ငါကနေ့တိုင်းအချိုတွေကျွေးနေတယ...

phyolay1991

20.2K 2.7K 18

DESCRIPTION 💥 December 19, 2023 Title - It Is Said That I Give Out Sugar Everyday ငါက နေ့တိုင်းအချိုတွေကျွေ... Еще

ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
ငါကနေ့တိုင်းအချိုတွေကျွေးနေတယ်တဲ့
chapter 48
chapter 49
chapter 50
chapter 51
chapter 52
chapter 53
chapter 54
chapter 55
chapter 56
chapter 57
chapter 58
chapter 59
chapter 60
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70

chapter 61

170 30 0
phyolay1991

🍬Chapter 61
------------

အနမ်းပေးခြင်းပညာကို နာရီဝက်ခန့် လေ့ကျင့်ပြီးသွားပြီးနောက်၊ ချီချန်အန်း ဖုန်းပြောနေစဉ်တွင်၊ ရွှီလော့ယန်က သူ့ဖုန်းကိုထုတ်ကာ သူ့ရဲ့လျှို့ဝှက်အကောင့်သို့ ဝင်၍၊ နောက်ဆုံးတင်ထားသည့် ပို့စ်ကိုပြန်ဖျက်ကာ၊ ပို့စ်အသစ်ထပ်တင်လိုက်သည်။ သူက ချန်အန်းကောကော ဟုရေးထားသည်ကို ချီချီ ဟုပြန်ပြင်လိုက်သေးသည်။

ထို့နောက် စစ်စတန်မှ အလိုအလျှောက်လာ၍ follower အဖြစ်ပေးထားသည့်သူများကို ဘလော့လိုက်ပြီးသွားမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ထိုလျှို့ဝှက်အကောင့်လေးထဲတွင် မည်သူ့ကိုမျှပေးမသိနိုင်သည့် သူ၏လျှို့ဝှက်ချက်လေးများစွာရှိနေသည်။ သူ့ပရိသတ်များ၏ စုံထောက်စွမ်းရည်ကို သူကလုံးဝလျှော့မတွက်ရဲပေ။ 'ချီ' နှင့် 'ရွှီ' မျိုးရိုးနာမည်များက ရှားပါးသည့်နာမည်များမဟုတ်သော်လည်း ၊ အကယ်၍ ချန်အန်းဟူသည့် နာမည်နှင့်တွဲထားလိုက်ပါက မိနစ်အနည်းငယ်အတွင်း သူမှန်းပေါ်သွားနိုင်သည်။

သို့သော် သူဖော်ထုတ်ခံလိုက်ရပါကလည်း လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတစ်ပုဒ်အတွက် သူ့အလုပ်မှရသည့် အကြံဉာဏ်များဟု သူပြော၍ရနိုင်မည်လား။ ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုမှားမယ့်ပုံတော့ မပေါ်ဘူး။

ချီချန်အန်း ‌ဖုန်းပြောပြီးသွားသည့်အခါ၊ ရွှီလော့ယန်က သူ့ဖုန်းကိုစိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် ဖုန်းကို ဟိုဒီတို့လျက်သုံးနေတာကို မြင်လိုက်ရသည်။ သူ့မျက်နှာအမူအယာတို့ကလည်း တစ်ခုပြီးတစ်ခုပြောင်းနေလေ၏။ သို့နှင့်သူလည်း သူ့ဝေးပေါ်အကောင့်ကိုဖွင့်ကာ 'ရှီနျောင်နျောင်၏ခံစားချက်သေးသေးလေး' ကိုရှာလိုက်သည်။ 'ချန်အန်းကောကော'ကို 'ချီချီ'ဟု ပြောင်းထားကြောင်းတွေ့လိုက်ရသည်။

ရွှီလော့ယန် ဤကဲ့သို့ပြောင်းလိုက်ရသည့် အကြောင်းအရင်းကို စဉ်းစားမိသောအခါ ချီချန်အန်းမနေနိုင်စွာ ပြုံးလိုက်မိသည။

သူ့ရဲ့ နျောင်နျောင်လေးကတော့လေ...။

ရွှီလော့ယန်သူ့ဖုန်းကို ပြန်မပိတ်ခင်အထိ ရပ်စောင့်နေပြီးမှ ချီချန်အန်းက သူ့ထံသို့ လျှောက်သွားကာ "ဘာတွေလုပ်နေတာလဲ"

"ဝေးပေါ်ကကောမန့်တွေဖတ်ကြည့်နေတာ" ရွှီလော့ယန်က ဟန်ဆောင်ပန်ဆောင်ဖြင့် ချောင်းဟန့်၍ဖြေသည်။

"လေတိုက်ရာလမ်းကြောင်း ပြောင်းသွားပြီလားလို့ကြည့်နေတာ။"

လွန်ခဲ့သည့်နှစ်ရက်အတွင် သူသိပ်ပြီး ပို့စ်မတင်ဖြစ်တာကို ချီချန်အန်းသိထားလေသည်။

သူက သူ့နားသန်သီးလေးများကို ဖွဖွပွတ်သပ်‌ပေးကာ "မင်း စိတ်မကောင်းမဖြစ်တော့ဘူးပေါ့"

"ငါဝမ်းနည်းနေတုန်းပဲ"

သူ့နားမှ ယားယံမှုကိုခံစားရကာ၊ ရွှီလော့ယန်က မတတ်နိုင်စွာ အမှန်အတိုင်းထုတ်ပြောမိလေသည်။

"အရင်တုန်းက ငါ့ကိုအရမ်းချစ်ပါတယ်လို့ပြောခဲ့တဲ့ ပရိသတ်တွေနဲ့ အရင်ရက်တွေက ငါ့ကို ဆဲဆိုနေတဲ့သူတွေကို ယှဉ်ကြည့်လိုက်ရင်....."

သူက ထိုခံစားချက်ကို မည်သို့ဖော်ပြရမှန်းမသိပေ။

သို့နှင့် "အဲ့ဒါက နည်းနည်း သည်းခံဖို့ ခက်တယ်" ဟုသာ ခြောက်ကပ်ကပ်နိုင်စွာ ဖြေလိုက်တော့သည်။

ထိုသို့ပြောနေရင်းမှ သူကရယ်မောလိုက်ပြီး "ဒါပေမယ့် လူတွေအများကြီးက ငါ့ news feed ကိုလာပြီးတော့ သူတို့ငါ့ကိုယုံတဲ့အကြောင်း၊ အဲ့ဒါတွေအကုန်က ငါ့သိက္ခာကိုချပြီး အတုတွေဆိုပြီး ကောမန့်တွေလာမန့်ထားပေးတာကို မြင်ရတာ ငါ့ကိုပျော်ရွှင်စေတယ် အဲ့ဒါကြောင့် ငါက ဝမ်းနည်းတာထက် ပိုပြီး ပျော်ရတယ်"

ချီချန်အန်းက အပေါ်မှအုပ်မိုးကာ၊ သူ့နှုတ်ခမ်းစပ်လေးများထံ နမ်းနေရာ ရွှီလော့ယန်က အမြဲတမ်း ထိုသူထံတွင်အားသာချက်တစ်ခုရှိနေကြောင်း သတိထားမိသွားသည်။ မှောင်မိုက်မှုများအကုန် သူ့ခြေအောက်တွင် နင်းထားသကဲ့သို့ပင်။

ချီချန်အန်းက ကိုယ်ကိုပြန်မတ်လိုက်ပြီး "ကိုယ်အခုလေးတင်ပဲ လျန်ချိုးနဲ့ ဖုန်းပြောပြီးတယ် သိုက်ရွှယ်ချင်းက အကြောင်းပြန်လာပြီ"

ရွှီလော့ယန်၏ အာရုံက ပြန်လည်ဆွဲခေါ်ခံလိုက်ရသည်။ သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်လာကာ အလျင်အမြန်ပင် တုံ့ပြန်လိုက်မိသည်။

"ချန်အန်း၊ မင်း..."

"မင်းလည်း မင်းဘာသာမင်းလုပ်စရာရှိတာလုပ်နေသလို၊ ကိုယ်လည်း လုပ်နေတာပဲလေ"

ယခုအချိန်၌၊ ရွှီလော့ယန်၏နှလုံးသားလေးထဲ အနည်းငယ်ချဉ်စူးစူးခံစားလိုက်ရသည်။ သူက အနည်းငယ်ဗလုံး‌‌ဗထွေးဖြင့် ပြောသည်။

"တကယ်တော့၊ ဒီအခြေအ‌နေတစ်ခုနဲ့ပတ်သက်ပြီး အခုနကအထိ ငါဘယ်လိုမှ သိပ်မခံစားရပါဘူး"

ချီချန်အန်းကို ကြည့်ကာ သူ့ရဲ့ အတွေးကို ထုတ်ပြောလိုက်မိသည်။

"အရင်က သိုက်ရွှယ်ချင်းကိုသွားတွေ့ဖို့ ငါ့ဆုံးဖြတ်ချက်က သေချာမတွေးထားဘဲ နည်းနည်း စိတ်ကူးယဉ်ဆန်တယ်။ ဒါပေမယ့် ကြိုးစားကြည့်တာပေါ့လို့ပဲ တွေးထားခဲ့တာ ဘာလို့လဲဆိုတော့ ဘာတွေပဲဆက်ဖြစ်လာလာ၊ ဒီထက်တော့ပိုမဆိုးနိုင်တော့ဘူးလေ"

ချီချန်အန်းကမူ အလေးအနက်ထား နားထောင်ပေးနေသည်။

ချီချန်အန်း၏မျက်ဝန်းထဲမှ အကြည့်တို့က ဘယ်တုန်းကမှ အနာမကျက်ခဲ့သည့် ရွှီလော့ယန်၏ဒဏ်ရာများကို ဖြည်းဖြည်းချင်း လှစ်ဟပြနိုင်မည့် သတ္တိအား ပေးစွမ်းလေသည်။

"ပထမနှစ်၊ ဦးလေးကျန်း ငါ့ကို နိုင်ငံခြားကို အလျင်စလိုပို့လိုက်တုန်းကအချိန်ကို ငါသေချာအမှတ်ရနေသေးတယ်။ အဲ့ဒီအချိန်တုန်းက ငါလုံးဝ လက်လျှော့ချင်စိတ်မရှိခဲ့ဘူး။ ငါဘာအမှားမှမလုပ်ထားဘဲနဲ့ ဘာဖြစ်လို့ငါက နိုင်ငံခြားကို အထိတ်တလန့်နဲ့ ထွက်ပြေးလာရတာလဲဆိုတာ ငါလုံးဝနားမလည်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် အဲ့ဒီမှာ ကျောင်းစတက်ရတုန်းက၊ ငါ့ကိုယ်ငါ သေချာမစီမံနိုင်ခဲ့တာ

အတော်ကြာတဲ့အထိပဲ။ ငါက နေ့တိုင်း စိတ်ဓာတ်ကျနေပြီး နေ့လားညလားတောင်မခွဲ‌နိုင်တော့ဘဲ ငါ့ခေါင်းထဲ ရှုပ်ရှက်ခတ်နေခဲ့တာ"

ရွှီလော့ယန်က အနည်းငယ် ရှိုးတိုးရှက်တန့်ဖြင့် " အဲ့ဒီအချိန်တုန်းက ငါကအရမ်းငယ်နေသေးတာလေ။ ပြီးတော့ ငါ့မိဘတွေမဆုံးပါးခင်တုန်းက၊ ငါက၊  လူ့လောကရဲ့ ဒုက္ခဆင်းရဲတွေကို လုံးဝနားမလည်တဲ့ လူတွေထဲမှာ ပါတယ်လေ။ နောက်တော့မှ အမှန်တရားက အဲ့လောက်ထိအရေးမပါနေဘူးဆိုတာ ငါနားလည်ခဲ့ရတာ။ လူတွေတော်တော်များများက သူတို့မြင်ချင်တာပဲမြင်ပြီး၊ သူတို့နားလည်ချင်သလိုပဲ နားလည်ကြတယ်လေ"

ချီချန်အန်းက သူ့ကို မနှောင့်ယှက်ပေ။ သူ့အရှေ့တွင် ရပ်နေသည့်လူကိုကြည့်ကာ၊ ယခုလက်ရှိ ရွှီလော့ယန် ဖြစ်လာရန်အတွက် ဒီလူက ဘယ်လောက်များတဲ့ ဒဏ်ရာတွေနဲ့ မုန်တိုင်းတွေကို ဖြတ်ကျော်ကြီးပြင်းခဲ့ရသလဲဟု တွေးနေမိသည်။

"ဒါပေမယ့်လည်း ငါ့စိတ်ထဲမှာ အဲ့ဒီအချိန်တုန်းက ဦးလေးကျန်းအနေနဲ့ ဝင်ပါပြီး ငါ့ကိုကူညီပေးတာက တကယ်ကိုရှားပါးတဲ့ လုပ်ရပ်ပဲဆိုတာ သိထားပြီးသားပါ"

ရွှီလော့ယန်က သက်ပြင်းချကာ "ငါ့အဖေက တကယ်ကိုဖြူစင်တဲ့လူတစ်ယောက်ဆိုပေမယ့် သူကနည်းနည်းတော့ တုံးအတယ် သူ့ အိုင်ကျူ‌အကုန် ရုပ်ရှင်ဘယ်လိုရိုက်ရမလဲဆိုတဲ့နေရာမှာပဲ ရှိတာ။ သူက ဒါရိုက်တာကျန်းလောက်တောင် လိုက်လျောညီထွေမဖြစ်ဘူး။ ပြီးတော့ ခေါင်းမာပြီး စိတ်တိုလွယ်တယ်။ သူ့ပင်ကိုအားဖြင့်တော့၊ သူ့ရဲ့အားထုတ်မှုတွေအကုန် ရုပ်ရှင်ရိုက်တဲ့အထဲ ရင်းနှီးမြှုပ်နှံထားတတ်ပြီး၊ သူ့ရဲ့ခံစားချက်တွေအကုန် ငါ့အမေကို ပေးပြီး ကျန်တာကိုတော့ ငါ့ကိုအကုန်ပေးတယ်လေ အဲ့ဒီတော့ သူ့မှာ သူငယ်ချင်းလည်း မရှိသလောက်ဘဲ"

ချီချန်အန်း၏ မျက်ဝန်းထဲမှာ အသည်းနာနေသည့်အရိပ်အယောင်များကို မြင်ရသည့်အခါ၊ ရွှီလော့ယန်က သူ၏နှုတ်ခမ်းကို ဆူလိုက်ကာ ပြုံးပြ၍ သူ့အား ပြန်လည်နှစ်သိမ့်ပေးလိုက်သည်။

"အဆင်ပြေပါတယ်"

သူက ဆက်ပြောသည်။

"လေဆိပ်ကို ရောက်တော့၊ ဦးလေးကျန်း သူက အရည်အချင်းမရှိလို့၊ ငါ့အတွက် အမှန်တရားကို မဖော်ထုတ်နိုင်ခဲ့ဘဲ၊ ရှုပ်ရှက်ခတ်နေတဲ့အခြေအနေနဲ့ ထွက်လာစေခဲ့မိတယ်လို့ ပြောပြီး ငါ့ကို တောင်းပန်လာခဲ့တယ် ဒါပေမယ့် သူဒီလောက်ထိလုပ်ပေးတာကိုပဲ ငါက ကျေးဇူးတင်နေပြီးသားပါ သူက နိုင်ငံခြားတက္ကသိုလ်တစ်ခုက တွဲဖက်ပါမောက္ခတစ်ယောက်လေ။ ပညာရေးပိုင်းဆိုင်ရာပဲလုပ်နေတဲ့လူက၊ လူတွေကို ကိုင်တွယ်တဲ့နေရာမှာ မတော်ဘူးလေ။  ငါ့ကို နိုင်ငံခြားမှာ ကျောင်းသွားတက်ခိုင်းတာက အဲ့ဒီအချိန်တုန်းက သူစဉ်းစားနိုင်ပြီး သူလုပ်နိုင်ခဲ့တဲ့ အကောင်းဆုံးအစီအစဉ်ပဲ"

"သူနဲ့ အခုထိအဆက်အသွယ်ရှိနေသေးလား"

ချီချန်အန်းက ထိုလူကို ကျေးဇူးတင်မိသည်။ ထိုလူရှိနေသည့်အတွက်ကြောင့် ရွှီလော့ယန်က တစ်ကိုယ်တည်း အထီးကျန်ခြင်းမျိုး မဖြစ်ခဲ့ခြင်းပေ။

"အင်း... ဒါပေမယ့် ငါသူ့နဲ့ အဆက်အသွယ်သိပ်မလုပ်ဖြစ်ဘူး ငါနိုင်ငံခြားမှာ ရှိနေတုန်း သိုက်ရွှယ်ချင်း တောင်အမေရိကတိုက်ကို အပို့ခံလိုက်ရတယ်လို့ကြားတော့၊ ငါ ဒီကိုပြန်လာချင်ခဲ့တယ်လေ။ အဲ့ဒီအတွက်နဲ့၊ ငါ့ကို ဒီကိုပြန်မလာစေချင်တဲ့ ဦးလေးကျန်းနဲ့ စကားများတော့မလိုဖြစ်ခဲ့သေးတယ် ဥရောပမှာပဲ နေတာဖြစ်ဖြစ်၊ ယူအက်စ်မှာပဲ ဆက်ပြီး တိုးတက်အောင်လုပ်တာဖြစ်ဖြစ်၊ ဒီကိုပြန်လာတာထက်တော့ ပိုကောင်းတယ်လေ"

"ဒါပေမယ့် ငါက အရမ်းခေါင်းမာတဲ့အကျင့်ကို ငါ့အဖေဆီကအမွေရခဲ့တာ ဖြစ်နိုင်တယ် လေယာဉ်လက်မှတ်ဝယ်ပြီး ဒီကိုပြန်လာခဲ့တာ။ ပြန်လာပြီးသိပ်မကြာခင်ဘဲ ကျန်းကောနဲ့ စာချုပ်ချုပ်လိုက်ပြီး ရုပ်ရှင်စရိုက်တော့တာပဲ သီချင်းလည်း  ဆိုတာပေါ့"

"သူ စိတ်ဆိုးသွားသေးလား"

ရွှီလော့ယန်က အနည်းငယ် ဘဝင်ခိုက်စွာဖြင့် "ဒါပေါ့။ အရမ်းစိတ်ဆိုးသွားတာ ဒါပေမယ့် ငါ ဆောင်းဦးပွဲတော်၊ အမျိုးသားနေ့၊ တရုတ်နှစ်ကူး၊ ခရစ်စမတ်အပြင်၊ အမျိုးသမီးများနေ့တွေမှာပါ ပျော်ရွှင်စရာ အားလပ်ရက်ပါဆိုပြီး လက်ဆောင်တွေပို့ရင်း နှုတ်ဆက်တယ်လေ တစ်နှစ်လောက် အဲ့လိုဖြစ်ပြီးတော့ နောက်ဆုံး သူငါဖုန်းဆက်တာကို ကိုင်ဖို့ ပြန်သဘောတူလိုက်ပြီလေ"

"ပြီးတော့ သူက သိုက်ရွှယ်ချင်းရဲ့ မူပိုင်စဉ်းလဲမှုတွေအရဆို၊ သူ့ဥစ္စာတွေကို ပြန်သိမ်းပြီး တောင်အမေရိကကနေ ပြန်လာနိုင်လိမ့်မယ်လို့ ငါ့ကို သတိပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းက၊ အကယ်၍ သိုက်ရွှယ်ချင်းက ငါ့ကို သည်းမခံနိုင်ဖြစ်နေတုန်းပဲ‌ဆိုရင် ဦးလေးကျန်းက သူ့ဆီပြန်လာဖို့ပြောတယ်။ သူက ငါ့ကို ကောင်မလေးတွေနဲ့လည်း မိတ်ဆက်ပေးမယ်လို့လည်း ပြော...."

သူ စကားမှားပြောမိပြီဆိုတာ ရိပ်မိလိုက်ပြီး ရွှီလော့ယန်က အလျင်အမြန်ပင် လက်မြှောက်၍ သူ၏ပါးစပ်ကို ပိတ်ကာကာ၊ သူဘာမှမပြောလိုက်သလိုမျိုး ဟန်ဆောင်နေလိုက်သည်။

ချီချန်အန်း၏ အသံမှာ အတန်ငယ် အန္တာရယ်ရှိဟန်ပေါ်နေကာ "ကောင်မလေး..."

ရွှီလော့ယန်က ကမန်းကတန်းခေါင်းခါကာ၊ သူ့ပါးစပ်ကို ကာထားလျက်နှင့် "ငါ့မှာ ချန်အန်းကောကော ရှိနေပြီးသားပဲလေ ဘယ်လိုလုပ်ပြီး ငါ ကောင်မလေးလိုချင်ရမှာလဲ"

ချီချန်အန်းက သူ့အပေါ်အုပ်မိုးလာပြီး နားနားကပ်၍၊ "ကိုယ်က မင်းအပိုင် ပြီးတော့ နျောင်နျောင်ကလည်း ကိုယ့်အပိုင်ပဲဖြစ်ရမယ်...ဟုတ်ပြီလား"

"ဒါပေါ့ ဒါပေါ့ ဒါပေါ့"

ရွှီလော့ယန်က သူသာ နှေး‌နှေးလေးပြန်ဖြေလိုက်ရင် နောက်စက္ကန့်ပိုင်းအတွင်းမှာပဲ ချီချန်အန်းက ကြီးမားသည့်နတ်ဆိုးပုံစံပြောင်းသွားတော့မည်ဟု ခံစားလိုက်ရသည်။ သူက အလျင်စလိုနှင့် စကားလမ်းကြောင်းလွဲလိုက်သည်။

"ဆက်ပြောရအောင်။ ဆက်ပြောမယ်လေ။ ငါ အဲ့ဒီအကြံကို ပြတ်ပြတ်သားသား ငြင်းလိုက်တာပေါ့။ ဘယ်လိုပဲပြောပြော၊ ငါကအရွယ်ရောက်ပြီလေ။ ဦးလေးကျန်းမှာလည်း သူ့ဘဝနဲ့သူ၊ သူ့မိသားစုနဲ့သူရှိနေတာကို။ ငါက တကယ်တော့ သူ့အရင်သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ သားပဲလေ"

သူယခင်ကကြုံခဲ့ရသည့် အတွေ့အကြုံများကြောင့် ရွှီလော့ယန်က လူများကို ပြတ်ပြတ်သားသား စီးခြားထားလေသည်။ သူက အခြားလူများအား ဒုက္ခမပေးချင်ပေ။ အကယ်၍ သူ့ကိုကူညီခဲ့လျှင်လည်း နှစ်ဆပြန်လည်ပေးဆပ်တတ်သည်။

ချီချန်အန်းက လက်မြှောက်ကာ သူ့ခေါင်းကို ပွတ်သပ်ပေး၏။

"အခုကစပြီး မင်းအတွက် ကိုယ်ရှိနေပေးမယ်"

"ဟုတ်..."

ဦးရေပြားမှလာသည့် ယားကျိကျိခံစားချက်က ရွှီလော့ယန်၏ တစ်ကိုယ်လုံးကို သက်တောင့်သက်သာဖြစ်စေသည်။ သို့နှင့် သိုက်ရွှယ်ချင်းနှင့် သွားတွေ့စဉ်ကအကြောင်းကို သူကဆက်ပြောလာသည်။

"ငါရုံးခန်းထဲဝင်ထားတုန်းကဆို အဲ့ဒီအထဲမှာ မှောင်မဲပြီး အေးစက်စက်နဲ့။ စစချင်းကတော့ ဝမ်ယွီရှင်းကို သိုက်ရွှယ်ချင်းဆက်ဆံတဲ့ပုံက ငါ့ကို နည်းနည်းလန့်‌သွားစေပေမယ့် ဝမ်ယွီရှင်းကနေတဆင့် ငါ့အဖေကို သူသတိရနေသေးတယ်ဆိုတာ သိသာတယ်လေ သူက ဝမ်ယွီရှင်းကို ကျောက်တုံးရုပ်တုတစ်ခုလိုသဘောထားတာ ပြီးတော့ သူရှိနေရတဲ့အကြောင်းအရင်းက သူ့ဘေးတိုက်ပုံစံက ဆုံးပါးသွားတဲ့လူတစ်ယောက်နဲ့ သွားဆင်နေလို့လေ"

"အဲ့ဒီတော့၊ မင်းဒါကို သတိထားလိုက်မိတာမို့ စိတ်ခံစားချက်ကတ်ကို ကစားလိုက်တာလား"

ချီချန်အန်းက နှစ်ယောက်ကြားက ပြောစကားကို အစအဆုံးနားထောင်နေခဲ့သည့်အတွက် ၊ ပြောစကားများကိုလည်း သေချာမှတ်မိနေခဲ့သည်။

"အင်း။ အဲ့ဒီအချိန်တုန်းက သူနည်းနည်း စိတ်ထိရှလွယ်သွားတယ်လေ နည်းနည်းလေး စိတ်ပိုင်းဆိုင်ရာထိခိုက်နေပေမယ့် အဲ့ဒါက သူငါ့မိဘတွေကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလေ ဒါနဲ့ ငါလည်း ချက်ချင်း ခံစားချက်ကတ်ကို ထုတ်ကစားဖို့ ကြိုးစားကြည့်လိုက်တာ"

ချီချန်အန်းက ပြုံးကာမေးလာ၏။

"သူဆွဲခဲ့တဲ့ ပန်းချီကို မင်းတကယ် မြင်ဖူးတာလား။"

"ငါမြင်ဖူးတယ် သူဆွဲထားတဲ့ပန်းချီက အိမ်မှာ ရှိခဲ့တယ် ဒါပေမယ့် ငါ အမေ့ဆီသွားပြန်ပေးတုန်းက အမေက ပြန်ထောက်ပြဖို့သုံးခဲ့တာ"

ရွှီလော့ယန်က သူလက်ချောင်းများကို အတူတူလိမ်လိုက်ကာ၊ "ငါ့အမေက ဒီပန်းချီကိုဆွဲခဲ့တဲ့လူလိုမျိုး မရိုးဖြောင့်တဲ့လူမဖြစ်စေဖို့၊ လူသားတစ်ယောက်အနေနဲ့ ငါ့မှာ အောက်ခြေစည်းရှိသင့်တယ်ဆိုပြီး ဆုံးမခဲ့တာ အထူးသဖြင့်၊ လူ့အသက်ကို မြက်ပင်တွေလိုမျိုး သဘောမထားနဲ့တဲ့...

သိုက်ရွှယ်ချင်းရဲ့စကားတွေအရ ငါခန့်မှန်းမိတာတော့၊ ကျန်းမိသားစုမှာ သူအာဏာရလာဖို့အတွက်နဲ့ သိုက်ရွှယ်ချင်းက သူ့လက်နဲ့ လူ့အသက်တွေကိုသတ်ခဲ့ပြီးတော့၊ သူမှားတယ်လို့လည်း မတွေးမိခဲ့ဘူးထင်တယ် အဲ့ဒါကြောင့်ပဲ ငါ့မိဘတွေက သူနဲ့ခပ်ဝေးဝေး နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်မယ်"

ချီချန်အန်းက ခေါင်းညိတ်ကာ၊ "ဖြစ်နိုင်တယ်။ ဒါပေမယ့် သိုက်ရွှယ်ချင်းကိုယ်တိုင်ကတော့ အဲ့ဒီလိုမတွေးလောက်ဘူး။ သူက ကျန်းမိသားစုဆီကို စွန့်ပစ်ခံခဲ့ရတဲ့ တရားမဝင်သားအဖြစ်နဲ့ပြန်သွားခဲ့ရတာ အဲ့ဒီမှာ သူက တခြားလောကတစ်ခုကို ရင်ဆိုင်ခဲ့ရမှာပဲ အဲ့ဒီအကြောင်းကြောင့်ပဲ သူနဲ့ မင်းမိဘတွေ ဝေးသထက်ဝေးသွားရဖို့ အကြောင်းဖန်လာပြီးသားပါ"

ထိုသို့ပြောကာ "နျောင်နျောင်က အရမ်းဉာဏ်ကောင်းတာပဲ" ဟူ၍ ချီးကျူးစကားကိုပါ ထည့်ပြောလိုက်သေး၏။

"သေချာပေါက် ငါက ဉာဏ်ကောင်းတာပေါ့"

ရွှီလော့ယန်က ပြုံးကာ ခဏအကြာတွင်၊ "သူက  သူဘယ်တော့မှပြန်မရနိုင်တဲ့အရာက ငါ့မှာရှိနေတာမို့၊ ငါ့ကိုမုန်းနေခဲ့တာ အဲ့ဒါကြောင့် ဆုတွေနဲ့၊ စာစီစာကုံးစာအုပ်တွေအကြောင်း ပြောပြပြီး အရင်က သိုက်ရွှယ်ချင်းကို ငါ့မိဘတွေက သတိရနေတယ်ဆိုပြီး ပြချင်ခဲ့တာ အဲ့ဒါကလည်း ဟိုးအရင်တုန်းက ကိစ္စတွေဖြစ်ပြီးတော့၊ စာစီစာကုံးစာအုပ်တွေကလည်း ဘာမှထူးဆန်းနေတာမျိုးမဟုတ်ဘူးလေ သိုက်ရွှယ်ချင်းကိုယ်တိုင်ကလည်း အဲ့ဒီအကြောင်းကို မှတ်မိချင်မှ မှတ်မိမှာ

ငါလုပ်နိုင်သမျှ လုပ်ခဲ့တာမို့၊ အကယ်၍ သူ့မှာသာ အသိစိတ်ရှ်ိနေဦးမယ်ဆိုရင် ငါ့မိဘတွေကို ထောက်ထားသောအားဖြင့် ငါ့ကို ပစ်မှတ်ထားနေတာကို ရပ်လိုက်မှာပဲ။ အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့...ဒါပေမယ့် ငါ့မိဘတွေက သူ့ကိုအမှားလုပ်ခဲ့တယ်လို့ သူထင်နေသေးရင်လည်း တခြားနည်းလမ်းတစ်ခုခုကို ထပ်စဉ်းစားရမှာပေါ့"

__

Translated By IQ-Team.

Продолжить чтение

Вам также понравится

156K 19.7K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
လွမ်းပျက်ပြယ် ReRe

Любовные романы

627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
Lovey Dovey 𝙼𝙰𝚁𝙸𝙳𝙰

Любовные романы

1.4M 177K 150
BL
17.5K 2.2K 54
Description 💥 January 28, 2024 ​TITLE - I Heard That I Am ကျွန်တော်ကဆင်းရဲတယ်လို့ကြားမိတယ် ကဲကဲအသစ်ကလေးလာပြီနော် Hello... Hello... Hello... ဒါဒါလေး...