First Date

BabeHaru5 által

127K 217 17

first date မှာ First time ပါသွားတယ် Több

First time 1
First date 2
First date 3
Sex Chat 1
Sex Chat 2
Sex chat Photos
second date
အလုပ်ခန်း
လိုး
ရည်းစားဟောင်းနဲ့လိုး

ဖောက်ပြန်ခြင်း

4.7K 13 0
BabeHaru5 által

ကိုကိုဟာ ကျွန်မ အပေါ်ဆို သိပ်ရက်စက်တယ် ဒီကတော့ ဘဝတစ်ခုလုံး ပေးထားခဲ့ပေမယ့် သူဟာ ကျွန်မ ဘဝကို ယူပြီးသွားတဲ့ နောက်ပိုင်းတွေမှာ အေးစက်လာခဲ့တယ် သူငယ်ချင်းပါဆိုတဲ့ မိန်းကလေးတွေနဲ့ ရောရောပြီးနေတတ်ပါသေးတယ်

ပြီးတော့ ရည်းစားဟောင်းနဲ့လဲ ပြန်ဆက်သွယ်နေတယ်တဲ့လေ

တနေ့ ကျွန်မ Fb ကြည့်နေရင်းတွေ့လိုက်ရတယ် သူ့သူငယ်ချင်းပါလို့ သူ့ကိုယ်သူပြောထားပြီး ကျွန်မကို အကူအညီလိုရင်ပြောနော်ဆိုတဲ့ မိန်းကလေးဟာ သူရဲ့my dayမှာ နေကြာပန်း၂ပွင့် လာပေးထားတာကို  တင်ထားတယ် သိပ်ချစ်တယ် ရဲခန့် တဲ့ ဒီအရာကို မြင်လိုက်ရတဲ့အချိန် ကျွန်မ ခေါင်းထဲမှာ

"ညီမလေး အဆင်မပြေရင် မမ ကိုပြောနော် မမ ရှိတယ်သိလား" ဆိုတဲ့ ကောင်မဟာစုံစမ်းကြည့်တော့ ညီမ သိပ်ချစ်ရတဲ့သူရဲ့ ရည်းစားဟောင်းတဲ့

(ကျွန်မသိပ်ချစ်တဲ့အမျိုးသားဟာ ကျွန်မကို ဟိုအရာပေးမယ် ဒီအရာပေးမယ်လို့ပြောခဲ့ပေမယ့် ဘယ်တုန်းကမှ ကျွန်မ မရခဲ့ဖူးဘူး
အဲ့ကောင်မကိုတော့ သူကိုယ်တိုင်သွားပေးခဲ့တာ)

ကိုယ်ကတော့ ဒီလူဟာ ကိုယ့်အပိုင်လို့ တွေးခဲ့ပြီး ရည်းစားဟောင်းကို မဆက်သွယ်ဖို့ သွားပြောခဲ့ပေမယ့်

အဲ့ကောင်မ ပြန်ပြောလာတဲ့စကားဟာ
"ငါတို့က ရိုးရိုးသားသားခင်တာပါ သူငယ်ချင်းလို နမ်းတာလောက်ပါဘဲ" တဲ့

အဆုံးထိ သိပ်ချစ်ရပါတဲ့ အမျိုးသားကို ယုံကြည်ပြီး သူ့ဘက်က မဟုတ်ဘူးဆိုတဲ့ စကားကိုယုံကြည်ပြီး အဲ့ကောင်မ ကိုပြသနာ ရှာခဲ့ပေမယ့်

သူ ကိုယ်တိုင် ကျွန်မကို screenshot ရိုက်ပြခဲ့တယ်

ကျွန်မ သိပ်ချစ်ရပါတဲ့ အမျိုးသားရဲ့ ဖုန်းနံပါတ် ကျွန်မ မှတ်မိတာပေါ့

သူ့ဖုန်းနံပါတ်ကနေ ပို့ထားတဲ့ စာဟာ ကျွန်မရဲ့ ရင်ဘတ်ကို စုတ်ပြတ်သတ်သွားသလိုဘဲ
"မမ က ကျွန်တော် နမ်းတာမှမခံဘဲ ကျွန်တော်က လွမ်းနေခဲ့တာနောက်ခါ မရှောင်ပါနဲ့ နော်  မနက်ဖြန်တွေ့ကြမယ် " တဲ့လေ

ကိုကိုလို့ သူကိုယ်သူခေါ်ပြီး ကျွန်မကိုအမြဲ ခေါ်နေကျ နာမ်စားဖြစ်တဲ့ အသက် ဆိုတဲ့ စကားဟာလဲ မမ ဆိုပြီးခေါ်တဲ့ နာမ်စားလောက် နားဝင်မချိုတော့ဘူး

ယောင်္ကျားလေးတွေဟာ အဲ့အတိုင်းဘဲလား

ယုံကြည်ပြီး ဘဝတစ်ခုလုံးကိုတောင် ပေးအပ်ခဲ့ပေမယ့် နောက်ဆုံးရလိုက်တဲ့ အရာဟာ ရည်းစားဟောင်းနဲ့ ပြန်လည်ပတ်သတ်ခြင်းတဲ့လေ

"ကိုယ်မှားပါတယ် ကိုယ်တောင်းပန်ပါတယ်"

ဒီစကားဟာလဲ အရာမထင်တော့

"ကိုယ်ထွက်သွားပေးမယ်လေ ကိုယ်အမှားကြီးမှားသွားပါတယ်"

"ကိုယ့်ကို မခွင့်လွှတ်ဖူးလား ကိုယ်မင်းကိုဘဲချစ်တာပါ"

(သူဟာ ဘာပြသနာဖြစ်ဖြစ် အမြဲ ထွက်သွားဖို့ကို ရွေးချယ်ခဲ့တယ် သူကိုယ်တိုင် အပြစ်လုပ်မိရင်တောင် အမြဲ သူထွက်သွားတယ်)

သူ့ကိုမုန်းပစ်ချင်တယ်

အပြင်ကိုတစ်ယောက်ထဲ ထွက်သွားတယ် ဆေးလိပ်တစ်ဗူးဝယ်တယ် ဘီယာလဲမပါမဖြစ်

(အိမ်ကလူတွေကိုပြောခဲ့တာတော့ သူငယ်ချင်းအိမ်မှာ အိပ်မယ် ဆိုပြီးတော့ပေါ့)

ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ်သောက်တယ် ရင်ဘတ်ထဲ အထိ ရောက်အောင် ရှိုက်တယ် မိန်းကလေးဖြစ်ပြီး ဆေးလိပ်မသောက်ရဘူးလို့ပြောတဲ့ သူ့အသံတွေ ကြားယောင်လာမိတယ် ဆေးလိပ်တွေ ရှိုက်လေလေ ပိုလွမ်းလေလေ

သူဟာ သူ့အမှားပါလို့ပြောပြီး ထွက်သွားခဲ့ပေမယ့် ကျန်နေခဲ့ရတဲ့သူဟာ အရူးတစ်ယောက်လို ငိုနေမိတယ် ပြန်လာဖို့လဲ ပြောချင်ပေမယ့် မှားတဲ့သူတောင်ထွက်သွားသေးတာဘဲ ဘာလို့ သက်ဖူး က ပြန်လာဖို့ပြောရမှာလဲ

နာကျင်ရတယ် အရမ်းဘဲ

________________________

ငိုနေမိတယ် ဘယ်သူမှ မသိအောင် ကျုံးဘေးက ထိုင်ခုံပေါ်မှာ ထိုင်ရင်း ဘီယာ ၅ဘူးလောက်ဝယ်လာခဲ့တာ အခုဆို ၂ဘူးတော့ကုန်သွားခဲ့ပြီ

တစ်ဖြည်းဖြည်း နဲ့ သူ့အကြောင်းတွေးတိုင်း သူနဲ့ သူ့ရည်းစားဟောင်းနဲ့ ဖြစ်ခဲ့တဲ့အရာကို တွေးမိသွားတိုင်း ငိုမိတယ်

အခုထိ သူဖုန်းမဆက်သေးပါ
သက်ဖူးကတော့ စောင့်နေပါသေးတယ်

အဲ့အချိန် ဖုန်းစိမ်းတစ်လုံးဝင်လာတယ်

"ဟယ်လို "

"သက်ဖူးလား"

"ဟင် ကိုကိုလား အဟင့် ‌အသက်က စောင့်နေတာ အသက်လေ ကိုကို့ကို ခွင့်လွှတ်ပါတယ် အဲ့တာကြောင့် မထွက်သွားပါနဲ့နော်"

"ဘာတွေပြောနေတာလဲ ငါပါ ဇွဲထက်"

"အော် နင်က ဘာလို့ ဖုန်းဆက်ရတာလဲ ဒါဘဲ"

သူ့ နာမည်ကြားတာနဲ့ ဖုန်းတန်းချလိုက်တယ်

(သက်ဖူး သူ့ကို အရမ်း အမြင်ကပ်တယ် သူဟာ သက်ဖူးကို  လိင်ကိစ္စ ခနခန တောင်းဆိုခဲ့ပေမယ့် သက်ဖူး ငြင်းခဲ့တာကြောင့် နောက်တစ်ယောက်နဲ့ ဖောက်ပြန်သွားခဲ့တာ)

နောက်တစ်ခေါက် ဖုန်းထပ်လာခဲ့တယ်
"ဟယ်လို ပူတူး"

"မခေါ်စမ်းနဲ့ နင့်အသံကို ရွံလွန်းလို့"

"ပူတူး ခုနက ပြောတာ ဘယ်လို သဘောလဲ ဟင် ဟိုကောင် ပူတူးကိုပျော်အောင်မထားတာလား ကိုယ်မပြောထားဘူးလား မပျော်ရင် ကိုယ့်ဆီပြန်လာပါလို့ "

"တော်စမ်းပါ နင်လဲ အတူတူ ဘဲ တစ်ယောက်က လိုချင်တာရှိလို့ ဖောက်ပြန်တယ် တစ်ယောက်က လိုချင်တာ ရပြီးလို့ဖောက်ပြန်တယ် ဒါယောင်္ကျား တွေရဲ့ ပုံစံဘဲမလား"

ငိုနေရင်းနဲ့ ပြောလိုက်တယ် သက်ဖူးလေ ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး

"ပူတူး အခု ဘယ်မှာလဲ အပြင်ရောက်နေတာလား အအေးပတ်တော့မှာဘဲ"

"ငါ့ဘာသာ ဘယ်ရောက်ရောက်ပေါ့ဟာ နင်နဲ့ ဘာမှ မဆိုင်ပါဘူး အခု ငါတစ်ယောက်ထဲ အေးဆေးနေချင်လို့ပါ နင်မဆက်ပါနဲ့တော့"

" ကိုယ်မင်းအမေနဲ့တိုင်လိုက်ရမလား အခုဘယ်မှာလဲလို့ မေးနေတယ်လေ မင်းအသံ ကြားတာနဲ့ မူးနေမှန်း ကိုယ်သိတယ်နော် ဘယ်ရောက်နေတာလဲ"

"သွားစမ်းပါ လာပြီးစိတ်ပူမနေပါနဲ့ ငါလေ ဘယ်သူ့ကိုမှလဲ ထပ်မယုံချင်တော့ဘူး အဲ့တာကြောင့် ငါ့ကို တစ်ယောက်ထဲဘဲ လွှတ်ထားပေးပါ"

"ပူတူး စိတ်‌ကိုအေးအေးထားနော် ကိုယ် မင်းကို စိတ်ပူလို့ပြောနေတာ မိန်းကလေးတစ်ယောက်ထဲ အပြင်မှာ မကောင်းတဲ့သူနဲ့တွေ့နေမှာစိုးလို့"

"ငါ့အပေါ်ဆို ဘယ်သူမှ မကောင်းကြဘူး
နင်ရောဘဲမလား ဟမ် ပြောစမ်းပါ"

ရဲခန့်ပေါ်မှာ ပြောမထွက်တဲ့ ဒေါသတွေအကုန် ဖုန်းပြောရင်း ဇွဲထက်ပေါ်ကို ပုံချလိုက်တယ်

"ဟုတ်ပါတယ် ကို မကောင်းခဲ့ပါဘူးကွာ
အခုတော့ ဘယ်မှာလဲပြောအုံး ‌ဒီလောက်အေးနေတာကို တစ်ယောက်ထဲနေနေတာ ကိုယ်စိတ်ပူနေလို့ပါ"

"အခုလား ဘယ်သူမှလဲ ငါ့အနားမရှိဘူး နင်လဲ မလာပါနဲ့ "

စကားပြောနေရင်းနဲ့ ထပ်ပြီး ငိုနေမိပြန်ပြီ
သက်ဖူးရဲ့ စိတ်ထဲမှာ ဘာမှ မရှိတော့ဘူး ဒေါသထွက်တာလဲမရှိတော့ဘဲ နှစ်သိမ့်ပေးမယ့် သူ တစ်ယောက်ယောက်လိုလာသလိုမျိုးဖြစ်လာတယ် တစ်ယောက်ယောက်ရဲ့ ရင်ထဲကို ဝင်ပြီး ငိုချင်လာတယ် တစ်စုံတစ်ယောက်က ဖက်ထားပေးတာကို လိုချင်လာတယ် ရင်ဘတ်ထဲမှာ မွန်းကြပ်သမျှကို ရင်ဖွင့်လိုက်ချင်တယ်

"ကိုယ်အခုလာခဲ့မယ်လေနော် ပူတူးအနားမှာ ကိုယ်အမြဲရှိပါတယ်ကွာ"

"အဲ့တာဆို လာခဲ့ အခုလေ ငါ အရှေ့ ကျုံးဘက်မှာ "

"ခနလေးဘဲစောင့်နော်"

"အင်း"

__________________________________

သက်ဖူး ဘီယာ နောက်ထပ်တစ်ဘူးကို ထပ်သောက်တယ် ပြီးတော့ ဆေးလိပ်တွေ ‌သောက်လွန်းလို့ တစ်ဘူးလုံးကုန်တော့မှာ

ခနလောက်နေတော့ ဇွဲထက်ရောက်လာတယ် သူတို့ပြတ်ပြီးနောက်ပိုင်း အပြင်မှာ ပြန်တွေ့တာ ဒါပထမဆုံးဘဲ

____________________________________

သက်ဖူးနဲ့ သူနဲ့က တစ်မြို့ထဲ‌နေပေမယ့် တစ်လနေမှသာ တစ်‌ခါလောက်ဘဲ တွေ့ရတယ် သူတို့ တွဲနေတဲ့ ၂နှစ်အတွင်းမှာ သက်ဖူးအပေါ်မှာလဲ သူသိပ်ချစ်တယ် ဒါပေမယ့် အနေနီးပြီး နေ့တိုင်းတွေ့နေရတဲ့ သူအပေါ်မှာ စိတ်ယိုင်သွားပြီး သက်ဖူးကို ဖောက်ပြန်ခဲ့မိတယ် သူအမှားကို သက်ဖူးဟာ ခွင့်လွှတ်ပေးခဲ့ပါတယ် ဒါပေမယ် ထပ်တလဲလဲ အဲ့အမှားတွေကိုဘဲ လုပ်မိသွားတော့ သူ့ကို နောက်ဆုံးအခွင့်အရေးထပ်မပေးတော့ဘဲ စွန့်လွှတ်လိုက်တယ် သူ ဘယ်လောက်ဘဲ ဆက်ပြီး ဆက်သွယ်နေပါစေ သူခေါ်သမျှ ဖုန်းတိုင်းကို တန်းပြီး block လိုက်တယ် နောက်တော့ သိလိုက်ရတာ သူ့မှာ ရည်းစားရှိသွားပြီဆိုတာဘဲ သူ့ရည်းစားက သိပ်ချစ်ရှာပါတယ်  ဒီနေ့မနက်တော့ သူ့ ACC လေးထဲကို ဝင်ကြည့်နေကြ အတိုင်းဘဲ ACC အတုနဲ့ခိုးကြည့်မိတော့ ဝမ်းနည်းနေတဲ့အကြောင်းတင်ထားတာတွေ့လို့ ဖုန်းကဒ်အသစ်တစ်ခုနဲ့ ဆက်သွယ်လိုက်တယ်

သူ့ အသံ က ငိုနေတဲ့ ပုံဘဲ ကိုကို တဲ့ ခေါ်လိုက်တဲ့အသံလေးကို အရမ်းလွမ်းနေခဲ့တာ
နောက်မှ သူ့ရည်းစားထင်ပြီ ခေါ်တာ ကိုယ်မှန်းသိတော့ တန်းပြီးဖုန်းချသွားတယ် ကိုယ့်ကို အဲ့လောက်တောင်စိတ်နာနေတာလား ပူတူးရယ် လို့ တွေးမိလိုက်ပါတယ်

အသံကလဲ မူးနေတဲ့ပုံပေါက်တော့ ဖုန်းထပ်ဆက်‌လိုက်ပြီး ဒီတစ်ခါတော့

သူ့အသံက ခပ်မာမာဘဲပြောတယ်
စိတ်ပူလွန်းလို့ မေးတော့ နောက်ဆုံးမှ ‌နေရာပြောတယ်

ဆောင်းရာသီဆိုတော့ အေးတော့ အနွေးထည် တစ်ထည်ပါ ထပ်ယူလာပြီး ချက်ချင်းဘဲ သူ့ဆီကိုသွားလိုက်တယ် ‌

ဟောတွေ့ပါပြီ တစ်ချိန်က သိပ်ချစ်ဖို့ကောင်းတဲ့ကောင်မလေး ဘေးနားမှာလဲ ဘီယာဗူးနဲ့ ဆေးလိပ်နဲ့ တော်တော်မူးနေတဲ့ပုံစံဘဲ

"ပူတူး"

"ဟင် ကိုကိုလား"
ထပ်ပြီးမှားခေါ်ပြန်ပြီ အရင်ကလဲ ဒီနာမ်စားလေးဘဲ ခေါ်နေကြ အခုတော့ ကိုယ့်အတွက်မဟုတ်ဘဲ တခြားတစ်ယောက်အတွက်ဖြစ်နေပြီ

အရင်ဆုံး ယူခဲ့တဲ့ အနွေးထည်လေးကို အပေါ်ကနေ ဝတ်ပေးလိုက်တယ်

"ဒီမှာ ဒီလောက်အေးနေတာကို ပူတူးရယ် ဘာလို့နေနေရတာလဲ"

"ရင်ထဲမှာပူလောင်လို့ ဒီမှာနေရင် အေးမယ်ထင်လို့"

"ဘာတွေဖြစ်နေလဲဆိုတာကို ကိုယ့် ကိုပြောပြလို့ရမလား"

"သေချာကြည့်မှ နင်က ငါ့ကိုကိုလဲမဟုတ်ဘူး"

"မဟုတ်လဲ ပြောပြပါကွာ မပြောချင်ရင်တောင် ရင်ထဲမှာ ပူလောင်နေရင် ငိုချပစ်လိုက်နော် ကိုကိုရှိတယ်"

သက်ဖူး စိတ်ထဲမှာ ငိုချင်တာဘဲ ရှိတယ် ပြီးတော့ ချော့တဲ့ကလေး ပိုပြီး ငိုချင်လေဆိုသလိုဘဲ ဇွဲထက်က ဖက်ထားပေးပြီး ချော့တဲ့စကားပြောလာတဲ့အခါ သူ့ကို ဖက်ပြီးငိုလိုက်တယ်

"ငါ့တကယ်ဘဲ အချစ်မခံရသင့်တာလားဟင်"

"မဟုတ်တာ ကိုယ့်ရဲ့ ပူတူးလေးကလေ အခုလဲအချစ်ခံနေရတာဘဲကို"

"ဘယ်မှာလဲ အဟင့်"

"ဟော အခု ဒီမှာ ကိုကိုက ချစ်နေတာဘဲကို
ကိုကိုကပြောထားတယ်လေကွာ ပူတူးသူ့ဆီမှာမပျော်ရင်ကိုယ့်ဆီပြန်လာပါလို့ မေ့နေတာလား "

"ဟင့်အင်း သူ့ဆီမှာဘဲနေချင်တယ်"

"ဟုတ်ပါပြီ အခု ငိုအုံးမှာမလား ဆက်ငို ကိုကိုရှိ‌တယ်နော်"

ဆက်သောက်ရင်းနဲ့ ငိုလိုက် သောက်လိုက် စကားပြောလိုက်နဲ့ ည ၈နာရီကျော်သွားတယ်

"သက်ဖူး အိမ်မပြန်ဘူးလား"

"မပြန်တော့ဘူး ဒီနေ့ သူငယ်ချင်းအိမ်မှာ အိပ်မယ်လို့ပြောထားတယ်"

"ကိုယ်လိုက်ပို့ပေးမယ်လေ"

"ရတယ် ဒီည တစ်ညလုံး အဝငိုမှာ"

သက်ဖူးတစ်‌ယောက်ထဲ ဘီယာ၄ဘူးလုံးသောက်လိုက်တယ် ကျန်တဲ့တစ်ဘူးကတော့ သက်ဖူးသောက်မှာစိုးပြီး ဇွဲထက် သောက်လိုက်လို့သာပေါ့ မဟုတ်ရင် ဒီကလေးမလေး ထနိုင်မှာတောင်မဟုတ်ဘူး အခုတောင် တော်တော်မူးပြီး ငိုနေတာ အိမ်ပြန်မလားဆိုတော့လဲ မပြန်ဘူးတဲ့

"အယ် သတိရပြီ " မူးမူးနဲ့ နှုတ်ခမ်းလေးဆူပြီးပြောနေတာ ချစ်စရာလေး

"ဘာကိုလဲ ပူတူးရဲ့"

"နင်ငါ့ကိုချစ်လား"

"ချစ်တယ်"

____*___*____*____*_____

နောက်မှဆက်ရေးတော့မယ် လက်ညောင်းလာပြီ (ထန်ဘဲထန်နေကြတော့ ပျင်းနေကြမှစိုးလို့ စိတ်ကူးပေါက်ရာ လျှောက်ရေး)

Olvasás folytatása

You'll Also Like

54.3K 2.3K 22
Story about a married couple who's life was so toxic to live in. ⚠️ !!!𝗔𝗧𝗧𝗘𝗡𝗧𝗜𝗢𝗡!!!⚠️ ♡ This story is going to contain domēstic abu$e, so r...
786K 15.7K 112
Yaszy Romano has been through so much pain and suffering her entire life but it makes her who she is. Dark Angel...Dangerous, Powerful. An Assassin...
66.6K 179 16
These are stories of people giving birth -multiple stories-