My Little PRINCE🍬(Completed)

Por huolongguo04

39K 2.7K 61

ထိုယောကျ်ားကိုမှ သဘောကျခဲ့မိပြီ ထိုေယာက်္ားကိုမွ သေဘာက်ခဲ့မိၿပီ Mais

အပိုင္း- ၁🍭(ရူးကြောင်ကြောင်နိုင်သောကတိ)
အပိုင္း- ၂🍭(သဘောတူညီချက် )
အပိုင္း- ၃🍭 (fake wedding)
အပိုင်း-၄🍭(မင်္ဂလာဦးည)Unicode ver
အပိုင်း-၄🍭(မင်္ဂလာဦးည)Zaw Gyi ver
အပိုင်း-၅🍭(ခင်မင်မှု)
အပိုင်း- ၇🍭(Candy Baby)
အပိုင်း- ၈🍭(သူပေးတဲ့ nickname)
အပိုင်း- ၉🍭🤦‍♀️
အပိုင်း ၁၀ 🍭❣
အပိုင်း ၁၁🍭( 💔)
အပိုင်း ၁၂+၁၃🍭(The last episode)

အပိုင်း- ၆ 🍭( ပျားရည်စမ်းတဲ့ အချစ်)

2.4K 209 0
Por huolongguo04

(Unicode)

" အယ်...ဟန်းနီးမွန်း"
ဟောက်ရွှမ်း အလန့်တကြားထအော်တော့ ဝမ်ချင်းမင်ရော တစ်အိမ်လုံး လန့်သွားရသည်။
" ဟုတ်တယ်လေ မင်းတို့ယူပြီးတာ ဖြင့်ကြာပြီ အခုထိ ဟန်းနီးမွန်းမထွက်ရသေးဘူးမလား..ဘာမှမပူနဲ့ အမေအကုန်စီစဥ်ထားတယ် အထုပ်ဆွဲ ပြီးသွားရုံပဲ "
ဟန်းနီးမွန်း သွားခိုင်းနေတာလား..အိမ်ပေါ်ကနှင်ချနေတာလားတော့မသဲကွဲ။
" ဒါပေမဲ့..ရုတ်တရက်ကြီး "
" တိတ်စမ်း!!!"
" ဟီး..."
ဘာရယ်မဟုတ်..စောတက တက်ကြည့်တာ။စိတ်ထဲမှာတော့ ဂျွမ်း အပတ်နှစ်ဆယ်လောက် ထိုးပြီးပြီဖြစ်သည်။ဟောက်ရွှမ်းတို့က ခရီးသာသွားရမယ်ဆို မျောက်အုန်းသီးရသလိုပင်။
ပြီတီတီစပ်ဖြဲဖြဲ မျက်နှာထားနဲ့ သားဖြစ်သူအကြောင်းသိသူပီပီ Mr.Wang မျက်စောင်းထိုးလိုက်၏ ။
" ဒါနဲ့..မင်း ဟိုမိန်းကလေးနဲ့ အဆက်အသွယ်ဖြတ်ပြီးပီလား..အေးနော်..ကိုယ်က အိမ်ထောင်ရှိတဲ့ ကောင်ဆိုတာ သိဦး ငါမပြောဘူး "
" ဟုတ်..ကဲ့.."
အသံရှည်ဆွဲ ပြီးမဖြေချင်သလိုဖြေချင်သလို လုပ်နေတဲ့ သားဖြစ်သူကို ဝမ်ချင်းမင် စိတ်မရှည်။
" ကဲ..တော်ပြီ နင်ဆင်ခြေပဲ ပေးဦးမယ်မလား..ဟင့်..အဲ့မိန်းကလေးမျိုး အံ့သြပါရဲ့..ထားပါ..ဒီနေ့ည သွားကြနော်  လေယာဥ်ချိန်က ည၇နာရီ "
ဒီတစ်ခါတော့ စုန့်ကျိရမ်ပါ အငြိမ်နေလို့မရတော့။ဝင်မေးရသည်။
" မားမား..ရုတ်တရက်ကြီး အရမ်းမြန်လွန်းနေသလား"
" ဟုတ်တယ်..ကျိရမ်လေးရဲ့ မားမားမေ့ပြီး ဖုန်းကြိုမဆက်မိတာ..ဖြစ်နိုင်ရင် သားတို့ကို အခုတောင်သွားစေချင်တာ..ဟီး..သားဟောက်ရွှမ်းဦးလေးတို့ အပန်းဖြေအိမ်မရောက်ဖူးဘူးမလား..အဲ့တာကြောင့်"
" အယ်..မေမေ.. ဦးလေးထျန်းဆီလွှတ်မှာလား..ဟဲဟဲ..ပွတာပဲ ကမ်းခြေမှာ ဘီကနီလေးတွေ..ငမ်း..ငမ်း.."
စကားတောင်ဆုံးအောင် မပြောရ.. အမေဖြစ်သူက နားရွက်ကို လိမ်ဆွဲတာကြောင့် မျက်နှာက အီးမှန်သလို ဆူပုတ်သွားသည်။
" ကဲ..အမေတို့နားတော့မယ် သားတိူ့လည်း လိုအပ်တာတွေ ထည့်နော်"
" ဟုတ်...မားမား"
" အမေ..ဝယ်စရာရှိလို့ မုန့်ဖိုး"
" ဟမ်..နင့်ကဒ်ထဲ မရှိတော့ဘူးလား.."
" ဟင့်အင်း"
" ပြီးရော..ပြီးရင်လွှဲပေးမယ်"
ပါးစပ်ကသာ ဘုကလန့်ပြောတတ်တာ တကယ်တော့ သားကို အရမ်းအလိုလိုက်တတ်တဲ့ မိမိရဲ့ ဇနီး ဝမ်ချင်းမင်ကို ကြည့်ကာ Mr.Wangပြုံးမိသွားသည်။
" ဟေ့ကောင်..ကျိရမ် လိုက်ခဲ့ ဦးနော်"
" အင်း..."
" အမယ်...ကိုယ့်ယောကျ်ားကို ဟေ့ကောင်လို့ ခေါ်ရလား..ငနာလေး"
ဒဲ့ကြီးပြောချလိုက်တဲ့ ဟောက်ရွှမ်းအမေကြောင့် အဖြူကောင်လေးရဲ့ မျက်နှာက ရဲခနဲပင်။
" မိန်းမ..မင်းဟာလေ..ကလေးတွေ ရှက်ကုန်ပြီ..ဟားဟားဟား"
"ဟုတ်တယ် လေရှင်..မှန်တာပြောတာကို "
" အေးပါကွာ"
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
" ကျိရမ်..တစ်ခုခုဆို ငါ့ကို ပြောနော် ငါလေယာဥ်မယ်ကို ပြောပေးမယ်"
စိတ်တွေလဲ ဆင်းရဲပါတယ်။ကိုယ့်ကို ငါးနှစ်သားများမှတ်နေလေသလား။
တစ်နေကုန်တစ်နေကန်း ဝမ်ဟောက်ရွှမ်း နောက် တစ်ကောက်ကောက်လိုက်နေရသဖြင့် ပင်ပန်းကာ အိပ်မောကျသွားသည်။
ဘယ်ပဲ သွားသွား တော်ရုံနှင့် အိပ်မပျော်တတ်သည့်ဝမ်ဟောက်ရွှမ်း earphoneတပ်ကာ သီချင်းနားထောင်နေ၏ ။
ခဏကြာတော့ ပုခုံးလေး အနည်းငယ်လေးသလို ခံစားရသဖြင့် ကြည့်မိတော့ အဖြူလေးက ကိုယ့်ပုခုံးပေါ်ခေါင်းမှီကာ အိပ်ပျော်နေသည်။
နဖူးပေါ့အုပ်မိုးနေတဲ့ ဆံပင်နက်နက်လေးတွေကတောက်ပြောင်နေတာကြောင့် မနေနိုင်မထိုင်နိုင် အသာ ကိုင်ကြည့်တော့ ဝိုး ခနဲ ဖြစ်သွားရ၏ ။
ဆံပင်နက်နက်လေးတွေက နူးညံ့အိထနေ၏ ။ရှန်ပူနံ့သင်းသင်းလေးက နှခေါင်းဝနားရောက်လာရသည်။
"ဒီကောင်..ယောကျ်ားလေးမှ ဟုတ် ရဲ့လား..ဆံပင်လေးတွေကလည်း နူးညံ့နေတာပဲ..အသားကလည်းဖြူတယ်..မျက်နှာကလည်း လှတယ်..ဝါးး."
" မနာလိုနေတာမလား"
အဖြူလေးဆီက ခပ်တိုးတိုးတုန့်ပြန်သံကြောင့် လန့်ကာ ကိုယ်ကို ရုန်းမိတော့ လက်မောင်းကို ပြန်ဆွဲ ပြီး ကိုယ့်ပုခုံးပေါ် ခေါင်းတင်ကာ ပြန်အိပ်နေတော့သည်။
ဘာမှ မပြောချင်တော့၍ သီချင်းသံနားထောင်ကာ ကိုယ်ပါမှေးလိုက်တော့၏ ။
အဖြူကောင်လေး ရဲ့ နှုတ်ခမ်းထောင့်လေး ကွေးညွတ်သည်အထိ ပြုံးလိုက်တာကိုတော့ earphoneနှင်​့ ကောင်လေး သတိမမူမိခဲ့ပေ။
🍭❤🍭❤🍭❤🍭❤🍭❤🍭❤🍭❤
ရောက်သည်နှင့် အပြာရောင် ပင်လယ်ကြီးက ပျူငှာစွာ ကြိုဆိုနေ၏ ။ညနေပိုင်းမို့ လူကအတော်အတန်ရှင်းနေသည်။အပန်းဖြေအိမ်ရောက်တော့ အထုပ်တွေ ချပြီးတာနဲ့ ဝမ်ဟောက်ရွှမ်း တို့ လျစ်ခနဲ ပြေးထွက်သွားတော့သည် ။
အူကြောင်ကြောင်လေးနဲ့ ဘာလုပ်ရမှန်းမသိဘဲ ကျန်ခဲ့တာက စုန့်ကျိရမ် ။
အထဲမှ မိန်းမတစ်ယောက် ထွက်လာကာ စုန့်ကျိရမ်ကို အပြုံးချိုချိုလေးနှင့် ကြိုဆိုလေ၏ ။
" စုန့်ကျိရမ်..သားလေး..တကယ်ချောလာလိုက်တာ..အန်တီရှင်းကို မှတ်မိသေးလား..အန်တီက ဟောက်ရွှမ်းရဲ့ ဒေါ်လေးလေ..ဒါနဲ့ ဟောက်ရွှမ်း ရော"
စုန့်ကျိရမ် ဘာမှ မပြောရသေးပေမဲ့ သူမက ရယ်ပြကာ ပြော၏ ။
" ဒီကလေးကတော့..ငါထင်တယ်..ရောက်လာတာနဲ့ အထုပ်ချပြီး ပြေးပြီမလား..ငယ်ငယ်ကတည်းက အဲ့လိုပဲ..ရှန်ဖေး..အထုပ်တွေလာသယ်..သား..လာ.. အထဲဝင်"
" ဟုတ်ကဲ့...ဒေါ်လေး"
အသက်အရွယ်နှင့်မလိုက်အောင် နုနယ်လွန်းတဲ့ သူမက ဝမ်ဟောက်ရွှမ်း၏ အဒေါ် ရှင်းရီဖြစ်၏ ။အသက်သုံးဆယ်ကျော်လို့မထင်ရအောင်ပင် နုပျိုလွန်းသည်။
" ယောကျ်ား..ကျိရမ်လေးတို့ လာပြီ..သူလေးက ကျွန်မကို မမှတ်မိဘူးရယ်..ငယ်ငယ်တုန်းက အိမ်လာတိုင်း မမဆိုပြီး ကပ်ချွဲနေတဲ့ ကောင်လေးရယ်"
" ဟားဟား.. ဟေ့ကောင်..ဦးလေးထျန်းကိုရော မှတ်မိလား"
စုန့်ကျိရမ် အလွန်ငယ်သေးသည်မို့လားတော့ မသိ။မမှတ်မိ၍ အားနာသဖြင့် ရယ်သာပြရသည်။
အမြင့်ဆုံး ထပ်ကနေ ပင်လယ်ကြီးကို ကြည့်ကာ စကားပြောရင်း ပင်လယ်လေကို ခံစားရတဲ့ အရသာက ဘာနှင့်မျှမလဲနိုင်။
ဦးလေးထျန်းနှင့်ဒေါ်လေးရှင်းရီကတကယ်ကို သဘောကောင်းလှ၏ ။
" Ring...Ring 📱"
" ဟောက်ရွှမ်း..ပြော"
" ဟေ့ကောင်..အောက်ဆင်းလာခဲ့ "
" အေးအေး"
စုန့်ကျိရမ်ဝေခွဲမရတာက..အခုသူကဝမ်ဟောက်ရွှမ်း၏ ယောကျ်ားလား..ဒါမှမဟုတ် သူငယ်ချင်းလားဆိုတာပင်။
ပင်လယ်ပြင်ကြီးကို မျက်နှာမူကာ ကျွန်တော့်ကို ကျောခိုင်းထားတဲ့ သူက အပြာနုရောင် တီရှပ်လေးနှင့် အသားရောင် short pantလေးကို ဝတ်ထားသည်။လေပြေတစ်ချက် ဝေ့တိုက်လိုက်တိုင်း သူဆံပင်တွေက တလွင့်လွင့်။
စုန့်ကျိရမ် ထိုလူသားကို ငေးမောကြည့်မိသည်။နောက်တော့ ဖုန်းကိုထုတ်ကာ ဓာတ်ပုံခိုးရိုက်မိ၏ ။
ကိုယ့်ဘက်လှည့်လာတာကိုပင် သတိမမူမိပဲ ရိုက်နေမိတော့ အရှင်သခင်လေးက ပြုံးကာ လက်နှစ်ချောင်းထောင်ကာ ပို့စ်ပေး၏ ။
"ဟေ့ကောင်..ရိုက်မယ်ဆို ကြိုပြောမှပေါ့ဟ "
စကားပြောနေတာကို ရိုက်မိတော့ နှုတ်ခမ်းလေးဆူထော်နေတဲ့ snapလေး မိသွားသည်။
ကိုယ့်ကို snapဖမ်းပြီး အူတက်အောင်လှိမ့်ရယ်နေတဲ့ အဖြူလေးဆီက ဖုန်းကို လုဖို့ ကြိုးစားတော့ လျှာလေးထုတ်ပြကာ နောက်တစ်လှမ်းဆုတ်သွားသည်။
နောက်ကနေအတင်းလိုက်လုတော့ သုတ်ခနဲဆိုပြေးတော့တာကြောင်​့ ပြေးလိုက်ရ၏ ။
လူကောင်သာသေးတယ်.အပြေးကတော့ အတော်သန်သည်မို့ ဝမ်ဟောက်ရွှမ်း ခင်ဗျာ အမြန်လိုက်ရသည်။
နောက်ဆုံးတော့မိပါပြီ..သကောင့်သားလေးရဲ့လည်ပင်းကို ကိုယ့်လက်မောင်းတွေကြားညှပ်ကာ ညှစ်တော့ လက်ကို တဖျတ်ဖျတ်ရိုက်ကာ အော်တော့၏ ။
" ဟောက်ရွှမ်း..တော်တော့..ငါလည်ပင်းအစ်နေပြီ "
" ဟားဟား..မှတ်ပြီလား.."
အကောင်စုတ်လေးကို လွှတ်ပေးပြီး နှစ်ယောက်သားသဲ ပြင်နုနုပေါ် ခြေဆင်းကာ ထိုင်ချပြီး အပြာရောင်ပင်လယ်ကြီးရဲ့ အလှကို ရှုစားနေသည်။
" ဟောက်ရွှမ်း.."
" အေး.."
ပြောချင်တဲ့ စကားအချို့ကို မျိုသိပ်ကာ ခေါင်းခါပြရင်း ပင်လယ်ပြင်ဆီ အကြည့်တို့ကို ပြန်ပို့ကာ ပြုံးရုံပြုံးမိသည်။
" ကျိရမ်..."
" ဟင်"
" အမြဲပြုံးနေ...မင်းရဲ့ အပြုံးတွေကို ငါကြိုက်တယ်..မင်းပါးချိုင့်လေးကို ငါသဘောကျတယ်"
ထိုအခိုက် လူသားလေးနှစ်ယောက်ကြားက နှလုံးသားမှ လှုတ်ခတ်သံလေးက လှိုင်းသံလေးနှင့်အတူ ရောယှက်နေခဲ့သည်။
" ငါ..ထိကြည့်ချင်တယ်..မင်းပါးချိုင့်လေးကို "
မနေနိုင်မထိုင်နိုင်..လက်သွယ်သွယ်က ညာဘက်ပါးပြင်မှ ခွက်ဝင်နေတဲ့ ပါးချိုင့်လေးကို အသာထိလိုက်၏ ။
" ဟေ့ကောင်..ဟောက်ရွှမ်း တော်တော့..ငါပါးနာနေပြီ..မင်းငါ့ပါးချိုင့်ကို ကလိနေတာလား"
" မင်းကလည်း..ငြိုငြင်တာလား ငါက သဘောကျလို့ကို "
" တော်တော့..."
ရပ်ခိုင်းပေမဲ့ မရပ်တဲ့အပြင် စုန့်ကျိရမ်ကို ပါ ကလိလိုက်ထိုးနေတာမို့ သူလေးခင်ဗျာ အတင်းရုန်းနေတော့သည်။
အဖြုကောင်လေး ပက်လက်လန်ကျတော့ ဟောက်ရွှမ်း ထိန်းပေမဲ့ သူပါ အဖြူလေးပေါ်သို့ ပြုတ်ကျသွားရသည်။
အပြာရောင်ပငလယ်ပြင်ကြီးနဲ့ သဲသောင်ပြင်ဖွေးဖွေး၊ ရွှေရောင်ကောင်းကင်ကြီးက ထည်ဝါစွာ။ လူသားလေးနှစ်ယောက်ရဲ့ အကြည့်စိုက်မိနေမှုကတော့ ညနေခင်းလေးနှင့် ကာရံညီနေပေသည်။
ကောင်လေးတစ်​ေယာက်အတွက် ပါးချိုင့်လေးနှင့်ကောင်လေးက ကမ္ဘာပေါ်မှာအလှဆုံးလူသားလေးတစ်ယောက်ဖြစ်ခဲ့တာကို သတိမထားမိခဲ့ပေ။ဝမ်ဟောက်ရွှမ်းဆိုသည့် ကောင်လေးရဲ့ ရင်ဘတ်တစ်နေရာမှာ စုန့်ကျိရမ်ဆိုတဲ့ ဖြူဖြူသေးသေးကောင်လေးက မသိမသာ နေရာယူနေခဲ့လေပြီ။

(Zaw Gyi)

" အယ္...ဟန္းနီးမြန္း"
ေဟာက္႐ႊမ္း အလန႔္တၾကားထေအာ္ေတာ့ ဝမ္ခ်င္းမင္ေရာ တစ္အိမ္လုံး လန့္သြားရသည္။
" ဟုတ္တယ္ေလ မင္းတို႔ယူၿပီးတာ ျဖင့္ၾကာၿပီ အခုထိ ဟန္းနီးမြန္းမထြက္ရေသးဘူးမလား..ဘာမွမပူနဲ႕ အေမအကုန္စီစဥ္ထားတယ္ အထုပ္ဆြဲ ၿပီးသြား႐ုံပဲ "
ဟန္းနီးမြန္း သြားခိုင္းေနတာလား..အိမ္ေပၚကႏွင္ခ်ေနတာလားေတာ့မသဲကြဲ။
" ဒါေပမဲ့..႐ုတ္တရက္ႀကီး "
" တိတ္စမ္း!!!"
" ဟီး..."
ဘာရယ္မဟုတ္..ေစာတက တက္ၾကည့္တာ။စိတ္ထဲမွာေတာ့ ဂြၽမ္း အပတ္ႏွစ္ဆယ္ေလာက္ ထိုးၿပီးၿပီျဖစ္သည္။ေဟာက္႐ႊမ္းတို႔က ခရီးသာသြားရမယ္ဆို ေမ်ာက္အုန္းသီးရသလိုပင္။
ၿပီတီတီစပ္ၿဖဲၿဖဲ မ်က္ႏွာထားနဲ႕ သားျဖစ္သူအေၾကာင္းသိသူပီပီ Mr.Wang မ်က္ေစာင္းထိုးလိုက္၏ ။
" ဒါနဲ႕..မင္း ဟိုမိန္းကေလးနဲ႕ အဆက္အသြယ္ျဖတ္ၿပီးပီလား..ေအးေနာ္..ကိုယ္က အိမ္ေထာင္ရွိတဲ့ ေကာင္ဆိုတာ သိဦး ငါမေျပာဘူး "
" ဟုတ္..ကဲ့.."
အသံရွည္ဆြဲ ၿပီးမေျဖခ်င္သလိုေျဖခ်င္သလို လုပ္ေနတဲ့ သားျဖစ္သူကို ဝမ္ခ်င္းမင္ စိတ္မရွည္။
" ကဲ..ေတာ္ၿပီ နင္ဆင္ေျခပဲ ေပးဦးမယ္မလား..ဟင့္..အဲ့မိန္းကေလးမ်ိဳး အံ့ၾသပါရဲ႕..ထားပါ..ဒီေန႕ည သြားၾကေနာ္  ေလယာဥ္ခ်ိန္က ည၇နာရီ "
ဒီတစ္ခါေတာ့ စုန့္က်ိရမ္ပါ အၿငိမ္ေနလို႔မရေတာ့။ဝင္ေမးရသည္။
" မားမား..႐ုတ္တရက္ႀကီး အရမ္းျမန္လြန္းေနသလား"
" ဟုတ္တယ္..က်ိရမ္ေလးရဲ႕ မားမားေမ့ၿပီး ဖုန္းႀကိဳမဆက္မိတာ..ျဖစ္နိုင္ရင္ သားတို႔ကို အခုေတာင္သြားေစခ်င္တာ..ဟီး..သားေဟာက္႐ႊမ္းဦးေလးတို႔ အပန္းေျဖအိမ္မေရာက္ဖူးဘူးမလား..အဲ့တာေၾကာင့္"
" အယ္..ေမေမ.. ဦးေလးထ်န္းဆီလႊတ္မွာလား..ဟဲဟဲ..ပြတာပဲ ကမ္းေျခမွာ ဘီကနီေလးေတြ..ငမ္း..ငမ္း.."
စကားေတာင္ဆုံးေအာင္ မေျပာရ.. အေမျဖစ္သူက နား႐ြက္ကို လိမ္ဆြဲတာေၾကာင့္ မ်က္ႏွာက အီးမွန္သလို ဆူပုတ္သြားသည္။
" ကဲ..အေမတို႔နားေတာ့မယ္ သားတိူ႕လည္း လိုအပ္တာေတြ ထည့္ေနာ္"
" ဟုတ္...မားမား"
" အေမ..ဝယ္စရာရွိလို႔ မုန့္ဖိုး"
" ဟမ္..နင့္ကဒ္ထဲ မရွိေတာ့ဘူးလား.."
" ဟင့္အင္း"
" ၿပီးေရာ..ၿပီးရင္လႊဲေပးမယ္"
ပါးစပ္ကသာ ဘုကလန့္ေျပာတတ္တာ တကယ္ေတာ့ သားကို အရမ္းအလိုလိုက္တတ္တဲ့ မိမိရဲ႕ ဇနီး ဝမ္ခ်င္းမင္ကို ၾကည့္ကာ Mr.Wangၿပဳံးမိသြားသည္။
" ေဟ့ေကာင္..က်ိရမ္ လိုက္ခဲ့ ဦးေနာ္"
" အင္း..."
" အမယ္...ကိုယ့္ေယာက်္ားကို ေဟ့ေကာင္လို႔ ေခၚရလား..ငနာေလး"
ဒဲ့ႀကီးေျပာခ်လိဳက္တဲ့ ေဟာက္႐ႊမ္းအေမေၾကာင့္ အျဖဴေကာင္ေလးရဲ႕ မ်က္ႏွာက ရဲခနဲပင္။
" မိန္းမ..မင္းဟာေလ..ကေလးေတြ ရွက္ကုန္ၿပီ..ဟားဟားဟား"
"ဟုတ္တယ္ ေလရွင္..မွန္တာေျပာတာကို "
" ေအးပါကြာ"
🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭🍭
" က်ိရမ္..တစ္ခုခုဆို ငါ့ကို ေျပာေနာ္ ငါေလယာဥ္မယ္ကို ေျပာေပးမယ္"
စိတ္ေတြလဲ ဆင္းရဲပါတယ္။ကိုယ့္ကို ငါးႏွစ္သားမ်ားမွတ္ေနေလသလား။
တစ္ေနကုန္တစ္ေနကန္း ဝမ္ေဟာက္႐ႊမ္း ေနာက္ တစ္ေကာက္ေကာက္လိုက္ေနရသျဖင့္ ပင္ပန္းကာ အိပ္ေမာက်သြားသည္။
ဘယ္ပဲ သြားသြား ေတာ္႐ုံႏွင့္ အိပ္မေပ်ာ္တတ္သည့္ဝမ္ေဟာက္႐ႊမ္း earphoneတပ္ကာ သီခ်င္းနားေထာင္ေန၏ ။
ခဏၾကာေတာ့ ပုခုံးေလး အနည္းငယ္ေလးသလို ခံစားရသျဖင့္ ၾကည့္မိေတာ့ အျဖဴေလးက ကိုယ့္ပုခုံးေပၚေခါင္းမွီကာ အိပ္ေပ်ာ္ေနသည္။
နဖူးေပါ့အုပ္မိုးေနတဲ့ ဆံပင္နက္နက္ေလးေတြကေတာက္ေျပာင္ေနတာေၾကာင့္ မေနနိုင္မထိုင္နိုင္ အသာ ကိုင္ၾကည့္ေတာ့ ဝိုး ခနဲ ျဖစ္သြားရ၏ ။
ဆံပင္နက္နက္ေလးေတြက ႏူးညံ့အိထေန၏ ။ရွန္ပူနံ႕သင္းသင္းေလးက ႏွေခါင္းဝနားေရာက္လာရသည္။
"ဒီေကာင္..ေယာက်္ားေလးမွ ဟုတ္ ရဲ႕လား..ဆံပင္ေလးေတြကလည္း ႏူးညံ့ေနတာပဲ..အသားကလည္းျဖဴတယ္..မ်က္ႏွာကလည္း လွတယ္..ဝါးး."
" မနာလိုေနတာမလား"
အျဖဴေလးဆီက ခပ္တိုးတိုးတုန့္ျပန္သံေၾကာင့္ လန့္ကာ ကိုယ္ကို ႐ုန္းမိေတာ့ လက္ေမာင္းကို ျပန္ဆြဲ ၿပီး ကိုယ့္ပုခုံးေပၚ ေခါင္းတင္ကာ ျပန္အိပ္ေနေတာ့သည္။
ဘာမွ မေျပာခ်င္ေတာ့၍ သီခ်င္းသံနားေထာင္ကာ ကိုယ္ပါေမွးလိုက္ေတာ့၏ ။
အျဖဴေကာင္ေလး ရဲ႕ ႏႈတ္ခမ္းေထာင့္ေလး ေကြးၫြတ္သည္အထိ ၿပဳံးလိုက္တာကိုေတာ့ earphoneႏွင္​့ ေကာင္ေလး သတိမမူမိခဲ့ေပ။
🍭❤🍭❤🍭❤🍭❤🍭❤🍭❤🍭❤
ေရာက္သည္ႏွင့္ အျပာေရာင္ ပင္လယ္ႀကီးက ပ်ဴငွာစြာ ႀကိဳဆိုေန၏ ။ညေနပိုင္းမို႔ လူကအေတာ္အတန္ရွင္းေနသည္။အပန္းေျဖအိမ္ေရာက္ေတာ့ အထုပ္ေတြ ခ်ၿပီးတာနဲ႕ ဝမ္ေဟာက္႐ႊမ္း တို႔ လ်စ္ခနဲ ေျပးထြက္သြားေတာ့သည္ ။
အူေၾကာင္ေၾကာင္ေလးနဲ႕ ဘာလုပ္ရမွန္းမသိဘဲ က်န္ခဲ့တာက စုန့္က်ိရမ္ ။
အထဲမွ မိန္းမတစ္ေယာက္ ထြက္လာကာ စုန့္က်ိရမ္ကို အၿပဳံးခ်ိဳခ်ိဳေလးႏွင့္ ႀကိဳဆိုေလ၏ ။
" စုန့္က်ိရမ္..သားေလး..တကယ္ေခ်ာလာလိုက္တာ..အန္တီရွင္းကို မွတ္မိေသးလား..အန္တီက ေဟာက္႐ႊမ္းရဲ႕ ေဒၚေလးေလ..ဒါနဲ႕ ေဟာက္႐ႊမ္း ေရာ"
စုန့္က်ိရမ္ ဘာမွ မေျပာရေသးေပမဲ့ သူမက ရယ္ျပကာ ေျပာ၏ ။
" ဒီကေလးကေတာ့..ငါထင္တယ္..ေရာက္လာတာနဲ႕ အထုပ္ခ်ၿပီး ေျပးၿပီမလား..ငယ္ငယ္ကတည္းက အဲ့လိုပဲ..ရွန္ေဖး..အထုပ္ေတြလာသယ္..သား..လာ.. အထဲဝင္"
" ဟုတ္ကဲ့...ေဒၚေလး"
အသက္အ႐ြယ္ႏွင့္မလိုက္ေအာင္ ႏုနယ္လြန္းတဲ့ သူမက ဝမ္ေဟာက္႐ႊမ္း၏ အေဒၚ ရွင္းရီျဖစ္၏ ။အသက္သုံးဆယ္ေက်ာ္လို႔မထင္ရေအာင္ပင္ ႏုပ်ိဳလြန္းသည္။
" ေယာက်္ား..က်ိရမ္ေလးတို႔ လာၿပီ..သူေလးက ကြၽန္မကို မမွတ္မိဘူးရယ္..ငယ္ငယ္တုန္းက အိမ္လာတိုင္း မမဆိုၿပီး ကပ္ခြၽဲေနတဲ့ ေကာင္ေလးရယ္"
" ဟားဟား.. ေဟ့ေကာင္..ဦးေလးထ်န္းကိုေရာ မွတ္မိလား"
စုန့္က်ိရမ္ အလြန္ငယ္ေသးသည္မို႔လားေတာ့ မသိ။မမွတ္မိ၍ အားနာသျဖင့္ ရယ္သာျပရသည္။
အျမင့္ဆုံး ထပ္ကေန ပင္လယ္ႀကီးကို ၾကည့္ကာ စကားေျပာရင္း ပင္လယ္ေလကို ခံစားရတဲ့ အရသာက ဘာႏွင့္မွ်မလဲနိုင္။
ဦးေလးထ်န္းႏွင့္ေဒၚေလးရွင္းရီကတကယ္ကို သေဘာေကာင္းလွ၏ ။
" Ring...Ring 📱"
" ေဟာက္႐ႊမ္း..ေျပာ"
" ေဟ့ေကာင္..ေအာက္ဆင္းလာခဲ့ "
" ေအးေအး"
စုန့္က်ိရမ္ေဝခြဲမရတာက..အခုသူကဝမ္ေဟာက္႐ႊမ္း၏ ေယာက်္ားလား..ဒါမွမဟုတ္ သူငယ္ခ်င္းလားဆိုတာပင္။
ပင္လယ္ျပင္ႀကီးကို မ်က္ႏွာမူကာ ကြၽန္ေတာ့္ကို ေက်ာခိုင္းထားတဲ့ သူက အျပာႏုေရာင္ တီရွပ္ေလးႏွင့္ အသားေရာင္ short pantေလးကို ဝတ္ထားသည္။ေလေျပတစ္ခ်က္ ေဝ့တိုက္လိုက္တိုင္း သူဆံပင္ေတြက တလြင့္လြင့္။
စုန့္က်ိရမ္ ထိုလူသားကို ေငးေမာၾကည့္မိသည္။ေနာက္ေတာ့ ဖုန္းကိုထုတ္ကာ ဓာတ္ပုံခိုးရိုက္မိ၏ ။
ကိုယ့္ဘက္လွည့္လာတာကိုပင္ သတိမမူမိပဲ ရိုက္ေနမိေတာ့ အရွင္သခင္ေလးက ၿပဳံးကာ လက္ႏွစ္ေခ်ာင္းေထာင္ကာ ပို႔စ္ေပး၏ ။
"ေဟ့ေကာင္..ရိုက္မယ္ဆို ႀကိဳေျပာမွေပါ့ဟ "
စကားေျပာေနတာကို ရိုက္မိေတာ့ ႏႈတ္ခမ္းေလးဆူေထာ္ေနတဲ့ snapေလး မိသြားသည္။
ကိုယ့္ကို snapဖမ္းၿပီး အူတက္ေအာင္လွိမ့္ရယ္ေနတဲ့ အျဖဴေလးဆီက ဖုန္းကို လုဖို႔ ႀကိဳးစားေတာ့ လွ်ာေလးထုတ္ျပကာ ေနာက္တစ္လွမ္းဆုတ္သြားသည္။
ေနာက္ကေနအတင္းလိုက္လုေတာ့ သုတ္ခနဲဆိုေျပးေတာ့တာေၾကာင္​့ ေျပးလိုက္ရ၏ ။
လူေကာင္သာေသးတယ္.အေျပးကေတာ့ အေတာ္သန္သည္မို႔ ဝမ္ေဟာက္႐ႊမ္း ခင္ဗ်ာ အျမန္လိုက္ရသည္။
ေနာက္ဆုံးေတာ့မိပါၿပီ..သေကာင့္သားေလးရဲ႕လည္ပင္းကို ကိုယ့္လက္ေမာင္းေတြၾကားညွပ္ကာ ညွစ္ေတာ့ လက္ကို တဖ်တ္ဖ်တ္ရိုက္ကာ ေအာ္ေတာ့၏ ။
" ေဟာက္႐ႊမ္း..ေတာ္ေတာ့..ငါလည္ပင္းအစ္ေနၿပီ "
" ဟားဟား..မွတ္ၿပီလား.."
အေကာင္စုတ္ေလးကို လႊတ္ေပးၿပီး ႏွစ္ေယာက္သားသဲ ျပင္ႏုႏုေပၚ ေျခဆင္းကာ ထိုင္ခ်ၿပီး အျပာေရာင္ပင္လယ္ႀကီးရဲ႕ အလွကို ရႈစားေနသည္။
" ေဟာက္႐ႊမ္း.."
" ေအး.."
ေျပာခ်င္တဲ့ စကားအခ်ိဳ႕ကို မ်ိဳသိပ္ကာ ေခါင္းခါျပရင္း ပင္လယ္ျပင္ဆီ အၾကည့္တို႔ကို ျပန္ပို႔ကာ ၿပဳံး႐ုံၿပဳံးမိသည္။
" က်ိရမ္..."
" ဟင္"
" အၿမဲၿပဳံးေန...မင္းရဲ႕ အၿပဳံးေတြကို ငါႀကိဳက္တယ္..မင္းပါးခ်ိဳင့္ေလးကို ငါသေဘာက်တယ္"
ထိုအခိုက္ လူသားေလးႏွစ္ေယာက္ၾကားက ႏွလုံးသားမွ လႈတ္ခတ္သံေလးက လွိုင္းသံေလးႏွင့္အတူ ေရာယွက္ေနခဲ့သည္။
" ငါ..ထိၾကည့္ခ်င္တယ္..မင္းပါးခ်ိဳင့္ေလးကို "
မေနနိုင္မထိုင္နိုင္..လက္သြယ္သြယ္က ညာဘက္ပါးျပင္မွ ခြက္ဝင္ေနတဲ့ ပါးခ်ိဳင့္ေလးကို အသာထိလိုက္၏ ။
" ေဟ့ေကာင္..ေဟာက္႐ႊမ္း ေတာ္ေတာ့..ငါပါးနာေနၿပီ..မင္းငါ့ပါးခ်ိဳင့္ကို ကလိေနတာလား"
" မင္းကလည္း..ၿငိဳျငင္တာလား ငါက သေဘာက်လိဳ႕ကို "
" ေတာ္ေတာ့..."
ရပ္ခိုင္းေပမဲ့ မရပ္တဲ့အျပင္ စုန့္က်ိရမ္ကို ပါ ကလိလိုက္ထိုးေနတာမို႔ သူေလးခင္ဗ်ာ အတင္း႐ုန္းေနေတာ့သည္။
အျဖဳေကာင္ေလး ပက္လက္လန္က်ေတာ့ ေဟာက္႐ႊမ္း ထိန္းေပမဲ့ သူပါ အျဖဴေလးေပၚသို႔ ျပဳတ္က်သြားရသည္။
အျပာေရာင္ပငလယ္ျပင္ႀကီးနဲ႕ သဲေသာင္ျပင္ေဖြးေဖြး၊ ေ႐ႊေရာင္ေကာင္းကင္ႀကီးက ထည္ဝါစြာ။ လူသားေလးႏွစ္ေယာက္ရဲ႕ အၾကည့္စိုက္မိေနမႈကေတာ့ ညေနခင္းေလးႏွင့္ ကာရံညီေနေပသည္။
ေကာင္ေလးတစ္​ေယာက္အတြက္ ပါးခ်ိဳင့္ေလးႏွင့္ေကာင္ေလးက ကမၼာေပၚမွာ အလွဆုံးလူသားေလးတစ္ေယာက္ျဖစ္ခဲ့တာကို သတိမထားမိခဲ့ေပ။ဝမ္ေဟာက္႐ႊမ္းဆိုသည့္ ေကာင္ေလးရဲ႕ ရင္ဘတ္တစ္ေနရာမွာ စုန့္က်ိရမ္ဆိုတဲ့ ျဖဴျဖဴေသးေသးေကာင္ေလးက မသိမသာ ေနရာယူေနခဲ့ေလၿပီ။










Continuar a ler

Também vai Gostar

2.4K 152 3
-"ယူဂျင်း"က"ကိုကို့"အပိုင်~ -"ကိုကို"ကလည်း"ယူဂျင်း"အပိုင်~ ᴜɴɪ ᴏɴʟʏ 𝐬ᴛᴀʀᴛ ᴅᴀᴛᴇ - 27.5.2023(Sat)- 8:49 ᴇɴᴅ ᴅᴀᴛᴇ - 30.5.2023(Tue)- 23:00
246K 38K 98
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
5.2M 46K 57
Welcome to The Wattpad HQ Community Happenings story! We are so glad you're part of our global community. This is the place for readers and writers...
193K 4.4K 67
imagines as taylor swift as your mom and travis kelce as your dad