ကျွန်မယောက်ျားကပျိုတိုင်းကြို...

נכתב על ידי dream_n99

64.2K 6.5K 146

နှစ်ခါလက်ထပ်ပွဲပျက်ခဲ့ပြီးနောက် စူးမီဟာမက်မွန်ပန်းပွင့်ပုပ်နှစ်ပွင့်နဲ့ကြုံတွေ့ခဲ့ရသည်။ တစ်ယောက်ကသူမအပေါ်လိုခ... עוד

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
ဂရုဖွင့်ပါပြီ
Chapter 10.1
Chapter 10.2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29.1
Chapter 29.2
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50

Chapter 23

1.1K 136 8
נכתב על ידי dream_n99

" ကိုယ့်နောက်လိုက်ဖို့ဆန္ဒရှိရဲ့လား?"

လေပြေလေးသည် စူးမီရဲ့နားကိုတိုးဝှေ့သွားပြီး ယားကျိကျိဖြစ်စေသည်။ သူမစိတ်တွေတခဏမျှ ဟာလာဟင်းလင်းဖြစ်သွားကာ သူမဘေးပတ်လည်ကလူတွေသည် ချင်ယန်ပြောလိုက်တာကို မကြားရဘူးဆိုသော်ငြား သူမပါးပြင်လေးတွေအလိုအလျောက် ရဲတတ်လာကာ နှလုံးသားသည်ဗုံတစ်လုံးလို ခုန်ပေါက်လျက်ရှိသည်။ 

ပြီးခဲ့တဲ့ရက်‌တွေမှာ သူမချင်ယန့်ကိုစိတ်ဆိုးနေခဲ့သည်။ သူသာမပါရင် သူမမြို့တော်ကိုရောက်လာနိုင်စရာအကြောင်း မရှိနိုင်လောက်ပေမဲ့ သူမကတော့သူ့ကိုစိတ်ဆိုးတုန်းပါပဲ။ သူမလီရှို့ယွမ်ကိုလက်မထပ်ချင်တာကို သူသိပေမဲ့ ရွေးချယ်တဲ့ဖြစ်စဉ်မှာသူမကိုကျရှုံးအောင် တမင်တကာလုပ်ခဲ့ပြီး သူမကိုလီရှို့ယွမ်ဆီသွယ်ဝိုက်တဲ့နည်းနဲ့ တွန်းပို့ခဲ့သည့်အတွက် သူမသူ့ကိုဒေါသထွက်သည်။ 

ဒါပေမဲ့ လက်ရှိအချိန်တွင် သူ့စကားတွေကြောင့်ပဲ သူမရုတ်တရက်‌ပျော်ရွှင်မှုတွေ တဖန်ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။ နီရဲနေဆဲမျက်နှာလေးဖြင့် စူးမီအလျင်မြန်ခေါင်းညိတ်လိုက်သည်။ ခေါင်းညိတ်ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကိုတော့ စူးမီဝေဝါးဝါးသာမှတ်မိတော့သည်။ တန်းစီထားတဲ့မိန်းမပျိုတွေအနောက်မှာ ပြန်တန်းစီလိုက်ပြီး မိန်းမစိုးတွေကထိုက်ယွမ်နန်းဆောင်သို့ သူမအခန်းဆီပြန်ရောက်သည်အထိ ပြန်ခေါ်သွားပေးသည်။ 

ကျန်းယွဲ့အာသည် စောင်ထဲမှာခေါင်းမြှုပ်ကာ မှောက်လိုက်လှန်လိုက်ပြုလျက် မကြာခဏအသံဗလံလေးတွေထွက်နေတဲ့ စူးမီကိုကြည့်ကာ အစ်မစူးတစ်ယောက်ဘာဖြစ်နေတာလဲလို့ သိချင်မိသွားသည်။ 

********

ချင်ယန် မျက်ဝန်းထောင့်ကနေ စူးမီရဲ့နောက်ကျောလေးကို ဖြတ်ခနဲကြည့်လိုက်သည်။ အခုတင် သူမေးချင်နေတဲ့မေးခွန်းကို မေးခဲ့သည်။ တကယ်တော့ ဒီမေးခွန်းကိုစူးမီပြန်ဖြေဖြေ မဖြေဖြေသူ့အတွက်ကိစ္စမရှိပေ။ ဒါပေမဲ့ စူးမီကတုံ့ဆိုင်းခြင်းအလျဉ်းမရှိပဲ ခေါင်းညိတ်ခဲ့သဖြင့် ဒါကချင်ယန့်ကို ကျန်းဟွိုက်အန်းကိုတောင် ပိုပြီးနှစ်သက်စဖွယ်ကောင်းတယ်လို့မြင်လာစေသည်။ 

မိန်းမပျိုတွေအားလုံးကို မိန်းမစိုးတွေကဦးဆောင်ကာပြန်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်တွင် ဧကရာဇ်မင်ရွှမ်နှင့်အမတ်တချို့သာ တော်ဝင်ဥယျာဉ်ထဲမှာကျန်ခဲ့သည်။ 

" အရှင်မင်းကြီး ကျွန်တော်ခုနကမိန်းကလေးကိုလက်ထပ်ချင်ပါတယ်"

နောက်ဆုံးတွင် ချင်ယန်ပြောလိုက်သည်။ ချင်ယန့်စကားပြောလို့ပြီးသွားသည်နှင့်ချက်ချင်းပင် ဘေးတစ်ဖက်ကကျန်းဟွိုက်အန်း ချက်ချင်းအရှေ့ထွက်လာသည်။ 

" အရှင်မင်းကြီး ခုနကမိန်းကလေးကကုန်သည်တစ်ယောက်ရဲ့သမီးပါပဲ သူကဘယ်လိုလုပ်ပြီးအရှေ့ပိုင်းဌာနအကြီးအကဲနဲ့ထိုက်တန်ပါ့မလဲ?"

" အဲ့ဒီလိုလား?"

ချင်ယန် ကျန်းဟွိုက်အန်းဘက်လှည့်ကာ ပြုံးပြလိုက်သည်။ 

" အမတ်ချုပ်ကြီးကျန်း ကျုပ်ရုပ်ရည်ကိုခင်ဗျားဘယ်လိုထင်လဲ?"

သူ့ဘဝရဲ့မျှော်လင့်ထားမှုကိုကျော်လွန်လာပြီဖြစ်တဲ့ ကျန်းဟွိုက်အန်းသည် မိန်းမစိုးတစ်ယောက်ရဲ့ဒီလိုရယ်စရာကောင်းတဲ့ မေးခွန်းမျိုးအမေးခံလိုက်ရပေမဲ့ ချင်ယန့်ကိုဖျောင်းဖျသိမ်းသွင်းဖို့အတွက် မျက်နှာသာတစ်ချို့တော့ပေးရမှာပင်။ 

" ‌သေချာတာပေါ့ အကြီးအကဲချင်ကသံသယဖြစ်ဖွယ်မရှိအောင် ချောမောခန့်ညားပြီး ရည်မွန်တာပေါ့"

ကျန်းဟွိုက်အန်း မျက်နှာအမူအရာမရှိပဲ သွက်လက်စွာပြောသွားခဲ့ပြီး ယောက်ျားတစ်ယောက်ရဲ့အလှတရားကို ချီးမွမ်းခြင်းကသူ့ဘဝရဲ့ဆယ်စုနှစ်ပေါင်းများစွာမှာ တခါမှမလုပ်ဖူးတဲ့အရာဖြစ်သည်။ 

ချင်ယန် ဟက်ခနဲရယ်မောလိုက်သည်။ 

" အမတ်ချုပ်ကြီးကျန်းပြောတာမှန်ပါတယ် ဒါကြောင့်ပဲ ကျုပ်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ဒီမိန်းမပျိုတွေထဲကနေဒီမိန်းကလေးကိုရွေးချယ်တာပေါ့"

  

ကျန်းဟွိုက်အန်း ဒေါသဖြစ်စွာအံကြိတ်လိုက်သည်။ စူးမီရဲ့ရုပ်ရည်အသွင်အပြင် အလွန်ထူးကဲတာကို သူ,မငြင်းဆိုနိုင်ပေ။ မိန်းမပျိုတွေမှာကိုယ်စီအလှတစ်မျိုးစီရှိကြပေမဲ့ ရုပ်ရည်အပေါ်အလေးအနက်အကဲဖြတ်ရမည်ဆိုလျှင် စူးမီသည်‌ရွေးချယ်မခံရတဲ့မိန်းမပျိုတွေနဲ့ယှဉ်ရင် အလှဆုံးဆိုတာရှင်းလင်းပါသည်။ ဒါပေမဲ့ အဆင့်တန်းမြင့်စွာမွေးဖွားလာတဲ့ အမတ်ရဲ့သမီးပျိုအစား လှပတဲ့ကုန်သည်သမီးကိုရွေးချယ်တာက ယောက်ျားတစ်ယောက်မဟုတ်ပဲ မိန်းမစိုးတစ်ယောက်ဖြစ်တဲ့ချင်ယန်အတွက် ဘာများအသုံးဝင်လို့လဲ?

" အကြီးအကဲချင် သူကမင်းရဲ့အဆင့်အတန်းနဲ့မလိုက်ဖက်ပါဘူး"

" သူကျုပ်ရဲ့လူဖြစ်လာတာနဲ့ သူ့အဆင့်အတန်းကအလိုအလျောက်ကျုပ်နဲ့တန်းတူဖြစ်သွားလိမ့်မယ်"

" မင်း....ဒါကဘယ်လိုယုတ္တိမရှိတာမျိုးလဲ?"

" အဟွတ်..အဟွတ်...."

အချိန်ကိုက်ပုံစံဖြင့် ကျူးကျင်းယွီ အကြိမ်အနည်းငယ်ခန့်ချောင်းဆိုးသွားသည်။ သူ့ဘေးမှာရှိနေတဲ့ လွီသဲ့ဟိုင်သည်သူပြန်အနားယူတော့မယ်ဆိုတာ သိလိုက်သည်။ ဒီနေ့သူအပြင်မှာရှိနေတာအတော်ကြာသွားခဲ့တာ အမှန်ပင်။ 

" ကောင်းပြီ အမတ်ချုပ်ကြီးကျန်း ကျန်းကချင်ယန်ရဲ့ရွေးချယ်မှုကိုသဘောတူလိုက်ပြီဆိုတော့ ကျန်းရဲ့ကတိကိုပြန်ဖျက်လို့မရဘူး ပြီးတော့ဒါကသူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ ဒါကြောင့်အမတ်ချုပ်ကြီးသူ့ကိုမဖျောင်းဖျနေနဲ့တော့"

" အရှင်မင်းကြီး....!"

ချင်ယန် ကျန်းဟွိုက်အန်းကိုစကားပြောဖို့ အခွင့်အရေးမပေးပဲ ကျန်းဟွိုက်အန်းအရှေ့မှာပိတ်ရပ်ကာ....." ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"

" အားလုံးပဲပြန်ကြတော့ ကျန်းလည်းပင်ပန်းနေပြီ"

လွီသဲ့ဟိုင် ကိုယ်ကိုကိုင်း၍ ကျန်းဟွိုက်အန်းဒေါသတကြီးထွက်သွားတာကို ကြည့်လိုက်သည်။ ချင်ယန့်ဘေးမှာစစ်တုရင်အပိုင်းစလေးထားဖို့ ညှိနှိုင်းလို့မရခဲ့ပေမဲ့ သွားရမည့်လမ်းကအရှည်ကြီးရှိနေပါသေးသည်။ သူတို့တွေမှာ အနာဂတ်အတွက်အစီအစဉ်ချဖို့ပဲ တတ်နိုင်တော့သည်။ သူပြန်လှည့်ကာ ဦးညွတ်လိုက်သည်။ 

" အရှင်မင်းကြီး အိပ်ဆောင်ကိုပြန်ကြွတော့မလား?"

" အင်း ပြန်ကြတာပေါ့"

ကျူးကျင်းယွီ ထရပ်လိုက်ချိန်တွင် ချန်ချင်နန်းဆောင်ဆီမထွက်ခွာခင် ချင်ယန်ရှိရာဘက်ကို မသိမသာခေါင်းဆတ်ပြလိုက်သည်။  

တော်ဝင်ဥယျာဉ်ထဲကလူတွေ ရုတ်တရက်အလျှိုလျှိုပျောက်ကွယ်ကုန်ပြီး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဧကရာဇ်ထွက်ခွာသွားပြီးနောက်တွင် ဖုန့်ပေါင်ခြေလှမ်းဖွဖွဖြင့် အနားရောက်လာသည်။ 

" အမိန့်ရှိပါသလား သခင်ကြီး"

ကျောက်ခင်းလမ်းတွင်လျှောက်ရင်း နေရာအပြင်ဘက်တွင်ပေါက်နေတဲ့ အစိမ်းရောင်နွယ်ပင်လေးကို ပေါ့ပေါ့တန်တန်ဆွဲနှုတ်ပစ်လိုက်ပြီး မေးလိုက်သည်။ 

" ရွေးချယ်မှုမှာကျရှုံးတဲ့မိန်းမပျိုတွေကို ဘယ်အချိန်ပြန်ပို့မှာလဲ?"

" သခင်ကြီးကိုတင်ပြပါတယ် နန်းတော်ထဲမှာအချည်းနှီးဖြစ်တဲ့သူတွေကို ထည့်သွင်းမစဉ်းစားနိုင်တဲ့အတွက် မနက်ဖြန်ကျရင်ပြန်ပို့မှာပါ"


ထိုက်ယွမ်နန်းဆောင်ရဲ့အတွင်းခန်းထဲတွင် တခဏကြာပြီးနောက် စူးမီသည်ချင်ယန်နဲ့လက်ထပ်ရတော့မည်ဆိုတာကို နောက်ဆုံးတွင်'လက်ခံ'လိုက်ပြီး စောင်အောက်ကနေခေါင်းပြန်ထွက်လာသည်။ မျက်နှာပေါ်ကရှက်သွေးနီနီတွေ နောက်ဆုံးမှာပျောက်ကွယ်သွားပြီးနောက် ဆံထုံးကိုသေသေသပ်သပ် ပြန်ပြင်ဆင်လိုက်ချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာသည်။ 

ကျန်းယွဲ့အာ တံခါးထဖွင့်လိုက်ရာ ရဲတင်းတဲ့အမူအရာဖြင့် စူးကျန်းအခန်းထဲဝင်လာသည်။ 

" ဘာလာလုပ်တာလဲ?"

စူးကျန်းကိုမြင်လိုက်ရချိန်တွင် စူးမီမျက်နှာအေးစက်သွားသည်။ 

" ဒါပေါ့ မမကိုလာတွေ့တာပေါ့"

စူးကျန်းပြုံးလိုက်သည်။ သူမနှလုံးသားထဲမှာမနာလိုမှုရှိနေပေမဲ့ ပြောဖြစ်အောင်ပြောလိုက်ပါသေးသည်။ 

" ငါ့ရဲ့သနားဖို့ကောင်းတဲ့မမနှယ် စေ့စပ်ပွဲနှစ်ခါပျက်ထားပြီး အိမ်ထောင်ကောင်းကောင်းရမဲ့အလားအလာမရှိသေးပါလားနော်"

စူးမီ နှာမှုတ်သရော်လိုက်သည်။ 

" စူးကျန်း မင်းဒီစကားတွေကိုလူကြီးမင်းချင်အရှေ့မှာပြောရဲလား"

" အိုး ညီမကမမအတွက်မခံနိုင်လို့ပါ ညီမရဲ့စေတနာကောင်းတွေကိုအထင်မမှားပါနဲ့"

" တို့ကတော့ဘာတစ်ခုမှ မခံမရပ်နိုင်ဖြစ်တယ်လို့မခံစားရပါဘူး"

စူးမီ စူးကျန်းရဲ့စကားတွေကို တစ်လုံးချင်းစီချေဖျက်ကာ စူးကျန်းကိုစကားပြောစရာရှာမရအောင် ဖြစ်သွားစေသည်။ 

စူးကျန်းသည်စကားဝိုင်းကိုစဖို့ ကောက်ရိုးတစ်မျှင်ကိုဆုပ်မိဆုပ်ရာ လိုက်ဆွဲနေတဲ့အတွက် ကျန်းယွဲ့အာ ဆက်သည်းမခံနိုင်တော့ပေ။ မိန်းမစိုးတစ်ယောက်နဲ့လက်ထပ်ရတာကို ဘယ်သူကပျော်ရွှင်ပါ့မလဲ? တွေးကြည့်လိုက်ရုံနဲ့တင် ကျန်းယွဲ့အာ စူးမီအတွက်စိတ်မကောင်းဖြစ်ရပေမဲ့ စူးကျန်းကတော့ဒီကိစ္စကိုပဲဆက်တိုက်အစဖော်နေသည်။ 

" အစ်မကျန်း ညီမခေါင်းကိုက်နေလို့ အနားယူချင်ပြီ"

ကျန်းယွဲ့အာ ထိုသို့ပြောတာကိုမြင်လိုက်ရပြီး သူမလည်းဒီမှာဆက်နေဖို့ပျင်းရိလွန်းတာကြောင့် လျင်မြန်စွာပြန်ဖြေလိုက်သည်။ 

" ကောင်းပြီ ဒါဆိုမင်းအနားယူလို့ရအောင် တို့သွားတော့မယ်"

တံခါးဝ‌ရောက်ချိန်တွင် စူးကျန်း စူးမီကိုစောင်းငဲ့ကြည့်ကာ....." ပြီးတော့ မမရောပဲ အတွေးလွန်မနေနဲ့အုံး"

ပြောရမှာတော့ထူးဆန်းသည်။ ကျန်းယွဲ့အာကိုဧကရာဇ်ရွေးချယ်လိုက်ချိန်က သူမအရမ်းကြီးစိတ်ထဲမသက်မသာမဖြစ်ပေမဲ့ စူးမီကမိန်းမစိုးနဲ့တွဲဖက်သွားချိန်မှာတော့ သူမဒေါသဖြစ်မိသည်။ 

စူးကျန်းထွက်သွားပြီးနောက် ကျန်းယွဲ့အာနူးညံ့စွာပြောသည်။ 

" ညီမတို့ရွေးချယ်လို့မရတဲ့အရာတွေ အများကြီးရှိတယ် အစ်မစူး"

စူးမီ ရယ်မောလိုက်သည်။ 

" ယွဲ့အာ တို့တကယ်ဆန္ဒရှိတာပါ လူကြီးမင်းချင်ကတို့အပေါ်ကောင်းပါတယ်"

" ဒါပေမဲ့ ပြီးခဲ့တဲ့အခေါက်ကသူအစ်မကိုအပြစ်ပေးခဲ့တယ်လေ"

" သူအစ်မကိုအပြစ်မပေးခဲ့ပါဘူး ဒဏ်ရာက အရင်ကကိုယ့်ဘာသာကိုယ်ထိခိုက်မိခဲ့လို့ပါ"

ကျန်းယွဲ့အာ သဘောပေါက်သွားပုံရသည်။ 

" အိုး ကောင်းတာပေါ့ အစ်မချစ်တဲ့လူကိုလက်ထပ်နိုင်လို့တော်သေးတာပေါ့"

စူးမီ သူမစကားတွေကြောင့်အံ့အားသင့်သွားသည်။ 

" အချစ်လား?"

" တစ်စုံတစ်ယောက်ကိုလိုလိုလားလားနဲ့လက်ထပ်ချင်တယ်ဆိုတာက သူ့ကိုချစ်တာနဲ့အတူတူပဲမဟုတ်ဘူးလား?"

ကျန်းယွဲ့အာ ပြုံးလိုက်တော့ မျက်နှာလှလှလေးပေါ်မှာပါးချိုင့်လေးနှစ်ခုပေါ်သွားပြီး ချစ်စဖွယ်ကောင်းနေသည်။ 

T/N  ဂရုဝင်မယ်ဆိုရင် ၃၀၀၀ကနေ ၂၅၀၀ ပဲကျသင့်ပါတော့မယ်




Zawgyi

" ကိုယ့္ေနာက္လိုက္ဖို႔ဆႏၵရွိရဲ႕လား?"

ေလေျပေလးသည္ စူးမီရဲ႕နားကိုတိုးေဝွ႕သြားၿပီး ယားက်ိက်ိျဖစ္ေစသည္။ သူမစိတ္ေတြတခဏမွ် ဟာလာဟင္းလင္းျဖစ္သြားကာ သူမေဘးပတ္လည္ကလူေတြသည္ ခ်င္ယန္ေျပာလိုက္တာကို မၾကားရဘူးဆိုေသာ္ျငား သူမပါးျပင္ေလးေတြအလိုအေလ်ာက္ ရဲတတ္လာကာ ႏွလုံးသားသည္ဗုံတစ္လုံးလို ခုန္ေပါက္လ်က္ရွိသည္။

ၿပီးခဲ့တဲ့ရက္ေတြမွာ သူမခ်င္ယန႔္ကိုစိတ္ဆိုးေနခဲ့သည္။ သူသာမပါရင္ သူမၿမိဳ႕ေတာ္ကိုေရာက္လာနိုင္စရာအေၾကာင္း မရွိနိုင္ေလာက္ေပမဲ့ သူမကေတာ့သူ႕ကိုစိတ္ဆိုးတုန္းပါပဲ။ သူမလီရွို႔ယြမ္ကိုလက္မထပ္ခ်င္တာကို သူသိေပမဲ့ ေ႐ြးခ်ယ္တဲ့ျဖစ္စဥ္မွာသူမကိုက်ရႈံးေအာင္ တမင္တကာလုပ္ခဲ့ၿပီး သူမကိုလီရွို႔ယြမ္ဆီသြယ္ဝိုက္တဲ့နည္းနဲ႕ တြန္းပို႔ခဲ့သည့္အတြက္ သူမသူ႕ကိုေဒါသထြက္သည္။

ဒါေပမဲ့ လက္ရွိအခ်ိန္တြင္ သူ႕စကားေတြေၾကာင့္ပဲ သူမ႐ုတ္တရက္ေပ်ာ္႐ႊင္မႈေတြ တဖန္ျပည့္ႏွက္သြားသလို ခံစားလိုက္ရသည္။ နီရဲေနဆဲမ်က္ႏွာေလးျဖင့္ စူးမီအလ်င္ျမန္ေခါင္းညိတ္လိုက္သည္။ ေခါင္းညိတ္ၿပီးေနာက္ပိုင္း ျဖစ္ပ်က္ခဲ့တာေတြကိုေတာ့ စူးမီေဝဝါးဝါးသာမွတ္မိေတာ့သည္။ တန္းစီထားတဲ့မိန္းမပ်ိဳေတြအေနာက္မွာ ျပန္တန္းစီလိုက္ၿပီး မိန္းမစိုးေတြကထိုက္ယြမ္နန္းေဆာင္သို႔ သူမအခန္းဆီျပန္ေရာက္သည္အထိ ျပန္ေခၚသြားေပးသည္။

က်န္းယြဲ႕အာသည္ ေစာင္ထဲမွာေခါင္းျမႇုပ္ကာ ေမွာက္လိုက္လွန္လိုက္ျပဳလ်က္ မၾကာခဏအသံဗလံေလးေတြထြက္ေနတဲ့ စူးမီကိုၾကည့္ကာ အစ္မစူးတစ္ေယာက္ဘာျဖစ္ေနတာလဲလို႔ သိခ်င္မိသြားသည္။

********

ခ်င္ယန္ မ်က္ဝန္းေထာင့္ကေန စူးမီရဲ႕ေနာက္ေက်ာေလးကို ျဖတ္ခနဲၾကည့္လိုက္သည္။ အခုတင္ သူေမးခ်င္ေနတဲ့ေမးခြန္းကို ေမးခဲ့သည္။ တကယ္ေတာ့ ဒီေမးခြန္းကိုစူးမီျပန္ေျဖေျဖ မေျဖေျဖသူ႕အတြက္ကိစၥမရွိေပ။ ဒါေပမဲ့ စူးမီကတုံ႕ဆိုင္းျခင္းအလ်ဥ္းမရွိပဲ ေခါင္းညိတ္ခဲ့သျဖင့္ ဒါကခ်င္ယန႔္ကို က်န္းဟြိုက္အန္းကိုေတာင္ ပိုၿပီးႏွစ္သက္စဖြယ္ေကာင္းတယ္လို႔ျမင္လာေစသည္။

မိန္းမပ်ိဳေတြအားလုံးကို မိန္းမစိုးေတြကဦးေဆာင္ကာျပန္ေဆာင္သြားခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ဧကရာဇ္မင္႐ႊမ္ႏွင့္အမတ္တခ်ိဳ႕သာ ေတာ္ဝင္ဥယ်ာဥ္ထဲမွာက်န္ခဲ့သည္။

" အရွင္မင္းႀကီး ကြၽန္ေတာ္ခုနကမိန္းကေလးကိုလက္ထပ္ခ်င္ပါတယ္"

ေနာက္ဆုံးတြင္ ခ်င္ယန္ေျပာလိုက္သည္။ ခ်င္ယန႔္စကားေျပာလို႔ၿပီးသြားသည္ႏွင့္ခ်က္ခ်င္းပင္ ေဘးတစ္ဖက္ကက်န္းဟြိုက္အန္း ခ်က္ခ်င္းအေရွ႕ထြက္လာသည္။

" အရွင္မင္းႀကီး ခုနကမိန္းကေလးကကုန္သည္တစ္ေယာက္ရဲ႕သမီးပါပဲ သူကဘယ္လိုလုပ္ၿပီးအေရွ႕ပိုင္းဌာနအႀကီးအကဲနဲ႕ထိုက္တန္ပါ့မလဲ?"

" အဲ့ဒီလိုလား?"

ခ်င္ယန္ က်န္းဟြိုက္အန္းဘက္လွည့္ကာ ၿပဳံးျပလိုက္သည္။

" အမတ္ခ်ဳပ္ႀကီးက်န္း က်ဳပ္႐ုပ္ရည္ကိုခင္ဗ်ားဘယ္လိုထင္လဲ?"

သူ႕ဘဝရဲ႕ေမွ်ာ္လင့္ထားမႈကိုေက်ာ္လြန္လာၿပီျဖစ္တဲ့ က်န္းဟြိုက္အန္းသည္ မိန္းမစိုးတစ္ေယာက္ရဲ႕ဒီလိုရယ္စရာေကာင္းတဲ့ ေမးခြန္းမ်ိဳးအေမးခံလိုက္ရေပမဲ့ ခ်င္ယန႔္ကိုေဖ်ာင္းဖ်သိမ္းသြင္းဖို႔အတြက္ မ်က္ႏွာသာတစ္ခ်ိဳ႕ေတာ့ေပးရမွာပင္။

" ေသခ်ာတာေပါ့ အႀကီးအကဲခ်င္ကသံသယျဖစ္ဖြယ္မရွိေအာင္ ေခ်ာေမာခန႔္ညားၿပီး ရည္မြန္တာေပါ့"

က်န္းဟြိုက္အန္း မ်က္ႏွာအမူအရာမရွိပဲ သြက္လက္စြာေျပာသြားခဲ့ၿပီး ေယာက္်ားတစ္ေယာက္ရဲ႕အလွတရားကို ခ်ီးမြမ္းျခင္းကသူ႕ဘဝရဲ႕ဆယ္စုႏွစ္ေပါင္းမ်ားစြာမွာ တခါမွမလုပ္ဖူးတဲ့အရာျဖစ္သည္။

ခ်င္ယန္ ဟက္ခနဲရယ္ေမာလိုက္သည္။

" အမတ္ခ်ဳပ္ႀကီးက်န္းေျပာတာမွန္ပါတယ္ ဒါေၾကာင့္ပဲ က်ဳပ္နဲ႕အလိုက္ဖက္ဆုံးျဖစ္ေအာင္ ဒီမိန္းမပ်ိဳေတြထဲကေနဒီမိန္းကေလးကိုေ႐ြးခ်ယ္တာေပါ့"

က်န္းဟြိုက္အန္း ေဒါသျဖစ္စြာအံႀကိတ္လိုက္သည္။ စူးမီရဲ႕႐ုပ္ရည္အသြင္အျပင္ အလြန္ထူးကဲတာကို သူ,မျငင္းဆိုနိုင္ေပ။ မိန္းမပ်ိဳေတြမွာကိုယ္စီအလွတစ္မ်ိဳးစီရွိၾကေပမဲ့ ႐ုပ္ရည္အေပၚအေလးအနက္အကဲျဖတ္ရမည္ဆိုလွ်င္ စူးမီသည္ေ႐ြးခ်ယ္မခံရတဲ့မိန္းမပ်ိဳေတြနဲ႕ယွဥ္ရင္ အလွဆုံးဆိုတာရွင္းလင္းပါသည္။ ဒါေပမဲ့ အဆင့္တန္းျမင့္စြာေမြးဖြားလာတဲ့ အမတ္ရဲ႕သမီးပ်ိဳအစား လွပတဲ့ကုန္သည္သမီးကိုေ႐ြးခ်ယ္တာက ေယာက္်ားတစ္ေယာက္မဟုတ္ပဲ မိန္းမစိုးတစ္ေယာက္ျဖစ္တဲ့ခ်င္ယန္အတြက္ ဘာမ်ားအသုံးဝင္လို႔လဲ?

" အႀကီးအကဲခ်င္ သူကမင္းရဲ႕အဆင့္အတန္းနဲ႕မလိုက္ဖက္ပါဘူး"

" သူက်ဳပ္ရဲ႕လူျဖစ္လာတာနဲ႕ သူ႕အဆင့္အတန္းကအလိုအေလ်ာက္က်ဳပ္နဲ႕တန္းတူျဖစ္သြားလိမ့္မယ္"

" မင္း....ဒါကဘယ္လိုယုတၱိမရွိတာမ်ိဳးလဲ?"

" အဟြတ္..အဟြတ္...."

အခ်ိန္ကိုက္ပုံစံျဖင့္ က်ဴးက်င္းယြီ အႀကိမ္အနည္းငယ္ခန႔္ေခ်ာင္းဆိုးသြားသည္။ သူ႕ေဘးမွာရွိေနတဲ့ လြီသဲ့ဟိုင္သည္သူျပန္အနားယူေတာ့မယ္ဆိုတာ သိလိုက္သည္။ ဒီေန႕သူအျပင္မွာရွိေနတာအေတာ္ၾကာသြားခဲ့တာ အမွန္ပင္။

" ေကာင္းၿပီ အမတ္ခ်ဳပ္ႀကီးက်န္း က်န္းကခ်င္ယန္ရဲ႕ေ႐ြးခ်ယ္မႈကိုသေဘာတူလိုက္ၿပီဆိုေတာ့ က်န္းရဲ႕ကတိကိုျပန္ဖ်က္လို႔မရဘူး ၿပီးေတာ့ဒါကသူ႕ရဲ႕ကိုယ္ေရးကိုယ္တာကိစၥပဲ ဒါေၾကာင့္အမတ္ခ်ဳပ္ႀကီးသူ႕ကိုမေဖ်ာင္းဖ်ေနနဲ႕ေတာ့"

" အရွင္မင္းႀကီး....!"

ခ်င္ယန္ က်န္းဟြိုက္အန္းကိုစကားေျပာဖို႔ အခြင့္အေရးမေပးပဲ က်န္းဟြိုက္အန္းအေရွ႕မွာပိတ္ရပ္ကာ....." ေက်းဇူးတင္ပါတယ္ အရွင္မင္းႀကီး"

" အားလုံးပဲျပန္ၾကေတာ့ က်န္းလည္းပင္ပန္းေနၿပီ"

လြီသဲ့ဟိုင္ ကိုယ္ကိုကိုင္း၍ က်န္းဟြိုက္အန္းေဒါသတႀကီးထြက္သြားတာကို ၾကည့္လိုက္သည္။ ခ်င္ယန႔္ေဘးမွာစစ္တုရင္အပိုင္းစေလးထားဖို႔ ညွိႏွိုင္းလို႔မရခဲ့ေပမဲ့ သြားရမည့္လမ္းကအရွည္ႀကီးရွိေနပါေသးသည္။ သူတို႔ေတြမွာ အနာဂတ္အတြက္အစီအစဥ္ခ်ဖိဳ႕ပဲ တတ္နိုင္ေတာ့သည္။ သူျပန္လွည့္ကာ ဦးၫြတ္လိုက္သည္။

" အရွင္မင္းႀကီး အိပ္ေဆာင္ကိုျပန္ႂကြေတာ့မလား?"

" အင္း ျပန္ၾကတာေပါ့"

က်ဴးက်င္းယြီ ထရပ္လိုက္ခ်ိန္တြင္ ခ်န္ခ်င္နန္းေဆာင္ဆီမထြက္ခြာခင္ ခ်င္ယန္ရွိရာဘက္ကို မသိမသာေခါင္းဆတ္ျပလိုက္သည္။

ေတာ္ဝင္ဥယ်ာဥ္ထဲကလူေတြ ႐ုတ္တရက္အလွ်ိုလွ်ိုေပ်ာက္ကြယ္ကုန္ၿပီး တိတ္ဆိတ္ၿငိမ္သက္သြားသည္။ ဧကရာဇ္ထြက္ခြာသြားၿပီးေနာက္တြင္ ဖုန႔္ေပါင္ေျခလွမ္းဖြဖြျဖင့္ အနားေရာက္လာသည္။

" အမိန႔္ရွိပါသလား သခင္ႀကီး"

ေက်ာက္ခင္းလမ္းတြင္ေလွ်ာက္ရင္း ေနရာအျပင္ဘက္တြင္ေပါက္ေနတဲ့ အစိမ္းေရာင္ႏြယ္ပင္ေလးကို ေပါ့ေပါ့တန္တန္ဆြဲႏႈတ္ပစ္လိုက္ၿပီး ေမးလိုက္သည္။

" ေ႐ြးခ်ယ္မႈမွာက်ရႈံးတဲ့မိန္းမပ်ိဳေတြကို ဘယ္အခ်ိန္ျပန္ပို႔မွာလဲ?"

" သခင္ႀကီးကိုတင္ျပပါတယ္ နန္းေတာ္ထဲမွာအခ်ည္းႏွီးျဖစ္တဲ့သူေတြကို ထည့္သြင္းမစဥ္းစားနိုင္တဲ့အတြက္ မနက္ျဖန္က်ရင္ျပန္ပို႔မွာပါ"




ထိုက္ယြမ္နန္းေဆာင္ရဲ႕အတြင္းခန္းထဲတြင္ တခဏၾကာၿပီးေနာက္ စူးမီသည္ခ်င္ယန္နဲ႕လက္ထပ္ရေတာ့မည္ဆိုတာကို ေနာက္ဆုံးတြင္'လက္ခံ'လိုက္ၿပီး ေစာင္ေအာက္ကေနေခါင္းျပန္ထြက္လာသည္။ မ်က္ႏွာေပၚကရွက္ေသြးနီနီေတြ ေနာက္ဆုံးမွာေပ်ာက္ကြယ္သြားၿပီးေနာက္ ဆံထုံးကိုေသေသသပ္သပ္ ျပန္ျပင္ဆင္လိုက္ခ်ိန္တြင္ တံခါးေခါက္သံထြက္ေပၚလာသည္။

က်န္းယြဲ႕အာ တံခါးထဖြင့္လိုက္ရာ ရဲတင္းတဲ့အမူအရာျဖင့္ စူးက်န္းအခန္းထဲဝင္လာသည္။

" ဘာလာလုပ္တာလဲ?"

စူးက်န္းကိုျမင္လိုက္ရခ်ိန္တြင္ စူးမီမ်က္ႏွာေအးစက္သြားသည္။

" ဒါေပါ့ မမကိုလာေတြ႕တာေပါ့"

စူးက်န္းၿပဳံးလိုက္သည္။ သူမႏွလုံးသားထဲမွာမနာလိုမႈရွိေနေပမဲ့ ေျပာျဖစ္ေအာင္ေျပာလိုက္ပါေသးသည္။

" ငါ့ရဲ႕သနားဖို႔ေကာင္းတဲ့မမႏွယ္ ေစ့စပ္ပြဲႏွစ္ခါပ်က္ထားၿပီး အိမ္ေထာင္ေကာင္းေကာင္းရမဲ့အလားအလာမရွိေသးပါလားေနာ္"

စူးမီ ႏွာမႈတ္သေရာ္လိုက္သည္။

" စူးက်န္း မင္းဒီစကားေတြကိုလူႀကီးမင္းခ်င္အေရွ႕မွာေျပာရဲလား"

" အိုး ညီမကမမအတြက္မခံနိုင္လို႔ပါ ညီမရဲ႕ေစတနာေကာင္းေတြကိုအထင္မမွားပါနဲ႕"

" တို႔ကေတာ့ဘာတစ္ခုမွ မခံမရပ္နိုင္ျဖစ္တယ္လို႔မခံစားရပါဘူး"

စူးမီ စူးက်န္းရဲ႕စကားေတြကို တစ္လုံးခ်င္းစီေခ်ဖ်က္ကာ စူးက်န္းကိုစကားေျပာစရာရွာမရေအာင္ ျဖစ္သြားေစသည္။

စူးက်န္းသည္စကားဝိုင္းကိုစဖို႔ ေကာက္ရိုးတစ္မွ်င္ကိုဆုပ္မိဆုပ္ရာ လိုက္ဆြဲေနတဲ့အတြက္ က်န္းယြဲ႕အာ ဆက္သည္းမခံနိုင္ေတာ့ေပ။ မိန္းမစိုးတစ္ေယာက္နဲ႕လက္ထပ္ရတာကို ဘယ္သူကေပ်ာ္႐ႊင္ပါ့မလဲ? ေတြးၾကည့္လိုက္႐ုံနဲ႕တင္ က်န္းယြဲ႕အာ စူးမီအတြက္စိတ္မေကာင္းျဖစ္ရေပမဲ့ စူးက်န္းကေတာ့ဒီကိစၥကိုပဲဆက္တိုက္အစေဖာ္ေနသည္။

" အစ္မက်န္း ညီမေခါင္းကိုက္ေနလို႔ အနားယူခ်င္ၿပီ"

က်န္းယြဲ႕အာ ထိုသို႔ေျပာတာကိုျမင္လိုက္ရၿပီး သူမလည္းဒီမွာဆက္ေနဖို႔ပ်င္းရိလြန္းတာေၾကာင့္ လ်င္ျမန္စြာျပန္ေျဖလိုက္သည္။

" ေကာင္းၿပီ ဒါဆိုမင္းအနားယူလို႔ရေအာင္ တို႔သြားေတာ့မယ္"

တံခါးဝေရာက္ခ်ိန္တြင္ စူးက်န္း စူးမီကိုေစာင္းငဲ့ၾကည့္ကာ....." ၿပီးေတာ့ မမေရာပဲ အေတြးလြန္မေနနဲ႕အုံး"

ေျပာရမွာေတာ့ထူးဆန္းသည္။ က်န္းယြဲ႕အာကိုဧကရာဇ္ေ႐ြးခ်ယ္လိုက္ခ်ိန္က သူမအရမ္းႀကီးစိတ္ထဲမသက္မသာမျဖစ္ေပမဲ့ စူးမီကမိန္းမစိုးနဲ႕တြဲဖက္သြားခ်ိန္မွာေတာ့ သူမေဒါသျဖစ္မိသည္။

စူးက်န္းထြက္သြားၿပီးေနာက္ က်န္းယြဲ႕အာႏူးညံ့စြာေျပာသည္။

" ညီမတို႔ေ႐ြးခ်ယ္လို႔မရတဲ့အရာေတြ အမ်ားႀကီးရွိတယ္ အစ္မစူး"

စူးမီ ရယ္ေမာလိုက္သည္။

" ယြဲ႕အာ တို႔တကယ္ဆႏၵရွိတာပါ လူႀကီးမင္းခ်င္ကတို႔အေပၚေကာင္းပါတယ္"

" ဒါေပမဲ့ ၿပီးခဲ့တဲ့အေခါက္ကသူအစ္မကိုအျပစ္ေပးခဲ့တယ္ေလ"

" သူအစ္မကိုအျပစ္မေပးခဲ့ပါဘူး ဒဏ္ရာက အရင္ကကိုယ့္ဘာသာကိုယ္ထိခိုက္မိခဲ့လို႔ပါ"

က်န္းယြဲ႕အာ သေဘာေပါက္သြားပုံရသည္။

" အိုး ေကာင္းတာေပါ့ အစ္မခ်စ္တဲ့လူကိုလက္ထပ္နိုင္လို႔ေတာ္ေသးတာေပါ့"

စူးမီ သူမစကားေတြေၾကာင့္အံ့အားသင့္သြားသည္။

" အခ်စ္လား?"

" တစ္စုံတစ္ေယာက္ကိုလိုလိုလားလားနဲ႕လက္ထပ္ခ်င္တယ္ဆိုတာက သူ႕ကိုခ်စ္တာနဲ႕အတူတူပဲမဟုတ္ဘူးလား?"

က်န္းယြဲ႕အာ ၿပဳံးလိုက္ေတာ့ မ်က္ႏွာလွလွေလးေပၚမွာပါးခ်ိဳင့္ေလးႏွစ္ခုေပၚသြားၿပီး ခ်စ္စဖြယ္ေကာင္းေနသည္။

T/N  ဂ႐ုင္ယ္ဆိုင္ ၃၀၀၀ကေန ၂၅၀၀ ပဲက်င့္ပါေတာ့မယ္






המשך קריאה

You'll Also Like

60.2K 8K 22
This is the sequel of RRR, so new readers please read it before starting this book. Agneya, the soon to be crown prince of Rakshatra, was bounded by...
2.9K 252 13
Name - YOU'RE SO ARROGANT Type - Web novel Genre - Comedy Josei Romance Tags - Arranged Marriage Arrogant Characters Beautiful Female Lead Cold Love...
Erica נכתב על ידי Sam

היסטורי בדיוני

2.9M 157K 88
They say her voice was once bewitching to all who heard it. She was like a siren luring sailors to their deaths on quiet nights... Those are just rum...
My Sin נכתב על ידי XxMeixiangxX

היסטורי בדיוני

1.7M 69K 65
Liu Quiaqio, the Empress of the Jin Dynasty has given his heart, soul, and body to the emperor, he loved him to the point it exhausted him, but the c...