သန်းကြွယ်ခြေလှမ်း (လင်းဖန်)

נכתב על ידי Miracle_Phyu97

65K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... עוד

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Chapter-31
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Ch-127+128

896 51 1
נכתב על ידי Miracle_Phyu97

လင်းဖန် 127+128

အခန်း(၁၂၇) လင်းဖန်ကိုခေါ်ယူနိုင်ဖို့ QQ Music ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှု

လင်းဖန် ဒါကိုကြားသောအခါ တကယ်ပဲ စိတ်ယိမ်းယိုင်သွားပါသည်။

သီချင်းတစ်ပုဒ်ကို မူပိုင်ခွင့်ကြေး ယွမ် ၁ သန်းနဲ့ ရောင်းချနိုင်၏။

ထို့အပြင် ဒါက သီချင်းတစ်ပုဒ်စာ မူပိုင်ခွင့်ကြေးသာ ရှိသေးသည်။ နောက်ပိုင်းအထိ သေသေချာချာ လည်ပတ်သွားပြီး NetEase ရဲ့ အားကောင်းတဲ့ ကြော်ငြာနိုင်စွမ်းနဲ့ ပေါင်းစပ်လိုက်ပါက နောက်ဆုံးတွင် ရှယ်ယာဝင်ငွေ မြင့်မားစွာ ရရှိနိုင်ပါသည်။

ဒီအစုပေါ်အမြတ်ဝင်ငွေက စဥ်းစားသင့်ပါသည်။

ဒါက သီချင်းတစ်ပုဒ်စာသာ ရှိသေးသည်။ သီချင်းများစွာ ရှိပါက ငွေအများကြီး ရနိုင်ပါသည်။

ဝင်ငွေကို မဆိုဦးနဲ့။ သီးသန့်မူပိုင်ခွင့်တစ်ခုတည်းနဲ့တင် သီချင်းတစ်ပုဒ်ကို ယွမ် တစ်သန်း တန်နေပါပြီ။ သီချင်း ၁၀ ပုဒ်အတွက် မူပိုင်ခွင့်ကြေးသာဆို ယွမ် ၁၀ သန်း ဖြစ်ပါလိမ့်မည်။

အပုဒ် ၁၀၀ ဆိုပါက ယွမ် သန်း ၁၀၀ ဖြစ်သွားမည်။

သန်း ၁၀၀ ဆိုတာ တချို့လူများအတွက် တစ်ဘဝလုံး စိတ်ကူးသာ ယဥ်နိုင်သည့် ပမာဏ ဖြစ်ပါသည်။

ထို့အပြင် လင်းဖန် ဇာတ်ညွှန်းရေးရတာထက် သီချင်းရေးရတာ ပိုအချိန်သက်သာသည်။ သူ မက်မောသွားမိပါသည်။ အခု လက်ရှိ လင်းဖန်က တကယ်ပဲ ဂီတလောကထဲ မဝင်ချင်ဘဲ အဆိုတော်လည်း မဖြစ်ချင်ပါ။

သူ့အတွက် အခုလောလောဆယ် အရေးအကြီးဆုံးက အနုပညာလောကထဲမှာ ခိုင်ခိုင်မာမာ ရပ်တည်ကာ၊ ဇာတ်ညွှန်းကောင်းများ ရေးလျက်၊ ဒရမ်မာများတွင် ကောင်းမွန်စွာ သရုပ်ဆောင်ပြီး လက်ရာကောင်းကောင်း ရိုက်ကူးနိုင်ဖို့ ဖြစ်သည်။ ထိုအခါမှ ရှားဝမ်ချွေ့ကို ပိုပြီး ကာကွယ်နိုင်ပါလိမ့်မည်။

တစ်ပုဒ်ကို ယွမ် ၁ သန်းက အဆင်ပြေပါသည်။ သို့သော်လည်း လင်းဖန်မှာ စာချုပ်ချုပ်ဖို့ အချိန်မရှိသေးပါ။

"ဒီလိုဆိုရင်ကော ကျွန်တော် မနက်ဖြန် အဖြေပြန်ပေးပါ့မယ်" လင်းဖန်ကပြုံးလိုက်၏။

"ကျွန်တော် မနက်ဖြန်စဥ်းစားပြီးသွားရင် NetEase နဲ့ တရားဝင်စာချုပ် ချုပ်ပြီးတော့ ဒီသီချင်းရဲ့ သီးသန့်မူပိုင်ခွင့်ကို ရောင်းပေးပါ့မယ်။” "ကောင်းပါပြီ မစ်စတာလင်း ကျွန်မတို့ သတင်းကောင်းကိုစောင့်မျှော်နေပါ့မယ်။ " ဝန်ထမ်းက ပြုံးပြီး ဖုန်းချလိုက်ပါသည်။

လင်းဖန် တိုက်ရိုက် လက်မခံခဲ့ရင်တောင် ဝန်ထမ်းက မကျေနပ်သည့် အရိပ်အယောင် ပြလို့ မဖြစ်ပါ။

တစ်ပုဒ်ကို ယွမ် ၁ သန်းစျေးက တကယ်ပဲ မြင့်မားပါသည်။ သို့သော်လည်း တစ်တော့မှာ ‌ခေတ်စားနေတာကို ကြည့်ခြင်းအားဖြင့် မြင်နိုင်၏။ နေ့တစ်ဝက်အတွင်း လင်းဖန်၏ သီချင်းမှာ ဝေ့ပေါ်၏ ထိပ်တန်းခေတ်စားအကြောင်းအရာထဲ ပါဝင်လာပါသည်။ တစ်တော့မှာလည်း အလွန်အမင်း ခေတ်စားလာခဲ့သည်။

ထို့နောက် လင်းဖန်ကို တစ်တော့၏ဝန်ထမ်းက တစ်တော့ဆီလာဖို့ တရားဝင် ဖိတ်ကြားခဲသည်။

ထို့နောက် QQ Music နဲ့ NetEase Music တို့ကလည်း လင်းဖန်ကို တစ်ချိန်တည်း ဆက်သွယ်ပြီး မူပိုင်ခွင့်အတွက် ပြိုင်ဆိုင်ကြပါသည်။

လက်ရှိ လင်းဖန်က အလွန်ခေတ်စားလွန်း၏။ ဒီသီချင်းအတွက် မူပိုင်ခွင့်စျေးက အလွန်မြင့်မားနေရင်တောင် ဝင်ငွေများ ပြန်ဖန်တီးပြီး ဝင်ရောက်သူများစွာကို ခေါ်ဆောင်နိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဂီတကုမ္ပဏီတစ်ခု၏ အဓိကဗဟိုချက်က ဝင်ရောက်သူများ ဖြစ်သည်။

ခေတ်စားဖို့ လိုအပ်ချက်က ကုမ္ပဏီတွင် ပြောင်မြောက်သည့် လက်ရာများစွာ ရှိရမည်ဖြစ်ပြီး ပရိသတ်ကို ဆွဲဆောင်ကာ ၎င်းတို့၏ သစ္စာရှိမှုကို ပျိုးထောင်ရမည်။

လင်းဖန်၏ သီချင်းက ဒီလိုအာနိသင်မျိုးရအောင် စွမ်းဆောင်ပေးနိုင်ပါသည်။

QQ Music နဲ့အလုပ်လုပ်ဖို့ ဖိတ်ကြားချက်ကို လင်းဖန် ငြင်းဆန်လိုက်ပြီးနောက် စီးပွားရေးဌာနမှ ဒါရိုက်တာက အလွန်စိတ်ဖိစီးပြီး QQ Music ၏ တာဝန်ရှိသူကို ဆက်သွယ်ချင်ခဲ့သည်။

QQ က ကုမ္ပဏီအကြီးစားဖြစ်ပြီး အသေးစိတ် အလုပ်သမားဌာနခွဲများစွာရှိသည်။ QQ Music တွင် တခြားဌာနများနဲ့ ပြိုင်ဆိုင်ပြီး အတူတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမည့် မန်နေဂျာတစ်ယောက်လည်း ရှိပါသည်။ နှစ်အကုန်တွင် ဌာနပေါင်းစုံက KPI (ကုမ္ပဏီက ရရှိသည့်အကျိုးအမြတ်)များကို တွက်ချက်ရပါလိမ့်မည်။

"ဝင်ခဲ့ပါ" QQ Music ၏ တာဝန်ရှိသူက ပြောလိုက်ပါသည်။

"စီအီးအိုချန်း လင်းဖန်နဲ့ သီးသန့်မူပိုင်ခွင့်ကိစ္စကို ဆွေးနွေးကြရအောင်။” စီးပွားရေးဌာန ခေါင်းဆောင်က ပြောလိုက်ပါသည်။

"လျို့လေး ငါတို့ သဘောတူပြီးသားမဟုတ်ဘူးလား။ တစ်ပုဒ်ကို မူပိုင်ခွင့်ကြေး ယွမ် ၃၀၀,၀၀၀ ပေးမယ်လို့လေ။ လင်းဖန်က လက်မခံဘူးလား။” စီအီးအိုချန်းက မေးလိုက်၏။

စီးပွားရေးဌာနခေါင်းဆောင်က ပြောလိုက်သညသ်။ "ဟုတ်ပါတယ်။ လင်းဖန်က ကျွန်တော်တို့နဲ့ သီးသန့်မူပိုင်ခွင့် စာချုပ် မချုပ်ချင်ဘူး။ လင်းဖန်ရဲ့ 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းက အရမ်းကောင်းတယ်။ ပြီးတောလ့ည်း လင်းဖန်က သာမန်လူ မဟုတ်ဘူး။ ပရိသတ် သန်းဆယ်ချီရှိတဲ့ နာမည်ကျော်တစ်ယောက်ပဲ။ ဒရမ်မာ တစ်ကားတည်းနဲ့ နာမည်ကြီးလာတဲ့လူ။ သူ့အနာဂတ်က အကန့်အသတ် မရှိဘူး။ မျိုးဆက်သစ်အတွက် ကြယ်ပွင့်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်။”

"စီအီးအိုချန်း လင်းဖန်ရဲ့ 'အချစ်ကိုဖွင့်ပြောခြင်း'က တစ်တော့မှာ အရမ်းခေတ်စားနေပြီဆိုတာ သိလား။ ဗီဒီယို ၁၀ ပုဒ်တိုင်းမှာ သူ့ ဗီဒီယီု ၁ ပုဒ် ၂ ပုဒ်တော့ အနည်းဆုံး ပါတယ်။ ပြီးတော့လည်း ဗီဒီယိုတိုင်းမှာ ကောမန့် ၁၀၀,၀၀၀ ကျော်နဲ့ လိုက်ခ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် ရှိတယ်။ ဒါတောင် နေ့တစ်ဝက်စာ ဒေတာပဲ ရှိသေးတာဗျ။”

"အဲ့တာက အရေးအကြီးဆုံး မဟုတ်သေးဘူး။ အရေးအကြီးဆုံးက လင်းဖန် ဆယ်လီအကောင့်တစ်ကောင့် ဖွင့်လိုက်ပြီးတာနဲ့ နေ့တစ်ဝက်အတွင်း ဆယ်လီ အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀ နေရာကို ရောက်သွားပြီး ခေတ်စားအကြောင်းအရာမှာ ဒုတိယနေရာကို ရောက်သွားတယ်။ တစ်တော့မှာ နာမည်ကျော် ဆယ်လီပေါင်း ၇၀၀ ကျော်ရှိတာကို သိတယ်မလား။ အကုန်လုံးက ခေတ်စားကြတယ်။ ဒါပေမယ့် လင်းဖန်က ရှေ့ကို တန်းပြီး ကျော်တက်လာခဲ့တာပဲ။”

"ဒါကိုကြည့်ရင် လင်းဖန်ရဲ့ ကျော်ကြားမှုက ပုံမှန်မဟုတ်ဘူးလို့ ပြသနေတာ။ 'အချစ်ကိုဖွင့်ပြောခြင်း' သီချင်းရဲ့ ကျော်ကြားမှုက အရမ်းအားကောင်းတယ်။ ကျွန်တော်တို့ လင်းဖန်နဲ့ သီးသန့်မူပိုင်ခွင့်စာချုပ် ချုပ်ဆိုနိုင်မယ်ဆိုရင် နောက်ပိုင်း စိတ်ကူးလို့တောင် မရတဲ့ အကျိုးအမြတ်တွေ ရလာလိမ့်မယ်" စီးပွားရေးဌာနခေါင်းဆောင်က ပြောလိုက်ပါသည်။

QQ Music ၏ တာဝန်ရှိသူ စီအီးအိုချန်းက ဖုန်းဖွင့်လိုက်ပြီး တစ်တော့ပေါ်က ဆယ်လီ အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်ပါသည်။

အဆင့် ၁၊ လင်းခယ့်ရှင်း၊ ကျော်ကြားမှု ၁၁ သန်း

အဆင့် ၂၊ ချူးယောင်ယောင်၊ ကျော်ကြားမှု ၅ သန်း

အဆင့် ၃၊ ရှုယန်၊ ကျော်ကြားမှု ၄.၃၃ သန်း

အဆင့် ၄၊ ရှားဝမ်ချွေ့၊ ကျော်ကြားမှု ၄.၃ သန်း

အဆင့် ၉၊ စုရှောင်းယွီ၊ ကျော်ကြားမှု ၃.၈၃ သန်း

အဆင့် ၁၀၊ လင်းဖန်၊ ကျော်ကြားမှု ၃.၈၂ သန်း

တစ်တော့တွင် အဆင့်သတ်မှတ်ချက်၂ မျိုး ရှိသည်။ တစ်ခုက ဆယ်လီ အဆင့်သတ်မှတ်ချက်ဖြစ်ပြီး နောက်တစ်ခုက လူကြိုက်များမှု အဆင့်သတ်မှတ်ချက် ဖြစ်သည်။ လူကြိုက်များမှု အဆင့်သတ်မှတ်ချက်သည် တချို့သတင်းများနှင့် ဆိုရှယ်မီဒီယာ ခေတ်စားအကြောင်းအရာများနှင့် ညီမျှသည်။

တစ်တော့၏ လူကြိုက်များမှု အဆင့်သတ်မှတ်ချက်တွင် လင်းခယ့်ရှင်းက ပထမနေရာကို ရထားပြီး လူကြိုက်များမှု ၁၂ သန်း ရှိသည်။

လင်းဖန်၏ "အချစ်ကိုဖွင့်ပြောခြင်း" က ဒုတိယနေရာမှာရှိနေပြီး လူကြိုက်များမှု  ၁၁.၉၉ သန်း ရှိနေပြီ ဖြစ်သည်။

လူကြိုက်များမှု အဆင့်သတ်မှတ်ချက်တွင် လင်းဖန်၏ အချစ်ကိုဖွင့်ပြောမှုက လင်းခယ့်ရှင်းကို မှီဖို့ ၁၀,၀၀၀ သာ လိုပါတော့သည်။

လင်းဖန်၏ ကျော်ကြားမှုက ကြောက်ဖို့ကောင်းလှသည်ဟူသည့် သက်သေပဲ ဖြစ်သည်။

ဆယ်လီ အဆင့်သတ်မှတ်ချက်မှာ အမြင့်ကြီး မဟုတ်သော်လည်း စာရင်းပေါ်ကလူအားလုံးက ကြယ်ပွင့်ကြီးများ ဖြစ်သည်။

လင်းဖန်က လူထုရှေ့ပေါ်လာတာ တစ်လ နှစ်လလောက်သာ ရှိသေး၏။ တစ်တော့အကောင့် ဖွင့်တာလည်း နေ့တစ်ဝက်သာ ရှိသေးသည်။

ဒီလိုလူကြိုက်များမှုကို ကြည့်ခြင်းအားဖြင့် လင်းဖန်၏ လက်ရှိအောင်မြင်မှုများက လူအများ မလုပ်နိုင်သောအရာ ဖြစ်သည်ဟု သက်သေပြနေပါသည်။

စီအီးအိုချန်းလည်း အံ့သြသွားပါသည်။

လင်းဖန်၏ လူကြိုက်များမှု မြင့်တက်လာတာ မြန်ဆန်လွန်း၏။

ဒီအချိန်တောအတွင်း လင်းဖန်၏ ခေတ်စားနှုန်းက နာမည်ကျော် အားလုံးထက် ကျော်လွန်သွားပါပြီ။

တချို့ ဖျော်ဖြေရေးကုမ္ပဏီများက ၎င်းတို့၏ အနုပညာရှင်များအတွက် ခေတ်စားသော အကြောင်းအရာများကို ဝယ်ယူကြသည်။ သို့သော် လင်းဖန်ကတော့ လုံးဝ ခြားနားပါသည်။ သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် ဝေ့ပေါ် ၏ ခေတ်စားသည့် အကြောင်းအရာစာရင်းထဲ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တစ်တော့၏ လူကြိုက်များမှုကလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအသေးစားလေးက လူ ၁ သန်းအတွက် ဂီတဖျော်ဖြေပွဲ ဖြစ်သွားခဲ့ပါသည်။

သီချင်းတစ်ပုဒ်ကြောင့် လင်းဖန်ကို မကြုံစဖူး အမြင့်တစ်နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့သည်။

"လျို့လေး ငါပြောပြမယ်။ ငါအရင်တုန်းက အလုပ်များနေပြီး သေချာဆန်းစစ်ဖို့ အချိန်မရှိခဲ့လို့ပါ။ အဲ့တာကြောင့် လင်းဖန်ကို အထင်သေးခဲ့မိတာ။ အခု မင်းကို လေးလလေးနက်နက် တောင်းပန်ပါတယ်။”

"မင်းကို အခု တာဝန်တစ်ခု ပေးမယ်။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ လင်းဖန်နဲ့ လင်းဖန်ရဲ့သီချင်းမူပိုင်ခွင့်ကို ရအောင် ယူပါ။” QQ Music ၏ စီအီးအိုချန်း ဆုံးဖြတ်ချက်ချ လိုက်ပါသည်။

လင်းဖန်မှာ အလားအလာကောင်းတွေ ရှိနေတာကို မြင်သွားပြီး QQ Music ၏ ဘော့စ်ကြီးက လင်းဖန်အပေါ် ထားသည့်အမြင်ကို ပြောင်းလဲလိုက်ပါသည်။

လင်းဖန်န၏ သီချင်းနဲ့ သူ့ရဲ့ လူကြိုက်များမှုတို့ကြောင့် လင်းဖန်ကိုသာ ခေါ်ယူနိုင်ပါက QQ Musicအတွက် အကူအညီ အများကြီး ဖြစ်ပါလိမ့်မည်။

ဒါက ကုမ္ပဏီတစ်ခု၏ ဘော့စ်ကြီးတစ်ယောက်၏ တာဝန် ဖြစ်သည်။ အကြောင်းပြချက်တစ်ခုခုကြောင့် သူ့ဉာဏ်ပညာကို နိမ့်ကျသွားစေပြီး ကပ်စေးနဲလာမှာ မဟုတ်ပါ။ ဘော့စ်ကြီးတစ်ယောက်အဖြစ် တာဝန်ယူသင့်သည့်အခါ တာဝန်ယူရပါမည်။ ဒီလူနေမှုဘဝကြီးတွင် သာမန်လမ်းမှ သွေဖယ်လိုပါက အခွင့်အရေးကို ရအောင်ယူပြီး ပြတ်သားစွာ တိုက်ခိုက်ရမည်။

လင်းဖန်က QQ Music တခြား ကုမ္ပဏီများကို ကျော်လွန်နိုင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။

စီးပွားရေးဌာနခေါင်းဆောင်က ပြောလိုက်သည်။

"စီအီးအိုချန်း NetEase ရဲ့ဝန်ထမ်းက လင်းဖန်ကို ဒီနေ့ ဆက်သွယ်ပြီးသွားပြီ။ စျေးနှုန်းက ယွမ် ၁သန်းအောက် မနိမ့်ဘူးလို့ ကြားမိပါတယ်။”

"NetEase က ယွမ် ၁.၅ သန်းပေးရင် ငါတို့က ယွမ် ၂ သန်းပေးမယ်။”

"ငါပြောတာ မှတ်ထားပါ။ လင်းဖန်သီချင်းရဲ့ မူပိုင်ခွင့်ကို ဘာပဲဖြစ်ဖြစ် ရအောင် ဝယ်ရမယ်။ ဒါက သိချင်းတစ်ပုဒ်ရဲ့ မူပိုင်ခွင့်သက်သက်တင် မဟုတ်ဘူး။ လင်းဖန်နဲ့ ငါတို့ရဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုနဲ့လည်း သက်ဆိုင်နေတယ်။ အဲ့တာကြောင့် ပထမဆုံးသီချင်းက အရေးကြီးတယ်။” စီအီးအိုချန်းက ပြောလိုက်ပါသည်။

စီအီးအိုချန်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်သောအခါ စီးပွားရေးဌာနချုပ်ခေါင်းဆောင် လျို့လေးက ခေါင်းငြိမ့်လိုက်ပြီး ဝမ်းသာသွားပါသည်။

သူ့ဘော့စ်၏ စကားလုံးများကြောင့် လင်းဖန်ကိုခေါ်ယူဖို့ ယုံကြည်ချက် ပြည့်ဝသွားပါပြီ။

NetEase Music က ၁ သန်း ကမ်းလှမ်းတော့...

QQ Music က ၎င်း၏နောက်ဆုံးဝှက်ဖဲကို ထုတ်ကာ NetEase Music ကို အရှုံးပေးအောင် လုပ်လိုက်မည်။

QQ Music က လင်းဖန်၏ သီချင်းအတွက် ယွမ် ၂ သန်း ပေးပါမည်။

အခန်း(၁၂၈) ၂.၄ သန်းစာချုပ်နဲ့ သီးသန့်မူပိုင်ခွင့်အား ရောင်းချခြင်း

နှလုံံးသားရေကန်ဗီလာတွင်။

လင်းဖန် ဇာတ်ညွှန်းရေးနေစဥ် QQ စီးပွားရေးဌာန ခေါင်းဆောင်ထံမှ ဖုန်းဝင်လာပါသည်။

"ဟယ်လို မစ်စတာလင်း QQ Music စီးပွားရေးဌာန ခေါင်းဆောင် လျို့ပါ။ ညည့်နက်အချိန်ကြီး နှောင့်ယှက်ရတာ အားနာပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဒီနေ့ အလောကြီးသွားမိတဲ့အတွက်လည်း တောင်းပန်ပါတယ်။”

"ကျွန်တော်တို့က ခင်ဗျားရဲ့သီချင်း သီးသန့်မူပိုင်ခွင့်ကို ယွမ် ၂ သန်းနဲ့ ဝယ်ပါ့မယ်။ အခုချိန်ကစပြီး QQ Musicက ခင်ဗျားရဲ့ သီချင်းကို ပရိုမိုးရှင်းဆင်းပြီး ကြော်ငြာပေးသွားမှာပါ။ ခင်ဗျားကျေနပ်မလားတော့ မသိဘူး။ ခင်ဗျားကျေနပ်မယ်ဆိုရင် အခုပဲ စာချုပ်ချုပ်ချင်ပါတယ်" စီးပွားရေးဌာနခေါင်းဆောင် လျို့က ပြောလိုက်ပါသည်။

"ခဏလေး ကျွန်တော် အခုပဲ မက်ဆေ့ချ်ရတယ်။ NetEase ဝန်ထမ်းက ၂.၁ သန်းပေးမယ်တဲ့" လင်းဖန်က မဲ့ပြုံးပြုံးကာ ပြောလိုက်ပါသည်။

ကုမ္ပဏီနှစ်ခုကို စျေးများ ဆက်မတိုးစေချင်ပါ။ သူတို့တိုးလည်း သူ့အတွက် အကျိုးကျေးဇူးရှိပါသည်။

သို့သော်လည်း QQ Music ဆီက ဖုန်းလာစဥ် NetEase Music ဝန်ထမ်းဆီကလည်း မက်ဆေ့ချ်ဝင်လာသည်။

ဒီသီချင်းအတွက် မူပိုင်ခွင့်ကို ယှဥ်ပြိုင်ဖို့နဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ ကုမ္ပဏီနှစ်ခုက စျေးနှုန်းများကို စတင် တိုးမြှင့်နေပါသည်။

သီချင်းတစ်ပုဒ်ကို မူပိုင်ခွင့်ကြေး ၁ သန်းဆိုတာတောင် အလွန်မြင့်မားနေပါသည်။ တစ်ပုဒ်ကို ၂သန်းဆိုတာတော့ မယုံနိုင်စရာ ပမာဏ ဖြစ်သွားလေပြီ။

ကုမ္ပဏီနှစ်ခုပေးသည့် စျေးများက ဆက်တက်နေဆဲ ဖြစ်သည်။ NetEase ဝန်ထမ်းကလည်း လင်းဖန်ကို ဝီချက် မှ ဖုန်းခေါ်လိုက်သည်။

"မစ်စတာလင်း QQ Music က ၂.၁၅ သန်းပေးပါ့မယ်..."

"မဟုတ်ဘူး မစ်စတာလင်း NetEase က ၂.၂ သန်းပေးပါ့မယ်..."

"၂.၂၅ သန်း"

"မစ်စတာလင်း QQ Music က ခင်ဗျားရဲ့မူပိုင်ခွင့်ကို ဝယ်ဖို့ ၂.၄ သန်း ထုတ်ပေးပါ့မယ်။ ခင်ဗျားသဘောတူလိုက်တာနဲ့ အခုပဲ စာချုပ်ချုပ်လို့ရပါတယ်" စီးပွားရေးဌာနခေါင်းဆောင်လျို့က ပြောလိုက်ပါသည်။

နောက်ဆုံးတော့ စျေးနှုန်း ၂.၄ သန်းအထိ ရောက်သွားသောအခါ NetEase Music က ယှဥ်ပြိုင်မှုကို လက်လျှော့သွားခဲ့ပါသည်။

၂.၄ သန်းဆိုတာ အတော့်ကို မြင့်မားနေပါပြီ။

ဒါက စာချုပ်ကြေးမဟုတ်ဘဲ သီချင်းတစ်ပုဒ်၏ သီးသန့်မူပိုင်ခွင့်ကြေး ဖြစ်သည်။

"ကောင်းပါပြီ၊ ကျွန်တော် လိပ်စာပို့လိုက်ပါ့မယ်။ ရောက်တဲ့အခါ ဆက်သွယ်လိုက်ပါ။ လုံခြုံရေးအစောင့်တွေကို ဝင်ခိုင်းလိုက်ပါ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ သူတောင် ၂.၄သန်းဖြင့် သီချင်းတစ်ပုဒ်ကို ရောင်းထွက်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ သိပ်မဆိုးလှပေ။

"ကောင်းပါပြီ မစ်စတာလင်း ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး။"

"ဝိုး... မစ်စတာလင်း ခင်ဗျားက လှိုင်းပြာပင်လယ်အော်အိမ်ရာမှာ နေတာကိုး။ အဲ့တာ အဆင့်မြင့်အိမ်ရာကြီးပဲ။” စီးပွားရေးဌာနခေါင်းဆောင် ရှောင်းလျို့က အံ့သြသွားပါသည်။

လှိုင်းပြာပင်လယ်အော်အိမ်ရာက စျေးနှုန်းများနဲ့ဆို QQ Music ၏ စီးပွားရေးဌာန ခေါင်းဆောင်ဖြစ်ပြီး နှစ်စဥ်ဝင်ငွေ သိန်းချီရနေသည့် ရှောင်းလျို့တောင် လှိုင်းပြာပင်လယ်အော်အိမ်ရာမှ အိမ်ကို ဝယ်ယူနိုင်မှာ မဟုတ်ပါ။

လျို့၏ တစ်နှစ်ဝင်ငွေက ၅၀၀,၀၀၀ သာရှိသည်။ မစားမသောက်ဘဲ လှိုင်းပြာပင်လယ်အော်က ယွမ် သန်း ၂၀တန် အိမ်တစ်လုံးကိုဝယ်ဖို့ အနည်းဆုံး နှစ် ၄၀ ကြာလိမ့်မည်။

"လမ်းမှာ ဂရုစိုက်ပါ။ ရောက်ရင် အသိပေးနော်" လင်းဖန်က ပြောလိုက်သည်။

"ကောင်းပါပြီ။ ခုချက်ချင်းပဲထွက်လာခဲ့ပါ့မယ်။”  စီးပွားရေးဌာနခေါင်းဆောင်လျို့က လေးစားစွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ့ BMW ကားဖြင့် လင်းဖန်၏ အိမ်ကို မောင်းလာခဲ့ပါသည်.

လှိုင်းပြာပင်လယ်အော်အိမ်ရာကို ရောက်သောအခါ လျို့ အံ့သြသွားပါသည်။

လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် အဆောက်အဦးမြင့်ကြီးများစွာ ရှိသည်။ လှပသော သစ်ပင်ပန်းမန်များစွာနဲ့ လုံခြုံရေးအပြည့်အဝလည်း ရှိသည်။ တိရိစ္ဆာန်အသေးစားလေးတွေတောင် ရှိပါသည်။ အလွန်လှပသော ကမ္ဘာတစ်ခု ဖြစ်၏။

လျို့အနည်းငယ် အားကျမိပါသည်။ ဒါ စူပါစတားတစ်ယောက်ရဲ့ လောကလား။

သူတို့ သာမန်လူတွေရဲ့ လောကနဲ့ လုံးဝ ခြားနားပါသည်။

လျို့လေး ဆက်လျှောက်လာပြီး လင်းဖန်၏ ဗီလာအနားသို့ ရောက်သောအခါ သူ့မျက်လုံးများ ပြူးကျယ်သွား၏။

ဒါက.... သန်း ၂၀၀ ကျော်တန်ဖိုးရှိသည့် နှလုံးသားရေကန်ဗီလာကြီး ဖြစ်သည်။

အထဲသို့ ဆက်ဝင်လာသောအခါ လင်းဖန်၏ ဂိုထောင်ကို လျို့ မြင်လိုက်ရပါသည်။

အထဲတွင် Bugatti, Koenigsegg One, Rolls-Royce Cullinan ကားကြီးများ ရှိကြသည်။

ဂိုထောင်ထဲက ပြိုင်ကားကြီးနှစ်စီးက Limited Edition များ ဖြစ်ကြပြီး သန်းရာချီ တန်ဖိုးရှိသည်။ သူ့ BMW ကားကိုကြည့်ရင်း လျို့ သက်ပြင်းသာချနိုင်ပါတော့သည်။

သူ့မှာ ခံစားချက်တစ်ခုသာရှိတော့သည်။ QQ Music အပေါ် လင်းဖန် အမြင်ကြည်အောင် ယွမ် ၂.၄ သန်း သုံးလိုက်တာ တန်ပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ငွေလည်း မလိုအပ်ပေ။

လင်းဖန်က နာမည်ကျော်ဖြစ်နေရင်တောင် ငွေအများကြီး ရနိုင်မှာ မဟုတ်ပါ။

လင်းဖန်က နှလုံးသားရေကန်ဗီလာကြီးမှာ နေနိုင်ပြီး သန်းရာချီတန်သည့် ပြိုင်ကားကြီးများကို မောင်းနိုင်သည်။ ဆိုလိုတာက လင်းဖန် တော်တော်ချမ်းသာသည့်သဘောပင်။ နာမည်ကျော်တစ်ယောက် လုပ်တာက အရန်လုပ်ငန်းသဘောမျိုးသာ။

"သူ ဘာလို့ ဒီလောက်တောင်ရတာလဲ။ ပိုက်ဆံလည်းရှိ၊ အိမ်လည်းရှိ၊ ကားလည်းရှိ၊ သရုပ်လည်းဆောင်တတ်၊ သီချင်းလည်းဆိုတတ်၊ ချောလည်းချောသေးတယ်။ အရေးအကြီးဆုံးက စူပါစတားရှားဝမ်ချွေ့ရဲ့ ပထမဆုံးအနမ်းကို ရသွားတာပဲ။ ငါ့ကိုကြည့်ပါဦး။ ငမွဲလေးပဲ။” လျို့က သက်ပြင်းချလိုက်ပြီး လင်းဖန်၏ ဗီလာတံခါးဆီသို့ လျှောက်သွားလိုက်ပါသည်။ သူ တံခါးခေါက်လိုက်၏။

"ဝင်ခဲ့ပါ။” လင်းဖန် ထိုသို့ပြောလိုက်ပြီးနောက် နှလုံးသားရေကန်ဗီလာ၏ တံခါးမကြီး အလိုအလျောက် ပွင့်သွားခဲ့ပါသည်။

လက်ရှိလင်းဖန်က ဒီနှလုံးသားရေကန်ဗီလာကြီး၏ ပိုင်ရှင် ဖြစ်သည်။ ထို့အပြင် ဗီလာကြီးထဲတွင် အဆင့်မြင့် ခေတ်မှီနည်းပညာများ အသုံးပြုထားသည်။ မျက်နှာစကင်ဖတ်ခြင်းစသဖြင့် ဝန်ဆောင်မှုစက်ရုပ်များစွာလည်း ရှိပါသည်။

သူ့အတွက် အိမ်ကို သန့်ရှင်းရေး လုပ်ပေးသည့် စက်ရုပ်များပင် ရှိသေးသည်။ အမှန်ပင်။ သန့်ရှင်းလို့ မရသည့် တချို့နေရာများ ရှိပါက အိမ်ရာစီမံရေးဝန်ထမ်းများကို အကူအညီသွားတောင်းနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် အိမ်ရာစီမံရေးက ကောင်မလေး ရှားရန်ရန်ကလည်း သဘောကောင်းပါသည်။

"မစ်စတာလင်း ခင်ဗျားအိမ်က... အကြီးကြီးပါလား။” လျို့က အထဲဝင်လာကာ ပြုံးရင်း ပြောလိုက်ပါသည်။ ဒါက လင်းဖန်လို စူပါစတားတစ်ယောက်နဲ့ ပထမဆုံး အနီးကပ် ကြုံဖူးတာ ဖြစ်သည်။

"ဟားဟား အိမ်ကဘယ်လောက်ကြီးကြီး နေစရာနေရာတစ်ခုပါပဲ။ ကြီးတာ မကြီးတာ အရေးမကြီးဘူး။”

"စာချုပ်မူကြမ်း ပြင်လာခဲ့ရဲ့လား" လင်းဖန်က ဆိုဖာပေါ်မှာထိုင်ရင်း မေးလိုက်ပါသည်။

"ဟုတ်ကဲ့ ပြီးသွားပါပြီ" လျို့က အနည်းငယ် စိတ်လှုပ်ရှားနေသည်။ သူ စာချုပ်ကိုထုတ်လိုက်ပြီး လင်းဖန်ရှေ့မှာ မတ်တပ်ရပ်နေပါသည်။

"ကျွန်တော့်အိမ်ထဲမှာ အားနာစရာ မလိုပါဘူး။ ထိုင်ပါဦး။ ကျွန်တော် စာချုပ်ကို ဖတ်ကြည့်လိုက်ဦးမယ်။ ပြဿနာမရှိရင် လက်မှတ်ထိုးပါ့မယ်။” လင်းဖန်က ပြောလိုက်ပါသည်။

"ကျေးဇူးပါ အစ်ကိုဖန်" လင်းဖန်ကို ခေါ်ဝေါ်သည့်ပုံစံအား လျို့ ပြောင်းလဲလိုက်ပါသည်။

အရင်တုန်းက လင်းဖန်ကို အလွန်လေးစားခဲ့သည်။ အခုတော့ သူ့ကို ရင်ထဲက နှစ်နှစ်ကာကာ လေးစားအားကျမိပါသည်။

ဒါက လင်းဖန်၏ စတိုင် ဖြစ်သည်။ လင်းဖန်၏ အဆင့်အတန်းက သူ့ထက် အများကြီး မြင့်မား၏။ သို့သော်လည်း သူ့ရှေ့မှာ ခြားနားနေသလို မခံစားရပါ။

ယခင်တုန်းက လျို့ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ရင်ဆိုင်ရတုန်းက သူတို့ကို ဦးညွှတ်ရပါသည်။ ကုမ္ပဏီထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ရှင်သန်ဖို့အတွက်သာ မဟုတ်ပါက ဘယ်သူက သူများကို ဦးညွှန်ချင်မှာလဲ။

သို့သော် လင်းဖန်ဘေးမှာတော့ သူ့ကိုလေးစားသလိုခံစားရပြီး သူ့ကို ခေါ်ဝေါ်သည့် ပုံစံအား ပြောင်းလဲလိုက်ပါသည်။

လင်းဖန်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။ သူကလည်း လင်းဖန်ကို ပို၍ပင် ကောင်းကောင်းမွန်မွန် ဆက်ဆံပါမည်။ သူပြန်သွားသောအခါ လင်းဖန်၏ သီချင်းကို ပရိုမိုးရှင်းဆင်းပေးဖို့အတွက် သေချာပေါက် စီစဥ်ပါတော့မည်။

"စာချုပ်က အဆင်ပြေပါတယ်။ ကျွန်တော် လက်မှတ်ထိုးပြီးပြီ။ မပြန်ခင် လက်ဖက်ရည် သောက်သွားဦးမလား။” လင်းဖန်က ပြုံးကာ လျို့ကို စာချုပ်မိတ္ထူတစ်ခု ပေးလိုက်ပါသည်။ သူ့အတွက်လည်း စာချုပ်မိတ္ထူတစ်ရွက် သိမ်းထား၏။

"အစ်ကိုဖန် လုပ်ငန်းတူတူတွဲလုပ်ရတာ ဝမ်းသာပါတယ်။ နောက်ကျနေပြီဆိုတော့ လက်ဖက်ရည်တွေလုပ်မနေပါနဲ့တော့။” လျို့က စာချုပ်ကိုယူလိုက်ပြီး လင်းဖန်နဲ့ ဝမ်းသာစွာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

ဒီလိုလူမျိုးနဲ့ အလုပ်လုပ်ရတာ သူ့အတွက် အလွန် သက်တောင့်သက်သာရှိပါသည်။

လျို့ပြန်သွားပြီး နာရီဝက်လောက်အကြာတွင် လင်းဖန်ဆီသို့ QQ Music မှ ငွေလွှဲလွှာ ရောက်လာခဲ့ပါသည်။

စာချုပ်ကြေး ၂.၄ သန်းယွမ်ကို လင်းဖန်၏ ဘဏ်အကောင့်ထဲသို့ တရားဝင် ထည့်သွင်းပေးလိုက်ပါပြီ။

Zawgyi

လင္းဖန္ 127+128

အခန္း(၁၂၇) လင္းဖန္ကိုေခၚယူႏိုင္ဖို႔ QQ Music ရဲ႕ ဆုံးျဖတ္ခ်က္ ျပတ္သားမႈ

လင္းဖန္ ဒါကိုၾကားေသာအခါ တကယ္ပဲ စိတ္ယိမ္းယိုင္သြားပါသည္။

သီခ်င္းတစ္ပုဒ္ကို မူပိုင္ခြင့္ေၾကး ယြမ္ ၁ သန္းနဲ႔ ေရာင္းခ်ႏိုင္၏။

ထို႔အျပင္ ဒါက သီခ်င္းတစ္ပုဒ္စာ မူပိုင္ခြင့္ေၾကးသာ ႐ွိေသးသည္။ ေနာက္ပိုင္းအထိ ေသေသခ်ာခ်ာ လည္ပတ္သြားၿပီး NetEase ရဲ႕ အားေကာင္းတဲ့ ေၾကာ္ျငာႏိုင္စြမ္းနဲ႔ ေပါင္းစပ္လိုက္ပါက ေနာက္ဆုံးတြင္ ႐ွယ္ယာဝင္ေငြ ျမင့္မားစြာ ရ႐ွိႏိုင္ပါသည္။

ဒီအစုေပၚအျမတ္ဝင္ေငြက စဥ္းစားသင့္ပါသည္။

ဒါက သီခ်င္းတစ္ပုဒ္စာသာ ႐ွိေသးသည္။ သီခ်င္းမ်ားစြာ ႐ွိပါက ေငြအမ်ားႀကီး ရႏိုင္ပါသည္။

ဝင္ေငြကို မဆိုဦးနဲ႔။ သီးသန္႔မူပိုင္ခြင့္တစ္ခုတည္းနဲ႔တင္ သီခ်င္းတစ္ပုဒ္ကို ယြမ္ တစ္သန္း တန္ေနပါၿပီ။ သီခ်င္း ၁၀ ပုဒ္အတြက္ မူပိုင္ခြင့္ေၾကးသာဆို ယြမ္ ၁၀ သန္း ျဖစ္ပါလိမ့္မည္။

အပုဒ္ ၁၀၀ ဆိုပါက ယြမ္ သန္း ၁၀၀ ျဖစ္သြားမည္။

သန္း ၁၀၀ ဆိုတာ တခ်ိဳ႕လူမ်ားအတြက္ တစ္ဘဝလုံး စိတ္ကူးသာ ယဥ္ႏိုင္သည့္ ပမာဏ ျဖစ္ပါသည္။

ထို႔အျပင္ လင္းဖန္ ဇာတ္ၫႊန္းေရးရတာထက္ သီခ်င္းေရးရတာ ပိုအခ်ိန္သက္သာသည္။ သူ မက္ေမာသြားမိပါသည္။ အခု လက္႐ွိ လင္းဖန္က တကယ္ပဲ ဂီတေလာကထဲ မဝင္ခ်င္ဘဲ အဆိုေတာ္လည္း မျဖစ္ခ်င္ပါ။

သူ႕အတြက္ အခုေလာေလာဆယ္ အေရးအႀကီးဆုံးက အႏုပညာေလာကထဲမွာ ခိုင္ခိုင္မာမာ ရပ္တည္ကာ၊ ဇာတ္ၫႊန္းေကာင္းမ်ား ေရးလ်က္၊ ဒရမ္မာမ်ားတြင္ ေကာင္းမြန္စြာ သ႐ုပ္ေဆာင္ၿပီး လက္ရာေကာင္းေကာင္း ႐ိုက္ကူးႏိုင္ဖို႔ ျဖစ္သည္။ ထိုအခါမွ ႐ွားဝမ္ေခြၽ႕ကို ပိုၿပီး ကာကြယ္ႏိုင္ပါလိမ့္မည္။

တစ္ပုဒ္ကို ယြမ္ ၁ သန္းက အဆင္ေျပပါသည္။ သို႔ေသာ္လည္း လင္းဖန္မွာ စာခ်ဳပ္ခ်ဳပ္ဖို႔ အခ်ိန္မ႐ွိေသးပါ။

"ဒီလိုဆိုရင္ေကာ ကြၽန္ေတာ္ မနက္ျဖန္ အေျဖျပန္ေပးပါ့မယ္" လင္းဖန္ကျပဳံးလိုက္၏။

"ကြၽန္ေတာ္ မနက္ျဖန္စဥ္းစားၿပီးသြားရင္ NetEase နဲ႔ တရားဝင္စာခ်ဳပ္ ခ်ဳပ္ၿပီးေတာ့ ဒီသီခ်င္းရဲ႕ သီးသန္႔မူပိုင္ခြင့္ကို ေရာင္းေပးပါ့မယ္။” "ေကာင္းပါၿပီ မစ္စတာလင္း ကြၽန္မတို႔ သတင္းေကာင္းကိုေစာင့္ေမွ်ာ္ေနပါ့မယ္။ " ဝန္ထမ္းက ျပဳံးၿပီး ဖုန္းခ်လိုက္ပါသည္။

လင္းဖန္ တိုက္႐ိုက္ လက္မခံခဲ့ရင္ေတာင္ ဝန္ထမ္းက မေက်နပ္သည့္ အရိပ္အေယာင္ ျပလို႔ မျဖစ္ပါ။

တစ္ပုဒ္ကို ယြမ္ ၁ သန္းေစ်းက တကယ္ပဲ ျမင့္မားပါသည္။ သို႔ေသာ္လည္း တစ္ေတာ့မွာ ‌ေခတ္စားေနတာကို ၾကည့္ျခင္းအားျဖင့္ ျမင္ႏိုင္၏။ ေန႔တစ္ဝက္အတြင္း လင္းဖန္၏ သီခ်င္းမွာ ေဝ့ေပၚ၏ ထိပ္တန္းေခတ္စားအေၾကာင္းအရာထဲ ပါဝင္လာပါသည္။ တစ္ေတာ့မွာလည္း အလြန္အမင္း ေခတ္စားလာခဲ့သည္။

ထို႔ေနာက္ လင္းဖန္ကို တစ္ေတာ့၏ဝန္ထမ္းက တစ္ေတာ့ဆီလာဖို႔ တရားဝင္ ဖိတ္ၾကားခဲသည္။

ထို႔ေနာက္ QQ Music နဲ႔ NetEase Music တို႔ကလည္း လင္းဖန္ကို တစ္ခ်ိန္တည္း ဆက္သြယ္ၿပီး မူပိုင္ခြင့္အတြက္ ၿပိဳင္ဆိုင္ၾကပါသည္။

လက္႐ွိ လင္းဖန္က အလြန္ေခတ္စားလြန္း၏။ ဒီသီခ်င္းအတြက္ မူပိုင္ခြင့္ေစ်းက အလြန္ျမင့္မားေနရင္ေတာင္ ဝင္ေငြမ်ား ျပန္ဖန္တီးၿပီး ဝင္ေရာက္သူမ်ားစြာကို ေခၚေဆာင္ႏိုင္ပါသည္။

ဘာပဲျဖစ္ျဖစ္ ဂီတကုမၸဏီတစ္ခု၏ အဓိကဗဟိုခ်က္က ဝင္ေရာက္သူမ်ား ျဖစ္သည္။

ေခတ္စားဖို႔ လိုအပ္ခ်က္က ကုမၸဏီတြင္ ေျပာင္ေျမာက္သည့္ လက္ရာမ်ားစြာ ႐ွိရမည္ျဖစ္ၿပီး ပရိသတ္ကို ဆြဲေဆာင္ကာ ၎တို႔၏ သစၥာ႐ွိမႈကို ပ်ိဳးေထာင္ရမည္။

လင္းဖန္၏ သီခ်င္းက ဒီလိုအာနိသင္မ်ိဳးရေအာင္ စြမ္းေဆာင္ေပးႏိုင္ပါသည္။

QQ Music နဲ႔အလုပ္လုပ္ဖို႔ ဖိတ္ၾကားခ်က္ကို လင္းဖန္ ျငင္းဆန္လိုက္ၿပီးေနာက္ စီးပြားေရးဌာနမွ ဒါ႐ိုက္တာက အလြန္စိတ္ဖိစီးၿပီး QQ Music ၏ တာဝန္႐ွိသူကို ဆက္သြယ္ခ်င္ခဲ့သည္။

QQ က ကုမၸဏီအႀကီးစားျဖစ္ၿပီး အေသးစိတ္ အလုပ္သမားဌာနခြဲမ်ားစြာ႐ွိသည္။ QQ Music တြင္ တျခားဌာနမ်ားနဲ႔ ၿပိဳင္ဆိုင္ၿပီး အတူတူ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ရမည့္ မန္ေနဂ်ာတစ္ေယာက္လည္း ႐ွိပါသည္။ ႏွစ္အကုန္တြင္ ဌာနေပါင္းစုံက KPI (ကုမၸဏီက ရ႐ွိသည့္အက်ိဳးအျမတ္)မ်ားကို တြက္ခ်က္ရပါလိမ့္မည္။

"ဝင္ခဲ့ပါ" QQ Music ၏ တာဝန္႐ွိသူက ေျပာလိုက္ပါသည္။

"စီအီးအိုခ်န္း လင္းဖန္နဲ႔ သီးသန္႔မူပိုင္ခြင့္ကိစၥကို ေဆြးေႏြးၾကရေအာင္။” စီးပြားေရးဌာန ေခါင္းေဆာင္က ေျပာလိုက္ပါသည္။

"လ်ိဳ႕ေလး ငါတို႔ သေဘာတူၿပီးသားမဟုတ္ဘူးလား။ တစ္ပုဒ္ကို မူပိုင္ခြင့္ေၾကး ယြမ္ ၃၀၀,၀၀၀ ေပးမယ္လို႔ေလ။ လင္းဖန္က လက္မခံဘူးလား။” စီအီးအိုခ်န္းက ေမးလိုက္၏။

စီးပြားေရးဌာနေခါင္းေဆာင္က ေျပာလိုက္သညသ္။ "ဟုတ္ပါတယ္။ လင္းဖန္က ကြၽန္ေတာ္တို႔နဲ႔ သီးသန္႔မူပိုင္ခြင့္ စာခ်ဳပ္ မခ်ဳပ္ခ်င္ဘူး။ လင္းဖန္ရဲ႕ 'အခ်စ္ကိုဖြင့္ေျပာျခင္း' သီခ်င္းက အရမ္းေကာင္းတယ္။ ၿပီးေတာလ့ည္း လင္းဖန္က သာမန္လူ မဟုတ္ဘူး။ ပရိသတ္ သန္းဆယ္ခ်ီ႐ွိတဲ့ နာမည္ေက်ာ္တစ္ေယာက္ပဲ။ ဒရမ္မာ တစ္ကားတည္းနဲ႔ နာမည္ႀကီးလာတဲ့လူ။ သူ႕အနာဂတ္က အကန္႔အသတ္ မ႐ွိဘူး။ မ်ိဳးဆက္သစ္အတြက္ ၾကယ္ပြင့္တစ္ေယာက္ေတာင္ ျဖစ္လာႏိုင္တယ္။”

"စီအီးအိုခ်န္း လင္းဖန္ရဲ႕ 'အခ်စ္ကိုဖြင့္ေျပာျခင္း'က တစ္ေတာ့မွာ အရမ္းေခတ္စားေနၿပီဆိုတာ သိလား။ ဗီဒီယို ၁၀ ပုဒ္တိုင္းမွာ သူ႕ ဗီဒီယီု ၁ ပုဒ္ ၂ ပုဒ္ေတာ့ အနည္းဆုံး ပါတယ္။ ၿပီးေတာ့လည္း ဗီဒီယိုတိုင္းမွာ ေကာမန္႔ ၁၀၀,၀၀၀ ေက်ာ္နဲ႔ လိုက္ခ္ ၇၀၀,၀၀၀ - ၈၀၀,၀၀၀ ေလာက္ ႐ွိတယ္။ ဒါေတာင္ ေန႔တစ္ဝက္စာ ေဒတာပဲ ႐ွိေသးတာဗ်။”

"အဲ့တာက အေရးအႀကီးဆုံး မဟုတ္ေသးဘူး။ အေရးအႀကီးဆုံးက လင္းဖန္ ဆယ္လီအေကာင့္တစ္ေကာင့္ ဖြင့္လိုက္ၿပီးတာနဲ႔ ေန႔တစ္ဝက္အတြင္း ဆယ္လီ အဆင့္သတ္မွတ္ခ်က္မွာ အဆင့္ ၁၀ ေနရာကို ေရာက္သြားၿပီး ေခတ္စားအေၾကာင္းအရာမွာ ဒုတိယေနရာကို ေရာက္သြားတယ္။ တစ္ေတာ့မွာ နာမည္ေက်ာ္ ဆယ္လီေပါင္း ၇၀၀ ေက်ာ္႐ွိတာကို သိတယ္မလား။ အကုန္လုံးက ေခတ္စားၾကတယ္။ ဒါေပမယ့္ လင္းဖန္က ေ႐ွ႕ကို တန္းၿပီး ေက်ာ္တက္လာခဲ့တာပဲ။”

"ဒါကိုၾကည့္ရင္ လင္းဖန္ရဲ႕ ေက်ာ္ၾကားမႈက ပုံမွန္မဟုတ္ဘူးလို႔ ျပသေနတာ။ 'အခ်စ္ကိုဖြင့္ေျပာျခင္း' သီခ်င္းရဲ႕ ေက်ာ္ၾကားမႈက အရမ္းအားေကာင္းတယ္။ ကြၽန္ေတာ္တို႔ လင္းဖန္နဲ႔ သီးသန္႔မူပိုင္ခြင့္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မယ္ဆိုရင္ ေနာက္ပိုင္း စိတ္ကူးလို႔ေတာင္ မရတဲ့ အက်ိဳးအျမတ္ေတြ ရလာလိမ့္မယ္" စီးပြားေရးဌာနေခါင္းေဆာင္က ေျပာလိုက္ပါသည္။

QQ Music ၏ တာဝန္႐ွိသူ စီအီးအိုခ်န္းက ဖုန္းဖြင့္လိုက္ၿပီး တစ္ေတာ့ေပၚက ဆယ္လီ အဆင့္သတ္မွတ္ခ်က္ကို ၾကည့္လိုက္ပါသည္။

အဆင့္ ၁၊ လင္းခယ့္႐ွင္း၊ ေက်ာ္ၾကားမႈ ၁၁ သန္း

အဆင့္ ၂၊ ခ်ဴးေယာင္ေယာင္၊ ေက်ာ္ၾကားမႈ ၅ သန္း

အဆင့္ ၃၊ ႐ႈယန္၊ ေက်ာ္ၾကားမႈ ၄.၃၃ သန္း

အဆင့္ ၄၊ ႐ွားဝမ္ေခြၽ႕၊ ေက်ာ္ၾကားမႈ ၄.၃ သန္း

အဆင့္ ၉၊ စုေ႐ွာင္းယြီ၊ ေက်ာ္ၾကားမႈ ၃.၈၃ သန္း

အဆင့္ ၁၀၊ လင္းဖန္၊ ေက်ာ္ၾကားမႈ ၃.၈၂ သန္း

တစ္ေတာ့တြင္ အဆင့္သတ္မွတ္ခ်က္၂ မ်ိဳး ႐ွိသည္။ တစ္ခုက ဆယ္လီ အဆင့္သတ္မွတ္ခ်က္ျဖစ္ၿပီး ေနာက္တစ္ခုက လူႀကိဳက္မ်ားမႈ အဆင့္သတ္မွတ္ခ်က္ ျဖစ္သည္။ လူႀကိဳက္မ်ားမႈ အဆင့္သတ္မွတ္ခ်က္သည္ တခ်ိဳ႕သတင္းမ်ားႏွင့္ ဆို႐ွယ္မီဒီယာ ေခတ္စားအေၾကာင္းအရာမ်ားႏွင့္ ညီမွ်သည္။

တစ္ေတာ့၏ လူႀကိဳက္မ်ားမႈ အဆင့္သတ္မွတ္ခ်က္တြင္ လင္းခယ့္႐ွင္းက ပထမေနရာကို ရထားၿပီး လူႀကိဳက္မ်ားမႈ ၁၂ သန္း ႐ွိသည္။

လင္းဖန္၏ "အခ်စ္ကိုဖြင့္ေျပာျခင္း" က ဒုတိယေနရာမွာ႐ွိေနၿပီး လူႀကိဳက္မ်ားမႈ  ၁၁.၉၉ သန္း ႐ွိေနၿပီ ျဖစ္သည္။

လူႀကိဳက္မ်ားမႈ အဆင့္သတ္မွတ္ခ်က္တြင္ လင္းဖန္၏ အခ်စ္ကိုဖြင့္ေျပာမႈက လင္းခယ့္႐ွင္းကို မွီဖို႔ ၁၀,၀၀၀ သာ လိုပါေတာ့သည္။

လင္းဖန္၏ ေက်ာ္ၾကားမႈက ေၾကာက္ဖို႔ေကာင္းလွသည္ဟူသည့္ သက္ေသပဲ ျဖစ္သည္။

ဆယ္လီ အဆင့္သတ္မွတ္ခ်က္မွာ အျမင့္ႀကီး မဟုတ္ေသာ္လည္း စာရင္းေပၚကလူအားလုံးက ၾကယ္ပြင့္ႀကီးမ်ား ျဖစ္သည္။

လင္းဖန္က လူထုေ႐ွ႕ေပၚလာတာ တစ္လ ႏွစ္လေလာက္သာ ႐ွိေသး၏။ တစ္ေတာ့အေကာင့္ ဖြင့္တာလည္း ေန႔တစ္ဝက္သာ ႐ွိေသးသည္။

ဒီလိုလူႀကိဳက္မ်ားမႈကို ၾကည့္ျခင္းအားျဖင့္ လင္းဖန္၏ လက္႐ွိေအာင္ျမင္မႈမ်ားက လူအမ်ား မလုပ္ႏိုင္ေသာအရာ ျဖစ္သည္ဟု သက္ေသျပေနပါသည္။

စီအီးအိုခ်န္းလည္း အံ့ၾသသြားပါသည္။

လင္းဖန္၏ လူႀကိဳက္မ်ားမႈ ျမင့္တက္လာတာ ျမန္ဆန္လြန္း၏။

ဒီအခ်ိန္ေတာအတြင္း လင္းဖန္၏ ေခတ္စားႏႈန္းက နာမည္ေက်ာ္ အားလုံးထက္ ေက်ာ္လြန္သြားပါၿပီ။

တခ်ိဳ႕ ေဖ်ာ္ေျဖေရးကုမၸဏီမ်ားက ၎တို႔၏ အႏုပညာ႐ွင္မ်ားအတြက္ ေခတ္စားေသာ အေၾကာင္းအရာမ်ားကို ဝယ္ယူၾကသည္။ သို႔ေသာ္ လင္းဖန္ကေတာ့ လုံးဝ ျခားနားပါသည္။ သူ႕ကိုယ္ပိုင္အစြမ္းအစျဖင့္ ေဝ့ေပၚ ၏ ေခတ္စားသည့္ အေၾကာင္းအရာစာရင္းထဲ ဝင္ေရာက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

တစ္ေတာ့၏ လူႀကိဳက္မ်ားမႈကလည္း ထိုနည္းလည္းေကာင္း ျဖစ္သည္။

တိုက္႐ိုက္ထုတ္လႊင့္မႈအေသးစားေလးက လူ ၁ သန္းအတြက္ ဂီတေဖ်ာ္ေျဖပြဲ ျဖစ္သြားခဲ့ပါသည္။

သီခ်င္းတစ္ပုဒ္ေၾကာင့္ လင္းဖန္ကို မၾကဳံစဖူး အျမင့္တစ္ေနရာအထိ ပို႔ေဆာင္ေပးႏိုင္ခဲ့သည္။

"လ်ိဳ႕ေလး ငါေျပာျပမယ္။ ငါအရင္တုန္းက အလုပ္မ်ားေနၿပီး ေသခ်ာဆန္းစစ္ဖို႔ အခ်ိန္မ႐ွိခဲ့လို႔ပါ။ အဲ့တာေၾကာင့္ လင္းဖန္ကို အထင္ေသးခဲ့မိတာ။ အခု မင္းကို ေလးလေလးနက္နက္ ေတာင္းပန္ပါတယ္။”

"မင္းကို အခု တာဝန္တစ္ခု ေပးမယ္။ ဘာပဲ ေပးဆပ္ရ ေပးဆပ္ရ လင္းဖန္နဲ႔ လင္းဖန္ရဲ႕သီခ်င္းမူပိုင္ခြင့္ကို ရေအာင္ ယူပါ။” QQ Music ၏ စီအီးအိုခ်န္း ဆုံးျဖတ္ခ်က္ခ် လိုက္ပါသည္။

လင္းဖန္မွာ အလားအလာေကာင္းေတြ ႐ွိေနတာကို ျမင္သြားၿပီး QQ Music ၏ ေဘာ့စ္ႀကီးက လင္းဖန္အေပၚ ထားသည့္အျမင္ကို ေျပာင္းလဲလိုက္ပါသည္။

လင္းဖန္န၏ သီခ်င္းနဲ႔ သူ႕ရဲ႕ လူႀကိဳက္မ်ားမႈတို႔ေၾကာင့္ လင္းဖန္ကိုသာ ေခၚယူႏိုင္ပါက QQ Musicအတြက္ အကူအညီ အမ်ားႀကီး ျဖစ္ပါလိမ့္မည္။

ဒါက ကုမၸဏီတစ္ခု၏ ေဘာ့စ္ႀကီးတစ္ေယာက္၏ တာဝန္ ျဖစ္သည္။ အေၾကာင္းျပခ်က္တစ္ခုခုေၾကာင့္ သူ႕ဉာဏ္ပညာကို နိမ့္က်သြားေစၿပီး ကပ္ေစးနဲလာမွာ မဟုတ္ပါ။ ေဘာ့စ္ႀကီးတစ္ေယာက္အျဖစ္ တာဝန္ယူသင့္သည့္အခါ တာဝန္ယူရပါမည္။ ဒီလူေနမႈဘဝႀကီးတြင္ သာမန္လမ္းမွ ေသြဖယ္လိုပါက အခြင့္အေရးကို ရေအာင္ယူၿပီး ျပတ္သားစြာ တိုက္ခိုက္ရမည္။

လင္းဖန္က QQ Music တျခား ကုမၸဏီမ်ားကို ေက်ာ္လြန္ႏိုင္ဖို႔ အခြင့္အေရးေကာင္းတစ္ခု ျဖစ္ပါသည္။

စီးပြားေရးဌာနေခါင္းေဆာင္က ေျပာလိုက္သည္။

"စီအီးအိုခ်န္း NetEase ရဲ႕ဝန္ထမ္းက လင္းဖန္ကို ဒီေန႔ ဆက္သြယ္ၿပီးသြားၿပီ။ ေစ်းႏႈန္းက ယြမ္ ၁သန္းေအာက္ မနိမ့္ဘူးလို႔ ၾကားမိပါတယ္။”

"NetEase က ယြမ္ ၁.၅ သန္းေပးရင္ ငါတို႔က ယြမ္ ၂ သန္းေပးမယ္။”

"ငါေျပာတာ မွတ္ထားပါ။ လင္းဖန္သီခ်င္းရဲ႕ မူပိုင္ခြင့္ကို ဘာပဲျဖစ္ျဖစ္ ရေအာင္ ဝယ္ရမယ္။ ဒါက သိခ်င္းတစ္ပုဒ္ရဲ႕ မူပိုင္ခြင့္သက္သက္တင္ မဟုတ္ဘူး။ လင္းဖန္နဲ႔ ငါတို႔ရဲ႕ အနာဂတ္ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔လည္း သက္ဆိုင္ေနတယ္။ အဲ့တာေၾကာင့္ ပထမဆုံးသီခ်င္းက အေရးႀကီးတယ္။” စီအီးအိုခ်န္းက ေျပာလိုက္ပါသည္။

စီအီးအိုခ်န္း၏ ဆုံးျဖတ္ခ်က္ျပတ္သားမႈကို ျမင္ေသာအခါ စီးပြားေရးဌာနခ်ဳပ္ေခါင္းေဆာင္ လ်ိဳ႕ေလးက ေခါင္းၿငိမ့္လိုက္ၿပီး ဝမ္းသာသြားပါသည္။

သူ႕ေဘာ့စ္၏ စကားလုံးမ်ားေၾကာင့္ လင္းဖန္ကိုေခၚယူဖို႔ ယုံၾကည္ခ်က္ ျပည့္ဝသြားပါၿပီ။

NetEase Music က ၁ သန္း ကမ္းလွမ္းေတာ့...

QQ Music က ၎၏ေနာက္ဆုံးဝွက္ဖဲကို ထုတ္ကာ NetEase Music ကို အ႐ႈံးေပးေအာင္ လုပ္လိုက္မည္။

QQ Music က လင္းဖန္၏ သီခ်င္းအတြက္ ယြမ္ ၂ သန္း ေပးပါမည္။

အခန္း(၁၂၈) ၂.၄ သန္းစာခ်ဳပ္နဲ႔ သီးသန္႔မူပိုင္ခြင့္အား ေရာင္းခ်ျခင္း

ႏွလုံံးသားေရကန္ဗီလာတြင္။

လင္းဖန္ ဇာတ္ၫႊန္းေရးေနစဥ္ QQ စီးပြားေရးဌာန ေခါင္းေဆာင္ထံမွ ဖုန္းဝင္လာပါသည္။

"ဟယ္လို မစ္စတာလင္း QQ Music စီးပြားေရးဌာန ေခါင္းေဆာင္ လ်ိဳ႕ပါ။ ညည့္နက္အခ်ိန္ႀကီး ေႏွာင့္ယွက္ရတာ အားနာပါတယ္။ ကြၽန္ေတာ္တို႔ ကုမၸဏီက ဒီေန႔ အေလာႀကီးသြားမိတဲ့အတြက္လည္း ေတာင္းပန္ပါတယ္။”

"ကြၽန္ေတာ္တို႔က ခင္ဗ်ားရဲ႕သီခ်င္း သီးသန္႔မူပိုင္ခြင့္ကို ယြမ္ ၂ သန္းနဲ႔ ဝယ္ပါ့မယ္။ အခုခ်ိန္ကစၿပီး QQ Musicက ခင္ဗ်ားရဲ႕ သီခ်င္းကို ပ႐ိုမိုး႐ွင္းဆင္းၿပီး ေၾကာ္ျငာေပးသြားမွာပါ။ ခင္ဗ်ားေက်နပ္မလားေတာ့ မသိဘူး။ ခင္ဗ်ားေက်နပ္မယ္ဆိုရင္ အခုပဲ စာခ်ဳပ္ခ်ဳပ္ခ်င္ပါတယ္" စီးပြားေရးဌာနေခါင္းေဆာင္ လ်ိဳ႕က ေျပာလိုက္ပါသည္။

"ခဏေလး ကြၽန္ေတာ္ အခုပဲ မက္ေဆ့ခ်္ရတယ္။ NetEase ဝန္ထမ္းက ၂.၁ သန္းေပးမယ္တဲ့" လင္းဖန္က မဲ့ျပဳံးျပဳံးကာ ေျပာလိုက္ပါသည္။

ကုမၸဏီႏွစ္ခုကို ေစ်းမ်ား ဆက္မတိုးေစခ်င္ပါ။ သူတို႔တိုးလည္း သူ႕အတြက္ အက်ိဳးေက်းဇူး႐ွိပါသည္။

သို႔ေသာ္လည္း QQ Music ဆီက ဖုန္းလာစဥ္ NetEase Music ဝန္ထမ္းဆီကလည္း မက္ေဆ့ခ်္ဝင္လာသည္။

ဒီသီခ်င္းအတြက္ မူပိုင္ခြင့္ကို ယွဥ္ၿပိဳင္ဖို႔နဲ႔ သူ႕ကိုေခၚယူႏိုင္ဖို႔ ကုမၸဏီႏွစ္ခုက ေစ်းႏႈန္းမ်ားကို စတင္ တိုးျမႇင့္ေနပါသည္။

သီခ်င္းတစ္ပုဒ္ကို မူပိုင္ခြင့္ေၾကး ၁ သန္းဆိုတာေတာင္ အလြန္ျမင့္မားေနပါသည္။ တစ္ပုဒ္ကို ၂သန္းဆိုတာေတာ့ မယုံႏိုင္စရာ ပမာဏ ျဖစ္သြားေလၿပီ။

ကုမၸဏီႏွစ္ခုေပးသည့္ ေစ်းမ်ားက ဆက္တက္ေနဆဲ ျဖစ္သည္။ NetEase ဝန္ထမ္းကလည္း လင္းဖန္ကို ဝီခ်က္ မွ ဖုန္းေခၚလိုက္သည္။

"မစ္စတာလင္း QQ Music က ၂.၁၅ သန္းေပးပါ့မယ္..."

"မဟုတ္ဘူး မစ္စတာလင္း NetEase က ၂.၂ သန္းေပးပါ့မယ္..."

"၂.၂၅ သန္း"

"မစ္စတာလင္း QQ Music က ခင္ဗ်ားရဲ႕မူပိုင္ခြင့္ကို ဝယ္ဖို႔ ၂.၄ သန္း ထုတ္ေပးပါ့မယ္။ ခင္ဗ်ားသေဘာတူလိုက္တာနဲ႔ အခုပဲ စာခ်ဳပ္ခ်ဳပ္လို႔ရပါတယ္" စီးပြားေရးဌာနေခါင္းေဆာင္လ်ိဳ႕က ေျပာလိုက္ပါသည္။

ေနာက္ဆုံးေတာ့ ေစ်းႏႈန္း ၂.၄ သန္းအထိ ေရာက္သြားေသာအခါ NetEase Music က ယွဥ္ၿပိဳင္မႈကို လက္ေလွ်ာ့သြားခဲ့ပါသည္။

၂.၄ သန္းဆိုတာ အေတာ့္ကို ျမင့္မားေနပါၿပီ။

ဒါက စာခ်ဳပ္ေၾကးမဟုတ္ဘဲ သီခ်င္းတစ္ပုဒ္၏ သီးသန္႔မူပိုင္ခြင့္ေၾကး ျဖစ္သည္။

"ေကာင္းပါၿပီ၊ ကြၽန္ေတာ္ လိပ္စာပို႔လိုက္ပါ့မယ္။ ေရာက္တဲ့အခါ ဆက္သြယ္လိုက္ပါ။ လုံျခဳံေရးအေစာင့္ေတြကို ဝင္ခိုင္းလိုက္ပါ့မယ္" လင္းဖန္က ျပဳံးကာ ေျပာလိုက္သည္။ သူေတာင္ ၂.၄သန္းျဖင့္ သီခ်င္းတစ္ပုဒ္ကို ေရာင္းထြက္လိမ့္မည္ဟု မထင္ထားခဲ့ပါ။ သိပ္မဆိုးလွေပ။

"ေကာင္းပါၿပီ မစ္စတာလင္း ေက်းဇူးျပဳၿပီး ခဏေလာက္ေစာင့္ပါဦး။"

"ဝိုး... မစ္စတာလင္း ခင္ဗ်ားက လိႈင္းျပာပင္လယ္ေအာ္အိမ္ရာမွာ ေနတာကိုး။ အဲ့တာ အဆင့္ျမင့္အိမ္ရာႀကီးပဲ။” စီးပြားေရးဌာနေခါင္းေဆာင္ ေ႐ွာင္းလ်ိဳ႕က အံ့ၾသသြားပါသည္။

လိႈင္းျပာပင္လယ္ေအာ္အိမ္ရာက ေစ်းႏႈန္းမ်ားနဲ႔ဆို QQ Music ၏ စီးပြားေရးဌာန ေခါင္းေဆာင္ျဖစ္ၿပီး ႏွစ္စဥ္ဝင္ေငြ သိန္းခ်ီရေနသည့္ ေ႐ွာင္းလ်ိဳ႕ေတာင္ လိႈင္းျပာပင္လယ္ေအာ္အိမ္ရာမွ အိမ္ကို ဝယ္ယူႏိုင္မွာ မဟုတ္ပါ။

လ်ိဳ႕၏ တစ္ႏွစ္ဝင္ေငြက ၅၀၀,၀၀၀ သာ႐ွိသည္။ မစားမေသာက္ဘဲ လိႈင္းျပာပင္လယ္ေအာ္က ယြမ္ သန္း ၂၀တန္ အိမ္တစ္လုံးကိုဝယ္ဖို႔ အနည္းဆုံး ႏွစ္ ၄၀ ၾကာလိမ့္မည္။

"လမ္းမွာ ဂ႐ုစိုက္ပါ။ ေရာက္ရင္ အသိေပးေနာ္" လင္းဖန္က ေျပာလိုက္သည္။

"ေကာင္းပါၿပီ။ ခုခ်က္ခ်င္းပဲထြက္လာခဲ့ပါ့မယ္။”  စီးပြားေရးဌာနေခါင္းေဆာင္လ်ိဳ႕က ေလးစားစြာ ေခါင္းၿငိမ့္လိုက္သည္။ ထို႔ေနာက္ သူ႕ BMW ကားျဖင့္ လင္းဖန္၏ အိမ္ကို ေမာင္းလာခဲ့ပါသည္.

လိႈင္းျပာပင္လယ္ေအာ္အိမ္ရာကို ေရာက္ေသာအခါ လ်ိဳ႕ အံ့ၾသသြားပါသည္။

လိႈင္းျပာပင္လယ္ေအာ္အိမ္ရာတြင္ အေဆာက္အဦးျမင့္ႀကီးမ်ားစြာ ႐ွိသည္။ လွပေသာ သစ္ပင္ပန္းမန္မ်ားစြာနဲ႔ လုံျခဳံေရးအျပည့္အဝလည္း ႐ွိသည္။ တိရိစၧာန္အေသးစားေလးေတြေတာင္ ႐ွိပါသည္။ အလြန္လွပေသာ ကမ႓ာတစ္ခု ျဖစ္၏။

လ်ိဳ႕အနည္းငယ္ အားက်မိပါသည္။ ဒါ စူပါစတားတစ္ေယာက္ရဲ႕ ေလာကလား။

သူတို႔ သာမန္လူေတြရဲ႕ ေလာကနဲ႔ လုံးဝ ျခားနားပါသည္။

လ်ိဳ႕ေလး ဆက္ေလွ်ာက္လာၿပီး လင္းဖန္၏ ဗီလာအနားသို႔ ေရာက္ေသာအခါ သူ႕မ်က္လုံးမ်ား ျပဴးက်ယ္သြား၏။

ဒါက.... သန္း ၂၀၀ ေက်ာ္တန္ဖိုး႐ွိသည့္ ႏွလုံးသားေရကန္ဗီလာႀကီး ျဖစ္သည္။

အထဲသို႔ ဆက္ဝင္လာေသာအခါ လင္းဖန္၏ ဂိုေထာင္ကို လ်ိဳ႕ ျမင္လိုက္ရပါသည္။

အထဲတြင္ Bugatti, Koenigsegg One, Rolls-Royce Cullinan ကားႀကီးမ်ား ႐ွိၾကသည္။

ဂိုေထာင္ထဲက ၿပိဳင္ကားႀကီးႏွစ္စီးက Limited Edition မ်ား ျဖစ္ၾကၿပီး သန္းရာခ်ီ တန္ဖိုး႐ွိသည္။ သူ႕ BMW ကားကိုၾကည့္ရင္း လ်ိဳ႕ သက္ျပင္းသာခ်ႏိုင္ပါေတာ့သည္။

သူ႕မွာ ခံစားခ်က္တစ္ခုသာ႐ွိေတာ့သည္။ QQ Music အေပၚ လင္းဖန္ အျမင္ၾကည္ေအာင္ ယြမ္ ၂.၄ သန္း သုံးလိုက္တာ တန္ပါသည္။

ဘာပဲျဖစ္ျဖစ္ လင္းဖန္က ေငြလည္း မလိုအပ္ေပ။

လင္းဖန္က နာမည္ေက်ာ္ျဖစ္ေနရင္ေတာင္ ေငြအမ်ားႀကီး ရႏိုင္မွာ မဟုတ္ပါ။

လင္းဖန္က ႏွလုံးသားေရကန္ဗီလာႀကီးမွာ ေနႏိုင္ၿပီး သန္းရာခ်ီတန္သည့္ ၿပိဳင္ကားႀကီးမ်ားကို ေမာင္းႏိုင္သည္။ ဆိုလိုတာက လင္းဖန္ ေတာ္ေတာ္ခ်မ္းသာသည့္သေဘာပင္။ နာမည္ေက်ာ္တစ္ေယာက္ လုပ္တာက အရန္လုပ္ငန္းသေဘာမ်ိဳးသာ။

"သူ ဘာလို႔ ဒီေလာက္ေတာင္ရတာလဲ။ ပိုက္ဆံလည္း႐ွိ၊ အိမ္လည္း႐ွိ၊ ကားလည္း႐ွိ၊ သ႐ုပ္လည္းေဆာင္တတ္၊ သီခ်င္းလည္းဆိုတတ္၊ ေခ်ာလည္းေခ်ာေသးတယ္။ အေရးအႀကီးဆုံးက စူပါစတား႐ွားဝမ္ေခြၽ႕ရဲ႕ ပထမဆုံးအနမ္းကို ရသြားတာပဲ။ ငါ့ကိုၾကည့္ပါဦး။ ငမြဲေလးပဲ။” လ်ိဳ႕က သက္ျပင္းခ်လိုက္ၿပီး လင္းဖန္၏ ဗီလာတံခါးဆီသို႔ ေလွ်ာက္သြားလိုက္ပါသည္။ သူ တံခါးေခါက္လိုက္၏။

"ဝင္ခဲ့ပါ။” လင္းဖန္ ထိုသို႔ေျပာလိုက္ၿပီးေနာက္ ႏွလုံးသားေရကန္ဗီလာ၏ တံခါးမႀကီး အလိုအေလ်ာက္ ပြင့္သြားခဲ့ပါသည္။

လက္႐ွိလင္းဖန္က ဒီႏွလုံးသားေရကန္ဗီလာႀကီး၏ ပိုင္႐ွင္ ျဖစ္သည္။ ထို႔အျပင္ ဗီလာႀကီးထဲတြင္ အဆင့္ျမင့္ ေခတ္မွီနည္းပညာမ်ား အသုံးျပဳထားသည္။ မ်က္ႏွာစကင္ဖတ္ျခင္းစသျဖင့္ ဝန္ေဆာင္မႈစက္႐ုပ္မ်ားစြာလည္း ႐ွိပါသည္။

သူ႕အတြက္ အိမ္ကို သန္႔႐ွင္းေရး လုပ္ေပးသည့္ စက္႐ုပ္မ်ားပင္ ႐ွိေသးသည္။ အမွန္ပင္။ သန္႔႐ွင္းလို႔ မရသည့္ တခ်ိဳ႕ေနရာမ်ား ႐ွိပါက အိမ္ရာစီမံေရးဝန္ထမ္းမ်ားကို အကူအညီသြားေတာင္းႏိုင္ပါသည္။

ဘာပဲျဖစ္ျဖစ္ အိမ္ရာစီမံေရးက ေကာင္မေလး ႐ွားရန္ရန္ကလည္း သေဘာေကာင္းပါသည္။

"မစ္စတာလင္း ခင္ဗ်ားအိမ္က... အႀကီးႀကီးပါလား။” လ်ိဳ႕က အထဲဝင္လာကာ ျပဳံးရင္း ေျပာလိုက္ပါသည္။ ဒါက လင္းဖန္လို စူပါစတားတစ္ေယာက္နဲ႔ ပထမဆုံး အနီးကပ္ ၾကဳံဖူးတာ ျဖစ္သည္။

"ဟားဟား အိမ္ကဘယ္ေလာက္ႀကီးႀကီး ေနစရာေနရာတစ္ခုပါပဲ။ ႀကီးတာ မႀကီးတာ အေရးမႀကီးဘူး။”

"စာခ်ဳပ္မူၾကမ္း ျပင္လာခဲ့ရဲ႕လား" လင္းဖန္က ဆိုဖာေပၚမွာထိုင္ရင္း ေမးလိုက္ပါသည္။

"ဟုတ္ကဲ့ ၿပီးသြားပါၿပီ" လ်ိဳ႕က အနည္းငယ္ စိတ္လႈပ္႐ွားေနသည္။ သူ စာခ်ဳပ္ကိုထုတ္လိုက္ၿပီး လင္းဖန္ေ႐ွ႕မွာ မတ္တပ္ရပ္ေနပါသည္။

"ကြၽန္ေတာ့္အိမ္ထဲမွာ အားနာစရာ မလိုပါဘူး။ ထိုင္ပါဦး။ ကြၽန္ေတာ္ စာခ်ဳပ္ကို ဖတ္ၾကည့္လိုက္ဦးမယ္။ ျပႆနာမ႐ွိရင္ လက္မွတ္ထိုးပါ့မယ္။” လင္းဖန္က ေျပာလိုက္ပါသည္။

"ေက်းဇူးပါ အစ္ကိုဖန္" လင္းဖန္ကို ေခၚေဝၚသည့္ပုံစံအား လ်ိဳ႕ ေျပာင္းလဲလိုက္ပါသည္။

အရင္တုန္းက လင္းဖန္ကို အလြန္ေလးစားခဲ့သည္။ အခုေတာ့ သူ႕ကို ရင္ထဲက ႏွစ္ႏွစ္ကာကာ ေလးစားအားက်မိပါသည္။

ဒါက လင္းဖန္၏ စတိုင္ ျဖစ္သည္။ လင္းဖန္၏ အဆင့္အတန္းက သူ႕ထက္ အမ်ားႀကီး ျမင့္မား၏။ သို႔ေသာ္လည္း သူ႕ေ႐ွ႕မွာ ျခားနားေနသလို မခံစားရပါ။

ယခင္တုန္းက လ်ိဳ႕ စီးပြားေရးလုပ္ငန္း႐ွင္ႀကီးမ်ားႏွင့္ ရင္ဆိုင္ရတုန္းက သူတို႔ကို ဦးၫႊတ္ရပါသည္။ ကုမၸဏီထဲမွာလည္း ထိုနည္းလည္းေကာင္း ျဖစ္သည္။ ႐ွင္သန္ဖို႔အတြက္သာ မဟုတ္ပါက ဘယ္သူက သူမ်ားကို ဦးၫႊန္ခ်င္မွာလဲ။

သို႔ေသာ္ လင္းဖန္ေဘးမွာေတာ့ သူ႕ကိုေလးစားသလိုခံစားရၿပီး သူ႕ကို ေခၚေဝၚသည့္ ပုံစံအား ေျပာင္းလဲလိုက္ပါသည္။

လင္းဖန္က သူ႕ကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံသည္။ သူကလည္း လင္းဖန္ကို ပို၍ပင္ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံပါမည္။ သူျပန္သြားေသာအခါ လင္းဖန္၏ သီခ်င္းကို ပ႐ိုမိုး႐ွင္းဆင္းေပးဖို႔အတြက္ ေသခ်ာေပါက္ စီစဥ္ပါေတာ့မည္။

"စာခ်ဳပ္က အဆင္ေျပပါတယ္။ ကြၽန္ေတာ္ လက္မွတ္ထိုးၿပီးၿပီ။ မျပန္ခင္ လက္ဖက္ရည္ ေသာက္သြားဦးမလား။” လင္းဖန္က ျပဳံးကာ လ်ိဳ႕ကို စာခ်ဳပ္မိတၳဴတစ္ခု ေပးလိုက္ပါသည္။ သူ႕အတြက္လည္း စာခ်ဳပ္မိတၳဴတစ္႐ြက္ သိမ္းထား၏။

"အစ္ကိုဖန္ လုပ္ငန္းတူတူတြဲလုပ္ရတာ ဝမ္းသာပါတယ္။ ေနာက္က်ေနၿပီဆိုေတာ့ လက္ဖက္ရည္ေတြလုပ္မေနပါနဲ႔ေတာ့။” လ်ိဳ႕က စာခ်ဳပ္ကိုယူလိုက္ၿပီး လင္းဖန္နဲ႔ ဝမ္းသာစြာ လက္ဆြဲႏႈတ္ဆက္လိုက္ပါသည္။

ဒီလိုလူမ်ိဳးနဲ႔ အလုပ္လုပ္ရတာ သူ႕အတြက္ အလြန္ သက္ေတာင့္သက္သာ႐ွိပါသည္။

လ်ိဳ႕ျပန္သြားၿပီး နာရီဝက္ေလာက္အၾကာတြင္ လင္းဖန္ဆီသို႔ QQ Music မွ ေငြလႊဲလႊာ ေရာက္လာခဲ့ပါသည္။

စာခ်ဳပ္ေၾကး ၂.၄ သန္းယြမ္ကို လင္းဖန္၏ ဘဏ္အေကာင့္ထဲသို႔ တရားဝင္ ထည့္သြင္းေပးလိုက္ပါၿပီ။

המשך קריאה

You'll Also Like

591K 15.2K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
162K 4.9K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...