ဒဏ္ဏာရီ - θρύλος (completed-9)
由 trollz22
29.5K 1.9K 43
တစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။ 更多
၁၀
၁၀
၁၁
၁၁
၁၂
၁၂
၁၃
၁၃
၁၄
၁၄
၁၅
၁၅
၁၆
၁၆
၁၇
၁၇
၁၈
၁၈
၁၉
၁၉
၂၀
၂၀
၂၁
၂၁
၂၂
၂၂
၂၃
၂၃
၂၄
၂၄
၂၅
၂၅
၂၆
၂၆
၂၇
၂၇
၂၈
၂၈
၂၉
၃၀
၃၀
၃၁
၃၁
၃၂
၃၂
၃၃
၃၃
၃၄
၃၄
၃၅
၃၅
၃၆
၃၆
၃၇
၃၇
၃၈🍀
၃၈🍀
၂၉
442 44 0
由 trollz22
ကိုယ့်သမီးကို အခုလိုဖြစ်အောင် ငိုရအောင်လုပ်သည့်သူကိုတွေ့လျှင် ဘာလုပ်မည်ညာလုပ်မည်ဟုတွေးထားပေမဲ့ တကယ်တမ်း ကိုယ့်ရှေ့ကို သူ၏ဖခင်ဖြစ်သူကိုယ်တိုင်လာရောက်တောင်းပန်ချိန်မှာတော့ ကိုယ့်မှာဘာမှမပြောနိုင်သည့်အထိ ထိုကလေးမလေး၏မိသားစုအရှိန်အဝါကသေးမှမသေးခဲ့ပဲ။ ထို့ပြင် မြင်လိုက်ရသည့် video တစ်ခုကြောင့် စွံအခဲ့ရသည်အထိ။ ကုတင်ပေါ်မှာ ကြိုးများဖြင့်သိုင်းကာချုပ်နှောင်ခံထားရသည့်ထို့ကလေးမလေး။ ပြန်လည်နိုးလာသည့်အချိန် ဏရီဆိုသည့်နာမည်တစ်ခုကိုသာတမ်းတနေပြီး ရုန်းကန်နေသည့် နိုဝယ်ဆိုသည့်မိန်းခလေး။ သက်သာပြီထင်၍လွတ်ပေးထားလျှင် အနီးအနားကသူကိုတစ်ခုမဟုတ်တစ်ခု ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် သူကိုယ်တိုင် သူ့ကိုယ်သူထိခိုက်ဒဏ်ရာရအောင်လုပ်ခြင်းများကြောင့် မြင်ရသူအဖို့စိတ်မချမ်းသာစရာ။
"ကျွန်တော် ဒါတွေ ခင်ဗျားကိုပြတာ ကျွန်တော့်သမီးကိုခွင့်လွတ်နိုင်စေဖို့မဟုတ်ဘူးနော် ခင်ဗျားသမီးနည်းတူ ကျွန်တော့်သမီးလဲ အလူးအလဲခံစားနေရတယ်ဆိုတဲ့အကြောင်းပြောပြချင်တာ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ကော moon လေးအနေနဲ့ကောပါ ကျွန်တော်တောင်းပန်စကားဆိုချင်ပါတယ် moon က သူအသိစိတ်ရှိနေတုန်းအချိန်မှာတောင် ဏရီ့ကိုဘာမှမလုပ်ပါနဲ့ဆိုတဲ့စကားကိုတဖွဖွရွတ်ဆိုနေခဲ့တာ ခင်ဗျားရဲ့သမီးကို moon လေးဘယ်လောက်ထိချစ်ခဲ့လဲဆိုတာ နောက် အခုလိုသူ့အသိစိတ်တွေလုံးဝပျက်စီးနေတာတောင် ဏရီဆိုတဲ့နာမည်ကိုပဲ ထပ်ခါတလဲလဲအော်နေတာ ဒါတွေကြည့်ပြီး ကျွန်တော်လဲ အတော်လေးအဆင်မပြေဘူးဗျာ အစတုန်းကတော့ moon လေးပြန်ကောင်းအောင် ခင်ဗျားသမီးပဲလုပ်ပေးနိုင်မှာဆိုပြီးကျွန်တော်ကတွေးထားမိတာ ဒါပေမဲ့ အခုကျတော့ နှစ်ယောက်လုံးရဲ့အခြေအနေက အခုချိန်မှာပေးတွေ့လို့မဖြစ်သေးဘူးဖြစ်နေပြန်တယ် တစ်ယောက်တစ်မျိုးစီစိတ်ရောဂါခံစားနေရတာကိုမြင်တော့ ကျွန်တော့ကိုကျွန်တော်ပဲအပြစ်တင်မိတော့တယ်"
"ကျွန်တော်လဲအတူတူပါပဲ မိုင်းလေးအခုလိုဖြစ်သွားတာ ကျွန်တော့်ပရောဂလဲမကင်းပါဘူး ကျွန်တော်ကငယ်ငယ်ထဲကမိုင်းကို စိတ်ဒဏ်ရာတွေပေးခဲ့မိတာလဲပါပါတယ် အခုလို ကျွန်တော့်ကိုလာရှာပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ် သူတို့နှစ်ယောက်နဲ့ဆက်ဆံရေးကို ကျွန်တော်ခွင့်မပြုပေးခဲ့မိတာလဲပါပါတယ်"
"ကျွန်တော်နေတဲ့တိုင်းပြည်မှာဒါကအထူးတလည်ကိစ္စတော့မဟုတ်ဘူးဗျ လူတွေကပွင့်လင်းတယ် အမြင်တွေကရိုးရှင်းတယ် လူကိုလူတစ်ယောက်လို့ပဲသတ်မှတ်ကျတာ တကယ်တော့ ဒီအသက်အရွယ်ကြီးကျမှ ဒီလိုကိစ္စတွေပြောရတာ နည်းနည်းတော့ရှက်မိသားဗျ"
"အဟုတ်ပဲဗျာ သူတို့လက်ထက်မှပဲ မမြင်ဘူးမတွေ့ဖူးမကြားဖူးတာတွေကြုံနေရတယ်"
သက်ဆိုင်ရာလူကြီးနှစ်ယောက်အဆင်ပြေနေတယ်ဆိုတာသိရင် ဏရီနှင့်နိုဝယ်များဝမ်းသာကျလေမလား။ ဘယ်အချိန်ပြန်ကောင်းနိုင်မလဲမသိပေမဲ့ တနေ့ဆိုသည့်မျော်လင့်ချက်ကိုတော့ဆွဲကိုင်ထားတုန်းပါပဲ။ လောကမှာ အတင်းလုပ်ယူ၍မရသည့်ကိစ္စရပ်များစွာရှိသည်။
နိုဝယ်သည် ဏရီ့ကိုပိုင်ဆိုင်လိုစိတ်တစ်ခုတည်းဖြင့် သူလုပ်ချင်သည့်ကိစ္စကိုလုပ်သွားသည့်လူမျိုး။ ပိုင်ဆိုင်လိုစိတ်၏နောက်မှာ ချစ်စိတ်ပါနေတာကိုသတိထားမိသည့်အချိန်အရာရာဟာနောက်ကျခဲ့ရသည်။ ငယ်စဥ်ကထဲက မြင်နေတွေ့နေခဲ့ရသည့်အဖြစ်အပျက်များကြောင့် သူစိတ်မှာ သာယာမှုကတစ်ဖတ် နှလုံးသားကတစ်ဖတ်ဖြင့် ကစားနေရသူတစ်ဦး။ အဓိကသည်စိတ်၏သဘောတရားသာဖြစ်သည်။
ဏရီသည် ဦးနှောက်နှင့်နှလုံးသားကြားမှာအချိန်အတော်ကြာအခတ်အခဲကြုံခဲ့ရသည့်လူတစ်ယောက်ဖြစ်သည်။ တစ်ခါမှမကြုံဖူးသည့် နွေးထွေးမှုကနေတဆင့် တဖြေးဖြေး နှလုံးသားအထဲထိစိမ့်ဝင်နေသည့် ကျူးကျော်မှုကိုမတားဆီးနိုင်ခဲ့သည့်သူ။ ကိုယ်ချစ်တဲ့သူတစ်ယောက်က ကိုယ်ဘယ်လိုမှမထင်မှတ်ထားသည့် လုပ်ရပ်ကိုမြင်နေတွေ့နေရတာတောင် သူ့စိတ်ထဲနှလုံးသားထဲကနေ ချစ်ရတဲ့သူကိုရူးရူးမိုက်မိုက်ချစ်ခဲ့သည့်ဏရီ။ ဘယ်လောက်ပဲကိုယ့်အပေါ်မှာ ခွင့်လွတ်ဖို့မဖြစ်နိုင်တဲ့လုပ်ရပ်ကိုလုပ်ထားတာတောင် သူ့ကိုယ်သူပါစွန့်လွတ်ပြီးချစ်ခဲ့ရသည့်ဏရီ။
ချစ်တဲ့စိတ်ကြောင့်ပင် ကိုယ့်ကိုကိုယ်ထိခိုက်စေမိသည်အထိရူးမိုက်ကျသည့် လူနှစ်ယောက်။ ဘယ်သူမှန်သည်မှားသည်ဆိုတာမပြောလိုတော့ပါ။ ကံတရားကိုသာအပြစ်ပုံချလို့ရရင်ပုံချချင်မိသည်အထိ။ အရမ်းချစ်ပေမဲ့ ကိုယ်စီအမြင်များကြောင့် တစ်ယောက်နှလုံးသားကိုတစ်ယောက်ဆူးစိုက်စေခဲ့သည်။ ဇာက်လမ်းအစမှာ နိုဝယ်ကဖန်တီးခဲ့သည်ဆိုလျှင် ထိုဇာက်လမ်းထဲမှာ နှလုံးသားကအစစ်ဝင်ကစားပေးလိုက်ရသည့် ဏရီ။ သူချစ်ရသည့်သူကို မနာကျင်စေချင်သည့် နိုဝယ်။
ရေစက်ကြောင့်ဆုံခဲ့ပေမဲ့ ဖန်တီးမှုတစ်ခုကြောင့် စတေးခဲ့ရသည့် နှလုံးသားတစ်စုံ။ ဘာလို့များလူတွေဟာ အချစ်ကိုကစားချင်ရပါလဲ။ နှလုံးသားကိုရင်းပြီးကစားရသည့်ပွဲဟာအင်မတန်ပြင်းထန်လွန်းတယ်ဆိုတာ လူသားများနားမလည်ခဲ့ခြင်းပေလား။
ချစ်သည့်စိတ်နှင့်ယူကြုံးမရသည့်စိတ်ကြောင့် စိတ်ဒဏ်ရာရသွားသည့်မိန်းခလေးတစ်ဦးသည် ရူးမိုက်မိုက် မိန်းခလေးတစ်ဦးကိုချစ်ခဲ့ပါကြောင်း။
ချစ်သည့်စိတ်ကိုပိုင်ဆိုင်ချင်စိတ် တခြားသူလုယူမှာဆိုးသည့်စိတ်နှင့် အတ္တကြီးခဲ့သည့် မိန်းခလေးတစ်ဦးမှာလဲ အသက်နှင့်ထပ်တူချစ်ရသည့် ကာကွယ်ချင်မိသည့်မိန်းခလေးတစ်ဦးရှိပါကြောင်း။
၃ နှစ်ခန့်ကြာသောအခါ။
ဖြောင်း။ ဖြောင်း။ ဖြောင်း။
လက်ခုပ်သံများက ကျယ်လောင်စွာထွက်ပေါ်နေသည့် အခန်းကျယ်။ ကင်မရာမီးတဖျတ်ဖျတ်ကမျက်စိကြိမ်းလောက်အောင်ပင်။
"အားလုံးကိုကျေးဇူးတင်ပါတယ် ကျွန်တော့်ကိုယုံကြည်ပြီး ဒီတာဝန်တွေပေးအပ်ခဲ့တဲ့ကျွန်တော့်ဒယ်ဒီကိုအရင်ဆုံးကျေးဇူးတင်ပါတယ် အစစအရာရာအနောက်ကနေယုံယုံကြည်ကြည်လိုက်လုပ်ပေးတဲ့ဒီကုမ္ပဏီကဝန်ထမ်းတွေကိုလဲ ကျေးဇူးတင်ပါတယ် ဝန်ထမ်းတွေအားလုံးကြောင့်ပဲ ကုမ္ပဏီကအခုလိုရပ်တည်နိုင်ခဲ့တာပါ ရှေ့ဆက်ပြီးလဲကြိုးစားသွားပါအုန်းမယ်လို့ဒီနေရာကနေပြောကြားလိုပါတယ်"
စတိတ်စင်ကဲ့သို့သောနေရာမှာ မိုက်တစ်လုံးဖြင့်ကျေးဇူးတင်စကားပြောကြားနေသူမှာ MD ဋီကာကျော် ဖြစ်ပါသည်။ နှစ်ကုန်ပါတီဖြစ်၍ ကုမ္ပဏီ၏အဓိကလူကြီးတစ်ယောက်ဖြစ်၍ သူကိုယ်တိုင်ကျေးဇူးတင်စကားပြောကြားနေခြင်းပင်ဖြစ်သည်။
"အော် ကျွန်တော်ဒီနေရာကနေတစ်ခုထပ်ပြီးပြောပြချင်ပါတယ် ယခင် ကျွန်တော့်နေရာမှာတာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ကျွန်တော့ညီမလေး ဒဏ္ဏာရီက မကြာခင်နိုင်ငံခြားပညာတော်သင်ကနေပြန်လာတော့မှာဖြစ်တဲ့အတွက် မကြာခင်အချိန်အတွင်းမှာ ရာထူးအပြောင်းအလဲ အပြောင်းအရွေ့လေးတွေရှိမယ်ဆိုတာကိုကျွန်တော်ပြောကြားလိုပါတယ် လွန်ခဲ့တဲ့ ၃ နှစ်က ရုတ်တရပ်ကြီး ကျွန်တော်ညီမလေး အလုပ်နားပြီးနိုင်ငံခြားထွက်သွားတဲ့အချိန် ကျွန်တော်တာဝန်ယူနေချိန်အတွင်းမှာ ကျွန်တော့်ကိုယုံကြည်ပြီး ဒီကုမ္မဏီအတွက်ကြိုးစားပေးခဲ့တဲ့သူတွေကိုလဲထပ်ပြီးကျေးဇူးတင်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ"
ပါတီပွဲမှာအချိန်တခုကြာနေပြီးနောက် အိမ်ကိုပြန်လာခဲ့လေသည်။ မိဘများနှင့်အတူညစာစားပြီးနောက် အခန်းထဲမှာအလုပ်စားပွဲမှာထိုင်ကာ မနတ်ဖြန်အတွက်အလုပ်စာရင်းဖိုင်များကိုကြည့်နေမိသည်။ ငယ်စဥ်ကထဲက ဉာဏ်ကောင်းသည့်သူဖြစ်၍ ကုမ္ပဏီနှင့်ပတ်သက်သည့် လုပ်ငန်းသဘောတရားများအားလေ့လာရသည်မှာသူ့အတွက်မခတ်ခဲပါ။ လူတစ်ယောက်ကိုတော်ယုံမယုံကြည်သည့်သူ့အတွက် အလုပ်၌စေ့စပ်သေချာစွာလုပ်သည့်အတွက် စစချင်း ဏရီ့နေရာမှာတာဝန်ယူရချိန် တာဝန်ဆိုသည့်အလေးချိန်ကသူ့အတွက်တော့ထိုးနက်ချက်ကပြင်းလှသည်။ ထိုသို့သောကိစ္စရပ်များကို ဏရီတစ်ယောက်ထဲလုပ်နိုင်သည်ကိုကြည့်ပြီး ဏရီ့ကို အားလဲနာမိသည်။ ကျေးဇူးလဲတင်မိပါသည်။
ညအချိန် ၉နာရီထိုးနေပြီဖြစ်၍ မျက်နှာ၌အပြုံးတစ်ခုပေါ်လာခဲ့ပြီးနောက် ချက်ချင်းပင် face call app တစ်ခုထဲဝင်ကြည့်မိလေသည်။ online ကနေခေါ်ဆိုခြင်းဖြစ်၍ လိုင်းချိတ်မိအောင်ခဏမျစောင့်ပြီးသည့်အခါ ပေါ်လာသည့်မျက်နှာလေးမှာ ပြည့်ဖောင်းဖောင်းလေးဖြစ်နေပါသော သူ၏တစ်ဦးတည်းသောညီမလေး ဒဏ္ဏာရီ။
လက်ဟန်ပြဘာသာစကားနှင့်အပြန်အလှန်ပြောရသည့်အတွက် သူ့အတွက်တော့အခတ်အခဲသိပ်မရှိပါ။ ဘာလို့ဆို ဒီအခြေအနေက က်ုယ်တိုင်ကြုံခဲ့ဖူးခဲ့သည်လေ။ အရင်ကတော့ သူဟာထိုဘာသာရပ်ကိုတခြားသူများနှင့်ဆက်သွယ်သည့်အခါအသုံးပြုသည်ဆိုပေမဲ့ ယခုတော့ ဏရီနှင့်အသုံးပြုနေရသည်။
ဏရီ့ရဲ့အပြုံးတွေကိုမြင်ရတာ သူလဲပျော်ရပါသည်။ ကြည်နူးရပါသည်။ ယခုကဲ့သို့အခြေအနေမျိုးရောက်အောင်ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ ကာရကံရှင်များကိုယ်တိုင်သာသိမည်။ အကြိမ်ကြိမ် သက်သေဖို့ကြိုးစားခဲ့သည့်မိန်းခလေးတစ်ဦးအတွက် ဤသို့သောအခြေအနေသည်အလွန်ပင်တိုးတက်ကောင်းမွန်နေသည်မဟုတ်ပါလား။
နောက်တစ်ပတ်ဆိုလျှင်သူပြန်လာတော့မည်ဆိုသည်ကို လက်ဟန်ခြေဟန်ဖြင့်ပြောနေသည့်ကိုကြည့်ပြီး သူဝမ်းသာမိသည်။ တကယ်ဆို ကြာအုန်းမယ်အချိန်ယူအုန်းမယ်ဟုထင်ပေမဲ့ ဏရီကစိတ်ဓာက်သန်မာသည်မဟုတ်ပါလား။ အကြိမ်ကြိမ်လဲပြိုနေတာတောင် အကြိမ်ကြိမ်ပြီးရပ်တည်နေနိုင်သည်အထိလေ။ ဏရီက ဖီးနစ်ငှက်လို မိန်းခလေးမျိုးဖြစ်နိုင်ပေသည်။ စိတ်ကျရောဂါသက်သာသွားပေမဲ့ စိတ်ခံစားချက်ကြောင့်သာလျှင် စကားမပြောနိုင်ခြင်းအတွက်တော့ စိတ်မကောင်းဖြစ်ရသည်။ ဆရာဝန်ကိုယ်တိုင်ကလဲ စိတ်ကို စိတ်နှင့်သာ ကုသရန်ညွှန်ကြားထားပါသည်။
ဒေါက်။ ဒေါက်။
"သားရေ မာမီပါ အိပ်သွားပြီလားသား"
"မအိပ်သေးဘူး မာမီ သားအလုပ်လေးတွေမပျက်သေးလို့ပါ"
"ဟုတ်လား ဒါဖြင့် အောက်ကိုခဏဆင်းခဲ့ပါအုန်းကွယ် မင်းဒယ်ဒီကပြောစရာစကားရှိလို့တဲ့"
"ဟုတ်မာမီ သားလာခဲ့ပါ့မယ်"
ဒယ်ဒီခေါ်သည်ဆိုသောကြောင့် ဏရီနှင့်စကားပြောနေသည်ကိုအဆုံးသက်လိုက်ပြီး အောက်ထပ်မှဒယ်ဒီ့စာကြည့်ခန်းထဲဝင်သွားလိုက်ပါသည်။
"သားရောက်ပြီဒယ်ဒီ"
"တစ်ခြားတော့မဟုတ်ဘူးကွာခေါ်ခိုင်းလိုက်ရတာက မကြာခင် မိုင်း ပြန်လာတော့မယ်ဆိုတော့ ဘယ်လိုမျိုးတွေစီစဥ်ထားလဲဆိုတာသိချင်လို့ခေါ်လိုက်တာပဲ ချက်ချင်း မိုင်းကိုသူ့နေရာပြန်ပေးမယ်လို့စဥ်းစားထားသလား"
"ဟုတ် ကျွန်တော်စဥ်းစားထားပြီးပါပြီဒယ်ဒီ အဲ့ဒီ့နေရာက မိုင်း နဲ့ပိုပြီးသငွတော်ပါတယ် သားကမိုင်းလောက် စီးပွားရေးအကြောင်းနားမလည်ဘူးလေ"
"ဟုတ်ရဲ့လား မိုင်းကတော့ သူ့အကိုကသူ့ထက်ပိုပြီးတော်တယ်လို့ချီးကျူးနေတာနော်"
"ဟာ အဲ့ဒီကလေးမရှောက်ပြောနေတာဒယ်ဒီ"
လူတွေဟာအမှန်ကိုပြောလျှင် လက်မခံချင်ဘူးဆိုတာသေချာသည်လေ။ ဋီကာကျော်လဲအမှန်ကိုလက်မခံနိုင်ဘူးဖြစ်နေခဲ့တာ။
"ဒယ်ဒီစဥ်းစားထားတာတစ်ခုရှိတယ် အခုချိန်ထိ ဒယ်ဒီဟာ ကုမ္ပဏီရဲ့ရာထူးအကြီးပိုင်းကိုယူထားရတုန်းပဲ ဒါပေမဲ့ တဖတ်မှာလဲ ဒယ်ဒီဖြစ်ချင်တဲ့လုပ်ချင်ခဲ့တဲ့နိုင်ငံရေးထဲမှာဝင်ကစားနေတာသားသိတယ်နော် ဒါကြောင့် ဒယ်ဒီအဲ့ဒီနေရာကို မင်းတို့ထဲကတစ်ယောက်ကိုပေးဖို့ဆုံးဖြတ်ထားတယ် ဘယ်သူတာဝန်ယူမလဲဆိုတာကတော့ မောင်နှမနှစ်ယောက်တိုင်ပင်ပါ ဒယ်ဒီကလုပ်မယ်လို့ကြံစည်ပြီးရင်ဖြစ်အောင်လုပ်တယ်ဆိုတာသိတယ်မဟုတ်လား"
"ဟုတ်ကဲ့သိပါတယ်ဒယ်ဒီ သားဒီကိစ္စကို မိုင်းနဲ့တိုင်ပင်လိုက်ပါ့မယ်"
သေချာပေါက် ဒယ်ဒီ့နေရာဟာ မိုင်းပဲဖြစ်ရမည်လေ။ ဘာလို့ဆို မိုင်းတသက်ပင် ဒီကုမ္ပဏီမှာစ်တ်ကောလူကောနှစ်မြုတ်ထားရတာ။ မိန်းခလေးဖြစ်နေလို့ တခြားသောအကြောင်းများဖြစ်နေလို့ဟုဆိုလာလျှင် မိုင်းဟာထိုနေရာနှင့်ထိုက်တန်သည့်တစ်ဦးတည်းသောသူဆိုတာကိုသူကိုယ်တိုင်သက်သေပြသွားမှာ။ သူ့အတွက်တော့ မိုင်းစိတ်မထိခိုက်အောင်လုပ်မှာ။ မိုင်းကိုနည်းနည်းလေးမှစိတ်ထိခိုက်ခံမည်မဟုတ်ပါ။
"ဒါနဲ့ သားမှာကော ရည်ရွယ်ထားတဲ့သူတွေရှိပြီလား"
ဒယ်ဒီကဘယ်ကနေဘယ်လို ဒီကိစ္စဘက်ရောက်သွားသည်မပြောတက်။ သူ့မှာတော့ ညဘက်ရေချိုးပြီးတာတောင် ချွေးပြန်ချင်လာပြီဖြစ်သည်။
"မရှိ မရှိသေးပါဘူးဒယ်ဒီ"
မရှိဘူးဟုပြောလိုက်ပေမဲ့ မျက်လုံးထဲ အသားဖြူဖြူ သူနှင့်အတူ သူနိုင်ငံခြားရောက်သည့်အချိန်မှစပြီး သူဆရာဝန်ဖြစ်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ထိဘေးမှာအတူရှိလာခဲ့သည့် ခန္ဓာကိုယ်ခပ်သေးသေးနှင့် စံပယ်တင်မှဲ့လေးပါရှိသော မျက်နှာခပ်ဝိုင်းဝိုင်းလေးအားပြေးမြင်မိသည်။ တစ်ဆက်ထဲမှာပဲသူ့မျက်နှာပေါ်မှာအနီရောင်လှိုင်းများဖြတ်ပြေးသွားရလေသည်။
"ဟုတ်လား ဒယ်ဒီကအတင်းအကြပ်မလုပ်ပါဘူးကွာ ဒါပေမဲ့ ဒယ်ဒီလဲမြေးချီချင်တယ်သားရယ်"
"ဟုတ်ပါဒယ်ဒီ ကျွန်တော့်မှာချစ်ရတဲ့သူရှိလာရင်အသိပေးမှာပါ အခုတော့မရှိသေးပါဘူး အကယ်၍မှ ကျွန်တော်သဘောကျတဲ့သူမရှိခဲ့ရင်တော့ ဒယ်ဒီတို့သဘောပါ သားနာခံမှာပါ"
အခုဆို သုံးနှစ်တောင်ကြာသွားပြီဖြစ်တော့ မပြောမဆိုနှင့် နှုတ်တောင်မဆက်နိုင်ပဲ မြန်မာပြည်ကိုပြေးလာရတဲ့သူ့ကို ထိုကောင်မလေးသတိတောင်ရပါ့မလား။ သူနှစ်သက်သည့်ဆရာဝန်အလုပ်မှာပဲပျော်နေလေမလား။ ဒါမှမဟုတ် ချစ်သူရည်းစားများရ၍သူ့ကိုမေ့သွားလေသလား။ သူ့ကိုစိတ်ဆိုးကာအဆက်အသွယ်ဖြတ်သွားသည့်ကောင်မလေးရဲ့သတင်းကိုသူသိချင်မိပါသည်။
×
tbc
trollZ
繼續閱讀
You'll Also Like
643K 66.9K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.7M 95.5K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
12.6K 629 22
170K 4.5K 73
Hopefully people requests something to me to write about, if not than you only have the request page I guess. Edit: unless I made my own oneshots, wh...