ဘာလိုလိုနဲ့ အသက်တို့သူငယ်ချင်းတစ်ဖွဲ့ ရွာမှာသောင်တင်နေတာ နှစ်လပင်ပြည့်တော့မှာဖြစ်သည်။ ဘယ်လောက်ပဲ ဒီမှာအချိန်အတော်ကြာတဲ့အထိနေခဲ့တယ်ပဲပြောပြော ကိုယ်ကဧည့်သည်ဆိုတော့ အချိန်တန်ရင်အိမ်ပြန်ရမှာပဲလေ။ အသက် မောင့်ကို အိမ်ပြန်မယ့်ကိစ္စခုချိန်ထိမပြောရသေးပင် ...မပြောရဲတာလည်းပါပါသည်။သို့ပေမယ့် မပြောမပြီး မတီးမမြည်ဆိုသလိုပင် မပြောလို့လည်းမရဆိုတော့ မောင့်ကိုပြောပြဖို့ သူနေရာချိန်းဆိုလိုက်သည်။
လယ်ကွင်းတွေပေါ်ကနေ ဖြတ်သန်းတိုက်ခတ်လာတဲ့လေပြေလေးတွေက အသက်ရဲ့ခန္ဓာကိုယ်ကို၀င်တိုက်ပွတ်သပ်သွားကာ ကျီစယ်နေကြသလိုပင်။ညနေခင်းအချိန်အခါဆိုတော့ လေတဖြူးဖြူးလေးနဲ့နေလို့ကောင်းပေမယ့် အအေးဒဏ်သိပ်မခံနိုင်တဲ့အသက်အတွက်တော့ အနည်းငယ်အေးစပြုလာပြီဖြစ်သည်။
ထိုစဉ် အနောက်ကနေ သူ့ခန္ဓာကိုယ်သေးသေးလေးကိုပွေ့ဖက်ကာရင်ခွင်ထဲထည့်လိုက်တဲ့သူကြောင့် အသက်မျက်လုံးများမှေးစင်းသွားသည်အထိ ရယ်မိလိုက်သည်။ မောင့်ရဲ့ခန္ဓာကိုယ်နွေးနွေးလေးကတော့ ဘယ်ချိန်ပဲဖြစ်ဖြစ် အမြဲတမ်းနွေးထွေးနေတာပင်။လေတိုက်လို့ ဖရိုဖရဲဖြစ်နေတဲ့ သူ့ရဲ့ဆံနွယ်နီလေးတွေကို မောင်ကနားရွက်နားမှာသပ်တင်ပေးလိုက်ပြီး ပေါ်လာတဲ့နားရွက်ရဲရဲလေးကို အနောက်ကနေ သွားဖြင့်တတိတိလာကိုက်နေတာကြောင့် အသက်ခန္ဓာကိုယ်လေး တွန့်သွားရတော့သည်။
"မောင် မလုပ်နဲ့ ငါမနေတတ်ဘူးယားတယ်"
"အချစ်ကလည်းကွာ"
ပြောလို့ဆိုလို့မရတဲ့မောင်က သူ့နားရွက်တွေအပြင် သူ့ဂုတ်ပိုးနဲ့ လည်ပင်းတွေကိုပါလာနမ်းနေတာကြောင့် လူကပျော့ခွေချင်သလိုဖြစ်လာရတော့သည်။ခွေးပေါက်လေးလို သခင့်အနား ခေါင်းလေးတိုးဝေ့ကာ ချွဲနေတဲ့သူကြောင့် အသက်မှာအသည်းတယားယားဖြစ်နေရပါသည်။
ထိုစဉ် သူ့ရှေ့ရောက်ရှိလာတဲ့ နှင်းဆီပန်းသုံးပွင့်။ကိုင်းတစ်ခုထဲမှာပင် ပန်းသုံးပွင့်,ပွင့်နေတာဖြစ်သည်။အသက် မောင့်ကိုနောက်လှည့်ကာမော့ကြည့်မိတော့ မောင်က ယူလေ*ဆိုတဲ့ ပုံစံလေးဖြင့် မေးဆက်ပြလာသည်။အသက် မောင်ပေးတဲ့ပန်းလေးကိုလှမ်းယူလိုက်ပြီး အသာအယာနမ်းရှိုက်မိလိုက်တော့ မွေးပျံ့တဲ့ရနံ့လေးက နှာသီးဖျားထဲတို့ဝေ့လို့ရောက်ရှိလာတော့သည်။
"နှင်းဆီပန်းက ဘာလို့ ရိုးတံတစ်ခုထဲမှာသုံးပွင့်တောင်မှရှိနေတာလဲ"
"နှင်းဆီပန်းဆိုတာမျိုးက ရိုးတံတစ်ခုထဲမှာအများဆုံးပွင့်ပြီး လှကြတဲ့အမျိုးပါပဲ ဒါပေမယ့်မောင့်ရင်ထဲကနှင်းဆီကတော့ တစ်ပွင့်တည်းနဲ့ကိုလှနေတာ "
"အို...."
ဘယ်လောက်ပဲ ချစ်သူသက်တမ်းကြာရှည်နေပါစေ ဒီလိုစကားသံတွေကြားရတိုင်း သူ့မှာအရှက်ပိုရစမြဲပါပဲ။
"ယောကျာ်းလေးကို နှင်းဆီပန်းပေးတော့ဘာလုပ်ရမှာလဲ မောင်"
"တခြားသူတွေအတွက်တော့မသိပေမယ့် မောင်ပေးတဲ့နှင်းဆီပန်းက အသက်အတွက် မပန်ရင်တောင်မှ နမ်းရှိုက်လို့ရတယ်လေ"
မောင့်ရဲ့စကားသံအဆုံး အသက် မောင့်လက်ထဲကနှင်းဆီပွင့်လေးတွေကို လွှဲပြောင်းယူလိုက်ပြီး မောင့်ရှေ့မှာတင်နမ်းရှိုက်ပြလိုက်သည်။ပန်းမကြိုက်တဲ့သူ့အတွက် ဒီနေ့ပန်းရနံ့လေးတွေက ပိုမွှေးနေသည်ဟု စိတ်ထဲကထင်မိလိုက်သည်။မောင့်ကြောင့် ပန်းတွေကိုချစ်မိသွားရင်ဖြင့် ခက်ရချည်ရဲ့ ...
"ဒါနဲ့ ဒီနေ့မောင့်ကိုခေါ်တာဘာပြောမလို့လဲဟင်"
မောင်ပြောမှ အသက်မောင့်ကိုဒီကိုခေါ်ရတဲ့အကြောင်းအရင်းကို သတိရမိတော့သည်။ မပြောလို့ကလည်းမဖြစ် ပြောကိုပြောရမယ့်အခြေအနေဖြစ်တဲ့အတွက် အသက်တစ်ယောက် လေတစ်ချက်မှုတ်ထုတ်လိုက်ကာ အသက်၀၀ရှူရှိုက်လိုက်မိသည်။
"မောင်"
"ဗျာ"
"ငါရန်ကုန်ပြန်ရတော့မယ်"
အသက်တစ်ယောက် ရှိသမျှအားတွေစုစည်းကာ မျက်စိစုံမှိတ်ပြီးပြောလိုက်ပေမယ့် မောင့်ဆီကနေဘာတုံ့ပြန်သံမှပြန်မကြားရတာကြောင့် အသက်မျက်စိဖွင့်ကာ မောင့်ကိုကြည့်လိုက်မိစဉ် တွေ့လိုက်ရသည့် မောင့်မျက်၀န်းထဲက မျက်ရည်စများ...
"မောင် ..မောင် ဘာဖြစ်လို့လဲဟင် ဘာလို့ငိုရတာလဲ မငိုပါနဲ့မောင်ရယ်"
အသက် ပြာယာခပ်သွားရကာ မောင့်ပါးပြင်ပေါ်သို့ကျဆင်းလာတော့မယ့်မျက်ရည်စလေးကို လက်မဖြင့်ပွတ်ကာဖယ်ပေးလိုက်တော့ မောင်ကသူ့လက်ကိုဖမ်းချုပ်လိုက်ပြီး သူ့ကိုဆွဲဖက်လေတော့သည်။
"မပြန်လို့မရဘူးလား မောင့်အချစ်ရယ်"
သူ့ပုခုံးထက်မှာ ခေါင်းလေးတင်ကာခပ်တိုးတိုးလေးဆိုလာသည့်မောင့်စကားသံလေးကြောင့် အသက်မှာလည်း စိတ်မကောင်းဖြစ်ရသည်။ ငါလည်း မင်းနဲ့ဘယ်လိုလုပ်ဝေးချင်မှာလဲ မောင်ရယ်...
"ဟိုမှာက ငါ့အလုပ်ရှိသေးတယ်လေမောင်ရဲ့"
"ဒီမှာလည်း မောင်ရှာကျွေးနိုင်တာပဲလေ"
"ဒါပေမယ့်..."
"ဒါပေမယ့်တွေ မောင်မလိုချင်ဘူးအသက် မောင်အသက်ကိုရှာကျွေးနိုင်ပါတယ် အသက်ကဘာအလုပ်မှမလုပ်ပဲနဲ့မောင့်နားမှာပဲနေပေးပါ မောင်ကပဲရုန်းကန်ပါ့မယ်"
"မောင် အဲ့လိုတစ်ဇွတ်ထိုးဆန်လို့မရဘူးလေ ဟိုမှာက ငါ့မိဘတွေလည်းကျန်ခဲ့တာ အလုပ်ကလည်းတစ်ဖက်နဲ့ငါပစ်ထားခဲ့လို့မရဘူး"
"အဲ့တာတွေ မောင်မသိဘူးဗျာ အသက်ရဲ့မိဘတွေကိုလည်း ရွာကိုခေါ်လာခိုင်းလိုက် ကျွန်တော်အားလုံးတာ၀န်ယူတယ် အသက်ကိုကျွန်တော်စိတ်မချဘူး ..ဟုတ်ပြီ ကျွန်တော်တို့လက်ထပ်ရအောင်အသက် အဲ့တာဆို ကျွန်တော်တို့မဝေးတော့ဘူး"
ကလေးစိတ်လို ကိုယ်ဖြစ်ချင်တာတွေပဲပြောနေတဲ့မောင်ကြောင့် အသက်စိတ်ဆိုးမိရသည်။ဒီလောက်ကလေးဆန်နေတဲ့သူက အိမ်ထောင်တစ်ခုကိုတည်ထောင်မယ့်ကိစ္စ ဘာလို့လွယ်လွယ်နဲ့ပြောထွက်နိုင်ရတာလဲ။
"အိမ်ထောင်တစ်ခုတည်ဆောက်တယ်ဆိုတာ လွယ်တယ်ထင်နေသလားမောင်..မင်းပြောတဲ့အိမ်ထောင်ရေးက ကလေးကစားစရာမဟုတ်ဘူး မင်းနဲ့ငါတစ်သက်လုံးတည်ဆောက်သွားရမယ့်အရာ ..ပြီးတော့ ငါတို့က သာမန်စုံတွဲတွေလိုမဟုတ်ဘူး ယောကျာ်းလေးနှစ်ယောက်ပေါင်းစည်းရမှာ ရှေ့ရေးအတွက်သေချာမတိုင်ပင်ပဲနဲ့ ကလေးဆန်တဲ့အတွေးတွေနဲ့ တဇွတ်ထိုးမဆန်ချင်စမ်းပါနဲ့"
"မင်းကမောင့်ကို ကလေးဆန်တယ်ပြောချင်တာလား ရတယ်လေ ကလေးဆန်တယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ သက်သေပြရတာပေါ့"
ရုတ်တရက်ပွေ့ချီလိုက်တာကြောင့် လူကအပေါ်သို့မြောက်တက်သွားပြီး အလန့်တကြားဖြစ်သွားရကာ လက်တွေက မောင့်ရဲ့လည်ပင်းတွေဆီသို့တွဲခိုလိုက်မိသည်။
"မောင် ဘာလုပ်တာလဲ ငါ့ကိုအခုချက်ချင်းချပေး"
အသက်ဘယ်လိုပဲပြောပြောမောင်က သူ့ကိုပွေ့ချီမြဲတိုင်းပွေ့ချီထားကာ လမ်းဆက်လျှောက်နေတာကြောင့် အသက်ရုန်းကန်လေတော့သည်။
"ငြိမ်ငြိမ်မနေရင် ချောင်းထဲပစ်ချခဲ့မှာနော်"
တကယ်လုပ်မလုပ်ဆိုတာထက် မောင့်ပုံစံကအတည်ကြီးပြောနေသလိုဖြစ်တာကြောင့် အသက်လည်း ငြိမ်ငြိမ်လေးလိုက်ပါနေမိလိုက်သည်။လမ်းသွားလမ်းလာတွေမရှိလို့တော်ပါသေးရဲ့ မဟုတ်ရင် သူ့မျက်နှာဘယ်နားထားရမှန်းမသိဖြစ်နေရမည်။
Time skip....
အိမ်တစ်အိမ်ရှေ့ရောက်တော့ မောင်ကခြေလှမ်းတွေကိုရပ်ပြီး သူ့ကိုငုံ့မိုးကာကြည့်လာသည်။
"ဒီညကစပြီး ခများက ကျုပ်အိမ်သူဖြစ်သွားပြီ"
အသက်ခေါင်းချာချာလည်အောင်မူးသွားရသည်။မောင် ဘာတွေပြောနေမှန်းသူနားမလည်ပေ အခုက မောင်ကသူ့ကိုအိမ်ပြန်လိုက်ပို့တာမဟုတ်ဘူးလား...ဟင် အခုအသက်ရောက်နေတဲ့နေရာက ဘကြီးရဲ့အိမ်လည်းမဟုတ်သလို မောင့်ရဲ့အိမ်လည်းမဟုတ်ပေ။
"မောင် မင်းငါ့ကိုဘယ်ခေါ်လာတာလဲ ငါ့ကိုအခုချက်ချင်းအိမ်ပြန်ပို့ပေးပါ"
"ဟ...မောင်ကမင်းကိုခိုးလာတာပါဆို ဘယ်အိမ်ကိုပြန်ပို့ရမှာတုန်း"
"ဘာ!"
"မရှင်းသေးဘူးလား နောက်တစ်ခေါက်ထပ်ပြောပြရမလား"
မောင်က သူ့လက်ကိုဆွဲကာ အိမ်ထဲသို့၀င်လာခဲ့သည်။ထို့နောင် အိမ်တံခါးကိုဂျပ်ထိုးကာပိတ်လိုက်ပြီး အိပ်ခန်းထဲဆီသို့ခေါ်ဆောင်လာခဲ့တော့သည်။
"မောင် ငါမင်းနဲ့မနေချင်ဘူးငါ့ကိုလွှတ်လို့"
"မနေချင်လို့မရဘူးအသက် မောင်တို့နှစ်ယောက်မဝေးဖို့အတွက် ဒီနည်းလမ်းကအကောင်းဆုံးပဲမို့ပါ"
မောင်က သူ့ကိုပြောပြီး အိပ်ခန်းထဲကိုထည့်လိုက်ကာအပြင်ကနေ တံခါးသော့ခတ်လိုက်သည်။
"မောင်ရယ် ငါတောင်းပန်ပါတယ် ငါ့ကိုဒီလိုမလုပ်ပါနဲ့ မောင်ဖြစ်စေချင်တဲ့အတိုင်းငါလက်ခံပါ့မယ် အခုတော့ငါ့ကိုအိမ်ပြန်ပို့ပေးပါနော်"
ဘယ်လောက်ပဲ တံခါးကိုထုရိုက်နေပါစေ တံခါးအပြင်ဘက်ကမောင်ကတော့ ခုထိခေါင်းမာနေဆဲပင်။
"ဒီတစ်ညတော့ ဒီမှာပဲနေလိုက်ပါ အသက်ကိုမောင်ပြန်ပို့ဖို့အစီအစဉ်မရှိတဲ့အတွက် အိမ်ပြန်ဖို့ကလွဲပြီး ကျန်တာတောင်းဆိုချင်တာရှိလာရင် အော်လိုက်ပါ မောင်ဧည့်ခန်းထဲမှာရှိနေမယ်"
ထို့နောက် ဝေးကွာသွားသောခြေသံများနှင့်အတူ နံရံမှာမှီကာအရုပ်ကြိုးပြတ်ကျထိုင်ချမိလိုက်ပြီး သူအားရပါးရငိုကြွေးမိလိုက်သည်။ငါ့ကိုအိမ်ပြန်ခွင့်ပေးပါ မောင်ရယ်...
-----------------------------------
မနက်ခင်းအချိန်အခါရောက်တော့ သဘာ၀ရဲ့တေးဆိုငှက်ငယ်လေးတွေရဲ့တေးကြူသံတွေအပြင် ရွာဦးကျောင်းက တရားသံကိုပါ ပီပြင်စွာကြားလိုက်ရတဲ့အချိန် အသက်တစ်ယောက် မျက်စိနှစ်လုံးပွင့်ကာ နိုးလာခဲ့တော့သည်။မျက်စိဖွင့်လိုက်ချိန် တွေ့လိုက်ရတဲ့ အခန်းပုံစံကြောင့် ခေါင်းထဲမှာအချက်ပေးသံပေါင်းများစွာမြည်လာတော့သည်။မနေ့ညက မောင့်ကိုအိမ်ပြန်ဖို့အော်ပြောနေရင်းမှ ပင်ပန်းပြီးအိပ်ပျော်သွားတဲ့မိမိအဖြစ်ကိုပြန်တွေးမိပြီး အသက်ကိုယ့်ကိုကိုယ်စိတ်ပျက်မိသွားတော့သည်။
ထိုစဉ် တံခါးသော့ဖွင့်သံကိုကြားလိုက်ရပြီး တစ်ဆက်တည်းပင် အခန်းထဲ၀င်လာတဲ့မောင့်ကိုပါတွေ့လိုက်ရသည်။မောင်မနေ့ညက တစ်ညလုံးမအိပ်ဘူးထင်ပါရဲ့ မျက်ကွင်းအနည်းငယ်ညိုနေတာကိုသူတွေ့လိုက်ရသည်။အို...အခုချိန်မှာ ငါကသူ့ကိုစိတ်ဆိုးရမှာလေ ဘာကိစ္စစိတ်ပူနေရမှာလဲ သူ့အပြစ်နဲ့သူခံပေါ့...
"နိုးပြီလား"
"မြင်တဲ့အတိုင်းပဲလေ"
ဘောက်ဆတ်ဆတ်ပြန်ဖြေသံကြောင့် မောင့်မျက်နှာပျက်သွားမှန်းသိပေမယ့် သူ,မသနားမိ။
"မောင့်ကိုစိတ်မဆိုးနဲ့ကွာ"
"စိတ်မဆိုးဘူး စိတ်နာတာ"
မောင့်ဆီက သက်ပျင်းချသံသဲ့သဲ့ကိုသူကြားလိုက်ရပေမယ့် သူလှည့်မကြည့်ခဲ့။ဘယ်လောက်ပဲချစ်ရတဲ့သူဖြစ်ပါစေ အလိုမတူပဲခိုးပြေးတာကောင်းတဲ့အရာမဟုတ်မှန်း တဇွတ်ထိုးလုပ်တတ်တဲ့မောင့်ကိုသိစေချင်သည်။ဒီလိုလူမျိုးကို မှတ်လောက်သားလောက်ဖြစ်အောင်လို့ကို အပြစ်ပေးရမည်။
"မောင်ကိုယ်တိုင် သူကြီးဆီမှာ မိသားဖသားပီပီလာတောင်းရမ်းပါ့မယ်"
"အဟမ့် ...မိန်းခလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် မိသားဖသားပီပီလာတောင်းရမ်းတာကို လိုချင်ကြတဲ့သူတွေကြီးပါပဲ... ဒါပေမယ့် မင်းလိုခိုးပြေးပြီးမှ မိဘထံပြန်အပ်နှံပြီး တောင်းရမ်းတာကို တစ်ခြားသူတော့လက်ခံရင်လက်ခံလိမ့်မယ် ငါတော့လက်မခံနိုင်ဘူး"
"မောင် မင်းနဲ့မဝေးချင်လို့လုပ်ရတာပါလို့ ပြောပြီးပြီလေကွာ"
"နေမျိုးဦး! မင်းငါ့ကိုစိတ်မရှည်တဲ့လေသံနဲ့ အော်လိုက်တာလား"
"အဲ့လိုမဟုတ်ပါဘူး"
"ငါအခုပြန်မယ် ငါ့ရှေ့ကနေဖယ်ပေး"
"မောင်ကိုယ်တိုင်လိုက်ပို့ပါ့မယ်"
"မလိုဘူး မင်းငါ့အသားကိုထိစရာမလိုဘူး"
"အင်းပါ ဒါပေမယ့် မောင်ဘေးကနေတော့ လိုက်ခဲ့ပါရစေ"
အသက် မောင့်ကိုဘာစကားမှမပြောချင်တော့တာကြောင့် အခန်းရှေ့မှာပိတ်ရက်နေတဲ့မောင့်ခန္ဓာကိုယ်ကြီးကို ရှောင်ဖယ်ပြီးမှထွက်လာခဲ့လိုက်တယ်။အိမ်ထဲကနေထွက်မယ်လုပ်တော့ အိမ်ရှေ့မှာ စုပြုံနေတဲ့လူအုပ်ကြီးကြောင့် အသက်တစ်ယောက် ကြောင်,အသွားရတော့သည်။လူအုပ်ကြီးရဲ့ရှေ့မှာ မျက်နှာပျက်နေတဲ့ မောင့်ရဲ့မေမေနဲ့အတူ ခါးထောက်ပြီးဒေါသထွက်နေတဲ့ ဘကြီးနဲ့ဘေးကအရီးကိုပါတွေ့လိုက်ရသည်။
"ဘ...ဘကြီး"
"တောက်!...ထက်မင်းသက်"
#############
မျှော်တော်မူလေး ပေါ်လာပါပြီရှင့် 🙆
11:36Am
8.10.2023
ဘာလိုလိုနဲ႔ အသက္တို႔သူငယ္ခ်င္းတစ္ဖြဲ႕ ႐ြာမွာေသာင္တင္ေနတာ ႏွစ္လပင္ျပည့္ေတာ့မွာျဖစ္သည္။ ဘယ္ေလာက္ပဲ ဒီမွာအခ်ိန္အေတာ္ၾကာတဲ့အထိေနခဲ့တယ္ပဲေျပာေျပာ ကိုယ္ကဧည့္သည္ဆိုေတာ့ အခ်ိန္တန္ရင္အိမ္ျပန္ရမွာပဲေလ။ အသက္ ေမာင့္ကို အိမ္ျပန္မယ့္ကိစၥခုခ်ိန္ထိမေျပာရေသးပင္ ...မေျပာရဲတာလည္းပါပါသည္။သို႔ေပမယ့္ မေျပာမၿပီး မတီးမျမည္ဆိုသလိုပင္ မေျပာလို႔လည္းမရဆိုေတာ့ ေမာင့္ကိုေျပာျပဖို႔ သူေနရာခ်ိန္းဆိုလိုက္သည္။
လယ္ကြင္းေတြေပၚကေန ျဖတ္သန္းတိုက္ခတ္လာတဲ့ေလေျပေလးေတြက အသက္ရဲ႕ခႏၶာကိုယ္ကို၀င္တိုက္ပြတ္သပ္သြားကာ က်ီစယ္ေနၾကသလိုပင္။ညေနခင္းအခ်ိန္အခါဆိုေတာ့ ေလတျဖဴးျဖဴးေလးနဲ႔ေနလို႔ေကာင္းေပမယ့္ အေအးဒဏ္သိပ္မခံႏိုင္တဲ့အသက္အတြက္ေတာ့ အနည္းငယ္ေအးစျပဳလာၿပီျဖစ္သည္။
ထိုစဥ္ အေနာက္ကေန သူ႔ခႏၶာကိုယ္ေသးေသးေလးကိုေပြ႕ဖက္ကာရင္ခြင္ထဲထည့္လိုက္တဲ့သူေၾကာင့္ အသက္မ်က္လုံးမ်ားေမွးစင္းသြားသည္အထိ ရယ္မိလိုက္သည္။ ေမာင့္ရဲ႕ခႏၶာကိုယ္ေႏြးေႏြးေလးကေတာ့ ဘယ္ခ်ိန္ပဲျဖစ္ျဖစ္ အၿမဲတမ္းေႏြးေထြးေနတာပင္။ေလတိုက္လို႔ ဖ႐ိုဖရဲျဖစ္ေနတဲ့ သူ႔ရဲ႕ဆံႏြယ္နီေလးေတြကို ေမာင္ကနား႐ြက္နားမွာသပ္တင္ေပးလိုက္ၿပီး ေပၚလာတဲ့နား႐ြက္ရဲရဲေလးကို အေနာက္ကေန သြားျဖင့္တတိတိလာကိုက္ေနတာေၾကာင့္ အသက္ခႏၶာကိုယ္ေလး တြန႔္သြားရေတာ့သည္။
"ေမာင္ မလုပ္နဲ႔ ငါမေနတတ္ဘူးယားတယ္"
"အခ်စ္ကလည္းကြာ"
ေျပာလို႔ဆိုလို႔မရတဲ့ေမာင္က သူ႔နား႐ြက္ေတြအျပင္ သူ႔ဂုတ္ပိုးနဲ႔ လည္ပင္းေတြကိုပါလာနမ္းေနတာေၾကာင့္ လူကေပ်ာ့ေခြခ်င္သလိုျဖစ္လာရေတာ့သည္။ေခြးေပါက္ေလးလို သခင့္အနား ေခါင္းေလးတိုးေဝ့ကာ ခြၽဲေနတဲ့သူေၾကာင့္ အသက္မွာအသည္းတယားယားျဖစ္ေနရပါသည္။
ထိုစဥ္ သူ႔ေရွ႕ေရာက္ရွိလာတဲ့ ႏွင္းဆီပန္းသုံးပြင့္။ကိုင္းတစ္ခုထဲမွာပင္ ပန္းသုံးပြင့္,ပြင့္ေနတာျဖစ္သည္။အသက္ ေမာင့္ကိုေနာက္လွည့္ကာေမာ့ၾကည့္မိေတာ့ ေမာင္က ယူေလ*ဆိုတဲ့ ပုံစံေလးျဖင့္ ေမးဆက္ျပလာသည္။အသက္ ေမာင္ေပးတဲ့ပန္းေလးကိုလွမ္းယူလိုက္ၿပီး အသာအယာနမ္းရႈိက္မိလိုက္ေတာ့ ေမြးပ်ံ႕တဲ့ရနံ႔ေလးက ႏွာသီးဖ်ားထဲတို႔ေဝ့လို႔ေရာက္ရွိလာေတာ့သည္။
"ႏွင္းဆီပန္းက ဘာလို႔ ႐ိုးတံတစ္ခုထဲမွာသုံးပြင့္ေတာင္မွရွိေနတာလဲ"
"ႏွင္းဆီပန္းဆိုတာမ်ိဳးက ႐ိုးတံတစ္ခုထဲမွာအမ်ားဆုံးပြင့္ၿပီး လွၾကတဲ့အမ်ိဳးပါပဲ ဒါေပမယ့္ေမာင့္ရင္ထဲကႏွင္းဆီကေတာ့ တစ္ပြင့္တည္းနဲ႔ကိုလွေနတာ "
"အို...."
ဘယ္ေလာက္ပဲ ခ်စ္သူသက္တမ္းၾကာရွည္ေနပါေစ ဒီလိုစကားသံေတြၾကားရတိုင္း သူ႔မွာအရွက္ပိုရစၿမဲပါပဲ။
"ေယာက်ာ္းေလးကို ႏွင္းဆီပန္းေပးေတာ့ဘာလုပ္ရမွာလဲ ေမာင္"
"တျခားသူေတြအတြက္ေတာ့မသိေပမယ့္ ေမာင္ေပးတဲ့ႏွင္းဆီပန္းက အသက္အတြက္ မပန္ရင္ေတာင္မွ နမ္းရႈိက္လို႔ရတယ္ေလ"
ေမာင့္ရဲ႕စကားသံအဆုံး အသက္ ေမာင့္လက္ထဲကႏွင္းဆီပြင့္ေလးေတြကို လႊဲေျပာင္းယူလိုက္ၿပီး ေမာင့္ေရွ႕မွာတင္နမ္းရႈိက္ျပလိုက္သည္။ပန္းမႀကိဳက္တဲ့သူ႔အတြက္ ဒီေန႔ပန္းရနံ႔ေလးေတြက ပိုေမႊးေနသည္ဟု စိတ္ထဲကထင္မိလိုက္သည္။ေမာင့္ေၾကာင့္ ပန္းေတြကိုခ်စ္မိသြားရင္ျဖင့္ ခက္ရခ်ည္ရဲ႕ ...
"ဒါနဲ႔ ဒီေန႔ေမာင့္ကိုေခၚတာဘာေျပာမလို႔လဲဟင္"
ေမာင္ေျပာမွ အသက္ေမာင့္ကိုဒီကိုေခၚရတဲ့အေၾကာင္းအရင္းကို သတိရမိေတာ့သည္။ မေျပာလို႔ကလည္းမျဖစ္ ေျပာကိုေျပာရမယ့္အေျခအေနျဖစ္တဲ့အတြက္ အသက္တစ္ေယာက္ ေလတစ္ခ်က္မႈတ္ထုတ္လိုက္ကာ အသက္၀၀ရွဴရႈိက္လိုက္မိသည္။
"ေမာင္"
"ဗ်ာ"
"ငါရန္ကုန္ျပန္ရေတာ့မယ္"
အသက္တစ္ေယာက္ ရွိသမွ်အားေတြစုစည္းကာ မ်က္စိစုံမွိတ္ၿပီးေျပာလိုက္ေပမယ့္ ေမာင့္ဆီကေနဘာတုံ႔ျပန္သံမွျပန္မၾကားရတာေၾကာင့္ အသက္မ်က္စိဖြင့္ကာ ေမာင့္ကိုၾကည့္လိုက္မိစဥ္ ေတြ႕လိုက္ရသည့္ ေမာင့္မ်က္၀န္းထဲက မ်က္ရည္စမ်ား...
"ေမာင္ ..ေမာင္ ဘာျဖစ္လို႔လဲဟင္ ဘာလို႔ငိုရတာလဲ မငိုပါနဲ႔ေမာင္ရယ္"
အသက္ ျပာယာခပ္သြားရကာ ေမာင့္ပါးျပင္ေပၚသို႔က်ဆင္းလာေတာ့မယ့္မ်က္ရည္စေလးကို လက္မျဖင့္ပြတ္ကာဖယ္ေပးလိုက္ေတာ့ ေမာင္ကသူ႔လက္ကိုဖမ္းခ်ဳပ္လိုက္ၿပီး သူ႔ကိုဆြဲဖက္ေလေတာ့သည္။
"မျပန္လို႔မရဘူးလား ေမာင့္အခ်စ္ရယ္"
သူ႔ပုခုံးထက္မွာ ေခါင္းေလးတင္ကာခပ္တိုးတိုးေလးဆိုလာသည့္ေမာင့္စကားသံေလးေၾကာင့္ အသက္မွာလည္း စိတ္မေကာင္းျဖစ္ရသည္။ ငါလည္း မင္းနဲ႔ဘယ္လိုလုပ္ေဝးခ်င္မွာလဲ ေမာင္ရယ္...
"ဟိုမွာက ငါ့အလုပ္ရွိေသးတယ္ေလေမာင္ရဲ႕"
"ဒီမွာလည္း ေမာင္ရွာေကြၽးႏိုင္တာပဲေလ"
"ဒါေပမယ့္..."
"ဒါေပမယ့္ေတြ ေမာင္မလိုခ်င္ဘူးအသက္ ေမာင္အသက္ကိုရွာေကြၽးႏိုင္ပါတယ္ အသက္ကဘာအလုပ္မွမလုပ္ပဲနဲ႔ေမာင့္နားမွာပဲေနေပးပါ ေမာင္ကပဲ႐ုန္းကန္ပါ့မယ္"
"ေမာင္ အဲ့လိုတစ္ဇြတ္ထိုးဆန္လို႔မရဘူးေလ ဟိုမွာက ငါ့မိဘေတြလည္းက်န္ခဲ့တာ အလုပ္ကလည္းတစ္ဖက္နဲ႔ငါပစ္ထားခဲ့လို႔မရဘူး"
"အဲ့တာေတြ ေမာင္မသိဘူးဗ်ာ အသက္ရဲ႕မိဘေတြကိုလည္း ႐ြာကိုေခၚလာခိုင္းလိုက္ ကြၽန္ေတာ္အားလုံးတာ၀န္ယူတယ္ အသက္ကိုကြၽန္ေတာ္စိတ္မခ်ဘူး ..ဟုတ္ၿပီ ကြၽန္ေတာ္တို႔လက္ထပ္ရေအာင္အသက္ အဲ့တာဆို ကြၽန္ေတာ္တို႔မေဝးေတာ့ဘူး"
ကေလးစိတ္လို ကိုယ္ျဖစ္ခ်င္တာေတြပဲေျပာေနတဲ့ေမာင္ေၾကာင့္ အသက္စိတ္ဆိုးမိရသည္။ဒီေလာက္ကေလးဆန္ေနတဲ့သူက အိမ္ေထာင္တစ္ခုကိုတည္ေထာင္မယ့္ကိစၥ ဘာလို႔လြယ္လြယ္နဲ႔ေျပာထြက္ႏိုင္ရတာလဲ။
"အိမ္ေထာင္တစ္ခုတည္ေဆာက္တယ္ဆိုတာ လြယ္တယ္ထင္ေနသလားေမာင္..မင္းေျပာတဲ့အိမ္ေထာင္ေရးက ကေလးကစားစရာမဟုတ္ဘူး မင္းနဲ႔ငါတစ္သက္လုံးတည္ေဆာက္သြားရမယ့္အရာ ..ၿပီးေတာ့ ငါတို႔က သာမန္စုံတြဲေတြလိုမဟုတ္ဘူး ေယာက်ာ္းေလးႏွစ္ေယာက္ေပါင္းစည္းရမွာ ေရွ႕ေရးအတြက္ေသခ်ာမတိုင္ပင္ပဲနဲ႔ ကေလးဆန္တဲ့အေတြးေတြနဲ႔ တဇြတ္ထိုးမဆန္ခ်င္စမ္းပါနဲ႔"
"မင္းကေမာင့္ကို ကေလးဆန္တယ္ေျပာခ်င္တာလား ရတယ္ေလ ကေလးဆန္တယ္ဆိုတာ ဘယ္လိုပုံစံမ်ိဳးလဲ သက္ေသျပရတာေပါ့"
႐ုတ္တရက္ေပြ႕ခ်ီလိုက္တာေၾကာင့္ လူကအေပၚသို႔ေျမာက္တက္သြားၿပီး အလန႔္တၾကားျဖစ္သြားရကာ လက္ေတြက ေမာင့္ရဲ႕လည္ပင္းေတြဆီသို႔တြဲခိုလိုက္မိသည္။
"ေမာင္ ဘာလုပ္တာလဲ ငါ့ကိုအခုခ်က္ခ်င္းခ်ေပး"
အသက္ဘယ္လိုပဲေျပာေျပာေမာင္က သူ႔ကိုေပြ႕ခ်ီၿမဲတိုင္းေပြ႕ခ်ီထားကာ လမ္းဆက္ေလွ်ာက္ေနတာေၾကာင့္ အသက္႐ုန္းကန္ေလေတာ့သည္။
"ၿငိမ္ၿငိမ္မေနရင္ ေခ်ာင္းထဲပစ္ခ်ခဲ့မွာေနာ္"
တကယ္လုပ္မလုပ္ဆိုတာထက္ ေမာင့္ပုံစံကအတည္ႀကီးေျပာေနသလိုျဖစ္တာေၾကာင့္ အသက္လည္း ၿငိမ္ၿငိမ္ေလးလိုက္ပါေနမိလိုက္သည္။လမ္းသြားလမ္းလာေတြမရွိလို႔ေတာ္ပါေသးရဲ႕ မဟုတ္ရင္ သူ႔မ်က္ႏွာဘယ္နားထားရမွန္းမသိျဖစ္ေနရမည္။
Time skip....
အိမ္တစ္အိမ္ေရွ႕ေရာက္ေတာ့ ေမာင္ကေျခလွမ္းေတြကိုရပ္ၿပီး သူ႔ကိုငုံ႔မိုးကာၾကည့္လာသည္။
"ဒီညကစၿပီး ခမ်ားက က်ဳပ္အိမ္သူျဖစ္သြားၿပီ"
အသက္ေခါင္းခ်ာခ်ာလည္ေအာင္မူးသြားရသည္။ေမာင္ ဘာေတြေျပာေနမွန္းသူနားမလည္ေပ အခုက ေမာင္ကသူ႔ကိုအိမ္ျပန္လိုက္ပို႔တာမဟုတ္ဘူးလား...ဟင္ အခုအသက္ေရာက္ေနတဲ့ေနရာက ဘႀကီးရဲ႕အိမ္လည္းမဟုတ္သလို ေမာင့္ရဲ႕အိမ္လည္းမဟုတ္ေပ။
"ေမာင္ မင္းငါ့ကိုဘယ္ေခၚလာတာလဲ ငါ့ကိုအခုခ်က္ခ်င္းအိမ္ျပန္ပို႔ေပးပါ"
"ဟ...ေမာင္ကမင္းကိုခိုးလာတာပါဆို ဘယ္အိမ္ကိုျပန္ပို႔ရမွာတုန္း"
"ဘာ!"
"မရွင္းေသးဘူးလား ေနာက္တစ္ေခါက္ထပ္ေျပာျပရမလား"
ေမာင္က သူ႔လက္ကိုဆြဲကာ အိမ္ထဲသို႔၀င္လာခဲ့သည္။ထို႔ေနာင္ အိမ္တံခါးကိုဂ်ပ္ထိုးကာပိတ္လိုက္ၿပီး အိပ္ခန္းထဲဆီသို႔ေခၚေဆာင္လာခဲ့ေတာ့သည္။
"ေမာင္ ငါမင္းနဲ႔မေနခ်င္ဘူးငါ့ကိုလႊတ္လို႔"
"မေနခ်င္လို႔မရဘူးအသက္ ေမာင္တို႔ႏွစ္ေယာက္မေဝးဖို႔အတြက္ ဒီနည္းလမ္းကအေကာင္းဆုံးပဲမို႔ပါ"
ေမာင္က သူ႔ကိုေျပာၿပီး အိပ္ခန္းထဲကိုထည့္လိုက္ကာအျပင္ကေန တံခါးေသာ့ခတ္လိုက္သည္။
"ေမာင္ရယ္ ငါေတာင္းပန္ပါတယ္ ငါ့ကိုဒီလိုမလုပ္ပါနဲ႔ ေမာင္ျဖစ္ေစခ်င္တဲ့အတိုင္းငါလက္ခံပါ့မယ္ အခုေတာ့ငါ့ကိုအိမ္ျပန္ပို႔ေပးပါေနာ္"
ဘယ္ေလာက္ပဲ တံခါးကိုထု႐ိုက္ေနပါေစ တံခါးအျပင္ဘက္ကေမာင္ကေတာ့ ခုထိေခါင္းမာေနဆဲပင္။
"ဒီတစ္ညေတာ့ ဒီမွာပဲေနလိုက္ပါ အသက္ကိုေမာင္ျပန္ပို႔ဖို႔အစီအစဥ္မရွိတဲ့အတြက္ အိမ္ျပန္ဖို႔ကလြဲၿပီး က်န္တာေတာင္းဆိုခ်င္တာရွိလာရင္ ေအာ္လိုက္ပါ ေမာင္ဧည့္ခန္းထဲမွာရွိေနမယ္"
ထို႔ေနာက္ ေဝးကြာသြားေသာေျခသံမ်ားႏွင့္အတူ နံရံမွာမွီကာအ႐ုပ္ႀကိဳးျပတ္က်ထိုင္ခ်မိလိုက္ၿပီး သူအားရပါးရငိုေႂကြးမိလိုက္သည္။ငါ့ကိုအိမ္ျပန္ခြင့္ေပးပါ ေမာင္ရယ္...
-----------------------------------
မနက္ခင္းအခ်ိန္အခါေရာက္ေတာ့ သဘာ၀ရဲ႕ေတးဆိုငွက္ငယ္ေလးေတြရဲ႕ေတးၾကဴသံေတြအျပင္ ႐ြာဦးေက်ာင္းက တရားသံကိုပါ ပီျပင္စြာၾကားလိုက္ရတဲ့အခ်ိန္ အသက္တစ္ေယာက္ မ်က္စိႏွစ္လုံးပြင့္ကာ ႏိုးလာခဲ့ေတာ့သည္။မ်က္စိဖြင့္လိုက္ခ်ိန္ ေတြ႕လိုက္ရတဲ့ အခန္းပုံစံေၾကာင့္ ေခါင္းထဲမွာအခ်က္ေပးသံေပါင္းမ်ားစြာျမည္လာေတာ့သည္။မေန႔ညက ေမာင့္ကိုအိမ္ျပန္ဖို႔ေအာ္ေျပာေနရင္းမွ ပင္ပန္းၿပီးအိပ္ေပ်ာ္သြားတဲ့မိမိအျဖစ္ကိုျပန္ေတြးမိၿပီး အသက္ကိုယ့္ကိုကိုယ္စိတ္ပ်က္မိသြားေတာ့သည္။
ထိုစဥ္ တံခါးေသာ့ဖြင့္သံကိုၾကားလိုက္ရၿပီး တစ္ဆက္တည္းပင္ အခန္းထဲ၀င္လာတဲ့ေမာင့္ကိုပါေတြ႕လိုက္ရသည္။ေမာင္မေန႔ညက တစ္ညလုံးမအိပ္ဘူးထင္ပါရဲ႕ မ်က္ကြင္းအနည္းငယ္ညိဳေနတာကိုသူေတြ႕လိုက္ရသည္။အို...အခုခ်ိန္မွာ ငါကသူ႔ကိုစိတ္ဆိုးရမွာေလ ဘာကိစၥစိတ္ပူေနရမွာလဲ သူ႔အျပစ္နဲ႔သူခံေပါ့...
"ႏိုးၿပီလား"
"ျမင္တဲ့အတိုင္းပဲေလ"
ေဘာက္ဆတ္ဆတ္ျပန္ေျဖသံေၾကာင့္ ေမာင့္မ်က္ႏွာပ်က္သြားမွန္းသိေပမယ့္ သူ,မသနားမိ။
"ေမာင့္ကိုစိတ္မဆိုးနဲ႔ကြာ"
"စိတ္မဆိုးဘူး စိတ္နာတာ"
ေမာင့္ဆီက သက္ပ်င္းခ်သံသဲ့သဲ့ကိုသူၾကားလိုက္ရေပမယ့္ သူလွည့္မၾကည့္ခဲ့။ဘယ္ေလာက္ပဲခ်စ္ရတဲ့သူျဖစ္ပါေစ အလိုမတူပဲခိုးေျပးတာေကာင္းတဲ့အရာမဟုတ္မွန္း တဇြတ္ထိုးလုပ္တတ္တဲ့ေမာင့္ကိုသိေစခ်င္သည္။ဒီလိုလူမ်ိဳးကို မွတ္ေလာက္သားေလာက္ျဖစ္ေအာင္လို႔ကို အျပစ္ေပးရမည္။
"ေမာင္ကိုယ္တိုင္ သူႀကီးဆီမွာ မိသားဖသားပီပီလာေတာင္းရမ္းပါ့မယ္"
"အဟမ့္ ...မိန္းခေလးျဖစ္ျဖစ္ ေယာက်ာ္းေလးျဖစ္ျဖစ္ မိသားဖသားပီပီလာေတာင္းရမ္းတာကို လိုခ်င္ၾကတဲ့သူေတြႀကီးပါပဲ... ဒါေပမယ့္ မင္းလိုခိုးေျပးၿပီးမွ မိဘထံျပန္အပ္ႏွံၿပီး ေတာင္းရမ္းတာကို တစ္ျခားသူေတာ့လက္ခံရင္လက္ခံလိမ့္မယ္ ငါေတာ့လက္မခံႏိုင္ဘူး"
"ေမာင္ မင္းနဲ႔မေဝးခ်င္လို႔လုပ္ရတာပါလို႔ ေျပာၿပီးၿပီေလကြာ"
"ေနမ်ိဳးဦး! မင္းငါ့ကိုစိတ္မရွည္တဲ့ေလသံနဲ႔ ေအာ္လိုက္တာလား"
"အဲ့လိုမဟုတ္ပါဘူး"
"ငါအခုျပန္မယ္ ငါ့ေရွ႕ကေနဖယ္ေပး"
"ေမာင္ကိုယ္တိုင္လိုက္ပို႔ပါ့မယ္"
"မလိုဘူး မင္းငါ့အသားကိုထိစရာမလိုဘူး"
"အင္းပါ ဒါေပမယ့္ ေမာင္ေဘးကေနေတာ့ လိုက္ခဲ့ပါရေစ"
အသက္ ေမာင့္ကိုဘာစကားမွမေျပာခ်င္ေတာ့တာေၾကာင့္ အခန္းေရွ႕မွာပိတ္ရက္ေနတဲ့ေမာင့္ခႏၶာကိုယ္ႀကီးကို ေရွာင္ဖယ္ၿပီးမွထြက္လာခဲ့လိုက္တယ္။အိမ္ထဲကေနထြက္မယ္လုပ္ေတာ့ အိမ္ေရွ႕မွာ စုၿပဳံေနတဲ့လူအုပ္ႀကီးေၾကာင့္ အသက္တစ္ေယာက္ ေၾကာင္,အသြားရေတာ့သည္။လူအုပ္ႀကီးရဲ႕ေရွ႕မွာ မ်က္ႏွာပ်က္ေနတဲ့ ေမာင့္ရဲ႕ေမေမနဲ႔အတူ ခါးေထာက္ၿပီးေဒါသထြက္ေနတဲ့ ဘႀကီးနဲ႔ေဘးကအရီးကိုပါေတြ႕လိုက္ရသည္။
"ဘ...ဘႀကီး"
"ေတာက္!...ထက္မင္းသက္"
#############
ေမွ်ာ္ေတာ္မူေလး ေပၚလာပါၿပီရွင့္ 🙆
11:36Am
8.10.2023