''မယ်တော်...ဟင့်...မယ်တော်''
''မယ်တော်ကြီးကို သတိရနေတာလား''
အရှင်က ဝမ်းနည်းစွာ ငိုနေပြီး အာစေးမိသလို
ဘာစကားမှ ထုတ်မပြော
ရှောင်ကျန့်ကလဲ အရှင့်ကို ဆက်ပြီးဝမ်းမနည်းစေချင်တာကြောင့် အာရုံလွှဲသည့်အနေနဲ့ လှေစီးမည့်နေရာကို ဦးဆောင်ခေါ်သွားတော့သည်။
လှေစီးတဲ့နေရာရောက်တော့
''ဒီနေရာက ကြာပန်း တွေအတော်လှတယ် အရှင်ကိုယ်တိုင် ကျွန်တော်မျိုးအတွက်ခူးပေးခဲ့ဖူးတယ် မှတ်မိလား''
အရှင်က ရှောင်ကျန့်ကိုသာငေးကြည့်နေခဲ့တယ်။
မှတ်မိတယ်လဲမပြော မမှတ်မိဘူးလဲမပြော
ဒီအတိုင်းအဓိပ္ပါယ်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ငေးနေဆဲပဲ
''ကျွန်တော်မျိုးအမှန်တိုင်းဝန်ခံရရင် အရှင့်ကိုချစ်မိခဲ့တယ် လက်မထပ်ခင်အချိန်ထဲက
မယ်တော်ကြီး နန်းဆောင်ကနေ ဒေါသတကြီး ထွက်လာတဲ့အရှင်က မာကျောနေတဲ့မျက်နှာထားနဲ့တောင် ချောမောခန့်ညားနေခဲ့တာ အဲ့အချိန်တုန်းက အရှင့်ဒေါသကိုလန့်ရမဲ့အစား အရှင့်ကိုကြည့်ပြီး ရင်ခုန်နေခဲ့တာလေ''
အရှင်က ရှောင်ကျန့်မျက်နှာအစိတ်အပိုင်းတွေကိုသာ ငေးကြည့်နေပြီး ရှောင်ကျန့် ပြောသမျှကို ငြိမ်ကာ နားထောင်နေသည်။
''ပြီးတော့... ကိုယ်ဝန်ဖျက်ကျခဲ့တုန်းကလဲ အတော်လေး ခံစားခဲ့ရတယ် ကျွန်တော်မျိုးသိပ်ချစ်တဲ့အရှင်က ကျွန်တော်မျိုးစကားတွေကိုနားမထောင်ပေးခဲ့ဘူး မယုံကြည်ပေးခဲ့ဘူး ကိုယ်ချစ်တဲ့သူနဲ့ရတဲ့ရင်သွေးကို ဖျက်ချရအောင်ထိ ကျွန်တော်မျိုးမရူးမိုက်ခဲ့တာအမှန်ပါ
အဲ့နောက်ပိုင်းတော့ အရှင်က ကျွန်တော်မျိုးကို ကျန်းချန်နဲ့စွပ်စွဲပြန်တယ် နာကျင်ရလွန်းလို့ အရှင်တစ်ယောက်တည်းကိုပဲချစ်မြတ်နိုးခဲ့တာပါလို့ အရှက်မရှိအော်ဟစ်ပစ်ချင်မိတဲ့အထိပဲ''
ရှောင်ကျန့်ကစကားပြောနေရင်း မျက်ရည်တွေကျလာတော့ အရှင်ကရှောင်ကျန့်ကို ရင်ခွင်ထဲထည့်ဖက်ထားပေးတယ်
လှေက အနည်းငယ်လှုပ်ခတ်သွားပေမယ့် ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲတိုးဝင်ကာငိုနေတုန်း
''အရှင်က ကျွန်တော်မျိုးကိုဘယ်တုန်းကမှ မချစ်ခဲ့သလို မယုံကြည်ပေးခဲ့ဘူး''
''မငိုပါနဲ့...''
အရှင်က မငိုပါနဲ့လို့ပြောကာမှ ရှောင်ကျန့်ကပိုတိုးလို့ငိုနေလေတော့သည်။
အချိန်တစ်ခုကြာတဲ့အခါမှာတော့ ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲ၌ပင် ငိုရင်းအိပ်ပျော်သွားခဲ့လေသည်။
''မငိုပါနဲ့လို့ပြောသားနဲ့ အခုတော့ပင်ပန်းသွားရပြီ''
ရှောင်ကျန့်ကို ဆက်ဖက်ထားရင်း အရှင်က သူမေ့နေတဲ့ တစ်စုံတစ်ခုကိုမှတ်မိဖို့ အသည်းအသန်ကြိုးစားနေမိတော့၏။
ဒီလူသားကိုငိုကြွေးစေသည့် အတိတ်ကဖြစ်ရပ်တွေကဘာများလဲ သူသိချင်မိပါသည်။
ထိုမြင်ကွင်းကိုအငြိုးတကြီးနဲ့ကြည့်နေသည့်
မျက်ဝန်းတစ်စုံဟာလဲ လှေနဲ့ မနီးမဝေးတွင်ရှိနေလေသည်။
ညဉ့်နက်ပိုင်းရောက်တော့ သူမရဲ့ တာဝန်ချိန်ပြီးလို့
နန်းဆောင်ပြန်ဖို့လုပ်နေတဲ့ နန်းတွင်းသူလေး လုလုဟာ
လည်ပင်းထပ် ဓားထောက်ခြင်းကိုခံလိုက်ရသည်။
သူမလဲ ကြောက်ကြောက်လန့်လန့်ဖြင့်
''ဘယ်...ဘယ်သူပါလဲ အသက်ကိုချမ်းသာပေးပါ''
''ကိုယ်အလုပ်အကျွေးပြုခဲ့တဲ့ ကိုယ့်သခင်ကိုတောင်မမှတ်မိတော့ဘူးလား လုလု''
သူရဲ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် သူမ လန့်သွားပြီး
''ရှင်...ရှင်...နန်းတွင်းထဲကိုဘယ်လိုများ...''
''ဒီနေရာက ငါကျင်လည်ခဲ့တဲ့နေရာပဲလေ ဒီလောက်ကတော့ငါ့အတွက်လွယ်လွန်းပါတယ်
အခုတော့ မင်း!!!
အသက်မသေချင်ရင် ငါခိုင်းတာလုပ်!!!''
''ဟုတ်...ဟုတ်ကဲ့''
လုလုရဲ့ အကူအညီနဲ့ ရှင်းလျန်ဟာ အပျိုတော်ဝတ်စုံဝတ်လျက်မင်းကြီးရှောင်ရဲ့ အတွင်းနန်းဆောင်၌ ဝင်ရောက်ခစားနေလျက်ရှိသည်။
အခြေအနေပေးတာနဲ့ နှစ်ယောက်လုံးကို သတ်ပစ်မည်ဟု သူ့စိတ်ထဲ ကြုံးဝါးနေ၏။
အရှင်ကလဲ ရှောင်ကျန့်ကို အဆောင်တော်ထဲထိပွေ့ ချီလာခဲ့သည်။
ကုတင်ပေါ် ဖြေးညှင်းစွာချပေးတော့ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေသည့် ရှောင်ကျန့်က အရှင့်ရင်ခွင်ထဲ အတင်းတိုးဝင်နေတာမို့ အရှင့်မှာ
တဖန်ထွေးပွေ့ ထားရပြန်သည်။
*ဟက်... နင်တို့ကသိပ်ချစ်နေကြတယ်ပေါ့လေ စောင့်ကြည့်နေလိုက်ပါ သိပ်မကြာခင်မှာ နင်တို့နှစ်ယောက်လုံး ချစ်ရသူကိုဆုံးရှုံးရတဲ့ခံစားချက်မျိုး ခံစားစေရမယ် ငါ့လိုမျိုးပေါ့...*
လုလုက ဘုရင့်နန်းဆောင်ပေါက်ဝမှာ မယောင်မလည်နဲ့ရစ်သီရစ်သီလုပ်နေတာကို တွေ့ သွားတဲ့ချင်းဟွာက
''မင်းကဒီမှာဘာလုပ်နေတာလဲ မင်းရဲ့ တာဝန်က အဝတ်လျှော်ဆောင်မှာလေ ဘာလို့ဒီနေရာမှာရှိနေရတာလဲ''
''သ....သခင်မလေးချင်းကွာ... ကျွန်တော်မျိုးမကိုခွင့်လွှတ်ပါ ကျွန်တော်မျိုးမ သေသင့်တဲ့အပြစ်ကို ကျူးလွန်မိပါတယ်''
ထိုမိန်းကလေးက ငိုယိုကာ ဒူးထောက်တောင်းပန်လေတော့
ချင်းဟွာက
''ဘာဖြစ်လာတာလဲ သေချာပြောပြစမ်း!!!''
လုလုက သူမ ခြိမ်းခြောက်ခံရတဲ့အဖြစ်ကနေစပြီး အားလုံးပြောပြလိုက်တော့သည်။
''မင်း..!!!
ဒီလောက်အရေးကြီးတဲ့ကိစ္စကို ဘာလို့မပြောပြရတာလဲ!!! အရှင်နှစ်ပါးရော ဘယ်မှာလဲ''
''နန်း...နန်းဆောင်ထဲတော့ ရောက်သွားပါပြီ''
''ဘာဖြစ်လို့ မတားရတာလဲ!!!
စစ်သူကြီးမင်းကို သွားခေါ် အခု!!!"
ချင်းဟွာလည်း လုလုကို ပြောပြီးနောက် နန်းဆောင်ထဲ ခွင့်မတောင်းပါပဲ ဝင်လာမိတော့သည်။
ချင်းဟွာ နန်းဆောင်ထဲဝင်လာတာမြင်တော့ ယခင်မင်းကြီးဝမ်က
''ဒီအချိန်ကြီး ဘုရင့် နန်းဆောင်ကိုဘာကိစ္စရှိလို့လဲ''
မင်းကြီးဝမ်ရဲ့ မျက်နှာက နဂိုထက် ပိုခက်ထန်နေတော့
စိတ်ထဲထိတ်လန့်သွားကာ
''ဟို...မင်း...မင်းကြီးကို အရေးတကြီးပြောစရာရှိလို့ပါ''
''မင်းကြီးရှောင် အိပ်ပျော်နေတယ် မနက်မှ ပြန်လာခဲ့!!!''
''အခုပြောမှဖြစ်မယ် အရမ်းအရေးကြီးလို့ပါ မင်းကြီးရှောင်နဲ့တွေ့ ခွင့်ပေးပါ''
''မင်းကိုငါ ထွက်သွားလို့ပြောနေတယ်လေ!!!''
မင်းကြီးဝမ်က အတွင်းဆောင်တံခါးကို
တင်းတင်းပိတ်ကာသူမကိုထွက်သွားဖို့အော်ဟစ်နေ၏။
မျက်လုံးတွေကလဲ ဂနာမငြိမ်ဖြစ်ကာ
တစ်ခုခုကိုကြောက်ရွံ့နေသလိုပင်
ချင်းဟွာက အခြေအနေကိုသဘောပေါက်စွာဖြင့်
လေသံကိုတိုးတိုးလေးလုပ်ကာ
''အထဲမှာသူမ ရှိနေတာလား''
မင်းကြီးဝမ်က အနောက်ကိုမလုံမလဲလဲ့ကြည့်ကာ
ခေါင်းကိုအသာငြိမ့်ပြလာ၏။
ပြီးတော့ မျက်ရည်တွေလဲထိန်းမနိုင်သလိုကျနေခဲ့သည်။
ချင်းဟွာသိလိုက်ပြီ ယခင်မင်းကြီးဝမ်က မင်းကြီးရှောင့်ကို
ကာကွယ်ဖို့အခုလိုလုပ်နေတယ်ဆိုတာကို
ထိုအချိန်မှာပဲ စစ်သူကြီးကျန်းချန်နဲ့
သူရဲ့ ရဲမက်တွေရောက်လာတာမို့
ချင်းဟွာက အသံမထွက်ဖို့ အချက်ပြလိုက်သည်။
''ဒါဆို ချင်းဟွာပြန်ပါတော့မယ်
အရှင်နှစ်ပါးကိုနှောက်ယှက်မိပါပြီ ခွင့်ပြုပါဦး''
ချင်းဟွာက တမင်အသံကိုမြှင့်တာ
သူမ သွားတော့မည့်အကြောင်းကို
အထဲက သူ ကြားအောင်ပြောလိုက်သည်။
ထို့နောက်စစ်သူကြီးကျန်းချန်ကို အပြင်ဘက်ခေါ်ထုတ်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ အားလုံးထိတ်လန့်သွားကြရသည်။
မင်းကြီးဝမ်ကလဲ အိပ်ဆောင်အတွင်းထဲ ပြန်ဝင်လာခဲ့ပြီး
''သူတို့ထွက်သွားကြပြီ မင်းရှောင့်ကိုလွှတ်ပေးလိုက်တော့''
''အဟက်!!!မင်းကြီးက သိပ်လည်တာပဲ ကြင်ယာတော်ရှောင့်ကို ထိခိုက်မှာစိုးလို့ အခုထိဟန်ဆောင်နေခဲ့တာပေါ့လေ ဟုတ်လား''
လည်ပင်းထက် ဓားထောက်ခံထားရတဲ့ ရှောင်ကျန့်ဟာ
သူ မသိရသေးတာတွေကိုသိလိုက်ရလို့
မင်းကြီးအစားနာကျင်ကြေကွဲနေရပေတော့သည်။
မင်းကြီးက သူ့ကိုသိပ်ချစ်ခဲ့သည်။
သူ့ကိုကာကွယ်ဖို့အတွက် အရာအားလုံးကို ဆုံးရှုံးခဲ့ရလေပြီ
''အရှင်...အရှင်တကယ်ပဲ အတိတ်မေ့မနေခဲ့တာလား
ဘာကြောင့် ကျွန်တော်မျိုးကိုပြောပြဖို့ မကြိုးစားခဲ့ရတာလဲ
ဘာကြောင့်လဲ!!!''
မင်းကြီးဝမ်က ရှောင်ကျန့်မေးသမျှကိုမဖြေပဲ နှုတ်ဆိတ်လို့နေ၏။
''အဲ့တာကြောင့် လျန်အာကပြောခဲ့တာ
မင်းကြီးကိုဘယ်လိုလူမျိူးမှန်းသေချာမသိပဲ လျော့မတွက်မိစေနဲ့တဲ့
အဟင်းးသူမပြောတာမှန်တယ်
တကယ်တော့ ဒီကစားပွဲမှာ မင်းကြီးကရုပ်သေးလိုလုပ်နေပေမယ့် တကယ်တမ်းရုပ်သေးက ရှောင်ကျန့်... ရှင်ဖြစ်နေခဲ့တာပဲ
ဒါပေမယ့် အခုရှင်တို့နှစ်ယောက်လုံးသေရတော့မှာဆိုတော့ ကျမသိသလောက်ပြောပြလိုက်ပါ့မယ် မင်းကြီးကလေ မယ်တော်ကြီးသေတော့ သူ့စိတ်တွေလွတ်သွားခဲ့တာမှန်ပေမယ့် သူ့စိတ်သူထိန်းနိုင်လိုက်တဲ့ပုံပဲ
အဲ့နောက်ပိုင်းတော့ ဟန်ဆောင်ပြီး ရှင့်ကိုကာကွယ်နေခဲ့တာလေ
မယ်တော်ကြီး ဈာပနကိုတောင်မလိုက်နိုင်ပဲ ကျမဘယ်အချိန်များ ရှင့်ကိုသတ်လိမ့်မလဲဆိုပြီးစိုးရိမ်နေခဲ့တာ
သူ့ကိုယ်သူ ကလေးတစ်ယောက်လို ဘာမှမသိတော့တဲ့အသွင်ဆောင်ပြီး တိုင်းပြည်အာဏာကို ကျွန်မဆီ ပုံပေးခဲ့သလိုလိုနဲ့ ကျွန်မကို ရှင့်ဆီ အာရုံမရောက်အောင်လို့ အာရုံလွှဲထားခဲ့တာ
သေဒဏ်ပေးတဲ့နေ့က ရှင့်ဆီကို လူစားလဲဖို့ လူလွတ်လိုက်တာ စစ်သူကြီးမင်းလို့ထင်နေတာလား
ဒါတွေအားလုံးကို စစ်သူကြီးမင်းနဲ့ နှစ်ယောက်ပေါင်းပြီးလုပ်ဆောင်နေတာကို မသိတဲ့ရှင်က တုံးအနေတာပေါ့ အဲ့လိုမဟုတ်ရင် ချစ်လွန်းလို့မမြင်နိုင်တာများလား''
''မင်းပါးစပ်ကို ပိတ်ထားလိုက်တော့ ရှင်းလျန်!!''
''အဟားဟား ဘာဖြစ်လို့လဲမင်းကြီးရယ် သိမှသိတော့ အားလုံးသိတာပိုကောင်းပါတယ်
မင်းကြီးကလေ အခုချိန်ထိ ဘာလို့ရူးချင်ယောင်ဆောင်နေလဲ သိလား ရှောင်ကျန့်
ဘုရင့်အာဏာသာ ရှင့်လက်ထဲမှာရှိနေသေးရင် ဘယ်သူမှရှင့်ကို ထိခိုက်အောင်မလုပ်တော့ဘူးဆိုတာသိနေလို့လေ
မင်းကြီးရဲ့မယ်တော့်ကို သတ်တဲ့သူဆိုပြီး ဘယ်သူမှလာထိခိုက်အောင်လုပ်လို့မရအောင်လေ''
ရှောင်ကျန့်က ဘာမှမပြောနိုင်တော့ပဲ ငိုနေခဲ့သည်။ သူမသိတဲ့ တဖက်ခြမ်းမှာ အရှင်က သူ့အား ကာကွယ်နေခဲ့သည်လေ။
နန်းဆောင်တစ်ခုလုံးကို ရဲမက်တွေဝိုင်းထားပြီး ခေါင်မိုးပေါ်ကနေ အခြေအနေကို စောင့်ကြည့်နေတဲ့ကျန်းချန်တို့ကလဲ မလှုပ်မရှားပင်။
''ရှင်တို့နှစ်ယောက်ကိုကြည့်ပြီး ကြားထဲကမျက်ရည်တောင်မထိန်းနိုင်တော့ဘူးရှင် တစ်ယောက်ကိုတစ်ယောက် ထိခိုက်မှာကြောက်လွန်းလို့ ကာကွယ်ပေးနေကြတာကို အခုတော့ သေရတော့မယ် စိတ်မကောင်းလိုက်တာရှင်''
''မင်းဘာလိုချင်တာလဲ!! မင်းလိုချင်တာအားလုံးပေးမယ် ရှောင့်ကိုလွှတ်ပေးလိုက်!!!''
''တကယ်လား!!
အရှင့်ရဲ့ မယ်တော်ကိုသတ်တဲ့သူကိုလေ
အရှင့်ရဲ့ ချစ်လှစွာသောကြင်ယာတော်ကို အဆိပ်ပေးခဲ့တဲ့သူ
ပြီးတော့... အရှင့်သွေးသားကိုဖျက်စီးခဲ့တဲ့သူကို
ဘာပဲတောင်းဆိုတောင်းဆို အကုန်ပေးမယ်ပေါ့''
မင်းကြီးက ဒေါသထွက်နေပေမဲ့ အရာအားလုံးကိုမျက်ကွယ်ပြုကာ
''ထီးနန်းကိုလိုချင်တာလား!!!''
''ဟင့်အင်း ကျွန်မကတော့ အရာအားလုံးဆုံးရှုံးရပြီး ရှင်တို့နှစ်ယောက်က ပျော်ရွှင်စွာပေါင်းဖက်နေရတာမျိုးကို မလိုချင်တာ''
''ရှင်တို့နှစ်ယောက်တည်းက တစ်ယောက်သေရင်တော့ အဆင်ပြေမယ်ထင်တယ် မဟုတ်ရင်လဲနှစ်ယောက်လုံးပေါ့''
မင်းကြီးက သူမကို ပြင်းထန်လွန်းတဲ့ အကြည့်မျိုးနဲ့ကြည့်နေခဲ့ပြီး ရုတ်တရက်ဆိုသလို ဘေးမှာရှိတဲ့ မီးခွက်ကိုမီးငြိမ်းလိုက်သည်။
တစ်ခန်းလုံးမှောင်မည်းသွားခြင်းနဲ့အတူ ကျယ်လောင်တဲ့အသံတစ်ခုကိုကြားလိုက်ရသည်။
ရှောင်ကျန့်လဲ အခြေအနေကို နားမလည်တာကြောင့် ဘာလုပ်ရမလဲမသိဖြစ်နေစဉ်မှာပင် တစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်ခြင်းကိုခံလိုက်ရသည်။
မီးရောင်ပြန်ထွန်းညှိလိုက်တော့ သူဟာအရှင့်ရင်ခွင်ထဲရောက်နေပြီး ထိုမိန်းကလေးကတော့ ကျန်းချန်ရဲ့ ဓားအောက်ကို ရောက်နေခဲ့ပြီ
အိပ်ဆောင်တော်ရဲ့ခေါင်မိုးကလဲ ပျက်စီးနေခဲ့ပြီ
အရှင်ကလည်း အခုမှစိတ်အေးသွားဟန်ဖြင့် သူ့ကိုမလွတ်တမ်း ဖက်ထားပြီး အရှင့်ထံမှ ပြတ်သားတဲ့အမိန့်သံတစ်ခုကို ကြားလိုက်ရသည်။
''သတ်ပစ်လိုက်!!!
ငါကိုယ်တော်ရဲ့ နှလုံးသားကိုထိပါးရဲတဲ့သူက ဒီလိုမလှမပ ဇာတ်သိမ်းရမယ်ဆိုတာ အားလုံးသိစေရမယ်!!!
မြို့လယ်ခေါင်ကိုခေါ်သွားပြီး မသေမချင်းဓားနဲ့မွှန်းပြစ်လိုက်!!!''
သူမက အရူးတစ်ယောက်လို ကျယ်လောင်စွာ ရယ်မောရင်း ဖမ်းခေါ်ခြင်းခံလိုက်ရသည်။
''ရှောင်...အဆင်ပြေရဲ့လား''
''မပြေဘူးအရှင်... ဘာလို့ကျွန်တော်မျိုးကိုဘာမှမပြောရတာလဲ ဟမ်...ပြောပါဦး''
''ကိုယ်တော် မင်း ထိခိုက်မှာမျိုး မလိုလားဘူး ရှောင် ကိုယ်တော်ရဲ့ မိခင်လိုမျိုး မကာကွယ်လိုက်နိုင်မှာ သိပ်ကြောက်ပါတယ် ကိုယ်တော့်ရဲ့ မိခင်လိုထပ်ပြီးဆုံးရှုံးရမှာ သိပ်ကြောက်တယ်''
အရှင်က သူ့ကိုခပ်တင်းတင်းပွေ့ ဖက်ကာ နမ်းရှိုက်လာသည်။
နူးညံ့သည်လဲမဟုတ် ကြမ်းတမ်းသည်လဲမဟုတ်ပဲ ချစ်မြတ်နိုးလွန်းစွာနဲ့ပေါ့လေ....
''ကိုယ်တော့်နှလုံးသားကို တခြားသူတွေ ထိခိုက်အောင်လုပ်မှာ သိပ်ကြောက်ပါတယ် ထပ်ပြီးအဆုံးရှုံးမခံနိုင်တော့လို့ပါ''
''အရှင်ရယ်....''