DICE

By huangmingzhuu

14.1K 1.1K 84

ဘဝကို game တစ်ခုလိုသာ restart လို့ရမယ်ဆိုရင်?dong si cheng ကကျောင်းမှာအမြဲအတန်းထဲကလူတွေရဲ့အနိုင်ကျင့်တာကိုခံရ... More

Stage 00
Stage 01
Stage 03
Stage 04
Stage 05
Stage 06
Stage 07
Stage 08
Stage 09
Stage 10
Stage 11
Stage 12
Final Stage

Stage 02

965 90 15
By huangmingzhuu

Kun ကကျွန်တော့်ကိုထူးဆန်းတဲ့မေးခွန်းကြီးမေးလာတော့ရုတ်တရက်မို့ဖြေရခက်သွားတယ်။

Game ဆိုတာအခုခေတ်လူငယ်တိုင်းစွဲလမ်းစွာဆော့နေကြတဲ့ Application ပေါင်းများစွာရှိတဲ့ network တစ်ခုဖြစ်တယ်။

သူ့ရဲ့ game ဆော့မလားဆိုတဲ့ထူးဆန်းတဲ့မေးခွန်းကြီးကြောင့်ကျွန်တော်ဆွံ့အစွာသူ့ကိုငေးကြည့်နေမိတယ်။

တိတ်ဆိတ်သွားတဲ့ကျွန်တော်တို့နှစ်ယောက်ကြားမှာခဏနေတော့သူ့ဘက်ကစကားစလာတယ်။

"gameထဲကcharacterတွေလိုမင်းပုံစံကိုပြောင်းလဲနိုင်မယ်ဆိုမင်းယုံမလား?"

"ဘာ? မင်းနောက်နေတာလား? ဒါနောက်စရာမဟုတ်ဖူး ငါတကယ်စိတ်ညစ်နေတာ..."

"ငါမနောက်ပါဘူး...တကယ်ပြောနေတာ"

"...."

*ကျွီ*

တံခါးဖွင့်သံနဲ့အတူကျွန်တော်လှည့်ကြည့်လိုက်တော့ yuta gege ဖြစ်နေတယ်။

Kun ကတော့မျက်နှာချင်းဆိုင်အနေအထားမှာမို့လှည့်ကြည့်စရာမလို။

သူကဘာလို့ကျွန်တော်တို့အခန်းထဲကိုရောက်လာရတယ်ဆိုတဲ့အကြောင်းပြချက်ကိုသူပြောလိုက်တဲ့စကားနဲ့တင်ကျွန်တော်နားလည်သွားတယ်။

"ပြန်ရအောင်လေ kun..."

သူတို့နှစ်ယောက်က....အတူတူပြန်ကြတာတဲ့လား....?

ဟက်! ကျွန်တော်ကတစ်ကျောင်းလုံးရဲ့ခိုင်းဖက်ဖြစ်နေပြီးကျွန်တော်ကြိုက်တဲ့သူကမနေ့တစ်နေ့ကမှပြောင်းလာတဲ့သူနဲ့အိမ်တောင်အတူတူပြန်တဲ့အဆင့်ဖြစ်နေပြီ။

သူနဲ့ကျောင်းအတူတူတက်လာတဲ့နှစ်တွေသာများလာတယ်။ အခုချိန်ထိရင်းနှီးခွင့်လေးတောင်မရသေးဘူး။

ကျွန်တော့်အဆင့်ကအဲ့လောက်ထိတောင်နိမ့်နေပြီလား...?

ဒီလိုတွေးမိတော့စောနက kun ပြောသလိုပြောင်းလဲချင်စိတ်ပေါက်လာတယ်။

မဖြစ်နိုင်ဘူးလို့ယုံမှတ်ထားပေမယ့်ကိုယ့်ရှေ့မှာသူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ဆက်ဆံမှုကိုတွေ့ရတော့သဝန်တော့တိုမိတယ်။

"ဟုတ်..ပြန်ကြမယ်လေ yuta gege"

"omm..."

Yuta gege ဘက်ကတုံ့ပြန်စကားပြီးနောက် kun ကကျွန်တော့်ဘက်လှည့်လာပြီးပြောတယ်။

"ငါပြောတာစဉ်းစားထားနော်..."

ကျွန်တော့်ကို wink ပြပြီး yuta gege နဲ့အတူရယ်မောစွာထွက်သွားတယ်။

တံခါးပေါက်နားရောက်တော့yuta gegeကကျွန်တော့်ဘက်လှည့်လာပြီးပြောတယ်။

"သွားတော့မယ်နော် winwin.."......တဲ့။ တစ်စက်ကလေးမှအတူပြန်ဖို့မခေါ်ဘူးလား...? ဘယ်လောက်ပဲလမ်းမကြုံဦးတော့...။အတူပြန်ဖို့ခေါ်သင့်တယ်မလား..? ကျွန်တော့်အဆင့်အတန်းကသူနဲ့အတူတောင်ပြန်လို့မရလို့လား...?

************

At home,

အိမ်ပြန်ရောက်တော့ရေမချိုးနိုင်သေးပဲ kun ပြောတဲ့စကားတွေကိုသာပြန်စဉ်းစားနေမိတယ်။

သူကဘာလို့ဒီလိုစကားတွေပြောရတာလဲ..? တကယ်အဓိပ္ပာယ်မရှိတာပဲမဟုတ်လား....?

ခေါင်းတွေရှုပ်လာလို့စဉ်းစားမနေတော့ပဲရေချိုးခန်းထဲဝင်ကာရေချိုးဖို့ပြင်တော့တယ်။

ဒါပေမယ့်မှန်ထဲမှာမြင်နေရတဲ့ကျွန်တော့်ပုံရိပ်ကြောင့်အတွေးတွေကဝင်လာရပြန်တယ်။

ရုပ်ရည်မရှိ၊ဖြူဖတ်ဖြူရော်၊ကိုင်းတိုင်းတိုင်း၊မျက်ကွင်းညိုညိုနဲ့ကျွန်တော့်ပုံသဏ္ဏာန်ကိုတွေ့မိတော့စိတ်ဓာတ်တွေလုံးလုံးကျသွားရတယ်။

ဒီလိုပုံစံကြီးကိုကျွန်တော်ပြောင်းလဲချင်တာပေါ့။ ဖြစ်နိုင်မယ်ဆ်ိုရင်ပေါ့။ kun ပြောတာကိုလက်ခံရင်ကောင်းမလား...?

*ဒေါက် ဒေါက် ဒေါက်*

"မားလား??"

တံပတ်ကိုအမြန်ပတ်ကာအိမ်ရှေ့တံခါးဆီသွား၍မားကိုကြိုလိုက်တယ်။

ထုံးစံအတိုင်းမားကအလုပ်ပြီးတာနဲ့မူးလာပြီဖြစ်တယ်။

ရပ်ကွက်တကာလှည့်ပြီးအဝတ်လျှော်တဲ့ခဝါသည်ဖြစ်သူမားဟာခင်ပွန်းမရှိပဲကျွန်တော့်ကိုလုပ်ကျွေးနေတဲ့ကျေးဇူးရှင်ဖြစ်တယ်။

"မားရယ် သောက်လာပြန်ပြီလား..?"

အလုပ်ပြီးတိုင်းစိတ်ပျက်ပြီးပင်ပန်းလို့လမ်းဘေးအရက်ဆိုင်တွေမှာထိုင်သောက်တတ်တယ်။

အရက်ဆိုင်ကအဒေါ်ကြီးကလည်းသူ့သူငယ်ချင်းမို့တစ်ခါတစ်လေအလကားတိုက်တယ်။

တစ်ချိန်ကျရင်မားကျန်းမာရေးထိခိုက်လာမှာကျွန်တော်စိုးရိမ်လို့ပြောပေမယ့်မားကပြောမရဘူး။

"အေ့.."

အိမ်ထဲရောက်တာနဲ့အဝတ်စားမလဲပဲကြမ်းပြင်မှာမှောက်အိပ်တော့တာပဲ။

တစ်နေကုန်အလုပ်လုပ်ထားရတော့ဘယ်လောက်များပင်ပန်းနေရှာမလဲနော်....ဘာလို့ဘုရားသခင်ကကျွန်တော့်တို့သားအမိကိုဒီလိုဖြစ်အောင်လုပ်ရတာလဲ..?

အရင်ဘဝတုန်းကလည်းမကောင်းခဲ့သလိုသေသွားတော့လည်းပြန်လည်မွေးဖွားခြင်းခံရမယ်ဆိုလို့ပျော်ခဲ့ပေမယ့်ကျွန်တော်ပစ်လိုက်တဲ့အန်စာတုံးကြောင့်အခုကျွန်တော့်ဘဝကလူတကာခိုင်းဖက်ဖြစ်နေရပြီ။

အခုကျွန်တော်အဲ့ဒီအန်စာတုံးကိုထပ်ပစ်ဖို့အခွင့်အရေးများရှိဦးမလား...?

************

မနက်ကျောင်းရောက်တာနဲ့ထုံးစံအတိုင်းသူတို့စားချင်တာတွေဝယ်ပေးရပြီးလုပ်ခိုင်းတာတွေလုပ်ရတယ်။

တစ်ခါတစ်လေအဲ့ဒါတွေကြောင့်အတန်းချိန်တွေလွတ်ပြီးစာတွေလွတ်သွားရတာလည်းရှိခဲ့ဖူးတယ်။

နေ့လည် break time ရောက်တော့ canteen မှာစားနေကျဝက်သားကြော်နဲ့ထမင်းစားပြီး toilet ခဏဝင်တယ်။

မနက်ကဘာမှမစားခဲ့ရတော့ဗိုက်ဆာတာနဲ့ရေတွေစွတ်သောက်မိတာကြောင့်အခု toilet ဝင်ချင်နေတာဖြစ်တယ်။

Toilet ထဲရောက်တော့ကျွန်တော့်ကိုစောင်းချိတ်ပြီးပြောတဲ့စကားသံတွေထွက်လာတယ်။

အမြဲကျွန်တော့်ကိုနှိပ်စက်နေကျအဖွဲ့နဲ့မှတန်းတိုးရတယ်လို့...။ ကျွန်တော်ကိုကကံဆိုးလွန်းတယ်။ T^T

"ဟျောင့်! မင်းသိလား...!! ငါတို့ကျောင်းမှာလေ gay တစ်ယောက်ရှိတယ်ကွ ဟားဟားဟား...!"

"အေးလေ yuta gege ကိုကြိုက်နေတဲ့လူတကာခိုင်းဖက်ကောင်ပေါ့ကွာ ဟဟ.."

"ယောကျင်္ားအချင်းချင်းကြိုက်ရတယ်လို့ ရွံစရာကောင်းလိုက်တာကွာ..."

"သူ့အဆင့်နဲ့မမှီတဲ့ yuta ကိုမှမှန်းရတယ်လို့ ဟဟ သောက်ရှက်မရှိတာပဲ.."

ကျွန်တော်အတတ်နိုင်ဆုံးမကြားချင်ယောင်ဆောင်ထားတယ်။ အံကိုကြိတ်ပြီးဒေါသတွေကိုတတ်နိုင်သမျှထိန်းချုပ်ထားတယ်။

ဒါပေမယ့်ပိုဆိုးလာတာကကျွန်တော့်ဘက်ကဘာမှမပြောပဲငြိမ်ခံနေတော့သူတို့ကရန်စချင်နေတာနဲ့ကျွန်တော့်နားကိုရောက်လာပြီးနောက်ကျောကိုအသတ်လွတ်လာကန်တယ်။

အရှိန်နဲ့မို့တစ်ချက်တည်းနဲ့လဲကျသွားရတယ်။

"hahaha ပျော့ညံ့လိုက်တဲ့ gay!"

"hahaha အေးကွာ ရွံစရာလေး"

"ဒီမှာဟျောင့်! မင်းအဆင့်နဲ့ yuta gege ကိုမမှန်းနဲ့! ဟိုကသောက်ဖတ်တောင်မလုပ်ဖူးကွ! ကိုယ့်အဆင့်ကိုသိ!!! hahaha"

လက်သီးပေါင်းများစွာကျွန်တော့်မျက်နှာပြင်ပေါ်ရောက်လာပြီးခြေထောက်များစွာနဲ့လည်းကန်နေပြီဖြစ်တယ်။

သွေးတွေလည်းထွက်နေပြီးနာကျင်နေပြီဖြစ်လို့အော်နိုင်စွမ်းတောင်မရှိတော့။

အများနဲ့တစ်ယောက်မို့အားမရှိတဲ့ကျွန်တော့်အတွက်သူတို့ရဲ့အခွင့်ကောင်းဖြစ်နေတယ်။

ရိုက်နှက်ထိုးကြိတ်သမျှတွေခံပြီးခဏလောက်ကြာတော့....

"တော်တော့..!!"

ကျွန်တော်မော့ကြည့်လိုက်တော့ yuta gege.

အားလုံးလန့်ပြီးအံ့အားသင့်သွားရတယ်။ သူတို့စကားအတိုင်းကျွန်တော့်ကိုအဖတ်မလုပ်တာမဟုတ်ပဲအိမ်သာထဲမှာအများနဲ့တစ်ယောက်ထိုးကြိတ်နှိပ်စက်ခံနေရတဲ့ကျွန်တော့်ကို yuta gege ကလာကယ်သူဖြစ်နေလို့။

"winwin တော်တော်နာသွားလား..?"

"...."

သူတစ်ယောက်ပဲခေါ်တဲ့ကျွန်တော့်အိမ်နာမည်ကိုကြားယောင်ရင်းသူ့ရဲ့ healing smile ကကျွန်တော့်ရဲ့သွေးတွေ၊မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းအစုံကိုဆွဲဆောင်သွားပြန်တယ်။

သူ့အပြုံးလေးကိုကြည့်ရင်းသူတစ်ယောက်သာခေါ်တဲ့ကျွန်တော့်အိမ်နာမည် winwin ဆိုတဲ့ခေါ်သံနောက်မှာကျွန်တော့်မျက်လုံးအစုံလည်းမှိတ်ကျသွားရတယ်။

###
TBC

•update every Wednesday•

#supernatural ^^

Continue Reading

You'll Also Like

590K 37.5K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
295K 50.6K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
3.2K 169 8
ဖတ်ကြည့်ကြပါအုံးနော်.