-HOW TO DATE WITH SINGLE FATH...
Від ChristianCherry5
28.8K 2.4K 1.1K
"Brother ffin ယူကို ဒယ်ဒီကို ပြန်ကြိုက်ဖို့ ငွေဘယ်လောက်ပေးရမလဲ?" Більше
Intro ✓
Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 4 ✓
Episode 5 ✓
Episode 6.5 ✓ [Adult Sense]
Episode 6 ✓
Episode 7 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓
Episode 12 ✓
Episode 13 ✓
Episode 14 ✓
Episode 15 ✓
Episode 8 ✓
675 74 39
Від ChristianCherry5
Unicode ✅
-HOW TO DATE WITH SINGLE FATHER-
“ဒီထက်ပိုကောင်းအောင် မလုပ်နိုင်ဘူးလား”
လက်ထဲကဖိုင်တွေအား ကြမ်းပြင်ထက်ပြစ်ချလိုက်ပြီး ဆိုလာတဲ့ ဖင်လ်။ ဖင်လ်ရှေ့၌ ရပ်နေသည့် ကောင်မလေးမှာတော့ ကြောက်၍ ဒူးပင်တုန်လေပြီ။ ဖင်လ်က ဝန်ထမ်းတွေအပေါ် အမြဲတမ်း ချိုချိုသာသာနှင့် မိသားစုလို ဆက်ဆံတတ်တဲ့ သူမျိုးဖြစ်တာကြောင့် အခုလိုမျိုး စိတ်ကြမ်းကိုယ်ကြမ်းနှင့် ဒေါသထွက်လွယ်နေသည့် ဖင်လ် ပုံစံအား အားလုံးကြောက်လန့်နေကြလေ၏။
“ဒီလောက်လေးမှ သုံးစားမရရင် မင်းရဲ့အိတ်ကိုယူပြီး ဒီကုမ္မဏီကနေ ထွက်သွားလိုက်တော့”
“ကျွန်မတောင်းပန်ပါတယ် သေချာပြန်ပြင်လိုက်မှာမို့ အလုပ်တော့မထုတ်လိုက်ပါနဲ့ တောင်းပန်ပါတယ်”
“မင်းတောင်းပန်ရုံနဲ့!-”
“ဆရာ စိတ်လျှော့ပါ မင်းလည်းသွားတော့”
ကြားထဲက ဒန်တီဝင်လာတော့မှ ဖင်လ်လည်း ဘာမှဆက်မပြောဖြစ်တော့သလို ကောင်မလေးလည်း အခန်းထဲကနေ ထွက်သွားခွင့်ရလိုက်‌လေရဲ့။
ကောင်မလေး ထွက်သွားတော့ ဒန်တီလည်း ဖင်လ်‌အရှေ့၌ ဝင်ထိုင်ကာ သူ့ဆရာမျက်နှာအား အကဲခတ်‌သလို စိုက်ကြည့်နေလေ၏။ ဒီရက်တွေထဲမှာ သူ့ဆရာက ဘာဖြစ်နေမှန်းမသိ။ အချိန်ပြည့် ဒေါသတွေထွက်နေတတ်ပြီး ဘယ်သူ့နဲ့မှလည်း စကားကောင်းကောင်းမပြောပေ။ အဆိုးဆုံးကတော့ စားချိန် အိပ်ချိန် မမှန်ဘဲ အလုပ်မှာပါ မြင်သမျှ စိတ်တိုင်းမကျ ဖြစ်နေတတ်တာပင်။
“ဆရာ အဆင်ပြေရဲ့လား”
ဒန်တီအမေးကြောင့် ဖင်လ်က ဒန်တီ မျက်နှာအား စိုက်ကြည့်ကာ ။
“ငါမသိဘူး အဆင်ပြေနေတာလား မပြေဘူးလား ဆိုတာ”
ဖင်လ်စကားသည်ရှုပ်သည်။ သို့သော် ဖင်လ်အပေါ် နားလည်ပေးနိုင်ဆုံး ဒန်တီကတော့ ဖင်လ်စိတ်ခံစားချက်တွေအား ကောင်းကောင်းကြီး နားလည်၏။
“ဒီရက်ပိုင်း ဟိုသားအဖကိုလည်း မတွေ့ပါလား အခါတိုင်းဆိုရင် ဆရာဆီ လာလည်နေကြလေ”
ဒန်တီက ယူကိုလေးတို့အကြောင်း အစချီမေးလိုက်တော့ ဖင်လ်ဟာ သူ့မျက်နှာထက်က မျက်မှန်အား ဆွဲချွတ်လိုက်ကာ သက်ပြင်းဖွဖွချလေရဲ့။
“ငါတို့စကားများထားတယ် ဒန်တီ”
“ကလေးနဲ့လား ကလေးအဖေနဲ့လား”
“ကလေးအဖေနဲ့”
ထင်ပါတယ်။ ကလေးနဲ့သာ စကားများထားရင် သူ့ဆရာ ဒီလောက်ထိ ဖြစ်နေစရာမှမလိုတာ။ ပြီးတော့ ကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်နေရင် မုန့်ဖြစ်ဖြစ် ကစားစရာဖြစ်ဖြစ် ဝယ်ပေးပြီး ချော့လိုက်ရုံပဲ မဟုတ်လား။ သူ့ဆရာ အဲ့ဒီလောက်တော့ မတုံးသေးပါဘူး။
“ဆရာတို့ ဘာဖြစ်ကြတာလဲ ကျွန်တော် သိလို့ရမလား ဒါမှလည်း ကျွန်တော် အကြံပေးလို့ရမှာလေ”
ဒန်တီ စကားကြောင့် ဖင်လ်လည်း ဒန်တီအား အကြောင်းစုံ ပြန်ပြောပြကာ သူလုပ်တာ မှားသလားဆိုပြီး မေးခွန်းထုတ်လေရဲ့။
“အမှန်အတိုင်းပြောရရင် ဆရာ အဲ့ဒီလို မပြောခဲ့သင့်ဘူး ပြောရလောက်တဲ့အထိလည်း ဆရာတို့ ဆက်ဆံရေးက ရင်းနှီးတဲ့ မိတ်ဆွေတွေထက်မှ မပိုတာ ဆရာ သူ့ဘဝကို လိုက်စိုးမိုးနေလို့မရဘူးလေ”
ဒန်တီအပြောမှာ ယုတ္တိရှိသည်။ ဒီအတွက်ကြောင့် ဖင်လ်ဟာ တုံ့ပြန်စရာ စကားပင် အစရှာမရခဲ့ပေ။
“ငါဘာလုပ်ရမလဲ ဒန်တီ”
“ပြန်တောင်းပန်လိုက်ပါ ဆရာ”
“ဒါပေမဲ့ ငါသူ့ရှေ့ မျက်နှာမပြရဲဘူး အဲ့ဒီနေ့က သူ့အရမ်းစိတ်ဆိုးသွားတဲ့ပုံပဲ ငါ့ကိုလည်း ထွက်သွားခိုင်းပြီး ယူကိုလေးကလည်း အခုချိန်ထိ ငါ့ကို မဆက်သွယ်လာဘူး ကြည့်ရတာ သားအဖ နှစ်ယောက်လုံး ငါ့ကို စိတ်ပျက်သွားပြီ ထင်ပါတယ်ကွာ”
အခုကျတော့လည်း ဖင်လ်ပုံစံဟာ စိတ်ကောက်နေသည့် အမျိုးသားနှင့်ကလေးအား ဘယ်လို ဘယ်ပုံစံ ချော့ယူရမလဲ မေးခွန်းထုတ်နေသည့် ပုံစံလေးပင်။ ဒန်တီမှာ သူ့ဆရာ ဖင်လ်ပုံစံကိုကြည့်ပြီး ရယ်လည်းရယ်ချင်။ ရယ်လည်းမရယ်ရက်ပင်။
“ကျွန်တော် အကြံပေးရရင် ကလေးအဖေကို အရင်မချော့သေးဘဲ ကလေးနဲ့ အရင်တွေ့ကြည့်ရင်ရော”
“ဟင် ကလေးနဲ့တွေ့မှတော့ ကလေးအဖေနဲ့ပါ တွေ့ရတော့မှာပေါ့ကွ ဘာလို့ဆို သူတို့သားအဖက အမြဲ အတူတူရှိနေတာလေ”
“အတူတူမရှိတဲ့အချိန်လည်း ရှိပါသေးတယ် ဆရာ”
.
.
.
အလုပ်ကိစ္စဖုန်းပြောနေရင်း ဝင်လာတဲ့ဖုန်းကြောင့် သူကြည့်လိုက်တော့ ဆက်သူမှာ တခြားသူမဟုတ်။ တနေကုန် ဖုန်းပူအောင် Message တွေ တောက်လျှောက်ပို့နေသည့် အဒေးဆိုတဲ့ ကောင်လေးပင်။
ကိုယ်ကလည်း အလုပ်များတဲ့သူမို့ ဖုန်းကိုင်ဖို့တောင် မချိန်မရှိပေ။ အခုလည်း အလုပ်ကိစ္စပြောနေရင်း ဝင်လာတဲ့ ဖုန်းကြောင့် သူအသာလေး ချလိုက်မိသည်။ ဒါပေမဲ့ ထပ်ဝင်မလာတဲ့ ဖုန်းလေးကြောင့် သူ့စိတ်ထဲ တွေးလိုက်မိသည်မှာ ဒီကောင်လေး အလိုက်တော့သိသားဆိုသည့် အတွေးပင်ဖြစ်၏။
“ဒါဆို ကျွန်တော် အရင်ပြန်နှင့်တော့မယ် တခြား ချိန်းထားတဲ့ အလုပ်ကိစ္စလေး ရှိသေးလို့”
“ကောင်းပါပြီဗျာ”
အလုပ်ကိစ္စအကြောင်း ပြောစရာစကားလည်း ကုန်ပြီမို့ သူလည်း နှုတ်ဆက်ကာ အရင်ဆိုင်ထဲကနေ ထွက်လာလိုက်သည်။ အပြင်ဘက်ကိုရောက်တော့မှ အိတ်‌ကပ်ထဲက ဖုန်းလေးအား အသာထုတ်ကြည့်လိုက်တော့ ဖုန်း Screen ထက် မြင်နေရသည့် Message ကြောင့် သူသတိလက်လွတ် ရယ်လိုက်မိ၏။
အကြောင်းမှာတော့ ခွေးပေါက်လေး Emoji နှင့် မှတ်ထားတဲ့ Contact ၌ “Message တွေမပြန်ချင်ရင်နေပါ ဖုန်းကိုချပြစ်တာတော့ လွန်တာပေါ့ ဒါပေမဲ့ ဒီကလူချောလေးကပဲ အလုပ်လုပ်နေလို့ ချလိုက်တယ်လို့ပဲ နားလည်ပေးလိုက်ပါ့မယ်” စတဲ့ Message နှင့်အတူ အနောက်၌ ရွဲ့စောင်းသလိုကြည့်နေသည့် Emoji ပါထည့်ထားတာမို့ သူမရယ်ဘဲ မနေနိုင်ပေ။
တနေကုန် တောက်လျှောက် ပြစ်ထားလို့လည်း မဖြစ်သေး။ တော်ကြာနေ ဒီကောင်လေး လွယ်တာမဟုတ်ဘူး။ ကိုယ့်ထက်သာတဲ့ စပွန်ဆာ ဘဲကြီးတွေ ထပ်ရှာတွေ့သွားရင် ကွိုင်ပဲ။ ဘာလို့ ဒီကောင်လေးကို အနားခေါ်ထားလဲ ဆိုတာကလည်း သူ့အကြောင်းနဲ့သူပဲလေ။
ထို့နောက် ခွေးပေါက်လေး Contact အားနှိပ်လိုက်ကာ ဖုန်းခေါ်လိုက်တော့ တော်တော်နှင့်မကိုင်ပေ။
ခဏကြာတော့မှ “Hello” ဆိုသည့် မကျေမနပ်သံလေး ထွက်လာလေရဲ့။
“အသံက ဘာလဲ”
သူခပ်တည်တည်မေးလိုက်တော့။ ချက်ချင်း ပြန်မဖြေလာ။ နောက်တော့မှ စကားပြန်ပြော၏။
“ကျွန်တော်ပို့ထားတဲ့ Message တွေကို ဘာလို့ လျစ်လျူပြုထားတာလဲ ဖုန်းဆက်တာလည်း ချပြစ်တယ် ကိုကိုလွန်တယ် မထင်ဘူးလား”
“Hey! ငါကမင်းရည်းစား မဟုတ်ဘူး မင်းမနက်ကတည်းက Message တွေ ဆက်တိုက်ပို့နေတာ ဘယ်လောက်တောင် စိတ်ရှုပ်စရာကောင်းလဲ မင်းသိလား”
အမှန်အတိုင်းပြောရရင် စိတ်အနှောင့်ယှက်မဖြစ်စေပါဘူး။ အဲ့ဒီအစား  ဒီကောင်လေး Message တွေကြောင့် သူရယ်တောင်ရယ်မိသေးတယ်လေ။
“အဲ့ဒါဆိုလည်း စာဆက်မပို့ဖို့ Reply ပြန်လိုက်လည်း ရရဲ့သားနဲ့”
“ပြီးတော့ မင်းစောနက ဖုန်းဆက်တဲ့အချိန်က ငါအလုပ်ကိစ္စ စကားပြောနေတဲ့အချိန် နောက်အဲ့ဒီလို လာလာမဆက်နဲ့”
“သိပါပြီ! အလုပ်သရဲကြီးရဲ့!”
ဘာတဲ့။ အလုပ်သရဲ။ အလုပ်လုပ်မှ မင်းကိုအမ်းလို့ရမှာပေါ့။ ငါက Original ဘောစိမှမဟုတ်တာ။
“ငါကမင်းလို အလုပ်ရှိ အနာဂတ်မရှိတဲ့ကောင် မဟုတ်ဘူး ပြီးတော့ မင်းလို ပိုက်ဆံအလွယ်တကူ ရှာနိုင်တဲ့ကောင် မဟုတ်တော့-”
“ကိုကို...”
သေရော။ ပြောချင်တာတွေ ဇွတ်ပြောနေတာ။ သူ့စကားလွန်များသွားပြီလား မသိ။
“အဟမ်း! ငါတို့ ဒီညတွေ့ကြတာပေါ့”
“ကျွန်တော် ဒီညမအားဘူး ကိုကို ဖုန်းချတော့မယ်”
တီခနဲချသွားတဲ့ ဖုန်းကြောင့် ဒန်တီ မျက်နှာမှာ တင်းခနဲ။
ဘာလဲကွာ။ ဒါလေးပြောမိတာကို ဖုန်းချပြစ်ဖို့ လိုလို့လား။
.
.
.
သစ်ပင်အကွယ်ကနေ ဘေဘီလေးအား ချောင်းကြည့်နေရတဲ့ သူ့အဖြစ်ကလည်း မလွယ်လှဘူး။ ဒန်တီ အကြံပေးချက်ကြောင့် ဘေဘီလေးနဲ့ ကိုးလ် အတူတူမရှိတဲ့အချိန်က ကျောင်းချိန် တစ်ချိန်သာ ရှိတာမို့ သူအခု ဘေဘီလေး ကျောင်းကို ရောက်နေတာပဲ။
ဆရာမကို ခွင့်တောင်းပြီး ဘေဘီလေးနဲ့တွေ့ဖို့ ပြောထားပေမဲ့လည်း အခုချိန်ထိ ဘေဘီလေးအနားကို မလှမ်းရသေး။ ဘေဘီလေးကတော့ သူ့သူငယ်ချင်းတွေနဲ့ ကစားရင်း ရယ်မောနေလိုက်တာ ချစ်စရာကောင်းလိုက်တာ လွန်ရော။
အရင်လို အနေအထားမျိုးသာဆိုရင် အနားသွားပြီး ပွေ့ချီပြီး ပိတ်နမ်းပြစ်မှာ မှန်ပေမဲ့ အခု‌တော့ သူ့မှာအနားတောင် မသွားရဲ။
သူငေးကောင်းနဲ့ငေးနေတုန်း ဘေဘီလေး မျက်ဝန်းဝိုင်းလေးတွေမှာ ဖြတ်ခနဲ သူ့ဆီရောက်လာလေရဲ့။
“F××k! သေပြီ”
သူခိုးလူမိသလို သူ့မှာကြောက်ကြောက်နဲ့ သစ်ပင်နားကနေ ထွက်သွားဖို့ ပြင်လိုက်တော့ နောက်ကနေ ကြားလိုက်ရတဲ့ အသံကျယ်ကျယ်လေးမှာ သူ့နာမည်အား အော်ခေါ်နေသည့် ဘေဘီလေး အသံပင်။
“Brother ffin! Brother ffin! မပြေးနဲ့လို့!!”
ကြည့်ရတာ သူဒီကိုလာတာကို ဘေဘီလေးက စိတ်ဆိုးသွားတဲ့ပုံပဲ။ သူအမှားလုပ်မိပြီထင်တယ်။ အစက ကိုးလ် စိတ်ဆိုးတာပဲ ခံရတာ။ အခု ဘေဘီလေး စိတ်ဆိုးတာပါ ခံရတော့မယ်ထင်တယ်။ သူဘာလုပ်ရမလဲ။
“Baka! ffin Baka! Baka!!! Baka!!! ဟင့် အီး!”
သူနားမလည်တဲ့ စကားတွေအား ဆက်တိုက်ရွတ်ရင်း ရုတ်တရက်ငိုချလိုက်တဲ့ ဘေဘီလေးကြောင့် သူ့ခြေလှမ်းတွေဟာ ရှေ့မရောက်တော့။ ချက်ချင်းဆိုသလို နောက်ပြန်လှည့်လိုက်တော့ ငိုနေတဲ့ဘေဘီလေးဟာ သူ့ဆီလုံးခနဲ ပြေး‌လာလေ၏။
“ဘေဘီလေး...”
အနားရောက်တော့ သူခပ်တိုးတိုးခေါ်ကာ ပွေ့ချီလိုက်တော့ သူ့အားခပ်တင်းတင်းဖက်ထားကာ တအီအီငိုချသည်။ ဒီလိုမြင်ရတာ သူစိတ်မကောင်းသလို ဘယ်လိုချော့ရမလဲ ဆိုတာလည်း မသိပေ။
ထို့အပြင် အခန်းထဲက ကလေးတွေရော။ ဆရာမပါကာ သူတို့အား ဝိုင်းကြည့်နေတာမို့ သူဘေဘီလေးအား ‌အပြင်ဘက်သို့ ခေါ်ထုတ်လာလိုက်တော့သည်။
“ဟင် Mr.Griffin အဆင်ပြေရဲ့လား”
သူခွင့်တောင်းခဲ့တဲ့ ဆရာမနှင့် ဆုံလေတော့ ဆရာမက သူတို့ကိုကြည့်ပြီး စိတ်ပူသလို မေးလာလေရဲ့။
“ကျွန်တော် ယူကိုလေးကို ခဏလောက် ခေါ်သွားလို့ရမလား ကလေးက အရမ်းငိုနေတော့ အခန်းထဲ မထားခဲ့ချင်လို့ ပြီးတော့ ကျွန်တော် ကလေးနဲ့ စကားနည်းနည်း ပြောချင်လို့ပါ”
“ရပါတယ် ခဏနေလည်း ကျောင်းဆင်းတော့မှာဆိုတော့ ခေါ်သွားလိုက်နော်”
“ကျေးဇူးတင်ပါတယ်”
ဖင်လ်လည်း ဆရာမလုပ်သူအား ကျေးဇူးတင်စကားဆိုကာ ယူကိုလေးအား ခေါ်ထုတ်လာလိုက်သည်။ ဘယ်မှာလည်း သွားစရာ မရှိတာကြောင့် ယူကိုလေးအား ကားဆီခေါ်လာလိုက်ပြီး ကားရှေ့ပိုင်းအဖုံးပေါ်၌ အသာလေး ထိုင်ခိုင်းလေ၏။
“ဘေဘီလေး မငိုနဲ့တော့နော် လိမ်မာတယ်”
ပါးဖောင်းဖောင်းလေးထက်က မျက်ရည်လေးတွေအား သုတ်ပေးရင်း သူဆိုတော့ ဘေဘီလေးက သူ့မျက်နှာအား အသာမော့ကြည့်လေသည်။ နှုတ်ခမ်းလုံးလုံလေးမှာ သူ့အား စိတ်ကောက်နေဟန် ဆူပုတ်ထားပြီး တစ်ခုခုလည်း ပြောချင်နေပုံပါပင်။
“ကိုယ့်ကိုပြောစရာ ရှိလို့လား ဘေဘီလေး”
သူအရဲစွန့်ကာ မေးလေတော့ ။
“ဘာလို့ ယူကိုဆီ မလာတာလဲ! ဖုန်းလည်းမဆက်ဘူး! လာလည်းမတွေ့ဘူး! Brother ffin ဆီမှာ နောက်ထပ် ကလေးတစ်ယောက် ရှိနေပြီလား!”
လက်စသတ်တော့ ဒီကလေး သူသွားမတွေ့လို့ စိတ်ကောက်နေတာပဲ။ ဒါဆို ဘေဘီလေးက သူ့ကို စောင့်နေခဲ့တဲ့ သဘောပေါ့။
“Baka ffin ဖြေဦးလို့!”
“ကိုယ့်မှာ ဘယ်ကလေးမှ မရှိပါဘူးကွာ ဘေဘီလေးပဲရှိတာ ပြီးတော့ ဘေဘီလေးဆီ မလာဘူးဆိုတာကလည်း ဘေဘီလေးဒယ်ဒီ ကိုးလ်က ကိုယ့်ကိုစိတ်ဆိုးနေတာလေကွာ ကိုယ်ဘယ်လိုလာရမလဲ”
“စိတ်ဆိုးနေရင် ချော့ပေါ့ Brother ffin ဒယ်ဒီကို မချစ်ဘူးလား”
“ဟင်”
ဒါကဘယ်လို မေးခွန်းကြီးလဲ။ မချစ်ဘူးလားတဲ့။ သူကလေ ကိုးလ်ကို။ အင်း ချစ်တယ်။ မိတ်ဆွေ သူငယ်ချင်းလို။
“Brother ffin!”
“ကိုယ်တောင်းပန်တယ်နော် ကိုယ် မင်းဒယ်ဒီကို ဘယ်လိုချော့ရမလဲ မသိလို့ ဘေဘီလေးကို လာမတွေ့ဖြစ်တာပါ”
“ဟွန်း!”
“ဒါနဲ့ ဘေဘီလေးကရော ကိုယ့်ဆီ ဘာလို့ ဖုန်းမဆက်တာလဲ”
သူ့မေးခွန်းကြောင့် ဘေဘီလေးက အပြစ်လုပ်ထားသလို မျက်နှာငယ်လေး ဖြစ်သွားပြီး ခေါင်းလေးအောက်ကိုငုံ့သွားလေရဲ့။
“ဒယ်ဒီကပြောတယ် ယူကိုဘက်ကနေ Brother ffin ဆီကို လုံးဝ မဆက်သွယ်ရဘူးတဲ့ Brother ffin ဘက်ကနေ စပြီး ဆက်သွယ်လာမှ ပြန်ပြောတဲ့ မဟုတ်ရင် ဂျပန်က ဖွားဖွားဆီ ပြန်ပို့မယ်တဲ့”
ကလေးရှင်းပြချက်ကြောင့် သူသက်ပြင်းချမိပါရဲ့။ သူစလိုက်တဲ့မီးက ဘာမှမဆိုင်တဲ့ ကလေးကို သွားလောင်စေမှန်း သူမသိခဲ့ဘူးလေ။ ဒီတိုင်းသာဆိုရင် သူကိုးလ်ကိုမချော့သ၍ ကလေးကကြားထဲကနေ အနေခက်နေရှာမှာ။
“အေးပါကွာ ကိုယ်မင်းဒယ်ဒီကို အမြန်ဆုံး ချော့နိုင်အောင် ကြိုးစားပါ့မယ်”
“ယူကို!”
နောက်ကနေ ထွက်လာတဲ့ အသံကြောင့် သူရော ဘေဘီလေးရော တုန်လှုပ်သွားပြီး နှစ်ယောက်သား ပြိုင်တူ အနောက်လှည့်ကြည့်မိတော့ သူတို့အား ခပ်တင်းတင်း စိုက်ကြည့်နေသည့် ကိုးလ်အားတွေ့လိုက်ရလေ၏။
“ကိုးလ် ကိုယ်-”
“ယူကို ပြန်မယ်! လာခဲ့ အခု!”
သူ့အားရှိတယ်လို့မထင်။ တစ်ချက်ပင်မကြည့်။ ယူကိုအား ကားပေါ်နေဆွဲခေါ်ကာ ပြန်ဖို့ပြင်နေတဲ့ ကိုးလ်ကြောင့် သူဘာလုပ်လို့ လုပ်ရမှန်း မသိပေ။ ယူကိုလေးကိုကြည့်ရတာလည်း ဂျပန်ပြန်ရမှာစိုးလို့ သူ့အား မျက်နှာငယ်လေးနဲ့ လှည့်ကြည့် ကြည့်လုပ်ကာ ကိုးလ် ဆွဲခေါ်ရာနောက် ပါသွားလေရဲ့။
နောက်တော့ မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားတဲ့ သားအဖနှစ်ယောက်ရဲ့ ကျောပြင်ကိုကြည့်ပြီး သူ့ကားအားမှီချကာ ငူငူကြီးရပ်နေမိသည်။
ကိုးလ်ကသူ့ကို အတည်ကြီး စိတ်ပျက်သွားပြီထင်တယ်။ တကယ်ကို ဘယ်လိုမှ ဘယ်အရာမှ သူမလုပ်နိုင်တော့ဘူး။
ထွက်သွားတဲ့ ကိုးလ်မှာလည်း ယူကိုလေးအား ဘာစကားမှမဆိုဘဲ ကားပေါ်၌ နေရာချပေးကာ သူလည်း ဘေးဘက်၌ ဝင်ထိုင်လေရဲ့။ သို့သော် ကားကိုတော့ မောင်းမထွက်သေးဘဲ ကားပေါ်၌ ငူငူကြီး ထိုင်နေရှာသည်။
“Daddy”
ယူကိုလေးမှာ အပြစ်လုပ်ထားမိသလို သူ့ဒယ်ဒီအား ခပ်တိုးတိုးလေး ခေါ်ရှာတော့ ကိုးလ်မှာ ပြန်တော့မထူးပေမဲ့ ယူကိုလေးအား လှည့်ကြည့်လေ၏။
“ဒယ်ဒီ ယူကို့ကို စိတ်မဆိုးပါနဲ့နော် Brother ffin ကိုလည်း စိတ်မဆိုးပါနဲ့”
စိဆ်မဆိုးနဲ့တဲ့ဟုတ်လား။ ဒယ်ဒီ စိတ်မဆိုးသင့်ဘူးလို့ မင်းတွေးနေသလား ယူကို။ ကိုယ့်အမှားကိုယ်သိတာတောက် ပျောက်ချက်သားကောင်းနေပြီး တစ်ခါလောက်တောက် တောင်းပန်ဖို့ ပေါ်မလာတဲ့ ဖင်လ်ကို ဒယ်ဒီ စိတ်မဆိုးရဘူးလား။ အခု လူချင်းဆုံတာတောင် အနောက်ကနေ လိုက်မလာဘဲ ထွက်သွားခွင့် ပေးလိုက်တာကိုရော မင်းဒယ်ဒီ စိတ်မဆိုးသင့်ဘူးလား။
ဟုတ်ပါရဲ့။ မင်းဒယ်ဒီက စိတ်ဆိုးနေတာမှာမဟုတ်တာ။ စိတ်မကောင်းဖြစ်နေတာ။ ခံပြင်းနေတာ။
“Brother ffin ပြောလိုက်တယ် ဒယ်ဒီကို သူချော့ပါ့မယ်”
“Hakk! အခုလို လူချင်းတွေ့တာတောင် လိုက်မလာတဲ့ ပုံစံမျိုးလား”
“အဲ့ဒါက သူကြောက်နေတာ ယူကို့ကို လာတွေ့တာတောင် သူတိတ်တိတ်လေး လာတွေ့တာ ယူကိုမြင်သွားတော့လည်း ထွက်ပြေးတယ် ယူကိုငိုတော့မှ သူချော့ပြီး တောင်းပန်တာ”
ယူကိုလေး စကားတွေနားထောင်ရင်း သူစီယာတိုင်ထက်သာ မျက်နှာအပ်ထားမိသည်။ အခုချိန်မှာ သူ့စိတ်တွေ ပင်ပန်းနေတယ် မဟုတ်လား။
“ဒယ်ဒီ Brother ffin ကို ချစ်သေးလားဟင်”
ယူကိုလေး အမေးကြောင့် ကိုးလ်က ယူကိုလေးမျက်နှာကို လှည့်ကြည့်သည်။
“ယူကို...”
“ဒယ်ဒီ ချစ်တယ်ဆိုရင် Brother ffin တောင်းပန်တာကို လက်ခံလိုက်ပါနော် Brother ffin သူသနားပါတယ်”
“တော်ပြီ ယူကို ဒယ်ဒီသူ့အကြောင်း မကြားချင်ဘူး”
“ဒါပေမဲ့-”
“ယူကို!”
“ကိုးလ်!!”
ကားမှန်ပြတင်းပေါက်နား ရောက်လာသည့် ဖင်လ်၏ ခေါ်သံကြောင့် ယူကိုရော ကိုးလ်ရော ဖင်လ်အား လှည့်ကြည့်လေ၏။ ဖင်လ်မှာတော့ မျက်နှာတစ်ခုလုံး ချွေးစတွေစို့နေပြီး ကြည့်ရတာ သူတို့နောက် ပြေးလာသည့်ပုံပင်။
“ကိုးလ်! တောင်းပန်ပါတယ်! ကိုယ်တောင်းပါတယ်!! ခွင့်လွှတ်ပေးပါ! ကိုယ့်ကို ခွင့်လွှတ်ပေးမယ် မဟုတ်လားဟင် ကိုယ်မှားပါတယ်ကွာ!”
တောက်လျှောက်တောင်းပန်စကားတွေ အော်ဆိုနေတဲ့ ဖင်လ်ကြောင့် ဘေးပတ်ဝန်းကျင်က ကလေးမိဘတွေမှာ သူတို့အား ဝိုင်းကြည့်နေကြသည်။ တချို့ဆိုရင် ကလေးအဖေက သူ့အမျိုးသားနှင့် သူ့ကလေးအား ချော့နေတာထင်သည်ဟု မှတ်ချက်တွေ ပေးနေကြပြန်၏။
“ကိုးလ် ‌ကိုယ်တောင်းပန်ပါတယ်ကွာ”
“တော်တော့! ခင်ဗျားလုပ်တာ လူတွေကြည့်နေပြီ”
“ဒယ်ဒီ Brother ffin ကို ခွင့်လွှတ်လိုက်ပါနော်”
ရှေ့နေငှားမှ ထောင်လုံးလုံးကျတဲ့။ ကောင်းရောကွာ။
“ခင်‌ဗျား! အိမ်လိုက်ခဲ့! အိမ်ရောက်မှဆက်ပြောမယ်!”
ကားမှန်အားကောက်တင်ကာ မောင်းထွက်သွားတဲ့ ကိုးလ်ကားလေးနောက် ပြုံးဖြီးစွာ ကျန်ခဲ့သူမှာ ဖင်လ်ပင်။
“Yes! ချော့နိုင်ပြီ!”
.
.
.
အဆက်မပြတ်ခေါက်နေသည့် တံခါးသံကြောင့် သူတံခါးအား ဆွဲဖွင့်လိုက်ချိန် မြင်လိုက်ရသည့် မျက်နှာကြောင့် ရှုပ်နေသည့်စိတ်မှာ ပို၍ပင် ရှုပ်သွားရသည်။
“အဒေး ငါပိုက်ဆံလိုတယ် ငါ့ကိုပိုက်ဆံပေး”
ရောက်လာတာနဲ့ ပိုက်ဆံ‌တန်းတောင်းတဲ့ သူ့အဒေါ် ဒေါ်ငွေခင်ကို မြင်ရတာ ကျက်သရေကိုတုံးလို့။ ဘာကြောင့်များ ဒီမိန်းမကြီးက သူစိတ်ရှုပ်နေတဲ့အချိန်တွေမှာမှ ရောက်ရောက်လာတာလဲ။
“ခင်ဗျားလိုတာ ပိုက်ဆံမလား”
အိတ်ကတ်ထဲက လက်ကျန်ပိုက်ဆံအား ထုတ်လိုက်ကာ ထိုမိန်းမဆီကမ်းပေးလိုက်တော့ သူပေးတာနည်းလို့ထင် သူ့အားဆွဲရိုက်မတက် ကြည့်လာပြန်ရဲ့။
“ဒီလောက်လေးနဲ့ ငါကဘာသွားလုပ်ရမှာလဲ! ထပ်ပေး! နင့်မှာရှိတာ ငါသိတယ်တယ်နော် အဒေး! နင့်မှာမရှိရင်လည်း နင့်စပွန်ဆာဘဲတွေဆီက လှမ်းတောင်း‌ပေး!”
“ခင်ဗျားထွက်သွားလိုက်တော့!! နောက်လည်း ဘယ်တော့မှ မလာခဲ့နဲ့!!”
“နင် နင်ကများ ငါ့ကိုပြန်အော်ရဲတယ် ဟုတ်လား! နင်ကများ!”
**ဖြောင်း!!**
လည်ထွက်သွားတဲ့ ပါးပြင်နဲ့အတူ အရိုက်ခံလိုက်ရတဲ့ပါးပြင်မှာ စပ်ဖြင်းဖြင်း။ နောက်ဆုံးတော့လည်း သူ့ဘဝကဒီလိုပါပဲ။
“ဒီတစ်ခါတော့ ထားလိုက်တော့ နောက်တစ်ခါ ငါလာရင် ဒီထက်များတဲ့ ပိုက်ဆံပေးနိုင်အောင် နင့်ဘဲကြီးတွေဆီက တောင်းထား ငါသွားပြီ”
အခုချိန်မှာ သူ့ရင်ထဲက အပြင်းပြဆုံး ဆုတောင်စကားက သူဒီဘဝကြီးကနေ အမြန်ဆုံး လွတ်မြှောက်ရင် လွတ်မြှောက်။ မဟုတ်ရင် သူဒီလောကကြီးကနေ အပြီးအပိုင်း ထွက်သွားခွင့်ရပါစေလို့ ဆုတောင်းမိတယ်။
စပ်ဖြင်းဖြင်းဖြစ်နေတဲ့ ပါးပြင်တွေကြောင့် သူအိပ်ယာထက် ထိုင်ချလိုက်ကာ သူ့ဘဝသူ ပြန်မုန်းမိတယ်။ သူကမွေးဖွားမလာသင့်တဲ့ သန္ဓေသားပဲ။ သူဘယ်သူ့အတွက်မှ ကောင်းကျိုးမပေးဘူး။ ဘယ်သူ့အတွက်မှလည်း တန်ဖိုးမရှိဘူး။
သူ့ဘဝကြီးက အသုံးချခံသက်သက်ပဲ။
“တံခါးကြီး ဖွင့်ထားလို့ပါလား ဘာလဲ ငါမလာခင် တစ်‌ယောက်ယောက်များ လာသွားသေးလို့လား”
နားထဲကြားနေသည့် စကားသံတွေအား သူမကြားချင်‌ယောင်ဆောင်ထားမိသည်။
စိတ်တွေပင်ပန်းလို့ပါ။ စိတ်တွေပင်ပန်းလွန်းလို့။
“ကိုကို့ကို ပြောခဲ့တယ်မဟုတ်လား ကျွန်တော် ဒီည မအားဘူးလို့”
“ငါမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ တွေ့နေရလို့လား ဒါဆိုလည်း ဖြတ်လိုက်‌ ဒီမှာ မင်းလိုချင်တဲ့ ပိုက်ဆံ”
မွေ့ယာထက် ပြစ်ချလာတဲ့ ပိုက်ဆံတွေကိုကြည့်ပြီး သူပြုံးလိုက်မိတယ်။ ဟုတ်သားပဲ။ သူပိုက်ဆံလိုတယ်လေ။ ဒါမှ နောက်တစ်ခါ ဒေါ်လေးလာတောင်းရင် သူပေးနိုင်မှာ။
“အခုမင်းလိုတာ ပေးပြီးပြီဆိုတာ ငါလိုတာ မင်းပေးဖို့ အဆင်သင့်ပဲလား”
အာ ဟုတ်သားပဲ။ သူပိုက်ဆံယူပြီးရင် ယူထားတာနဲ့တန်အောင် အလုပ်လုပ်ပေးရဦးမှာပဲ။ ဟုတ်သားပဲ။ သူ့ဘဝက ဒီလိုပဲ လည်ပတ်နေခဲ့တာလေ။
အဒေးဘာမှပြန်မပြောတော့ဘဲ ဒန်တီလက်အားဆွဲချကာ ကုတင်ထက် ထိုင်ခိုင်းသည်။ သူကတော့ ကြမ်းပြင်ထက် ဒူးထောက်ထိုင်လိုက်ပြီး ဒန်တီဘောင်းဘီဇစ်အား ဆွဲချကာ ဒန်တီအရာအား ထုတ်လိုက်လေ၏။
နောက်တော့ လက်ဖြင့် အသာအယာဆော့ကစားကာ ပါးစပ်ထဲဖြေးဖြေးချင်း ထည့်လေသည်။ ပြီးတာနှင့် စတင်ပြီး လှုပ်ရှားနေသည့် အဒေး လှုပ်ရှားမှုတွေအောက် ဒန်တီ ငြိမ်ကာခံယူလေသည်။
“Haaa”
အချိန်ကြာလာသည်အထိ သူ့အရာကိုသာ ပါးစပ်ထဲထည့်ထားရင်း အတင်းအကျပ် လုပ်နေသလား ထင်ရသည်အထိ သူ့အရာအပေါ်ကိုသာ အာရုံစိုက်လုပ်နေသည့် အဒေး အပြုမှုအား ဒန်တီ သိပ်‌သဘောမကျချင်တော့ပေ။
အခုချိန်မှာ သူခံစားလို့ကောင်းနေတာ မှန်ပေမဲ့လည်း အဒေးပုံစံကတော့ စိတ်မပါသည့်ကိစ္စကို အတင်းလုပ်ယူနေသလို ပြုမှုနေတာကြောင့် ဒန်တီစိတ်တွေ ရှုပ်ထွေးစပြုလာသည်။
“အဟွတ် အဟွတ်!”
“ဖြေးဖြေးလုပ်လေ ဘာတွေလောနေတာလဲ”
သူ့အမေးကိုပြန်မဖြေ။ သူ့အရာကိုသာ ပါးစပ်ထဲထည့်လိုက်ပြီး အသွင်းအထုတ် ပြန်လုပ်နေသည့် အဒေးကြောင့် ဒီတစ်ခါတော့ ဒန်တီ သည်းမခံနိုင်တော့ပေ။
“မင်း! တော်လိုက်တော့!”
အဒေးအား တွန်းထုတ်ကာ ဘောင်းဘီပြန်ပြင်ဝတ်လိုက်သည့် ဒန်တီအား အဒေးမော့မကြည့်ဖြစ်ခဲ့ပေ။ ခေါင်းကိုသာ အောက်သို့ငုံ့ထားလေရဲ့။
“မင်းစိတ်မပါရင် အတင်းအကျပ် လုပ်စရာမလိုဘူး ငါကစောက်ရမ်းလိုချင်နေတဲ့ကောင် မဟုတ်တဲ့အတွက်-”
“ကိုကို ကျွန်တော် စိတ်ခံစားချက်ကို ဂရုစိုက်စရာမလိုပါဘူး”
“မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့ ငါဂရုစိုက်လို့ ပြောနေတာမဟုတ်ဘူး မင်းလုပ်နေတဲ့ပုံက Feel ပျက်တယ်”
“ဟားဟား ကျွန်တော် ပြန်လုပ်ပေးရမလား ကိုကို”
ခပ်ဟဟရယ်ကာ မျက်နှာမော့လာသည့် အဒေးကြောင့် အဒေးပါးထက်က လက်ဝါးအရာကြီးအား အခုမှ ဒန်တီအသေချာ မြင်လိုက်ရလေ၏။
“မင်း! ဒါဘာဖြစ်ထားတာလဲ!”
လက်ကနေ ဆွဲဆောင့်ကာ စိတ်ဆိုးဆိုးနဲ့ မေးလာတဲ့ ဒန်တီအား အဒေး ခဏသာ စိုက်ကြည့်ကာ ချက်ချင်း အကြည့်လွှဲသွားပြီး ခပ်ယေးယေးပြုံးလေရဲ့။
“ဘာတွေလာပြီး ဂရုစိုက်နေတာလဲ ကိုကိုနဲ့ မဆိုင်ဘူး”
“ငါမေးတာဖြေစမ်းပါ! ဘယ်ကောင်က ဒီလိုလုပ်သွားတာလဲ! မဟုတ်သေးပါဘူး! ဘယ်သူကများ ငါ့အပိုင်ကို ထိရဲရတာလဲ”
“ငါ့အပိုင်...ကျွန်တော်ကလား”
“ဟုတ်တယ်! အခုချိန်မှာ မင်းကငါ့အပိုင်ပဲ! ဒါကြောင့် မင်းကိုဘယ်သူမှ ထိလို့မရဘူး! အကယ်၍ မင်းမျက်နှာမှာ ဒီလိုဒဏ်ယာ ရှိနေရင်တောင် ဒဏ်ယာရအောင် လုပ်တဲ့သူက ငါပဲဖြစ်နေရမယ်!”
“ကိုကို ပြန်တော့”
“ဘာ!”
“ဒီညတော့ ကျွန်တော် တစ်ယောက်တည်း နေချင်တယ် ပြန်တော့ ကိုကို”
“မင်းမောင်းထုတ်တိုင်း ပြန်စရာလား!”
“ကိုကို!! ပြန်..ပြန်တော့ ထွက်သွား...”
မျက်ရည်စတွေ ပါးပြင်ထက် စီးကျကာ တုန်တုန်ရီရီနှင့် ဆိုလာသည့် အဒေးကြောင့် ဒီတစ်ခါတော့ ဒန်တီ ဘာမှမဆိုဖြစ်တော့ပေ။
အတော်ကြာသည်အထိ ကြမ်းပြင်ထက်သာ ဒူးပေါ်ခေါင်းတင်ရင်း ထိုင်ငိုနေသည့် အဒေးကြောင့် ဒန်တီး သက်ပြင်းဖွဖွချလိုက်ပြီး ။
“အဒေး ကိုယ့်ဆီလာ”
TBC ✓
ပြောထားတဲ့အတိုင်း သုံးရက်ခြား အပ်ပေးတယ်နော်။ ဒန်တီက Red Flag ကြီးမို့ နောက်လည်း များများ အမြင်မကြည် ဖြစ်ရပါလိမ့်မယ်။ ကြားဖြတ်ကြားဖြတ် အရောင်ဖျော့ကောင်း ဖျော့နိုင်ရင်တောင် အလံစိမ်းကို ပြောင်းဖို့ကတော့ တော်တော်ကြီး စောင့်ပေဦး။
Oyasuminasai 🖤>3
______________________________________________________
Zawgyi ✅
-HOW TO DATE WITH SINGLE FATHER-
“မင်းတောင်းပန်ရုံနဲ့!-”
“ဆရာ အဆင်ပြေရဲ့လား”
“ကလေးအဖေနဲ့”
“ငါဘာလုပ်ရမလဲ ဒန်တီ”
.
.
.
“ကောင်းပါပြီဗျာ”
“အသံက ဘာလဲ”
“ကိုကို...”
.
.
.
“F××k! သေပြီ”
“ဘေဘီလေး...”
“ကျေးဇူးတင်ပါတယ်”
“Baka ffin ဖြေဦးလို့!”
“ဟင်”
“Brother ffin!”
“ဟွန်း!”
“ယူကို!”
“ကိုးလ် ကိုယ်-”
“Daddy”
“ယူကို...”
“ဒါပေမဲ့-”
“ယူကို!”
“ကိုးလ်!!”
“Yes! ချော့နိုင်ပြီ!”
.
.
.
**ဖြောင်း!!**
“Haaa”
“အဟွတ် အဟွတ်!”
“မင်း! တော်လိုက်တော့!”
“မင်း! ဒါဘာဖြစ်ထားတာလဲ!”
“ကိုကို ပြန်တော့”
“ဘာ!”
“အဒေး ကိုယ့်ဆီလာ”
TBC ✓
Oyasuminasai 🖤>3
Продовжити читання
Вам також сподобається
858K 53.9K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
775K 24.9K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...
1M 54.5K 46
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်