Uni Code
"Serendipity"
[မရှာဖွေဘဲ တွေ့ရှိသော ကောင်းခြင်းတရားလေး]
X
"မင်းတို့ကိုပြောချင်တာက ဒီနေရာဟာတခြားလိုမျိုး စည်းမဲ့ကမ်းမဲ့ကိစ္စတွေ လုပ်လို့ရတဲ့နေရာမျိုးမဟုတ်ဘူး မင်းတို့လူငယ်တွေကိစ္စကို နားလည်ပေးနိုင်ပေမယ့် အခုလိုမျိုး ကော်ရစ်ဒါကြီးမှာ အော်ဟစ်ပြီးတော့ ... "
ဘလာ ... ဘလာ .. ဘလာ .. ။
မိနစ်သုံးဆယ်လောက်ရှိနေပြီ အခုအချိန်အထိ Seulgi တို့ စည်းကမ်းထိန်းသိမ်းရေး ရုံးခန်းကနေ မှာတမ်းချွေခံနေရတာ မပြီးဆုံးသေး ။ ဒီစကားတွေကိုပဲ ဓာတ်ပြားကြီးဖွင့်ထားသလို အခေါက်ခေါက်အခါခါ ထပ်ထပ်ပြီးပြောနေတာ တာဝန်ရှိသူကြီးအစား Seulgi ကိုယ်တိုင်တောင် ပါးစပ်ညောင်းပြီး နားတွေငြီးလာပြီ ။
Irene ကတော့ ဘေးမှာထိုင်နေကာ ခေါင်းငုံ့ထားဆဲ ။
Seulgi တစောင်းအနေအထားဖြင့် ခိုးကြည့်တော့ မျက်နှာကိုသေချာမတွေ့ရဘဲ ဆံပင်တွေက အနှောင့်အယှက်ပေးကာ ကာဆီးထားပြန်သည် ။ ဒါပေမယ့်လည်း Seulgi ပျော်နေပါသည် ။
အရမ်းကောင်းတယ် .. အရမ်းကိုကောင်းတယ် ။ အခုခံစားနေရတဲ့ ခံစားချက်က ရောထွေးပြီးတော့ အကြာကြီးပစ်ထားမိတဲ့ အိမ်ကိုပြန်လာရသလိုမျိုး။
အထင်လွဲစရာတွေ စိတ်ပျက်စရာတွေအဆုံးမှာ Irene တစ်ယောက်တည်းကသာ Seulgi ရဲ့ နှလုံးသားပိုင်ရှင် ဖြစ်ခဲ့ပြန်တာမို့ ဒီတစ်ကြိမ်တော့ ဘယ်လိုနည်းနဲ့မှ သူ့ကိုလက်လွှတ်ခံတော့မှာ မဟုတ်ဘူးလို့ တစောင်းငေးနေရင်းက Seulgi သစ္စာဆိုနေမိတယ် ။
တာဝန်ရှိလူကြီးနဲ့ Seulgi တို့ကြား ခြားထားတဲ့ စားပွဲခုံကိုအားကိုးပြီး Irene ရဲ့လက်ကို မမြင်အောင် လှမ်းဆုပ်ကိုင်လိုက်တော့ Seulgi ဘက်ကို ကြည့်မလာပေမယ့် Irene ဟာ လက်ချောင်းချင်း ယှက်သွယ်ပြီး ပြန်ဆုပ်ကိုင်လာတယ် ။
ဟုတ်တယ် .. ဒါကအစစ်အမှန်ပဲ ။ ဒီခံစားမှုကမှ အမြဲတမ်းမှန်နေခဲ့တာ ။ ဒီလက်တွေရဲ့ အခြားတစ်ဖက်ဟာ Irene ရဲ့ အဖိုးတန်လက်တွေပဲ ။
"ကျေးဇူးတင်ပါတယ် .."
ဟိုလူကြီး တစ်ဖက်လှည့်သွားပြီးတော့ မှာတမ်းဆက်ချွေနေတုန်း Irene အနားကိုကပ်ရင်း Seulgi တိုးတိုးပြောမိတယ် ။
သူ့လိုငတုံးကို ပြန်လက်ခံပေးတဲ့အတွက် ၊ ဒီလောက်မကောင်းခဲ့မိတာတောင် သူ့အပေါ်ကို အပြစ်မမြင်ဘဲ ဆက်ချစ်နေပေးတဲ့အတွက် ။ ပြီးတော့ ထုတ်မပြောနိုင်တဲ့ အကြောင်းတရားပေါင်း ကုဋေကုဋာနဲ့ချီပြီးတော့ .. ။
Irene က Seulgi ဘက်ကို လှည့်ကြည့်ပြီးတော့ ပြုံးပြရင်း ပြန်ပြောတယ် ။
"ငါလည်း ကျေးဇူးတင်ပါတယ် "
"ဟင် ဘာလို့လဲ "
"ငါ့ဆီပြန်လာတဲ့အတွက် "
ဒီစကားကိုကြားရတော့ Seulgi ရင်ထဲမကောင်း။ မရည်ရွယ်ဘဲနဲ့ Irene ကို ဘယ်လောက်တောင် နာကျင်စေခဲ့ပြီးပြီလဲ ။
Seulgi က အမြဲတမ်း Irene ဆီအရောက်လာမှာ ။ ဒီစကြာဝဠာတင်မက တခြားအပြိုင်စကြာဝဠာတွေမှာရော Kang Seulgi တိုင်းက Bae Irene တိုင်းဆီကို အမြဲတန်း အရောက်လာနေမှာ ။
သတိလက်လွတ်စွာပဲ တာဝန်ရှိလူကြီးမမြင်အောင် ခိုးပြီးဆုပ်ကိုင်ထားတဲ့လက်ကို စားပွဲခုံအကွယ်ကနေ မျက်နှာရှေ့ထုတ်လာရင်း ပြောပြဖို့စကားလုံးတွေ ကျပျောက်သွားလောက်အောင် အားနာမိတဲ့ဒဏ်ကြောင့် နှုတ်ခမ်းနဲ့သာ ခပ်ဖွဖွနမ်းထားမိတယ် ။
"ငါနင့်ဆီမှာပဲ အမြဲတမ်းရှိနေမှာ Irene"
တစ်ယောက်ရဲ့မျက်လုံးကို တစ်ယောက်ကနားလည်ပြီး ထုတ်မပြောလည်း ကြားနိုင်တဲ့ စိတ်ရဲ့စကားတွေ ။ Irene က ခေါင်းငြိမ့်ပြတယ် ။
"ငါပြောချင်တာက မင်းတို့သွားလိုက်တော့"
စိတ်ကုန်သွားသလို လေသံမျိုးနဲ့ Seulgi တို့ကို ရုံးခန်းကနေ လွတ်မြောက်ခွင့်ပေးပြီးတဲ့ နောက်မှာ Irene လက်ကို အတွဲမဖြုတ်ဘဲ လျှောက်လာမိဆဲ ။
ရုံးခန်းနဲ့ လှမ်းလှမ်းနေရာကိုရောက်တော့ Seulgi ရပ်လိုက်တယ် ။
"ဖြစ်ခဲ့သမျှတွေအတွက် ငါတကယ် တောင်းပန်ပါတယ်"
တစ်ခါတစ်လေကျတော့လည်း Seulgi ဟာ Irene နဲ့မတန်ဘူးလို့တောင် ကိုယ့်ကိုယ်ကို တွေးမိတဲ့အထိပါပဲ ။ Irene က အရာအားလုံးထက် နှိုင်းယှဉ်မရနိုင်အောင် Seulgi အတွက် မတရား တန်ဖိုးကြီးလွန်းနေတယ် မဟုတ်လား ။
Irene က တွဲထားတဲ့ လက်ကိုဖြုတ်ပြီး Seulgi ရဲ့လည်ပင်းဆီ ဖက်လာတယ် ။
"မတောင်းပန်နဲ့တော့ ဟုတ်ပြီလား နင်ပြန်လာရင် အကုန်အဆင်ပြေပြီမို့ "
သူနားလည်ပေးလေလေ ကိုယ့်မှာပိုပြီး ရူးတော့မတတ် ချစ်မိရလေလေပါပဲ ။ Seulgi လည်းပြန်ပြီးတော့ ပွေ့ဖက်ထားမိတယ် ။
"ကျေးဇူးတင်ပါတယ် ငါ့လိုမကောင်းတဲ့ - "
"တိတ်တော့ နင်ကမကောင်းတဲ့သူ မဟုတ်ဘူး ငါလည်းလွန်ခဲ့တာတွေ ရှိတာပဲလေ ဟုတ်ပြီလား အခု ငါတို့အတူရှိနေကြပြီပဲ အဲ့ဒါတွေပြန်မပြောနဲ့"
ဖက်ထားရာကနေခွာပြီး Irene ရဲ့ပါးပြင်ကို လက်မလေးတွေနဲ့ အကြောင်းမဲ့ပွတ်သပ်နေမိတယ်။ ဒီပါးပြင်လေးတွေမှာ Seulgi ကြောင့် ဘယ်လောက်အထိ မျက်ရည်တွေစိုရွှဲခဲ့ရသလဲ ။
"ဒါနဲ့ Kang ဒီမာဖလာလေး ငါနဲ့လှလား"
Seulgi ပေးထားတဲ့မာဖလာက Irene နဲ့ တကယ်ကိုလည်း လိုက်ပါတယ် ။ ဒါပေမယ့် အခုမျက်စိရှေ့မှာ မြင်နေရတဲ့အပြုံးတွေ အပြုအမူတွေနဲ့တင် အကုန်လုံးပြည့်စုံနေပြီ ။
"ငါသေချာပြန်လုပ်ပေးမယ် "
ပုံစံတကျမရစ်ပတ်ထားတဲ့ မာဖလာနီကို Irene ရဲ့လည်ပင်းမှာ ဂရုတစိုက်ပြန်ပြင်ပေးတော့ သဘောကျစွာပဲ အနှီယုန်မလေးကရယ်တယ် ။
"ဆိုတော့ Kang"
"အင်း ပြော "
"ငါနင့်ကို နမ်းလို့ရပြီလား"
မာဖလာကို ကိုင်ထားဆဲဖြစ်တဲ့ Seulgi ရဲ့လက်တွေ လှုပ်ရှားမှုရပ်တန့်သွားပြီး Irene ကို သေချာကြည့်ရင် ပါးပြင်မှာ ပန်းနုရောင်တွေသမ်းနေတာကို မြင်နိုင်တယ်။
Seulgi ရော မလွမ်းဘူးထင်လို့လား ? ရူးမတတ် .. ။ ရူးမတတ်ကို လွမ်းနေတာ ။
"နင်ငါ့ကို နမ်းလို့မရသေးဘူး Irene "
Seulgi စကားကို အလိုမကျဘဲ Irene က မျက်ခုံးတွေချိုးပြီး နှုတ်ခမ်းတွေစူလာတယ် ။
"ဘာလို့လဲဆိုရင် ငါနင့်ကိုအရင် နမ်းမှာမို့လို့ "
မနာကျင်စေဖို့ ဂရုစိုက်ရင်း မာဖလာကနေကိုင်ပြီး တစ်လကျော်လောက် ဝေးနေခဲ့တဲ့ အဲ့နှုတ်ခမ်းတွေကို Seulgi နမ်းရှိုက်မိတယ် ။
လွမ်းလွမ်းဆွတ်ဆွတ် မြတ်မြတ်နိုးနိုး ပြီးတော့ ဘယ်လောက်ထိတောင် ချစ်တယ်ဆိုတာ သိစေဖို့အတွက်။ ဒီအခိုက်အတန့်မှာ နာရီလက်တံတွေကို ရပ်ထားစေချင်တယ် ဆူညံနေတာတွေကို တိတ်ဆိတ်ငြိမ်သက်သွားစေချင်တယ် ။
လွမ်းနေတာ လွမ်းနေတာ ။ ညတွေအိပ်မပျော်နိုင်လောက်တဲ့အထိ လွမ်းနေတာ ဘယ်နေရာကိုကြည့်ကြည့် သူ့ကိုပဲမြင်မိတဲ့အထိ လွမ်းနေခဲ့တာ ။
"ငါနင့်ကို တကယ်လွမ်းနေခဲ့တာ "
နှုတ်ခမ်းချင်းခွာသွားတော့ အားမရစွာဘဲ Irene ကို ဖက်ထားရင်း နဖူးကိုနမ်းရှိုက်ပြီး Seulgi ဝန်ခံမိတယ် ။
"နင့်မျက်နှာ လှလှလေးကိုရော နင် Kang ဆိုပြီးငါ့နာမည်ကိုခေါ်တဲ့ အသံကိုရော"
Irene က ဘာစကားမှ မပြောပေမယ့် Seulgi ကိုတော့ ထပ်တူထပ်မျှ ပွေ့ဖက်ထားဆဲ ။
ထိုမြင်ကွင်းကိုတော့ အကွယ်တစ်နေရာကနေ လူနှစ်ယောက်က ချောင်းကြည့်နေခဲ့ကြသည် ။
"တော်သေးတာပေါ့ အဆင်ပြေသွားကြလို့ "
Jimin က သက်ပြင်းချရင်း နံရံမှာမှီပြီးရေရွတ်၏ ။ သို့ပေမယ့် Joy ကတော့ ကြည်နူးစရာမြင်ကွင်းကို အသည်းယားစွာ ရပ်ကြည့်နေဆဲ ။ ခဏကြာတော့မှ Jimin ဘက်ကိုလှည့်ပြီးမေးသည်။
"နင်ရော အဆင်ပြေရဲ့လား"
လုံးဝအဆင်မပြေကြောင်း ပေါ်လွင်နေသော်ငြား Jimin က ခေါင်းငြိမ့်ပြဆဲ ။
လူတိုင်းကတော့ အနာတွေကျက်ဖို့အတွက်
အချိန်လိုအပ်ပါတယ်လေ .. ။ ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ် ပေးထားခဲ့မိတဲ့ ဒဏ်ရာဆိုတော့လည်း ။
Joy က ဆက်ပြောသည် ။
"နင်သိလား Jimin "
"ဘာကို ?"
"နင် Seulgi ကို ကြိုက်နေတယ်ဆိုတာကို ငါသိတော့ နင့်ကိုသတိပေးဖို့ စဉ်းစားမိသေးတယ် "
Jimin က Joy ကိုမကြည့်ဘဲ မျက်နှာချင်းဆိုင်က နံရံကိုသာငေးရင်း Joy ဆက်ပြောလာမယ့်စကားကို အသံတိတ်ကာ နားထောင်နေလေသည် ။
"ဘာလို့လဲဆိုရင် နင်ပဲခံစားရမှာ ငါသိတယ်လေ သူတို့နှစ်ယောက်ကို ငါစသိတဲ့အချိန်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ရှိနေကြမှန်း အတိုင်းသားမြင်နေရခဲ့တာပဲ ဒါကလည်း ငါတစ်ယောက်တည်း မဟုတ်ဘူး Irene အတန်းကိုတော့ မသိပေမယ့် ငါတို့အတန်းကတော့ Seulgi က Irene ကို ချစ်နေတယ်ဆိုတာကို သိကြတယ်
သူတို့က သူတို့ကိုယ်သူတို့ အချစ်ဆုံး သူငယ်ချင်းတွေလို့ ခေါင်းစဉ်တပ်ထားပြီး တစ်ယောက်ထိခိုက်မှာကို တစ်ယောက်က သေမလို စိုးရိမ်ပူပန်နေတတ်တဲ့ သူတို့ရဲ့စိတ်ရင်းကိုတော့ ထုတ်မပြောကြဘူးလေ "
ဒါကြောင့် Jimin ကျောင်းစစပြောင်းလာချင်းမှာ Seulgi နဲ့ Irene အကြောင်းတွေကို တစ်ခန်းလုံး သိနေကြလို့ သူတို့မခေါ်တဲ့အကြောင်း တိုးတိုးတိုးတိုးနဲ့ ပြောနိုင်ကြတာပဲ ။
Jimin ရယ်မိတယ် ။
"အဲ့ငတုံးတွေ .. "
နှုတ်ကလည်း ရေရွတ်မိတဲ့အခါ Joy ကပါ လိုက်ပြီး ရေရွတ်တယ် ။
"ဟုတ်ပ အဲ့ငတုံးတွေ .. "
X
"တစ်ခုခုမလုပ်ဘူးလား ရုပ်ရှင်ရောမကြည့်ရဘူးလား ဒီတိုင်းပဲငုတ်တုတ်ထိုင်ပြီး အချင်းချင် ငေးနေရမှာလား"
Irene ရဲ့ မေးခွန်းအဆုံးမှာ Seulgi က ခေါင်းငြိမ့်ပြပြီး မျက်လုံးတွေကတော့ Irene ဆီက နည်းနည်းလေးမှ ဆုတ်ခွာသွားခြင်းမျိုးမရှိခဲ့ ။
Irene မကြိုက်တာတော့လည်း မဟုတ်ဘူးပေါ့ ။
"တကယ်ကြီးလား Kang "
"တကယ်ပြောနေတာ ငါ့ဘဝတစ်လျှောက်လုံး နင့်ကိုပဲကြည့်ပြီး နေသွားလို့ရှိရင်တောင်မှ နင်ဘာလို့ အဲ့လောက်လှလဲဆိုတာကို ငါစဉ်းစားနိုင်ဦးမှာ မဟုတ်ဘူး"
Seulgi ဟာ အဲ့လိုနေရာတွေကျတော့ တအားသွက်လွန်းသလား အောက်မေ့ရတယ် ။ အဲ့လိုမျိုးတွေ ချွဲပစ်ပြီးတော့ Irene ကို မရှက်ရှက်အောင်တွေ လုပ်နေမိရော ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီအိမ်ထဲမှာ ဒီဆိုဖာပေါ်မှာ ဒီတီဗီကြီးရှေ့မှာ Irene နဲ့အတူ ပြန်ရှိနေရတာ သိပ်ကောင်းတယ် ။ ထုံးစံအတိုင်း အန်တီတို့က ပြန်မရောက်သေး ။
"နင်ပြောတာတွေကို ငါကမယုံပါဘူး "
Irene က မျက်နှာကိုစောင်းရင်း Seulgi ကို အရွဲ့တိုက်ကာ ပြောလေသည် ။ အဲ့မျက်နှာပေးကို အသည်းတွေယားကာ ပါးနှစ်ဖက်အားလက်နဲ့ဆွဲပြီး မျက်နှာချင်းဆိုင်စေသည် ။
"Bae Irene ငါသေချာပြောမယ်နော် ငါမှားခဲ့တာတွေ ရှိတယ် ဟုတ်ပြီလား ဒါပေမယ့် ငါ့အချစ်ကို သံသယ ဝင်ရဲဝင်ကြည့်နော် ကြားလား!"
"သံသယဝင်ရင် နင်ကဘာလုပ်မှာလဲ! "
"ငါက ဒီလိုအပြစ်ပေးမှာ"
နှုတ်ခမ်းကိုတစ်ချက်နမ်းရင်း ပြောလိုက်တော့ Irene က အောက်နှုတ်ခမ်းကိုက်သည် ။
"ဒါက အပြစ်ပေးတာလား "
"ဟုတ်တယ်! ပြီးရင် ဒီနေရာတွေကိုရော "
နဖူးကနေအစ မေးစေ့ကိုမကျန် မျက်ခုံးထောင့်က မှဲ့နက်ကလေးအဆုံး အနမ်းတွေလိုက်ပေးမိသည်။ အကုန်ကုန်သွားမှ ရပ်လိုက်တဲ့အခါ Irene က Seulgi ပခုံးပေါ်ခေါင်းမှီရင်း ရယ်လေသည် ။
Irene က အဲ့စကားလုံးတွေထဲ မပျော်ဝင်သယောင် ဟန်ဆောင်ပြီးတော့ Seulgi ရဲ့နဖူးကို အနည်းငယ် အားပါပါနဲ့ တောက်ချလိုက်တယ် ။
"အ! နာတယ် အချစ်ရဲ့"
"နေဦး ဘယ်လိုခေါ်လိုက်တယ်?"
"အချစ်လို့ခေါ်တာ ငါအသည်းယားအောင်လို့ နေနေသ၍တော့ နင့်ကိုအဲ့လိုနာမည်တွေနဲ့ နေ့တိုင်းခေါ်နေမှာ"
"မခေါ်နဲ့! တစ်မျိုးကြီးပဲ"
"အသည်းလေးကလည်း ခေါ်ချင်လို့ပါ"
"မခေါ်နဲ့ဆို နားတွေယားအောင်လို့"
"ခေါ်မှာပဲ အချစ်လေး အသည်းလေး ကလေးလေး ပူကြူကြူလေး ယုန်မလေး ဂေါ်ဖီထုပ်လေး ကလီစာနဲ့ ကျောက်ကပ်လေး အူသိမ်အူမကြီးနဲ့အဆုတ်လေး"
"Yah Kang Seulgi! ငါရစရာကိုမရှိတော့ဘူး"
Seulgi ရဲ့ရင်ဘတ်ကိုထုရင်း Irene ပြောတော့ သူအမြဲရယ်နေကျလိုမျိုး လှလှပပ ရယ်လေရဲ့ ။ လေထုက ပျော်ရွှင်မှုတွေနဲ့ ပေါ့ပေါ့ပါးပါးဆိုသော်ငြား ခံစားချက်တွေက မတိုင်းတာနိုင်အောင် လေးနက်လျက် ။
ဒီတစ်ကြိမ်တော့ အဲ့ရယ်သံတွေဟာ သူ့ဘဝတစ်ခု ဖြစ်လာစေရမယ်လို့ ဆုံးဖြတ်ထားပြီးတော့ Irene ဟာ Seulgi ထပ်ထွက်သွားစရာ အကြောင်းအရင်းတွေ ဘယ်တော့မှပေါ်မလာဖို့ ဆုတောင်းမိတယ် ။
ကိုယ်ကအရင် ထားခဲ့တာဆိုပေမယ့်ပေါ့ ။
X
"Seulgi အပြင်မှာ Irene ရောက်နေတယ်"
ခေါင်းဆောင်က အခန်းထဲဝင်လာရင်းပြောတော့ လေ့ကျင့်နေကြတဲ့ တခြားသူတွေက Seulgi ကို စချင်နောက်ချင်စိတ်နဲ့ လှမ်းကြည့်ကြတယ် ။
Seulgi သူတို့ကို သွားဖြဲရီပြရင်း အဲ့လူတွေထဲက တစ်ယောက်အဖြစ် Jimin လည်း ပါဝင်နေမှန်း သိလိုက်ရတော့ Seulgi သူ့အနားကိုသွားပြီး စကားစမေးလိုက်တယ် ။
"Jimin ဘယ်လိုလဲ လေ့ကျင့်ရတာခက်လား"
"နည်းနည်းပေါ့ Irene ကို အထဲခေါ်လိုက်လေ"
"အဆင်ပြေလား "
"ဘာလို့မပြေရမှာလဲ အူကြောင်ကြောင်နဲ့"
Jimin က ရယ်ရင်းပြန်ဖြေတာကြောင့် သူ့ကိုခေါင်းငြိမ့်ပြပြီး တံခါးအပြင်ဘက်မှာ ရပ်စောင့်နေတဲ့ Irene ကို ကြိုဆိုလိုက်တယ် ။
"Hi Babe "
အခန်းကို ကျောပေးပြီးရပ်နေတဲ့ Irene ရဲ့ပါးကို နောက်ကနေခိုးနမ်းရင်း နှုတ်ဆက်လိုက်တော့ သူကဗိုက်ကို ထိုးတယ် ။
"အဲ့လိုတွေ မခေါ်ပါနဲ့ဆို "
"ရိုးရိုးပြောလည်း ရပါတယ် Irene ရယ် နင်လက်ဝှေ့များ သင်ထားလား"
Seulgi ရဲ့ရှုံ့တွနေတဲ့ မျက်နှာကိုမြင်တော့ သဘောတကျရယ်ပြီး နှာခေါင်းကိုနမ်းတယ် ။ တကယ် အနားပေးလိုက် ဆေးပေးလိုက် ။
"လေ့ကျင့်နေတာ ကြာဦးမှာလား "
"အင်း နည်းနည်းပေါ့ အထဲမှာဝင်စောင့်နေ အပြင်မှာ လူတွေဖြတ်သွားရင် နင့်ကိုဝိုင်းငေးကြမှာ ငါမကြိုက်ဘူး "
"အပိုမပြောနဲ့! "
Seulgi လက်ကိုတွဲရင်း သူတို့ရဲ့လေ့ကျင့်ခန်းထဲ ပထမဆုံးအကြိမ် ဝင်သွားလိုက်တော့ အထဲမှာ မှန်အကြီးကြီးတွေနဲ့ ရေသန့်စက်ရယ် ပြီးတော့ လေအေးပေးစက် ဖွင့်ထားတဲ့ကြားက နဖူးမှာ ချွေးတွေစိုရွှဲနေတဲ့ သူတွေရယ်ကိုတွေ့တယ် ။ တစ်ချို့ကိုတော့ Irene သိပြီး မသိတဲ့လူတွေလည်း ဒီ club ထဲပါကြတယ် ။
ထူးဆန်းတာက Irene ကို လူထူးဆန်းလိုမျိုး ဝိုင်းကြည့်နေကြတာပဲ ။ ဒါကြောင့် Seulgi ရဲ့ ပခုံးနောက်မှာ မသိမသာပုန်းရင်း ငြိမ်နေမိတယ် ။
"ဒါက Irene လေ "
Seulgi က အခန်းထဲကလူတွေကို မိတ်ဆက်တော့ Irene အလိုမကျ ။ နာမည်တင် မဟုတ်ဘဲနဲ့ Seulgi ရဲ့ --
"ငါ့ချစ်သူ "
အတွေးမဆုံးသေးခင် Seulgi က ဆက်ပြောတော့ အများရှေ့မှာမို့ Irene အနည်းငယ် နေရထိုင်ရခက်ပြီး ဘာပြောရမလဲဆိုတာ စဉ်းစားလို့မရ ။
"Seulgi သူကလူရော ဟုတ်ရဲ့လား "
မရင်းနှီးတဲ့ မျက်နှာတစ်ခုက မေးတော့ Seulgi က ရယ်ရင်း ပြန်ဖြေတယ် ။
"မဟုတ်ဘူး နတ်သက်ကြွေလာတာ "
မျက်နှာရဲ့အခြေအနေဟာ ခရမ်းချဉ်သီး နီးပါးအထိ ရဲလာမယ်ဆိုတာ Irene ကိုယ့်ကိုယ်ကိုသိတယ် ။ Seulgi ရဲ့လက်မောင်းကို တင်းတင်းဆုပ်ထားရင်း အဲ့လိုအမြှောက်အပင့်စကားတွေ ထပ်မပြောဖို့ အသံတိတ်သတိပေးလည်း သူကတော့ရယ်နေဆဲ ။
Irene ရုတ်တရက် အခန်းထဲမှာရှိနေတဲ့ Jimin နဲ့ မျက်လုံးချင်းဆုံတယ် ။ သူ့ကိုမကြည်တာ မှန်ပေမယ့် အခုတစ်ခဏမှာ သူ့မျက်လုံးတွေထဲကနေ Seulgi ကိုကြည့်ပြီး တကယ်ဝမ်းသာတဲ့ အရိပ်အယောင်တွေပေါ်နေလို့ Irene ဒေါသမထွက်မိပါ ။
လူတစ်ယောက်ကို မြတ်မြတ်နိုးနိုး ချစ်နိုင်သလို ဘယ်အချိန်မှာ လက်လွှတ်တတ်ရမလဲ ဆိုတာကို Park Jimin အသေအချာ သိနေတယ်လို့ Irene ခံစားနိုင်နေတယ် ။
Jimin က ပြုံးပြတယ် ။ Irene ပြန်ပြုံးပြမိတယ် ။
"ကဲ ကဲ .. Irene ကို ငေးပြီးတော့ Seulgi ကို မေတ္တာပို့နေတာတွေ တော်ကြရအောင် ပြန်လေ့ကျင့်ဖို့ ready လုပ် "
လက်ခုပ်တီးသံနဲ့အတူ ခေါင်းဆောင်ကပြောတော့ Seulgi ကငြီးတွားပြီး အခန်းရဲ့ထောင့်ဆီ Irene ကို ခေါ်လာတယ် ။
"ခဏပဲကြာမှာပါ ဟုတ်ပြီလား"
"အင်းပါ သွားလေ့ကျင့် သွား "
အနားကနေ မခွဲနိုင်မခွာရက် ဖြစ်နေတဲ့ Seulgi ကို တွန်းထုတ်ပြီးတော့ မတ်တပ်ရပ်လျက်ကနေပဲ သူတို့လေ့ကျင့်တာကို Irene ကြည့်နေမိတယ် ။
ဝါသနာပါရာကို စိတ်နှစ်ပြီးလုပ်နေတဲ့ Seulgi က တစ်ချက်တစ်ချက် မှန်ထဲကနေ Irene ကို လှမ်းကြည့်သလိုမျိုး Irene ကလည်း သူ့ဆီကနေ နည်းနည်းမှ မျက်လုံးမခွာမိပါ ။
"အုပ်စုပြီးပြီ နှစ်ယောက်တွဲစမယ်! "
အသံကြားတာနဲ့ နှစ်ယောက်တစ်တွဲအဖြစ် ချက်ချင်းနေရာယူကြတဲ့အခါ မမြင်ချင်ဆုံးက Seulgi နဲ့ Jimin တွဲပြီးနေရာယူထားတာကိုပဲ ။
မဟုတ်ဘူး ဒါက လေ့ကျင့်နေတာလို့ ပြောနေရင်း မျက်စောင်းမထိုးမိရုံ ဝင်မဖျက်မိရုံ ထိန်းထားရတာ။
"ပြီးပြီ Jimin တော်တယ် ! "
Jimin ကို ချီးကျူးကြတဲ့အခါ Seulgi ကပါ လက်မထောင်ပြနေတာမို့ Irene မျက်နှာလွှဲရင်း ပါးစပ်ကရွတ်မိတယ် ။
"သူ့လောက်တော့ ငါလည်းကနိုင်သားပဲ"
ဒါပေမယ့် သီချင်းပိတ်လိုက်တဲ့အချိန်နဲ့ တိုးသွားကာ Irene ရေရွတ်တာကို လူတိုင်းကြားလိုက်ရတယ် ။ ရှက်လွန်းလို့ မျက်နှာကို ဘယ်မှာသွားထားရမှန်း သေချာမသိတော့တဲ့ Irene ကို ကြည့်ရင်း Seulgi ရယ်ချင်ပေမယ့် မရယ်ရက် ။
တော်တော်လည်း သဝန်တိုနိုင်တဲ့ဟာမလေး လို့ စိတ်ထဲကနေတွေးရင်း Irene အနားကိုသွားပြီး ပစ္စည်းတွေသိမ်းဖို့လုပ်တုန်း တစ်ယောက်က ထအော်တယ် ။
"Irene နဲ့ Jimin ကို ပြိုင်ခိုင်းလိုက်ပါ!! "
"ကောင်းတယ် ! အဲ့ဒါကောင်းတယ် ! "
"Irene !!! "
အနုပညာရှင်တစ်ယောက်ကို ဖျော်ဖြေပြဖို့ တောင်းဆိုနေသလိုမျိုး Irene နာမည်ကိုပါ အကျယ်ကြီးတွေ အော်နေကြတာကြောင့် Seulgi ရယ်မိပြန်တယ် ။
Irene က သူ့ကို အားကိုးရလိုရငြား ကြည့်ပေမယ့် Seulgi က ဝင်မပါတဲ့အပြင် မျက်ခုံးပင်ပင့်ပြသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် Jimin နိုင်မှာကို သိပေမယ့် Irene ကတာကို Seulgi မြင်ဖူးချင်တယ် ။
"မအော်ကြပါနဲ့တော့ !"
တစ်ခဏလေးအတွင်း Irene အသံကြောင့် အကုန်ငြိမ်သက်သွားတာကို Seulgi မြင်ရတော့ ကိုယ့်ရည်းစားကို လေးစားမှု level က မဟားတရား မြင့်တက်သွားပြန်သည် ။
Seulgi အခန်းထောင့်မှာရပ်နေတုန်း Irene က အခန်းအလယ်မှာ Jimin နဲ့ ယှဉ်ရပ်ရင်း အဆင်သင့်ဖြစ်နေပြီ ဖြစ်သည် ။
"Jimin အရင်စ"
စည်းချက်ကျကျ စနစ်ကျကျနဲ့အတူ အတော်ဆုံးထဲ တစ်ယောက်အပါအဝင်မှန်း သိသာအောင် Jimin က ကပြသွားသည်။ သီချင်းကလည်း ခပ်မြူးမြူးဆိုတော့ Jimin ကို ပိုအားဖြည့်ပေးနေသယောင် ။
လက်ခုပ်သံတွေက အကျယ်ကြီးထွက်လာသလို Seulgi လည်း အားပေးတဲ့အနေနဲ့ Jimin အတွက် လက်ခုပ်တီးမိတာကို Irene က မြင်သွားပြန်တယ် ။
တံတွေးကို မြိုချရင်း Irene ကို ပြုံးပြတော့ မျက်စောင်းကြီးသာ ပြန်ရလေရဲ့ ။ သီချင်းဖွင့်တဲ့သူက Irene ကို မေးတယ် ။
"Irene အမြူးသီချင်းပဲလား"
"ဟိုသီချင်းဖွင့်ပေးပါ "
တိုးတိုးသွားပြောတဲ့အတွက် Irene ဖွင့်ခိုင်းတာ ဘာသီချင်းမှန်း Seulgi လည်းမကြား။ ဖွင့်ပေးမည့်လူက သေချာထပ်မေးသည် ။
"အဲ့သီချင်း ? တကယ်ကြီးလား"
"တကယ်"
သေချာနေရာယူပြီးတော့ သီချင်းလာမယ့်အချိန်ကို စောင့်နေရင်း Irene က ပြုံးသည်။ သိပ်မရင်းနှီးတဲ့ သံစဉ်က နားထဲဝင်လာပြီး တစ်ဆက်တည်း စာသားကိုပါ ကြားရတော့ .. ။
"Baby shark du du dududu .. "
Seulgi နဲ့အတူ အကုန်လုံးက ကြောင်အနေဆဲ Irene ကတော့ စတင်ကလေပြီ ။ သို့ပေမယ့် စက္ကန့်ပိုင်းအကြာမှာတော့ ရယ်တဲ့သူကရယ် အော်ပြီးလိုက်ဆိုတဲ့သူကဆို Irene ကို အသည်းယားတဲ့သူကယားနဲ့ ချက်ချင်းပြန်ပြီး ဆူညံသွားသည် ။
Seulgi မတ်တပ်ရပ်နေရင်းက ဒူးတွေခွေပြီး ရယ်မိတယ် ။ ဘယ်သူက ဒီသီချင်းကို တွေးမိမှာလဲ။ ဒီလိုမျိုး ချစ်ဖို့ကောင်းအောင် လုပ်နေလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ ။
သီချင်းရဲ့တစ်နေရာကိုရောက်တော့ အကုန်လုံးက ပတ်ပြေးတာကြောင့် ပိုဆူညံလာပြီး မျက်စိရှေ့မှာတင် Irene နဲ့အတူ အကုန်လုံးလိုက်ကနေမှန်း Seulgi သိလိုက်ရသည် ။
သီချင်းဆုံးသွားတော့ Irene က အခန်းထဲသူတွေနဲ့ လက်ဝါးချင်းရိုက်ကာ ပျော်နေလေရဲ့ ။
"အနိုင်ရရှိသူက Irene ပဲဖြစ်ပါတယ် ခင်ဗျား!! "
"ရေး!!! "
Seulgi ခေါင်းတခါခါနဲ့ရယ်ရင်း ရင်းနှီးသွားပြီဖြစ်တဲ့ Irene နဲ့ အဖွဲ့သားတွေကို အံ့သြမိတယ် ။ Irene က တကယ့်မှော်အစွမ်းလေးပါပဲ ။ အေးစက်စက်ပုံစံလို့ အလွယ်တကူမြင်နိုင်ပေမယ့် တကယ်တမ်းမှာ ကလေးတစ်ယောက်လိုမျိုး ပျော်တတ်ပြီးတော့ ဂရုစိုက်တတ်တဲ့သူ ။
ကလေးသီချင်းနဲ့ ကသွားတာကိုပဲကြည့်ပါလား ။
Seulgi လွယ်အိတ်ကိုသေချာလွယ်ရင်း Irene ရဲ့ အိတ်ကိုပါယူပြီးတော့ လူအုပ်ကြားထဲတိုးလိုက်ကာ မသိမသာ Irene ကို အပြင်ခိုးထုတ်လာရတယ် ။ အခန်းအပြင်ရောက်တာနဲ့ လက်ကိုဆွဲပြီး ကျောင်းပြင်မြန်မြန်ထွက်ရတာမို့ အသက်ပင်မရှူနိုင် ။
"ပျော်ဖို့ကောင်းလိုက်တာ "
အသက်ပြင်းပြင်းရှူနေရင်းရယ်ပြီး Irene ပြောတော့ Seulgi လည်းလိုက်ရယ်မိတယ် ။
ညနေစောင်းရောက်နေပြီမို့ လိမ္မော်ရောင်သန်းတဲ့ နေအလင်းရောင်က လမ်းမပေါ်ကိုဖြာကျဆဲ ။
"Irene "
"ဟင် "
Seulgi ဘက်ကိုမျက်နှာလှည့်ထားတဲ့ Irene က ချွေးတွေစိုနေလွန်းလို့ ချွေးနဲ့အအေးပတ်မှာကိုတောင် စိတ်ပူမိတယ် ။
ဒါပေမယ့်လည်း အသက်ရှူဖို့မေ့လောက်တဲ့အထိ လှရက်နေတုန်း ။ Seulgi တကယ်ကို ကံကောင်းတာ။
"ငါနင့်ကို ချစ်တယ် "
ဒီနေ့ည မိုးရွာလိမ့်မယ်လို့ မနက်ကတီဗီမှာ
သတင်းကြေညာထားတယ် ။ အခုထိတော့
ရာသီဥတုက သာယာနေသေးသားပဲ ။ ဖြတ်တိုက်သွားတဲ့ လေအေးအေးလေးကို Irene နဲ့ဆံနွယ်တွေကြား တိုးဝှေ့သွားတဲ့အတွက် မနာလိုဖြစ်မိတယ် ။
"ငါလည်း နင့်ကိုချစ်တယ် "
နိဗ္ဗာန်ကိုပြနိုင်တဲ့သူဟာ ငရဲကိုလည်းပြနိုင်မှာပဲ ။ Irene နဲ့သာဆိုရင် အဖန်တစ်ရာမက ဒီသံသရာထဲ ကျင်လည်နေရလည်း ဖြစ်တယ် ။
အတူတူရှိချင်ပြီး အတူတူပျော်ချင်တယ် ဝမ်းနည်းရရင်လည်း အတူတူမျှဝေခံစားချင်တယ် သူငယ်ချင်းကောင်းတစ်ယောက်လို မိသားစုဝင်လို ထပ်တူထပ်မျှ အချစ်ကိုခံစားကြရတဲ့ ချစ်သူတွေလိုမျိုး ။
ပြီးတော့ Irene ဟာ ဒီလိုလူမျိုးပဲ ။
တကူးတက လိုက်လံရှာဖွေစရာမလိုတဲ့
Seulgi အနားက ကောင်းခြင်းတရားလေးဖြစ်တယ်။
သူ့ကို Seulgi ချစ်တယ် ။
Irene ကို Seulgi တကယ်ချစ်တယ် ။
_______________________________________
Zawgyi
"Serendipity"
[မ႐ွာေဖြဘဲ ေတြ႔႐ွိေသာ ေကာင္းျခင္းတရားေလး]
X
"မင္းတို႔ကိုေျပာခ်င္တာက ဒီေနရာဟာတျခားလိုမ်ိဳး
စည္းမဲ့ကမ္းမဲ့ကိစၥေတြ လုပ္လို႔ရတဲ့ေနရာမ်ိဳးမဟုတ္ဘူး
မင္းတို႔လူငယ္ေတြကိစၥကို နားလည္ေပးႏိုင္ေပမယ့္
အခုလိုမ်ိဳး ေကာ္ရစ္ဒါႀကီးမွာ ေအာ္ဟစ္ၿပီးေတာ့ ... "
ဘလာ ... ဘလာ .. ဘလာ .. ။
မိနစ္သံုးဆယ္ေလာက္႐ွိေနၿပီ အခုအခ်ိန္အထိ
Seulgi တို႔ စည္းကမ္းထိန္းသိမ္းေရး ႐ုံးခန္းကေန
မွာတမ္းေခြၽခံေနရတာ မၿပီးဆံုးေသး ။
ဒီစကားေတြကိုပဲ ဓာတ္ျပားႀကီးဖြင့္ထားသလို
အေခါက္ေခါက္အခါခါ ထပ္ထပ္ၿပီးေျပာေနတာ
တာ၀န္႐ွိသူႀကီးအစား Seulgi ကိုယ္တိုင္ေတာင္
ပါးစပ္ေညာင္းၿပီး နားေတြၿငီးလာၿပီ ။
Irene ကေတာ့ ေဘးမွာထိုင္ေနကာ
ေခါင္းငံု႔ထားဆဲ ။
Seulgi တေစာင္းအေနအထားျဖင့္ ခိုးၾကည့္ေတာ့
မ်က္ႏွာကိုေသခ်ာမေတြ႔ရဘဲ ဆံပင္ေတြက
အေႏွာင့္အယွက္ေပးကာ ကာဆီးထားျပန္သည္ ။
ဒါေပမယ့္လည္း Seulgi ေပ်ာ္ေနပါသည္ ။
အရမ္းေကာင္းတယ္ .. အရမ္းကိုေကာင္းတယ္ ။
အခုခံစားေနရတဲ့ ခံစားခ်က္က ေရာေထြးၿပီးေတာ့
အၾကာႀကီးပစ္ထားမိတဲ့ အိမ္ကိုျပန္လာရသလိုမ်ိဳး။
အထင္လြဲစရာေတြ စိတ္ပ်က္စရာေတြအဆံုးမွာ
Irene တစ္ေယာက္တည္းကသာ Seulgi ရဲ႕
ႏွလံုးသားပိုင္႐ွင္ ျဖစ္ခဲ့ျပန္တာမို႔ ဒီတစ္ႀကိမ္ေတာ့
ဘယ္လိုနည္းနဲ႔မွ သူ႔ကိုလက္လႊတ္ခံေတာ့မွာ
မဟုတ္ဘူးလို႔ တေစာင္းေငးေနရင္းက Seulgi
သစၥာဆိုေနမိတယ္ ။
တာ၀န္႐ွိလူႀကီးနဲ႔ Seulgi တို႔ၾကား ျခားထားတဲ့
စားပြဲခံုကိုအားကိုးၿပီး Irene ရဲ႕လက္ကို မျမင္ေအာင္
လွမ္းဆုပ္ကိုင္လိုက္ေတာ့ Seulgi ဘက္ကို
ၾကည့္မလာေပမယ့္ Irene ဟာ လက္ေခ်ာင္းခ်င္း
ယွက္သြယ္ၿပီး ျပန္ဆုပ္ကိုင္လာတယ္ ။
ဟုတ္တယ္ .. ဒါကအစစ္အမွန္ပဲ ။
ဒီခံစားမႈကမွ အျမဲတမ္းမွန္ေနခဲ့တာ ။
ဒီလက္ေတြရဲ႕ အျခားတစ္ဖက္ဟာ Irene ရဲ႕
အဖိုးတန္လက္ေတြပဲ ။
"ေက်းဇူးတင္ပါတယ္ .."
ဟိုလူႀကီး တစ္ဖက္လွည့္သြားၿပီးေတာ့
မွာတမ္းဆက္ေခြၽေနတုန္း Irene အနားကိုကပ္ရင္း
Seulgi တိုးတိုးေျပာမိတယ္ ။
သူ႔လိုငတံုးကို ျပန္လက္ခံေပးတဲ့အတြက္ ၊
ဒီေလာက္မေကာင္းခဲ့မိတာေတာင္ သူ႔အေပၚကို
အျပစ္မျမင္ဘဲ ဆက္ခ်စ္ေနေပးတဲ့အတြက္ ။
ၿပီးေတာ့ ထုတ္မေျပာႏိုင္တဲ့ အေၾကာင္းတရားေပါင္း
ကုေဋကုဋာနဲ႔ခ်ီၿပီးေတာ့ .. ။
Irene က Seulgi ဘက္ကို လွည့္ၾကည့္ၿပီးေတာ့
ျပံဳးျပရင္း ျပန္ေျပာတယ္ ။
"ငါလည္း ေက်းဇူးတင္ပါတယ္ "
"ဟင္ ဘာလို႔လဲ "
"ငါ့ဆီျပန္လာတဲ့အတြက္ "
ဒီစကားကိုၾကားရေတာ့ Seulgi ရင္ထဲမေကာင္း။
မရည္ရြယ္ဘဲနဲ႔ Irene ကို ဘယ္ေလာက္ေတာင္
နာက်င္ေစခဲ့ၿပီးၿပီလဲ ။
Seulgi က အျမဲတမ္း Irene ဆီအေရာက္လာမွာ ။
ဒီစၾကာ၀ဠာတင္မက တျခားအၿပိဳင္စၾကာ၀ဠာေတြမွာေရာ
Kang Seulgi တိုင္းက Bae Irene တိုင္းဆီကို
အျမဲတန္း အေရာက္လာေနမွာ ။
သတိလက္လြတ္စြာပဲ တာ၀န္႐ွိလူႀကီးမျမင္ေအာင္
ခိုးၿပီးဆုပ္ကိုင္ထားတဲ့လက္ကို စားပြဲခံုအကြယ္ကေန
မ်က္ႏွာေ႐ွ႕ထုတ္လာရင္း ေျပာျပဖို႔စကားလံုးေတြ
က်ေပ်ာက္သြားေလာက္ေအာင္ အားနာမိတဲ့ဒဏ္ေၾကာင့္
ႏႈတ္ခမ္းနဲ႔သာ ခပ္ဖြဖြနမ္းထားမိတယ္ ။
"ငါနင့္ဆီမွာပဲ အျမဲတမ္း႐ွိေနမွာ Irene"
တစ္ေယာက္ရဲ႕မ်က္လံုးကို တစ္ေယာက္ကနားလည္ၿပီး
ထုတ္မေျပာလည္း ၾကားႏိုင္တဲ့ စိတ္ရဲ႕စကားေတြ ။
Irene က ေခါင္းၿငိမ့္ျပတယ္ ။
"ငါေျပာခ်င္တာက မင္းတို႔သြားလိုက္ေတာ့"
စိတ္ကုန္သြားသလို ေလသံမ်ိဳးနဲ႔ Seulgi တို႔ကို
႐ုံးခန္းကေန လြတ္ေျမာက္ခြင့္ေပးၿပီးတဲ့ ေနာက္မွာ
Irene လက္ကို အတြဲမျဖဳတ္ဘဲ ေလွ်ာက္လာမိဆဲ ။
႐ုံးခန္းနဲ႔ လွမ္းလွမ္းေနရာကိုေရာက္ေတာ့
Seulgi ရပ္လိုက္တယ္ ။
"ျဖစ္ခဲ့သမွ်ေတြအတြက္ ငါတကယ္ေတာင္းပန္ပါတယ္"
တစ္ခါတစ္ေလက်ေတာ့လည္း Seulgi ဟာ
Irene နဲ႔မတန္ဘူးလို႔ေတာင္ ကိုယ့္ကိုယ္ကို
ေတြးမိတဲ့အထိပါပဲ ။ Irene က အရာအားလံုးထက္
ႏိႈင္းယွဥ္မရႏိုင္ေအာင္ Seulgi အတြက္ မတရား
တန္ဖိုးႀကီးလြန္းေနတယ္ မဟုတ္လား ။
Irene က တြဲထားတဲ့ လက္ကိုျဖဳတ္ၿပီး
Seulgi ရဲ႕လည္ပင္းဆီ ဖက္လာတယ္ ။
"မေတာင္းပန္နဲ႔ေတာ့ ဟုတ္ၿပီလား
နင္ျပန္လာရင္ အကုန္အဆင္ေျပၿပီမို႔ "
သူနားလည္ေပးေလေလ ကိုယ့္မွာပိုၿပီး ႐ူးေတာ့မတတ္
ခ်စ္မိရေလေလပါပဲ ။ Seulgi လည္းျပန္ၿပီးေတာ့
ေပြ႔ဖက္ထားမိတယ္ ။
"ေက်းဇူးတင္ပါတယ္ ငါ့လိုမေကာင္းတဲ့ - "
"တိတ္ေတာ့ နင္ကမေကာင္းတဲ့သူ မဟုတ္ဘူး
ငါလည္းလြန္ခဲ့တာေတြ ႐ွိတာပဲေလ ဟုတ္ၿပီလား
အခု ငါတို႔အတူ႐ွိေနၾကၿပီပဲ အဲ့ဒါေတြျပန္မေျပာနဲ႔"
ဖက္ထားရာကေနခြာၿပီး Irene ရဲ႕ပါးျပင္ကို
လက္မေလးေတြနဲ႔ အေၾကာင္းမဲ့ပြတ္သပ္ေနမိတယ္။
ဒီပါးျပင္ေလးေတြမွာ Seulgi ေၾကာင့္
ဘယ္ေလာက္အထိ မ်က္ရည္ေတြစိုရႊဲခဲ့ရသလဲ ။
"ဒါနဲ႔ Kang ဒီမာဖလာေလး ငါနဲ႔လွလား"
Seulgi ေပးထားတဲ့မာဖလာက Irene နဲ႔
တကယ္ကိုလည္း လိုက္ပါတယ္ ။
ဒါေပမယ့္ အခုမ်က္စိေ႐ွ႕မွာ ျမင္ေနရတဲ့အျပံဳးေတြ
အျပဳအမူေတြနဲ႔တင္ အကုန္လံုးျပည့္စံုေနၿပီ ။
"ငါေသခ်ာျပန္လုပ္ေပးမယ္ "
ပံုစံတက်မရစ္ပတ္ထားတဲ့ မာဖလာနီကို
Irene ရဲ႕လည္ပင္းမွာ ဂ႐ုတစိုက္ျပန္ျပင္ေပးေတာ့
သေဘာက်စြာပဲ အႏွီယုန္မေလးကရယ္တယ္ ။
"ဆိုေတာ့ Kang"
"အင္း ေျပာ "
"ငါနင့္ကို နမ္းလို႔ရၿပီလား"
မာဖလာကို ကိုင္ထားဆဲျဖစ္တဲ့ Seulgi ရဲ႕လက္ေတြ
လႈပ္႐ွားမႈရပ္တန္႔သြားၿပီး Irene ကို ေသခ်ာၾကည့္ရင္
ပါးျပင္မွာ ပန္းႏုေရာင္ေတြသမ္းေနတာကို ျမင္ႏိုင္တယ္။
Seulgi ေရာ မလြမ္းဘူးထင္လို႔လား ?
႐ူးမတတ္ .. ။ ႐ူးမတတ္ကို လြမ္းေနတာ ။
"နင္ငါ့ကို နမ္းလို႔မရေသးဘူး Irene "
Seulgi စကားကို အလိုမက်ဘဲ Irene က
မ်က္ခံုးေတြခ်ိဳးၿပီး ႏႈတ္ခမ္းေတြစူလာတယ္ ။
"ဘာလို႔လဲဆိုရင္ ငါနင့္ကိုအရင္ နမ္းမွာမို႔လို႔ "
မနာက်င္ေစဖို႔ ဂ႐ုစိုက္ရင္း မာဖလာကေနကိုင္ၿပီး
တစ္လေက်ာ္ေလာက္ ေ၀းေနခဲ့တဲ့ အဲ့ႏႈတ္ခမ္းေတြကို
Seulgi နမ္း႐ႈိက္မိတယ္ ။
လြမ္းလြမ္းဆြတ္ဆြတ္ ျမတ္ျမတ္ႏိုးႏိုး
ၿပီးေတာ့ ဘယ္ေလာက္ထိေတာင္ ခ်စ္တယ္ဆိုတာ
သိေစဖို႔အတြက္။ ဒီအခိုက္အတန္႔မွာ နာရီလက္တံေတြကို
ရပ္ထားေစခ်င္တယ္ ဆူညံေနတာေတြကို
တိတ္ဆိတ္ၿငိမ္သက္သြားေစခ်င္တယ္ ။
လြမ္းေနတာ လြမ္းေနတာ ။
ညေတြအိပ္မေပ်ာ္ႏိုင္ေလာက္တဲ့အထိ လြမ္းေနတာ
ဘယ္ေနရာကိုၾကည့္ၾကည့္ သူ႔ကိုပဲျမင္မိတဲ့အထိ
လြမ္းေနခဲ့တာ ။
"ငါနင့္ကို တကယ္လြမ္းေနခဲ့တာ "
ႏႈတ္ခမ္းခ်င္းခြာသြားေတာ့ အားမရစြာဘဲ
Irene ကို ဖက္ထားရင္း နဖူးကိုနမ္း႐ိႈက္ၿပီး
Seulgi ၀န္ခံမိတယ္ ။
"နင့္မ်က္ႏွာ လွလွေလးကိုေရာ
နင္ Kang ဆိုၿပီးငါ့နာမည္ကိုေခၚတဲ့ အသံကိုေရာ"
Irene က ဘာစကားမွ မေျပာေပမယ့္
Seulgi ကိုေတာ့ ထပ္တူထပ္မွ် ေပြ႔ဖက္ထားဆဲ ။
ထိုျမင္ကြင္းကိုေတာ့ အကြယ္တစ္ေနရာကေန
လူႏွစ္ေယာက္က ေခ်ာင္းၾကည့္ေနခဲ့ၾကသည္ ။
"ေတာ္ေသးတာေပါ့ အဆင္ေျပသြားၾကလို႔ "
Jimin က သက္ျပင္းခ်ရင္း နံရံမွာမွီၿပီးေရရြတ္၏ ။
သို႔ေပမယ့္ Joy ကေတာ့ ၾကည္ႏူးစရာျမင္ကြင္းကို
အသည္းယားစြာ ရပ္ၾကည့္ေနဆဲ ။
ခဏၾကာေတာ့မွ Jimin ဘက္ကိုလွည့္ၿပီးေမးသည္။
"နင္ေရာ အဆင္ေျပရဲ႕လား"
လံုး၀အဆင္မေျပေၾကာင္း ေပၚလြင္ေနေသာ္ျငား
Jimin က ေခါင္းၿငိမ့္ျပဆဲ ။
လူတိုင္းကေတာ့ အနာေတြက်က္ဖို႔အတြက္
အခ်ိန္လိုအပ္ပါတယ္ေလ .. ။
ကိုယ့္ကိုယ္ကို ေက်ေက်နပ္နပ္ ေပးထားခဲ့မိတဲ့
ဒဏ္ရာဆိုေတာ့လည္း ။
Joy က ဆက္ေျပာသည္ ။
"နင္သိလား Jimin "
"ဘာကို ?"
"နင္ Seulgi ကို ႀကိဳက္ေနတယ္ဆိုတာကို ငါသိေတာ့
နင့္ကိုသတိေပးဖို႔ စဥ္းစားမိေသးတယ္ "
Jimin က Joy ကိုမၾကည့္ဘဲ မ်က္ႏွာခ်င္းဆိုင္က
နံရံကိုသာေငးရင္း Joy ဆက္ေျပာလာမယ့္စကားကို
အသံတိတ္ကာ နားေထာင္ေနေလသည္ ။
"ဘာလို႔လဲဆိုရင္ နင္ပဲခံစားရမွာ ငါသိတယ္ေလ
သူတို႔ႏွစ္ေယာက္ကို ငါစသိတဲ့အခ်ိန္ကတည္းက
တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားခ်က္ေတြ
႐ွိေနၾကမွန္း အတိုင္းသားျမင္ေနရခဲ့တာပဲ
ဒါကလည္း ငါတစ္ေယာက္တည္း မဟုတ္ဘူး
Irene အတန္းကိုေတာ့ မသိေပမယ့္
ငါတို႔အတန္းကေတာ့ Seulgi က Irene ကို
ခ်စ္ေနတယ္ဆိုတာကို သိၾကတယ္
သူတို႔က သူတို႔ကိုယ္သူတို႔ အခ်စ္ဆံုးသူငယ္ခ်င္းေတြလို႔
ေခါင္းစဥ္တပ္ထားၿပီး တစ္ေယာက္ထိခိုက္မွာကို
တစ္ေယာက္က ေသမလို စိုးရိမ္ပူပန္ေနတတ္တဲ့
သူတို႔ရဲ႕စိတ္ရင္းကိုေတာ့ ထုတ္မေျပာၾကဘူးေလ "
ဒါေၾကာင့္ Jimin ေက်ာင္းစစေျပာင္းလာခ်င္းမွာ
Seulgi နဲ႔ Irene အေၾကာင္းေတြကို တစ္ခန္းလံုး
သိေနၾကလို႔ သူတို႔မေခၚတဲ့အေၾကာင္း တိုးတိုးတိုးတိုးနဲ႔
ေျပာႏိုင္ၾကတာပဲ ။
Jimin ရယ္မိတယ္ ။
"အဲ့ငတံုးေတြ .. "
ႏႈတ္ကလည္း ေရရြတ္မိတဲ့အခါ Joy ကပါ
လိုက္ၿပီး ေရရြတ္တယ္ ။
"ဟုတ္ပ အဲ့ငတံုးေတြ .. "
__________________________________
"တစ္ခုခုမလုပ္ဘူးလား ႐ုပ္႐ွင္ေရာမၾကည့္ရဘူးလား
ဒီတိုင္းပဲငုတ္တုတ္ထိုင္ၿပီး အခ်င္းခ်င္းေငးေနရမွာလား"
Irene ရဲ႕ ေမးခြန္းအဆံုးမွာ Seulgi က
ေခါင္းၿငိမ့္ျပၿပီး မ်က္လံုးေတြကေတာ့ Irene ဆီက
နည္းနည္းေလးမွ ဆုတ္ခြာသြားျခင္းမ်ိဳးမ႐ွိခဲ့ ။
Irene မႀကိဳက္တာေတာ့လည္း မဟုတ္ဘူးေပါ့ ။
"တကယ္ႀကီးလား Kang "
"တကယ္ေျပာေနတာ ငါ့ဘ၀တစ္ေလွ်ာက္လံုး
နင့္ကိုပဲၾကည့္ၿပီး ေနသြားလို႔႐ွိရင္ေတာင္မွ
နင္ဘာလို႔ အဲ့ေလာက္လွလဲဆိုတာကို
ငါစဥ္းစားႏိုင္ဦးမွာ မဟုတ္ဘူး"
Seulgi ဟာ အဲ့လိုေနရာေတြက်ေတာ့
တအားသြက္လြန္းသလား ေအာက္ေမ့ရတယ္ ။
အဲ့လိုမ်ိဳးေတြ ခြၽဲပစ္ၿပီးေတာ့ Irene ကို
မ႐ွက္႐ွက္ေအာင္ေတြ လုပ္ေနမိေရာ ။
ဘယ္လိုပဲျဖစ္ျဖစ္ ဒီအိမ္ထဲမွာ ဒီဆိုဖာေပၚမွာ
ဒီတီဗီႀကီးေ႐ွ႕မွာ Irene နဲ႔အတူ ျပန္႐ွိေနရတာ
သိပ္ေကာင္းတယ္ ။ ထံုးစံအတိုင္း အန္တီတို႔က
ျပန္မေရာက္ေသး ။
"နင္ေျပာတာေတြကို ငါကမယံုပါဘူး "
Irene က မ်က္ႏွာကိုေစာင္းရင္း Seulgi ကို
အရြဲ႔တိုက္ကာ ေျပာေလသည္ ။ အဲ့မ်က္ႏွာေပးကို
အသည္းေတြယားကာ ပါးႏွစ္ဖက္အားလက္နဲ႔ဆြဲၿပီး
မ်က္ႏွာခ်င္းဆိုင္ေစသည္ ။
"Bae Irene ငါေသခ်ာေျပာမယ္ေနာ္
ငါမွားခဲ့တာေတြ ႐ွိတယ္ ဟုတ္ၿပီလား ဒါေပမယ့္
ငါ့အခ်စ္ကို သံသယ ၀င္ရဲ၀င္ၾကည့္ေနာ္ ၾကားလား!"
"သံသယ၀င္ရင္ နင္ကဘာလုပ္မွာလဲ! "
"ငါက ဒီလိုအျပစ္ေပးမွာ"
ႏႈတ္ခမ္းကိုတစ္ခ်က္နမ္းရင္း ေျပာလိုက္ေတာ့
Irene က ေအာက္ႏႈတ္ခမ္းကိုက္သည္ ။
"ဒါက အျပစ္ေပးတာလား "
"ဟုတ္တယ္! ၿပီးရင္ ဒီေနရာေတြကိုေရာ "
နဖူးကေနအစ ေမးေစ့ကိုမက်န္ မ်က္ခံုးေထာင့္က
မွဲ႔နက္ကေလးအဆံုး အနမ္းေတြလိုက္ေပးမိသည္။
အကုန္ကုန္သြားမွ ရပ္လိုက္တဲ့အခါ Irene က
Seulgi ပခံုးေပၚေခါင္းမွီရင္း ရယ္ေလသည္ ။
Irene က အဲ့စကားလံုးေတြထဲ မေပ်ာ္၀င္သေယာင္
ဟန္ေဆာင္ၿပီးေတာ့ Seulgi ရဲ႕နဖူးကို အနည္းငယ္
အားပါပါနဲ႔ ေတာက္ခ်လိုက္တယ္ ။
"အ! နာတယ္ အခ်စ္ရဲ႕"
"ေနဦး ဘယ္လိုေခၚလိုက္တယ္?"
"အခ်စ္လို႔ေခၚတာ ငါအသည္းယားေအာင္လို႔
ေနေနသ၍ေတာ့ နင့္ကိုအဲ့လိုနာမည္ေတြနဲ႔
ေန႔တိုင္းေခၚေနမွာ"
"မေခၚနဲ႔! တစ္မ်ိဳးႀကီးပဲ"
"အသည္းေလးကလည္း ေခၚခ်င္လို႔ပါ"
"မေခၚနဲ႔ဆို နားေတြယားေအာင္လို႔"
"ေခၚမွာပဲ အခ်စ္ေလး အသည္းေလး ကေလးေလး
ပူၾကဴၾကဴေလး ယုန္မေလး ေဂၚဖီထုပ္ေလး ကလီစာနဲ႔
ေက်ာက္ကပ္ေလး အူသိမ္အူမႀကီးနဲ႔အဆုတ္ေလး"
"Yah Kang Seulgi! ငါရစရာကိုမ႐ွိေတာ့ဘူး"
Seulgi ရဲ႕ရင္ဘတ္ကိုထုရင္း Irene ေျပာေတာ့
သူအျမဲရယ္ေနက်လိုမ်ိဳး လွလွပပ ရယ္ေလရဲ႕ ။
ေလထုက ေပ်ာ္ရႊင္မႈေတြနဲ႔ ေပါ့ေပါ့ပါးပါးဆိုေသာ္ျငား
ခံစားခ်က္ေတြက မတိုင္းတာႏိုင္ေအာင္ ေလးနက္လ်က္ ။
ဒီတစ္ႀကိမ္ေတာ့ အဲ့ရယ္သံေတြဟာ သူ႔ဘ၀တစ္ခု
ျဖစ္လာေစရမယ္လို႔ ဆံုးျဖတ္ထားၿပီးေတာ့ Irene ဟာ
Seulgi ထပ္ထြက္သြားစရာ အေၾကာင္းအရင္းေတြ
ဘယ္ေတာ့မွေပၚမလာဖို႔ ဆုေတာင္းမိတယ္ ။
ကိုယ္ကအရင္ ထားခဲ့တာဆိုေပမယ့္ေပါ့ ။
___________________________________
"Seulgi အျပင္မွာ Irene ေရာက္ေနတယ္"
ေခါင္းေဆာင္က အခန္းထဲ၀င္လာရင္းေျပာေတာ့
ေလ့က်င့္ေနၾကတဲ့ တျခားသူေတြက Seulgi ကို
စခ်င္ေနာက္ခ်င္စိတ္နဲ႔ လွမ္းၾကည့္ၾကတယ္ ။
Seulgi သူတို႔ကို သြားျဖဲရီျပရင္း အဲ့လူေတြထဲက
တစ္ေယာက္အျဖစ္ Jimin လည္း ပါ၀င္ေနမွန္း
သိလိုက္ရေတာ့ Seulgi သူ႔အနားကိုသြားၿပီး
စကားစေမးလိုက္တယ္ ။
"Jimin ဘယ္လိုလဲ ေလ့က်င့္ရတာခက္လား"
"နည္းနည္းေပါ့ Irene ကို အထဲေခၚလိုက္ေလ"
"အဆင္ေျပလား "
"ဘာလို႔မေျပရမွာလဲ အူေၾကာင္ေၾကာင္နဲ႔"
Jimin က ရယ္ရင္းျပန္ေျဖတာေၾကာင့္ သူ႔ကို
ေခါင္းၿငိမ့္ျပၿပီး တံခါးအျပင္ဘက္မွာ ရပ္ေစာင့္ေနတဲ့
Irene ကို ႀကိဳဆိုလိုက္တယ္ ။
"Hi Babe "
အခန္းကို ေက်ာေပးၿပီးရပ္ေနတဲ့ Irene ရဲ႕ပါးကို
ေနာက္ကေနခိုးနမ္းရင္း ႏႈတ္ဆက္လိုက္ေတာ့
သူကဗိုက္ကို ထိုးတယ္ ။
"အဲ့လိုေတြ မေခၚပါနဲ႔ဆို "
"႐ိုး႐ိုးေျပာလည္း ရပါတယ္ Irene ရယ္
နင္လက္ေ၀ွ့မ်ား သင္ထားလား"
Seulgi ရဲ႕႐ႈံ႕တြေနတဲ့ မ်က္ႏွာကိုျမင္ေတာ့
သေဘာတက်ရယ္ၿပီး ႏွာေခါင္းကိုနမ္းတယ္ ။
တကယ္ အနားေပးလိုက္ ေဆးေပးလိုက္ ။
"ေလ့က်င့္ေနတာ ၾကာဦးမွာလား "
"အင္း နည္းနည္းေပါ့ အထဲမွာ၀င္ေစာင့္ေန
အျပင္မွာ လူေတြျဖတ္သြားရင္ နင့္ကို၀ိုင္းေငးၾကမွာ
ငါမႀကိဳက္ဘူး "
"အပိုမေျပာနဲ႔! "
Seulgi လက္ကိုတြဲရင္း သူတို႔ရဲ႕ေလ့က်င့္ခန္းထဲ
ပထမဆံုးအႀကိမ္ ၀င္သြားလိုက္ေတာ့ အထဲမွာ
မွန္အႀကီးႀကီးေတြနဲ႔ ေရသန္႔စက္ရယ္ ၿပီးေတာ့
ေလေအးေပးစက္ ဖြင့္ထားတဲ့ၾကားက နဖူးမွာ
ေခြၽးေတြစိုရႊဲေနတဲ့ သူေတြရယ္ကိုေတြ႕တယ္ ။
တစ္ခ်ိဳ႕ကိုေတာ့ Irene သိၿပီး မသိတဲ့လူေတြလည္း
ဒီ club ထဲပါၾကတယ္ ။
ထူးဆန္းတာက Irene ကို လူထူးဆန္းလိုမ်ိဳး
၀ိုင္းၾကည့္ေနၾကတာပဲ ။ ဒါေၾကာင့္ Seulgi ရဲ႕
ပခံုးေနာက္မွာ မသိမသာပုန္းရင္း ၿငိမ္ေနမိတယ္ ။
"ဒါက Irene ေလ "
Seulgi က အခန္းထဲကလူေတြကို မိတ္ဆက္ေတာ့
Irene အလိုမက် ။ နာမည္တင္ မဟုတ္ဘဲနဲ႔
Seulgi ရဲ႕ --
"ငါ့ခ်စ္သူ "
အေတြးမဆံုးေသးခင္ Seulgi က ဆက္ေျပာေတာ့
အမ်ားေ႐ွ႕မွာမို႔ Irene အနည္းငယ္ ေနရထိုင္ရခက္ၿပီး
ဘာေျပာရမလဲဆိုတာ စဥ္းစားလို႔မရ ။
"Seulgi သူကလူေရာ ဟုတ္ရဲ႕လား "
မရင္းႏွီးတဲ့ မ်က္ႏွာတစ္ခုက ေမးေတာ့
Seulgi က ရယ္ရင္း ျပန္ေျဖတယ္ ။
"မဟုတ္ဘူး နတ္သက္ေႂကြလာတာ "
မ်က္ႏွာရဲ႕အေျခအေနဟာ ခရမ္းခ်ဥ္သီးနီးပါးအထိ
ရဲလာမယ္ဆိုတာ Irene ကိုယ့္ကိုယ္ကိုသိတယ္ ။
Seulgi ရဲ႕လက္ေမာင္းကို တင္းတင္းဆုပ္ထားရင္း
အဲ့လိုအေျမႇာက္အပင့္စကားေတြ ထပ္မေျပာဖို႔
အသံတိတ္သတိေပးလည္း သူကေတာ့ရယ္ေနဆဲ ။
Irene ႐ုတ္တရက္ အခန္းထဲမွာ႐ွိေနတဲ့
Jimin နဲ႔ မ်က္လံုးခ်င္းဆံုတယ္ ။
သူ႔ကိုမၾကည္တာ မွန္ေပမယ့္ အခုတစ္ခဏမွာ
သူ႔မ်က္လံုးေတြထဲကေန Seulgi ကိုၾကည့္ၿပီး
တကယ္၀မ္းသာတဲ့ အရိပ္အေယာင္ေတြေပၚေနလို႔
Irene ေဒါသမထြက္မိပါ ။
လူတစ္ေယာက္ကို ျမတ္ျမတ္ႏိုးႏိုး ခ်စ္ႏိုင္သလို
ဘယ္အခ်ိန္မွာ လက္လႊတ္တတ္ရမလဲ ဆိုတာကို
Park Jimin အေသအခ်ာ သိေနတယ္လို႔
Irene ခံစားႏိုင္ေနတယ္ ။
Jimin က ျပံဳးျပတယ္ ။
Irene ျပန္ျပံဳးျပမိတယ္ ။
"ကဲ ကဲ .. Irene ကို ေငးၿပီးေတာ့ Seulgi ကို
ေမတၱာပို႔ေနတာေတြ ေတာ္ၾကရေအာင္
ျပန္ေလ့က်င့္ဖို႔ ready လုပ္ "
လက္ခုပ္တီးသံနဲ႔အတူ ေခါင္းေဆာင္ကေျပာေတာ့
Seulgi ကၿငီးတြားၿပီး အခန္းရဲ႕ေထာင့္ဆီ
Irene ကို ေခၚလာတယ္ ။
"ခဏပဲၾကာမွာပါ ဟုတ္ၿပီလား"
"အင္းပါ သြားေလ့က်င့္ သြား "
အနားကေန မခြဲႏိုင္မခြာရက္ ျဖစ္ေနတဲ့ Seulgi ကို
တြန္းထုတ္ၿပီးေတာ့ မတ္တပ္ရပ္လ်က္ကေနပဲ
သူတို႔ေလ့က်င့္တာကို Irene ၾကည့္ေနမိတယ္ ။
၀ါသနာပါရာကို စိတ္ႏွစ္ၿပီးလုပ္ေနတဲ့ Seulgi က
တစ္ခ်က္တစ္ခ်က္ မွန္ထဲကေန Irene ကို
လွမ္းၾကည့္သလိုမ်ိဳး Irene ကလည္း သူ႔ဆီကေန
နည္းနည္းမွ မ်က္လံုးမခြာမိပါ ။
"အုပ္စုၿပီးၿပီ ႏွစ္ေယာက္တြဲစမယ္! "
အသံၾကားတာနဲ႔ ႏွစ္ေယာက္တစ္တြဲအျဖစ္
ခ်က္ခ်င္းေနရာယူၾကတဲ့အခါ မျမင္ခ်င္ဆံုးက
Seulgi နဲ႔ Jimin တြဲၿပီးေနရာယူထားတာကိုပဲ ။
မဟုတ္ဘူး ဒါက ေလ့က်င့္ေနတာလို႔ ေျပာေနရင္း
မ်က္ေစာင္းမထိုးမိ႐ုံ ၀င္မဖ်က္မိ႐ုံ ထိန္းထားရတာ။
"ၿပီးၿပီ Jimin ေတာ္တယ္ ! "
Jimin ကို ခ်ီးက်ဴးၾကတဲ့အခါ Seulgi ကပါ
လက္မေထာင္ျပေနတာမို႔ Irene မ်က္ႏွာလႊဲရင္း
ပါးစပ္ကရြတ္မိတယ္ ။
"သူ႔ေလာက္ေတာ့ ငါလည္းကႏိုင္သားပဲ"
ဒါေပမယ့္ သီခ်င္းပိတ္လိုက္တဲ့အခ်ိန္နဲ႔ တိုးသြားကာ
Irene ေရရြတ္တာကို လူတိုင္းၾကားလိုက္ရတယ္ ။
႐ွက္လြန္းလို႔ မ်က္ႏွာကို ဘယ္မွာသြားထားရမွန္း
ေသခ်ာမသိေတာ့တဲ့ Irene ကို ၾကည့္ရင္း
Seulgi ရယ္ခ်င္ေပမယ့္ မရယ္ရက္ ။
ေတာ္ေတာ္လည္း သ၀န္တိုႏိုင္တဲ့ဟာမေလး လို႔
စိတ္ထဲကေနေတြးရင္း Irene အနားကိုသြားၿပီး
ပစၥည္းေတြသိမ္းဖို႔လုပ္တုန္း တစ္ေယာက္က
ထေအာ္တယ္ ။
"Irene နဲ႔ Jimin ကို ၿပိဳင္ခိုင္းလိုက္ပါ!! "
"ေကာင္းတယ္ ! အဲ့ဒါေကာင္းတယ္ ! "
"Irene !!! "
အႏုပညာ႐ွင္တစ္ေယာက္ကို ေဖ်ာ္ေျဖျပဖို႔
ေတာင္းဆိုေနသလိုမ်ိဳး Irene နာမည္ကိုပါ
အက်ယ္ႀကီးေတြ ေအာ္ေနၾကတာေၾကာင့္
Seulgi ရယ္မိျပန္တယ္ ။
Irene က သူ႔ကို အားကိုးရလိုရျငား ၾကည့္ေပမယ့္
Seulgi က ၀င္မပါတဲ့အျပင္ မ်က္ခံုးပင္ပင့္ျပေသးသည္။
ဘယ္လိုပဲျဖစ္ျဖစ္ Jimin ႏိုင္မွာကို သိေပမယ့္
Irene ကတာကို Seulgi ျမင္ဖူးခ်င္တယ္ ။
"မေအာ္ၾကပါနဲ႔ေတာ့ !"
တစ္ခဏေလးအတြင္း Irene အသံေၾကာင့္
အကုန္ၿငိမ္သက္သြားတာကို Seulgi ျမင္ရေတာ့
ကိုယ့္ရည္းစားကို ေလးစားမႈ level က
မဟားတရား ျမင့္တက္သြားျပန္သည္ ။
Seulgi အခန္းေထာင့္မွာရပ္ေနတုန္း Irene က
အခန္းအလယ္မွာ Jimin နဲ႔ ယွဥ္ရပ္ရင္း
အဆင္သင့္ျဖစ္ေနၿပီ ျဖစ္သည္ ။
"Jimin အရင္စ"
စည္းခ်က္က်က် စနစ္က်က်နဲ႔အတူ
အေတာ္ဆံုးထဲ တစ္ေယာက္အပါအ၀င္မွန္း
သိသာေအာင္ Jimin က ကျပသြားသည္ ။
သီခ်င္းကလည္း ခပ္ျမဴးျမဴးဆိုေတာ့ Jimin ကို
ပိုအားျဖည့္ေပးေနသေယာင္ ။
လက္ခုပ္သံေတြက အက်ယ္ႀကီးထြက္လာသလို
Seulgi လည္း အားေပးတဲ့အေနနဲ႔ Jimin အတြက္
လက္ခုပ္တီးမိတာကို Irene က ျမင္သြားျပန္တယ္ ။
တံေတြးကို ၿမိဳခ်ရင္း Irene ကို ျပံဳးျပေတာ့
မ်က္ေစာင္းႀကီးသာ ျပန္ရေလရဲ႕ ။
သီခ်င္းဖြင့္တဲ့သူက Irene ကို ေမးတယ္ ။
"Irene အျမဴးသီခ်င္းပဲလား"
"ဟိုသီခ်င္းဖြင့္ေပးပါ "
တိုးတိုးသြားေျပာတဲ့အတြက္ Irene ဖြင့္ခိုင္းတာ
ဘာသီခ်င္းမွန္း Seulgi လည္းမၾကား ။
ဖြင့္ေပးမည့္လူက ေသခ်ာထပ္ေမးသည္ ။
"အဲ့သီခ်င္း ? တကယ္ႀကီးလား"
"တကယ္"
ေသခ်ာေနရာယူၿပီးေတာ့ သီခ်င္းလာမယ့္အခ်ိန္ကို
ေစာင့္ေနရင္း Irene က ျပံဳးသည္ ။
သိပ္မရင္းႏွီးတဲ့ သံစဥ္က နားထဲ၀င္လာၿပီး
တစ္ဆက္တည္း စာသားကိုပါ ၾကားရေတာ့ .. ။
"Baby shark du du dududu .. "
Seulgi နဲ႔အတူ အကုန္လံုးက ေၾကာင္အေနဆဲ
Irene ကေတာ့ စတင္ကေလၿပီ ။ သို႔ေပမယ့္
စကၠန္႔ပိုင္းအၾကာမွာေတာ့ ရယ္တဲ့သူကရယ္
ေအာ္ၿပီးလိုက္ဆိုတဲ့သူကဆို Irene ကို
အသည္းယားတဲ့သူကယားနဲ႔ ခ်က္ခ်င္းျပန္ၿပီး
ဆူညံသြားသည္ ။
Seulgi မတ္တပ္ရပ္ေနရင္းက ဒူးေတြေခြၿပီး
ရယ္မိတယ္ ။ ဘယ္သူက ဒီသီခ်င္းကို ေတြးမိမွာလဲ။
ဒီလိုမ်ိဳး ခ်စ္ဖို႔ေကာင္းေအာင္ လုပ္ေနလိမ့္မယ္လို႔
ဘယ္သူကေတြးမိမွာလဲ ။
သီခ်င္းရဲ႕တစ္ေနရာကိုေရာက္ေတာ့ အကုန္လံုးက
ပတ္ေျပးတာေၾကာင့္ ပိုဆူညံလာၿပီး မ်က္စိေ႐ွ႕မွာတင္
Irene နဲ႔အတူ အကုန္လံုးလိုက္ကေနမွန္း
Seulgi သိလိုက္ရသည္ ။
သီခ်င္းဆံုးသြားေတာ့ Irene က အခန္းထဲသူေတြနဲ႔
လက္၀ါးခ်င္း႐ိုက္ကာ ေပ်ာ္ေနေလရဲ႕ ။
"အႏိုင္ရ႐ွိသူက Irene ပဲျဖစ္ပါတယ္ခင္ဗ်ား!! "
"ေရး!!! "
Seulgi ေခါင္းတခါခါနဲ႔ရယ္ရင္း ရင္းႏွီးသြားၿပီျဖစ္တဲ့
Irene နဲ႔ အဖြဲ႔သားေတြကို အံ့ၾသမိတယ္ ။
Irene က တကယ့္ေမွာ္အစြမ္းေလးပါပဲ ။
ေအးစက္စက္ပံုစံလို႔ အလြယ္တကူျမင္ႏိုင္ေပမယ့္
တကယ္တမ္းမွာ ကေလးတစ္ေယာက္လိုမ်ိဳး
ေပ်ာ္တတ္ၿပီးေတာ့ ဂ႐ုစိုက္တတ္တဲ့သူ ။
ကေလးသီခ်င္းနဲ႔ ကသြားတာကိုပဲၾကည့္ပါလား ။
Seulgi လြယ္အိတ္ကိုေသခ်ာလြယ္ရင္း Irene ရဲ႕
အိတ္ကိုပါယူၿပီးေတာ့ လူအုပ္ၾကားထဲတိုးလိုက္ကာ
မသိမသာ Irene ကို အျပင္ခိုးထုတ္လာရတယ္ ။
အခန္းအျပင္ေရာက္တာနဲ႔ လက္ကိုဆြဲၿပီး
ေက်ာင္းျပင္ျမန္ျမန္ထြက္ရတာမို႔ အသက္ပင္မ႐ွဴႏိုင္ ။
"ေပ်ာ္ဖို႔ေကာင္းလိုက္တာ "
အသက္ျပင္းျပင္း႐ွဴေနရင္းရယ္ၿပီး Irene ေျပာေတာ့
Seulgi လည္းလိုက္ရယ္မိတယ္ ။
ညေနေစာင္းေရာက္ေနၿပီမို႔ လိေမၼာ္ေရာင္သန္းတဲ့
ေနအလင္းေရာင္က လမ္းမေပၚကိုျဖာက်ဆဲ ။
"Irene "
"ဟင္ "
Seulgi ဘက္ကိုမ်က္ႏွာလွည့္ထားတဲ့ Irene က
ေခြၽးေတြစိုေနလြန္းလို႔ ေခြ်းနဲ႔အေအးပတ္မွာကိုေတာင္
စိတ္ပူမိတယ္ ။
ဒါေပမယ့္လည္း အသက္႐ွဴဖို႔ေမ့ေလာက္တဲ့အထိ
လွရက္ေနတုန္း ။ Seulgi တကယ္ကို ကံေကာင္းတာ။
"ငါနင့္ကို ခ်စ္တယ္ "
ဒီေန႔ည မိုးရြာလိမ့္မယ္လို႔ မနက္ကတီဗီမွာ
သတင္းေၾကညာထားတယ္ ။ အခုထိေတာ့
ရာသီဥတုက သာယာေနေသးသားပဲ ။
ျဖတ္တိုက္သြားတဲ့ ေလေအးေအးေလးကို
Irene နဲ႔ဆံႏြယ္ေတြၾကား တိုးေ၀ွ့သြားတဲ့အတြက္
မနာလိုျဖစ္မိတယ္ ။
"ငါလည္း နင့္ကိုခ်စ္တယ္ "
နိဗၺာန္ကိုျပႏိုင္တဲ့သူဟာ ငရဲကိုလည္းျပႏိုင္မွာပဲ ။
Irene နဲ႔သာဆိုရင္ အဖန္တစ္ရာမက ဒီသံသရာထဲ
က်င္လည္ေနရလည္း ျဖစ္တယ္ ။
အတူတူ႐ွိခ်င္ၿပီး အတူတူေပ်ာ္ခ်င္တယ္
၀မ္းနည္းရရင္လည္း အတူတူမွ်ေ၀ခံစားခ်င္တယ္
သူငယ္ခ်င္းေကာင္းတစ္ေယာက္လို မိသားစု၀င္လို
ထပ္တူထပ္မွ် အခ်စ္ကိုခံစားၾကရတဲ့ ခ်စ္သူေတြလိုမ်ိဳး ။
ၿပီးေတာ့ Irene ဟာ ဒီလိုလူမ်ိဳးပဲ ။
တကူးတက လိုက္လံ႐ွာေဖြစရာမလိုတဲ့
Seulgi အနားက ေကာင္းျခင္းတရားေလးျဖစ္တယ္။
သူ႔ကို Seulgi ခ်စ္တယ္ ။
Irene ကို Seulgi တကယ္ခ်စ္တယ္ ။