာ ရှိပါ့မလား"

"အမယ်လေး...ရှိတာပေါ့...ရုတ်တရက် ရင်ခွင်ထဲဝင်ဝင်လာပြီး ဖက်တာလေးတွေ...တွေးချင်တာတွေ တွေးပြီး ရှက်သွားတာလေးတွေ...သိပ်ကိုရှိတာပေါ့"

"အီး...ချစ်ဖို့ကောင်းလိုက်တာ...အဲ...တုတ်ချောင်းက ၂ခုပဲကျန်တော့တာပဲ...ဒီ ခဲရောင်လေးကို ယူလိုက်မယ်"

ဂျူနိုက ပြောပြောဆိုဆို ခဲရောင်တုတ်ချောင်းလေးကို ယူလိုက်ပြီး ပြုံးလိုက်မိသည်။

"ချစ်တယ်ဆိုတဲ့စကားထက်ပိုပြီးလေးနက်တဲ့ စကားတစ်ခွန်းပြောပါတဲ့...ဒီမေးခွန်းက အလွယ်ဆုံးပဲ"

"ဟုတ်လား...ကဲ...ပြောကြည့်ပါဦး"

"ကျေးဇူးတင်ပါတယ်"

"........."

"ဘာလို့လဲဆိုတော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားက ကိုယ့်ကိုတစ်ခုခုလုပ်ပေးမှ...ကူညီပေးမှ...သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ကိုယ့်ကို တစ်စုံတစ်ယောက်က ကူညီပေးခဲ့ရင် ကျေးဇူးပဲဆိုတဲ့စကားကို ပြောကြတယ်လေ...ဧည့်ဝတ်ကျေကျေပြောတာပဲဖြစ်ဖြစ်၊ စိတ်ထဲက ပါလို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ပြောကြတယ်။ စကားကရိုးရှင်းပေမယ့် တစ်ဖက်လူကိုလေးစားတဲ့အပြုအမူ၊ တစ်ဖက်လူရဲ့ လုပ်ရပ်ကို သတိထားမိကြောင်း၊ အသိအမှတ်ပြုကြောင်းဖော်ပြတဲ့စကားက ကျေးဇူးတင်ပါတယ်တဲ့။ အဲ့ဒါကြောင့် 'ခ'ကို ကျေးဇူးတင်တယ်၊ ကျွန်တော့်ကိုချစ်ပေးလို့၊ ဂရုစိုက်ပေးလို့၊ အနားမှာလိုအပ်နေချိန်အမြဲရှိနေပေးလို့၊ ဝေးကြမှာသိနေရက်နဲ့ အချစ်တွေပုံပေးထားလို့ ကျေးဇူးတင်ပါတယ်"

သောလျှံခ ပီတိမျက်ရည်တွေနဲ့ မျက်လုံးအိမ်ထဲ ပြည့်လာပြီး ဂျူနို့ညာလက်လေးကို ဆုပ်ကိုင်ပြီး အသာယူနမ်းလေတယ်။

"တစ်ခါတလေ ဂျူနိုက ကိုယ့်ကို အ သွားအောင် လုပ်နိုင်တယ်။ ကိုယ်တကယ်ပြန်ပြောစရာရှာမတွေ့ဘူး...ဒါပေမယ့် ကျေးဇူးတင်ပါတယ်...ကိုယ်လည်း ဂျူနို့ကို ကျေးဇူးတင်ပါတယ်"

"ငိုတော့မှာလား"

ဂျူနိုက သောလျှံခမျက်နှာကို ကိုင်ကာ ရယ်ရင်းမေးလိုက်သည်။

"ကိုယ့်စိတ်ထဲကြည်နူးမိသွားလို့ပါ"

"ကဲ...ဒါဆို...နောက်ဆုံးမေးခွန်း..."

"ကိုယ်သိတယ် အဲ့မေးခွန်းကို....ဆုတောင်းတစ်ခုတောင်းပေးရမှာ"

"ကဲ....ကိုယ့်ယောင်္ကျားကြီးဆီက ဘာဆုတောင်းရမှာလဲ"

"ဘာဆုတောင်းရမှာလဲဆိုတော့.....ဂျူနိုလေး.....စိတ်ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါစေ...ကျစ်...ကိုယ်ဘာလို့ ဒီမေးခွန်းထည့်ထားမိတာလဲ"

ဂျူနိုကပြုံးရင်း သောလျှံခကို ဖက်ထားပေးလိုက်သည်။

"ထည့်ထားသင့်တာပေါ့.....ဆုတောင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြီးတိုင်လမ်းခွဲချိန်မှာ သိပ်အဖိုးတန်တဲ့စကားပဲ...ဒီအတိုင်း တွေ့နေမြင်နေချိန်မှာ ဆုတောင်းပေးတာထက် တကယ်ခွဲခွာရတော့မယ့်အချိန်မှာ ဆုတောင်းပေးတာက ပိုထိရောက်တယ်...ကျွန်တော်ဘာမှမဖြစ်ဘူး...'ခ'ဒီနေ့ ဒီလိုလုပ်ပေးတာ အရမ်းပျော်တာပဲ။ တကယ်....တကယ်ကို ခမ်းခမ်းနားနားလည်းမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။ ဒါက ကျွန်တော်လိုချင်နေတဲ့ တကယ့်dateပဲ...ပြီးတော့ ဒီလိုမျိုး မေးခွန်းတွေနဲ့ စကားတွေပြောလိုက်ရတော့ ကိုယ့်ရင်ထဲက အကြောင်းအရာတွေကို တစ်ဖက်သူက ပိုသိသွားရတယ်။ ကျွန်တော့်ရဲ့ ချစ်ရသူနဲ့ ပထမဆုံးဖြတ်သန်းဖူးတဲ့ feb 14က အရမ်းပျော်စရာကောင်းတဲ့အတွက် 'ခ'ကိုကျေးဇူးအများကြီးတင်ပါတယ်"

သူ့ကိုဖက်ထားပြီး ရင်ခွင်ထဲ မျက်နှာအပ်ကာ တတွတ်တွတ်ပြောသွားသည့် ဂျူနိုလေးကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားမိသည်။ သူပျော်ရင် ကိုယ်ကျေနပ်ပါပြီလေ။

"ကိုယ်နဲ့အတူ ဒီနေ့လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပေးလို့ ကျေးဇူးပါ ဂျူနို...ချစ်တယ်....အရမ်းချစ်တယ်"

"ချစ်တယ်...ကျွန်တော်လည်း 'ခ'ကိုအရမ်းချစ်တယ်"
.
.
.
.
.

ထိုနေ့က သောလျှံခနှင့် ဂျူနိုသည် gameကစားအပြီး wedding photoလေးများကို ဆက်ကြည့်ခဲ့ကြသည်။ ပြီးနောက် ဝရန်တာအပြင်ဘက်လေးတွင် နှစ်ယောက်သားထိုင်လျက် လေညင်းခံကာ ကော်ဖီအတူတူသောက်ရင်း စကားစမြည်ပြောဖြစ်ခဲ့ကြသည်။ အနမ်းပေါင်းများစွာလည်း ခြွေခဲ့ကြသည့်နည်းတူ ကြယ်လေးများကိုလည်း အပျင်းပြေရေတွက်ခဲ့ကြသေးသည်။ သောလျှံခ လည်ပင်းထက်တွင် ဝံသဝဏ်ကျောက်လေးကလည်း အစွမ်းကုန် ပြာလဲ့နေခဲ့ပါသည်။

St.Valentineက "from your Valentine"ဆိုတဲ့ စာလေးကို ရိုးရှင်းအောင်ရေးခဲ့သလိုမျိုးပဲ ချစ်ရသူများနေ့ကို ရိုးရှင်းစွာနဲ့ နှစ်ဦးနှစ်ဖက်ပျော်ရတာ သာ၍ စိတ်ချမ်းသာရပါ၏ ။

ချစ်ခြင်းတရားဟူသည့် ထုထည်သည် စကားလုံးမှာတည်းက လေးနက်မှုရှိသည်။ အချိန်အတိုင်းအတာနှင့် မဆိုင်ပါ။ အချိန်သည် သံယောဇဉ်ကို ချည်နှောင်သည်။ နှလုံးသားသည် ချစ်ခြင်းတရားကို ချည်နှောင်၏။ လူတို့သည် ထိုနှစ်ချက်ကို ရှုပ်ထွေးလျက်ရှိ၏ ။ တကယ်တွေးကြည့်ပါက ရှင်းရှင်းလေးပင်.....။

****************************************
Thank you for reading!

Note
ဂျူနိုလေး သောလျှံခကို ပေးတဲ့ ဝံသဝဏ်ကျောက်လေး။ အဲ့ကျောက်လေးနာမည်က Englishလိုဆို Lapis Lazuli Stoneလို့ခေါ်ပါတယ်။ ဒီကျောက်တုံးလေးကို ဂျူနိုက သောလျှံခကို ပေးရခြင်းက အဓိပ္ပါယ်များစွာရှိပါတယ်။ ဂျူနိုပြောသလို အချစ်နတ်ဘုရားမ Venusကို ကိုယ်စားပြုတဲ့ ကျောက်တုံးအမျိုးအစားဖြစ်သလို တကယ်လည်း နှစ်ပေါင်း၅ထောင်ထိ ချစ်ခြင်းတရားကို တည်မြဲစေတယ်လို့ ရှေးကတည်းကနေ ယခုအချိန်ထိ အယူအဆရှိနေဆဲ ဖြစ်ပါတယ်။
နောက်ပြီး သောလျှံခက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် ဒီဝံသဝဏ်ကျောက်လေးကို ပေးခြင်းလည်း ဖြစ်ပါတယ်။ ဈာန်ကျင့်ကြံတဲ့သူတွေ၊ ဗုဒ္ဓဘာသာလမ်းစဉ်ကို ကျင့်ကြံတဲ့သူတွေဟာ ဒီကျောက်တုံးကို ဆောင်ထားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် သူက စိတ်အစဉ်ကို အေးချမ်းစေပြီး inner peaceကို တဖြည်းဖြည်းရင့်သန်စေလို့ပါ။ ဂျူနိုလေးဟာ ဒီလိုအတွေးတွေနဲ့ သောလျှံခကို ပေးခဲ့တာ ဖြစ်ပါတယ်နော် ##....

__________________________________________________
Zawgyi

Valentine’s Day

Indoor dateဆိုသည့္အတိုင္း ဘာပကာသနမွမရွိ။ 

ေဆး႐ုံအတြင္းရွိ အေမွာင္ခ်ထားသည့္ အခန္းေလးတစ္ခန္းထဲတြင္ Wedding Dayက ပုံေလးမ်ားကို projectorတစ္လုံးေထာက္ကာျဖင့္ ေပ်ာ္႐ႊင္စြာ ၾကည့္ေနၾကေသာ ေသာလွ်ံခႏွင့္ ဂ်ဴနိုေလး...။ ဖေယာင္းတိုင္မီးေလးေတြ ထြန္းထားတာေၾကာင့္ အရမ္းမေမွာင္ဘဲ လင္းျပျပေလးျဖစ္ေနသည္။

ဂ်ဴနိုသည္ ေသာလွ်ံခရင္ခြင္ထဲတြင္ ဝင္ထိုင္ေနသည္။ သူတို႔ႏွစ္ေယာက္၏ေဘးတြင္ ေကာ္ဖီေဖ်ာ္ထည့္ထားသည့္ အျဖဴေရာင္mugခြက္ေလးႏွစ္ခြက္ကလည္း ေနရာယူထားသည္။ ထိုေကာ္ဖီခြက္ေလး၂ခြက္သည္ ယခုမွ စေဖ်ာ္ထားမွန္းသိသာေအာင္ အေငြ႕မ်ား လွိုင္လွိုင္ထြက္ေနလ်က္...။

"ဒါကိုဘယ္လိုစီစဥ္လိုက္တာတုန္း"

"လက္ထပ္ပြဲတုန္းကလာတဲ့ ကိုယ့္သူငယ္ခ်င္း ကိုရဲေလ...သူ႕ကို အကူညီေတာင္းထားတာ"

"ေၾသာ္...သူကသိပ္သေဘာေကာင္းတာပဲ...အရမ္းသေဘာက်တယ္လို႔ေျပာေပးဦးေနာ္"

"ဟုတ္ကဲ့ပါ"

"အဲ....ေနဦး"

ဂ်ဴနိုသည္ ေသာလွ်ံခ ရင္ခြင္ထဲမွ ထြက္လိုက္ကာ ကုတင္ရွိရာသို႔ သြားလိုက္သည္။ ထို႔ေနာက္ ေခါင္းအုံးေအာက္တြင္ရွိေနသည့္ အရာတစ္ခုကို ဆြဲယူၿပီး ေသာလွ်ံခဆီျပန္ေရာက္လာသည္။

"ခ' လက္ျဖန႔္"

ဂ်ဴနိုခိုင္းသည့္အတိုင္း ေသာလွ်ံခ လက္ျဖန႔္ေပးလိုက္သည္။ ထို႔ေနာက္ သူ႕လက္ေပၚေရာက္လာသည့္ အရာေလးက ျပာလဲ့လဲ့အရာေလးတစ္ခု....ေက်ာက္တုံးအေသးစားေလးတစ္ခုလို႔ေျပာလို႔ရသည္။ ႀကိဳးအနက္ေရာင္ေလးႏွင့္ ရစ္ပတ္ထားသည္။

"လွလိုက္တာ....ဘာေလးလဲ"

ေသာလွ်ံခ အံ့ၾသၿပဳံး႐ႊင္သည့္စိတ္ႏွင့္အတူ ျပန္ေမးမိသည္။

"အဲ့ဒါကို 'ဝံသဝဏ္' ေက်ာက္လို႔ေခၚတယ္...အခ်စ္နတ္ဘုရားမ ဗီးနပ္စ္ကို ရည္ၫြန္းတယ္တဲ့...ဒီေက်ာက္တုံးေလးက ခ်စ္ျခင္းတရားကို ႏွစ္ေပါင္း ၅ေထာင္တိုင္ေအာင္ တည္ၿမဲေစတယ္လို႔ အယူအဆရွိတယ္...အခု 'ခ'အတြက္ ကြၽန္ေတာ္က ဒီေက်ာက္တုံးေလးကိုေပးတာဆိုေတာ့ ေနာင္ႏွစ္ေပါင္း၅ေထာင္ထိ 'ခ'အတြက္ ကြၽန္ေတာ့္ခ်စ္ျခင္းေတြ တည္ေနေပးမယ္လို႔ေျပာတာ"

"Wow....ကိုယ္တကယ္ေျပာစရာရွာမေတြ႕ေတာ့ဘူး...ေက်းဇူးအမ်ားႀကီးတင္ပါတယ္"

ေသာလွ်ံခ ေျပာလည္းေျပာ ဂ်ဴနို႔ကိုလည္း ဖက္လိုက္သည္။ ၿပီးေနာက္ ပါးေလးကို နမ္းလိုက္ကာ....

"ေဒးဗစ္ကို အကူအညီေတာင္းလိုက္တာလား"

"No...မာမီ့ကို...မာမီက တခါတေလ ဒီလို ေက်ာက္ဆန္းဆန္းေလးေတြစုရတာ ဝါသနာပါတယ္ေလ...ကြၽန္ေတာ္ ဒီေန႕အတြက္ 'ခ'ကို အမွတ္တရလည္းျဖစ္ေစမယ့္...အဓိပၸါယ္လည္းရွိမယ့္ လက္ေဆာင္မ်ိဳးေပးခ်င္တယ္ဆိုလို႔ မာမီက အႀကံေပးရင္းနဲ႕ ဒီလိုမ်ိဳးေပးျဖစ္သြားတာ"

"ကိုယ္အရမ္းသေဘာက်တယ္....သေဘာက်တယ္ဆိုတာထက္ကို ပိုတယ္...ဂ်ဴနို႔အခ်စ္ေတြက ဒီထဲေရာက္ေနလို႔ျဖစ္မယ္"

"ဟီး...ဟီး..."

"အဲ့လိုက်ေတာ့ ကိုယ္လုပ္ေပးတာေလးက ေသးသြားသလိုမ်ိဳးပဲ"

"မဟုတ္ဘူး...အခုမွ 'ခ'လုပ္ေပးတာနဲ႕ ညီမွ်သြားတာ"

ေသာလွ်ံခ ဂ်ဴနို႔ပါးေလးကို ထပ္နမ္းလိုက္သည္။

"ကြၽန္ေတာ္ဝတ္ေပးမယ္"

ေသာလွ်ံခ လည္ပင္းတြင္ ထိုေက်ာက္တုံးပါ ဆြဲႀကိဳးအနက္ေရာင္ေလးကို ဂ်ဴနို ေသခ်ာဝတ္ေပးလိုက္သည္။

"ခ'နဲ႕ လိုက္တာပဲ"

"ဒါေလးကို ကိုယ္ဘယ္ေတာ့မွမခြၽတ္ဘူးလို႔ ကတိေပးတယ္"

"ေက်းဇူးတင္ပါတယ္"

"ဒါနဲ႕...ကိုယ္တို႔ gameကစားၾကမလား..."

"Game...ဘယ္လိုကစားမွာလဲ"

ေသာလွ်ံခၿပဳံးလိုက္ကာ စားပြဲခုံေပၚရွိ အိတ္အမည္းေရာင္ေလးကို ဆြဲယူလိုက္သည္။ ထို႔ေနာက္ အိတ္ထဲမွ ဘူးေလးတစ္ဘူးကို ထုတ္ယူလိုက္သည္။ ထိုဘူးေလးသည္ အၾကည္ေရာင္ျဖစ္ေသာေၾကာင့္ အထဲမွ ေရာင္စုံ တုတ္ေခ်ာင္းေလးမ်ားကို ျမင္ေနရသည္။ သိခ်င္စိတ္ျဖင့္ အသည္းအသန္လိုက္ၾကည့္ေနေသာ ဂ်ဴနိုကို ၾကည့္ကာ....

"ကိုယ္ onlineကေန ideaရလာလို႔ လုပ္ထားတာ...ဒီဘူးေလးထဲမွာ ကိုယ္က တုတ္ေခ်ာင္းေလး ၁၄ေခ်ာင္းထည့္ထားတယ္...အဲ့တုတ္ေခ်ာင္းေလးေတြေပၚမွာ ေမးခြန္းတိုေလးေတြရွိတယ္...ကိုယ္တို႔က တုတ္ေခ်ာင္းတစ္ခုကို ယူလိုက္တိုင္း အဲ့အေပၚမွာရွိတဲ့ ေမးခြန္းကို ေျဖေပးရမယ္"

"ဟာ...မိုက္တယ္...ကစားၾကမယ္ေလ"

"Ok...."

သူတို႔၂ေယာက္က မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတာေၾကာင့္ ဘူးကို အလယ္တြင္ခ်လိဳက္သည္။

"ကြၽန္ေတာ္ စယူမယ္"

ဂ်ဴနိုက ေျပာေျပာဆိုဆိုျဖင့္ အဝါေရာင္ တုတ္ေခ်ာင္းေလးကို ယူလိုက္သည္။ ၿပီးေနာက္ မ်က္ေမွာင္ေလးၾကဳတ္ကာ....

"ေမးခြန္းက...သူကဆြဲေဆာင္မႈရွိတယ္လို႔ ထင္လားတဲ့"

ေသာလွ်ံခ ၿပဳံးစိစိျဖင့္ မ်က္ခုံးပင့္ျပလိုက္သည္။ ဂ်ဴနိုရယ္ကာ....

"အင္း...ရွိတာေပါ့...ေတာင့္တင္းေနတဲ့ ရင္ခြင္ႀကီးနဲ႕ လက္က ေသြးေၾကာစိမ္းစိမ္းေတြ"

"ဒါပဲလား.."

"ဟမ္...ဒါပဲေပါ့"

"ကိုယ့္တစ္ကိုယ္လုံးမွာ အဲ့ႏွစ္ခုပဲ သတိထားမိတာလား"

"ႏႈတ္ခမ္းေတြ...ဟီး...ဟီး..."

ဂ်ဴနို သူ႕ဘာသာထပ္ေျပာၿပီး ရွက္ရွက္ႏွင့္ ထပ္ရယ္ေနသည္။ ေသာလွ်ံခလည္း ဂ်ဴနိုေပ်ာ္ေနတာျမင္ေတာ့ ဝမ္းသာမိသည္။

"ဟုတ္ၿပီ...ကိုယ့္အလွည့္"

ဒီတစ္ခါက အျပာေရာင္ တုတ္ေခ်ာင္းေလး...။

"ေမးခြန္းက...သူေပ်ာ္႐ႊင္ရဖို႔ မင္းဘာေတြ လုပ္ေပးခ်င္လဲ တဲ့"

"ေျဖ...ဘာလုပ္ေပးခ်င္လဲ"

ဂ်ဴနိုက လက္ေလးပိုက္ကာ ေမး၏ ။

"ဂ်ဴနိုမေတာင္းဆိုပဲနဲ႕ ဂ်ဴနို႔စိတ္ကို အလိုလိုသိေနၿပီး လိုက္ျဖည့္စည္းေပးတာမ်ိဳး"

"အခုလိုမ်ိဳးေလးေတြလား"

"ဒါဆို ဂ်ဴနိုက ဒီလိုမ်ိဳးေတြလုပ္ေပးဖို႔ ေမွ်ာ္လင့္ေနတာေပါ့"

"အင္းေလ...ႀကီးႀကီးမားမားမဟုတ္ဘဲ သာမာန္ေလးပဲ..အဲ့ဒါက ပိုၿပီးေပ်ာ္စရာေကာင္းတယ္"

"သေဘာက်တယ္ဆိုလို႔ ဝမ္းသာပါတယ္...ဟုတ္ၿပီ..ဂ်ဴနိုအလွည့္"

ဂ်ဴနိုက ေခါင္းညိမ့္ကာ အျဖဴေရာင္တုတ္ေခ်ာင္းေလးကို ယူလိုက္သည္။

"အယ္...ေမးခြန္းကလည္း..."

"ဘာျဖစ္လို႔လဲ ."

"နမ္းပါတဲ့"

ေသာလွ်ံခ အားပါးတရ ရယ္မိသည္။ ဂ်ဴနိုလည္း ရယ္ရင္း...

"ေမးခြန္းထုတ္တဲ့သူက ေတာ္တယ္ေနာ္...ၿပီးေတာ့ ဘာလို႔ ကြၽန္ေတာ္မွ ဒီေမးခြန္းရတာလဲမသိဘူး"

"ဘာလဲ...ကိုယ့္ကို မနမ္းခ်င္ဘူးလား"

"မသိဘူး...အနမ္းပဲခံဖူးေတာ့ နမ္းရတာဘယ္လိုလဲ မသိေတာ့ဘူး"

"Ok...ေနာက္ဆို ကိုယ္ခဏခဏ နမ္းမေနေတာ့ဘူး...ဂ်ဴနိုပဲ ကိုယ့္ကို ခဏခဏ နမ္းရမယ္...ကဲ...အခုေလာေလာဆယ္ ေမးခြန္းကို ေျဖပါ"

ဂ်ဴနိုတစ္ေယာက္ တခစ္ခစ္ရယ္ရင္း ေသာလွ်ံခ မ်က္ႏွာနားသို႔ကပ္ေအာင္ လက္ဖ်ားေထာက္ကာ ကိုယ္လုံးကို ေရွ႕တိုးလိုက္သည္။ ေသာလွ်ံခ ၿပဳံးစိစိျဖင့္ မ်က္လုံးကိုတမင္မွိတ္ထားလိုက္သည္။

ခဏၾကာေတာ့ ႏႈတ္ခမ္းထက္တြင္ ႏြေးခနဲျဖစ္လာသည့္ ခံစားခ်က္ကို ရလိုက္သည္ႏွင့္ မ်က္လုံးဖြင့္ၾကည့္ေတာ့ ၾကည့္မဝတဲ့ မ်က္ႏွာေလး....ထိုေကာင္ေလးကို အခက္ေတြ႕ေအာင္ မလုပ္ခ်င္သည္ႏွင့္ ၿငိမ္ေနလိုက္သည္။

"ကဲ...ေျဖၿပီးၿပီေနာ္"

"ဟင့္...ခဏေလး"

"အယ္..."

"ဟဟ...ထားပါ...ေနာက္မွ အတိုးခ်ၿပီး ယူရမယ္"

ေသာလွ်ံခ ေနာက္ေမးခြန္းအတြက္ အစိမ္းေရာင္တုတ္ေခ်ာင္းေလးကို ထုတ္လိုက္သည္။

"အင္း...သီခ်င္းတစ္ပုဒ္ သူ႕အတြက္ဆိုျပေပးပါ တဲ့"

ဂ်ဴနိုက အရမ္းေပ်ာ္သြားသည့္ မ်က္ႏွာေလးျဖင့္ လက္ခုပ္ေတာင္ ထတီးသည္။

"ဟာ...'ခ' သီခ်င္းဆိုတာ တစ္ခါမွ မၾကားဖူးေသးဘူး...ဟီး ..နားေထာင္ရေတာ့မယ္"

"ကိုယ္သီခ်င္းဆိုတာအေတာ္ကို ညံ့တဲ့အျပင္ သီခ်င္းလည္းသိပ္နားမေထာင္ေတာ့ ဘာဆိုရမွန္းမသိဘူးေရာ"

"မရဘူး...ေသခ်ာစဥ္းစား..."

ေသာလွ်ံခ ႏွစ္မိနစ္ေလာက္ကို အသည္းသန္စဥ္းစားယူလိုက္ရၿပီးေနာက္...

"Ok...ကိုယ္ Justin Bieberရဲ႕ nothing like usဆိုျပမယ္...english အသံက သိပ္မဆိုးဖူးလို႔ ခံစားရတာပဲ"

"အဲ့သီခ်င္း မသိဘူး..နားေထာင္မယ္....ဆိုျပပါ"

"အဟမ္း.."

ေသာလွ်ံခ ေခ်ာင္းဟန႔္ၿပီးေနာက္....

"Lately I’ve been thinking, thinking about what we had
And I know it was hard, it was all that we knew, yeah
Have you been drinking, to take all the pain away?
I wish that I could give you what you deserve

Cause nothing can ever, ever replace you
Nothing can make me feel like you do, yeah
You know there’s no one, I can relate to
I know we won’t find a love that’s so true

There’s nothing like us
There’s nothing like you and me
Together through the storm

There’s nothing like us
There’s nothing like you and me together oh

I gave you everything baby
Everything I had to give
Boy, why would you push me away?
Lost in confusion, like an illusion
You know I’m used to making your day

But that is the past now, we didn’t last now
I guess that this is meant to be
Tell me, was it worth it?
We were so perfect
But baby I just want you to see

There’s nothing like us
There’s nothing like you and me
Together through the storm

There’s nothing like us
There’s nothing like you and me together"

ေသာလွ်ံခ အသံေနအသံထားက်သည္ မက်သည္က အသာထား သီခ်င္းဆိုၿပီးသည္ႏွင့္ ရင္ထဲကအလုံးႀကီး က်သြားသည့္ႏွယ္ သက္ျပင္းခ်ၿပီး ဂ်ဴနိုကိုၾကည့္ေတာ့ မ်က္ရည္ေလးေတြဝဲၿပီး သူ႕ကို ျပန္ၾကည့္ေနေသာ လူသားေလး....။

"ဟမ္...ဂ်ဴနို...ဘာျဖစ္လို႔လဲ...ေနမေကာင္းလို႔လား"

"သီခ်င္းက ရင္ထဲေရာက္လို႔ပါ...ၿပီးေတာ့ 'ခ'ဆိုျပတာ အရမ္းနားေထာင္ေကာင္းပါတယ္"

"Ok ok...ဒါဆို ဂ်ဴနို႔အလွည့္"

ဂ်ဴနိုက အမဲေရာင္ တုတ္ေခ်ာင္းကို ယူလိုက္သည္။

"သူ႕ကို အေျပာခ်င္ဆုံး စကားတစ္ခြန္း....အင္း....ကြၽန္ေတာ့္ဘဝမွာ ျဖစ္ခ်င္တာေတြအားလုံးျဖစ္ခြင့္ရဖို႔ အခ်ိန္မေလာက္ေတာ့ေပမယ့္လို႔ 'ခ'ကို ခ်စ္ခြင့္ရလိုက္တာကိုပဲ ေက်နပ္မိတယ္"

"ေက်းဇူးတင္ပါတယ္"

ေသာလွ်ံခ ပန္းေရာင္တုတ္ေခ်ာင္းေလးကို ယူလိုက္သည္။

"သူကမင္းအတြက္ တစ္ဦးတည္းေသာသူဆိုတာ ဘယ္လိုသိခဲ့ရလဲ တဲ့"

"အိုး...ေမးခြန္းက လွလိုက္တာ"

ေသာလွ်ံခက ေက်နပ္သည့္ အၿပဳံးတစ္ခုႏွင့္အတူ....

"ကိုယ္ေသခ်ာစဥ္းစားဖူးတယ္...ဂ်ဴနို႔ကို စခ်စ္ေနတယ္လို႔ခံစားမိတုန္းက...ဂ်ဴနိုနဲ႕ပထမဆုံးေတြ႕တဲ့အခ်ိန္တုန္းက ကိုယ္က ဂ်ဴနိုကို foreignerနဲ႕မွားၿပီး လာစကားေျပာေတာ့ ဂ်ဴနိုငိုေနတာေလ...အဲ့မွာ ဂ်ဴနိုက မ်က္ရည္ေတြကို သုတ္ပစ္ၿပီး ၿပဳံးလိုက္တဲ့ အၿပဳံးေလး....ကိုယ္ အဲ့အၿပဳံးေလးနဲ႕စၿပီး ဂ်ဴနိုကိုခ်စ္မိခဲ့တာ...အဲ့မွာတစ္ခါတည္းေတာ့ ဂ်ဴနိုက တစ္ဦးတည္းေသာလို႔ေတာ့ ေတြးဖို႔ေတာ့ သတိမရခဲ့ဘူးေပါ့...ဒါေပမယ့္ ဂ်ဴနိုနဲ႕ ဒုတိယအႀကိမ္ထပ္ေတြ႕ၿပီးေနာက္မွာ ေသခ်ာသြားခဲ့တယ္...ဂ်ဴနိုဟာ ကိုယ့္ေဘးမွာ ေခၚထားခ်င္မိတဲ့ လူသားေလးဆိုတာ"

"အာ...ကြၽန္ေတာ္ေတာ့ ထပ္ၿပီး ေႂကြရျပန္ပါၿပီ"

ဂ်ဴနိုသည္ ၿပဳံးရင္း ေျပာၿပီး ေနာက္ေမးခြန္းအတြက္ တုတ္ေခ်ာင္းခရမ္းေရာင္ေလးကို ယူလိုက္သည္။

"သင္ကသူ႕အတြက္ ဘယ္လိုလူမ်ိဳးလဲ တဲ့"

"ကဲ..."

"အင္း...ကြၽန္ေတာ္ခံစားမိသေလာက္က ကြၽန္ေတာ္က 'ခ'အတြက္ ကေလးပိစိေလးလိုပဲ....'ခ'က ကြၽန္ေတာ့္အတြက္ မာမီနဲ႕ ဒယ္ဒီနီးပါး ဂ႐ုစိုက္ေပးနိုင္တဲ့သူနဲ႕တူတယ္...ၿပီးေတာ့ ကြၽန္ေတာ္က 'ခ'အတြက္ အေရးပါတဲ့သူ ျဖစ္ေပးခ်င္တာ...ဒါေပမယ့္လည္း.. "

"အခုလည္း အရမ္းကို အေရးပါတဲ့သူပါ...ဂ်ဴနိုရွိေနလို႔ ကိုယ့္ရဲ႕ဘဝအသစ္ကို ရလိုက္တယ္ေလ...ဂ်ဴနိုနဲ႕ေသာလွ်ံခဆိုတဲ့ အိမ္ေထာင္ေရးကို ကိုယ္ရလိုက္တယ္...အဲ့ဒါက ကိုယ့္အတြက္ အရမ္းအေရးပါတယ္...ဂ်ဴနိုသာမရွိရင္ အဲ့လိုျဖစ္လာမွာမဟုတ္ဘူး...ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ ဂ်ဴနိုေလး"

ေသာလွ်ံခ ဂ်ဴနို႔နား႐ြက္ေလးကို ပြတ္သပ္ရင္း ေျပာလိုက္သည္။ ထို႔ေနာက္ ေနာက္ေမးခြန္းအတြက္ တုတ္ေခ်ာင္းတစ္ေခ်ာင္း ယူၾကည့္လိုက္သည္။

"ကတိတစ္ခုေပးပါတဲ့....အင္း...ကိုယ္အေပးနိုင္ဆုံး ကတိကေတာ့ ဂ်ဴနို႔ကို ခ်စ္တဲ့အခ်စ္က ဘယ္ေတာ့မွ မေျပာင္းလဲေစရဘူး...ဂ်ဴနို႔ကို ခ်စ္တယ္ဆိုတာထက္ ျမတ္နိုးတယ္...ကိုယ္အဲ့ခံစားခ်က္ကို ေျပာမျပတတ္ဘူး...ဒါေပမယ့္ ကိုယ္ျဖတ္သန္းလာတဲ့ အခ်ိန္ေတြအားလုံးထဲမွာမွ ဂ်ဴနိုနဲ႕အတူရွိတဲ့အခ်ိန္ကို အျမတ္နိုးဆုံးပဲ"

ဂ်ဴနိုက မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရာမွ ေသာလွ်ံခရင္ခြင္ထဲ ျပန္လာတိုးဝင္ၿပီး ထိုင္လိုက္သည္။ ေသာလွ်ံခလည္း အလိုက္သင့္ ျပန္ဖက္ထားလိုက္ၿပီး ဂ်ဴနို႔ေခါင္း အေနာက္ဘက္ကို နမ္းလိုက္သည္။

"အင္း...ဟဟ...ဘယ္ႏွစ္ႀကိမ္ေလာက္နမ္းဖူးလဲ တဲ့"

ဂ်ဴနိုက အနီေရာင္တုတ္ေခ်ာင္းကို လွမ္းယူကာၾကည့္ရင္း ေျပာလိုက္သည္။ ၿပီးေနာက္ ေသာလွ်ံခကို ေမာ့ၾကည့္သည္။

"ဒီလူႀကီးက ခဏခဏ နမ္းေနလြန္းလို႔ မသိဘူးေရာ...ဒါေပမယ့္ 'ခ'က နဖူးကိုနဲ႕ ေခါင္းကိုပဲ ခဏခဏနမ္းေနတာကိုေတာ့ သတိထားမိတယ္...ဟီး"

"က်န္တဲ့ေနရာေတြနမ္းေစခ်င္လဲ နမ္းေပးမယ္ေလ...အခုပဲ လုပ္လိုက္ၾကေတာ့မလား"

"ေနမေကာင္းတဲ့သူကို အနိုင္မက်င့္ရဘူးတဲ့"

"ေနမေကာင္းတာက သက္သက္ေလ...ၿပီးေတာ့ ဒီေန႕က ကိုယ္တို႔ date nightမလား...ဟင္းဟင္း"

ေသာလွ်ံခသည္ ရွက္ေနေသာ ဂ်ဴနိုေလးကို အသည္းယားလာသည္ႏွင့္ စေနာက္ေနမိသည္။

"အာ...gameဆက္ေဆာ့မယ္"

ဂ်ဴနို ေသာလွ်ံခအတြက္ ေနာက္ေမးခြန္းတစ္ခုကို ယူေပးလိုက္သည္။

"Okေလ...gameေဆာ့ၿပီးရင္ေတာ့..."

"မ်က္ႏွာကို ကုပ္မွာေနာ္"

"စိတ္ပုပ္ေလး...ကဲ...ေမးခြန္းက သူနဲ႕အတူဖန္တီးဖူးတဲ့ အေကာင္းဆုံးအမွတ္တရတခု....အင္း...ကိုယ္တို႔လက္ထပ္တဲ့ေန႕ေပါ့...အဲ့ေန႕က ဂ်ဴနိုက ျဖဴေကာင္ေလးက်ေနတာပဲ...ခ်စ္စရာေလး"

ေသာလွ်ံခ ေျပာၿပီးတာနဲ႕ ဂ်ဴနို႔ပါးကို ႐ႊတ္ခနဲနမ္းလိုက္သည္။

"ဒီညေတာ့ အနမ္းေတြနဲ႕ ျပည့္ေနပါၿပီ"

ဂ်ဴနိုက ပါးေလးကိုကိုင္ကာ ၿပဳံးရင္းေျပာလိုက္သည္။

"Ok..ေနာက္ေမးခြန္း...ကိုယ့္ကိုယ္ကို အဆင္ေျပေနတယ္လို႔ ခံစားရေအာင္ သူက ဘာေတြဘယ္လိုလုပ္ေပးလဲ တဲ့....အင္း...ေျပာရမွာေတြကမ်ားေတာ့ ခ်ဳံ႕ေျပာလိုက္မယ္...'ခ' ရဲ႕အခ်စ္က ကြၽန္ေတာ့္ကိုအဆင္ေျပေစတယ္...ကြၽန္ေတာ္စိတ္မညစ္ရဘူး၊ အၿမဲစိတ္ခ်မ္းသာတယ္၊ ကြၽန္ေတာ္အားငယ္မိတာေတာင္ အဲ့အခ်စ္ေတြက အၿမဲအားေပးေနတတ္တယ္"

ဒီတစ္ခါေတာ့ ဂ်ဴနိုက ေသာလွ်ံခေမးေစ့ကို ေမာ့နမ္းလိုက္သည္။ ေသာလွ်ံခကေတာ့ ပီတိျဖာတဲ့ မ်က္ႏွာနဲ႕ ၿပဳံးၿဖီးေနလို႔....။

"Ok...ကိုယ့္အလွည့္...အင္း...သူ႕ရဲ႕ဘယ္လိုအျပဳအမူေလးေတြက စိတ္ကို ၾကည္ႏူးေစလဲတဲ့"

"ကြၽန္ေတာ့္မွာ ရွိပါ့မလား"

"အမယ္ေလး...ရွိတာေပါ့...႐ုတ္တရက္ ရင္ခြင္ထဲဝင္ဝင္လာၿပီး ဖက္တာေလးေတြ...ေတြးခ်င္တာေတြ ေတြးၿပီး ရွက္သြားတာေလးေတြ...သိပ္ကိုရွိတာေပါ့"

"အီး...ခ်စ္ဖို႔ေကာင္းလိုက္တာ...အဲ...တုတ္ေခ်ာင္းက ၂ခုပဲက်န္ေတာ့တာပဲ...ဒီ ခဲေရာင္ေလးကို ယူလိုက္မယ္"

ဂ်ဴနိုက ေျပာေျပာဆိုဆို ခဲေရာင္တုတ္ေခ်ာင္းေလးကို ယူလိုက္ၿပီး ၿပဳံးလိုက္မိသည္။

"ခ်စ္တယ္ဆိုတဲ့စကားထက္ပိုၿပီးေလးနက္တဲ့ စကားတစ္ခြန္းေျပာပါတဲ့...ဒီေမးခြန္းက အလြယ္ဆုံးပဲ"

"ဟုတ္လား...ကဲ...ေျပာၾကည့္ပါဦး"

"ေက်းဇူးတင္ပါတယ္"

"........."

"ဘာလို႔လဲဆိုေတာ့ ေက်းဇူးတင္ပါတယ္ဆိုတဲ့စကားက ကိုယ့္ကိုတစ္ခုခုလုပ္ေပးမွ...ကူညီေပးမွ...ေသးသည္ျဖစ္ေစ၊ ႀကီးသည္ျဖစ္ေစ ကိုယ့္ကို တစ္စုံတစ္ေယာက္က ကူညီေပးခဲ့ရင္ ေက်းဇူးပဲဆိုတဲ့စကားကို ေျပာၾကတယ္ေလ...ဧည့္ဝတ္ေက်ေက်ေျပာတာပဲျဖစ္ျဖစ္၊ စိတ္ထဲက ပါလို႔ပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ေျပာၾကတယ္။ စကားကရိုးရွင္းေပမယ့္ တစ္ဖက္လူကိုေလးစားတဲ့အျပဳအမူ၊ တစ္ဖက္လူရဲ႕ လုပ္ရပ္ကို သတိထားမိေၾကာင္း၊ အသိအမွတ္ျပဳေၾကာင္းေဖာ္ျပတဲ့စကားက ေက်းဇူးတင္ပါတယ္တဲ့။ အဲ့ဒါေၾကာင့္ 'ခ'ကို ေက်းဇူးတင္တယ္၊ ကြၽန္ေတာ့္ကိုခ်စ္ေပးလို႔၊ ဂ႐ုစိုက္ေပးလို႔၊ အနားမွာလိုအပ္ေနခ်ိန္အၿမဲရွိေနေပးလို႔၊ ေဝးၾကမွာသိေနရက္နဲ႕ အခ်စ္ေတြပုံေပးထားလို႔ ေက်းဇူးတင္ပါတယ္"

ေသာလွ်ံခ ပီတိမ်က္ရည္ေတြနဲ႕ မ်က္လုံးအိမ္ထဲ ျပည့္လာၿပီး ဂ်ဴနို႔ညာလက္ေလးကို ဆုပ္ကိုင္ၿပီး အသာယူနမ္းေလတယ္။

"တစ္ခါတေလ ဂ်ဴနိုက ကိုယ့္ကို အ သြားေအာင္ လုပ္နိုင္တယ္။ ကိုယ္တကယ္ျပန္ေျပာစရာရွာမေတြ႕ဘူး...ဒါေပမယ့္ ေက်းဇူးတင္ပါတယ္...ကိုယ္လည္း ဂ်ဴနို႔ကို ေက်းဇူးတင္ပါတယ္"

"ငိုေတာ့မွာလား"

ဂ်ဴနိုက ေသာလွ်ံခမ်က္ႏွာကို ကိုင္ကာ ရယ္ရင္းေမးလိုက္သည္။

"ကိုယ့္စိတ္ထဲၾကည္ႏူးမိသြားလို႔ပါ"

"ကဲ...ဒါဆို...ေနာက္ဆုံးေမးခြန္း..."

"ကိုယ္သိတယ္ အဲ့ေမးခြန္းကို....ဆုေတာင္းတစ္ခုေတာင္းေပးရမွာ"

"ကဲ....ကိုယ့္ေယာကၤ်ားႀကီးဆီက ဘာဆုေတာင္းရမွာလဲ"

"ဘာဆုေတာင္းရမွာလဲဆိုေတာ့.....ဂ်ဴနိုေလး.....စိတ္ခ်မ္းခ်မ္းသာသာနဲ႕ အဆင္ေျပပါေစ...က်စ္...ကိုယ္ဘာလို႔ ဒီေမးခြန္းထည့္ထားမိတာလဲ"

ဂ်ဴနိုကၿပဳံးရင္း ေသာလွ်ံခကို ဖက္ထားေပးလိုက္သည္။

"ထည့္ထားသင့္တာေပါ့.....ဆုေတာင္းဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္ အၿပီးတိုင္လမ္းခြဲခ်ိန္မွာ သိပ္အဖိုးတန္တဲ့စကားပဲ...ဒီအတိုင္း ေတြ႕ေနျမင္ေနခ်ိန္မွာ ဆုေတာင္းေပးတာထက္ တကယ္ခြဲခြာရေတာ့မယ့္အခ်ိန္မွာ ဆုေတာင္းေပးတာက ပိုထိေရာက္တယ္...ကြၽန္ေတာ္ဘာမွမျဖစ္ဘူး...'ခ'ဒီေန႕ ဒီလိုလုပ္ေပးတာ အရမ္းေပ်ာ္တာပဲ။ တကယ္....တကယ္ကို ခမ္းခမ္းနားနားလည္းမဟုတ္ဘဲ ေပါ့ေပါ့ပါးပါးနဲ႕ အရမ္းေပ်ာ္ဖို႔ေကာင္းတယ္။ ဒါက ကြၽန္ေတာ္လိုခ်င္ေနတဲ့ တကယ့္dateပဲ...ၿပီးေတာ့ ဒီလိုမ်ိဳး ေမးခြန္းေတြနဲ႕ စကားေတြေျပာလိုက္ရေတာ့ ကိုယ့္ရင္ထဲက အေၾကာင္းအရာေတြကို တစ္ဖက္သူက ပိုသိသြားရတယ္။ ကြၽန္ေတာ့္ရဲ႕ ခ်စ္ရသူနဲ႕ ပထမဆုံးျဖတ္သန္းဖူးတဲ့ feb 14က အရမ္းေပ်ာ္စရာေကာင္းတဲ့အတြက္ 'ခ'ကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္"

သူ႕ကိုဖက္ထားၿပီး ရင္ခြင္ထဲ မ်က္ႏွာအပ္ကာ တတြတ္တြတ္ေျပာသြားသည့္ ဂ်ဴနိုေလးကို တင္းတင္းက်ပ္က်ပ္ ျပန္ဖက္ထားမိသည္။ သူေပ်ာ္ရင္ ကိုယ္ေက်နပ္ပါၿပီေလ။

"ကိုယ္နဲ႕အတူ ဒီေန႕ေလးကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းေပးလို႔ ေက်းဇူးပါ ဂ်ဴနို...ခ်စ္တယ္....အရမ္းခ်စ္တယ္"

"ခ်စ္တယ္...ကြၽန္ေတာ္လည္း 'ခ'ကိုအရမ္းခ်စ္တယ္"
.
.
.
.
.

ထိုေန႕က ေသာလွ်ံခႏွင့္ ဂ်ဴနိုသည္ gameကစားအၿပီး wedding photoေလးမ်ားကို ဆက္ၾကည့္ခဲ့ၾကသည္။ ၿပီးေနာက္ ဝရန္တာအျပင္ဘက္ေလးတြင္ ႏွစ္ေယာက္သားထိုင္လ်က္ ေလညင္းခံကာ ေကာ္ဖီအတူတူေသာက္ရင္း စကားစျမည္ေျပာျဖစ္ခဲ့ၾကသည္။ အနမ္းေပါင္းမ်ားစြာလည္း ေႁခြခဲ့ၾကသည့္နည္းတူ ၾကယ္ေလးမ်ားကိုလည္း အပ်င္းေျပေရတြက္ခဲ့ၾကေသးသည္။ ေသာလွ်ံခ လည္ပင္းထက္တြင္ ဝံသဝဏ္ေက်ာက္ေလးကလည္း အစြမ္းကုန္ ျပာလဲ့ေနခဲ့ပါသည္။

St.Valentineက "from your Valentine"ဆိုတဲ့ စာေလးကို ရိုးရွင္းေအာင္ေရးခဲ့သလိုမ်ိဳးပဲ ခ်စ္ရသူမ်ားေန႕ကို ရိုးရွင္းစြာနဲ႕ ႏွစ္ဦးႏွစ္ဖက္ေပ်ာ္ရတာ သာ၍ စိတ္ခ်မ္းသာရပါ၏ ။

ခ်စ္ျခင္းတရားဟူသည့္ ထုထည္သည္ စကားလုံးမွာတည္းက ေလးနက္မႈရွိသည္။ အခ်ိန္အတိုင္းအတာႏွင့္ မဆိုင္ပါ။ အခ်ိန္သည္ သံေယာဇဥ္ကို ခ်ည္ႏွောင္သည္။ ႏွလုံးသားသည္ ခ်စ္ျခင္းတရားကို ခ်ည္ႏွောင္၏။ လူတို႔သည္ ထိုႏွစ္ခ်က္ကို ရႈပ္ေထြးလ်က္ရွိ၏ ။ တကယ္ေတြးၾကည့္ပါက ရွင္းရွင္းေလးပင္.....။

****************************************
Thank you for reading!

Note
ဂ်ဴနိုေလး ေသာလွ်ံခကို ေပးတဲ့ ဝံသဝဏ္ေက်ာက္ေလး။ အဲ့ေက်ာက္ေလးနာမည္က Englishလိုဆို Lapis Lazuli Stoneလို႔ေခၚပါတယ္။ ဒီေက်ာက္တုံးေလးကို ဂ်ဴနိုက ေသာလွ်ံခကို ေပးရျခင္းက အဓိပၸါယ္မ်ားစြာရွိပါတယ္။ ဂ်ဴနိုေျပာသလို အခ်စ္နတ္ဘုရားမ Venusကို ကိုယ္စားျပဳတဲ့ ေက်ာက္တုံးအမ်ိဳးအစားျဖစ္သလို တကယ္လည္း ႏွစ္ေပါင္း၅ေထာင္ထိ ခ်စ္ျခင္းတရားကို တည္ၿမဲေစတယ္လို႔ ေရွးကတည္းကေန ယခုအခ်ိန္ထိ အယူအဆရွိေနဆဲ ျဖစ္ပါတယ္။
ေနာက္ၿပီး ေသာလွ်ံခက ဗုဒၶဘာသာဝင္တစ္ေယာက္ျဖစ္တဲ့အတြက္ ဒီဝံသဝဏ္ေက်ာက္ေလးကို ေပးျခင္းလည္း ျဖစ္ပါတယ္။ ဈာန္က်င့္ႀကံတဲ့သူေတြ၊ ဗုဒၶဘာသာလမ္းစဥ္ကို က်င့္ႀကံတဲ့သူေတြဟာ ဒီေက်ာက္တုံးကို ေဆာင္ထားေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူက စိတ္အစဥ္ကို ေအးခ်မ္းေစၿပီး inner peaceကို တျဖည္းျဖည္းရင့္သန္ေစလို႔ပါ။ ဂ်ဴနိုေလးဟာ ဒီလိုအေတြးေတြနဲ႕ ေသာလွ်ံခကို ေပးခဲ့တာ ျဖစ္ပါတယ္ေနာ္ ##....

Continuă lectura

O să-ți placă și

30.6K 1.7K 43
ဇွဲလပြည့်ဆိုသောလူသားလေးနှင့် သူ၏မောင်ဆိုသောကောင်ငယ်လေးတို့၏ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့ထားသည့် ဝတ္ထုလေးတစ်ပုဒ်..... 「First Creation 🌼」 Start Date...
671K 74.6K 58
Cover - Artist Ma Jue Swar [Book 2] Story Genre: Romance, Melodrama Age Restriction: 12 years and older Plot: တင်းကျပ်လွန်းတဲ့ဖခင်ဆီကနေထွက်ပြေးဖို့ ပ...
34.9K 2.3K 33
Title-ငွေလမင်းရယ် မပြုံးနိုင်ရှာ Author-လီလီဟန် လမသာသော နှလုံးသားဝင်္ကပါနှင့်ဖြစ်နေပါ လျှင်လည်း ကျွန်တော့်နှလုံးသားအား နွယ်တစ်ပင်လို သူနွယ်တတ်ပါစေလေ...
1.7M 70.5K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...