မတည့် အတူနေ😇(complete )

tharaphy6194

99.1K 6.9K 749

်မင်းနဲ့ငါက ကြောင်နဲ့ ကြွက်လို🐁🐁🐁🐈🐈🐈 Еще

1💝
2💝
3💝
4💝
5💝
6💝
7💝
8
9
10💝
11💝
12💝
13💝
14💝
15💝
16💝
17💔
18💔
19💔
20💔
21💔
22💝
23❤
25👻

24💝

3.5K 253 50
tharaphy6194

"သားသား willis၊ သားသား loey၊ သားသား chanse လေး မိုင်မိုင်စားမယ် ပါးပါးဆီ လာကြဟေ့ "

ဆယ်ဟွန်းဆီပြေးလာကြမဲ့ လုံးတုံးတုံး သားအမွှာလေး သုံးယောက်ကို လက်ကမ်းလို့ စောင့်ကြိုနေလိုက်သည်...။

ရင်ခွင်ထဲကို မဆန့်မပြဲ တိုင်းဝင်လာကြတဲ့ သုံးယောက်လုံးကို ဖက်ထားလိုက်ရင်း..

"ပါးပါးကို အာဘွားပေးပါဦး "

"မွ "
"မွ "
"မွ "

တစ်ယောက်တစ်လှည့်စီ ဆယ်ဟွန်း ဖောင်းပေးထားတဲ့ ပါးပေါ်သို့ အနမ်း ခြွေချသွားကြသည်...။

တစ်နေ့ တစ်နေ့ ဒီသားသားလေးတွေဆီကပဲ အားဆေး ယူနေရတယ်..။

ဆယ်ဟွန်းရဲ့ အားဆေးကြီးကတော့ ခုချိန် ထိ အောက်ထပ် ဆင်းမလားသေ...။

ဆယ်ဟွန်းသိသည်...။ ဆယ်ဟွန်းသွားမနှိုး မချင်း ထမှာ မဟုတ်ဘူး...။ အကျင့်ပုတ်ကောင်။

အလုပ်နောက်ကျမှာဆိုးတော့ ဒီလူပဲ သွားနှိုးရဦးမယ်ပေါ့...။

"သားသားတို့ မိုင်မိုင်စားနေနော် ပါးပါး မင်းတို့ Daddyကို သွားနှိုးလိုက်ဦးမယ် နော် "

"ညန်ညန် ဆင်းလာခဲ့နော် ပါးပါးကို daddyသွားနှိုးရင် ပါးပါး ပါ ပြန်ပြန် အိပ်ပျော်သွားတယ် ထင်နေတာ တားတားတို့က နော့ "

အငယ်ဆုံးကောင်လေး Chanse ရဲ့ စကားတတ်မှုကြောင့် အပြုံးတို့က ဖြစ်ထွန်းရပြန်သည်...။

"ပါးပါး က မြန်ပါတယ်ကွာ မင်းတို့ Daddy နှိုးရခက်လို့ "

"တေချာရား...တားတား တို့ ထင်နေတာ မှားတယ်ပေါ့ "

"သားသားတို့က ဘာထင်လို့တုန်း... "

"ညည daddyနဲ့ပါးပါး ကချား ကျသလို မနက်ချိုလဲ ကစား ကျတယ်ထင်နေတာ "

အမလေး...ဆယ်ဟွန်း အရှက်တွေ ကုန်ပါပီ...။

အဲ့တာ ပတ်ချန်းယောလ် ကြောင့်...။ ကလေးတွေ အိပ်နေပီ ဆိုပီး ညာတာပါတေးနဲ့ ဆယ်ဟွန်းကို အနိုင်ကျင့်တာ...။

"ပါးပါးသွားပီ"

ရှက်ရှက်နဲ့ ကလေးတွေရှေ့က ပြေးထွက်တော့..

"ဝုန်း..."

"အမလေး သေပါ ပြီ ဗျ"

"အဟိဟိ ပါးပါး ချက်ပီး မှောက်လဲပီ"

အားကိုးရတဲ့ ပါးပါးသား အချောလေးသုံးယောက်က ရှက်ပီး လဲ ကျနေတဲ့ သူတို့ပါးပါးကို သွားထူဖို့ စိတ်မကူး ကျ...။

သွားကြိုးလေးတွေပေါ်အောင်ထိ ရီနေကျပီး အစားမှာပဲ တစ်ဖန် အာရုံစိုက်သွားကြ ပြန်သည်...။

ချစ်ဖို့ကောင်းလွန်းနေတာမို့ ဆယ်ဟွန်း ရှက်ရမ်းရမ်းပီး ဆူဖို့ မတွေးလိုက်ပေမဲ့ ဒေါသတွေကို အပေါ်က လူထံ လွှဲချလိုက်သည်..။

ဆောတီး ပတ်ချန်းယောလ် ဘရေ့ယူအာဆပ်😕

အပေါ်ကို ဝုန်း ဒိုင်းကျဲ တတ်ခဲ့လိုက်ပီး တံခါးကို ဝုန်းခနဲ ဆွဲဖွင့်ကာ စောင်ထဲမှာ ကွေးနေဆဲ ဖြစ်တဲ့ ချန်းယောလ်ကို ဆောင့်ကန် ချလိုက်သည်...။

နည်းနည်းလေးတောင် လှုပ်မလာတာကြောင့် ရေချိုးချန်းထဲဝင်ကာ ရေခွက်နဲ့ ရေအနည်းငယ် ဝင်ခပ်လိုက်သည် ။

ဒီနေ့တော့ မင်းကို အနမ်းလေးနဲ့ နှိုးဖို့ စိတ်ကူး မရှိဘူး ဆောတီးပဲ ပတ်ချန်းယောလ်။

"ဗွမ်း..."

"ဖူး...အူး..."

ချန်းယောလ်ရဲ့ ရေပတ်ခံရလို့ ဖြစ်ပျက်နေတဲ့ ပုံစံကြီးကို လက်ပိုက်လို့ ထိုင်ကြည့်နေလိုက်သည်။

"ဟာ...အချစ်ရာ...ဘယ်လိုတွေလုပ်လိုက်တာလဲ "

"မသိဘူး မထလို့ ကန်ချပီး ရေနဲ့ ပတ်လိုက်ရုံပဲ "

"အမ် ကန်ပါ ချထားတာလား "

ခုမှ ကြမ်းပြင်ပေါ် ရောက်နေမှန်း သတိထားမိတဲ့ ချန်းယောလ်ပါလေ..။

သူ့ အချစ်လေးကို သားသားလေးတို့က စလိုက်ပီထင်..။

တစ်ပတ်မှာ တစ်ခါလောက် ဒီလို ဖြစ်နေကျဆိုတော့ ချန်းယောလ်က မှု တောင် မှုတော့ဘူး။

သူ့အချစ်လေးကတော့ ကလေးတွေ စတာ ခံရတိုင်းရှက်နေတုန်း။

စောင်ကို ကုတင်ပေါ် တင်လိုက်ရင်း စိတ်တိုနေတဲ့ အချစ်ကလေးနား ကပ်ကာ

"ကဲပါ စိတ်တိုမနေနဲ့ အချစ်ကလေးရယ်...
သားသားတို့က ချစ်လို့စတာပဲကို "

"ခုချက်ချင်း ဖက်ထားတာကို လွှတ်လိုက် "

"Morning kiss မှ မရသေးတာ "

"ပတ်ချန်းယောလ် ရှိ "

"ဗျာ..ဗျ ကိုယ့်အချစ်လေး.."

"ခုချက်ခြင်း ဖက်ထားတာကို လွှတ် "

"လွှတ်မယ် နမ်းပီးမှ "

"ပြွတ်စ် "

"ရား...သွားမတိုက်ရသေးပဲနဲ့ "

"မနက်တိုင်း နမ်းနေကျပဲကို ကွာ ကိုယ် အခု ရေချိုးလိုက်ဦးမယ် အင်္ကျီ ထုတ်ပေးထားနော် "

"နိုးပဲ "

အောက်ထပ် တစ်ဖန်ပြန်ဆင်းကာ သားသားလေးတို့ စားပီးသားတွေ သိမ်းဖို့ ပြင်ရသည်..။

စားပီးသွားတဲ့ သားသားလေးတို့ကို ဧည့်ခန်းမှာ ထိုင်စေလိုက်သည်..။

ထို့နောက် အပေါ်ကို  တစ်ဖန်ပြန်တတ်ရပီး ရေချိုး နေတဲ့ အိမ်ထောင်ဦးစီးကြီးအတွက် အဝတ်အစား အသင့်ထုတ်ပေးထားလိုက်သည်။

ပီးရင်တော့ အဝတ်ဝတ်ခြင်းအတွက် ကူညီပေးရပြန်တယ်။

ကြယ်သီးလေးတပ်ပေးလိုက် နတ်ခ်တိုင်လေး စည်းပေးလိုက် လုပ်ပေးရတာနော်...။ အစအဆုံး ဝတ်ပေးရတယ် မထင်နဲ့..။ တစ်ချို့ တစ်ချို့ အဲ့လို တွေးနေတယ်မလား😒

ချန်းယောလ်ရဲ့ လက်ဖဝါးကြီးကြီးတွေက ဆယ်ဟွန်းခါးကို ဖက်ထားပီး ကြယ်သီးတပ်ပေးနေတဲ့ ဆယ်ဟွန်းကို မထင်ရင် မထင်သလို နမ်းတာ က အခါခါ။

သားသားလေးတို့တောင် ပတ်ချန်းယောလ်လောက် ဆယ်ဟွန်းကို မချွဲဘူးထင်။

မနက်စာကို အတူစားပီး အလုပ်သွားမဲ့ သူကို့ ကားအနား ထိ သားသား လေးတွေနှင့် လိုက်ပို့ဖြစ်သည်...။

ပီးရင် သားသားလေးတွေ ပါးတစ်ဖက် တစ်ချက်ဆီကို အနမ်းဖွဖွလေးတွေပေးမယ်...။

ပီးရင်...

"သားသားတို့ "

"ဟိုဘက်လှည့်ပါပီ ဂျ"

ပြိုင်တူ အော်သံနှင့် တစ်ဖက်လှည့်သွားသည့် ကလေးသုံးယောက်။
ဒါက သားသားသုံးယောက်ကို အကျင့်လုပ်ပေးထားတဲ့ ချန်းယောလ်ကြောင့်..။

"ပြွတ်စ် "

"ညကျရင် ဘာမယ်နော် အချစ် "

"သွားတော့ အခု "

"အ့..အ့ သွားပီ အချစ်ရေ..."

မနက်တိုင်း ဗိုက်ကျော ဆွဲခံရတာလဲ မမှတ်။ ဒီစကားကို အမြဲ တမ်းပြောတယ်...။

"တာ့တာ့...ညနေကျရင် တွေ့မယ် ဒယ် ဒီ "

"တာ့တာ..."

ကားကြီး ခြံထဲက ထွက်သွားတဲ့ အချိန် ထိ ရပ်ကြည့်နေပီးမှ အိမ်ထဲသို့ သားသားတို့ လက်ကို ဆွဲပီး ပြန်ဝင်လာခဲ့လိုက်သည်...။

ပီးနောက် နေ့စဉ် အလုပ်တွေကို ဆောင်ရွက်ရတော့သည်။

တစ်ခြားတော့ မဟုတ် သားသားတို့နှင့် မမောနိုင် မပန်းနိုင် ကစားပေးရခြင်းပင်။

အိမ်အကူခေါ်ထားလို့သာ တော်ရော့သည်။ ဆယ်ဟွန်းက ကလေးတွေနဲ့ ကစားပေးရတာနဲ့တောင် မအားလပ်တာမလား။

သားသားသုံးယောက်က မျောက်လောင်းတောင်အရှုံး ပေးရလောက်အောင် ဆော့လွန်းတာမို့ လိုက်ဆော့ပေးရတဲ့ ဆယ်ဟွန်းမှာ ပင်ပန်းလွန်းသည်။

ဒါပေမဲ့ ကျွန်တော်အနားမှာ ချန်းယောလ်ရှိနေရင် ပင်ပန်းသမျှ အကုန်ပျောက်ပါတယ်လေ...။

ကျွန်တော် ချန်းယောလ်ကို ပြောမပြတတ်လောက်အောင် ချစ်ပါတယ်...။

အရမ်းကို ချစ်ရပါတယ် အိမ်ထောင်ဦးစီးကြီးရေ...❤

ရှေ့ဆက်ရမဲ့ အနာဂတ်ကြီးမှာ သားသားလေးတွေနဲ့ ချန်းယောလ်သာ ဆယ်ဟွန်းဘေးမှာ ရှိနေရင် ပြည့်စုံပါပီလေ။

မင်းကလဲ ငါ့ကိုပိုပိုပီး ချစ်ပေးဖို့တော့ လိုတာပေါ့ ပတ်ချန်းယောလ်.. ။

သားသားလေးတွေထက် ငါ့ကို ပိုပီး ချစ်ပေးရမှာနော် ချန်းယောလ်... ။

အိမ်ထောင်ဦးစီး ပတ်ချန်ယောလ်ကြီးကို ကျွန်တော် အိမ်ရှင်ထီးလေး အိုဆယ်ဟွန်းက အရမ်းရမ်းကို ချစ်ပါတယ် ခင်ဗျာ....

............The EnD..(or) TBC.......

မေ့နေတယ် မလား🙃 ဒီအပိုင်းကြီးကို ရေးရတာ အားမရလိုက်တာ...

Продолжить чтение

Вам также понравится

23.9K 118 32
Y/n (fayes secret younger sister) got caught up in family problems and shows up at a party where her old babysitter(fez) ends up asking her to stay w...
312K 20.1K 89
▪︎COMPLETED▪︎ When fate separates two lovers and causes one to forget the other, will an undying love reunite them? A doctor with a bright future, an...
22.7K 926 15
An alernative Marineford, in which Ace is a Whitebeard Pirate. An alternative Marineford of the books 'The Return of Joyboy!' and 'The Morning Sun Wi...
182K 13.7K 33
တိုက်ရိုက်မပတ်သက်ရရင်တောင်..... သွယ်ဝိုက်သောနည်းလေးနဲ့ ပဲ... ငါပတ်သက်ချင်ပါတယ်Chan........ တိုက်ရိုက်မပတ်သက်ရရင်တောင်..... သွယ်ဝိုက်သောနည်းလေးနဲ့ ပဲ...