Zawgyi
*******
႐ူး႐ူးမူးမူး ခ်စ္ခဲ့ၾကတာေတာ့ မဟုတ္ဘူး။
ျမတ္ျမတ္ႏိုးႏိုး ခ်စ္ၾကေတာ့မွာ။
ေလဟာနယ္တစ္ခုမွာ လြင့္တဲ့ ေလေတြကို အတူ႐ွဴ႐ိႈက္ၾကမယ္။
ျမက္ခင္းစိမ္းမ်ားေပၚ ေက်ာခ်ရင္း ေကာင္းကင္ေပၚက အျဖဴေရာင္တိမ္တိုက္ေတြကို ေငးၾကမယ္ေလ။
သဘာဝဆန္တဲ့ အလွတရားေတြကို သဘာဝမက်တဲ႔ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ တဆံုးေငးၾကတဲ့အခါ ခ်စ္ျခင္းေတြကို ေတြ႕မွာပါ။
ၾကယ္ေတြလိုေတာ့ အခ်စ္မမ်ားဘူး။
ကြၽန္ေတာ္က ခဗ်ားရင္ထဲမွာ ကြက္ၿပီး
ေတာက္ေလာင္တဲ့ ငရဲမီးေလးပဲ ျဖစ္ခ်င္တာ။
ႏွလံုးသားႀကီး ျပာက်တဲ့အထိ ခ်စ္ျပလိုက္ခ်င္တာ။
တန္ဖိုးထားတဲ့ အေၾကာင္းေတြကိုလည္း တခမ္းတနားႀကီး ေျပာျပခ်င္ေသး။
ဒီလိုနဲ႔ပဲ ကြၽန္ေတာ့္ကို လွ်ိဳ႕ဝွက္စြာ သိမ္းဆည္းထားလိုက္ပါ။ ေနဝင္သြားတဲ့အခါ ခဗ်ားရဲ႕ ဘဝမွာ
နစ္ျမႇဳပ္သြားလိုက္မယ္ေလ။
လတ္တေလာပိုင္း ကဗ်ာစာအုပ္ေတြကို ကြၽန္ေတာ္ဖတ္ျဖစ္ေနတယ္။ ႏူးညံ့တယ္လို႔ မသတ္မွတ္ခဲ့တဲ့ ကြၽန္ေတာ့္အခ်စ္ေတြက စာအုပ္ေတြဖတ္ရင္း ႏူးညံ့ျခင္းကို ခံစားရမိသည္။ အခ်စ္ေတြတိုင္းက မႏူးညံ့ပါဘူးတဲ့။ ဒါေပမယ့္ တိတ္တခိုး ေႏြးေထြးမႈေလးေတြေတာ့ ႐ွိတတ္ၾကတယ္။ ခ်စ္ျခင္းေမတၱာကို
ေဖာ္ျပတတ္ျခင္းနဲ႔ မေဖာ္ျပတတ္ျခင္းသာ ကြာၾကတယ္။ ကြၽန္ေတာ္ကေတာ့ JeonJungKook ဆိုေသာ အႏွီလူသားကို ေဖာ္ျပျခင္းတစ္မ်ိဳး လွ်ိဳ႕ဝွက္ျခင္းတစ္မ်ိဳးႏွင့္ ခ်စ္သည္။
ကြၽန္ေတာ့္ရဲ႕ခ်စ္ျခင္းေတြကို သူျမင္တဲ့အခါ သူျပံဳးသည္။ မေတြ႕သည့္အခါေတြမွာလည္း စိတ္အေႏွာက္အယွက္အျဖစ္ သတ္မွတ္ခံရျခင္းေတြေပါ့။
"ေဘဘီ ဘာေတြျပံဳးေနတာလဲ?"
မွန္ေ႐ွ႕မွာ အက်ႌေကာ္လံစကို သပ္ကာ ကြၽန္ေတာ့္အား လူထူးလူဆန္းတစ္ေယာက္လို ၾကည့္ေနေသာ JungKook အား သြားတန္းတစ္ကံုးလံုး ေပၚေအာင္ ရယ္ျပလိုက္သည္။
"JungKook"
"ဘာလဲ ေဘဘီ!"
ကြၽန္ေတာ္ထိုင္လ်က္႐ွိေသာ ခုတင္ေဘးအစြန္းသို႔ သူလာထိုင္လာသည္။
ဘယ္ခ်ိန္ၾကည့္ၾကည့္ ျပည့္စံုလြန္းေနသာ သူ႔ကို ကြၽန္ေတာ္ ႏွေျမာမိေတာ့မည္။
"ငါ့ကို ခ်စ္လားဟင္?"
"ဟာ!!ေဘဘီရာ!"
ကြၽန္ေတာ့္ ေမးခြန္းကို သူမေျဖပါ။
ရင္ဘတ္အက်ယ္ႀကီးထဲ ဆြဲသြင္းလိုက္သည္က
တဒုတ္ဒုတ္ ခုန္ေနေသာ သူ႔ႏွလံုးသားႀကီးႏွင့္
ကြ်န္ေတာ့္မ်က္ႏွာက direct kiss။
"ခ်စ္တယ္လို႔ အျမဲတမ္း မေျပာခ်င္ဘူး ေဘဘီ!"
"ဘာ!"
ခပ္စူးစူး မ်က္ေစာင္းတစ္ခ်က္ သူ႔ေပၚ က်ေရာက္သြားေတာ့ ေမးတစ္ခ်က္ဆက္ကာ သူ ျပန္ေျဖသည္။
"ေဘဘီအတြက္ ကိုယ္ရဲ႕ ခ်စ္တယ္ ဆိုတဲ့ စကားက ထမင္းစားေရေသာက္ ျဖစ္သြားမွာကို
ကိုယ္မႀကိဳက္ဘူး! တစ္ခုေတာ့ မွတ္ထားေပး
ကိုယ့္ရင္ဘတ္ႀကီးရဲ႕ ေနရာအျပည့္မွာ ေဘဘီတစ္ေယာက္ပဲ နယ္ခ်ဲ႕ထားတာ"
ကြၽန္ေတာ့္ရဲ႕ ခပ္ေျပေျပနဖူးျပင္အား အနမ္းႏုႏု ျဖန္႔က်က္ကာ အသက္႐ွင္ျခင္းေတြကို သူေပးသည္။
ဖတ္ဖူးသမွ် အခ်စ္ကဗ်ာေတြမွာ ကြၽန္ေတာ့္လူသားရဲ႕ အခ်စ္စကားေတြက ရင္ကို တည့္တည့္ထိသည္။ ကြၽန္ေတာ့္ရဲ႕ အရာရာေတြမွာ ခဗ်ားက စိုးမိုးႏိုင္လွခ်ည္လား။ ကြၽန္ေတာ္ ဒီလူသားကို
ခ်စ္ရျခင္းေတြ မဟုတ္ဘူး ျမတ္ႏိုးရျခင္းေတြ။
"မင္းၾကာင့္ ငါ့ရဲ႕ဘဝကို ပထမဆံုး တန္ဖိုးထားတတ္ျခင္းပဲ JungKook!"
"ကိုယ္က အျမဲတမ္း တန္ဖိုးထားမွာေပါ့ ေဘဘီရဲ႕!"
စကားလံုးမ်ားစြာႏွင့္ ထပ္တူ က်ေရာက္လာေသာ ႏႈတ္ခမ္းသားေႏြးေႏြးဟာ ပါးျပင္ထက္မွာ တည္႐ွိေနသည္။ အိခနဲ နစ္ဝင္လာေသာ သူ႔ႏႈတ္ခမ္းမ်ားက ေျဖးညင္းစြာ ပါးျပင္အတြင္းသို႔
ဝင္ေရာက္သည္။
သူ႔ေပးသမွ် အနမ္းေတြက ကြၽန္ေတာ့္အတြက္ ရင္ခုန္သံေတြကို ပရမ္းပတာႏိုင္ေစတုန္းပဲ။
မ်က္လံုးမွိတ္ကာ သူ႔အခ်စ္ေတြကို ခံယူေနတုန္း
တိခနဲ ပါးျပင္ကို ကိုက္ခ်လိုက္တဲ့ အတြက္ေၾကာင့္
သာယာမႈမ်ားဟာ လံုးဝကို ေပ်ာက္႐ွသြားသည္။
သူ႕ရဲ့ ခပ္ႀကီးႀကီး ေ႐ွ႕သြားႏွစ္ေခ်ာင္းႏွင့္ ပါးျပင္ကို အပီအျပင္ကိုက္ဖဲ့ေနတာေလ။
"အ! အ နာတယ္ နာတယ္ဟ!"
သူ႔ေက်ာျပင္အား တအုန္းအုန္း႐ိုက္ၿပီးကာမွ ပါးျပင္ေပၚမွ သူ႔ပါးစပ္ႀကီိး လႊတ္ထြက္သြားသည္။
"ဘာလို႔ လိုက္ကိုက္ေနတာလဲ JungKookရာ!"
ပါးျပင္ကို တဗ်င္းဗ်င္းပြတ္ရင္း မေက်မခ်မ္း
ေရရြတ္ေသာ ကြၽန္ေတာ့္စကားေၾကာင့္ ဆံပင္ေလးမ်ားကို သူပြတ္သပ္ေပးသည္။
"အူယားလို႔ေလ ေဘဘီရဲ႕! ေဘဘီ့ ပါးက ေဖာင္းကားလာတာကိုး! ၿပီးေတာ့ ဆံပင္ေလးေတြလည္း ႐ွည္လာတယ္ေနာ္"
အလုပ္စဝင္ထဲက ေငြမွင္ေရာင္ ဆံပင္တို႔ကို
အနက္ေရာင္ အျဖစ္ျပန္ဆိုးခဲ့သည္။
အေနာက္ဘက္ ခပ္႐ွည္႐ွည္ ဆံပင္တို႔ကို တို႔ထိကာ သူဆိုေတာ့ ကြၽန္ေတာ္ ျပံဳးလိုက္မိသည္။
"ဘာလို႔လဲ? ဒီလိုထားတာ ငါနဲ႔ မလိုက္ဘူးလား?"
"မဟုတ္ပါဘူး! ဒီဆံပင္႐ွည္႐ွည္ေလးေတြက ခ်စ္ဖို႔ေကာင္းလြန္းလို႔!"
ကြၽန္ေတာ့္ရဲ႕ အေနာက္ဆံပင္႐ွည္တို႔ကုိ ပြတ္သပ္ကာ ကြၽန္ေတာ္ ႐ွက္ျပံဳး ျပံဳးမိသည္။
သူ႔ဒီလိုေျပာတိုင္း ကြၽန္ေတာ့္မွာ
႐ွက္တတ္ေနတုန္း။
"ေန႔လည္ ထမင္းအတူတူ သြားစားရေအာင္ JungKook!"
"အင္း! သြားမယ္ေလ ေဘဘီရဲ႕! အခုလည္း သြားရေအာင္ေလ"
ပါးကိုတစ္ခ်က္ ဆြဲညစ္ကာ ထထြက္သြားေသာ သူ႔ေနာက္သို႔ အိတ္ႀကီး တကားကားျဖင့္ ကြၽန္ေတာ္ လိုက္ပါခဲ့သည္။
အခန္းထဲက မထြက္ခင္ မွန္ကိုၾကည့္ကာ
အေ႐ွ႕အေနာက္ ဆံပင္တို႔ကို ေသခ်ာစြာ ျပန္သပ္လိုက္သည္။
ဒီဆံပင္ေတြကို သူခ်စ္သည္တဲ့။
°•°•°•°•°•°•°•°•°•°
"ဒီမွာ ဒီမွာ!"
"ဗ်ာ!"
မ်က္မွန္ႀကီးတပ္ကာ laptop တစ္လံုးျဖင့္ အလုပ္႐ႈပ္ေနေသာ ကြၽန္ေတာ့္ရဲ႕ စားပြဲေ႐ွ႕သို႔
လက္ညိဳးျဖင့္ တေဒါက္ေဒါက္လာေခါက္သံေၾကာင့္ ေမာ့ၾကည့္လိုက္သည္။
ျမင္လိုက္ရသည္က မိန္းကေလးတစ္ေယာက္။
လွဆို ေတာ္ေတာ္ကိုလွတယ္။ ခါးလည္ေလာက္႐ွိသည့္ ဆံပင္ကိုမွ ေရႊအိုေရာင္ႏွင့္။ ေျပျပစ္ေသာမ်က္ႏွာဟာလည္း အေတာ္ပင္ေခ်ာလွသည္။
"Jeon ႐ွိလားဟင္?"
"Jeon?"
ေခါင္းကုတ္ကာ ကြၽန္ေတာ္ အေတာ္ပင္ စဥ္းစားယူလိုက္ရသည္။
"Jeon ဆိုတာ Jeon Jung Kook ကို ေျပာတာလား မသိဘူး!"
"အင္းေလ Jeon ကိုေျပာတာ!"
ဘာတဲ့ Jeon။ ခ်စ္စႏိုးေလးနဲ႔ Jeon တဲ့ေလ။
အဲ့ေခြးသားရဲ႕ ဘယ္ကမွန္းမသိတဲ့ ဇာတ္႐ႈပ္ေတြပဲ ျဖစ္ရမည္။ ေကာင္မေလးပံုကို ၾကည့္ရသည္ကလည္း အေတာ္ပင္ သြက္သြက္လက္လက္ ႐ွိပံုရသည္။ ဘယ္ခ်ိန္ထဲက ႂကြခဲ့ရြခဲ့တဲ့ ဇာတ္လမ္းေတြလဲ!
ေျပာေတာ့ျဖင့္ ဘဝမွာ Oh Jinhee ပဲ ႐ွိခဲ့တာပါတဲ့။ ဒါနဲ႔ပဲ ကြၽန္ေတာ္နဲ႔ လက္ထပ္ခဲ့တယ္။
အဲ့ခ်ိန္က် ေဘဘီ့ကိုသာ အခ်စ္ဆံုးပါေတြ ျဖစ္သြားေရာ။ ဒါေတြကလည္း ဘယ္အခ်ိန္ဘယ္ႏွစ္က အခ်စ္ဆံုးေတြလည္းမွ မသိဘဲ။
"ဟိုေလ ႐ွိလားလို႔?"
"မ႐ွိဘူး! JungKook အဲ CEO အျပင္ခန သြားတယ္"
"ဒါဆို အထဲမွာ ဝင္ေစာင့္ေနလိုက္မယ္ေနာ္
Jung Shin လို႔ ေျပာလိုက္ပါ Jeon သိတယ္!"
JeonJungKook!!!!!!!!!!!!!
ေဒါသက မိုးထိတက္သြားတာ ေသခ်ာေနၿပီ။
လက္တီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
ဘာရယ္ Jeon သိတယ္။
အဲ့အေကာင္ဟာဆိုရင္လည္း ဒင္း လက္ထပ္ထားကိုပဲ မေျပာျပထားတာလား။
ေမတၱာပို႔သေနစဥ္မွာပဲ အေ႐ွ႕သို႔ စိုက္စိုက္မတ္မတ္ ေရာက္႐ွိလာပါေသာ JeonJungKook။
"အထဲမွာ ဧည့္သည္ေရာက္ေနပါတယ္ CEO!
ကြၽန္ေတာ္ကေတာ့ သူ ဘယ္သူမွန္း မသိေပမယ့္ CEO ကေတာ့ သူ႔ကို ရင္းရင္းႏွီးႏွီး သိတယ္လို႔ ေျပာပါတယ္! Jung Shin လို႔ ေျပာေပးပါတဲ့!"
ႏႈတ္ခမ္းကို တမင္တကာ ရြဲ႕ကာ ေျပာလိုက္ေပမယ့္ ထိုေသနာက်က မိန္းကေလးရဲ႕ နာမည္ကို ၾကားယံုျဖင့္ တီေကာင္ဆားပတ္သလို ထြန္႔ထြန္႔လူးသြားရသည္။ မ်က္လံုးျပဴးမ်က္ဆံျပဴး ျဖစ္ကာ
'Jung Shin' ဟု ဆိုၿပီး အခန္းထဲသို႔ ေျပးဝင္သြားသည္။
ဒါက ဘယ္လို ျမင္ကြင္းမ်ိဳးပါလိမ့္။
အိေျႏၵပင္ မဆယ္ႏို္င္ေလာက္ေအာင္ ျဖစ္ပ်က္သြားေသာ သူ႔ပံုစံကို ၾကည့္ကာ ေတာင့္ေတာင့္ေလး ရပ္ေနမိသူမွာ ကြၽန္ေတာ္။
ဒင္းက ဟိုးအရင္အတိတ္က ဟာေလးေတြနဲ႔ ဘယ္ေလာက္ေတာင္ ဇာတ္လမ္းေရာက္ဖူးလို႔ ဒီလိုျဖစ္သြားရတာလဲ?
ကြၽန္ေတာ့္ကိုေတာင္ နည္းနည္းေလးမွ အဖတ္မလုပ္ဘဲနဲ႔ အခန္းထဲ ေျပးဝင္သြားရတဲ့ အထိေလ။
ေျပာေတာ့ ကြၽန္ေတာ့္ကို ခ်စ္တာဆို။
တမင္တကာပင္ သူ႔အခန္းတံခါးကို ဖြင့္ကာ ဝင္သြားလိုက္သည္။ အရင္ကေတာ့ ကြၽန္ေတာ္ ခ်စ္တယ္လို႔ ေျပာတဲ့ ေ႐ွ႕သြားႏွစ္ေခ်ာင္းကို ေဖာ္ကာ မ်က္ႏွာႂကီးက ၿဖီးတက္ေနသည္။
သိပ္ေပ်ာ္ေနပံုရသည္။
"ဒီက အမ ေကာ္ဖီ သံုးေဆာင္အံုးမလား ခဗ်?"
သူ႔မ်က္ႏွာကို တစ္ခ်က္လွမ္းၾကည့္ကာ ေမးလိုက္သည္။
"ရပါျပီ ခနေန Jeon နဲ႔ ေန႔လည္စာ သြားစားမွာ ဆိုေတာ့ မေသာက္ေတာ့ပါဘူး!"
"ဟုတ္ကဲ့ ဒါဆို စကားကို ေအးေအးေဆးေဆး ဆက္ေျပာၾကပါအံုးေနာ္!"
အံႀကိတ္သံ အနည္းငယ္စြတ္ေနေသာ ကြၽန္ေတာ့္စကားကို JungKook ၾကားလည္း ၾကားပါေစေပါ့။
ေန႔လည္စာ အတူသြားစားၾကမယ္???????
ကြၽန္ေတာ္နဲ႔ မသြားျဖစ္ေတာ့မယ့္ အေၾကာင္းကိုေတာ့ လာေျပာသင့္သည္ မဟုတ္လား?
ထိုမိန္းကေလး အဲ့စကားကို ေျပာတဲ့အခ်ိန္မွာ JeonJungKook ကြၽန္ေတာ့္ကို နည္းနည္းေလးေတာ့ အားနာသင့္သည္ မထင္ဘူးလား?
ထားပါ သူခန ေမ့သြားတယ္ပဲ သေဘာထားေပးမယ္?
အဲ့မွာ ခက္တာပဲဗ်။ ေန႔လည္ ဆယ့္ႏွစ္နာရီသာ ခြဲသြားတယ္ သူ႔ဆီမွ ေျဖ႐ွင္းခ်က္ တစ္ခုမရ။
အလုပ္ေၾကာင့္ ကြၽန္ေတာ္ အျပင္သြားတဲ့ အခ်ိန္မွာ သူတို႔က မ႐ွိေတာ့။
ဒါေတာ့ ကြၽန္ေတာ္ စိတ္ဆိုးပိုင္ခြင့္ ႐ွိသြားၿပီ။
နည္းနည္းေတာ့ လူကို တန္ဖိုးထားေပး။
"Jimin!"
"ေဟ!ေျပာ Tae Hyung!"
ဒီကိစၥအတြက္ ကြၽန္ေတာ့္မွာ အၾကံဥာဏ္ေတြ လိုတယ္။
"ငါမင္းကို ေမးမယ္"
"ေအး ေမး"
"ဥပမာကြာ Jiha က မင္းနဲ႔ ေတြ႔ဖို႔ ခ်ိန္းထားၿပီးမွ မေျပာမဆိုနဲ႔ တျခားသူတစ္ေယာက္နဲ႔ သြားေတြ႕တယ္ဆို မင္း စိတ္ဆိုးမွာလား?"
"ဘာလဲ အခု Jiha က ေနာက္တစ္ေယာက္နဲ႔ ေတြ႕ေနလို႔လား?"
စိတ္ကုန္တဲ့ အရာေတြထဲမွာ အဲ့လိုေတြလည္း ပါတယ္။
"မဟုတ္ပါဘူးကြာ ငါေမးတာ ေျဖစမ္းပါ"
"စိတ္ဆိုးမွာေတာ့ ေတာ္ေတာ္ကို စိတ္ဆိုးမွာ! မင္း စဥ္းစားၾကည့္ေလ ေတြ႕မယ္လို႔ ေျပာထားၿပီးမွ တစ္ျခားတစ္ေယာက္နဲ႔ သြားေတြ႔တယ္ဆိုတာ ေတာ္ေတာ္လြန္တယ္! ဒါကို မင္းက ဘာလို႔ ေမးတာလဲ?"
"အေၾကာင္း႐ွိလို႔ေပါ့ ဒါဘဲ!"
ဟုတ္တယ္ ကြၽန္ေတာ္ သူ႔ကို စိတ္ဆိုးသင့္သည္။
အႀကီးအက်ယ္ကို စိတ္ဆိုးသင့္သည္။
သူ မိန္းကေလးတစ္ေယာက္နဲ႔ အတူ သြားခဲ့သည္ထက္ ကြၽန္ေတာ့္ကို အေလးမထားသည္ကို ပိုလို႔ စိတ္ဆိုးသည္။
အခ်စ္ေတြေတာင္ မစရေသးဘဲ မုန္တိုင္းေတြက ဝင္ေနၿပီလား JungKook။
မင္းေၾကာင့္ ျဖစ္တည္လာမယ့္ ျပသနာေတြကို ရင္ဆိုင္ဖို႔ ငါ့မွာ အားေတြမ႐ွိေသးဘူး။
မင္းနဲ႔ ပတ္သတ္သမွ်ေတြကို ခံႏိုင္ရည္ မ႐ွိေသးတာမို႔။
°•°•°•°•°•°•°•°•°•°
"႐ုတ္တရက္ႀကီး KimTaeHyungရယ္!"
အိမ္တံခါးကို ဖြင့္ေပးကာ တဗ်စ္ေတာက္ေတာက္ ေျပာေနေသာ Yoon Jiha ကို မ်က္ေစာင္း တစ္ခ်က္သာ လွည့္ထိုးရင္း အိမ္ထဲ ဝင္လာခဲ့သည္။
"ဟဲ့ TaeHyung ဘာျဖစ္လာတာလဲ?"
"ငါတစ္ေယာက္ထဲ ဘယ္သူမွ မသိဘဲ စိတ္ဆိုးလာတာ!"
"ဘယ္လို ဘယ္လို! JungKook နဲ႔ ရန္ျဖစ္လာတာလား?"
သူရဲ႕ အေမးကို သက္ျပင္းတစ္ခ်က္ ခ်ကာ သူမ ယူလာေပးေသာ ေရခြက္ကို တစ္ငံု ေသာက္လိုက္သည္။
"ဒီလိုလည္း မဟုတ္ပါဘူး! ငါ စိတ္ဆိုးတာေတာင္ သူ အခုထိ မသိဘူး! မ်က္ႏွာကို မေတြ႔ရေသးတာ!
အလုပ္ကေနေတာင္ ထြက္စာ တင္ခဲ့ၿပီးၿပီ!
လူကို စိတ္အေႏွာက္အယွက္ ေပးလြန္းလို႔ ဆက္မေနႏိုင္ေတာ့ပါဘူးလို႔!"
ကြၽန္ေတာ္ေျပာသမွ်ကို ပါးစပ္ေလး အေဟာင္းသားနဲ႔ နားေထာင္ေနေသာ Jiha ကေတာ့ 'TaeHyung ရယ္' လို႔သာ ေရရြတ္ႏိုင္ေတာ့သည္။ ေရေသာက္ေနရင္း မ်က္လံုးလွန္ၾကည့္လိုက္ေတာ့ ေခါင္းသာအသာခါၿပီး ကြၽန္ေတာ့္ေဘးမွ ထသြားသည္။
"TaeHyung ဘာျဖစ္လာတာလဲ?"
အိမ္တံခါးကို ဖြင့္ကာ ကြၽန္ေတာ့္ဆီ အေျပးေလး ေရာက္လာေသာ ခ်စ္သူငယ္ခ်င္းေလး။
"ဒီလိုပါပဲ!"
မ်က္ႏွာငယ္ေလးႏွင့္ ျပန္ေျဖေသာ ကြၽန္ေတာ့္ကို Jimin သနားသြားဟန္ တူသည္။
ေဘးနား ဝင္ထိုင္ကာ ေက်ာကုန္းကို ခပ္ဖြဖြ ပြတ္ေပးေနသည္။
တကယ္ဆို ဒီေကာင္နဲ႔ပဲ ယူခဲ့သင့္တာ။
"JungKook နဲ႔ ဘာျဖစ္ခဲ့တာလဲ ေျပာ!"
အစအဆံုးေသာ ဇာတ္လမ္းတို႔ကို ေျပာျပေတာ့ ႐ုတ္တရက္ႀကီး Jiha က စားပြဲကို လွမ္းထုသည္။
"လန္႔လိုက္တာဟာ!"
ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ထံမွ ၿပိဳင္တူ ထြက္လာေသာ မေက်မခ်မ္း ေရရြတ္သံႀကီး။
"ဒါေတာ့ JungKook လြန္တယ္! TaeHyung တစ္ေယာက္လံုးနဲ႔ အတူသြားမယ္ ေျပာၿပီးမွ တျခားမိန္းမနဲ႔ ထြက္သြားရတယ္ ဆိုေတာ့...."
"အဲ့တာကို ငါ သိပ္ၿပီးေတာ့ စိတ္ထဲမထားပါဘူး!
ျဖစ္ေနတာက တစ္ခုပဲ ငါ့ကို ဂ႐ုမစိုက္တာ အေလးမထားတာ ဒါဘဲ!"
Jimin နဲ႔ Jiha တို႔ႏွစ္ေယာက္ ကြၽန္ေတာ့္ကို ဝမ္းနည္းလြန္းစြာေသာ မ်က္ဝန္းမ်ားျဖင့္ ၾကည့္ကာ ပုခံုးေလးကို ပုတ္ေပးရသူႏွင့္ 'စိတ္ေလွ်ာ့ပါ' ေျပာရတဲ့ သူႏွင့္။
"Jimin JungKook နဲ႔ ေတြ႔ၿပီး ေျပာၾကည့္ပါလား?"
Jiha ရဲ႕ စကားေၾကာင့္ Jiminခမ်ာ မ်က္လံုးမ်ား ျပဴးသြားရသည္။
"ကိုယ္က ဘာေျပာရမွာလဲ?"
"အခု TaeHyung ျဖစ္ေနတဲ့ အေၾကာင္းေတြေလ!"
"မေျပာခ်င္ပါဘူး!"
မေက်မနပ္ႏွင့္ Jimin ျပန္ေျပာေတာ့ မဲခနဲ ျဖစ္သြားေသာ Yoon Jiha ရဲ႕ မ်က္ႏွာႀကီး။
သူတို႔ႏွစ္ေယာက္ ရန္ျဖစ္ကာမွ ဘံုေပ်ာက္မည့္ ကြၽန္ေတာ့္ဘဝ။
"ထားလိုက္ပါ သူနဲ႔ ေတြ႔စရာ မလိုပါဘူး! တစ္ခုပဲ ကူညီေပး! ဒီတေလာ ငါ မင္းတို႔နဲ႔ ခနေနမယ္ေနာ္!"
သနားတတ္လြန္းေသာ သူငယ္ခ်င္း ႏွစ္ေယာက္ကေတာ့ ေခါင္းေလးသာ ညိတ္ျပၾကသည္။
ေတြ႕လား JungKook မင္း ဂ႐ုမစိုက္လည္း ငါ့ကို ဂ႐ုစိုက္မယ့္ သူေတြ အမ်ားႀကီးပဲ။
"ေဘဘီ!!! ေဘဘီ!!!!"
Jimin တို႔ ႏွစ္ေယာက္ႏွင့္ အတူ TV ၾကည့္ေနတုန္း အိမ္ေ႐ွ႕ တံခါးကို တဒုန္းဒုန္းထုကာ ေနေသာ JeonJungKook။
ဒီလူ ကြၽန္ေတာ္ ဒီမွာ ႐ွိမွန္း ဘယ္လိုသိသြားရတာလဲ?
"Jimin ေျပာျပလိုက္တာလား?"
Jimin ရဲ႕ ရင္ခြင္ထဲမွ ေနရင္း ေမးလိုက္ေတာ့ Jiha စကားေၾကာင့္ Jimin ဘာေျပာလို႔ ေျပာရမွန္းမသိ ျဖစ္ေနသည္။
ေသခ်ာတယ္ အဲ့ေကာင္ ေျပာျပလိုက္တာပဲ။
Jimin အား ဘုၾကည့္ၾကည့္ကာ ကြၽန္ေတာ့္အတြက္ ျပင္ထားေပးေသာ အခန္းထဲသို႔ ဝင္ခဲ့သည္။
ဒီတေန႔ သူ႔မ်က္ႏွာကို ကြၽန္ေတာ္ ၾကည့္ႏိုင္မွာ မဟုတ္ဘူး။
"ေဘဘီ ဒီမွာ ႐ွိတာ ကိုယ္သိတယ္ေနာ္ ထြက္လာခဲ့ပါ ေဘဘီရယ္! ကိုယ္ ေတာင္းပန္ပါတယ္!!
စိတ္ဆိုးရင္လည္း အိမ္ျပန္ေရာက္မွ စိတ္ႀကိဳက္ဆိုးေလေနာ္!"
စိတ္ခ် ျပန္ကို မလိုက္ဘူး။
ဒီကိစၥမွာ ကြၽန္ေတာ္ အႀကီးအက်ယ္ စိတ္ဆိုးပိုင္ခြင့္ေတြ ႐ွိတယ္။ မဟုတ္ဘူး ဒီတိုင္းေလး ကြၽန္ေတာ့္ကို အေလးထားေစခ်င္တာ။
သူက ကြၽန္ေတာ့္ကို လက္ထပ္ယူထားတာေလ။
ကြၽန္ေတာ္နဲ႔ ပတ္သတ္သမွ် သူနဲ႔သက္ဆိုင္တယ္ေလ။
"JeonJungKook နင္ TaeHyung ကို ဘာေတြ လုပ္ထားတာလဲ? ဟိုမွာ အိမ္ကို ေရာက္လာထဲက မ်က္ရည္နဲ႔မ်က္ခြက္! တရံႈ႕ရံႈ႕နဲ႔ ငိုေနလို႔ ငါတို႔မွာ ေခ်ာ့လိုက္ရတာ ေနာ္ Jimin"
"ဟမ္! ေအ့"
အျပင္ဘက္မွ Jiha ရဲ႕ ရန္ေတြ႕ေနမႈေၾကာင့္ ကြၽန္ေတာ္တကယ္ ဆြံ႕အသြားသည္။
တကယ္ ကြၽန္ေတာ္ ငိုမိလို႔လား?
"ေဘဘီ!! ကိုယ္ ဘာလုပ္မိလို႔လဲ? ေျပာေလကြာ ေဘဘီ စိတ္ေျပတဲ့အထိ ကိုယ္ေခ်ာ့မွာေပါ့"
Sorry ပါ JungKook။ ေခ်ာ့တိုင္း ေပ်ာ့တဲ့ ေကာင္ေတြထဲမွာ ငါ မပါဘူး။ ဒီေန႔ေတာ့ မင္းကို စိတ္ဆိုးမယ္။
"ဒီေန႔ေတာ့ ျပန္လိုက္ပါလား JungKook ညလည္းနက္ေနၿပီ! ငါတို႔ ႐ွိေနတာပဲ သူလည္း ဘာမွ ျဖစ္မွာ မဟုတ္ပါဘူးကြာ!"
Jimin ရဲ႕ စကားသံကို ၾကားေတာ့ ဝမ္းသာဝမ္းနည္း စိတ္ႀကီးရယ္။ ဒါေတာင္ 'ေဘဘီ' ဆိုၿပီး အသံ႐ွည္ဆြဲကာ ေအာ္ေနေသးတာ။
အရင္ကစိတ္နဲ႔ဆို အခုခ်ိန္ ေကာက္ေကာက္ပါေအာင္ လိုက္သြားမိမွာပဲ။ ဒါေပမယ့္လည္းေလ သူလုပ္ထားတဲ့ အျပစ္က နည္းနည္းေနာေနာလား။
လူကို ဂ႐ုမစိုက္ အဖတ္ေလးေတာင္ နည္းနည္း လွည့္လုပ္ခဲ့လို႔လား။
သူ႔ကို ေစာင့္ေနတဲ့ သူ ႐ွိေနတာကို မသိခဲ့တာလား။ ဒါမွ မဟုတ္ မသိခ်င္ ေယာင္ေဆာင္ခဲ့ေလသလား။
သူမ႐ွိတဲ့ ညကုိ ျဖတ္သန္းရအံုးမည္ ဆိုသည့္ အေတြးကေတာ့ တစ္ေထာင့္တစ္ေနရာကေန ကြၽန္ေတာ့္ကို ေျခာက္လန္႔ေနဆဲ။
မင္းလည္း ငါ့ကို လြမ္းလည္း လြမ္းေနေပါ့ JungKookရယ္။
မလြမ္းခ်င္လည္း အဲ့မိန္းကေလးနဲ႔ စကားေတြ ေျပာခ်င္လည္း ေျပာေနေပါ့။
ဒါေပမယ့္ ရင္ဘတ္ႀကီးကေတာ့ သိပ္နာသည္။
ငါမင္းကို အခ်ိန္အကန္႔အသတ္မ႐ွိ စိတ္ဆိုးသြားမယ္ေလ။
မင္းမ႐ွိတဲ့ ဒီေန႔ညက စတင္လို႔ေပါ့...........။
______________________________TBC
ဒါေလး ၿပီးေတာ့မယ္ 💓💓
Love You All❤❤❤❤❤
*Nun
______________________________
Unicode
*******
ရူးရူးမူးမူး ချစ်ခဲ့ကြတာတော့ မဟုတ်ဘူး။
မြတ်မြတ်နိုးနိုး ချစ်ကြတော့မှာ။
လေဟာနယ်တစ်ခုမှာ လွင့်တဲ့ လေတွေကို အတူရှူရှိုက်ကြမယ်။
မြက်ခင်းစိမ်းများပေါ် ကျောချရင်း ကောင်းကင်ပေါ်က အဖြူရောင်တိမ်တိုက်တွေကို ငေးကြမယ်လေ။
သဘာဝဆန်တဲ့ အလှတရားတွေကို သဘာဝမကျတဲ့ ကျွန်တော်တို့ နှစ်ယောက် တဆုံးငေးကြတဲ့အခါ ချစ်ခြင်းတွေကို တွေ့မှာပါ။
ကြယ်တွေလိုတော့ အချစ်မများဘူး။
ကျွန်တော်က ခဗျားရင်ထဲမှာ ကွက်ပြီး
တောက်လောင်တဲ့ ငရဲမီးလေးပဲ ဖြစ်ချင်တာ။
နှလုံးသားကြီး ပြာကျတဲ့အထိ ချစ်ပြလိုက်ချင်တာ။
တန်ဖိုးထားတဲ့ အကြောင်းတွေကိုလည်း တခမ်းတနားကြီး ပြောပြချင်သေး။
ဒီလိုနဲ့ပဲ ကျွန်တော့်ကို လျှို့ဝှက်စွာ သိမ်းဆည်းထားလိုက်ပါ။ နေဝင်သွားတဲ့အခါ ခဗျားရဲ့ ဘဝမှာ
နစ်မြှုပ်သွားလိုက်မယ်လေ။
လတ်တလောပိုင်း ကဗျာစာအုပ်တွေကို ကျွန်တော်ဖတ်ဖြစ်နေတယ်။ နူးညံ့တယ်လို့ မသတ်မှတ်ခဲ့တဲ့ ကျွန်တော့်အချစ်တွေက စာအုပ်တွေဖတ်ရင်း နူးညံ့ခြင်းကို ခံစားရမိသည်။ အချစ်တွေတိုင်းက မနူးညံ့ပါဘူးတဲ့။ ဒါပေမယ့် တိတ်တခိုး နွေးထွေးမှုလေးတွေတော့ ရှိတတ်ကြတယ်။ ချစ်ခြင်းမေတ္တာကို
ဖော်ပြတတ်ခြင်းနဲ့ မဖော်ပြတတ်ခြင်းသာ ကွာကြတယ်။ ကျွန်တော်ကတော့ JeonJungKook ဆိုသော အနှီလူသားကို ဖော်ပြခြင်းတစ်မျိုး လျှို့ဝှက်ခြင်းတစ်မျိုးနှင့် ချစ်သည်။
ကျွန်တော့်ရဲ့ချစ်ခြင်းတွေကို သူမြင်တဲ့အခါ သူပြုံးသည်။ မတွေ့သည့်အခါတွေမှာလည်း စိတ်အနှောက်အယှက်အဖြစ် သတ်မှတ်ခံရခြင်းတွေပေါ့။
"ဘေဘီ ဘာတွေပြုံးနေတာလဲ?"
မှန်ရှေ့မှာ အကျႌကော်လံစကို သပ်ကာ ကျွန်တော့်အား လူထူးလူဆန်းတစ်ယောက်လို ကြည့်နေသော JungKook အား သွားတန်းတစ်ကုံးလုံး ပေါ်အောင် ရယ်ပြလိုက်သည်။
"JungKook"
"ဘာလဲ ဘေဘီ!"
ကျွန်တော်ထိုင်လျက်ရှိသော ခုတင်ဘေးအစွန်းသို့ သူလာထိုင်လာသည်။
ဘယ်ချိန်ကြည့်ကြည့် ပြည့်စုံလွန်းနေသာ သူ့ကို ကျွန်တော် နှမြောမိတော့မည်။
"ငါ့ကို ချစ်လားဟင်?"
"ဟာ!!ဘေဘီရာ!"
ကျွန်တော့် မေးခွန်းကို သူမဖြေပါ။
ရင်ဘတ်အကျယ်ကြီးထဲ ဆွဲသွင်းလိုက်သည်က
တဒုတ်ဒုတ် ခုန်နေသော သူ့နှလုံးသားကြီးနှင့်
ကျွန်တော့်မျက်နှာက direct kiss။
"ချစ်တယ်လို့ အမြဲတမ်း မပြောချင်ဘူး ဘေဘီ!"
"ဘာ!"
ခပ်စူးစူး မျက်စောင်းတစ်ချက် သူ့ပေါ် ကျရောက်သွားတော့ မေးတစ်ချက်ဆက်ကာ သူ ပြန်ဖြေသည်။
"ဘေဘီအတွက် ကိုယ်ရဲ့ ချစ်တယ် ဆိုတဲ့ စကားက ထမင်းစားရေသောက် ဖြစ်သွားမှာကို
ကိုယ်မကြိုက်ဘူး! တစ်ခုတော့ မှတ်ထားပေး
ကိုယ့်ရင်ဘတ်ကြီးရဲ့ နေရာအပြည့်မှာ ဘေဘီတစ်ယောက်ပဲ နယ်ချဲ့ထားတာ"
ကျွန်တော့်ရဲ့ ခပ်ပြေပြေနဖူးပြင်အား အနမ်းနုနု ဖြန့်ကျက်ကာ အသက်ရှင်ခြင်းတွေကို သူပေးသည်။
ဖတ်ဖူးသမျှ အချစ်ကဗျာတွေမှာ ကျွန်တော့်လူသားရဲ့ အချစ်စကားတွေက ရင်ကို တည့်တည့်ထိသည်။ ကျွန်တော့်ရဲ့ အရာရာတွေမှာ ခဗျားက စိုးမိုးနိုင်လှချည်လား။ ကျွန်တော် ဒီလူသားကို
ချစ်ရခြင်းတွေ မဟုတ်ဘူး မြတ်နိုးရခြင်းတွေ။
"မင်းကြာင့် ငါ့ရဲ့ဘဝကို ပထမဆုံး တန်ဖိုးထားတတ်ခြင်းပဲ JungKook!"
"ကိုယ်က အမြဲတမ်း တန်ဖိုးထားမှာပေါ့ ဘေဘီရဲ့!"
စကားလုံးများစွာနှင့် ထပ်တူ ကျရောက်လာသော နှုတ်ခမ်းသားနွေးနွေးဟာ ပါးပြင်ထက်မှာ တည်ရှိနေသည်။ အိခနဲ နစ်ဝင်လာသော သူ့နှုတ်ခမ်းများက ဖြေးညင်းစွာ ပါးပြင်အတွင်းသို့
ဝင်ရောက်သည်။
သူ့ပေးသမျှ အနမ်းတွေက ကျွန်တော့်အတွက် ရင်ခုန်သံတွေကို ပရမ်းပတာနိုင်စေတုန်းပဲ။
မျက်လုံးမှိတ်ကာ သူ့အချစ်တွေကို ခံယူနေတုန်း
တိခနဲ ပါးပြင်ကို ကိုက်ချလိုက်တဲ့ အတွက်ကြောင့်
သာယာမှုများဟာ လုံးဝကို ပျောက်ရှသွားသည်။
သူ့ရဲ့ ခပ်ကြီးကြီး ရှေ့သွားနှစ်ချောင်းနှင့် ပါးပြင်ကို အပီအပြင်ကိုက်ဖဲ့နေတာလေ။
"အ! အ နာတယ် နာတယ်ဟ!"
သူ့ကျောပြင်အား တအုန်းအုန်းရိုက်ပြီးကာမှ ပါးပြင်ပေါ်မှ သူ့ပါးစပ်ကြီိး လွှတ်ထွက်သွားသည်။
"ဘာလို့ လိုက်ကိုက်နေတာလဲ JungKookရာ!"
ပါးပြင်ကို တဗျင်းဗျင်းပွတ်ရင်း မကျေမချမ်း
ရေရွတ်သော ကျွန်တော့်စကားကြောင့် ဆံပင်လေးများကို သူပွတ်သပ်ပေးသည်။
"အူယားလို့လေ ဘေဘီရဲ့! ဘေဘီ့ ပါးက ဖောင်းကားလာတာကိုး! ပြီးတော့ ဆံပင်လေးတွေလည်း ရှည်လာတယ်နော်"
အလုပ်စဝင်ထဲက ငွေမှင်ရောင် ဆံပင်တို့ကို
အနက်ရောင် အဖြစ်ပြန်ဆိုးခဲ့သည်။
အနောက်ဘက် ခပ်ရှည်ရှည် ဆံပင်တို့ကို တို့ထိကာ သူဆိုတော့ ကျွန်တော် ပြုံးလိုက်မိသည်။
"ဘာလို့လဲ? ဒီလိုထားတာ ငါနဲ့ မလိုက်ဘူးလား?"
"မဟုတ်ပါဘူး! ဒီဆံပင်ရှည်ရှည်လေးတွေက ချစ်ဖို့ကောင်းလွန်းလို့!"
ကျွန်တော့်ရဲ့ အနောက်ဆံပင်ရှည်တို့ကို ပွတ်သပ်ကာ ကျွန်တော် ရှက်ပြုံး ပြုံးမိသည်။
သူ့ဒီလိုပြောတိုင်း ကျွန်တော့်မှာ
ရှက်တတ်နေတုန်း။
"နေ့လည် ထမင်းအတူတူ သွားစားရအောင် JungKook!"
"အင်း! သွားမယ်လေ ဘေဘီရဲ့! အခုလည်း သွားရအောင်လေ"
ပါးကိုတစ်ချက် ဆွဲညစ်ကာ ထထွက်သွားသော သူ့နောက်သို့ အိတ်ကြီး တကားကားဖြင့် ကျွန်တော် လိုက်ပါခဲ့သည်။
အခန်းထဲက မထွက်ခင် မှန်ကိုကြည့်ကာ
အရှေ့အနောက် ဆံပင်တို့ကို သေချာစွာ ပြန်သပ်လိုက်သည်။
ဒီဆံပင်တွေကို သူချစ်သည်တဲ့။
°•°•°•°•°•°•°•°•°•°
"ဒီမှာ ဒီမှာ!"
"ဗျာ!"
မျက်မှန်ကြီးတပ်ကာ laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော ကျွန်တော့်ရဲ့ စားပွဲရှေ့သို့
လက်ညိုးဖြင့် တဒေါက်ဒေါက်လာခေါက်သံကြောင့် မော့ကြည့်လိုက်သည်။
မြင်လိုက်ရသည်က မိန်းကလေးတစ်ယောက်။
လှဆို တော်တော်ကိုလှတယ်။ ခါးလည်လောက်ရှိသည့် ဆံပင်ကိုမှ ရွှေအိုရောင်နှင့်။ ပြေပြစ်သောမျက်နှာဟာလည်း အတော်ပင်ချောလှသည်။
"Jeon ရှိလားဟင်?"
"Jeon?"
ခေါင်းကုတ်ကာ ကျွန်တော် အတော်ပင် စဉ်းစားယူလိုက်ရသည်။
"Jeon ဆိုတာ Jeon Jung Kook ကို ပြောတာလား မသိဘူး!"
"အင်းလေ Jeon ကိုပြောတာ!"
ဘာတဲ့ Jeon။ ချစ်စနိုးလေးနဲ့ Jeon တဲ့လေ။
အဲ့ခွေးသားရဲ့ ဘယ်ကမှန်းမသိတဲ့ ဇာတ်ရှုပ်တွေပဲ ဖြစ်ရမည်။ ကောင်မလေးပုံကို ကြည့်ရသည်ကလည်း အတော်ပင် သွက်သွက်လက်လက် ရှိပုံရသည်။ ဘယ်ချိန်ထဲက ကြွခဲ့ရွခဲ့တဲ့ ဇာတ်လမ်းတွေလဲ!
ပြောတော့ဖြင့် ဘဝမှာ Oh Jinhee ပဲ ရှိခဲ့တာပါတဲ့။ ဒါနဲ့ပဲ ကျွန်တော်နဲ့ လက်ထပ်ခဲ့တယ်။
အဲ့ချိန်ကျ ဘေဘီ့ကိုသာ အချစ်ဆုံးပါတွေ ဖြစ်သွားရော။ ဒါတွေကလည်း ဘယ်အချိန်ဘယ်နှစ်က အချစ်ဆုံးတွေလည်းမှ မသိဘဲ။
"ဟိုလေ ရှိလားလို့?"
"မရှိဘူး! JungKook အဲ CEO အပြင်ခန သွားတယ်"
"ဒါဆို အထဲမှာ ဝင်စောင့်နေလိုက်မယ်နော်
Jung Shin လို့ ပြောလိုက်ပါ Jeon သိတယ်!"
JeonJungKook!!!!!!!!!!!!!
ဒေါသက မိုးထိတက်သွားတာ သေချာနေပြီ။
လက်တီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
ဘာရယ် Jeon သိတယ်။
အဲ့အကောင်ဟာဆိုရင်လည်း ဒင်း လက်ထပ်ထားကိုပဲ မပြောပြထားတာလား။
မေတ္တာပို့သနေစဉ်မှာပဲ အရှေ့သို့ စိုက်စိုက်မတ်မတ် ရောက်ရှိလာပါသော JeonJungKook။
"အထဲမှာ ဧည့်သည်ရောက်နေပါတယ် CEO!
ကျွန်တော်ကတော့ သူ ဘယ်သူမှန်း မသိပေမယ့် CEO ကတော့ သူ့ကို ရင်းရင်းနှီးနှီး သိတယ်လို့ ပြောပါတယ်! Jung Shin လို့ ပြောပေးပါတဲ့!"
နှုတ်ခမ်းကို တမင်တကာ ရွဲ့ကာ ပြောလိုက်ပေမယ့် ထိုသေနာကျက မိန်းကလေးရဲ့ နာမည်ကို ကြားယုံဖြင့် တီကောင်ဆားပတ်သလို ထွန့်ထွန့်လူးသွားရသည်။ မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကာ
'Jung Shin' ဟု ဆိုပြီး အခန်းထဲသို့ ပြေးဝင်သွားသည်။
ဒါက ဘယ်လို မြင်ကွင်းမျိုးပါလိမ့်။
အိန္ဒြေပင် မဆယ်နို်င်လောက်အောင် ဖြစ်ပျက်သွားသော သူ့ပုံစံကို ကြည့်ကာ တောင့်တောင့်လေး ရပ်နေမိသူမှာ ကျွန်တော်။
ဒင်းက ဟိုးအရင်အတိတ်က ဟာလေးတွေနဲ့ ဘယ်လောက်တောင် ဇာတ်လမ်းရောက်ဖူးလို့ ဒီလိုဖြစ်သွားရတာလဲ?
ကျွန်တော့်ကိုတောင် နည်းနည်းလေးမှ အဖတ်မလုပ်ဘဲနဲ့ အခန်းထဲ ပြေးဝင်သွားရတဲ့ အထိလေ။
ပြောတော့ ကျွန်တော့်ကို ချစ်တာဆို။
တမင်တကာပင် သူ့အခန်းတံခါးကို ဖွင့်ကာ ဝင်သွားလိုက်သည်။ အရင်ကတော့ ကျွန်တော် ချစ်တယ်လို့ ပြောတဲ့ ရှေ့သွားနှစ်ချောင်းကို ဖော်ကာ မျက်နှာကြီးက ဖြီးတက်နေသည်။
သိပ်ပျော်နေပုံရသည်။
"ဒီက အမ ကော်ဖီ သုံးဆောင်အုံးမလား ခဗျ?"
သူ့မျက်နှာကို တစ်ချက်လှမ်းကြည့်ကာ မေးလိုက်သည်။
"ရပါပြီ ခနနေ Jeon နဲ့ နေ့လည်စာ သွားစားမှာ ဆိုတော့ မသောက်တော့ပါဘူး!"
"ဟုတ်ကဲ့ ဒါဆို စကားကို အေးအေးဆေးဆေး ဆက်ပြောကြပါအုံးနော်!"
အံကြိတ်သံ အနည်းငယ်စွတ်နေသော ကျွန်တော့်စကားကို JungKook ကြားလည်း ကြားပါစေပေါ့။
နေ့လည်စာ အတူသွားစားကြမယ်???????
ကျွန်တော်နဲ့ မသွားဖြစ်တော့မယ့် အကြောင်းကိုတော့ လာပြောသင့်သည် မဟုတ်လား?
ထိုမိန်းကလေး အဲ့စကားကို ပြောတဲ့အချိန်မှာ JeonJungKook ကျွန်တော့်ကို နည်းနည်းလေးတော့ အားနာသင့်သည် မထင်ဘူးလား?
ထားပါ သူခန မေ့သွားတယ်ပဲ သဘောထားပေးမယ်?
အဲ့မှာ ခက်တာပဲဗျ။ နေ့လည် ဆယ့်နှစ်နာရီသာ ခွဲသွားတယ် သူ့ဆီမှ ဖြေရှင်းချက် တစ်ခုမရ။
အလုပ်ကြောင့် ကျွန်တော် အပြင်သွားတဲ့ အချိန်မှာ သူတို့က မရှိတော့။
ဒါတော့ ကျွန်တော် စိတ်ဆိုးပိုင်ခွင့် ရှိသွားပြီ။
နည်းနည်းတော့ လူကို တန်ဖိုးထားပေး။
"Jimin!"
"ဟေ!ပြော Tae Hyung!"
ဒီကိစ္စအတွက် ကျွန်တော့်မှာ အကြံဉာဏ်တွေ လိုတယ်။
"ငါမင်းကို မေးမယ်"
"အေး မေး"
"ဥပမာကွာ Jiha က မင်းနဲ့ တွေ့ဖို့ ချိန်းထားပြီးမှ မပြောမဆိုနဲ့ တခြားသူတစ်ယောက်နဲ့ သွားတွေ့တယ်ဆို မင်း စိတ်ဆိုးမှာလား?"
"ဘာလဲ အခု Jiha က နောက်တစ်ယောက်နဲ့ တွေ့နေလို့လား?"
စိတ်ကုန်တဲ့ အရာတွေထဲမှာ အဲ့လိုတွေလည်း ပါတယ်။
"မဟုတ်ပါဘူးကွာ ငါမေးတာ ဖြေစမ်းပါ"
"စိတ်ဆိုးမှာတော့ တော်တော်ကို စိတ်ဆိုးမှာ! မင်း စဉ်းစားကြည့်လေ တွေ့မယ်လို့ ပြောထားပြီးမှ တစ်ခြားတစ်ယောက်နဲ့ သွားတွေ့တယ်ဆိုတာ တော်တော်လွန်တယ်! ဒါကို မင်းက ဘာလို့ မေးတာလဲ?"
"အကြောင်းရှိလို့ပေါ့ ဒါဘဲ!"
ဟုတ်တယ် ကျွန်တော် သူ့ကို စိတ်ဆိုးသင့်သည်။
အကြီးအကျယ်ကို စိတ်ဆိုးသင့်သည်။
သူ မိန်းကလေးတစ်ယောက်နဲ့ အတူ သွားခဲ့သည်ထက် ကျွန်တော့်ကို အလေးမထားသည်ကို ပိုလို့ စိတ်ဆိုးသည်။
အချစ်တွေတောင် မစရသေးဘဲ မုန်တိုင်းတွေက ဝင်နေပြီလား JungKook။
မင်းကြောင့် ဖြစ်တည်လာမယ့် ပြသနာတွေကို ရင်ဆိုင်ဖို့ ငါ့မှာ အားတွေမရှိသေးဘူး။
မင်းနဲ့ ပတ်သတ်သမျှတွေကို ခံနိုင်ရည် မရှိသေးတာမို့။
°•°•°•°•°•°•°•°•°•°
"ရုတ်တရက်ကြီး KimTaeHyungရယ်!"
အိမ်တံခါးကို ဖွင့်ပေးကာ တဗျစ်တောက်တောက် ပြောနေသော Yoon Jiha ကို မျက်စောင်း တစ်ချက်သာ လှည့်ထိုးရင်း အိမ်ထဲ ဝင်လာခဲ့သည်။
"ဟဲ့ TaeHyung ဘာဖြစ်လာတာလဲ?"
"ငါတစ်ယောက်ထဲ ဘယ်သူမှ မသိဘဲ စိတ်ဆိုးလာတာ!"
"ဘယ်လို ဘယ်လို! JungKook နဲ့ ရန်ြဖစ်လာတာလား?"
သူရဲ့ အမေးကို သက်ပြင်းတစ်ချက် ချကာ သူမ ယူလာပေးသော ရေခွက်ကို တစ်ငုံ သောက်လိုက်သည်။
"ဒီလိုလည်း မဟုတ်ပါဘူး! ငါ စိတ်ဆိုးတာတောင် သူ အခုထိ မသိဘူး! မျက်နှာကို မတွေ့ရသေးတာ!
အလုပ်ကနေတောင် ထွက်စာ တင်ခဲ့ပြီးပြီ!
လူကို စိတ်အနှောက်အယှက် ပေးလွန်းလို့ ဆက်မနေနိုင်တော့ပါဘူးလို့!"
ကျွန်တော်ပြောသမျှကို ပါးစပ်လေး အဟောင်းသားနဲ့ နားထောင်နေသော Jiha ကတော့ 'TaeHyung ရယ်' လို့သာ ရေရွတ်နိုင်တော့သည်။ ရေသောက်နေရင်း မျက်လုံးလှန်ကြည့်လိုက်တော့ ခေါင်းသာအသာခါပြီး ကျွန်တော့်ဘေးမှ ထသွားသည်။
"TaeHyung ဘာဖြစ်လာတာလဲ?"
အိမ်တံခါးကို ဖွင့်ကာ ကျွန်တော့်ဆီ အပြေးလေး ရောက်လာသော ချစ်သူငယ်ချင်းလေး။
"ဒီလိုပါပဲ!"
မျက်နှာငယ်လေးနှင့် ပြန်ဖြေသော ကျွန်တော့်ကို Jimin သနားသွားဟန် တူသည်။
ဘေးနား ဝင်ထိုင်ကာ ကျောကုန်းကို ခပ်ဖွဖွ ပွတ်ပေးနေသည်။
တကယ်ဆို ဒီကောင်နဲ့ပဲ ယူခဲ့သင့်တာ။
"JungKook နဲ့ ဘာဖြစ်ခဲ့တာလဲ ပြော!"
အစအဆုံးသော ဇာတ်လမ်းတို့ကို ပြောပြတော့ ရုတ်တရက်ကြီး Jiha က စားပွဲကို လှမ်းထုသည်။
"လန့်လိုက်တာဟာ!"
ကျွန်တော်တို့ နှစ်ယောက်ထံမှ ပြိုင်တူ ထွက်လာသော မကျေမချမ်း ရေရွတ်သံကြီး။
"ဒါတော့ JungKook လွန်တယ်! TaeHyung တစ်ယောက်လုံးနဲ့ အတူသွားမယ် ပြောပြီးမှ တခြားမိန်းမနဲ့ ထွက်သွားရတယ် ဆိုတော့...."
"အဲ့တာကို ငါ သိပ်ပြီးတော့ စိတ်ထဲမထားပါဘူး!
ဖြစ်နေတာက တစ်ခုပဲ ငါ့ကို ဂရုမစိုက်တာ အလေးမထားတာ ဒါဘဲ!"
Jimin နဲ့ Jiha တို့နှစ်ယောက် ကျွန်တော့်ကို ဝမ်းနည်းလွန်းစွာသော မျက်ဝန်းများဖြင့် ကြည့်ကာ ပုခုံးလေးကို ပုတ်ပေးရသူနှင့် 'စိတ်လျှော့ပါ' ပြောရတဲ့ သူနှင့်။
"Jimin JungKook နဲ့ တွေ့ပြီး ပြောကြည့်ပါလား?"
Jiha ရဲ့ စကားကြောင့် Jiminခမျာ မျက်လုံးများ ပြူးသွားရသည်။
"ကိုယ်က ဘာပြောရမှာလဲ?"
"အခု TaeHyung ဖြစ်နေတဲ့ အကြောင်းတွေလေ!"
"မပြောချင်ပါဘူး!"
မကျေမနပ်နှင့် Jimin ပြန်ပြောတော့ မဲခနဲ ဖြစ်သွားသော Yoon Jiha ရဲ့ မျက်နှာကြီး။
သူတို့နှစ်ယောက် ရန်ဖြစ်ကာမှ ဘုံပျောက်မည့် ကျွန်တော့်ဘဝ။
"ထားလိုက်ပါ သူနဲ့ တွေ့စရာ မလိုပါဘူး! တစ်ခုပဲ ကူညီပေး! ဒီတလော ငါ မင်းတို့နဲ့ ခနနေမယ်နော်!"
သနားတတ်လွန်းသော သူငယ်ချင်း နှစ်ယောက်ကတော့ ခေါင်းလေးသာ ညိတ်ပြကြသည်။
တွေ့လား JungKook မင်း ဂရုမစိုက်လည်း ငါ့ကို ဂရုစိုက်မယ့် သူတွေ အများကြီးပဲ။
"ဘေဘီ!!! ဘေဘီ!!!!"
Jimin တို့ နှစ်ယောက်နှင့် အတူ TV ကြည့်နေတုန်း အိမ်ရှေ့ တံခါးကို တဒုန်းဒုန်းထုကာ နေသော JeonJungKook။
ဒီလူ ကျွန်တော် ဒီမှာ ရှိမှန်း ဘယ်လိုသိသွားရတာလဲ?
"Jimin ပြောပြလိုက်တာလား?"
Jimin ရဲ့ ရင်ခွင်ထဲမှ နေရင်း မေးလိုက်တော့ Jiha စကားကြောင့် Jimin ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်နေသည်။
သေချာတယ် အဲ့ကောင် ပြောပြလိုက်တာပဲ။
Jimin အား ဘုကြည့်ကြည့်ကာ ကျွန်တော့်အတွက် ပြင်ထားပေးသော အခန်းထဲသို့ ဝင်ခဲ့သည်။
ဒီတနေ့ သူ့မျက်နှာကို ကျွန်တော် ကြည့်နိုင်မှာ မဟုတ်ဘူး။
"ဘေဘီ ဒီမှာ ရှိတာ ကိုယ်သိတယ်နော် ထွက်လာခဲ့ပါ ဘေဘီရယ်! ကိုယ် တောင်းပန်ပါတယ်!!
စိတ်ဆိုးရင်လည်း အိမ်ပြန်ရောက်မှ စိတ်ကြိုက်ဆိုးလေနော်!"
စိတ်ချ ပြန်ကို မလိုက်ဘူး။
ဒီကိစ္စမှာ ကျွန်တော် အကြီးအကျယ် စိတ်ဆိုးပိုင်ခွင့်တွေ ရှိတယ်။ မဟုတ်ဘူး ဒီတိုင်းလေး ကျွန်တော့်ကို အလေးထားစေချင်တာ။
သူက ကျွန်တော့်ကို လက်ထပ်ယူထားတာလေ။
ကျွန်တော်နဲ့ ပတ်သတ်သမျှ သူနဲ့သက်ဆိုင်တယ်လေ။
"JeonJungKook နင် TaeHyung ကို ဘာတွေ လုပ်ထားတာလဲ? ဟိုမှာ အိမ်ကို ရောက်လာထဲက မျက်ရည်နဲ့မျက်ခွက်! တရှုံ့ရှုံ့နဲ့ ငိုနေလို့ ငါတို့မှာ ချော့လိုက်ရတာ နော် Jimin"
"ဟမ်! အေ့"
အပြင်ဘက်မှ Jiha ရဲ့ ရန်တွေ့နေမှုကြောင့် ကျွန်တော်တကယ် ဆွံ့အသွားသည်။
တကယ် ကျွန်တော် ငိုမိလို့လား?
"ဘေဘီ!! ကိုယ် ဘာလုပ်မိလို့လဲ? ပြောလေကွာ ဘေဘီ စိတ်ပြေတဲ့အထိ ကိုယ်ချော့မှာပေါ့"
Sorry ပါ JungKook။ ချော့တိုင်း ပျော့တဲ့ ကောင်တွေထဲမှာ ငါ မပါဘူး။ ဒီနေ့တော့ မင်းကို စိတ်ဆိုးမယ်။
"ဒီနေ့တော့ ပြန်လိုက်ပါလား JungKook ညလည်းနက်နေပြီ! ငါတို့ ရှိနေတာပဲ သူလည်း ဘာမှ ဖြစ်မှာ မဟုတ်ပါဘူးကွာ!"
Jimin ရဲ့ စကားသံကို ကြားတော့ ဝမ်းသာဝမ်းနည်း စိတ်ကြီးရယ်။ ဒါတောင် 'ဘေဘီ' ဆိုပြီး အသံရှည်ဆွဲကာ အော်နေသေးတာ။
အရင်ကစိတ်နဲ့ဆို အခုချိန် ကောက်ကောက်ပါအောင် လိုက်သွားမိမှာပဲ။ ဒါပေမယ့်လည်းလေ သူလုပ်ထားတဲ့ အပြစ်က နည်းနည်းနောနောလား။
လူကို ဂရုမစိုက် အဖတ်လေးတောင် နည်းနည်း လှည့်လုပ်ခဲ့လို့လား။
သူ့ကို စောင့်နေတဲ့ သူ ရှိနေတာကို မသိခဲ့တာလား။ ဒါမှ မဟုတ် မသိချင် ယောင်ဆောင်ခဲ့လေသလား။
သူမရှိတဲ့ ညကို ဖြတ်သန်းရအုံးမည် ဆိုသည့် အတွေးကတော့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော့်ကို ခြောက်လန့်နေဆဲ။
မင်းလည်း ငါ့ကို လွမ်းလည်း လွမ်းနေပေါ့ JungKookရယ်။
မလွမ်းချင်လည်း အဲ့မိန်းကလေးနဲ့ စကားတွေ ပြောချင်လည်း ပြောနေပေါ့။
ဒါပေမယ့် ရင်ဘတ်ကြီးကတော့ သိပ်နာသည်။
ငါမင်းကို အချိန်အကန့်အသတ်မရှိ စိတ်ဆိုးသွားမယ်လေ။
မင်းမရှိတဲ့ ဒီနေ့ညက စတင်လို့ပေါ့...........။
______________________________TBC
ဒါလေး ပြီးတော့မယ် 💓💓
Love You All❤❤❤❤❤
*Nun