Zawgyi
သူ႔အျဖစ္ကလည္းရယ္ေတာ့ရယ္ရသားဟုသာ နီေစြးေတြးရလိမ့္မည္။ သနားစရာ Blockage ျဖစ္ေနသည့္ စာေရးဆရာေကာင္ေလးကို ဘယ္သူတစ္ဦးမွ အားမေပးၾက။ အမ္း သူ႔စာဖတ္သူတုိ႔ကိုသူက ဘာဘာညာညာ ေျပာလွ်င္ေတာ့ အားေပးမႈတို႔ကို ရႏိုင္လိမ့္မည္။ သို႔ေသာ္လည္း ထိုသို႔လုပ္ရန္ကာ သူ မစဥ္းစား။ သူ႔စာကို ဖတ္သူမ်ားအတြက္သူ႔ ေၾကျငာမႈက ႏွစ္မ်ိဳးသာရိွသည္။ ထုိႏွစ္မ်ိဳးအနက္ သူ႔စာဖတ္သူတုိ႔သည္ ပထမတစ္မ်ိဳးကိုသာ ေတြ႔ရေသးၿပီး ဒုတိယတစ္မ်ိဳးကိုကား မေတြ႔ရေသး။
ပထမတစ္မ်ိဳးသည္ သူ ဝတၳဳတစ္ပုဒ္ေရးသည္ႏွင့္ တင္မည့္ Update Schedule ျဖစ္ၿပီး ဒုတိယတစ္မ်ိဳးသည္က သူ စာမေရးေတာ့ပါဘူးဆုိသည့္ Announcement သူ ထို Announcement ကို မလုပ္ခ်င္ေသာ္လည္း တစ္ခ်ိန္ေတာ့ လုပ္ရမည္ထင္ပါသည္ေလ။ သူ႔အေနအထားက ေကာင္းလည္းေကာင္းေတာ့သည္မွ မဟုတ္တာ။ ရက္နည္းနည္းၾကာလွ်င္... ေနာက္ထပ္နည္းနည္းၾကာလွ်င္ သို႔မဟုတ္ Web Series တစ္ခုလံုးကို စာအုပ္အျဖစ္ ထုတ္ေဝၿပီးမွ သူ လုပ္ရမည္လား။
"ငါအခုလုပ္ရင္ေတာ့ ဒီ Series ႀကီးက ငါ့ရဲ႕ေနာက္ဆံုး Work ဆုိၿပီး အေသဝယ္ရင္ဝယ္ၾကလိမ့္မယ္... ပရိုမိုးရွင္းဝိုင္းဆင္းေပးရင္ ေကာင္းမလား..."
သူ႔ မဝင္ရတာၾကာသည့္ အေကာင့္ထဲသူဝင္လုိက္ေတာ့ သူ႔ စာဖတ္သူတုိ႔၏ Comment ႏွင့္ ငိုေၾကြးေနမႈမ်ားက တပံုတပင္။ ထို အရာတုိ႔ကို သူ ပ်င္းပ်င္းႏွင့္လုိက္ဖက္ေနရင္းမွ မ်က္ခံုးတြန္႔လာမိသည္။
Comment – 1 : ငါတုိ႔ရဲ႕ နီေစြး Sama က ၾကာလြန္းေနၿပီမထင္ဘူးလား...
Comment – 1 ကို Reply : သူက အရမ္းၾကာတတ္တာမဟုတ္ပါဘူး...
Comment – 2 : Writer Blockage?
Comment – 3 : ဘယ္ငတံုးကအဲ့လိုထင္လဲ မသိေပမဲ့ နီေစြးက အဲ့လိုျဖစ္စရာအေၾကာင္းမရိွဘူး!
"အလို... တကယ္ယံုၾကည္ေနၾကတာပဲ..."
အျခားေသာ Comment အေတာ္မ်ားမ်ားကေတာ့ သူ ေနေကာင္းလားဘာညာ ေမးသည့္ Comment မ်ားမုိ႔ သူ ေထြေထြထူးထူး သိပ္ခံစားမေန။
Comment – 25 : အဲ့ဒါထက္ ဒီတစ္ခါ နီေစြးကိုယ္ေတာ္က ငါတုိ႔ကို အႀကီးႀကီး Plot ခ်န္ထားခဲ့တယ္ မဟုတ္ဘူးလား...
Comment – 25 ကို Reply : ဘာရယ္...
Comment – 25 ကို Reply : အင္းနီေစြးကိုယ္ေတာ္က Vincent ရဲ႕ မိဘေတြကို မေျဖထားဘူးေလ... အဟမ္း သူေရးလာသမွ်ကို ေတာက္ေလွ်ာက္ဖတ္လာတဲ့ Fan အေနနဲ႔ေျပာရရင္ ငါတုိ႔ရဲ႕ နီေစြးကိုယ္ေတာ္က ဘယ္ေတာ့မွ Blockage မျဖစ္ဘူး ဆုိတာပါပဲ။ အျမဲတမ္း သူ႔ရဲ႕ ဝတၳဳတိုင္းက အသစ္အေဟာင္း ဆက္စပ္လုိ႔ရတယ္...
Comment – 25 ကို Reply : ဟုတ္တယ္ ေျပာျပလုိက္စမ္း! ဒီခ်ာတိတ္မေလးေတြက ငါတုိ႔ ကိုယ္ေတာ္ကို အရမ္းအထင္ေသးတာပဲ...
Comment – 25 ကို Reply : ေနပါဦးကို ဘယ္သူက အထင္ေသးတာလဲ ေနာက္ၿပီး ဘယ္သူက ခ်ာတိတ္မလဲ!
Comment – 25 ကို Reply : နီေစြး Sama လို႔ မိန္းကေလးေတြပဲ ေခၚတယ္... ငါတုိ႔က Lord မဟုတ္ရင္ ကိုယ္ေတာ္ပဲ...
Comment – 25 ကို Reply : ......
နီေစြးပင္ ထုိ ၂၅ ခုေျမာက္ေသာ Comment ကိုေပးသည့္ User ေအာက္တြင္ ရီပလုိင္းတသီႀကီးျပန္ေနမႈကို ဖတ္ရင္း ေခါင္းမူးလာရသည္။ ဘယ္လိုျဖစ္လို႔ ဒီလူေတြက သူ႔ကို ပလိန္းႀကီးအထင္ႀကီးေနတာလဲ။ ဟယ္လို ငါလည္း မင္းတို႔လို လူသားေလးတစ္ေယာက္ပါေနာ္။ ငါ့ကို ဘာေလးလုိ႔ မင္းတို႔ ထင္ေနၾကတာလဲ! သြား မန္႔ခ်င္ေသာ္လည္း ယခုခ်ိန္တြင္ သြားမန္႔မိပါက ငတ္ျပတ္ေနသည့္ ဇြန္ဘီးတစ္သိုက္ထဲ လူသားေလးျပဳတ္က်သြားသကဲ့သို႔ တစစီစြဲၿဖဲခံရႏိုင္သည္မုိ႔ သူ ၿငိမ္ၿငိမ္ေလးသာ ေနလုိက္ေတာ့သည္။
ပြဲျဖစ္ေနေသာ ထို Comment တုိ႔ကို မဖတ္ဘဲ ေက်ာ္သြားေတာ့မည္အျပဳ ထုိ Reply မ်ားအနက္မွ တစ္ခုေသာ Reply က သူ႔စိတ္ကို စြဲေဆာင္သြားေလ၏။
Comment – 25 ကို Reply : ဟို Bro ေျပာသလုိ သူ႔ရဲ႕ Next Work က Vincent နဲ႔ ပတ္သက္တာ ျဖစ္ႏိုင္မယ္လို႔ ထင္တာလား...
Comment – 25 ကို Reply : အင္း... ထင္တာပဲ... Excalibur destroyer ရဲ႕ True Ending မ်ားလား...
ဥာဏ္ႀကီးရွင္ေတြဟု သူ ေကာက္ခ်က္ခ်လုိက္ၿပီး ဖုန္းကိုခ်၏။ အိပ္ယာမွ မထေသးလွ်င္ သူ႔ အိမ္ရွင္မေခြးဝါေလးမွ လာႏိႈးေတာ့မည္မို႔ သူ ခပ္သြက္သြက္ ခုတင္ေပၚမွ ဆင္းကာ မ်က္ႏွာသစ္စရာရိွသည္မ်ားကိုသစ္သည္။ True Ending... သူ သြားတုိက္ေနရင္းမွ ျပံဳးတံု႔တံု႔ျဖစ္သြားရေသးသည္။
ဒီလူေတြဟာ သူ႔ကို အရမ္းေတြ အထင္ႀကီးေနတာပဲ။ အင္းေလ... သူတုိ႔ထင္သည္က နီေစြးဆိုသည့္ သူက ထိုသို႔ေသာ ကမၻာမ်ားကို ဦးေႏွာက္ျဖင့္ စဥ္းစားကာ ေသခ်ာေရးသားျပသူတစ္ဦးအျဖစ္။ သို႔ေသာ္လည္း Behind the Scene ကေတာ့ သူသည္ သူ႔ဇာတ္ေကာင္မ်ားေျပာသည္ကိုသာ ေရးခ်င္သာ ႀကိဳတင္စဥ္းစားျခင္းလညး္မရိွသလို ဘယ္ဇာတ္လမ္းေရးပါမည္လို႔လည္း မရိွ။ အယ္... တစ္ခါခါ သူ ဘယ္လုိ theme ေရးခ်င္ပါသည္ဆိုလွ်င္ ထိုသို႔ေသာ ဇာတ္ေကာင္မ်ားက သူ႔ေရွ႕ေမွာက္သို႔ ေရာက္လာတာမ်ိဳးေတာ့ရိွတတ္သည္။
ထို႔အတြက္ နိဂံုးခ်ဳပ္လွ်င္ေတာ့ အမ်ားေျပာေျပာေနသည့္ သူ၏ သူမတူေသာ ဇာတ္ကြက္မ်ားသည္ သူ႔ဦးေႏွာက္မွ လာျခင္းမဟုတ္ဘဲ သူ႔ထံလာေရာက္ေျပာျပၾကေသာ ဇာတ္ေကာင္မ်ားမွ ေရာက္လာသည္ဆုိသည္ကိုေတာ့ သူ ထိုသူမ်ားကို မရွင္းျပတတ္ပါေလ။ သူရွင္းျပလည္း နားလည္ယံုၾကည္ၾကမည္မွ မဟုတ္ဘဲ။
"Vincent ရဲ႕ အစစ္အမွန္..."
သူ မ်က္ႏွာသုတ္ရင္းမွ ေရရြတ္၏။ သူ၏ Last Work အေနနဲ႔ သူ တစ္ခုခုေတာ့ လုပ္၍ ရေလာက္ဦးမည္ထင္သည္။
>>>>>Schmaltz<<<<<
"မင္း အဆင္သင့္ျပင္ထား ခဏေန ထက္လင္းဆီ သြားရမယ္..."
"ဒီေန႔က တနလာၤေန႔မဟုတ္ဘူးေလ..."
မနက္စာစားေနရင္းမွ Vincent ၏ ျပန္ေမးမႈေၾကာင့္ နီေစြး ထိုေကာင္ေလးကို မ်က္ႏွာေသျဖင့္ ၾကည့္သည္။
"ငါ သူ႔ဆီ တနလာၤေန႔ေတြပဲ သြားတယ္လုိ႔ ဘယ္သူေျပာလဲ..."
"နီေစြးပဲ သြားေနၾကျဖစ္ၿပီးေတာ့... ေနာက္ၿပီး ကြ်န္ေတာ္ကလုိက္ရဦးမွာလား..."
"အင္း သူက မင္းနဲ႔လည္း စကားေျပာခ်င္တယ္ေျပာလုိ႔..."
ထက္လင္းတစ္ေယာက္ ဘာေၾကာင့္ လူတို႔၏ စိတ္အရႈပ္အေထြးမ်ားကို ျပန္လည္ရွင္းလင္းေပးသည့္ အလုပ္ကိုလုပ္လည္းဟု ေမးမည္ဆုိလွ်င္ သူက လူတုိ႔၏ အတြင္းစိတ္ေတြကို ေလ့လာရသည္ဟု ေျဖလိမ့္မည္။ မင္း မရူးသြားတာ ကံေကာင္းဟု သူ ေျပာေတာ့ ထက္လင္းသည္ ထိုအခ်ိန္က ရယ္ေနခဲ့၏။
ယခု Vincent ကုိ စကားေျပာခ်င္သည္ဆုိေတာ့ သူ႔သူငယ္ခ်င္း ရင္လူးေဆးေကာင္သည္ Vincent ၏ စိတ္ကို သိခ်င္ေနပံုရသည္။ ေနာက္ၿပီး ခ်ီးကအစ ေသးအဆံုး ေျပာတတ္သည့္ သူႏွင့္ထက္လင္း၏ ဆက္ဆံေရးအရ သူ႔ Blockage က ထုိေကာင္ေလးႏွင့္ ပတ္သက္သည္ကို ထက္လင္းသည္ မသိဘဲမေန။ မသိခ်င္ေယာင္ေဆာင္ေနျခင္းသာ ျဖစ္မည္။
ေၾသာ္ထက္လင္းသည္ သူ႔ကို စာေရးတာကို မစြန္႔လႊတ္ေစခ်င္ဘူးပဲ။ သူ ေဝေလေလလုပ္ေနျခင္းကို မျမင္ခ်င္ဘူးပဲ။ သူေတြးကာ သက္ျပင္းေမာတစ္ခ်က္ရိႈက္၏။ ဘာေၾကာင့္ သူ႔အခက္အခဲကို သူ႔ထက္ ေဘးပတ္ဝန္းက်င္ရိွ သူမ်ားက ပို၍ ပူေလာင္ေနရလဲေလ။ အံ့ၾသစရာေကာင္းေပပ။
"ကြ်န္ေတာ္ လုိက္လုိ႔ျဖစ္တယ္ေပါ့..."
"အင္း... ေနာက္ၿပီး ငါ မင္းကို ရုပ္ရွင္ကိစၥ သိပ္ေက်ေသးတာမဟုတ္ဘူး..."
ႏွပ္ထားသည့္ ေကာ္ဖီခြက္ေလး အသာခ်ေပးရင္း Vincent သည္ သူ႔ကို ျပံဳးၾကည့္၏။
"နီေစြးက ကြ်န္ေတာ့္ကို ေၾကာက္မွမေၾကာက္တာ ဒါက ျဖစ္လာစရာအေၾကာင္းမရိွပါဘူး..."
နီေစြးမ်က္ေစာင္းသာ ထိုးၿပီး ဘာမွဆက္မေျပာ။ Vincent အေၾကာင္းေကာင္းေကာင္းသိသူမို႔ သူသာ ေၾကာက္လွ်င္ သူ႔ကို ထိုငနာေလးသည္ ခ်စ္လြန္းလုိ႔သတ္ပစ္လုိက္တာ ဆုိသည္မ်ိဳး လုပ္လိုက္လိမ့္မည္။ ထိုသို႔ျဖစ္စရာအေၾကာင္းေတာ့မရိွ။ သူ နီေစြးက ဘာကိစၥနဲ႔ သူ႔ေၾကာင့္ ဒီဘက္ေလာကကို ေရာက္လာႏိုင္သည့္ ဇာတ္ေကာင္ေလးကို ေၾကာက္ရမွာလဲ! လံုးဝ အဓိပၸာယ္မရိွတာေတြ။
"အဲ့ဒါတစ္ခုေတာ့ဟုတ္တယ္... ငါ မင္းကို ေၾကာက္စရာလည္းမလိုပါဘူး... ေနာက္ၿပီး ေျပာရရင္ေတာ့ Stalker ကို အိမ္ေပၚေခၚတင္ထားတဲ့ အျဖစ္ဆိုေတာ့ စိတ္ေတာင္ေအးရပါေသးတယ္..."
သူ႔စကားေၾကာင့္ Vincent ရယ္သည္။ Vincent သည္ English စကားလံုးမ်ားကို အျပည့္အဝနားမလည္သည္ေတာ့မဟုတ္။ သူ ေရးသားစဥ္တြင္ ညွပ္၍ေရးသားမႈေၾကာင့္ အထိုက္အေလ်ာက္ေတာ့ နားလည္သည္။ ထိုသို႔ Vincent ၏ ဘာသာစကားျပႆနာကို ေတြးမိတုိင္း သူ႔ကိုယ္သူသာ ျပစ္တင္ခ်င္ေတာ့သည္။ သူ ဘယ္လုိမ်ား ထိုဝတၳဳႀကီးကို ေရးသားလုိက္ပါလိမ့္။
"နီေစြးမွာ Stalker ရိွတယ္ေပါ့..."
"တစ္ခါ... ရည္းစားေဟာင္းက ျပန္ Stalk တယ္ပဲ ေျပာရမယ္..."
Vincent ၏ မ်က္လံုးမ်ားတြင္ ေအးခဲျခင္းတုိ႔ စတင္ေရာက္လာေတာ့သည္။ စိတ္အလုိမက်ျဖစ္လာသည့္ ထိုေကာင္ေလးကို ၾကည့္ၿပီး နီေစြးမ်က္ေမွာင္ၾကဳတ္၏။
"အဲ့သေကာင့္သားကိုလည္း ငါက ဖိတ္ေခၚတာမဟုတ္ပါဘူး... ေနာက္ၿပီး မင္းက ဘာကို အူတုိ... အူတိုရေအာင္ မင္းမွာ အူတိုခြင့္ရိွလို႔လား..."
"နီေစြးရဲ႕ ဒီအခန္းထဲကို တျခားသူေတြဝင္တာမႀကိဳက္ဘူး..."
သုန္မႈန္သည့္ မ်က္ႏွာျဖင့္ေျပာလာသည့္ Vincent ကုိၾကည့္ၿပီး နီေစြး ရယ္ဟဟျဖင့္...
"သားေလးရဲ႕ အဲ့ဒါက Daddy ရဲ႕ဆႏၵေလ... ဘာလို႔ဆို အိမ္ရွင္က ဘယ္သူမို႔လဲ..."
Vincent ၏ ေသးေသးတင္ပင္ မခံႏိုင္ျဖစ္ေနမႈကို ၾကည့္ၿပီး သူ စိတ္ရႈပ္ေနသည့္ၾကားမွ စေနာက္ျဖစ္ေတာ့ သူ႔ကို ခပ္ပါးပါးေလးျပန္ျပံဳးကာၾကည့္လာသည့္ Vincent... ထိုအၾကည့္တုိ႔က သူ႔စကား၏ ေနာက္ကြယ္မွ အဓိပၸာယ္အခ်ိဳ႕ကို ျမင္ေနသည့္ ပံုစံမ်ိဳးမို႔ သူ ေကာ္ဖီခြက္ကို ငံု႔ေသာက္သည္။ Vincent ထိုေကာင္ေလးသည္ မ်က္ႏွာထူသည့္ ဇာတ္ေကာင္ဆုိသည္ကို သူ ဘာလို႔မ်ားေမ့သြားသည္လဲ။
ဇာတ္ဝင္ခန္းတစ္ခုတြင္ ဒဏ္ရာရေနသည့္ ရန္သူကုိ ဒဏ္ရာကိုမွ တုိက္ခုိက္ၿပီး အႏိုင္ယူခဲ့သည့္ သူ႔သားငယ္ေလးသည္ မ်က္ႏွာထူလုိက္တာ အရွက္မရိွလုိက္တာဟု သူ႔ပရိသတ္မ်ားေျပာကာ အခ်စ္ပိုခဲ့ၾကေသးသည္။
ေနပါဦး သူ႔စာဖတ္ပရိသတ္မ်ားသည္လည္း ရူးႏွမ္းေနသည္မ်ားလား။ အဲ့တုန္းက သူေရးထားတာမ်ား လုိသြားလို႔လား... Vincent ၏ ထို Side ေလးက လက္ခံခ်င္စရာေကာင္းၿပီး Reality ဆန္သည္ဟုပင္ ထိုသူတုိ႔ေျပာၾကေသးသည္။ အား... သူ႔စာဖတ္သူမ်ားရဲ႕ စိတ္ဟာ ပံုမွန္ေရာ ဟုတ္ပါေသးရဲ႕လား။ သူ အကုန္လံုးကို တန္းစီၿပီး ရင္လူးေဆး၏ ေဆးခန္းကို အခမဲ့ ပို႔ေပးခ်င္စိတ္ေပါက္သြားေတာ့သည္။
သူ႔စာဖတ္သူမ်ားအတြက္ စိတ္ပူေပးေနစဥ္ Vincent ၏ရယ္သံစြက္သည့္ အသံတိုးတိုးေလးသည္ ညိွဳ႕ငင္ျခင္းအျပည့္ျဖင့္ ထြက္လာေလ၏။
"အဲ့ျပႆနာက ေနာက္ပိုင္းရိွလာစရာေတာ့ မရိွပါဘူး... ကြ်န္ေတာ္ အိမ္မွာ ရိွေနတာဆိုေတာ့... နီေစြးကို ကြ်န္ေတာ္ကာကြယ္ႏိုင္တယ္..."
"Stalker အတြက္ရဲေခၚလုိ႔ရပါတယ္... ကြန္ဒိုလံုျခံဳေရးေတြလည္းရိွပါတယ္..."
အေလွ်ာ့မေပးလိုစိတ္ျဖင့္ သူ ကေလးဆန္စြာ ခြန္းတံု႔ျပန္ေတာ့ ျပာလဲ့လဲ့မ်က္လံုးမ်ားသည္ တလဲ့လဲ့ေတာက္ကာ သူ႔ကုိ ၾကည့္ေနသည့္ Vincent... စိတ္ညိွဳ႕ေနျခင္းလည္းမဟုတ္ဘဲ သူ႔တည္ရိွမႈတစ္ခုလံုးကို ခ်စ္ျမတ္ႏိုးကာ သူ ဘာေျပာေျပာဘာလုပ္လုပ္ခ်စ္စရာေကာင္းေနသည္ဆုိသည့္ ပံုစံမ်ိဳးျဖင့္ ၾကည့္ေနသည့္ ထိုေကာင္ေလးေၾကာင့္ အေတြ႔အၾကံဳေပါင္းမ်ားလွေလေသာ သူပင္ အနည္းငယ္ အမ္းတမ္းတမ္းျဖစ္လာရသည္။ ဘယ္လူတစ္ေယာက္က သူ႔ကို ေခါေတာအားႀကီးနဲ႔ၾကည့္တာကို ႏွစ္သက္မွာလဲ! ဒါကို ရွက္ရြံ႕သလုိ ခံစားရသည္ဆုိကတည္းက သူကလည္း ထိုေကာင္ေလးအေပၚယိမ္းေနလို႔ေပ့ါ။ နီေစြး... နီေစြး... မင္းေတာ့ ဒုကၡေတြ႔ေနပါၿပီကြာဟုသာ သူ ညည္းတြားကာ ေကာ္ဖီခြက္ကို ငံု႔ၾကည့္သည္။
တစ္စံုတစ္ေယာက္အေပၚခံစားခ်က္ရိွျခင္းက သူ႔ဘဝတြင္ ထူးဆန္းသည့္ကိစၥလည္းမဟုတ္။ ေျပာဖူးပါေရာလား သူက ဘယ္ရည္းစားကိုမဆို ခံစားခ်က္ရိွပါတယ္လုိ႔ သူ႔ခံစားခ်က္ေတြက မတည္ျမဲျခင္းတစ္ခုသာ ရိွသည္။ ခ်ဳပ္ေႏွာင္ျခင္းမပါခင္ေတာ့ သူ ဘယ္သူကိုမဆိုခ်စ္ႏိုင္ၿပီး ခ်ည္ေႏွာင္မႈတုိ႔ပါလာလွ်င္ေတာ့ သူ မခ်စ္ႏိုင္ေတာ့။ Vincent သည္ ခ်စ္၍ေကာင္းသည့္ သူေလးမဟုတ္။ ထိုေကာင္ေလး၏ အခ်စ္ဟူသည္က သူခ်စ္ေသာသူကို ဘယ္ေသာအခါမွ ထြက္ေျပးႏိုင္ျခင္းမရိွေအာင္ ေလွာင္အိမ္ထဲထည့္ထားမည့္အခ်စ္မ်ိဳး။ ငွက္တစ္ေကာင္ျဖစ္သည့္ သူႏွင့္ ဘယ္လုိလုပ္ကိုက္ညီပါ့မလဲေလ။
နီေစြး သူတုိ႔၏ ျခားနားျခင္းကိုေတြးဆေနခ်ိန္တြင္ Vincent ဆုိသည့္ ေကာင္ေလး၏ ႏႈတ္မွ စကားခြန္းသည္ ထပ္ထြက္လာျပန္ပါသည္။
"ေနာက္ၿပီး Daddy ရဲ႕... Daddy က အိမ္ရွင္ဆုိေပမဲ့... သားျဖစ္တဲ့ ကြ်န္ေတာ္က Daddy ေယာက်ာ္းဆုိေတာ့ Daddy ဆံုးျဖတ္ခ်က္ကိုလည္း ကြ်န္ေတာ္ပိုင္တာေပါ့ မဟုတ္ဘူးလား..."
"အဟြတ္!"
ေကာ္ဖီေသာက္ေနစဥ္ ေျပာလာမႈေၾကာင့္ ေကာ္ဖီမ်ားသီးကာ သူ Vincent ကို စိတ္ဆိုးဆိုးျဖင့္ မ်က္လံုးလွန္ၾကည့္ေတာ့ သူ႔ကို ညစ္က်ယ္က်ယ္ အျပံဳးျဖင့္ျပန္ၾကည့္ေနသည့္ Vincent...
"သြား! အဝတ္လဲေတာ့! ထက္လင္းဆီသြားမယ္!"
ဒီအရွက္မရိွတဲ့ငနာေကာင္ေလးဟု က်ိန္ဆဲၿပီးသာ သူ မ်က္စိစံုမိွတ္ေအာ္ေတာ့ တဟားဟားရယ္ကာ သူ႔ေခါင္းလံုးလံုးေလးကို ထိုးဖြသြားသည့္ Vincent နီေစြး၏ မ်က္ႏွာက ပိုပိုၿပီး မဲလာေတာ့သည္။
ငါ့သားဟာ ငါ့ကို မရိုေသေတာ့ဘူး။
ငါ့သားဟာ ငါ့ကို စားေသာက္ဖို႔ႀကိဳးစားေနတယ္။
ငါ့သားဟာ... အင္း အဲ့ဒါေလးက ရင္ခုန္ခ်င္စရာေကာင္းတယ္။
သူ၏ မရိုးသားသည့္ အေတြးမ်ားေၾကာင့္ သူ ျပံဳးမိရသည္။ သို႔ေသာ္လည္း သူ ဘယ္ေလာက္ပဲ Vincent အေပၚယိမ္းယိုင္ေနပါေစ သူ သြားထိမည္မဟုတ္။ သူသည္ကား သူ႔အေပၚ ေလးနက္လြန္းသည့္ သူတုိ႔ကို ေရွာင္က်ဥ္သည့္သူ။ လြတ္လပ္ခ်င္သည့္ သူတစ္ေယာက္အတြက္ ေလးနက္ျခင္းက အဆိပ္အေတာက္မို႔ Vincent သာ သူ႔ကို အေပ်ာ္တြဲမည္ဆိုလွ်င္ သူတုိ႔ ျဖစ္ႏိုင္ပါဦးမည္ေလ။ သူ သက္ျပင္းသာခ်၏။ အခ်ိဳ႕ေသာ အသီးတို႔က မစားေကာင္းပါေလ။ အထူးသျဖင့္ အတည္ၾကံမည့္ အသီးမ်ားက ပိုဆုိးသည္ေပါ့။
~~~~~~~~~~
Zawgyi
သူ့အဖြစ်ကလည်းရယ်တော့ရယ်ရသားဟုသာ နီစွေးတွေးရလိမ့်မည်။ သနားစရာ Blockage ဖြစ်နေသည့် စာရေးဆရာကောင်လေးကို ဘယ်သူတစ်ဦးမှ အားမပေးကြ။ အမ်း သူ့စာဖတ်သူတို့ကိုသူက ဘာဘာညာညာ ပြောလျှင်တော့ အားပေးမှုတို့ကို ရနိုင်လိမ့်မည်။ သို့သော်လည်း ထိုသို့လုပ်ရန်ကာ သူ မစဉ်းစား။ သူ့စာကို ဖတ်သူများအတွက်သူ့ ကြေငြာမှုက နှစ်မျိုးသာရှိသည်။ ထိုနှစ်မျိုးအနက် သူ့စာဖတ်သူတို့သည် ပထမတစ်မျိုးကိုသာ တွေ့ရသေးပြီး ဒုတိယတစ်မျိုးကိုကား မတွေ့ရသေး။
ပထမတစ်မျိုးသည် သူ ဝတ္ထုတစ်ပုဒ်ရေးသည်နှင့် တင်မည့် Update Schedule ဖြစ်ပြီး ဒုတိယတစ်မျိုးသည်က သူ စာမရေးတော့ပါဘူးဆိုသည့် Announcement သူ ထို Announcement ကို မလုပ်ချင်သော်လည်း တစ်ချိန်တော့ လုပ်ရမည်ထင်ပါသည်လေ။ သူ့အနေအထားက ကောင်းလည်းကောင်းတော့သည်မှ မဟုတ်တာ။ ရက်နည်းနည်းကြာလျှင်... နောက်ထပ်နည်းနည်းကြာလျှင် သို့မဟုတ် Web Series တစ်ခုလုံးကို စာအုပ်အဖြစ် ထုတ်ဝေပြီးမှ သူ လုပ်ရမည်လား။
"ငါအခုလုပ်ရင်တော့ ဒီ Series ကြီးက ငါ့ရဲ့နောက်ဆုံး Work ဆိုပြီး အသေဝယ်ရင်ဝယ်ကြလိမ့်မယ်... ပရိုမိုးရှင်းဝိုင်းဆင်းပေးရင် ကောင်းမလား..."
သူ့ မဝင်ရတာကြာသည့် အကောင့်ထဲသူဝင်လိုက်တော့ သူ့ စာဖတ်သူတို့၏ Comment နှင့် ငိုကြွေးနေမှုများက တပုံတပင်။ ထို အရာတို့ကို သူ ပျင်းပျင်းနှင့်လိုက်ဖက်နေရင်းမှ မျက်ခုံးတွန့်လာမိသည်။
Comment – 1 : ငါတို့ရဲ့ နီစွေး Sama က ကြာလွန်းနေပြီမထင်ဘူးလား...
Comment – 1 ကို Reply : သူက အရမ်းကြာတတ်တာမဟုတ်ပါဘူး...
Comment – 2 : Writer Blockage?
Comment – 3 : ဘယ်ငတုံးကအဲ့လိုထင်လဲ မသိပေမဲ့ နီစွေးက အဲ့လိုဖြစ်စရာအကြောင်းမရှိဘူး!
"အလို... တကယ်ယုံကြည်နေကြတာပဲ..."
အခြားသော Comment အတော်များများကတော့ သူ နေကောင်းလားဘာညာ မေးသည့် Comment များမို့ သူ ထွေထွေထူးထူး သိပ်ခံစားမနေ။
Comment – 25 : အဲ့ဒါထက် ဒီတစ်ခါ နီစွေးကိုယ်တော်က ငါတို့ကို အကြီးကြီး Plot ချန်ထားခဲ့တယ် မဟုတ်ဘူးလား...
Comment – 25 ကို Reply : ဘာရယ်...
Comment – 25 ကို Reply : အင်းနီစွေးကိုယ်တော်က Vincent ရဲ့ မိဘတွေကို မဖြေထားဘူးလေ... အဟမ်း သူရေးလာသမျှကို တောက်လျှောက်ဖတ်လာတဲ့ Fan အနေနဲ့ပြောရရင် ငါတို့ရဲ့ နီစွေးကိုယ်တော်က ဘယ်တော့မှ Blockage မဖြစ်ဘူး ဆိုတာပါပဲ။ အမြဲတမ်း သူ့ရဲ့ ဝတ္ထုတိုင်းက အသစ်အဟောင်း ဆက်စပ်လို့ရတယ်...
Comment – 25 ကို Reply : ဟုတ်တယ် ပြောပြလိုက်စမ်း! ဒီချာတိတ်မလေးတွေက ငါတို့ ကိုယ်တော်ကို အရမ်းအထင်သေးတာပဲ...
Comment – 25 ကို Reply : နေပါဦးကို ဘယ်သူက အထင်သေးတာလဲ နောက်ပြီး ဘယ်သူက ချာတိတ်မလဲ!
Comment – 25 ကို Reply : နီစွေး Sama လို့ မိန်းကလေးတွေပဲ ခေါ်တယ်... ငါတို့က Lord မဟုတ်ရင် ကိုယ်တော်ပဲ...
Comment – 25 ကို Reply : ......
နီစွေးပင် ထို ၂၅ ခုမြောက်သော Comment ကိုပေးသည့် User အောက်တွင် ရီပလိုင်းတသီကြီးပြန်နေမှုကို ဖတ်ရင်း ခေါင်းမူးလာရသည်။ ဘယ်လိုဖြစ်လို့ ဒီလူတွေက သူ့ကို ပလိန်းကြီးအထင်ကြီးနေတာလဲ။ ဟယ်လို ငါလည်း မင်းတို့လို လူသားလေးတစ်ယောက်ပါနော်။ ငါ့ကို ဘာလေးလို့ မင်းတို့ ထင်နေကြတာလဲ! သွား မန့်ချင်သော်လည်း ယခုချိန်တွင် သွားမန့်မိပါက ငတ်ပြတ်နေသည့် ဇွန်ဘီးတစ်သိုက်ထဲ လူသားလေးပြုတ်ကျသွားသကဲ့သို့ တစစီစွဲဖြဲခံရနိုင်သည်မို့ သူ ငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။
ပွဲဖြစ်နေသော ထို Comment တို့ကို မဖတ်ဘဲ ကျော်သွားတော့မည်အပြု ထို Reply များအနက်မှ တစ်ခုသော Reply က သူ့စိတ်ကို စွဲဆောင်သွားလေ၏။
Comment – 25 ကို Reply : ဟို Bro ပြောသလို သူ့ရဲ့ Next Work က Vincent နဲ့ ပတ်သက်တာ ဖြစ်နိုင်မယ်လို့ ထင်တာလား...
Comment – 25 ကို Reply : အင်း... ထင်တာပဲ... Excalibur destroyer ရဲ့ True Ending များလား...
ဉာဏ်ကြီးရှင်တွေဟု သူ ကောက်ချက်ချလိုက်ပြီး ဖုန်းကိုချ၏။ အိပ်ယာမှ မထသေးလျှင် သူ့ အိမ်ရှင်မခွေးဝါလေးမှ လာနှိုးတော့မည်မို့ သူ ခပ်သွက်သွက် ခုတင်ပေါ်မှ ဆင်းကာ မျက်နှာသစ်စရာရှိသည်များကိုသစ်သည်။ True Ending... သူ သွားတိုက်နေရင်းမှ ပြုံးတုံ့တုံ့ဖြစ်သွားရသေးသည်။
ဒီလူတွေဟာ သူ့ကို အရမ်းတွေ အထင်ကြီးနေတာပဲ။ အင်းလေ... သူတို့ထင်သည်က နီစွေးဆိုသည့် သူက ထိုသို့သော ကမ္ဘာများကို ဦးနှောက်ဖြင့် စဉ်းစားကာ သေချာရေးသားပြသူတစ်ဦးအဖြစ်။ သို့သော်လည်း Behind the Scene ကတော့ သူသည် သူ့ဇာတ်ကောင်များပြောသည်ကိုသာ ရေးချင်သာ ကြိုတင်စဉ်းစားခြင်းလည်းမရှိသလို ဘယ်ဇာတ်လမ်းရေးပါမည်လို့လည်း မရှိ။ အယ်... တစ်ခါခါ သူ ဘယ်လို theme ရေးချင်ပါသည်ဆိုလျှင် ထိုသို့သော ဇာတ်ကောင်များက သူ့ရှေ့မှောက်သို့ ရောက်လာတာမျိုးတော့ရှိတတ်သည်။
ထို့အတွက် နိဂုံးချုပ်လျှင်တော့ အများပြောပြောနေသည့် သူ၏ သူမတူသော ဇာတ်ကွက်များသည် သူ့ဦးနှောက်မှ လာခြင်းမဟုတ်ဘဲ သူ့ထံလာရောက်ပြောပြကြသော ဇာတ်ကောင်များမှ ရောက်လာသည်ဆိုသည်ကိုတော့ သူ ထိုသူများကို မရှင်းပြတတ်ပါလေ။ သူရှင်းပြလည်း နားလည်ယုံကြည်ကြမည်မှ မဟုတ်ဘဲ။
"Vincent ရဲ့ အစစ်အမှန်..."
သူ မျက်နှာသုတ်ရင်းမှ ရေရွတ်၏။ သူ၏ Last Work အနေနဲ့ သူ တစ်ခုခုတော့ လုပ်၍ ရလောက်ဦးမည်ထင်သည်။
>>>>>Schmaltz<<<<<
"မင်း အဆင်သင့်ပြင်ထား ခဏနေ ထက်လင်းဆီ သွားရမယ်..."
"ဒီနေ့က တနလာၤနေ့မဟုတ်ဘူးလေ..."
မနက်စာစားနေရင်းမှ Vincent ၏ ပြန်မေးမှုကြောင့် နီစွေး ထိုကောင်လေးကို မျက်နှာသေဖြင့် ကြည့်သည်။
"ငါ သူ့ဆီ တနလာၤနေ့တွေပဲ သွားတယ်လို့ ဘယ်သူပြောလဲ..."
"နီစွေးပဲ သွားနေကြဖြစ်ပြီးတော့... နောက်ပြီး ကျွန်တော်ကလိုက်ရဦးမှာလား..."
"အင်း သူက မင်းနဲ့လည်း စကားပြောချင်တယ်ပြောလို့..."
ထက်လင်းတစ်ယောက် ဘာကြောင့် လူတို့၏ စိတ်အရှုပ်အထွေးများကို ပြန်လည်ရှင်းလင်းပေးသည့် အလုပ်ကိုလုပ်လည်းဟု မေးမည်ဆိုလျှင် သူက လူတို့၏ အတွင်းစိတ်တွေကို လေ့လာရသည်ဟု ဖြေလိမ့်မည်။ မင်း မရူးသွားတာ ကံကောင်းဟု သူ ပြောတော့ ထက်လင်းသည် ထိုအချိန်က ရယ်နေခဲ့၏။
ယခု Vincent ကို စကားပြောချင်သည်ဆိုတော့ သူ့သူငယ်ချင်း ရင်လူးဆေးကောင်သည် Vincent ၏ စိတ်ကို သိချင်နေပုံရသည်။ နောက်ပြီး ချီးကအစ သေးအဆုံး ပြောတတ်သည့် သူနှင့်ထက်လင်း၏ ဆက်ဆံရေးအရ သူ့ Blockage က ထိုကောင်လေးနှင့် ပတ်သက်သည်ကို ထက်လင်းသည် မသိဘဲမနေ။ မသိချင်ယောင်ဆောင်နေခြင်းသာ ဖြစ်မည်။
သြော်ထက်လင်းသည် သူ့ကို စာရေးတာကို မစွန့်လွှတ်စေချင်ဘူးပဲ။ သူ ဝေလေလေလုပ်နေခြင်းကို မမြင်ချင်ဘူးပဲ။ သူတွေးကာ သက်ပြင်းမောတစ်ချက်ရှိုက်၏။ ဘာကြောင့် သူ့အခက်အခဲကို သူ့ထက် ဘေးပတ်ဝန်းကျင်ရှိ သူများက ပို၍ ပူလောင်နေရလဲလေ။ အံ့သြစရာကောင်းပေပ။
"ကျွန်တော် လိုက်လို့ဖြစ်တယ်ပေါ့..."
"အင်း... နောက်ပြီး ငါ မင်းကို ရုပ်ရှင်ကိစ္စ သိပ်ကျေသေးတာမဟုတ်ဘူး..."
နှပ်ထားသည့် ကော်ဖီခွက်လေး အသာချပေးရင်း Vincent သည် သူ့ကို ပြုံးကြည့်၏။
"နီစွေးက ကျွန်တော့်ကို ကြောက်မှမကြောက်တာ ဒါက ဖြစ်လာစရာအကြောင်းမရှိပါဘူး..."
နီစွေးမျက်စောင်းသာ ထိုးပြီး ဘာမှဆက်မပြော။ Vincent အကြောင်းကောင်းကောင်းသိသူမို့ သူသာ ကြောက်လျှင် သူ့ကို ထိုငနာလေးသည် ချစ်လွန်းလို့သတ်ပစ်လိုက်တာ ဆိုသည်မျိုး လုပ်လိုက်လိမ့်မည်။ ထိုသို့ဖြစ်စရာအကြောင်းတော့မရှိ။ သူ နီစွေးက ဘာကိစ္စနဲ့ သူ့ကြောင့် ဒီဘက်လောကကို ရောက်လာနိုင်သည့် ဇာတ်ကောင်လေးကို ကြောက်ရမှာလဲ! လုံးဝ အဓိပ္ပာယ်မရှိတာတွေ။
"အဲ့ဒါတစ်ခုတော့ဟုတ်တယ်... ငါ မင်းကို ကြောက်စရာလည်းမလိုပါဘူး... နောက်ပြီး ပြောရရင်တော့ Stalker ကို အိမ်ပေါ်ခေါ်တင်ထားတဲ့ အဖြစ်ဆိုတော့ စိတ်တောင်အေးရပါသေးတယ်..."
သူ့စကားကြောင့် Vincent ရယ်သည်။ Vincent သည် English စကားလုံးများကို အပြည့်အဝနားမလည်သည်တော့မဟုတ်။ သူ ရေးသားစဉ်တွင် ညှပ်၍ရေးသားမှုကြောင့် အထိုက်အလျောက်တော့ နားလည်သည်။ ထိုသို့ Vincent ၏ ဘာသာစကားပြဿနာကို တွေးမိတိုင်း သူ့ကိုယ်သူသာ ပြစ်တင်ချင်တော့သည်။ သူ ဘယ်လိုများ ထိုဝတ္ထုကြီးကို ရေးသားလိုက်ပါလိမ့်။
"နီစွေးမှာ Stalker ရှိတယ်ပေါ့..."
"တစ်ခါ... ရည်းစားဟောင်းက ပြန် Stalk တယ်ပဲ ပြောရမယ်..."
Vincent ၏ မျက်လုံးများတွင် အေးခဲခြင်းတို့ စတင်ရောက်လာတော့သည်။ စိတ်အလိုမကျဖြစ်လာသည့် ထိုကောင်လေးကို ကြည့်ပြီး နီစွေးမျက်မှောင်ကြုတ်၏။
"အဲ့သကောင့်သားကိုလည်း ငါက ဖိတ်ခေါ်တာမဟုတ်ပါဘူး... နောက်ပြီး မင်းက ဘာကို အူတို... အူတိုရအောင် မင်းမှာ အူတိုခွင့်ရှိလို့လား..."
"နီစွေးရဲ့ ဒီအခန်းထဲကို တခြားသူတွေဝင်တာမကြိုက်ဘူး..."
သုန်မှုန်သည့် မျက်နှာဖြင့်ပြောလာသည့် Vincent ကိုကြည့်ပြီး နီစွေး ရယ်ဟဟဖြင့်...
"သားလေးရဲ့ အဲ့ဒါက Daddy ရဲ့ဆန္ဒလေ... ဘာလို့ဆို အိမ်ရှင်က ဘယ်သူမို့လဲ..."
Vincent ၏ သေးသေးတင်ပင် မခံနိုင်ဖြစ်နေမှုကို ကြည့်ပြီး သူ စိတ်ရှုပ်နေသည့်ကြားမှ စနောက်ဖြစ်တော့ သူ့ကို ခပ်ပါးပါးလေးပြန်ပြုံးကာကြည့်လာသည့် Vincent... ထိုအကြည့်တို့က သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်အချို့ကို မြင်နေသည့် ပုံစံမျိုးမို့ သူ ကော်ဖီခွက်ကို ငုံ့သောက်သည်။ Vincent ထိုကောင်လေးသည် မျက်နှာထူသည့် ဇာတ်ကောင်ဆိုသည်ကို သူ ဘာလို့များမေ့သွားသည်လဲ။
ဇာတ်ဝင်ခန်းတစ်ခုတွင် ဒဏ်ရာရနေသည့် ရန်သူကို ဒဏ်ရာကိုမှ တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည့် သူ့သားငယ်လေးသည် မျက်နှာထူလိုက်တာ အရှက်မရှိလိုက်တာဟု သူ့ပရိသတ်များပြောကာ အချစ်ပိုခဲ့ကြသေးသည်။
နေပါဦး သူ့စာဖတ်ပရိသတ်များသည်လည်း ရူးနှမ်းနေသည်များလား။ အဲ့တုန်းက သူရေးထားတာများ လိုသွားလို့လား... Vincent ၏ ထို Side လေးက လက်ခံချင်စရာကောင်းပြီး Reality ဆန်သည်ဟုပင် ထိုသူတို့ပြောကြသေးသည်။ အား... သူ့စာဖတ်သူများရဲ့ စိတ်ဟာ ပုံမှန်ရော ဟုတ်ပါသေးရဲ့လား။ သူ အကုန်လုံးကို တန်းစီပြီး ရင်လူးဆေး၏ ဆေးခန်းကို အခမဲ့ ပို့ပေးချင်စိတ်ပေါက်သွားတော့သည်။
သူ့စာဖတ်သူများအတွက် စိတ်ပူပေးနေစဉ် Vincent ၏ရယ်သံစွက်သည့် အသံတိုးတိုးလေးသည် ညှို့ငင်ခြင်းအပြည့်ဖြင့် ထွက်လာလေ၏။
"အဲ့ပြဿနာက နောက်ပိုင်းရှိလာစရာတော့ မရှိပါဘူး... ကျွန်တော် အိမ်မှာ ရှိနေတာဆိုတော့... နီစွေးကို ကျွန်တော်ကာကွယ်နိုင်တယ်..."
"Stalker အတွက်ရဲခေါ်လို့ရပါတယ်... ကွန်ဒိုလုံခြုံရေးတွေလည်းရှိပါတယ်..."
အလျှော့မပေးလိုစိတ်ဖြင့် သူ ကလေးဆန်စွာ ခွန်းတုံ့ပြန်တော့ ပြာလဲ့လဲ့မျက်လုံးများသည် တလဲ့လဲ့တောက်ကာ သူ့ကို ကြည့်နေသည့် Vincent... စိတ်ညှို့နေခြင်းလည်းမဟုတ်ဘဲ သူ့တည်ရှိမှုတစ်ခုလုံးကို ချစ်မြတ်နိုးကာ သူ ဘာပြောပြောဘာလုပ်လုပ်ချစ်စရာကောင်းနေသည်ဆိုသည့် ပုံစံမျိုးဖြင့် ကြည့်နေသည့် ထိုကောင်လေးကြောင့် အတွေ့အကြုံပေါင်းများလှလေသော သူပင် အနည်းငယ် အမ်းတမ်းတမ်းဖြစ်လာရသည်။ ဘယ်လူတစ်ယောက်က သူ့ကို ခေါတောအားကြီးနဲ့ကြည့်တာကို နှစ်သက်မှာလဲ! ဒါကို ရှက်ရွံ့သလို ခံစားရသည်ဆိုကတည်းက သူကလည်း ထိုကောင်လေးအပေါ်ယိမ်းနေလို့ပေ့ါ။ နီစွေး... နီစွေး... မင်းတော့ ဒုက္ခတွေ့နေပါပြီကွာဟုသာ သူ ညည်းတွားကာ ကော်ဖီခွက်ကို ငုံ့ကြည့်သည်။
တစ်စုံတစ်ယောက်အပေါ်ခံစားချက်ရှိခြင်းက သူ့ဘဝတွင် ထူးဆန်းသည့်ကိစ္စလည်းမဟုတ်။ ပြောဖူးပါရောလား သူက ဘယ်ရည်းစားကိုမဆို ခံစားချက်ရှိပါတယ်လို့ သူ့ခံစားချက်တွေက မတည်မြဲခြင်းတစ်ခုသာ ရှိသည်။ ချုပ်နှောင်ခြင်းမပါခင်တော့ သူ ဘယ်သူကိုမဆိုချစ်နိုင်ပြီး ချည်နှောင်မှုတို့ပါလာလျှင်တော့ သူ မချစ်နိုင်တော့။ Vincent သည် ချစ်၍ကောင်းသည့် သူလေးမဟုတ်။ ထိုကောင်လေး၏ အချစ်ဟူသည်က သူချစ်သောသူကို ဘယ်သောအခါမှ ထွက်ပြေးနိုင်ခြင်းမရှိအောင် လှောင်အိမ်ထဲထည့်ထားမည့်အချစ်မျိုး။ ငှက်တစ်ကောင်ဖြစ်သည့် သူနှင့် ဘယ်လိုလုပ်ကိုက်ညီပါ့မလဲလေ။
နီစွေး သူတို့၏ ခြားနားခြင်းကိုတွေးဆနေချိန်တွင် Vincent ဆိုသည့် ကောင်လေး၏ နှုတ်မှ စကားခွန်းသည် ထပ်ထွက်လာပြန်ပါသည်။
"နောက်ပြီး Daddy ရဲ့... Daddy က အိမ်ရှင်ဆိုပေမဲ့... သားဖြစ်တဲ့ ကျွန်တော်က Daddy ယောကျာ်းဆိုတော့ Daddy ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်ပိုင်တာပေါ့ မဟုတ်ဘူးလား..."
"အဟွတ်!"
ကော်ဖီသောက်နေစဉ် ပြောလာမှုကြောင့် ကော်ဖီများသီးကာ သူ Vincent ကို စိတ်ဆိုးဆိုးဖြင့် မျက်လုံးလှန်ကြည့်တော့ သူ့ကို ညစ်ကျယ်ကျယ် အပြုံးဖြင့်ပြန်ကြည့်နေသည့် Vincent...
"သွား! အဝတ်လဲတော့! ထက်လင်းဆီသွားမယ်!"
ဒီအရှက်မရှိတဲ့ငနာကောင်လေးဟု ကျိန်ဆဲပြီးသာ သူ မျက်စိစုံမှိတ်အော်တော့ တဟားဟားရယ်ကာ သူ့ခေါင်းလုံးလုံးလေးကို ထိုးဖွသွားသည့် Vincent နီစွေး၏ မျက်နှာက ပိုပိုပြီး မဲလာတော့သည်။
ငါ့သားဟာ ငါ့ကို မရိုသေတော့ဘူး။
ငါ့သားဟာ ငါ့ကို စားသောက်ဖို့ကြိုးစားနေတယ်။
ငါ့သားဟာ... အင်း အဲ့ဒါလေးက ရင်ခုန်ချင်စရာကောင်းတယ်။
သူ၏ မရိုးသားသည့် အတွေးများကြောင့် သူ ပြုံးမိရသည်။ သို့သော်လည်း သူ ဘယ်လောက်ပဲ Vincent အပေါ်ယိမ်းယိုင်နေပါစေ သူ သွားထိမည်မဟုတ်။ သူသည်ကား သူ့အပေါ် လေးနက်လွန်းသည့် သူတို့ကို ရှောင်ကျဉ်သည့်သူ။ လွတ်လပ်ချင်သည့် သူတစ်ယောက်အတွက် လေးနက်ခြင်းက အဆိပ်အတောက်မို့ Vincent သာ သူ့ကို အပျော်တွဲမည်ဆိုလျှင် သူတို့ ဖြစ်နိုင်ပါဦးမည်လေ။ သူ သက်ပြင်းသာချ၏။ အချို့သော အသီးတို့က မစားကောင်းပါလေ။ အထူးသဖြင့် အတည်ကြံမည့် အသီးများက ပိုဆိုးသည်ပေါ့။
~~~~~~~~~~