ဆူး
Por akyinnamon
2.2M 213K 13.2K
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ Mais
Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)
Part 36
22.3K 2.7K 358
Por akyinnamon
စိမ်းစိုသောမြက်ခင်းပြင်ထက်မှ သစ်ခွပန်းပင်များသည်  အပြာရောင်အမိုးအောက်မှာ ဟန်ချက်ညီစွာ လှပနေသည်။ ရောင်စုံလိပ်ပြာလေးများသည်လည်း ဟိုမှ သည်မှ ပျံသန်းနေသည်။ တဖျတ်ဖျတ်ခတ်ကာ ပျံသန်းနေသော တောင်ပံလေးများမှာ နူးညံ့မှုနှင့် ခန့်ညားမှုများ ပေါင်းစည်းထားသည်။ အ၀ါရောင်လိပ်ပြာငယ်လေးနှစ်ကောင်မှာ ဒီမိုးယံမျက်စိရှေ့မှာပင် တစ်ကောင်နှင့်တစ်ကောင် ဝေ့ကာဝိုက်ကာ ပျံသန်းရင်း ခပ်လှမ်းလှမ်းသို့ ပျံသန်းထွက်ခွာသွားပြီဖြစ်သည်။
ဝေဆာစွာ ပွင့်ဖူးနေသော အဖြူရောင်နှင့် ခရမ်းရောင်လိပ်ပြာသစ်ခွပန်းပွင့်လေးများကို လက်ဖျားနှင့် ထိကိုင်လိုက်သည်။ မမ၏ခြံလေးသည် သူ့အတွက်တော့ နားခိုစရာ နိဗ္ဗာန်ငယ်လေးပါ။သူ့စိတ်တွေ ဘယ်လောက်ပင် ထိုင်းမှိုင်းနေပါစေ။ ဒီနေရာလေးကိုရောက်တိုင်း မြေအောက်တွင်းထဲမှ လွတ်မြောက်ခွင့်ရသူတစ်ယောက်က သန့်ရှင်းလတ်ဆတ်သော လေများကို ရှူရှိုက်လိုက်ရသလို လန်းဆန်းသွားတတ်သည်။ 
"ဒီဒီ။ မင်းရောက်နေတယ်ဆိုလို့။"
"မမ။"
ဒီမိုးယံ လှည့်ကြည့်ပြီး ပြုံးပြလိုက်ပေမယ့် သူ့မျက်နှာကိုတွေ့သည်နှင့် မမ မျက်နှာပျက်သွားသည်။ ဒီတော့မှ သူ့နှုတ်ခမ်းထောင့်မှာ ဒဏ်ရာတစ်ချို့ ကျန်နေသေးသည်ကို သူ သတိထားမိသွားသည်။
"လာလေ ဒီဒီ။ မမ tea ပြင်ခိုင်းထားတယ်။"
သူ မမကို လေးစားချစ်ခင်ရလွန်းသည်မှာ ဒီလိုအကြောင်းများကြောင့်ဖြစ်သည်။ ဘာဖြစ်လာတာလဲ။ ဘာတွေဖြစ်နေလဲ ဘယ်တော့မှမမေး။ သူ ရင်ဖွင့်လာလျှင် အလိုက်တသိ နားထောင်ပေးတတ်ပေမယ့် သူ့ဘ၀ထဲကို အတင်းဝင်ရောက်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့။ သူ့အတွက် အမြဲတမ်း ဘေးနားမှာ အဆင်သင့်ရှိနေပေမယ့် တိတ်တဆိတ်လေးဖြစ်သည်။
"ကျွန်တော် ပြင်ပေးမယ်။"
စားပွဲဝိုင်းပေါ်ရှိ ဂျပန် လက်ဖက်ရည်အိုးလေးရှိရာ လက်လှမ်းနေသော မမကို သူ တားလိုက်သည်။ ပန်းကန်ပြား ၀ိုင်းလေးပေါ်မှ ကြွေခွက်ထဲသို့ သူကိုယ်တိုင်ငှဲ့ကာ သီးသန့်ပန်းကန်ပြားဝိုင်းလေးထဲမှ အပြားဝိုင်းပုံစံ သေသပ်စွာ လှီးထားသော သံပုရာသီးဖတ်လေးကိုပါ ထည့်လိုက်သည်။
"ကျေးဇူး။"
သူ ကမ်းပေးသော ခွက်လေးကို လှမ်းယူရင်း အပြုံးနှင့်ဆိုသည့် မမ မျက်နှာသည် ငြိမ်းချမ်းဖြူစင်လွန်းပါသည်။ ကိုယ်တိုင်အတွက် ငှဲ့ထည့်လိုက်သော ရေနွေးအိုးလေးထဲရှိ chamomile tea ရည်ကြည်များမှ စိမ့်ထွက်လာသော အခိုးငွေ့တစ်ချို့သည် သူ့အမြင်များကိုေ၀၀ါးသွားစေသည်။
ခပ်လှမ်းလှမ်းမှာ ၀ဲပျံနေသော လိပ်ပြာလေးနှစ်ကောင်သည် သူ အခုနက မြင်ခဲ့ရသည့် လိပ်ပြာလေးများပင်လား။ ဒါမှမဟုတ် အခြားလိပ်ပြာလေးနှစ်ကောင်လား သူ မသိ။ လေအဟုန်မှာ ၀ဲပျံနေပုံလေးကိုက မျက်တောင်မခတ် ငေးကြည့်ချင်လောက်အောင် လှပနေသည်။ ထိုနေ့ကလည်း ဒီခြံထဲမှာ ဒီလိုပဲလိပ်ပြာလေးတွေကို သူ ငေးကြည့်နေခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်၊ သူ့မိခင်ဆုံးပြီး သိပ်မကြာခင် အချိန်ကာလတစ်ခုမှာပါ။ ထိုနေ့ ထိုအချိန်က အဖြစ်အပျက်များကို အခုအချိန်အထိ သူ ကောင်းကောင်းမှတ်မိနေသည်။ ထုံထိုင်းလာသော ခြေဖျားများမှတဆင့် လှုပ်ရှားမရတော့သည့် ခြေထောက်များနှင့်အတူ ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံး စပါးကြီးမြွေတစ်ကောင် အမြိုခံရသလို သူ ခံစားခဲ့ရသည်။ ချွေးစီးတွေပြန်ကာ ဘာတွေဖြစ်နေမှန်းမသိ။ သတိမေ့သွားတာလည်းမဟုတ်ဘဲ အရာအားလုံးကို ကြည်လင်ပြတ်သားစွာ မှတ်မိနေခဲ့တာ။ ထိုအချိန်မှာ မမ သူ့အနားမှာရှိနေတာ သူ့အတွက် ကံကောင်းသွားသည်။ ချက်ချင်းပဲ သူ့ကို ဆေးရုံသို့ အမြန်ဆုံးလိုက်ပို့ပေးခဲ့သည်။
ကျန်တာတွေကတော့ အိပ်မက်လိုလို၊ အရိပ်တွေလိုလိုသာ သူ မှတ်မိသည်။ ဦးနှောက်မှာ အကျိတ်ဖြစ်နေတာတဲ့။ ကင်ဆာအဆင့်မဟုတ်။ သိပ်လည်းမကြီးသလို ဖြစ်နေသည့်နေရာကလည်း အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို ဘာမှအန္တရာယ်မဖြစ်စေသည့် နေရာတစ်ခုပါတဲ့။ ခွဲထုတ်လိုက်လျှင် ပျောက်ကင်းနိုင်သည်တဲ့။
သတင်းကောင်းတွေတော့ မဟုတ်ခဲ့။ မိခင်ဆုံးပါးသည်ကို လက်ခံနိုင်ဖို့ ကြိုးစားရုန်းကန်နေသည့်သူ့အတွက် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပါ။ မမက တစ်ချိန်လုံး အားပေးခဲ့ပေမယ့်၊ လိုအပ်သည့် စစ်ဆေးမှုများနဲ့ ရှေ့ဆက်ခဲ့ပေမယ့် သူ ကြောက်ခဲ့သည်။ ဦးနှောက်ကင်ဆာ ဆိုသည့် စကားလုံးကို သူ အရမ်းကြောက်ခဲ့သည်။ သေခြင်းတရားက သိပ်မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ သူ့ကို လက်ကမ်းကြိုဆိုနေသည်ကို နေ့တိုင်းမတွေးမိဘဲ မနေနိုင်ခဲ့။
ထိုအချိန်မှာ မမက သူမရဲ့ပိုင်ဆိုင်မှုတွေကို ရက်အနည်းငယ်ပဲဖြစ်ဖြစ် သူ့အသက်ရှေ့ဆက်ခွင့်ရဖို့ အတွက် လဲလှယ်ပေးခဲ့သည်။ ဘန်ကောက်မှာ ခွဲစိတ်မှုအပြီး လနှင့်ချီကြာသော ပြန်လည်ထူထောင်ရေးအချိန်များတွင်လည်း သူ့ဘေးမှာ တစ်ချိန်လုံး ရှိပေးခဲ့သည်။
ထိုအချိန်မှာ ရှိုင်းထွဋ်ဖခင် ဆုံးပါးသွားသည်ဟူသော သတင်းကို သူ ကြားခဲ့သည်။ ပြန်လာချင်ခဲ့တာပေါ့။ သူချစ်ရသူကို ထွေးပွေ့အားပေးချင်ခဲ့တာပေါ့။ လိပ်ပြာလေးတစ်ကောင်ဆီမှ တောင်ပံလေးတစ်စုံသာ ငှားခွင့်ရခဲ့မည်ဆိုလျှင် ဘယ်လောက်ပင် ပင်ပန်းပါစေဦး။ သူ ကြိုးစား ပျံသန်းလာခဲ့မှာပါ။ ဒါပေမယ့် ထိုအချိန်က ခြေတစ်လှမ်းပင် ကောင်းကောင်းမလှမ်းနိုင်ခဲ့သည့် သူ့အတွက် ရွေးချယ်စရာလမ်းမရှိ။ ဆေးရုံပြတင်းပေါက်မှ ကောင်းကင်ပြာကို ငေးကြည့်ရင်းသာ ချစ်ရသူကို သတိရနေရုံသာ သူ တတ်နိုင်ခဲ့သည်။ သူ့မိခင်ဆုံးစဉ်အချိန်က နေ့ညမရွေး သူ့နားမှာ နေပေးကာ အားပေးခဲ့သည့် ကောင်လေးအတွက် သူလုပ်ပေးနိုင်ခဲ့တာ ဘာမှမရှိ။
ဘန်ကောက်က ပြန်လာခွင့်ရချိန်မှာတော့ ရှိုင်းထွဋ် သူ့ကို နာကြည်းမုန်းတီးနေပြီဆိုတာကို သူ နားလည်ခဲ့သည်။ သူ့ဖုန်းထဲက အသံတုန်တုန်နှင့် လာခဲ့ဖို့ခေါ်နေသည့် ကောင်လေးတစ်ယောက်၏ အသံများကို နားထောင်ရင်း ရူးမတတ် ခံစားနာကျင်ခဲ့ရသည်။ ဒါပေမယ့် ရှိုင်းထွဋ်နားသို့ ပြန်သွားဖို့တော့ သူ မကြိုးစားမိတော့။ ဖခင်၏ အသုဘကို လိုက်ပို့ခဲ့သည့် ကောင်လေးတစ်ယောက်ကို သူ့အသုဘအတွက်တော့ မရှိနေစေချင်တော့။ မော်ဒယ်လောကထဲသို့ တကျော့ပြန်ဝင်ရောက်ရင်း ခံစားချက်များကို အလုပ်ကြားထဲ နှစ်ထားနိုင်ဖို့ သူကြိုးစားခဲ့သည်။
ဒီအချိန်မှာ ဒီမိုးယံ၏ဖခင် ဆုံးပါးသွားပြန်ပါသည်။ သန်းခေါင်ထက် ညည့်မနက်ဘူးဆိုသည့် စကားသည် သူ့အတွက်တော့ မမှန်ခဲ့ပါ။ မာကျောတင်းမာနေသည့် မျက်နှာထားနှင့် ဒီမိုးယံဆိုသည့်ကောင်လေးသည် နေရာမှာပင် လဲကျမသွားအောင် မနည်းကြိုးစားခဲ့ရပြန်သည်။ အားလုံးရှေ့မှာ ဟန်ဆောင်နိုင်အောင် မျက်မှန်မည်းတစ်လက်သည် သူ့အတွက် မရှိမဖြစ် ဖြစ်ခဲ့သည်။ သူ့ကိုမုန်းတီးနာကြည်းနေသည့် ကောင်လေးတစ်ယောက်၏ လျစ်လျူရှုမှုကို အပြုံးမပျက်ခံယူခဲ့ရသည်။ သူ့ဘေးနားမှာ မမသာ ရှိမနေခဲ့လျှင် သူ ဘယ်လိုမှ မတ်မတ်ရပ်နိုင်ခဲ့မှာ မဟုတ်ပါ။
နောက်ဆုံးတော့ အားလုံးကို ပြည်ဖုံးကားချကာ ရှေ့အနာဂတ်အတွက် သူ ကြိုးစားခဲ့သည်။ မိငယ်နဲ့ သဇင်လေးတို့ရဲ့ ရှေ့အနာဂတ်ကို အာမခံချက်တစ်ခု ပေးနိုင်ဖို့အတွက် သူ ကြိုးစားခဲ့သည်။ သူ့ရဲ့အသက်သခင် ကျေးဇူးရှင် မမကို စိတ်ချမ်းသာအောင်ထားပြီး တတ်နိုင်သလောက် ကျေးဇူးဆပ်နိုင်ဖို့အတွက် သူ ကြိုးစားခဲ့သည်။ ရှိုင်းထွဋ်ဆိုသည့် သူ သိပ်ချစ်ရသည့်ကောင်လေးတစ်ယောက် သူ့ကို မေ့သွားဖို့အတွက်လည်း သူ ကြိုးစားခဲ့သည်။
သူ့ရဲ့ကြိုးစားမှုတွေအားလုံးတော့ မအောင်မြင်ခဲ့။ နောက်တစ်ကြိမ် ကင်ဆာဆဲလ်တွေ ပြန့်နေပြီဖြစ်ကြောင်း၊ အခုတစ်ခေါက်မှာတော့ အာမခံချက် သိပ်မရှိတော့ဟု သိရချိန်မှာတော့ သူ အရုပ်ကြိုးပြတ် ပြိုလဲခဲ့ရသည်။ ထိုနေ့က ရှိုင်းထွဋ်အိမ်သို့ သူ သွားဖြစ်ခဲ့သည်။ နွေးထွေးသောအခန်းကျဉ်းလေးက ချစ်ရသူ အိပ်ခဲ့သည့် ကိုယ်ငွေ့နွေးနွေးကို တမ်းတရင်း ငိုကြွေးဖြစ်ခဲ့သည်။
တစ်နှစ်လား။
ခြောက်လလား။
သူ့မှာ အချိန်တွေ ဘယ်လောက်ကျန်သေးလဲ သူ မသိ။ ကိုယ့်ရဲ့ခြေလှမ်းတွေကိုတောင် ကိုယ်မထိန်းချုပ်နိုင်တော့မယ့်သူတစ်ယောက်က မော်ဒယ်အလုပ်ကို ဘယ်လိုဆက်လုပ်မှာတဲ့လဲ။ သူ မြတ်နိုးရသည့် လမ်းလျှောက်စင်များကိုလည်း မကြာခင်မှာ ခွဲခွာနှုတ်ဆက်ရတော့မည်ကို သူ သိသည်။ သူ ချစ်ရသည့် ညီမငယ်လေးနှစ်ယောက်ကိုလည်း နှုတ်ဆက်ရတော့မည်။ သူ့ဘ၀ရဲ့ ကယ်တင်ရှင် မမကိုလည်း နှုတ်ဆက်ရတော့မည်။ နောက်ပြီး သူ့တစ်သက်လုံး ချစ်ခဲ့ရသည့် ကောင်လေးတစ်ယောက်ကိုလည်း နှုတ်ဆက်ရတော့မည်။
ဇာဂနာတစ်လက်နှင့် ဆူးတစ်ချောင်းကို ဆွဲထုတ်နေသည့် ကောင်လေး..
အပျင်းကြီးသလောက် စာတော်လွန်းသည့် ကောင်လေး...
သူများတွေကို သည်းခံသလောက် သူ့ကိုဆိုလျှင် အနိုင်ကျင့်လိုက်ရမှ စားဝင်အိပ်ပျော်သည့်ကောင်လေး..
ထိုကောင်လေးကိုလည်း သူ နှုတ်ဆက်ရဦးမှာပေါ့လေ။
"ကျွန်တော် မှားသွားတယ် မမရာ။"
ထိုင်ခုံနောက်ကျောကို မှီထိုင်လိုက်ရင်း ဒီမိုးယံ တီးတိုးရေရွတ်မိသည်။
ဟုတ်သည်။
သူ အရမ်းမှားသွားသည်။
ရှိုင်းထွဋ်နားကို ပြန်သွားဖို့ကို မကြိုးစားသင့်ခဲ့။
အဝေးတစ်နေရာမှ မြင်ခွင့်ရှိလေမလားဟူသော မျှော်လင့်ချက်သဲ့သဲ့ကို မျက်နှာချင်းဆိုင် တိုက်ရိုက်ဆုံစေသော ကံကြမ္မာက ကျီစယ်သွားခဲ့သည်။
သူ မြင်ခွင့်ရရုံလေးသာ မျှော်လင့်ခဲ့တာပါ။
အမှတ်မထင် တစ်ချက်လောက် လှမ်းကြည့်ခွင့်မျိုးလေးသာ ရချင်ခဲ့တာ။
သူ့ဘ၀ရဲ့ နေ့ရက်တာတိုင်းမှာ ရှိုင်းထွဋ်ဆိုတဲ့ သူ သိပ်ချစ်ရတဲ့ ကောင်လေးတစ်ယောက် ရှင်သန်နေထိုင်နေသေးသည်ဆိုတဲ့ အသိလေးတစ်ခုနဲ့ပဲ သူ ကျေနပ်ချင်ခဲ့တာ။
"အခုတော့ သူက ကျွန်တော့်ကို ရအောင်မုန်းမယ်တဲ့။"
သူ့ရင်ထဲမှာ တဆစ်ဆစ် နာရသည်ဆိုလျှင်တောင် ရှိုင်းထွဋ်ပေးလာမည့် အမုန်းတွေကြောင့်မဟုတ်။
"ကျွန်တော့်ကို သူ မမုန်းစေချင်ဘူး မမရာ။ တစ်နေ့ ကျွန်တော်မရှိတော့ရင် ကျွန်တော့်ကိုမုန်းခဲ့တဲ့အတွက် သူ ၀မ်းနည်းနေရမှာကို ကျွန်တော် အကြောက်ဆုံးပဲ။ သူ ကျွန်တော့်ကို မေ့စေချင်တာ။ ဟုတ်တယ်။ ဒီလိုလေးပဲ အနေဝေးရင်း တဖြည်းဖြည်း မေ့သွားစေချင်တာ။"
တိမ်ဝင်သွားသော စကားသံများနှင့်အတူ သူ့ပါးပြင်မှာ သူ မျက်ရည်တွေစီးကျလာတာကို သူ သိသည်။ ချော်ရည်များလို ပူလောင်နေသော မျက်ရည်များကို မတားမိတော့။ ပျော့ညံ့သည့်အမှတ်အသားဟု လူအတော်များများက သတ်မှတ်ထားသည့် မျက်ရည်များကိုလည်း သူ မထိန်းချုပ်ချင်တော့။ သူ့မှာ လွတ်လပ်စွာ ငိုကြွေးခွင့်တော့ ရှိပါသေးသည်။
Continuar a ler
Também vai Gostar
7.3K 1K 11
ကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
3.8M 279K 41
1.5M 105K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...