မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (...

Por Zphoowai

375K 19.3K 2.4K

Redflag- Beauty M-preg Mais

Intro
Profile
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
🌱
အပိုင်း (၁၀)
Emergency foods
Ice CREAM
🍃
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း(၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)

အပိုင်း (၂၂)

4.5K 297 79
Por Zphoowai

{Unicode}

... တကယ်တော့..
လေပြည်ဆိုတာ
မုန်တိုင်းတစ်ခုရဲ့ အစပါပဲ..။

***

Life2Up General Hospital
အထူးကု ဆေးရုံကြီး...

အထူးကုဆေးရုံကြီးရဲ့ အခန်းတစ်ခု အတွင်းမှာတော့ ကုတင်ပေါ်မှာ လဲလျောင်းပြီး အခုထက်ထိ သတိလည်မလာသေးသည့် သားဖြစ်သူပင်...။

သားဖြစ်သူ၏ အဖြစ်ကို မချိတင်ကဲ ငေးကြည့်နေမိသည်...။ မိခင်ရင်ခွင်နှင့် ကင်းကွာနေသော ကလေးဖြစ်သူမို့ ပိုပြီး ဂရုစိုက်ကာ အချစ်ပိုခဲ့သည့် သူပင်...။

ဘာလို့များ... ယောကျ်ားတစ်ယောက်အတွက် အဲ့လောက်တောင် ကိုယ့်ကိုကိုယ် စတေးဖို့ ခွန်အားတွေ ရှိနေခဲ့သည်လဲ?

မကြာမီပင် round လှည့်သည့် ဆရာဝန်နှင့်အတူ သူနာပြုတို့က ရောက်လာသည်မို့ မတ်တပ်ရပ်လိုက်ကာ သားဖြစ်သူ၏ အခြေအနေကို ငေးကာ ကြည့်မိသည်...။

"ဘာမှမဖြစ်ပါဘူး... ဦးရတုမိုရ်... ကျွန်တော်တို့ တတ်နိုင်တာထက် ပိုပြီး ကလေးကို စောင့်ရှောက်ပေးထားပါတယ်...။ အခြေအနေကိုလည်း အမြဲမပြတ် စောင့်ကြည့်နေပါတယ်...။ အလုပ်ကိစ္စတွေ ရှိရင် စိတ်ချပြီး ထားခဲ့လို့ ရပါတယ်..."

"ရပါတယ်... ဒေါက်တာ...။ ဦး ဒီမှာပဲ သားလေး သတိရတဲ့ အထိ စောင့်နေလိုက်ပါ့မယ်...။ အိမ်ကလည်း လူလဲ မလာသေးလို့ပါ..."

"သြော် ဟုတ်ကဲ့ပါ ဦးရတုမိုရ်...။ ဒါဆို ကျွန်တော်တို့ လိုအပ်တာတွေလည်း စစ်ကြည့်ပြီးခဲ့ပြီမို့ ကျွန်တော်တို့ တစ်ခြားလူနာ အခြေအနေတွေ သွားကြည့်မလို့ ခွင့်ပြုပေးပါဦးနော်...။"

"ဟုတ်ကဲ့ပါ ဒေါက်တာ..."

"ကလေး အခြေအနေကို အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ဗျ...။ သူ လိုအပ်တဲ့ သွေးပမာဏကို ကျွန်တော်တို့ ပြန်လည် ပေးသွင်းနိုင်ပါပြီ..။ အခုက ဆေးရှိန်ကြောင့် အိပ်ပျော်နေတာပါ...။ အခြေအနေ အားလုံးလညး ငြိမ်နေပါတယ်..."

"ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ်...။ သားလေး အခြေအနေကိုလည်း သေချာဂရုစိုက်ပေးလို့လည်း ကျေးဇူးအများကြီး တင်ပါတယ်...။"

"မလိုပါဘူး... ဦးရတုမိုရ်... ဒါက ကျွန်တော်တို့ အလုပ်ပါပဲ...။ ဒါဆို ခွင့်ပြုပါဦးနော်..."

"ဟုတ်ကဲ့ပါ ဒေါက်တာ..."

Round လှည့်သည့် ဆရာဝန်များကတော့ အခန်းထဲမှ ပြန်ထွက်သွားလေပြီ....။ စိတ်မပူဖို့ ပြောထားပေမယ့် တကယ်တမ်း အခုထက်ထိ သားဖြစ်သူက သတိမရသေးသည်မို့ ေသာကမီး မငြိမ်နိုင်တော့...။

ဒါတွေရဲ့...
အရင်းအမြစ်က တစ်စုံတစ်ယောက်...
တစ်စုံတစ်ယောက်... အဲ့ဒီတစ်စုံတစ်ယောက်က သားဖြစ်သူရဲ့ စိတ်အခြေအနေကို တိုးတိုက်ပြီး ဒုက္ခပေးသည့် သူပင်....။

လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်...။ အကြောလည်း တင်းပြီး သားဖြစ်သူကို ဒီလိုဆက်ဆံသည့် လူတစ်ယောက်ကို... သေချာလေး ပြန်ဆက်ဆံပေးရတော့မပေါ့....။

......

ရွာလယ် ဆေးခန်း...

ဒီနေ့...
သူအရိပ်အယောင် မရှိသည့် အချိန် ရွာမှာနေရသည်က သိပ်ကို ပျင်းသည်...။ ဒီနေ့လဲ ဆေးခန်းကို လာသည့် လူနာများက နည်းနည်းများသည်မို့ တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ လုပ်ပေးနေမိသည်...။

ထိုအချိန်မှာပင် ဖုန်းသံက မြည်လာလေပြီ...။ တစ်ကြိမ်တည်း မဟုတ်ဘဲ ထပ်ကာ ထပ်ကာ မြည်လာချိန်မှာတော့...ကျောင်းမှာ ရှိနေသည့် မိုး ဆိုသည့်တစ်ယောက်...

ဖုန်းက ခဏ ခဏ အရေးကြီးနေသလို ခေါ်နေသည်မို့ လူနာကို ဆေးထိုးပြီးသည်နှင့် ဆေးယူဖို့ ခဏစောင့်ပါလို့ ပြောပြီး ဖုန်းရှိနေသည့် အခန်းထဲသို့....။

📱...

"အင်း... မိုး ပြော..."

"ဒေါက်တာရေ... ရှင့်ဇာတ်လမ်းတော့ ပိုလှတော့မယ် ထင်တယ်...။"

မျက်ခုံးကို ကျုံ့လိုက်ပြီး နားထောင်လိုက်မိသည်... သူမ ဘာကိုဆိုလိုသည်လဲ?
သူမကို မင်းခိုက်ရတုမိုရ်နှင့် ပျိုးငယ်အကြောင်းကို stalkဖို့ လွှတ်ထားသည်မို့ သူ ပြောသည့် အကြောင်းအရာ​က ....

"ဘယ်လိုလဲ? ပျိုးပင်ငယ်က ရတုနဲ့ ကြိုက်သွားပြီလား?"

အပြင်က အခြေအနေကို ကြည့်ပြီး
မိမိထင်သည့်အရာကို ဆွဲကာ ပြောလိုက်မိသည်...။ သို့ပေမယ့် တစ်ဖက်ကတော့...

"မဟုတ်ဘူး... ဆရာရေ... ရှင့်လူ ရတုက ကိုယ့်ကိုကိုယ် သေကြောင်းကြံလို့ အခုဆေးရုံရောက်နေတယ်တဲ့...။"

"အင်း... အဲ့ဒါက ဘာဖြစ်လို့လဲ? တကယ်ဆို ဒါက ငါတို့အကြံအစည်အတွက် မအောင်မြင်တဲ့ လမ်းစပဲ မဟုတ်ဘူးလား?"

ထိုအချိန်မှာတော့ သူမဘက်က တဟားဟား ရယ်ပြီး...

"အို ဆရာရယ်... ရှင်က စာပဲ တော်တာ...။ အခုက အဲ့လိုဖြစ်သွားမှ ပိုကောင်းတာ...။ ရတုနဲ့ ပျိုးပင်ငယ် ကြိုက်ဖို့ဆိုတာ အတော်လေး စောင့်ရဦးမယ်...။ အခုက ရတုမိုရ်ဆိုတဲ့ အဖိုးကြီးက သူ့သား ဒီလိုဖြစ်တာကို ကျေနပ်တာ မဟုတ်ဘူးလေ... force တွေ လာနိုင်တာပေါ့...။ အနည်းဆုံးတော့ သူ့သားအနား ရှိနေပေးဖို့ ပြောမရရင် အသက်အန္တရာယ် ရှာတာမျိုးပေါ့...။"

"ဒါပေမယ့် ဟို သူ့ကိုတော့ မထိလိုက်ပါဘူးနော်..."

"သြော်... ကို ရင်ဝယ်ဦးက ထိမှာမဟုတ်ဘူး စိတ်ချ...။ အခုက ကံမကောင်းရင် ပျိုးပင်ငယ်ကို အဖိုးကြီးက သူ့သားအနားနေဖို့ ခြိမ်းခြောက်နိုင်သလို... ကံကောင်းရင်တော့ ပျိုးပင်ငယ်က အသက်မဆုံးရင်တောင် ရင်ဝယ်ဦးလက်နဲ့ သေမှာပဲလေ...။ ဒါဆို ရင်ဝယ်ဦးရဲ့ လက်ကျန်အချိန်က ရှင့်ဆီမှာပဲလေ...။ ကြိုးစားပေါ့... ဆရာရဲ့..."

သူမပြောသည့် အရာက ဖြစ်နိုင်ဖို့ ဝေးနေပေမယ့် ချက်ကျလက်ကျနှင့် ဖြစ်နေသည်မို့ အနည်းငယ်တော့ မျှော်လင့်လို့ ရပါသည်...။ ဘာပဲဖြစ်ဖြစ် ပျိုးပင်ငယ်က ထိခိုက်ရှနာ တစ်ခုခုတော့ ဖြစ်လာနိုင်သလို... လိုက်လျောမှုကနေ ဖောက်ပြန်မှု အစ ဖြစ်နိုင်တာပဲလေ...။

စိတ်ချပါ...
အဲ့ဒီအချိန်ကျ ပျိုးပင်ငယ်ဆီမှာပဲ ရှိနေခဲ့တဲ့ သူ့ရဲ့ အာရုံစူးစိုက်မှုတွေကို မိမိဆီမှာပဲ ပုံအပ်ခိုင်းတော့မည် ဖြစ်သည်...။

"ကောင်းပြီ... ဒါဆို ဒါကို အပိုဆုကြေးအနေနဲ့ မင်းဆီ ပိုက်ဆံလွှဲပေးလိုက်မယ်...။ ကျေးဇူးပါ မိုး...။ နောက်ထပ်လည်း ဆက်ပြီး စောင့်ကြည့်ပေးပါဦး...။"

"ဝါး... ပျော်လိုက်တာ... ဟုတ်ကဲ့ပါ ဆရာ... စိတ်ချ...စိတ်ချ...။ အချိန်နဲ့ တပြေးညီ သတင်းတွေကို အမိအရယူပေးမယ်...။"

"အခု ပျိုးပင်ငယ်ရော... ကျောင်းမရောက်သေးဘူးလား?"

"ဟုတ်တယ်... မလာသေးဘူး...။ ဘာလဲ ပျိုးပင်ငယ်ထက်... ရင်ဝယ်ဦး ရွာမရောက်သေးတာပဲ စိတ်ဝင်စားတာမလား? တည့်မေးလို့ ရပါတယ် ဆရာရယ်...။"

"ကဲ... ဒီကလေးမ ဒါဆို ဒါပဲ...။ ဒီမှာ ဆေးကုနေရလို့..။"

"ဟုတ်ကဲ့ပါ ဆရာရေ...။ သေချာ အသားတကျ ကုနော်... နောက်ဆို ဒီရွာက ဆရာတစ်သက်လုံး ရင်ဝယ်ဦးနဲ့ အခြေ ချရမယ့်နေရာ...။"

"မိုး... မင်း ဘာတွေ ပြောနေတာလဲ?"

"မရှက်ပါနဲ့ ဆရာ... ဒါဆို မိုး ဖုန်းချပြီနော်...။"

"ကောင်းပါပြီ..."

မကွေး တက္ကသိုလ်...

နံနက် ၈နာရီ ၄၅ အတိအကျမှာတော့ တက္ကသိုလ်ရှေ့ကို ရောက်နေပြီ ဖြစ်သည်...။ ညက အစ်ကို့ရဲ့ အရှိန်ကြောင့် အခုဆို ပျိုးငယ် လည်ပင်းမှာ မာကင်ရာ အမှတ်အသားတွေက အပြည့်ရှိနေသည်...။

အစ်ကို့ဆိုင်ကယ်ပေါ်က အောက်ကို ဆင်းပြီးသည်နှင့် အစ်ကို့အနားသို့ မသွားတော့ဘဲ ကျောင်းထဲကို ဝင်မယ် ပြင်တော့...

"ဒါကို ဘယ်ကို သွားဖို့လဲ? လာ... ဒီကိုလာဦး.."

နောက်ကျောဘက်မှ ဆိုင်ကယ်ပေါ်မှာ ရှိနေသည့် အစ်ကိုက အသံငြိမ်ငြိမ်ဖြင့်ပင် ခေါ်လာချိန်မှာတော့ ကျွန်တော်လည်း နောက်ကို ပြန်လှည့်ကာ အစ်ကို့ဆီသို့...။

အနားကို ရောက်လေတော့ အစ်ကိုက...

"ဒီမျက်နှာက ဘာဖြစ်တာလဲ?"

အစ်ကိုက ပျိုးငယ့်ကို ကြည့်ပြုံးကာ ပြောလာသည်...။ ထိုအချိန်မှာတော့ ပျိုးငယ်လည်း လည်ပင်းက အရာများကို အစ်ကို့ဆီ ပြလိုက်ပြီး..

"ဒီမှာကြည့်... ဒီအရာတွေနဲ့ ပျိုးငယ် ကျောင်းကို ဘယ်လိုတတ်ရမလဲ?"

"........."

ထိုအချိန်မှာတော့ အစ်ကိုက ဘာစကားမှ မပြော... ပျိုးငယ် လည်တိုင်မှာ ရှိနေသည့် ဒဏ်ရာများကို လာ်တိုင်ကို ကိုင်ကာ မေးစေ့ကို လက်မဖြင့် ထောက်ပြီး ကြည့်လာသည်...။ တကယ်ဆို ဒီအတိုင်း ကြည့်လည်း မြင်ရသားနဲ့ အပိုတွေ...

"နေပါစေ... ဒါက မင်းကို ငါ့အပိုင်မှန်း မှတ်သားထားတဲ့ အရာတွေ...။"

"တကယ်...တကယ် အစ်ကိုက ဘာမှန်းကို မသိဘူး...။ လူကို နှိပ်စက်နေတာ...။"

"ပျိုးငယ် ဒီအနား လာဦး..."

အစ်ကိုက ခပ်တည်တည်ဖြင့်ပင် သူ့အနားသို့ ပိုတိုးကပ်စေပြီး ကျွန်တော့်လည်ဂုတ်ကို ကိုင်ကာ အောက်ပိုင်းမှ သူ့အရာဆီသို့ ငုံ့ညွှတ်ဖို့ လုပ်လေတော့...

"အာ... အစ်ကို ညစ်ပတ်... အစ်ကို တော်တော်ဆိုးတာပဲ... ကျောင်းရှေ့ကြီးမှာကို..."

ထိုအချိန်မှာတော့ အစ်ကိုက သဘောကျစွာ ပြုံးလာပြီး သူ့ဆိုင်ကယ်ကို စက်နိူးလာသည်...။ ထို့နောက် ...

"ပျိုးငယ်..."

ပျိုးငယ်ကို ခေါ်ကာ သူ့ခါးမှာ ထိုးထားသည့် ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို ထုတ်ကာ ပျိုးငယ်ဆီသို့...။

"ရတယ် အစ်ကို... ပျိုးငယ်ဆီမှာ ရှိသေးတယ်...။ အစ်ကိုပဲ ပြန်ယူသွား..."

"ဖြတ်ရိုက်လွှတ်လိုက်မှာ... သုံးစေချင်လို့ ပေးတာ... သုံး...။ မင်း မသုံးရင် ဘယ်သူမှ မသုံးဘူး...။ ငါလည်း သုံးမှာမဟုတ်ဘူး... မင်းကိုပဲ လိုအပ်တာ ကျန်တာမလိုဘူး...။"

ထိုစကားအဆုံးမှာတော့ ပျိုးငယ်လည်း အထွန့်မတက်တော့ဘဲ အစ်ကို့လက်ထဲက ပိုက်ဆံများကို ယူလိုက်မိသည်...။

"ဒါဆို  သွားတော့မယ်..."

"ဟုတ်ကဲ့ပါဗျ.."

ကျွန်တော့်အနားမှ အိမ်ကို ပြန်ဖို့ ဆိုင်ကယ်ကို စီးထွက်သွားသည့် အစ်ကို့ကျောပြင်ကို အချိန်အတော်ကြာ ငေးစိုက်ကြည့်ပြီးသည်နှင့် ကျောင်းထဲသို့သာ ဝင်လာမိတော့သည်...။

နေ့လယ်ပိုင်း

အထူးကုဆေးရုံကြီး...

"ဆရာ..."

"အေး ဝင်ခဲ့..."

အခုထက်ထိ သားဖြစ်သူက မနိူးလာသေးသည်မို့ စောင့်နေမိသည်...။ ထိုအချိန်မှာပင် ပျိုးပင်ငယ်အကြောင် စုံစမ်းခိုင်းထားသည့် အောင်စည်က ဆေးရုံကို လာသည်မို့...

"ဘာထူးလဲ အောင်စည်..."

ကုတင်ပေါ်မှာ ရှိနေသည့် သားဖြစ်သူကို မမှိတ်မသုန် ကြည့်နေမိပြီး မေးလိုက်မိသည်...။ ထိုအချိန်မှာတော့ အောင်စည်က သူ့လက်ထဲမှ ဖိုင်ကို လက်ထဲသို့ ပေးလာပြီး...

"ဆရာ... ဒါက ပျိုးပင်ငယ်နဲ့ ပတ်သတ်တဲ့ သူတဲ့... သူ့နာမည်က ရင်ဝယ်ဦး..."

"အေး.. သူတို့အချက်အလက်တွေ တစ်ချက်စုစည်းထားလိုက်..."

"ဟုတ်ကဲ့ပါ ဆရာ... သူက အမြဲတမ်းလိုလို ပျိုးပင်ငယ်ကို လာတွေ့ပါတယ်...။ အချိန်အခါမရွေးပါဘူး..."

"ကောင်းပြီ... ဒါဆို ပျိုးပင်ငယ်ကို သူ့ကျောင်းကနေ ညနေ ကျောင်းဆင်းတာနဲ့ မရမက ခေါ်ခဲ့ပါ။ သူနဲ့ ညှိနှိုင်းဆွေးနွေးစရာတွေ ရှိတယ်... "

"ဟုတ်ကဲ့ပါ ဆရာ..."

ကုတင်ပေါ်မှာ အခုထက်ထိ မနိူးသေးဘဲ ရှိနေသည့် မင်းခိုက်ရတုမိုရ်ကို တစ်ချက် စိတ်မကောင်းစွာ ကြည့်လိုက်မိပြီး ပျိုးပင်ငယ်ကိုသာ အရောက်ခေါ်ခဲ့ဖို့...။

ညနေပိုင်း...

ကျောင်းဆင်းသည်နှင့် ဖုန်းကို ဖွင့်ကြည့်လိုက်မိသည်...။ အစ်ကိုက သူရောက်ပြီဆိုတဲ့အကြောင်း msg ပို့ကာ ပြောထားသည်...။

ကျွန်တော်လည်း သဘောကျစွာ ပြုံးလိုက်မိပြီး အစ်ကို့ဆီသို့ ဖုန်းခေါ်လိုက်မိသည်...။ အနည်းငယ် ကြာသော အချိန်မှာပင်...

📱~~

"အင်း ကလေးလေး ပြော..."

ဟိုဘက်က ဟယ်လိုဆိုသည့်အစား အစ်ကိုကတော့ အမြဲတမ်း အဲ့လိုပင်...။ ပျိုးငယ် ၊ ကလေးလေး ဆိုတာမျိုးချည်းပင်...။

"ပျိုးငယ် ကျောင်းဆင်းပြီလို့.. အဲ့ဒါ မုန့်သွားဝယ်စားမလို့...။"

"ဝယ်စားလေ... ဒါပေမယ့် မင်းကိုတော့ ဘယ်သူမှ မကြည့်စေနဲ့နော်..."

"သြော... မကြည့်စေဘူးဆိုတာက သူတို့ မျက်စိနဲ့လေ...။ တော်ပြီ.. မဝယ်စားတော့ဘူး..."

"...သွားဝယ်စား...အိမ်ကို စောစောပြန်...။ ည ၇နာရီရှိရင် ဖုန်းဆက်လိုက်မယ်...။ မနက်ဖြန် လယ်ထဲ စောစော သွားရမှာမိုလို့...။"

"ဟုတ်ကဲ့ အစ်ကို... ဒါဆို ပျိုးငယ် ဖုန်းချပြီနော်...။"

"အင်း... ဂရုစိုက်သွား..."

"ဟုတ်ကဲ့..."

အစ်ကို့ဆီက ဖုန်းကို end နှိပ်ပြီးသည်နှင့် ကျောင်းအပြင်ကို ရောက်လေတော့... ကားအနက်တစ်စီး...

အဲ့ဒီကားက ရင်းနှီးနေသလိုလို ရှိသည်မို့ တစ်ချက်မျှ ကြည့်ကာ ​ခြေလှမ်းများကို မြန်ဆန်လိုက်မိသည်...။ သို့ပေမယ့် ထင်သည့်အတိုင်းပင် ထိုထဲက အရင်တစ်ခါ ကျွန်တော့်ကို လာခေါ်သည့် ဦးအောင်စည်ဆိုသည့်သူက ကျွန်တော့်အနား တရွေ့ရွေ့....

"အရေးကြီးကိစ္စ ရှိလို့ လိုက်ခဲ့ပါ..."

"ဘယ်လိုအရေးကြီး ကိစ္စလဲ? ပျိုးငယ်... လုပ်စရာရှိလို့ မလိုက်နိုင်သေးပါဘူး..."

ထိုအချိန်မှာတော့ ဦးအောင်စည် မျက်နှာက မာထန်လာပြီး...

"မင်းကြောင့် ရတု ဆေးရုံကို ရောက်နေတယ်... အခုထက်ထိ သတိမရသေးဘူး... အသက်အန္တရာယ် စိုးရိမ်ရတယ်...။"

ဟင်..
ရတု...
ရတုက ဘယ်လိုဖြစ်ပြီး ဆေးရုံကို ရောက်နေတာလဲ? ရတုက ဟုတ်ပါ့ ဒီရက်ပိုင်း ပျောက်နေခဲ့တာ...။

"ပျိုးငယ်ကို အန္တရာယ်ရှိမရှိ ဘယ်လိုသိနိုင်မလဲ?"

မျက်နှာတည်ကာ မေးလိုက်ချိန်မှာတော့ တစ်လက်စတည်း သူ့လက်ထဲမှ ဓာတ်ပုံကို ပျိုးငယ်ဆီသို့ ပေးလာသည်...။ ထိုဓာတ်ပုံကို ကြည့်မိတော့... အစ်ကို... အစ်ကို့ပုံပင် ဖြစ်သည်...။ ပုံထဲမှ အစ်ကို့အဝတ်အစားက ဒီနေ့ ပျိုးငယ်ကို လာတွေ့ကတည်းက ဝတ်ဆင်ထားခဲ့သည့် အကျီ်ပင်...။

ဒါက ဘာလဲ?
ဒါက ခြိမ်းခြောက်တာမျိုးလား?
အစ်ကို့ကို ထိခိုက်စေမည့် အခြေအနေကို အရမ်းမတုန်လှုပ်စေရန် မျက်နှာတည်တည် ထားပြီးသည်နှင့်...

"ဘယ်ကို လိုက်ခဲ့ရမလဲ?"

ထို့နောက်မှာတော့ ဦးအောင်စည်က သူ့ကားတံခါးကို ဖွင့်လာကာ ကျွန်တော့်​ကို ကားပေါ်သို့ တက်ခိုင်းလေပြီ...။ ထို့နောက် ကားက တစ်နေရာသို့ တရွေ့ရွေ့...

Life2Up General Hospital

နာရီဝတ်ခန့်အကြာမှာတော့ ဒီမြို့မှာ အကြီးဆုံး private ဆေးရုံထဲသို့ ဝင်လာပြီ ဖြစ်သည်...။ ကားကို ပါကင်မှာ ထိုးရပ်ပြီးသည်နှင့် ဦးအောင်စည်က ဆေးရုံအဆောက်အဦးဆီသို့...

အခန်းတစ်ခုဆီသို့ ဦးတည်နေပြီး နံပါတ်တစ်ခုနှင့် အခန်းရှေ့မှာတော့ တံခါးကို ခေါက်ကာ ဝင်သွားလေပြီ... ထိုအချိန်မှာတော့ ကျွန်တော်လည်း နောက်က လိုက်၍...

ထိုအထဲမှာတော့ ရတုက ကုတင်ပေါ်မှာ မျက်လုံးကို မှိတ်ကာ ရှိနေသည်...။ ထိုဘေးမှာတော့ ကျောပေးကာ ရှိနေသည့် တစ်စုံတစ်ယောက်... သေချာသည်က ဦးရတုမိုရ်... ။

"ကျွန်တော် ခေါ်ခဲ့ပါပြီ ဆရာ..."

"သူ့ကို ထားခဲ့လိုက်... ငါ ဖုန်းမဆက်မချင်း မလာခဲ့နဲ့...။ ပြီးတာနဲ့ သူ့ကို လိုက်ပို့လိုက်..."

"ဟုတ်ကဲ့ပါ ဆရာ..."

ဦးအောင်စည်က အခန်းထဲက ထွက်ပြီး တံခါးကို ပိတ်ကာ ထွက်သွားသည်နှင့်... ဦးရတုမိုရ်က...

"အန်ကယ် အများကြီး မပြောချင်ဘူး...။ မင်း ရတု့အနားမှာ ရှိနေပေးနိုင်မလားလို့ပဲ... သိချင်တယ်...။"

"ဘယ်လို...ပြောလိုက်တာလဲ အန်ကယ်..."

ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းဆိုသလိုဦးရတုမိုရ် စကားများက ရင့်သီးကာဖြင့်...

"ပျိုးငယ်က အိမ်ထောင်ရှိတယ်...။ ပျိုးငယ် အသက်မက ချစ်တဲ့သူလည်း ရှိတယ်...။ ရတုနဲ့ ပျိုးငယ်က ဘာပတ်သတ်မှုမှလည်း မရှိသလို... ရတုကိုလည်း ပျိုးငယ် အခုရော နောက်ရော ဘယ်လိုမှ မချစ်နိုင်ပါဘူး..."

"ဒါဆို မင်းကြောင့် ဒီလိုဖြစ်သွားတဲ့ ငါ့သားအဖြစ်ကိုရော မင်း ဘယ်လိုလုပ်မလဲ? အခုထက်ထိ သတိမရသေးဘူး...။ ငါ့သားသာ တစ်ခုခုဖြစ်လို့ကတော့ ငါနဲ့ ကောင်းကောင်းတွေ့မယ်...။ မင်း ငါ့သားအနားမှာ နေလိုက်... ကျန်တဲ့ ကိစ္စကို ငါရှင်းပေးမယ်..."

"အန်ကယ်... အန်ကယ်ပြောတဲ့အတိုင်း လုပ်ဖို့ ပျိုးငယ်မှာ လုံးဝစိတ်ကူးမရှိပါဘူး..။ ဒီအကြောင်းအရာကိုပဲ ဆက်ပြောနေမယ်ဆိုရင် ပျိုးငယ်ကို ပြန်ခွင့်ပြုပါ...။"

"ငါ စကားပြောလို့ မပြီးသေးဘူး ပျိုးပင်ငယ်...။ ဒါက မင်းကို ငါ ကောင်းကောင်းမွန်မွန် တောင်းဆိုနေတာ...။ ငါ့သားအနားမှာ နေပြီး ရင်ဝယ်ဦး အသက်ရှင်တာ လိုချင်လား? ဒါမှမဟုတ် သေကွဲ ကွဲတာ လိုချင်လား?"

"အန်ကယ်တို့ လူတစ်ယောက်ကို ဘယ်လိုတောင် ဟင်းရွက် ကန်စွန်းလို ရောင်းတန်းသဘောမျိုး ပေးနေကြတာလဲ? ဒီကိစ္စကို ပျိုးငယ် လုံးဝသဘောမတူနိုင်ပါဘူး...။"

"ဒါဆိုလဲ ငါ့အဆိုးမဆိုနဲ့ပေါ့..."

ထိုစကားတစ်ခွန်းမှာတော့ ပျိုးငယ်လည်း သူ့အရှိန်အဝါကို မမေ့ထားသင့်တဲ့ အချက်တစ်ခု အဖြစ် တွေးတောမိခဲ့သည်...။

ဒီကိစ္စက ဒီလိုအပြတ်ငြင်းနိုင်ဖို့ထက် အပျော့ဆွဲ ဆွဲနိုင်မှ အစ်ကိုနှင့် ကျွန်တော်က ကောင်းကောင်းမွန်မွန် ရှိနိုင်မည် ဖြစ်သည်...။ ပြီးမှ ရတုအခြေအနေကို သေချာဆန်းစစ်ပြီး ငြင်းရမည် ဖြစ်သည်...။

"အစ်ကို့ကို ဒုက္ခမပေးဘူးလို့ ကတိပေးပါ... လက်ဖျားနဲ့တောင် မတို့ပါဘူးလို့ပေါ့...။ ကျန်တာ ပျိုးငယ် စဥ်းစားပေးပါ့မယ်...။"

"ကောင်းပြီလေ... အချိန်အများကြီးတော့ မယူနဲ့ပေါ့...။ ရင်ဝယ်ဦး မင်း​ဆီကို လာတတ်တဲ့ အချိန်တွေကိုလည်း ငါတို့က သိထားပါတယ်...။"

ဦးရတုမိုရ်ဆိုသည့် လူကတော့ သူ့ရဲ့ အာဏာ ပါဝါများဖြင့်ပင် ထိန်းချုပ်ဖို့ ကြိုးစားနေသည်ပဲ...။

"ကောင်းပါပြီ... ဒါဆို ပျိုးငယ် ပြန်ခွင့်ပြုပါ...။"

"အဖြေကို မနက်ဖြန် မကုန်ခင် ပေးပါ...။ ငါ့သားအနားမှာ ငါ့သားမနိုးလာခင် မင်းရှိနေတာကို လိုချင်တယ်...။"

"......."

ဘာမှ မပြောဘဲ အခန်းထဲမှ ထွက်လာမိတော့သည်...။ အပြန်လမ်းမှာတော့ ညဘက်ကျရင် အစ်ကို့ဆီ ဖုန်းဆက်ပြီး ဒီရက်ပိုင်းတွေ ပျိုးငယ်ဆီ မလာသေးဖို့ပဲ ပြောထားရမည် ဖြစ်သည်...။

ဦးရတုမိုရ်ဆိုတာ ဒီမြို့မှာ သိပ်ကို သြဇာအာဏာကြီးပြီး သူ့အကြိုက် ချယ်လှယ်နိုင်သည့် အနေအထားကို သိသည်မို့....။

ဒီအကြောင်းကို အစ်ကို့ကိုလည်း အသိမပေးသင့်သေး...။ ကျန်တာမဟုတ် အစ်ကို့စိတ်နဲ့ဆို အစ်ကိုက ပျိုးငယ်ကို ထိရင်တော့ သူ့ဘာသာ ဘာပဲဖြစ်ဖြစ် ဂရုစိုက်မှာ မဟုတ်...။

အစ်ကို့ကို ဘာမှမဖြစ်စေချင်တော့...
ဒီပြဿနာရဲ့ အရင်းအမြစ်က ပျိုးငယ်မို့ ပျိုးငယ် ကိုယ်တိုင် ကိုင်တွယ် ဖြေရှင်းရမည် ​ဖြစ်သည်...။

Next part spoil~~

"မေရီ... ပျိုးပင်ငယ်ကလေ... မကွေးက သူနဲ့ ကျောင်းတက်နေတဲ့ ကောင်လေးနဲ့ ခဏ ခဏ တွေ့နေရတယ်တဲ့..."

"ဟုတ်ရဲ့လားကွယ်... ပျိုးငယ်က အဲ့လိုလဲ မဟုတ်လောက်သေးပါဘူး...။"

သားဖြစ်သူ အခြေအနေကို ကြည့်ကာ ပြောလိုက်မိသည်။ ဟုတ်တော့လည်း ဟုတ်နေမလား? အဲ့ဒီကိစ္စတွေကြောင့်ပဲ... အခါတိုင်း ဟိုကို သွားတွေ့နေသည့် သားတော်ကို လာမတွေ့ခိုင်းဘဲ ရှိနေသည်ကတော့ စဥ်းစားစရာ...။

Tue:Mar:3:2024:19:17:16PM

{Zawgyi}

... တကယ္ေတာ့..
ေလျပည္ဆိုတာ
မုန္တိုင္းတစ္ခုရဲ႕ အစပါပဲ..။

***

Life2Up General Hospital
အထူးကု ေဆး႐ုံႀကီး...

အထူးကုေဆး႐ုံႀကီးရဲ႕ အခန္းတစ္ခု အတြင္းမွာေတာ့ ကုတင္ေပၚမွာ လဲေလ်ာင္းၿပီး အခုထက္ထိ သတိလည္မလာေသးသည့္ သားျဖစ္သူပင္...။

သားျဖစ္သူ၏ အျဖစ္ကို မခ်ိတင္ကဲ ေငးၾကည့္ေနမိသည္...။ မိခင္ရင္ခြင္ႏွင့္ ကင္းကြာေနေသာ ကေလးျဖစ္သူမို႔ ပိုၿပီး ဂ႐ုစိုက္ကာ အခ်စ္ပိုခဲ့သည့္ သူပင္...။

ဘာလို႔မ်ား... ေယာက်္ားတစ္ေယာက္အတြက္ အဲ့ေလာက္ေတာင္ ကိုယ့္ကိုကိုယ္ စေတးဖို႔ ခြန္အားေတြ ရွိေနခဲ့သည္လဲ?

မၾကာမီပင္ round လွည့္သည့္ ဆရာဝန္ႏွင့္အတူ သူနာျပဳတို႔က ေရာက္လာသည္မို႔ မတ္တပ္ရပ္လိုက္ကာ သားျဖစ္သူ၏ အေျခအေနကို ေငးကာ ၾကည့္မိသည္...။

"ဘာမွမျဖစ္ပါဘူး... ဦးရတုမိုရ္... ကြၽန္ေတာ္တို႔ တတ္နိုင္တာထက္ ပိုၿပီး ကေလးကို ေစာင့္ေရွာက္ေပးထားပါတယ္...။ အေျခအေနကိုလည္း အၿမဲမျပတ္ ေစာင့္ၾကည့္ေနပါတယ္...။ အလုပ္ကိစၥေတြ ရွိရင္ စိတ္ခ်ၿပီး ထားခဲ့လို႔ ရပါတယ္..."

"ရပါတယ္... ေဒါက္တာ...။ ဦး ဒီမွာပဲ သားေလး သတိရတဲ့ အထိ ေစာင့္ေနလိုက္ပါ့မယ္...။ အိမ္ကလည္း လူလဲ မလာေသးလို႔ပါ..."

"ေၾသာ္ ဟုတ္ကဲ့ပါ ဦးရတုမိုရ္...။ ဒါဆို ကြၽန္ေတာ္တို႔ လိုအပ္တာေတြလည္း စစ္ၾကည့္ၿပီးခဲ့ၿပီမို႔ ကြၽန္ေတာ္တို႔ တစ္ျခားလူနာ အေျခအေနေတြ သြားၾကည့္မလို႔ ခြင့္ျပဳေပးပါဦးေနာ္...။"

"ဟုတ္ကဲ့ပါ ေဒါက္တာ..."

"ကေလး အေျခအေနကို အရမ္းႀကီးလည္း မစိုးရိမ္ပါနဲ႕ဗ်...။ သူ လိုအပ္တဲ့ ေသြးပမာဏကို ကြၽန္ေတာ္တို႔ ျပန္လည္ ေပးသြင္းနိုင္ပါၿပီ..။ အခုက ေဆးရွိန္ေၾကာင့္ အိပ္ေပ်ာ္ေနတာပါ...။ အေျခအေန အားလုံးလညး ၿငိမ္ေနပါတယ္..."

"ဟုတ္ကဲ့ပါ ေဒါက္တာ ေက်းဇူးတင္ပါတယ္...။ သားေလး အေျခအေနကိုလည္း ေသခ်ာဂ႐ုစိုက္ေပးလို႔လည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္...။"

"မလိုပါဘူး... ဦးရတုမိုရ္... ဒါက ကြၽန္ေတာ္တို႔ အလုပ္ပါပဲ...။ ဒါဆို ခြင့္ျပဳပါဦးေနာ္..."

"ဟုတ္ကဲ့ပါ ေဒါက္တာ..."

Round လွည့္သည့္ ဆရာဝန္မ်ားကေတာ့ အခန္းထဲမွ ျပန္ထြက္သြားေလၿပီ....။ စိတ္မပူဖို႔ ေျပာထားေပမယ့္ တကယ္တမ္း အခုထက္ထိ သားျဖစ္သူက သတိမရေသးသည္မို႔ ေသာကမီး မၿငိမ္နိုင္ေတာ့...။

ဒါေတြရဲ႕...
အရင္းအျမစ္က တစ္စုံတစ္ေယာက္...
တစ္စုံတစ္ေယာက္... အဲ့ဒီတစ္စုံတစ္ေယာက္က သားျဖစ္သူရဲ႕ စိတ္အေျခအေနကို တိုးတိုက္ၿပီး ဒုကၡေပးသည့္ သူပင္....။

လက္သီးမ်ားကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္...။ အေၾကာလည္း တင္းၿပီး သားျဖစ္သူကို ဒီလိုဆက္ဆံသည့္ လူတစ္ေယာက္ကို... ေသခ်ာေလး ျပန္ဆက္ဆံေပးရေတာ့မေပါ့....။

......

႐ြာလယ္ ေဆးခန္း...

ဒီေန႕...
သူအရိပ္အေယာင္ မရွိသည့္ အခ်ိန္ ႐ြာမွာေနရသည္က သိပ္ကို ပ်င္းသည္...။ ဒီေန႕လဲ ေဆးခန္းကို လာသည့္ လူနာမ်ားက နည္းနည္းမ်ားသည္မို႔ တစ္ေယာက္ၿပီး တစ္ေယာက္ အလွည့္က် လုပ္ေပးေနမိသည္...။

ထိုအခ်ိန္မွာပင္ ဖုန္းသံက ျမည္လာေလၿပီ...။ တစ္ႀကိမ္တည္း မဟုတ္ဘဲ ထပ္ကာ ထပ္ကာ ျမည္လာခ်ိန္မွာေတာ့...ေက်ာင္းမွာ ရွိေနသည့္ မိုး ဆိုသည့္တစ္ေယာက္...

ဖုန္းက ခဏ ခဏ အေရးႀကီးေနသလို ေခၚေနသည္မို႔ လူနာကို ေဆးထိုးၿပီးသည္ႏွင့္ ေဆးယူဖို႔ ခဏေစာင့္ပါလို႔ ေျပာၿပီး ဖုန္းရွိေနသည့္ အခန္းထဲသို႔....။

...

"အင္း... မိုး ေျပာ..."

"ေဒါက္တာေရ... ရွင့္ဇာတ္လမ္းေတာ့ ပိုလွေတာ့မယ္ ထင္တယ္...။"

မ်က္ခုံးကို က်ဳံ႕လိုက္ၿပီး နားေထာင္လိုက္မိသည္... သူမ ဘာကိုဆိုလိုသည္လဲ?
သူမကို မင္းခိုက္ရတုမိုရ္ႏွင့္ ပ်ိဳးငယ္အေၾကာင္းကို stalkဖို႔ လႊတ္ထားသည္မို႔ သူ ေျပာသည့္ အေၾကာင္းအရာက ....

"ဘယ္လိုလဲ? ပ်ိဳးပင္ငယ္က ရတုနဲ႕ ႀကိဳက္သြားၿပီလား?"

အျပင္က အေျခအေနကို ၾကည့္ၿပီး
မိမိထင္သည့္အရာကို ဆြဲကာ ေျပာလိုက္မိသည္...။ သို႔ေပမယ့္ တစ္ဖက္ကေတာ့...

"မဟုတ္ဘူး... ဆရာေရ... ရွင့္လူ ရတုက ကိုယ့္ကိုကိုယ္ ေသေၾကာင္းႀကံလို႔ အခုေဆး႐ုံေရာက္ေနတယ္တဲ့...။"

"အင္း... အဲ့ဒါက ဘာျဖစ္လို႔လဲ? တကယ္ဆို ဒါက ငါတို႔အႀကံအစည္အတြက္ မေအာင္ျမင္တဲ့ လမ္းစပဲ မဟုတ္ဘူးလား?"

ထိုအခ်ိန္မွာေတာ့ သူမဘက္က တဟားဟား ရယ္ၿပီး...

"အို ဆရာရယ္... ရွင္က စာပဲ ေတာ္တာ...။ အခုက အဲ့လိုျဖစ္သြားမွ ပိုေကာင္းတာ...။ ရတုနဲ႕ ပ်ိဳးပင္ငယ္ ႀကိဳက္ဖို႔ဆိုတာ အေတာ္ေလး ေစာင့္ရဦးမယ္...။ အခုက ရတုမိုရ္ဆိုတဲ့ အဖိုးႀကီးက သူ႕သား ဒီလိုျဖစ္တာကို ေက်နပ္တာ မဟုတ္ဘူးေလ... force ေတြ လာနိုင္တာေပါ့...။ အနည္းဆုံးေတာ့ သူ႕သားအနား ရွိေနေပးဖို႔ ေျပာမရရင္ အသက္အႏၱရာယ္ ရွာတာမ်ိဳးေပါ့...။"

"ဒါေပမယ့္ ဟို သူ႕ကိုေတာ့ မထိလိုက္ပါဘူးေနာ္..."

"ေၾသာ္... ကို ရင္ဝယ္ဦးက ထိမွာမဟုတ္ဘူး စိတ္ခ်...။ အခုက ကံမေကာင္းရင္ ပ်ိဳးပင္ငယ္ကို အဖိုးႀကီးက သူ႕သားအနားေနဖို႔ ၿခိမ္းေျခာက္နိုင္သလို... ကံေကာင္းရင္ေတာ့ ပ်ိဳးပင္ငယ္က အသက္မဆုံးရင္ေတာင္ ရင္ဝယ္ဦးလက္နဲ႕ ေသမွာပဲေလ...။ ဒါဆို ရင္ဝယ္ဦးရဲ႕ လက္က်န္အခ်ိန္က ရွင့္ဆီမွာပဲေလ...။ ႀကိဳးစားေပါ့... ဆရာရဲ႕..."

သူမေျပာသည့္ အရာက ျဖစ္နိုင္ဖို႔ ေဝးေနေပမယ့္ ခ်က္က်လက္က်ႏွင့္ ျဖစ္ေနသည္မို႔ အနည္းငယ္ေတာ့ ေမွ်ာ္လင့္လို႔ ရပါသည္...။ ဘာပဲျဖစ္ျဖစ္ ပ်ိဳးပင္ငယ္က ထိခိုက္ရွနာ တစ္ခုခုေတာ့ ျဖစ္လာနိုင္သလို... လိုက္ေလ်ာမႈကေန ေဖာက္ျပန္မႈ အစ ျဖစ္နိုင္တာပဲေလ...။

စိတ္ခ်ပါ...
အဲ့ဒီအခ်ိန္က် ပ်ိဳးပင္ငယ္ဆီမွာပဲ ရွိေနခဲ့တဲ့ သူ႕ရဲ႕ အာ႐ုံစူးစိုက္မႈေတြကို မိမိဆီမွာပဲ ပုံအပ္ခိုင္းေတာ့မည္ ျဖစ္သည္...။

"ေကာင္းၿပီ... ဒါဆို ဒါကို အပိုဆုေၾကးအေနနဲ႕ မင္းဆီ ပိုက္ဆံလႊဲေပးလိုက္မယ္...။ ေက်းဇူးပါ မိုး...။ ေနာက္ထပ္လည္း ဆက္ၿပီး ေစာင့္ၾကည့္ေပးပါဦး...။"

"ဝါး... ေပ်ာ္လိုက္တာ... ဟုတ္ကဲ့ပါ ဆရာ... စိတ္ခ်...စိတ္ခ်...။ အခ်ိန္နဲ႕ တေျပးညီ သတင္းေတြကို အမိအရယူေပးမယ္...။"

"အခု ပ်ိဳးပင္ငယ္ေရာ... ေက်ာင္းမေရာက္ေသးဘူးလား?"

"ဟုတ္တယ္... မလာေသးဘူး...။ ဘာလဲ ပ်ိဳးပင္ငယ္ထက္... ရင္ဝယ္ဦး ႐ြာမေရာက္ေသးတာပဲ စိတ္ဝင္စားတာမလား? တည့္ေမးလို႔ ရပါတယ္ ဆရာရယ္...။"

"ကဲ... ဒီကေလးမ ဒါဆို ဒါပဲ...။ ဒီမွာ ေဆးကုေနရလို႔..။"

"ဟုတ္ကဲ့ပါ ဆရာေရ...။ ေသခ်ာ အသားတက် ကုေနာ္... ေနာက္ဆို ဒီ႐ြာက ဆရာတစ္သက္လုံး ရင္ဝယ္ဦးနဲ႕ အေျခ ခ်ရမယ့္ေနရာ...။"

"မိုး... မင္း ဘာေတြ ေျပာေနတာလဲ?"

"မရွက္ပါနဲ႕ ဆရာ... ဒါဆို မိုး ဖုန္းခ်ၿပီေနာ္...။"

"ေကာင္းပါၿပီ..."

မေကြး တကၠသိုလ္...

နံနက္ ၈နာရီ ၄၅ အတိအက်မွာေတာ့ တကၠသိုလ္ေရွ႕ကို ေရာက္ေနၿပီ ျဖစ္သည္...။ ညက အစ္ကို႔ရဲ႕ အရွိန္ေၾကာင့္ အခုဆို ပ်ိဳးငယ္ လည္ပင္းမွာ မာကင္ရာ အမွတ္အသားေတြက အျပည့္ရွိေနသည္...။

အစ္ကို႔ဆိုင္ကယ္ေပၚက ေအာက္ကို ဆင္းၿပီးသည္ႏွင့္ အစ္ကို႔အနားသို႔ မသြားေတာ့ဘဲ ေက်ာင္းထဲကို ဝင္မယ္ ျပင္ေတာ့...

"ဒါကို ဘယ္ကို သြားဖို႔လဲ? လာ... ဒီကိုလာဦး.."

ေနာက္ေက်ာဘက္မွ ဆိုင္ကယ္ေပၚမွာ ရွိေနသည့္ အစ္ကိုက အသံၿငိမ္ၿငိမ္ျဖင့္ပင္ ေခၚလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ေနာက္ကို ျပန္လွည့္ကာ အစ္ကို႔ဆီသို႔...။

အနားကို ေရာက္ေလေတာ့ အစ္ကိုက...

"ဒီမ်က္ႏွာက ဘာျဖစ္တာလဲ?"

အစ္ကိုက ပ်ိဳးငယ့္ကို ၾကည့္ၿပဳံးကာ ေျပာလာသည္...။ ထိုအခ်ိန္မွာေတာ့ ပ်ိဳးငယ္လည္း လည္ပင္းက အရာမ်ားကို အစ္ကို႔ဆီ ျပလိုက္ၿပီး..

"ဒီမွာၾကည့္... ဒီအရာေတြနဲ႕ ပ်ိဳးငယ္ ေက်ာင္းကို ဘယ္လိုတတ္ရမလဲ?"

"........."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ဘာစကားမွ မေျပာ... ပ်ိဳးငယ္ လည္တိုင္မွာ ရွိေနသည့္ ဒဏ္ရာမ်ားကို လာ္တိုင္ကို ကိုင္ကာ ေမးေစ့ကို လက္မျဖင့္ ေထာက္ၿပီး ၾကည့္လာသည္...။ တကယ္ဆို ဒီအတိုင္း ၾကည့္လည္း ျမင္ရသားနဲ႕ အပိုေတြ...

"ေနပါေစ... ဒါက မင္းကို ငါ့အပိုင္မွန္း မွတ္သားထားတဲ့ အရာေတြ...။"

"တကယ္...တကယ္ အစ္ကိုက ဘာမွန္းကို မသိဘူး...။ လူကို ႏွိပ္စက္ေနတာ...။"

"ပ်ိဳးငယ္ ဒီအနား လာဦး..."

အစ္ကိုက ခပ္တည္တည္ျဖင့္ပင္ သူ႕အနားသို႔ ပိုတိုးကပ္ေစၿပီး ကြၽန္ေတာ့္လည္ဂုတ္ကို ကိုင္ကာ ေအာက္ပိုင္းမွ သူ႕အရာဆီသို႔ ငုံ႕ၫႊတ္ဖို႔ လုပ္ေလေတာ့...

"အာ... အစ္ကို ညစ္ပတ္... အစ္ကို ေတာ္ေတာ္ဆိုးတာပဲ... ေက်ာင္းေရွ႕ႀကီးမွာကို..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက သေဘာက်စြာ ၿပဳံးလာၿပီး သူ႕ဆိုင္ကယ္ကို စက္နိူးလာသည္...။ ထို႔ေနာက္ ...

"ပ်ိဳးငယ္..."

ပ်ိဳးငယ္ကို ေခၚကာ သူ႕ခါးမွာ ထိုးထားသည့္ ပိုက္ဆံအိတ္ထဲမွ ပိုက္ဆံကို ထုတ္ကာ ပ်ိဳးငယ္ဆီသို႔...။

"ရတယ္ အစ္ကို... ပ်ိဳးငယ္ဆီမွာ ရွိေသးတယ္...။ အစ္ကိုပဲ ျပန္ယူသြား..."

"ျဖတ္ရိုက္လႊတ္လိုက္မွာ... သုံးေစခ်င္လို႔ ေပးတာ... သုံး...။ မင္း မသုံးရင္ ဘယ္သူမွ မသုံးဘူး...။ ငါလည္း သုံးမွာမဟုတ္ဘူး... မင္းကိုပဲ လိုအပ္တာ က်န္တာမလိုဘူး...။"

ထိုစကားအဆုံးမွာေတာ့ ပ်ိဳးငယ္လည္း အထြန့္မတက္ေတာ့ဘဲ အစ္ကို႔လက္ထဲက ပိုက္ဆံမ်ားကို ယူလိုက္မိသည္...။

"ဒါဆို သြားေတာ့မယ္..."

"ဟုတ္ကဲ့ပါဗ်.."

ကြၽန္ေတာ့္အနားမွ အိမ္ကို ျပန္ဖို႔ ဆိုင္ကယ္ကို စီးထြက္သြားသည့္ အစ္ကို႔ေက်ာျပင္ကို အခ်ိန္အေတာ္ၾကာ ေငးစိုက္ၾကည့္ၿပီးသည္ႏွင့္ ေက်ာင္းထဲသို႔သာ ဝင္လာမိေတာ့သည္...။

ေန႕လယ္ပိုင္း

အထူးကုေဆး႐ုံႀကီး...

"ဆရာ..."

"ေအး ဝင္ခဲ့..."

အခုထက္ထိ သားျဖစ္သူက မနိူးလာေသးသည္မို႔ ေစာင့္ေနမိသည္...။ ထိုအခ်ိန္မွာပင္ ပ်ိဳးပင္ငယ္အေၾကာင္ စုံစမ္းခိုင္းထားသည့္ ေအာင္စည္က ေဆး႐ုံကို လာသည္မို႔...

"ဘာထူးလဲ ေအာင္စည္..."

ကုတင္ေပၚမွာ ရွိေနသည့္ သားျဖစ္သူကို မမွိတ္မသုန္ ၾကည့္ေနမိၿပီး ေမးလိုက္မိသည္...။ ထိုအခ်ိန္မွာေတာ့ ေအာင္စည္က သူ႕လက္ထဲမွ ဖိုင္ကို လက္ထဲသို႔ ေပးလာၿပီး...

"ဆရာ... ဒါက ပ်ိဳးပင္ငယ္နဲ႕ ပတ္သတ္တဲ့ သူတဲ့... သူ႕နာမည္က ရင္ဝယ္ဦး..."

"ေအး.. သူတို႔အခ်က္အလက္ေတြ တစ္ခ်က္စုစည္းထားလိုက္..."

"ဟုတ္ကဲ့ပါ ဆရာ... သူက အၿမဲတမ္းလိုလို ပ်ိဳးပင္ငယ္ကို လာေတြ႕ပါတယ္...။ အခ်ိန္အခါမေ႐ြးပါဘူး..."

"ေကာင္းၿပီ... ဒါဆို ပ်ိဳးပင္ငယ္ကို သူ႕ေက်ာင္းကေန ညေန ေက်ာင္းဆင္းတာနဲ႕ မရမက ေခၚခဲ့ပါ။ သူနဲ႕ ညွိႏွိုင္းေဆြးႏြေးစရာေတြ ရွိတယ္... "

"ဟုတ္ကဲ့ပါ ဆရာ..."

ကုတင္ေပၚမွာ အခုထက္ထိ မနိူးေသးဘဲ ရွိေနသည့္ မင္းခိုက္ရတုမိုရ္ကို တစ္ခ်က္ စိတ္မေကာင္းစြာ ၾကည့္လိုက္မိၿပီး ပ်ိဳးပင္ငယ္ကိုသာ အေရာက္ေခၚခဲ့ဖို႔...။

ညေနပိုင္း...

ေက်ာင္းဆင္းသည္ႏွင့္ ဖုန္းကို ဖြင့္ၾကည့္လိုက္မိသည္...။ အစ္ကိုက သူေရာက္ၿပီဆိုတဲ့အေၾကာင္း msg ပို႔ကာ ေျပာထားသည္...။

ကြၽန္ေတာ္လည္း သေဘာက်စြာ ၿပဳံးလိုက္မိၿပီး အစ္ကို႔ဆီသို႔ ဖုန္းေခၚလိုက္မိသည္...။ အနည္းငယ္ ၾကာေသာ အခ်ိန္မွာပင္...

~~

"အင္း ကေလးေလး ေျပာ..."

ဟိုဘက္က ဟယ္လိုဆိုသည့္အစား အစ္ကိုကေတာ့ အၿမဲတမ္း အဲ့လိုပင္...။ ပ်ိဳးငယ္ ၊ ကေလးေလး ဆိုတာမ်ိဳးခ်ည္းပင္...။

"ပ်ိဳးငယ္ ေက်ာင္းဆင္းၿပီလို႔.. အဲ့ဒါ မုန့္သြားဝယ္စားမလို႔...။"

"ဝယ္စားေလ... ဒါေပမယ့္ မင္းကိုေတာ့ ဘယ္သူမွ မၾကည့္ေစနဲ႕ေနာ္..."

"ေၾသာ... မၾကည့္ေစဘူးဆိုတာက သူတို႔ မ်က္စိနဲ႕ေလ...။ ေတာ္ၿပီ.. မဝယ္စားေတာ့ဘူး..."

"...သြားဝယ္စား...အိမ္ကို ေစာေစာျပန္...။ ည ၇နာရီရှိရင် ဖုန္းဆက္လိုက္မယ္...။ မနက္ျဖန္ လယ္ထဲ ေစာေစာ သြားရမွာမိုလို႔...။"

"ဟုတ္ကဲ့ အစ္ကို... ဒါဆို ပ်ိဳးငယ္ ဖုန္းခ်ၿပီေနာ္...။"

"အင္း... ဂ႐ုစိုက္သြား..."

"ဟုတ္ကဲ့..."

အစ္ကို႔ဆီက ဖုန္းကို end ႏွိပ္ၿပီးသည္ႏွင့္ ေက်ာင္းအျပင္ကို ေရာက္ေလေတာ့... ကားအနက္တစ္စီး...

အဲ့ဒီကားက ရင္းႏွီးေနသလိုလို ရွိသည္မို႔ တစ္ခ်က္မွ် ၾကည့္ကာ ေျခလွမ္းမ်ားကို ျမန္ဆန္လိုက္မိသည္...။ သို႔ေပမယ့္ ထင္သည့္အတိုင္းပင္ ထိုထဲက အရင္တစ္ခါ ကြၽန္ေတာ့္ကို လာေခၚသည့္ ဦးေအာင္စည္ဆိုသည့္သူက ကြၽန္ေတာ့္အနား တေ႐ြ႕ေ႐ြ႕....

"အေရးႀကီးကိစၥ ရွိလို႔ လိုက္ခဲ့ပါ..."

"ဘယ္လိုအေရးႀကီး ကိစၥလဲ? ပ်ိဳးငယ္... လုပ္စရာရွိလို႔ မလိုက္နိုင္ေသးပါဘူး..."

ထိုအခ်ိန္မွာေတာ့ ဦးေအာင္စည္ မ်က္ႏွာက မာထန္လာၿပီး...

"မင္းေၾကာင့္ ရတု ေဆး႐ုံကို ေရာက္ေနတယ္... အခုထက္ထိ သတိမရေသးဘူး... အသက္အႏၱရာယ္ စိုးရိမ္ရတယ္...။"

ဟင္..
ရတု...
ရတုက ဘယ္လိုျဖစ္ၿပီး ေဆး႐ုံကို ေရာက္ေနတာလဲ? ရတုက ဟုတ္ပါ့ ဒီရက္ပိုင္း ေပ်ာက္ေနခဲ့တာ...။

"ပ်ိဳးငယ္ကို အႏၱရာယ္ရွိမရွိ ဘယ္လိုသိနိုင္မလဲ?"

မ်က္ႏွာတည္ကာ ေမးလိုက္ခ်ိန္မွာေတာ့ တစ္လက္စတည္း သူ႕လက္ထဲမွ ဓာတ္ပုံကို ပ်ိဳးငယ္ဆီသို႔ ေပးလာသည္...။ ထိုဓာတ္ပုံကို ၾကည့္မိေတာ့... အစ္ကို... အစ္ကို႔ပုံပင္ ျဖစ္သည္...။ ပုံထဲမွ အစ္ကို႔အဝတ္အစားက ဒီေန႕ ပ်ိဳးငယ္ကို လာေတြ႕ကတည္းက ဝတ္ဆင္ထားခဲ့သည့္ အက်ီ္ပင္...။

ဒါက ဘာလဲ?
ဒါက ၿခိမ္းေျခာက္တာမ်ိဳးလား?
အစ္ကို႔ကို ထိခိုက္ေစမည့္ အေျခအေနကို အရမ္းမတုန္လႈပ္ေစရန္ မ်က္ႏွာတည္တည္ ထားၿပီးသည္ႏွင့္...

"ဘယ္ကို လိုက္ခဲ့ရမလဲ?"

ထို႔ေနာက္မွာေတာ့ ဦးေအာင္စည္က သူ႕ကားတံခါးကို ဖြင့္လာကာ ကြၽန္ေတာ့္ကို ကားေပၚသို႔ တက္ခိုင္းေလၿပီ...။ ထို႔ေနာက္ ကားက တစ္ေနရာသို႔ တေ႐ြ႕ေ႐ြ႕...

Life2Up General Hospital

နာရီဝတ္ခန့္အၾကာမွာေတာ့ ဒီၿမိဳ႕မွာ အႀကီးဆုံး private ေဆး႐ုံထဲသို႔ ဝင္လာၿပီ ျဖစ္သည္...။ ကားကို ပါကင္မွာ ထိုးရပ္ၿပီးသည္ႏွင့္ ဦးေအာင္စည္က ေဆး႐ုံအေဆာက္အဦးဆီသို႔...

အခန္းတစ္ခုဆီသို႔ ဦးတည္ေနၿပီး နံပါတ္တစ္ခုႏွင့္ အခန္းေရွ႕မွာေတာ့ တံခါးကို ေခါက္ကာ ဝင္သြားေလၿပီ... ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ေနာက္က လိုက္၍...

ထိုအထဲမွာေတာ့ ရတုက ကုတင္ေပၚမွာ မ်က္လုံးကို မွိတ္ကာ ရွိေနသည္...။ ထိုေဘးမွာေတာ့ ေက်ာေပးကာ ရွိေနသည့္ တစ္စုံတစ္ေယာက္... ေသခ်ာသည္က ဦးရတုမိုရ္... ။

"ကြၽန္ေတာ္ ေခၚခဲ့ပါၿပီ ဆရာ..."

"သူ႕ကို ထားခဲ့လိုက္... ငါ ဖုန္းမဆက္မခ်င္း မလာခဲ့နဲ႕...။ ၿပီးတာနဲ႕ သူ႕ကို လိုက္ပို႔လိုက္..."

"ဟုတ္ကဲ့ပါ ဆရာ..."

ဦးေအာင္စည္က အခန္းထဲက ထြက္ၿပီး တံခါးကို ပိတ္ကာ ထြက္သြားသည္ႏွင့္... ဦးရတုမိုရ္က...

"အန္ကယ္ အမ်ားႀကီး မေျပာခ်င္ဘူး...။ မင္း ရတု႔အနားမွာ ရွိေနေပးနိုင္မလားလို႔ပဲ... သိခ်င္တယ္...။"

"ဘယ္လို...ေျပာလိုက္တာလဲ အန္ကယ္..."

ေရာက္ေရာက္ခ်င္း ေဆာက္ႏွင့္ထြင္းဆိုသလိုဦးရတုမိုရ္ စကားမ်ားက ရင့္သီးကာျဖင့္...

"ပ်ိဳးငယ္က အိမ္ေထာင္ရွိတယ္...။ ပ်ိဳးငယ္ အသက္မက ခ်စ္တဲ့သူလည္း ရွိတယ္...။ ရတုနဲ႕ ပ်ိဳးငယ္က ဘာပတ္သတ္မႈမွလည္း မရွိသလို... ရတုကိုလည္း ပ်ိဳးငယ္ အခုေရာ ေနာက္ေရာ ဘယ္လိုမွ မခ်စ္နိုင္ပါဘူး..."

"ဒါဆို မင္းေၾကာင့္ ဒီလိုျဖစ္သြားတဲ့ ငါ့သားအျဖစ္ကိုေရာ မင္း ဘယ္လိုလုပ္မလဲ? အခုထက္ထိ သတိမရေသးဘူး...။ ငါ့သားသာ တစ္ခုခုျဖစ္လို႔ကေတာ့ ငါနဲ႕ ေကာင္းေကာင္းေတြ႕မယ္...။ မင္း ငါ့သားအနားမွာ ေနလိုက္... က်န္တဲ့ ကိစၥကို ငါရွင္းေပးမယ္..."

"အန္ကယ္... အန္ကယ္ေျပာတဲ့အတိုင္း လုပ္ဖို႔ ပ်ိဳးငယ္မွာ လုံးဝစိတ္ကူးမရွိပါဘူး..။ ဒီအေၾကာင္းအရာကိုပဲ ဆက္ေျပာေနမယ္ဆိုရင္ ပ်ိဳးငယ္ကို ျပန္ခြင့္ျပဳပါ...။"

"ငါ စကားေျပာလို႔ မၿပီးေသးဘူး ပ်ိဳးပင္ငယ္...။ ဒါက မင္းကို ငါ ေကာင္းေကာင္းမြန္မြန္ ေတာင္းဆိုေနတာ...။ ငါ့သားအနားမွာ ေနၿပီး ရင္ဝယ္ဦး အသက္ရွင္တာ လိုခ်င္လား? ဒါမွမဟုတ္ ေသကြဲ ကြဲတာ လိုခ်င္လား?"

"အန္ကယ္တို႔ လူတစ္ေယာက္ကို ဘယ္လိုေတာင္ ဟင္း႐ြက္ ကန္စြန္းလို ေရာင္းတန္းသေဘာမ်ိဳး ေပးေနၾကတာလဲ? ဒီကိစၥကို ပ်ိဳးငယ္ လုံးဝသေဘာမတူနိုင္ပါဘူး...။"

"ဒါဆိုလဲ ငါ့အဆိုးမဆိုနဲ႕ေပါ့..."

ထိုစကားတစ္ခြန္းမွာေတာ့ ပ်ိဳးငယ္လည္း သူ႕အရွိန္အဝါကို မေမ့ထားသင့္တဲ့ အခ်က္တစ္ခု အျဖစ္ ေတြးေတာမိခဲ့သည္...။

ဒီကိစၥက ဒီလိုအျပတ္ျငင္းနိုင္ဖို႔ထက္ အေပ်ာ့ဆြဲ ဆြဲနိုင္မွ အစ္ကိုႏွင့္ ကြၽန္ေတာ္က ေကာင္းေကာင္းမြန္မြန္ ရွိနိုင္မည္ ျဖစ္သည္...။ ၿပီးမွ ရတုအေျခအေနကို ေသခ်ာဆန္းစစ္ၿပီး ျငင္းရမည္ ျဖစ္သည္...။

"အစ္ကို႔ကို ဒုကၡမေပးဘူးလို႔ ကတိေပးပါ... လက္ဖ်ားနဲ႕ေတာင္ မတို႔ပါဘူးလို႔ေပါ့...။ က်န္တာ ပ်ိဳးငယ္ စဥ္းစားေပးပါ့မယ္...။"

"ေကာင္းၿပီေလ... အခ်ိန္အမ်ားႀကီးေတာ့ မယူနဲ႕ေပါ့...။ ရင္ဝယ္ဦး မင္းဆီကို လာတတ္တဲ့ အခ်ိန္ေတြကိုလည္း ငါတို႔က သိထားပါတယ္...။"

ဦးရတုမိုရ္ဆိုသည့္ လူကေတာ့ သူ႕ရဲ႕ အာဏာ ပါဝါမ်ားျဖင့္ပင္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနသည္ပဲ...။

"ေကာင္းပါၿပီ... ဒါဆို ပ်ိဳးငယ္ ျပန္ခြင့္ျပဳပါ...။"

"အေျဖကို မနက္ျဖန္ မကုန္ခင္ ေပးပါ...။ ငါ့သားအနားမွာ ငါ့သားမနိုးလာခင္ မင္းရွိေနတာကို လိုခ်င္တယ္...။"

"......."

ဘာမွ မေျပာဘဲ အခန္းထဲမွ ထြက္လာမိေတာ့သည္...။ အျပန္လမ္းမွာေတာ့ ညဘက္က်ရင္ အစ္ကို႔ဆီ ဖုန္းဆက္ၿပီး ဒီရက္ပိုင္းေတြ ပ်ိဳးငယ္ဆီ မလာေသးဖို႔ပဲ ေျပာထားရမည္ ျဖစ္သည္...။

ဦးရတုမိုရ္ဆိုတာ ဒီၿမိဳ႕မွာ သိပ္ကို ၾသဇာအာဏာႀကီးၿပီး သူ႕အႀကိဳက္ ခ်ယ္လွယ္နိုင္သည့္ အေနအထားကို သိသည္မို႔....။

ဒီအေၾကာင္းကို အစ္ကို႔ကိုလည္း အသိမေပးသင့္ေသး...။ က်န္တာမဟုတ္ အစ္ကို႔စိတ္နဲ႕ဆို အစ္ကိုက ပ်ိဳးငယ္ကို ထိရင္ေတာ့ သူ႕ဘာသာ ဘာပဲျဖစ္ျဖစ္ ဂ႐ုစိုက္မွာ မဟုတ္...။

အစ္ကို႔ကို ဘာမွမျဖစ္ေစခ်င္ေတာ့...
ဒီျပႆနာရဲ႕ အရင္းအျမစ္က ပ်ိဳးငယ္မို႔ ပ်ိဳးငယ္ ကိုယ္တိုင္ ကိုင္တြယ္ ေျဖရွင္းရမည္ ျဖစ္သည္...။

Next part spoil~~

"ေမရီ... ပ်ိဳးပင္ငယ္ကေလ... မေကြးက သူနဲ႕ ေက်ာင္းတက္ေနတဲ့ ေကာင္ေလးနဲ႕ ခဏ ခဏ ေတြ႕ေနရတယ္တဲ့..."

"ဟုတ္ရဲ႕လားကြယ္... ပ်ိဳးငယ္က အဲ့လိုလဲ မဟုတ္ေလာက္ေသးပါဘူး...။"

သားျဖစ္သူ အေျခအေနကို ၾကည့္ကာ ေျပာလိုက္မိသည္။ ဟုတ္ေတာ့လည္း ဟုတ္ေနမလား? အဲ့ဒီကိစၥေတြေၾကာင့္ပဲ... အခါတိုင္း ဟိုကို သြားေတြ႕ေနသည့္ သားေတာ္ကို လာမေတြ႕ခိုင္းဘဲ ရွိေနသည္ကေတာ့ စဥ္းစားစရာ...။

Tue:Mar:3:2024:19:17:16PM

Continuar a ler

Também vai Gostar

246K 14.8K 40
My priority /property/privacy
61.3K 3.1K 23
in beloving memories of Koko and Myat
18.4K 1.4K 10
မုန့်ဟင်းခါးကြောင့် ဆုံခဲ့သည့် ဖူးစာဆိုပါစို့.... မုန့်ဟင်းခါးဖိုးပေးစရာမရှိလို့ အေးချမ်းလွန်းတဲ့ကိုကို့အနားမှာ တစ်သက်လုံးနေပါ့မယ် ကိုကိုကတော့ မုန့်...