နက်ဖြန်တိုင်းမှာ နင်နဲ့ငါ

Od maythuma

32.8K 924 32

(Unicode+Zawgyi) လင်နဲ့မယား၊ လျှာနဲ့သွားဆိုသလိုပဲ၊ မကြာခဏ ကိုက်မိကြတဲ့ သူတို့အကြောင်း... Více

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀) ဇာတ်သိမ်း

အပိုင်း(၁၁)

1.3K 37 0
Od maythuma

အိမ်ပြန်ရောက်တာနဲ့ ချယ့်လက်ကိုဆွဲပြီး ဧည့်ခန်းက ဆိုဖာမှာ ထိုင်ချလိုက်ကာ

"ချယ် မောင်တို့ စကားပြောရအောင်"

"ဘာပြောမှာလည်း ပြော"

"ချယ် နောက်ကို တစ်ခုခုလုပ်မယ်ဆို မောင့် ကြိုပြောပြတာ၊ လုပ်ပြီးသွားရင်လည်း ပြန်ပြောပြတာမျိုးလုပ်လို့မရဘူးလား။ ဒီနေ့ပဲကြည့် မောင့်မိဘအိမ်သွားတဲ့အကြောင်း မောင့်ကိုမပြောပြတော့၊ မောင့်မှာ သားမိုက်ကြီးကိုဖြစ်လို့"

ချယ် သူ့မျက်နှာကို ခပ်ရွဲ့ရွဲ့ကြည့်လိုက်ပြီးမှ

"ပြောတယ်လေ၊ သွားတိုင်းပြောသားပဲ။ အမေတို့အိမ်သွားမယ်လို့"

"ဟာ အဲ့လိုပြောတော့ မောင်က ချယ့်အမေအိမ်သွားတယ်ပဲထင်တာပေါ့"

"ဪ ကိုသုတ တော်တော်တရားကျဖို့ကောင်းတယ်နော်၊ ကျွန်မအမေဆီဆိုရင်တော့ မလိုက်ချင်ဘူး။ ရှင့်အမေအိမ်သွားမယ်ဆိုရင်တော့ လိုက်ချင်တယ် အဲ့လိုလား"

"မဟုတ်ဘူး၊ ချယ်အထင်မှားနေပြီ။ မောင် ချယ့်အမေအိမ်သွားရင် မလိုက်တာ၊ ချယ်မခေါ်လို့လေ။ သားအမိချင်း စကားလွတ်လွတ်လပ်လပ်ပြောရပါစေဆိုပြီး မလိုက်တာ"

"အပိုတွေ၊ မလိုက်ချင် မလိုက်ချင်ဘူးပြော"

"ဪတကယ်ပါဆို၊ မောင့်အတင်းတုတ်ချင်လည်း တုတ်ရပါစေလို့၊ စေတနာနဲ့ လိုက်မရှုပ်တာကို၊ ရတယ် အခုကစပြီး မိန်းမသွားလေရာ ထပ်ချပ်မကွာလိုက်ပြီးသားပဲ"

"ကြည့်ရသေးတာပေါ့၊ ပြီးတော့ ပြောလက်စနဲ့ တစ်ခါတည်းပြောပြထားမယ်၊ ရှင်ယူထားတဲ့ ကျွန်မကလည်း အဲ့လို နေရာတကာ ပြောမှသိတာမကြိုက်ဖူးရှင့် သိလား။ ‌အဲ.. ဒီနေ့လို အလိုက်တသိလေး မိန်းမစားဖို့ စီစဉ်ပေးတော့ ဘယ်လောက်ကောင်းလဲ"

"ဟုတ်တယ်လေ၊ မောင်ပြောချင်တာလဲ အဲ့ဒါပဲ။ ဟော အရင်က ချယ်မပြောပြတော့ အစပ်မစားနိုင်မှန်း မောင်မသိဘူး။ အခုသိသွားတော့ တစ်ခုခုလုပ်ပေးလို့ရသွားတယ်။ အဲ့တော့ တချို့ဟာတွေက အမြဲတန်းတော့ သူ့အလိုလို ဘယ်သိမလဲ မိန်းမရယ်။ ပြောပြသင့်တာတွေလည်း ပြောပြမှပေါ့။ မောင့်မိန်းမက စကားကို သိပ်ချွေတာတာပဲ။

ပြီးတော့ မောင့်မိဘတွေကို ခုလိုသိတတ်ပေးတာ ကျေးဇူး။ မောင်က မိန်းမ အလိမ္မာလေးရထားတာပဲ"

လူကို ဖက်လိုက်ပြီး ပါးချင်းပွတ်တိုက်ကာ ပြောလိုက်တာမို့ ချယ့်မှာ ပြုံးသွားရပြီး လေသံလေး မပွင့်တပွင့်ဖြင့်

"ဒီနေ့ မောင်လည်း လိမ္မာတာပဲကို.."

သုတ ကြားလိုက်ရတဲ့စကားလေးကြောင့် ကြည်နူးသွားရသည်။ သူဘယ်လောက် နှုတ်တိုက်ချချ သုတ၊ နင်၊ငါသာ တွင်တွင်သုံးသော ချယ့်နှုတ်ဖျားက စိတ်လိုလက်ရခေါ်တဲ့ မောင်ဆိုတဲ့ အသံလေးက နားထဲ သကာရည်လောင်းချလိုက်သလို ချိုမြသွားတာမို့...

"ဘာရယ်၊ မောင်မကြားလိုက်လို့ ထပ်ပြောပါအုန်း"

ချယ့်မျက်နှာလေးက ရဲရဲတွတ်ကာ၊ သူ့ရင်ခွင်ထဲက ထွက်ဖို့ ရုန်းရင်းက

"မကြားလည်း နေလိုက်တော့.."

သုတ ချယ့်မေးဖျားလေးကို လက်နဲ့ပင့်ကိုင်ရင်းက အကြည့်ချင်းဆုံစေလိုက်ပြီး

"မောင်က လိမ္မာတယ်ပေါ့ ဟုတ်လား?"

ချယ် သူ့ကိုပြုံးပြီး ခေါင်းညိတ်ပြတော့ ချယ့်လည်တိုင်လေးမှာ သူ့မျက်နှာကပ်ပြီး နားနားကိုကပ်ကာပြောလိုက်မိတာက

"လိမ္မာရင် မောင့်ကို ဆုချလေ..."

ဆုပေးရမယ့်သူက ပေးမယ်မပေးဘူးမဖြေရသေးဘူး၊ ယူမယ့်သူကတော့ စတင်နေပြီမို့ ချယ် သူ့ရင်ဘတ်ကို ဖွဖွ ပုတ်ကာ

"မောင်၊ မောင့် ဧည့်ခန်းကြီးမှာ...အာ့...မောင် ချယ် မကြိုက်ဖူးဆို "

"အင်းးးး မောင်တော့ ကြိုက်တယ်"

ခုလေးတင် လိမ္မာတယ် ချီးကျူးမိတဲ့ ဟာကို၊သူက ချက်ချင်းကိုလူဆိုးလေး ဖြစ်သွားတော့တာပါပဲ။

သုတ တရေးနိုးလာတော့ သူ့ရင်ခွင်ထဲမှာ ခွေခွေလေးတိုးဝှေ့အိပ်စက်နေတဲ့ ချယ့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်းက နံရံကနာရီကိုကြည့်လိုက်တော့ လက်တံအတိုရောအရှည်ပါ ၁၂ကိုရောက်နေပြီ။ အမေ့အိမ်က ပြန်လာပြီး နှစ်ယောက်သားဆုပေးပွဲကျင်းပလိုက်တာ  အခန်းထဲတောင်မရောက်တော့ပဲ ဒီဆိုဖာကျဉ်းကျဉ်းလေးမှာပဲ ပူးကပ်ပြီးအိပ်ပျော်သွားတဲ့ အဖြစ်ကိုတွေးမိတော့ နှုတ်ခမ်းတွေက သူ့အလိုလို ပြုံးသွားရ၏။ မျက်နှာပေါ်မှာ ချွေးနဲ့ကပ်နေတဲ့ ဆံစလေးတွေကို သပ်တင်ပေးလိုက်ပြီး နဖူးပြေပြေလေးအထက် အနမ်းတစ်ပွင့်ခြွေချမိပြန်တယ်။

သုတ ချယ်မနိုးအောင် အသာလေးထလိုက်ပြီး ချယ့်ကိုယ်လေးကိုပွေ့ချီ၍ အိပ်ခန်းကကုတင်ပေါ်နေရာပြန်ရွှေ့တော့

"အင်းး အွန်းးမောင်လား??"

အိပ်ချင်မူးတူးလေးထမေးတော့၊ သုတမှာ ကလေး‌ချော့သိပ်သလို ခေါင်းလေးပွတ်လိုက်၊ တင်ပါးလေးပုတ်လိုက်နှင့်

"ဟုတ်တယ် ဟုတ်တယ် မောင်။ ပြန်အိပ်နော် ကျွတ်ကျွတ်ကျွတ်"

သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်ကာ ပြန်အိပ်ပျော်သွားသော ချယ့်ကိုကြည့်ရင်း သူသိလိုက်တာက သူစိတ်ကူးယဉ်ခဲ့တဲ့လက်တွဲဖော်နဲ့ တစက်မှမတူတဲ့၊ မချွဲနွဲ့တတ်တဲ့၊ နင်ငါ အမြဲပြောတတ်တဲ့ သူ့မိန်းမကို သူချစ်နေမိပြီဆိုတာပါပဲ။

အိပ်နေလို့ ကြားမကြားမသိပေမယ့်၊ ချယ့်မျက်နှာလေးကိုကြည့်နေရင်းက သုတ တိုးတိုးလေးပြောလိုက်မိတယ်

"ချစ်တယ်..."

အဲ့အချိန်မှာပဲ ချယ့်နှုတ်ခမ်းလေးများက ပြုံးယောင်သန်းသွားပြီး သူ့ရင်ခွင်ထဲမျက်နှာကိုဖွက်ကာ ပြန်ပြောလိုက်တာက

"ငါရောပဲ..."

"ဟာ ချယ် ချယ် နိုးနေတာလား၊ ဟုတ်လား"

"မဟုတ်ဘူး၊ အိပ်နေပြီ"

"အိပ်နေတဲ့လူက စကားပြောလား"

"....."

"အယ် အိပ်နေတဲ့ သူက စကားပြောတယ်လား။ ခုဏကပြောတာလေး ပြန်ပြောစမ်းပါ မောင်ကြားချင်လို့"

"အိပ်ချင်ပြီလို့"

"အင်းပါ အိပ်ရမယ်၊ တစ်ခါပဲ၊ တစ်ခါပဲ ထပ်ပြောပါ လုပ်ပါ မောင်ကြားချင်လို့"

"ချစ်တယ်၊ ချစ်တယ်လို့"

__________________________________
Thu

အိမ္ျပန္ေရာက္တာနဲ႔ ခ်ယ့္လက္ကိုဆြဲၿပီး ဧည့္ခန္းက ဆိုဖာမွာ ထိုင္ခ်လိုက္ကာ

"ခ်ယ္ ေမာင္တို႔ စကားေျပာရေအာင္"

"ဘာေျပာမွာလည္း ေျပာ"

"ခ်ယ္ ေနာက္ကို တစ္ခုခုလုပ္မယ္ဆို ေမာင့္ ႀကိဳေျပာျပတာ၊ လုပ္ၿပီးသြားရင္လည္း ျပန္ေျပာျပတာမ်ိဳးလုပ္လို႔မရဘူးလား။ ဒီေန႔ပဲၾကည့္ ေမာင့္မိဘအိမ္သြားတဲ့အေၾကာင္း ေမာင့္ကိုမေျပာျပေတာ့၊ ေမာင့္မွာ သားမိုက္ႀကီးကိုျဖစ္လို႔"

ခ်ယ္ သူ႔မ်က္ႏွာကို ခပ္႐ြဲ႕႐ြဲ႕ၾကည့္လိုက္ၿပီးမွ

"ေျပာတယ္ေလ၊ သြားတိုင္းေျပာသားပဲ။ အေမတို႔အိမ္သြားမယ္လို႔"

"ဟာ အဲ့လိုေျပာေတာ့ ေမာင္က ခ်ယ့္အေမအိမ္သြားတယ္ပဲထင္တာေပါ့"

"ဪ ကိုသုတ ေတာ္ေတာ္တရားက်ဖို႔ေကာင္းတယ္ေနာ္၊ ကြၽန္မအေမဆီဆိုရင္ေတာ့ မလိုက္ခ်င္ဘူး။ ရွင့္အေမအိမ္သြားမယ္ဆိုရင္ေတာ့ လိုက္ခ်င္တယ္ အဲ့လိုလား"

"မဟုတ္ဘူး၊ ခ်ယ္အထင္မွားေနၿပီ။ ေမာင္ ခ်ယ့္အေမအိမ္သြားရင္ မလိုက္တာ၊ ခ်ယ္မေခၚလို႔ေလ။ သားအမိခ်င္း စကားလြတ္လြတ္လပ္လပ္ေျပာရပါေစဆိုၿပီး မလိုက္တာ"

"အပိုေတြ၊ မလိုက္ခ်င္ မလိုက္ခ်င္ဘူးေျပာ"

"ဪတကယ္ပါဆို၊ ေမာင့္အတင္းတုတ္ခ်င္လည္း တုတ္ရပါေစလို႔၊ ေစတနာနဲ႔ လိုက္မရႈပ္တာကို၊ ရတယ္ အခုကစၿပီး မိန္းမသြားေလရာ ထပ္ခ်ပ္မကြာလိုက္ၿပီးသားပဲ"

"ၾကည့္ရေသးတာေပါ့၊ ၿပီးေတာ့ ေျပာလက္စနဲ႔ တစ္ခါတည္းေျပာျပထားမယ္၊ ရွင္ယူထားတဲ့ ကြၽန္မကလည္း အဲ့လို ေနရာတကာ ေျပာမွသိတာမႀကိဳက္ဖူးရွင့္ သိလား။ ‌အဲ.. ဒီေန႔လို အလိုက္တသိေလး မိန္းမစားဖို႔ စီစဥ္ေပးေတာ့ ဘယ္ေလာက္ေကာင္းလဲ"

"ဟုတ္တယ္ေလ၊ ေမာင္ေျပာခ်င္တာလဲ အဲ့ဒါပဲ။ ေဟာ အရင္က ခ်ယ္မေျပာျပေတာ့ အစပ္မစားႏိုင္မွန္း ေမာင္မသိဘူး။ အခုသိသြားေတာ့ တစ္ခုခုလုပ္ေပးလို႔ရသြားတယ္။ အဲ့ေတာ့ တခ်ိဳ႕ဟာေတြက အၿမဲတန္းေတာ့ သူ႔အလိုလို ဘယ္သိမလဲ မိန္းမရယ္။ ေျပာျပသင့္တာေတြလည္း ေျပာျပမွေပါ့။ ေမာင့္မိန္းမက စကားကို သိပ္ေခြၽတာတာပဲ။

ၿပီးေတာ့ ေမာင့္မိဘေတြကို ခုလိုသိတတ္ေပးတာ ေက်းဇူး။ ေမာင္က မိန္းမ အလိမၼာေလးရထားတာပဲ"

လူကို ဖက္လိုက္ၿပီး ပါးခ်င္းပြတ္တိုက္ကာ ေျပာလိုက္တာမို႔ ခ်ယ့္မွာ ၿပဳံးသြားရၿပီး ေလသံေလး မပြင့္တပြင့္ျဖင့္

"ဒီေန႔ ေမာင္လည္း လိမၼာတာပဲကို.."

သုတ ၾကားလိုက္ရတဲ့စကားေလးေၾကာင့္ ၾကည္ႏူးသြားရသည္။ သူဘယ္ေလာက္ ႏႈတ္တိုက္ခ်ခ် သုတ၊ နင္၊ငါသာ တြင္တြင္သုံးေသာ ခ်ယ့္ႏႈတ္ဖ်ားက စိတ္လိုလက္ရေခၚတဲ့ ေမာင္ဆိုတဲ့ အသံေလးက နားထဲ သကာရည္ေလာင္းခ်လိုက္သလို ခ်ိဳျမသြားတာမို႔...

"ဘာရယ္၊ ေမာင္မၾကားလိုက္လို႔ ထပ္ေျပာပါအုန္း"

ခ်ယ့္မ်က္ႏွာေလးက ရဲရဲတြတ္ကာ၊ သူ႔ရင္ခြင္ထဲက ထြက္ဖို႔ ႐ုန္းရင္းက

"မၾကားလည္း ေနလိုက္ေတာ့.."

သုတ ခ်ယ့္ေမးဖ်ားေလးကို လက္နဲ႔ပင့္ကိုင္ရင္းက အၾကည့္ခ်င္းဆုံေစလိုက္ၿပီး

"ေမာင္က လိမၼာတယ္ေပါ့ ဟုတ္လား?"

ခ်ယ္ သူ႔ကိုၿပဳံးၿပီး ေခါင္းညိတ္ျပေတာ့ ခ်ယ့္လည္တိုင္ေလးမွာ သူ႔မ်က္ႏွာကပ္ၿပီး နားနားကိုကပ္ကာေျပာလိုက္မိတာက

"လိမၼာရင္ ေမာင့္ကို ဆုခ်ေလ..."

ဆုေပးရမယ့္သူက ေပးမယ္မေပးဘူးမေျဖရေသးဘူး၊ ယူမယ့္သူကေတာ့ စတင္ေနၿပီမို႔ ခ်ယ္ သူ႔ရင္ဘတ္ကို ဖြဖြ ပုတ္ကာ

"ေမာင္၊ ေမာင့္ ဧည့္ခန္းႀကီးမွာ...အာ့...ေမာင္ ခ်ယ္ မႀကိဳက္ဖူးဆို "

"အင္းးးး ေမာင္ေတာ့ ႀကိဳက္တယ္"

ခုေလးတင္ လိမၼာတယ္ ခ်ီးက်ဴးမိတဲ့ ဟာကို၊သူက ခ်က္ခ်င္းကိုလူဆိုးေလး ျဖစ္သြားေတာ့တာပါပဲ။

သုတ တေရးႏိုးလာေတာ့ သူ႔ရင္ခြင္ထဲမွာ ေခြေခြေလးတိုးေဝွ႔အိပ္စက္ေနတဲ့ ခ်ယ့္မ်က္ႏွာေလးကို တစိမ့္စိမ့္ၾကည့္ရင္းက နံရံကနာရီကိုၾကည့္လိုက္ေတာ့ လက္တံအတိုေရာအရွည္ပါ ၁၂ကိုေရာက္ေနၿပီ။ အေမ့အိမ္က ျပန္လာၿပီး ႏွစ္ေယာက္သားဆုေပးပြဲက်င္းပလိုက္တာ  အခန္းထဲေတာင္မေရာက္ေတာ့ပဲ ဒီဆိုဖာက်ဥ္းက်ဥ္းေလးမွာပဲ ပူးကပ္ၿပီးအိပ္ေပ်ာ္သြားတဲ့ အျဖစ္ကိုေတြးမိေတာ့ ႏႈတ္ခမ္းေတြက သူ႔အလိုလို ၿပဳံးသြားရ၏။ မ်က္ႏွာေပၚမွာ ေခြၽးနဲ႔ကပ္ေနတဲ့ ဆံစေလးေတြကို သပ္တင္ေပးလိုက္ၿပီး နဖူးေျပေျပေလးအထက္ အနမ္းတစ္ပြင့္ေႁခြခ်မိျပန္တယ္။

သုတ ခ်ယ္မႏိုးေအာင္ အသာေလးထလိုက္ၿပီး ခ်ယ့္ကိုယ္ေလးကိုေပြ႕ခ်ီ၍ အိပ္ခန္းကကုတင္ေပၚေနရာျပန္ေ႐ႊ႕ေတာ့

"အင္းး အြန္းးေမာင္လား??"

အိပ္ခ်င္မူးတူးေလးထေမးေတာ့၊ သုတမွာ ကေလး‌ေခ်ာ့သိပ္သလို ေခါင္းေလးပြတ္လိုက္၊ တင္ပါးေလးပုတ္လိုက္ႏွင့္

"ဟုတ္တယ္ ဟုတ္တယ္ ေမာင္။ ျပန္အိပ္ေနာ္ ကြၽတ္ကြၽတ္ကြၽတ္"

သူ႔ရင္ခြင္ထဲ ေခါင္းေလးတိုးဝင္ကာ ျပန္အိပ္ေပ်ာ္သြားေသာ ခ်ယ့္ကိုၾကည့္ရင္း သူသိလိုက္တာက သူစိတ္ကူးယဥ္ခဲ့တဲ့လက္တြဲေဖာ္နဲ႔ တစက္မွမတူတဲ့၊ မခြၽဲႏြဲ႕တတ္တဲ့၊ နင္ငါ အၿမဲေျပာတတ္တဲ့ သူ႔မိန္းမကို သူခ်စ္ေနမိၿပီဆိုတာပါပဲ။

အိပ္ေနလို႔ ၾကားမၾကားမသိေပမယ့္၊ ခ်ယ့္မ်က္ႏွာေလးကိုၾကည့္ေနရင္းက သုတ တိုးတိုးေလးေျပာလိုက္မိတယ္

"ခ်စ္တယ္..."

အဲ့အခ်ိန္မွာပဲ ခ်ယ့္ႏႈတ္ခမ္းေလးမ်ားက ၿပဳံးေယာင္သန္းသြားၿပီး သူ႔ရင္ခြင္ထဲမ်က္ႏွာကိုဖြက္ကာ ျပန္ေျပာလိုက္တာက

"ငါေရာပဲ..."

"ဟာ ခ်ယ္ ခ်ယ္ ႏိုးေနတာလား၊ ဟုတ္လား"

"မဟုတ္ဘူး၊ အိပ္ေနၿပီ"

"အိပ္ေနတဲ့လူက စကားေျပာလား"

"....."

"အယ္ အိပ္ေနတဲ့ သူက စကားေျပာတယ္လား။ ခုဏကေျပာတာေလး ျပန္ေျပာစမ္းပါ ေမာင္ၾကားခ်င္လို႔"

"အိပ္ခ်င္ၿပီလို႔"

"အင္းပါ အိပ္ရမယ္၊ တစ္ခါပဲ၊ တစ္ခါပဲ ထပ္ေျပာပါ လုပ္ပါ ေမာင္ၾကားခ်င္လို႔"

"ခ်စ္တယ္၊ ခ်စ္တယ္လို႔"

__________________________________
Thu

Pokračovat ve čtení

Mohlo by se ti líbit

3.7K 89 28
"အဲ့မိန်းမက ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဘဝင်လေဟပ်နေတာ....ကျစ်.... ငါကလဲ ဘာလို့အဲ့လိုအမြင်ကပ်ဖို့ကောင်းတဲ့မိန်းမကိုမှ ချစ်မိရတာလဲ " "ဒီမှာ ဒို့အသက်အရွယ်က...
14.3K 661 21
Unicode+Zawgyi တာဝန်သိတဲ့ ကြောင်ပိုင်ရှင်တစ်ယောက်အနေနဲ့ ဒေါက်တာ့ကို ကျွန်မတာဝန်ယူပါ့မယ်.... တာဝန္သိတဲ့ ေၾကာင္ပိုင္ရွင္တစ္ေယာက္အေနနဲ႔ ေဒါက္တာ့ကို ကြၽန...
1.1M 60.4K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.4M 153K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...