The city in my heart (U&Z)

By AyeThida847

3.2K 236 36

ဒီမြို့လေးထဲမှာကျွန်တော့်ရဲ့နှလုံးသားရှိတယ်။ More

အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း(၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)

အခန်း(၃၁)

36 2 1
By AyeThida847

ေရာင္နီဒီေန႔အလုပ္ျပန္တက္ရသည္။မေန႔ကတစ္ေန႔လံုးဂ်ဴ တီနားလိုက္ရတာမို႔လူကအားအင္အ
ျပည့္နဲ႔လန္းဆန္းေနသည္။ OPD ကိုေရာက္ေရာက္ခ်င္းအရင္ဆံုးေတြ႕ရတာက night duty ဆရာမ။

ေရာင္နီကသူ႔ကိုေက်ာေပးထားတဲ့စီနီယာအမကိုအရင္စၿပီးႏႈတ္ဆက္လိုက္သည္။

“ေမာနင္းပါအမ"

စီနီယာအမကေရာင္နီ႔ကိုလွည့္ၾကည့္သည္။

“ဟယ္…ငါတို႔မူႀကိဳေက်ာင္းသားေလးဂ်ဴ တီ
တက္လာၿပီဟဲ့"

Night duty မမရဲ႕စကားေၾကာင့္ေရာင္နီ႔မ်က္
ႏွာေလးနီရဲသြားရသည္။သူေျပာလည္းေျပာခ်င္
စရာ။ေရာင္နီ႔ပံုစံကအလုပ္လာတာနဲ႔မတူ။မူႀကိဳလာတက္တဲ့ေက်ာင္းသားနဲ႔ပဲတူေနသည္။

ေရာင္နီကအလုပ္ဝင္တာရက္ပိုင္းပဲရွိေသးေပမဲ့
ျမင္တဲ့လူတိုင္းကသတိထားမိေနသည္။ေရာင္နီ
လာရင္ကားႏွစ္စီးနဲ႔လာသည္။ေဆးရံုေရွ႕ကားရပ္လိုက္တာနဲ႔ေရာင္နီကရိႈင္းရဲ႕ကားနီေလးေပၚကေနဆင္းလာသည္။ေရာင္နီကားေပၚကဆင္းတာနဲ႔ေနာက္မွာပါလာတဲ့ကားနက္ႀကီးေပၚကေနလူႏွစ္ေယာက္ကလည္းကပ်ာကယာနဲ႔ေျပးဆင္းလာသည္။မိုးရြာရင္ပဲျဖစ္ျဖစ္၊ေနပူရင္ပဲျဖစ္ျဖစ္ေရာင္နီ႔ကိုထီးေဆာင္းေပးဖို႔ရာသူတို႔လက္ထဲမွာထီးကအဆင္သင့္။

ၿပီးေတာ့ေရာင္နီလုပ္ငန္းခြင္ထဲမွာစားဖို႔စားစရာ
ေတြ၊မုန္႔ေတြ၊အေအးဘူးေတြ၊အသင့္ေဖ်ာ္ထား
ၿပီးသားေကာ္ဖီဘူးေတြထည့္ထားတဲ့မုန္႔ျခင္းေတာင္းကိုဆြဲၿပီးေရာင္နီ႔ေနာက္ကေနလိုက္ပို႔ၾကသည္။

ေရာင္နီကသူတို႔ေရွ႕ကေနေက်ာပိုးအိတ္ေလးလြယ္ၿပီးေက်ာင္းဝိုင္းထဲေျပးဝင္လာတဲ့မူႀကိဳကေလးလိုေပါ့ပါးသြက္လက္ေနတဲ့ေျခလွမ္းေတြနဲ႔ေဆးရံုထဲကိုဝင္လာသည္။ဒါကေရာင္နီ႔ရဲ႕အလုပ္လာတဲ့စတိုင္။

စီနီယာအမကခ်စ္စႏိုးနဲ႔စလိုက္တာမို႔ေရာင္နီစိတ္မဆိုးမိေပ။ေရာင္နီေရာက္ၿပီးတဲ့ေနာက္မွာစီနီယာအမေတြတစ္ေယာက္ၿပီးတစ္ေယာက္ေရာက္လာၾကသည္။ ေရာင္နီကစီနီယာအမေတြကိုထၿပီးေတာ့ႏႈတ္ဆက္လိုက္သည္။

“ေမာနင္းပါအမနီလာ"

“ေမာင္နင္းပါေမာင္ေလး"

“ေမာနင္းပါေဒါက္တာခ်မ္း"

“ေမာနင္းပါလူသစ္ေလးေရ"

“အမေခ်ာစုမဂၤလာပါ"

“မဂၤလာပါေမာင္ေလး"

မနက္ခင္းဂ်ဴ တီစဝင္ခ်ိန္မွာအျပန္အလွန္ႏႈတ္ဆက္ၾကတဲ့အသံေတြနဲ႔ျပင္ပလူနာဌာနကသက္ဝင္လႈပ္ရွားေနသည္။အမနီလာကေကာင္တာထဲကိုဝင္လာၿပီး duty roster စာအုပ္ကိုဆြဲထုတ္
လိုက္သည္။

(duty roster-တာဝန္က်အခ်ိန္စာရင္း-ဂ်ဴ တီ
ခ်ိန္ေတြကိုတစ္လစာဇယားဆြဲထားတဲ့စာရင္း)

“ေမာင္ေလးေရာင္နီဂ်ဴ တီ roster အသစ္ျပင္ဆြဲထားတယ္။ၾကည့္လိုက္ဦး"

“ဟုတ္ကဲ့"

ေရာင္နီ duty ဇယားကိုၾကည့္ၿပီးဇေဝဇဝါျဖစ္
သြားရသည္။

“ကၽြန္ေတာ့္ night duty ကဘာလို႔ငါးညျဖစ္သြားတာလဲ။အရင္ကဆယ္ညပါ"

“မင္းကိုကိုကလာေသာင္းက်န္းသြားလို႔"

“ဘယ္ကကၽြန္ေတာ့္ကိုကိုလဲ"

ေမးသာေမးလိုက္ရတာ။ဘယ္သူရွိရဦးမွာလဲ။
ဟိုလူႀကီးပဲေပါ့။

“သူကဘာလို႔သူနာျပဳေတြရဲ႕ဂ်ဴ တီ roster ကို
ဝင္စြက္ဖက္ရတာလဲ။ဒါကသူ႔အပိုင္းမဟုတ္
ဘူးေလ။ဒါကစည္းေက်ာ္ေနတာမဟုတ္ဘူးလား"

“စည္းေက်ာ္တာမေက်ာ္တာေတာ့မသိဘူး။သူ
ေျပာသြားတာကေတာ့မင္းကို night duty
ဆယ္ညထားတာလက္မခံႏိုင္ဘူးတဲ့။သူမ်ားငါး
ရက္ဆိုရင္မင္းလည္းငါးရက္ပဲဆင္းရမယ္တဲ့"

“မာမီကလည္းသူေျပာတာကိုလက္ခံတယ္ေပါ့"

“လက္မခံလို႔ရမလားကေလးရဲ႕။မေန႔ကမင္းအ
ကိုက matron ရံုးခန္းထိသြားေသာင္းက်န္းေနလို႔ငါတို႔ OPD ကမာမီ့ရံုးခန္းမွာသြားရွင္းရေသးတယ္"

“ေတာက္"

ေရာင္နီေတာက္ေခါက္လိုက္မိသည္။ဒီလူႀကီးသူ႔အလုပ္ထဲကိုဝင္စြက္ဖက္တာကေတာ့လြန္လြန္းသြားၿပီ။ေရာင္နီအလုပ္ဝင္တာအခုမွရက္ပိုင္းပဲရွိေသးတယ္။တစ္ေဆးရံုလံုးကေအာ့ေၾကာလန္ေအာင္ လုပ္ခံေနရၿပီ။

ေရာင္နီအ႐ိုးေဆာင္ဘက္ထြက္လာၿပီးရိႈင္းကို
လိုက္ရွာသည္။မေတြ႕။အ႐ိုးေဆာင္ထဲကလူေတြကိုေမးၾကည့္ေတာ့လည္းမသိၾက။ေရာင္နီရိႈင္းကိုဖုန္းဆက္လိုက္သည္။

“ခင္ဗ်ားအခုဘယ္ေရာက္ေနတာလဲ"

“ေဆးရံုေရွ႕ကစတိုးဆိုင္မွာ"

“အခုခ်က္ခ်င္းကၽြန္ေတာ့္ကိုလာေတြ႕"

“ဘာလို႔လဲေဘဘီ"

“ခင္ဗ်ားလုပ္ထားတဲ့ကိစၥခင္ဗ်ားမသိဘူးလား"

“ဘာလဲကြာ…ေဘဘီကလည္း။ဘာေတြ
စိတ္တိုေနတာလဲ"

“မေန႔ကကၽြန္ေတာ္တစ္ရက္ေလးဂ်ဴ တီမတက္
လိုက္တာခင္ဗ်ားဘာေတြလုပ္သြားတာလဲ။အခုခ်က္ခ်င္းကၽြန္ေတာ့္ကိုလာေတြ႕လွည့္"

ေရာင္နီ႔စကားကအမိန္႔တစ္ခုလိုမ်ိဳးသက္ေရာက္မႈရွိသည္။ႀကိမ္စႀက္ာႏွင့္႐ိုက္ေခၚတာကမွ
ေႏွာင့္ေႏွးေနဦးမည္။ရိႈင္းေဆးရံုကိုခ်က္ခ်င္းျပန္ေရာက္လာသည္။ေရာင္နီ႔ကိုဖုန္းဆက္ၿပီး-

“ေဘဘီေလးမင္းဘယ္မွာလဲ။ကိုကိုေရာက္ေန
ၿပီ"

“ေဆးရံုေခါင္မိုးေပၚတက္လာခဲ့"

ေဆးရံုေခါင္မိုးေပၚရိႈင္းေရာက္လာခဲ့သည္။ေရာင္နီကေလွကားထိပ္တြင္ခါးေထာက္ၿပီးရပ္ေနသည္။မ်က္ႏွာကေတာ့ေျပာစရာမလိုေအာင္ပင္စူပုပ္ၿပီးေထာ္လန္ေနသည္။ရိႈင္းကမ်က္ႏွာခ်င္းဆိုင္မွာရပ္လိုက္ေတာ့ေရာင္နီကသူ႔ထက္ေခါင္းတစ္လံုးစာမကအရပ္ပိုျမင့္ေနတဲ့ရိႈင္းမ်က္ႏွာကိုေမာ့ၾကည့္သည္။

“ခင္ဗ်ားဘာလို႔ကၽြန္ေတာ့္အလုပ္ကိုဝင္စြက္
ဖက္ရတာလဲ"

“မတရားဘူးထင္လို႔"

“ဘာကိုမတရားဘူးထင္တာလဲ"

“သူမ်ားေတြ night duty ငါးညပဲဆင္းရ
တယ္။ေဘဘီကဘာလို႔ဆယ္ညလဲ"

“အဲဒါကၽြန္ေတာ္ေက်နပ္လို႔ယူထားတာေလ"

“ဘာ"

“ခင္ဗ်ားသိလား။ကၽြန္ေတာ္အခုေရာက္ေနတဲ့အေရးေပၚဌာနကအရမ္းအလုပ္ရႈပ္တယ္။ညဘက္ဆိုရင္အေရးေပၚ case ေတြလာလို႔ညဂ်ဴ တီသမားေတြမအိပ္ရတာမ်ားတယ္။ညဂ်ဴ တီထြက္
လာတဲ့အမေတြဆိုရင္အရမ္းပင္ပန္းေနၾကတာသူတို႔႐ုပ္ျမင္ရံုနဲ႔သိသာတယ္။

အခုေလာေလာဆယ္ကၽြန္ေတာ္နဲ႔ OPD မွာတာဝန္အတူတူက်ေနတဲ့အမယုဝါကကိုယ္ဝန္ႀကီးနဲ႔။သူ႔ကိုညဂ်ဴ တီအၾကာႀကီးထားလို႔မျဖစ္ဘူး။အမနီလာကသူ႔အိမ္မွာႏွစ္ႏွစ္အရြယ္သမီးေလးရွိတယ္။ကေလးကသူ႔အေမနဲ႔ညတိုင္းခြဲၿပီးမေနႏိုင္ဘူး။

အမေခ်ာစုကသူ႔အိမ္မွာေလျဖတ္ေနတဲ့အေဖအို
ႀကီးရွိတယ္။သူလည္းအလုပ္တစ္ဖက္နဲ႔သူ႔အေဖကိုျပဳစုေပးေနရတယ္။ဒါေပမဲ့ခင္ဗ်ားသိလား…အခက္အခဲကိုယ္စီရွိေနၾကတဲ့အမေတြကကိုယ့္တာဝန္ကိုယ္ေက်ပြန္ေအာင္ႀကိဳးစားၿပီးေတာ့လုပ္ေနၾကတယ္။ကၽြန္ေတာ္ကသူတို႔နဲ႔ယွဥ္ရင္ဘာအပူအပင္မွမရွိတဲ့သူပါ။

ကၽြန္ေတာ့္လိုလူလြတ္တစ္ေယာက္ကတစ္လလံုး night duty ဆင္းရလည္းဘာမွမျဖစ္ဘူး။အတူတူအလုပ္လုပ္ေနၾကတဲ့လုပ္ေဖာ္ကိုင္ဖက္
ေတြအေပၚမွာငဲ့ညႇာေထာက္ထားေပးတာကၽြန္ေတာ္တို႔သူနာျပဳေလာကရဲ႕အစဥ္အလာပဲ။ကၽြန္ေတာ့္ကို night duty ဆယ္ညထားတာမတရားတာမဟုတ္ဘူး။ကၽြန္ေတာ္ေက်နပ္လို႔လက္ခံ
ထားတာ။

ခင္ဗ်ားကၽြန္ေတာ့္ရဲ႕တာဝန္သိတတ္မႈကိုေလးစားေသာအားျဖင့္ကၽြန္ေတာ့္ရဲ႕လုပ္ငန္းခြင္ကိစၥေတြမွာဝင္မရႈပ္ပါနဲ႔လား"

ေရာင္နီ႔စကားေတြကိုၾကားရတာရိႈင္းရင္ထဲမွာ
နင့္နင့္နဲနဲခံစားရသည္။ၾကည့္စမ္းပါဦး။ဘယ္ေလာက္ေတာင္အနစ္နာခံတတ္တဲ့ကေလးလဲ။
ဘယ္ေလာက္ေတာင္တာဝန္ေက်ပြန္တဲ့ကေလးလဲ။ဘယ္ေလာက္ေတာင္စာနာနားလည္တတ္
တဲ့ကေလးလဲ။

ကိုယ္ျဖင့္အသက္(၂၀)အရြယ္တုန္းကဆိုရင္ေမာ္ႂကြားေပ်ာ္ပါးၿပီးေပၚေၾကာ့ေနခဲ့တာ။အေပါင္းအသင္းေတြနဲ႔ေပ်ာ္ပါးသံုးျဖဳန္းေနခဲ့တာ။ကိုယ့္ေရွ႕ကကေလးေလးကေတာ့ျဖင့္အသက္(၂၀)ဆိုတဲ့အရြယ္ေလးနဲ႔မလိုက္ေအာင္အေတြးအေခၚေတြကရင့္က်က္လိုက္တာ။သူမ်ားေတြအတြက္ပဲ
စဥ္းစားေပးတတ္လြန္းလို႔သူေတာင္စိတ္တိုလာရတဲ့အထိပဲ။

ေရာင္နီ႔ကိုၾကည့္ရင္းၾကည့္ရင္းရိႈင္းစိတ္ထဲမွာအ
ၾကင္နာတရားေတြယိုဖိတ္လာရသည္။သူ႔ေရွ႕ကလူသားေလးဟာတကယ့္ကိုမွလူ႔အဖိုးတန္ေလးပဲ။စိတ္ကေလးကျဖဴ စင္သလိုခႏၶာကိုယ္ကပါသန္႔ရွင္းစင္ၾကယ္။အေတြးအေခၚေလးကလည္းေလးနက္တည္ၾကည္။

“အား…”

ရိႈင္းသူ႔စိတ္သူမထိန္းႏိုင္ဘဲျဖစ္သြားရသည္။သူ႔ေရွ႕ကလူသားေလးကိုရင္ခြင္ထဲဆြဲသြင္းၿပီးတင္းၾကပ္စြာေပြ႕ဖက္ထားလိုက္မိေတာ့သည္။
႐ုတ္တရတ္ဆြဲဖက္တာခံလိုက္ရတာေၾကာင့္ေရာင္နီလန္႔သြားသည္။

“ဘာ…ဘာလုပ္တာလဲ။ခင္ဗ်ား…ဘယ္လိုလုပ္တာလဲ…လႊတ္"

ေရာင္နီကသူ႔လက္ေသးေသးေလးေတြနဲ႔ရိႈင္းရဲ႕ရင္ဘတ္က်ယ္ႀကီးကိုတြန္းဖယ္ၿပီးထု႐ိုက္ေနသည္။ဘယ္လြတ္ပါ့မလဲ။ရိႈင္းကတန္ဖိုးႀကီးပစၥည္းတစ္ခုလိုမ်ိဳးလြတ္ထြက္မသြားေအာင္ေရာင္နီ႔ကိုေသခ်ာဂရုတစိုက္နဲ႔ကိုဖက္တြယ္ထားတာ။

“ေဘဘီေလးရယ္…သခြားသီးေလးရယ္။မင္းကတကယ့္ကိုမွတန္ဖိုးရွိတဲ့လူသားေလးပါပဲ။ဒီကကိုကိုကမင္းေလးကိုတစ္သက္လံုးေပြ႕ဖက္ထားမွာ။မ်က္စိေအာက္ကလည္းဘယ္ေတာ့မွအေပ်ာက္မခံဘူး။လက္လႊတ္ဆံုးရံႈးလည္းမခံဘူး"

ရိႈင္းကပါးစပ္ကတတြတ္တြတ္ေျပာရင္းတင္းသထက္တင္းေအာင္သတိလက္လြတ္ဖက္တြယ္ေနသည္။ေရာင္နီကေတာ့မ်က္စိေတြျပာၿပီးမူးေမ့
မတတ္ျဖစ္သြားသည္။ႀကိဳးစားၿပီး႐ုန္းကန္ေနေပမဲ့ဒီလူႀကီးကအခုထိသတိဝင္မလာေသးဘူး။

🍈Thida

*****

Unicode

အခန်း(၃၁)

ရောင်နီဒီနေ့အလုပ်ပြန်တက်ရသည်။မနေ့ကတစ်နေ့လုံးဂျူတီနားလိုက်ရတာမို့လူကအား
အင်အပြည့်နဲ့လန်းဆန်းနေသည်။ OPD ရောက်ရောက်ချင်းအရင်ဆုံးတွေ့လိုက်ရတာက night duty ဆရာမ။

ရောင်နီကသူ့ကိုကျောပေးထားတဲ့စီနီယာအမကိုအရင်စပြီးနှုတ်ဆက်လိုက်သည်။

“မောနင်းပါအမ"

Night အမကရောင်နီ့ကိုလှည့်ကြည့်သည်။

“ဟယ်ငါတို့မူကြိုကျောင်းသားလေးဂျူတီတက်လာပြီဟဲ့"

Night duty မမရဲ့စကားကြောင့်ရောင်နီ့မျက်နှာလေးနီရဲသွားရသည်။သူပြောလည်းပြောချင်စရာ။ရောင်နီ့ပုံစံကအလုပ်လာတာနဲ့မတူ။မူကြိုလာတက်တဲ့ကလေးနဲ့ပဲတူနေ
သည်။

ရောင်နီကအလုပ်ဝင်တာရက်ပိုင်းပဲရှိသေး
ပေမဲ့မြင်တဲ့လူတိုင်းကသတိထားမိနေသည်။ရောင်နီလာရင်ကားနှစ်စီးနဲ့လာသည်။ဆေးရုံရှေ့ကားရပ်လိုက်တာနဲ့ရောင်နီကရှိုင်းရဲ့ပြိုင်ကားနီလေးပေါ်ကနေဆင်းလာသည်။ရောင်နီကားပေါ်ကဆင်းတာနဲ့နောက်မှာပါလာတဲ့ကားနက်ကြီးပေါ်ကနေလူနှစ်ယောက်ကလည်းကပျာကယာနဲ့ပြေးဆင်းလာသည်။မိုးရွာရင်ပဲဖြစ်ဖြစ်၊နေပူရင်ပဲဖြစ်ဖြစ်ရောင်နီ့ကိုထီးဆောင်းပေးဖို့ရာသူတို့လက်ထဲမှာထီးကအဆင်သင့်။

ပြီးတော့ရောင်နီလုပ်ငန်းခွင်ထဲမှာစားဖို့စားစရာတွေ၊မုန့်တွေ၊အအေးဘူးတွေအသင့်ဖျော်ထားပြီးသားကော်ဖီဘူးတွေထည့်ထားတဲ့မုန့်ခြင်းတောင်းကိုဆွဲပြီးရောင်နီ့နောက်ကနေလိုက်ပို့ကြသည်။

ရောင်နီကသူတို့ရှေ့ကနေကျောပိုးအိတ်လေးလွယ်ပြီးကျောင်းဝိုင်းထဲပြေးဝင်လာတဲ့မူကြိုကလေးလိုပေါ့ပါးသွက်လက်နေတဲ့ခြေလှမ်းတွေနဲ့ဆေးရုံထဲကိုဝင်လာသည်။ဒါကရောင်နီ့ရဲ့အလုပ်လာတဲ့စတိုင်။

စီနီယာအမကချစ်စနိုးနဲ့စလိုက်တာမို့ရောင်နီစိတ်မဆိုးမိပေ။ရောင်နီရောက်ပြီးတဲ့နောက်မှာစီနီယာအမတွေတစ်ယောက်ပြီးတစ်ယော
က်ရောက်လာကြသည်။ရောင်နီကအမတွေကိုထပြီးနှုတ်ဆက်လိုက်သည်။

“မောနင်းပါအမနီလာ"

“မောင်းနင်းပါမောင်လေး"

“မောနင်းပါဒေါက်တာချမ်း"

“မောနင်းပါလူသစ်လေးရေ"

“အမချောစုမင်္ဂလာပါ"

“မင်္ဂလာပါမောင်လေးရေ"

မနက်ခင်းဂျူတီစဝင်ချိန်မှာအပြန်အလှန်နှုတ်ဆက်ကြတဲ့အသံတွေနဲ့ပြင်ပလူနာဌာန
ကသက်ဝင်လှုပ်ရှားနေသည်။အမနီလာကကောင်တာထဲကိုဝင်လာပြီး duty roster စာအုပ်ကိုဆွဲထုတ်လိုက်သည်။

(duty roster -တာဝန်ကျအချိန်စာရင်း-ဂျူတီချိန်‌တွေကိုတစ်လစာဇယားဆွဲထားခြင်း)

“မောင်လေးရောင်နီ ဂျူတီ roster အသစ်ပြင် ဆွဲထားတယ်။ကြည့်လိုက်ဦး"

“ဟုတ်ကဲ့"

ရောင်နီက duty ဇယားကိုကြည့်ပြီးဇဝေဇဝါဖြစ်သွားရသည်။

“ကျွန်တော့် night duty ကဘာလို့ငါးညဖြစ်သွားတာလဲ။အရင်ကဆယ်ညပါ"

“မင်းကိုကိုကလာသောင်းကျန်းသွားလို့"

“ဘယ်ကကျွန်တော့်ကိုကိုလဲ"

မေးသာမေးလိုက်ရတာဘယ်သူရှိရဦးမှာလဲ။ဟိုလူကြီးပဲပေါ့။

“သူကဘာလို့သူနာပြုတွေရဲ့ဂျူတီ roster ကိုဝင်စွက်ဖက်ရတာလဲ။ဒါကသူ့အပိုင်းမဟုတ်ဘူးလေ။ဒါကစည်း‌ကျော်နေတာမဟုတ်ဘူးလား"

“စည်းကျော်တာမကျော်တာတော့မသိဘူး။သူ‌ပြောသွားတာကတော့မင်းကို night duty ဆယ်ညထားတာလက်မခံနိုင်ဘူးတဲ့။သူများငါးရက်ဆိုရင်မင်းလည်းငါးရက်ပဲဆင်းရမယ်တဲ့"

“မာမီကသူပြောတာကိုလက်ခံတယ်ပေါ့"

“လက်မခံလို့ရမလားကလေးရဲ့။မနေ့ကမင်းအကိုက matron ရုံးခန်းထိသွားသောင်း
ကျန်းနေလို့ငါတို့  OPD ကမာမီရုံးခန်းသွားရှင်းရသေးတယ်"

“တောက်"

ရောင်နီတောက်ခေါက်လိုက်မိသည်။ဒီလူကြီးသူ့အလုပ်ထဲကိုဝင်စွက်ဖက်တာကတော့လွန်
လွန်းသွားပြီ။ရောင်နီအလုပ်ဝင်တာအခုမှရက်ပိုင်းပဲရှိသေးတယ်။တစ်ဆေးရုံလုံးကအော့ကြောလန်အောင်လုပ်ခံနေရပြီ။

ရောင်နီအရိုးဆောင်ဘက်ထွက်လာပြီးရှိုင်းကိုလိုက်ရှာသည်။မတွေ့။အရိုးဆောင်ထဲကလူတွေကိုမေးကြည့်တော့လည်းမသိကြ။ရောင်နီရှိုင်းကိုဖုန်းဆက်လိုက်သည်။

“ခင်ဗျားအခုဘယ်ရောက်နေတာလဲ"

“ဆေးရုံရှေ့ကစတိုးဆိုင်မှာ"

“အခုချက်ချင်းကျွန်တော့်ကိုလာတွေ့"

“ဘာလို့လဲဘေဘီ"

“ခင်ဗျားလုပ်ထားတဲ့ကိစ္စခင်ဗျားမသိဘူးလား"

“ဘာလဲကွာဘေဘီကလည်း…ဘာတွေစိတ်တိုနေတာလဲ"

“မနေ့ကကျွန်တော်တစ်ရက်လေးဂျူတီမတက်လိုက်တာ။ခင်ဗျားဘာတွေလုပ်သွား
တာလဲ။အခုချက်ချင်းကျွန်တော့်ကိုလာ
တွေ့လှည့်"

ရောင်နီ့စကားကအမိန့်တစ်ခုလိုမျိုးသက်
ရောက်မှုရှိသည်။ကြိမ်စက်ြာနှင့်ရိုက်ခေါ်တာကမှနှောင့်နှေးနေဦးမည်။ရှိုင်းဆေးရုံကိုချက်ချင်းပြန်ရောက်လာသည်။ရောင်နီ့ကိုဖုန်းဆက်ပြီး-

“ဘေဘီလေးမင်းဘယ်မှာလဲ။ကိုကိုရောက်နေပြီ"

“ဆေးရုံခေါင်မိုးပေါ်တက်လာခဲ့"

ဆေးရုံခေါင်မိုးပေါ်ရှိုင်းရောက်လာခဲ့သည်။ရောင်နီကလှေကားထိပ်တွင်ခါးထောက်ပြီးရပ်နေသည်။မျက်နှာကတော့ပြောစရာမလိုအောင်ပင်စူပုပ်ပြီးထော်လန်နေသည်။ရှိုင်းကမျက်နှာချင်းဆိုင်မှာရပ်လိုက်တော့ရောင်နီကသူ့ထက်ခေါင်းတစ်လုံးစာမကအရပ်ပိုမြင့်တဲ့ရှိုင်းမျက်နှာကိုမော့ကြည့်သည်။

“ခင်ဗျားဘာလို့ကျွန်တော့်အလုပ်ကိုဝင်စွက်ဖက်ရတာလဲ"

“မတရားဘူးထင်လို့"

“ဘာကိုမတရားဘူးထင်တာလဲ"

“သူများတွေ night duty ငါးညပဲဆင်းရတယ်။ဘေဘီကဘာလို့ဆယ်ညလဲ"

“အဲဒါကျွန်တော်ကျေနပ်လို့ယူထားတာလေ"

“ဘာ"

“ခင်ဗျားသိလား။ကျွန်တော်အခုရောက်နေတဲ့အရေးပေါ်ဌာနကအရမ်းအလုပ်ရှုပ်တယ်။ညဘက်ဆိုရင်အရေးပေါ် case တွေလာလို့ညဂျူတီသမားတွေမအိပ်ရတာများတယ်။ညဂျူတီထွက်လာတဲ့အမတွေဆိုရင်အရမ်းပင်ပန်းနေကြတာသူတို့ရုပ်မြင်ရုံနဲ့သိသာတယ်။

အခုလောလောဆယ်ကျွန်တော်နဲ့ OPD မှာတာဝန်အတူတူကျနေတဲ့အမယုဝါကကိုယ်
ဝန်ကြီးနဲ့။သူ့ကိုညဂျူတီအကြာကြီးထားလို့
မဖြစ်ဘူး။အမနီလာကသူ့အိမ်မှာနှစ်နှစ်အ
ရွယ်သမီးလေးရှိတယ်။ကလေးကသူ့အမေ
နဲ့ညတိုင်းခွဲပြီးမနေနိုင်ဘူး။အမချောစုကသူ့အိမ်မှာလေဖြတ်နေတဲ့အဖေအိုကြီးရှိတယ်။သူလည်းအလုပ်တစ်ဖက်နဲ့သူ့အဖေကိုပြုစုပေးနေရတယ်။

ဒါပေမဲ့ခင်ဗျားသိလား…အခက်အခဲကိုယ်စီရှိနေကြတဲ့အမတွေကကိုယ့်တာတာဝန်ကိုယ်ကျေပွန်အောင်ကြိုးစားပြီးတော့ထမ်းဆောင်နေကြတယ်။ကျွန်တော်ကသူတို့နဲ့ယှဉ်ရင်ဘာအပူအပင်မှမရှိတဲ့သူပါ။

ကျွန်တော့်လိုလူလွတ်တစ်ယောက်ကတစ်လလုံး night duty ဆင်းရလည်းဘာမှမဖြစ်ဘူး။အတူတူအလုပ်လုပ်နေကြတဲ့လုပ်ဖော်
ကိုင်ဖက်တွေအပေါ်မှာငဲ့ညှာထောက်ထားပေးတာကကျွန်တော်တို့သူနာပြုလောကရဲ့အစဉ်
အလာပဲ။ကျွန်တော့်ကို night duty ဆယ်ညထားတာမတရားတာမဟုတ်ဘူး။ကျွန်တော်ကျေနပ်လို့လက်ခံထားတာ။

ခင်ဗျားကျွန်တော့်ရဲ့တာဝန်သိတတ်မှုကိုလေးစားသောအားဖြင့်ကျွန်တော့်ရဲ့လုပ်ငန်း
ခွင်ကိစ္စတွေမှာဝင်မရှုပ်ပါနဲ့လား"

ရောင်နီ့စကားတွေကိုကြားရတာရှိုင်းစိတ်ထဲမှာနင့်နင့်နဲနဲခံစားရသည်။ကြည့်စမ်းပါဦးဘယ်လောက်တောင်အနစ်နာခံတတ်တဲ့ကလေးလဲ။ဘယ်လောက်တောင်တာဝန်ကျေပွန်တဲ့ကလေးလဲ။ဘယ်လောက်တောင်စာနာနားလည်တတ်တဲ့ကလေးလဲ။

ကိုယ်ဖြင့်အသက်(၂၀)အရွယ်တုန်းကဆိုရင်မော်ကြွားပျော်ပါးပြီးပေါ်ကြော့နေခဲ့တာ။အ
ပေါင်းအသင်းတွေနဲ့ပျော်ပါးသုံးဖြုန်းနေခဲ့တာ။ကိုယ့်ရှေ့ကကလေးလေးကတော့ဖြင့်အသက်(၂၀)ဆိုတဲ့အရွယ်လေးနဲ့မလိုက်အောင်အတွေးအခေါ်တွေကရင့်ကျက်လိုက်တာ။သူများတွေအတွက်ပဲစဉ်းစားပေးတတ်လွန်းလို့သူတောင်စိတ်တိုလာရတဲ့အထိပဲ။

ရောင်နီ့ကိုကြည့်ရင်းကြည့်ရင်းရှိုင်းစိတ်ထဲတွင်အကြင်နာတရားတွေယိုဖိတ်လာရသည်။သူ့ရှေ့ကလူသားလေးဟာတကယ့်ကိုမှလူ့အဖိုးတန်လေးပဲ။စိတ်ကလေးကဖြူစင်သလို၊ခန္ဓာကိုယ်ကပါသန့်ရှင်းစင်ကြယ်။အတွေးအခေါ်လေးကလည်းလေးနက်တည်ကြည်။

“အား…"

ရှိုင်းသူ့စိတ်သူမထိန်းနိုင်ဘဲဖြစ်သွားရသည်။သူ့ရှေ့ကလူသားလေးကိုရင်ခွင်ထဲဆွဲသွင်းပြီးတင်းကြပ်စွာ ပွေ့ဖက်ထားလိုက်မိသည်။ရုတ်တရတ်ဆွဲဖက်တာခံလိုက်ရတာကြောင့်ရောင်နီလန့်သွားရသည်။

“ဘာ…ဘာလုပ်တာလဲ။ခင်ဗျားဘယ်လိုလုပ်တာလဲ။လွှတ်…"

ရောင်နီကသူ့ရဲ့လက်သေးသေးလေးတွေနဲ့
ရှိုင်းရဲ့ရင်ဘတ်ကြီးကိုတွန်းဖယ်ပြီးထုရိုက်နေသည်။ဘယ်လွတ်ပါ့မလဲ။ရှိုင်းကတန်ဖိုးကြီးပစ္စည်းတစ်ခုလိုမျိုးလွတ်ထွက်မသွားအောင်ရောင်နီ့ကိုသေချာဂရုတစိုက်နဲ့ကိုဖက်တွယ်ထားတာ။

“ဘေဘီလေးရယ်…သခွားသီးလေးရယ်မင်းကတကယ့်ကိုမှတန်ဖိုးရှိတဲ့လူသားလေးပါပဲ။ဒီကကိုကိုကမင်းလေးကိုတစ်သက်လုံးပွေ့
ဖက်ထားမှာ။မျက်စိအောက်ကလည်းဘယ်
တော့မှအပျောက်မခံဘူး။လက်လွှတ်ဆုံးရှုံးလည်းမခံဘူး"

ရှိုငင်းကပါးစပ်ကတတွတ်တွတ်ပြောရင်းတင်းသထက်တင်းအောင်သတိလက်လွတ်ဖက်တွယ်နေသည်။ရောင်နီကတော့မျက်စိတွေပြာပြီးမူးမေ့မတတ်ဖြစ်သွားရသည်။ကြိုးစားပြီးတော့ရုန်းကန်နေပေမဲ့ဒီလူကြီး
ကခုထိအသိဝင်မလာသေးဘူး။

🍈Thida

Continue Reading

You'll Also Like

785 122 9
တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းက ပိုကောင်းတဲ့အရာရောက်လာဖို့အတွက်ဆိုတဲ့ အားပေးစကားမျိုးကို ကျွန်မ မကြာခဏကြားဖူးပါတယ်။ ဒီစကားက တကယ်မှန်တယ်ဆိုတဲ့အကြ...
82.2K 20.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
63K 8.6K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
41.2K 2.9K 72
ဖတ်ကြည့်နော်😉😉