ရူး

kawkit_

35.8K 1.7K 42

အချစ်ကိုရှာဖွေတွေ့ရှိတဲ့အချိန်ဟာ ကျရှုံးချိန်ပါပဲ..... Еще

ရူး
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
19
18
20
21
22
23
24
25
26
28
27
29⚠️⚠️
30
31
32
33
34⚠️⚠️⚠️
35
36🔥🌚
37(part 1)
37(part2)
39
40
41
42(part1)
42(part2)
43
44
45(part 1)
45(part2)

38

356 19 0
kawkit_

မော်ကွန်း လူမှန်းသိတတ်စအရွယ်အချိန်တည်းက ချစ်ခြင်းမေတ္တာကို အပြည့်အဝမခံစားခဲ့ဖူးချေ။

ဒယ်ဒီနဲ့မာမီရဲ့ အိမ်ထောင်ရေးမပြေလည်မှုကြား မော်ကွန်း မြေစာပင်သာဖြစ်ခဲ့ရသည်။

မာမီရဲ့မိဘတွေက အထည်ကြီးပျက်တွေဖြစ်တာကြောင့် မာမီက ငွေကိုရေလိုသုံးတတ်သည်။

ဒယ်ဒီနဲ့အိမ်ထောင်စကျစဉ်က ဒယ်ဒီက ဆရာပေါက်စအရွယ်သာရှိသေး၏။ ဒယ်ဒီ့ဘက်က မိဘတွေက စီးပွားရေးပြေလည်ကျတာမို့ ဒယ်ဒီတို့အိမ်ထောင်ရေးအတွက် လ်ိုလေသေးမရှိ‌ေထာက်ပံ့ပေးခဲ့ကျသည်။

သို့ပေမယ့် မာမီ့စရိုက်က အချိန်ကြာလာတာနှင့်အမျှ ပေါ်လာခဲ့တော့သည်။

ငွေကိုရေလိုသုံးသည့်အပြင် လောင်းကစားများလုပ်လေ့ရှိပြီး ပြဿနာမျိုးစုံရှာလာတော့၏။ ဒယ်ဒီခမျာ မေမေရှာတဲ့ပြသနာပေါင်းသောင်းခြောက်ထောင်ကို အမြဲတမ်းဖြေရှင်းရစမြဲ။

ဒယ်ဒီကိုယ်တိုင်က လူရိုးကြီးမို့ အသောက်အစားကင်းရှင်းကာ အရှုပ်ရှင်းကင်းကင်းနေတတ်သည်။

ဒယ်ဒီအိမ်ကထောက်ပံ့သမျှမလောက်သည့်အပြင် ဒယ်ဒီရှာသမျှပါ ကုန်တဲ့အထိ မာမီဟာ လောင်းကစားနွံနစ်ခဲ့ရသည်။

မော်ကွန်းသိ တတ်စအရွယ်ကတည်းက  မာမီဆီကမေတ္တာကိုမရခဲ့ပါ။

မာမီပြောဖူးတဲ့စကားတစ်ခွန်းကိုတော့အခုထိမေ့လို့မရ။

*နင့်ကိုမချစ်ဖူးတဲ့*

ကိုယ်ဝမ်းနဲ့လွယ်မွေးခဲ့တဲ့သားသမီးအပေါ် ချစ်ခြင်းမေတ္တာမပေးနိုင်ခဲ့တဲ့ မာမီ့အပေါ် မော်ကွန်း ရွံရှာမုန်းတီးလှသည်။

သားသမီးအပေါ် မကြင်နာသည့်အပြင် မယားဝတ်တရားလည်းမကျေပွန်ခဲ့ပါ။

ဒယ်ဒီ့မိဘတွေဘက်က‌ေ နာက်ဆုံး အမွေပျက်စွန့်လွှတ်ခဲ့သည်အထိ မာမီ့အပေါ် မုန်းတီးခဲ့ကျသည်။ ဒယ်ဒီဟာ ထိုအခြေအနေတွေထိ မာမီ့ဘက်က နေပေးခဲ့သေးသည်။

နောက်ဆုံးမာမီဟာ အမိုက်မဲဆုံးလုပ်ရပ်တစ်ခုကိုကျူးလွန်ခဲ့သည်။

တခြားအိမ်ထောင်ရှိယောကျာ်းတစ်ယောက်နဲ့ဖောက်ပြန်သွားပြီး ထွက်ပြေးသွားခဲ့၏။ မာမီပြန်လာမဲ့ရက်ကို မော်ကွန်းနေ့တိုငိးမျှော်နေခဲ့သော်လည်း မာမီဟာ လုံးလုံးပြန်မလာခဲ့ပါ။

ဒယ်ဒီ တောက်လျှောက်လိုက်ရှာခဲ့ပေမယ့်လည်း နောက်ဆုံးသိလိုက်ရတာတစ်ခုက မေမေဟာ နောက်ယောကျာ်းနဲ့ ‌ဖောက်ပြန်ခဲ့သည့်အကြောင်းကိုပင်။

ဘာကြောင့်ဘယ်လိုကြောင့် မာမီဟာ ဒီလိုလုပ်ရပ်မျိုးကို လုပ်ရပ်ခဲ့တာလဲဆိုတဲ့မေးခွန်းကို အကြိမ်ကြိမ် ထုတ်နေမိသည်။

အဖြေဟာ မော်ကွန်းတွက်တော့ရှင်းပါသည်။ သူမပြောခဲ့တဲ့အတိုင်းလိုပင်။သူမဟာ ယောကျာ်းနဲ့သားကို မချစ်မနှစ်သက်ခဲ့ပါ။

တကိုယ်ကောင်းဆန်တဲ့ မာမီဟာ မော်ကွန်းဘဝကနေရုတ်တရတ် ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ မော်ကွန်းစိတ်တို့ဟာ ပုံမှန်အခြေအနေမှာမရှိတော့။

မာမီထွက်သွားတဲ့နောက်ပိုင်းမော်ကွန်းတစ်ယောက်တည်းနေတတ်လာသည်။ မာမီဟာ သူ့ကိုအကြောင်းမဲ့သက်သက်မုန်းတီးခဲ့တာကတော့အမှန်ပင်။

သူ့ရဲ့မွေးဖွားခြင်းကိုက မာမီ့အတွက် နာကျင်စရာကောင်းနေသလား သူမတွေးတတ်။

မာ့မီစိတ်နဲ့ပဲ အချိန်တော်တော်ကြာသည်အထိ မော်ကွန်း ခံစားခဲ့ရသည်။

အချိန်တွေကကုစားသွားပေမယ့်လို့ ဖျောက်ဖျက်မရတဲ့ ခံစားချက်တချို့ကတော့ ဦးနှောက်ထဲစွဲကျန်နေစမြဲပင်။

‌ထို ဦးနှောက်ထဲစွဲကျန်နေ‌တဲ့ အရာတွေကပဲ မော်ကွန်းစိတ်ကို ကြမ်းတမ်းသွားစေတော့သည်။.....

 


Продолжить чтение

Вам также понравится

Out of Control AGPEEX

Документальная проза

20.4K 46 22
This is the second instalment to my 3 Part series of Books about a Young Blonde Teen Girl who suddenly starts to loose control of her bladder and bow...
small steps.👣 londyn..

Документальная проза

52.8K 1.1K 21
.. a story, of a girl who has a condition that could change her life for the greater good. Loni has a medical condition that stopped her from develop...
23K 775 30
Unicode ငယ်ကိုအရမ်းမုန်းတာပဲလားမမမုန်း သဲငယ် ငါ့ဘဝမှာမင်းကိုအမုန်းဆုံးပဲ တစ်သက်လုံးမုန်းန...
සුදු අරලිය... _ Sayuu _

Документальная проза

16.8K 1.6K 18
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...