Slowly Falling For Changkong...

De ANyein_26

50.2K 5.4K 165

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... Mai multe

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-56

612 50 2
De ANyein_26



ရှန့်ချန်ခုန်းကို ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲများ မတိုင်မီ တစ်ရက်အလိုတွင် တရားဝင် ဆေးရုံမှဆင်းပေးခဲ့သည်။ ရွှီလျန်နှင့်ဝမ်းရှုလီတို့က သူ့ကိုလာခေါ်ရန် ဆေးရုံသို့သွားခဲ့ကြပြီး ရှန့်နွမ် သိသွားပြီးနောက် အိမ်သို့ပြန်လာရန် ခွင့်ပေးရန်အတွက် အထူးတောင်းဆိုခဲ့သည်။ သူမက နေ့လည်ခင်းတွင် ကျောင်းမှထွက်လာမည်ဖြစ်ရာ နေ့လည်ခင်းနောက်ဆုံးအတန်းချိန်ကို လွှတ်လိုက်မည်ဖြစ်သည်။

မူလက ဝမ်းရှုလီက သူ့သမီးကို မလိုအပ်ဘူးလို့ ပြောခဲ့သည်။ ဒီနေ့က သောကြာနေ့ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ရှန့်နွမ်က မနက်ဖြန် အိမ်ကိုပြန်လာမှာပဲ ၊ ရှန့်နွမ်က ဒီအတွက် ကျောင်းလွတ်ဖို့ မလိုဘူး။ သို့သော် ရှန့်နွမ်က သဘောမတူ။ ရှန့်ချန်ခုန်း ဆေးရုံတက်နေချိန်အတွင်း သူမက သူ့ထံ တစ်ကြိမ်လေးတောင် သွားရောက်လည်ပတ်နိုင်ခြင်း မရှိခဲ့ပေ။ အကယ်၍ ဆေးရုံဆင်းတဲ့နေ့မှာတောင် သူမ သူ့ကိုမတွေ့ရင် သူ့ညီမလို့ ခေါ်လို့မရနိုင်ဘူး။

ဘွဲ့လွန်စာမေးပွဲတွေမဖြေခင် ရှန့်ချန်ခုန်းကိုတွေ့ချင်တဲ့ အရေးကြီးဆုံးအကြောင်းရင်းက သူ့ကိုအားပေးဖို့ပါပဲ။ ရှန့်ချန်ခုန်းက သူမထက် အများကြီး ထက်မြက်ပေမဲ့ ရှန့်နွမ်က သူ့အတွက် အရမ်းစိတ်လှုပ်ရှားနေတုန်းပဲ ၊ ရိုးရိုးသားသားပြောရရင် သူမကိုယ်တိုင် စာမေးပွဲတွေဖြေနေချိန်ထက် ပိုပြီး စိတ်လှုပ်ရှားနေပါ၏။

သူမ၏လေးကြိမ်မြောက်အတန်းပြီးနောက် ရှန့်နွမ် သူမ၏ ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်သည်။ ရှန်လင်က သူမစာအုပ်တွေ သိမ်းနေတာကိုကြည့်လျက် မေး၏။

"မင်းအိမ်ပြန်မှာလား? အတန်းတစ်တန်းကျန်သေးတယ်လေ"
 
ရှန့်နွမ် သူ့ကိုစိုက်ကြည့်ပြီး ထေ့ငေါ့လိုက်၏။

"ဒါနင့်အလုပ်မဟုတ်ဘူး နင့်စာတွေကို အာရုံစိုက်ထားတာပဲ ပိုကောင်းမယ် ဒီလိုဆို နင့်အမေက ကျောင်းကို ထပ်မလာရတော့ဘူးလေ"

ရှန်လင် သူ့နှုတ်ခမ်းကို သပ်လိုက်ကာ ဘာမှမပြောတော့ပေ။ သူ့အမေကျောင်းလာပြီး ရှန့်နွမ်ရဲ့အစ်ကိုကို နှောက်ယှက်ပြီးနောက် ရှန့်နွမ်က သူတို့ရဲ့စာတွေနဲ့ပတ်သတ်ပြီး သူ့ဆီ ဘယ်တော့မှ ချဉ်းကပ်မလာတော့ဘူး။ အကယ်၍ သူမမှာ မေးစရာတွေရှိရင် အခုတွင် သူမက တခြားလူတွေကို သွားမေးလေ၏။

သူ ခေါင်းကိုလှည့်ကာ လေ့ကျင့်ခန်းစာအုပ်ဆီသို့ ပြန်ကြည့်လိုက်သည်။

ရှန့်နွမ် အိမ်ပြန်ရောက်သောအခါ ဝမ်းရှုလီက နေ့လယ်စာ ချက်ပြုတ်ပြီးလုနီးပါးဖြစ်သည်။ ရွှီလျန်နှင့်ရှန့်ချန်ခုန်းက ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ စကားလက်ဆုံကျနေကြသည်။

"အစ်ကို!"

ရှန့်နွမ် ရှန့်ချန်ခုန်းကို မြင်သည်နှင့် သူမ သူ့ကိုပွေ့ဖက်ရန် ကြံရွယ်ကာ ပြေးသွားခဲ့သည်။ ရွှီလျန်က သူမကိုတားဖို့ လက်ကို အလျင်စလို မြှောက်လိုက်ပြီး

"သူ အခုမှ ဆေးရုံကဆင်းလာတာ"

"အိုး"

ရှန့်နွမ် သူမ၏လက်များကို ဆတ်ခနဲရပ်လိုက်သည်။ အဲ့ဒီအစား သူမက ရှန့်ချန်ခုန်းကို ပြုံးပြီး ပြော၏။

"ဒါဆို ညီမ အစ်ကို့ကို ညင်ညင်သာသာလေး ဖက်လိုက်မယ်လေ"

ဝမ်းရှုလီ ဟင်းပွဲအချို့နှင့်အတူ မီးဖိုချောင်မှထွက်လာပြီး သူမသမီးက သားဖြစ်သူကို ပွေ့ဖက်မည့်အချိန်ကို မြင်လိုက်ရသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ သမီးလက်ကို သွားဆေးလိုက်ပါအုံး သမီးအစ်ကိုကို မနှောင့်ယှက်နဲ့"

ရှန့်နွမ် ပါးစပ်ဟပြီး သူမစိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည် - ငါ အစ်ကိုကြီးကို နည်းနည်းလေး ဖက်ချင်လိုက်တာ...

ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမကျောင်းလွယ်အိတ်ကိုချပြီး လက်ဆေးဖို့ ထွက်လာခဲ့သည်။

ရှန့်ချန်ခုန်း ဆေးရုံမှဆင်းလာပြီး သတိထားရှောင်ရှားရမည့် အရာများစွာရှိသော်လည်း ဝမ်းရှုလီက စားပွဲအပြည့် ဟင်းပွဲများကို ပြုလုပ်နေဆဲဖြစ်သည်။ သူမ၏ကျောင်းကန်တင်းတွင် တစ်ပတ်လုံးစားနေသော ရှန့်နွမ်သည် အစားအသောက်ဆီသို့ ချက်ချင်းပြေးသွား၏။ ဝမ်းရှုလီက ရှန့်ချန်ခုန်းကြိုက်သောဟင်းလျာများကို သူ့ထိုင်ခုံအနီးတွင် ချထားသောကြောင့် အစားအစာကို အလွယ်တကူ လှမ်းယူနိုင်မည်ဖြစ်သည်။

ရှန့်နွမ် ဝင်ထိုင်လိုက်ပြီး ရှန့်ချန်ခုန်းကို မေး၏။

"အစ်ကို ဒဏ်ရာကဘယ်လိုလဲ? မနက်ဖြန် စာမေးပွဲဖြေဖို့ အဆင်ပြေမှာလား"

"စိတ်မပူပါနဲ့ ငါက စာမေးပွဲဖြေတုန်း ဦးနှောက်ကိုသုံးတာ ငါ့ဝမ်းဗိုက်ကိုမဟုတ်ဘူး"

"......"

အင်း ဒါဆိုလည်း ကောင်းပြီလေ။

ရှန့်နွမ်က ထမင်းတစ်လုတ်စာလောက် စားပြီးနောက် သိချင်စိတ်ဖြင့် မေးလာ၏။

"အဲဒီနေ့က အတိအကျ အစ်ကိုဘာဖြစ်သွားတာလဲ အမေက ညီမကို ဖုန်းဆက်တဲ့အချိန်တုန်းက မရှင်းပြဘူး"

ရှန့်နွမ် စိတ်ပူမှာစိုးသဖြင့် ရှန့်ချန်ခုန်း၏အခြေအနေ တည်ငြိမ်လာသောအခါတွင်မှ ဝမ်းရှုလီက သူ့သမီးလေးကို ဖုန်းဆက်ပြောခဲ့သည်။ ရှန့်နွမ်က ဒါကို သိပ်စိတ်မချမ်းသာဘူး။ ဖခင်ဖြစ်သူက မတော်တဆမှုဖြစ်တဲ့အချိန်က သူ့မိသားစုကလည်း သူမကို ကွယ်ဝှက်ထားခဲ့သည်။ သူမက ထိုကိစ္စများကို အမြဲနောက်ဆုံးမှသိရသူပဲ။

သူမရဲ့မိသားစုက သူမကို စိတ်ပူတာကြောင့်သာ လုပ်ခဲ့တာဖြစ်ကြောင်း သူမသိသော်လည်း ရှန့်နွမ်က သူမကို သူတို့ထင်မြင်ထားသလောက် အားနည်းချက်မရှိဟု ခံစားရသည်။

"ဘာမှမဟုတ်ပါဘူး ပါဝင်ပတ်သက်သူတွေ အဖမ်းခံလိုက်ရပြီလို့ ငါကြားတယ်"

ရှန့်နွမ် : "......."

အဖမ်းခံရတာ ဘာမှမဟုတ်ဘူး! သူမက အသေးစိတ်သိချင်တာ!

ဒါပေမဲ့ သူမအစ်ကိုကြီးက သူမကို မပြောချင်တာမြင်တော့ ရှန့်နွမ်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"အစ်ကို့ရဲ့စာတွေရော ဘယ်လိုလဲ? ယုံကြည်ချက်ရှိလား"

ရှန့်ချန်ခုန်း ပြုံးလိုက်သည်။

"ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် စာလေ့လာချိန်နဲ့ တော်တော်တူတယ်လို့ ခံစားရတယ်"

ရှန့်နွမ် : "........"

သူမအစ်ကိုစာမေးပွဲအတွက် စိတ်ပူနေရတာနဲ့ပတ်သတ်ပြီး ဘာလို့ အချိန်ဖြုန်းနေရသနည်း? သူမအချိန်တွေကို သူမရဲ့စာမေးပွဲအတွက် စိတ်ပူပြီး အချိန်ကုန်တာ ပိုကောင်းပါတယ်။ ရှန့်နွမ်သည် အစားအသောက်ကို မြန်မြန်ပြီးအောင်စားပြီး စာလုပ်ရန် သူမအခန်းကို ပြန်သွားသင့်တယ်လို့ တွေးလိုက်၏။

မောင်နှမတွေ စာမေးပွဲတွေအကြောင်း ပြောတာကို နားထောင်ရင်း ရွှီလျန်က ရှန့်ချန်ခုန်းကို မေးသည်။

"မနက်ဖြန်မနက်ကျရင် ကျွန်မ ရှင့်ကို ကျောင်းလိုက်ပို့ပေးမယ် ရှင်က အခုမှပြန်ကောင်းလာတာမလို့ မြေအောက်ရထား တိုးမစီးသင့်ဘူး"

"ကောင်းပါပြီ"

"ရှင့်စာမေးပွဲက မနက်ရှစ်နာရီခွဲမှာစမယ်လို့ ပြောတာနော်.. ယာဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင် စောစောထွက်ကြမယ်"

"အိုကေ ကိုယ် အိပ်ရာနိုးရင် ဖုန်းဆက်လိုက်မယ်"

"ကောင်းပြီ"

ရွှီလျန် သူမ အာရုံစိုက်ရန်လိုအပ်သော အခြားအရာများ ရှိမရှိကို ဂရုတစိုက် တွေးတောနေခဲ့သည်။

"ဒီည ရှင့်ရဲ့ပစ္စည်းတွေကို အဆင်သင့်ပြင်ထား ရှင့်ရဲ့ ID.. ဘောပင် တခြားအရာတွေရော"

နောက်ဆုံးတွင် ရှန့်ချန်ခုန်း မထိန်းနိုင်ဘဲ ရယ်မိတော့သည်။

"ကိုယ်သိပါတယ် ကိုယ်သိတယ်.. မင်း ဒီလောက်ထိ စိတ်ပူနေဖို့ မလိုပါဘူး မင်းက မင်းကလေးကို လိုက်ပို့တဲ့မိဘနဲ့တူနေတယ်"

ရွှီလျန် : "......."

ရှန့်နွမ် သူ့စကားကြောင့် မျက်ခုံးပင့်သွားသည်။ အစ်ကိုကြီးရေ အစ်ကိုက အရမ်းအချစ်ခံရတာပဲနော် ၊ ရွှီလျန်ကျဲကတောင် အစ်ကို့ရဲ့စိတ်အခြေအနေကို ထိခိုက်မှာကြောက်လို့ စောဒကမတတ်ရဲဘူး။

"စကားပြောတာ တော်လောက်ပြီ ထမင်းစားတော့"

ဝမ်းရှုလီက ရှန့်ချန်ခုန်း၏၏ပန်းကန်ထဲတွင် အသီးအရွက်အချို့ကို ထည့်ပေးပြီး ဟင်းရည်နည်းနည်း လောင်းထည့်လိုက်သည်။

"ပူနေတုန်းလေးသောက်လိုက်"

"ဟုတ်ကဲ့ပါ"

စားပြီးသည်နှင့် ရှန့်ချန်ခုန်းကို သူ့အခန်းထဲတွင် တစ်ရေးတစ်မော အိပ်ခိုင်းလိုက်သည်။ ရှန့်နွမ်က လက်ရှိတွင် ရွှီလျန်နှင့်အတူနေထိုင်နေပြီး ဤတိုက်ခန်းတွင် သူမကိုယ်ပိုင်အခန်းမရှိသောကြောင့် ဆိုဖာပေါ်တွင် တစ်ရေးတစ်မောအိပ်ခဲ့သည်။ ရွှီလျန်က ဝမ်းရှုလီကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးချင်ပေမဲ့ မောင်းထုတ်ခံလိုက်ရ၏။ အဆုံးတွင် ရွှီလျန်သည်လည်း ဆိုဖာပေါ်တွင် ခဏတာ တစ်ရေးတစ်မော အိပ်ပျော်သွားခဲ့သည်။

ရှန့်နွမ်က ကျောင်းပြန်တက်ရသောကြောင့် သူမ အကြာကြီးမနေခဲ့ရပေ။ သူမက စာလုပ်ရန် ကြံရွယ်ပြီး လွယ်အိတ်ကို ယူလာခဲ့သော်လည်း သူမဖတ်စာအုပ်ရဲ့ စာမျက်နှာ တစ်မျက်နှာလေးတောင် မလှန်ဖြစ်ခဲ့ဘူး။ တကယ်တော့ သူမ ကျောင်းလွယ်အိတ်ကိုတောင် မဖွင့်ခဲ့ရ။

ဒီလိုလေးလံတဲ့အိတ်ကြီးနဲ့ သွားလိုက်ပြန်လိုက် လုပ်ရတာ အရမ်းနာကျင်တာပဲ။

ရှန့်နွမ် အိပ်ရာမှနိုးလာပြီးနောက် ရွှီလျန်လည်း ထထိုင်လိုက်သည်။ ရှန့်နွမ် ကျောင်းပြန်သွားတော့မည်ကို မြင်တော့မှ ရွှီလျန်က ရှန့်နွမ်ကို လိုက်ပို့ပေးမယ်လို့ ရိုးရိုးရှင်းရှင်း​ ပြော၏။

ဒါက ရွှီလျန်၏ကားထဲတွင် ရှန့်နွမ်ရဲ့ပထမဆုံးအကြိမ်ဖြစ်သည်။ ထုံးစံအတိုင်း သူမ အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ ရှန့်နွမ် ကားတံခါးကိုဖွင့်လိုက်ပြီး ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမ ခါးပတ်ပတ်နေရင်း ရွှီလျန်က မေး၏။

"နွေရာသီအားလပ်ရက်မှာ မင်း ကားမောင်းသင်တော့မှာလား"

"ဟုတ်တယ်...."

ရှန့်နွမ် လေးလေးနက်နက် စဉ်းစားနေ၏။

"သင်ဖို့ဖြစ်နိုင်ပေမဲ့ ညီမမှာ ကားမရှိဘူး အမှန်အတိုင်းပြောရရင်တော့ အားလပ်ချိန်ကို အခွင့်ကောင်းယူပြီး စားဝတ်နေရေးစရိတ်ရှာဖို့ နွေရာသီအလုပ်တစ်ခု လုပ်ချင်တယ်"

ရွှီလျန် ခေါင်းညိတ်လိုက်သည်။

"ဒါလဲကောင်းတာပဲ.. မင်းလိုအပ်သမျှကို မင်းကိုယ်တိုင် ဝယ်နိုင်လိမ့်မယ်"

"ဟုတ်တယ်! အဲ့ဒါ ညီမ စဉ်းစားနေတာပဲ!"

ရှန့်နွမ် သူမအလုပ်လုပ်နိုင်သည့်နေရာများကို စိတ်ကူးယဉ်နေသည်။ နောက်ဆုံးတွင် သူမ၏အကြည့်သည် ရွှီလျန်၏ကားနောက်ကြည့်မှန်ပေါ်မှဆွဲထားသော အမွှေးနံ့သာရည်တုံးဆီသို့ ရောက်သွားခဲ့သည်။

"အဲ့ဒီလေယာဉ်ငယ်လေးက အရမ်းလှတယ် မမ လုပ်ထားတာလား"
  
ရွှီလျန်က ပေါ့ပေါ့ပါးပါး လှုပ်ယမ်းနေတဲ့ လေယာဉ်ငယ်လေးကို ကြည့်လိုက်ပြီး

"ဟုတ်တယ် အစ်မ လေအေးပေးစက် ကလစ်တချို့ကိုလဲ လုပ်ထားသေးတယ်.. သူတို့က တော်တော်ချစ်စရာကောင်းတယ်"

"ဝိုး.... အနာဂတ်မှာ ညီမ ကားဝယ်ဖြစ်ရင် ဒီလိုမျိုးလေး တစ်ခုချိတ်ထားလိုက်မယ်!"

"အင်း ကောင်းပြီ ဆင်းရအောင်"

ရွှီလျန် ရှန့်နွမ်ကို ကျောင်းသို့ပို့ပြီးနောက် သူမ၏ဆိုင်သို့ ပြန်လာခဲ့သည်။ ဒီရက်တွေမှာတော့ သူမရဲ့နေ့ရက်တွေကို ရှန့်ချန်ခုန်းနှင့်အတူ ဆေးရုံတွင် ကုန်ဆုံးခဲ့၏။ ကျန်းကော်အာက ဆိုင်တွင် အမြဲလိုလို ရှိနေသောကြောင့် ရွှီလျန်အနေနှင့် သူမအား အားလပ်ရက်ပေးရမည့် အချိန်ရောက်ပြီဟု ထင်ခဲ့သည်။

ရွှီလျန် သူမ၏ဆိုင်ထဲသို့ ဝင်လိုက်သောအခါ ကျန်းကော်အာက ကာစတန်မာတစ်ဦးနှင့် ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားခဲ့သည်။ သူမ ရွှီလျန်ကိုမြင်သောအခါ ဝမ်းသာအားရ အော်ပြောလိုက်၏။

"ဘော့စ် ဒီကိုရောက်လာပြီ!"

"အင်း"

ရွှီလျန်က ကာစတန်မာထွက်သွားစဉ် ခေါင်းညိတ်လိုက်ပြီး

"ဂရုစိုက်ပြန်ပါရှင့်"

ကျန်းကော်အာက ငွေစာရင်းကောင်တာကို သော့ခတ်ပြီးနောက် ရွှီလျန်ထံသို့ ပြေးသွားခဲ့သည်။

"ရှန့်ကောက ဆေးရုံကဆင်းပြီးပြီလား"

ရွှီလျန် ပြုံးလိုက်သည်။ ကျန်းကော်အာက သူမအား သေချာစောင့်ကြည့်နေပုံရ၏။

"သူ ဒီနေ့ ဆေးရုံက ဆင်းသွားပြီ သူ့စာမေးပွဲက မနက်ဖြန်လေ"

"အိုး မြန်လိုက်တာ! ဒါပေမဲ့ စာမေးပွဲက ရှန့်ကောအတွက် စိန်ခေါ်မှုမရှိတာ သေချာတယ်"

"အင်း"

ရွှီလျန်လည်း သေချာပေါက်​ ​အဲ့ဒီလိုမျှော်​လင့်​မိသည်​။

"ငါ ရှန့်ချန်ခုန်းကို သူ့စာမေးပွဲဖြေတဲ့အချိန် မနက်ဖြန်နဲ့သန်ဘက်ခါ လိုက်ပို့ပေးချင်လို့.. ဒါကြောင့် ဒီမှာ အချိန်အများကြီး မဖြုန်းနိုင်တော့ဘူး၊ ငါ မင်းကို ဆိုင်ကြည့်ထားဖို့ အနှောင့်အယှက်ပေးရအုံးမယ် ဒီနှစ်ရက်ပြီးရင်တော့ ငါ မင်းကို အားလပ်ရက် ပေးလိုက်မယ်"

"ရပါတယ် ဘော့စ် စိတ်မပူပါနဲ့"

ကျန်းကော်အာက ပြန်ဖြေသည်။ ခဏရပ်လိုက်ပြီးနောက် ရွှီလျန်အား စကားပြောနေရင်း သူမမျက်နှာထက်တွင် အနည်းငယ် အနေရခက်နေသော အမူအရာ ပေါ်လာခဲ့၏။

"ဘော့စ် နွေဦးပွဲတော်ပြီးရင် ကျွန်မ လာနိုင်တော့မှာမဟုတ်ဘူး"

"ဟမ်? ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့လို့လား"

"အဲ့ဒီလိုပါပဲ.. ကျွန်မရဲ့ဆရာက ကျွန်မကို ဇာတ်ညွှန်းရေးတဲ့ လက်ထောက်တစ်ယောက်အနေနဲ့ ထုတ်လုပ်ရေးအဖွဲ့နဲ့ မိတ်ဆက်ပေးခဲ့တယ်.. ကျွန်မ အဖွဲ့နဲ့ အချိန်အတော်ကြာအောင် လိုက်လုပ်ရနိုင်တယ် အဲ့ဒါကြောင့် ကျွန်မ ဒီမှာ အလုပ်ဆက်လုပ်ဖို့ အချိန်မရှိနိုင်တော့ဘူး"

ရွှီလျန် ဒါနဲ့ပတ်သတ်ပြီး အဆင်ပြေတယ်။ ကျန်းကော်အာ ထွက်သွားပါက အခြားလူကို အလွယ်တကူ ငှားရမ်းနိုင်သည်။

"ငါ နားလည်ပါတယ် ငါ လူသစ်ခေါ်ဖို့ စီစဉ်လိုက်မယ်.. မင်း အဲ့ဒီထုတ်လုပ်ရေးအဖွဲ့ထဲကို လက်ခံလိုက်မယ်ဆိုရင် မင်းရဲ့အချိန်ဇယားက သေချာပေါက် ပြည့်သွားလိမ့်မယ်.. စိတ်မပူပါနဲ့ အဲ့ဒီကိုသွားလိုက်ပါ"

"ဟုတ်ကဲ့ ကျွန်မလုပ်မယ်! ဒါက ကျွန်မ ဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှုတွေအများကြီးရှိတဲ့ စီနီယာတစ်ယောက်နဲ့အတူတူ ပထမဆုံးအကြိမ် တရားဝင်လုပ်ရတာ. ကျွန်မ အများကြီး သင်ယူနိုင်ရမယ်"

"ကောင်းတယ် အနာဂတ်မှာ မင်းရဲ့အလုပ်ကို တီဗီ ဒါမှမဟုတ် ဖန်သားပြင်ကြီးမှာ မြင်ရဖို့ ငါမျှော်လင့်နေပါတယ်"

"ဟား ဟား ဘော့စ်က ကျွန်မကို ရှက်​​အောင်​လုပ်​​နေတာလား"

ကျန်းကော်အာ ရှက်စိတ်ဖြင့် မျက်နှာကိုအုပ်လိုက်သည်။ ထို့နောက် သူမ ရွှီလျန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး

"ဒါနဲ့ ဘော့စ် ကျွန်မ ဒီမှာ ပထမဆုံး အလုပ်စလုပ်တုန်းကထက်စာရင် ဘော့စ်က ပိုပွင့်လင်းပြီး ဖော်ရွေလာတယ်"

"ငါကလား?"

ကျန်းကော်အာ ခေါင်းညိတ်လိုက်သည်။ သူမ ရွှီလျန်ကို ပထမဆုံးစတွေ့တုန်းက သူမရဲ့ဘော့စ်ကို ဖော်ပြဖို့ သူမအသုံးအများဆုံးစကားလုံးက 'အေးစက်တယ်' ဟူ၍။

ရွှီလျန် သူမ၏စကားများကို ပြုံးပြလိုက်ပြီး အလုပ်ခန်းဆီသို့ လှေကားမှတက်သွားတော့သည်။

နောက်တစ်နေ့ မိုးမလင်းခင် ရွှီလျန်က ရှန့်ချန်ခုန်းကို ဖုန်းဆက်သည်။ ပစ္စည်းအားလုံးထည့်ပြီးပြီးလားဟု မေးပြီးနောက် မြေအောက်ကားပါကင်သို့ဆင်းပြီး သူမအား စောင့်နေရန် ပြောခဲ့သည်။ ဝမ်းရှုလီလည်း အိပ်ရာစောစောထပြီး ရှန့်ချန်ခုန်းနှင့်ရွှီလျန်တို့အတွက် မနက်စာ ပြင်ဆင်ပေးခဲ့သည်။ ရွှီလျန်က စိုးရိမ်စိတ်တွေ ကြီးထွားလာမှာကို စိုးရွံ့တာကြောင့် ရှန့်ချန်ခုန်းက သူတို့မနက်စာကို ယူလာပြီး လမ်းမှာစားဖို့ ပြင်ဆင်လိုက်ပါ၏။

ရွှီလျန်က ကားပါကင်သို့  ဦးစွာရောက်ရှိလာပြီး ရှန့်ချန်ခုန်းက သူမအား ရှာဖွေနေသည်ကိုတွေ့သောအခါ ဟွန်းတီးလိုက်ပါသည်။ ရှန့်ချန်ခုန်း ကားပေါ်တက်လာပြီး သူမအား မနက်စာကမ်းပေး၏။ သို့သော်လည်း ရွှီလျန်က ခေါင်းခါလိုက်ပြီး

"ရှင်အရင်စား ပြီးမှ ကျွန်မစားမယ်"

ခဏလောက်စဉ်းစားပြီးမှ ရှန့်ချန်ခုန်း အကြံပြု၏။

"ကိုယ် မောင်းရမလား"

"မဖြစ်ပါဘူး ရှင်က စာမေးပွဲဖြေမဲ့သူလေ ရှင် သက်သောင့်သက်သာနေတာ ပိုကောင်းတယ်"

ကားပါကင်ထဲမှ ကားမောင်းထွက်သွားတော့မှ ရွှီလျန် နည်းနည်းလေး စိတ်ငြိမ်သွားသည်။ ရယ်စရာကောင်းလောက်အောင်ကို စာမေးပွဲဖြေဆိုရမည့်သူ ရှန့်ချန်ခုန်းက သူမအား နှစ်သိမ့်ဖို့ကြိုးစားခဲ့၏။

"မင်း အရမ်းစိတ်ပူနေဖို့ တကယ်မလိုအပ်ပါဘူး ကိုယ် အဆင်ပြေပါတယ်"

ရွှီလျန် ခဏလောက် နှုတ်ဆိတ်နေခဲ့သော်လည်း သူမက ပြော၏။

"ရှင်သိလား ကျွန်မ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတုန်းကတောင် ဒီလောက်မစိုးရိမ်ခဲ့ဘူး"

သူမအဖေက သူမအား စာမေးပွဲခန်းထဲထိ လိုက်ပို့ပေးခဲ့တာကို သူမ မှတ်မိသေးတယ်။ သူမအဆင့်တွေက အမြဲတမ်းကောင်းနေတာကြောင့် သူမ အရမ်းစိတ်မပူခဲ့ရဘူး။

သို့သော် ထိပ်တန်းကျောင်းသား ရှန့်ချန်ခုန်းက စာမေးပွဲဖြေနေချိန်တွင် ရွှီလျန်အနေနှင့် သူမ သေလောက်အောင် စိုးရိမ်ပူပန်လာသည်။ သူမ မနေ့ညက သိပ်မအိပ်ရသေးဘဲ ရေအေးတစ်ခွက်သောက်ပြီး မိုးလင်းခါနီးမှ အိမ်အပြင်ထွက်လိုက်ရာ ၎င်းက အခုတွင် သူမအား ဗိုက်နည်းနည်းနာလာစေပြီ။

မီးနီနေသဖြင့် ကားရပ်လိုက်ချိန်တွင် ရှန့်ချန်ခုန်းက ဝမ်းရှုလီရဲ့အထူးပြင်ဆင်ထားတဲ့ နို့ပူပူလေးကို ရွှီလျန်အား ပေးလိုက်သည်။

"ဒါကိုသောက်ပြီး မင်းရဲ့ဗိုက်ကို အနွေးဓာတ်ပေးလိုက်"

ရွှီလျန် ကောက်ရိုးမျှင်ကိုအသုံးပြု၍ တစ်ငုံသောက်လိုက်ပြီး နို့ပူပူလေးများက သူမဝမ်းဗိုက်ထဲ ကျဆင်းနေသည်ကို ခံစားလိုက်ရသည်။ ၎င်းက သူမကို အနည်းငယ် ပိုကောင်းလာစေပါ၏။ ရွှီလျန် ရှန့်ချန်ခုန်းကိုကြည့်ပြီး မေးသည်။

"ရှင် ပစ္စည်းအားလုံးကို ယူလာခဲ့လား?"

"ကိုယ့်မှာ အကုန်ပါတယ်"

"ကျွန်မ ဝေးဝေးမရောက်သေးခင် မြန်မြန်ပြန်စစ်ကြည့်ပါအုံး"

ရှန့်ချန်ခုန်း : "........."

သူက သေချာပြန်စစ်ပြီး အရာအားလုံး စည်းစနစ်တကျ ရှိစေသည်။ သူ့တွင် အရာအားလုံးရှိနေကြောင်း အတည်ပြုပြီးနောက် ရွှီလျန် စိတ်သက်သာရာရသွားသည်။

စာမေးပွဲဖြေဆိုရန်နေရာက A တက္ကသိုလ်တွင် တည်ရှိသည်။ ရှန့်ချန်ခုန်းက ယခင်က ဤနေရာ၌ လေးနှစ်ကြာပညာသင်ခဲ့ သောကြောင့် ၎င်းနေရာနှင့်ရင်းနှီး၏။ သူတို့ရောက်လာတာ အတော်လေးစောပေမဲ့ ဂိတ်အပြင်ဘက်တွင် စောင့်နေသော ဖြေဆိုသူလူအုပ်ကြီးလည်း ရှိနှင့်နေပြီဖြစ်ရာ အခုထိ အထဲမဝင်နိုင်သေးပေ။

နောက်ဆုံးတော့ တက္ကသိုလ်ဂိတ်တံခါးတွေ ပွင့်လာပြီး အားလုံးက အထဲကို တိုးဝင်လာကြသည်။ ရှန့်ချန်ခုန်း ရွှီလျန်ကို ပြုံးပြလျက်

"ဒါဆို ကိုယ် သွားတော့မယ်နော်"

"အင်း ကံကောင်းပါစေ"

ရှန့်ချန်ခုန်းက ပြုံးပြီး ခေါင်းညိတ်သည်။ ထို့နောက် လေကြောင်းတက္ကသိုလ်သို့ လျှောက်ဝင်သွားတော့သည်။

လွန်ခဲ့တဲ့ခုနစ်နှစ် သူ တက္ကသိုလ်ထဲစဝင်တုန်းက သူ့ခံစားချက်က အခု သူခံစားနေရတဲ့ ခံစားချက်နဲ့ အတူတူပဲ ၊ ရှန့်ချန်ခုန်း သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးနေသောရှုခင်းများကို ကြည့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဆောင်းရာသီတွင် ကောင်းကင်က အများအားဖြင့် မီးခိုးရောင်ဖြစ်နေတတ်သည်။ ဒါပေမဲ့ ဒီနေ့ နေရောင်ခြည်က တောက်ပနေပြီး ကောင်းကင်က အပြာရောင်ဖြစ်နေပါ၏။

လေနုအေးက သူ့ဆီဖြတ်သွားသည်နှင့်အမျှ ရှန့်ချန်ခုန်း၏မျက်နှာတွင် အပြုံးတစ်ခု ဖြည်းညှင်းစွာ ပေါ်လာခဲ့သည်။

Starlight ပန်းခြံတွင် ကျန်းကော်အာမှာ မကြုံစဖူး တစ်နာရီအတွင်းရောက်ရှိလာပြီး သူမကိုယ်တိုင် ဆိုင်ကို ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည်။ ဆိုင်ဖွင့်ဖို့ အချိန်မရောက်သေးပေမဲ့ ဒီနေ့တော့ ဂနာမငြိမ်ဖြစ်နေ၏။ သူမဘော့စ်ရဲ့စိုးရိမ်ပူပန်စိတ်က သူမကို ကူးစက်ခံရတာ ဖြစ်နိုင်တယ်။

ရှန့်ကော စာမေးပွဲဖြေရမည့်အချိန် နီးနေပြီ။

ကျန်းကော်အာ သူမ၏ကျောပိုးအိတ်ထဲမှ မှတ်စုစာအုပ်လေးကို ထုတ်ကာ စာမျက်နှာများကို လှန်လိုက်သည်။

လေ့လာရေးပစ်မှတ် အမှတ် 0121 : ရွှီလျန်

လေ့လာရေးပစ်မှတ် အမှတ် 0122 : ဝေ့ရိချန်

လေ့လာရေးပစ်မှတ် အမှတ် 0123 : ရှန့်ချန်ခုန်း

ဆောင်းတွင်းနေရောင်ခြည်သည် သူမ၏စာအုပ်ငယ်ပေါ်သို့ တဖြည်းဖြည်းကျရောက်လာသည်။ ကျန်းကော်အာ ပြတင်းပေါက်ဆီသို့ လှမ်းကြည့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူမ ဘောပင်တစ်ချောင်းကို ကောက်ကိုင်ကာ စာမျက်နှာသစ်တစ်ခုတွင် စတင်ရေးသားခဲ့သည်။

[ ငါ မကြာခင် Starlight ပန်းခြံကနေ ထွက်သွားတော့မယ်.. ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ငါ ဒီမှာအလုပ်လုပ်ပြီး လူတော်တော်များများကိုတွေ့ပြီး အများကြီးရရှိခဲ့တယ်.. ငါ့ရဲ့ 'A thousand people, A thousand faces' ဆိုတဲ့ပန်းတိုင်ဆီကို ခြေတစ်လှမ်း လှမ်းခဲ့ပြီးပြီ..

နောက်လကျရင် ငါ တခြားအလုပ်တစ်ခုလုပ်မယ်.. အသစ်တစ်ခုကို စတင်ရတော့မယ် နောက်ထပ်လူတစ်စုကိုတွေ့ပြီး သူတို့အကြောင်းတွေကို ကြားရတော့မယ်..

ငါ့ရဲ့တစ်ခုတည်းသောနောင်တကတော့ Starlight ပန်းခြံရဲ့ အကောင်းဆုံးနဲ့အလှဆုံးအချိန်တွေကိုကြည့်ဖို့ ဒီနေရာမှာ ရှိမှာမဟုတ်တော့တာပဲ..

ချမ်းအေးတဲ့ဆောင်းရာသီပြီးရင် နွေဦးရာသီရောက်လာလိမ့်မယ်..

လူတိုင်းရဲ့ဇာတ်လမ်းဟာ ပွင့်လန်းလာပြီး အသီးအပွင့်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ် ]

______________________

T/N : 'ပွင့်လန်းခြင်း' က ပျော်ရွှင်ခြင်း သို့မဟုတ် ပီတိဖြစ်စေခြင်း / ဖွံ့ဖြိုးတိုးတက်မှုအသစ်များ ပေါက်ဖွားလာခြင်းကို ဆိုလိုနိုင်တယ်။ 'အသီးအပွင့်' က ရလဒ် / နိဂုံးချုပ် / အဆုံးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ကျန်းကော်အာက လူတိုင်းရဲ့ဇာတ်လမ်းများကို ပျော်ရွှင်ဖွယ်အဆုံးသတ်ဖြစ်ပါစေလို့ ဆုတောင်းပေးထားတာပါ။

Main Chapters Ended!!! Extra (10)ပိုင်း ကျန်ပါသေးတယ်...

*****



ရွန့္ခ်န္ခုန္းကို ဘြဲ႕လြန္ဝင္ခြင့္စာေမးပြဲမ်ား မတိုင္မီ တစ္ရက္အလိုတြင္ တရားဝင္ ေဆး႐ုံမွဆင္းေပးခဲ့သည္။ ႐ႊီလ်န္ႏွင့္ဝမ္းရႈလီတို႔က သူ႕ကိုလာေခၚရန္ ေဆး႐ုံသို႔သြားခဲ့ၾကၿပီး ရွန့္ႏြမ္ သိသြားၿပီးေနာက္ အိမ္သို႔ျပန္လာရန္ ခြင့္ေပးရန္အတြက္ အထူးေတာင္းဆိုခဲ့သည္။ သူမက ေန႕လည္ခင္းတြင္ ေက်ာင္းမွထြက္လာမည္ျဖစ္ရာ ေန႕လည္ခင္းေနာက္ဆုံးအတန္းခ်ိန္ကို လႊတ္လိုက္မည္ျဖစ္သည္။

မူလက ဝမ္းရႈလီက သူ႕သမီးကို မလိုအပ္ဘူးလို႔ ေျပာခဲ့သည္။ ဒီေန႕က ေသာၾကာေန႕ဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ရွန့္ႏြမ္က မနက္ျဖန္ အိမ္ကိုျပန္လာမွာပဲ ၊ ရွန့္ႏြမ္က ဒီအတြက္ ေက်ာင္းလြတ္ဖို႔ မလိုဘူး။ သို႔ေသာ္ ရွန့္ႏြမ္က သေဘာမတူ။ ရွန့္ခ်န္ခုန္း ေဆး႐ုံတက္ေနခ်ိန္အတြင္း သူမက သူ႕ထံ တစ္ႀကိမ္ေလးေတာင္ သြားေရာက္လည္ပတ္နိုင္ျခင္း မရွိခဲ့ေပ။ အကယ္၍ ေဆး႐ုံဆင္းတဲ့ေန႕မွာေတာင္ သူမ သူ႕ကိုမေတြ႕ရင္ သူ႕ညီမလို႔ ေခၚလို႔မရနိုင္ဘူး။

ဘြဲ႕လြန္စာေမးပြဲေတြမေျဖခင္ ရွန့္ခ်န္ခုန္းကိုေတြ႕ခ်င္တဲ့ အေရးႀကီးဆုံးအေၾကာင္းရင္းက သူ႕ကိုအားေပးဖို႔ပါပဲ။ ရွန့္ခ်န္ခုန္းက သူမထက္ အမ်ားႀကီး ထက္ျမက္ေပမဲ့ ရွန့္ႏြမ္က သူ႕အတြက္ အရမ္းစိတ္လႈပ္ရွားေနတုန္းပဲ ၊ ရိုးရိုးသားသားေျပာရရင္ သူမကိုယ္တိုင္ စာေမးပြဲေတြေျဖေနခ်ိန္ထက္ ပိုၿပီး စိတ္လႈပ္ရွားေနပါ၏။

သူမ၏ေလးႀကိမ္ေျမာက္အတန္းၿပီးေနာက္ ရွန့္ႏြမ္ သူမ၏ ပစၥည္းမ်ားကို စတင္သိမ္းဆည္းလိုက္သည္။ ရွန္လင္က သူမစာအုပ္ေတြ သိမ္းေနတာကိုၾကည့္လ်က္ ေမး၏။

"မင္းအိမ္ျပန္မွာလား? အတန္းတစ္တန္းက်န္ေသးတယ္ေလ"
 
ရွန့္ႏြမ္ သူ႕ကိုစိုက္ၾကည့္ၿပီး ေထ့ေငါ့လိုက္၏။

"ဒါနင့္အလုပ္မဟုတ္ဘူး နင့္စာေတြကို အာ႐ုံစိုက္ထားတာပဲ ပိုေကာင္းမယ္ ဒီလိုဆို နင့္အေမက ေက်ာင္းကို ထပ္မလာရေတာ့ဘူးေလ"

ရွန္လင္ သူ႕ႏႈတ္ခမ္းကို သပ္လိုက္ကာ ဘာမွမေျပာေတာ့ေပ။ သူ႕အေမေက်ာင္းလာၿပီး ရွန့္ႏြမ္ရဲ႕အစ္ကိုကို ေႏွာက္ယွက္ၿပီးေနာက္ ရွန့္ႏြမ္က သူတို႔ရဲ႕စာေတြနဲ႕ပတ္သတ္ၿပီး သူ႕ဆီ ဘယ္ေတာ့မွ ခ်ဥ္းကပ္မလာေတာ့ဘူး။ အကယ္၍ သူမမွာ ေမးစရာေတြရွိရင္ အခုတြင္ သူမက တျခားလူေတြကို သြားေမးေလ၏။

သူ ေခါင္းကိုလွည့္ကာ ေလ့က်င့္ခန္းစာအုပ္ဆီသို႔ ျပန္ၾကည့္လိုက္သည္။

ရွန့္ႏြမ္ အိမ္ျပန္ေရာက္ေသာအခါ ဝမ္းရႈလီက ေန႕လယ္စာ ခ်က္ျပဳတ္ၿပီးလုနီးပါးျဖစ္သည္။ ႐ႊီလ်န္ႏွင့္ရွန့္ခ်န္ခုန္းက ဧည့္ခန္းရွိ ဆိုဖာေပၚတြင္ ထိုင္ကာ စကားလက္ဆုံက်ေနၾကသည္။

"အစ္ကို!"

ရွန့္ႏြမ္ ရွန့္ခ်န္ခုန္းကို ျမင္သည္ႏွင့္ သူမ သူ႕ကိုေပြ႕ဖက္ရန္ ႀကံ႐ြယ္ကာ ေျပးသြားခဲ့သည္။ ႐ႊီလ်န္က သူမကိုတားဖို႔ လက္ကို အလ်င္စလို ျမႇောက္လိုက္ၿပီး

"သူ အခုမွ ေဆး႐ုံကဆင္းလာတာ"

"အိုး"

ရွန့္ႏြမ္ သူမ၏လက္မ်ားကို ဆတ္ခနဲရပ္လိုက္သည္။ အဲ့ဒီအစား သူမက ရွန့္ခ်န္ခုန္းကို ၿပဳံးၿပီး ေျပာ၏။

"ဒါဆို ညီမ အစ္ကို႔ကို ညင္ညင္သာသာေလး ဖက္လိုက္မယ္ေလ"

ဝမ္းရႈလီ ဟင္းပြဲအခ်ိဳ႕ႏွင့္အတူ မီးဖိုေခ်ာင္မွထြက္လာၿပီး သူမသမီးက သားျဖစ္သူကို ေပြ႕ဖက္မည့္အခ်ိန္ကို ျမင္လိုက္ရသည္။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ သမီးလက္ကို သြားေဆးလိုက္ပါအုံး သမီးအစ္ကိုကို မေႏွာင့္ယွက္နဲ႕"

ရွန့္ႏြမ္ ပါးစပ္ဟၿပီး သူမစိတ္ထဲတြင္ မေက်မနပ္ျဖစ္ေနသည္ - ငါ အစ္ကိုႀကီးကို နည္းနည္းေလး ဖက္ခ်င္လိုက္တာ...

ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ သူမေက်ာင္းလြယ္အိတ္ကိုခ်ၿပီး လက္ေဆးဖို႔ ထြက္လာခဲ့သည္။

ရွန့္ခ်န္ခုန္း ေဆး႐ုံမွဆင္းလာၿပီး သတိထားေရွာင္ရွားရမည့္ အရာမ်ားစြာရွိေသာ္လည္း ဝမ္းရႈလီက စားပြဲအျပည့္ ဟင္းပြဲမ်ားကို ျပဳလုပ္ေနဆဲျဖစ္သည္။ သူမ၏ေက်ာင္းကန္တင္းတြင္ တစ္ပတ္လုံးစားေနေသာ ရွန့္ႏြမ္သည္ အစားအေသာက္ဆီသို႔ ခ်က္ခ်င္းေျပးသြား၏။ ဝမ္းရႈလီက ရွန့္ခ်န္ခုန္းႀကိဳက္ေသာဟင္းလ်ာမ်ားကို သူ႕ထိုင္ခုံအနီးတြင္ ခ်ထားေသာေၾကာင့္ အစားအစာကို အလြယ္တကူ လွမ္းယူနိုင္မည္ျဖစ္သည္။

ရွန့္ႏြမ္ ဝင္ထိုင္လိုက္ၿပီး ရွန့္ခ်န္ခုန္းကို ေမး၏။

"အစ္ကို ဒဏ္ရာကဘယ္လိုလဲ? မနက္ျဖန္ စာေမးပြဲေျဖဖို႔ အဆင္ေျပမွာလား"

"စိတ္မပူပါနဲ႕ ငါက စာေမးပြဲေျဖတုန္း ဦးေႏွာက္ကိုသုံးတာ ငါ့ဝမ္းဗိုက္ကိုမဟုတ္ဘူး"

"......"

အင္း ဒါဆိုလည္း ေကာင္းၿပီေလ။

ရွန့္ႏြမ္က ထမင္းတစ္လုတ္စာေလာက္ စားၿပီးေနာက္ သိခ်င္စိတ္ျဖင့္ ေမးလာ၏။

"အဲဒီေန႕က အတိအက် အစ္ကိုဘာျဖစ္သြားတာလဲ အေမက ညီမကို ဖုန္းဆက္တဲ့အခ်ိန္တုန္းက မရွင္းျပဘူး"

ရွန့္ႏြမ္ စိတ္ပူမွာစိုးသျဖင့္ ရွန့္ခ်န္ခုန္း၏အေျခအေန တည္ၿငိမ္လာေသာအခါတြင္မွ ဝမ္းရႈလီက သူ႕သမီးေလးကို ဖုန္းဆက္ေျပာခဲ့သည္။ ရွန့္ႏြမ္က ဒါကို သိပ္စိတ္မခ်မ္းသာဘူး။ ဖခင္ျဖစ္သူက မေတာ္တဆမႈျဖစ္တဲ့အခ်ိန္က သူ႕မိသားစုကလည္း သူမကို ကြယ္ဝွက္ထားခဲ့သည္။ သူမက ထိုကိစၥမ်ားကို အၿမဲေနာက္ဆုံးမွသိရသူပဲ။

သူမရဲ႕မိသားစုက သူမကို စိတ္ပူတာေၾကာင့္သာ လုပ္ခဲ့တာျဖစ္ေၾကာင္း သူမသိေသာ္လည္း ရွန့္ႏြမ္က သူမကို သူတို႔ထင္ျမင္ထားသေလာက္ အားနည္းခ်က္မရွိဟု ခံစားရသည္။

"ဘာမွမဟုတ္ပါဘူး ပါဝင္ပတ္သက္သူေတြ အဖမ္းခံလိုက္ရၿပီလို႔ ငါၾကားတယ္"

ရွန့္ႏြမ္ : "......."

အဖမ္းခံရတာ ဘာမွမဟုတ္ဘူး! သူမက အေသးစိတ္သိခ်င္တာ!

ဒါေပမဲ့ သူမအစ္ကိုႀကီးက သူမကို မေျပာခ်င္တာျမင္ေတာ့ ရွန့္ႏြမ္က အေၾကာင္းအရာကို ေျပာင္းလိုက္သည္။

"အစ္ကို႔ရဲ႕စာေတြေရာ ဘယ္လိုလဲ? ယုံၾကည္ခ်က္ရွိလား"

ရွန့္ခ်န္ခုန္း ၿပဳံးလိုက္သည္။

"ေကာလိပ္ဝင္ခြင့္စာေမးပြဲအတြက္ စာေလ့လာခ်ိန္နဲ႕ ေတာ္ေတာ္တူတယ္လို႔ ခံစားရတယ္"

ရွန့္ႏြမ္ : "........"

သူမအစ္ကိုစာေမးပြဲအတြက္ စိတ္ပူေနရတာနဲ႕ပတ္သတ္ၿပီး ဘာလို႔ အခ်ိန္ျဖဳန္းေနရသနည္း? သူမအခ်ိန္ေတြကို သူမရဲ႕စာေမးပြဲအတြက္ စိတ္ပူၿပီး အခ်ိန္ကုန္တာ ပိုေကာင္းပါတယ္။ ရွန့္ႏြမ္သည္ အစားအေသာက္ကို ျမန္ျမန္ၿပီးေအာင္စားၿပီး စာလုပ္ရန္ သူမအခန္းကို ျပန္သြားသင့္တယ္လို႔ ေတြးလိုက္၏။

ေမာင္ႏွမေတြ စာေမးပြဲေတြအေၾကာင္း ေျပာတာကို နားေထာင္ရင္း ႐ႊီလ်န္က ရွန့္ခ်န္ခုန္းကို ေမးသည္။

"မနက္ျဖန္မနက္က်ရင္ ကြၽန္မ ရွင့္ကို ေက်ာင္းလိုက္ပို႔ေပးမယ္ ရွင္က အခုမွျပန္ေကာင္းလာတာမလို႔ ေျမေအာက္ရထား တိုးမစီးသင့္ဘူး"

"ေကာင္းပါၿပီ"

"ရွင့္စာေမးပြဲက မနက္ရွစ္နာရီခြဲမွာစမယ္လို႔ ေျပာတာေနာ္.. ယာဥ္ေၾကာပိတ္ဆို႔မႈေတြ မျဖစ္ေအာင္ ေစာေစာထြက္ၾကမယ္"

"အိုေက ကိုယ္ အိပ္ရာနိုးရင္ ဖုန္းဆက္လိုက္မယ္"

"ေကာင္းၿပီ"

႐ႊီလ်န္ သူမ အာ႐ုံစိုက္ရန္လိုအပ္ေသာ အျခားအရာမ်ား ရွိမရွိကို ဂ႐ုတစိုက္ ေတြးေတာေနခဲ့သည္။

"ဒီည ရွင့္ရဲ႕ပစၥည္းေတြကို အဆင္သင့္ျပင္ထား ရွင့္ရဲ႕ ID.. ေဘာပင္ တျခားအရာေတြေရာ"

ေနာက္ဆုံးတြင္ ရွန့္ခ်န္ခုန္း မထိန္းနိုင္ဘဲ ရယ္မိေတာ့သည္။

"ကိုယ္သိပါတယ္ ကိုယ္သိတယ္.. မင္း ဒီေလာက္ထိ စိတ္ပူေနဖို႔ မလိုပါဘူး မင္းက မင္းကေလးကို လိုက္ပို႔တဲ့မိဘနဲ႕တူေနတယ္"

႐ႊီလ်န္ : "......."

ရွန့္ႏြမ္ သူ႕စကားေၾကာင့္ မ်က္ခုံးပင့္သြားသည္။ အစ္ကိုႀကီးေရ အစ္ကိုက အရမ္းအခ်စ္ခံရတာပဲေနာ္ ၊ ႐ႊီလ်န္က်ဲကေတာင္ အစ္ကို႔ရဲ႕စိတ္အေျခအေနကို ထိခိုက္မွာေၾကာက္လို႔ ေစာဒကမတတ္ရဲဘူး။

"စကားေျပာတာ ေတာ္ေလာက္ၿပီ ထမင္းစားေတာ့"

ဝမ္းရႈလီက ရွန့္ခ်န္ခုန္း၏၏ပန္းကန္ထဲတြင္ အသီးအ႐ြက္အခ်ိဳ႕ကို ထည့္ေပးၿပီး ဟင္းရည္နည္းနည္း ေလာင္းထည့္လိုက္သည္။

"ပူေနတုန္းေလးေသာက္လိုက္"

"ဟုတ္ကဲ့ပါ"

စားၿပီးသည္ႏွင့္ ရွန့္ခ်န္ခုန္းကို သူ႕အခန္းထဲတြင္ တစ္ေရးတစ္ေမာ အိပ္ခိုင္းလိုက္သည္။ ရွန့္ႏြမ္က လက္ရွိတြင္ ႐ႊီလ်န္ႏွင့္အတူေနထိုင္ေနၿပီး ဤတိုက္ခန္းတြင္ သူမကိုယ္ပိုင္အခန္းမရွိေသာေၾကာင့္ ဆိုဖာေပၚတြင္ တစ္ေရးတစ္ေမာအိပ္ခဲ့သည္။ ႐ႊီလ်န္က ဝမ္းရႈလီကို သန့္ရွင္းေရးလုပ္ရန္ ကူညီေပးခ်င္ေပမဲ့ ေမာင္းထုတ္ခံလိုက္ရ၏။ အဆုံးတြင္ ႐ႊီလ်န္သည္လည္း ဆိုဖာေပၚတြင္ ခဏတာ တစ္ေရးတစ္ေမာ အိပ္ေပ်ာ္သြားခဲ့သည္။

ရွန့္ႏြမ္က ေက်ာင္းျပန္တက္ရေသာေၾကာင့္ သူမ အၾကာႀကီးမေနခဲ့ရေပ။ သူမက စာလုပ္ရန္ ႀကံ႐ြယ္ၿပီး လြယ္အိတ္ကို ယူလာခဲ့ေသာ္လည္း သူမဖတ္စာအုပ္ရဲ႕ စာမ်က္ႏွာ တစ္မ်က္ႏွာေလးေတာင္ မလွန္ျဖစ္ခဲ့ဘူး။ တကယ္ေတာ့ သူမ ေက်ာင္းလြယ္အိတ္ကိုေတာင္ မဖြင့္ခဲ့ရ။

ဒီလိုေလးလံတဲ့အိတ္ႀကီးနဲ႕ သြားလိုက္ျပန္လိုက္ လုပ္ရတာ အရမ္းနာက်င္တာပဲ။

ရွန့္ႏြမ္ အိပ္ရာမွနိုးလာၿပီးေနာက္ ႐ႊီလ်န္လည္း ထထိုင္လိုက္သည္။ ရွန့္ႏြမ္ ေက်ာင္းျပန္သြားေတာ့မည္ကို ျမင္ေတာ့မွ ႐ႊီလ်န္က ရွန့္ႏြမ္ကို လိုက္ပို႔ေပးမယ္လို႔ ရိုးရိုးရွင္းရွင္း​ ေျပာ၏။

ဒါက ႐ႊီလ်န္၏ကားထဲတြင္ ရွန့္ႏြမ္ရဲ႕ပထမဆုံးအႀကိမ္ျဖစ္သည္။ ထုံးစံအတိုင္း သူမ အနည္းငယ္ စိတ္လႈပ္ရွားေနမိ၏။ ရွန့္ႏြမ္ ကားတံခါးကိုဖြင့္လိုက္ၿပီး ခရီးသည္ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။ သူမ ခါးပတ္ပတ္ေနရင္း ႐ႊီလ်န္က ေမး၏။

"ေႏြရာသီအားလပ္ရက္မွာ မင္း ကားေမာင္းသင္ေတာ့မွာလား"

"ဟုတ္တယ္...."

ရွန့္ႏြမ္ ေလးေလးနက္နက္ စဥ္းစားေန၏။

"သင္ဖို႔ျဖစ္နိုင္ေပမဲ့ ညီမမွာ ကားမရွိဘူး အမွန္အတိုင္းေျပာရရင္ေတာ့ အားလပ္ခ်ိန္ကို အခြင့္ေကာင္းယူၿပီး စားဝတ္ေနေရးစရိတ္ရွာဖို႔ ေႏြရာသီအလုပ္တစ္ခု လုပ္ခ်င္တယ္"

႐ႊီလ်န္ ေခါင္းညိတ္လိုက္သည္။

"ဒါလဲေကာင္းတာပဲ.. မင္းလိုအပ္သမွ်ကို မင္းကိုယ္တိုင္ ဝယ္နိုင္လိမ့္မယ္"

"ဟုတ္တယ္! အဲ့ဒါ ညီမ စဥ္းစားေနတာပဲ!"

ရွန့္ႏြမ္ သူမအလုပ္လုပ္နိုင္သည့္ေနရာမ်ားကို စိတ္ကူးယဥ္ေနသည္။ ေနာက္ဆုံးတြင္ သူမ၏အၾကည့္သည္ ႐ႊီလ်န္၏ကားေနာက္ၾကည့္မွန္ေပၚမွဆြဲထားေသာ အေမႊးနံ႕သာရည္တုံးဆီသို႔ ေရာက္သြားခဲ့သည္။

"အဲ့ဒီေလယာဥ္ငယ္ေလးက အရမ္းလွတယ္ မမ လုပ္ထားတာလား"
  
႐ႊီလ်န္က ေပါ့ေပါ့ပါးပါး လႈပ္ယမ္းေနတဲ့ ေလယာဥ္ငယ္ေလးကို ၾကည့္လိုက္ၿပီး

"ဟုတ္တယ္ အစ္မ ေလေအးေပးစက္ ကလစ္တခ်ိဳ႕ကိုလဲ လုပ္ထားေသးတယ္.. သူတို႔က ေတာ္ေတာ္ခ်စ္စရာေကာင္းတယ္"

"ဝိုး.... အနာဂတ္မွာ ညီမ ကားဝယ္ျဖစ္ရင္ ဒီလိုမ်ိဳးေလး တစ္ခုခ်ိတ္ထားလိုက္မယ္!"

"အင္း ေကာင္းၿပီ ဆင္းရေအာင္"

႐ႊီလ်န္ ရွန့္ႏြမ္ကို ေက်ာင္းသို႔ပို႔ၿပီးေနာက္ သူမ၏ဆိုင္သို႔ ျပန္လာခဲ့သည္။ ဒီရက္ေတြမွာေတာ့ သူမရဲ႕ေန႕ရက္ေတြကို ရွန့္ခ်န္ခုန္းႏွင့္အတူ ေဆး႐ုံတြင္ ကုန္ဆုံးခဲ့၏။ က်န္းေကာ္အာက ဆိုင္တြင္ အၿမဲလိုလို ရွိေနေသာေၾကာင့္ ႐ႊီလ်န္အေနႏွင့္ သူမအား အားလပ္ရက္ေပးရမည့္ အခ်ိန္ေရာက္ၿပီဟု ထင္ခဲ့သည္။

႐ႊီလ်န္ သူမ၏ဆိုင္ထဲသို႔ ဝင္လိုက္ေသာအခါ က်န္းေကာ္အာက ကာစတန္မာတစ္ဦးႏွင့္ ဖုန္းေခၚဆိုမႈ ၿပီးဆုံးသြားခဲ့သည္။ သူမ ႐ႊီလ်န္ကိုျမင္ေသာအခါ ဝမ္းသာအားရ ေအာ္ေျပာလိုက္၏။

"ေဘာ့စ္ ဒီကိုေရာက္လာၿပီ!"

"အင္း"

႐ႊီလ်န္က ကာစတန္မာထြက္သြားစဥ္ ေခါင္းညိတ္လိုက္ၿပီး

"ဂ႐ုစိုက္ျပန္ပါရွင့္"

က်န္းေကာ္အာက ေငြစာရင္းေကာင္တာကို ေသာ့ခတ္ၿပီးေနာက္ ႐ႊီလ်န္ထံသို႔ ေျပးသြားခဲ့သည္။

"ရွန့္ေကာက ေဆး႐ုံကဆင္းၿပီးၿပီလား"

႐ႊီလ်န္ ၿပဳံးလိုက္သည္။ က်န္းေကာ္အာက သူမအား ေသခ်ာေစာင့္ၾကည့္ေနပုံရ၏။

"သူ ဒီေန႕ ေဆး႐ုံက ဆင္းသြားၿပီ သူ႕စာေမးပြဲက မနက္ျဖန္ေလ"

"အိုး ျမန္လိုက္တာ! ဒါေပမဲ့ စာေမးပြဲက ရွန့္ေကာအတြက္ စိန္ေခၚမႈမရွိတာ ေသခ်ာတယ္"

"အင္း"

႐ႊီလ်န္လည္း ေသခ်ာေပါက္​ ​အဲ့ဒီလိုေမွ်ာ္​လင့္​မိသည္​။

"ငါ ရွန့္ခ်န္ခုန္းကို သူ႕စာေမးပြဲေျဖတဲ့အခ်ိန္ မနက္ျဖန္နဲ႕သန္ဘက္ခါ လိုက္ပို႔ေပးခ်င္လို႔.. ဒါေၾကာင့္ ဒီမွာ အခ်ိန္အမ်ားႀကီး မျဖဳန္းနိုင္ေတာ့ဘူး၊ ငါ မင္းကို ဆိုင္ၾကည့္ထားဖို႔ အေႏွာင့္အယွက္ေပးရအုံးမယ္ ဒီႏွစ္ရက္ၿပီးရင္ေတာ့ ငါ မင္းကို အားလပ္ရက္ ေပးလိုက္မယ္"

"ရပါတယ္ ေဘာ့စ္ စိတ္မပူပါနဲ႕"

က်န္းေကာ္အာက ျပန္ေျဖသည္။ ခဏရပ္လိုက္ၿပီးေနာက္ ႐ႊီလ်န္အား စကားေျပာေနရင္း သူမမ်က္ႏွာထက္တြင္ အနည္းငယ္ အေနရခက္ေနေသာ အမူအရာ ေပၚလာခဲ့၏။

"ေဘာ့စ္ ေႏြဦးပြဲေတာ္ၿပီးရင္ ကြၽန္မ လာနိုင္ေတာ့မွာမဟုတ္ဘူး"

"ဟမ္? ေက်ာင္းမွာ တစ္ခုခုျဖစ္ခဲ့လို႔လား"

"အဲ့ဒီလိုပါပဲ.. ကြၽန္မရဲ႕ဆရာက ကြၽန္မကို ဇာတ္ၫႊန္းေရးတဲ့ လက္ေထာက္တစ္ေယာက္အေနနဲ႕ ထုတ္လုပ္ေရးအဖြဲ႕နဲ႕ မိတ္ဆက္ေပးခဲ့တယ္.. ကြၽန္မ အဖြဲ႕နဲ႕ အခ်ိန္အေတာ္ၾကာေအာင္ လိုက္လုပ္ရနိုင္တယ္ အဲ့ဒါေၾကာင့္ ကြၽန္မ ဒီမွာ အလုပ္ဆက္လုပ္ဖို႔ အခ်ိန္မရွိနိုင္ေတာ့ဘူး"

႐ႊီလ်န္ ဒါနဲ႕ပတ္သတ္ၿပီး အဆင္ေျပတယ္။ က်န္းေကာ္အာ ထြက္သြားပါက အျခားလူကို အလြယ္တကူ ငွားရမ္းနိုင္သည္။

"ငါ နားလည္ပါတယ္ ငါ လူသစ္ေခၚဖို႔ စီစဥ္လိုက္မယ္.. မင္း အဲ့ဒီထုတ္လုပ္ေရးအဖြဲ႕ထဲကို လက္ခံလိုက္မယ္ဆိုရင္ မင္းရဲ႕အခ်ိန္ဇယားက ေသခ်ာေပါက္ ျပည့္သြားလိမ့္မယ္.. စိတ္မပူပါနဲ႕ အဲ့ဒီကိုသြားလိုက္ပါ"

"ဟုတ္ကဲ့ ကြၽန္မလုပ္မယ္! ဒါက ကြၽန္မ ဇာတ္ၫႊန္းေရးဆရာအျဖစ္ လုပ္ငန္းနယ္ပယ္မွာ ေအာင္ျမင္မႈေတြအမ်ားႀကီးရွိတဲ့ စီနီယာတစ္ေယာက္နဲ႕အတူတူ ပထမဆုံးအႀကိမ္ တရားဝင္လုပ္ရတာ. ကြၽန္မ အမ်ားႀကီး သင္ယူနိုင္ရမယ္"

"ေကာင္းတယ္ အနာဂတ္မွာ မင္းရဲ႕အလုပ္ကို တီဗီ ဒါမွမဟုတ္ ဖန္သားျပင္ႀကီးမွာ ျမင္ရဖို႔ ငါေမွ်ာ္လင့္ေနပါတယ္"

"ဟား ဟား ေဘာ့စ္က ကြၽန္မကို ရွက္​​ေအာင္​လုပ္​​ေနတာလား"

က်န္းေကာ္အာ ရွက္စိတ္ျဖင့္ မ်က္ႏွာကိုအုပ္လိုက္သည္။ ထို႔ေနာက္ သူမ ႐ႊီလ်န္ကို ေနာက္တစ္ႀကိမ္ ၾကည့္လိုက္ၿပီး

"ဒါနဲ႕ ေဘာ့စ္ ကြၽန္မ ဒီမွာ ပထမဆုံး အလုပ္စလုပ္တုန္းကထက္စာရင္ ေဘာ့စ္က ပိုပြင့္လင္းၿပီး ေဖာ္ေ႐ြလာတယ္"

"ငါကလား?"

က်န္းေကာ္အာ ေခါင္းညိတ္လိုက္သည္။ သူမ ႐ႊီလ်န္ကို ပထမဆုံးစေတြ႕တုန္းက သူမရဲ႕ေဘာ့စ္ကို ေဖာ္ျပဖို႔ သူမအသုံးအမ်ားဆုံးစကားလုံးက 'ေအးစက္တယ္' ဟူ၍။

႐ႊီလ်န္ သူမ၏စကားမ်ားကို ၿပဳံးျပလိုက္ၿပီး အလုပ္ခန္းဆီသို႔ ေလွကားမွတက္သြားေတာ့သည္။

ေနာက္တစ္ေန႕ မိုးမလင္းခင္ ႐ႊီလ်န္က ရွန့္ခ်န္ခုန္းကို ဖုန္းဆက္သည္။ ပစၥည္းအားလုံးထည့္ၿပီးၿပီးလားဟု ေမးၿပီးေနာက္ ေျမေအာက္ကားပါကင္သို႔ဆင္းၿပီး သူမအား ေစာင့္ေနရန္ ေျပာခဲ့သည္။ ဝမ္းရႈလီလည္း အိပ္ရာေစာေစာထၿပီး ရွန့္ခ်န္ခုန္းႏွင့္႐ႊီလ်န္တို႔အတြက္ မနက္စာ ျပင္ဆင္ေပးခဲ့သည္။ ႐ႊီလ်န္က စိုးရိမ္စိတ္ေတြ ႀကီးထြားလာမွာကို စိုး႐ြံ႕တာေၾကာင့္ ရွန့္ခ်န္ခုန္းက သူတို႔မနက္စာကို ယူလာၿပီး လမ္းမွာစားဖို႔ ျပင္ဆင္လိုက္ပါ၏။

႐ႊီလ်န္က ကားပါကင္သို႔  ဦးစြာေရာက္ရွိလာၿပီး ရွန့္ခ်န္ခုန္းက သူမအား ရွာေဖြေနသည္ကိုေတြ႕ေသာအခါ ဟြန္းတီးလိုက္ပါသည္။ ရွန့္ခ်န္ခုန္း ကားေပၚတက္လာၿပီး သူမအား မနက္စာကမ္းေပး၏။ သို႔ေသာ္လည္း ႐ႊီလ်န္က ေခါင္းခါလိုက္ၿပီး

"ရွင္အရင္စား ၿပီးမွ ကြၽန္မစားမယ္"

ခဏေလာက္စဥ္းစားၿပီးမွ ရွန့္ခ်န္ခုန္း အႀကံျပဳ၏။

"ကိုယ္ ေမာင္းရမလား"

"မျဖစ္ပါဘူး ရွင္က စာေမးပြဲေျဖမဲ့သူေလ ရွင္ သက္ေသာင့္သက္သာေနတာ ပိုေကာင္းတယ္"

ကားပါကင္ထဲမွ ကားေမာင္းထြက္သြားေတာ့မွ ႐ႊီလ်န္ နည္းနည္းေလး စိတ္ၿငိမ္သြားသည္။ ရယ္စရာေကာင္းေလာက္ေအာင္ကို စာေမးပြဲေျဖဆိုရမည့္သူ ရွန့္ခ်န္ခုန္းက သူမအား ႏွစ္သိမ့္ဖို႔ႀကိဳးစားခဲ့၏။

"မင္း အရမ္းစိတ္ပူေနဖို႔ တကယ္မလိုအပ္ပါဘူး ကိုယ္ အဆင္ေျပပါတယ္"

႐ႊီလ်န္ ခဏေလာက္ ႏႈတ္ဆိတ္ေနခဲ့ေသာ္လည္း သူမက ေျပာ၏။

"ရွင္သိလား ကြၽန္မ ေကာလိပ္ဝင္ခြင့္ စာေမးပြဲေျဖတုန္းကေတာင္ ဒီေလာက္မစိုးရိမ္ခဲ့ဘူး"

သူမအေဖက သူမအား စာေမးပြဲခန္းထဲထိ လိုက္ပို႔ေပးခဲ့တာကို သူမ မွတ္မိေသးတယ္။ သူမအဆင့္ေတြက အၿမဲတမ္းေကာင္းေနတာေၾကာင့္ သူမ အရမ္းစိတ္မပူခဲ့ရဘူး။

သို႔ေသာ္ ထိပ္တန္းေက်ာင္းသား ရွန့္ခ်န္ခုန္းက စာေမးပြဲေျဖေနခ်ိန္တြင္ ႐ႊီလ်န္အေနႏွင့္ သူမ ေသေလာက္ေအာင္ စိုးရိမ္ပူပန္လာသည္။ သူမ မေန႕ညက သိပ္မအိပ္ရေသးဘဲ ေရေအးတစ္ခြက္ေသာက္ၿပီး မိုးလင္းခါနီးမွ အိမ္အျပင္ထြက္လိုက္ရာ ၎က အခုတြင္ သူမအား ဗိုက္နည္းနည္းနာလာေစၿပီ။

မီးနီေနသျဖင့္ ကားရပ္လိုက္ခ်ိန္တြင္ ရွန့္ခ်န္ခုန္းက ဝမ္းရႈလီရဲ႕အထူးျပင္ဆင္ထားတဲ့ နို႔ပူပူေလးကို ႐ႊီလ်န္အား ေပးလိုက္သည္။

"ဒါကိုေသာက္ၿပီး မင္းရဲ႕ဗိုက္ကို အေႏြးဓာတ္ေပးလိုက္"

႐ႊီလ်န္ ေကာက္ရိုးမွ်င္ကိုအသုံးျပဳ၍ တစ္ငုံေသာက္လိုက္ၿပီး နို႔ပူပူေလးမ်ားက သူမဝမ္းဗိုက္ထဲ က်ဆင္းေနသည္ကို ခံစားလိုက္ရသည္။ ၎က သူမကို အနည္းငယ္ ပိုေကာင္းလာေစပါ၏။ ႐ႊီလ်န္ ရွန့္ခ်န္ခုန္းကိုၾကည့္ၿပီး ေမးသည္။

"ရွင္ ပစၥည္းအားလုံးကို ယူလာခဲ့လား?"

"ကိုယ့္မွာ အကုန္ပါတယ္"

"ကြၽန္မ ေဝးေဝးမေရာက္ေသးခင္ ျမန္ျမန္ျပန္စစ္ၾကည့္ပါအုံး"

ရွန့္ခ်န္ခုန္း : "........."

သူက ေသခ်ာျပန္စစ္ၿပီး အရာအားလုံး စည္းစနစ္တက် ရွိေစသည္။ သူ႕တြင္ အရာအားလုံးရွိေနေၾကာင္း အတည္ျပဳၿပီးေနာက္ ႐ႊီလ်န္ စိတ္သက္သာရာရသြားသည္။

စာေမးပြဲေျဖဆိုရန္ေနရာက A တကၠသိုလ္တြင္ တည္ရွိသည္။ ရွန့္ခ်န္ခုန္းက ယခင္က ဤေနရာ၌ ေလးႏွစ္ၾကာပညာသင္ခဲ့ ေသာေၾကာင့္ ၎ေနရာႏွင့္ရင္းႏွီး၏။ သူတို႔ေရာက္လာတာ အေတာ္ေလးေစာေပမဲ့ ဂိတ္အျပင္ဘက္တြင္ ေစာင့္ေနေသာ ေျဖဆိုသူလူအုပ္ႀကီးလည္း ရွိႏွင့္ေနၿပီျဖစ္ရာ အခုထိ အထဲမဝင္နိုင္ေသးေပ။

ေနာက္ဆုံးေတာ့ တကၠသိုလ္ဂိတ္တံခါးေတြ ပြင့္လာၿပီး အားလုံးက အထဲကို တိုးဝင္လာၾကသည္။ ရွန့္ခ်န္ခုန္း ႐ႊီလ်န္ကို ၿပဳံးျပလ်က္

"ဒါဆို ကိုယ္ သြားေတာ့မယ္ေနာ္"

"အင္း ကံေကာင္းပါေစ"

ရွန့္ခ်န္ခုန္းက ၿပဳံးၿပီး ေခါင္းညိတ္သည္။ ထို႔ေနာက္ ေလေၾကာင္းတကၠသိုလ္သို႔ ေလွ်ာက္ဝင္သြားေတာ့သည္။

လြန္ခဲ့တဲ့ခုနစ္ႏွစ္ သူ တကၠသိုလ္ထဲစဝင္တုန္းက သူ႕ခံစားခ်က္က အခု သူခံစားေနရတဲ့ ခံစားခ်က္နဲ႕ အတူတူပဲ ၊ ရွန့္ခ်န္ခုန္း သူ႕ပတ္ဝန္းက်င္ရွိ ရင္းႏွီးေနေသာရႈခင္းမ်ားကို ၾကည့္ကာ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။

ေဆာင္းရာသီတြင္ ေကာင္းကင္က အမ်ားအားျဖင့္ မီးခိုးေရာင္ျဖစ္ေနတတ္သည္။ ဒါေပမဲ့ ဒီေန႕ ေနေရာင္ျခည္က ေတာက္ပေနၿပီး ေကာင္းကင္က အျပာေရာင္ျဖစ္ေနပါ၏။

ေလႏုေအးက သူ႕ဆီျဖတ္သြားသည္ႏွင့္အမွ် ရွန့္ခ်န္ခုန္း၏မ်က္ႏွာတြင္ အၿပဳံးတစ္ခု ျဖည္းညွင္းစြာ ေပၚလာခဲ့သည္။

Starlight ပန္းၿခံတြင္ က်န္းေကာ္အာမွာ မႀကဳံစဖူး တစ္နာရီအတြင္းေရာက္ရွိလာၿပီး သူမကိုယ္တိုင္ ဆိုင္ကို ပထမဆုံးအႀကိမ္ ဖြင့္လွစ္ခဲ့သည္။ ဆိုင္ဖြင့္ဖို႔ အခ်ိန္မေရာက္ေသးေပမဲ့ ဒီေန႕ေတာ့ ဂနာမၿငိမ္ျဖစ္ေန၏။ သူမေဘာ့စ္ရဲ႕စိုးရိမ္ပူပန္စိတ္က သူမကို ကူးစက္ခံရတာ ျဖစ္နိုင္တယ္။

ရွန့္ေကာ စာေမးပြဲေျဖရမည့္အခ်ိန္ နီးေနၿပီ။

က်န္းေကာ္အာ သူမ၏ေက်ာပိုးအိတ္ထဲမွ မွတ္စုစာအုပ္ေလးကို ထုတ္ကာ စာမ်က္ႏွာမ်ားကို လွန္လိုက္သည္။

ေလ့လာေရးပစ္မွတ္ အမွတ္ 0121 : ႐ႊီလ်န္

ေလ့လာေရးပစ္မွတ္ အမွတ္ 0122 : ေဝ့ရိခ်န္

ေလ့လာေရးပစ္မွတ္ အမွတ္ 0123 : ရွန့္ခ်န္ခုန္း

ေဆာင္းတြင္းေနေရာင္ျခည္သည္ သူမ၏စာအုပ္ငယ္ေပၚသို႔ တျဖည္းျဖည္းက်ေရာက္လာသည္။ က်န္းေကာ္အာ ျပတင္းေပါက္ဆီသို႔ လွမ္းၾကည့္ကာ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္သည္။ ထို႔ေနာက္ သူမ ေဘာပင္တစ္ေခ်ာင္းကို ေကာက္ကိုင္ကာ စာမ်က္ႏွာသစ္တစ္ခုတြင္ စတင္ေရးသားခဲ့သည္။

[ ငါ မၾကာခင္ Starlight ပန္းၿခံကေန ထြက္သြားေတာ့မယ္.. ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ ငါ ဒီမွာအလုပ္လုပ္ၿပီး လူေတာ္ေတာ္မ်ားမ်ားကိုေတြ႕ၿပီး အမ်ားႀကီးရရွိခဲ့တယ္.. ငါ့ရဲ႕ 'A thousand people, A thousand faces' ဆိုတဲ့ပန္းတိုင္ဆီကို ေျခတစ္လွမ္း လွမ္းခဲ့ၿပီးၿပီ..

ေနာက္လက်ရင္ ငါ တျခားအလုပ္တစ္ခုလုပ္မယ္.. အသစ္တစ္ခုကို စတင္ရေတာ့မယ္ ေနာက္ထပ္လူတစ္စုကိုေတြ႕ၿပီး သူတို႔အေၾကာင္းေတြကို ၾကားရေတာ့မယ္..

ငါ့ရဲ႕တစ္ခုတည္းေသာေနာင္တကေတာ့ Starlight ပန္းၿခံရဲ႕ အေကာင္းဆုံးနဲ႕အလွဆုံးအခ်ိန္ေတြကိုၾကည့္ဖို႔ ဒီေနရာမွာ ရွိမွာမဟုတ္ေတာ့တာပဲ..

ခ်မ္းေအးတဲ့ေဆာင္းရာသီၿပီးရင္ ေႏြဦးရာသီေရာက္လာလိမ့္မယ္..

လူတိုင္းရဲ႕ဇာတ္လမ္းဟာ ပြင့္လန္းလာၿပီး အသီးအပြင့္ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ]

______________________

T/N : 'ပြင့္လန္းျခင္း' က ေပ်ာ္႐ႊင္ျခင္း သို႔မဟုတ္ ပီတိျဖစ္ေစျခင္း / ဖြံ႕ၿဖိဳးတိုးတက္မႈအသစ္မ်ား ေပါက္ဖြားလာျခင္းကို ဆိုလိုနိုင္တယ္။ 'အသီးအပြင့္' က ရလဒ္ / နိဂုံးခ်ဳပ္ / အဆုံးကို အဓိပၸာယ္ဖြင့္ဆိုနိုင္ပါတယ္။

က်န္းေကာ္အာက လူတိုင္းရဲ႕ဇာတ္လမ္းမ်ားကို ေပ်ာ္႐ႊင္ဖြယ္အဆုံးသတ္ျဖစ္ပါေစလို႔ ဆုေတာင္းေပးထားတာပါ။

Main Chapters Ended!!! Extra (10)ပိုင္း က်န္ပါေသးတယ္...

*****

Continuă lectura

O să-ți placă și

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.4M 35.4K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...