HE=MY FIRST LOVE [ကိုယ့်အချစ်...

De Futawa

362K 24.2K 898

သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... Mai multe

Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
အခန္း(၄၈) - အလြမ္းဇာတ္ေလးအစပ်ိဳးျခင္း
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗

အခန်း(၂၁) - Someone is on fire

6.5K 591 22
De Futawa

အခန်း(၂၁) - Someone is on fire

Unicode

[The whole king ကြီးကအုံးလွဲနေတယ် ]

"မ... သွား....ပါ.... နဲ့ .. အလင်း"

တဲ့ သူကျနော့်ကိုမဝံ့မရဲနဲ့တားနေတဲ့အသံလေးက ကျနော်ရဲ့နှလုံးသားဆည်းလည်းလေးအား အရှိန်ဟုန်ပြင်းထန်စွာလှုပ်ခတ်စေခဲ့လေတယ်။ကျနော့်အတွက်မျှော်လင့်ချက်ရောင်ချည်များစွာတို့က ကမ်းလက်လှမ်းလျက်နှင့် အသိစိတ်တို့ကရွှင်မြူးနေလျက်ပင်။

မင်းစက်ရဲ့စကားအဆုံး ဟန်လင်းထက်လည်းခုတင်ပေါ်မှချက်ချင်းပင်ထရပ်လိုက်ကာ မင်းစက်ရဲ့မသေးလွန်းမပုလွန်းတဲ့ခန္ဓာကိုယ်လေးအား ရင်တစ်ပိုက်လုံးပြည့်အောင် ပွေ့ပိုက်လိုက်ပါတော့သည်။

"ပြန်ပြောပါဦး ကိုစက်!!"

ဟန်လင်းထက်ရဲ့တောင့်တင်းသောလက်မောင်းများကြား၌ ပျောက်ကွယ်လုနီးနီးဖြစ်နေရတဲ့မင်းစက်ကမလှုပ်မယှက်နဲ့မံမီသဖွယ်တောင့်တောင့်ကြီးရပ်နေရှာလေသည်။

"ပြန်ပြောပါဦး ကျနော်ထပ်ကြားချင်သေးလို့"

"... "

'ငါမပြောနိုင်သေးဘူးသေနာလေးရဲ့ မင်းလုပ်လို့အသက်ရှူကြပ်ပြီးသေတော့မယ်ကွ!!!'

"ဖယ်ပါဦးကွာ ငါအသက်ရှူကြပ်နေပြီ"

ထိုအခါမှဟန်လင်းထက်တစ်ယောက် မင်းစက်ကိုလွှတ်ပေးဖို့သတိရတော့လေသည်။ဟန်လင်းထက်လွှတ်ပေးလိုက်ပြီးနောက်မင်းစက်ကသူ့ရဲ့ရင်ဘက်ကိုဖိကာတဟွတ်ဟွတ်နဲ့ချောင်းဆိုးလာခဲ့သည်။

"ကိုစက် ရရဲ့လား ကျနော်တောင်းပန်ပါတယ်"

ဟန်လင်းထက်က မျက်နှာလေးညှိုးငယ်စွာပြောလာတော့ မင်းစက်ရဲ့နှလုံးသားလေးမှာထိုလူဆိုးလေးအားအလျှော့မပေးဘဲမနေနိုင်တော့ပေ။မင်းစက်က ဟန်လင်းထက်အားလက်ခါပြလိုက်ကာ ကောင်လေးရဲ့ပခုံးထက်သို့ နှစ်ချက်မျှညင်သာစွာပုတ်လိုက်ရင်းပြောလာခဲ့သည်။

"ဘာမှမဖြစ်ပါဘူးကွာ ငါကအထိမခံကြွေပန်းကန်လည်းမဟုတ်ဘူးလေ မင်းငါ့ကိုအမြဲတမ်းစိုးရိမ်နေစရာမလိုပါဘူး"

'မင်း ငါ့ကြောင့် စိုးရိမ်ပူပန်မှုဖြစ်နေရတဲ့အခါတိုင်း ငါ့ကိုယ်ငါ ပိုပြီးဒေါသထွက်မိတယ်ဆိုတာမင်းသိရဲ့လား '

"မသွားပါနဲ့။ငါမင်းကိုသွားခွင့်မပြုနိုင်ဘူး။ငါ့နားမှာပဲနေ"

တစ်ယောက်သောသူဆီကနေ သူကြားချင်နေပါတဲ့ ထိုစကားလုံးလေးတွေပြေးထွက်လာတော့ဟန်လင်းထက်ရဲ့မျက်ဝန်းတွေကနှုတ်ခမ်းသားတို့နဲ့အတူတွန့်ကွေးသွားရသည်။

"တကယ်လား"

"အမ်!!! "

'နေစမ်းပါဦး ငါပြောတာဘယ်အထိရောက်သွားတာတုန်းဟ!!'

မင်းစက်တစ်ယောက် သူ့ရဲ့မျက်ဆံလေးတွေကိုလှိမ့်လိုက်ကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှဆက်ပြောလာသည်။

"အကိုပြောချင်တာကကွာ မင်းကိုတစ်ယောက်တည်းလွှတ်ထားလို့မရဘူး။မင်းကဆေးလိပ်တွေသောက်တယ်လေ။မတော်လို့ကျန်းမာရေးထိခိုက်သွားရင် အကို မာန်ကိုဘယ်လိုမျက်နှာပြရမလဲ။"

ထိုစကားကြားတော့ဟန်လင်းထက်ရဲ့မျက်နှာလေးကရုတ်ချည်းဆူပုတ်သွားတော့သည်။

"ဆေးလိပ်ကြောင့်လား။"

"အင်း"

"တခြားအဓိပ္ပါယ်ကောမရှိဘူးလား"

"ဘာအဓိပ္ပါယ်လဲ"

"အိပ်ချင်ယောင်ဆောင်နေတဲ့လူကနှိုးရခက်တယ်တဲ့။ဒါကြောင့် ကျနော်ကပဲ မသိချင်ယောင်ဆောင်ပေးလိုက်ပါ့မယ်လေ"
ဟု ဟန်လင်းထက်က မျက်လွှာလေးချကာစိတ်မကောင်းဖြစ်တဲ့လေသံလေးနဲ့ပြော၍
လှည့်ထွက်သွားတာကြောင့်မင်းစက်ခမျာစိုးထိတ်သွားရပြန်သည်။

ထို့ကြောင့် သူကဟန်လင်းထက်ရဲ့လက်မောင်းတစ်ဖက်ကိုဆွဲကိုင်လိုက်ကာ စိုးရိမ်တကြီးမေးလိုက်လေ၏။

"အလင်း ဘယ်သွားမလို့လဲ"

ထိုအခါဟန်လင်းထက်က မင်းစက်ရဲ့မျက်နှာလေးကိုငုံ့ကြည့်လိုက်ရင်းဆွဲဆွဲငင်ငင်ရယ်လာခဲ့သည်။

"စီးကရက်သွားဝယ်မလို့"

"အလင်း!!!"

မင်းစက်ကမျက်မှောင်ကြုတ်ရင်းအော်လိုက်တော့ဟန်လင်းထက်ကမင်းစက်ရဲ့တွန့်ကြုတ်နေတဲ့အနက်ရောင်မျက်ခုံးတန်းလေးတွေကိုသဘောတကျပွတ်သတ်လာခဲ့ရင်းအက်ရှရှရယ်သံလေးနဲ့ငြင်သာမှုအပြည့်ဆိုလေ၏။

"စတာပါဗျာ၊အဆောင်မှူးဆီသွားပြီးအဆောင်မပြောင်းတော့ဘူးလို့သွားပြောမလို့။"

ထိုစကားကြားတော့မင်းစက်ကဟန်လင်းထက်ကိုစိတ်တိုစွာတွန်းထုတ်ပစ်လိုက်ပါတော့သည်။ဟန်လင်းထက်မှာ စိတ်ဆိုးသွားတဲ့မင်းစက်ရဲ့မျက်နှာလေးကိုလှည့်ကြည့််လှည့်ကြည့်လုပ်နေပြီးနောက် ခပ်ဖွဖွရယ်လျက် အခန်းထဲမှလျှောက်ထွက်သွားတော့ပေသည်။

ထို့နောက်မင်းစက်မှာသက်ပြင်းရှည်ကြီးမှုတ်ထုတ်လျက်ခေါင်းခါမိလေ၏။

"ဟူး!!!! ဒီကောင်လေးကတော်တော်မလွယ်ပါလား အန္တရာယ်များတယ်"

သို့ပေမယ့် သူ့ရင်ဘက်ထဲရှိတစ်ထောင့်တစ်နေရာတွင်တော့ နှုတ်ဖျားကထွက်ကျလာတဲ့စကားလုံးတွေနဲ့ဆန့်ကျင်ဘက်ဖြစ်စွာ အပျော်ကြီးပျော်လို့နေသည်။သူဘယ်လောက်ပဲ ဒီကောင်လေးကိုအန္တရာယ်များတယ်ဆို၍ငြင်းဆန်နေပါစေ အလင်းဆိုတဲ့လူဆိုးလေး သူ့အနားကနေထွက်သွားမှာကိုတော့သူတကယ်ကိုမလိုလားခဲ့ပေ။

တိတ်ဆိတ်စွာဝင်ရောက်တိုက်ခတ်လာတဲ့လေပြေလေးက ခွင့်ပြုချက်မရှိပဲနှလုံးသားတစ်စုံဆီ ခိုဝင်လာခဲ့တဲ့အခါ ထိုလေပြေလေးပြန်လည်ထွက်ခွာသွားဖို့အတွက် ဘယ်သူကများနှမြောတသဖြစ်ခြင်းမရှိဘဲခွင့်ပြုပေးနိုင်မှာတဲ့လဲ .... ဒါဟာ နှလုံးသားလေးရဲ့အမှားမဟုတ်ဘူး လေပြေလေးရဲ့အမှားပေ။

မင်းစက်ကဟန်လင်းထက်ရဲ့ခုတင်ပေါ်၌တိုးတိုးတိတ်တိတ်လှဲချလိုက်ပြီးနောက်သူ့ရဲ့နှုတ်ခမ်းသားတို့ကထိန်းချုပ်မရစွာကွေးညွှတ်နေခဲ့ရသည်။

'တော်ပါသေးတယ်။သူ ကျနော့်အနားကနေထွက်မသွားအောင်တားလိုက်နိုင်လို့။
အခုမှပဲနှစ်တစ်ရာအပူလုံးကြီးကျသွားတော့တယ်'

••••••••••••••••••••••••••••••••••••••••••••••••••

"အား!!!! အကိုရေ ကျနော့်ကိုကယ်ပါဦး"

"ဟမ်!!!!ဘာဖြစ်လို့လဲညီ ဘာဖြစ်တာလဲ"

မင်းခန့်ထည်က တတိယမြောက်ရေချိုးခန်းလေးရဲ့အပြင်ဘက်တစ်နေရာ၌ရပ်နေကာပိတ်ထားတဲ့တံခါးအား ကျိုးပဲ့တော့မတတ်တဝုန်းဝုန်းနဲ့ထုရိုက်ရင်းအပြင်ဘက်ဆီမှစိုးရိမ်တကြီးအော်ဟစ်နေခဲ့ရှာသည်။

မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့နှစ်ယောက်ရေချိုးဆောင်တွင်ရေချိုးနေစဉ် တစ်ဖက်အခန်းရှိကောင်လေးဆီမှအလန့်တကြားအော်သံကြားလိုက်ရတာကြောင့်မင်းခန့်ထည်ခမျာထိုသို့အပူကပ်နေရခြင်းပေ။

"တံခါးဖွင့်ဦးလေကွာ အကိုတံခါးဖျက်မိတော့မယ်!!"

အပြင်ဘက်ဆီမှပျံ့လွင့်လာတဲ့မင်းခန့်ထည်ရဲ့အသံသြသြကိုကြားတော့အခန်းထဲရှိချစ်စရာကောင်လေးက တံခါးဖွင့်လာကာ မျက်လုံးလေးများကိုစုံမှိတ်ထားလျက်နဲ့ ဘေးဘက်နံရံတွေဆီတွယ်ကုတ်ရင်းဖြည်းဖြည်းချင်းထွက်လာလေသည်။

အစောနကအထိစိုးရိမ်သောကများနေတဲ့ မင်းခန့်ထည်က ပိုးတုံးလုံးရှိုင်းဇေယံလေးအားမြင်သော် ရယ်လည်းရယ်ချင်သလို မရယ်မိအောင်လည်းတောင့်ခံရင်းမျက်နှာပိုးသတ်ထားရချေသည်။

အခုရှိုင်းဇေယံလေးမှာ အပေါ်ပိုင်းခန္ဓာကိုယ်တစ်ပြင်လုံးကဗလာကျင်းဖြစ်နေတာကြောင့်အသားဖွေးဥနုနုလေးများကဖုံးကာထားခြင်းမရှိစွာ သူ၏မျက်စိရှေ့၌အတိုင်းသားပေါ်လွင်နေ၍ပန်းနုရောင်ပွင့်ချပ်လေး၂ချပ်ကလည်းအကာအကွယ်မဲ့နေပေသည်။အောက်ပိုင်း၌ဝတ်ထားတဲ့လုံချည်အကြမ်းထည်လေးကလည်းရေတွေနဲ့ရွှဲရွှဲစိုနေကာ မင်းခန့်ထည်က ရှိုင်းဇေယံရဲ့မျက်ဝန်းမှိတ်ထားခြင်းအခိုက်အတန့်လေးအားအမိအရယူ၍ စုတ်ချည်ဆန်ချည်ဖြင့်ခေါင်းအစခြေအဆုံးသေသေချာချာစိုက်ကြည့်နေခဲ့သည်။

"အကိုရေ ကျနော်မျက်လုံးစပ်နေလို့ ကူပါဦး"

ကလေးငယ်တစ်ယောက်ကလိုချင်တာကိုမရရအောင်ပူဆာနေတဲ့လေသံလေးနဲ့ဆိုလာတဲ့အခါ ထိုအသံလေးကမင်းခန့်ထည်အားအတိုင်းအဆမရှိဆွဲဆောင်နေလျက်ရှိသည်။

မင်းခန့်ထည်ဟာ သူ့ရဲ့လည်ချောင်းထက်ရှိအာဒမ်ပန်းသီးလေးအား တိတ်တဆိတ်တစ်ချက်လှုပ်ခတ်လိုက်ပြီးနောက် ရှိုင်းဇေယံရဲ့ကိုယ်လေးအားထိန်းကိုင်လျက် ရေချိုးခန်းလေးထဲသို့ပြန်ခေါ်သွားလေသည်။

"အင်း အကိုကူပေးမယ်"

ပြီးနောက်ရေပန်းမှဖြာကျလာတဲ့ရေစက်လေးများဖြင့်ရှိုင်းရဲ့မျက်နှာပြင်တစ်ဝိုက်ရှိခေါင်းလျှော်ရည်အမြှုပ်များအားစိတ်ရှည်လက်ရှည်နဲ့ညင်သာစွာဆေးချပေးနေရှာ၏။သူကအမြှုပ်တွေကိုဆေးချနေရင်းနဲ့နှုတ်ကနေလည်းတတွတ်တွတ်နဲ့ရေရွတ်နေသေးပေသည်။

"ခေါင်းလျှော်ရည်တွေမျက်စိထဲဝင်မှတော့စပ်ပြီပေါ့ ညီရယ် ..
ကလေးမဟုတ်ဘာမဟုတ်နဲ့ဘယ်လိုတောင်မျက်လုံးထဲဝင်အောင်လျှော်ချပစ်လိုက်တာတုန်း "

မင်းခန့်ထည်ကရေပန်းဂေါက်ကိုကိုင်ထားရင်းရှိုင်းရဲ့မျက်နှာလေးဆီပက်ဖြန်းနေရာမှအဝေးသို့အနည်းငယ်ရွှေ့လိုက်ကာ ကောင်လေးရဲ့မျက်နှာပေါ်ကရေစက်လေးတွေကိုခပ်ဖွဖွပွတ်သုတ်ပေးလိုက်သည်။

"အခုကောဘယ်လိုနေသေးလဲစပ်နေတုန်းလား"

"အင်း ကျနော်မေ့ပြီးရှိန်းဓာတ်ပါတဲ့ခေါင်းလျှော်ရည်ဝယ်လာခဲ့မိတာ အဲ့တာကြောင့်ပိုစပ်သွားတာဖြစ်မယ်"

ထိုစကားကြားတော့ မင်းခန့်ထည်ကခပ်အုပ်အုပ်ရယ်ချလာလေ၏။

"ဖြစ်မှဖြစ်ရလေကွာ ...ကြိုးစားပြီးမျက်လုံးဖွင့်ကြည့်ဦး..အကို့ကိုမြင်ရရဲ့လားလို့"

ရေစက်လေးတွေခိုတွဲနေတဲ့ကော့ညွတ်ညွတ်မျက်တောင်လေးတွေကို ရှိုင်းဇေယံကပုတ်ခတ်ပုတ်ခတ်လေးလုပ်လျက် မျက်ဝန်းကျဉ်းကျဉ်းလေးအား ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်လေသည်။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ အနည်းငယ်ဝါးနေတဲ့အမြင်အာရုံထဲမှာတောင် နေမင်းတစ်စင်းကဲ့သို့တောက်ပနေသေးတဲ့တစ်ယောက်သောသူကို တစ်စထက်တစ်စကြည်လင်ပြတ်သားစွာမြင်လာရပေသည်။

"မြင်ရတယ်"

မင်းခန့်ထည်ကအွန်းဆို၍အသံပြုကာ လက်ထဲကရေပန်းဂေါက်ကိုနံရံပေါ်၌ပြန်တပ်လိုက်ရင်းရွဲ့ပြောလာခဲ့လေသည်။

"တော်သေးတယ် မကန်းသေးလို့ပေါ့"

"အကိုနော်!!!"

'စလာပြီ စလာပြီ ဆူဆူအောင့်အောင့်ဘဲနှုတ်ခမ်းထော်ထော်လေးတွေဖြစ်လာပြန်ပြီ။'

"ဘာလဲ!!! အကိုပြောတာမဟုတ်လို့လားမတော်လို့ညီတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ ညီအကို့ကိုမမြင်ရတော့ရင်အကို ဘယ်လိုနေရမလဲ။"

"ကျနော်မမြင်ရလဲဘာဖြစ်လဲ။အကို့ကိုမြင်နေရတဲ့အမဖြူစင်သော်တစ်ယောက်လုံးရှိနေတာပဲဟာ"

ရှိုင်းဇေယံရဲ့နှုတ်ဖျားထက်ကနေ' ဖြူစင်သော်' ဆိုတဲ့နာမည်ထွက်ကျလာတဲ့အခါ မင်းခန့်ထည်ရဲ့မျက်ခုံးတစ်ဖက်ကပင့်တက်သွားရပြီး ရေစိုနေတဲ့ကြွက်ပေါက်လေးအားသူအသံမာမာနဲ့ဆိုငေါက်လိုက်ပေ၏။

"ဘယ်တုန်းကပြန်ခံပြောတတ်သွားတာတုန်း"

"ကျနော်မျက်လုံးမစပ်တော့ဘူး။
ရေချိုးတော့မယ်။အကိုသွားတော့လေ"

ရှိုင်းကထိုသို့ဘုဆတ်ဆတ်လေးပြန်ပြောလိုက်ရင်းစကားလမ်းကြောင်းလွှဲလိုက်ကာမျက်စိရှေ့ကဒေါသအိုးကြီးအားအခန်းထဲကနေအရနှင်လွှတ်လိုက်ပါတော့သည်။

ထိုအခါမင်းခန့်ထည်ကရှိုင်းရဲ့လက်ကောက်ဝတ်လေးအား အားပါပါနှင့်ဆွဲကိုင်လိုက်ပြီး ဘေးတစ်ဖက်တစ်ချက်ရှိနံရံဆီသို့ကောင်လေးရဲ့ကိုယ်သေးသေးလေးအား အားဖြင့်ဖိကပ်ထားလိုက်လေ၏။

ရုတ်တရက်ဖြစ်ပေါ်လာတဲ့အနေအထားကြောင့်ရှိုင်းအလန့်ကြီးလန့်သွားရပြီး မင်းခန့်ထည်ရဲ့မျက်နှာတစ်ဝိုက်ဆီသို့အံ့သြထိတ်လန့်စွာမော့ကြည့်လိုက်လေသော် အဓိပ္ပါယ်ဖွင့်ဆိုခြင်းငှာမတတ်နိုင်သောမျက်ဝန်းတစ်စုံတို့က ရှိုင်းအားစူးစူးရဲရဲနဲ့စောင့်ကြိုနေလေသည်။

"ဘာ..ဖြစ်...လို့ ... လဲ!!!"

ရှိုင်းကထစ်ထစ်အအနဲ့မေးလိုက်တော့မင်းခန့်ထည်ကညစ်ကျယ်ကျယ်အသံနဲ့လှောင်ရယ်,ရယ်လာခဲ့သည်။

"ခုနက ခံပြောတတ်တဲ့အဆိုးလေးက စကားတွေတောင်ထစ်လို့ပါလား"

"ဖယ်ဗျာ!!!"

ရှိုင်းကမင်းခန့်ထည်အားတွန်းဖယ်ပစ်လိုက်ပြီးဤအခြေအနေမှရုံးထွက်ရန်ကြိုးပမ်းလိုက်သော်လည်းအချည်းနှီးသာ။ ခပ်စူးစူးလီမွန်ရနံ့နဲ့ပူရှိန်းခေါင်းလျှော်ရည်ရနံ့တို့ကကျဥ်းမြောင်းတဲ့ရေချိုးခန်းငယ်လေးထဲမှာရောယှက်ဖလှယ်နေကြလျက် လီမွန်ရနံ့တို့ကိုရှူရှိုက်နေရတဲ့ရှိုင်းဇေယံလေးမှာမျက်နှာတစ်ခုလုံးရဲတက်လာရပြီးဓာတ်ပေါင်းဖိုထဲရောက်နေတဲ့အလားသူ့ရဲ့ကျောပြင်ပေါ်လေးထက်မှာရှိနေရတဲ့ရေစက်လေးတွေတောင်အငွေ့ပျံသွားရလေ၏။

"အကို့မျက်လုံးတွေကိုကြည့်ရင် ညီအခုဘာကိုမြင်ရမယ်ထင်လဲ"

"မသိဘူး။"

"ညီမှမကြည့်တာ"

တကယ်တော့မင်းခန့်ထည်ကသူ့စိတ်ထဲမှာအလိုမကျမှုတစ်ခုဖြစ်သွားရတဲ့အတွက် ထိုကြွက်ဖြူပေါက်စလေးအားရစ်စရာမရှိကြံဖန်ရစ်နေခြင်းပေ။

မမူးဘဲအရစ်ခံနေရတဲ့ရှိုင်းဇေယံလေးမှာသည်းမခံနိုင်တော့ဘဲ မင်းခန့်ထည်ရဲ့စကားအတိုင်း ထိုလူသားရဲ့မျက်ဝန်းတစ်စုံဆီသို့နယ်ချဲ့လိုက်တော့လေသည်။

"ဘာမြင်ရလဲ"

'အကို့ရဲ့မျက်ဝန်းတွေထဲမှာ
လျှို့ဝှက်စွာရင်ခုန်ခြင်းတို့နဲ့ပြည့်နှက်နေရတဲ့ရယ်စရာလည်းကောင်းသလိုသနားစရာလည်းကောင်းတဲ့ကောင်လေးတစ်ယောက်ကိုအထင်အရှားမြင်နေရတယ်။
ပြီးတော့အဲ့ဒီ့လူကကျနော်ကိုယ်တိုင်ပဲလေ'

ရှိုင်းကသူ့ရဲ့အကြည့်တွေကိုအလျင်အမြန်ပဲပြတ်ရုတ်သိမ်းလိုက်ကာ
"မသိဘူး၊ ကျနော့်ကိုမနောက်ပါနဲ့တော့၊"ဟုနှာခေါင်လေးရှုံ့လိုက်ရင်းဆို၍ ထိုအဖြေကို
မသိချင်ယောင်ဆောင်နေလိုက်တော့သည်။

ထိုအခါ မင်းခန့်ထည်က ပို၍အလိုမကျဖြစ်စွာ မျက်မှောင်ကြုတ်လာခဲ့ပေသည်။

"ညီ့ကိုလေ။
အကို့ရဲ့မျက်လုံးတွေထဲမှာ ခေါင်းလေးမော့ပြီးကြည့်နေတဲ့ညီ့တစ်ယောက်တည်းကိုပဲအကိုမြင်နေရတယ်။
အကိုကလည်းညီ့မျက်လုံးလေးတွေထဲမှာ ကိုယ့်ကိုမြင်နေရတာကိုပဲ ဖြစ်စေချင်တယ်။
အဲ့ဒါကြောင့် နောက်ထပ်ရှိန်းဓာတ်ပါတဲ့ခေါင်းလျှော်ရည်တွေသုံးပြီး ကိုယ့်ကိုစိုးရိမ်ရအောင် ထပ်မလုပ်စမ်းပါနဲ့ကွာ..."

မင်းခန့်ထည်ဆိုလာတဲ့ထိုစကားလုံးတွေကိုကြားတော့ရှိုင်းကသူ့မျက်စိရှေ့၌ရပ်နေတဲ့လူသားထံသို့ရှုပ်ထွေးစွာဖြင့်ငေးကြည့်လာခဲ့မိသည်။သူထိုလူသားအပေါ်အမှန်တကယ်ကိုနားမလည်နိုင်အောင်ဖြစ်မိရ၏။ထိုလူသားကတစ်ခါတစ်လေသူနဲ့ဝေးကွာနေခဲ့ပြီး တစ်ခါတစ်လေကျပြန်တော့လည်းသူနဲ့နီးကပ်နေပြန်ပါသည်။

မင်းခန့်ထည်ကရှိုင်းဇေယံအားနစ်နဲစွာတစ်ချက်စိုက်ကြည့်လာခဲ့ပြီးနောက် ရှိုင်းရဲ့နူးညံ့ညံ့ကိုယ်လေးအားငြင်သာစွာလွှတ်ပေးလိုက်ကာ နှစ်ဦးသားနီးကပ်စွာတည်ရှိခဲ့ပါသော ရေချိုးခန်းအခန်းကျဉ်းလေးထဲကနေလှည့်ထွက်သွားတော့လေသည်။

ရှိုင်းဇေယံကတော့ အခန်းကျဉ်းလေးရဲ့နံရံတစ်ဖက်တစ်ချက်ဆီ၌အစောနကပုံစံအတိုင်းမှီတည်ရပ်နေလျက်နှင့်ကျန်ခဲ့ရကာထိုနေရာကနေထွက်သွားဖို့အတွက် သူအချိန်အတော်ယူလိုက်ရလေ၏။

'နှလုံးသားလေးက ကျနော့်ကို ဒီအခန်းလေးထဲကနေထွက်မသွားသေးဖို့တားမြစ်နေခဲ့လေတယ် .....
ဘာလို့လဲဆိုတော့ ဒီအခန်းလေးထဲမှာ လီမွန်ရနံ့လေးတွေကမပြယ်သေးဘဲ စွဲကျန်ရစ်နေဆဲမို့'

••••••••••••••••••••••••••••••••••••••••••••••••••

"ငါတို့လမ်းခွဲရအောင် ဖြူ"

"ဘာကိစ္စလမ်းခွဲရမှာလဲ ဖြူဘာအမှားလုပ်မိလို့လဲမောင်!"

"မင်းလည်းသိနေတာပဲမဟုတ်ဘူးလား၊ငါမင်းနဲ့ဘာကြောင့်တွဲခဲ့တာလဲဆိုတာ"

ထိုအချိန်တုန်းကမောင်ရဲ့မျက်နှာကခံစားချက်တို့ကင်းမဲ့နေပြီး နှလုံးသားမရှိစွာအေးစက်မာကြောလို့နေသည်။

"ဒါပေမယ့် မောင်ဖြူ့ကိုချစ်တယ်မဟုတ်လား အဲ့တုန်းက အဲ့ကြောင့်နဲ့သာတွဲခဲ့တယ်ဆိုပေမယ့် အခုကျတော့ကော မောင်ဖြူ့ကိုနည်းနည်းလေးတောင်မချစ်လာဘူးလားဟင်"

"မချစ်ဘူး!!ငါ့ရင်ဘက်ထဲမှာအချစ်ဆိုတဲ့အရာကလုံးဝမရှိခဲ့ဘူး ဘယ်တော့မှလည်းရှိလာနိုင်မှာမဟုတ်ဘူး အခုငါ့ဘေးမှာမာန်လည်းမရှိတော့ဘူးဆိုတော့ ငါတို့၂ယောက်ရဲ့ပက်သတ်မှုကိုရပ်တန့်ပစ်ဖို့အချိန်တန်ပြီ ငါမင်းကိုအရမ်းကျေးဇူးတင်ပါတယ် ငါ့ကိုကူညီပေးခဲ့တဲ့အတွက်"

သူမဘယ်လောက်ပဲအသနားခံတောင်းဆိုနေပါစေ ထိုလူသားကသူမအပေါ်ပြတ်ပြတ်သားသားငြင်းဆန်နေဆဲပင်။

"ဖြူလက်မခံနိုင်ဘူး ဖြူလမ်းမခွဲနိုင်ဘူး"

"ငါတို့ရဲ့ပက်သတ်မှုအစမှာအချစ်ဆိုတာမပါခဲ့ဘူးဆိုတာအစကတည်းကငါမင်းကိုပြောထားပြီးသားပဲလေ မင်းကလည်းငါ့ကိုကူညီပေးရုံပါပဲဆို အခု မင်းဘာဆက်လုပ်ဖို့စဉ်းစားနေတာလဲ ဖြူ"

"ဒါပေမယ့် ဖြူမောင့်ကိုချစ်တယ်လေနော် ဖြူတို့ရှေ့ဆက်လို့ရပါတယ်"

ထိုအခါမောင်ကစိတ်မရှည်ဟန်ဖြင့်စုတ်သတ်လိုက်ပြီးနောက် သူ့အားဆုပ်ကိုင်ထားပါတဲ့သူမရဲ့လက်ကလေးများအားအကြမ်းပတမ်းဖြုတ်ချပစ်လိုက်ပါတော့သည်။

"မင်းငါနဲ့ဆက်တွဲနေလည်း ငါမင်းကိုချစ်လာမှာမဟုတ်ဘူး
ခေါင်းမမာစမ်းပါနဲ့ဖြူရာ ကိုယ်တို့လမ်းခွဲကြရအောင်"

"မောင်နဲ့လမ်းခွဲဖို့ဆိုတာ ဖြူဆိုတဲ့ကျမသေမှပဲဖြစ်လာလိမ့်မယ်"

အဲ့ဒီ့နေ့ကဖြူစင်သော်နဲ့မင်းခန့်ထည်တို့အခြေအတင်စကားများကြပြီးနောက် ဖြူစင်သော်ရဲ့စိတ်ရောဂါဟာပြန်လည်ဆိုးရွားလာခဲ့ရလေသည်။

ဖြူစင်သော်ဆိုတဲ့ကောင်မလေးဟာ အချစ်ဆိုတဲ့အရာကိုရယူလိုစိတ်ပြင်းထန်လွန်းတဲ့အတ္တပဝါကိုလွှမ်းခြုံထားခဲ့သူဖြစ်တဲ့အလျှောက် သူမစချစ်တတ်ခါစအရွယ်မှာလည်း သူမချစ်ရဆုံးချစ်ဦးသူကိုဆုံးရှုံးခဲ့ရတာကြောင့် သူမကိုယ်သူမသတ်သေဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိသူတစ်ယောက်လည်းဖြစ်သည်။

သူမရဲ့မိခင်ဒေါ်စန္ဒာသော်က သမီးဖြစ်သူအားစိတ်ရောဂါကုထုံးများစွာတို့ဖြင့်အချိန်ယူကုသပေးခဲ့ပြီးတဲ့နောက်မှာ သူမရဲ့ရောဂါအခြေအနေဟာ တစ်ဖန်ပြန်လည်ကောင်းမွန်လာခဲ့ရသည်။

သို့ရာတွင်ကံကြမ္မာကလှည့်စားနိုင်လွန်းတဲ့အခါ သူမချစ်ဦးသူနဲ့မျက်နှာကျဆင်းပုံဆင်တူတဲ့ မင်းခန့်ထည်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့သူမမထင်မှတ်ဘဲတွေ့ဆုံမိခဲ့လေသည်။

ထိုအခါစွဲလမ်းစိတ်တို့ကပြန်ပြီးအစပျိုးလာခဲ့ကာ သူမ၏စိတ်ထဲတွင် သူမချစ်သူ သျှားထက်မောင်က သူမဆီသို့ပြန်လာခဲ့ပြီဟူသော လွဲမှားတဲ့အထင်အမြင်တစ်ခုနဲ့မှားယွင်းတဲ့မျှော်လင့်ချက်များကသူမအတွက်ဆက်ပြီးရှင်သန်ဖို့ရာ အားသစ်လောင်းထပ်ခဲ့သလိုဖြစ်ခဲ့ရပေသည်။

ထို့ကြောင့် သူမအစွဲလမ်းကြီးစွာမျှော်လင့်ခဲ့မိသည်။မင်းခန့်ထည် သူမအားချစ်လာမယ့်တစ်နေ့ကိုပေါ့။ဒါပေမယ့် သူမကိုချစ်လာမယ့်နေ့မရောက်ခင်မှာပဲ သူမဘဝထဲမှ သူမရဲ့ဒုတိယချစ်ရသူမင်းခန့်ထည်ကထပ်ထွက်သွားဖို့ကြိုးစားနေပြန်လေပြီ။

သူမဒီလောကကြီးထဲမှာဆက်မရှင်သန်ချင်တော့ပေ။သူမအတွက်ခိုအောင်းရာခုတင်အောက်လေးကလည်းတဖြည်းဖြည်းနဲ့အေးစက်လာရကာအထီးကျန်လွန်းလှလေပြီ။

သူမချစ်ပေးဖို့မျှော်လင့်နေတဲ့ သူက သူမကိုထပ်မချစ်နိုင်တော့ဘူးဆိုတဲ့အသိတစ်ခုဟာသူမအားအရှုံးပင်လယ်ထဲမှာထပ်ပြီးနှစ်သတ်နေခဲ့ပြန်တာကြောင့် အကယ်၍ သူမဒီလောကကြီးထဲကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့မယ်ဆိုလျှင် မင်းခန့်ထည်ရဲ့ရင်ခွင်တစ်နေရာစာ၌ သူမအတွက်ဝမ်းနည်း၍ဖြစ်စေ နောင်တရ၍ဖြစ်စေ သူမရှင်သန်ခွင့်များရလေမလားဟူသော အတွေးတစ်ခုကသူမရဲ့မှတ်ဥာဏ်တွေထဲရူးနှမ်းစွာဖြင့်ဝင်ရောက်လာခဲ့လေသည်။

ထို့အတွက်သူမကိုယ်တိုင်ပင် သူမလက်ကောက်ဝတ်ပေါ်ရှိသွေးကြောမျှင်လေးအား နောင်တရခြင်းအလျဉ်းမရှိစွာ ဖြတ်တောက်ပစ်ခဲ့သည်။

ချင်းချင်းနီနေတဲ့သွေးတွေက သူမရဲ့လက်ကောက်ဝတ်ထက်ကနေကြမ်းပြင်ပေါ်ကိုမရပ်မနားစီးကျနေတာကို သူမရဲ့မျက်ဝန်းတွေက သေသေချာချာရှုကြည့်နေခဲ့ပေမယ့်သူမနည်းနည်းလေးမျှမကြောက်ရွံ့ခဲ့ပေ။

သူမမနာကျင်သလို ဝမ်းလည်းမနည်းပေ။
ဘာလို့လဲဆိုတော့ သူမချစ်တဲ့လူအတွက်စွန့်စားရတဲ့လုပ်ရပ်တစ်ခုဖြစ်လို့ သူမလုံးဝမငိုကြွေးခဲ့လေဘူး။

သူမအတွက် မင်းခန့်ထည်ဆိုတဲ့အသဲမာသည့်လူသားကသူ့ရဲ့ရင်ခွင်ထက်မှာနေရာတစ်နေရာစာလေးပေးဖို့သာ သူမမျှော်လင့်ခဲ့မိတာပါ။
ဒါလေးပါပဲ သူမလိုချင်ခဲ့တာ။

လေးလံနေတဲ့မျက်ခွံများကတဖြည်းဖြည်းအပေါ်ဘက်သို့ပင့်တက်လာတဲ့အခါ သူမစစချင်းမြင်လိုက်ရတာက အပေါ်ဘက်ရှိ အဖြူရောင်မျက်နှာကျက်ပင်ဖြစ်သည်။
သူမ မမှေးစက်ခင်က ဆုပ်ကိုင်ထားပေးခဲ့တဲ့လက်တစ်စုံကသူမ နိုးထလာချိန်၌မူ သူမဘေးနား၌ရှိမနေတော့ပေ။

"အမေ အမေ!!!"

အောက်ထပ်ရှိဒေါ်စန္ဒာသော်က သမီးဖြစ်သူရဲ့အထိတ်တလန့်ခေါ်သံကြောင့်အပေါ်ထပ်သို့ကမမ်းကတမ်းနဲ့အပြေးတက်လာတော့လေသည်။

"ဘာဖြစ်လို့လဲ သမီး၊ဘယ်နားနာနေလို့လဲ၊ ခေါင်းမူးနေလို့လား"

"မောင်ကော မောင်ဘယ်ရောက်သွားလဲဟင်"

"မင်းခန့်လား သူပြန်သွားပြီသမီး"

"ဘာလို့သူ့ကိုပြန်လွှတ်လိုက်တာလဲ နောက်တစ်ခါသမီးဆီကိုသူထပ်မလာတော့ရင်ဘယ်လိုလုပ်မလဲ"

"လာမှာပေါ့သမီးရယ် ဒီနေ့ကအဆောင်မှာလုပ်စရာလေးရှိလို့ဆိုပြီးအလောတကြီးပြန်သွားတာ နောက်နေ့တွေကျရင်ထပ်လာခဲ့မယ်တဲ့"

"သူက သမီးဆီကနေ အမြဲတမ်းထွက်သွားချင်နေတာ အမေမှမသိဘဲ၊ ဟိုတစ်ခါတုန်းကလို ထုတ်မပြောတာပဲရှိတာ"

"သမီးရယ် မင်းခန့်ထည်ဆိုတဲ့ကောင်လေးကလည်း သမီးထာဝရဆွဲထားနိုင်တဲ့ ရုပ်သေးရုပ်မှမဟုတ်တာ၊ သူလည်း သူ့ဘဝအတွက် သူဆုံးဖြတ်ထားတာတွေရှိနေမှာပေါ့၊အခုထိ သမီးဘေးနားမှာနေပေးနေတာတောင် အမေတို့သူ့အပေါ်လွန်လှပြီကွဲ့"

ထိုအခါဖြူစင်သော်က ဒေါ်စန္ဒာသော်အား မျက်ထောင့်နီဖြင့်စိုက်ကြည့်လိုက်ကာ သူမလက်တွေကိုဆုပ်ကိုင်ထားတဲ့အမေဖြစ်သူရဲ့လက်တစ်စုံကိုဒေါသတကြီးဆွဲဖယ်ပစ်လိုက်ပါတော့သည်။

"ဘာလို့လွန်ရမှာလဲ၊သူကသမီးချစ်သူပဲဟာ သမီးဘေးနားမှာနေပေးတယ်ဆိုတာဖြစ်သင့်တာပဲမဟုတ်ဘူးလား!"

"ဒါပေမယ့် သူ သမီးကိုမချစ်ဘူးလေ၊အဲ့အတွက်သမီးအခုလိုနာကျင်နေရတယ်မှတ်လား၊"

"ဘယ်သူကပြောလဲမချစ်ဘူးလို့။သူ မချစ်ရင်သူသမီးဘေးမှာဒီလိုမျိုးနေပေးနေမှာမဟုတ်ဘူး၊အမေပြောတဲ့အဲ့စကားတွေကသမီးအတွက်နာကျင်စရာတွေချည်းပဲဆိုတာသိရဲ့နဲ့ အမေမို့ပြောထွက်ရက်တယ်"

"ကိုယ့်သမီးကိုမချစ်တဲ့လူတစ်ယောက်ကိုအတင်းဆွဲထားပြီး ဘေးနားမှာနေပေးဖို့တောင်းပန်နေရတဲ့ အမေ့အဖြစ်ထက် ပိုရင်နာဖို့ကောင်းတဲ့အဖြစ်ရှိပါ့မလား သမီးရယ်၊
အမေကလေ သမီးလေးကိုနှစ်နှစ်ကာကာချစ်မြတ်နိုးတဲ့လူကိုပဲလိုချင်တာ၊ဒါမှ အမေသေတဲ့အထိစိတ်ချသွားနိုင်မှာ"

ထိုအခါ ဖြူစင်သော်ကမဲ့ပြုံးပြုံးလျက် ထေ့ငေါ့လာခဲ့လေသည်။

"ဒါဆို အဲ့ဒီ့တုန်းက ဘာလို့များ မောင့်ကိုထွက်သွားအောင်လုပ်ခဲ့သေးလဲ၊ သျှားထက်မောင်ကိုလေ ဘာလို့သမီးဘေးနားကနေထာဝရပျောက်ကွယ်သွားအောင်လုပ်ခဲ့ကြတာလဲလို့! ၊အား!!!!!! နာကျင်တယ်၊
အမေ့ကိုမြင်တိုင်းနာကျင်တယ်၊ ထွက်သွား!!!!! ကျေးဇူးပြုပြီး ထွက်သွားပေးစမ်းပါ!!!!!!"

ဖြူစင်သော်က သူမနားနှစ်ဖက်အားလက်နှစ်ဖက်ဖြင့်စုံပိတ်ကာ ခပ်စူးစူးအော်ငိုလာတော့သည်။

"နာကျင်တယ်၊နာကျင်တယ်လို့!!!!!!"

ပြီးတော့ပါးပြင်၂ဖက်ဆီကိုပါတဖက်ဖက်နဲ့ရိုက်လာခဲ့တာကြောင့်ဒေါ်စန္ဒာသော်မှာဖြူစင်သော်ရဲ့လက်တွေကိုအတင်းချုပ်ထားရလေသည်။ဒေါ်စန္ဒာသော်ရဲ့ပါးပြင်ထက်မှာလည်းသမီးဖြစ်သူရဲ့ထိုပုံစံကိုကြည့်နေရင်းကူကယ်ရာမဲ့စွာ မျက်ရည်ပုလဲတို့တသွင်သွင်စီးကျနေလျက်။

"သမီး ဖြူစင်သော်စိတ်ထိန်းပါဦး၊သမီးရယ်"

နောက်ဆုံးတော့ ဒေါ်စန္ဒာသော်လည်းအိမ်ရှိအလုပ်သမားများအားအလျင်အမြန်အော်ခေါ်ပြီးအကူအညီတောင်း၍ ဖြူစင်သော်အားချုပ်ကာ ကြိုးများဖြင့်တုပ်နှောင်ထားလိုက်ရသည်။ဖြူစင်သော်ကတော့တုပ်နှောင်ခံထားရတာတောင် သူမရဲ့ခုတင်ထက်တွင်ရုန်းကန်ပေါက်ကွဲနေဆဲပင်။ပါးစပ်မှလည်းတဗျစ်ဗျစ်တတောက်တောက်ပြောဆိုနေလျက်။

"မောင်လေ မောင်ကလေ ငါ့ကိုသိပ်ချစ်တာ၊သိပ်ချစ်ရက်သားနဲ့ ဘာလို့များထွက်သွားတာလဲ ဘာလို့လဲ၊ဘာလို့လဲလို့!!!!"

••••••••••••••••••••••••••••••••••••••••••••••••••

Fresher Welcomeပွဲအပြီး နောက်၂ပတ်အခြားတွင် အကြီးဆုံးပွဲဖြစ်တဲ့Unity fairရှိရာ ထို Fairတွင် The whole kingနဲ့ queenရလဒ်တွေကိုကြေညာမှာဖြစ်တာကြောင့် majorအသီးသီးမှ king၊Queenများက
သူ့ထက်ငါအကြိတ်အနယ်လေ့ကျင့်နေကြလေသည်။
ဌာနအသီးသီးမှ Seniorများကလည်း major Kingနဲ့ Queenအတွက် အဘက်ဘက်ကနေအကောင်းဆုံး supportပေးကြတဲ့အရေးကြီးဆုံးအချိန်ပေ။

"မင်းစက် ဒီနေ့မင်းသွားမှာမှတ်လား"

မင်းခန့်ထည်က စာရင်းအချို့ကိုစီစစ်နေရင်းသူ၏ဘေးနား၌ထိုင်ကာ ဌာန Wifiနဲ့ gameဆော့နေသောမင်းစက်အားလှမ်းမေးလိုက်သည်။

"ဘယ်ကိုလဲ"

"အပေါ်ကိုလေ၊kingနဲ့ queenအတွက်ဋ္ဌာနကပြင်ဆင်ပေးထားတဲ့ပစ္စည်းတချို့ကိုသွားပို့ပေးရမှာမို့လို့၊ မင်းသွားမှာလားလို့"

မင်းစက်ကဂိမ်းထဲမှာတခြားတစ်ယောက်ကို Lock outလုပ်လိုက်ရင်းခေါင်းငြိမ့်ပြလာခဲ့သည်။

"အေး ငါသွားလိုက်မယ်"

"မင်း ဟန်လင်းထက်ကိုတွေ့ရင်လည်းခေါ်လိုက်ဦး၊ဟိုနေ့တွေတုန်းက ငါတို့သွားတော့ ငါတို့ကိုကြည့်ပြီး အဲ့ကောင်လေး တစ်ခုခုဖြစ်နေသလားလို့"

"ဘာဖြစ်နေလို့လဲ"

"မသိဘူးလေကွာ၊ သူ့ပုံစံက ငါတို့ကိုကြည့်ပြီးစိတ်တိုသွားတဲ့ပုံပဲ"

'တစ်စုံတစ်ယောက်ကိုများမတွေ့လို့လားမသိ 'ဟူသောစကားတို့အား မင်းခန့်ထည်ဆက်မပြောလိုက်ပေ။

သူပဲစိတ်ထင်နေလို့လားတော့မသိပေမယ့် ဟန်လင်းထက်ကမင်းစက်ကိုဆိုတော်တော်လေးကိုတွယ်ကပ်နေသလားလို့.....

ဟိုတစ်နေ့ကအဲ့ကောင်လေးရဲ့အကြည့်တွေကိုသူမြင်ပြီးကတည်းက တစ်ခုခုထူးဆန်းနေတာကိုခံစားလိုက်ရပေမယ့် ဘယ်နေရာကထူးဆန်းနေလဲဆိုတာတော့သူရှင်းရှင်းလင်းလင်းမပြောတတ်ပေ။

"နေ့လည်သွားရမှာမှတ်လား ငါသွားလိုက်မယ်"

"ပြီးတာပဲ"

ထိုစဥ် ရှိုင်းဇေယံက စာရွက်လေးတစ်ရွက်ကိုကိုင်ရင်းဋ္ဌာနထဲသို့ဝင်လာလေသည်။မင်းခန့်ထည်ကရှိုင်းဇေယံရောက်လာတာကိုမြင်တာနဲ့ လက်ထဲကစာရင်းတွေကိုချထားလိုက်ပြီး ထိုကောင်လေးဆီသို့အမြန်လျှောက်သွားရင်းမေးလိုက်သည်။

"ညီ ဘာဖြစ်လို့လဲ"

"ဆရာက Majorစာအုပ်စာရင်းကောက်ခိုင်းထားလို့"

"Aww ဆရာမရှိဘူးထင်တယ် အကို့ကိုပေးခဲ့လေ ခုနကပဲအစည်းအဝေးသွားလို့ အကို့ကိုတောင် ဒီစာရင်းတွေအပ်ထားတာ"

"ဟုတ် အကို"

ရှိုင်းလည်း သူ့လက်ထဲမှစာရွက်လေးအားမင်းခန့်ထည်ဆီသို့လွှဲပြောင်းပေးလိုက်တော့လေသည်။

မင်းစက်ကထို၂ယောက်ကိုမျက်လုံးတစ်ချက်ပင့်ကြည့်လာပြီးနောက်ဂိမ်းဆီအကြည့်တို့ကိုပြန်ရွှေ့လိုက်ကာ ရှိုင်းဇေယံကိုလှမ်းမေးလာသည်။

"ညီလေး ရှိုင်းဇေယံ အကိုနဲ့ အပေါ်ကိုလိုက်မလား"

"ဘယ်ကိုလဲ အကိုမင်းစက်"

"King Queenတွေရှိတဲ့နေရာကိုပြောတာ"

"Aww... ဘွဲ့နှင်းသဘင်ခန်းမလား ဟုတ်၊လိုက်ခဲ့မယ်လေ"

ထိုအခါ မင်းခန့်ထည်က မလိုမလားစွာကြားဖြတ်ဝင်ပြောလာခဲ့သည်။

"ဘာကိစ္စ ညီ့ကိုကပ်ခေါ်နေတာလဲ မင်းဘာသာမင်းသွားလဲရနေတာပဲဟာကို"

"ညီလေးရှိုင်းဇေယံကတောင် လိုက်မယ်ပြောနေတဲ့ဟာကို မင်းကကြားကနေဘာထဖြစ်နေတာတုန်း"

"မင်း ညီ့ကိုပစ္စည်းတွေဝိုင်းသယ်ခိုင်းမလို့အပါခေါ်နေတာကိုငါမသိဘူးများထင်နေလား
ညီ့ကိုခိုင်းဖို့မကြိုးစားနဲ့ ကို့ဘာသာကိုယ်သယ်သွား"

ရှိုင်းက ဘာမှဝင်မပြောလာဘဲ
ခွပ်နေကြတဲ့ထိုသူငယ်ချင်း၂ယောက်ကိုငြိမ်ငြိမ်လေးရပ်ကြည့်နေလိုက်တော့သည်။

ချိန်ခွင်လျှာကဲ့သို့အင်မတန်မှတဖက်စောင်းနင်းဘက်လိုက်နေပါတဲ့မင်းခန့်ထည်ရဲ့စကားတွေကို အမြင်ကပ်စရာကောင်းစွာကြားလိုက်ရတဲ့အခါ မင်းစက်ကဂိမ်းဆော့နေရင်းနဂါးမျက်စောင်းထိုးလာခဲ့သည်။

"မင်းသယ်ရတာမဟုတ်ဘူးလေ၊ ဒီလောက်ထိမကျေမနပ်ဖြစ်နေရင် မင်းလိုက်သယ်ပေးပေါ့"

"မရဘူး၊ညီက ငါနဲ့ canteenသွားမှာ၊ မင်းလေးလို့မသယ်ချင်ရင် ဟန်လင်းထက်ကိုဖုန်းဆက်ခေါ်လိုက်!"

"... .."

*ချီးပဲ*

မင်းစက်ခမျာပြောစရာစကားတို့ပျောက်ရှကာအသံတိတ်သွားလေသည်။အပြင်ဘက်တွင်တော့ထုတ်မဆဲရဲပေမယ့်ရင်ထဲအသည်းထဲတွင်တော့ကြိတ်ကာမှိတ်ကာမေတ္တာပို့နေရှာသည်။ရှိုင်းဇေယံကတော့ပြုံးစိစိဖြစ်နေရှာတဲ့သူ့ရဲ့မျက်နှာပိုးကိုမနည်းသတ်ထားရလေ၏။

မင်းခန့်ထည်ကစာအုပ်စာရင်းများအား ဆရာများနားနေခန်းသို့ယူသွားလိုက်ပြီး ခနကြာတော့ပြန်ထွက်လာကာ ခုံပေါ်တွင်တင်ထားတဲ့လွယ်အိတ်လေးအားကောက်လွယ်လိုက်လျက် မျက်နှာဆူပုတ်ကာပွစိပွစိဖြစ်နေရှာသောမင်းစက်အားလျစ်လျူရှုရင်းဆိုလေသည်။

"သွားရအောင် ညီ"

"အကိုမင်းစက်ကော မလိုက်ဘူးလား"

"မလိုက်ဘူးညီလေးရေ မလိုက်ဘူး တစ်စုံတစ်ယောက်ကတော့ အကိုလိုက်ရင်အကို့ကိုအမဲဖြတ်မယ့်ပုံ"

"မင်းစက်..မင်း !!! "

"တော်ပါတော့ အကိုကလည်း၊ဒါဆို ကျနော်တို့သွားပြီနော် အကိုမင်းစက်။
အချိန်မှီရင် ကျနော်လာခဲ့ပါ့မယ်။"

"Okok ညီလေး... ကြားတယ်နော် တစ်စုံတစ်ယောက်ရဲ့ပုပ်သိုးသိုးစိတ်ဓာတ်နဲ့များကွာပါ့"

မင်းခန့်ထည်ကလည်းမင်းစက်အားလေဆာမျက်စောင်းများနဲ့လှိမ့်ပိတ်ထိုးလာလေရာနောက်ဆုံးတော့ထိုကြောင်နဲ့ကြွက်နှစ်ယောက်ကြား၌ရှိုင်းဇေယံကပဲဝင်တားလိုက်ရပြီး မင်းခန့်ထည်ကိုဌာနအပြင်ဘက်သို့ဆွဲခေါ်သွားတော့လေသည်။

မင်းခန့်ထည်တို့ထွက်သွားတော့ မင်းစက်လည်းဆော့လက်စဂိမ်းကိုအဆုံးသတ်လိုက်ပေသည်။

ထို့နောက် ပစ္စည်းများစုထည့်ထားတဲ့ စက္ကူပုံးလေးအားပိုက်လျက် ဋ္ဌာနထဲမှထွက်လာလိုက်ကာ သုံးထပ်ဆောင်အပေါ်ဆုံးထပ်ဆီသို့လှမ်းကြည့်လိုက်ရင်း ဟင်းခနဲသက်ပြင်းတစ်ချက်ချလျက်လေးဖင့်စွာဦးတည်လိုက်တော့သည်။

"မောလိုက်ကာ လှေကားတွေကဘာကိစ္စ ဒီနေ့မှမြင့်နေတာလဲမသိဘူး၊ငါတော့ အပေါ်မရောက်ခင်အသက်ထွက်မယ်ထင်တယ်"

မင်းစက်က lobbyဘက်ရှိ အပေါ်ဆုံးထပ်သို့တစ်ဖြောင့်တည်းရောက်တဲ့လှေကားကိုမရွေးဘဲ အဆောက်အဦးအနောက်ဘက်ရှိလူရှင်းသောလှေကားထစ်တွေဆီကနေကွေ့ပတ်တက်နေတာကြောင့်အဆုံးမသတ်နိုင်သောလှေကားထစ်တွေကိုဖြတ်ကျော်နေရခြင်းပင်။

သူအရှေ့ဘက်လှေကားကနေမသွားရခြင်းအကြောင်းမှာ break timeချိန်ရောက်ပြီဖြစ်တာကြောင့် အပေါ်ထပ်မှဆင်းလာသူ ဟန်လင်းထက်နှင့်ထိပ်တိုက်တွေ့မည်စိုး၍ ဤသို့ဒုက္ခခံနေခြင်းဖြစ်သည်။

မင်းစက်တစ်ယောက် ခရုငယ်လေးကဲ့သို့ လှေကားထစ်များကိုတစ်ရွေ့ရွေ့နဲ့တက်နေစဉ် ပါးစပ်မှလည်းမနားမနေကျိန်ဆဲနေတာကြောင့် သူခမျာအတိုင်းထက်လွန်မောပန်းနေရလေ၏။

မင်းစက် တက်ရင်းတက်ရင်းနှင့်လှေကားတစ်ထစ်အရောက်တွင်နမော်နမဲ့နိုင်စွာ အဆင့်ကျော်တက်မိလိုက်တာကြောင့် ဟန်ချက်မထိန်းနိုင်ဘဲ အနောက်ဘက်သို့လန်ကျသွားတော့သည်။

"Shit!!! "

သို့သော်သူ့အားတစ်စုံတစ်ယောက်ကအနောက်ဘက်မှလှမ်းထိန်းလိုက်တာကြောင့်အောက်ဘက်ဆီသို့လိမ့်ကျမသွားဘဲ နာကျင်မှုတို့အစား အသက်ရှုအတက်အကျပုံမှန်မဟုတ်သော အသံများကသူ၏နားထဲသို့တိုးဝင်လာကာ သန်မာတောင့်တင်းသောလက်တစ်စုံကသူ့အားတင်းကြပ်စွာထိန်းကိုင်ထားသည်ကို သူခံစားလိုက်ရသည်။

"ကိုစက်!"

ရင်နှီးနေကျအသံတစ်ခုဖြစ်သော်လည်းစိုးရိမ်ပူပန်စိတ်တို့ရောယှက်နေတဲ့တစ်စုံတစ်ယောက်ရဲ့အသံကိုကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် မင်းစက်ရဲ့မှိတ်ထားသောမျက်ဝန်းအိမ်တို့ကချက်ချင်းပွင့်လာခဲ့သည်။

"အလင်း!!"

မင်းစက် ဟန်လင်းထက်ကိုမြင်တော့ ထိုကောင်လေးရဲ့ရင်ခွင်ထဲကနေကပြာကကယာထွက်လိုက်လေသည်။

"ကိုစက် လိမ့်ကျတော့မလို့နော် ကျနော်သာရောက်မလာရင် ကိုစက်ဘယ်လိုလုပ်မလဲ"

ဟန်လင်းထက်ကမင်းစက်အားစိုက်ကြည့်လျက်ထုံးစံအတိုင်းဆူပူနေတဲ့အခိုက်
မင်းစက်က ဟန်လင်းထက်ရဲ့စူးရှရှမျက်ဝန်းတွေဆီသို့ပြန်ကြည့်မလာခဲ့ဘဲ တစ်နေရာရာသို့သာအကြည့်လွှဲထားလျက် မကြားချင်ယောင်ဆောင်နေပေသည်။

အမှန်တကယ်ဝန်ခံရမယ်ဆို အခု သူ့ထံ၌ ထိုလူသားလေးရဲ့မျက်ဝန်းလေးတွေထဲ စိုက်ကြည့်နိုင်တဲ့ခွန်အားတို့ကျန်ရှိမနေတော့ပေ။
စည်းချက်မကိုက်ညီစွာခုန်ပေါက်နေရှာတဲ့နှလုံးသားတစ်စုံနဲ့အတူပစ်ခွင်လဲကျချင်နေတဲ့ခြေတံတစ်စုံသာသူ့မှာကျန်ရှိတော့တာကိုသူကိုယ်တိုင်အသိဆုံးပင်။

"ကိုစက် ကျနော်ပြောတာကြားလား၊ ကိုစက်အရမ်းလန့်သွားတာလား"

ဟန်လင်းထက်က မင်းစက်ရဲ့ပုခုံးသားထက်သို့လက်လှမ်းလိုက်လျက်စိုးရိမ်မှုအပြည့်နဲ့ထပ်မေးလာလေသော် မင်းစက်က တစ်စက္ကန့်မျှကြန့်ကြာခြင်းမရှိ ထိုလက်ထဲကနေရုံးထွက်လိုက်ကာ အူကြောင်ကြောင်မျက်နှာပေးလေးဖြင့်တုံ့ပြန်လာခဲ့သည်။

"အင်း နဲနဲတော့လန့်သွားတယ်"

ဟုပြန်ဖြေလိုက်ပြီးနောက် လှေကားထစ်တွေပေါ်သို့ပြန့်ကျဲကျသွားရသော ပစ္စည်းလေးများအား တစ်ခုချင်းစီလိုက်ကောက်နေလိုက်တော့သည်။

"ကျနော် ကူပေးမယ်"

ဟန်လင်းထက်လည်း မင်းစက်နဲ့အတူထိုပစ္စည်းများအားကူကောက်လိုက်ပြီး လှေကားအောက်ဆုံးအထစ်ထိကျသွားရသောစက္ကူဘူးလေးအား ဆင်းကောက်ပြီးနောက်မင်းစက်ဆီသို့လှမ်းပေးလိုက်သည်။

မင်းစက်ကပြန့်ကျဲသွားတဲ့ပစ္စည်းတွေကိုစက္ကူဘူးလေးထဲသေသေချာချာပြန်ထည့်ပြီးတဲ့အခါ ဟန်လင်းထက်ကသူ့လက်ထဲရှိထိုစက္ကူဘူးလေးအား ချက်ချင်းပင်ပြန်ဆွဲယူလိုက်ပြီးအပေါ်ထပ်သို့ဆက်တက်သွားတော့လေသည်။မင်းစက်လည်းဟန်လင်းထက်နောက်သို့အပြေးလိုက်သွားလိုက်ရင်းမေးကြည့်လိုက်သည်။

"အလင်း ဘယ်လိုလုပ်ပြီး ဒီဘက်ရောက်လာတာလဲ"

"ကျနော်ကိုစက်ကို ဒီဘက်မှာလှမ်းမြင်လိုက်လို့"

'ဒီကလေး raderကငါနဲ့ပက်သတ်ရင်တယ်ကောင်းပါလားဟ'

"တော်သေးတာပေါ့ အလင်းသာမရှိရင် အကိုအခုချိန်လောက်ဆိုနတ်ပြည်ရောက်နေလောက်ပြီထင်တယ်"

မင်းစက်ကရယ်ရယ်မောမောနှင့်သာပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် ဟန်လင်းထက်ကရုတ်တရက်သူ့ရဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး နီရဲနေတဲ့မျက်ဝန်းတစ်စုံနဲ့သူ့ဆီသို့ပြန်လှည့်ကြည့်လာလိမ့်မယ်လို့သူမထင်ထားခဲ့ပေ။

"ကိုစက်ကို တစ်နည်းနည်းနဲ့အဆုံးရှုံးခံရမယ့်နေ့ဆိုတာ ဒီတစ်သက်ရှိလာမှာမဟုတ်ဘူး။
အဲ့လိုစကားမျိုး ကျနော့်ရှေ့မှာနောက်တစ်ခါထပ်မပြောပါနဲ့ !"

ဟန်လင်းထက်ကမင်းစက်အား ဤသို့ဆိုလာပြီးနောက် သူ၏ခြေလှမ်းများကိုပြန်စတင်ကာထိုနေရာမှထွက်သွားတော့လေသည်။မင်းစက်ကတော့ ဟန်လင်းထက်ရဲ့ကျောပြင်လေးအားငေးကြောင်ကြည့်နေလျက်အနောက်နား၌ကျန်နေခဲ့ရပေသည်။

'မင်း ငါ့အပေါ်ဘယ်လောက်ထိတောင်အလေးထားနေတာလဲ အလင်းရာ.....'

••••••••••••••••••••••••••••••••••••••••••••••••••

မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့ရဲ့ Canteenသွားရာလမ်းလေးကဒီနေ့မှပဲအဆမတန်သာယာနေသလိုပင်။မင်းခန့်ထည်ကရှိုင်းရဲ့ကိုယ်လေးအား ထီးနက်ပြာရောင်လေးဖြင့်အုပ်မိုးပေးထားကာ ရှိုင်းပြောသမျှစကားလုံးတိုင်းကို ကောင်လေးရဲ့မျက်နှာလေးအား လည်ပင်းတစ်ခြမ်းကိုစောင်းငဲ့ချလျက် ကြည့်ရှုရင်းနားထောင်နေလေသည်။
မသိလျှင်ကောင်လေးတစ်ယောက်ကသူ့ချစ်သူကောင်မလေးအား တစ်စိမ့်စိမ့်ကြည့်လျက်လွန်စွာချစ်ခင်အလိုလိုက်တဲ့ပုံအလားထင်ယောင်ထင်မှားဖြစ်စေနိုင်လေသည်။

ထိုစဉ်ဆိုင်အတွင်းတစ်နေရာ၌ သူတို့အားဝေဖန်ပိုင်းခြားအကဲဖြတ်နေသည့်ဆရာမကြီးသုံးယောက်ရှိနေသည်ကိုတော့ သူတို့နှစ်ဦးမသိရှာခဲ့ပေ။

"ဟဲ့ သော်တာ ဟိုမှာကြည့် ရှိုင်းနဲ့ကိုကို kingကြီး"

"အေးလေ ငါအစကတည်းကတွေ့သားပဲ နင်အခုမှမြင်တာလားဒါဒါရယ် နုံချာလိုက်တာ"

"OH My God! ဟိုမှာဆီလျော်နေမှုကြီးပါလား"

ကလျာကအသံပြဲကြီးဖြင့်ထပြောလာတာကြောင့်သော်တာကပိတ်ဟောက်လာခဲ့ပေသည်။

"ဟဲ့ မသာမအသံလျှော့ပြောဦး နောက်က
ကိုကြီးတွေငါတို့ကိုဝိုင်းကြည့်နေကြပြီ။
တော်ကြာ နင့်ကြောင့်ငါတို့ ဘဲမရဘဲ Faတွေဖြစ်ကုန်ဦးမယ်။
ထိန်းထိန်း သိက္ခာလေးတွေထိန်းဦး အမ"

ထိုအခါ ကလျာက သူမနှုတ်ခမ်းတို့အားဆူထော်လိုက်တော့သည်။

"အေးပါဟ ဖုန်းမြင့်ဝမ်းနည်းသွားပြီ။"

"နေပါဦးဖုန်းမြင့်ရဲ့ ဝမ်းမနည်းနဲ့ဦး၊နင်ခုနကပြောတဲ့ ဆီလျော်နေမှုကြီးဆိုတာကို ဆက်ပါဦး sis"

ဒါဒါက စောနကကလျာရဲ့စပ်ဖြီးဖြီးမျက်နှာကြီးအားသတိထားမိလိုက်တာကြောင့်မေးလာခဲ့ခြင်းဖြစ်သည်။သို့နှင့် ကလျာက၂ယောက်တစ်ကမ္ဘာတည်လျက်လမ်းလျှောက်လာနေတဲ့ မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့ရှိရာဆီမေးငေါ့ပြလိုက်ရင်းသူမရဲ့မေးစေ့လေးကိုပွတ်သပ်ကာဆိုလာခဲ့ပေသည်။

"အဟမ်းအဟမ်း ဟိုမှာကြည့်..
ပျားရည်ဆမ်းတဲ့မျက်နှာနဲ့The whole kingကြီးက သူ့ခမျာသွား၃၂ချောင်းလုံးပေါ်တဲ့အထိပြုံးဖြီးနေရှာတာ မသိရင်သူ့ကောင်မလေးနဲ့လာတာကျနေတာပဲ။အဲ့တာပေါ့ ငါပြောတဲ့ဆီလျော်နေမှုကြီးဆိုတာ၊"

"အေး ငါလည်းအဲ့တာ ပြောနေတာ၊kingကိုကိုက သူ့ရည်းစားဟိုအမနဲ့တောင်အဲ့လောက်ပြုံးတာမဟုတ်ဘူး၊ရှိုင်းနဲ့ကျတော့ပြုံးဖြီးနေလိုက်တာ၊ပြီးတော့ အုံးလွဲနေလားအောက်မေ့ရတယ်။
လည်ပင်းကရှိုင်းဘက်ကိုတစ်ချိန်လုံးစောင်းနေသလိုပဲ"

ချောမောတောက်ပသောရောင်ဝါတို့ထင်ဟပ်နေသည့်ကိုလူချောလေးနှစ်ယောက် ဆိုင်ထဲသို့ဝင်လာတာကိုမြင်တော့ ဒါဒါကကျန်နှစ်ယောက်အားလက်ကုတ်ကာတီးတိုးပြောလိုက်လေ၏။

"ဟဲ့တော်ကြတော့ ဟိုနှစ်ယောက်ဆိုင်ထဲဝင်လာပြီ"

မင်းခန့်ထည်နဲ့ရှိုင်းဇေယံတို့နှစ်ယောက်တက်လူဆိုင်ထဲသို့ဝင်လိုက်သောအခါ ဆိုင်ထဲတွင်လူအတော်ကြပ်နေလေသည်။တက်လူဆိုင်က Canteenတွင်break timeအချိန်ရောက်တိုင်းလူပြည့်ကြပ်တတ်တဲ့ဆိုင်တစ်ဆိုင်ဖြစ်တာကြောင့်သူတို့ရောက်လာတာနောက်ကျသွားသည်ဟုဆိုရပေမည်။

"စားပွဲတောင်မရှိတော့ဘူး ညီ ၊ တခြားဆိုင်သွားမလား"

ရှိုင်းကဆိုင်ထဲကိုတစ်ချက်ကြည့်လိုက်တော့ အနောက်နားကဝိုင်းတစ်ဝိုင်းမှာထိုင်နေတဲ့မယ်မင်းကြီးမသုံးယောက်ကိုအထင်အရှားတွေ့လိုက်ရတဲ့အခါ ထိုသုံးယောက်ရှိရာဝိုင်းသို့လျှောက်သွားလိုက်လျက် ခုံပေါ်လက်ထောက်လိုက်ရင်း မသိချင်ယောင်ဆောင်ပြီးမေးလိုက်လေသည်။

"ဒါဒါတို့ပါလား၊"

" အခုတလော ရှိုင်းဇေယံတို့များစိမ်းကားနေလိုက်တာ၊ ခုနက ငါတို့ Canteenသွားမယ် လိုက်ခဲ့လို့ခေါ်တုန်းကတော့ ဋ္ဌာနသွားရမယ်လေးဘာလေးနဲ့၊ အခုကျတော့ ဘာကိစ္စ'တက်လူ'ရောက်"

ထိုအခါ ရှိုင်းက သွားတက်လေးပေါ်အောင်ပြုံးပြလာခဲ့သည်။

"Sorryပါအမတို့ရေ။အခုတော့ ဒီဝိုင်းမှာထိုင်ပါရစေခမျ၊ ဆိုင်ထဲကလူတွေလည်းငါတို့ကိုတော်တော်မျက်စိနောက်နေလောက်ပြီ၊"

"OKလေ ဒါပေမယ့်ဒီဝိုင်းဖိုးနင်ရှင်းရမယ်"

"ဟုတ်ကဲ့ပါခမျာ"

ရှိုင်းကသဘောတူလိုက်ပြီးနောက်မင်းခန့်ထည်လည်း မမလေးတို့သုံးယောက်ရဲ့ဝိုင်း၌ ဝင်ထိုင်လိုက်တော့သည်။

ထိုအချိန်မှစ၍ မင်းခန့်ထည်ရဲ့မျက်နှာပေါ်ကသကာရည်အပြုံးတို့ဟာဆိုရင်ကုန်စင်အောင်ပျောက်ရှသွားခဲ့လေပြီဖြစ်သည်။
မင်းခန့်ထည်ရဲ့မျက်နှာသေကြီးကိုမြင်တော့သော်တာ ဒါဒါနဲ့ကလျာ တို့သုံးယောက်စလုံးတစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်ကြရင်း အနေခက်စွာအသံတိတ်သွားကြတော့သည်။

မင်းခန့်ထည်ကတော့စားပွဲထိုးလေးလာချပေးသောရေသန့်ဗူးကိုအဖုံးဖွင့်ကာဖန်ခွက်နှစ်ခွက်ထဲသို့ရေထည့်လိုက်ပြီးနောက် တစ်ခွက်အားရှိုင်းဆီသို့ကမ်းပေးလိုက်တဲ့နေရာတွင်သာ အကြွင်းမဲ့အာရုံစိုက်ထားတာကြောင့်ကျန်တာတွေကိုသူ့စိတ်ထဲထည့်မထားခဲ့ပေ။

ပြီးတော့အစားအသောက်မှာရာတွင်လည်းရှိုင်းစားမယ့်အစားအစာတွေကိုအသေးစိတ်မှာပေးပြီးရှိုင်းကအစပ်များတာစားချင်ကြောင်းဆိုလာလျှင်သူကအစပ်လျှော့စားခိုင်းသည်။ဗိုက်အောင့်မှာစိုး၍မစားသင့်ကြောင်းရှိုင်းကိုစိတ်ရှည်စွာရှင်းပြလာခဲ့ကာ သူသည်လည်းရှိုင်းဇေယံနဲ့ထပ်တူအစားအစာကိုသာရွေးမှာလေသည်။

ထို့အပြင်ရှိုင်းကြိုက်သော Ice coffeeကိုလည်း NES Coffeeဖြင့်သာဖျော်ပေးပါဟူ၍ လည်းအတန်တန်မှာနေရှာကာ ကျန်တဲ့သုံးယောက်ကိုတော့လုံးဝလျစ်လျူရှုထားလေ၏။

ထို့ကြောင့် 'အဖေရေ ကျမတို့သုံးယောက်ကိုကောဒီဝိုင်းမှာရှိတယ်လို့တောင်သတ်မှတ်သေးရဲ့လား' ဟု သုံးယောက်စလုံးပြိုင်တူအော်မေးချင်လောက်တဲ့အထိအောင်ပင်ခံပြင်းနေခဲ့ရချေသည်။

သုံးယောက်စလုံးကမင်းခန့်ထည်ရဲ့အပြုအမူမှန်သမျှကိုသိမ်းငှက်မျက်လုံးများဖြင့်တောက်လျှောက်ကြည့်ရှုစစ်ဆေးနေကြပြီးနောက် အသေးအမွှားလေးကအစအကဲခတ်နေကြကာကြုံရင်ကြုံသလိုတစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြရတာလည်းအမောပင်။

ထို့နောက် ဒါဒါကသူမရဲ့မျက်လုံးတွေကိုမှေးကျဥ်းလိုက်လျက် ရှိုင်းဇေယံကိုလက်တို့လိုက်ကာအသံကျယ်ကြီးနဲ့ထပြောလာခဲ့လေသည်။

"ဟဲ့ ရှိုင်း နင်နဲ့ဟိုကောင်မလေးရဲ့အခြေအနေဘယ်လိုလဲ"

ရုတ်တရက်ထပြောလိုက်တဲ့ဒါဒါ့စကားကြောင့်မင်းခန့်ထည်ရဲ့မျက်လုံးများကအသက်ဝင်လာကာ ဒါဒါ့ဆီသို့တစ်ချက်ပင့်ကြည့်လာပြီးနောက် သူ၏အကြည့်များကရှိုင်းဇေယံထံ၌ အဆုံးသတ်သွားတော့လေသည်။

ရေခဲရေခွက်ကိုကိုင်ထားတဲ့ရှိုင်းဇေယံရဲ့လက်တွေကလေထုထဲမှာရပ်တန့်သွားပြီးဒါဒါဘက်သို့အပြုံးမမည်သောအပြုံးကြီးနဲ့လှည့်ကြည့်လိုက်ရင်းအရိပ်အခြေပြလာခဲ့သည်။

'လခွမ်း! ကြီးတော်ရယ် ကိုခန့်ရှေ့ရောက်မှ ဒီကိစ္စပြောရလားဟ!'

ဒါဒါ့မေးခွန်းအဆုံးသတ်သွားပြီးနောက် ထိုဝိုင်းတစ်ဝိုက်၌ ရေခဲစိုင်တစ်စိုင်အနားမှာလာထောင်ထားသကဲ့သို့အေးစိမ့်စိမ့်အငွေ့အသက်များကအရပ်ရှစ်မျက်နှာဆီကနေတဖြည်းဖြည်းဖြန့်ကျက်လာခဲ့ကာ
အပူချိန်ကရုတ်တရက်ကြီးလျော့ကျသွားခဲ့ရသည်။

မင်းခန့်ထည်ရဲ့အနီးဆုံးမှာထိုင်နေတဲ့ရှိုင်းဇေယံက ထိုအကျိုးသက်ရောက်မှုကိုပိုအခံရဆုံးပေမို့ သူ့ဘေးဘက်ရှိလူသားကိုစောင်းငဲ့ကြည့်လိုက်လေရာ ထိုလူသားရဲ့ရွှန်းလဲ့သောအကြင်နာမျက်ဝန်းတစ်စုံတို့၌ မရင်းနှီးတဲ့အရိပ်အယောင်များက မီးစသေးသေးလေးတစ်စနဲ့အတူအစပျိုးတောက်လောင်နေပြီဖြစ်သည်။

ထိုအကြည့်တွေကိုအဓိပ္ပါယ်ဖွင့်ပြရမယ်ဆိုရင်တော့ဖြင့် နောက်မီးလင်းနေတဲ့ဇနီးသည်အား လက်ပူးလက်ကြပ်မိသွားရတဲ့ခင်ပွန်းသည်က ကြည့်လာသောအကြည့်ဟုခိုင်းနှိုင်းပြောဆိုရလျှင်ပိုမှန်ပေလိမ့်မည်။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💜

Merry Christmas my readers🙆😄🎄🎁❄🎅

••••••••••••••••••••••••••••••••••••••••••••••••••

အခန္း(၂၁) - Someone is on fire

Zawgyi

[The whole king ႀကီးကအုံးလြဲေနတယ္ ]

"မ... သြား....ပါ.... နဲ႔ .. အလင္း"

တဲ့ သူက်ေနာ္႕ကိုမဝံ့မရဲနဲ႔တားေနတဲ့အသံေလးက က်ေနာ္ရဲ႕ႏွလုံးသားဆည္းလည္းေလးအား အ႐ွိန္ဟုန္ျပင္းထန္စြာလႈပ္ခတ္ေစခဲ့ေလတယ္။က်ေနာ္႕အတြက္ေမွ်ာ္လင့္ခ်က္ေရာင္ခ်ည္မ်ားစြာတို႔က ကမ္းလက္လွမ္းလ်က္ႏွင့္ အသိစိတ္တို႔က႐ႊင္ျမဴးေနလ်က္ပင္။

မင္းစက္ရဲ႕စကားအဆုံး ဟန္လင္းထက္လည္းခုတင္ေပၚမွခ်က္ခ်င္းပင္ထရပ္လိုက္ကာ မင္းစက္ရဲ႕မေသးလြန္းမပုလြန္းတဲ့ခႏၶာကိုယ္ေလးအား ရင္တစ္ပိုက္လုံးျပည့္ေအာင္ ေပြ႕ပိုက္လိုက္ပါေတာ့သည္။

"ျပန္ေျပာပါဦး ကိုစက္!!"

ဟန္လင္းထက္ရဲ႕ေတာင့္တင္းေသာလက္ေမာင္းမ်ားၾကား၌ ေပ်ာက္ကြယ္လုနီးနီးျဖစ္ေနရတဲ့မင္းစက္ကမလႈပ္မယွက္နဲ႔မံမီသဖြယ္ေတာင့္ေတာင့္ႀကီးရပ္ေန႐ွာေလသည္။

"ျပန္ေျပာပါဦး က်ေနာ္ထပ္ၾကားခ်င္ေသးလို႔"

"... "

'ငါမေျပာႏိုင္ေသးဘူးေသနာေလးရဲ႕ မင္းလုပ္လို႔အသက္႐ွဴၾကပ္ၿပီးေသေတာ့မယ္ကြ!!!'

"ဖယ္ပါဦးကြာ ငါအသက္႐ွဴၾကပ္ေနၿပီ"

ထိုအခါမွဟန္လင္းထက္တစ္ေယာက္ မင္းစက္ကိုလႊတ္ေပးဖို႔သတိရေတာ့ေလသည္။ဟန္လင္းထက္လႊတ္ေပးလိုက္ၿပီးေနာက္မင္းစက္ကသူ႕ရဲ႕ရင္ဘက္ကိုဖိကာတဟြတ္ဟြတ္နဲ႔ေခ်ာင္းဆိုးလာခဲ့သည္။

"ကိုစက္ ရရဲ႕လား က်ေနာ္ေတာင္းပန္ပါတယ္"

ဟန္လင္းထက္က မ်က္ႏွာေလးညိႇဳးငယ္စြာေျပာလာေတာ့ မင္းစက္ရဲ႕ႏွလုံးသားေလးမွာထိုလူဆိုးေလးအားအေလွ်ာ့မေပးဘဲမေနႏိုင္ေတာ့ေပ။မင္းစက္က ဟန္လင္းထက္အားလက္ခါျပလိုက္ကာ ေကာင္ေလးရဲ႕ပခုံးထက္သို႔ ႏွစ္ခ်က္မွ်ညင္သာစြာပုတ္လိုက္ရင္းေျပာလာခဲ့သည္။

"ဘာမွမျဖစ္ပါဘူးကြာ ငါကအထိမခံေႂကြပန္းကန္လည္းမဟုတ္ဘူးေလ မင္းငါ့ကိုအၿမဲတမ္းစိုးရိမ္ေနစရာမလိုပါဘူး"

'မင္း ငါ့ေၾကာင့္ စိုးရိမ္ပူပန္မႈျဖစ္ေနရတဲ့အခါတိုင္း ငါ့ကိုယ္ငါ ပိုၿပီးေဒါသထြက္မိတယ္ဆိုတာမင္းသိရဲ႕လား '

"မသြားပါနဲ႔။ငါမင္းကိုသြားခြင့္မျပဳႏိုင္ဘူး။ငါ့နားမွာပဲေန"

တစ္ေယာက္ေသာသူဆီကေန သူၾကားခ်င္ေနပါတဲ့ ထိုစကားလုံးေလးေတြေျပးထြက္လာေတာ့ဟန္လင္းထက္ရဲ႕မ်က္ဝန္းေတြကႏႈတ္ခမ္းသားတို႔နဲ႔အတူတြန္႔ေကြးသြားရသည္။

"တကယ္လား"

"အမ္!!! "

'ေနစမ္းပါဦး ငါေျပာတာဘယ္အထိေရာက္သြားတာတုန္းဟ!!'

မင္းစက္တစ္ေယာက္ သူ႕ရဲ႕မ်က္ဆံေလးေတြကိုလွိမ့္လိုက္ကာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးမွဆက္ေျပာလာသည္။

"အကိုေျပာခ်င္တာကကြာ မင္းကိုတစ္ေယာက္တည္းလႊတ္ထားလို႔မရဘူး။မင္းကေဆးလိပ္ေတြေသာက္တယ္ေလ။မေတာ္လို႔က်န္းမာေရးထိခိုက္သြားရင္ အကို မာန္ကိုဘယ္လိုမ်က္ႏွာျပရမလဲ။"

ထိုစကားၾကားေတာ့ဟန္လင္းထက္ရဲ႕မ်က္ႏွာေလးက႐ုတ္ခ်ည္းဆူပုတ္သြားေတာ့သည္။

"ေဆးလိပ္ေၾကာင့္လား။"

"အင္း"

"တျခားအဓိပၸါယ္ေကာမ႐ွိဘူးလား"

"ဘာအဓိပၸါယ္လဲ"

"အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့လူကႏိႈးရခက္တယ္တဲ့။ဒါေၾကာင့္ က်ေနာ္ကပဲ မသိခ်င္ေယာင္ေဆာင္ေပးလိုက္ပါ့မယ္ေလ"
ဟု ဟန္လင္းထက္က မ်က္လႊာေလးခ်ကာစိတ္မေကာင္းျဖစ္တဲ့ေလသံေလးနဲ႔ေျပာ၍
လွည့္ထြက္သြားတာေၾကာင့္မင္းစက္ခမ်ာစိုးထိတ္သြားရျပန္သည္။

ထို႔ေၾကာင့္ သူကဟန္လင္းထက္ရဲ႕လက္ေမာင္းတစ္ဖက္ကိုဆြဲကိုင္လိုက္ကာ စိုးရိမ္တႀကီးေမးလိုက္ေလ၏။

"အလင္း ဘယ္သြားမလို႔လဲ"

ထိုအခါဟန္လင္းထက္က မင္းစက္ရဲ႕မ်က္ႏွာေလးကိုငုံ႔ၾကည့္လိုက္ရင္းဆြဲဆြဲငင္ငင္ရယ္လာခဲ့သည္။

"စီးကရက္သြားဝယ္မလို႔"

"အလင္း!!!"

မင္းစက္ကမ်က္ေမွာင္ၾကဳတ္ရင္းေအာ္လိုက္ေတာ့ဟန္လင္းထက္ကမင္းစက္ရဲ႕တြန္႔ၾကဳတ္ေနတဲ့အနက္ေရာင္မ်က္ခုံးတန္းေလးေတြကိုသေဘာတက်ပြတ္သတ္လာခဲ့ရင္းအက္႐ွ႐ွရယ္သံေလးနဲ႔ျငင္သာမႈအျပည့္ဆိုေလ၏။

"စတာပါဗ်ာ၊အေဆာင္မႉးဆီသြားၿပီးအေဆာင္မေျပာင္းေတာ့ဘူးလို႔သြားေျပာမလို႔။"

ထိုစကားၾကားေတာ့မင္းစက္ကဟန္လင္းထက္ကိုစိတ္တိုစြာတြန္းထုတ္ပစ္လိုက္ပါေတာ့သည္။ဟန္လင္းထက္မွာ စိတ္ဆိုးသြားတဲ့မင္းစက္ရဲ႕မ်က္ႏွာေလးကိုလွည့္ၾကည္္႕လွည့္ၾကည့္လုပ္ေနၿပီးေနာက္ ခပ္ဖြဖြရယ္လ်က္ အခန္းထဲမွေလွ်ာက္ထြက္သြားေတာ့ေပသည္။

ထို႔ေနာက္မင္းစက္မွာသက္ျပင္း႐ွည္ႀကီးမႈတ္ထုတ္လ်က္ေခါင္းခါမိေလ၏။

"ဟူး!!!! ဒီေကာင္ေလးကေတာ္ေတာ္မလြယ္ပါလား အႏၲရာယ္မ်ားတယ္"

သို႔ေပမယ့္ သူ႕ရင္ဘက္ထဲ႐ွိတစ္ေထာင့္တစ္ေနရာတြင္ေတာ့ ႏႈတ္ဖ်ားကထြက္က်လာတဲ့စကားလုံးေတြနဲ႔ဆန္႔က်င္ဘက္ျဖစ္စြာ အေပ်ာ္ႀကီးေပ်ာ္လို႔ေနသည္။သူဘယ္ေလာက္ပဲ ဒီေကာင္ေလးကိုအႏၲရာယ္မ်ားတယ္ဆို၍ျငင္းဆန္ေနပါေစ အလင္းဆိုတဲ့လူဆိုးေလး သူ႕အနားကေနထြက္သြားမွာကိုေတာ့သူတကယ္ကိုမလိုလားခဲ့ေပ။

တိတ္ဆိတ္စြာဝင္ေရာက္တိုက္ခတ္လာတဲ့ေလေျပေလးက ခြင့္ျပဳခ်က္မ႐ွိပဲႏွလုံးသားတစ္စုံဆီ ခိုဝင္လာခဲ့တဲ့အခါ ထိုေလေျပေလးျပန္လည္ထြက္ခြာသြားဖို႔အတြက္ ဘယ္သူကမ်ားႏွေျမာတသျဖစ္ျခင္းမ႐ွိဘဲခြင့္ျပဳေပးႏိုင္မွာတဲ့လဲ .... ဒါဟာ ႏွလုံးသားေလးရဲ႕အမွားမဟုတ္ဘူး ေလေျပေလးရဲ႕အမွားေပ။

မင္းစက္ကဟန္လင္းထက္ရဲ႕ခုတင္ေပၚ၌တိုးတိုးတိတ္တိတ္လွဲခ်လိုက္ၿပီးေနာက္သူ႕ရဲ႕ႏႈတ္ခမ္းသားတို႔ကထိန္းခ်ဳပ္မရစြာေကြးၫႊတ္ေနခဲ့ရသည္။

'ေတာ္ပါေသးတယ္။သူ က်ေနာ္႕အနားကေနထြက္မသြားေအာင္တားလိုက္ႏိုင္လို႔။
အခုမွပဲႏွစ္တစ္ရာအပူလုံးႀကီးက်သြားေတာ့တယ္'

••••••••••••••••••••••••••••••••••••••••••••••••••

"အား!!!! အကိုေရ က်ေနာ္႕ကိုကယ္ပါဦး"

"ဟမ္!!!!ဘာျဖစ္လို႔လဲညီ ဘာျဖစ္တာလဲ"

မင္းခန္႔ထည္က တတိယေျမာက္ေရခ်ိဳးခန္းေလးရဲ႕အျပင္ဘက္တစ္ေနရာ၌ရပ္ေနကာပိတ္ထားတဲ့တံခါးအား က်ိဳးပဲ့ေတာ့မတတ္တဝုန္းဝုန္းနဲ႔ထု႐ိုက္ရင္းအျပင္ဘက္ဆီမွစိုးရိမ္တႀကီးေအာ္ဟစ္ေနခဲ့႐ွာသည္။

မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔ႏွစ္ေယာက္ေရခ်ိဳးေဆာင္တြင္ေရခ်ိဳးေနစဥ္ တစ္ဖက္အခန္း႐ွိေကာင္ေလးဆီမွအလန္႔တၾကားေအာ္သံၾကားလိုက္ရတာေၾကာင့္မင္းခန္႔ထည္ခမ်ာထိုသို႔အပူကပ္ေနရျခင္းေပ။

"တံခါးဖြင့္ဦးေလကြာ အကိုတံခါးဖ်က္မိေတာ့မယ္!!"

အျပင္ဘက္ဆီမွပ်ံ႕လြင့္လာတဲ့မင္းခန္႔ထည္ရဲ႕အသံၾသၾသကိုၾကားေတာ့အခန္းထဲ႐ွိခ်စ္စရာေကာင္ေလးက တံခါးဖြင့္လာကာ မ်က္လုံးေလးမ်ားကိုစုံမွိတ္ထားလ်က္နဲ႔ ေဘးဘက္နံရံေတြဆီတြယ္ကုတ္ရင္းျဖည္းျဖည္းခ်င္းထြက္လာေလသည္။

အေစာနကအထိစိုးရိမ္ေသာကမ်ားေနတဲ့ မင္းခန္႔ထည္က ပိုးတုံးလုံး႐ိႈင္းေဇယံေလးအားျမင္ေသာ္ ရယ္လည္းရယ္ခ်င္သလို မရယ္မိေအာင္လည္းေတာင့္ခံရင္းမ်က္ႏွာပိုးသတ္ထားရေခ်သည္။

အခု႐ိႈင္းေဇယံေလးမွာ အေပၚပိုင္းခႏၶာကိုယ္တစ္ျပင္လုံးကဗလာက်င္းျဖစ္ေနတာေၾကာင့္အသားေဖြးဥႏုႏုေလးမ်ားကဖုံးကာထားျခင္းမ႐ွိစြာ သူ၏မ်က္စိေ႐ွ႕၌အတိုင္းသားေပၚလြင္ေန၍ပန္းႏုေရာင္ပြင့္ခ်ပ္ေလး၂ခ်ပ္ကလည္းအကာအကြယ္မဲ့ေနေပသည္။ေအာက္ပိုင္း၌ဝတ္ထားတဲ့လုံခ်ည္အၾကမ္းထည္ေလးကလည္းေရေတြနဲ႔႐ႊဲ႐ႊဲစိုေနကာ မင္းခန္႔ထည္က ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းမွိတ္ထားျခင္းအခိုက္အတန္႔ေလးအားအမိအရယူ၍ စုတ္ခ်ည္ဆန္ခ်ည္ျဖင့္ေခါင္းအစေျခအဆုံးေသေသခ်ာခ်ာစိုက္ၾကည့္ေနခဲ့သည္။

"အကိုေရ က်ေနာ္မ်က္လုံးစပ္ေနလို႔ ကူပါဦး"

ကေလးငယ္တစ္ေယာက္ကလိုခ်င္တာကိုမရရေအာင္ပူဆာေနတဲ့ေလသံေလးနဲ႔ဆိုလာတဲ့အခါ ထိုအသံေလးကမင္းခန္႔ထည္အားအတိုင္းအဆမ႐ွိဆြဲေဆာင္ေနလ်က္႐ွိသည္။

မင္းခန္႔ထည္ဟာ သူ႕ရဲ႕လည္ေခ်ာင္းထက္႐ွိအာဒမ္ပန္းသီးေလးအား တိတ္တဆိတ္တစ္ခ်က္လႈပ္ခတ္လိုက္ၿပီးေနာက္ ႐ိႈင္းေဇယံရဲ႕ကိုယ္ေလးအားထိန္းကိုင္လ်က္ ေရခ်ိဳးခန္းေလးထဲသို႔ျပန္ေခၚသြားေလသည္။

"အင္း အကိုကူေပးမယ္"

ၿပီးေနာက္ေရပန္းမွျဖာက်လာတဲ့ေရစက္ေလးမ်ားျဖင့္႐ိႈင္းရဲ႕မ်က္ႏွာျပင္တစ္ဝိုက္႐ွိေခါင္းေလွ်ာ္ရည္အျမႇဳပ္မ်ားအားစိတ္႐ွည္လက္႐ွည္နဲ႔ညင္သာစြာေဆးခ်ေပးေန႐ွာ၏။သူကအျမႇဳပ္ေတြကိုေဆးခ်ေနရင္းနဲ႔ႏႈတ္ကေနလည္းတတြတ္တြတ္နဲ႔ေရ႐ြတ္ေနေသးေပသည္။

"ေခါင္းေလွ်ာ္ရည္ေတြမ်က္စိထဲဝင္မွေတာ့စပ္ၿပီေပါ့ ညီရယ္ ..
ကေလးမဟုတ္ဘာမဟုတ္နဲ႔ဘယ္လိုေတာင္မ်က္လုံးထဲဝင္ေအာင္ေလွ်ာ္ခ်ပစ္လိုက္တာတုန္း "

မင္းခန္႔ထည္ကေရပန္းေဂါက္ကိုကိုင္ထားရင္း႐ိႈင္းရဲ႕မ်က္ႏွာေလးဆီပက္ျဖန္းေနရာမွအေဝးသို႔အနည္းငယ္ေ႐ႊ႕လိုက္ကာ ေကာင္ေလးရဲ႕မ်က္ႏွာေပၚကေရစက္ေလးေတြကိုခပ္ဖြဖြပြတ္သုတ္ေပးလိုက္သည္။

"အခုေကာဘယ္လိုေနေသးလဲစပ္ေနတုန္းလား"

"အင္း က်ေနာ္ေမ့ၿပီး႐ွိန္းဓာတ္ပါတဲ့ေခါင္းေလွ်ာ္ရည္ဝယ္လာခဲ့မိတာ အဲ့တာေၾကာင့္ပိုစပ္သြားတာျဖစ္မယ္"

ထိုစကားၾကားေတာ့ မင္းခန္႔ထည္ကခပ္အုပ္အုပ္ရယ္ခ်လာေလ၏။

"ျဖစ္မွျဖစ္ရေလကြာ ...ႀကိဳးစားၿပီးမ်က္လုံးဖြင့္ၾကည့္ဦး..အကို႔ကိုျမင္ရရဲ႕လားလို႔"

ေရစက္ေလးေတြခိုတြဲေနတဲ့ေကာ့ၫြတ္ၫြတ္မ်က္ေတာင္ေလးေတြကို ႐ိႈင္းေဇယံကပုတ္ခတ္ပုတ္ခတ္ေလးလုပ္လ်က္ မ်က္ဝန္းက်ဥ္းက်ဥ္းေလးအား ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္ေလသည္။

သူမ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အနည္းငယ္ဝါးေနတဲ့အျမင္အာ႐ုံထဲမွာေတာင္ ေနမင္းတစ္စင္းကဲ့သို႔ေတာက္ပေနေသးတဲ့တစ္ေယာက္ေသာသူကို တစ္စထက္တစ္စၾကည္လင္ျပတ္သားစြာျမင္လာရေပသည္။

"ျမင္ရတယ္"

မင္းခန္႔ထည္ကအြန္းဆို၍အသံျပဳကာ လက္ထဲကေရပန္းေဂါက္ကိုနံရံေပၚ၌ျပန္တပ္လိုက္ရင္း႐ြဲ႕ေျပာလာခဲ့ေလသည္။

"ေတာ္ေသးတယ္ မကန္းေသးလို႔ေပါ့"

"အကိုေနာ္!!!"

'စလာၿပီ စလာၿပီ ဆူဆူေအာင့္ေအာင့္ဘဲႏႈတ္ခမ္းေထာ္ေထာ္ေလးေတြျဖစ္လာျပန္ၿပီ။'

"ဘာလဲ!!! အကိုေျပာတာမဟုတ္လို႔လားမေတာ္လို႔ညီတစ္ခုခုျဖစ္သြားရင္ဘယ္လိုလုပ္မလဲ။ ညီအကို႔ကိုမျမင္ရေတာ့ရင္အကို ဘယ္လိုေနရမလဲ။"

"က်ေနာ္မျမင္ရလဲဘာျဖစ္လဲ။အကို႔ကိုျမင္ေနရတဲ့အမျဖဴစင္ေသာ္တစ္ေယာက္လုံး႐ွိေနတာပဲဟာ"

႐ိႈင္းေဇယံရဲ႕ႏႈတ္ဖ်ားထက္ကေန' ျဖဴစင္ေသာ္' ဆိုတဲ့နာမည္ထြက္က်လာတဲ့အခါ မင္းခန္႔ထည္ရဲ႕မ်က္ခုံးတစ္ဖက္ကပင့္တက္သြားရၿပီး ေရစိုေနတဲ့ႂကြက္ေပါက္ေလးအားသူအသံမာမာနဲ႔ဆိုေငါက္လိုက္ေပ၏။

"ဘယ္တုန္းကျပန္ခံေျပာတတ္သြားတာတုန္း"

"က်ေနာ္မ်က္လုံးမစပ္ေတာ့ဘူး။
ေရခ်ိဳးေတာ့မယ္။အကိုသြားေတာ့ေလ"

႐ိႈင္းကထိုသို႔ဘုဆတ္ဆတ္ေလးျပန္ေျပာလိုက္ရင္းစကားလမ္းေၾကာင္းလႊဲလိုက္ကာမ်က္စိေ႐ွ႕ကေဒါသအိုးႀကီးအားအခန္းထဲကေနအရႏွင္လႊတ္လိုက္ပါေတာ့သည္။

ထိုအခါမင္းခန္႔ထည္က႐ိႈင္းရဲ႕လက္ေကာက္ဝတ္ေလးအား အားပါပါႏွင့္ဆြဲကိုင္လိုက္ၿပီး ေဘးတစ္ဖက္တစ္ခ်က္႐ွိနံရံဆီသို႔ေကာင္ေလးရဲ႕ကိုယ္ေသးေသးေလးအား အားျဖင့္ဖိကပ္ထားလိုက္ေလ၏။

႐ုတ္တရက္ျဖစ္ေပၚလာတဲ့အေနအထားေၾကာင့္႐ိႈင္းအလန္႔ႀကီးလန္႔သြားရၿပီး မင္းခန္႔ထည္ရဲ႕မ်က္ႏွာတစ္ဝိုက္ဆီသို႔အံ့ၾသထိတ္လန္႔စြာေမာ့ၾကည့္လိုက္ေလေသာ္ အဓိပၸါယ္ဖြင့္ဆိုျခင္းငွာမတတ္ႏိုင္ေသာမ်က္ဝန္းတစ္စုံတို႔က ႐ိႈင္းအားစူးစူးရဲရဲနဲ႔ေစာင့္ႀကိဳေနေလသည္။

"ဘာ..ျဖစ္...လို႔ ... လဲ!!!"

႐ိႈင္းကထစ္ထစ္အအနဲ႔ေမးလိုက္ေတာ့မင္းခန္႔ထည္ကညစ္က်ယ္က်ယ္အသံနဲ႔ေလွာင္ရယ္,ရယ္လာခဲ့သည္။

"ခုနက ခံေျပာတတ္တဲ့အဆိုးေလးက စကားေတြေတာင္ထစ္လို႔ပါလား"

"ဖယ္ဗ်ာ!!!"

႐ိႈင္းကမင္းခန္႔ထည္အားတြန္းဖယ္ပစ္လိုက္ၿပီးဤအေျခအေနမွ႐ုံးထြက္ရန္ႀကိဳးပမ္းလိုက္ေသာ္လည္းအခ်ည္းႏွီးသာ။ ခပ္စူးစူးလီမြန္ရနံ႔နဲ႔ပူ႐ွိန္းေခါင္းေလွ်ာ္ရည္ရနံ႔တို႔ကက်ဥ္းေျမာင္းတဲ့ေရခ်ိဳးခန္းငယ္ေလးထဲမွာေရာယွက္ဖလွယ္ေနၾကလ်က္ လီမြန္ရနံ႔တို႔ကို႐ွဴ႐ိႈက္ေနရတဲ့႐ိႈင္းေဇယံေလးမွာမ်က္ႏွာတစ္ခုလုံးရဲတက္လာရၿပီးဓာတ္ေပါင္းဖိုထဲေရာက္ေနတဲ့အလားသူ႕ရဲ႕ေက်ာျပင္ေပၚေလးထက္မွာ႐ွိေနရတဲ့ေရစက္ေလးေတြေတာင္အေငြ႕ပ်ံသြားရေလ၏။

"အကို႔မ်က္လုံးေတြကိုၾကည့္ရင္ ညီအခုဘာကိုျမင္ရမယ္ထင္လဲ"

"မသိဘူး။"

"ညီမွမၾကည့္တာ"

တကယ္ေတာ့မင္းခန္႔ထည္ကသူ႕စိတ္ထဲမွာအလိုမက်မႈတစ္ခုျဖစ္သြားရတဲ့အတြက္ ထိုႂကြက္ျဖဴေပါက္စေလးအားရစ္စရာမ႐ွိၾကံဖန္ရစ္ေနျခင္းေပ။

မမူးဘဲအရစ္ခံေနရတဲ့႐ိႈင္းေဇယံေလးမွာသည္းမခံႏိုင္ေတာ့ဘဲ မင္းခန္႔ထည္ရဲ႕စကားအတိုင္း ထိုလူသားရဲ႕မ်က္ဝန္းတစ္စုံဆီသို႔နယ္ခ်ဲ႕လိုက္ေတာ့ေလသည္။

"ဘာျမင္ရလဲ"

'အကို႔ရဲ႕မ်က္ဝန္းေတြထဲမွာ
လွ်ိဳ႕ဝွက္စြာရင္ခုန္ျခင္းတို႔နဲ႔ျပည့္ႏွက္ေနရတဲ့ရယ္စရာလည္းေကာင္းသလိုသနားစရာလည္းေကာင္းတဲ့ေကာင္ေလးတစ္ေယာက္ကိုအထင္အ႐ွားျမင္ေနရတယ္။
ၿပီးေတာ့အဲ့ဒီ့လူကက်ေနာ္ကိုယ္တိုင္ပဲေလ'

႐ိႈင္းကသူ႕ရဲ႕အၾကည့္ေတြကိုအလ်င္အျမန္ပဲျပတ္႐ုတ္သိမ္းလိုက္ကာ
"မသိဘူး၊ က်ေနာ္႕ကိုမေနာက္ပါနဲ႔ေတာ့၊"ဟုႏွာေခါင္ေလး႐ႈံ႕လိုက္ရင္းဆို၍ ထိုအေျဖကို
မသိခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့သည္။

ထိုအခါ မင္းခန္႔ထည္က ပို၍အလိုမက်ျဖစ္စြာ မ်က္ေမွာင္ၾကဳတ္လာခဲ့ေပသည္။

"ညီ့ကိုေလ။
အကို႔ရဲ႕မ်က္လုံးေတြထဲမွာ ေခါင္းေလးေမာ့ၿပီးၾကည့္ေနတဲ့ညီ့တစ္ေယာက္တည္းကိုပဲအကိုျမင္ေနရတယ္။
အကိုကလည္းညီ့မ်က္လုံးေလးေတြထဲမွာ ကိုယ့္ကိုျမင္ေနရတာကိုပဲ ျဖစ္ေစခ်င္တယ္။
အဲ့ဒါေၾကာင့္ ေနာက္ထပ္႐ွိန္းဓာတ္ပါတဲ့ေခါင္းေလွ်ာ္ရည္ေတြသုံးၿပီး ကိုယ့္ကိုစိုးရိမ္ရေအာင္ ထပ္မလုပ္စမ္းပါနဲ႔ကြာ..."

မင္းခန္႔ထည္ဆိုလာတဲ့ထိုစကားလုံးေတြကိုၾကားေတာ့႐ိႈင္းကသူ႕မ်က္စိေ႐ွ႕၌ရပ္ေနတဲ့လူသားထံသို႔႐ႈပ္ေထြးစြာျဖင့္ေငးၾကည့္လာခဲ့မိသည္။သူထိုလူသားအေပၚအမွန္တကယ္ကိုနားမလည္ႏိုင္ေအာင္ျဖစ္မိရ၏။ထိုလူသားကတစ္ခါတစ္ေလသူနဲ႔ေဝးကြာေနခဲ့ၿပီး တစ္ခါတစ္ေလက်ျပန္ေတာ့လည္းသူနဲ႔နီးကပ္ေနျပန္ပါသည္။

မင္းခန္႔ထည္က႐ိႈင္းေဇယံအားနစ္နဲစြာတစ္ခ်က္စိုက္ၾကည့္လာခဲ့ၿပီးေနာက္ ႐ိႈင္းရဲ႕ႏူးညံ့ညံ့ကိုယ္ေလးအားျငင္သာစြာလႊတ္ေပးလိုက္ကာ ႏွစ္ဦးသားနီးကပ္စြာတည္႐ွိခဲ့ပါေသာ ေရခ်ိဳးခန္းအခန္းက်ဥ္းေလးထဲကေနလွည့္ထြက္သြားေတာ့ေလသည္။

႐ိႈင္းေဇယံကေတာ့ အခန္းက်ဥ္းေလးရဲ႕နံရံတစ္ဖက္တစ္ခ်က္ဆီ၌အေစာနကပုံစံအတိုင္းမွီတည္ရပ္ေနလ်က္ႏွင့္က်န္ခဲ့ရကာထိုေနရာကေနထြက္သြားဖို႔အတြက္ သူအခ်ိန္အေတာ္ယူလိုက္ရေလ၏။

'ႏွလုံးသားေလးက က်ေနာ္႕ကို ဒီအခန္းေလးထဲကေနထြက္မသြားေသးဖို႔တားျမစ္ေနခဲ့ေလတယ္ .....
ဘာလို႔လဲဆိုေတာ့ ဒီအခန္းေလးထဲမွာ လီမြန္ရနံ႔ေလးေတြကမျပယ္ေသးဘဲ စြဲက်န္ရစ္ေနဆဲမို႔ေပ'

••••••••••••••••••••••••••••••••••••••••••••••••••

"ငါတို႔လမ္းခြဲရေအာင္ ျဖဴ"

"ဘာကိစၥလမ္းခြဲရမွာလဲ ျဖဴဘာအမွားလုပ္မိလို႔လဲေမာင္!"

"မင္းလည္းသိေနတာပဲမဟုတ္ဘူးလား၊ငါမင္းနဲ႔ဘာေၾကာင့္တြဲခဲ့တာလဲဆိုတာ"

ထိုအခ်ိန္တုန္းကေမာင္ရဲ႕မ်က္ႏွာကခံစားခ်က္တို႔ကင္းမဲ့ေနၿပီး ႏွလုံးသားမ႐ွိစြာေအးစက္မာေၾကာလို႔ေနသည္။

"ဒါေပမယ့္ ေမာင္ျဖဴ႕ကိုခ်စ္တယ္မဟုတ္လား အဲ့တုန္းက အဲ့ေၾကာင့္နဲ႔သာတြဲခဲ့တယ္ဆိုေပမယ့္ အခုက်ေတာ့ေကာ ေမာင္ျဖဴ႕ကိုနည္းနည္းေလးေတာင္မခ်စ္လာဘူးလားဟင္"

"မခ်စ္ဘူး!!ငါ့ရင္ဘက္ထဲမွာအခ်စ္ဆိုတဲ့အရာကလုံးဝမ႐ွိခဲ့ဘူး ဘယ္ေတာ့မွလည္း႐ွိလာႏိုင္မွာမဟုတ္ဘူး အခုငါ့ေဘးမွာမာန္လည္းမ႐ွိေတာ့ဘူးဆိုေတာ့ ငါတို႔၂ေယာက္ရဲ႕ပက္သတ္မႈကိုရပ္တန္႔ပစ္ဖို႔အခ်ိန္တန္ၿပီ ငါမင္းကိုအရမ္းေက်းဇူးတင္ပါတယ္ ငါ့ကိုကူညီေပးခဲ့တဲ့အတြက္"

သူမဘယ္ေလာက္ပဲအသနားခံေတာင္းဆိုေနပါေစ ထိုလူသားကသူမအေပၚျပတ္ျပတ္သားသားျငင္းဆန္ေနဆဲပင္။

"ျဖဴလက္မခံႏိုင္ဘူး ျဖဴလမ္းမခြဲႏိုင္ဘူး"

"ငါတို႔ရဲ႕ပက္သတ္မႈအစမွာအခ်စ္ဆိုတာမပါခဲ့ဘူးဆိုတာအစကတည္းကငါမင္းကိုေျပာထားၿပီးသားပဲေလ မင္းကလည္းငါ့ကိုကူညီေပး႐ုံပါပဲဆို အခု မင္းဘာဆက္လုပ္ဖို႔စဥ္းစားေနတာလဲ ျဖဴ"

"ဒါေပမယ့္ ျဖဴေမာင့္ကိုခ်စ္တယ္ေလေနာ္ ျဖဴတို႔ေ႐ွ႕ဆက္လို႔ရပါတယ္"

ထိုအခါေမာင္ကစိတ္မ႐ွည္ဟန္ျဖင့္စုတ္သတ္လိုက္ၿပီးေနာက္ သူ႕အားဆုပ္ကိုင္ထားပါတဲ့သူမရဲ႕လက္ကေလးမ်ားအားအၾကမ္းပတမ္းျဖဳတ္ခ်ပစ္လိုက္ပါေတာ့သည္။

"မင္းငါနဲ႔ဆက္တြဲေနလည္း ငါမင္းကိုခ်စ္လာမွာမဟုတ္ဘူး
ေခါင္းမမာစမ္းပါနဲ႔ျဖဴရာ ကိုယ္တို႔လမ္းခြဲၾကရေအာင္"

"ေမာင္နဲ႔လမ္းခြဲဖို႔ဆိုတာ ျဖဴဆိုတဲ့က်မေသမွပဲျဖစ္လာလိမ့္မယ္"

အဲ့ဒီ့ေန႔ကျဖဴစင္ေသာ္နဲ႔မင္းခန္႔ထည္တို႔အေျခအတင္စကားမ်ားၾကၿပီးေနာက္ ျဖဴစင္ေသာ္ရဲ႕စိတ္ေရာဂါဟာျပန္လည္ဆိုး႐ြားလာခဲ့ရေလသည္။

ျဖဴစင္ေသာ္ဆိုတဲ့ေကာင္မေလးဟာ အခ်စ္ဆိုတဲ့အရာကိုရယူလိုစိတ္ျပင္းထန္လြန္းတဲ့အတၱပဝါကိုလႊမ္းျခဳံထားခဲ့သူျဖစ္တဲ့အေလွ်ာက္ သူမစခ်စ္တတ္ခါစအ႐ြယ္မွာလည္း သူမခ်စ္ရဆုံးခ်စ္ဦးသူကိုဆုံး႐ႈံးခဲ့ရတာေၾကာင့္ သူမကိုယ္သူမသတ္ေသဖို႔အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ဖူးတဲ့စိတ္ဒဏ္ရာ႐ွိသူတစ္ေယာက္လည္းျဖစ္သည္။

သူမရဲ႕မိခင္ေဒၚစႏၵာေသာ္က သမီးျဖစ္သူအားစိတ္ေရာဂါကုထုံးမ်ားစြာတို႔ျဖင့္အခ်ိန္ယူကုသေပးခဲ့ၿပီးတဲ့ေနာက္မွာ သူမရဲ႕ေရာဂါအေျခအေနဟာ တစ္ဖန္ျပန္လည္ေကာင္းမြန္လာခဲ့ရသည္။

သို႔ရာတြင္ကံၾကမၼာကလွည့္စားႏိုင္လြန္းတဲ့အခါ သူမခ်စ္ဦးသူနဲ႔မ်က္ႏွာက်ဆင္းပုံဆင္တူတဲ့ မင္းခန္႔ထည္ဆိုတဲ့ေကာင္ေလးတစ္ေယာက္နဲ႔သူမမထင္မွတ္ဘဲေတြ႕ဆုံမိခဲ့ေလသည္။

ထိုအခါစြဲလမ္းစိတ္တို႔ကျပန္ၿပီးအစပ်ိဳးလာခဲ့ကာ သူမ၏စိတ္ထဲတြင္ သူမခ်စ္သူ သွ်ားထက္ေမာင္က သူမဆီသို႔ျပန္လာခဲ့ၿပီဟူေသာ လြဲမွားတဲ့အထင္အျမင္တစ္ခုနဲ႔မွားယြင္းတဲ့ေမွ်ာ္လင့္ခ်က္မ်ားကသူမအတြက္ဆက္ၿပီး႐ွင္သန္ဖို႔ရာ အားသစ္ေလာင္းထပ္ခဲ့သလိုျဖစ္ခဲ့ရေပသည္။

ထို႔ေၾကာင့္ သူမအစြဲလမ္းႀကီးစြာေမွ်ာ္လင့္ခဲ့မိသည္။မင္းခန္႔ထည္ သူမအားခ်စ္လာမယ့္တစ္ေန႔ကိုေပါ့။ဒါေပမယ့္ သူမကိုခ်စ္လာမယ့္ေန႔မေရာက္ခင္မွာပဲ သူမဘဝထဲမွ သူမရဲ႕ဒုတိယခ်စ္ရသူမင္းခန္႔ထည္ကထပ္ထြက္သြားဖို႔ႀကိဳးစားေနျပန္ေလၿပီ။

သူမဒီေလာကႀကီးထဲမွာဆက္မ႐ွင္သန္ခ်င္ေတာ့ေပ။သူမအတြက္ခိုေအာင္းရာခုတင္ေအာက္ေလးကလည္းတျဖည္းျဖည္းနဲ႔ေအးစက္လာရကာအထီးက်န္လြန္းလွေလၿပီ။

သူမခ်စ္ေပးဖို႔ေမွ်ာ္လင့္ေနတဲ့ သူက သူမကိုထပ္မခ်စ္ႏိုင္ေတာ့ဘူးဆိုတဲ့အသိတစ္ခုဟာသူမအားအ႐ႈံးပင္လယ္ထဲမွာထပ္ၿပီးႏွစ္သတ္ေနခဲ့ျပန္တာေၾကာင့္ အကယ္၍ သူမဒီေလာကႀကီးထဲကေန႐ုတ္တရက္ေပ်ာက္ကြယ္သြားခဲ့မယ္ဆိုလွ်င္ မင္းခန္႔ထည္ရဲ႕ရင္ခြင္တစ္ေနရာစာ၌ သူမအတြက္ဝမ္းနည္း၍ျဖစ္ေစ ေနာင္တရ၍ျဖစ္ေစ သူမ႐ွင္သန္ခြင့္မ်ားရေလမလားဟူေသာ အေတြးတစ္ခုကသူမရဲ႕မွတ္ဥာဏ္ေတြထဲ႐ူးႏွမ္းစြာျဖင့္ဝင္ေရာက္လာခဲ့ေလသည္။

ထို႔အတြက္သူမကိုယ္တိုင္ပင္ သူမလက္ေကာက္ဝတ္ေပၚ႐ွိေသြးေၾကာမွ်င္ေလးအား ေနာင္တရျခင္းအလ်ဥ္းမ႐ွိစြာ ျဖတ္ေတာက္ပစ္ခဲ့သည္။

ခ်င္းခ်င္းနီေနတဲ့ေသြးေတြက သူမရဲ႕လက္ေကာက္ဝတ္ထက္ကေနၾကမ္းျပင္ေပၚကိုမရပ္မနားစီးက်ေနတာကို သူမရဲ႕မ်က္ဝန္းေတြက ေသေသခ်ာခ်ာ႐ႈၾကည့္ေနခဲ့ေပမယ့္သူမနည္းနည္းေလးမွ်မေၾကာက္႐ြံ႕ခဲ့ေပ။

သူမမနာက်င္သလို ဝမ္းလည္းမနည္းေပ။
ဘာလို႔လဲဆိုေတာ့ သူမခ်စ္တဲ့လူအတြက္စြန္႔စားရတဲ့လုပ္ရပ္တစ္ခုျဖစ္လို႔ သူမလုံးဝမငိုေႂကြးခဲ့ေလဘူး။

သူမအတြက္ မင္းခန္႔ထည္ဆိုတဲ့အသဲမာသည့္လူသားကသူ႕ရဲ႕ရင္ခြင္ထက္မွာေနရာတစ္ေနရာစာေလးေပးဖို႔သာ သူမေမွ်ာ္လင့္ခဲ့မိတာပါ။
ဒါေလးပါပဲ သူမလိုခ်င္ခဲ့တာ။

ေလးလံေနတဲ့မ်က္ခြံမ်ားကတျဖည္းျဖည္းအေပၚဘက္သို႔ပင့္တက္လာတဲ့အခါ သူမစစခ်င္းျမင္လိုက္ရတာက အေပၚဘက္႐ွိ အျဖဴေရာင္မ်က္ႏွာက်က္ပင္ျဖစ္သည္။
သူမ မေမွးစက္ခင္က ဆုပ္ကိုင္ထားေပးခဲ့တဲ့လက္တစ္စုံကသူမ ႏိုးထလာခ်ိန္၌မူ သူမေဘးနား၌႐ွိမေနေတာ့ေပ။

"အေမ အေမ!!!"

ေအာက္ထပ္႐ွိေဒၚစႏၵာေသာ္က သမီးျဖစ္သူရဲ႕အထိတ္တလန္႔ေခၚသံေၾကာင့္အေပၚထပ္သို႔ကမမ္းကတမ္းနဲ႔အေျပးတက္လာေတာ့ေလသည္။

"ဘာျဖစ္လို႔လဲ သမီး၊ဘယ္နားနာေနလို႔လဲ၊ ေခါင္းမူးေနလို႔လား"

"ေမာင္ေကာ ေမာင္ဘယ္ေရာက္သြားလဲဟင္"

"မင္းခန္႔လား သူျပန္သြားၿပီသမီး"

"ဘာလို႔သူ႕ကိုျပန္လႊတ္လိုက္တာလဲ ေနာက္တစ္ခါသမီးဆီကိုသူထပ္မလာေတာ့ရင္ဘယ္လိုလုပ္မလဲ"

"လာမွာေပါ့သမီးရယ္ ဒီေန႔ကအေဆာင္မွာလုပ္စရာေလး႐ွိလို႔ဆိုၿပီးအေလာတႀကီးျပန္သြားတာ ေနာက္ေန႔ေတြက်ရင္ထပ္လာခဲ့မယ္တဲ့"

"သူက သမီးဆီကေန အၿမဲတမ္းထြက္သြားခ်င္ေနတာ အေမမွမသိဘဲ၊ ဟိုတစ္ခါတုန္းကလို ထုတ္မေျပာတာပဲ႐ွိတာ"

"သမီးရယ္ မင္းခန္႔ထည္ဆိုတဲ့ေကာင္ေလးကလည္း သမီးထာဝရဆြဲထားႏိုင္တဲ့ ႐ုပ္ေသး႐ုပ္မွမဟုတ္တာ၊ သူလည္း သူ႕ဘဝအတြက္ သူဆုံးျဖတ္ထားတာေတြ႐ွိေနမွာေပါ့၊အခုထိ သမီးေဘးနားမွာေနေပးေနတာေတာင္ အေမတို႔သူ႕အေပၚလြန္လွၿပီကြဲ႕"

ထိုအခါျဖဴစင္ေသာ္က ေဒၚစႏၵာေသာ္အား မ်က္ေထာင့္နီျဖင့္စိုက္ၾကည့္လိုက္ကာ သူမလက္ေတြကိုဆုပ္ကိုင္ထားတဲ့အေမျဖစ္သူရဲ႕လက္တစ္စုံကိုေဒါသတႀကီးဆြဲဖယ္ပစ္လိုက္ပါေတာ့သည္။

"ဘာလို႔လြန္ရမွာလဲ၊သူကသမီးခ်စ္သူပဲဟာ သမီးေဘးနားမွာေနေပးတယ္ဆိုတာျဖစ္သင့္တာပဲမဟုတ္ဘူးလား!"

"ဒါေပမယ့္ သူ သမီးကိုမခ်စ္ဘူးေလ၊အဲ့အတြက္သမီးအခုလိုနာက်င္ေနရတယ္မွတ္လား၊"

"ဘယ္သူကေျပာလဲမခ်စ္ဘူးလို႔။သူ မခ်စ္ရင္သူသမီးေဘးမွာဒီလိုမ်ိဳးေနေပးေနမွာမဟုတ္ဘူး၊အေမေျပာတဲ့အဲ့စကားေတြကသမီးအတြက္နာက်င္စရာေတြခ်ည္းပဲဆိုတာသိရဲ႕နဲ႔ အေမမို႔ေျပာထြက္ရက္တယ္"

"ကိုယ့္သမီးကိုမခ်စ္တဲ့လူတစ္ေယာက္ကိုအတင္းဆြဲထားၿပီး ေဘးနားမွာေနေပးဖို႔ေတာင္းပန္ေနရတဲ့ အေမ့အျဖစ္ထက္ ပိုရင္နာဖို႔ေကာင္းတဲ့အျဖစ္႐ွိပါ့မလား သမီးရယ္၊
အေမကေလ သမီးေလးကိုႏွစ္ႏွစ္ကာကာခ်စ္ျမတ္ႏိုးတဲ့လူကိုပဲလိုခ်င္တာ၊ဒါမွ အေမေသတဲ့အထိစိတ္ခ်သြားႏိုင္မွာ"

ထိုအခါ ျဖဴစင္ေသာ္ကမဲ့ျပဳံးျပဳံးလ်က္ ေထ့ေငါ့လာခဲ့ေလသည္။

"ဒါဆို အဲ့ဒီ့တုန္းက ဘာလို႔မ်ား ေမာင့္ကိုထြက္သြားေအာင္လုပ္ခဲ့ေသးလဲ၊ သွ်ားထက္ေမာင္ကိုေလ ဘာလို႔သမီးေဘးနားကေနထာဝရေပ်ာက္ကြယ္သြားေအာင္လုပ္ခဲ့ၾကတာလဲလို႔! ၊အား!!!!!! နာက်င္တယ္၊
အေမ့ကိုျမင္တိုင္းနာက်င္တယ္၊ ထြက္သြား!!!!! ေက်းဇူးျပဳၿပီး ထြက္သြားေပးစမ္းပါ!!!!!!"

ျဖဴစင္ေသာ္က သူမနားႏွစ္ဖက္အားလက္ႏွစ္ဖက္ျဖင့္စုံပိတ္ကာ ခပ္စူးစူးေအာ္ငိုလာေတာ့သည္။

"နာက်င္တယ္၊နာက်င္တယ္လို႔!!!!!!"

ၿပီးေတာ့ပါးျပင္၂ဖက္ဆီကိုပါတဖက္ဖက္နဲ႔႐ိုက္လာခဲ့တာေၾကာင့္ေဒၚစႏၵာေသာ္မွာျဖဴစင္ေသာ္ရဲ႕လက္ေတြကိုအတင္းခ်ဳပ္ထားရေလသည္။ေဒၚစႏၵာေသာ္ရဲ႕ပါးျပင္ထက္မွာလည္းသမီးျဖစ္သူရဲ႕ထိုပုံစံကိုၾကည့္ေနရင္းကူကယ္ရာမဲ့စြာ မ်က္ရည္ပုလဲတို႔တသြင္သြင္စီးက်ေနလ်က္။

"သမီး ျဖဴစင္ေသာ္စိတ္ထိန္းပါဦး၊သမီးရယ္"

ေနာက္ဆုံးေတာ့ ေဒၚစႏၵာေသာ္လည္းအိမ္႐ွိအလုပ္သမားမ်ားအားအလ်င္အျမန္ေအာ္ေခၚၿပီးအကူအညီေတာင္း၍ ျဖဴစင္ေသာ္အားခ်ဳပ္ကာ ႀကိဳးမ်ားျဖင့္တုပ္ေႏွာင္ထားလိုက္ရသည္။ျဖဴစင္ေသာ္ကေတာ့တုပ္ေႏွာင္ခံထားရတာေတာင္ သူမရဲ႕ခုတင္ထက္တြင္႐ုန္းကန္ေပါက္ကြဲေနဆဲပင္။ပါးစပ္မွလည္းတဗ်စ္ဗ်စ္တေတာက္ေတာက္ေျပာဆိုေနလ်က္။

"ေမာင္ေလ ေမာင္ကေလ ငါ့ကိုသိပ္ခ်စ္တာ၊သိပ္ခ်စ္ရက္သားနဲ႔ ဘာလို႔မ်ားထြက္သြားတာလဲ ဘာလို႔လဲ၊ဘာလို႔လဲလို႔!!!!"

••••••••••••••••••••••••••••••••••••••••••••••••••

Fresher Welcomeပြဲအၿပီး ေနာက္၂ပတ္အျခားတြင္ အႀကီးဆုံးပြဲျဖစ္တဲ့Unity fair႐ွိရာ ထို Fairတြင္ The whole kingနဲ႔ queenရလဒ္ေတြကိုေၾကညာမွာျဖစ္တာေၾကာင့္ majorအသီးသီးမွ king၊Queenမ်ားက
သူ႕ထက္ငါအႀကိတ္အနယ္ေလ့က်င့္ေနၾကေလသည္။
ဌာနအသီးသီးမွ Seniorမ်ားကလည္း major Kingနဲ႔ Queenအတြက္ အဘက္ဘက္ကေနအေကာင္းဆုံး supportေပးၾကတဲ့အေရးႀကီးဆုံးအခ်ိန္ေပ။

"မင္းစက္ ဒီေန႔မင္းသြားမွာမွတ္လား"

မင္းခန္႔ထည္က စာရင္းအခ်ိဳ႕ကိုစီစစ္ေနရင္းသူ၏ေဘးနား၌ထိုင္ကာ ဌာန Wifiနဲ႔ gameေဆာ့ေနေသာမင္းစက္အားလွမ္းေမးလိုက္သည္။

"ဘယ္ကိုလဲ"

"အေပၚကိုေလ၊kingနဲ႔ queenအတြက္႒ာနကျပင္ဆင္ေပးထားတဲ့ပစၥည္းတခ်ိဳ႕ကိုသြားပို႔ေပးရမွာမို႔လို႔၊ မင္းသြားမွာလားလို႔"

မင္းစက္ကဂိမ္းထဲမွာတျခားတစ္ေယာက္ကို Lock outလုပ္လိုက္ရင္းေခါင္းၿငိမ့္ျပလာခဲ့သည္။

"ေအး ငါသြားလိုက္မယ္"

"မင္း ဟန္လင္းထက္ကိုေတြ႕ရင္လည္းေခၚလိုက္ဦး၊ဟိုေန႔ေတြတုန္းက ငါတို႔သြားေတာ့ ငါတို႔ကိုၾကည့္ၿပီး အဲ့ေကာင္ေလး တစ္ခုခုျဖစ္ေနသလားလို႔"

"ဘာျဖစ္ေနလို႔လဲ"

"မသိဘူးေလကြာ၊ သူ႕ပုံစံက ငါတို႔ကိုၾကည့္ၿပီးစိတ္တိုသြားတဲ့ပုံပဲ"

'တစ္စုံတစ္ေယာက္ကိုမ်ားမေတြ႕လို႔လားမသိ 'ဟူေသာစကားတို႔အား မင္းခန္႔ထည္ဆက္မေျပာလိုက္ေပ။

သူပဲစိတ္ထင္ေနလို႔လားေတာ့မသိေပမယ့္ ဟန္လင္းထက္ကမင္းစက္ကိုဆိုေတာ္ေတာ္ေလးကိုတြယ္ကပ္ေနသလားလို႔.....

ဟိုတစ္ေန႔ကအဲ့ေကာင္ေလးရဲ႕အၾကည့္ေတြကိုသူျမင္ၿပီးကတည္းက တစ္ခုခုထူးဆန္းေနတာကိုခံစားလိုက္ရေပမယ့္ ဘယ္ေနရာကထူးဆန္းေနလဲဆိုတာေတာ့သူ႐ွင္း႐ွင္းလင္းလင္းမေျပာတတ္ေပ။

"ေန႔လည္သြားရမွာမွတ္လား ငါသြားလိုက္မယ္"

"ၿပီးတာပဲ"

ထိုစဥ္ ႐ိႈင္းေဇယံက စာ႐ြက္ေလးတစ္႐ြက္ကိုကိုင္ရင္း႒ာနထဲသို႔ဝင္လာေလသည္။မင္းခန္႔ထည္က႐ိႈင္းေဇယံေရာက္လာတာကိုျမင္တာနဲ႔ လက္ထဲကစာရင္းေတြကိုခ်ထားလိုက္ၿပီး ထိုေကာင္ေလးဆီသို႔အျမန္ေလွ်ာက္သြားရင္းေမးလိုက္သည္။

"ညီ ဘာျဖစ္လို႔လဲ"

"ဆရာက Majorစာအုပ္စာရင္းေကာက္ခိုင္းထားလို႔"

"Aww ဆရာမ႐ွိဘူးထင္တယ္ အကို႔ကိုေပးခဲ့ေလ ခုနကပဲအစည္းအေဝးသြားလို႔ အကို႔ကိုေတာင္ ဒီစာရင္းေတြအပ္ထားတာ"

"ဟုတ္ အကို"

႐ိႈင္းလည္း သူ႕လက္ထဲမွစာ႐ြက္ေလးအားမင္းခန္႔ထည္ဆီသို႔လႊဲေျပာင္းေပးလိုက္ေတာ့ေလသည္။

မင္းစက္ကထို၂ေယာက္ကိုမ်က္လုံးတစ္ခ်က္ပင့္ၾကည့္လာၿပီးေနာက္ဂိမ္းဆီအၾကည့္တို႔ကိုျပန္ေ႐ႊ႕လိုက္ကာ ႐ိႈင္းေဇယံကိုလွမ္းေမးလာသည္။

"ညီေလး ႐ိႈင္းေဇယံ အကိုနဲ႔ အေပၚကိုလိုက္မလား"

"ဘယ္ကိုလဲ အကိုမင္းစက္"

"King Queenေတြ႐ွိတဲ့ေနရာကိုေျပာတာ"

"Aww... ဘြဲ႕ႏွင္းသဘင္ခန္းမလား ဟုတ္၊လိုက္ခဲ့မယ္ေလ"

ထိုအခါ မင္းခန္႔ထည္က မလိုမလားစြာၾကားျဖတ္ဝင္ေျပာလာခဲ့သည္။

"ဘာကိစၥ ညီ့ကိုကပ္ေခၚေနတာလဲ မင္းဘာသာမင္းသြားလဲရေနတာပဲဟာကို"

"ညီေလး႐ိႈင္းေဇယံကေတာင္ လိုက္မယ္ေျပာေနတဲ့ဟာကို မင္းကၾကားကေနဘာထျဖစ္ေနတာတုန္း"

"မင္း ညီ့ကိုပစၥည္းေတြဝိုင္းသယ္ခိုင္းမလို႔အပါေခၚေနတာကိုငါမသိဘူးမ်ားထင္ေနလား
ညီ့ကိုခိုင္းဖို႔မႀကိဳးစားနဲ႔ ကို႔ဘာသာကိုယ္သယ္သြား"

႐ိႈင္းက ဘာမွဝင္မေျပာလာဘဲ
ခြပ္ေနၾကတဲ့ထိုသူငယ္ခ်င္း၂ေယာက္ကိုၿငိမ္ၿငိမ္ေလးရပ္ၾကည့္ေနလိုက္ေတာ့သည္။

ခ်ိန္ခြင္လွ်ာကဲ့သို႔အင္မတန္မွတဖက္ေစာင္းနင္းဘက္လိုက္ေနပါတဲ့မင္းခန္႔ထည္ရဲ႕စကားေတြကို အျမင္ကပ္စရာေကာင္းစြာၾကားလိုက္ရတဲ့အခါ မင္းစက္ကဂိမ္းေဆာ့ေနရင္းနဂါးမ်က္ေစာင္းထိုးလာခဲ့သည္။

"မင္းသယ္ရတာမဟုတ္ဘူးေလ၊ ဒီေလာက္ထိမေက်မနပ္ျဖစ္ေနရင္ မင္းလိုက္သယ္ေပးေပါ့"

"မရဘူး၊ညီက ငါနဲ႔ canteenသြားမွာ၊ မင္းေလးလို႔မသယ္ခ်င္ရင္ ဟန္လင္းထက္ကိုဖုန္းဆက္ေခၚလိုက္!"

"... .."

*ခ်ီးပဲ*

မင္းစက္ခမ်ာေျပာစရာစကားတို႔ေပ်ာက္႐ွကာအသံတိတ္သြားေလသည္။အျပင္ဘက္တြင္ေတာ့ထုတ္မဆဲရဲေပမယ့္ရင္ထဲအသည္းထဲတြင္ေတာ့ႀကိတ္ကာမွိတ္ကာေမတၱာပို႔ေန႐ွာသည္။႐ိႈင္းေဇယံကေတာ့ျပဳံးစိစိျဖစ္ေန႐ွာတဲ့သူ႕ရဲ႕မ်က္ႏွာပိုးကိုမနည္းသတ္ထားရေလ၏။

မင္းခန္႔ထည္ကစာအုပ္စာရင္းမ်ားအား ဆရာမ်ားနားေနခန္းသို႔ယူသြားလိုက္ၿပီး ခနၾကာေတာ့ျပန္ထြက္လာကာ ခုံေပၚတြင္တင္ထားတဲ့လြယ္အိတ္ေလးအားေကာက္လြယ္လိုက္လ်က္ မ်က္ႏွာဆူပုတ္ကာပြစိပြစိျဖစ္ေန႐ွာေသာမင္းစက္အားလ်စ္လ်ဴ႐ႈရင္းဆိုေလသည္။

"သြားရေအာင္ ညီ"

"အကိုမင္းစက္ေကာ မလိုက္ဘူးလား"

"မလိုက္ဘူးညီေလးေရ မလိုက္ဘူး တစ္စုံတစ္ေယာက္ကေတာ့ အကိုလိုက္ရင္အကို႔ကိုအမဲျဖတ္မယ့္ပုံ"

"မင္းစက္..မင္း !!! "

"ေတာ္ပါေတာ့ အကိုကလည္း၊ဒါဆို က်ေနာ္တို႔သြားၿပီေနာ္ အကိုမင္းစက္။
အခ်ိန္မွီရင္ က်ေနာ္လာခဲ့ပါ့မယ္။"

"Okok ညီေလး... ၾကားတယ္ေနာ္ တစ္စုံတစ္ေယာက္ရဲ႕ပုပ္သိုးသိုးစိတ္ဓာတ္နဲ႔မ်ားကြာပါ့"

မင္းခန္႔ထည္ကလည္းမင္းစက္အားေလဆာမ်က္ေစာင္းမ်ားနဲ႔လွိမ့္ပိတ္ထိုးလာေလရာေနာက္ဆုံးေတာ့ထိုေၾကာင္နဲ႔ႂကြက္ႏွစ္ေယာက္ၾကား၌႐ိႈင္းေဇယံကပဲဝင္တားလိုက္ရၿပီး မင္းခန္႔ထည္ကိုဌာနအျပင္ဘက္သို႔ဆြဲေခၚသြားေတာ့ေလသည္။

မင္းခန္႔ထည္တို႔ထြက္သြားေတာ့ မင္းစက္လည္းေဆာ့လက္စဂိမ္းကိုအဆုံးသတ္လိုက္ေပသည္။

ထို႔ေနာက္ ပစၥည္းမ်ားစုထည့္ထားတဲ့ စကၠဴပုံးေလးအားပိုက္လ်က္ ႒ာနထဲမွထြက္လာလိုက္ကာ သုံးထပ္ေဆာင္အေပၚဆုံးထပ္ဆီသို႔လွမ္းၾကည့္လိုက္ရင္း ဟင္းခနဲသက္ျပင္းတစ္ခ်က္ခ်လ်က္ေလးဖင့္စြာဦးတည္လိုက္ေတာ့သည္။

"ေမာလိုက္ကာ ေလွကားေတြကဘာကိစၥ ဒီေန႔မွျမင့္ေနတာလဲမသိဘူး၊ငါေတာ့ အေပၚမေရာက္ခင္အသက္ထြက္မယ္ထင္တယ္"

မင္းစက္က lobbyဘက္႐ွိ အေပၚဆုံးထပ္သို႔တစ္ေျဖာင့္တည္းေရာက္တဲ့ေလွကားကိုမေ႐ြးဘဲ အေဆာက္အဦးအေနာက္ဘက္႐ွိလူ႐ွင္းေသာေလွကားထစ္ေတြဆီကေနေကြ႕ပတ္တက္ေနတာေၾကာင့္အဆုံးမသတ္ႏိုင္ေသာေလွကားထစ္ေတြကိုျဖတ္ေက်ာ္ေနရျခင္းပင္။

သူအေ႐ွ႕ဘက္ေလွကားကေနမသြားရျခင္းအေၾကာင္းမွာ break timeခ်ိန္ေရာက္ၿပီျဖစ္တာေၾကာင့္ အေပၚထပ္မွဆင္းလာသူ ဟန္လင္းထက္ႏွင့္ထိပ္တိုက္ေတြ႕မည္စိုး၍ ဤသို႔ဒုကၡခံေနျခင္းျဖစ္သည္။

မင္းစက္တစ္ေယာက္ ခ႐ုငယ္ေလးကဲ့သို႔ ေလွကားထစ္မ်ားကိုတစ္ေ႐ြ႕ေ႐ြ႕နဲ႔တက္ေနစဥ္ ပါးစပ္မွလည္းမနားမေနက်ိန္ဆဲေနတာေၾကာင့္ သူခမ်ာအတိုင္းထက္လြန္ေမာပန္းေနရေလ၏။

မင္းစက္ တက္ရင္းတက္ရင္းႏွင့္ေလွကားတစ္ထစ္အေရာက္တြင္နေမာ္နမဲ့ႏိုင္စြာ အဆင့္ေက်ာ္တက္မိလိုက္တာေၾကာင့္ ဟန္ခ်က္မထိန္းႏိုင္ဘဲ အေနာက္ဘက္သို႔လန္က်သြားေတာ့သည္။

"Shit!!! "

သို႔ေသာ္သူ႕အားတစ္စုံတစ္ေယာက္ကအေနာက္ဘက္မွလွမ္းထိန္းလိုက္တာေၾကာင့္ေအာက္ဘက္ဆီသို႔လိမ့္က်မသြားဘဲ နာက်င္မႈတို႔အစား အသက္႐ႈအတက္အက်ပုံမွန္မဟုတ္ေသာ အသံမ်ားကသူ၏နားထဲသို႔တိုးဝင္လာကာ သန္မာေတာင့္တင္းေသာလက္တစ္စုံကသူ႕အားတင္းၾကပ္စြာထိန္းကိုင္ထားသည္ကို သူခံစားလိုက္ရသည္။

"ကိုစက္!"

ရင္ႏွီးေနက်အသံတစ္ခုျဖစ္ေသာ္လည္းစိုးရိမ္ပူပန္စိတ္တို႔ေရာယွက္ေနတဲ့တစ္စုံတစ္ေယာက္ရဲ႕အသံကိုၾကားလိုက္ရသည္ႏွင့္တစ္ၿပိဳင္နက္ မင္းစက္ရဲ႕မွိတ္ထားေသာမ်က္ဝန္းအိမ္တို႔ကခ်က္ခ်င္းပြင့္လာခဲ့သည္။

"အလင္း!!"

မင္းစက္ ဟန္လင္းထက္ကိုျမင္ေတာ့ ထိုေကာင္ေလးရဲ႕ရင္ခြင္ထဲကေနကျပာကကယာထြက္လိုက္ေလသည္။

"ကိုစက္ လိမ့္က်ေတာ့မလို႔ေနာ္ က်ေနာ္သာေရာက္မလာရင္ ကိုစက္ဘယ္လိုလုပ္မလဲ"

ဟန္လင္းထက္ကမင္းစက္အားစိုက္ၾကည့္လ်က္ထုံးစံအတိုင္းဆူပူေနတဲ့အခိုက္
မင္းစက္က ဟန္လင္းထက္ရဲ႕စူး႐ွ႐ွမ်က္ဝန္းေတြဆီသို႔ျပန္ၾကည့္မလာခဲ့ဘဲ တစ္ေနရာရာသို႔သာအၾကည့္လႊဲထားလ်က္ မၾကားခ်င္ေယာင္ေဆာင္ေနေပသည္။

အမွန္တကယ္ဝန္ခံရမယ္ဆို အခု သူ႕ထံ၌ ထိုလူသားေလးရဲ႕မ်က္ဝန္းေလးေတြထဲ စိုက္ၾကည့္ႏိုင္တဲ့ခြန္အားတို႔က်န္႐ွိမေနေတာ့ေပ။
စည္းခ်က္မကိုက္ညီစြာခုန္ေပါက္ေန႐ွာတဲ့ႏွလုံးသားတစ္စုံနဲ႔အတူပစ္ခြင္လဲက်ခ်င္ေနတဲ့ေျခတံတစ္စုံသာသူ႕မွာက်န္႐ွိေတာ့တာကိုသူကိုယ္တိုင္အသိဆုံးပင္။

"ကိုစက္ က်ေနာ္ေျပာတာၾကားလား၊ ကိုစက္အရမ္းလန္႔သြားတာလား"

ဟန္လင္းထက္က မင္းစက္ရဲ႕ပုခုံးသားထက္သို႔လက္လွမ္းလိုက္လ်က္စိုးရိမ္မႈအျပည့္နဲ႔ထပ္ေမးလာေလေသာ္ မင္းစက္က တစ္စကၠန္႔မွ်ၾကန္႔ၾကာျခင္းမ႐ွိ ထိုလက္ထဲကေန႐ုံးထြက္လိုက္ကာ အူေၾကာင္ေၾကာင္မ်က္ႏွာေပးေလးျဖင့္တုံ႔ျပန္လာခဲ့သည္။

"အင္း နဲနဲေတာ့လန္႔သြားတယ္"

ဟုျပန္ေျဖလိုက္ၿပီးေနာက္ ေလွကားထစ္ေတြေပၚသို႔ျပန္႔က်ဲက်သြားရေသာ ပစၥည္းေလးမ်ားအား တစ္ခုခ်င္းစီလိုက္ေကာက္ေနလိုက္ေတာ့သည္။

"က်ေနာ္ ကူေပးမယ္"

ဟန္လင္းထက္လည္း မင္းစက္နဲ႔အတူထိုပစၥည္းမ်ားအားကူေကာက္လိုက္ၿပီး ေလွကားေအာက္ဆုံးအထစ္ထိက်သြားရေသာစကၠဴဘူးေလးအား ဆင္းေကာက္ၿပီးေနာက္မင္းစက္ဆီသို႔လွမ္းေပးလိုက္သည္။

မင္းစက္ကျပန္႔က်ဲသြားတဲ့ပစၥည္းေတြကိုစကၠဴဘူးေလးထဲေသေသခ်ာခ်ာျပန္ထည့္ၿပီးတဲ့အခါ ဟန္လင္းထက္ကသူ႕လက္ထဲ႐ွိထိုစကၠဴဘူးေလးအား ခ်က္ခ်င္းပင္ျပန္ဆြဲယူလိုက္ၿပီးအေပၚထပ္သို႔ဆက္တက္သြားေတာ့ေလသည္။မင္းစက္လည္းဟန္လင္းထက္ေနာက္သို႔အေျပးလိုက္သြားလိုက္ရင္းေမးၾကည့္လိုက္သည္။

"အလင္း ဘယ္လိုလုပ္ၿပီး ဒီဘက္ေရာက္လာတာလဲ"

"က်ေနာ္ကိုစက္ကို ဒီဘက္မွာလွမ္းျမင္လိုက္လို႔"

'ဒီကေလး raderကငါနဲ႔ပက္သတ္ရင္တယ္ေကာင္းပါလားဟ'

"ေတာ္ေသးတာေပါ့ အလင္းသာမ႐ွိရင္ အကိုအခုခ်ိန္ေလာက္ဆိုနတ္ျပည္ေရာက္ေနေလာက္ၿပီထင္တယ္"

မင္းစက္ကရယ္ရယ္ေမာေမာႏွင့္သာေပါ့ေပါ့ပါးပါးေျပာလိုက္ေပမယ့္ ဟန္လင္းထက္က႐ုတ္တရက္သူ႕ရဲ႕ေျခလွမ္းေတြကိုရပ္တန္႔လိုက္ၿပီး နီရဲေနတဲ့မ်က္ဝန္းတစ္စုံနဲ႔သူ႕ဆီသို႔ျပန္လွည့္ၾကည့္လာလိမ့္မယ္လို႔သူမထင္ထားခဲ့ေပ။

"ကိုစက္ကို တစ္နည္းနည္းနဲ႔အဆုံး႐ႈံးခံရမယ့္ေန႔ဆိုတာ ဒီတစ္သက္႐ွိလာမွာမဟုတ္ဘူး။
အဲ့လိုစကားမ်ိဳး က်ေနာ္႕ေ႐ွ႕မွာေနာက္တစ္ခါထပ္မေျပာပါနဲ႔ !"

ဟန္လင္းထက္ကမင္းစက္အား ဤသို႔ဆိုလာၿပီးေနာက္ သူ၏ေျခလွမ္းမ်ားကိုျပန္စတင္ကာထိုေနရာမွထြက္သြားေတာ့ေလသည္။မင္းစက္ကေတာ့ ဟန္လင္းထက္ရဲ႕ေက်ာျပင္ေလးအားေငးေၾကာင္ၾကည့္ေနလ်က္အေနာက္နား၌က်န္ေနခဲ့ရေပသည္။

'မင္း ငါ့အေပၚဘယ္ေလာက္ထိေတာင္အေလးထားေနတာလဲ အလင္းရာ.....'

••••••••••••••••••••••••••••••••••••••••••••••••••

မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔ရဲ႕ Canteenသြားရာလမ္းေလးကဒီေန႔မွပဲအဆမတန္သာယာေနသလိုပင္။မင္းခန္႔ထည္က႐ိႈင္းရဲ႕ကိုယ္ေလးအား ထီးနက္ျပာေရာင္ေလးျဖင့္အုပ္မိုးေပးထားကာ ႐ိႈင္းေျပာသမွ်စကားလုံးတိုင္းကို ေကာင္ေလးရဲ႕မ်က္ႏွာေလးအား လည္ပင္းတစ္ျခမ္းကိုေစာင္းငဲ့ခ်လ်က္ ၾကည့္႐ႈရင္းနားေထာင္ေနေလသည္။
မသိလွ်င္ေကာင္ေလးတစ္ေယာက္ကသူ႕ခ်စ္သူေကာင္မေလးအား တစ္စိမ့္စိမ့္ၾကည့္လ်က္လြန္စြာခ်စ္ခင္အလိုလိုက္တဲ့ပုံအလားထင္ေယာင္ထင္မွားျဖစ္ေစႏိုင္ေလသည္။

ထိုစဥ္ဆိုင္အတြင္းတစ္ေနရာ၌ သူတို႔အားေဝဖန္ပိုင္းျခားအကဲျဖတ္ေနသည့္ဆရာမႀကီးသုံးေယာက္႐ွိေနသည္ကိုေတာ့ သူတို႔ႏွစ္ဦးမသိ႐ွာခဲ့ေပ။

"ဟဲ့ ေသာ္တာ ဟိုမွာၾကည့္ ႐ိႈင္းနဲ႔ကိုကို kingႀကီး"

"ေအးေလ ငါအစကတည္းကေတြ႕သားပဲ နင္အခုမွျမင္တာလားဒါဒါရယ္ ႏုံခ်ာလိုက္တာ"

"OH My God! ဟိုမွာဆီေလ်ာ္ေနမႈႀကီးပါလား"

ကလ်ာကအသံၿပဲႀကီးျဖင့္ထေျပာလာတာေၾကာင့္ေသာ္တာကပိတ္ေဟာက္လာခဲ့ေပသည္။

"ဟဲ့ မသာမအသံေလွ်ာ့ေျပာဦး ေနာက္က
ကိုႀကီးေတြငါတို႔ကိုဝိုင္းၾကည့္ေနၾကၿပီ။
ေတာ္ၾကာ နင့္ေၾကာင့္ငါတို႔ ဘဲမရဘဲ Faေတြျဖစ္ကုန္ဦးမယ္။
ထိန္းထိန္း သိကၡာေလးေတြထိန္းဦး အမ"

ထိုအခါ ကလ်ာက သူမႏႈတ္ခမ္းတို႔အားဆူေထာ္လိုက္ေတာ့သည္။

"ေအးပါဟ ဖုန္းျမင့္ဝမ္းနည္းသြားၿပီ။"

"ေနပါဦးဖုန္းျမင့္ရဲ႕ ဝမ္းမနည္းနဲ႔ဦး၊နင္ခုနကေျပာတဲ့ ဆီေလ်ာ္ေနမႈႀကီးဆိုတာကို ဆက္ပါဦး sis"

ဒါဒါက ေစာနကကလ်ာရဲ႕စပ္ၿဖီးၿဖီးမ်က္ႏွာႀကီးအားသတိထားမိလိုက္တာေၾကာင့္ေမးလာခဲ့ျခင္းျဖစ္သည္။သို႔ႏွင့္ ကလ်ာက၂ေယာက္တစ္ကမ႓ာတည္လ်က္လမ္းေလွ်ာက္လာေနတဲ့ မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔႐ွိရာဆီေမးေငါ့ျပလိုက္ရင္းသူမရဲ႕ေမးေစ့ေလးကိုပြတ္သပ္ကာဆိုလာခဲ့ေပသည္။

"အဟမ္းအဟမ္း ဟိုမွာၾကည့္..
ပ်ားရည္ဆမ္းတဲ့မ်က္ႏွာနဲ႔The whole kingႀကီးက သူ႕ခမ်ာသြား၃၂ေခ်ာင္းလုံးေပၚတဲ့အထိျပဳံးၿဖီးေန႐ွာတာ မသိရင္သူ႕ေကာင္မေလးနဲ႔လာတာက်ေနတာပဲ။အဲ့တာေပါ့ ငါေျပာတဲ့ဆီေလ်ာ္ေနမႈႀကီးဆိုတာ၊"

"ေအး ငါလည္းအဲ့တာ ေျပာေနတာ၊kingကိုကိုက သူ႕ရည္းစားဟိုအမနဲ႔ေတာင္အဲ့ေလာက္ျပဳံးတာမဟုတ္ဘူး၊႐ိႈင္းနဲ႔က်ေတာ့ျပဳံးၿဖီးေနလိုက္တာ၊ၿပီးေတာ့ အုံးလြဲေနလားေအာက္ေမ့ရတယ္။
လည္ပင္းက႐ိႈင္းဘက္ကိုတစ္ခ်ိန္လုံးေစာင္းေနသလိုပဲ"

ေခ်ာေမာေတာက္ပေသာေရာင္ဝါတို႔ထင္ဟပ္ေနသည့္ကိုလူေခ်ာေလးႏွစ္ေယာက္ ဆိုင္ထဲသို႔ဝင္လာတာကိုျမင္ေတာ့ ဒါဒါကက်န္ႏွစ္ေယာက္အားလက္ကုတ္ကာတီးတိုးေျပာလိုက္ေလ၏။

"ဟဲ့ေတာ္ၾကေတာ့ ဟိုႏွစ္ေယာက္ဆိုင္ထဲဝင္လာၿပီ"

မင္းခန္႔ထည္နဲ႔႐ိႈင္းေဇယံတို႔ႏွစ္ေယာက္တက္လူဆိုင္ထဲသို႔ဝင္လိုက္ေသာအခါ ဆိုင္ထဲတြင္လူအေတာ္ၾကပ္ေနေလသည္။တက္လူဆိုင္က Canteenတြင္break timeအခ်ိန္ေရာက္တိုင္းလူျပည့္ၾကပ္တတ္တဲ့ဆိုင္တစ္ဆိုင္ျဖစ္တာေၾကာင့္သူတို႔ေရာက္လာတာေနာက္က်သြားသည္ဟုဆိုရေပမည္။

"စားပြဲေတာင္မ႐ွိေတာ့ဘူး ညီ ၊ တျခားဆိုင္သြားမလား"

႐ိႈင္းကဆိုင္ထဲကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ အေနာက္နားကဝိုင္းတစ္ဝိုင္းမွာထိုင္ေနတဲ့မယ္မင္းႀကီးမသုံးေယာက္ကိုအထင္အ႐ွားေတြ႕လိုက္ရတဲ့အခါ ထိုသုံးေယာက္႐ွိရာဝိုင္းသို႔ေလွ်ာက္သြားလိုက္လ်က္ ခုံေပၚလက္ေထာက္လိုက္ရင္း မသိခ်င္ေယာင္ေဆာင္ၿပီးေမးလိုက္ေလသည္။

"ဒါဒါတို႔ပါလား၊"

" အခုတေလာ ႐ိႈင္းေဇယံတို႔မ်ားစိမ္းကားေနလိုက္တာ၊ ခုနက ငါတို႔ Canteenသြားမယ္ လိုက္ခဲ့လို႔ေခၚတုန္းကေတာ့ ႒ာနသြားရမယ္ေလးဘာေလးနဲ႔၊ အခုက်ေတာ့ ဘာကိစၥ'တက္လူ'ေရာက္"

ထိုအခါ ႐ိႈင္းက သြားတက္ေလးေပၚေအာင္ျပဳံးျပလာခဲ့သည္။

"Sorryပါအမတို႔ေရ။အခုေတာ့ ဒီဝိုင္းမွာထိုင္ပါရေစခမ်၊ ဆိုင္ထဲကလူေတြလည္းငါတို႔ကိုေတာ္ေတာ္မ်က္စိေနာက္ေနေလာက္ၿပီ၊"

"OKေလ ဒါေပမယ့္ဒီဝိုင္းဖိုးနင္႐ွင္းရမယ္"

"ဟုတ္ကဲ့ပါခမ်ာ"

႐ိႈင္းကသေဘာတူလိုက္ၿပီးေနာက္မင္းခန္႔ထည္လည္း မမေလးတို႔သုံးေယာက္ရဲ႕ဝိုင္း၌ ဝင္ထိုင္လိုက္ေတာ့သည္။

ထိုအခ်ိန္မွစ၍ မင္းခန္႔ထည္ရဲ႕မ်က္ႏွာေပၚကသကာရည္အျပဳံးတို႔ဟာဆိုရင္ကုန္စင္ေအာင္ေပ်ာက္႐ွသြားခဲ့ေလၿပီျဖစ္သည္။
မင္းခန္႔ထည္ရဲ႕မ်က္ႏွာေသႀကီးကိုျမင္ေတာ့ေသာ္တာ ဒါဒါနဲ႔ကလ်ာ တို႔သုံးေယာက္စလုံးတစ္ေယာက္မ်က္ႏွာတစ္ေယာက္ျပန္ၾကည့္လိုက္ၾကရင္း အေနခက္စြာအသံတိတ္သြားၾကေတာ့သည္။

မင္းခန္႔ထည္ကေတာ့စားပြဲထိုးေလးလာခ်ေပးေသာေရသန္႔ဗူးကိုအဖုံးဖြင့္ကာဖန္ခြက္ႏွစ္ခြက္ထဲသို႔ေရထည့္လိုက္ၿပီးေနာက္ တစ္ခြက္အား႐ိႈင္းဆီသို႔ကမ္းေပးလိုက္တဲ့ေနရာတြင္သာ အႂကြင္းမဲ့အာ႐ုံစိုက္ထားတာေၾကာင့္က်န္တာေတြကိုသူ႕စိတ္ထဲထည့္မထားခဲ့ေပ။

ၿပီးေတာ့အစားအေသာက္မွာရာတြင္လည္း႐ိႈင္းစားမယ့္အစားအစာေတြကိုအေသးစိတ္မွာေပးၿပီး႐ိႈင္းကအစပ္မ်ားတာစားခ်င္ေၾကာင္းဆိုလာလွ်င္သူကအစပ္ေလွ်ာ့စားခိုင္းသည္။ဗိုက္ေအာင့္မွာစိုး၍မစားသင့္ေၾကာင္း႐ိႈင္းကိုစိတ္႐ွည္စြာ႐ွင္းျပလာခဲ့ကာ သူသည္လည္း႐ိႈင္းေဇယံနဲ႔ထပ္တူအစားအစာကိုသာေ႐ြးမွာေလသည္။

ထို႔အျပင္႐ိႈင္းႀကိဳက္ေသာ Ice coffeeကိုလည္း NES Coffeeျဖင့္သာေဖ်ာ္ေပးပါဟူ၍ လည္းအတန္တန္မွာေန႐ွာကာ က်န္တဲ့သုံးေယာက္ကိုေတာ့လုံးဝလ်စ္လ်ဴ႐ႈထားေလ၏။

ထို႔ေၾကာင့္ 'အေဖေရ က်မတို႔သုံးေယာက္ကိုေကာဒီဝိုင္းမွာ႐ွိတယ္လို႔ေတာင္သတ္မွတ္ေသးရဲ႕လား' ဟု သုံးေယာက္စလုံးၿပိဳင္တူေအာ္ေမးခ်င္ေလာက္တဲ့အထိေအာင္ပင္ခံျပင္းေနခဲ့ရေခ်သည္။

သုံးေယာက္စလုံးကမင္းခန္႔ထည္ရဲ႕အျပဳအမူမွန္သမွ်ကိုသိမ္းငွက္မ်က္လုံးမ်ားျဖင့္ေတာက္ေလွ်ာက္ၾကည့္႐ႈစစ္ေဆးေနၾကၿပီးေနာက္ အေသးအမႊားေလးကအစအကဲခတ္ေနၾကကာၾကဳံရင္ၾကဳံသလိုတစ္ေယာက္နဲ႔တစ္ေယာက္မ်က္စပစ္ျပရတာလည္းအေမာပင္။

ထို႔ေနာက္ ဒါဒါကသူမရဲ႕မ်က္လုံးေတြကိုေမွးက်ဥ္းလိုက္လ်က္ ႐ိႈင္းေဇယံကိုလက္တို႔လိုက္ကာအသံက်ယ္ႀကီးနဲ႔ထေျပာလာခဲ့ေလသည္။

"ဟဲ့ ႐ိႈင္း နင္နဲ႔ဟိုေကာင္မေလးရဲ႕အေျခအေနဘယ္လိုလဲ"

႐ုတ္တရက္ထေျပာလိုက္တဲ့ဒါဒါ့စကားေၾကာင့္မင္းခန္႔ထည္ရဲ႕မ်က္လုံးမ်ားကအသက္ဝင္လာကာ ဒါဒါ့ဆီသို႔တစ္ခ်က္ပင့္ၾကည့္လာၿပီးေနာက္ သူ၏အၾကည့္မ်ားက႐ိႈင္းေဇယံထံ၌ အဆုံးသတ္သြားေတာ့ေလသည္။

ေရခဲေရခြက္ကိုကိုင္ထားတဲ့႐ိႈင္းေဇယံရဲ႕လက္ေတြကေလထုထဲမွာရပ္တန္႔သြားၿပီးဒါဒါဘက္သို႔အျပဳံးမမည္ေသာအျပဳံးႀကီးနဲ႔လွည့္ၾကည့္လိုက္ရင္းအရိပ္အေျချပလာခဲ့သည္။

'လခြမ္း! ႀကီးေတာ္ရယ္ ကိုခန္႔ေ႐ွ႕ေရာက္မွ ဒီကိစၥေျပာရလားဟ!'

ဒါဒါ့ေမးခြန္းအဆုံးသတ္သြားၿပီးေနာက္ ထိုဝိုင္းတစ္ဝိုက္၌ ေရခဲစိုင္တစ္စိုင္အနားမွာလာေထာင္ထားသကဲ့သို႔ေအးစိမ့္စိမ့္အေငြ႕အသက္မ်ားကအရပ္႐ွစ္မ်က္ႏွာဆီကေနတျဖည္းျဖည္းျဖန္႔က်က္လာခဲ့ကာ
အပူခ်ိန္က႐ုတ္တရက္ႀကီးေလ်ာ့က်သြားခဲ့ရသည္။

မင္းခန္႔ထည္ရဲ႕အနီးဆုံးမွာထိုင္ေနတဲ့႐ိႈင္းေဇယံက ထိုအက်ိဳးသက္ေရာက္မႈကိုပိုအခံရဆုံးေပမို႔ သူ႕ေဘးဘက္႐ွိလူသားကိုေစာင္းငဲ့ၾကည့္လိုက္ေလရာ ထိုလူသားရဲ႕႐ႊန္းလဲ့ေသာအၾကင္နာမ်က္ဝန္းတစ္စုံတို႔၌ မရင္းႏွီးတဲ့အရိပ္အေယာင္မ်ားက မီးစေသးေသးေလးတစ္စနဲ႔အတူအစပ်ိဳးေတာက္ေလာင္ေနၿပီျဖစ္သည္။

ထိုအၾကည့္ေတြကိုအဓိပၸါယ္ဖြင့္ျပရမယ္ဆိုရင္ေတာ့ျဖင့္ ေနာက္မီးလင္းေနတဲ့ဇနီးသည္အား လက္ပူးလက္ၾကပ္မိသြားရတဲ့ခင္ပြန္းသည္က ၾကည့္လာေသာအၾကည့္ဟုခိုင္းႏိႈင္းေျပာဆိုရလွ်င္ပိုမွန္ေပလိမ့္မည္။

••••••••••••••••••••••••••••••••••••••••••••••••••

Thanks for reading. 💜

Merry Christmas my readers🙆😄🎄🎁❄🎅

••••••••••••••••••••••••••••••••••••••••••••••••••

Continuă lectura

O să-ți placă și

480K 11.5K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
97.6K 8.5K 57
ဒီဘဝတွင်တော့ သန့်မင်းဉာဏ်မှလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ပါ... (ကောင်းသုတကျော်) ဒီဘဝတြင္ေတာ့ သန့္မင္းဉာဏ္မွလြဲၿပီး ဘယ္သူ႕ကိုမွ မခ်စ္နိုင္ပါ... (ေကာင္...
473K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
48.5K 3.2K 136
Stage ပေါ်မှာ တောက်ပနေမယ့် Idol တစ်ယောက်အကြောင်း