" နဒီ့ "
" ဗုဒ္ဓေါ! ကိုထွဋ်ခေါင်ရယ် လန့်လိုက်တာဆိုတာ ဘယ်လိုဖြစ်တာတုန်း "
" လန့်သွားတာလား ဆောရီးနော် ကိုယ်က စလိုက်တာပါ ဒါနဲ့ နဒီဘာလုပ်နေတာလဲ "
" ဟင်းးး မြင်ရဲ့သားနဲ့ ဖွားဖွားတွက် ဟင်းချက်ပေးနေတာလေ ဘာလို့လဲ ကိုထွဋ်ခေါင်ကဘယ်သွားမလို့လည်း ဝတ်လာတာကိုကြည့်ပါဦး ထူးခြားနေသလိုဘဲ "
" ကိုယ်ကူညီပေးမယ်လေ ဘယ်မှမသွားပါဘူး မင်းလေးနဲ့ မနက်စာအတူစားချင်လို့ လာတာ "
" အော်ဟုတ်ပါပြီ အာ့ဆိုခနစောင့်နော် ကူညီစရာတော့မလိုပါဘူး ပြီးတော့မှာ "
" ဟုတ်လား ဒါဆို ကိုယ်အိမ်ထဲဝင်စောင့်နေမယ်နော် "
" အင်းပါ "
အိမ်ငယ်လေးထဲဝင်လိုက်ကာ ကြမ်းခင်ပေါ်တွင် ထိုင်လိုက်သည်။ ချမ်းသာတဲ့အိမ်တွေမှာရှိတဲ့ဧည့်ခန်းက စားပွဲတစ်လုံးကို ဆိုဖာတွေဝန်းရံထားတတ်သည်။ ဆင်းရဲတဲ့အိမ်တွေမှာရှိတဲ့ဧည့်ခန်းကျ ဆိုဖာမပြောနှင့်ခုံတောင်မရှိ ကြမ်းခင်းပေါ်သာ ထိုင်ရသည်။
ထွဋ်ခေါင်မှာ ချမ်းသာသည့်မိသားစုကဆင်းသက်လာသည့်သူဌေးသားဖြစ်တာကြောင့် ဆိုဖာအစားကြမ်းခင်းတွင်ထိုင်ရသည်မှာ သက်သောင့်သက်သာမရှိပေ။ ဆိုဖာလိုလည်းအိမနေတာကြောင့် ထိုင်တာကြာလေ ခါးတွေပါနာလာတတ်သည်။ နဒီဟင်းချက်နေတာ ၃၀မိနစ်လောက်ရှိနေပြီဖြစ်သည်။ကြားထဲ လက်ဖက်သုပ်လာချပေးလို့ စားရင်းစောင့်နေရသည်။ မကြာပါ ခနနေတော့ နဒီက မီးဖိုခန်းတွင် အလုပ်လက်စသတ်ကာ အိမ်ထဲဝင်လာတော့သည်။
" စောင့်ရတာကြာသွားလား ဆောရီးနော် လက်ချော်ပြီးဟင်းမှောက်သွားတာ ပြန်ချက်နေရလို့ "
" မင်းဘာဖြစ်သွားသေးလဲ မှောက်သွားတာဆိုတော့ အပူလောင်တာမဖြစ်ဘူးလား ဘယ်နားမှာလဲ "
ထိုင်ရာမှ အပြေးထကာ နဒီ့ပုခုံးနှစ်ဖက်ကိုကိုင်ပြီး ဟိုလှည့်ခိုင်းဒီလှည့်ခိုင်းနှင့်စူးစမ်းနေသည်။
" ကိုထွဋ်ခေါင်ရယ် ကျွန်မဘာမှမဖြစ်ပါဘူး အပူလည်းမလောင်ဘူး ဘာလို့ပျာယာခတ်နေရတာလဲ "
" သေချာရဲ့လား ဒဏ်ရာမရတာ "
" သေချာပါတယ် "
" ကျွန်မအဝတ်သွားလှဲဦးမယ်နော် ခနထိုင်ဦး "
" ထိုင်ရဦးမှာလား "
ကြမ်းခင်းပေါ်လက်ညှိုးထိုးပြကာ ရင်ထိတ်နေသည့်ပုံစံဖြင့် နဒီ့ကိုကြည့်ကာမေးမိသည်။ ဒီထက်သယထပ်ထိုင်ရရင် ဖင်လည်းနာတော့မည်။
" အင်းလေ ခနနော် လက်ဖက်သုပ်စားရင်းစောင့်ပေါ့ "
" အင်းအင်း ဖြည်းဖြည်းသာလှဲ ကိုယ်စောင့်နေမယ် "
ကြမ်းခင်ပေါ်တွင် ပြန်ထိုင်ပြီး နဒီ့အားမော့ကြည့်ကာ ပြုံးရင်းပြောလိုက်တော့ နဒီက အခန်းထဲပြေးဝင်သွားသည်။
တကယ်တော့ ထွဋ်ခေါင်ရင်ခုန်နေမိသည်။ သူဆုံးဖြတ်ထားတာ ဒီနေ့နဒီ့ကိုရအောင် ဖွင့်ပြောမည်ဟု။ အရင်ကလည်း ဘယ်လောက်ဘဲပြင်ဆင်ပြင်ဆင် အခွင့်မကြုံခဲ့ပေ။ ဒီတစ်ခါတော့ ကြုံကိုကြုံရမည်။
၁၅မိနစ်လောက်နေတော့ အခန်းထဲမှထွက်လာသောနဒီ။ နဒီ့ပုံစံကိုမြင်ကာ မှင်သက်သွားသောထွဋ်ခေါင်။ ဘာကြောင့်ဆို နဒီ့မွေးနေ့တုန်းက ထွဋ်ခေါင်လက်ဆောင်ပေးထားသည့်ဂါဝန်လေးဝတ်ထားသည်လေ။ အနက်ရောင်ဂါဝန်ကိုမှကြိုးသိုင်းလေးနှင့် ပုခုံးမှ လက်ဖမိုးတစ်ရှောက် အဖြူရောင်အစပါးလေးပါသေးသည်။ ရင်ဘတ်တွင် ပါသည့်ကြယ်သီးကိုပါ ဖြုတ်ထားသေးသည်။ မျက်နှာတွင် မိတ်ကပ်ပါးလေးလိမ်းထားပြီး နှုတ်ခမ်းတွင် အနီမဟုတ် ပန်းရောင်မဟုတ် အလယ်ကျကျအရောင်လေးဆိုးထားကာ ဂါဝန်နှင့်လိုက်ဖက်လှသည်။
" ဟို...ကိုထွဋ်ခေါင် ကျွန်မဝတ်ထားတာအဆင်ပြေရဲ့လား တစ်ခါမှမဝတ်ဖူးတော့... "
" ပြေတာပေါ့ဗျာ သိပ်လှတာဘဲ ဒါမဲ့မပြည့်စုံသေးဘူး "
" ဟင်! "
" လာ လိုက်ခဲ့ "
နဒီ့လက်ကိုဆွဲကာ အိမ်ပြင်ပြေးထွက်လိုက်သည်။
" ဘာလို့အလျင်လိုနေတာလဲ ဖြည်းဖြည်းပေါ့ "
" ဟုတ်ပါပြီ လာ ကားက ဟိုဘက်ရပ်ထားခဲ့တာ လူရှုပ်လို့ လာလေ "
" အမ်... အင်း... လက်ကိုအရင်လွှတ်လေ "
အိမ်ထဲမှဆွဲခေါ်ခဲ့သည့်အတိုင်း လက်ကိုဆုပ်ကိုင်ထားခဲ့သည်မှာ ခုထိလွှတ်မပေးသေးတာကြောင့် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ ထိုမှသာ ထွဋ်ခေါင်က လက်ကိုင်ထားရာကို ငုံ့ကြည့်ပြီး လက်ပိုပြန်လွှတ်လိုက်သည်။
" ဟို.. သွား..သွားကြမယ်လေ "
စကားထစ်နေသော ထွဋ်ခေါင်ကို မျက်စောင်းတစ်ချက်ခဲကာ ရှေ့ကဦးဆောင်လျှောက်လိုက်သည်။
( ဟွန့်... သူကဘဲရှက်ရတယ်ရှိသေး ယောက်ျားကြီးတန်မဲ့ အံ့ဩပါ့ )
" န..နဒီ ကိုယ့်ကိုစောင့်ဦးလေ "
" ... "
ဘာစကားမှပြန်မပြောဘဲ ကားရှိရာကိုသာ ခပ်မြန်မြန်လျှောက်လာလိုက်သည်။
" နေ..နေပါဦး နဒီရယ် ကိုယ့်ကိုစိတ်ဆိုးသွားတာလား ကိုယ်ဘာမှားသွားလဲဟင် "
" စိတ်ဆိုးရအောင် ရှင်နဲ့ကျွန်မက ဘာမို့လို့လဲ "
စိတ်ထဲမကျေမနပ်ချက်တွေများပြီး အသံနည်းနည်းမြှင့်သွားသည်။
" ကိုယ်တစ်ခုခုမှားသွားတာဘဲ တောင်းကန်ပါတယ် စိတ်မတိုးပါနဲ့ "
" မဆိုးပါဘူး ခုဘယ်သွားမှာလဲပြော အရေးကြီးပုံဘဲ "
" အရေးကြီးတော့ကြီးပါတယ် ဒါမဲ့အရေးမကြီးဘူး "
" ဟင်! "
" ထားပါ ကိုယ့်ကိုစိတ်မဆိုးဘူးမလား "
" မဆိုးပါဘူးဆို "
တကယ်တော့ စိတ်ဆိုးတာမျိုးတော့ မဟုတ်ပေ။ မကျေမနပ်ဖြစ်မိရုံသာ။ အမှန်ဆို မိန်းကလေးဖြစ်တဲ့သူကရှက်သင့်တာလေ။ လက်ကိုလည်း ထွဋ်ခေါင်ကစကိုင်တာမို့ နဒီကပိုလို့တောင်ရှက်သင့်သေးသည်။ သို့သော် နဒီ့ကိုရှက်ခွင့်မပေးသည့်အတိုင်း ဒင်းကဦးအောင်ရှက်သွားသည်။
" ဘယ်သွားမလို့လဲ လိုသေးတယ်ဆိုတာကရော ဘာလဲ "
နှစ်ယောက်လုံးကားထဲဝင်ထိုင်ပြီးမှ နဒီကစမေးလိုက်သည်။
" ပြီးရင်သိလိမ့်မယ် "
" ... "
" ခါးပတ်ပတ်ထားနော် သွားမယ် "
" အင်းအင်း ပတ်ထားတယ် "
ထို့နောက် ကားလေးကထိုနေရာမှ စတင်ထွက်ခွာလေသည်။ လမ်းတစ်လျှောက်လုံးက ကောင်လေးတွေမှာ နဒီ့ကိုလှမ်းကြည့်နေကြသည်။ အိမ်နဲ့အနီးအနားဖြစ်တာကြောင့် တချို့ကောင်လေးတွေနဲ့ခင်သည်။ ခင်တဲ့ကောင်လေးတွေဆို လက်ပြကာ ပြုံးပြမိသည်။ ထွဋ်ခေါင်မှာတော့ဘေးကနေ ဖင်တကြွကြွဖြစ်နေလေသည်။ နောက်တော့ ကားမှန်ကပိတ်ကျသွားသည်။
" ဘာလို့ပိတ်လိုက်တာလဲ လေမဝင်တော့ဘူး "
အသံတိုးတိုးဖြင့်ပြောလေတော့ ထွဋ်ခေါင်ကမကြားချင်ယောင်ဆောင်သည်။
" ဒီမှာ! ရှင်ကျွန်မကို အဖက်မလုပ်ဘူးဆိုရင်လည်း ဘာလို့ခေါ်လာတာလဲ "
" အဲ့...အဲ့လိုမဟုတ်ပါဘူး နဒီရယ် ကိုယ်... "
" ... "
အသံလေးနည်းနည်းမြှင့်ပြောလိုက်သည်နှင့် ပြာယာခတ်သွားသည့်ထွဋ်ခေါင်ကိုကြည့်ကာအဲ့အားသင့်နေမိသည်။
" အဲ့တာဆို ဘာလဲ "
အသံကိုထပ်တိုးလိုက်တော့ ထွဋ်ခေါင်က သက်ပြင်းတစ်ချက်ချသည်။
" နဒီခုနက ဘာလုပ်နေတာလဲ "
" ဘာလုပ်လို့လဲ အပြင်ဘက်ကိုကြည့်နေတာလေ "
" မဟုတ်ဘူး နောက်တစ်ခု "
" အော်... လက်ပြတာလား ဘာဖြစ်လို့လဲအဲ့တာက "
" ဘာလို့လက်ပြတာလဲ "
ထွဋ်ခေါင်၏မေးခွန်းက နဒီ့ကိုကြောင်အသွားစေသည်။ လက်ပြပါတယ်ဆိုမှသိလို့ပေါ့ မသိဘဲနဲ့ပြရအောင် အရူးလား။
" ခင်လို့ပြတာပေါ့ "
" ဒီပုံစံနဲ့လား "
" ကျွန်မပုံစံကဘာဖြစ်နေလို့လဲ! "
တင်းလေပြီ။ ထွဋ်ခေါင်မှာ အကြောင်းပြချက်လုံလုံလောက်လောက်မရှိပါဘဲ နဒီ့ကိုရစ်နေသည့်အတိုင်းပင်။ သောက်ထားတာလည်းမဟုတ်။
" လှနေလို့ပေါ့ မင်းလှနေလို့ အဲ့ကောင်တွေကကြည့်နေတာလေ မင်းကိုဖွန်ကြောင်ချင်တဲ့အကြည့်တွေနဲ့ကြည့်နေတာ မင်းကဘုမသိဘမသိနဲ့ လက်သွားပြနေတယ် "
လေသံမာမာနဲ့ပြောတော့ နဒီက မျက်မှောင်ကြုတ်ကာ
" ရှင်နဲ့ဆိုင်လား ရှင်ကဘာမို့လို့ကြားထဲကစိတ်တိုနေတာလဲ "
" ကျစ်! သိပ်သိချင်နေတယ်ပေါ့ ပြောမယ် "
" ... "
ကားကိုရုတ်တရက်ဘေးကပ်ရပ်ထားလိုက်သည်။ ပြီးတော့ ကိုယ်ကိုနဒီဘက်လှည့်လိုက်ကာ နဒီ့လက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။
" ဘာ..ဘာလုပ်... "
" ချစ်တယ် ကိုယ်မင်းကိုချစ်တယ် နဒီ "
" ဟင်! "
" ဟုတ်တယ် ကိုယ်မင်းကိုစတွေ့ကတည်းက ချစ်မိသွားခဲ့တာ ကိုယ်ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမဲ့ အခွင့်မကြုံခဲ့ဘူး ဒီနေ့ဖွင့်ပြောမယ်ဆိုပြီး မင်းဆီစောစောလာခဲ့တာ တစ်နေရာရာကိုခေါ်သွားပြီးပေါ့ "
" ... "
" ကိုယ့်ကိုတစ်ခုခုပြန်ပြောပါဦး "
" ဟို... ဘာပြောရမှန်းမသိဘူး "
" ရပါတယ် အေးဆေးစဉ်းစားပါ အချိန်တွေအများကြီးရှိပါသေးတယ် "
ထွဋ်ခေါင်က အောက်ငုံ့ကာ မျက်နှာငယ်ဖြင့်ပြောတော့ နဒီကထွဋ်ခေါင်၏မေးဖျားကိုကိုင်ကာ မော့စေလိုက်သည်။
" ရှင် ဝမ်းနည်းသွားတာလား "
နဒီ့လုပ်ရပ်ကြောင့် နှစ်ဦးသားရဲ့မျက်နှာကအနည်းငယ်နီးကပ်နေသည်။ အထူးသဖြင့် ထွဋ်ခေါင်ကိုရင်ခုန်စေသည်။
တဖြည်းဖြည်းနီးကပ်လာသောထွဋ်ခေါင်၏မျက်နှာကြောင့် မျက်လုံးအစုံကို ပိတ်ထားလိုက်မိသည်။
" အဟက်! မင်းရင်ခုန်နေတာမလား "
အတော်လေးနီးတဲ့အခြေအနေရောက်မှ ဟက်ခနဲရီကာ နဒီ့မျက်ဝန်းကိုစိုက်ကြည့်ပြီးပြောလေသည်။
" ဟို... ကျွန်မမသိဘူး "
" ကြည့်ပါဦး မင်းပါးလေးတွေက ရှက်ပြီး ပန်းရောင်သန်းနေတယ် ချစ်ဖို့ကောင်းလိုက်တာ "
" ရှင် သွား..သွားမှာလားမသွားဘူးလား မသွားရင် ကျွန်မဆင်းနေခဲ့မှာနော် "
" ဟုတ်ကဲ့ သွားမှာပါဗျ ဆင်းတော့မနေခဲ့ပါနဲ့ ခနကကောင်တွေကြည့်တာမကြိုက်ဘူး "
ပိုင်စိုးပိုင်နင်း သဝန်တိုနေသည့်ထွဋ်ခေါင်ကြောင့် အနည်းငယ်ကျေနပ်မိပေမဲ့ ရှက်စိတ်ကပိုများနေတာကြောင့် တစ်ဖက်လှည့်ထားလိုက်သည်။
" ဘာလို့ပြုံးနေတာလဲ "
နဒီ့မျက်နှာကိုမြင်ရရန်ကိုယ်ကိုနဒီ့ဘက်အနည်းငယ်တိုးပြီး အောက်မှပင့်ကြည့်ကာ မေးလိုက်တော့ နဒီက
" ဘယ်.. ဘယ်မှာပြုံးနေလို့လဲ မောင်းမှာလားမမောင်းဘူးလား "
" မောင်းမယ်ဗျ "
~~~~~
" ဘာ! လူကြီးတွေက သဘောတူတယ်ဟုတ်လား တောက်! "
" ဟုတ်ပါတယ် မမလေး သူတို့စိတ်ပူတာကပတ်ဝန်းကျင်ပါဘဲ သိတဲ့အတိုင်းပတ်ဝန်းကျင်ကကျ နားလည်ပေးဖို့ခက်တယ်လေ "
" အဟက်! ဟုတ်သားဘဲ ပတ်ဝန်းကျင် "
မမလေးဆိုသည့်ကောင်မလေးကတော့ အောင်မြင်နိုင်မည့်အစစီအစဉ်ကို အပြုံးတွေနဲ့စတင်လိုက်သည်။ ဝိုင်ခွက်ကိုကိုင်ရင်း မဲ့ပြုံးပြုံးနေသောသူမစိတ်ထဲတွင် ဘာမကောင်းတဲ့အတွေးတွေရှိနေမလဲကတော့ သူမသာသိလိမ့်မည်။
" လေပြေတွေ ရပ်သင့်တဲ့အချိန်ရောက်ပြီ
ရှိုင်းခန့်သော် ၊ လွန်းငယ် နင်တို့တွက် မုန်တိုင်းလေးတစ်ခုလွှင့်ပေးမယ် "
_____
တစ်ပိုင်းနဲ့တစ်ပိုင်း အချိန်တွေကွာသွားရင်တောင်းပန်ပါတယ်ဗျာ ပိုမြန်နိုင်အောင်ကြိုးစားပါ့မယ်ဗျ🥺 အပိုင်းကိုရှည်ရှည်ရေးပေးထားပါတယ်❤️
ဒါလေးက နဒီဝတ်ထားတဲ့ ဂါဝန်ပုံစံပါ😍