စွန်

By HunnieMon

53K 5.4K 605

လွန်၏နောက်ဆက်တွဲအချစ်စာမျက်နှာများ More

{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
Not April Fool
{11}
{12}
{13}
{14}
To Heaven ficbook
ဇာတ်ပေါင်းခန်း (သို့) ဇာတ်သိမ်းခန်း

{1}

7.3K 491 18
By HunnieMon

ဒေါက် ဒေါက် ဒေါက် ဒေါက်

ကြွေဖြူ တွေခင်းထားတဲ့ သန်မံတလင်းပေါ် ဘယ်ညာညီညီ တချက်ချင်းနင်းလျှောက်လာတဲ့ shoe ဖိနပ်သံထွက်ပေါ်လာသည်နှင့် ခုနလေးတင် တတွတ်တွတ်နဲ့ဆူညံနေသည့် ပတ်ဝန်းကျင်တခုလုံး ချက်ချင်းငြိမ်ကျသွားသည်။

"အဆင်ပြေခဲ့လား Dr."

reception ရှေ့ခြေလှမ်းတွေရပ်တန့်လိုက်တော့ သူနာပြုကြီး Nam က နှုတ်ဆက်စကားဆိုတယ်

"ပြေတယ် Nam case တွေကုန်သလောက်ဖြစ်နေပြီမဟုတ်လား"

မနေ့ကမနက်ခင်းထဲကခရီးသွား car accident ဖြစ်ပြီးရောက်လာတဲ့ လူနာတွေကြောင့် ကျွန်တော်အပါအဝင် ဆရာဝန်များ ပျာယာခတ်အောင်အလုပ်ရှုပ်ကြရတာ surgeon ဆိုတော့ပိုဆိုး ၂၄ နာရီလုံးလုံးမနားတမ်းခွဲစိတ်ထားရတော့ လူကနွမ်းလှပြီ အရင်တညကလဲ သူများအစား night duty ကဆင်းပေးထားရသေးတော့ ကျွန်တော်အခုနားချင်လှပြီ

"Dr. နားတော့လေ ၂ ရက်ဆက်တိုင်တောင်ဖြစ်နေပြီ Dr.Park လဲရောက်နေပြီပဲ"

"Park Chanyeol ဘယ်တုန်းကမှရောက်တာလဲ"

"အဲ ခုနကမှ"

စိတ်ထဲတိုသွားသလို ကျွန်တော့်လေသံနဲနဲမာသွားတော့ Nam တောင်လန့်သွားသလိုလို ကျွန်တော့်လေသံလေးနဲနဲမာသွားတာနဲ့ အားလုံးလန့်ဖျန့်သွားတတ်တာ ဝသီလိုဖြစ်နေကြပြီ။

Park Chanyeol မင်းတော့သေပြီမှတ်

စိတ်ထဲကကျိန်ဆဲလိုက်ရင်း Chanyeol ရှိမည့် နားနေခန်းဆီအမြန်သွားလိုက်တယ်

"Park Chanyeol!!"

အပေါက်ဝဘက်ကိုကျောပေးပြီး အခုမှ Juty Coat အသဲအသန်ဝတ်နေတဲ့ Chanyeol တယောက် လန့်ပြီးတုန်ကနဲ

"ဟီး ဟီး wuri doctor ကြီး အရမ်းပင်ပန်းနေပြီလား ဟယ် မျက်တွင်းတွေလဲမဲလို့"

"အပိုတွေမပြောနဲ့ တိတ်စမ်း night jutyလေးတညပဲအစားဝင်ပေးပါဆိုပြီး မနေ့ကတနေ့လုံးရော ခွင့်မတိုင်ဘဲ ဘယ်ပျောက်နေရတာလဲ"

မျက်နှာထားနဲ့လေသံကို တချက်မှမလျော့ဘဲ မေးမှ မျက်နှာပိုးပြန်သတ်ပြီး

"ငါခရီးလွန်သွားလို့ပါကွာ တောင်းပန်ပါတယ်နော်"

Chanyeol နဲ့ ကျွန်တော် သက်တူရွယ်တူ ဆေးကျောင်းတတ်စဉ်ကာလတလျောက်လုံး အတူတူတတ်ခဲ့တဲ့သူငယ်ချင်းတွေမို့ ရင်းနှီးစွာ မင်း နဲ့ ငါ ဆက်ဆံကြသည်မှာမှန်သော်လည်း လုပ်သက်အားဖြင့် ကျွန်တော်ကဝါကြီးသည်
ဒီဆေးရုံမှာဆို ကျွန်တော်က Senior သူက Junior
တနှစ်လောက်အလေလိုက်ပြီးယောင်ဝါးဝါးလုပ်ခဲ့တဲ့ Chanyeol အပြင်မှာဆို ကျွန်တော့်ကိုအမြင်ကပ်ကြောင်းတွေခနခနပြောတတ်ပါရဲ့။

"မြန်မြန်သွား ခွဲစိတ်ဖို့လူနာ တယောက် ၂ ယောက်ကျန်သေးတယ် operation ခန်းထဲမင်းဦးဆောင်ပြီးဝင်တော့"

"Yes Sir"

သူ့မူအတိုင်း သွား ၃၂ ချောင်းလုံးပေါ်အောင်ရီပြကာ အလေးပြုပြီးထွက်သွားပြန်တယ်
ဒီကောင်ကြီးအခုထိကလေးဆန်တုန်းပဲ။

အရမ်းအိပ်ချင်နေတဲ့မျက်ဝန်းတွေကိုအနားပေးရန် Chanyeol နဲ့ ကျွန်တော်တယောက်တလှည့်အိပ်နေကျ ကုတင်ငယ်လေးပေါ်ကျောဆန့်မိခါရှိသေး

"Dr. ကြီး"

အခန်းပြင်က အသံကြောင့် စိတ်ကထောင်းကနဲ

"မင်းမသွားသေးဘူးလား Chanyeol"

ငုတ်တုပ်ပြန်ထထိုင်မိရင်းကအော်မေးတော့ မျက်နှာကြီးကိုမနဲငယ်ပြကာ လေသံတိုးတိုးပြောတယ်

"ဒီ case ကလေ ငါဦးမဆောင်နိုင်ဘူးကွ ငါမင်းရဲ့ Assit ပဲလုပ်ပေးမယ်လေနော်"

အဲလိုတွေ Park Chanyeol တို့နှိပ်စက်ချက်တွေနဲ့ပဲ ခွဲခန်းသို့နောက်တခေါက်ပြေးရပြန်တယ်

"Coffee ဖျော်ပေးမယ်နော် ဗိုက်လဲဆာတယ်မှတ်လား ဒီမှာအားလုံးအဆင်သင့်ပဲ Sambae"

"မင်းဒီတခါတော့ တော်တော်များသွားပြီနော် ခွင့်မတိုင်ဘဲပျက်တာဒါနောက်ဆုံးဖြစ်ပါစေ ပြီးတော့ အမြဲငါ့ assit ပဲလုပ်နေလို့မရဘူးလေ မင်းဘာသာဦးဆောင်နိုင်သင့်ပြီ အတွေ့အကြုံလဲရှိနေပြီ နေရာတကာ ပေါ့ပေါ့ရွတ်ရွတ်လုပ်မနေနဲ့တော့"

လူပင်ပန်းတာရယ် စိတ်မကြည်တော့တာရယ်ပေါင်းပြီး သူဖျော်ပေးတဲ့ကော်ဖီခွက်ကိုယူရင်း အားမနာစွာငေါက်မိပြန်တယ်

"ဒါနောက်ဆုံးပါနော် တကယ်ပြောတာပါ"

ချက်ချင်းပဲငိုချတော့မလို မျက်လုံးဝိုင်းကြီးတွေနဲ့ သနားအောင်လုပ်ပြနေပြန်တော့

"မင်းနဲ့တော့ကွာ"

ကိုယ့်သူငယ်ချင်းကို ဆက်မဆူရက်စွာ လွှတ်ပေးလိုက်ရပြန်တယ်

"Jong Innie ငါဒီနေ့လဲမင်းသူငယ်ချင်းဆူတာခံရပြန်ပြီ"

အိမ်ပြန်ဖို့ပစ္စည်းတွေသိမ်းနေတဲ့ကျွန်တော်ကြားအောင် သူ Kai ဆီလှမ်းတိုင်နေပြန်ပြီ Park Chanyeol တကယ်ကလေးစိတ်မပျောက်သေးတာ

Kai နဲ့ သူက မူလတန်းထဲကကွဲကွာသွားတဲ့သူငယ်ချင်းဆိုပြီး သူက Jong Innie ဟုခေါ်တတ်ကာ သိပ်ခင်တွယ်ပြတတ်ပေမယ့် ကျွန်တော်သိတဲ့ Kim Kai ကတော့ သူပုံအတိုင်းခပ်တန်းတန်းရယ်
ဆေးကျောင်းတတ်မှ Kai နဲ့လဲပြန်တွဲမိရင်း Chanyeol ပါအစစ်ပါလာပေမယ့် နောက်ဆုံး major ပြန်ခွဲတော့ Kim Kai က surgeon စိတ်မဝင်စားဟုဆိုကာ သူရွေးချယ်သွားသည်က စိတ်ရောဂါကုဆရာဝန်ဟူသည့် ဂုဏ်ပုဒ်တခုကို။

"Jong In လဲတူတူပဲ သူ့လူဘက်ကပဲ ငါ့ကိုဆူဖို့ဆိုနှစ်ယောက်လုံးသိပ်တူကြတာ တော်ပြီ ဒါပဲ"

ဟိုဘက်က Kai ဘာပြောလဲမသိ Park Chanyeol တော့စိတ်ကောက်ပြန်ပြီထင်သည်။

"ငါပြန်ပြီနော် မင်းလူနာတွေသေချာဂရုစိုက်ပေးဦး"

"nae nae ဒါနဲ့ မင်းအရမ်းအိပ်ချင်နေတယ်မှတ်လား ဒီမှာပဲအိပ်လိုက်ပါလား"

"အဝတ်အစားတွေမရှိတော့ဘူး အိမ်မှာပဲပြန်နားတော့မယ်"

တခွန်းထက်ပိုပြီးပြောလဲ မရတတ်တဲ့ကျွန်တော့်ကို Chanyeol ကလဲအထာနပ်စွာဆက်မပြော

"အင်းပါ ကားသေချာမောင်းဦး"

ခေါင်းသာညိတ်ပြခဲ့ပြီး မှိတ်ကျချင်နေပြီဖြစ်တဲ့ မျက်ခွံလေးလေးတို့ကို မနည်းပြူးပြဲဖွင့်ကာ အိမ်ပြန်ဖို့လုပ်ဖြစ်တယ်

အထက်တန်းနောက်ဆုံးနှစ် အင်းး တိတိကျကျပြောရမယ်ဆို သူ နဲ့ခွဲခွာဖြစ်ခဲ့တဲ့အချိန်ထဲက စာနဲ့အလုပ်သာ ခေါင်းထဲပြွတ်သိပ်ထည့်ထားခဲ့ပေမယ့် နှလုံးသားကတော့ ရံဖန်ရံခါ အားတဲ့အချိန်တိုင်းလိုလို သူ့ကိုတောင့်တတတ် လွမ်းမောတတ်သေးသည် သူရောအခုဘယ်မှာ ဘာတွေလုပ်နေလိမ့်မလဲ?
အထက်တန်းပြီးတော့ အိမ်ပြောင်းသွားသည်ဟူသောသတင်းတစ်ခု Kai ဆီကကြားပြီးထဲက ဘာဆိုဘာမှထပ်မသိရတော့အောင် သူပျောက်ကွယ်သွားခဲ့တာ။

မုန်းနေသေးလားမေးရင် ကျွန်တော်သူ့ကိုမမုန်းပါ သူ့အကျင့်တွေ သူ့အချစ်တွေကို ကြောက်ရွံမိခဲ့ရုံသာ

ချစ်နေသေးလားမေးရင်တော့ ကျွန်တော်မဖြေတတ်ပါ သို့သော် သူ့အကြောင်းပြန်စဉ်းစားမိတိုင်း ကျွန်တော်ရင်နာတတ်ရပါသေးသည်။

ပြန်ဆုံစည်းချင်သေးလားဆိုရင်လဲ သူနဲ့ကျွန်တော် အားလုံးပြောင်းလဲသွားတာ သေချာသောအချိန်ကျရင်တော့ ပြန်လည်တွေ့ဆုံချင်ပါသေးသည်
သို့သော် ဒီလောက်နှစ်တွေချီအောင်ကြာပြီးမှတော့ သူကျွန်တော့်ကိုမေ့နေရောပေါ့~

ဒီနေ့မှပဲကျွန်တော်သူ့ကိုသိပ်လွမ်းနေမိတယ်။

စိတ်တခြား ကိုယ်တခြားဖြစ်နေကာ တချက်တချက် ကားမောင်းရင်းငိုက်လာတာကို သတိသေချာကပ်ထားနိုင်သေးပေမယ့် မျက်လုံးတွေကဝေဝေဝါးဝါး

ရုတ်တရက် ပြေးထွက်လာတဲ့ လူတယောက်ကို ကျွန်တော်သတိထားမိမိချင်း ဘရိတ်ကိုအမြန်ဆွဲလိုက်ချိန် သူက ကားရှေ့ပုံကနဲ

ကားနဲ့တိုက်မိပြီဆိုတဲ့အသိနဲ့ ခေါင်းထဲဒိန်းကနဲ
ပူထူကာ အယောင်ယောင်အမှားမှားနဲ့ ချက်ချင်းထွက်မကြည့်မိဘဲ ဆေးရုံမှာကျန်ခဲ့တဲ့ Chanyeol ဆီဦးစွာဖုန်းခေါ်မိတယ်

"Chan chanyeol yah ငါ ငါ လူတယောက်ကိုကားနဲ့တိုက်မိပြီထင်တယ်"

စိတ်အေးအေးထားပြီးသွားကြည့်ဖို့ သူဆေးရုံကားနဲ့လိုက်လာမယ်ဆိုတာတွေ Chanyeol ပြောအပြီးမှာ မဝင့်မရဲ ကျွန်တော်ကားပေါ်ကဆင်းလာမိတယ်

ကားရှေ့လဲကျနေသူရဲ့ မျက်နှာကိုမမြင်ရသေးခင် သတိထားမိတာက ဆေးရုံဝတ်စုံ

"ဟင် ငါတို့ဆေးရုံကလူနာလား"

ကိုယ့်လူနာဆိုတဲ့အသိနဲ့ နဲနဲသွေးအေးလာမှ ထိုခန္ဓာကိုယ်သေးသေးလေးဆီပွေ့မမိတယ်

ဘယ်နားထိခိုက်သွားသေးလဲ ဆရာဝန်ပီပီ ရှာဖွေစစ်ဆေးတော့ ဘာဒဏ်ရာမှမရှိ
ဆံနွယ်ရှည်ရှည်တွေဖုံးအုပ်နေတဲ့ မျက်နှာပေါ်ကို အခုမှအကြည့်ပို့မိသည့်တခန ကျွန်တော့်ကမ္ဘာကြီးရပ်တန့်သွားတယ်

"Han"

တဒုန်းဒုန်းခုန်နေတဲ့ ရင်ဘတ်ကြီးကို ခေတ္တမျက်ကွယ်ပြုကာ ထွေးပွေ့ထားမိတဲ့ သူ့ကို လှုပ်နှိုးသော်လည်း မရ
သွေးခုန်နှုန်းတွေ နှလုံးခုန်မခုန်တွေအမြန်စမ်းကြည့်တော့လဲ အားလုံးပုံမှန်
အရမ်းလန့်ပြီးများ Shock ရသွားလေသလားတွေးမိပေမယ့် သတိမရသေးတဲ့ သူ့ကြောင့် ပူလောင်နေတဲ့ရင်ဘတ်ကြီးကိုအဖော်ပြုကာ ဆေးရုံကားကိုမစောင့်ဘဲ ကိုယ်တိုင်သာ ကားပြန်မောင်းပြီး ကျောပေါ်ပိုးကာ ဆေးရုံထဲပြေးဝင်တော့တယ်

ကျေးဇူးပြုပြီးဘာမှမဖြစ်လိုက်ပါနဲ့ Han ရယ်~~~

Continue Reading

You'll Also Like

10.2M 600K 69
#Dec - 20 - 2019 #Moewathan #Art by Maythitsar🌹 ယခုဇာတ်လမ်းတွင်ပါဝင်သော အကြောင်းအရာများနှင့် ဇာတ်လမ်း ဇာတ်ကွက်များဟာ စာရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်...
590K 37.5K 75
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
2.7M 75.2K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
178K 26.7K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."