{ Infinitely Loved } (Complet...

Door ParkHyunDar

1.4M 41K 2.8K

CHANBAEK Plus ဦးစား​ပေး၍​ရေးသားထားသည်​မို့ ရိုင်းသည့်​စကားလုံးများပါနိုင်​ပါသည်​plus မဖတ်​ချင်​သည့်​သူများ​က... Meer

Ep #1#
Ep #2#
Ep #3#
Ep #4#
Ep #5#
Ep #6#
Ep #7#
Ep #8#
Ep #9#
Ep #10#
Ep #11#
Ep #12#
Ep #13#
Ep #14#
Ep #15#
Ep #16#
Ep #17#
Ep #18#
Ep #19#
Ep #20#
Ep #21#
Ep #22#
Ep #23#
Miyanhae
Ep #24#
Ep #25#
Ep #26#
Ep #27#
Ep #28#
Ep #29#
Ep #30#
Ep #31#
Ep #32#
Ep #33#
Ep #34#
Ep #35#{Final}
EXTRA #1#
EXTRA #2#
EXTRA=END
ParkByun&XiaoHun
💘what if love💘
♡ it this is love💘
ep 1 (Unicode)
ep2 (Unicode)
ep3 (unicode)
ep4(Unicode)
ep5 (Unicode)
ep6 (Unicode)
ep7 (Unicode)
ep8 (Unicode)
ep9 (Unicode)
ep10 (unicode)
ep 11 (Unicode)
ep 12 (Unicode)
ep 13 (Unicode)
ep 14 (Unicode)
ep 15 (Unicode)
ep 16 (Unicode)
ep 17 (Unicode)
ep 18 (Unicode)
ep 19 (Unicode)
ep 20 (Unicode)
ep 21 (Unicode)
ep 22 (Unicode)
ep 24 (Unicode)
ep 25 (Unicode)
ep 26 (Unicode)
ep 27 (Unicode)
ep 28 (Unicode)
ep 29 (Unicode)
ep 30 (Unicode)
ep 31Unicode)
ep 32 (Unicode)
ep 33 (Unicode)
ep 34 (Unicode)
ep 35 Final (Unicode)
EXTRA#1#(Unicode)
EXTRA#2#(Unicode)
EXTRA#END#(Unicode)

ep 23 (Unicode)

5K 130 0
Door ParkHyunDar

Baby ကိုစိတ်​ပူရင်းလုပ်​နေရသည်​မို့ အလုပ်​ထဲတွင်​စိတ်​မပါ။ အမြန်​ပြီးရန်​သာ​ဇောနှင့်​လုပ်​နေမိသည်​။ Baby ကိုရုံးခန်းထဲမှာတစ်​ယောက်​ထဲထားခဲ့ရသည်​မဟုတ်​လား ။

​ဗိုက်​ပူ​လေးနဲ့အငြိမ်​နေမယ့်​ပုံလဲမရှိဘူး ။​ဗိုက်​နဲ့မို့ပိုစိတ်​မချရဖြစ်​နေရတာ ။ တစ်​ယောက်​ထဲ​တောင်​မျောက်​လောင်း​လေးမို့ စိတ်​သိပ်​မချရတာ ။ ခု​ဗိုက်​နဲ့ဆို​တော့ထိခိုက်​သွားရင်​ရင်​ကျိုးရ​ချေရဲ့ ။

ကျန်​ရှိသည့်​အလုပ်​တွေအားအမြန်​လက်​စသပ်​ကာ ။ အတွင်း​ရေးမှူး နဲ့လွှညြသာထားပြစ်​ခဲ့လိုက်​လေ​တော့သည်​။ အ​ရေးကြီးတဲ့အပိုင်း​တွေက​တော့ ကိုယ်​တိုင်​ပဲဖြတ်​လိုက်​ရတာ​ပေါ့ ။

Meeting အခန်းထဲက​နေ သိက္ခာ​တွေ အိ​နြေ္ဒ​တွေပင်​မ​တွေးနိုင်​တော့ ။ ရုံးခန်းရှိရာသို့သာ​ပြေးထွက်​လာလိုက်​တော့သည်​။

၀န်​ထမ်း​တွေက​တော့ သူ​ဌေးကပို​ရောဆို​သောအကြည့်​တွေအ​ပြော​တွေနဲ့ကျန်​ခဲ့​လေရဲ့။

ရုံးခန်းဆီသို့အ​ရောက်​ပြေး​နေ​ပေမယ့်​ခြေလှမ်းတို့ကမမှန်​တော့ ။ အလုပ်​တွေပိခဲ့ရလို့ထင်​ပါနဲ့ အမြင်​တွေ​တောင်​ဝေ့၀ါးလာပြီ။

​နောက်​ဆို ပါဝါများတဲ့မျက်​မှန်​တွေပါတပ်​ရ​တော့မယ်​ထင်​ပါရဲ့။

'ဒုန်း အ့ '

အီထွက်​သွားသည့်​ခြေချင်းဝတ်​ကို ပွတ်​၍ထိုင်​ချမိလိုက်​သည်​။​လှေကားထစ်​ကိုမမြင်​ပဲ မ​ကျော်​လ်ိုက်​မိ​တော့​ဆော်​ခံလိုက်​ရပြီ​လေ ။

ပြးသ​လောက်​ကန်းတယ်​ဆိုတာ ကျွန်​တော့များ​ပြော​လေသလား​တောင်​ထင်​ရတယိ ။

အမြန်​ကုန်းထကာ ရုံးခန်းဘက်​သို့ဆက်​လျှောက်​လိုက်​လေသည်​။ အမြင်​တွေတကယ်​ကို​ဝေ့၀ါး​နေတာပါ ။

ရုံးခန်းကို​တောင်​ခပ်​၀ါးဝါးပဲ မြင်​ရ​တော့တယ်​။

တံခါးအားအသာဖွင့်​ရင်း ရုံးခန်းထဲတွင်​ဦးစွာ Baby အားရှာလိုက်​မိသည်​။

​ဟော​တွေ့ပါပြီ ခုံ​ပေါ်တက်​ပြီးစာအုပ်​စင်​ကိုသန့်​ရှင်း​ရေးလုပ်​နေ​လေရဲ့။

မသိရင်​Fire Light Company ကြီးက သန့်​ရှင်းဝန်​ထမ်းပဲမငှါးထားသလိုလိုနဲ့ ။

Baby ပုလုံး​လေးကိုလဲ ၀ါးတားတားသာမြင်​နေရပြန်​သည်​။ ရုတ်​တရက်​မိုက်​ခနဲခံစားလိုက်​ရပြီးအမြင်​အာရုံ​တွေအကုန်​ပျောက်​ရှသွားခဲ့​လေသည်​။

'ဟင်​'

တံခါးကိုအားပြု၍ရပ်​လိုက်​ကာ ။ မျက်​စိအဖွင့်​အပိတ်​လုပ်​ကြည့်​မိသည်​။ အကြိမ်​ရေများစွာလုပ်​သည်​။ မရ လုံးဝကိုမမြင်​ရပါ ။ အမြင်​အာရုံ​တွေက အ​မှောင်​အတိဖုံးလွှမ်း​နေသည်​။

မ​နောက်​ပါနဲ့​လောကကြီးရယ်​မရက်​စက်​ပါနဲ့ကံတရားကြီးရယ်​baby ကိုမမြင်​နိုင်​တော့တဲ့လူတစ်​ယောက်​အဖြစ်​မရပ်​တည်​ပါရ​စေနဲ့ ကံကြမ္မာကြီးရယ်​။

မျက်​စ်ိစုံမှိတ်​ကာ။ အ​တွေး​တွေကိုစုစည်းလိုက်​သည်​အာရုံ​တွေကိုထိန်းချုပ်​လိုက်​သည်​။ အသက်​ရှူပုံမှန်​လေးလုပ်​ကာ ။ မျက်​လုံးကို​ဖြေး​ဖြေးချင်းဖွင့်​လိုက်​သည်​။

အလင်းတန်း​သေး​သေးက​လေးစတင်​၀င်​ရောက်​လာသည်​။ ပြီး​တော့ Baby ကိုမြင်​လိုက်​ရသည်​။ ခုံ​ပေါ်က​ခြေ​ချော်​၍ပြုတ်​ကျ​တော့မည်​။

အရှိန်​ဖြင့်​Baby အနားသို့​ရောက်​ရန်​ပြေးကာ​အောက်​က​နေစီး​ပွေ့လိုက်​သည်​။

'လူကြီး !!!!'

'baby !'

Baby သည်​။ တစ်​ခုခုဆိုကျွန်​တော့ကိုသတိတရတတက်​နေပြီ ။

'baby ကလဲကွာ ဂရုစိုက်​မှ​ပေါ့ '

Baby ကို​ပွေ့ကာ Sofa​ပေါ်တွင်​ထိုင်​ချလိုက်​ရင်း ။ ဆူပူကျိန်း​မောင်းမိလိုက်​သည်​။ မျက်​လုံးကိစ္စ​ပင်​ဘယ်​ပျောက်​သွားမှန်းမသိ ။

ရင်​ထဲမှာထူပူသွားတာပဲ တကယ်​ပါ။

ဆုံးရှုံးရ​တော့မလို့ လက်​မတင်​က​လေးပင်​။

Park Chan Yeol တစ်​ယောက်​တံဇာတာ​တွေသိပ်​မ​ကောင်း​တော့ဘူးထင်​ပါရဲ့။

~~~~~~~~~CHANBAEK~~~~~~~~~

'Mr.Park Ssi မျက်​စိခွဲစိတ်​မှု့လုပ်​မှရမယ့်​အ​ခြေအ​နေကို​ရောက်​နေပါပြီ ဖြစ်​နိုင်​ရင်​ဒီရက်​ပိုင်းအတွင်းပဲမျက်​ကြည်​လွှာအလှုရှင်​ရှာပြီးခွဲ​စေချင်​တယ်​'

မျက်​စိအထူးကုဆရာဝန်​ကြီးထံမှအကြံ​ပေးချက်​တဲ့လား။​ဆေး​သောက်​ယုံ​လောက်​နဲ့အဆင်​ပြေ​လောက်​မယ်​လို့ထင်​ခဲ့တာ ။ အခု​တော့ ။

ဒါကျွန်​တော့ Appa ဘက်​ကပါလာတဲ့​ရောဂါဆိုးတစ်​ခု။ Appa လဲမျက်​စိကင်​ဆာနဲ့သက်​တမ်း​နည်းနည်း​လေးသာ​လောကကြီးမှာ​နေထိုင်​သွားခဲ့ရသည်​။

Omma က Appa ကိုပြစ်​သွားခဲ့သည်​။ Appa ရဲ့အ​ခြေအ​နေတစ်​ရက်​ကိုမသိပါပဲ ။ Appa ကိုပြစ်​သွားခဲ့သည်​။

ကျွန်​တော့ကို​ရော Baby က ။ Omma က Appa ကိုထားခဲ့သလိုမျိုးထားသွားခဲ့ရင်​။

ဟင့်​အင်း ။ ဒီလ်ိုဖြစ်​စရာကိုမရှိတာ ။ Baby ကကျွန်​တော့ကိုအရမ်းချစ်​တာ ။ ဒီတစ်​သက်​မ​ပြောနဲ့ဘ၀ဆက်​တိုင်းကျွန်​တော့ကိုတစ်​ယောက်​တည်းထားသွားမှာမဟုတ်​ဘူး။

(Daddy​တွေးတာမှန်​တယ်​ဘ၀ဆက်​တိုင်း CB HC​လေးလုပ်​ပါရ​စေ😁)

'Mr.Park​အ​ခြေအ​နေက​ပေါ့​ပေါ့တန်​တန်​တွေးရမယ့်​အ​ခြေအ​နေမဟုတ်​ဘူး​နော်​ဖြစ်​နိုင်​ရင်​အမြန်​ဆုံးလုပ်​စေချင်​တယ်​ကင်​ဆာဆဲလ်​တွေကပွားနှုန်းမြန်​လို့ပါ '

'ဟုတ်​ကဲ့ Doctor ကျွန်​တော်​အမြန်​ဆုံး​ခွဲစိတ်​ပါ့မယ်​ဒါ​ပေမယ့်​အချိန်​ခဏ​တော့​ပေးပါ ကျွန်​တော့အမျိုးသားကလဲ ကိုယ်​၀န်​ကြီးနဲ့ဆို​တော့ ကျွန်​တော့ကိစ္စကိုမ​ပြောပြချင်​ဘူး '

'​ဟုတ်​ကဲ့ Mr.Park အမျိုးသားကိုသတင်းမှာ​တွေ့လိုက်​ရပါတယ်​သတင်း​တော်​တော်​များများမှာလဲခုထိပါ​နေတုန်း​နော်​Mr.Park တို့နှစ်​ယောက်​ကအရမ်းလိုက်​ဖက်​ပါတယ်​ဂုဏ်​ယူပါတယ်​Mr.Park '

'​ကျေးဇူးတင်​ပါတယ်​Doctor ကျွန်​တော့ကိုပြန်​ခွင့်​ပြုပါဦး'

'ဟုတ်​ကဲ့'

​ဆွေး​နွေးပြီး​တော့အခန်းအပြင်​သို့ထွက်​လာသည့်​ခြေလှမ်းတို့မှာအားအင်​ကရှိမ​နေပါ။

Baby ကိုယ်​ဘယ်​လိုလုပ်​ရမလဲကွာ။ ကိုယ်​ဘယ်​လိုရင်​ဆိုင်​ရမှာလဲကွာ ။ ကိုယ်​Baby နဲ့မခွဲချင်​ဘူး ။

'ဘုတ်​အင့်​'

'ဟင်​Chanyeol ssi '

က​လေး​သေး​သေး​လေးကိုချီထားသည့်​Oh Se Hun ။ သူ့သား​လေးထင်​ပါရဲ့ အ​တော်​လေးကို​တူပါတယ်​ဗျာ မျက်​၀န်း​မှေး​မှေး​လေး​တွေ V Shape​မှေး​စေ့က​လေးရယ်​နို့နစ်​ရောင်​အသားအရည်​လေးရယ်​။ အ​ရှေ့အ​ပေါ်သွား​လေးက​တော့ ၂​ချောင်း​ပေါက်​နေ​လေရဲ့ လုံးလုံးက​လေးပါ။

ကျွန်​တော်​နှင့်​Baby ရဲ့က​လေး​လေးဆိုရင်​လဲအရမ်းချစ်​ဖို့​ကောင်း​နေမှာပဲ။

'Chanyeol Ssi အမြဲသတိနဲ့​နေတဲ့သူက အခုစိတ်​နဲ့လူနဲ့မကပ်​သလိုပါပဲလား​ဗျ ပြီး​တော့ မျက်စိ​ဆေးဌာနမှာ​တွေ့တာဆို​တော့ ကျွန်​တော်​သိခွင့်​ရှိမလား '

Oh Se Hun ကို​တော့ရင်​ဖွင့်​လို့ရနိုင်​ပါ့မလား ။ ဒါ​ပေမယ့်​ကျွန်​တော်​အရမ်းမွှန်းကြပ်​နေတယ်​လေ။

'Hunnie ဘာလုပ်​နေတာလဲ လာ​လေ'

Oh SeHun အ​နောက်​မှ အဖြူ​ကောင်​လေးကနှုတ်​ခမ်း​ထော်​၍​ခေါ်​လေသည်​။ Oh SeHun​ယောကျာ်းထင်​ပါရဲ့ ။သမင်​မျက်​လုံး​လေး​တွေနဲ့​ကောင်​လေး ။

'အာ က​လေး ဒီမှာ Hunnie​ပြော​ပြော​နေတဲ့ Park Chan Yeol နဲ့ Byun Baek Hyun တို့အ​ကြောင်း​လေ ဒါ Park Chan Yeol တဲ့ '

'​တွေ့ရတာဝမ်းသာပါတယ်​Park Chan Yeol Ssi ကျွန်​တော်​က Xiao Lu Han ပါ Oh Se Hun ရဲ့တစ်​ဦးတည်း​သော​ယောကျာ်း'

သူကတစ်​ဦးတည်း​သောဆို​တော့ ။ ကျွန်​တော့ Baby ကဘယ်​နှစ်​ဦးတည်းလဲမသိဘူး😅။ သူ​လေးကအူတိုတက်​ပုံပဲ ။ သူ့လူကြီးကို ။

'က​လေးကလဲ '

'Oh SeHun Ssi ရဲ့က​လေးကချစ်​စရာ​လေးပဲ​ဗျ ဒါနဲ့ Oh SeHun Ssi အချိန်​ရနိုင်​မလား '

ဘာပဲ ဖြစ်​ဖြစ်​သူကဆရာဝန်​တစ်​ယောက်​မဟုတိလား ။လူနာတစ်​ယောက်​ရဲ့ကိုယ်​ရေးကိုယ်​တာကို​ရော လူနာမသိ​အောင်​မည်​သူ့ကိုမှချပြမည်​မဟုတ်​ဘူး​လေ။

'က​လေး သား​လေးကို​ခေါ်ပြီး ပြန်​နှင့်​မလား Hunnie Chanyeol Ssi နဲ့အ​ရေးကြီးကိစ္စ​လေး​တွေတိုင်​ပင်​စရာရှိ​နေလို့ '

'က​လေးကရပါတယ်​နေပါပြီ Hunnie ကဘယ်​ကောင်​မ​လေး​တွေအ​ကြောင်း​ပြောမလို့လဲ 😒 ပြီး​တော့ Park Chan Yeol Ssi Hunnie ကိုမဟုတ်​တာ​တွေသင်​မ​ပေးလိုက်​နဲ့​နော်​'

'ဘယ်​ကောင်​မ​လေးအ​ကြောင်းမှမဟုတ်​ရပါဘူး က​လေးရယ်​အလုပ်​ကိစ္စပါ '

'ဟင်​ဒါဆို​ကောင်​လေးအ​ကြောင်း​ပေါ့😨​Yaobo ငိုလိုက်​မှာ​နော်​'

'အာ မဟုတ်​တာ က​လေးရယ်​တကယ်​အလုပ်​ကိစ္စပါကွာ​ဟော့ဒီက Hunnie​လေးကရင်​ခုန်​သံ​တွေ​ကောနှလုံးသား​ကော ခန္ဓာကိုယ်​ကော အသက်​ပါ Hun ဆီမှာအပြီးအပိုင်​ပုံအပ်​ထားပြီးသား ယုံ​နော်​ခဏပဲမကြာပါဘူး '

'ပြီး​ရော ရွှတ်​ပေးသားသားကို က​လေးတ်ို့ကားပဲငှါးသွား​တော့မယ်​နော်​နောက်​မကျ​စေနဲ့ ညစာမစားပဲ​စောင့်​နေမှာ '

'အင်း က​လေး လိုက်​မပို့​တော့ဘူး​နော်​'

​ပျော်​ရွှင်​စရာမိသားစုဆိုတာ Oh SeHun တို့မိသားစုကို​ပြောတာထင်​ပါရဲ့ ။ ကျွန်​တော်​လဲ သူတို့မိသားစုလို​ပျော်​ရွှင်​စရာမိသားစုဘ၀​လေးရ​အောင်​ဖန်​တီးချင်​မိပါရဲ့ ။မကြာခင်​လူ့​လောကထဲကို​ရောက်​လာ​တော့မယ့်​က​လေးငယ်​။ ဖခင်​ဖြစ်​သူကမျက်​မမြင်​ဆိုတာသိလာခဲ့ရင်​။ Baby က​ရော​ယောကျာ်းဖြစ်​သူကအားကိုးလို​မရ​တော့တဲ့မျက်​ကန်းတစ်​ယောက်​ဆိုတာသိလာခဲ့ရင်​။

​ပျော်​ရွှင်​စရာမိသားစုဆိုတာ ဖြစ်​နိုင်​ပါ့​တော့မလား။

Luhan ဆိုသည့်​ကောင်​လေးက​တော့ Oh SeHun ပါးကိုရွှတ်​ခနဲ​နေ​အောင်​နမ်းကာ သူ့သားသူချီ၍​ကော့​တော့​ကော့​တေ့ာနဲ့ထွက်​သွား​လေရဲ့ ။

ကျွန်​တော်​နဲ့ Oh sehun သည်​လဲနီးစပ်​ရာ Coffee ဆိုင်​သို့သာထွက်​လာခဲ့လိုက်​လေသည်​။

~~~~~~~~~~CHANBAEK~~~~~~~~~~

'ဒါဆို အမြန်​ဆုံးခွဲစိတ်​မှ ဖြစ်​မှာ​ပေါ့ Chanyeol Ssi '

ကျွန်​တော့အ​ပေါ်အ​တော်​လေးစိုးရိမ်​သွားပုံ​ထောက်​သည့်​Oh Sehun မျက်​နှာဖြူဖြူပင်​နီရဲတက်​လာသည်​။

သူလဲကျွန်​တော်​နဲ့ Baby အ​ပေါ်ကိုအ​တော်​လေးသံ​ယောဇဥိရှိရှာပါတယ်​။​အေး​လေ ၁၀ လ​ကျော်​ပဲရှိ​နေပြီသိကျွမ်းလာတာ ။ကျွန်​တော်​ကသာ Baby နဲ့ပက်​သက်​ပြီးအမြင်​မကြည်​ခဲ့တာ ။ တကယ်​တမ်းကျပြန်​တော့ Oh SeHun ဆိုတာကျွန်​တော့ညီအရွယ်​သာရှိ​သေးသည်​မဟုတ်​လား။

'ကျွန်​တော်​လဲ ခွဲစိတ်​ချင်​ပါတယ်​အလှုရှင်​ကလဲမရှားဘူး ဒါ​ပေမယ့်​Baby​မွေးရက်​ကသိပ်​မလို​တော့ဘူး​လေ'

'ဟုတ်​တယ်​မွေးခါနီးစိတ်​ထိခိုက်​သွားရင်​သူအရမ်းခက်​ခဲမှာ​ယောကျာ်း​လေးဖြစ်​တော့​မွေးရတာပိုခက်​မှာ'

'ကျွန်​တော်​လဲအဲ့တာပဲ စိုးရိမ်​တာ Sehun Ssi ၀ိုင်းစဉ်းစား​ပေးပါဦး Baby ကိုဘယ်​မှာသွား​မွေးခိုင်းရမလဲ ကျွန်​တော်​က​တော့ဒီမှာပဲခွဲစိတ်​ဖြစ်​မယ်​ထင်​တယ်​'

အကြံအိုက်​နေသည့်​ကျွန်​တော့ဦး​နှောက်​အတွင်းမှဘာဆိုဘာမှထွကိမလာ​ချေ။ ထူပူပြီး Baby ထိခိုက်​သွားမည်​ကိုသာစိုးရိမ်​နေမိသည်​။

Sehun က​တော့စဉ်းစား​နေရဲ့ မျက်​လုံးနှစ်​လုံးပင်​ဂနာမငြိမ်​။

'ဒီလိုလုပ်​ဒီလထဲမှာပဲ ကျွန်​တော်​တာဝန်​နဲ့ Hannie တို့ရှန်​ဟိုင်းကို ၆လ​ပြောင်းဖို့တာဝန်​ကျတယ်​အဲ့ဒီကို BaekHyun ကို​ခေါ်သွားမယ်​ဆို ယုံကြည်​စွာထည့်​လိုက်​နိုင်​မလား ?'

Baby နဲ့အကြာကြီးခွဲ​နေရ​တော့မှာတဲ့လား ။

'၆လ ဒါဆို ရှန်​ဟိုင်းက ဒီကိုပြန်​လာတဲ့အခါ ကျွန်​တော့က​လေး​လေးက ၅လရှိပြီ​ပေါ့ ?'

'ဟုတ်​လောက်​မယ်​ဒီတစ်​နည်းသာအဆင်​ပြေနိုင်​မယ်​ထင်​တယ်​Baekhyun ကို​တော့ ဒီမှာ​မွေးဖို့ခက်​လို့ ရှန်​ဟိုင်းမှာ​မွေးရမယ်​လို့်​လိမ်​ယုံ​ပေါ့ Chanyeol မျက်​စိအတွက်​လိုအပ်​တဲ့အချိန်​က ၆လဆိုလုံ​လောက်​တယ်​မဟုတ်​လား ?'

'လုံ​လောက်​ပါတယ်​'

'ဒါဆို အဲ့ဒီအတိုင်းအစီအစဉ်​ဆွဲကြတာ​ပေါ့ မနက်​ဖြန်​ကျွန်​တော်​နဲ့ Hannie လာခဲ့မယ်​'

Baby မျက်​နှာ​လေးကိုထာဝရမြင်​နေရဖို့ ။ ၆လ​တော့ခွဲ​နေရမှာ​ပေါ့ Baby ရယ်​။ ကိုယ်​အရမ်းကိုလွမ်း​နေရ​တော့မှာ Baby ။

ကိုယ့်​အတွက်​ရွေးချယ်​စရာတကယ်​ကိုမရှိ​တော့လို့ပါ Baby ။

ကိုယ်​မရှိတဲ့တစ်​ခြားနိုင်​ငံမှာ Baby အဆင်​ပြေ​ပြေ​နေသားကျနိုင်​ပါ့မလား ။ စိတ်​ပူမိတယ်​ကွာ။

~~~~~~~~~~CHANBAEK~~~~~~~~~~

တစ်​ခါတစ်​ရံ ရက်​စက်​လွန်းသည့်​ကံတရားကြီးကို မုန်း​နေမိသည်​။

အရမ်းချစ်​ရသည့်​သူနှင့်​တစ်​နည်းနှင့်​မဟုတ်​တစ်​နည်းဖြင့်​ဝေးကွာရန်​ကြိုးစား​နေကြသည့်​ကံကြမ္မာကြီးကိုလဲမုန်းသည်​။

BABY နှငိ့ကျွန်​တော့ကိုခွဲသည့်​အရာအားလုံးမုန်းမိပါသည်​။

>>>>>>>>>>CHANBAEK<<<<<<<<<<

2018.11.4

မုန်​တိုင်းမတိုက်​ရ​သေးဘူး​နော်​ဟွင့်​😎

မုန်​တိုင်း​လေးတိုက်​ခွင့်​ပေးကြပါ​ဗျာ တိုက်​ချင်​လို့ပါ နည်းနည်းပဲ​လေ​နော်​နော်​နော်​😷😷😷😷

Ga verder met lezen

Dit interesseert je vast

15.5K 3.3K 49
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
7.6K 1.3K 26
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
287K 49.5K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
482K 66K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...