သန်းကြွယ်ခြေလှမ်း (လင်းဖန်)

Bởi Miracle_Phyu97

65.6K 5K 46

စာစဉ်မိတ်ဆက် လင်းဖန်သည် နတ်ဘုရားအဆင့် အလွန်ချမ်းသာကြွယ်ဝ‌သော ဘဝလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးသည့် အကောင့်ဝင... Xem Thêm

Ch-1
Ch-2
Ch-3
Ch-4
Ch-5
Ch-6
Ch-7
Ch-8
Ch-9
Ch-10
Ch-11
Ch-12
Ch-13
Ch-14
Ch-15
Ch-16
Ch-17
Ch-18
Ch-19
Ch-20
Ch-21
Ch-22
Ch-23
Ch-24
Ch-25
Ch-26
Ch-27
Ch-28
Ch-29
Ch-30
Ch-32
Ch-33+34
Ch-35+36
Ch-37/38
Ch-39/40
Ch-41/42
Ch-43/44
Ch-45
Ch-46/47/48
Ch-49/50/51
Ch-52/53/54
Ch-55/56/57
Ch-58/59/60
Ch-61/62/63
Ch-64/65/66
Ch-67/68/69
Ch-70/71/72
Ch-73+74
Ch-75+76
Ch-77+78
Ch-79+80
Ch-81+82
Ch-83+84
Ch-85+86
Ch-87+88
Ch-89+90
Ch-91+92+93
Ch-94+95+96
Ch-97+98+99
Ch-100+101+102
Ch-103+104+105
Ch-106+107+108
Ch-109+110
Ch-111+112
Ch-113+114
Ch-115+116
Ch-117+118
Ch-119+120
Ch-121+122
Ch-123+124
Ch-125+126
Ch-127+128
Ch-129/130
Ch-131/132
Ch-133/134
Ch-135/136
Ch-137/138
Ch-139/140
Ch-141/142
Ch-143/144
Ch-145/146
Ch-147/148
Ch-149/150
Ch-151/152
Ch-153/154
Ch-155/156
Ch-157/158
Ch-159/160
Ch-161/162
Ch-163/164
Ch-165/166
Ch-167/168
Ch-169/170
Ch-171/172/173
Ch-174/175/176
Ch-177/178
Ch-179/180

Chapter-31

714 51 2
Bởi Miracle_Phyu97

သန်းကြွယ်ခြေလှမ်း (လင်းဖန်)

အခန်း(၃၁) ဝေ့ပေါ်ရဲ့ရေပန်းအစားဆုံး ရှာဖွေမှု

"မင်းကိစ္စ မဟုတ်ဘူး” လူထွားကြီးက လင်းဖန်ကို စိုက်ကြည့်ကာ ထိုးလိုက်၏။

"သူတို့က ငါ့ပရိတ်သတ်တွေကွ။ ငါနဲ့ ဆိုင်တာပေါ့။”

"ပြီးတော့... မင်းရဲ့လုပ်ရပ်ကို ငါသည်းမခံနိုင်ဘူး။”

လင်းဖန်က ယောက်ျားကြီး၏ ထိုးချက်ကို ရှောင်လိုက်ပြီး မျက်လုံးကို ပိတ်ထိုးလိုက်ပါသည်။

ထို့နောက် လူထွားကြီးကို မြေပေါ် လဲကျသွားအောင် ဆောင့်ကန်လိုက်ပါသည်။

သူနဲ့ ရှားဝမ်ချွေ့တို့က နှစ်ပေါင်းများစွာ ကြာအောင် အတန်းထဲက ဘေးချင်းကပ်လျက်ထိုင်ခဲ့သည့် သူငယ်ချင်းများဖြစ်သည်။ သို့သော် ရှားဝမ်ချွေ့ကို သူတစ်ခါမှ မဖက်ခဲ့ဖူးပါ။ သူတောင် တစ်ခါမှ မဖက်ဖူးပါက လူထွားကြီး ဘာလို့ ဖက်လို့ရမှာလဲ။

သိပ်မကြာလိုက်ဘဲ လင်းဖန်က လူထွားကြီးကို မြေပေါ် လဲကျသွားအောင် အနိုင်ယူလိုက်နိုင်ပါသည်။

စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ လက်မ ထောင်ပြလိုက်ပါသည်။

"အစ်မဝမ်ချွေ့ နင့်ကောင်လေးက တော်တော် တော်တာပဲ။ သူက ချောပြီး သက်လုံလည်း ကောင်းတယ်နော်။” စုရှောင်းယွီက ရှားဝမ်ချွေ့၏ နားထဲ တီးတိုးပြောလိုက်ပါသည်။

"ဟွန်း သူက ငါ့ကောင်လေးမဟုတ်ဘူး။ မဟုတ်တာတွေ ပြောမနေနဲ့။" ရှားဝမ်ချွေ့၏ မျက်နှာလေး အနည်းငယ် နီရဲသွားပြီး လင်းဖန်ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပါသည်။

"အာဝူး အဲ့လိုဆိုလည်း ရှိပါစေတော့။ လင်းဖန် ငါသွားတော့မယ်နော်။” စုရှောင်းယွီက လက်ရမ်းပြလိုက်ပြီ ရှားဝမ်ချွေ့အား ကားထဲသို့ ဆွဲခေါ်သွားလေသည်။

လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ထွက်သွားသည့် အရပ်မျက်နှာကို စောင့်ကြည့်ပြီးမှ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။

တစ်ယောက်ယောက်သာ သူ့ကြောင်မလေးကို ဖက်ရဲပါက သူဒေါသထွက်မိပါလိမ့်မည်။

သိပ်မကြာခင် ရဲသားတစ်ယောက် ရောက်ရှိလာပြီး လူထွားကြီးကို ဖမ်းသွားလေသည်။ လင်းဖန်ကိုပင် ကျေးဇူးတင်သွားသေးသည်။

ပရိတ်သတ်များက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ ကားနောက်ကို အသည်းအသန်လိုက်ကာ နာမည်များကို အော်ခေါ်နေကြသည်။

ကံကောင်းစွာဖြင့် ဤအဖြစ်အပျက်ဟာ ရုတ်တရက်ကြီး ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ကာ လူအများကြီးလည်း ရှိမနေခဲ့ပါ။

ဒီမတော်တဆမှု ဖြစ်ပြီးနောက် ပရိတ်သတ် များစွာက လင်းဖန်ကို သတိပြုမိလာကြသည်။

"ဟယ်... ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင် အရမ်းချောတာကို သတိထားမိကြလား။”

"အေး သူက အသက် ၂၀ ဝန်းကျင်ပဲ ရှိဦးမယ့်ပုံပဲ။ တကယ် ချောတာပဲ။”

"ခုနက သူ့လုပ်ရပ်အတွက် ကောင်လေးကို ချီးကျူးရမယ်။ အဲ့ဒီကောင်လေးက ချောရုံတင်မကဘူး တိုက်ခိုက်တဲ့အခါမှာလည်း အရမ်းတော်တယ်။ ခုနက လူထွားကြီးက ရွံဖို့ကောင်းလိုက်တာ။ ငါ့ချွေ့ချွေ့လေးကိုများ လမ်းပေါ်မှာ ဖက်ချင်တယ်ပေါ့။”

"ငါ အသေလန့်သွားတာပဲ။ ကောင်လေးက သဘောကောင်းပြီး ချောလိုက်တာ။ အရင်တုန်းက ပုံတွေကို ကြည့်လိုက်ရင် ပရိတ်သတ်တွေ အခွင့်ကောင်းယူတာ ခံရတဲ့ နာမည်ကျော်တွေ အများကြီးရှိတယ်။ လခွမ်းပဲ...”

ပရိတ်သတ်များစွာက စတင်ပြောစမှတ်ပြုလာကြသည်။ သူတို့က လင်းဖန်၏ အကျင့်စရိုက်ကို သိသွားကြပြီး ဒီနေရာမှာ အလွန်ချောမောသည့် ကောင်လေးတစ်ယောက် ရှိကြောင်းလည်း သိသွားကြပါပြီ။

သူ့ကို ကြည့်လိုက်ရုံနဲ့တင် ကျေနပ်ဖို့ ကောင်းလှသည်။

အရင်တုန်းက မြေနေရာက တော်တော်လေး အလှမ်းဝေးကွာသောအကြောင့် လူများများစားစား ဒီနေရာကို သိပ်မသိခဲ့ကြပါ။ သို့သော် အချိန်တော်တော်များများမှာ လင်းဖန်က သုံးဘီးသာစီးပြီး ဇာတ်နိမ့်နေခဲ့ပါသည်။

ယခုတော့ လူတွေ အများကြီး ဒီနေရာကို သတိထားမိသွားကြလေပြီ။

လင်းဖန်က တကယ်ချောမောသည်။

ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို လိုက်ပို့ပြီးနောက် လင်းဖန် ဆိုင်တံခါးကို ပိတ်လိုက်ပါသည်။

သူ စားသောက်ဆိုင်တစ်ခု အချိန်ပိုင်း ဖွင့်နေရခြင်းမှာ ငွေနည်းနည်း ရဖို့သာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မိဘများက အဆက်အသွယ်များမှ တဆင့် ပေးခဲ့သော အမွေဖြစ်သည်။

ဒါက အခြားတစ်ဖက်တွင်မူ ရှားဝမ်ချွေ့အား စောင့်ဆိုင်းဖို့အတွက် နေရာတစ်ခုလည်း ဖြစ်သည်။

ဒီနေ့ ဖြစ်ပျက်ခဲ့သည့် အရာများက လင်းဖန် မျှော်လင့်ထားတာထက် ပိုဆိုးရွားခဲ့ပါသည်။

လင်းဖန်သည် ဆိုင်တံခါးကို ပိတ်ကာ သုံးဘီးဖြင့် အိမ်ပြန်လာခဲ့သည်။

ကောင်မလေး တစ်စုက လင်းဖန် အနောက်သို့ လိုက်လာကြသည်။ တချို့က လင်းဖန် သုံးဘီး စီးနေသည့် ပုံစံကိုပင် ဓာတ်ပုံရိုက်သွားကြသည်။

"ကောင်လေး မသွားပါနဲ့ဦး။ ရှင့်ဆိုင်မှာ ကျွန်မတို့ စားချင်လို့ပါ။”

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကောင်လေး အရမ်းချောတာပဲ။ ဓာတ်ပုံ အတူတူ ရိုက်လို့ရမလားဟင်။”

"အချောလေး မသွားပါနဲ့ဦး။ နေ့ဘက်ပဲ ရှိသေးတာကို ဘာလို့ အလုပ်သိမ်းလိုက်တာလဲ။ မနက်ဖြန် စားသောက်ဆိုင်မှာ စောင့်နေမယ်နော်။”

"ကောင်လေး ဝီချက်မှာ သူငယ်ချင်း အပ်လိုက်လို့ ရမလားဟင်။”

...

လင်းဖန် ချွေးပြန်လာသည်။

အရင်တုန်းက Bugatti ကားကြီး မောင်းစဥ်တုန်းက သူ့ကို လူအုပ်ကြိးတစ်အုပ်က ဝန်းရံခဲ့သည်။

ယခု သုံးဘီးကို စီးပြန်တော့ ကောင်မလေးတစ်စု လိုက်တာကို ခံရပြန်သည်။

မုန်းစရာ ကြောင်မ၊ ခွေးမလေးများကြောင့် ဒီလိုဖြစ်ရခြင်းဖြစ်ပါသည်။

နောက်တစ်ခေါက် ကြောင်မ၊ ခွေးမလေးများကို တွေ့ပါက သေချာပေါက် အလွတ်ပေးမည် မဟုတ်ပါ။

အထူးသဖြင့် အကျင့်မကောင်းသည့် ရှားဝမ်ချွေ့အတွက်ဆို ပိုမှန်ပါသည်။ သူက တစ်ယောက်တည်း လာရတာ အားမရသည့်အပြင် ခွေးမလေး စုရှောင်းယွီကိုပါ ခေါ်လာခဲ့၏။

ကြည့်ကောင်းသော သူ့ပုံစံကြောင့် လင်းဖန်တစ်ယောက် သူ့အနာဂတ်ကို မှန်းဆနေနိုင်ပါပြီ။

လင်းဖန်က အိမ်သို့ပြန်လာခဲ့ပြီး ဝေ့ပေါ်ကို ဖွင့်လိုက်ပါသည်။

ဝေ့ပေါ်တွင် ပထမဆုံး ရေပန်းစားနေသည့် အကြောင်းအရာက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့၏ အကြောင်းဖြစ်ပါသည်။

[ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ပရိတ်သတ်များက ဖက်မိမလို ဖြစ်သွားတယ်]

ရေပန်းစားသော ရှာဖွေမှုကို သူနှိပ်ကြည့်လိုက်သောအခါ ပရိတ်သတ်များ ရိုက်ကူးထားသည့် ဗီဒီယိုများ ရှိနေပါသည်။ လူထွားကြီးက ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ကို လက်မှတ်ထိုးခိုင်းသည့် ဗီဒီယိုဖြစ်ပြီး တခြား ဓာတ်ပုံများစွာလည်း ရှိပါသည်။

ပို့စ်အောက်တွင် ကောမန့်ပေါင်း ၃၀,၀၀၀ နီးပါးလောက် ရှိနေ၏။

လင်းဖန်က ကောမန့်များကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ကောမန့်များက ထိုလူထွားကြီး၏ အကြောင်းပဲ ပြောနေကြခြင်း ဖြစ်ပါသည်။

ကောမန့်များကို ဆက်ဖတ်ကြည့်သောအခါ အပြောင်းအလဲ တစ်ခုခုကို သူမြင်လိုက်ရလေသည်။

"အာအာအာ အဲ့ဒီစားသောက်ဆိုင် ကောင်လေးက အဲ့ကောင်ကို ထိုးလိုက်တာမှန်တယ်။ ငါတို့ ချွေ့ချွေ့နဲ့ ရှောင်းယွီလေးကို အဲ့ဒီလူမျိုးကြောင့် ညစ်ပတ်စေတော့မလို့။”

"နင်တို့တွေ သတိထားမိလိုက်ကြလား။ အဲ့ဒီ စားသောက်ဆိုင်က ကောင်လေးက အရမ်းချောတယ်။”

"ဟုတ်တယ်။ အဲ့ဒီစားသောက်ဆိုင်က ကောင်လေးက အရမ်းချောတာ။ လူထွားကြီးကို လွင့်ထွက်သွားအောင် လုပ်လိုက်တာကို ငါ အရမ်း သဘောကျတာပဲ။”

"ဒီလောက်ချောတဲ့ ကောင်လေးကို ဘာလို့ တစ်ခါမှ မမြင်ဖူးတာပါလိမ့်။ သူ့ကို မြင်ဖူးတာ ပထမဆုံးပဲ။”

ထို့နောက် ဝေ့ပေါ်တွင်ရေပန်းစားနေသည့် ပို့စ်နှစ်ခုကို လင်းဖန် မြင်လိုက်ပါသည်။

[ရှားဝမ်ချွေ့ကို ကယ်သွားတဲ့ ကောင်လေး]

[စားသောက်ဆိုင်က ကောင်လေးတစ်ယောက်က ဘာလို့ ဒီလောက်တောင် ချောရတာလဲ]

လင်းဖန် လန့်သွားပါသည်။ သူတော့ နာမည်ကြီးနေပြီ။

ထို ရေပန်းစားသော ရှာဖွေမှုများမှာ ကြည့်ရှုသူ အယောက် ၁၀၀,၀၀၀ နှင့် စတင်ခဲ့၏။

သူ စာမျက်နှာကို Refresh ပြန်လုပ်လိုက်သောအခါ ကြည့်ရှုသူ အယောက် ၂၀၀,၀၀၀ ဖြစ်သွားပြန်သည်။

ထိုရေပန်းစားနေသည့် ဝေ့ပေါ်အကြောင်းအရာနှစ်ခုကလည်း မြင့်တက်နေဆဲဖြစ်ပါသည်။

၃၀၀,၀၀၀

၄၀၀,၀၀၀

၆၀၀,၀၀၀

နှစ်မိနစ်အတွင်း ထို ဝေ့ပေါ်ပို့စ်နှစ်ခု၏ ရေပန်းစားမှုက တစ်သန်အထိ မြင့်တက်သွားပြီး ရေပန်းစားမှု အဆင့်တွင် အဆင့် ၄ ဖြစ်သွားပါသည်။

ပို့စ်နှစ်ခုအောက်က ကောမန့်များကလည်း ၁၀,၀၀၀ မှ ၂၀,၀၀၀၊ ထို့နောက် ၃၀,၀၀၀ အထိ ပြောင်းလဲသွားခဲ့ပါသည်။

နာရီဝက်အတွင်း ကောမန့် ၁၈၀,၀၀၀ ပင် ရောက်ရှိသွားပြီဖြစ်ပါသည်။

ဒါက မူလစာမျက်နှာပေါ်မှ ပထမဆုံး ဝေ့ပေါ်ပို့စ်သာဖြစ်သည်။ အောက်ကို ဆက်ဆွဲကြည့်ပါက ကောမန့်မှာ ၂၀၀,၀၀၀ ပင်ကျော်နေပါပြီ။

ထို့အပြင် ရေပန်းစားမှုကလည်း မြင့်တက်ဆဲဖြစ်၏။

၁.၅ သန်း

၁.၈ သန်း

ရေပန်းစားမှု ၂ သန်းအထိ ရှိလာခဲ့ပါပြီ။

ကံကောင်းစွာဖြင့် ဝေ့ပေါ်က အကြိမ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲထားသည်။ မဟုတ်လျှင် ဒီရေပန်းစားနေသည့် အကြောင်းအရာက ဝေ့ပေါ်ကိုတောင် ပျက်သွားစေပါလိမ့်မည်။

ရေပန်စားနေသည့် အကြောင်းအရာတိုင်း၏ အောက်တွင် ကောမန့် ၁၀၀,၀၀၀ ကျော်ရှိနေသည်။

"ဘုရားရေ ကောင်လေးက ဘာလို့ ဒီလောက်တောင် ချောရတာလဲ။"

"သူက အရမ်းသတ္တိရှိတာပဲ။ တကယ်ကောင်းတယ်။ မကောင်းတဲ့ကောင်တွေကို ကူညီပြီး ရှင်းပေးတယ်။”

"ကောင်လေးရဲ့ နာမည်နဲ့ ဆက်သွယ်ဖို့ လိပ်စာ အသေးစိတ်ကို သိကြလား။ ငါသူ့ကို တွေ့ချင်တယ်။”

"ကောင်လေးရဲ့ ခန္ဓာကိုယ်က အရမ်းမိုက်တယ်။ အရမ်းချောတယ်။ အရမ်းဖြောင့်မတ်တယ်။ ငါသူ့ကို ချစ်မိသွားပြီ~”

"ငါသိပြီ၊ ငါသိသွားပြီဟေ့။ ဒီညီလေးရဲ့ နာမည်က လင်းဖန်တဲ့။ သူက ရှန်ဟိုင်းမြို့မှာ ရသာ ၁၀၀ ဥယျာဥ်လို့ ခေါ်တဲ့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားတယ်။ ဒါပေမယ့် သူ့ပုံစံက အရမ်းဆင်းရဲတဲ့ပုံပဲ။ သုံးဘီးစီးပြီး စားသောက်ဆိုင်ကလည်း သိပ်မကြီးဘူး။”

"သူဆင်းရဲတော့ ဘာဖြစ်လဲ။ သူချောတာနဲ့ လုံလောက်ပြီ။ အဲ့စားသောက်ဆိုင်က အရမ်း အရသာရှိမှာပဲ။ သွားကြစို့လေ။”

ထိုအချိန်တွင် မရေမတွက်နိုင်သော လူများစွာက လင်းဖန်၏ ပရိတ်သတ်များ ဖြစ်လာခဲ့ကြပါသည်။

လင်းဖန်၏ ဝေ့ပေါ်ကို အမြန် ဆွဲကြည့်ကြသည့် လူများပင် ရှိကြသည်။ အင်တာနက်အသုံးပြုသူများက အလွန်မြန်ဆန်လွန်းလှပါသည်။

ရှားဝမ်ချွေ့ကို ကာကွယ်ပြီး လင်းဖန် လူထွားကြီးကို ထိုးလိုက်သည့် ဗီဒီယိုအား ကောမန့်များက ပို့ပေးကြသည်။

မကြာမီ ၄ ခုမြှောက် ရေပန်းအစားဆုံး အကြောင်းအရာ ပေါ်လာခဲ့ပါသည်။ ထိုရေပန်းစား အကြောင်းအရာက စကားလုံး နှစ်လုံးသာ ရှိသည်။

လင်းဖန်။

လင်းဖန် သူ့ဖုန်းကို ကြည့်ရင်း ဆိုဖာပေါ် ပစ်လှဲချလိုက်ပါသည်။

ပွဲသိမ်းပြီ။

သူ နာမည်ကြီးပြီ။

သူ လုံးဝ နာမည်ကြီးသွားပြီ


Zawgyi

သန္းႂကြယ္ေျခလွမ္း (လင္းဖန္)

အခန္း(၃၁) ေဝ့ေပၚရဲ႕ေရပန္းအစားဆုံး ႐ွာေဖြမႈ

"မင္းကိစၥ မဟုတ္ဘူး” လူထြားႀကီးက လင္းဖန္ကို စိုက္ၾကည့္ကာ ထိုးလိုက္၏။

"သူတို႔က ငါ့ပရိတ္သတ္ေတြကြ။ ငါနဲ႔ ဆိုင္တာေပါ့။”

"ၿပီးေတာ့... မင္းရဲ႕လုပ္ရပ္ကို ငါသည္းမခံႏိုင္ဘူး။”

လင္းဖန္က ေယာက်္ားႀကီး၏ ထိုးခ်က္ကို ေ႐ွာင္လိုက္ၿပီး မ်က္လုံးကို ပိတ္ထိုးလိုက္ပါသည္။

ထို႔ေနာက္ လူထြားႀကီးကို ေျမေပၚ လဲက်သြားေအာင္ ေဆာင့္ကန္လိုက္ပါသည္။

သူနဲ႔ ႐ွားဝမ္ေခြၽ႕တို႔က ႏွစ္ေပါင္းမ်ားစြာ ၾကာေအာင္ အတန္းထဲက ေဘးခ်င္းကပ္လ်က္ထိုင္ခဲ့သည့္ သူငယ္ခ်င္းမ်ားျဖစ္သည္။ သို႔ေသာ္ ႐ွားဝမ္ေခြၽ႕ကို သူတစ္ခါမွ မဖက္ခဲ့ဖူးပါ။ သူေတာင္ တစ္ခါမွ မဖက္ဖူးပါက လူထြားႀကီး ဘာလို႔ ဖက္လို႔ရမွာလဲ။

သိပ္မၾကာလိုက္ဘဲ လင္းဖန္က လူထြားႀကီးကို ေျမေပၚ လဲက်သြားေအာင္ အႏိုင္ယူလိုက္ႏိုင္ပါသည္။

စုေ႐ွာင္းယြီက လင္းဖန္ကို ၾကည့္ကာ လက္မ ေထာင္ျပလိုက္ပါသည္။

"အစ္မဝမ္ေခြၽ႕ နင့္ေကာင္ေလးက ေတာ္ေတာ္ ေတာ္တာပဲ။ သူက ေခ်ာၿပီး သက္လုံလည္း ေကာင္းတယ္ေနာ္။” စုေ႐ွာင္းယြီက ႐ွားဝမ္ေခြၽ႕၏ နားထဲ တီးတိုးေျပာလိုက္ပါသည္။

"ဟြန္း သူက ငါ့ေကာင္ေလးမဟုတ္ဘူး။ မဟုတ္တာေတြ ေျပာမေနနဲ႔။" ႐ွားဝမ္ေခြၽ႕၏ မ်က္ႏွာေလး အနည္းငယ္ နီရဲသြားၿပီး လင္းဖန္ကို ေက်းဇူးတင္စြာ ၾကည့္လိုက္ပါသည္။

"အာဝူး အဲ့လိုဆိုလည္း ႐ွိပါေစေတာ့။ လင္းဖန္ ငါသြားေတာ့မယ္ေနာ္။” စုေ႐ွာင္းယြီက လက္ရမ္းျပလိုက္ၿပီ ႐ွားဝမ္ေခြၽ႕အား ကားထဲသို႔ ဆြဲေခၚသြားေလသည္။

လင္းဖန္က ျပဳံးလိုက္ၿပီး ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔ ထြက္သြားသည့္ အရပ္မ်က္ႏွာကို ေစာင့္ၾကည့္ၿပီးမွ စိတ္ေအးလက္ေအး သက္ျပင္းခ်ႏိုင္ေတာ့သည္။

တစ္ေယာက္ေယာက္သာ သူ႕ေၾကာင္မေလးကို ဖက္ရဲပါက သူေဒါသထြက္မိပါလိမ့္မည္။

သိပ္မၾကာခင္ ရဲသားတစ္ေယာက္ ေရာက္႐ွိလာၿပီး လူထြားႀကီးကို ဖမ္းသြားေလသည္။ လင္းဖန္ကိုပင္ ေက်းဇူးတင္သြားေသးသည္။

ပရိတ္သတ္မ်ားက ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔၏ ကားေနာက္ကို အသည္းအသန္လိုက္ကာ နာမည္မ်ားကို ေအာ္ေခၚေနၾကသည္။

ကံေကာင္းစြာျဖင့္ ဤအျဖစ္အပ်က္ဟာ ႐ုတ္တရက္ႀကီး ျဖစ္ပ်က္သြားခဲ့ျခင္းျဖစ္ကာ လူအမ်ားႀကီးလည္း ႐ွိမေနခဲ့ပါ။

ဒီမေတာ္တဆမႈ ျဖစ္ၿပီးေနာက္ ပရိတ္သတ္ မ်ားစြာက လင္းဖန္ကို သတိျပဳမိလာၾကသည္။

"ဟယ္... ဒီစားေသာက္ဆိုင္ရဲ႕ ပိုင္႐ွင္ အရမ္းေခ်ာတာကို သတိထားမိၾကလား။”

"ေအး သူက အသက္ ၂၀ ဝန္းက်င္ပဲ ႐ွိဦးမယ့္ပုံပဲ။ တကယ္ ေခ်ာတာပဲ။”

"ခုနက သူ႕လုပ္ရပ္အတြက္ ေကာင္ေလးကို ခ်ီးက်ဴးရမယ္။ အဲ့ဒီေကာင္ေလးက ေခ်ာ႐ုံတင္မကဘူး တိုက္ခိုက္တဲ့အခါမွာလည္း အရမ္းေတာ္တယ္။ ခုနက လူထြားႀကီးက ႐ြံဖို႔ေကာင္းလိုက္တာ။ ငါ့ေခြၽ႕ေခြၽ႕ေလးကိုမ်ား လမ္းေပၚမွာ ဖက္ခ်င္တယ္ေပါ့။”

"ငါ အေသလန္႔သြားတာပဲ။ ေကာင္ေလးက သေဘာေကာင္းၿပီး ေခ်ာလိုက္တာ။ အရင္တုန္းက ပုံေတြကို ၾကည့္လိုက္ရင္ ပရိတ္သတ္ေတြ အခြင့္ေကာင္းယူတာ ခံရတဲ့ နာမည္ေက်ာ္ေတြ အမ်ားႀကီး႐ွိတယ္။ လခြမ္းပဲ...”

ပရိတ္သတ္မ်ားစြာက စတင္ေျပာစမွတ္ျပဳလာၾကသည္။ သူတို႔က လင္းဖန္၏ အက်င့္စ႐ိုက္ကို သိသြားၾကၿပီး ဒီေနရာမွာ အလြန္ေခ်ာေမာသည့္ ေကာင္ေလးတစ္ေယာက္ ႐ွိေၾကာင္းလည္း သိသြားၾကပါၿပီ။

သူ႕ကို ၾကည့္လိုက္႐ုံနဲ႔တင္ ေက်နပ္ဖို႔ ေကာင္းလွသည္။

အရင္တုန္းက ေျမေနရာက ေတာ္ေတာ္ေလး အလွမ္းေဝးကြာေသာအေၾကာင့္ လူမ်ားမ်ားစားစား ဒီေနရာကို သိပ္မသိခဲ့ၾကပါ။ သို႔ေသာ္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ လင္းဖန္က သုံးဘီးသာစီးၿပီး ဇာတ္နိမ့္ေနခဲ့ပါသည္။

ယခုေတာ့ လူေတြ အမ်ားႀကီး ဒီေနရာကို သတိထားမိသြားၾကေလၿပီ။

လင္းဖန္က တကယ္ေခ်ာေမာသည္။

႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔ကို လိုက္ပို႔ၿပီးေနာက္ လင္းဖန္ ဆိုင္တံခါးကို ပိတ္လိုက္ပါသည္။

သူ စားေသာက္ဆိုင္တစ္ခု အခ်ိန္ပိုင္း ဖြင့္ေနရျခင္းမွာ ေငြနည္းနည္း ရဖို႔သာ ျဖစ္သည္။ ဘာပဲျဖစ္ျဖစ္ သူ႕မိဘမ်ားက အဆက္အသြယ္မ်ားမွ တဆင့္ ေပးခဲ့ေသာ အေမြျဖစ္သည္။

ဒါက အျခားတစ္ဖက္တြင္မူ ႐ွားဝမ္ေခြၽ႕အား ေစာင့္ဆိုင္းဖို႔အတြက္ ေနရာတစ္ခုလည္း ျဖစ္သည္။

ဒီေန႔ ျဖစ္ပ်က္ခဲ့သည့္ အရာမ်ားက လင္းဖန္ ေမွ်ာ္လင့္ထားတာထက္ ပိုဆိုး႐ြားခဲ့ပါသည္။

လင္းဖန္သည္ ဆိုင္တံခါးကို ပိတ္ကာ သုံးဘီးျဖင့္ အိမ္ျပန္လာခဲ့သည္။

ေကာင္မေလး တစ္စုက လင္းဖန္ အေနာက္သို႔ လိုက္လာၾကသည္။ တခ်ိဳ႕က လင္းဖန္ သုံးဘီး စီးေနသည့္ ပုံစံကိုပင္ ဓာတ္ပုံ႐ိုက္သြားၾကသည္။

"ေကာင္ေလး မသြားပါနဲ႔ဦး။ ႐ွင့္ဆိုင္မွာ ကြၽန္မတို႔ စားခ်င္လို႔ပါ။”

"ဟုတ္တယ္၊ ဟုတ္တယ္၊ ေကာင္ေလး အရမ္းေခ်ာတာပဲ။ ဓာတ္ပုံ အတူတူ ႐ိုက္လို႔ရမလားဟင္။”

"အေခ်ာေလး မသြားပါနဲ႔ဦး။ ေန႔ဘက္ပဲ ႐ွိေသးတာကို ဘာလို႔ အလုပ္သိမ္းလိုက္တာလဲ။ မနက္ျဖန္ စားေသာက္ဆိုင္မွာ ေစာင့္ေနမယ္ေနာ္။”

"ေကာင္ေလး ဝီခ်က္မွာ သူငယ္ခ်င္း အပ္လိုက္လို႔ ရမလားဟင္။”

...

လင္းဖန္ ေခြၽးျပန္လာသည္။

အရင္တုန္းက Bugatti ကားႀကီး ေမာင္းစဥ္တုန္းက သူ႕ကို လူအုပ္ႀကိးတစ္အုပ္က ဝန္းရံခဲ့သည္။

ယခု သုံးဘီးကို စီးျပန္ေတာ့ ေကာင္မေလးတစ္စု လိုက္တာကို ခံရျပန္သည္။

မုန္းစရာ ေၾကာင္မ၊ ေခြးမေလးမ်ားေၾကာင့္ ဒီလိုျဖစ္ရျခင္းျဖစ္ပါသည္။

ေနာက္တစ္ေခါက္ ေၾကာင္မ၊ ေခြးမေလးမ်ားကို ေတြ႕ပါက ေသခ်ာေပါက္ အလြတ္ေပးမည္ မဟုတ္ပါ။

အထူးသျဖင့္ အက်င့္မေကာင္းသည့္ ႐ွားဝမ္ေခြၽ႕အတြက္ဆို ပိုမွန္ပါသည္။ သူက တစ္ေယာက္တည္း လာရတာ အားမရသည့္အျပင္ ေခြးမေလး စုေ႐ွာင္းယြီကိုပါ ေခၚလာခဲ့၏။

ၾကည့္ေကာင္းေသာ သူ႕ပုံစံေၾကာင့္ လင္းဖန္တစ္ေယာက္ သူ႕အနာဂတ္ကို မွန္းဆေနႏိုင္ပါၿပီ။

လင္းဖန္က အိမ္သို႔ျပန္လာခဲ့ၿပီး ေဝ့ေပၚကို ဖြင့္လိုက္ပါသည္။

ေဝ့ေပၚတြင္ ပထမဆုံး ေရပန္းစားေနသည့္ အေၾကာင္းအရာက ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔၏ အေၾကာင္းျဖစ္ပါသည္။

[႐ွားဝမ္ေခြၽ႕နဲ႔ စုေ႐ွာင္းယြီတို႔ကို ပရိတ္သတ္မ်ားက ဖက္မိမလို ျဖစ္သြားတယ္]

ေရပန္းစားေသာ ႐ွာေဖြမႈကို သူႏွိပ္ၾကည့္လိုက္ေသာအခါ ပရိတ္သတ္မ်ား ႐ိုက္ကူးထားသည့္ ဗီဒီယိုမ်ား ႐ွိေနပါသည္။ လူထြားႀကီးက ႐ွားဝမ္ေခြၽ႕ႏွင့္ စုေ႐ွာင္းယြီတို႔ကို လက္မွတ္ထိုးခိုင္းသည့္ ဗီဒီယိုျဖစ္ၿပီး တျခား ဓာတ္ပုံမ်ားစြာလည္း ႐ွိပါသည္။

ပို႔စ္ေအာက္တြင္ ေကာမန္႔ေပါင္း ၃၀,၀၀၀ နီးပါးေလာက္ ႐ွိေန၏။

လင္းဖန္က ေကာမန္႔မ်ားကို တိတ္ဆိတ္စြာ ၾကည့္လိုက္သည္။ ေကာမန္႔မ်ားက ထိုလူထြားႀကီး၏ အေၾကာင္းပဲ ေျပာေနၾကျခင္း ျဖစ္ပါသည္။

ေကာမန္႔မ်ားကို ဆက္ဖတ္ၾကည့္ေသာအခါ အေျပာင္းအလဲ တစ္ခုခုကို သူျမင္လိုက္ရေလသည္။

"အာအာအာ အဲ့ဒီစားေသာက္ဆိုင္ ေကာင္ေလးက အဲ့ေကာင္ကို ထိုးလိုက္တာမွန္တယ္။ ငါတို႔ ေခြၽ႕ေခြၽ႕နဲ႔ ေ႐ွာင္းယြီေလးကို အဲ့ဒီလူမ်ိဳးေၾကာင့္ ညစ္ပတ္ေစေတာ့မလို႔။”

"နင္တို႔ေတြ သတိထားမိလိုက္ၾကလား။ အဲ့ဒီ စားေသာက္ဆိုင္က ေကာင္ေလးက အရမ္းေခ်ာတယ္။”

"ဟုတ္တယ္။ အဲ့ဒီစားေသာက္ဆိုင္က ေကာင္ေလးက အရမ္းေခ်ာတာ။ လူထြားႀကီးကို လြင့္ထြက္သြားေအာင္ လုပ္လိုက္တာကို ငါ အရမ္း သေဘာက်တာပဲ။”

"ဒီေလာက္ေခ်ာတဲ့ ေကာင္ေလးကို ဘာလို႔ တစ္ခါမွ မျမင္ဖူးတာပါလိမ့္။ သူ႕ကို ျမင္ဖူးတာ ပထမဆုံးပဲ။”

ထို႔ေနာက္ ေဝ့ေပၚတြင္ေရပန္းစားေနသည့္ ပို႔စ္ႏွစ္ခုကို လင္းဖန္ ျမင္လိုက္ပါသည္။

[႐ွားဝမ္ေခြၽ႕ကို ကယ္သြားတဲ့ ေကာင္ေလး]

[စားေသာက္ဆိုင္က ေကာင္ေလးတစ္ေယာက္က ဘာလို႔ ဒီေလာက္ေတာင္ ေခ်ာရတာလဲ]

လင္းဖန္ လန္႔သြားပါသည္။ သူေတာ့ နာမည္ႀကီးေနၿပီ။

ထို ေရပန္းစားေသာ ႐ွာေဖြမႈမ်ားမွာ ၾကည့္႐ႈသူ အေယာက္ ၁၀၀,၀၀၀ ႏွင့္ စတင္ခဲ့၏။

သူ စာမ်က္ႏွာကို Refresh ျပန္လုပ္လိုက္ေသာအခါ ၾကည့္႐ႈသူ အေယာက္ ၂၀၀,၀၀၀ ျဖစ္သြားျပန္သည္။

ထိုေရပန္းစားေနသည့္ ေဝ့ေပၚအေၾကာင္းအရာႏွစ္ခုကလည္း ျမင့္တက္ေနဆဲျဖစ္ပါသည္။

၃၀၀,၀၀၀

၄၀၀,၀၀၀

၆၀၀,၀၀၀

ႏွစ္မိနစ္အတြင္း ထို ေဝ့ေပၚပို႔စ္ႏွစ္ခု၏ ေရပန္းစားမႈက တစ္သန္အထိ ျမင့္တက္သြားၿပီး ေရပန္းစားမႈ အဆင့္တြင္ အဆင့္ ၄ ျဖစ္သြားပါသည္။

ပို႔စ္ႏွစ္ခုေအာက္က ေကာမန္႔မ်ားကလည္း ၁၀,၀၀၀ မွ ၂၀,၀၀၀၊ ထို႔ေနာက္ ၃၀,၀၀၀ အထိ ေျပာင္းလဲသြားခဲ့ပါသည္။

နာရီဝက္အတြင္း ေကာမန္႔ ၁၈၀,၀၀၀ ပင္ ေရာက္႐ွိသြားၿပီျဖစ္ပါသည္။

ဒါက မူလစာမ်က္ႏွာေပၚမွ ပထမဆုံး ေဝ့ေပၚပို႔စ္သာျဖစ္သည္။ ေအာက္ကို ဆက္ဆြဲၾကည့္ပါက ေကာမန္႔မွာ ၂၀၀,၀၀၀ ပင္ေက်ာ္ေနပါၿပီ။

ထို႔အျပင္ ေရပန္းစားမႈကလည္း ျမင့္တက္ဆဲျဖစ္၏။

၁.၅ သန္း

၁.၈ သန္း

ေရပန္းစားမႈ ၂ သန္းအထိ ႐ွိလာခဲ့ပါၿပီ။

ကံေကာင္းစြာျဖင့္ ေဝ့ေပၚက အႀကိမ္ေပါင္းမ်ားစြာ ျပဳျပင္ေျပာင္းလဲထားသည္။ မဟုတ္လွ်င္ ဒီေရပန္းစားေနသည့္ အေၾကာင္းအရာက ေဝ့ေပၚကိုေတာင္ ပ်က္သြားေစပါလိမ့္မည္။

ေရပန္စားေနသည့္ အေၾကာင္းအရာတိုင္း၏ ေအာက္တြင္ ေကာမန္႔ ၁၀၀,၀၀၀ ေက်ာ္႐ွိေနသည္။

"ဘုရားေရ ေကာင္ေလးက ဘာလို႔ ဒီေလာက္ေတာင္ ေခ်ာရတာလဲ။"

"သူက အရမ္းသတၱိ႐ွိတာပဲ။ တကယ္ေကာင္းတယ္။ မေကာင္းတဲ့ေကာင္ေတြကို ကူညီၿပီး ႐ွင္းေပးတယ္။”

"ေကာင္ေလးရဲ႕ နာမည္နဲ႔ ဆက္သြယ္ဖို႔ လိပ္စာ အေသးစိတ္ကို သိၾကလား။ ငါသူ႕ကို ေတြ႕ခ်င္တယ္။”

"ေကာင္ေလးရဲ႕ ခႏၶာကိုယ္က အရမ္းမိုက္တယ္။ အရမ္းေခ်ာတယ္။ အရမ္းေျဖာင့္မတ္တယ္။ ငါသူ႕ကို ခ်စ္မိသြားၿပီ~”

"ငါသိၿပီ၊ ငါသိသြားၿပီေဟ့။ ဒီညီေလးရဲ႕ နာမည္က လင္းဖန္တဲ့။ သူက ႐ွန္ဟိုင္းၿမိဳ႕မွာ ရသာ ၁၀၀ ဥယ်ာဥ္လို႔ ေခၚတဲ့ စားေသာက္ဆိုင္တစ္ခု ဖြင့္ထားတယ္။ ဒါေပမယ့္ သူ႕ပုံစံက အရမ္းဆင္းရဲတဲ့ပုံပဲ။ သုံးဘီးစီးၿပီး စားေသာက္ဆိုင္ကလည္း သိပ္မႀကီးဘူး။”

"သူဆင္းရဲေတာ့ ဘာျဖစ္လဲ။ သူေခ်ာတာနဲ႔ လုံေလာက္ၿပီ။ အဲ့စားေသာက္ဆိုင္က အရမ္း အရသာ႐ွိမွာပဲ။ သြားၾကစို႔ေလ။”

ထိုအခ်ိန္တြင္ မေရမတြက္ႏိုင္ေသာ လူမ်ားစြာက လင္းဖန္၏ ပရိတ္သတ္မ်ား ျဖစ္လာခဲ့ၾကပါသည္။

လင္းဖန္၏ ေဝ့ေပၚကို အျမန္ ဆြဲၾကည့္ၾကသည့္ လူမ်ားပင္ ႐ွိၾကသည္။ အင္တာနက္အသုံးျပဳသူမ်ားက အလြန္ျမန္ဆန္လြန္းလွပါသည္။

႐ွားဝမ္ေခြၽ႕ကို ကာကြယ္ၿပီး လင္းဖန္ လူထြားႀကီးကို ထိုးလိုက္သည့္ ဗီဒီယိုအား ေကာမန္႔မ်ားက ပို႔ေပးၾကသည္။

မၾကာမီ ၄ ခုေျမႇာက္ ေရပန္းအစားဆုံး အေၾကာင္းအရာ ေပၚလာခဲ့ပါသည္။ ထိုေရပန္းစား အေၾကာင္းအရာက စကားလုံး ႏွစ္လုံးသာ ႐ွိသည္။

လင္းဖန္။

လင္းဖန္ သူ႕ဖုန္းကို ၾကည့္ရင္း ဆိုဖာေပၚ ပစ္လွဲခ်လိုက္ပါသည္။

ပြဲသိမ္းၿပီ။

သူ နာမည္ႀကီးၿပီ။

သူ လုံးဝ နာမည္ႀကီးသြားၿပီ

Đọc tiếp

Bạn Cũng Sẽ Thích

256K 24.9K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
171K 5K 44
အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီေသြးဆိုတ႔ဲဂိုဏ္းစတားန႔ဲ ယုန္ျဖဴေလးလိုမိန္းခ...
924K 102K 59