ဝေးလွင့်ပြီးသော အတိတ် (၂)

Per Elysium_Gale

114K 9.6K 211

ကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွား... Més

အခန်း ၁၉၈
အခန်း ၁၉၉
အခန်း ၂၀၀
အခန်း ၂၀၁
အခန်း ၂၀၂
အခန်း ၂၀၃
အခန်း ၂၀၄
အခန်း ၂၀‌၅
အခန်း ၂၀‌‌၆
အခန်း ၂၀၇
အခန်း ၂၀၈
အခန်း ၂၀၉
Promotion
အခန်း ၂၁၀
အခန်း ၂၁၁
အခန်း ၂၁၂
အခန်း ၂၁၃
promotion
အခန်း ၂၁၄
အခန်း ၂၁၅
အခန်း ၂၁၆
အခန်း ၂၁၇
အခန်း ၂၁‌၈
အခန်း ၂၁၉
အခန်း ၂၂၀
၂၂၁
အခန်း ၂၂၂
အခန်း ၂၂၃
အခန်း ၂၂၄
အခန်း ၂၂၅
အခန်း ၂၂၆
အခန်း ‌၂၂၇
အခန်း ၂၂၈
အခန်း ၂၂၉
အခန်း ၂၃၀
အခန်း ၂၃၁
အခန်း ၂၃၂
အခန်း ၂၃၃
အခန်း ၂၃၄
အခန်း ၂၃၅
အခန်း ၂၃၆
အခန်း ၂၃၇
အခန်း ၂၃၈
အခန်း ၂၃၉
အခန်း ၂၄၀
အခန်း ၂၄၁
အခန်း ၂၄၂
အခန်း ၂၄၃
ပြိုင်ပွဲ
အခန်း ၂၄၄
အခန်း ၂၄၅
အခန်း ၂၄၆
အခန်း ၂၄၇
အခန်း ၂၄၈
အခန်း ၂၄၉
အခန်း ၂၅၀
အခန်း ၂၅၁
အခန်း ၂၅၂
အခန်း ၂၅၂
အခန်း ၂၅၃
အခန်း ၂၅‌၄
အခန်း ၂၅၅
အခန်း ၂၅၆
အခန်း ၂၅၇
အခန်း ၂၅၈
အခန်း ၂၅၉
အခန်း ၂၆၀
အခန်း ၂၆၁
အခန်း ၂၆၂
အခန်း ၂၆၃
အခန်း ၂၆၄
အခန်း ၂၆၅
အခန်း ၂၆၆
အခန်း ၂၆၇
အပိုင်း ၂၆၈
အခန်း ၂၆၉
အခန်း ၂၇၀
အပိုင်း ၂၇၁
အခန်း ၂၇၂
အပိုင်း ၂၇၃
အပိုင်း ၂၇၄
အပိုင်း ၂၇၅
အခန်း ၂၇‌‌၆
အခန်း ၂၇၇
အပိုင်း ၂၇၈
အခန်း ၂၇၉
အပိုင်း ၂၈၀
Happy birthday Promotion
အပိုင်း ၂၈၁
အပိုင်း ၂၈၂
အပိုင်း ၂၈၃
အခန်း ၂၈၄
အခန်း ၂၈၅
အခန်း ၂၈၆
အခန်း ၂၈၇
အခန်း ၂၈၈
အခန်း ၂၈၉
အခန်း ၂၉၀
အခန်း ၂၉၁
အခန်း ၂၉၂
အခန်း ၂၉၃
အခန်း ၂၉၄
အခန်း ၂၉၅
အခန်း ၂၉၆
အခန်း ၂၉၇
အခန်း ၂၉၈
အခန်း ၂၉၉
အခန်း ၃၀၀
အခန်း ၃၀၁
အခန်း ၃၀၂
အခန်း ၃၀၃
အခန်း ၃၀၄
အခန်း ၃၀၅
အခန်း ၃၀၆
အခန်း ၃၀၇
အခန်း ၃၀၈
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၀၉
အခန်း ၃၁၀
အခန်း ၃၁၁
အခန်း ၃၁၂
အခန်း ၃၁၃
အခန်း ၃၁၄/၃၁၅/၃၁၆
Part 318/319/320/321
Part 322/323/324/325
Part 326/327/328/329
Part 330/331/332/333
Let's Vote
Part 334/335/336

Part 334,335,336,337,338,339,340

819 66 4
Per Elysium_Gale

အခန်း ၃၃၄။ နှစ်ယောက်မရှိသော ရှရှင်းဟယ်

သူမ ယခင်က မုန်းခဲ့သည့် သူမ၏ သွယ်လျသောလက်ဖြစ်နေ၏။ ယခုအချိန်တွင် ထိုလက်များက သူမအပိုင်ဖြစ်တာကြောင့် အလွန်အဓိပ္ပာယ်ရှိသလို ခံစားမိနေရသည်။ ၎င်းက ရှရှင်းဟယ်အစစ်၏ အပိုင်ဖြစ်သည်၊ နောက်ဆုံးတော့ သူမ ကိုယ်ပိုင်လက်ကို စိုက်ကြည့်နေနိုင်ပြီဖြစ်၏။

သူမ နာ့စ်ကို လှည့်မေးလိုက်သည်။ "ဒီနေ့က ဘယ်နှရက်နေ့လဲ"

"ဒီနေ့က နိုဝင်ဘာ ၂ရက်နေ့"

ဆိုလိုသည်မှာ သူမ တစ်လစွန်းစွန်းလောက် သတိမေ့မြောနေခဲ့သည်။ သူမ မှတ်ဉာဏ်ကို ပြန်လဲလိုက်နိုင်ပုံရသည်။ရှင်းဟယ်သည် စောင်ကို ဖယ်ကာ ခုတင်ပေါ်မှ ဆင်းရန်လုပ်လေသည်။

နာ့စ်က သူမကို အလျင်စလိုတားမြစ်လိုက်သည်။ "မစ္စရှ ဘာလုပ်တာလဲ။ အခုမှနိုးတာကို ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်မလုပ်ပါနဲ့"

"အိမ်သာသွားမလို့ပါ" ရှင်းဟယ် နူးညံ့ညင်သာစွာ ဖြေလာသည်။ သူမခန္ဓာကိုယ်မှာ အားနည်းနေသေးသော်လည်းသူမလမ်းလျှောက်ဟန်မှာ ယုံကြည်ချက်နှင့်ဖြစ်၏။

နာ့စ်က သူမကို စူးစမ်းနေသည်။ ရှင်းဟယ် တစ်ခုခု ပြောင်းလဲသွားသကဲ့သို့ သူမခံစားနေရသည်။ ယခင်နှင့်အတော်လေး ပြောင်းလဲသွားပုံရသည်...

ရှင်းဟယ်က မှန်ရှေ့တွင်ရပ်ပြီး သူမမျက်နှာကို နှံ့နှံ့စပ်စပ်ကြည့်နေသည်။ သူမ မျက်ဆန်လှုပ်ရှားသွား၏။သူမ၏နဂိုမျက်နှာဖြစ်၏။ မှတ်ဉာဏ်များ တကယ် လဲလိုက်ပြီဖြစ်ပြီး သူမ နဂိုအတိုင်း ပြန်ဖြစ်သွားပြီဖြစ်၏။ သူမယခုခံစားချက်ကိုကြိုက်၏၊ အဘယ်ကြောင့်ဆိုသော် ယခုလိုမှ သူမအနာဂတ်ကို သူမထိန်းချုပ်နိုင် မည်ဖြစ်သောကြောင့်ဖြစ်သည်။ သူမ ခန္ဓာကိုယ်၊ သူမကံကြမ္ပာ။

ရှင်းဟယ်က ပြုံးလာပြီး သူမခန္ဓာကိုယ်ဆီ ပြဿနာမရှိဘဲ ပြန်ရောက်လာသည့် အချက်ကို လက်ခံလိုက်သည်။

သူမ ရေချိုးခန်းမှ ထွက်လာပြီး နာ့စ်ကို မေး၏။ "မုပိုင် ဘယ်မှာလဲ"

ယခုအချိန်တွင် သူနာပြုက ရှင်းဟယ်ကို အခြားအမျိုးသမီးအဖြစ် တကယ်ခံစားမိနေသည်။ ယခင်က ရှရှင်းဟယ်က သာမန်အမျိုးသမီးဖြစ်ပြီး အနည်းငယ် အားနည်းပုံရသည်။ သို့သော် ယခု သူမရှေ့မှ ရှရှင်းဟယ်က ဘုရင်မအသွင်ရှိ၏။ သူမ စကားများက သင့်ကို ဆွဲဆောင်သွားနိုင်ပြီး သူမကို အာခံလို့မရ ဖြစ်သွားစေသည်။

နာ့စ်က ရိုသေစွာဖြေလာသည်၊ "မစ္စတာရှီးက ခုနကထိရှိနေသေးပေမဲ့ ဖုန်းတစ်ကောလ် ဝင်လာလို့ထွက်သွားပါတယ်။ ဒီတလော ဒီမှာပဲ သူနေပြီး မစ္စရှနိုးလာတာကို စောင့်နေခဲ့တာပါ"

ရှင်းဟယ်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလာသည်။ "ကျွန်မအတွက် လဲဖို့အဝတ်ပြင်ပေးနိုင်မလား၊ ကျွန်မရေချိုးချင်လို့"

"ကောင်းပါပြီ..." နာ့စ်က ပြင်ဆင်ရန်ထွက်သွားသော်လည်း ချီတုံချတုံဖြင့်ပြန်လှည့်လာသည်။

"မစ္စရှ၊ မစ္စရှက အခုမှနိုးလာတာဆိုတော့ အားအင်တွေ

ပိုပြည့်မှရေချိုးသင့်တယ်နော်"

"စိတ်မပူပါနဲ့ ကျွန်မအဆင်ပြေပါတယ်" ရှင်းဟယ်ကပြောပြီး ရေချိုးခန်းထဲသို့ ပြန်ဝင်သွား၏။

နေ့စဉ် သူမကို ရေပတ်တိုက်ပေးသူများရှိလောက်သည်ကို သူမ ရိပ်မိသော်လည်း သူမကိုယ်သူမ ရေချိုးသန့်စင်ချင်စိတ်ရှိသေးသည်။ အကြောင်းမှာ ဤကိုယ်မှာ သူမ၏ ခန္ဓာကိုယ် ဖြစ်ပြီး သူမခန္ဓာကိုယ်ကို နှစ်သက်စိတ်အသစ်ရှိလာသောကြောင့်ဖြစ်၏။

ရေချိုးပြီးနောက် ရှင်းဟယ် အဝတ်လဲပြီး ဆန်ပြုတ်တစ်ပန်းကန်သောက်လိုက် သည်။ သူမ ချက်ချင်း နေလို့ပိုကောင်းသွား၏။

သူမ ဆိုဖာတွင် မှီထိုင်လျက် မျက်စိကိုမှိတ်ထားသည်။ အခန်းထဲသို့ အပြင်မှပန်းရနံ့များ ပျံ့လွင့်လာသည်။ သူမအသစ်တဖန်ပြန်မွေးဖွားလာသလိုခံစားနေရသည်။

သူမ မုပိုင်နှင့် လက်ထပ်ထားခဲ့သည့်အချိန်ကို ပြန်တွေးမိလေသည်၊ သူမကိုယ်သူမ ရွံ့မုန်းမိသည့်ခံစားချက်၊ ကူရာကယ်ရာမဲနေမှုနှင့် ခိုကိုးရာမဲ့နေမှု...

သို့ပေမဲ့ ယခုတော့ သူမပြောင်းလဲလာသည့်သူမပုံစံကို နှစ်ခြိုက်သည်။ သူမ နဂိုကိုယ်ကို ပြန်ရလာ၍ ဝမ်းသာမိပြီးအနာဂတ်၌ မည်သို့ပင်ဆိုစေ သူမကိုယ် သူမ တန်ဖိုးထားမိမည်ဟု ကျိန်ဆိုလေသည်။ အဖြစ်အပျက်တစ်ခုလုံးအပြီး သူမအဖြစ်နှင့်ပဲ နေရသည်မှာ အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်သွား၏။ သူမကံကြမ္ပာကို အပြည့်အဝချုပ်ကိုင်နိုင်ရခြင်းက ကမ္ဘာပေါ်တွင် အဓိပ္ပာယ်အရှိဆုံးဖြစ်၏။ ထို့ကြောင့် ရှေ့လျှောက် သူမပဲရှရှင်းဟယ်၊ နှစ်ယောက်မရှိသော ရှရှင်းဟယ်ဖြစ်မည်။

ရှားပါးလှသောတမ်းတ သတိရသောအချိန် ပြီးသွားချိန်တွင် ရှင်းဟယ် သတိပြန်ကပ်လိုက်ပြီး အလုပ်လုပ်တော့သည်။ သူမ အချိန်ကုန်ခံမနေတော့၊ အခန်းထဲရှိ လက်ပ်တော့ပ်ကိုသုံးပြီး အလုပ်စလုပ်တော့သည်။

ယခင်က လက်ပ်တော့ပ်ဆိုသည်မှာ ရှမုန့်အတွက် သူမပျင်းလျှင် ရုပ်ရှင်ကြည့်ရန် (သို့) ဂိမ်းကစားရန် ဖြစ်သည်။

ယခု ရှင်းဟယ်အတွက် သုံးရလွယ်ကူသောပစ္စည်းဖြစ်သည်။ သူမ 3D ရုပ်ဖော်သည့်ပရိုဂရမ်ကို ဒေါင်းလုပ်ဆွဲလိုက်ပြီး မှတ်ဉာဏ်ထဲမှ ထိုလျှို့ဝှက်လူပုံစံကို ဖော်တော့သည်...

...

အခန်း ၃၃၅။ သူ့သွေး ဆူပွက်နေ

မုပိုင်သည် ဗီလာသို့ပြန်ရောက်သောအခါ ရှင်းဟယ် ပြန်နိုးလာကြောင်း သိလိုက်ရသည်။ အိမ်အကူက သူ့ကို ပထမဆုံးအနေနှင့် လာပြောပြချိန်တွင် သူ အိမ်မက်မက်နေသည်ဟု ထင်လိုက်သည်။ အိမ်အကူက ထပ်အတည်ပြုပေးလိုက်သောအခါ သူသည် ရှရှင်းဟယ်ပြန်နိုးလာသည်ကို ယုံကြည်တော့သည်။

သူ အလျင်စလိုဖြင့် သူမကို သွားတွေ့လေသည်၊ ခြေလှမ်းမှာ စပလိန်ပါနေသကဲ့သို့ဖြစ်၏။ သူ ရှင်းဟယ်အခန်းသို့နီးသွားလေလေ သူ့နှလုံးခုန်သံမြန်လာသည်။ သူ ထိုသို့ စိတ်မလှုပ်ရှားတာ ကြာခဲ့ပြီဖြစ်၏။

ကလေးက သူ့crush ကို သွားတွေ့ရသည့်ခံစားချက်မျိုးဖြစ်၏။

သူ အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ရှင်းဟယ်က ကွန်ပျူတာရှေ့တွင် တိတ်တိတ်လေး ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူ အသက်ရှုအောင့်ထားမှန်းမသိ အောင့်ထားမိရာမှ အသက်ကို ရှုထုတ်လိုက်သည်။ သူမကိုသူစူးစူးစိုက်စိုက် ကြည့်နေပြီး အကြည့်တစ်ချက် မလွှဲဘဲ သူမဆီသို့ ကပ်သွားသည်။ သူ သတိတစ်ချက် လွတ်သွားပါက သူမ သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်သွားမည်ကို ကြောက်နေသကဲ့သို့ ဖြစ်နေ၏။

ရှင်းဟယ်က သူ့ခြေလှမ်းကို ကြားလိုက်ရသည်။ သူမ ခေါင်းမော့လာပြီး သူ့ကို တည့်တည့်ကြည့်လိုက်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

သူမ သတိလစ်နေချိန် သူမကို ပြုစုစောင့်ရှောက်ပေးသူမှာ သူမှန်း ရှင်းဟယ်မမေးဘဲ သိနေသည်။ သူမက ခံစားချက်ကို ထုတ်ဖော်ပြသသည့်နေရာတွင် မတော်သော်လည်း တစ်ယောက်ယောက်က သူမအပေါ် ကောင်းခဲ့ပါကသူမ မှတ်ထားတတ်သည်။ အခြေအနေက နည်းနည်းလေး တိမ်းစောင်းသွားချိန်တိုင်း သူက ကူညီတတ်ကြောင်းသူမ သတိပြုမိသည်။ ထို့ကြောင့်လည်း သူ့ကို သူမ ကျေးဇူးတင်မိသည်။ လတ်တလောက အကျပ်အတည်းတွင်တောင် သူက သူမကို တစ်စုံတစ်ရာ တောင်းဆိုခြင်းမရှိ၊ အကြွင်းမဲ့ကူညီခဲ့သည်။

သူ့အပေါ်သူမ၏ မကောင်းမြင်စိတ်က လုံးဝပျောက်ကွယ်သွား၏။ အမှန်မှာ သူမသည် သူ့အပေါ် နွေးထွေးစပြုလာနေ၏။ အကယ်၍ အနာဂတ်တွင် သူ အကူအညီတစ်စုံတစ်ရာလိုအပ်ပါက သူမ ကူညီပေးမည်။

"ရှရှင်းဟယ်..." မုပိုင်က သူ့ကို စိုက်ကြည့်လျက် သူမနာမည်ကို ကြင်နာစွာ ခေါ်လေသည်၊ သူမကြောင့် ပီတိဖြစ်စေသည်။

"အင်း" ရှင်းဟယ်က ပြန်ထူးလာသည်။

"ရှရှင်းဟယ်..." သူက အပြုံးကြီး ပြုံးကာ ထပ်ပြောလာသည်၊ သူ့မျက်ဆန်များပင် လှုပ်နေသည်။

"တကယ် မင်းအစစ်ပဲ"

ရှင်းဟယ်က သူ့ကို သေချာကြည့်ပြီး အတည်ပြုပေးလိုက်သည်။

"ဟုတ်တယ် ကျွန်မလေ"

မုပိုင် ရုတ်တရက် ရှေ့သို့ကိုင်းလာပြီး သူ့နီနီရဲရဲနှုတ်ခမ်းနှင့် သူမနှုတ်ခမ်းကို သတိပေးခြင်းမရှိ၊ ထိလိုက်သည်။ရှင်းဟယ် အံ့ဩသွား၍ မျက်လုံးများပင် ပြူးကျယ်ကုန်သည်။

သူ့ဆီမှ ထိုသို့တုံ့ပြန်မှုကို သူမ မမျှော်လင့်ထားပေ။ သူမ သတိပြန်ကပ်သွားသောအခါ ရုန်းရန် ကြိုးစားသော်လည်းမုပိုင်က သူမကို လက်ဖြင့်ကျစ်ကျစ်ဆုပ်ကိုင် ပြီး ဖက်ထားသည်။

သူက ဖိနမ်းလာပြီး နှုတ်ခမ်းမှာ ချုပ်တည်းမထားနိုင်သော၊ပြင်းပျစိတ်တို့ဖြင့် လောင်ကျွမ်းနေသည်။

သူ့လျှာက အကြံဉာဏ်များစ ပြုလာသောအခါ ရှင်းဟယ် သူ့ကို အတင်းတွန်းဖယ်လိုက်သည်။ သူမမျက်နှာမှာ ရှော့ခ်ရသွားပုံ၊ ယုံရခက်နေပုံ၊ စိတ်ရှုပ်ထွေးသွားပုံပေါ်နေသည်။

မုပိုင်က အနည်းငယ်အမောတကော ဖြစ်နေပြီး၊ သူ့အကြည့်မှာ မအောင့်အည်းနိုင် သောခံစားချက်ဖြင့် တောက်လောင်နေ၏။ မီးစကဲ့သို့ သူမကို သူ့အကြည့်နှင့်ပင် အရည်ဖျော်ပစ်နိုင်ပေသည်။

သူ့နှလုံးမှာ အကြမ်းပတမ်းခုန်နေသည်၊ ရုတ်ခြည်းနမ်းလိုက်ရသည့်အနမ်းက သူ့သွေးကို ဆူပွက်စေသည်။

အတော်ဝေးဝေးကနေ ရှင်းဟယ်က သူ့နှလုံးခုန်သံကိုကြားနေရသည်။ သူမ သိချင်မိသည်။ 'ငါက အသားယူခံလိုက်ရတာကို သူက ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေရတာလဲ'

နှစ်ယောက်သား နှစ်စက္ကန့်မျှ စကားတစ်ခွန်းမှမဆို၊ တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြသည်။ မုပိုင်က ထပ်နမ်းရန် ငုံ့လာသော်လည်း ရှင်းဟယ်က မျက်နှာကို လွှဲလိုက်ပြီး ကွန်ပျူတာဖန်သားပြင်ကိုသာ စိုက်ကြည့်နေတော့သည်။

"ရှင် ရောက်လာတာနဲ့အတော်ပဲ။ ဒီလူကို သိမသိကြည့်ကြည့်ပါဦး" သူမလေသံမှာ ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်နေသည်။

...

အခန်း ၃၃၆။ သူက ဖုန်းအိမ်က သခင်လေး

မုပိုင်က သတိသေချာပြန်မကပ်သေးချေ၊ မထိန်းချုပ်နိုင်သော ပြင်းပြစိတ်ဖြစ်နေဆဲပင်။ သူမစကားအတိုင်း ဖန်သားပြင်ဆီသို့ သူကြည့်လိုက်သည်။

"အဲဒါသူလေ" မုပိုင်က တင်းမာစွာ မျက်မှောင်ကြုတ်သွား၏။ ထိုလူ့မျက်နှာကို လုံးဝရင်းနှီးနေသည်။ မုပိုင်ဆီမှလူသတ်ချင်စိတ်တို့ ထွက်လာသည်။

"ဒါ မင်းကို ပြန်ပေးဆွဲသွားတဲ့သူလား" သူ့လေသံမှာ အေးစက်နေသည်။

ရှင်းဟယ် ခေါင်းညိတ်လာသည်၊ "သူပဲ၊ ရှင် သူ့ကို သိလား။ သူဘယ်သူလဲ"

မုပိုင် ခြောက်ကပ်ကပ်ဖြင့် ရယ်လာသည်။

"ဒါဆို သူပေါ့၊ တီမြို့တော်မှာ ရှီးမိသားစုကို လာတိုက်ခိုက်နိုင်တဲ့အထိ အင်အားကြီးတာဆိုလို့ တစ်ဖွဲ့ပဲရှိတယ်၊ ဖုန်းမိသားစုလေ။ ဒါက ဖုန်းအိမ်က သခင်လေး ဖုန်းဆောင်ဟွမ်။ ဒါတင်မကသေးဘူး၊ သူက အခုလက်ရှိ ဗိုလ်ချုပ်"

"ဖုန်းမိသားစုလား" ရှင်းဟယ်က တီမြို့တော်၏ နိုင်ငံရေးနှင့် မရင်းနှီးတာကြောင့် သူမ ထိုနာမည်ကို ယခင်က မကြားဖူးချေ။

မုပိုင်က ရှင်းပြလာသည်။ "ဖုန်းမိသားစုက ကိုယ်တို့ရဲ့ ရန်ဖက်တွေ။ ဒီနှစ်တွေထဲသူတို့ အကြီးအကျယ် တိုးချဲ့လာပြီး အခု သူတို့ရဲ့ ပစ်မှတ်က ကိုယ်တို့ရှီးမိသားစုဖြစ်လာတယ်။ မင်းကိုအသိပေးရရင် မနေ့ကပဲ မုနန်ဆီမှာ မကောင်းတာဖြစ်သွားခဲ့တာ၊ အခုတော့ သူတို့နဲ့ ဆိုင်မယ်ဆိုတာ ပိုသေချာသွားပြီ"

"ရှင့်ဝမ်းကွဲမုနန်လား" ရှင်းဟယ် အံ့ဩသွား၏။

"သူပဲ"

"ဘာဖြစ်သွားတာလဲ"

မုပိုင်က သူမကို အကုန်ပြောပြလိုက်သည်။ ရှီးမိသားစုကဲ့သို့ အင်အားကြီးမိသားစုက ယခုလိုပြဿနာကြီးမျိုးနှင့်ရင်ဆိုင်ရသဖြင့် ရှင်းဟယ်ရှော့ခ်ရမိသည်။

ထို့ကြောင့် အမြင့်ကို တက်လေလေ၊ သင့်ကို ပြုတ်ကျစေချင်သည့်သူပိုများလေလေဖြစ်သည်။ ရှီးမိသားစုက စျေးကွက်ကို မောင်ပိုင်စီးထားတာ များလွန်းသဖြင့် ရှီးမိသားစုကို ဖြုတ်ချမှသာ ကျန်သည့်သူများ အထက်သို့တက်နိုင်ပေမည်။

ကမ္ဘာကြီးက မည်မျှထိ ရက်စက်တတ်သည်ကို နားလည်ထားသည်၊ အထူးသဖြင့် စီးပွားရေးလောကနှင့် စစ်တပ်လောကတွင်ဖြစ်၏။ စားမလား၊ အစားခံရမလားဖြစ်သည်။

ဖုန်းဆောင်ဟွမ်က အာဏာနှင့် အကျိုးအမြတ်အတွက်ဆို ဘာကြောင့်နှင့်မှ ရပ်တန့်မည်မဟုတ်ပေ။ သူ့နည်းလမ်းများကို သူမ မြည်းစမ်းထားဖူးတာကြောင့် သူက သွေးအေးသောသူဖြစ်ကြောင်း သူမသိထားသည်။ ယခုသူက ရှီးမိသားစုကို ချိန်လာသဖြင့် သူ့ပန်းတိုင်က ရှီးမိသားစုကို ဆွဲချသည်ထက် ပိုကြီးနိုင်ပေသည်။ ရှီးမိသားစုပြန်နလန်မထူနိုင်အောင် အပြတ်ချေမှုန်းရန် ကြံရွယ်နေခြင်း ဖြစ်ရမည်။

သူမ ထိုသို့အဖြစ်မခံနိုင်။ သူမ မုပိုင်ကို သူမ ကူညီနိုင်တိုင်း ကူညီရန် ကတိပေးထားပြီး သူမသားကို ဘာအန္တရာယ်မှအဖြစ်မခံနိုင်ပေ။

ထို့ကြောင့် လင်းလင်းအတွက် သူမ ထိုအန္တရာယ်ကို ဖယ်ရှားရာတွင် ကူညီရမည်။ သူမ ဖုန်းမိသားစုကို ရင်ဆိုင်ရမည်။

"ရှင် တန်ပြန်ရေးအစီအမံတွေ လုပ်ပြီးပြီလား" ရှင်းဟယ်က ရုတ်တရက် မေးလာသည်။

မုပိုင်က ဝန်ခံလာသည်။ "မလုပ်ရသေးဘူး။ သက်သေမရှိတော့ သူ့ကို ဘာမှသွားလုပ်လို့မရဘူး။ အခုအရေးအကြီးဆုံးက မုနန်ကို ကူပြီး သူ့နာမည်ဆိုးကို ဖယ်ရှားပေးတာပဲ၊ အဲဒါမှ ဖုန်းဆောင်ဟွမ်ရဲ့ အကြံက မအောင်မြင်တော့မှာ"

ရှင်းဟယ်က ခေါင်းညိတ်လာသည်။ "ဒါပေမဲ့ အဲဒါက အပြောကလွယ်တယ်။ ကျွန်မတို့ သစ္စာဖောက်ကိုခြောက်လှန့်ဖို့ အာရုံစိုက်သင့်တယ်၊ ပြီးမှ အခိုးခံရတဲ့ လက်နက်တွေကို စရှာရမှာ"

မုပိုင်က သူမကို ကြည့်ပြီး ရင်သပ်ရှူမောဖွယ်ပြုံးလာသည်။ "သစ္စာဖောက်လည်း ရှိတယ်လို့ ထင်တယ်လား"

ရှင်းဟယ်က မျက်ခုံးပင့်လာသည်။ "သစ္စာဖောက်ကပဲ ရှင့်ဝမ်းကွဲရဲ့ နှာဖျားကနေ တိတ်တဆိတ် လက်နက်တွေကိုခိုးသွားနိုင်တာလေ"

"မင်းပြောတာဟုတ်တယ်" မုပိုင်မျက်လုံးမှာ လက်တုံ့ပြန်ချင်သည့် အရိပ်အယောင်ဖြင့် ပြည့်နေသည်။

"ဘယ်သူပဲဖြစ်နေပါစေ ရှီးမိသားစုကို သစ္စာဖောက်တဲ့အတွက် သူတို့ရဲ့ ဇာတ်သိမ်းကတော့ ကောင်းမှာမဟုတ်ဘူး"

ရှင်းဟယ်က ပြောလာသည်။ "ရှင် ကျွန်မအကူအညီကိုလိုရင် ပြောနော်။ ကျွန်မဒေါသက အဲဒီဖုန်းဆောင်ဟွမ်ကိုကိုယ်တိုင် ဖြေရှင်းရမှပြေမှာ "

မုပိုင်က မေးလာသည်။ "သူက ဘာလို့ အမည်းရောင် သေတ္တာနောက်ကို လိုက်နေတာလဲ။ ပရောဂျက် ဂလက်စီနဲ့ သူနဲ့ ဘယ်လိုပတ်သက်နေလို့လဲ"

ထိုအခါမှ သူမ မုပိုင်ကို ယဲ့ရှန်းဆီမှသိခဲ့ရသည့်သတင်းကို မပြောရသေးမှန်း ရှင်းဟယ် သတိထားမိတော့သည်။

"ယဲ့ရှန်း ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်အကြီးစားက ဘာလဲဆိုတာ သိချင်လား"

"ဘာလဲ"

"သူပြောပုံအရဆို ကမ္ဘာကြီးက နောက် ၁၅နှစ်အတွင်း ပျက်သုဉ်းမှာတဲ့၊ ကမ္ဘာကနေ ထွက်ပြေးရင် စီးမဲ့ အာကာသလေယာဉ်ကို အဲဒီ အမည်းရောင် စွမ်းအင် ခရစ္စတယ်တွေကပဲ စွမ်းအားပေးနိုင်တာတဲ့"

...

အခန်း ၃၃၇။ ကိုယ့်မှာရှိတဲ့အားအကုန်လုံးနဲ့ မင်းကို ကူညီမယ်

"သူ့စကားအရဆို ပရောဂျက် ဂလက်စီက အခြားနေထိုင်လို့ရမဲ့ဂြိုဟ်ကို ရှာမဲ့အစီအစဉ်ဖြစ်ပြီး ကျွန်မတို့မိဘတွေလက်ထက်မှာ ဒီပရောဂျက်ကို စခဲ့ကြတာ"

မုပိုင်မှာ ဆွံ့အနေ၏။ စိတ်မှန်သည့်သူက ထိုအရာက တကယ်ရှိလိမ့်မည်ဟုယုံမည်မဟုတ်ပေ။

"ယဲ့ရှန်းက အဲလိုပြောခဲ့တာလား" မုပိုင်က ထပ်မေးလာသည်။

ရှင်းဟယ်က ခေါင်းညိတ်လာသည်။ "အမှန်ပဲ၊ ဒါပေမဲ့ ကျွန်မတော့ သူ့ယုံကြည်မှုကို အတော်လေး သံသယဝင်မိတယ်"

မုပိုင်လည်း ထောက်ခံလာသည်။ "ကိုယ်ရောပဲ။ ဒါပေမဲ့ ဖုန်းဆောင်ဟွမ်ပါဝင်ပတ်သက်နေတာကို ထည့်တွက်လိုက်ရင် ဒီပရောဂျက် ဂလက်စီက အရေးကြီးတာပဲ ဖြစ်ရမယ်"

"ယဲ့ရှန်း၊ ရှမုန့်နဲ့ ရို့ပင်းတို့ရဲ့ အဖေတွေနဲ့ ကျွန်မအမေနဲ့က တူတာတစ်ခုရှိတယ်။ သူတို့အားလုံး လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က တီမြို့တော်မှာ ပေါ်လာကြပြီး လွန်ခဲ့တဲ့ ၁၂နှစ်က ပျောက်သွားကြတာ။ ယဲ့ရှန်းက ဒီဆက်စပ်နေမှုကို သုံးပြီး ရှမုန့်ကို ခြေရာခံခဲ့တာဖြစ်နိုင်တယ်၊ အယ်ချန်းက အဲဒါကိုသုံးပြီး ရို့ပင်းကို ရှာခဲ့သလိုမျိုးပေါ့။ ဒါပေမဲ့ဆောင်ဟွမ်က ယဲ့ရှန်းဆီမှာပဲ စွမ်းအင် ခရစ္စတယ် ရှိတယ်လို့ထင်တာ၊ ရှမုန့်အကြောင်းတော့ မသိသေးဘူး။ ဒီတူညီမှုကို သူမသိတော့ သူ့မိဘတွေက ဒီပရောဂျက်နဲ့ မဆိုင်လောက်ဘူး။ ဒါ့ကြောင့် သူက အခြားနေရာကနေသတင်းရလာပြီး ဒါရဲ့ ပတ်သက်ဆက်နွယ်မှုကို အပြည့်အဝ ယုံကြည်တယ်လို့ပြောလို့ရတယ်"

မုပိုင်က သူမ၏ဆိုလိုရင်းကို နားလည်သည်။

"ဆောင်ဟွမ်ပါ ပတ်သက်နေတာကို အတည်ပြုလိုက်ရတော့ ဒီပရောဂျက် ဂလက်စီကိစ္စက မှန်ကန်တယ်လို့ ပြောချင်တာလား"

"ဟုတ်တယ်"

"တကယ်လို့ ကမ္ဘာပျက်မဲ့ဆိုတာ မှန်နေရင် ကိုယ်တို့လည်း ဝင်ပါရမယ်"

ရှင်းဟယ် ခေါင်းညိတ်လာသည်။ "မှန်တယ်။ အဲဒါကြောင့် ယဲ့ရှန်းဖွက်ထားတဲ့ စွမ်းအင် ခရစ္စတယ် နှစ်ခုကို ရှာဖို့လိုတယ်။ ပြီးတော့ ဆောင်ဟွမ်ဆီကနေ သတင်းထပ်နှိုက်ရမယ်"

"မင်းဆီမှာလည်း စွမ်းအင် ခရစ္စတယ် ရှိတာကို သူသိလား" ၎င်းက မုပိုင် စိတ်အပူဆုံးကိစ္စဖြစ်သည်။

ရှင်းဟယ် ခေါင်းခါလိုက်သည်။ "မသိသေးဘူး၊ ကျွန်မအမေက ဒီလိုတွေ ဖြစ်လာမှာကို ကြိုတွေးမိလို့ ကျွန်မကို တီမြို့တော်ကနေ နိုင်ငံခြားကို ခေါ်ထုတ် သွားတာဖြစ်လောက်တယ်။ သူမ ပျောက်သွားတဲ့အချိန်ကို ကျွန်မကလွဲပြီးဘယ်သူမှမသိကြဘူး။ ပြီးတော့ ရှင် သူမနဲ့ ပတ်သက်ပြီး တစ်ခုတောင်ရှာမရဘူး၊ သူမက အကုန်ဖျက်ပစ်ခဲ့တာ"

"ဒါပေမဲ့ မင်းနာမည်က သိသာနေတယ်"

"ရှင်းဟယ်ဆိုတာ သာမန်ပါပဲ။ ကျွန်မကို သံသယဝင်တာလောက်ပဲ သူတို့ အများဆုံးလုပ်နိုင်မှာ၊ သူတို့ အတပ်ပြောနိုင်စရာအကြောင်းမရှိဘူး။ အယ်ချန်းနဲ့ ရှမုန့်ကိုပဲ ကြည့်၊ ကျွန်မက အဲဒါနဲ့ တစ်ခုခုပတ်သက်နေတယ်လို့ပဲ သံသယဝင်နိုင်ကြတာ၊ သူတို့ အတည်မပြုနိုင်ကြဘူး"

အယ်ချန်းက သူမနှင့် အလုပ်တွဲလုပ်ပြီးနောက် သူမက ပရောဂျက်နှင့် တစ်ခုခုပတ်သက်နေသည်ဟု သံသယဝင်သွားခဲ့သည်။ ရှမုန့်ကိုတော့ ရှင်းဟယ်ကိုယ်တိုင် အမှန်တိုင်း ဝန်ခံခဲ့သည်။

မုပိုင်က စိုးရိမ်နေဆဲ ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ကိုယ်တို့ သတိထားရမယ်။ သံသယလေးကပဲ အန္တရာယ်အများကြီးကို သယ်လာနိုင်တယ်"

"ကျွန်မ နားလည်ပါတယ်"

"အခုချိန်ကစပြီး ကိုယ့်လူတွေနဲ့ မင်းကို အချိန်ပြည့်စောင့်ရှောက်ခိုင်းထားလိုက်မယ်။ မင်း ဒီတိုင်း ကောင်းကောင်းအနားယူနေလိုက်၊ ကျန်တာ အားလုံးကိုယ့်တာဝန်သာထားလိုက်"

ရှင်းဟယ်က ပြတ်သားစွာ ငြင်းလေသည်။ "အဲလိုမနေနိုင်ဘူး၊ ကျွန်မကိုယ်တိုင် ကိုယ်ကျ လုပ်ရမှ လုံခြုံသလိုခံစားရမှာ"

မုပိုင်က ထိုမျှတော့ ခန့်မှန်းမိထားသည်။ သူမက ယောက်ျားတစ်ယောက်၏အရိပ်အောက်တွင် ပုန်းမည့်အမျိုးသမီးမဟုတ်မှန်း သူ သိထားသည်။ ထို့ပြင် သူမ အမျိုးသားအများစုထက် ပိုဉာဏ်ထက်မြက်ပြီး သတ္တိရှိကြောင်း သူမကိုယ်တိုင်သက်သေပြထားပြီးဖြစ်သည်။ သူမက တစ်လောကလုံးကို သူမအားအင်သက်သက်နှင့် ရင်ဆိုင်နိုင်လောက်သည်အထိ စွမ်းတာကြောင့် သူမကို ကာကွယ်ပေးမည့်ယောက်ျားတစ်ဦး မလိုချေ။

မုပိုင်က သူမကိုကြည့်ပြီး ကူရာကယ်ရာမဲ့စွာပြောလာသည်။ "မင်း ဒီလောက်ထိ ပြိုင်ဆိုင်လိုစိတ်ပြင်းမှန်း မသိခဲ့ဘူး"

"ကျွန်မ ပြိုင်ဆိုင်လိုစိတ်မပြင်းဘူး။ ကျွန်မက ဒီတိုင်း ကိုယ့်ကံတရားကို ကိုယ့်လက်ထဲမှာပဲရှိတာကို လိုချင်တာပါ"

'ပြောရရင် သူမအတွက် သူမကလွဲလို့ ဘယ်သူက အကောင်းဆုံး ဆုံးဖြတ်ချက် ချပေးနိုင်မှာလဲ'

မုပိုင်တန်ဖိုးအထားဆုံး ရှင်းဟယ်၏အရည်အချင်းမှာ ၎င်းပဲဖြစ်၏။ အကယ်၍ သူမသာ သူမပုံစံအတိုင်း မနေပါက သူမက ရှရှင်းဟယ်မဟုတ်ပေ။

"ကောင်းပြီလေ၊ ဒါဆို ကိုယ်တတ်နိုင်သမျှ မင်းကို ကိုယ်ထောက်ပံ့ပေးမယ်"

မုပိုင်က ကမ်းလှမ်းလာသည်။ "မင်း အကူအညီတစ်ခုခု လိုအပ်ရင် ကိုယ့်ကိုပြော၊ ကိုယ် မင်းကို ကူညီဖို့ ကိုယ်တတ်နိုင်တာအကုန်လုပ်ပေးမယ်"

...

အခန်း ၃၃၈။ သူ့ကို စပြီး ဂရုစိုက်လာ

သူက ထိုသို့ကတိပေးလာသည်ကို ရှင်းဟယ် အံ့ဩသွား၏။

'မင်း တစ်ခုခုအကူအညီလိုရင် ကိုယ့်ကိုပြော၊ မင်းကို ကူညီဖို့ ကိုယ်တတ်နိုင်တာအကုန် လုပ်မယ်'

ထိုကတိက မုပိုင်ပေးခဲ့သည့်၊ သေချာသည့်ကတိစကားဖြစ်၏။

ရှင်းဟယ်သည် ကွန်ပျူတာဘက်သို့ ပြန်လှည့်သွားပြီး ပြောလာသည်။

"အဲဒါဆိုရင် ကျွန်မ ရှင့်မိသားစုကို ကူညီဖို့ အကောင်းဆုံးလုပ်ပေးပါ့မယ်။ ကျွန်မတို့ ပူးပေါင်းတာက ဒီပြဿနာကိုကျော်လွှားနိုင်မယ်ဆိုတာ သေချာတယ်"

"ကောင်းတာပေါ့" မုပိုင်က အောင်နိုင်သူအပြုံးဖြင့်ပြောလာသည်။ ရှင်းဟယ်က သူ့ကို လက်ခံလာသည်ကို သူသတိထားမိတာကြောင့် အပျော်လွန်နေသည်။ ထိုအဆင့်ထိရောက်အောင် အတော်လေး ကြိုးစားခဲ့ရသည်။ သူမရင်ထဲ သူ နောက်ဆုံးတော့ နေရာတစ်နေရာစာရသွားလေသည်။

ထို့နောက် သူတို့ ရုတ်တရက် နမ်းဖြစ်သွားသည်ကို ပြန်တွေးမိသွားသည်။ ထိုချိန်တုန်းက သူမ၏တုံ့ပြန်ပုံက မနှစ်မြို့တာမျိုးမဟုတ်၊ အံ့ဩသွားတာမျိုးဖြစ်၏။ အကယ်၍ ရှင်းဟယ်က သူမကို ပိုးပန်းသူအဖြစ် သူ့ကို မုန်းပါကသူမ ပါးရိုက်တာမျိုး (သို့) ထိုထက်ဆိုးတာမျိုးလုပ်လောက်ကြောင်း သူသိသည်။

သူတို့က တစ်ခါ လက်ထပ်ထားဖူးတာကြောင့် သူတို့ ယခင်က 'အဆုံးထိ'သွားဖူးခဲ့ကြသော်လည်း တဏှာ၏အတင်းအကြပ် ခိုင်းစေခြင်းကြောင့် ဖြစ်သည်။

သို့သော် ယခုအနမ်းက တဏှာကြောင့်မဟုတ်၊ အချစ်ကြောင့် ဖြစ်လေသည်။

ထို့ကြောင့် သူမ ရှော့ခ်ရသွားခြင်းဖြစ်နိုင်ပေမည်။

မုပိုင် ကံကို မစမ်းရဲချေ၊ သူ အနမ်းနှင့်တင် ကျေနပ်နေသည်။ လူအများပြောကြသလိုပဲ တစ်ဆင့်ပြီးတစ်ဆင့် သွားသင့်သည်။ သူက သူမကို လေးစားပြီး စိတ်ပူတာကြောင့် သူမ၏စိုးရိမ်သောကကို အာရုံစိုက်ပေးပြီး သူမဆန္ဒရှိသည့် အနေအထားနှင့် လုပ်ပေးလေသည်။ သူမကို ကြောက်မသွားစေချင်ပေ။ သူမကသူ့အတွက် အလွန်အရေးပါလေသည်။

"ကိုယ်တို့ ဖုန်းမိသားစုကို မရှင်းခင် အနားယူလိုက်ဦး။ မင်း ဒီနေ့မှ ပြန်နိုးလာတာ၊ မင်းကိုယ်မင်း ပင်ပန်းအောင်မလုပ်နဲ့။ အရင်ဆုံး ရက်အနည်းငယ်လောက်နားလိုက်" မုပိုင်က သူမကို ကြင်နာစွာ အသိပေးလာသည်။

ရှင်းဟယ်မှာ အခြားအစီအစဉ်များရှိနေသည်။ "ကျွန်မ လုံးဝအဆင်ပြေပါတယ်၊ ခန္ဓာကိုယ်က အနားယူဖို့ပြောရင်နားပါ့မယ်။ ဒါနဲ့ ရှမုန့် ဘယ်မှာလဲ"

"သူမ အရင်ခန္ဓာကို သုံးလို့မရတော့လို့ ကိုယ်တို့ သူ့မှတ်ဉာဏ်တွေကို ကိုမာဝင်နေတဲ့လူနာထဲ ထည့်လိုက်သည်။တကယ်တော့လေ၊ မင်း နိုးလာပြီဆိုတော့သူမလည်း နိုးလောက်ပြီလို့ထင်တာပဲ။ ပြီးတော့ သူမရဲ့ စွမ်းအင် ခရစ္စတယ် ကို ပေးပြီးသွားပြီ၊ မင်း လိုချင်တဲ့အချိန်၊ အချိန်မရွေး ကိုယ်မင်းဆီလွှဲပေးလို့ရတယ်"

ရှင်းဟယ်က ခေါင်းညိတ်လာသည်။

"သူမဘဝအသစ်ရှိသွားတာ ဝမ်းသာပါတယ်။ သူမ ရှင့်ဆီ စွမ်းအင် ခရစ္စတယ် လွှဲပေးခဲ့တာ ကောင်းတယ်၊ အဲဒါက ဖုန်းဆောင်ဟွမ်နဲ့ ရင်ဆိုင်ရင် သုံးမဲ့ ကျွန်မတို့ရဲ့လျှို့ဝှက်လက်နက်ပေါ့"

မုပိုင်လည်း ထိုသို့တွေးမိသည်။ "ယဲ့ရှန်းမှာ တစ်ခုတည်းရှိတယ်လို့ ဆောင်ဟွမ် ထင်နေတာမလား။ ဒါကလည်း သူ့အကြံတွေကို လုံးဝဖျက်ဆီးနိုင်တဲ့ဟာဖြစ်နိုင် တယ်"

"အမှန်ပဲ။ ဒါပေမဲ့ ယဲ့ရှန်း ဖွက်ခဲ့တဲ့ ခရစ္စတယ် နှစ်ခုရဲ့ တည်နေရာကို ဆောင်ဟွမ်က အရင်ရှာမတွေ့အောင်ဂရုစိုက်မှရမယ်"

မုပိုင်က ကူရာကယ်ရာမဲ့စွာ သက်ပြင်းချလာသည်။

"ယဲ့ရှန်း ဖွက်ထားတဲ့နေရာကို ကိုယ်တို့သိနေရင်တော့ကွာ"

မုပိုင်၏ လူများက မြို့အနှံ့ပတ်ရှာပြီးဖြစ်သော်လည်း တိုးတက်မှုက မရှိချေ။

သို့ပေမဲ့ ၎င်းကြောင့်ပဲ ဖုန်းဆောင်ဟွမ်၏လူများလည်း ရှာမတွေ့ဖြစ်နေသည်ဟု မှတ်ယူနိုင်ပေသည်။

ရှင်းဟယ် အကြံတစ်ခုရလိုက်သည်၊ သူမ ချက်ချင်း ပြောလာသည်။ "ရှင် ကျွန်မကို ရှမုန့်ရဲ့ ခရစ္စတယ် ကို ယူပေးလို့ရမလား။ ကျွန်မ စမ်းကြည့်ချင်တဲ့အိုင်ဒီယာပေါ်လာလို့"

"ဘာအိုင်ဒီယာလဲ"

"စွမ်းအင် ခရစ္စတယ် တွေက ရှားပါးသတ္တုတစ်မျိုးမလား။ ကျွန်မတို့ အဲဒီဂုဏ်သတ္တိကို သုံးပြီး ရှာဖွေရေးကိရိယာကို တီထွင်နိုင်တယ်"

မုပိုင်က သူမကို စူးစမ်းသည့်ပုံဖြင့်ကြည့်၏။

"မင်း အဲဒါကို လုပ်လို့ရမယ်လို့ယုံကြည်ချက်ရှိလား"

"ကတိတော့မပေးနိုင်ဘူး၊ ဒါပေမဲ့ စမ်းကြည့်လို့ဘာမှဖြစ်မသွားပါဘူး"

သူမလေသံမှာ သူမစကားနှင့် ဆန့်ကျင်ဖက်ပင်၊ ယုံကြည်ချက်ရှိသည့်လေသံဖြစ်နေသည်။

မုပိုင် သူမကို ကြည့်လျက် မျက်လုံးများ လင်းလက်လာသည်။ သူမ ယုံကြည်ချက်ရှိရှိပြုမူပုံကို မြင်ရသည်ကို သူနှစ်သက်ပေသည်။ သူ့အတွက် ထိုပုံစံက ကမ္ဘာပေါ်တွင် အလှဆုံးဖြစ်ပေသည်။

"ကောင်းပြီ၊ ကိုယ်မင်းကို ခဏနေရင် ပေးမယ်" မုပိုင် မပြုံးဘဲမနေနိုင်ပေ။ "ဒါပေမဲ့ မင်း အခုတော့ အနားယူရမယ်၊ကိုယ် မင်းအတွက် စားဖိုမှူးတွေကို တစ်ခုခုပြင်ခိုင်းလိုက်မယ်။ မင်း ဘာစားချင်နေလဲ"

"ဘာပဲဖြစ်ဖြစ် ရပါတယ်" ရှင်းဟယ်က အစားမရွေးချေ။

မုပိုင်က သူမကို ထူပေးလျက် ခေါင်းညိတ်လာသည်။ "ဒါဆို မင်း အခုအိမ်ရာပေါ်မှာ အနားယူရအောင်လို့ ကူညီပေးမယ်နော်။ စားစရာ အသင့်ဖြစ်ရင် ခေါ်လိုက်မယ်"

ရှင်းဟယ်က ငြင်းရန်ပြင်လိုက်သော်လည်း သူမ တကယ်ပင်ပန်းနေသည်။ မုပိုင် ပြောတာမှန်၏၊ သူမက သက်သာကာစ ရှိသေးသည်။ သူမ ၁နာရီ၊ ၂နာရီခန့်သာ ထိုင်ခဲ့ရသည့်တိုင် သူမ အလွန်ပင်ပန်းနွမ်းလျနေသည်။

...

အခန်း ၃၃၉။ ပါဝင်ပတ်သက်နေ

ရှင်းဟယ်က အင်တင်တင်ဖြင့် ခေါင်းညိတ်ပြီး အိမ်ရာပေါ်၌ လဲလျောင်းလိုက်သည်။ မုပိုင်က သူမကို လဲရန်ကူညီပေးပြီး သူမကို စောင်ခြုံပေးလေသည်။

"အခုတော့ အတွေးကို ရှင်းလိုက်ပြီးအိပ်တော့နော်။ အိမ်မက်လှလှမက်ပါစေ" ဟု သူက တီးတိုးပြောလာသည်။

ရှင်းဟယ် ခေါင်းညိတ်လာပြီး မျက်စိကို မှိတ်လိုက်သည်။ မကြာခင်မှာပဲ သူမ အသက်ရှူသံမှာ ပိုငြိမ်လာသည်။

မုပိုင် သူမအိမ်ရာနား၌ ထိုင်ကာ သူမမျက်နှာကို ငေးကြည့်နေသည်။ သူမ အိပ်ပျော်သွားမှ သူက ကိုင်းလာပြီး သူမနဖူးပေါ်သို့ အနမ်းတစ်ချက် ချွေလိုက်သည်။ ထို့နောက် ပြန်ခွာလိုက်သည်။ သူမ၏ အိပ်ပျော်နေသည့်မျက်နှာကိုနောက်ဆုံးတစ်ချက် ပြန်ကြည့်သွားပြီးနောက် ဖြည်းဖြည်းချင်း ထလေသည်။

သူ ထွက်သွားပြီး တံခါးပြန်ပိတ်သွားသည်။

သူ မသိလိုက်သည်က တံခါးပြန်ပိတ်သွားစဉ် သူမမျက်လုံးများ ပြန်ပွင့်လာသည်။ မုပိုင်က ငုံ့နမ်းလာတုန်းက သူမနိုးနေဆဲဖြစ်၏။ ၎င်းက သူ့ဆီမှ ရသည့်ဒုတိယအနမ်း ဖြစ်ပြီး သူမ ခံစားချက်တို့ ရောပြွန်နေသည်။ မုပိုင်၏ သူမအပေါ် ခံစားချက်ကို သူမ ကောင်းကောင်း နားလည်ထားသော်လည်း သူမကတော့ ထိုခံစားချက်များ ရှိ၊ မရှိမသေချာသေးချေ။ သူ့ကို သူမ ချစ်ကြောင်း မပြောနိုင် သော်လည်း သူ့ရိုမစ်တစ်ဆန်သော ချဉ်းကပ်ပုံကို သူမ မမုန်းတော့သည်မှာ အမှန်ပင်။

သူမက ရိုမန်တစ်ဆန်ဆန် ပတ်သက်ဆက်နွယ်မှု၊ ခံစားချက်စသည့်အရာများကို

အာရုံစိုက်လေ့မရှိတာကြောင့် စိတ်များရှုပ်နေသည်။ မုပိုင်၏ တက်ကြွသောပိုးပန်းမှုကို မည်သို့တုံ့ပြန်ရမလဲ သူမသေချာမသိချေ၊ အကြောင်းမှာ သူမ၏ ခံစားချက်အစစ်အမှန်ကိုလည်း သူမလုံးဝမသိတာကြောင့်ဖြစ်သည်။ သူမနှစ်သက်သောသူအတွက် အရာရာကို ပေးချင်စိတ် ရှိသော်လည်း ရှီးမုပိုင်က ထိုလူစာရင်းတွင် ပါမပါကို သူမ ပြောရခက်နေသေးသည်။

မည်သို့ပင်ဆိုစေ ထိုကဲ့သို့သောမေးခွန်းများကို ဖြေရှင်းရမည့်အချိန် မကျသေးချေ၊ အနည်းဆုံးတော့ ဖုန်းမိသားစု၏ ခြိမ်းခြောက်မှုကို မရှင်းနိုင်မချင်းဖြစ်၏။ ရှင်းဟယ် သက်ပြင်းချလိုက်ပြီး အိပ်လိုက်သည်။

...

ရှင်းဟယ် အကြာကြီးအိပ်ပျော်သွားသည်။ သူမကို လာမနှောင့်ယှက်မည့်သူမရှိသဖြင့် ရှီးမိသားစုအတွင်းအခြေအနေ တင်းမာလာမှုကို သူမ မသိပေ။ မုနန်၏ပြဿနာက အကြီးအကျယ် ဖြစ်ကုန်၏။ စုဆောင်းမိသမျှသက်သေများက သူ့ကိုသာ ညွှန်ပြနေသည်။ သူက ဖြစ်နိုင်အများဆုံးသံသယရှိသူဖြစ်သည်။ သူ့ဖခင်ဖြစ်သူ ဟွာရှား၏စီနီယာစစ်တပ်အရာရှိ ရှီးကျန်းနျန်တောင် သံသယအဝင်ခံရလေသည်။

အကယ်၍ စစ်လက်နက်များကို တရားမဝင်ခိုးရောင်းမှုစွပ်စွဲချက်က မုနန်အပေါ်ကိုသာ တာဝန်ပုံကျလာပါက မုပိုင်အပါအဝင် ရှီးမိသားစုတစ်စုလုံး စစ်ဆေးမေးမြန်းခြင်းခံရမည်ဖြစ်သည်။

မုပိုင်က စစ်တပ်တွင် အလုပ်မလုပ်၊ စီးပွားရေးအထက်လွှာဖြစ်သော်လည်း သူလည်း ပါဝင်ပတ်သက်ခြင်းခံရလိမ့်မည်။

ထိုနှစ်ပိုင်းအတွင်း မုပိုင်၏ကုမ္ပဏီက အဆမတန် ကြီးပွားတိုးတက်လာသည်။ သူ့ကုမ္ပဏီ၏ ငွေအရင်းအမြစ်ကအမှန်မှာ မင်္သကာစရာကောင်းသောနောက်ခံမှလာသည်ဟူ၍ ကောလာဟလများ ရှိသည်။ ထို့ကြောင့် နေ့တိုင်းနီးပါး သူ့ကုမ္ပဏီနှင့် အကောင့်များနား ဖက်ဒရယ်စုံစမ်းရေးမှူးများက စုံအုံနေသည်။

မုပိုင်က ထိုစွပ်စွဲချက်များကို မကြောက်ချေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုရှာတွေ့မည်မဟုတ်ပေ၊ သို့သော် သူ့စီးပွားရေးတွဲဖက်လည်းဖြစ်၊ ပြိုင်ဘက်များလည်း ဖြစ်ကြသူများထံမှ နောက်ကျောကို ဓားနှင့် အထိုးခံသည်ကိုတော့ အစာမကြေချေ။ ရှီးမိသားစု တစ်စုလုံး ဒေါသထွက်နေကြသည်။

အဘိုးရှီးက အကူအညီလှမ်းတောင်းရလေသည်။ သူ့ကိုယ်တိုင်ဝင်ပါမှသာ ရှီးမိသားစုက နည်းနည်းပါးပါးအသက်ရှူချောင်နိုင်ပေမည်။ ထို့ကြောင့် ရှီးမိသားစုကို လတ်တလော မုပိုင်၏ဖခင် ရှီးကျန်းစန်းက ဦးဆောင်နေရသည်။

မုပိုင်ကတော့ သူ့လူများကိုလွှတ်ထားပြီး ပျောက်ဆုံးနေသည့်လက်နက်များကို ရှာခိုင်းထားသည်။ လောလောဆယ်မှာ လက်နက်များကို ပြန်ရှာပြီး သစ္စာဖောက် ကိုဖမ်းမှသာ ရှီးမိသားစု၏နာမည်ဆိုးကို ဖယ်ရှားနိုင်မည်၊ သို့မဟုတ်ပါက ရှီးမိသားစုက ထိုပြဿနာကြောင့် ပြိုလဲသွားလိမ့်မည်။

မုနန်ကို ထိုစွပ်စွဲချက်ဖြင့် စွဲချက်တင်ပါက ရှီးမိသားစုမှာ နေ့ချင်းညချင်း ယိုင်နဲ့နိုင်သည်။ နိုင်ငံရေးလောကတွင်အောင်နိုင်သူအဖြစ် ကြာကြာနေရသူမရှိချေ။ တစ်ရက်မှာ သင်အမြင့်တွင်ရှိနေနိုင်သော်လည်း နောက်တစ်ရက်ကျအောက်ဆုံးတွင်ဖြစ်နေနိုင်သည်။

သတိတစ်ချက် လွတ်သွားသည်နှင့် သင့်ကို ရှုံးနိမ့်ရန်၊ အနာကို ဆားသိပ်ရန် စောင့်ဆိုင်းနေသူများ တစ်သီတစ်တန်းကြီး ရှိနေနိုင်သည်။ ကမ္ဘာကြီးက ရက်စက်လှသည်၊ အခြားသူများ၏ အလောင်းကို တက်နင်းပြီး အထက်သို့ တက်သွားတတ်ကြသည်။

ထို့ကြောင့် ရှီးမိသားစု၏ သတင်းကို ကြားပြီးကြသူတိုင်း ထီးနန်းကို မတရား လုယူရန် အသင့်ပြင်နေကြသည်။

သူတို့ကို အကူအညီတောင်းသောအခါ ပါးစပ်ကနေသာ ကူညီမည်ဟု ကတိပေးကြသော်လည်း ထိုကတိများမှာစကားသက်သက်သာဖြစ်သည်။

...

အခန်း ၃၄၀။ ငါ့ကို လာတိုက်ခိုက်တယ်တဲ့လား။ အရမ်းတော့ ဘယ်လွယ်ပါ့မလဲ

ရှီးမိသားစုက ထိုစည်းမျဉ်းများနှင့် အရင်းနှီးဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်ကိုက ထိုသို့ကျင့်ကြံသူများဖြစ်တာကြောင့်ပင်။ ထို့ကြောင့်

သူတို့ကိုယ်သူတို့သာ အားကိုးရမည်ကို သိကြသည်၊ မည်သူမှ ထိုအခက်အခဲကို ကူကျော်ပေးမည်မဟုတ်ပေ။အရေးကြီးဆုံးကိစ္စမှဦ မုနန်၏ တရားမဝင်လက်နက်ရောင်းဝယ်ခြင်း စွဲချက်ဆိုသည့် နာမည်ဆိုးကို ဖယ်ရှားရန်ဖြစ်သည်။

သို့သော် လက်နက်များပျောက်သွားပုံမှာ အစအနတောင်မကျန်ခဲ့ပေ။ သူတို့ ခြေရာခံနိုင်မည့် သဲလွန်စတစ်ခုတောင်မရှိချေ။

ထို့ပြင် သူတို့ တစ်လအတွင်း သက်သေကိုရထားရမည်။ အဘယ်ကြောင့်ဆိုသော် တစ်လအကြာ၌ ဖုန်းဆောင်ဟွမ်ကို မုနန်အစား နဂါးပျံယူနစ်၏ ခေါင်းဆောင်အဖြစ် လွှဲပြောင်းတော့မည်ဖြစ်၏။ တစ်နည်းအားဖြင့် သူတို့တွင်အချိန်သိပ်မရှိတော့ချေ။ သူတို့ မြန်မြန်လုပ်ရပေမည်၊ သို့မဟုတ်ပါက အကျိုးဆက်များမှာ တွေးမရလောက်အောင်ကြီးမားလိမ့်မည်။

ရှီးမိသားစုက ထိုပြဿနာကို ဖြေရှင်းရန် ရှိသမျှအရင်းအနှီးများကို ပုံအပ်ပြီး အဆိုးဆုံးအတွက် သေချာပေါက် အသင့်ပြင်ထားပြီဖြစ်၏။

...

"မုပိုင် မင်း ဒီအကျပ်အတည်းတစ်ခုလုံးကနေ ဖယ်နေလိုက်" ကျန်းစန်းက သူ့သားကို အတည်ပေါက်ပြောလာသည်။ "တကယ်လို့ ဘုရားက တားမြစ်ရင်၊ ဒါကို မလွဲမသွေကြုံတွေ့ရမှာပဲ၊ ပါးတို့ အနည်းဆုံးတော့ စီးပွားရေးလောကမှာ နေရာရှိပါသေးတယ်" မုနန်၏ဖခင် ကျန်းနျန်ကလည်း သဘောတူလေသည်။

"မင်းအဖေပြောတာမှန် တယ်၊ မုပိုင် သား ဒီထဲကနေလက်ရှောင်ထားလိုက်။ ငါတို့ ခြင်းတစ်ခုတည်းမှာ ကြက်ဥအကုန်လုံးကို ထည့်လို့မရဘူးလေ၊ မုနန် ကျရှုံးသွားရင်တောင် ရှီးမိသားစုကို ပြန်ထူထောင်ဖို့ မင်း ရှိနေသေးတာပဲလေ"

မုပိုင်က ပြုံးလာသည်။ "ပါး၊ ဦးလေးတို့က အရမ်းအကောင်းမြင်တတ်တာပဲ။ ကျွန်တော်ထွက်ချင်ရင်တောင် ရန်သူက ခွင့်ပြုမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့ပန်းတိုင်က ရှီးမိသားစုတစ်ခုလုံးကို ဖျက်ဆီးဖို့လေ"

"သူတို့ကတော့ ကြိုးစားကြမှာပဲ၊ ဒါပေမဲ့ ငါတို့ရှီးအိမ်က အလွယ်တကူနဲ့ မပျက်စီးပါဘူး" ကျန်းစန်းက ဂုဏ်သိက္ခာအပြည့်ဖြင့် ကြွေးကြော်လေသည်။ ကျန်းနျန်လည်း အတွေးတူပေသည်။ သူတို့အတွေးမှာ ရှီးမိသားစုက ကြံ့ကြံ့ခံနိုင် သည်၊ ဖုန်းမိသားစုပင် သူတို့ကို အမှန်တကယ် ထိခိုက်အောင်မလုပ်နိုင်ပေ။ မုနန်ကို သူတို့ ထောင်ချောက်ဆင်တာပဲ သူတို့အလွန်ဆုံးလုပ်နိုင်မည်၊ သူတို့ ရှီးမိသားစုကို ဆက်လက် မထိပါးနိုင်တာကြောင့် ထောင်ချောက်ဆင်တာက မုနန်နှင့်ပင် ပြီးသွားမည်။

မုပိုင်ကတော့ တစ်မျိုးတွေးလေသည်။

"ရှီးဆိုတဲ့နာမည်က အခုချိန် အရမ်းသတိထားနေကြတာ။ ကျွန်တော်တို့မိသားစုရဲ့ အနာဂတ်က မုနန်နဲ့ဆိုင်နေတာ၊သူတို့ သူ့ကို လာထိပါးတာက သူတို့ ကျွန်တော်တို့ရှီးမိသားစုကို ဘယ်လောက်ထိလိုက် ဖျက်ဆီးမှာလဲဆိုတာကို ပြနေတာပဲ။ မုနန်ကိုသာ ဖယ်ထုတ်ပြီးရင် ကျွန်တော့်အလှည့်ပဲ၊ ဘာလို့လဲဆိုတော့ နောက်ခြိမ်းခြောက်မှုအကြီးစားကကျွန်တော်မို့လို့"

အကြောင်းမှာ မုပိုင်က ငွေကြေးအရ အင်အားတောင့်တင်းပြီး မြိုတော်တွင် လွှမ်းမိုးမှုကြီးလေသည်။ အကယ်၍သူသာပြုတ်ကျသွားပါက ရှီးမိသားစုလည်း တူတူပြုတ်ကျသွားလိမ့်မည်။ မိသားစုကို ဆက်လက်ထိန်းသိမ်းမည့်လူငယ်လူရွယ်မရှိပါက ရှီးမိသားစု၏ အာဏာ တစ်စတစ်စနှင့် လျော့ပါးလာပြီး ပျက်စီးသွားလိမ်မည်။ ရန်သူက မုနန်ကို ကိုင်တွယ်ဖြေရှင်းပြီးသည်နှင့် မုပိုင်ကို ဦးတည်လာမည်က အသေအချာပင်။

"ဒါကြောင့်မို့လို့ သား ဒီအရှုပ်အထွေးကနေ ရှောင်နေရမယ်" ကျန်းနျန်က အကြံပေးလာသည်။

"ရှီးမိသားစုက ကျွန်တော့်ကို စွန့်မပစ်မချင်း အဲဒါက ဖြစ်လာမှာမဟုတ်ဘူး"

မုပိုင်က အပြတ်ပြောလာသည်။ "ပြီးတော့ ရှီးမိသားစုရဲ့ ဂုဏ်ယူရတဲ့မိသားစုဝင် အနေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ဒီတိုင်းရပ်ကြည့်နေနိုင်မှာလဲ။ ပါး၊ ဦးလေး ကျွန်တော့်ကို စိတ်မပူပါနဲ့၊ ကျွန်တော့်ကို လွယ်လွယ်နဲ့ ဆွဲချလို့မရပါဘူး။ သေချာပေါက် ရှီးမိသားစုလည်း တူတူပဲ"

"ငါတို့ ဒီမုန်တိုင်းကို ကျော်လွှားနိုင်ရင် ငါတို့သေချာပေါက် ရန်သူ့ကို ရှီးမိသားစုရဲ့ အမျက်ဒေါသကို မြည်းစမ်းကြည့်ခိုင်းပြီး ငါတို့ရှီးမိသားစုကို လာရှုပ်ရဲတဲ့အတွက် သင်ခန်းစာတွေပေးပစ်ဦးမှာ" ကျန်းနျန်က အံကြတ်ပြီး ပြောလေသည်။ ကျန်းစန်းလည်း ဒေါကန်နေ၏။

"ငါတို့ ရှီးမိသားစုက ဒီနေ့ဒီနေရာကို အလုပ်ကြိုးစားပြီး အရည်အချင်းပြည့်မီလို့ရခဲ့တာ။ ငါတို့ မကောင်းတဲ့တစ်ခုမှမလုပ်ခဲ့ဘူး၊ အဲဒါတောင် ဒီလူတွေက အမှောင်ထဲကနေ ငါတို့ကို ဒုက္ခပေးရဲသေးတယ်။ ငါတို့ တရားခံကို ရှာတွေ့တာနဲ့ သူတို့ကို ပြစ်ဒဏ်ကြီးကြီးအပေးခံစေရမယ်"

သို့သော် သူတို့ကို ဒေါသထွက်စေသည်မှာ ထိုအချက်တော့မဟုတ်။ ရန်သူက မည်သူဆိုသည်ကို သိသိလျက်နှင့်ဘာမှလုပ်၍မရသည်ကို သူတို့ဒေါသအဖြစ်ဆုံးဖြစ်၏။ ရန်သူက သူတို့မိသားစုဝင်ကို ဒုက္ခပေးနေသည်ကို သူတို့မှာဒေါသပဲထွက်နေနိုင်သည်။ ထို့ကြောင့် သူတို့ မကျေနပ်ကြခြင်း ဖြစ်၏။

ထို့ကြောင့် ယခုအခါ ရှီးမိသားစုနှင့် ဖုန်းမိသားစုကြား ပြိုင်ဆိုင်မှုက အကြည်းတန်လှသော ကောင်းခန်းသို့ရောက်လာချေပြီ။ နှစ်ဖွဲ့ထဲမှတစ်ဖွဲ့က သေသွားမှသာ အဆုံးသတ်သွားမည်။

သေချာပေါက် ဖုန်းအိမ်ကလည်း ၎င်းကို ကောင်းကောာင်း နားလည်ထားသည်။ သူတို့လည်း ရှီးမိသားစုကို အပြတ်ချေမှုန်းရန် အားလုံးကို ပုံအပ်ထားသည်မှာ ပြောစရာကိုမလိုတော့ချေ။

...

အခန္း ၃၃၄။ ႏွစ္ေယာက္မရွိေသာ ရွရွင္းဟယ္သူမ ယခင္က မုန္းခဲ့သည့္ သူမ၏ သြယ္လ်ေသာလက္ျဖစ္ေန၏။ ယခုအခ်ိန္တြင္ ထိုလက္မ်ားက သူမအပိုင္ျဖစ္တာေၾကာင့္ အလြန္အဓိပၸာယ္ရွိသလို ခံစားမိေနရသည္။ ၎က ရွရွင္းဟယ္အစစ္၏ အပိုင္ျဖစ္သည္၊ ေနာက္ဆုံးေတာ့ သူမ ကိုယ္ပိုင္လက္ကို စိုက္ၾကည့္ေနႏိုင္ၿပီျဖစ္၏။သူမ နာ့စ္ကို လွည့္ေမးလိုက္သည္။ "ဒီေန႔က ဘယ္ႏွရက္ေန႔လဲ""ဒီေန႔က ႏိုဝင္ဘာ ၂ရက္ေန႔"ဆိုလိုသည္မွာ သူမ တစ္လစြန္းစြန္းေလာက္ သတိေမ့ေျမာေနခဲ့သည္။ သူမ မွတ္ဉာဏ္ကို ျပန္လဲလိုက္ႏိုင္ပုံရသည္။ ရွင္းဟယ္သည္ ေစာင္ကို ဖယ္ကာ ခုတင္ေပၚမွ ဆင္းရန္လုပ္ေလသည္။နာ့စ္က သူမကို အလ်င္စလိုတားျမစ္လိုက္သည္။ "မစၥရွ ဘာလုပ္တာလဲ။ အခုမွႏိုးတာကို ေက်းဇူးျပဳၿပီး ကိုယ့္ကိုယ္ကိုယ္ ပင္ပန္းေအာင္မလုပ္ပါနဲ႔""အိမ္သာသြားမလို႔ပါ" ရွင္းဟယ္ ႏူးညံ့ညင္သာစြာ ေျဖလာသည္။ သူမခႏၶာကိုယ္မွာ အားနည္းေနေသးေသာ္လည္း သူမလမ္းေလွ်ာက္ဟန္မွာ ယုံၾကည္ခ်က္ႏွင့္ျဖစ္၏။နာ့စ္က သူမကို စူးစမ္းေနသည္။ ရွင္းဟယ္ တစ္ခုခု ေျပာင္းလဲသြားသကဲ့သို႔ သူမခံစားေနရသည္။ ယခင္ႏွင့္ အေတာ္ေလး ေျပာင္းလဲသြားပုံရသည္...ရွင္းဟယ္က မွန္ေရွ႕တြင္ရပ္ၿပီး သူမမ်က္ႏွာကို ႏွံ႔ႏွံ႔စပ္စပ္ၾကည့္ေနသည္။ သူမ မ်က္ဆန္လႈပ္ရွားသြား၏။ သူမ၏နဂိုမ်က္ႏွာျဖစ္၏။ မွတ္ဉာဏ္မ်ား တကယ္ လဲလိုက္ၿပီျဖစ္ၿပီး သူမ နဂိုအတိုင္း ျပန္ျဖစ္သြားၿပီျဖစ္၏။ သူမ ယခုခံစားခ်က္ကိုႀကိဳက္၏၊ အဘယ္ေၾကာင့္ဆိုေသာ္ ယခုလိုမွ သူမအနာဂတ္ကို သူမထိန္းခ်ဳပ္ႏိုင္ မည္ျဖစ္ေသာေၾကာင့္ျဖစ္သည္။ သူမ ခႏၶာကိုယ္၊ သူမကံၾကမၸာ။ရွင္းဟယ္က ၿပဳံးလာၿပီး သူမခႏၶာကိုယ္ဆီ ျပႆနာမရွိဘဲ ျပန္ေရာက္လာသည့္ အခ်က္ကို လက္ခံလိုက္သည္။သူမ ေရခ်ိဳးခန္းမွ ထြက္လာၿပီး နာ့စ္ကို ေမး၏။ "မုပိုင္ ဘယ္မွာလဲ"ယခုအခ်ိန္တြင္ သူနာျပဳက ရွင္းဟယ္ကို အျခားအမ်ိဳးသမီးအျဖစ္ တကယ္ခံစားမိေနသည္။ ယခင္က ရွရွင္းဟယ္က သာမန္အမ်ိဳးသမီးျဖစ္ၿပီး အနည္းငယ္ အားနည္းပုံရသည္။ သို႔ေသာ္ ယခု သူမေရွ႕မွ ရွရွင္းဟယ္က ဘုရင္မအသြင္ရွိ၏။ သူမ စကားမ်ားက သင့္ကို ဆြဲေဆာင္သြားႏိုင္ၿပီး သူမကို အာခံလို႔မရ ျဖစ္သြားေစသည္။နာ့စ္က ႐ိုေသစြာေျဖလာသည္၊ "မစၥတာရွီးက ခုနကထိရွိေနေသးေပမဲ့ ဖုန္းတစ္ေကာလ္ ဝင္လာလို႔ထြက္သြားပါတယ္။ ဒီတေလာ ဒီမွာပဲ သူေနၿပီး မစၥရွႏိုးလာတာကို ေစာင့္ေနခဲ့တာပါ"ရွင္းဟယ္က ေခါင္းညိတ္လိုက္ၿပီး ဆက္ေျပာလာသည္။ "ကြၽန္မအတြက္ လဲဖို႔အဝတ္ျပင္ေပးႏိုင္မလား၊ ကြၽန္မ ေရခ်ိဳးခ်င္လို႔""ေကာင္းပါၿပီ..." နာ့စ္က ျပင္ဆင္ရန္ထြက္သြားေသာ္လည္း ခ်ီတုံခ်တုံျဖင့္ျပန္လွည့္လာသည္။"မစၥရွ၊ မစၥရွက အခုမွႏိုးလာတာဆိုေတာ့ အားအင္ေတြပိုျပည့္မွေရခ်ိဳးသင့္တယ္ေနာ္""စိတ္မပူပါနဲ႔ ကြၽန္မအဆင္ေျပပါတယ္" ရွင္းဟယ္ကေျပာၿပီး ေရခ်ိဳးခန္းထဲသို႔ ျပန္ဝင္သြား၏။ေန႔စဥ္ သူမကို ေရပတ္တိုက္ေပးသူမ်ားရွိေလာက္သည္ကို သူမ ရိပ္မိေသာ္လည္း သူမကိုယ္သူမ ေရခ်ိဳးသန္႔စင္ခ်င္စိတ္ရွိေသးသည္။ အေၾကာင္းမွာ ဤကိုယ္မွာ သူမ၏ ခႏၶာကိုယ္ ျဖစ္ၿပီး သူမခႏၶာကိုယ္ကို ႏွစ္သက္စိတ္ အသစ္ရွိလာေသာေၾကာင့္ျဖစ္၏။ေရခ်ိဳးၿပီးေနာက္ ရွင္းဟယ္ အဝတ္လဲၿပီး ဆန္ျပဳတ္တစ္ပန္းကန္ေသာက္လိုက္ သည္။ သူမ ခ်က္ခ်င္း ေနလို႔ပိုေကာင္းသြား၏။သူမ ဆိုဖာတြင္ မွီထိုင္လ်က္ မ်က္စိကိုမွိတ္ထားသည္။ အခန္းထဲသို႔ အျပင္မွပန္းရနံ႔မ်ား ပ်ံ႕လြင့္လာသည္။ သူမ အသစ္တဖန္ျပန္ေမြးဖြားလာသလိုခံစားေနရသည္။သူမ မုပိုင္ႏွင့္ လက္ထပ္ထားခဲ့သည့္အခ်ိန္ကို ျပန္ေတြးမိေလသည္၊ သူမကိုယ္သူမ ႐ြံ႕မုန္းမိသည့္ခံစားခ်က္၊ ကူရာကယ္ရာမဲေနမႈႏွင့္ ခိုကိုးရာမဲ့ေနမႈ...သို႔ေပမဲ့ ယခုေတာ့ သူမေျပာင္းလဲလာသည့္သူမပုံစံကို ႏွစ္ၿခိဳက္သည္။ သူမ နဂိုကိုယ္ကို ျပန္ရလာ၍ ဝမ္းသာမိၿပီး အနာဂတ္၌ မည္သို႔ပင္ဆိုေစ သူမကိုယ္ သူမ တန္ဖိုးထားမိမည္ဟု က်ိန္ဆိုေလသည္။ အျဖစ္အပ်က္တစ္ခုလုံးအၿပီး သူမအျဖစ္ႏွင့္ပဲ ေနရသည္မွာ အေကာင္းဆုံးျဖစ္ေၾကာင္း သေဘာေပါက္သြား၏။ သူမကံၾကမၸာကို အျပည့္အဝခ်ဳပ္ကိုင္ႏိုင္ရျခင္းက ကမာၻေပၚတြင္ အဓိပၸာယ္အရွိဆုံးျဖစ္၏။ ထို႔ေၾကာင့္ ေရွ႕ေလွ်ာက္ သူမပဲရွရွင္းဟယ္၊ ႏွစ္ေယာက္မရွိေသာ ရွရွင္းဟယ္ျဖစ္မည္။ရွားပါးလွေသာတမ္းတ သတိရေသာအခ်ိန္ ၿပီးသြားခ်ိန္တြင္ ရွင္းဟယ္ သတိျပန္ကပ္လိုက္ၿပီး အလုပ္လုပ္ေတာ့သည္။ သူမ အခ်ိန္ကုန္ခံမေနေတာ့၊ အခန္းထဲရွိ လက္ပ္ေတာ့ပ္ကိုသုံးၿပီး အလုပ္စလုပ္ေတာ့သည္။ယခင္က လက္ပ္ေတာ့ပ္ဆိုသည္မွာ ရွမုန္႔အတြက္ သူမပ်င္းလွ်င္ ႐ုပ္ရွင္ၾကည့္ရန္ (သို႔) ဂိမ္းကစားရန္ ျဖစ္သည္။ယခု ရွင္းဟယ္အတြက္ သုံးရလြယ္ကူေသာပစၥည္းျဖစ္သည္။ သူမ 3D ႐ုပ္ေဖာ္သည့္ပ႐ိုဂရမ္ကို ေဒါင္းလုပ္ဆြဲလိုက္ၿပီး မွတ္ဉာဏ္ထဲမွ ထိုလွ်ိဳ႕ဝွက္လူပုံစံကို ေဖာ္ေတာ့သည္......အခန္း ၃၃၅။ သူ႔ေသြး ဆူပြက္ေနမုပိုင္သည္ ဗီလာသို႔ျပန္ေရာက္ေသာအခါ ရွင္းဟယ္ ျပန္ႏိုးလာေၾကာင္း သိလိုက္ရသည္။ အိမ္အကူက သူ႔ကို ပထမဆုံးအေနႏွင့္ လာေျပာျပခ်ိန္တြင္ သူ အိမ္မက္မက္ေနသည္ဟု ထင္လိုက္သည္။ အိမ္အကူက ထပ္အတည္ျပဳေပးလိုက္ေသာအခါ သူသည္ ရွရွင္းဟယ္ျပန္ႏိုးလာသည္ကို ယုံၾကည္ေတာ့သည္။သူ အလ်င္စလိုျဖင့္ သူမကို သြားေတြ႕ေလသည္၊ ေျခလွမ္းမွာ စပလိန္ပါေနသကဲ့သို႔ျဖစ္၏။ သူ ရွင္းဟယ္အခန္းသို႔ နီးသြားေလေလ သူ႔ႏွလုံးခုန္သံျမန္လာသည္။ သူ ထိုသို႔ စိတ္မလႈပ္ရွားတာ ၾကာခဲ့ၿပီျဖစ္၏။ကေလးက သူ႔crush ကို သြားေတြ႕ရသည့္ခံစားခ်က္မ်ိဳးျဖစ္၏။သူ အခန္းတံခါးကို တြန္းဖြင့္လိုက္ေသာအခါ ရွင္းဟယ္က ကြန္ပ်ဴတာေရွ႕တြင္ တိတ္တိတ္ေလး ထိုင္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ အသက္ရႈေအာင့္ထားမွန္းမသိ ေအာင့္ထားမိရာမွ အသက္ကို ရႈထုတ္လိုက္သည္။ သူမကို သူစူးစူးစိုက္စိုက္ ၾကည့္ေနၿပီး အၾကည့္တစ္ခ်က္ မလႊဲဘဲ သူမဆီသို႔ ကပ္သြားသည္။ သူ သတိတစ္ခ်က္ လြတ္သြားပါက သူမ သူ႔မ်က္စိေရွ႕မွာတင္ ေပ်ာက္ကြယ္သြားမည္ကို ေၾကာက္ေနသကဲ့သို႔ ျဖစ္ေန၏။ရွင္းဟယ္က သူ႔ေျခလွမ္းကို ၾကားလိုက္ရသည္။ သူမ ေခါင္းေမာ့လာၿပီး သူ႔ကို တည့္တည့္ၾကည့္လိုက္သည္။"အားလုံးကို ေက်းဇူးတင္ပါတယ္"သူမ သတိလစ္ေနခ်ိန္ သူမကို ျပဳစုေစာင့္ေရွာက္ေပးသူမွာ သူမွန္း ရွင္းဟယ္မေမးဘဲ သိေနသည္။ သူမက ခံစားခ်က္ကို ထုတ္ေဖာ္ျပသသည့္ေနရာတြင္ မေတာ္ေသာ္လည္း တစ္ေယာက္ေယာက္က သူမအေပၚ ေကာင္းခဲ့ပါက သူမ မွတ္ထားတတ္သည္။ အေျခအေနက နည္းနည္းေလး တိမ္းေစာင္းသြားခ်ိန္တိုင္း သူက ကူညီတတ္ေၾကာင္း သူမ သတိျပဳမိသည္။ ထို႔ေၾကာင့္လည္း သူ႔ကို သူမ ေက်းဇူးတင္မိသည္။ လတ္တေလာက အက်ပ္အတည္းတြင္ေတာင္ သူက သူမကို တစ္စုံတစ္ရာ ေတာင္းဆိုျခင္းမရွိ၊ အႂကြင္းမဲ့ကူညီခဲ့သည္။သူ႔အေပၚသူမ၏ မေကာင္းျမင္စိတ္က လုံးဝေပ်ာက္ကြယ္သြား၏။ အမွန္မွာ သူမသည္ သူ႔အေပၚ ေႏြးေထြးစျပဳလာေန၏။ အကယ္၍ အနာဂတ္တြင္ သူ အကူအညီတစ္စုံတစ္ရာလိုအပ္ပါက သူမ ကူညီေပးမည္။"ရွရွင္းဟယ္..." မုပိုင္က သူ႔ကို စိုက္ၾကည့္လ်က္ သူမနာမည္ကို ၾကင္နာစြာ ေခၚေလသည္၊ သူမေၾကာင့္ ပီတိျဖစ္ေစသည္။"အင္း" ရွင္းဟယ္က ျပန္ထူးလာသည္။"ရွရွင္းဟယ္..." သူက အၿပဳံးႀကီး ၿပဳံးကာ ထပ္ေျပာလာသည္၊ သူ႔မ်က္ဆန္မ်ားပင္ လႈပ္ေနသည္။"တကယ္ မင္းအစစ္ပဲ"ရွင္းဟယ္က သူ႔ကို ေသခ်ာၾကည့္ၿပီး အတည္ျပဳေပးလိုက္သည္။"ဟုတ္တယ္ ကြၽန္မေလ"မုပိုင္ ႐ုတ္တရက္ ေရွ႕သို႔ကိုင္းလာၿပီး သူ႔နီနီရဲရဲႏႈတ္ခမ္းႏွင့္ သူမႏႈတ္ခမ္းကို သတိေပးျခင္းမရွိ၊ ထိလိုက္သည္။ ရွင္းဟယ္ အံ့ဩသြား၍ မ်က္လုံးမ်ားပင္ ျပဴးက်ယ္ကုန္သည္။သူ႔ဆီမွ ထိုသို႔တုံ႔ျပန္မႈကို သူမ မေမွ်ာ္လင့္ထားေပ။ သူမ သတိျပန္ကပ္သြားေသာအခါ ႐ုန္းရန္ ႀကိဳးစားေသာ္လည္း မုပိုင္က သူမကို လက္ျဖင့္က်စ္က်စ္ဆုပ္ကိုင္ ၿပီး ဖက္ထားသည္။သူက ဖိနမ္းလာၿပီး ႏႈတ္ခမ္းမွာ ခ်ဳပ္တည္းမထားႏိုင္ေသာ၊ျပင္းပ်စိတ္တို႔ျဖင့္ ေလာင္ကြၽမ္းေနသည္။သူ႔လွ်ာက အႀကံဉာဏ္မ်ားစ ျပဳလာေသာအခါ ရွင္းဟယ္ သူ႔ကို အတင္းတြန္းဖယ္လိုက္သည္။ သူမမ်က္ႏွာမွာ ေရွာ့ခ္ရသြားပုံ၊ ယုံရခက္ေနပုံ၊ စိတ္ရႈပ္ေထြးသြားပုံေပၚေနသည္။မုပိုင္က အနည္းငယ္အေမာတေကာ ျဖစ္ေနၿပီး၊ သူ႔အၾကည့္မွာ မေအာင့္အည္းႏိုင္ ေသာခံစားခ်က္ျဖင့္ ေတာက္ေလာင္ေန၏။ မီးစကဲ့သို႔ သူမကို သူ႔အၾကည့္ႏွင့္ပင္ အရည္ေဖ်ာ္ပစ္ႏိုင္ေပသည္။သူ႔ႏွလုံးမွာ အၾကမ္းပတမ္းခုန္ေနသည္၊ ႐ုတ္ျခည္းနမ္းလိုက္ရသည့္အနမ္းက သူ႔ေသြးကို ဆူပြက္ေစသည္။အေတာ္ေဝးေဝးကေန ရွင္းဟယ္က သူ႔ႏွလုံးခုန္သံကိုၾကားေနရသည္။ သူမ သိခ်င္မိသည္။ 'ငါက အသားယူခံလိုက္ရတာကို သူက ဘာလို႔ ဒီေလာက္ထိ စိတ္လႈပ္ရွားေနရတာလဲ'ႏွစ္ေယာက္သား ႏွစ္စကၠန္႔မွ် စကားတစ္ခြန္းမွမဆို၊ တစ္ဦးႏွင့္တစ္ဦး စိုက္ၾကည့္ေနၾကသည္။ မုပိုင္က ထပ္နမ္းရန္ ငုံ႔လာေသာ္လည္း ရွင္းဟယ္က မ်က္ႏွာကို လႊဲလိုက္ၿပီး ကြန္ပ်ဴတာဖန္သားျပင္ကိုသာ စိုက္ၾကည့္ေနေတာ့သည္။"ရွင္ ေရာက္လာတာနဲ႔အေတာ္ပဲ။ ဒီလူကို သိမသိၾကည့္ၾကည့္ပါဦး" သူမေလသံမွာ ဘာမွမျဖစ္ခဲ့သလို တည္ၿငိမ္ေနသည္။...အခန္း ၃၃၆။ သူက ဖုန္းအိမ္က သခင္ေလးမုပိုင္က သတိေသခ်ာျပန္မကပ္ေသးေခ်၊ မထိန္းခ်ဳပ္ႏိုင္ေသာ ျပင္းျပစိတ္ျဖစ္ေနဆဲပင္။ သူမစကားအတိုင္း ဖန္သားျပင္ဆီသို႔ သူၾကည့္လိုက္သည္။"အဲဒါသူေလ" မုပိုင္က တင္းမာစြာ မ်က္ေမွာင္ၾကဳတ္သြား၏။ ထိုလူ႔မ်က္ႏွာကို လုံးဝရင္းႏွီးေနသည္။ မုပိုင္ဆီမွ လူသတ္ခ်င္စိတ္တို႔ ထြက္လာသည္။"ဒါ မင္းကို ျပန္ေပးဆြဲသြားတဲ့သူလား" သူ႔ေလသံမွာ ေအးစက္ေနသည္။ရွင္းဟယ္ ေခါင္းညိတ္လာသည္၊ "သူပဲ၊ ရွင္ သူ႔ကို သိလား။ သူဘယ္သူလဲ"မုပိုင္ ေျခာက္ကပ္ကပ္ျဖင့္ ရယ္လာသည္။"ဒါဆို သူေပါ့၊ တီၿမိဳ႕ေတာ္မွာ ရွီးမိသားစုကို လာတိုက္ခိုက္ႏိုင္တဲ့အထိ အင္အားႀကီးတာဆိုလို႔ တစ္ဖြဲ႕ပဲရွိတယ္၊ ဖုန္းမိသားစုေလ။ ဒါက ဖုန္းအိမ္က သခင္ေလး ဖုန္းေဆာင္ဟြမ္။ ဒါတင္မကေသးဘူး၊ သူက အခုလက္ရွိ ဗိုလ္ခ်ဳပ္""ဖုန္းမိသားစုလား" ရွင္းဟယ္က တီၿမိဳ႕ေတာ္၏ ႏိုင္ငံေရးႏွင့္ မရင္းႏွီးတာေၾကာင့္ သူမ ထိုနာမည္ကို ယခင္က မၾကားဖူးေခ်။မုပိုင္က ရွင္းျပလာသည္။ "ဖုန္းမိသားစုက ကိုယ္တို႔ရဲ႕ ရန္ဖက္ေတြ။ ဒီႏွစ္ေတြထဲသူတို႔ အႀကီးအက်ယ္ တိုးခ်ဲ႕လာၿပီး အခု သူတို႔ရဲ႕ ပစ္မွတ္က ကိုယ္တို႔ရွီးမိသားစုျဖစ္လာတယ္။ မင္းကိုအသိေပးရရင္ မေန႔ကပဲ မုနန္ဆီမွာ မေကာင္းတာျဖစ္သြားခဲ့တာ၊ အခုေတာ့ သူတို႔နဲ႔ ဆိုင္မယ္ဆိုတာ ပိုေသခ်ာသြားၿပီ""ရွင့္ဝမ္းကြဲမုနန္လား" ရွင္းဟယ္ အံ့ဩသြား၏။"သူပဲ""ဘာျဖစ္သြားတာလဲ"မုပိုင္က သူမကို အကုန္ေျပာျပလိုက္သည္။ ရွီးမိသားစုကဲ့သို႔ အင္အားႀကီးမိသားစုက ယခုလိုျပႆနာႀကီးမ်ိဳးႏွင့္ ရင္ဆိုင္ရသျဖင့္ ရွင္းဟယ္ေရွာ့ခ္ရမိသည္။ထို႔ေၾကာင့္ အျမင့္ကို တက္ေလေလ၊ သင့္ကို ျပဳတ္က်ေစခ်င္သည့္သူပိုမ်ားေလေလျဖစ္သည္။ ရွီးမိသားစုက ေစ်းကြက္ကို ေမာင္ပိုင္စီးထားတာ မ်ားလြန္းသျဖင့္ ရွီးမိသားစုကို ျဖဳတ္ခ်မွသာ က်န္သည့္သူမ်ား အထက္သို႔တက္ႏိုင္ေပမည္။ကမာၻႀကီးက မည္မွ်ထိ ရက္စက္တတ္သည္ကို နားလည္ထားသည္၊ အထူးသျဖင့္ စီးပြားေရးေလာကႏွင့္ စစ္တပ္ေလာကတြင္ျဖစ္၏။ စားမလား၊ အစားခံရမလားျဖစ္သည္။ဖုန္းေဆာင္ဟြမ္က အာဏာႏွင့္ အက်ိဳးအျမတ္အတြက္ဆို ဘာေၾကာင့္ႏွင့္မွ ရပ္တန္႔မည္မဟုတ္ေပ။ သူ႔နည္းလမ္းမ်ားကို သူမ ျမည္းစမ္းထားဖူးတာေၾကာင့္ သူက ေသြးေအးေသာသူျဖစ္ေၾကာင္း သူမသိထားသည္။ ယခု သူက ရွီးမိသားစုကို ခ်ိန္လာသျဖင့္ သူ႔ပန္းတိုင္က ရွီးမိသားစုကို ဆြဲခ်သည္ထက္ ပိုႀကီးႏိုင္ေပသည္။ ရွီးမိသားစု ျပန္နလန္မထူႏိုင္ေအာင္ အျပတ္ေခ်မႈန္းရန္ ႀကံ႐ြယ္ေနျခင္း ျဖစ္ရမည္။သူမ ထိုသို႔အျဖစ္မခံႏိုင္။ သူမ မုပိုင္ကို သူမ ကူညီႏိုင္တိုင္း ကူညီရန္ ကတိေပးထားၿပီး သူမသားကို ဘာအႏၲရာယ္မွ အျဖစ္မခံႏိုင္ေပ။ထို႔ေၾကာင့္ လင္းလင္းအတြက္ သူမ ထိုအႏၲရာယ္ကို ဖယ္ရွားရာတြင္ ကူညီရမည္။ သူမ ဖုန္းမိသားစုကို ရင္ဆိုင္ရမည္။"ရွင္ တန္ျပန္ေရးအစီအမံေတြ လုပ္ၿပီးၿပီလား" ရွင္းဟယ္က ႐ုတ္တရက္ ေမးလာသည္။ မုပိုင္က ဝန္ခံလာသည္။ "မလုပ္ရေသးဘူး။ သက္ေသမရွိေတာ့ သူ႔ကို ဘာမွသြားလုပ္လို႔မရဘူး။ အခုအေရးအႀကီးဆုံးက မုနန္ကို ကူၿပီး သူ႔နာမည္ဆိုးကို ဖယ္ရွားေပးတာပဲ၊ အဲဒါမွ ဖုန္းေဆာင္ဟြမ္ရဲ႕ အႀကံက မေအာင္ျမင္ေတာ့မွာ"ရွင္းဟယ္က ေခါင္းညိတ္လာသည္။ "ဒါေပမဲ့ အဲဒါက အေျပာကလြယ္တယ္။ ကြၽန္မတို႔ သစၥာေဖာက္ကို ေျခာက္လွန႔္ဖို႔ အာ႐ုံစိုက္သင့္တယ္၊ ၿပီးမွ အခိုးခံရတဲ့ လက္နက္ေတြကို စရွာရမွာ"မုပိုင္က သူမကို ၾကည့္ၿပီး ရင္သပ္ရႉေမာဖြယ္ၿပဳံးလာသည္။ "သစၥာေဖာက္လည္း ရွိတယ္လို႔ ထင္တယ္လား"ရွင္းဟယ္က မ်က္ခုံးပင့္လာသည္။ "သစၥာေဖာက္ကပဲ ရွင့္ဝမ္းကြဲရဲ႕ ႏွာဖ်ားကေန တိတ္တဆိတ္ လက္နက္ေတြကို ခိုးသြားႏိုင္တာေလ""မင္းေျပာတာဟုတ္တယ္" မုပိုင္မ်က္လုံးမွာ လက္တုံ႔ျပန္ခ်င္သည့္ အရိပ္အေယာင္ျဖင့္ ျပည့္ေနသည္။"ဘယ္သူပဲျဖစ္ေနပါေစ ရွီးမိသားစုကို သစၥာေဖာက္တဲ့အတြက္ သူတို႔ရဲ႕ ဇာတ္သိမ္းကေတာ့ ေကာင္းမွာမဟုတ္ဘူး"ရွင္းဟယ္က ေျပာလာသည္။ "ရွင္ ကြၽန္မအကူအညီကိုလိုရင္ ေျပာေနာ္။ ကြၽန္မေဒါသက အဲဒီဖုန္းေဆာင္ဟြမ္ကို ကိုယ္တိုင္ ေျဖရွင္းရမွေျပမွာ "မုပိုင္က ေမးလာသည္။ "သူက ဘာလို႔ အမည္းေရာင္ ေသတၱာေနာက္ကို လိုက္ေနတာလဲ။ ပေရာဂ်က္ ဂလက္စီနဲ႔ သူနဲ႔ ဘယ္လိုပတ္သက္ေနလို႔လဲ"ထိုအခါမွ သူမ မုပိုင္ကို ယဲ့ရွန္းဆီမွသိခဲ့ရသည့္သတင္းကို မေျပာရေသးမွန္း ရွင္းဟယ္ သတိထားမိေတာ့သည္။"ယဲ့ရွန္း ဖုံးကြယ္ထားတဲ့ လွ်ိဳ႕ဝွက္ခ်က္အႀကီးစားက ဘာလဲဆိုတာ သိခ်င္လား""ဘာလဲ""သူေျပာပုံအရဆို ကမာၻႀကီးက ေနာက္ ၁၅ႏွစ္အတြင္း ပ်က္သုဥ္းမွာတဲ့၊ ကမာၻကေန ထြက္ေျပးရင္ စီးမဲ့ အာကာသေလယာဥ္ကို အဲဒီ အမည္းေရာင္ စြမ္းအင္ ခရစၥတယ္ေတြကပဲ စြမ္းအားေပးႏိုင္တာတဲ့"...အခန္း ၃၃၇။ ကိုယ့္မွာရွိတဲ့အားအကုန္လုံးနဲ႔ မင္းကို ကူညီမယ္"သူ႔စကားအရဆို ပေရာဂ်က္ ဂလက္စီက အျခားေနထိုင္လို႔ရမဲ့ၿဂိဳဟ္ကို ရွာမဲ့အစီအစဥ္ျဖစ္ၿပီး ကြၽန္မတို႔မိဘေတြ လက္ထက္မွာ ဒီပေရာဂ်က္ကို စခဲ့ၾကတာ"မုပိုင္မွာ ဆြံ႕အေန၏။ စိတ္မွန္သည့္သူက ထိုအရာက တကယ္ရွိလိမ့္မည္ဟုယုံမည္မဟုတ္ေပ။"ယဲ့ရွန္းက အဲလိုေျပာခဲ့တာလား" မုပိုင္က ထပ္ေမးလာသည္။ရွင္းဟယ္က ေခါင္းညိတ္လာသည္။ "အမွန္ပဲ၊ ဒါေပမဲ့ ကြၽန္မေတာ့ သူ႔ယုံၾကည္မႈကို အေတာ္ေလး သံသယဝင္မိတယ္"မုပိုင္လည္း ေထာက္ခံလာသည္။ "ကိုယ္ေရာပဲ။ ဒါေပမဲ့ ဖုန္းေဆာင္ဟြမ္ပါဝင္ပတ္သက္ေနတာကို ထည့္တြက္လိုက္ရင္ ဒီပေရာဂ်က္ ဂလက္စီက အေရးႀကီးတာပဲ ျဖစ္ရမယ္""ယဲ့ရွန္း၊ ရွမုန္႔နဲ႔ ႐ို႕ပင္းတို႔ရဲ႕ အေဖေတြနဲ႔ ကြၽန္မအေမနဲ႔က တူတာတစ္ခုရွိတယ္။ သူတို႔အားလုံး လြန္ခဲ့တဲ့ ႏွစ္သုံးဆယ္ေလာက္က တီၿမိဳ႕ေတာ္မွာ ေပၚလာၾကၿပီး လြန္ခဲ့တဲ့ ၁၂ႏွစ္က ေပ်ာက္သြားၾကတာ။ ယဲ့ရွန္းက ဒီဆက္စပ္ေနမႈကို သုံးၿပီး ရွမုန္႔ကို ေျခရာခံခဲ့တာျဖစ္ႏိုင္တယ္၊ အယ္ခ်န္းက အဲဒါကိုသုံးၿပီး ႐ို႕ပင္းကို ရွာခဲ့သလိုမ်ိဳးေပါ့။ ဒါေပမဲ့ ေဆာင္ဟြမ္က ယဲ့ရွန္းဆီမွာပဲ စြမ္းအင္ ခရစၥတယ္ ရွိတယ္လို႔ထင္တာ၊ ရွမုန္႔အေၾကာင္းေတာ့ မသိေသးဘူး။ ဒီတူညီမႈကို သူမသိေတာ့ သူ႔မိဘေတြက ဒီပေရာဂ်က္နဲ႔ မဆိုင္ေလာက္ဘူး။ ဒါ့ေၾကာင့္ သူက အျခားေနရာကေန သတင္းရလာၿပီး ဒါရဲ႕ ပတ္သက္ဆက္ႏြယ္မႈကို အျပည့္အဝ ယုံၾကည္တယ္လို႔ေျပာလို႔ရတယ္"မုပိုင္က သူမ၏ဆိုလိုရင္းကို နားလည္သည္။"ေဆာင္ဟြမ္ပါ ပတ္သက္ေနတာကို အတည္ျပဳလိုက္ရေတာ့ ဒီပေရာဂ်က္ ဂလက္စီကိစၥက မွန္ကန္တယ္လို႔ ေျပာခ်င္တာလား""ဟုတ္တယ္""တကယ္လို႔ ကမာၻပ်က္မဲ့ဆိုတာ မွန္ေနရင္ ကိုယ္တို႔လည္း ဝင္ပါရမယ္"ရွင္းဟယ္ ေခါင္းညိတ္လာသည္။ "မွန္တယ္။ အဲဒါေၾကာင့္ ယဲ့ရွန္းဖြက္ထားတဲ့ စြမ္းအင္ ခရစၥတယ္ ႏွစ္ခုကို ရွာဖို႔လိုတယ္။ ၿပီးေတာ့ ေဆာင္ဟြမ္ဆီကေန သတင္းထပ္ႏႈိက္ရမယ္""မင္းဆီမွာလည္း စြမ္းအင္ ခရစၥတယ္ ရွိတာကို သူသိလား" ၎က မုပိုင္ စိတ္အပူဆုံးကိစၥျဖစ္သည္။ရွင္းဟယ္ ေခါင္းခါလိုက္သည္။ "မသိေသးဘူး၊ ကြၽန္မအေမက ဒီလိုေတြ ျဖစ္လာမွာကို ႀကိဳေတြးမိလို႔ ကြၽန္မကို တီၿမိဳ႕ေတာ္ကေန ႏိုင္ငံျခားကို ေခၚထုတ္ သြားတာျဖစ္ေလာက္တယ္။ သူမ ေပ်ာက္သြားတဲ့အခ်ိန္ကို ကြၽန္မကလြဲၿပီး ဘယ္သူမွမသိၾကဘူး။ ၿပီးေတာ့ ရွင္ သူမနဲ႔ ပတ္သက္ၿပီး တစ္ခုေတာင္ရွာမရဘူး၊ သူမက အကုန္ဖ်က္ပစ္ခဲ့တာ""ဒါေပမဲ့ မင္းနာမည္က သိသာေနတယ္""ရွင္းဟယ္ဆိုတာ သာမန္ပါပဲ။ ကြၽန္မကို သံသယဝင္တာေလာက္ပဲ သူတို႔ အမ်ားဆုံးလုပ္ႏိုင္မွာ၊ သူတို႔ အတပ္ေျပာႏိုင္စရာအေၾကာင္းမရွိဘူး။ အယ္ခ်န္းနဲ႔ ရွမုန္႔ကိုပဲ ၾကည့္၊ ကြၽန္မက အဲဒါနဲ႔ တစ္ခုခုပတ္သက္ေနတယ္လို႔ပဲ သံသယဝင္ႏိုင္ၾကတာ၊ သူတို႔ အတည္မျပဳႏိုင္ၾကဘူး"အယ္ခ်န္းက သူမႏွင့္ အလုပ္တြဲလုပ္ၿပီးေနာက္ သူမက ပေရာဂ်က္ႏွင့္ တစ္ခုခုပတ္သက္ေနသည္ဟု သံသယဝင္သြားခဲ့သည္။ ရွမုန႔္ကိုေတာ့ ရွင္းဟယ္ကိုယ္တိုင္ အမွန္တိုင္း ဝန္ခံခဲ့သည္။မုပိုင္က စိုးရိမ္ေနဆဲ ျဖစ္သည္။"ဘာပဲျဖစ္ျဖစ္ ကိုယ္တို႔ သတိထားရမယ္။ သံသယေလးကပဲ အႏၲရာယ္အမ်ားႀကီးကို သယ္လာႏိုင္တယ္" "ကြၽန္မ နားလည္ပါတယ္""အခုခ်ိန္ကစၿပီး ကိုယ့္လူေတြနဲ႔ မင္းကို အခ်ိန္ျပည့္ေစာင့္ေရွာက္ခိုင္းထားလိုက္မယ္။ မင္း ဒီတိုင္း ေကာင္းေကာင္းအနားယူေနလိုက္၊ က်န္တာ အားလုံးကိုယ့္တာဝန္သာထားလိုက္"ရွင္းဟယ္က ျပတ္သားစြာ ျငင္းေလသည္။ "အဲလိုမေနႏိုင္ဘူး၊ ကြၽန္မကိုယ္တိုင္ ကိုယ္က် လုပ္ရမွ လုံၿခဳံသလို ခံစားရမွာ"မုပိုင္က ထိုမွ်ေတာ့ ခန္႔မွန္းမိထားသည္။ သူမက ေယာက္်ားတစ္ေယာက္၏အရိပ္ေအာက္တြင္ ပုန္းမည့္အမ်ိဳးသမီးမဟုတ္မွန္း သူ သိထားသည္။ ထို႔ျပင္ သူမ အမ်ိဳးသားအမ်ားစုထက္ ပိုဉာဏ္ထက္ျမက္ၿပီး သတၱိရွိေၾကာင္း သူမကိုယ္တိုင္သက္ေသျပထားၿပီးျဖစ္သည္။ သူမက တစ္ေလာကလုံးကို သူမအားအင္သက္သက္ႏွင့္ ရင္ဆိုင္ႏိုင္ေလာက္သည္အထိ စြမ္းတာေၾကာင့္ သူမကို ကာကြယ္ေပးမည့္ေယာက္်ားတစ္ဦး မလိုေခ်။မုပိုင္က သူမကိုၾကည့္ၿပီး ကူရာကယ္ရာမဲ့စြာေျပာလာသည္။ "မင္း ဒီေလာက္ထိ ၿပိဳင္ဆိုင္လိုစိတ္ျပင္းမွန္း မသိခဲ့ဘူး""ကြၽန္မ ၿပိဳင္ဆိုင္လိုစိတ္မျပင္းဘူး။ ကြၽန္မက ဒီတိုင္း ကိုယ့္ကံတရားကို ကိုယ့္လက္ထဲမွာပဲရွိတာကို လိုခ်င္တာပါ"'ေျပာရရင္ သူမအတြက္ သူမကလြဲလို႔ ဘယ္သူက အေကာင္းဆုံး ဆုံးျဖတ္ခ်က္ ခ်ေပးႏိုင္မွာလဲ'မုပိုင္တန္ဖိုးအထားဆုံး ရွင္းဟယ္၏အရည္အခ်င္းမွာ ၎ပဲျဖစ္၏။ အကယ္၍ သူမသာ သူမပုံစံအတိုင္း မေနပါက သူမက ရွရွင္းဟယ္မဟုတ္ေပ။"ေကာင္းၿပီေလ၊ ဒါဆို ကိုယ္တတ္ႏိုင္သမွ် မင္းကို ကိုယ္ေထာက္ပံ့ေပးမယ္"မုပိုင္က ကမ္းလွမ္းလာသည္။ "မင္း အကူအညီတစ္ခုခု လိုအပ္ရင္ ကိုယ့္ကိုေျပာ၊ ကိုယ္ မင္းကို ကူညီဖို႔ ကိုယ္တတ္ႏိုင္တာအကုန္လုပ္ေပးမယ္"...အခန္း ၃၃၈။ သူ႔ကို စၿပီး ဂ႐ုစိုက္လာသူက ထိုသို႔ကတိေပးလာသည္ကို ရွင္းဟယ္ အံ့ဩသြား၏။'မင္း တစ္ခုခုအကူအညီလိုရင္ ကိုယ့္ကိုေျပာ၊ မင္းကို ကူညီဖို႔ ကိုယ္တတ္ႏိုင္တာအကုန္ လုပ္မယ္'ထိုကတိက မုပိုင္ေပးခဲ့သည့္၊ ေသခ်ာသည့္ကတိစကားျဖစ္၏။ရွင္းဟယ္သည္ ကြန္ပ်ဴတာဘက္သို႔ ျပန္လွည့္သြားၿပီး ေျပာလာသည္။"အဲဒါဆိုရင္ ကြၽန္မ ရွင့္မိသားစုကို ကူညီဖို႔ အေကာင္းဆုံးလုပ္ေပးပါ့မယ္။ ကြၽန္မတို႔ ပူးေပါင္းတာက ဒီျပႆနာကို ေက်ာ္လႊားႏိုင္မယ္ဆိုတာ ေသခ်ာတယ္""ေကာင္းတာေပါ့" မုပိုင္က ေအာင္ႏိုင္သူအၿပဳံးျဖင့္ေျပာလာသည္။ ရွင္းဟယ္က သူ႔ကို လက္ခံလာသည္ကို သူသတိထားမိတာေၾကာင့္ အေပ်ာ္လြန္ေနသည္။ ထိုအဆင့္ထိေရာက္ေအာင္ အေတာ္ေလး ႀကိဳးစားခဲ့ရသည္။ သူမရင္ထဲ သူ ေနာက္ဆုံးေတာ့ ေနရာတစ္ေနရာစာရသြားေလသည္။ထို႔ေနာက္ သူတို႔ ႐ုတ္တရက္ နမ္းျဖစ္သြားသည္ကို ျပန္ေတြးမိသြားသည္။ ထိုခ်ိန္တုန္းက သူမ၏တုံ႔ျပန္ပုံက မႏွစ္ၿမိဳ႕တာမ်ိဳးမဟုတ္၊ အံ့ဩသြားတာမ်ိဳးျဖစ္၏။ အကယ္၍ ရွင္းဟယ္က သူမကို ပိုးပန္းသူအျဖစ္ သူ႔ကို မုန္းပါက သူမ ပါး႐ိုက္တာမ်ိဳး (သို႔) ထိုထက္ဆိုးတာမ်ိဳးလုပ္ေလာက္ေၾကာင္း သူသိသည္။သူတို႔က တစ္ခါ လက္ထပ္ထားဖူးတာေၾကာင့္ သူတို႔ ယခင္က 'အဆုံးထိ'သြားဖူးခဲ့ၾကေသာ္လည္း တဏွာ၏ အတင္းအၾကပ္ ခိုင္းေစျခင္းေၾကာင့္ ျဖစ္သည္။သို႔ေသာ္ ယခုအနမ္းက တဏွာေၾကာင့္မဟုတ္၊ အခ်စ္ေၾကာင့္ ျဖစ္ေလသည္။ထို႔ေၾကာင့္ သူမ ေရွာ့ခ္ရသြားျခင္းျဖစ္ႏိုင္ေပမည္။မုပိုင္ ကံကို မစမ္းရဲေခ်၊ သူ အနမ္းႏွင့္တင္ ေက်နပ္ေနသည္။ လူအမ်ားေျပာၾကသလိုပဲ တစ္ဆင့္ၿပီးတစ္ဆင့္ သြားသင့္သည္။ သူက သူမကို ေလးစားၿပီး စိတ္ပူတာေၾကာင့္ သူမ၏စိုးရိမ္ေသာကကို အာ႐ုံစိုက္ေပးၿပီး သူမဆႏၵရွိသည့္ အေနအထားႏွင့္ လုပ္ေပးေလသည္။ သူမကို ေၾကာက္မသြားေစခ်င္ေပ။ သူမကသူ႔အတြက္ အလြန္အေရးပါေလသည္။"ကိုယ္တို႔ ဖုန္းမိသားစုကို မရွင္းခင္ အနားယူလိုက္ဦး။ မင္း ဒီေန႔မွ ျပန္ႏိုးလာတာ၊ မင္းကိုယ္မင္း ပင္ပန္းေအာင္မလုပ္နဲ႔။ အရင္ဆုံး ရက္အနည္းငယ္ေလာက္နားလိုက္" မုပိုင္က သူမကို ၾကင္နာစြာ အသိေပးလာသည္။ရွင္းဟယ္မွာ အျခားအစီအစဥ္မ်ားရွိေနသည္။ "ကြၽန္မ လုံးဝအဆင္ေျပပါတယ္၊ ခႏၶာကိုယ္က အနားယူဖို႔ေျပာရင္ နားပါ့မယ္။ ဒါနဲ႔ ရွမုန္႔ ဘယ္မွာလဲ""သူမ အရင္ခႏၶာကို သုံးလို႔မရေတာ့လို႔ ကိုယ္တို႔ သူ႔မွတ္ဉာဏ္ေတြကို ကိုမာဝင္ေနတဲ့လူနာထဲ ထည့္လိုက္သည္။ တကယ္ေတာ့ေလ၊ မင္း ႏိုးလာၿပီဆိုေတာ့သူမလည္း ႏိုးေလာက္ၿပီလို႔ထင္တာပဲ။ ၿပီးေတာ့ သူမရဲ႕ စြမ္းအင္ ခရစၥတယ္ ကို ေပးၿပီးသြားၿပီ၊ မင္း လိုခ်င္တဲ့အခ်ိန္၊ အခ်ိန္မေ႐ြး ကိုယ္မင္းဆီလႊဲေပးလို႔ရတယ္"ရွင္းဟယ္က ေခါင္းညိတ္လာသည္။"သူမဘဝအသစ္ရွိသြားတာ ဝမ္းသာပါတယ္။ သူမ ရွင့္ဆီ စြမ္းအင္ ခရစၥတယ္ လႊဲေပးခဲ့တာ ေကာင္းတယ္၊ အဲဒါက ဖုန္းေဆာင္ဟြမ္နဲ႔ ရင္ဆိုင္ရင္ သုံးမဲ့ ကြၽန္မတို႔ရဲ႕လွ်ိဳ႕ဝွက္လက္နက္ေပါ့"မုပိုင္လည္း ထိုသို႔ေတြးမိသည္။ "ယဲ့ရွန္းမွာ တစ္ခုတည္းရွိတယ္လို႔ ေဆာင္ဟြမ္ ထင္ေနတာမလား။ ဒါကလည္း သူ႔အႀကံေတြကို လုံးဝဖ်က္ဆီးႏိုင္တဲ့ဟာျဖစ္ႏိုင္ တယ္""အမွန္ပဲ။ ဒါေပမဲ့ ယဲ့ရွန္း ဖြက္ခဲ့တဲ့ ခရစၥတယ္ ႏွစ္ခုရဲ႕ တည္ေနရာကို ေဆာင္ဟြမ္က အရင္ရွာမေတြ႕ေအာင္ ဂ႐ုစိုက္မွရမယ္"မုပိုင္က ကူရာကယ္ရာမဲ့စြာ သက္ျပင္းခ်လာသည္။"ယဲ့ရွန္း ဖြက္ထားတဲ့ေနရာကို ကိုယ္တို႔သိေနရင္ေတာ့ကြာ"မုပိုင္၏ လူမ်ားက ၿမိဳ႕အႏွံ႔ပတ္ရွာၿပီးျဖစ္ေသာ္လည္း တိုးတက္မႈက မရွိေခ်။သို႔ေပမဲ့ ၎ေၾကာင့္ပဲ ဖုန္းေဆာင္ဟြမ္၏လူမ်ားလည္း ရွာမေတြ႕ျဖစ္ေနသည္ဟု မွတ္ယူႏိုင္ေပသည္။ရွင္းဟယ္ အႀကံတစ္ခုရလိုက္သည္၊ သူမ ခ်က္ခ်င္း ေျပာလာသည္။ "ရွင္ ကြၽန္မကို ရွမုန္႔ရဲ႕ ခရစၥတယ္ ကို ယူေပးလို႔ရမလား။ ကြၽန္မ စမ္းၾကည့္ခ်င္တဲ့အိုင္ဒီယာေပၚလာလို႔""ဘာအိုင္ဒီယာလဲ""စြမ္းအင္ ခရစၥတယ္ ေတြက ရွားပါးသတၱဳတစ္မ်ိဳးမလား။ ကြၽန္မတို႔ အဲဒီဂုဏ္သတၱိကို သုံးၿပီး ရွာေဖြေရးကိရိယာကို တီထြင္ႏိုင္တယ္"မုပိုင္က သူမကို စူးစမ္းသည့္ပုံျဖင့္ၾကည့္၏။"မင္း အဲဒါကို လုပ္လို႔ရမယ္လို႔ယုံၾကည္ခ်က္ရွိလား""ကတိေတာ့မေပးႏိုင္ဘူး၊ ဒါေပမဲ့ စမ္းၾကည့္လို႔ဘာမွျဖစ္မသြားပါဘူး"သူမေလသံမွာ သူမစကားႏွင့္ ဆန္႔က်င္ဖက္ပင္၊ ယုံၾကည္ခ်က္ရွိသည့္ေလသံျဖစ္ေနသည္။မုပိုင္ သူမကို ၾကည့္လ်က္ မ်က္လုံးမ်ား လင္းလက္လာသည္။ သူမ ယုံၾကည္ခ်က္ရွိရွိျပဳမူပုံကို ျမင္ရသည္ကို သူႏွစ္သက္ေပသည္။ သူ႔အတြက္ ထိုပုံစံက ကမာၻေပၚတြင္ အလွဆုံးျဖစ္ေပသည္။"ေကာင္းၿပီ၊ ကိုယ္မင္းကို ခဏေနရင္ ေပးမယ္" မုပိုင္ မၿပဳံးဘဲမေနႏိုင္ေပ။ "ဒါေပမဲ့ မင္း အခုေတာ့ အနားယူရမယ္၊ ကိုယ္ မင္းအတြက္ စားဖိုမႉးေတြကို တစ္ခုခုျပင္ခိုင္းလိုက္မယ္။ မင္း ဘာစားခ်င္ေနလဲ""ဘာပဲျဖစ္ျဖစ္ ရပါတယ္" ရွင္းဟယ္က အစားမေ႐ြးေခ်။မုပိုင္က သူမကို ထူေပးလ်က္ ေခါင္းညိတ္လာသည္။ "ဒါဆို မင္း အခုအိမ္ရာေပၚမွာ အနားယူရေအာင္လို႔ ကူညီေပးမယ္ေနာ္။ စားစရာ အသင့္ျဖစ္ရင္ ေခၚလိုက္မယ္"ရွင္းဟယ္က ျငင္းရန္ျပင္လိုက္ေသာ္လည္း သူမ တကယ္ပင္ပန္းေနသည္။ မုပိုင္ ေျပာတာမွန္၏၊ သူမက သက္သာကာစ ရွိေသးသည္။ သူမ ၁နာရီ၊ ၂နာရီခန႔္သာ ထိုင္ခဲ့ရသည့္တိုင္ သူမ အလြန္ပင္ပန္းႏြမ္းလ်ေနသည္။...အခန္း ၃၃၉။ ပါဝင္ပတ္သက္ေနရွင္းဟယ္က အင္တင္တင္ျဖင့္ ေခါင္းညိတ္ၿပီး အိမ္ရာေပၚ၌ လဲေလ်ာင္းလိုက္သည္။ မုပိုင္က သူမကို လဲရန္ကူညီေပးၿပီး သူမကို ေစာင္ၿခဳံေပးေလသည္။"အခုေတာ့ အေတြးကို ရွင္းလိုက္ၿပီးအိပ္ေတာ့ေနာ္။ အိမ္မက္လွလွမက္ပါေစ" ဟု သူက တီးတိုးေျပာလာသည္။ရွင္းဟယ္ ေခါင္းညိတ္လာၿပီး မ်က္စိကို မွိတ္လိုက္သည္။ မၾကာခင္မွာပဲ သူမ အသက္ရႉသံမွာ ပိုၿငိမ္လာသည္။မုပိုင္ သူမအိမ္ရာနား၌ ထိုင္ကာ သူမမ်က္ႏွာကို ေငးၾကည့္ေနသည္။ သူမ အိပ္ေပ်ာ္သြားမွ သူက ကိုင္းလာၿပီး သူမနဖူးေပၚသို႔ အနမ္းတစ္ခ်က္ ေခြၽလိုက္သည္။ ထို႔ေနာက္ ျပန္ခြာလိုက္သည္။ သူမ၏ အိပ္ေပ်ာ္ေနသည့္မ်က္ႏွာကို ေနာက္ဆုံးတစ္ခ်က္ ျပန္ၾကည့္သြားၿပီးေနာက္ ျဖည္းျဖည္းခ်င္း ထေလသည္။သူ ထြက္သြားၿပီး တံခါးျပန္ပိတ္သြားသည္။သူ မသိလိုက္သည္က တံခါးျပန္ပိတ္သြားစဥ္ သူမမ်က္လုံးမ်ား ျပန္ပြင့္လာသည္။ မုပိုင္က ငုံ႔နမ္းလာတုန္းက သူမႏိုးေနဆဲျဖစ္၏။ ၎က သူ႔ဆီမွ ရသည့္ဒုတိယအနမ္း ျဖစ္ၿပီး သူမ ခံစားခ်က္တို႔ ေရာႁပြန္ေနသည္။ မုပိုင္၏ သူမအေပၚ ခံစားခ်က္ကို သူမ ေကာင္းေကာင္း နားလည္ထားေသာ္လည္း သူမကေတာ့ ထိုခံစားခ်က္မ်ား ရွိ၊ မရွိမေသခ်ာေသးေခ်။ သူ႔ကို သူမ ခ်စ္ေၾကာင္း မေျပာႏိုင္ ေသာ္လည္း သူ႔႐ိုမစ္တစ္ဆန္ေသာ ခ်ဥ္းကပ္ပုံကို သူမ မမုန္းေတာ့သည္မွာ အမွန္ပင္။သူမက ႐ိုမန္တစ္ဆန္ဆန္ ပတ္သက္ဆက္ႏြယ္မႈ၊ ခံစားခ်က္စသည့္အရာမ်ားကိုအာ႐ုံစိုက္ေလ့မရွိတာေၾကာင့္ စိတ္မ်ားရႈပ္ေနသည္။ မုပိုင္၏ တက္ႂကြေသာပိုးပန္းမႈကို မည္သို႔တုံ႔ျပန္ရမလဲ သူမ ေသခ်ာမသိေခ်၊ အေၾကာင္းမွာ သူမ၏ ခံစားခ်က္အစစ္အမွန္ကိုလည္း သူမလုံးဝမသိတာေၾကာင့္ျဖစ္သည္။ သူမ ႏွစ္သက္ေသာသူအတြက္ အရာရာကို ေပးခ်င္စိတ္ ရွိေသာ္လည္း ရွီးမုပိုင္က ထိုလူစာရင္းတြင္ ပါမပါကို သူမ ေျပာရခက္ေနေသးသည္။မည္သို႔ပင္ဆိုေစ ထိုကဲ့သို႔ေသာေမးခြန္းမ်ားကို ေျဖရွင္းရမည့္အခ်ိန္ မက်ေသးေခ်၊ အနည္းဆုံးေတာ့ ဖုန္းမိသားစု၏ ၿခိမ္းေျခာက္မႈကို မရွင္းႏိုင္မခ်င္းျဖစ္၏။ ရွင္းဟယ္ သက္ျပင္းခ်လိုက္ၿပီး အိပ္လိုက္သည္။...ရွင္းဟယ္ အၾကာႀကီးအိပ္ေပ်ာ္သြားသည္။ သူမကို လာမေႏွာင့္ယွက္မည့္သူမရွိသျဖင့္ ရွီးမိသားစုအတြင္း အေျခအေန တင္းမာလာမႈကို သူမ မသိေပ။ မုနန္၏ျပႆနာက အႀကီးအက်ယ္ ျဖစ္ကုန္၏။ စုေဆာင္းမိသမွ်သက္ေသမ်ားက သူ႔ကိုသာ ၫႊန္ျပေနသည္။ သူက ျဖစ္ႏိုင္အမ်ားဆုံးသံသယရွိသူျဖစ္သည္။ သူ႔ဖခင္ျဖစ္သူ ဟြာရွား၏စီနီယာစစ္တပ္အရာရွိ ရွီးက်န္းန်န္ေတာင္ သံသယအဝင္ခံရေလသည္။အကယ္၍ စစ္လက္နက္မ်ားကို တရားမဝင္ခိုးေရာင္းမႈစြပ္စြဲခ်က္က မုနန္အေပၚကိုသာ တာဝန္ပုံက်လာပါက မုပိုင္အပါအဝင္ ရွီးမိသားစုတစ္စုလုံး စစ္ေဆးေမးျမန္းျခင္းခံရမည္ျဖစ္သည္။မုပိုင္က စစ္တပ္တြင္ အလုပ္မလုပ္၊ စီးပြားေရးအထက္လႊာျဖစ္ေသာ္လည္း သူလည္း ပါဝင္ပတ္သက္ျခင္းခံရလိမ့္မည္။ထိုႏွစ္ပိုင္းအတြင္း မုပိုင္၏ကုမၸဏီက အဆမတန္ ႀကီးပြားတိုးတက္လာသည္။ သူ႔ကုမၸဏီ၏ ေငြအရင္းအျမစ္က အမွန္မွာ မသၤကာစရာေကာင္းေသာေနာက္ခံမွလာသည္ဟူ၍ ေကာလာဟလမ်ား ရွိသည္။ ထို႔ေၾကာင့္ ေန႔တိုင္းနီးပါး သူ႔ကုမၸဏီႏွင့္ အေကာင့္မ်ားနား ဖက္ဒရယ္စုံစမ္းေရးမႉးမ်ားက စုံအုံေနသည္။မုပိုင္က ထိုစြပ္စြဲခ်က္မ်ားကို မေၾကာက္ေခ်၊ အဘယ္ေၾကာင့္ဆိုေသာ္ ၎တို႔ကိုရွာေတြ႕မည္မဟုတ္ေပ၊ သို႔ေသာ္ သူ႔စီးပြားေရးတြဲဖက္လည္းျဖစ္၊ ၿပိဳင္ဘက္မ်ားလည္း ျဖစ္ၾကသူမ်ားထံမွ ေနာက္ေက်ာကို ဓားႏွင့္ အထိုးခံသည္ကိုေတာ့ အစာမေၾကေခ်။ ရွီးမိသားစု တစ္စုလုံး ေဒါသထြက္ေနၾကသည္။အဘိုးရွီးက အကူအညီလွမ္းေတာင္းရေလသည္။ သူ႔ကိုယ္တိုင္ဝင္ပါမွသာ ရွီးမိသားစုက နည္းနည္းပါးပါး အသက္ရႉေခ်ာင္ႏိုင္ေပမည္။ ထို႔ေၾကာင့္ ရွီးမိသားစုကို လတ္တေလာ မုပိုင္၏ဖခင္ ရွီးက်န္းစန္းက ဦးေဆာင္ေနရသည္။မုပိုင္ကေတာ့ သူ႔လူမ်ားကိုလႊတ္ထားၿပီး ေပ်ာက္ဆုံးေနသည့္လက္နက္မ်ားကို ရွာခိုင္းထားသည္။ ေလာေလာဆယ္မွာ လက္နက္မ်ားကို ျပန္ရွာၿပီး သစၥာေဖာက္ ကိုဖမ္းမွသာ ရွီးမိသားစု၏နာမည္ဆိုးကို ဖယ္ရွားႏိုင္မည္၊ သို႔မဟုတ္ပါက ရွီးမိသားစုက ထိုျပႆနာေၾကာင့္ ၿပိဳလဲသြားလိမ့္မည္။မုနန္ကို ထိုစြပ္စြဲခ်က္ျဖင့္ စြဲခ်က္တင္ပါက ရွီးမိသားစုမွာ ေန႔ခ်င္းညခ်င္း ယိုင္နဲ႔ႏိုင္သည္။ ႏိုင္ငံေရးေလာကတြင္ ေအာင္ႏိုင္သူအျဖစ္ ၾကာၾကာေနရသူမရွိေခ်။ တစ္ရက္မွာ သင္အျမင့္တြင္ရွိေနႏိုင္ေသာ္လည္း ေနာက္တစ္ရက္က် ေအာက္ဆုံးတြင္ျဖစ္ေနႏိုင္သည္။သတိတစ္ခ်က္ လြတ္သြားသည္ႏွင့္ သင့္ကို ရႈံးနိမ့္ရန္၊ အနာကို ဆားသိပ္ရန္ ေစာင့္ဆိုင္းေနသူမ်ား တစ္သီတစ္တန္းႀကီး ရွိေနႏိုင္သည္။ ကမာၻႀကီးက ရက္စက္လွသည္၊ အျခားသူမ်ား၏ အေလာင္းကို တက္နင္းၿပီး အထက္သို႔ တက္သြားတတ္ၾကသည္။ထို႔ေၾကာင့္ ရွီးမိသားစု၏ သတင္းကို ၾကားၿပီးၾကသူတိုင္း ထီးနန္းကို မတရား လုယူရန္ အသင့္ျပင္ေနၾကသည္။သူတို႔ကို အကူအညီေတာင္းေသာအခါ ပါးစပ္ကေနသာ ကူညီမည္ဟု ကတိေပးၾကေသာ္လည္း ထိုကတိမ်ားမွာ စကားသက္သက္သာျဖစ္သည္။...အခန္း ၃၄၀။ ငါ့ကို လာတိုက္ခိုက္တယ္တဲ့လား။ အရမ္းေတာ့ ဘယ္လြယ္ပါ့မလဲရွီးမိသားစုက ထိုစည္းမ်ဥ္းမ်ားႏွင့္ အရင္းႏွီးဆုံးျဖစ္သည္၊ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔ကိုယ္တိုင္ကိုက ထိုသို႔က်င့္ႀကံသူမ်ားျဖစ္တာေၾကာင့္ပင္။ ထို႔ေၾကာင့္သူတို႔ကိုယ္သူတို႔သာ အားကိုးရမည္ကို သိၾကသည္၊ မည္သူမွ ထိုအခက္အခဲကို ကူေက်ာ္ေပးမည္မဟုတ္ေပ။ အေရးႀကီးဆုံးကိစၥမွဦ မုနန္၏ တရားမဝင္လက္နက္ေရာင္းဝယ္ျခင္း စြဲခ်က္ဆိုသည့္ နာမည္ဆိုးကို ဖယ္ရွားရန္ျဖစ္သည္။သို႔ေသာ္ လက္နက္မ်ားေပ်ာက္သြားပုံမွာ အစအနေတာင္မက်န္ခဲ့ေပ။ သူတို႔ ေျခရာခံႏိုင္မည့္ သဲလြန္စတစ္ခုေတာင္ မရွိေခ်။ထို႔ျပင္ သူတို႔ တစ္လအတြင္း သက္ေသကိုရထားရမည္။ အဘယ္ေၾကာင့္ဆိုေသာ္ တစ္လအၾကာ၌ ဖုန္းေဆာင္ဟြမ္ကို မုနန္အစား နဂါးပ်ံယူနစ္၏ ေခါင္းေဆာင္အျဖစ္ လႊဲေျပာင္းေတာ့မည္ျဖစ္၏။ တစ္နည္းအားျဖင့္ သူတို႔တြင္ အခ်ိန္သိပ္မရွိေတာ့ေခ်။ သူတို႔ ျမန္ျမန္လုပ္ရေပမည္၊ သို႔မဟုတ္ပါက အက်ိဳးဆက္မ်ားမွာ ေတြးမရေလာက္ေအာင္ ႀကီးမားလိမ့္မည္။ရွီးမိသားစုက ထိုျပႆနာကို ေျဖရွင္းရန္ ရွိသမွ်အရင္းအႏွီးမ်ားကို ပုံအပ္ၿပီး အဆိုးဆုံးအတြက္ ေသခ်ာေပါက္ အသင့္ျပင္ထားၿပီျဖစ္၏။..."မုပိုင္ မင္း ဒီအက်ပ္အတည္းတစ္ခုလုံးကေန ဖယ္ေနလိုက္" က်န္းစန္းက သူ႔သားကို အတည္ေပါက္ေျပာလာသည္။ "တကယ္လို႔ ဘုရားက တားျမစ္ရင္၊ ဒါကို မလြဲမေသြႀကဳံေတြ႕ရမွာပဲ၊ ပါးတို႔ အနည္းဆုံးေတာ့ စီးပြားေရးေလာကမွာ ေနရာရွိပါေသးတယ္" မုနန္၏ဖခင္ က်န္းန်န္ကလည္း သေဘာတူေလသည္။"မင္းအေဖေျပာတာမွန္ တယ္၊ မုပိုင္ သား ဒီထဲကေနလက္ေရွာင္ထားလိုက္။ ငါတို႔ ျခင္းတစ္ခုတည္းမွာ ၾကက္ဥအကုန္လုံးကို ထည့္လို႔မရဘူးေလ၊ မုနန္ က်ရႈံးသြားရင္ေတာင္ ရွီးမိသားစုကို ျပန္ထူေထာင္ဖို႔ မင္း ရွိေနေသးတာပဲေလ"မုပိုင္က ၿပဳံးလာသည္။ "ပါး၊ ဦးေလးတို႔က အရမ္းအေကာင္းျမင္တတ္တာပဲ။ ကြၽန္ေတာ္ထြက္ခ်င္ရင္ေတာင္ ရန္သူက ခြင့္ျပဳမွာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ သူတို႔ပန္းတိုင္က ရွီးမိသားစုတစ္ခုလုံးကို ဖ်က္ဆီးဖို႔ေလ""သူတို႔ကေတာ့ ႀကိဳးစားၾကမွာပဲ၊ ဒါေပမဲ့ ငါတို႔ရွီးအိမ္က အလြယ္တကူနဲ႔ မပ်က္စီးပါဘူး" က်န္းစန္းက ဂုဏ္သိကၡာအျပည့္ျဖင့္ ေႂကြးေၾကာ္ေလသည္။ က်န္းန်န္လည္း အေတြးတူေပသည္။ သူတို႔အေတြးမွာ ရွီးမိသားစုက ႀကံ့ႀကံ့ခံႏိုင္ သည္၊ ဖုန္းမိသားစုပင္ သူတို႔ကို အမွန္တကယ္ ထိခိုက္ေအာင္မလုပ္ႏိုင္ေပ။ မုနန္ကို သူတို႔ ေထာင္ေခ်ာက္ဆင္တာပဲ သူတို႔အလြန္ဆုံးလုပ္ႏိုင္မည္၊ သူတို႔ ရွီးမိသားစုကို ဆက္လက္ မထိပါးႏိုင္တာေၾကာင့္ ေထာင္ေခ်ာက္ဆင္တာက မုနန္ႏွင့္ပင္ ၿပီးသြားမည္။မုပိုင္ကေတာ့ တစ္မ်ိဳးေတြးေလသည္။"ရွီးဆိုတဲ့နာမည္က အခုခ်ိန္ အရမ္းသတိထားေနၾကတာ။ ကြၽန္ေတာ္တို႔မိသားစုရဲ႕ အနာဂတ္က မုနန္နဲ႔ဆိုင္ေနတာ၊ သူတို႔ သူ႔ကို လာထိပါးတာက သူတို႔ ကြၽန္ေတာ္တို႔ရွီးမိသားစုကို ဘယ္ေလာက္ထိလိုက္ ဖ်က္ဆီးမွာလဲဆိုတာကို ျပေနတာပဲ။ မုနန္ကိုသာ ဖယ္ထုတ္ၿပီးရင္ ကြၽန္ေတာ့္အလွည့္ပဲ၊ ဘာလို႔လဲဆိုေတာ့ ေနာက္ၿခိမ္းေျခာက္မႈအႀကီးစားက ကြၽန္ေတာ္မို႔လို႔"အေၾကာင္းမွာ မုပိုင္က ေငြေၾကးအရ အင္အားေတာင့္တင္းၿပီး ၿမိဳေတာ္တြင္ လႊမ္းမိုးမႈႀကီးေလသည္။ အကယ္၍ သူသာျပဳတ္က်သြားပါက ရွီးမိသားစုလည္း တူတူျပဳတ္က်သြားလိမ့္မည္။ မိသားစုကို ဆက္လက္ထိန္းသိမ္းမည့္ လူငယ္လူ႐ြယ္မရွိပါက ရွီးမိသားစု၏ အာဏာ တစ္စတစ္စႏွင့္ ေလ်ာ့ပါးလာၿပီး ပ်က္စီးသြားလိမ္မည္။ ရန္သူက မုနန္ကို ကိုင္တြယ္ေျဖရွင္းၿပီးသည္ႏွင့္ မုပိုင္ကို ဦးတည္လာမည္က အေသအခ်ာပင္။"ဒါေၾကာင့္မို႔လို႔ သား ဒီအရႈပ္အေထြးကေန ေရွာင္ေနရမယ္" က်န္းန်န္က အႀကံေပးလာသည္။"ရွီးမိသားစုက ကြၽန္ေတာ့္ကို စြန္႔မပစ္မခ်င္း အဲဒါက ျဖစ္လာမွာမဟုတ္ဘူး"မုပိုင္က အျပတ္ေျပာလာသည္။ "ၿပီးေတာ့ ရွီးမိသားစုရဲ႕ ဂုဏ္ယူရတဲ့မိသားစုဝင္ အေနနဲ႔ ကြၽန္ေတာ္က ဘယ္လိုလုပ္ဒီတိုင္းရပ္ၾကည့္ေနႏိုင္မွာလဲ။ ပါး၊ ဦးေလး ကြၽန္ေတာ့္ကို စိတ္မပူပါနဲ႔၊ ကြၽန္ေတာ့္ကို လြယ္လြယ္နဲ႔ ဆြဲခ်လို႔မရပါဘူး။ ေသခ်ာေပါက္ ရွီးမိသားစုလည္း တူတူပဲ""ငါတို႔ ဒီမုန္တိုင္းကို ေက်ာ္လႊားႏိုင္ရင္ ငါတို႔ေသခ်ာေပါက္ ရန္သူ႔ကို ရွီးမိသားစုရဲ႕ အမ်က္ေဒါသကို ျမည္းစမ္းၾကည့္ခိုင္းၿပီး ငါတို႔ရွီးမိသားစုကို လာရႈပ္ရဲတဲ့အတြက္ သင္ခန္းစာေတြေပးပစ္ဦးမွာ" က်န္းန်န္က အံၾကတ္ၿပီး ေျပာေလသည္။ က်န္းစန္းလည္း ေဒါကန္ေန၏။"ငါတို႔ ရွီးမိသားစုက ဒီေန႔ဒီေနရာကို အလုပ္ႀကိဳးစားၿပီး အရည္အခ်င္းျပည့္မီလို႔ရခဲ့တာ။ ငါတို႔ မေကာင္းတဲ့တစ္ခုမွမလုပ္ခဲ့ဘူး၊ အဲဒါေတာင္ ဒီလူေတြက အေမွာင္ထဲကေန ငါတို႔ကို ဒုကၡေပးရဲေသးတယ္။ ငါတို႔ တရားခံကို ရွာေတြ႕တာနဲ႔ သူတို႔ကို ျပစ္ဒဏ္ႀကီးႀကီးအေပးခံေစရမယ္"သို႔ေသာ္ သူတို႔ကို ေဒါသထြက္ေစသည္မွာ ထိုအခ်က္ေတာ့မဟုတ္။ ရန္သူက မည္သူဆိုသည္ကို သိသိလ်က္ႏွင့္ ဘာမွလုပ္၍မရသည္ကို သူတို႔ေဒါသအျဖစ္ဆုံးျဖစ္၏။ ရန္သူက သူတို႔မိသားစုဝင္ကို ဒုကၡေပးေနသည္ကို သူတို႔မွာ ေဒါသပဲထြက္ေနႏိုင္သည္။ ထို႔ေၾကာင့္ သူတို႔ မေက်နပ္ၾကျခင္း ျဖစ္၏။ထို႔ေၾကာင့္ ယခုအခါ ရွီးမိသားစုႏွင့္ ဖုန္းမိသားစုၾကား ၿပိဳင္ဆိုင္မႈက အၾကည္းတန္လွေသာ ေကာင္းခန္းသို႔ ေရာက္လာေခ်ၿပီ။ ႏွစ္ဖြဲ႕ထဲမွတစ္ဖြဲ႕က ေသသြားမွသာ အဆုံးသတ္သြားမည္။ေသခ်ာေပါက္ ဖုန္းအိမ္ကလည္း ၎ကို ေကာင္းေကာာင္း နားလည္ထားသည္။ သူတို႔လည္း ရွီးမိသားစုကို အျပတ္ေခ်မႈန္းရန္ အားလုံးကို ပုံအပ္ထားသည္မွာ ေျပာစရာကိုမလိုေတာ့ေခ်။...

Continua llegint

You'll Also Like

224K 36.9K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
434K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
213K 32.3K 82
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
244K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...