Our long-standing relationsh...

De user99692060

747 102 4

Yoshinori- မျက်စိအောက်မှာတဖြည်းဖြည်းအရွယ်ရောက်လာတဲ့ကလေးလေး Ruto အခုနောက်သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်း... Mais

Preview
1
2
3
4
5
6
7
8
9
10
11
12
14

13

49 3 0
De user99692060

Ruto တို့ကိုရီးယားပြန်ရောက်တာနဲ့ Hyunsuk hyung ကသူ့ကိုခေါ်ပြီးအဆင်ပြေခဲ့လားမေးလို့အဆင်ပြေတာထပ်ပိုကြောင်းပြောပြရင်းmembers တွေကိုအသိမပေးသေးဖို့နဲ့အချိန်တစ်ခုရောက်မှသူတို့ကိုယ်တိုင်ပြောချင်ကြောင်းကိုသေချာရှင်းပြတော့ hyung ကလဲနားလည်ပေးတယ် မင်းတို့ပြောချင်တဲ့အချိန်ပြောပြကြဆိုပြီး

အရာအားလုံးအဆင်ပြေပြေနဲ့ CB အတွက်လုပ်ကြ CB ပြီးတော့Tour အတွက်လေ့ကျင့်ကျနဲ့အချိန်တွေကုန်ဆုံးနေခဲ့တာ Ruto တစ်ယောက်ကတော့ သူအားတဲ့အချိန်တိုင်းကိုသူ့ကိုကိုနားကိုတောက်တဲ့ လိုကိုကပ်တွယ်နေတော့တာ

အခုလဲ Yoshi studio ထဲမှာရှိတုန်းရောက်ချလာပြီး
ရူတို: ကိုကို ဒီနေ့အားလား
ယိုရှီ: မအားဘူးလေ ရူရူညနေကျရင်အကလေ့ကျင့်ရမှာကို
ရူတို: အားးဟုတ်သားပဲမေ့နေတာ အကလေ့ကျင့်ပြီးရင်ကျွန်တော်နဲ့အတူတူညစာစားရအောင်
ယိုရှီ:အိုကေလေ

အကတိုက်နေတုန်း ယိုရှီတစ်ယောက်နေလို့ထိုင်လို့မကောင်းပဲ ခေါင်းတွေအရမ်းမူးလာတယ်
အိပ်ရေးပျက်တာတွေများလို့ထင်တယ် ရုတ်တရက်ကနေတုန်း ဟန်ချက်ပြတ်ပြီးပစ်လဲတော့

ရူတို:  ကိုကို ..........
လို့အော်ပြီးအမြန်သူ့ကိုကိုကိုဆွဲထိန်းလိုက်ရတယ် member တွေလဲအကုန်လန့်သွားကြပြီရေတိုက်တဲ့လူနဲ့ယပ်ခပ်ပေးတဲ့လူကြားထဲရူတိုက
Hyunsuk hyung ကျွန်တော် ကိုကို့ကို အားး
မဟုတ်ပါဘူးယိုရှီကို ဆေးခန်းသွားပြဖို့ခေါ်သွား
လိုက်မယ်Hyung လို့ပြောတော့
ယိုရှီ: ရတယ်ရူတိုဒီတိုင်းခဏလေးနေလိုက်ရင်ရ
တယ်ခေါင်းလေးမူးသွားရုံပဲ
ရူတို: ရမလား ဆေးခန်းသွားရမယ်ဒါပေါ့သင့်တဲ့အရာမဟုတ်ဘူးဆိုပြီး
Hyunsuk hyung ရဲ့အဖြေကိုတောင်စောင့်မနေတော့ပဲ ယိုရှီကိုကျောပေါ်ကိုချက်ချင်းတင်ပြီး
ထွက်သွားလိုက်တော့

Doddy: အမလေးအတွဲတွေရယ်ကဲသဲနေလိုက်တာ
Hyunsuk: ဟမ် မင်းကဘယ်လိုသိတာလဲ
Asahi: သူတို့ပုံစံကမသိပဲနေမလားဒီလောက်သိသားနေတာကို
Hyunsuk:😳
Jaehyuk: Hyung.... Hyung ပဲသိတယ်ထင်မနေနဲ့ ကျွန်တော်တို့အကုန်သိတယ် အငယ်တွေကအစအကုန်သိတယ်ဒီကဲသဲနေတဲ့အတွဲကို
မသိချင်ယောင်ဆောင်ပေးနေရတာလဲဒုက္ခတစ်မျိုး ပဲလို့ထပြောလိုက်ရောအကုန်ထရယ်ကြရော

(Member တွေဒုက္ခကလဲမသေးဘူး)

ရူတို ကိုကို့ကိုဆေးခန်းခေါ်သွားပြီး သေချာစစ်ဆေးတော့အားနည်းနေတာဆိုမှစိတ်ချရတော့တယ် အိမ်ပြန်ရောက်တော့လဲ သူ့အခန်းကိုမပြန်တော့ပဲ ကိုကို့ရဲ့Dorm မှာပဲနေပြီးကိုကို့အတွက်စားဖို့တစ်ခုခုလုပ်ပေးပြီးသေချာကျွေးဆေးတိုက်ပြီးတော့မှ
ယိုရှီ: ရူရူပြန်တော့လေ dorm ကို ကိုကိုတကယ်အဆင်ပြေတယ် ပြီးတော့
ယိုရှီစကားတောင်ပြီးအောင်မပြောလိုက်ရသေးခင် ရူတိုကရုတ်တရက်ကြီးသူ့ကိုလာဖက်တော့ရင်တွေမတရားခုန်လာပြီး ခေါင်းမူးတာပါအငွေ့ပျံပြီး
ပျောက်သွားသလိုပဲ
ရူတို: ကိုကို နေမကောင်းမဖြစ်ပါနဲ့နော်
ကျွန်တော့်ကိုတကယ်အရမ်းစိတ်ပူရအောင်
မလုပ်ပါနဲ့လား ကိုကိုတစ်ခုခုဖြစ်ရင်ကျွန်တော်
တကယ်ဘာလုပ်ရမှန်းမသိပဲရူးမှာလို့ပြောပြီးအသံပျောက်သွားတဲ့ကလေးလေးကိုယိုရှီလဲပခုံးလေးကိုဖွဖွလေးပုတ်ရင်း ကိုကိုတောင်းပန်ပါတယ်နော် ကလေးလေးစိတ်ပူရအောင်လုပ်မိတဲ့အတွက်
နောက်ဆိုနေကောင်းအောင်နေမယ်နော် ကလေးလေးလဲနေကောင်းအောင်နေရမယ်နော်လို့ပြောပြီး
ပိုတိုးဖက်မိတော့ ရူတိုကချက်ချင်းသူ့ကိုကုတင် ပေါ်ဆွဲလှဲလိုက်တာ သူ့အပေါ်မှာရူတိုက ယိုရှီလဲကြောင်ကြည့်နေတော့
ရူတို: ဘယ်သူ့ကို ကလေးလေးလဲ? ကျွန်တော်ကလေးမဟုတ်တာကိုသက်သေပြရမလားကိုကို

ယိုရှီ: ရူ...ရူရူ ကိုကိုနေမကောင်းဘူးနော်ဘာတွေပြောနေတာလဲဆိုပြီးမျက်နှာလေးတခုလုံးနီရဲနေတော့

ရူတို:အယ် ကိုကိုဘာတွေတွေးနေတာလဲ🙄
ကျွန်တော်က ကျွန်တော်မှာအားဘယ်လောက်ရှိကြောင်း ဒိုက်ထိုးရင်သက်သေပြရမလားမေးမလို့လေ

ယိုရှီ: အားဒီကလေးစုတ် အကြီးကိုလာစနေတယ်

ရူတို: ㅋㅋㅋㅋㅋㅋ ကိုကိုကဘာတွေတွေ့နေတာလဲ

ယိုရှီ: အားးရူတိုဖယ်တော့ကွာလို့တွန်းထုတ်ပြီးကျောပေးလိုက်တော့
ရူတိုကသူ့ဘက်ကိုပြန်လှည့်စေပြီးရင်ခွင်ထဲဆွဲထည့်ရင်း

ရူတို: ကိုကို ကျွန်တော်တို့official တွဲရအောင်
တခြားလူတွေကိုမပြောပြရင်တောင် member တွေကိုတော့ပြောပြသင့်တယ် တခြားလူတွေကိုတော့
ကိုကိုပြောချင်တဲ့အချိန်ကျမှပြောပြရအောင်လေ

ယိုရှီ: -

ရူတိုကိုကိုခေါင်းလေးကိုဖွနေရင်းနဲ့ကိုကိုကြောက်နေတာလား

ယိုရှီ:omm ဟုတ်တယ် ဖြစ်လာမှာတွေကိုရင်မဆိုင်ရဲသေးဘူး လက်မခံပေးကြရင်ဘယ်လိုလုပ်မလဲဟင်

ရူတို: ကိုကိုကကျွန်တော်ကိုရောmember တွေကိုရောမယုံကြည်တာလား လက်မခံပေးနိုင်မဲ့လူတစ်ယောက်မှရှိမှာမဟုတ်ဘူး သူတို့တောင်အံ့ဩပြီးပျော်သွားကြဦးမှာ ပြီးတော့ကျွနိတော်ကလဲဘာတွေပဲဖြစ်လာဖြစ်လာ ကိုကို့ကိုအဆုံးရှုံမခံနိုင်တာမို့ ပြသာနာတွေကို
ရင်ဆိုင်သွားမှာ ကိုကိုကသာကျွန်တော်ဘေးမှာရှိနေရင် အကုန်လုံးကိုရင်ဆိုင်ရဲတယ်
လို့ပြောပြီးနှဖူးလေးကိုငုံနမ်းတော့မြတ်နိုးရသူက
မျက်ရည်တွေဝဲပြီးကြည့်လာရင်း
ယိုရှီ: ကိုကို ရူရူကိုယုံတယ် ဖွင့်ပြောကြရအောင်လေ

Continue lendo

Você também vai gostar

145K 5.9K 70
➽Just short love stories...❤ ⇝❤️. ⇝🖤. ⇝♥️. ⇝💙. ⇝🩷. ⇝🤍. ➽💛Going on. ➽🩵Coming up [Ignore grammatical mistakes. I will improve my writing gradual...
4.3M 305K 43
This was NOT how Lilly had expected her honeymoon to go. Ever since their ship left the shore, she has been feeling dizzy, irritable and nauseous...a...
771 79 5
"ကိုကိုနဲ့ ငယ့်ကြားကိုဘယ်သူမှ ကြားဝင်ခွင့်မရှိဘူး ဖြစ်ပေါ်လာတဲ့ပြဿနာအရင်းမြစ်ကလည်း ငယ်တို့နှစ်ယောက်ကြောင့်ပဲဖြစ်ရမယ် " Yang Jung Won...
15K 653 16
"Rosé," she breathes into her ear, and Rosé's hands wrap around her waist, dipping low enough that they're just above her ass. "You're right," Jisoo...