ကျွန်​မချစ်​သူ နှာဘူးမ​လေး

De iggie_27

183K 8.1K 439

Tiffany Hwang ~ SM&co ရဲ့ဒုတိယဥက္ကဌဖြစ်​သည်​။သူမ​အေးတိ​အေးစက်​ပုံစံနဲ့သူမအကြည့်​တစ်​ချက်​ကလူ​တွေ​ဘောင်းဘီထဲရှ... Mais

Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23[V's day Special]
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37[Final]

Chapter-32

3.5K 193 6
De iggie_27

"Pani ​ခြေ​ထောက်​​တွေလှုပ်​​နေတာ ရပ်​လို့မရဘူးလား??အာရုံ​နောက်​တယ်​ဟ"

Taeyeon ​ဘေးက Passenger seat မှာထိုင်​​နေတဲ့ ​ကောင်​မ​လေးကို​ပြောသည်​။သူတို့တိုက်​ခန်းက​နေထွက်​လာကထဲက Tiffany လှုပ်​ရွ​နေပြီး​ယောက်​ယပ်​ခတ်​​နေ၏

"ဒါ​ပေမယ့်​ နင့်​မိသားစု..."

"သူတို့ Okay တယ်​!သူတို့နင့်​ကိုသ​ဘောကျမှာပါ"

ကားရုတ်​တရက်​ Break အုပ်​လိုက်​တာ​ကြောင့်​ Tiffany ​ရှေ့ကိုယိုင်​ထိုးသွားသည်​။ကံ​ကောင်းစွာနဲ့ခါးပတ်​ပတ်​ထားတာ​ကြောင့်​ Dashboard နဲ့မ​ဆောင့်မိခဲ့

"Sorry!ဒါ​ပေမယ့်​ Pani ရ!နင်​ငါ့မိသားစုနဲ့​တွေ့ဖို့အဆင်​သင့်​မဖြစ်​​သေးဘူးလား?မဖြစ်​​သေးရင်​ငါ ကားကို​နောက်​ပြန်​လှည့်​လိုက်​မယ်​​လေ ပြီး​တော့ ငါတို့ Japan ကိုသွားကြတာ​ပေါ့"

"No!ငါနင့်​မိသားစုနဲ့​တွေ့ဖို့အသင့်​ဖြစ်​​နေပါပြီ~ဒီအတိုင်းစိတ်​လှုပ်​ရှား​သလိုခံစား​နေရလို့ပါ~ဒါ​ပေမယ့်​ Okay ပါတယ်​"

Tiffany~Eye smile ​လေး​ပေါ်​အောင်​ပြုံးရင်း​ဖြေသည်​။Taeyeon လဲပြန်​ပြုံးပြပြီး ထိုင်​ခုံခါးပတ်​ဖြုတ်​၏

"Eh နင်​ဘယ်​သွားမလို့လဲ?"

"​ငါတို့​ရောက်​​နေပြီ​လေ"

"အမ်​??!!!"

Taeyeon အိမ်​က Jeonju ရဲ့ဆင်​​ခြေဖုံးအရပ်​မှာတည်​ရှိပြီး Medium size နှစ်​ထပ်​တိုက်​အိမ်​ဖြစ်​၏။အိမ်​ကအရမ်းမကြီး​ပေမယ့်​ သန့်​ရှင်းသပ်​ယပ်​​နေပြီး Landscape ​တွေနဲ့အလှဆင်​ထားသည်

"ဒါငါ့အိမ်​ပဲ~ငါကြီးပြင်းလာတဲ့​နေရာပဲ"

Taeyeon ​ဆေးအပြာ​ရောင်​သုတ်​ထားတဲ့ ဝင်းတံခါး​ရှေ့မှာရပ်​ပြီး​ပြောသည်

"WoW!Nice"

"အထဲဝင်​ရ​အောင်​!ဒီအချိန်​ဆို Hayeon က​ကျောင်းမှာပဲ​ရှိ​လောက်​​သေးတယ်​!Jiwoong က​တော့ဆိုင်​မှာ~ဒါ​​ပေမယ့်​လဲ Omma ​တော့ရှိ​လောက်​မယ်​ထင်​တယ်​"

"ဟမ်​?"

"ခဏ​နေကျရင်​ နင်​သူတို့နဲ့​တွေ့ရမှာပါ~စိတ်​​အေး​အေးထားပါဟ"

Taeyeon,Tiffany လက်​​လေးကိုကိုင်​ပြီးအိမ်​ထဲဝင်​သွားသည်​။သူတို့မီးဖိုခန်းထဲကိုတန်း​လျှောက်​သွား၏။ပန်းကန်​​ဆေး​နေတဲ့ မိခင်​ဖြစ်​သူကို Taeyeon ​တွေ့လိုက်​၏။

"Omma"

သက်​လတ်​ပိုင်းအရွယ်​အမျိုးသမီး​နောက်​ကိုလှည့်​ကြည့်​သည်​။မ​တွေ့ရတဲ့တစ်​နှစ်​နီးပါးရှိ​နေပြီဖြစ်​တဲ့ သမီးဖြစ်​သူကို​​တွေ့လိုက်​ရပြီး မျက်​လုံး​တွေဝိုင်းစက်​သွား၏

"Taeyeon"

သမီးဖြစ်​သူဆီ​ပြေးသွားပြီး တင်းကျပ်​စွာဖက်​သည်​။

"သမီးပြန်​လာတယ်​!ဘာလို့ Omma ဆီဖုန်းဆက်​ပြီးမ​ပြောရတာလဲ?"

"Omma ကို Surprise လုပ်​ချင်​လို့​ပေါ့~ဟီးဟီး"

"Haish!ဘယ်​​တော့မှကိုမ​ပြောင်းလဲဘူးပဲ!Omma~Heart attack ရတာကိုမြင်​ချင်​တယ်​​ပေါ့..ဟုတ်​လား?"

"အဲ့လိုမဟုတ်​ရပါဘူး Omma ရ"

ဘေးမှာရပ်​​နေတဲ့ Tiffany က​တော့ထိုမြင်​ကွင်း​လေးကိုကြည့်​ပြီး ပြုံး​နေ၏။

"Oh!Omma~ဒါ Tiffany တဲ့!သမီးချစ်​သူပါ"

"​တွေ့ရတာ ဝမ်းသာပါတယ်​ Mrs.Kim"

ဦးညွတ်​နှုတ်​ဆက်​ရင်း Tiffany ​ဖြေ၏။ထိုအမျိုးသမီးမျက်​နှာ​အနည်းငယ်​​ပြောင်းလဲသွားတာကို သူမသတိထားမိသည်​။Taeyeon သူမကိုချစ်​သူအဖြစ်​မိတ်​ဆက်​​ပေး​တော့ အံ့သြသွားပြီး မ​ကျေနပ်​တဲ့အရိပ်​​အ​ယောင်​​လေးကိုမြင်​လိုက်​ရ၏။ဒါ​ပေမယ့်​ ခဏ​နေ​တော့ ထိုအမျိုးသမီး​နွေး​ထွေးတဲ့အပြုံး​လေးနဲ့ပြန်​ပြုံးပြတာ​ကြောင့်​ Tiffany ဝမ်းသာသွားရ၏

"Tiffany sii!Taeyeon နဲ့လိုက်​လာတာ​ကျေးဇူးပါ~ခရီးက​ရော ဘယ်​လို​နေလဲ??"

"နည်းနည်း​ဝေး​ပေမယ့်​ ဒီ​ဒေသကိုမြင်​လိုက်​ရလို့ကျွန်​မဝမ်းသာပါတယ်​!အ​ဆောက်​အဦး​တွေကား​တွေနဲ့ပြည့်​ကျပ်​​နေတဲ့ မြို့လိုမဟုတ်​ပဲ ​အေး​ဆေးပြီးအရမ်းလှတာပဲ"

"ဟုတ်တယ်​~ဒီ​နေရာကမြို့နဲ့​တော့​ဝေးတယ်​!သမီးတို့နှစ်​​ယောက်​ အဆင်​​ပြေ​ပြေနဲ့​ရောက်​လာလို့ဝမ်းသာပါတယ်​!ကားအကြာကြီးစီးလာရတာ ပင်​ပန်း​နေမှာပဲ!Taeyeon~သမီး Tiffany ကိုအ​ပေါ်ထပ်​​ခေါ်သွား​ပေးလိုက်​​လေ!ခဏ​နေကျမှ Tea သောက်​ဖို့ ​Omma လာ​ခေါ်မယ်​"

"Ah~ကျွန်​မ အတွက်​နဲ့အလုပ်​ရှုပ်​​နေပါဦးမယ်​ Mrs.Kim!ကျွန်မအဆင်​​ပြေပါတယ်​"

"မဟုတ်​​သေးဘူး​လေ!သမီးကအိမ်​ကိုလာတဲ့ဧည့်​သည်​​လေ!ပင်​​ပန်း​နေမှာ​ပေါ့~ကိုယ့်​အိမ်​ကိုယ့်​ရာလိုသ​ဘောထားပါ!
အိမ်​ကကျဉ်း​ပေမယ့်​ သမီးအတွက်​အခန်း​တွေရှိပါတယ်​!Oh~​မေ့သွားလို့!တခြားအခန်းမလိုဘူးပဲ!Tae သမီးအခန်းကိုပဲ​ခေါ်သွားလိုက်​​လေ"

"ဟုတ်​ Omma"
________________

"Taetae နင့်​အခန်းကဘယ်​မှာလဲ?"

"ဘယ်​ဘက်​ကဒုတိယ​မြောက်​အခန်း"

Taeyeon ကြီးပြင်းလာတဲ့​နေရာ​လေးကိုမြင်​ရလို့ Tiffany ​ပျော်​​နေ၏။
တံခါးဝ "Taeyeonie's Room" လို့​ရေးထားတဲ့အခန်း​ရှေ့မှာရပ်​လိုက်​ပြီး လက်​ကိုင်​​လေးကိုလှည့်​ကာဖွင့်​သည်

"YAHHHHHHH"

လက်​နှစ်​ဖက်​မှာ အထုပ်​အပိုး​တွေအပြည့်​နဲ့ဒုက္ခ​ရောက်​​နေတဲ့ Taeyeon ​~ချစ်​သူ​အော်​သံကြားပြီး အ​ပေါ်ထပ်​ကိုအ​ပြေးအလွှားတက်​ကြည့်​သည်

"Pani!ဘာဖြစ်​တာလဲ?ဘာဖြစ်​လို့လဲ??"

ဒါ​ပေမယ့်​ Tiffany ရဲ့ပြုံးဖြီး​နေတဲ့မျက်​နှာကြီးကိုမြင်​ပြီး

"ဘာလို့အဲ့လိုကြီးပြုံး​နေတာလဲ??"

Tiffany အထဲကိုလက်​ညိုးထိုးပြသည်​။Taeyeon လက်​ညိုးထိုးပြတဲ့​နေရာကိုကြည့်​လိုက်​​တော့

"Oh ​သေစမ်း!Omma ကိုအဲ့ဒါ​တွေသိမ်း
ပေးဖို့​ပြောဖို့​မေ့သွားတယ်​"

Tiffany အခန်းထဲကိုဝင်​လာပြီး

"ဒါဘာ​လေးလဲ Taetae?ချစ်​စရာ​လေး"

Tiffany စိမ်းဝါ​ရောင်​အရာ​လေးတစ်​ခုကို
ကိုင်​ကြည့်​ပြီး​မေးသည်

"အဲ့ဒါကို Dookoong လို့​ခေါ်တယ်​"

"Dookoong?ဘာလို့အများကြီးရှိ​နေတာလဲ?"

အခန်းတစ်​ဝက်​ပြည့်​လုနီးပါးအထိရှိ​နေတဲ့ Size မျိုးစုံနဲ့ Dookoog အရုပ်​​တွေကိုမြင်​ပြီး Tiffany အံ့သြတကြီး​မေးသည်​။အကြီးဆုံး Size ကလူ့အရွယ်​အစား​လောက်​ရှိပြီး အ​သေးဆုံး​လေးက ခဲဖျက်​အရွယ်​​လောက်​ရှိသည်​။Tiffany တိတ်​တိတ်​​လေး​ရေတွက်​ကြည့်​​တော့ 100 ​မြောက်​​လောက်​မှာ သူမဆက်​မ​ရေတွက်​နိုင်​​တော့

"အမ်​~ဒီအတိုင်းပဲ ကြိုက်​လို့​လေ"

သူ့ကိုကြည့်​​ရတာ ရှက်​​နေပြီးဝမ်းနည်း​နေတဲ့ပုံပဲ!ချစ်​သူဆီက​နေအကြည့်​လွှဲလိုက်​ပြီး အထုပ်​အပိုး​တွေနဲ့အလုပ်​ရှုပ်​ချင်​​ယောင်​​ဆောင်​​နေ၏

"Taetae"

"ဟမ်​?"

Tiffany~Taeyeon လက်​​လေးကိုဆွဲပြီးကုတင်​ရှိရာသို့​လျှောက်​သွားကာ ထိုင်​​စေပြီး သူမ​က​တော့ Taeyeon ​ပေါင်​​ပေါ်မှာတက်​ထိုင်​သည်​။

"Taetae"

"Hmm"

"ဘာလို့လဲ?ရှက်​စရာမလိုပါဘူး~ငါ Taetae ရဲ့က​လေးဆန်​ပြီး Cute ဖြစ်​တဲ့ပုံစံ​လေးကိုလဲသ​ဘောကျပါတယ်​ဟ"

"အမ်​??ငါ Cool မဖြစ်​တာကိုပြဿနာမရှိဘူး​ပေါ့?ငါနင့်​ရဲ့Cool
Prince Charming မဟုတ်​​တော့ဘူးလား?"

"နင်​ကငါ့ရဲ့ Cool Prince Charming လို့ဘယ်​သူက​ပြောလဲ?"

Taeyeon ​နှုတ်​ခမ်း​လေးမဆူခင်​ Tiffany နမ်းလိုက်​သည်​။

"နင်​ကငါ့ရဲ့ Cool Prince Charming မဟုတ်​ပါဘူး~Lovely Dorky Princess ​လေးပါ"

Taeyeon မျက်​​မှောင်​ကြုတ်​ပြီး

"အာ့ဆို ငါက Princess ဆိုရင်​ နင်​က Prince လား?"

Taeyeon ကအမြဲတမ်း သူတို့ Relationship မှာသူက ​ယောကျာ်း​လေး​နေရာကပဲစိတ်​ကူးထား၏။

Tiffany ​ခေါင်း​လေးခါပြီးတခစ်​ခစ်​ရယ်​ကာ

"Princess ကအမြဲတမ်း Prince နဲ့ပဲမညားပါဘူးဟ!ပြီး​တော့ ငါတို့ကိစ္စမှာငါက Prince လဲမဟုတ်​သလို Princess လဲမဟုတ်​ဘူး!ဒါ​ပေမယ့်​ ငါက Queen~နင့်​နှလုံးသားရဲ့ Queen"

ထိုစကား​ကြောင့်​ Taeyeon ရယ်​မိပြီး

"Okay~Accepted"

သူတို့နှုတ်​ခမ်းချင်း ထပ်​ပြီး ဆက်​သွယ်​လိုက်​ကြပြန်​၏။Taeyeon ​ခေါင်း​လေး​မော့ပြီး အနမ်းကိုနက်​ရှိုင်း​ချင်​​ပေမယ့်​ ရုတ်​တရက်​ Tiffany ​ခွာလိုက်​တာ​ကြောင့်​​ကြောင်​သွား၏

"ဘာဖြစ်​လို့လဲ?"

"အာ..ငါတို့ကိုကြည့်​​နေသလိုခံစား​နေရလို့"

"စိတ်​မပူပါနဲ့ ~Omma ကမီးဖိုခန်းထဲမှာ!ပြီး​တော့ ငါတို့နှစ်​​ယောက်​အ​ကြောင်းလဲ Omma သိ​နေပြီးသား​လေ!အဲ့​တော့?"

"ငါနင့်​ Omma အ​ကြောင်း​ပြောတာမဟုတ်​ဘူးဟ"

"အာ့ဆို ဘယ်​သူလဲ?"

"သူတို့"

Tiffany ~ အစိမ်း​ရောင်​ပဲစိပုံကြီးကို
လက်​ညိုးထိုးပြသည်

"သူတို့ ငါတို့ကိုကြည့်​​နေသလိုခံစား​နေရတယ်​"

"Ptttf!Pani ရ!သူတို့မကြည့်​ပါဘူးဟ~​ဒါ​ပေမယ့်​ နင်​သူတို့ကို​ကြောက်​​နေတယ်​ဆိုရင်​​နောက်​မှ ငါအ​ဝေးမှာထားလိုက်​မယ်​​လေ"

ချစ်​သူမျက်​နှာ​ပေါ်က​နောက်​ထပ်​အကြည့်​တစ်​ခုကို Tiffany သတိပြုမိသည်​။ဒီပဲစိ​တွေအ​ကြောင်း ​ပြောတိုင်း Taeyeon တုံ့ပြန်​ပုံကထူးခြား​နေ၏

"ဒါ​တွေက နင့်​ Appa ​ပေးထားတာ​တွေလား?"

Tiffany ရုတ်​တရက်​​မေးလိုက်​​တော့ Taeyeon အ​ဝေးကိုကြည့်​သည်​။

သူမ​မေးတာမှန်​သွားပြီးဆိုတာ Tiffany သိလိုက်​၏၊Taeyeon ကြည့်​ရတာ ဝမ်းနည်း​နေပုံ​ပေါက်​တာမထူးဆန်း​တော့ပါဘူး~ဒီပဲ​စေ့အရုပ်​​တွေက Taeyeon ဖခင်​ကိုသတိရ​စေတာ​နေမှာ!Taeyeon သူမကိုအခုထိ သူမဖခင်​အ​ကြောင်း​ပြောဖို့အသင့်​မဖြစ်​​သေးဘူး~ဒါ​​ပေမယ့်​ တစ်​​နေ့ကျရင်​​သေချာ​ပေါက်​​ပြောပြမယ်​လို့ကတိ​ပေးထားလို့ Tiffany ကလဲအဲ့ဒီ​နေ့ကို​ရောက်​လာဖို့ စိတ်​ရှည်​ရှည်​နဲ့​စောင့်​​နေ၏

"သူတို့ကိုအ​ဝေးပို့စရာမလိုပါဘူး~သူတို့က ချစ်​စရာ​ကောင်းပါတယ်​ဟ"

ထို့​နောက်​ပဲ​စေ့​လေး​တွေကိုတစ်​ခုပြီးတစ်​ခုထုတ်​ယူပြီး အိပ်​ရာ​ပေါ်မှာစီလိုက်​သည်

"ဒါကိုကြည့်​ဦး Taetae!ဒီတစ်​ခုကငါ့လိုပဲ
Eye smile ​လေးရှိတယ်​ထင်​တယ်​"

"​တွေ့လား??ငါတို့တူတယ်​မလား?"

Eye smile ​လေး​ပေါ်​အောင်​ပြုံးပြသည်။

"Hmm တူပါတယ်​~ဒါ​ပေမယ့်​ လုံးဝ​တော့မတူဘူး!ငါဒီတစ်​ခုကိုပိုကြိုက်​တယ်​"

Taeyeon,Tiffany လက်​ထဲကအရုပ်​​လေးကိုလုယူပြီးအ​ဝေးကိုလွှင့်​ပစ်​ကာ
Eye smile ​လေးနဲ့​ကောင်​မ​လေးကိုနမ်းသည်

ရုတ်​တရက်​ထွက်​​ပေါ်လာတဲ့တံခါး​ခေါက်​သံ​ကြောင့်​ ​ကောင်​မ​လေးနှစ်​​ယောက်​တွန့့်​သွားပြီး ခွာလိုက်​ကြသည်

"Tae~ Tiffany ကို​အောက်​ထပ်​​ခေါ်ခဲ့​တော့​နော်​!Omma~Cake နဲ့ Tea ပြင်​ထားတယ်​"

"အာ..ဟုတ်​ကဲ့ omma!လာပြီ"

ခြေသံ​တွေ​အ​ဝေးကို​ရောက်​သွားသံကြားပြီး သူတို့နှစ်​​ယောက်​ရယ်​မိကြသည်​။

"ငါ heart attack ရ​တော့မလို့"

"Fuhh!ငါ​ရောပဲ!အာ့ဆို ​အောက်​ဆင်း
ကြစို့​လေ~​နောက်​မှဆက်​လုပ်​ကြတာ​ပေါ့"
_______________________

Continue lendo

Você também vai gostar

510K 34.3K 31
story description>>>>> start-5/10/2021 end-1/1/2022
493K 43.7K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
245K 14.8K 40
My priority /property/privacy
14.7K 1K 9
အစိမ်းရောင် (.....) အောက်မှာ ကျရှုံးခြင်း Cover photo by Lwin Min Khant