"သား...မင်းမာမီ နေမကောင်းဘူး"
ဖုန်းတစ်ဖက်မှ ကြားရသည့် ဦးကောင်းမြတ်စကားကြောင့် ချမ်း မျက်နှာထက်စိုးရိမ်ရိပ်လေးတွေ ဖြတ်သန်းပြေးသွားသည်။
"ဘယ်လိုဖြစ်တာလဲ...ဒယ်ဒီ..မာမီ အခု ရော ဘယ်လိုနေသေးလဲဟင်...သား အခုချက်ချင်းလာခဲ့မယ်"
"အရမ်းကြီး မစိုးရိမ်နဲ့သား...ကြီးကြီးမားမား ဘာရောဂါမှ မဟုတ်ပါဘူး...အဓိက,က မင်းတို့ သားအဖနှစ်ယောက်ကို လွမ်းဖျား ဖျားတာကွာ...ဒီမှာ တစ်ပတ်လောက် မျက်နှာလာပြ ကြအုံး"
"ဟုတ်ကဲ့...ဒယ်ဒီ...သားတို့ လာခဲ့ပါမယ်"
"အင်း..သား ခင်ပွန်းကိုလည်း သေချာအကျိူးအကြောင်း ရှင်းပြခဲ့အုံး"
"ဟုတ်ကဲ့...ဒယ်ဒီ...မောင်...အဲ..
သူက နားလည်ပေးတတ်ပါတယ်"
"အင်း..ကောင်းတယ်..ဒယ်ဒီလည်း ဒယ်ဒီ့သမက်နဲ့ တစ်ရက်လောက် အေးဆေးတွေ့ပြီး စကားပြောပါအုံးမယ်"
"ဟုတ်..သား ပြောထားလိုက်ပါမယ်"
"ဟုတ်ပြီ..သား..အဲဒါဆို ဒယ်ဒီ ဖုန်းချပြီ...မင်းတို့ သားအဖ မနက်မှ လာခဲ့ကြပေါ့"
"ဟုတ်ကဲ့..ဒယ်ဒီ"
ဦးကောင်းမြတ်က ပြောပြီး ဖုန်းချသွားပြီဖြစ်သည်။ချမ်း နည်းနည်းတော့ ခေါင်းကိုက်ရပါသည်။မောင်က မာမီ့ နေမကောင်းဆို သေချာပေါက် မာမီ့နားသွားခွင့်ပြုမည် ဆိုပေမဲ့ တစ်ပတ်လောက် သွားနေဖို့ကျတော့ အလွယ်တကူ ခွင့်ပြုမည်မဟုတ်ပေ။သို့ပေမဲ့ ချမ်း မာမီ့နား သေချာပေါက်သွားနေရမည် မဟုတ်လား။
ဦးငယ် နား တစ်လ လောက်သွားနေဖြစ်ပြီး ပြန်ရောက်သည့် အချိန်ထိ မာမီ့ဘက်က သူ့ကို စပြီးအဆက်အသွယ် လုပ်ခဲ့တာမျိူးလည်းမရှိ။ချမ်း ဒယ်ဒီနဲ့ ဖုန်းပြောရင်း မာမီ့ကို မေးလျှင်တောင် မာမီ့က တစ်ခွန်းတစ်လေတောင် ဖုန်းကိုင်ကာ လာပြောသည် မဟုတ်ပေ။တစ်ခါ တစ်လေတော့ သူ့မြေးနဲ့ face checkကြသည်။မာမီ့ ဘယ်လောက် စိတ်ကြီးလည်း ချမ်း သိပါသည်။တစ်ချိန်ချိန်တော့ မောင်နဲ့ မာမီ ပြေလည်ဖို့ ချမ်း မျှော်လင့်ပါသည်။မောင်က ချမ်း စကားနားထောင်မည် ဆိုတာ သိပေမဲ့ ခက်နေတာက မာမီ။
ထိုစဉ် အိမ်ရှေ့က ကားသံသဲ့သဲ့ကြားကြားသည်မို့ ချမ်း တိုင်ကပ်နာရီကြီးထံ ကြည့်လိုက်တော့ လေးနာရီတိတိ။ဒီနေ့ မောင် companyကပြန်လာတာ စောသည်ပဲ။ချမ်း အိမ်ရှေ့အမြန်ပြေးထွက်ကာ မောင့် ကိုကြိုလိုက်သည်။နေ က ကားတံခါးဖွင့်ကာ ဆင်းလိုက်တော့ အမေပြောတဲ့ အမောပြေ မျက်နှာလေးက ဆီးကြိုသည်။နေ ကျေနပ်သွားရသည်။နေ က ကားဒါရိုင်ဘာ မခေါ်ပဲ ကိုယ်တိုင်ကားမောင်း ခြင်းဖြစ်သည်။
"မောင် ပြန်လာပြီလား"
"ပြန်လာပါ ပြီဗျာ"
ချမ်းက နေ့လက်ထဲမှ အိတ်ကိုဆွဲယူကာ နေ့ခါးအားသိုင်းဖက်ရင်း နေ့ရင်ခွင်ထဲ တိုးဝင်သည်။နေကလည်း ချမ်း ပခုံးလေးကို သိုင်းဖက်သည်။နှစ်ဦးသား ပူးကပ်လျှက်ပင် အိမ်ထဲသို့ဝင်လာကြသည်။ခြံထဲရှိ အလုပ်သမားများအတွက် ထိုမြင်ကွင်းက မထူးဆန်းတော့ပြီ။
"ဒီနေ့ ဘေဘီ အရမ်းလိမ်မာနေပါ့လား..မောင် အော်ခေါ်စရာမလိုတော့ဘူးပဲ..မောင့်ကို အဆင်သင့် စောင့်နေလို့"
"မောင့် မျက်နှာကို အရမ်းတွေ့ချင်လာလို့...ချမ်း စောင့်နေတာလေ"
"ရွှတ်!!"
"မောင်"
ချမ်း စကားအဆုံး ချမ်း ပါးထဲနေ့ နှာခေါင်း နစ်မြုပ်တော့မတတ် ရွှတ်ခနဲ အသံမြည်အောင် နမ်း ခံလိုက်ရသည်မို့ ချမ်း ဘေးဘီ ဝဲကြည့်ကာ နေ့ ပခုံးအား တားမြစ်သလို ဖွဖွရိုက်သည်။ဧည့်ခန်းကြီးထဲမှာ မောင် ကတော့။အမေ မြင်သွားရင် ဘယ်လိုလုပ်မလဲ။သူတို့ အကြင်လင်မယားတွေ ဆိုပေမဲ့ လူကြီးရှေ့မှာတော့ ဆင်ဆင်ခြင်ခြင်နေရမည် မဟုတ်လား။
"ဘယ်သူမှ မရှိပါဘူး ဘေဘီရဲ့..ဘေဘီက မောင် နမ်းချင်လာအောင် ပြောတာကိုဗျာ...မောင်က နမ်းမှာပေါ့"
"ဟုတ်ပါပြီ...ပြော မိတဲ့ ချမ်း အမှားပါ.....ဒါနဲ့ မောင့်ကို ပြောစရာရှိတယ်"
"အင်း..ပြော"
စကား တပြောပြောဖြင့်ပင် နှစ်ယောက်သား အိပ်ခန်းထဲ ရောက်လာကြသည်။ချမ်းက နေ့ အိတ်ကို စားပွဲပေါ်တင်ထားလိုက်ပြီးမှ နေ့ အပေါ်ထပ် ကုတ်ချွတ်သည်ကို လာ ကူချွတ်ပေးသည်။
"မောင့် အတွက် juice အရင်လုပ်ပေးရမလား"
"တော်ပြီ...မောင် မသောက်တော့ဘူး...ဒီမျက်နှာလေး မြင်လိုက်ရလို့ မောင် အမောပြေသွားပြီ"
အိပ်ခန်းထဲ ရှိ တီဗွီရှေ့ဆိုဖာတွင် ထိုင်နေသည့် နေ က သူ့ဘေးနားရပ်နေသည့် ချမ်း ကိုယ်လုံးလေးကို ဆွဲကာ သူ့ပေါင်ပေါ်တွင် ထိုင်စေသည်။ ချမ်း က နေ့ပေါင်ပေါ်တွင် အလိုက်သင့် ထိုင်လိုက်ပြီး သူ့ကို မော့ကြည့်ကာ ပြုံးနေသည့် နေ့ မျက်နှာ နှင့်မျက်နှာချင်းဆိုင်သည်။
"မောင့်ကို ပြောစရာရှိတယ်ဆို...ဘာပြောမှာလဲ"
"ချမ်းနဲ့သားလေ..မနက်ဖြန်......."
"ပါးပါး!!"
ထိုစဉ် အော်ခေါ်သံနဲ့ အတူ ဆန်းလေးက တံခါးဖွင့်ကာ ချမ်း တို့ အိပ်ခန်းထဲပြေးဝင်လာသည်။တံခါး လော့မချထားသည်မို့ ဆန်းလေး အလွယ်တကူ ဝင်လာနိုင်ခြင်းဖြစ်သည်။
"ဒယ်ဒီ ပြန်ရောက်နေပြီ....နှုတ်ဆက်အနမ်း"
နေ့ကို မြင်သည်နဲ့ နေ့ ထိုင်နေသည့် ဆိုဖာပေါ် ပြေးတက်လာကာ နေ့ ပါးအားမွခနဲ လာနမ်းသည်။ပြီးသည်နဲ့ ဆိုဖာပေါ်မှ ပြန်ဆင်းကာ နေ့ ပေါင်ပေါ်တွင်ထိုင်နေသည့်သူ့ပါးပါးကို မော့ကြည့်ရင်းမှ....
"ပါးပါး...သား ကို ပါးပါးဖုန်း ခဏငှားအုံး"
ထူးထူးဆန်းဆန်း ဖုန်းလာငှားနေသည့် သားဖြစ်သူကြောင့် ချမ်း မျက်ခုံးလေးပင့်သည်။
"ဘာလုပ်မလို့လဲ..သား"
"ဘိုးဘိုးငယ်တို့ကို ဖုန်းဆက်မရို့ ပါးပါး"
"ဘိုးဘိုးငယ်တို့ကို လွမ်းလို့လား..သား"
နေ ကပါ သူ့ပါးပါးဆီက ဟန်ကြီးပန်ကြီးဖုန်းတောင်းနေသည့် သား ကြောင့် ဝင်မေးလာသည်။
"ဟုဘူး..ဘိုးဘိုးငယ်တို့ကို လွမ်းဘူး...ညပ် ကို လွမ်းရို့ ဖုန်း ပြောချင်ရို့"
သား ပြောသည့် ညပ် ဆိုသည်က ပန်းခြံပိုင်ရှင် အဒေါ်ကြီး၏မြေးဖြစ်သည့် မြတ်လေးငယ် ဆိုသည့် ကလေးလေးဖြစ်သည်။ခင်ပွန်းနှင့် သား၊ချွေးမတို့ တစ်ပြိုင်တည်း ကားအက်ဆီးဒင့် ဖြစ်ကာ ဆုံးပါးသွားကြသည့် အတွက် အဒေါ်ကြီး စိတ်ဝေဒနာခံစားနေရရှာသည်။ဆိုးဆိုးဝါးဝါးကြီး မဟုတ်ပေမဲ့ ဝေဒနာက ကလေးလေးသုံးနှစ်အရွယ်ကနေ ငါးနှစ်ရောက်သည် အထိပင် သက်သာလာခဲ့ခြင်းမရှိပေ။ကလေးငယ်လေးကတော့ သူ့အဘွားနဲ့အတူ နေသားကျနေခဲ့ပြီထင်ပါသည်။အဘွား ဆင်ပေးသည့် အတိုင်းဝတ်သည်။အဘွား ပန်းပန်ပေးရင် တစ်နေကုန်ပန်ထားသည်။
ဦးမြတ်မင်းက ကလေးလေးကို တစ်ဖက်တစ်လမ်းက ကူညီစောင့်ရှောက်ပါသည်။ဂေဟာ ပို့ပါ ဆိုတော့လည်း အဘွားဖြစ်သူက ခါးခါးသီးသီးဖြစ်နေသဖြင့် ပန်းပေါင်းစုံရှိသည့် ခြံဝန်းကျယ်ကြီးထဲတွင် စိတ်မနှံ့သည့် အဘွားနဲ့ အရွယ်မရောက်သေးသည့် ကလေးငယ်လေးတို့ အတူနေထိုင်ကြသည်။အရင်က မည်မျှကြွယ်ဝချမ်းသာခဲ့ကြသည်မသိ။မြေးအဘွားနှစ်ယောက် ဘာအလုပ်မှ မည်မည်ရရမလုပ်ပဲ ပန်းရောင်းလျက်ပင် အေးအေးလူလူ စားသောက်နေထိုင်ကြသည်။
ဟိုမှာရှိစဉ်က သား က မြတ်လေးငယ် လေးနဲ့ တော်တော်တွဲဖက်ကျခဲ့ကြသည်။အဖော်ဆို သိပ်ဟက်ဟက်ပက်ပက် ခင်တတ်ခြင်း မရှိသည့် သား က မြတ်လေးငယ်လေးကို တော့ အတော်ခင်မင်ပါသည်။မနက်မိုးလင်းရင် မြတ်လေး နား သူရောက်နေပြီ။ခြံခြင်းကပ်လျက်မို့ ထိုကလေးလေးနှစ်ယောက်ကအမြဲမခွဲပဲတတွဲတွဲ။ညိုညိုစိုစို မျက်လုံးလှလှလေးနဲ့ ထိုကလေးငယ်လေးက စကားတတ်သလောက် သိတတ်လိမ်မာလှသည်မို့ ချမ်းတို့မောင်နှံလည်း ထိုကလေးလေးအား သားအရင်းပမာ ချစ်ကြသည်။
"မြတ်က ဒီအချိန်စာသင်လို့မပြီးသေးဘူးလေ သားရဲ့..ညမှဆက်ရအောင်"
နေ ပြောတော့ ဆန်းလေးက စဉ်းစားသလို တွေတွေလေး ခဏငြိမ်သက်သွားပြီးမှ ခေါင်းလေးငြိမ့်သည်။
"အဲဒါချိူ...ညမှ ဆက်တော့မယ် ဒယ်ဒီ"
"အင်း...လိမ်မာတယ်"
"သား ပုံသွားဆွဲအုံးမယ် ...ဒယ်ဒီတို့ အေးအေးချေးချေး နေကြ"
ပူးကပ်နေသည့် ဖခင်နှစ်ယောက်ကိုကြည့်ကာ ဆန်းလေးက အလိုက်တသိပြောပြီး ပြေးထွက်သွားပြန်လေသည်။တစ်ခါတစ်လေ ပါးပါးတို့နှစ်ယောက်နား သူသွားအိပ်ပြီဆို သူ့ကိုထားခဲ့ကြပြီး ပါးပါးတို့ စာကြည့်ခန်းထဲ ရောက်ရောက်သွားတာ ဆန်းလေး သိပါသည်။တအားကြီး ကြာမှ ဒယ်ဒီက ပါးပါးကို ပွေ့ချီပြီး အခန်းထဲ ပြန်ရောက်လာကြသည်။အဲဒါ ဆန်းလေး ပါးပါးတို့နှစ်ယောက်ကြား ဝင်ရှုပ်မိတာပဲ မဟုဘူးလား။ညပ်နှင့်သူ့ကြား တခြားသူငယ်ချင်းတွေရောက်လာရင် သူမကြိုက်သလို ပါးပါးနှင့်ဒယ်ဒီ့ကြား ဆန်းလေး ဝင်ရှုပ်မိရင်လည်း ပါးပါးတို့ ကြိုက်ကြမှာမဟုတ်။ဆန်းလေး လိမ်မာရမယ်။
သားဖြစ်သူရဲ့ ကြီးကြီးကျယ်ကျယ်အတွေးတွေကို မသိပဲ လင်လင်နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာတစ်ယောက်ပြုံးကြည့်လျက်ပင် ကျန်နေခဲ့ကြသည်။
"မောင့်ကို ပြောစရာရှိတယ်ဆို"
"အင်း..မာမီ နေ မကောင်းဘူးတဲ့ မောင်"
"ဟုတ်လား...အဲဒါဆို မောင်တို့ မနက်ဖြန် သတင်းသွားမေးမယ်လေ"
"အင်း...သားနဲ့ချမ်း မာမီ့နားမှာ တစ်ပတ်လောက် သွားနေ ချင်လို့မောင်"
ချမ်း စကားကြောင့် နေ မျက်ခုံး ကျူံ့သွားသည်။
"မောင် companyသွားတဲ့အချိန် မနက်ပိုင်းတော့ သားနဲ့အတူ သွားနေလိုက်လေ...ညနေပိုင်း မောင် companyကအပြန် ဘေဘီနဲ့သားကို ဝင်ခေါ်မယ်"
"လာနေမယ်လို့ ချမ်း ဒယ်ဒီ့ကို ပြောပြီးပြီ မောင်ရဲ့...တစ်ပတ်ပဲ လေ..နော်..မောင်"
ချမ်းက နေ့ ပေါင်ပေါ်ထိုင်နေရင်းမှ နေ့ ပခုံးကို သိုင်းဖက်ကာ နေ့ မျက်နှာကို နီးကပ်စွာကြည့်ရင်း မျက်နှာငယ်လေးဖြင့် တောင်းဆိုသည်။
"ဘေဘီ မရှိပဲ မောင်က ဘယ်လိုအိပ်ရမှာလဲကွာ..ညပါအိပ်ချင်တယ်ဆို မောင် ပါ လိုက်ခဲ့မှရမယ်"
မျက်မှောင်ကြီး ကြုတ်ကာ ဆိုလာသူကြောင့် ချမ်း ဘာပြန်ပြောရမှန်းမသိတော့။မောင့်ကို ခေါ်သွားလျှင်လည်း မာမီနေမကောင်းဖြစ်နေစဉ် နှစ်ယောက်သား ထ စကားများမှာ စိုးရသေးသည်။
"အဲဒါဆို မာမီ ဘာပဲ ပြောပြော မောင် မကြားသလိုပဲ နေ ပေးနော်...မာမီနဲ့ စကား မများရဘူး"
"အင်း...မောင် သိပါတယ်"
"အွန်း...အဲဒါကြောင့် မောင့်ကိုချစ်တာ"
ချမ်းက နေ့လည်ပင်းကို တိုးဖက်ရင်း နေ့နှင့် ပါးချင်းကပ်ကာ ပြောတော့ နေ က ချမ်း ခါးလေးကို တိုးဖက်သည်။
"မောင် ရေမချိူးခင်လေး ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလေး တစ်ခုလောက် လုပ်ကြမလား ဘေဘီ"
"မောင်နော်...မလုပ်ပါဘူး...ဖယ်...သား ကို ခေါ်ပြီး မောင်တို့ သားအဖ ရေအတူတူချိူး...ချမ်း မနက်ဖြန် မာမီတို့ အိမ်သွားဖို့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်အုံးမယ်"
ချမ်းက ပြောပြီး နေ့ ပေါင်ပေါ်ထိုင်နေရာမှ ထ သွားလေသည်။နေ လည်း ထိုင်ရာမှ ထကာ တစ်ဖက်ခန်းမှာ ရှိနေသည့် သားကို သွားခေါ်သည်။
"သား..ဒယ်ဒီတို့ ရေချိူးကြမယ်လေ"
"Yes!!...ဒယ်ဒီ"
နေ အသံပြုလိုက်သည်နဲ့ ဆန်းလေးက သူ့အခန်းထဲ ရှိ စားပွဲပုလေးဘေးတွင် ထိုင်ကာ ပုံဆွဲနေရာမှ ချက်ချင်းထလာသည်။နေ သားကို သူ့တို့နှစ်ယောက်အိပ်သည့်အခန်းထဲပြန်ခေါ်လာကာ အဝတ်အစားတွေ ချွတ်ပေးသည်။
"မောင်..ဝတ်ပြီးသား အင်ကျီတွေ အဝတ်ခြင်းထဲ တစ်ခါတည်းထည့်နော်...အတွင်း ဘောင်းဘီ တွေကို ဘေးက ခြင်းပုလေးထဲ ထည့်"
"ဟုတ်ကဲ့ပါဗျ...မောင် ခြင်းထဲထည့်လိုက်ပြီ"
အဝတ်အစားထုတ်ပိုးနေသည့် ချမ်းက အော်ပြောလာတော့ နေ မွေ့ယာပေါ်တွင် ပုံထားသည့် အဝတ်တွေကို ခြင်းထဲ ထည့်လိုက်သည်။ချမ်း ဒီလိုမှ အော်သတိမပေးရင်လည်း သား အဖနှစ်ယောက်က မွေ့ယာပေါ်တွင် အဝတ်အစားတွေ ဒီအတိုင်း ပုံချထားခဲ့တတ်ကြသည် မဟုတ်လား။အင်ကျီတွေ၊ဘောင်းဘီရှည်တွေကိုတော့ အိမ်ရှိ အလုပ်သမားတွေကို လျှော်ခိုင်းတတ်ပေမဲ့၊မောင့် အတွင်းဝတ်တွေ၊ချမ်း ရဲ့အတွင်း ဘောင်းဘီတွေကိုတော့ ချမ်း ကိုယ်တိုင်ပဲ လျော်ဖွပ်သည်။
သား အဖ နှစ်ယောက် ကိုယ်တုံးလုံးဖြင့် ရေချိူးခန်းထဲဝင်လာ ကာ ရေပန်းအောက်ဝင် ရေချိူးကြသည်။ဆန်းလေး အရပ်နဲ့လိုက်ဖက်သည့် ရေပန်းလေး တပ်ဆင်ထားသည် ဖြစ်သည်။
"ဒယ်ဒီ"
"ဗျား"
"ဒယ်ဒီ့ ဥဥက အကြီးကြီးပဲ...သား ကျ သေးသေးလေး"
ဘယ်ကတည်း မျက်စိစပါးမွှေး စူးနေသည် မသိသည့် ဆန်းလေးက သူ့ဒယ်ဒီ ဘက် မျက်လုံးလေး မှေးကြည့်ပြီး သူ့ဟာသူ့လေးလည်း ငုံ့ကြည့်သေးသည်။ဆန်းလေး စကားကြောင့် နေ က တဟားဟား အော်ရယ်သည်။
"ဟား..ဟား..သား က ငယ်သေးတာကိုကွာ..
ဒယ်ဒီ့ လို အရွယ်ရောက်ရင် သား လည်း ကြီးလာမှာပေါ့"
"သားက ဒယ်ဒီ့ထက် ကြီးမှာ"
"ဟေ့ကောင်...မင်း လူက လက်ညှိုးလောက်ပဲရှိသေးတယ် ဒယ်ဒီ့ကို လာပြိုင်နေတာလား"
"ပါးပါးက ပြောတယ်...ဆင်ပြိုင်ခြင်းက တိုးတက်ခြင်းတဲ့"
သူ့ပါးပါး ဖတ်ပြသည့် ပုံပြင်ခေါင်းစဉ်ကို ရွတ်ပြလာသေးသည်။
"ငါ့သားကြီးက...အရမ်းတွေ စကားတတ်နေတာပဲ...လာပါအုံး...ဒယ်ဒီ ပွေ့ချင်လို့"
နေက သူ့ ရေပန်းပုပုလေးအောက် မတ်တပ်ရပ်ရေချိူးနေသည့် ဆန်းလေးကို စွေ့ခနဲပွေ့ချီခေါ်လိုက်တော့ ဆန်းလေး တခစ်ခစ်ရယ်သည်။
"ဒယ်ဒီ...နမ်းနဲ့..စူးရယ်...ခစ်..ခစ်"
သူ့မျက်နှာသေးသေးလေးနားကပ်လာသည့် နေ့ မျက်နှာကြီးအား လက်သေးသေးလေးတွေဖြင့် တွန်းဖယ်သည်။နေက ရှန်ပူ ဘူးတစ်ဘူး ယူကာ ရှန်ပူတွေ ညစ်ထည့်ပြီး ခေါင်းလျှော်သည်။ဆန်းလေးကလည်း သူ့ဒယ်ဒီ လုပ်သည့်အတိုင်း သူ့baby mildရှန်ပူဘူးလေး ယူပြီး ညှစ်ထည့်ကာ ခေါင်းထက်ပွတ်လိမ်းသည်။သား အဖနှစ်ယောက် ရေချိူးခန်းထဲ အချိန်အတော်ကြာပြီးမှ ခါးတွင်မွှေးပွ သဘက်ဖြူ နှစ်ထည် ဆင်တူ ပတ်ကာ ရေချိူးခန်းထဲက ထွက်လာကြသည်။
"ပါးပါးရော"
မွေ့ယာပေါ်တွင် တင်ထားသည့် ဝတ်စုံနှစ်စုံပဲရှိကာ ချမ်း ပျောက်နေသဖြင့် ဆန်းလေးက မေးသည်။သူတို့ သားအဖရေချိူးပြီး တိုင်း ချမ်းက ဆန်းလေးကို ပေါင်ဒါလူးပေးအဝတ်အစား ဝတ်ပေးစသည်ဖြင့် အနားမှာရှိတတ်သည် မဟုတ်လား။
"ဒယ်ဒီ ပါးပါးကို သွားခေါ်အုံးမယ် သား..ခဏနေခဲ့အုံး"
"ဟုတ်ကဲ့...ဒယ်ဒီ"
နေကပြောပြီး ခါးမှာတဘက်တစ်ထည်နဲ့ပင် အိပ်ခန်းထဲက ထွက်လာသည်။အပေါ်ထပ်တွင် ဟိုခန်း၊ဒီအခန်း ရှာကြည့်သည်။
"ဟဲ့...နေမင်းတာရာ...အင်ကျီချွတ်ကြီးနဲ့ဟိုလျှောက်၊ဒီလျှောက် ဘာလုပ်နေတာတုန်း"
ဘုရားခန်းထဲမှ ပုတီးကိုင်ကာ ထွက်လာသည့် ဒေါ်ငွေခင်က နေ့ကိုမြင်ကာ အော်သည်။မကြီးမငယ်နဲ့၊ဒီကလေးတော့ အင်ကျီချွတ် နဲ့ အိမ်ထဲပတ်နေတယ်။
"ကျွန်တော့် မိန်းမ ရှာနေတာအမေ...ရေချိူးနေတုန်း ဘယ်ရောက်သွားမှန်းမသိလို့"
"အောက်ထပ်မှာ နေ မှာပေါ့ဟယ်....နင်က နင်မိန်းမ မရှိရင် ဘာမှ မလုပ်တတ်တော့ဘူးလား...အဝတ်အစားလေးတော့ ကိုယ့်ဘာသာဝတ်စမ်း!..တကတည်း မပြောချင်ဘူး"
ဒေါ်ငွေခင် ပြောတော့ နေ က ဘာပြန်ပြောရမှန်း မသိဖြစ်ကာ ဆံပင်တွေထဲ လက်ထိုးဖွမိသည်။အမြဲဆို သူတို့သားအဖ ရေချိူးပြီးတိုင်း ချမ်း ပဲ အင်ကျီဝတ်ပေး၊ကြယ်စေ့ တပ်ပေးလုပ်နေကျဖြစ်သဖြင့် ချမ်း မရှိတော့ နေ တကယ် မနေတတ်တာဖြစ်သည်။
"မောင်...ဘာဖြစ်လို့လဲ"
ထိုစဉ် ချမ်းက အပေါ်ထပ်ပြန်ရောက်လာသည်။ဘုရားခန်းရှေ့ ရပ်နေကြသည့် ခင်ပွန်းနဲ့ယောက်ခမဖြစ်သူကြောင့် ချမ်း မျက်လုံးဝိုင်းလေးဖြင့် မေးသည်။
"ဒီမှာ...မင်းကို ပျောက်နေလို့တဲ့..သား ရေ..အင်ကျီတောင် မဝတ်နိုင်ပဲ လိုက်ရှာနေတယ်"
"မောင်ကလည်း....ဖြစ်ရမယ်..လာ...အင်ကျီ သွားဝတ်မယ်...အမေ သားတို့ကို ခွင့်ပြုပါအုံး"
"အေးအေး...သွားကြ"
ချမ်းက နေ့ လက်မောင်းကြီးကို တွဲခေါ်ကာ အခန်းထဲ ပြန်ဆွဲခေါ်လာသည်။
"မောင်...ချမ်း က အောက်ထပ်ခဏ ရောက်နေလို့လေ...မောင်က မစောင့်နိုင်ဘဲ ဘာလို့ အင်ကျီမဝတ်ပဲအပြင်ထွက်လာရတာလဲ...မဟုတ်ရင်လည်း ကိုယ့်ဘာသာ ဝတ်ပြီးမှ ထွက်ပါ့လား မောင် ရယ်"
"ဘေဘီက မောင် ကို့ဆူနေတာလား"
မျက်နှာလေးငယ်ကာ ပြောလာသည့် မောင့်ကြောင့် ချမ်း ဘာဆက်ပြောရမသိဖြစ်သွားသည်။တကယ်ပါပဲ မောင် ကတော့ အရမ်း ကိုချစ်ဖို့ကောင်းလွန်းသည်။အခန်းထဲ ရောက်တော့လည်း သားက တဘက်ဖြူလေး ခါးမှာပတ်လျက် ဆိုင်ကယ်ရုပ်ကိုင်ကာ ကစားနေသည်။ချမ်း မှ အဝတ်အစားမလဲပေးဘူးဆိုရင် မောင်တို့ သားအဖ ညအထိ အဝတ်အစား ဝတ်မည့် ပုံ မပေါ်ကြပေ။
"သား...လာ အင်ကျီဝတ်မယ်"
"ရက်စ်..ပါးပါး"
ချမ်း သားကို အသင့်ထုတ်ထားသည့် ဘောင်းဘီနဲ့ အင်ကျီဝတ်ပေးသည်။မောင်က သူ့ဘာသာသူ အင်ကျီတော့ ကောက်စွပ်ဖော် ရသေးသည်။
"ပါးပါး.."
"အင်း"
အင်ကျီဝတ်ပေးနေရင်း သား က တိုးတိုးခေါ်လာတော့ ချမ်း မျက်လုံးလေးပင့်ကာ ပြန်ထူးသည်။
"ဒယ်ဒီ့ ဥဥ က အကြီးကြီးပဲ သိလား"
ချမ်း နား နားကပ်ကာ ပါးစပ်ကိုလက်ဖဝါးလေးအုပ်လျက် တိုးတိုး တိတ်တိတ်ပြောပြသည်။သူ့ဒယ်ဒီကြားလျှင် ကြီးသည်ဆိုပြီး ထပ်ဂုဏ်ဆာနေမှာ စိုး၍ဖြစ်သည်။သား စကားကြောင့် ချမ်း မျက်နှာလေး ဖြန်းခနဲပူတက်လာသည်။အဲဒီလူကတော့ သား ရှေ့ ကိုယ်တုံးလုံး ချွတ်ချိူးပြန်ပြီထင်သည်။
"သား...ဘာတွေလျှောက်ပြောနေတာလဲ"
ချမ်းက မျက်နှာနီနီလေးနဲ့ဆန်းလေး ညဝတ်အင်ကျီကို ကြယ်စေ့ တပ်ပေးရင်းမှ ဆိုသည်။
"သား ချောက် ပြောတာဟုဘူး ပါးပါး..တကယ်ကြီးရယ်"
ဆန်းလေးက သူ့လက်လေးဖြင့် အကြီးကြီးဝိုက်ပြကာ ပုံဖော်၍တောင်ပြလာသေးသည်။ချမ်း မျက်နှာလေးကတော့ ခရမ်းချဉ်သီးလို နီနေပြီဖြစ်သည်။
"ဘေဘီ့...မောင့်ကို ကြယ်စေ့တပ်ပေးအုံး"
ပြောနေတုန်းပင် နေ က ချမ်းရှေ့ ရင်ဘတ်ဟပြဲနဲ့ ရောက်လာသည်။ချမ်း သား ထံမှ ကူးပြောင်းကာ မောင့်ကို ကြယ်စေ့တပ်ပေးရပြန်သည်။ချမ်း က အင်ကျီကြယ်စေ့ တပ်ပေးရင်းဖြင့် နေ့ကို မကြည်ကြည့်လေး ကြည့်လာတော့ နေ မျက်ခုံးပင့်သည်။ သူဘာများ အမှား လုပ်မိလို့လဲ။
"ဘေဘီ့"
"အင်း"
"မောင့်ကို စိတ်ကောက်နေတာလား"
"မကောက်ဘူး!..မောင် နော် သား ရှေ့မှ အနေအထိုင်ဆင်ခြင်...ချမ်း အစစ အရာရာ လိုက်မပြောချင်ဘူး ....နှစ်ယောက်စလုံးလာခဲ့ကြ..ထမင်းစားမယ်"
"ဟောဗျာ"
မကောက်ဘူးဆိုပြီး ချမ်း က လေသံမာမာဖြင့်ဆိုကာ ထထွက်သွားသဖြင့် နေ အီလည်လည်ကျန်ခဲ့ရသည်။ဆန်းလေးကလည်း မွေ့ယာပေါ်မှ မတ်တပ်လေးရပ်လျက်။
"သား..မင်းပါးပါးကို ဘာတွေ သွားပြောပြန်ပြီလဲ"
နေ သားကိုပဲ တရားခံရှာရသည်။ဒင်းလေးက အမွှေတုံး လေးမဟုတ်လား။အရင်တစ်ခါ သားနဲ့သူ shopping ထွက်တုန်းက အသိအစ်မတစ်ယောက်နဲ့ mallထဲမှာဆုံသည်။ထိုအစ်မက ပစ်စည်းတွေမနိုင်မနင်းဖြစ်နေသဖြင့် နေ ကားနားထိလိုက်ပို့လိုက်သည်။ထို အစ်မက အဲတာကို ကျေးဇူးတင်မဆုံးဖြစ်ကာ နေနဲ့သားကို မုန့်အတင်းလိုက်ကျွေးသည်။နှစ်ခါသုံးခါ ငြင်းပြီးသည့်တိုင် အတင်းခေါ်နေသဖြင့် နေ ငြင်းရမှာအားနာလာကာ အနီးအနားက ဆိုင်တစ်ခုမှာ အအေးလိုက်သောက်ဖြစ်လိုက်သည်။
သား က အိမ်ပြန်ရောက်တော့ ထိုကိစ်စကို သူ့ပါးပါးထံ ခရေတွင်းစေ့ အကုန်ပြန်ဖောက်သည် ချတာဖြစ်သည်။သဝန်တိုအိုးလေးက သူ့ကိုစိတ်ကောက်ကာ သုံးရက်တိတိ စကားကောင်းကောင်းမပြောတော့။အခုလည်း အင်ကျီလဲပေးတုန်း ကိုယ်တော်ချောလေးက ဘာတွေသွားဖောက်သည်ချပြန်သည်မသိ။
"သား ဘာမှပြောဘူး ဒယ်ဒီ..ဟို..ဟာ ဒယ်ဒီ့ ဥဥက အကြီးကြီးပဲလို့ ပါးပါးကိုပြောပြတာ"
"မင်း...ဒယ်ဒီ ဥဥကြီးတာ ပါးပါးကိုပဲပြောပြလို့ရမယ်နော်...တခြားသူတွေကို လျှောက်ပြောလို့ မရဘူး သိလား"
"ဟုတ်ကဲ့...ဒယ်ဒီ"
ကိုယ်တော်ချောလေးက ခေါင်းလေးငြိမ့်ကာ လက်ခံတော့မှ နေ စိတ်အေးရသည်။မဟုတ်ရင် အိမ်တော်ထဲရှိသမျှ အလုပ်သမားအားလုံးကို သွားပြောပြနေမှဖြင့် နေ အရှက်ကွဲရအုံးမည်။နေ သားကိုပွေ့ပိုက်ကာ ချမ်း နောက်လိုက်လာသည်။သား လေး တစ်ကောင် မျောက်တစ်ထောင်ထက်ဆိုးနေပြီ။
<<<<<>>>>>>>
Comments လေးတွေ မျှော်နေမယ်နော်♥️
"သား...မင္းမာမီ ေနမေကာင္းဘူး"
ဖုန္းတစ္ဖက္မွ ၾကားရသည့္ ဦးေကာင္းျမတ္စကားေၾကာင့္ ခ်မ္း မ်က္ႏွာထက္စိုးရိမ္ရိပ္ေလးေတြ ျဖတ္သန္းေျပးသြားသည္။
"ဘယ္လိုျဖစ္တာလဲ...ဒယ္ဒီ..မာမီ အခု ေရာ ဘယ္လိုေနေသးလဲဟင္...သား အခုခ်က္ခ်င္းလာခဲ့မယ္"
"အရမ္းႀကီး မစိုးရိမ္နဲ႔သား...ႀကီးႀကီးမားမား ဘာေရာဂါမွ မဟုတ္ပါဘူး...အဓိက,က မင္းတို႔ သားအဖႏွစ္ေယာက္ကို လြမ္းဖ်ား ဖ်ားတာကြာ...ဒီမွာ တစ္ပတ္ေလာက္ မ်က္ႏွာလာျပ ၾကအုံး"
"ဟုတ္ကဲ့...ဒယ္ဒီ...သားတို႔ လာခဲ့ပါမယ္"
"အင္း..သား ခင္ပြန္းကိုလည္း ေသခ်ာအက်ိဴးအေၾကာင္း ရွင္းျပခဲ့အုံး"
"ဟုတ္ကဲ့...ဒယ္ဒီ...ေမာင္...အဲ..
သူက နားလည္ေပးတတ္ပါတယ္"
"အင္း..ေကာင္းတယ္..ဒယ္ဒီလည္း ဒယ္ဒီ့သမက္နဲ႔ တစ္ရက္ေလာက္ ေအးေဆးေတြ႕ၿပီး စကားေျပာပါအုံးမယ္"
"ဟုတ္..သား ေျပာထားလိုက္ပါမယ္"
"ဟုတ္ၿပီ..သား..အဲဒါဆို ဒယ္ဒီ ဖုန္းခ်ၿပီ...မင္းတို႔ သားအဖ မနက္မွ လာခဲ့ၾကေပါ့"
"ဟုတ္ကဲ့..ဒယ္ဒီ"
ဦးေကာင္းျမတ္က ေျပာၿပီး ဖုန္းခ်သြားၿပီျဖစ္သည္။ခ်မ္း နည္းနည္းေတာ့ ေခါင္းကိုက္ရပါသည္။ေမာင္က မာမီ့ ေနမေကာင္းဆို ေသခ်ာေပါက္ မာမီ့နားသြားခြင့္ျပဳမည္ ဆိုေပမဲ့ တစ္ပတ္ေလာက္ သြားေနဖို႔က်ေတာ့ အလြယ္တကူ ခြင့္ျပဳမည္မဟုတ္ေပ။သို႔ေပမဲ့ ခ်မ္း မာမီ့နား ေသခ်ာေပါက္သြားေနရမည္ မဟုတ္လား။
ဦးငယ္ နား တစ္လ ေလာက္သြားေနျဖစ္ၿပီး ျပန္ေရာက္သည့္ အခ်ိန္ထိ မာမီ့ဘက္က သူ႔ကို စၿပီးအဆက္အသြယ္ လုပ္ခဲ့တာမ်ိဴးလည္းမရွိ။ခ်မ္း ဒယ္ဒီနဲ႔ ဖုန္းေျပာရင္း မာမီ့ကို ေမးလွ်င္ေတာင္ မာမီ့က တစ္ခြန္းတစ္ေလေတာင္ ဖုန္းကိုင္ကာ လာေျပာသည္ မဟုတ္ေပ။တစ္ခါ တစ္ေလေတာ့ သူ႔ေျမးနဲ႔ face checkၾကသည္။မာမီ့ ဘယ္ေလာက္ စိတ္ႀကီးလည္း ခ်မ္း သိပါသည္။တစ္ခ်ိန္ခ်ိန္ေတာ့ ေမာင္နဲ႔ မာမီ ေျပလည္ဖို႔ ခ်မ္း ေမွ်ာ္လင့္ပါသည္။ေမာင္က ခ်မ္း စကားနားေထာင္မည္ ဆိုတာ သိေပမဲ့ ခက္ေနတာက မာမီ။
ထိုစဥ္ အိမ္ေရွ႕က ကားသံသဲ့သဲ့ၾကားၾကားသည္မို႔ ခ်မ္း တိုင္ကပ္နာရီႀကီးထံ ၾကည့္လိုက္ေတာ့ ေလးနာရီတိတိ။ဒီေန႔ ေမာင္ companyကျပန္လာတာ ေစာသည္ပဲ။ခ်မ္း အိမ္ေရွ႕အျမန္ေျပးထြက္ကာ ေမာင့္ ကိုႀကိဳလိုက္သည္။ေန က ကားတံခါးဖြင့္ကာ ဆင္းလိုက္ေတာ့ အေမေျပာတဲ့ အေမာေျပ မ်က္ႏွာေလးက ဆီးႀကိဳသည္။ေန ေက်နပ္သြားရသည္။ေန က ကားဒါ႐ိုင္ဘာ မေခၚပဲ ကိုယ္တိုင္ကားေမာင္း ျခင္းျဖစ္သည္။
"ေမာင္ ျပန္လာၿပီလား"
"ျပန္လာပါ ၿပီဗ်ာ"
ခ်မ္းက ေန႔လက္ထဲမွ အိတ္ကိုဆြဲယူကာ ေန႔ခါးအားသိုင္းဖက္ရင္း ေန႔ရင္ခြင္ထဲ တိုးဝင္သည္။ေနကလည္း ခ်မ္း ပခုံးေလးကို သိုင္းဖက္သည္။ႏွစ္ဦးသား ပူးကပ္လွ်က္ပင္ အိမ္ထဲသို႔ဝင္လာၾကသည္။ၿခံထဲရွိ အလုပ္သမားမ်ားအတြက္ ထိုျမင္ကြင္းက မထူးဆန္းေတာ့ၿပီ။
"ဒီေန႔ ေဘဘီ အရမ္းလိမ္မာေနပါ့လား..ေမာင္ ေအာ္ေခၚစရာမလိုေတာ့ဘူးပဲ..ေမာင့္ကို အဆင္သင့္ ေစာင့္ေနလို႔"
"ေမာင့္ မ်က္ႏွာကို အရမ္းေတြ႕ခ်င္လာလို႔...ခ်မ္း ေစာင့္ေနတာေလ"
"႐ႊတ္!!"
"ေမာင္"
ခ်မ္း စကားအဆုံး ခ်မ္း ပါးထဲေန႔ ႏွာေခါင္း နစ္ျမဳပ္ေတာ့မတတ္ ႐ႊတ္ခနဲ အသံျမည္ေအာင္ နမ္း ခံလိုက္ရသည္မို႔ ခ်မ္း ေဘးဘီ ဝဲၾကည့္ကာ ေန႔ ပခုံးအား တားျမစ္သလို ဖြဖြ႐ိုက္သည္။ဧည့္ခန္းႀကီးထဲမွာ ေမာင္ ကေတာ့။အေမ ျမင္သြားရင္ ဘယ္လိုလုပ္မလဲ။သူတို႔ အၾကင္လင္မယားေတြ ဆိုေပမဲ့ လူႀကီးေရွ႕မွာေတာ့ ဆင္ဆင္ျခင္ျခင္ေနရမည္ မဟုတ္လား။
"ဘယ္သူမွ မရွိပါဘူး ေဘဘီရဲ႕..ေဘဘီက ေမာင္ နမ္းခ်င္လာေအာင္ ေျပာတာကိုဗ်ာ...ေမာင္က နမ္းမွာေပါ့"
"ဟုတ္ပါၿပီ...ေျပာ မိတဲ့ ခ်မ္း အမွားပါ.....ဒါနဲ႔ ေမာင့္ကို ေျပာစရာရွိတယ္"
"အင္း..ေျပာ"
စကား တေျပာေျပာျဖင့္ပင္ ႏွစ္ေယာက္သား အိပ္ခန္းထဲ ေရာက္လာၾကသည္။ခ်မ္းက ေန႔ အိတ္ကို စားပြဲေပၚတင္ထားလိုက္ၿပီးမွ ေန႔ အေပၚထပ္ ကုတ္ခြၽတ္သည္ကို လာ ကူခြၽတ္ေပးသည္။
"ေမာင့္ အတြက္ juice အရင္လုပ္ေပးရမလား"
"ေတာ္ၿပီ...ေမာင္ မေသာက္ေတာ့ဘူး...ဒီမ်က္ႏွာေလး ျမင္လိုက္ရလို႔ ေမာင္ အေမာေျပသြားၿပီ"
အိပ္ခန္းထဲ ရွိ တီဗြီေရွ႕ဆိုဖာတြင္ ထိုင္ေနသည့္ ေန က သူ႔ေဘးနားရပ္ေနသည့္ ခ်မ္း ကိုယ္လုံးေလးကို ဆြဲကာ သူ႔ေပါင္ေပၚတြင္ ထိုင္ေစသည္။ ခ်မ္း က ေန႔ေပါင္ေပၚတြင္ အလိုက္သင့္ ထိုင္လိုက္ၿပီး သူ႔ကို ေမာ့ၾကည့္ကာ ၿပဳံးေနသည့္ ေန႔ မ်က္ႏွာ ႏွင့္မ်က္ႏွာခ်င္းဆိုင္သည္။
"ေမာင့္ကို ေျပာစရာရွိတယ္ဆို...ဘာေျပာမွာလဲ"
"ခ်မ္းနဲ႔သားေလ..မနက္ျဖန္......."
"ပါးပါး!!"
ထိုစဥ္ ေအာ္ေခၚသံနဲ႔ အတူ ဆန္းေလးက တံခါးဖြင့္ကာ ခ်မ္း တို႔ အိပ္ခန္းထဲေျပးဝင္လာသည္။တံခါး ေလာ့မခ်ထားသည္မို႔ ဆန္းေလး အလြယ္တကူ ဝင္လာႏိုင္ျခင္းျဖစ္သည္။
"ဒယ္ဒီ ျပန္ေရာက္ေနၿပီ....ႏႈတ္ဆက္အနမ္း"
ေန႔ကို ျမင္သည္နဲ႔ ေန႔ ထိုင္ေနသည့္ ဆိုဖာေပၚ ေျပးတက္လာကာ ေန႔ ပါးအားမြခနဲ လာနမ္းသည္။ၿပီးသည္နဲ႔ ဆိုဖာေပၚမွ ျပန္ဆင္းကာ ေန႔ ေပါင္ေပၚတြင္ထိုင္ေနသည့္သူ႔ပါးပါးကို ေမာ့ၾကည့္ရင္းမွ....
"ပါးပါး...သား ကို ပါးပါးဖုန္း ခဏငွားအုံး"
ထူးထူးဆန္းဆန္း ဖုန္းလာငွားေနသည့္ သားျဖစ္သူေၾကာင့္ ခ်မ္း မ်က္ခုံးေလးပင့္သည္။
"ဘာလုပ္မလို႔လဲ..သား"
"ဘိုးဘိုးငယ္တို႔ကို ဖုန္းဆက္မ႐ို႕ ပါးပါး"
"ဘိုးဘိုးငယ္တို႔ကို လြမ္းလို႔လား..သား"
ေန ကပါ သူ႔ပါးပါးဆီက ဟန္ႀကီးပန္ႀကီးဖုန္းေတာင္းေနသည့္ သား ေၾကာင့္ ဝင္ေမးလာသည္။
"ဟုဘူး..ဘိုးဘိုးငယ္တို႔ကို လြမ္းဘူး...ညပ္ ကို လြမ္း႐ို႕ ဖုန္း ေျပာခ်င္႐ို႕"
သား ေျပာသည့္ ညပ္ ဆိုသည္က ပန္းၿခံပိုင္ရွင္ အေဒၚႀကီး၏ေျမးျဖစ္သည့္ ျမတ္ေလးငယ္ ဆိုသည့္ ကေလးေလးျဖစ္သည္။ခင္ပြန္းႏွင့္ သား၊ေခြၽးမတို႔ တစ္ၿပိဳင္တည္း ကားအက္ဆီးဒင့္ ျဖစ္ကာ ဆုံးပါးသြားၾကသည့္ အတြက္ အေဒၚႀကီး စိတ္ေဝဒနာခံစားေနရရွာသည္။ဆိုးဆိုးဝါးဝါးႀကီး မဟုတ္ေပမဲ့ ေဝဒနာက ကေလးေလးသုံးႏွစ္အ႐ြယ္ကေန ငါးႏွစ္ေရာက္သည္ အထိပင္ သက္သာလာခဲ့ျခင္းမရွိေပ။ကေလးငယ္ေလးကေတာ့ သူ႔အဘြားနဲ႔အတူ ေနသားက်ေနခဲ့ၿပီထင္ပါသည္။အဘြား ဆင္ေပးသည့္ အတိုင္းဝတ္သည္။အဘြား ပန္းပန္ေပးရင္ တစ္ေနကုန္ပန္ထားသည္။
ဦးျမတ္မင္းက ကေလးေလးကို တစ္ဖက္တစ္လမ္းက ကူညီေစာင့္ေရွာက္ပါသည္။ေဂဟာ ပို႔ပါ ဆိုေတာ့လည္း အဘြားျဖစ္သူက ခါးခါးသီးသီးျဖစ္ေနသျဖင့္ ပန္းေပါင္းစုံရွိသည့္ ၿခံဝန္းက်ယ္ႀကီးထဲတြင္ စိတ္မႏွံ႔သည့္ အဘြားနဲ႔ အ႐ြယ္မေရာက္ေသးသည့္ ကေလးငယ္ေလးတို႔ အတူေနထိုင္ၾကသည္။အရင္က မည္မွ်ႂကြယ္ဝခ်မ္းသာခဲ့ၾကသည္မသိ။ေျမးအဘြားႏွစ္ေယာက္ ဘာအလုပ္မွ မည္မည္ရရမလုပ္ပဲ ပန္းေရာင္းလ်က္ပင္ ေအးေအးလူလူ စားေသာက္ေနထိုင္ၾကသည္။
ဟိုမွာရွိစဥ္က သား က ျမတ္ေလးငယ္ ေလးနဲ႔ ေတာ္ေတာ္တြဲဖက္က်ခဲ့ၾကသည္။အေဖာ္ဆို သိပ္ဟက္ဟက္ပက္ပက္ ခင္တတ္ျခင္း မရွိသည့္ သား က ျမတ္ေလးငယ္ေလးကို ေတာ့ အေတာ္ခင္မင္ပါသည္။မနက္မိုးလင္းရင္ ျမတ္ေလး နား သူေရာက္ေနၿပီ။ၿခံျခင္းကပ္လ်က္မို႔ ထိုကေလးေလးႏွစ္ေယာက္ကအၿမဲမခြဲပဲတတြဲတြဲ။ညိဳညိဳစိုစို မ်က္လုံးလွလွေလးနဲ႔ ထိုကေလးငယ္ေလးက စကားတတ္သေလာက္ သိတတ္လိမ္မာလွသည္မို႔ ခ်မ္းတို႔ေမာင္ႏွံလည္း ထိုကေလးေလးအား သားအရင္းပမာ ခ်စ္ၾကသည္။
"ျမတ္က ဒီအခ်ိန္စာသင္လို႔မၿပီးေသးဘူးေလ သားရဲ႕..ညမွဆက္ရေအာင္"
ေန ေျပာေတာ့ ဆန္းေလးက စဥ္းစားသလို ေတြေတြေလး ခဏၿငိမ္သက္သြားၿပီးမွ ေခါင္းေလးၿငိမ့္သည္။
"အဲဒါခ်ိဴ...ညမွ ဆက္ေတာ့မယ္ ဒယ္ဒီ"
"အင္း...လိမ္မာတယ္"
"သား ပုံသြားဆြဲအုံးမယ္ ...ဒယ္ဒီတို႔ ေအးေအးေခ်းေခ်း ေနၾက"
ပူးကပ္ေနသည့္ ဖခင္ႏွစ္ေယာက္ကိုၾကည့္ကာ ဆန္းေလးက အလိုက္တသိေျပာၿပီး ေျပးထြက္သြားျပန္ေလသည္။တစ္ခါတစ္ေလ ပါးပါးတို႔ႏွစ္ေယာက္နား သူသြားအိပ္ၿပီဆို သူ႔ကိုထားခဲ့ၾကၿပီး ပါးပါးတို႔ စာၾကည့္ခန္းထဲ ေရာက္ေရာက္သြားတာ ဆန္းေလး သိပါသည္။တအားႀကီး ၾကာမွ ဒယ္ဒီက ပါးပါးကို ေပြ႕ခ်ီၿပီး အခန္းထဲ ျပန္ေရာက္လာၾကသည္။အဲဒါ ဆန္းေလး ပါးပါးတို႔ႏွစ္ေယာက္ၾကား ဝင္ရႈပ္မိတာပဲ မဟုဘူးလား။ညပ္ႏွင့္သူ႔ၾကား တျခားသူငယ္ခ်င္းေတြေရာက္လာရင္ သူမႀကိဳက္သလို ပါးပါးႏွင့္ဒယ္ဒီ့ၾကား ဆန္းေလး ဝင္ရႈပ္မိရင္လည္း ပါးပါးတို႔ ႀကိဳက္ၾကမွာမဟုတ္။ဆန္းေလး လိမ္မာရမယ္။
သားျဖစ္သူရဲ႕ ႀကီးႀကီးက်ယ္က်ယ္အေတြးေတြကို မသိပဲ လင္လင္ႏွစ္ေယာက္ကေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၿပဳံးၾကည့္လ်က္ပင္ က်န္ေနခဲ့ၾကသည္။
"ေမာင့္ကို ေျပာစရာရွိတယ္ဆို"
"အင္း..မာမီ ေန မေကာင္းဘူးတဲ့ ေမာင္"
"ဟုတ္လား...အဲဒါဆို ေမာင္တို႔ မနက္ျဖန္ သတင္းသြားေမးမယ္ေလ"
"အင္း...သားနဲ႔ခ်မ္း မာမီ့နားမွာ တစ္ပတ္ေလာက္ သြားေန ခ်င္လို႔ေမာင္"
ခ်မ္း စကားေၾကာင့္ ေန မ်က္ခုံး က်ဴံ႕သြားသည္။
"ေမာင္ companyသြားတဲ့အခ်ိန္ မနက္ပိုင္းေတာ့ သားနဲ႔အတူ သြားေနလိုက္ေလ...ညေနပိုင္း ေမာင္ companyကအျပန္ ေဘဘီနဲ႔သားကို ဝင္ေခၚမယ္"
"လာေနမယ္လို႔ ခ်မ္း ဒယ္ဒီ့ကို ေျပာၿပီးၿပီ ေမာင္ရဲ႕...တစ္ပတ္ပဲ ေလ..ေနာ္..ေမာင္"
ခ်မ္းက ေန႔ ေပါင္ေပၚထိုင္ေနရင္းမွ ေန႔ ပခုံးကို သိုင္းဖက္ကာ ေန႔ မ်က္ႏွာကို နီးကပ္စြာၾကည့္ရင္း မ်က္ႏွာငယ္ေလးျဖင့္ ေတာင္းဆိုသည္။
"ေဘဘီ မရွိပဲ ေမာင္က ဘယ္လိုအိပ္ရမွာလဲကြာ..ညပါအိပ္ခ်င္တယ္ဆို ေမာင္ ပါ လိုက္ခဲ့မွရမယ္"
မ်က္ေမွာင္ႀကီး ၾကဳတ္ကာ ဆိုလာသူေၾကာင့္ ခ်မ္း ဘာျပန္ေျပာရမွန္းမသိေတာ့။ေမာင့္ကို ေခၚသြားလွ်င္လည္း မာမီေနမေကာင္းျဖစ္ေနစဥ္ ႏွစ္ေယာက္သား ထ စကားမ်ားမွာ စိုးရေသးသည္။
"အဲဒါဆို မာမီ ဘာပဲ ေျပာေျပာ ေမာင္ မၾကားသလိုပဲ ေန ေပးေနာ္...မာမီနဲ႔ စကား မမ်ားရဘူး"
"အင္း...ေမာင္ သိပါတယ္"
"အြန္း...အဲဒါေၾကာင့္ ေမာင့္ကိုခ်စ္တာ"
ခ်မ္းက ေန႔လည္ပင္းကို တိုးဖက္ရင္း ေန႔ႏွင့္ ပါးခ်င္းကပ္ကာ ေျပာေတာ့ ေန က ခ်မ္း ခါးေလးကို တိုးဖက္သည္။
"ေမာင္ ေရမခ်ိဴးခင္ေလး ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေလး တစ္ခုေလာက္ လုပ္ၾကမလား ေဘဘီ"
"ေမာင္ေနာ္...မလုပ္ပါဘူး...ဖယ္...သား ကို ေခၚၿပီး ေမာင္တို႔ သားအဖ ေရအတူတူခ်ိဴး...ခ်မ္း မနက္ျဖန္ မာမီတို႔ အိမ္သြားဖို႔ ျပင္ဆင္စရာရွိတာေတြ ျပင္ဆင္အုံးမယ္"
ခ်မ္းက ေျပာၿပီး ေန႔ ေပါင္ေပၚထိုင္ေနရာမွ ထ သြားေလသည္။ေန လည္း ထိုင္ရာမွ ထကာ တစ္ဖက္ခန္းမွာ ရွိေနသည့္ သားကို သြားေခၚသည္။
"သား..ဒယ္ဒီတို႔ ေရခ်ိဴးၾကမယ္ေလ"
"Yes!!...ဒယ္ဒီ"
ေန အသံျပဳလိုက္သည္နဲ႔ ဆန္းေလးက သူ႔အခန္းထဲ ရွိ စားပြဲပုေလးေဘးတြင္ ထိုင္ကာ ပုံဆြဲေနရာမွ ခ်က္ခ်င္းထလာသည္။ေန သားကို သူ႔တို႔ႏွစ္ေယာက္အိပ္သည့္အခန္းထဲျပန္ေခၚလာကာ အဝတ္အစားေတြ ခြၽတ္ေပးသည္။
"ေမာင္..ဝတ္ၿပီးသား အင္က်ီေတြ အဝတ္ျခင္းထဲ တစ္ခါတည္းထည့္ေနာ္...အတြင္း ေဘာင္းဘီ ေတြကို ေဘးက ျခင္းပုေလးထဲ ထည့္"
"ဟုတ္ကဲ့ပါဗ်...ေမာင္ ျခင္းထဲထည့္လိုက္ၿပီ"
အဝတ္အစားထုတ္ပိုးေနသည့္ ခ်မ္းက ေအာ္ေျပာလာေတာ့ ေန ေမြ႕ယာေပၚတြင္ ပုံထားသည့္ အဝတ္ေတြကို ျခင္းထဲ ထည့္လိုက္သည္။ခ်မ္း ဒီလိုမွ ေအာ္သတိမေပးရင္လည္း သား အဖႏွစ္ေယာက္က ေမြ႕ယာေပၚတြင္ အဝတ္အစားေတြ ဒီအတိုင္း ပုံခ်ထားခဲ့တတ္ၾကသည္ မဟုတ္လား။အင္က်ီေတြ၊ေဘာင္းဘီရွည္ေတြကိုေတာ့ အိမ္ရွိ အလုပ္သမားေတြကို ေလွ်ာ္ခိုင္းတတ္ေပမဲ့၊ေမာင့္ အတြင္းဝတ္ေတြ၊ခ်မ္း ရဲ႕အတြင္း ေဘာင္းဘီေတြကိုေတာ့ ခ်မ္း ကိုယ္တိုင္ပဲ ေလ်ာ္ဖြပ္သည္။
သား အဖ ႏွစ္ေယာက္ ကိုယ္တုံးလုံးျဖင့္ ေရခ်ိဴးခန္းထဲဝင္လာ ကာ ေရပန္းေအာက္ဝင္ ေရခ်ိဴးၾကသည္။ဆန္းေလး အရပ္နဲ႔လိုက္ဖက္သည့္ ေရပန္းေလး တပ္ဆင္ထားသည္ ျဖစ္သည္။
"ဒယ္ဒီ"
"ဗ်ား"
"ဒယ္ဒီ့ ဥဥက အႀကီးႀကီးပဲ...သား က် ေသးေသးေလး"
ဘယ္ကတည္း မ်က္စိစပါးေမႊး စူးေနသည္ မသိသည့္ ဆန္းေလးက သူ႔ဒယ္ဒီ ဘက္ မ်က္လုံးေလး ေမွးၾကည့္ၿပီး သူ႔ဟာသူ႔ေလးလည္း ငုံ႔ၾကည့္ေသးသည္။ဆန္းေလး စကားေၾကာင့္ ေန က တဟားဟား ေအာ္ရယ္သည္။
"ဟား..ဟား..သား က ငယ္ေသးတာကိုကြာ..
ဒယ္ဒီ့ လို အ႐ြယ္ေရာက္ရင္ သား လည္း ႀကီးလာမွာေပါ့"
"သားက ဒယ္ဒီ့ထက္ ႀကီးမွာ"
"ေဟ့ေကာင္...မင္း လူက လက္ညႇိဳးေလာက္ပဲရွိေသးတယ္ ဒယ္ဒီ့ကို လာၿပိဳင္ေနတာလား"
"ပါးပါးက ေျပာတယ္...ဆင္ၿပိဳင္ျခင္းက တိုးတက္ျခင္းတဲ့"
သူ႔ပါးပါး ဖတ္ျပသည့္ ပုံျပင္ေခါင္းစဥ္ကို ႐ြတ္ျပလာေသးသည္။
"ငါ့သားႀကီးက...အရမ္းေတြ စကားတတ္ေနတာပဲ...လာပါအုံး...ဒယ္ဒီ ေပြ႕ခ်င္လို႔"
ေနက သူ႔ ေရပန္းပုပုေလးေအာက္ မတ္တပ္ရပ္ေရခ်ိဴးေနသည့္ ဆန္းေလးကို ေစြ႕ခနဲေပြ႕ခ်ီေခၚလိုက္ေတာ့ ဆန္းေလး တခစ္ခစ္ရယ္သည္။
"ဒယ္ဒီ...နမ္းနဲ႔..စူးရယ္...ခစ္..ခစ္"
သူ႔မ်က္ႏွာေသးေသးေလးနားကပ္လာသည့္ ေန႔ မ်က္ႏွာႀကီးအား လက္ေသးေသးေလးေတြျဖင့္ တြန္းဖယ္သည္။ေနက ရွန္ပူ ဘူးတစ္ဘူး ယူကာ ရွန္ပူေတြ ညစ္ထည့္ၿပီး ေခါင္းေလွ်ာ္သည္။ဆန္းေလးကလည္း သူ႔ဒယ္ဒီ လုပ္သည့္အတိုင္း သူ႔baby mildရွန္ပူဘူးေလး ယူၿပီး ညႇစ္ထည့္ကာ ေခါင္းထက္ပြတ္လိမ္းသည္။သား အဖႏွစ္ေယာက္ ေရခ်ိဴးခန္းထဲ အခ်ိန္အေတာ္ၾကာၿပီးမွ ခါးတြင္ေမႊးပြ သဘက္ျဖဴ ႏွစ္ထည္ ဆင္တူ ပတ္ကာ ေရခ်ိဴးခန္းထဲက ထြက္လာၾကသည္။
"ပါးပါးေရာ"
ေမြ႕ယာေပၚတြင္ တင္ထားသည့္ ဝတ္စုံႏွစ္စုံပဲရွိကာ ခ်မ္း ေပ်ာက္ေနသျဖင့္ ဆန္းေလးက ေမးသည္။သူတို႔ သားအဖေရခ်ိဴးၿပီး တိုင္း ခ်မ္းက ဆန္းေလးကို ေပါင္ဒါလူးေပးအဝတ္အစား ဝတ္ေပးစသည္ျဖင့္ အနားမွာရွိတတ္သည္ မဟုတ္လား။
"ဒယ္ဒီ ပါးပါးကို သြားေခၚအုံးမယ္ သား..ခဏေနခဲ့အုံး"
"ဟုတ္ကဲ့...ဒယ္ဒီ"
ေနကေျပာၿပီး ခါးမွာတဘက္တစ္ထည္နဲ႔ပင္ အိပ္ခန္းထဲက ထြက္လာသည္။အေပၚထပ္တြင္ ဟိုခန္း၊ဒီအခန္း ရွာၾကည့္သည္။
"ဟဲ့...ေနမင္းတာရာ...အင္က်ီခြၽတ္ႀကီးနဲ႔ဟိုေလွ်ာက္၊ဒီေလွ်ာက္ ဘာလုပ္ေနတာတုန္း"
ဘုရားခန္းထဲမွ ပုတီးကိုင္ကာ ထြက္လာသည့္ ေဒၚေငြခင္က ေန႔ကိုျမင္ကာ ေအာ္သည္။မႀကီးမငယ္နဲ႔၊ဒီကေလးေတာ့ အင္က်ီခြၽတ္ နဲ႔ အိမ္ထဲပတ္ေနတယ္။
"ကြၽန္ေတာ့္ မိန္းမ ရွာေနတာအေမ...ေရခ်ိဴးေနတုန္း ဘယ္ေရာက္သြားမွန္းမသိလို႔"
"ေအာက္ထပ္မွာ ေန မွာေပါ့ဟယ္....နင္က နင္မိန္းမ မရွိရင္ ဘာမွ မလုပ္တတ္ေတာ့ဘူးလား...အဝတ္အစားေလးေတာ့ ကိုယ့္ဘာသာဝတ္စမ္း!..တကတည္း မေျပာခ်င္ဘူး"
ေဒၚေငြခင္ ေျပာေတာ့ ေန က ဘာျပန္ေျပာရမွန္း မသိျဖစ္ကာ ဆံပင္ေတြထဲ လက္ထိုးဖြမိသည္။အၿမဲဆို သူတို႔သားအဖ ေရခ်ိဴးၿပီးတိုင္း ခ်မ္း ပဲ အင္က်ီဝတ္ေပး၊ၾကယ္ေစ့ တပ္ေပးလုပ္ေနက်ျဖစ္သျဖင့္ ခ်မ္း မရွိေတာ့ ေန တကယ္ မေနတတ္တာျဖစ္သည္။
"ေမာင္...ဘာျဖစ္လို႔လဲ"
ထိုစဥ္ ခ်မ္းက အေပၚထပ္ျပန္ေရာက္လာသည္။ဘုရားခန္းေရွ႕ ရပ္ေနၾကသည့္ ခင္ပြန္းနဲ႔ေယာက္ခမျဖစ္သူေၾကာင့္ ခ်မ္း မ်က္လုံးဝိုင္းေလးျဖင့္ ေမးသည္။
"ဒီမွာ...မင္းကို ေပ်ာက္ေနလို႔တဲ့..သား ေရ..အင္က်ီေတာင္ မဝတ္ႏိုင္ပဲ လိုက္ရွာေနတယ္"
"ေမာင္ကလည္း....ျဖစ္ရမယ္..လာ...အင္က်ီ သြားဝတ္မယ္...အေမ သားတို႔ကို ခြင့္ျပဳပါအုံး"
"ေအးေအး...သြားၾက"
ခ်မ္းက ေန႔ လက္ေမာင္းႀကီးကို တြဲေခၚကာ အခန္းထဲ ျပန္ဆြဲေခၚလာသည္။
"ေမာင္...ခ်မ္း က ေအာက္ထပ္ခဏ ေရာက္ေနလို႔ေလ...ေမာင္က မေစာင့္ႏိုင္ဘဲ ဘာလို႔ အင္က်ီမဝတ္ပဲအျပင္ထြက္လာရတာလဲ...မဟုတ္ရင္လည္း ကိုယ့္ဘာသာ ဝတ္ၿပီးမွ ထြက္ပါ့လား ေမာင္ ရယ္"
"ေဘဘီက ေမာင္ ကို႔ဆူေနတာလား"
မ်က္ႏွာေလးငယ္ကာ ေျပာလာသည့္ ေမာင့္ေၾကာင့္ ခ်မ္း ဘာဆက္ေျပာရမသိျဖစ္သြားသည္။တကယ္ပါပဲ ေမာင္ ကေတာ့ အရမ္း ကိုခ်စ္ဖို႔ေကာင္းလြန္းသည္။အခန္းထဲ ေရာက္ေတာ့လည္း သားက တဘက္ျဖဴေလး ခါးမွာပတ္လ်က္ ဆိုင္ကယ္႐ုပ္ကိုင္ကာ ကစားေနသည္။ခ်မ္း မွ အဝတ္အစားမလဲေပးဘူးဆိုရင္ ေမာင္တို႔ သားအဖ ညအထိ အဝတ္အစား ဝတ္မည့္ ပုံ မေပၚၾကေပ။
"သား...လာ အင္က်ီဝတ္မယ္"
"ရက္စ္..ပါးပါး"
ခ်မ္း သားကို အသင့္ထုတ္ထားသည့္ ေဘာင္းဘီနဲ႔ အင္က်ီဝတ္ေပးသည္။ေမာင္က သူ႔ဘာသာသူ အင္က်ီေတာ့ ေကာက္စြပ္ေဖာ္ ရေသးသည္။
"ပါးပါး.."
"အင္း"
အင္က်ီဝတ္ေပးေနရင္း သား က တိုးတိုးေခၚလာေတာ့ ခ်မ္း မ်က္လုံးေလးပင့္ကာ ျပန္ထူးသည္။
"ဒယ္ဒီ့ ဥဥ က အႀကီးႀကီးပဲ သိလား"
ခ်မ္း နား နားကပ္ကာ ပါးစပ္ကိုလက္ဖဝါးေလးအုပ္လ်က္ တိုးတိုး တိတ္တိတ္ေျပာျပသည္။သူ႔ဒယ္ဒီၾကားလွ်င္ ႀကီးသည္ဆိုၿပီး ထပ္ဂုဏ္ဆာေနမွာ စိုး၍ျဖစ္သည္။သား စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလး ျဖန္းခနဲပူတက္လာသည္။အဲဒီလူကေတာ့ သား ေရွ႕ ကိုယ္တုံးလုံး ခြၽတ္ခ်ိဴးျပန္ၿပီထင္သည္။
"သား...ဘာေတြေလွ်ာက္ေျပာေနတာလဲ"
ခ်မ္းက မ်က္ႏွာနီနီေလးနဲ႔ဆန္းေလး ညဝတ္အင္က်ီကို ၾကယ္ေစ့ တပ္ေပးရင္းမွ ဆိုသည္။
"သား ေခ်ာက္ ေျပာတာဟုဘူး ပါးပါး..တကယ္ႀကီးရယ္"
ဆန္းေလးက သူ႔လက္ေလးျဖင့္ အႀကီးႀကီးဝိုက္ျပကာ ပုံေဖာ္၍ေတာင္ျပလာေသးသည္။ခ်မ္း မ်က္ႏွာေလးကေတာ့ ခရမ္းခ်ဥ္သီးလို နီေနၿပီျဖစ္သည္။
"ေဘဘီ့...ေမာင့္ကို ၾကယ္ေစ့တပ္ေပးအုံး"
ေျပာေနတုန္းပင္ ေန က ခ်မ္းေရွ႕ ရင္ဘတ္ဟၿပဲနဲ႔ ေရာက္လာသည္။ခ်မ္း သား ထံမွ ကူးေျပာင္းကာ ေမာင့္ကို ၾကယ္ေစ့တပ္ေပးရျပန္သည္။ခ်မ္း က အင္က်ီၾကယ္ေစ့ တပ္ေပးရင္းျဖင့္ ေန႔ကို မၾကည္ၾကည့္ေလး ၾကည့္လာေတာ့ ေန မ်က္ခုံးပင့္သည္။ သူဘာမ်ား အမွား လုပ္မိလို႔လဲ။
"ေဘဘီ့"
"အင္း"
"ေမာင့္ကို စိတ္ေကာက္ေနတာလား"
"မေကာက္ဘူး!..ေမာင္ ေနာ္ သား ေရွ႕မွ အေနအထိုင္ဆင္ျခင္...ခ်မ္း အစစ အရာရာ လိုက္မေျပာခ်င္ဘူး ....ႏွစ္ေယာက္စလုံးလာခဲ့ၾက..ထမင္းစားမယ္"
"ေဟာဗ်ာ"
မေကာက္ဘူးဆိုၿပီး ခ်မ္း က ေလသံမာမာျဖင့္ဆိုကာ ထထြက္သြားသျဖင့္ ေန အီလည္လည္က်န္ခဲ့ရသည္။ဆန္းေလးကလည္း ေမြ႕ယာေပၚမွ မတ္တပ္ေလးရပ္လ်က္။
"သား..မင္းပါးပါးကို ဘာေတြ သြားေျပာျပန္ၿပီလဲ"
ေန သားကိုပဲ တရားခံရွာရသည္။ဒင္းေလးက အေမႊတုံး ေလးမဟုတ္လား။အရင္တစ္ခါ သားနဲ႔သူ shopping ထြက္တုန္းက အသိအစ္မတစ္ေယာက္နဲ႔ mallထဲမွာဆုံသည္။ထိုအစ္မက ပစ္စည္းေတြမႏိုင္မနင္းျဖစ္ေနသျဖင့္ ေန ကားနားထိလိုက္ပို႔လိုက္သည္။ထို အစ္မက အဲတာကို ေက်းဇူးတင္မဆုံးျဖစ္ကာ ေနနဲ႔သားကို မုန႔္အတင္းလိုက္ေကြၽးသည္။ႏွစ္ခါသုံးခါ ျငင္းၿပီးသည့္တိုင္ အတင္းေခၚေနသျဖင့္ ေန ျငင္းရမွာအားနာလာကာ အနီးအနားက ဆိုင္တစ္ခုမွာ အေအးလိုက္ေသာက္ျဖစ္လိုက္သည္။
သား က အိမ္ျပန္ေရာက္ေတာ့ ထိုကိစ္စကို သူ႔ပါးပါးထံ ခေရတြင္းေစ့ အကုန္ျပန္ေဖာက္သည္ ခ်တာျဖစ္သည္။သဝန္တိုအိုးေလးက သူ႔ကိုစိတ္ေကာက္ကာ သုံးရက္တိတိ စကားေကာင္းေကာင္းမေျပာေတာ့။အခုလည္း အင္က်ီလဲေပးတုန္း ကိုယ္ေတာ္ေခ်ာေလးက ဘာေတြသြားေဖာက္သည္ခ်ျပန္သည္မသိ။
"သား ဘာမွေျပာဘူး ဒယ္ဒီ..ဟို..ဟာ ဒယ္ဒီ့ ဥဥက အႀကီးႀကီးပဲလို႔ ပါးပါးကိုေျပာျပတာ"
"မင္း...ဒယ္ဒီ ဥဥႀကီးတာ ပါးပါးကိုပဲေျပာျပလို႔ရမယ္ေနာ္...တျခားသူေတြကို ေလွ်ာက္ေျပာလို႔ မရဘူး သိလား"
"ဟုတ္ကဲ့...ဒယ္ဒီ"
ကိုယ္ေတာ္ေခ်ာေလးက ေခါင္းေလးၿငိမ့္ကာ လက္ခံေတာ့မွ ေန စိတ္ေအးရသည္။မဟုတ္ရင္ အိမ္ေတာ္ထဲရွိသမွ် အလုပ္သမားအားလုံးကို သြားေျပာျပေနမွျဖင့္ ေန အရွက္ကြဲရအုံးမည္။ေန သားကိုေပြ႕ပိုက္ကာ ခ်မ္း ေနာက္လိုက္လာသည္။သား ေလး တစ္ေကာင္ ေမ်ာက္တစ္ေထာင္ထက္ဆိုးေနၿပီ။
<<<<<>>>>>>>
Comments ေလးေတြ ေမွ်ာ္ေနမယ္ေနာ္♥️