-THAT MAN- [Complete]

Από ChristianCherry5

26.8K 1.9K 814

"ကျွန်တော်ကို လေးလေးစားစား ဆက်ဆံပါ လူကြီးမင်း" "လေးလေးစားစားတော့ မဆက်ဆံချင်ဘူး Role Play ဆိုရင်တော့ မဆိုးပါဘူ... Περισσότερα

Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 4 ✓
Episode 6 ✓ Warning ∆
Episode 7 ✓
Episode 8 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓ [Warning]
Final Episode ✓

Episode 5 ✓

1.3K 183 87
Από ChristianCherry5

Unicode ✅

-THAT MAN-

ဂျီမင် ကိုယ်တိုင်လိုက်ပြီး ရွေးပေးထားသည့် ဆိုင်ကယ်လေးအား Suga အတော်လေး သဘောတွေ့နေရှာသည်။ ဂျီမင်ကပဲ အမြင်ရှိလေသလား။ ဆိုင်ကယ်တွေ အများကြီးထဲမှာမှ Suga ကြိုက်တဲ့ အနက်ရောင်ကိုသာ ရွေးပေးတဲ့အပြင် စမ်းစီးကြည့်တော့လည်း သူကိုယ်တိုင် အနောက်ကနေ ထိုင်လိုက်ပြီး အကဲခတ်ပေးတာမို့ Suga တစ်ယောက် ဒီနေ့တော့ ထီပေါက်သလိုပါပင်။

ဆိုင်ကယ်လေးအား ဝယ်ပြီးချိန်မှာလည်း နှစ်ယောက်သား အတူတူ မြို့ပြင်ဘက်သို့ ပတ်စီးဖြစ်ကြသေးသည်။ ပုံမှန်ဆိုရင် ဂျီမင်အနေနဲ့က Suga အပေါ် ဒီလောက်ထိ အလိုလိုက်တာမျိုး မရှိသော်လည်း သူ့စကား တစ်ခွန်းကြောင့် ဆိုင်ကယ်အားရောင်းပြစ်လိုက်သည့် Suga အပေါ် အားနာစိတ်ကလေး ခံနေတာကြောင့် ဒီနေ့တော့ Suga အားအလိုလိုက်ပေးနေမိ၏။

မြို့ပြင်ဖြစ်သည်မို့ တစ်လမ်းလုံး ခရီးသွား ကားတွေလောက်သာရှိပြီး လမ်းကြောင်းက ‌အတော်လေး ရှင်းလင်းလှသည်။ Suga ကတော့ သူမှာထားသည့်အတိုင်း ဆိုင်ကယ်အား ခပ်‌ဖြေးဖြေးသာ မောင်းနေကာ သူ့ကိုလည်း မကြာခဏ စကားလှည့်ပြောသေး၏။

“စုံထောက်ပတ်ခ်”

“ကျွန်တော် နားထောင်နေတယ်”

“ဗိုက်ဆာနေပြီလား”

အနောက်သို့လှည့်ကာ မျက်နှာချင်း နီးကပ်နေသည့် အနေအထားနှင့် Suga မေးလေတော့ ဂျီမင်မျက်နှာ အနည်းငယ် ဆူပုတ်သွားလေသည်။

ဘာကြောင့်ဆို တနေကုန် အလိုလိုက်ပြီး ဆိုင်ကယ်တစ်စီးနဲ့ လျှောက်သွားနေတာ သူဗိုက်မဆာဘဲ နေပါ့မလား။ ပြီးတော့ ဒီနေ့တစ်ရက်အတွက် သူ့အလုပ်တွေလည်း အကုန်ဖျက်ထားရတာ မဟုတ်လား။

“ဟားဟား တကယ်ဗိုက်ဆာနေတာပဲ ခင်ဗျား မျက်နှာ ဆူပုတ်နေတာလေး သိပ်ချစ်ဖို့ကောင်းတာပဲ Little Park”

“ကျွန်တော် မပြောလည်း လူကြီးမင်း သိရမှာပေါ့”

“ဟောဗျာ မပြောဘဲ ကိုယ်ကဘယ်လိုလုပ်သိမှာလဲ”

Suga မျက်နှာခပ်ပြုံးပြုံးနဲ့ မေးလေတော့ ဂျီမင်သည် မသိမသာ မျက်စောင်းလှလှလေးထိုးကာ မျက်နှာ တစ်ဖက်သို့လှည့်သွားသည်။ ဒါကို မြင်ဖြစ်အောင် မြင်လိုက်သည့် Suga မှာတော့ ခပ်ဟဟသာရယ်မောရင်း ဆိုင်ကယ်အား နောက်ပြန်လှည့်ဖို့ ပြင်တော့၏။

သို့သော်။

“မလှည့်နဲ့!”

ရုတ်တရက်ကြီး ခါးပေါ်ရောက်လာတဲ့ လက်တွေနဲ့အတူ သူ့ကျောပြင်ထက် ထိကပ်လာသည့် ဂျီမင် ခန္ဓာ။

“ဆိုင်ကယ်ကို နောက်ပြန်မလှည့်ဘဲ  အတက်နိုင်ဆုံး မြန်မြန်မောင်းပါ လူကြီးမင်း”

သူ့အား ဆိုင်ကယ် မြန်မြန်မမောင်းဖို့ အတန်တန်မှာတတ်သည့် ဂျီမင်ဆီက ထိုစကားကို ကြားလိုက်ရတော့ Suga အနည်းငယ် ကြောင်အန့်သွားရှာသည်။

သို့သော် ဂျီမင်စကားအတိုင်း ဆိုင်ကယ်အား အရှိန်တင်ကာ ခပ်မြန်မြန် မောင်းပြစ်လေရဲ့။

“ဘာတွေဖြစ်နေတာလဲ စုံထောက်ပတ်ခ်”

‌“ကျွန်တော်တို့ အနောက်မှာ ဆိုင်ကယ် သုံးစီးလိုက်လာတယ် အစကတော့ ဒီတိုင်း တိုက်ဆိုင်တယ်ပဲ ထင်ထားတာ ဒါပေမဲ့...”

ဂျီမင် ဆက်မပြောတော့ဘဲ ‌အနောက်သို့ တစ်ချက်လှည့်ကြည့်ကာ ခါးကြားထဲက သေနတ်အား ဆွဲထုတ်လိုက်လေသည်။

ပြီးသည်နှင့် Suga နားအနားသို့ကပ်ကာ ။

“အခုချိန်ကစပြီး ဘေးကင်းမဲ့နေရာကို မရောက်မချင်း ဆိုင်ကယ်ကို မြန်နိုင်သလောက် အမြန်မောင်းပါ ဘာပဲဖြစ်ဖြစ် အနောက်ကိုလည်း လှည့်မကြည့်ပါနဲ့ ကျွန်တော်ကိုလည်း စိတ်မပူနဲ့ ကျွန်တော်ပြောတာ နားလည်လား လူကြီးမင်း”

“အင်း ကိုယ်သိပြီ”

ထို့နောက် Suga ဟာ ဆိုင်ကယ်အား သူစီးနေကြ အမြန်နှုန်းဖြင့် အရှိန်တင်ကာ မောင်းတော့သည်။ သူအရှိန်တင်ကာ မောင်းလိုက်တော့ အနောက်က လိုက်လာသည့် ဆိုင်ကယ်သုံးစီးမှာလည်း သူ့နည်းတူ အရှိန်တင်ကာ ပေါ်တင်လိုက်လာတော့၏။

“ဒီကောင်တွေ ဘယ်သူတွေလဲ စုံထောက်ပတ်ခ်နဲ့ ဘယ်လိုပတ်သတ်နေတာလဲ”

“ကျွန်တော်လည်း မသိသေးဘူး သေချာတာတစ်ခုကတော့ ကျွန်တော် အခုလိုက်နေတဲ့ အမှုနဲ့ပတ်သတ်တဲ့လူတွေ ဖြစ်နိုင်တယ်”

ဂျီမင်ပြောစကားကြောင့် Suga မျက်နှာမှာ စိတ်အလိုမကျဖြစ်သွားသလို စိတ်ပူပန်မှုတွေမှာလည်း အထင်းသား ထွက်ပေါ်လာခဲ့လေသည်။ ဒါကြောင့် ဆိုင်ကယ်အား  ပိုမိုမြန်ဆန်သည့် အရှိန်နှုန်းအားတင်ကာ မောင်းထွက်တော့၏။

ပိုပြီးတင်ချလိုက်သည့် Suga ဆိုင်ကယ် အရှိန်နှုန်းကြောင့် လိုက်မမှီတော့သည့် ‌အနောက်က ဆိုင်ကယ်တွေဟာ ဒေါသထွက်လာသည့်ပုံပင်။ ထို့ကြောင့် မလှမ်းမကမ်းကနေ ဂျီမင်တို့အား သေနတ်ဖြင့် လှမ်းပြစ်ဖို့လုပ်တော့၏။

*ဒိုင်း!*

“Shit! ဒီကောင်တွေကတော့!”

ဂျီမင်ဟာ ဒေါသထွက်သွားဟန် သူတို့အားလှမ်းပြစ်သည့် အနောက်က‌ ဆိုင်ကယ်တွေထဲက တစ်စီးအား သေနတ်ဖြင့်လှမ်းချိန်ကာ လက်တစ်ဖက်ကလည်း ယွန်းဂီခါးအား တင်းနေအောင် ဖက်ထားလေသည်။

*ဒိုင်း!*

အတိအကျကြီး  ချိန်ထားပြီးချိန်မှာတော့ ‌ပြစ်ချလိုက်သည့် ဂျီမင်ပြစ်ချက်ကြောင့် မောင်းနေသည့်လူ၏ လက်မောင်းအား သွားထိကာ ထို‌ဆိုင်ကယ်ဟာ လမ်းမထက် ပြစ်လဲသွားလေသည်။ ထိုဆိုင်ကယ် ပြစ်လဲပြီးချိန်မှာတော့ နောက်ထပ်နှစ်စီးပါ သူတို့နောက် ဆက်မလိုက်လာတော့ပေ။

“အဆင်ပြေရဲ့လား လူကြီးမင်း ‌ဒီကောင်တွေနေခဲ့ပြီး ဆက်မလိုက်လာဖြစ်တော့ဘူးထင်တယ်”

“အင်း ကိုယ့်ကိုစိတ်မပူနဲ့ မင်းအဆင်ပြေနေရင်ရပြီ”

လူကြီးမင်း တုံ့ပြန်သည့် စကားကြောင့် သူ့မှာတုံ့ပြန်စကားဆို‌ဖို့တောင် တွန့်ဆုတ်လို့နေခဲ့လေသည်။ လူကြီးမင်း ပြောသွားတဲ့ လေသံဟာ ကြောက်ရွံ့နေတာမျိုး ထိတ်လန့်နေတာမျိုး မဟုတ်ဘဲ အလွန်အမင်း တည်ငြိမ်နေခဲ့တာမို့ သူစိတ်ထဲတစ်မျိုး ခံစားရတာအမှန်ပင်။

လူကြီးမင်းဟာ ရုတ်တရက် ကြုံလိုက်ရသည့် အခုလိုအနေအထားမျိုးအား မနှစ်မြို့သည်လား။ ဒါမှမဟုတ် ဒီကိစ္စရပ်ကြောင့် သူ့အနားမှာကပ်တွယ်ဖို့ တွေဝေနေပြီ‌လား။ သူမစဉ်းစားတက်ချေ။

ဘယ်လိုပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်အတွက်ကတော့ အခုလိုမျိုး ကြုံလိုက်ရသည့် ကိစ္စရပ်ပေါ်မှာ အနည်းနှင့်အများတော့ စိတ်ရှုပ်ထွေးသွားမှာ အမှန်ပင်။

သူကိုယ်တိုင်သည်လည်း ဘာကြောင့်မှန်းမသိ စိတ်ရှုပ်ထွေးနေခဲ့သည် မဟုတ်လား။

“ကြည့်ရတာ ကိုယ်တို့ ဘေးကင်မဲ့နေရာ ရောက်ပြီ ထင်တယ်”

လူကြီးမင်း အပြောကြောင့် သူ့ဘေးပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်တော့ လူနေအိမ်တွေ ဆိုင်တွေ တွေ့လိုက်ရတာကြောင့် သူတို့ဒီညတော့ တည်းခိုးဖို့နေရာ ရှာတွေ့ပြီထင်လေ၏။

ထို့နောက် Hotel တစ်ခုမှာ ရပ်လိုက်ကာ ဒီညတော့ Hotel မှာပဲ တည်းခိုးပြီး မနက်မိုးလင်းမှ ထပြန်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

“စုံထောက်ပတ်ခ် နားလိုက်ဦး ကိုယ် ရေချိုးခန်း ခဏသုံးဦးမယ်”

လူကြီးမင်းအပြောကြောင့် သူလည်း ဆိုဖာခုံအသေးလေး၌ ထိုင်နေလိုက်သည်။ အစကတော့ နှစ်ခန်းယူမယ် ‌စီစဉ်ထားပေမဲ့လည်း သူ့အားစိတ်မချဖြစ်နေသည့် လူကြီးမင်းကြောင့် တစ်ခန်းထဲမှာပဲ အတူတူနေဖို့ အကြောင်းဖန်လာလေ၏။

လူကြီးမင်း ပြန်ထွက်လာမဲ့ အချိန်အားစောင့်ရင်း ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် ဖွင့်ကြည့်လိုက်တော့ Hotel ဝန်ထမ်းကောင်လေးတွေက မုန့်ဗန်းတွေကိုင်ကာ အခန်းထဲဝင်လာလေသည်။

“ဒီမှာထားခဲ့ပါ”

သူပြောတဲ့အတိုင်း မုန့်တွေအား စာပွဲခုံထက် ထားခဲ့ကာ ပြန်ထွက်သွားကြတာမို့ သူ့လည်းတံခါးအား ပြန်ပြီးလော့ခ်ချထားလိုက်သည်။ ပြီးသည်နှင့် မုန့်တွေအားကြည့်ပြီး ဗိုက်လည်း အတော်လေး ဆာနေပြီးမို့ လူကြီးမင်းအား မစောင့်တော့ဘဲ သူအရင်စားလိုက်မိ၏။

“မုန့်တွေရောက်လာပြီလား”

ရေချိုးခန်းတံခါး ဖွင့်သံနှင့်အတူ အနောက်ကနေ ထွက်ပေါ်လာတဲ့အသံကြောင့် ဂျီမင်စားနေရင်းမှ နောက်သို့ လှည့်ကြည့်လေသည်။ ထိုအချိန်မှာပဲမြင်လိုက်ရသည်မှာပဲ စိုနေသည့်ခေါင်းထက် သဘက်တင်ထားကာ Bathrobe ဝတ်ထားသည့် Suga အား တွေ့လိုက်ရလေ၏။

Suga အား သူ့စိတ်ကြိုက် ငေးလို့ဝပြီးဆိုမှ ဆက်ခနဲ့ ပြန်လှည့်သွားသည့် ဂျီမင်ကြောင့် Suga သဘောတကျပြုံးတော့သည်။ ဂျီမင်ကသူ့အား ကျောပေးထားတာမို့ အနောက်ကနေ မြင်နေရသည့် ဂျီမင် နားရွက်ဖျားလေးတွေနှင့် ပါးမို့မို့လေးတွေမှာ ရှက်စိတ်ကြောင့် ခပ်ရဲရဲလေးဖြစ်နေလေ၏။

“ကိုယ့်ကိုတောင် မစောင့်ဘူး”

Suga ကစိတ်ကောက်သလို လေသံလေးဖြင့်ဆိုကာ ဂျီမင်ဘေး၌ ဝင်ထိုင်လေတော့ ဂျီမင်မှာ အပြစ်ကျူးလွန်မိသလို မျက်နှာလေးဖြင့် Suga အား လှည့်ကြည့်လေရဲ့။

“လူကြီးမင်းကို စောင့်မလို့ပါပဲ ဗိုက်အရမ်းဆာနေတာမို့ အဲ့ဒါ-”

“ကိုယ်ကစနေတာပါဗျာ စုံထောက်ပတ်ခ်သာ ဝအောင်စား ကိုယ်က အဲ့ဒီလောက်လည်း မဆာဘူး”

“ဒါပေမဲ့ အားရှိအောင် နည်းနည်းတော့ စားလိုက်ပါ”

ကြက်ကြော်တစ်တုံးအား သူ့ထံကမ်းပေးလာသည့် ဂျီမင်အား‌ကြည့်ပြီး Suga တစ်ယောက် ခပ်ယေးယေးပြုံးလေသည်။ ထို့နောက် ဂျီမင်ကမ်းပေးသည့် ကြက်ကြော်အား မယူလိုက်ဘဲ ဂျီမင်လက်ကလေးအား အသာကိုင်လိုက်ကာ ဂျီမင်ကိုင်ထားရက်တိုင် ကြက်ကြော်အားယူစားလေ၏။

ထို့ကြောင့် အခုအနေအထားဟာ ဂျီမင်က Suga အား ခွံကျွေးနေသည့် အနေအထားမျိုးပင်။

“အရသာရှိသားပဲ”

လုပ်ချင်ရာလုပ်ပြီး ပြုံးနေတဲ့ Suga ကြောင့် ဂျီမင်ပို၍ပင် ရှက်‌လာလေပြီ။

“ကိုယ့်ဘာသာယူစားပါ”

ချက်ချင်း လက်ထဲကကြက်ကြော်အား ပန်းကန်ပြားထဲ ပြန်ထည့်လိုက်ကာ သူစားစရာရှိတာ ဆက်စားနေတဲ့ ဂျီမင်အားကြည့်ပြီး Suga ခပ်ဟဟရယ်တော့သည်။

“စုံထောက်ပတ်ခ်က ငြိုငြင်လိုက်တာဗျာ”

Suga ကလေးဆန်ဆန် တုံ့ပြန်လာတဲ့ စကားကြောင့် ဂျီမင်က Suga ကို တစ်ချက်လှည့်ကြည့်လေသည်။ ပြီးသည်နှင့် ဂျီမင် မျက်ဝန်းတွေဟာ မခြောက်သေးသည့် Suga ဆံပင်တွေဆီ ရောက်သွားလေရဲ့။

“ကျွန်တော်ကူပေးရမလား”

“ဟမ်”

“ဆံပင်တွေမခြောက်ရင် လူကြီးမင်း ဖျားလိမ့်မယ်”

အခုမှ ဂျီမင် ဆိုလိုတာကို သဘောပေါက်သွားဟန်   Suga ဟာ သူထိုင်နေသည့် ဆိုဖာခုံကနေ ဆင်းလိုက်ကာ ဂျီမင် ထိုင်နေသည့် ဆိုဖာအောက်ဘက်သို့ ဝင်ထိုင်လေသည်။

“ဘာလို့ ညဘက်ကြီးကို ခေါင်းလျှော်ရတာလဲ”

မေးလည်းမေး Suga ဆံနွယ်တွေအား သဘက်ဖြင့် သေချာသုတ်ပေးနေသည့် ဂျီမင်ပါလေ။

“လန်းဆန်းသွားအောင် လျှော်လိုက်တာ မဟုတ်ရင် အိပ်လို့ပျော်မှာမဟုတ်ဘူး”

Suga အဖြေကြောင့် ဂျီမင်လည်း ဘာမှဆက်မပြောတော့ဘဲ ဆံပင်တွေကိုသာ ခြောက်အောင် သေချာသုတ်ပေးနေလေရဲ့။ ထို့နောက် ခဏကြာတော့ နှစ်ယောက်သား ညစာအတူတူစားကာ အိပ်ယာဝင်ဖို့ပြင်ကြတော့၏။

“လူကြီးမင်း ကုတင်မှာအိပ်လိုက်ပါ”

“စုံထောက်ပတ်ခ်ကရော ဘယ်မှာအိပ်မှာလဲ”

“ကျွန်တော်ကတော့ ဆိုဖာမှာပဲ အိပ်လိုက်မယ်”

သူ့အပြောကြောင့် လူကြီးမင်း မျက်နှာဟာ အလိုမကျဟန်ဖြစ်သွားပြီး ကုတင်ထက်လှဲလိုက်လေသည်။ သို့သော် ကုတင်ထက်လှဲနေရင်း သူ့အား ဆူပုတ်ပုတ်ဖြင့် လှမ်းကြည့်နေတာမို့ သူ့မှာဆိုဖာထက် သွားလှဲရတော့မလို ဆက်ပြီးပဲ ရပ်နေရမလို တစ်‌ယောက်တည်း တိုင်ပတ်နေတော့၏။

“ဟို...အဆင်မပြေတာရှိလို့လား လူကြီးမင်း”

သူ့အမေးကြောင့် လူကြီးမင်းက တစ်ဖက်သို့အကြည့်လွှဲသွားပြီး ။

“စောနက အဖြစ်ပျက်ကြောင့် ကိုယ် အခုထိ လန့်နေတုန်းပဲ ဒါတောင် စုံထောက်ပတ်ခ်က ကိုယ့်အနားမှာ မနေပေးဘဲ တခြားနေရာမှာ သွားအိပ်မယ်ဆိုတော့ ကိုယ်က ဘယ်လိုလုပ် အဆင်ပြေမှာလဲ”

ကလေးဆန်ဆန် အသံဆာဆာလေးဖြင့် ဆိုလာသည့် လူကြီးမင်းကြောင့် သူတကယ် အကျပ်ရိုက်လေပြီ။ သူ့ကြောင့် လူကြီးမင်း အသက်အန္တာရာယ်လည်း ထိခိုက်မလိုဖြစ်ထားတာကြောင့် သူလူကြီးမင်းစကားတွေအား လျစ်လျူရှုထားဖို့လည်း မလုပ်နိုင်ပေ။

မသက်သာတဲ့အဆုံး အသက်အား ခပ်ပြင်းပြင်းရှုလိုက်ကာ ရှက်စိတ်အား လျစ်လျုပြုထားရင်း သူကုတင်ထက် အသာ‌လေးတက်လိုက်သည်။ သူ့လုပ်ရက်ကြောင့် လူကြီးမင်းက ‌အံ့ဩသွားသည်ထင်။ သူ့အား လှည့်ကြည့်လေ၏။

“ကျွန်တော်ကြောင့် အခက်တွေ့သွားရင် တောင်းပန်ပါတယ် ဒီညလည်း လူကြီးမင်းအနားမှာ နေပေးမှာမို့- အင့်!”

ဂျီမင်စကား‌ပင်မဆုံးသေး။ ဂျီမင်အား လက်ကနေ ဆွဲချကာ အပေါ်ကနေ အုပ်မိုးလိုက်တဲ့ Suga လုပ်ရက်ကြောင့် ဂျီမင် မျက်နှာတစ်ခုလုံး ပန်းနုရောင် ခပ်ရဲရဲကူးပြောင်းလေပြီ။

“လူ လူကြီးမင်း ဖယ်ပါ”

“ကိုယ်ပြောစရာရှိတယ်”

“ဒါ‌ဆိုလည်း ဖယ်ပြီးတော့ပြော-”

“ဒီတိုင်းပဲပြောမယ်”

ကြားဖြတ်ပြောလိုက်တဲ့ Suga စကားကြောင့် ဂျီမင် မျက်နှာမှာ ပိုပြီးရဲတက်လာပြီး တစ်ဖက်သို့ လွှဲသွားလေရဲ့။

“လုပ်ချင်သလိုလုပ်ပါတော့”

ရှက်စိတ်ကြောင့် မရဲတရဲလေးပြန်ပြောလာတဲ့ စကားသံလေးမှာ ချစ်စရာအတိ။

“ကိုယ့်ကိုကြည့် ကိုယ်မင်းကို ပြောစရာတွေ အများကြီး ရှိတယ်”

ကြည့်ဆိုတော့လည်း ကြည့်ရှာသည်။ စုံထောက်တစ်ယောက် ဆိုသည့်အတိုင်း ရှက်နေပေမဲ့လည်း သူ့ကိုယ်သူထိန်းကာ Suga မျက်ဝန်းတွေအား ခပ်တည်တည်ဖြင့် စိုက်ကြည့်လာ၏။

သို့သော် ရဲတက်နေသည့် ပါးပြင်လေးတွေကိုတော့ ဟန်မဆောင်နိုင်ခဲ့ပေ။

“စုံထောက်ပတ်ခ် ဘာလို့ ဒီအလုပ်ကို လုပ်ခဲ့တာလဲ”

ရုတ်တရက်ကြီး ဘာမှမဆိုင်သည့် မေးခွန်းအား ထမေးလာသည့် လူကြီးမင်းပါလေ။

“ကျွန်တော်မိဘတွေက ကျွန်တော် ငယ်ငယ်လေးကတည်းက အသတ်ခံခဲ့ရတာ ဒါကြောင့် ကျွန်တော် မိဘတွေရဲ့ အမှုကို ပြန်လိုက်ဖို့အတွက် ကြိုးစားရင်းကနေ ဒီအလုပ်ကို ဆက်လုပ်ဖြစ်ခဲ့တာ”

ဂျီမင်အပြောကြောင့် Suga ဟာ ဂျီမင်မေးဖျားလေးအား အသာလေး လှမ်းကိုင်လေသည်။

ပြီးသည်နှင့် အကြည့်ချင်းဆုံကာ ။

“အစကတော့ ကိုယ်မင်းကို ဒီအလုပ် ဆက်မလုပ်ဖို့ ပြောမလို့ဘဲ ဘာလို့လည်းဆိုတော့ စောနက ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိစ္စတွေကို ကြည့်ပြီး ကိုယ်မင်းတစ်ခုခုဖြစ်သွားမှာ စိတ်ပူတယ်”

စိတ်ပူနေသည့် မျက်နှာဖြင့် ထိုစကားတွေအားဆိုကာ လက်တွေကလည်း ဂျီမင်ဆံနွယ်တွေအား ခပ်ဖွဖွသပ်တင်နေလေရဲ့။

“အခုတော့ မင်းမှာလည်း မင်းအကြောင်းနဲ့ မင်းဆိုတော့ ကိုယ်မတားတော့ပါဘူး ဒါပေမဲ့ ဘယ်လိုအကြောင်းအရာနဲ့ပဲဖြစ်ဖြစ် မင်းကိုတော့ ကိုယ်တစ်ခုခု အဖြစ်မခံနိုင်ဘူး စုံထောက်ပတ်ခ်”

Suga စကားကြောင့် ဂျီမင်က မျက်လွှာအောက်သို့ ချသွားကာ ခပ်တိုးတိုးအသံဖြင့် ။

“ကျွန်တော်လည်း စုသင့်သလောက်စုပြီး ပိုင်ဆိုင်သင့်သလောက်လေး ပိုင်ဆိုင်ပြီးရင် ဒီအလုပ်ကနား‌ဖို့ ဆုံးဖြတ်ထားပါတယ်”

ဂျီမင် စကားကြောင့် Suga တစ်ယောက်ပျော်သွားဟန်။ မွေ့ယာထက် ပြန်လှဲချလိုက်ပြီး ဂျီမင်လက်တွေအား ဆွဲယူကာ ဂျီမင်ခန္ဓာလေးအား သူ့ရင်ခွင်ထဲဆွဲထည့်လိုက်လေ၏။

“လူ လူကြီးမင်း”

“အိပ်တော့ မနက်ကျ စောစောထပြီး ပြန်ကြမယ်”

“ဒါ ဒါပေမဲ့-”

“စကားဆက်ပြောနေဦးမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ပိတ်နမ်းမှာနော် Little Park”

သူခြိမ်းခြောက်သလို ဆိုလိုက်တော့ နှုတ်ခမ်းအား  လက်ဖြင့်အုပ်ထားကာ သူအား ပြူးကြောင်ကြောင်လေး မော့ကြည့်လာသည့် စုံထောင်ပတ်ခ်ဟာ တကယ်ကို ကြမ်းရမ်းပြစ်ချင်စရာလေးပင်။

“မျက်လုံးတွေ မမှိတ်သေးဘူးလား ဒါမှမဟုတ်...”

ဆက်မပြောဘဲ မျက်နှာအောက်သို့ အနည်းငယ်ငုံ့လိုက်တော့ ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အသံဆူး‌ဆူးလေး။

“အိပ်တော့မယ်!”

ထိုစကားအားဆိုကာ မျက်ဝန်းတွေကိုမှိတ်ချပြစ်လိုက်သည့် ဂျီမင်ပါလေ။

Suga မှာတော့ သူ့ရင်ခွင်ထဲက ဂျီမင် မျက်နှာလေးအား ငုံ့ကြည့်ရင်း ခပ်ဖွဖွပြုံးတော့သည်။ နောက်တော့ ရင်ခွင်ထဲက ဂျီမင် ပါးပြင်အား ခပ်ဖွဖွတစ်ချက် ငုံ့နမ်းလိုက်တော့ ဂျီမင်ခင်မျာ လန့်သွားသည်ထင်။ သူ့အင်္ကျီစအား လက်သေးသေးလေးဖြင့် ခပ်ကျစ်ကျစ်ဆုပ်ကိုင်‌လာလေ၏။

“Good Night Little Park”

ထိုစကားအား ခပ်ဖွဖွဆိုကာ တနေကုန် ဆိုင်ကယ်မောင်းထားရသည်မို့ ပင်ပန်းထားသည့် အရှိန်နှင့် Suga အိပ်ဖို့ပြင်တော့သည်။ ရင်ခွင်ထဲက ဂျီမင်မှာလည်း ရှက်စိတ်ကြောင့် မြန်မြန် အိပ်မပျော်နိုင်သော်လည်း ကြိုးစားကာ အိပ်ပျော်အောင် အိပ်ဖို့လုပ်တော့၏။

ထို့နောက် သိပ်မကြာခင်မှာပဲ တစ်ယောက်ကိုတစ်ယောက်ဖက်ထားကာ အိပ်မောကျကုန်တော့၏။

ဤသည်နှင့် တစ်ညလုံး အတူတူရှိပြီးချိန်မှာတော့ ဂျီမင်တစ်ယောက် အရင်နိုးလာခဲ့လေသည်။ ပြီးသည်နှင့် ရေချိုးကာ ပြင်ဆင်ပြီးသည့် အချိန်ထိ Suga တစ်ယောက် နိုးမလာသေးပေ။ ကြည့်ရတာ မနေ့က အတော်လေး ပင်ပန်းသွားသည့်ပုံပါပင်။

မွေ့ယာထက် အိပ်မောကျနေသည့် Suga အနားသို့ ဂျီမင်အသားလေး သွားလိုက်ကာ Suga မျက်နှာအား ခပ်ကြာကြာငေးကြည့်လေသည်။

လူကြီးမင်းမျက်နှာအား သူခဏခဏမြင်ဖူးပေမဲ့ အခုလို အသေအချာကြီးတော့ သူမကြည့်ဖူးပေ။ အခုလို သေချာကြည့်လိုက်တော့လည်း လူကြီးမင်းဟာ ချောသည်ထက်ပိုပြီး ကြည့်ကောင်းသည်။ မျက်နှာအချိုးအစားဟာလည်း ယောင်္ကျား တစ်ယောက် ရှိသင့်သည့် အချိုးအစားမျိုးပင်။

လူကြီးမင်း မျက်နှာအား ငေးကြည့်ရင်း မျက်လုံးထဲပြန်မြင်လာသည်မှာ ညကအဖြစ်ပျက်တွေကိုပင်။ သူသတိမထားလိုက်မိခင်မှာဘဲ သူဟာ လူကြီးမင်းပြုမှုသမျှ မငြင်းနိုင်တော့သည့် လူတစ်ယောက်ဖြစ်လို့နေခဲ့လေပြီ။

‌မနေ့ညကကိစ္စမှာလည်း သူငြင်းလို့ရပါရက်နဲ့ ဘာကြောင့်များ မငြင်းမိသလဲ သူ့ကိုယ်သူလည်း မသိတော့ပေ။ ဆက်တွေးနေမယ်ဆိုရင် ခေါင်းရှုပ်ရုံသာ အဖက်တင်တာမို့ သူအခန်းထဲကနေ ထွက်သွားဖို့ပြင်လိုက်တော့သည်။

“အင့်!”

ရုတ်တရက်ကြီး ဘယ်လိုနိုးနေမှန်းမသိတဲ့ လူကြီးမင်းမှာ သူ့လက်တွေအား ဆွဲချလိုက်တာမို့ သူ့ခန္ဓာမှာ လူကြီးမင်းကိုယ်ပေါ်သို့ ပုံခနဲ။

“ကိုယ့်ကိုထားခဲ့ပြီး တစ်ယောက်တည်းပြန်ဖို့ စဉ်းစားနေတာလား”

ဘယ်လို။ သူကလူကြီးမင်းကို ထားခဲ့မယ်။ ဒါမျိုး သူတွေးတောင် မတွေးခဲ့ပါဘူး။ လူကြီးမင်း ဘာလို့ ဒီလိုမေးရတာလဲ။

“ဟားဟား ကိုယ်ကစနေတာပါ ဘာလို့ ချစ်ဖို့ကောင်းအောင် လုပ်နေတာလဲ”

လူကြီးမင်းစကားကြောင့် သူ့ပါးတွေ အခုလောက်ဆို ဘယ်လောက်တောင် ရဲတက်နေလိုက်မလဲ သူတွေးတောင်မကြည့်ရဲပေ။

“လွှတ်ပေး မနေ့ကတည်းက ကျွန်တော်ကို အသားယူနေတာ ခင်ဗျား လွန်နေပြီ လူကြီးမင်း”

တကယ်သူ မနေတက်တော့ပါ။ လူကြီးမင်း သူ့ကို ဒီလိုတွေ ပြုမှုတိုင်း ဘာကြောင့်မှန်းမသိ ရင်ခုန်နေမိသည့် သူ့ကိုယ်သူလည်း ဘယ်လိုမှ နားမလည်နိုင်‌သလို အလိုက်ကန်းဆိုးမသိတဲ့ ရင်ခုန်သံတွေအား သူအတည် စိတ်ဆိုးပြစ်လိုက်ချင်ပြီ။

“စိတ်ဆိုးသွားတာလား”

“ဟင့်အင်း ကျွန်တော် အပြင်ခဏ ထွက်လိုက်ဦးမယ် လူကြီးမင်း အဆင်သင့်ပြင်ထားပါ”

စိတ်ဆိုးသွားတာမျိုးမဟုတ်ဘဲ ရှက်ပြီး အခန်းထဲကနေ ထွက်ပြေးသွားတဲ့ ဂျီမင်အား ကြည့်ပြီး Suga ခပ်ဟဟရယ်တော့သည်။ နောက်တော့ ပြန်ဖို့အတွက် ရေချိုးချကာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ လုပ်တော့သည်။

Suga အားလုံး ပြင်ဆင်ပြီးချိန်မှာတော့ ဂျီမင်ဟာ အချိန်ကိုက် ပြန်ရောက်လာလေရဲ့။

“အဆင်သင့်ဖြစ်ပြီလား လူကြီးမင်း”

“အင်း ကိုယ်အဆင်သင့်ပဲ”

“ဒါဆို မနက်စာစားပြီးတာနဲ့ ပြန်ကြတာပေါ့”

ထိုစကားအား ဆိုကာ အခန်းပြင် ပြန်ထွက်ဖို့ ပြင်နေသည့် ဂျီမင်အား Suga လက်ကနေ လှမ်းဆွဲကာ အခန်းတံခအား ပြန်ပိတ်လိုက်ပြီး ဂျီမင်ကိုလည်း တံခါးနံရံထက် ကပ်ပြစ်လိုက်လေ၏။

“လူကြီးမင်း ဘာလုပ်ပြန်တာလဲ”

“မလွန်ဘူးလား စုံထောက်ပတ်ခ် ဟင် ဒီကောင့်ကို လွန်တယ်ပြောပြီး မင်းကိုယ်မင်းရော လွန်တယ်လို့ မထင်ဘူးလား”

Suga အပြောအား ဂျီမင် နားမလည်ပါ‌လေ။ မျက်တောင်ပုတ်ခတ် ပုတ်ခတ်နဲ့ အူကြောင်ကြောင်လေး လုပ်နေတော့ Suga ကလည်း သူ့စိတ်သူ ထိန်းမနိုင်တော့တဲ့ပုံပါပဲ။ ချက်ချင်း ဂျီမင်လက်တွေကိုယူလိုက်ပြီး အပေါ်ဘက်သို့မြှောက်တင်လိုက်ကာ လက်တွေကို သူ့လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ထားလေရဲ့။

“လူကြီးမင်း”

“တစ်ညလုံး ကိုယ်ဘယ်လောက်ထိ စိတ်ထိန်းထားရလဲ မင်းသိလား”

ခပ်တိုးတိုး မေးခွန်းသံနဲ့အတူ ဂျီမင်လည်တိုင်ထက် ထိကပ်လာတဲ့ Suga နှုတ်ခမ်းပါး။

“Ummm...”

“ကိုယ်တို့တစ်ရက်လုံး အတူတူရှိခဲ့တယ် တစ်ညလုံးလည်း မင်းကို ကိုယ့်ရင်ခွင်ထဲထည့်ပြီး အိပ်ခွင့်ရခဲ့တယ် မိုးလင်းတော့လည်း ကိုယ့်မျက်လုံးတွေဖွင့်ချိန်မှာ မင်းကိုအရင်ဦးဆုံး မြင်ခွင့်ရခဲ့တယ် ဒါတွေကြောင့် ကိုယ်ဘယ်လောက်တောင် ပျော်နေမိလဲ ဘယ်လောက်တောင် ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မလို ရင်ခုန်သံတွေမြန်နေပြီး မူမမှန်ဖြစ်နေတာကို မင်းနည်းနည်းလေးတောင် မရိပ်မိဘူးလား ဟင် ဂျီမင်”

Suga စကားတွေဆုံးသွားတော့ ဂျီမင်ဟာ Suga မျက်နှာအား ရဲတက်နေသည့် ပါးပြင်လေးတွေဖြင့် မော့ကြည့်လေသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားချိန်မှာတော့ Suga ဟာ ဂျီမင်နှုတ်ခမ်းတွေအား စိုက်ကြည့်ကာ လက်ဖြင့် ခပ်ဖွဖွပွတ်သတ်လေ၏။

“ကိုယ်လောဘကြီးမိပြီ ဂျီမင် ဒါကြောင့် မင်းကိုယ့်ကို အခွင့်အရေးယူတဲ့ကောင်လို့ မမြင်ဘူးမလား”

ထိုမေးခွန်းအားမေးကာ ဂျီမင် ပါးပြင်တွေအား လက်ဖြင့်ဆွဲညှစ်လိုက်ပြီး ဆူထွက်လာသည့် ဂျီမင် နှုတ်ခမ်းပါးလေးအား သူ့နှုတ်ခမ်းပါးဖြင့် ထိကပ်ကာ အနမ်းတွေစ‌တင်ဖန်တီးတော့သည်။

“Ommmzz...”

အနူးညံ့ဆုံး ဖန်တီးနေသည့် Suga အနမ်းတွေအောက် ဂျီမင်ဟာ မငြင်းဆန်နိုင်ခဲ့ပေ။ မျက်ဝန်းတွေအား မှိတ်ချရင်း Suga အနမ်းတွေအောက် ငြိမ်ငြိမ်ကလေး ခံယူနေလေ၏။

“Ommmzzz...”

Suga ဟာလည်း ဂျီမင် နှုတ်ခမ်းပါးတွေအား အပေါ်တစ်လှည့် အောက်တစ်လှည့် သူ့စိတ်ကြိုက် ခြယ်လှယ်ကာ အောက်နှုတ်ခမ်းပါးလေး‌ကိုလည်း အနမ်းတွေကြားထဲ ခပ်ဖွဖွကိုက်သေး၏။

ခပ်ကြာကြာ ဂျီမင်နှုတ်ခမ်းပါးတွေအား သူစိတ်ကြိုက် ခြယ်လှယ်ပြီးချိန်မှာတော့ အသက်ရှုဖို့ခက်ခဲနေပြီဖြစ်သည့် ဂျီမင်အနေအထားအား သူရိပ်မိတာကြောင့် ဂျီမင်အောက်နှုတ်ခမ်းလေးအား ခပ်ဖွဖွတစ်ချက်ကိုက်ကာ လွှတ်ပေးပြီး လက်တွေကိုလည်း လွှတ်ပေးလိုက်လေသည်။

နှုတ်ခမ်းပေါ်က အနမ်းတွေရပ်သွားချိန်မှာတော့ မောပန်းသွားဟန် အသက်အား ခပ်ပြင်းပြင်းရှုထုတ်နေသည့် ဂျီမင်အား Suga အပေါ်ကနေ ငုံ့ကြည့်လေ၏။

အခုချိန်မှာ ဂျီမင်ပုံစံဟာ သူသောင်းကျန်းထားလို့ နှုတ်ခမ်းဖူးဖူးလေးဟာ ခပ်ရဲရဲလေးဖြစ်နေပြီး အောက်နှုတ်ခမ်းပါးလေးမှာလည်း အနမ်းတွေကြားထဲ သူကိုက်ထားသည့် အရှိန်ကြောင့် ကိုက်ရာလေးတွေ မထင်မရှာလေး ရှိနေပြန်သည်။

ထို့အပြင် သူ့လုပ်ရက်တွေကြောင့် အတော်လေးရှက်နေဟန် ရင်ဘတ်ထက် လက်တင်ထားကာ ရဲတက်နေသည့် မျက်နှာလေးဖြင့် သူ့အား မရဲတရဲလေး မော့ကြည့်လာပြန်သည့် ဂျီမင်ဟာ သူ့ကိုအဆုံးထိသွားဖို့ တွန်းအားပေးနေသလိုပါပင်။

ဂျီမင်ကလည်း အောက်ကနေ မော့ကြည့်နေသလို Suga ကလည်း အပေါ်ကနေ ငုံ့ကြည့်နေတာကြောင့် နှစ်ယောက်သား အကြည့်ချင်းဆုံနေသည်။ ထို့အတူ လောလောလတ်လတ်ကမှ နှုတ်ခမ်းချင်းထိကပ်ထားသည့် သူတို့နှစ်ဦး၏ ရင်ခုန်သံတွေဟာ ထိန်းချူပ်ဖို့ခက်ခဲလှလေ၏။

“Shit! ဒီကောင် ရူးတော့မယ် ဂျီမင်”

“ကျွန်တော်ရောပဲ”

တုံ့ပြန်စကားသံနှင့်အတူ ဂျီမင်ဟာ ခြေဖျားထောက်လိုက်ပြီး ရုတ်ရက်ဆန်စွာ Suga နှုတ်ခမ်းပါးတွေအား သူကိုယ်တိုင် လိုလိုလားလားဖြင့် နမ်းရှိုက်လာလေသည်။

Suga မှာလည်း ရုတ်တရက် အံ့ဩသွားပေမဲ့ ဂျီမင်အား  ပွေ့ချီလိုက်ကာ အနမ်းတွေအား ဆက်စေသည်။ ဒီတစ်ခါမှာတော့ နှစ်ဦးနှစ်ဖက် လိုလိုလားလားဖြင့် ဖန်တီးနေသည့် အနမ်းတွေဖြစ်တာကြောင့် ပထမတစ်ခေါက်ထက် ပို၍ ချိုမြိန်နေပြီး ရင်ခုန်စရာကောင်းလှလေ၏။

“Ommmzzz....Humm”

Suga အနမ်းတွေဟာ ဂျီမင် နှုတ်ခမ်းပါးကနေ တဆင့် ဂျီမင် လည်တိုင်ထက် ဆင်းသက်သွားပြီး အမှတ်အသားလှလှလေးတွေပေးဖို့ ကြိုးစားတော့သည်။

“Hummm....”

ဂျီမင်လည်တိုင်ထက် Suga နှုတ်ခမ်းပါး ထိကပ်ပြီးအချိန်မှာတော့ ဂျီမင် လည်တိုင်ထက် အနီရောင် အမှတ်အသားများ တစ်ခုပြီးတစ်ခု နေရာယူလာခဲ့လေသည်။

“Ugh!”

လည်တိုင်ကနေထပ်ပြီး ဂျီမင်ဝတ်ထားသည့် အင်္ကျီအား ပုခုံးတစ်ဖက်ပေါ်သည်အထိ အောက်သို့ ဆွဲချကာ ပေါ်လာသည့် ပုခုံးသား ဖွေးဖွေးထက် အနီရောင် အမှတ်အသားများ ထပ်မံ၍ ဆေးခြယ်ပြန်သည်။

“Hummm”

နှစ်ယောက်လုံး သတိမထားမိလိုက်ခင်မှာဘဲ ခရီးတစ်ဝက်ကို ရောက်နှင့်လာပြီ ဖြစ်တာကြောင့် ချက်ချင်းဆိုသလို ဂျီမင် မျက်ဝန်းတွေ ပွင့်ဟလာကာ အသိဝင်လာတော့၏။

“ရပ်...ရပ်ရအောင် လူကြီးမင်း”

TBC ✓

ဘာတွေမျှော်လင့်နေတာလဲ ကိုယ့်လူတို့။

မျှော်လင့်ထားတာတွေ ဖတ်ချင်သေးရင် Vote နှိပ်ဖို့မမေ့နဲ့။ အာဘွား။

__________________________________________

Zawgyi ✅

-THAT MAN-

ဂ်ီမင္ ကိုယ္တိုင္လိုက္ၿပီး ေ႐ြးေပးထားသည့္ ဆိုင္ကယ္ေလးအား Suga အေတာ္ေလး သေဘာေတြ႕ေနရွာသည္။ ဂ်ီမင္ကပဲ အျမင္ရွိေလသလား။ ဆိုင္ကယ္ေတြ အမ်ားႀကီးထဲမွာမွ Suga ႀကိဳက္တဲ့ အနက္ေရာင္ကိုသာ ေ႐ြးေပးတဲ့အျပင္ စမ္းစီးၾကည့္ေတာ့လည္း သူကိုယ္တိုင္ အေနာက္ကေန ထိုင္လိုက္ၿပီး အကဲခတ္ေပးတာမို႔ Suga တစ္ေယာက္ ဒီေန႔ေတာ့ ထီေပါက္သလိုပါပင္။

ဆိုင္ကယ္ေလးအား ဝယ္ၿပီးခ်ိန္မွာလည္း ႏွစ္ေယာက္သား အတူတူ ၿမိဳ႕ျပင္ဘက္သို႔ ပတ္စီးျဖစ္ၾကေသးသည္။ ပုံမွန္ဆိုရင္ ဂ်ီမင္အေနနဲ႔က Suga အေပၚ ဒီေလာက္ထိ အလိုလိုက္တာမ်ိဳး မရွိေသာ္လည္း သူ႔စကား တစ္ခြန္းေၾကာင့္ ဆိုင္ကယ္အားေရာင္းျပစ္လိုက္သည့္ Suga အေပၚ အားနာစိတ္ကေလး ခံေနတာေၾကာင့္ ဒီေန႔ေတာ့ Suga အားအလိုလိုက္ေပးေနမိ၏။

ၿမိဳ႕ျပင္ျဖစ္သည္မို႔ တစ္လမ္းလုံး ခရီးသြား ကားေတြေလာက္သာရွိၿပီး လမ္းေၾကာင္းက ‌အေတာ္ေလး ရွင္းလင္းလွသည္။ Suga ကေတာ့ သူမွာထားသည့္အတိုင္း ဆိုင္ကယ္အား ခပ္‌ေျဖးေျဖးသာ ေမာင္းေနကာ သူ႔ကိုလည္း မၾကာခဏ စကားလွည့္ေျပာေသး၏။

“စုံေထာက္ပတ္ခ္”

“ကြၽန္ေတာ္ နားေထာင္ေနတယ္”

“ဗိုက္ဆာေနၿပီလား”

အေနာက္သို႔လွည့္ကာ မ်က္ႏွာခ်င္း နီးကပ္ေနသည့္ အေနအထားႏွင့္ Suga ေမးေလေတာ့ ဂ်ီမင္မ်က္ႏွာ အနည္းငယ္ ဆူပုတ္သြားေလသည္။

ဘာေၾကာင့္ဆို တေနကုန္ အလိုလိုက္ၿပီး ဆိုင္ကယ္တစ္စီးနဲ႔ ေလွ်ာက္သြားေနတာ သူဗိုက္မဆာဘဲ ေနပါ့မလား။ ၿပီးေတာ့ ဒီေန႔တစ္ရက္အတြက္ သူ႔အလုပ္ေတြလည္း အကုန္ဖ်က္ထားရတာ မဟုတ္လား။

“ဟားဟား တကယ္ဗိုက္ဆာေနတာပဲ ခင္ဗ်ား မ်က္ႏွာ ဆူပုတ္ေနတာေလး သိပ္ခ်စ္ဖို႔ေကာင္းတာပဲ Little Park”

“ကြၽန္ေတာ္ မေျပာလည္း လူႀကီးမင္း သိရမွာေပါ့”

“ေဟာဗ်ာ မေျပာဘဲ ကိုယ္ကဘယ္လိုလုပ္သိမွာလဲ”

Suga မ်က္ႏွာခပ္ၿပဳံးၿပဳံးနဲ႔ ေမးေလေတာ့ ဂ်ီမင္သည္ မသိမသာ မ်က္ေစာင္းလွလွေလးထိုးကာ မ်က္ႏွာ တစ္ဖက္သို႔လွည့္သြားသည္။ ဒါကို ျမင္ျဖစ္ေအာင္ ျမင္လိုက္သည့္ Suga မွာေတာ့ ခပ္ဟဟသာရယ္ေမာရင္း ဆိုင္ကယ္အား ေနာက္ျပန္လွည့္ဖို႔ ျပင္ေတာ့၏။

သို႔ေသာ္။

“မလွည့္နဲ႔!”

႐ုတ္တရက္ႀကီး ခါးေပၚေရာက္လာတဲ့ လက္ေတြနဲ႔အတူ သူ႔ေက်ာျပင္ထက္ ထိကပ္လာသည့္ ဂ်ီမင္ ခႏၶာ။

“ဆိုင္ကယ္ကို ေနာက္ျပန္မလွည့္ဘဲ  အတက္ႏိုင္ဆုံး ျမန္ျမန္ေမာင္းပါ လူႀကီးမင္း”

သူ႔အား ဆိုင္ကယ္ ျမန္ျမန္မေမာင္းဖို႔ အတန္တန္မွာတတ္သည့္ ဂ်ီမင္ဆီက ထိုစကားကို ၾကားလိုက္ရေတာ့ Suga အနည္းငယ္ ေၾကာင္အန႔္သြားရွာသည္။

သို႔ေသာ္ ဂ်ီမင္စကားအတိုင္း ဆိုင္ကယ္အား အရွိန္တင္ကာ ခပ္ျမန္ျမန္ ေမာင္းျပစ္ေလရဲ႕။

“ဘာေတြျဖစ္ေနတာလဲ စုံေထာက္ပတ္ခ္”

‌“ကြၽန္ေတာ္တို႔ အေနာက္မွာ ဆိုင္ကယ္ သုံးစီးလိုက္လာတယ္ အစကေတာ့ ဒီတိုင္း တိုက္ဆိုင္တယ္ပဲ ထင္ထားတာ ဒါေပမဲ့...”

ဂ်ီမင္ ဆက္မေျပာေတာ့ဘဲ ‌အေနာက္သို႔ တစ္ခ်က္လွည့္ၾကည့္ကာ ခါးၾကားထဲက ေသနတ္အား ဆြဲထုတ္လိုက္ေလသည္။

ၿပီးသည္ႏွင့္ Suga နားအနားသို႔ကပ္ကာ ။

“အခုခ်ိန္ကစၿပီး ေဘးကင္းမဲ့ေနရာကို မေရာက္မခ်င္း ဆိုင္ကယ္ကို ျမန္ႏိုင္သေလာက္ အျမန္ေမာင္းပါ ဘာပဲျဖစ္ျဖစ္ အေနာက္ကိုလည္း လွည့္မၾကည့္ပါနဲ႔ ကြၽန္ေတာ္ကိုလည္း စိတ္မပူနဲ႔ ကြၽန္ေတာ္ေျပာတာ နားလည္လား လူႀကီးမင္း”

“အင္း ကိုယ္သိၿပီ”

ထို႔ေနာက္ Suga ဟာ ဆိုင္ကယ္အား သူစီးေနၾက အျမန္ႏႈန္းျဖင့္ အရွိန္တင္ကာ ေမာင္းေတာ့သည္။ သူအရွိန္တင္ကာ ေမာင္းလိုက္ေတာ့ အေနာက္က လိုက္လာသည့္ ဆိုင္ကယ္သုံးစီးမွာလည္း သူ႔နည္းတူ အရွိန္တင္ကာ ေပၚတင္လိုက္လာေတာ့၏။

“ဒီေကာင္ေတြ ဘယ္သူေတြလဲ စုံေထာက္ပတ္ခ္နဲ႔ ဘယ္လိုပတ္သတ္ေနတာလဲ”

“ကြၽန္ေတာ္လည္း မသိေသးဘူး ေသခ်ာတာတစ္ခုကေတာ့ ကြၽန္ေတာ္ အခုလိုက္ေနတဲ့ အမႈနဲ႔ပတ္သတ္တဲ့လူေတြ ျဖစ္ႏိုင္တယ္”

ဂ်ီမင္ေျပာစကားေၾကာင့္ Suga မ်က္ႏွာမွာ စိတ္အလိုမက်ျဖစ္သြားသလို စိတ္ပူပန္မႈေတြမွာလည္း အထင္းသား ထြက္ေပၚလာခဲ့ေလသည္။ ဒါေၾကာင့္ ဆိုင္ကယ္အား  ပိုမိုျမန္ဆန္သည့္ အရွိန္ႏႈန္းအားတင္ကာ ေမာင္းထြက္ေတာ့၏။

ပိုၿပီးတင္ခ်လိုက္သည့္ Suga ဆိုင္ကယ္ အရွိန္ႏႈန္းေၾကာင့္ လိုက္မမွီေတာ့သည့္ ‌အေနာက္က ဆိုင္ကယ္ေတြဟာ ေဒါသထြက္လာသည့္ပုံပင္။ ထို႔ေၾကာင့္ မလွမ္းမကမ္းကေန ဂ်ီမင္တို႔အား ေသနတ္ျဖင့္ လွမ္းျပစ္ဖို႔လုပ္ေတာ့၏။

*ဒိုင္း!*

“Shit! ဒီေကာင္ေတြကေတာ့!”

ဂ်ီမင္ဟာ ေဒါသထြက္သြားဟန္ သူတို႔အားလွမ္းျပစ္သည့္ အေနာက္က‌ ဆိုင္ကယ္ေတြထဲက တစ္စီးအား ေသနတ္ျဖင့္လွမ္းခ်ိန္ကာ လက္တစ္ဖက္ကလည္း ယြန္းဂီခါးအား တင္းေနေအာင္ ဖက္ထားေလသည္။

*ဒိုင္း!*

အတိအက်ႀကီး  ခ်ိန္ထားၿပီးခ်ိန္မွာေတာ့ ‌ျပစ္ခ်လိုက္သည့္ ဂ်ီမင္ျပစ္ခ်က္ေၾကာင့္ ေမာင္းေနသည့္လူ၏ လက္ေမာင္းအား သြားထိကာ ထို‌ဆိုင္ကယ္ဟာ လမ္းမထက္ ျပစ္လဲသြားေလသည္။ ထိုဆိုင္ကယ္ ျပစ္လဲၿပီးခ်ိန္မွာေတာ့ ေနာက္ထပ္ႏွစ္စီးပါ သူတို႔ေနာက္ ဆက္မလိုက္လာေတာ့ေပ။

“အဆင္ေျပရဲ႕လား လူႀကီးမင္း ‌ဒီေကာင္ေတြေနခဲ့ၿပီး ဆက္မလိုက္လာျဖစ္ေတာ့ဘူးထင္တယ္”

“အင္း ကိုယ့္ကိုစိတ္မပူနဲ႔ မင္းအဆင္ေျပေနရင္ရၿပီ”

လူႀကီးမင္း တုံ႔ျပန္သည့္ စကားေၾကာင့္ သူ႔မွာတုံ႔ျပန္စကားဆို‌ဖို႔ေတာင္ တြန႔္ဆုတ္လို႔ေနခဲ့ေလသည္။ လူႀကီးမင္း ေျပာသြားတဲ့ ေလသံဟာ ေၾကာက္႐ြံ႕ေနတာမ်ိဳး ထိတ္လန႔္ေနတာမ်ိဳး မဟုတ္ဘဲ အလြန္အမင္း တည္ၿငိမ္ေနခဲ့တာမို႔ သူစိတ္ထဲတစ္မ်ိဳး ခံစားရတာအမွန္ပင္။

လူႀကီးမင္းဟာ ႐ုတ္တရက္ ႀကဳံလိုက္ရသည့္ အခုလိုအေနအထားမ်ိဳးအား မႏွစ္ၿမိဳ႕သည္လား။ ဒါမွမဟုတ္ ဒီကိစၥရပ္ေၾကာင့္ သူ႔အနားမွာကပ္တြယ္ဖို႔ ေတြေဝေနၿပီ‌လား။ သူမစဥ္းစားတက္ေခ်။

ဘယ္လိုပဲျဖစ္ျဖစ္ သာမန္လူတစ္ေယာက္အတြက္ကေတာ့ အခုလိုမ်ိဳး ႀကဳံလိုက္ရသည့္ ကိစၥရပ္ေပၚမွာ အနည္းႏွင့္အမ်ားေတာ့ စိတ္ရႈပ္ေထြးသြားမွာ အမွန္ပင္။

သူကိုယ္တိုင္သည္လည္း ဘာေၾကာင့္မွန္းမသိ စိတ္ရႈပ္ေထြးေနခဲ့သည္ မဟုတ္လား။

“ၾကည့္ရတာ ကိုယ္တို႔ ေဘးကင္မဲ့ေနရာ ေရာက္ၿပီ ထင္တယ္”

လူႀကီးမင္း အေျပာေၾကာင့္ သူ႔ေဘးပတ္ဝန္းက်င္အား တစ္ခ်က္ၾကည့္လိုက္ေတာ့ လူေနအိမ္ေတြ ဆိုင္ေတြ ေတြ႕လိုက္ရတာေၾကာင့္ သူတို႔ဒီညေတာ့ တည္းခိုးဖို႔ေနရာ ရွာေတြ႕ၿပီထင္ေလ၏။

ထို႔ေနာက္ Hotel တစ္ခုမွာ ရပ္လိုက္ကာ ဒီညေတာ့ Hotel မွာပဲ တည္းခိုးၿပီး မနက္မိုးလင္းမွ ထျပန္ဖို႔ ဆုံးျဖတ္လိုက္ေတာ့သည္။

“စုံေထာက္ပတ္ခ္ နားလိုက္ဦး ကိုယ္ ေရခ်ိဳးခန္း ခဏသုံးဦးမယ္”

လူႀကီးမင္းအေျပာေၾကာင့္ သူလည္း ဆိုဖာခုံအေသးေလး၌ ထိုင္ေနလိုက္သည္။ အစကေတာ့ ႏွစ္ခန္းယူမယ္ ‌စီစဥ္ထားေပမဲ့လည္း သူ႔အားစိတ္မခ်ျဖစ္ေနသည့္ လူႀကီးမင္းေၾကာင့္ တစ္ခန္းထဲမွာပဲ အတူတူေနဖို႔ အေၾကာင္းဖန္လာေလ၏။

လူႀကီးမင္း ျပန္ထြက္လာမဲ့ အခ်ိန္အားေစာင့္ရင္း ၾကားလိုက္ရတဲ့ တံခါးေခါက္သံေၾကာင့္ ဖြင့္ၾကည့္လိုက္ေတာ့ Hotel ဝန္ထမ္းေကာင္ေလးေတြက မုန႔္ဗန္းေတြကိုင္ကာ အခန္းထဲဝင္လာေလသည္။

“ဒီမွာထားခဲ့ပါ”

သူေျပာတဲ့အတိုင္း မုန႔္ေတြအား စာပြဲခုံထက္ ထားခဲ့ကာ ျပန္ထြက္သြားၾကတာမို႔ သူ႔လည္းတံခါးအား ျပန္ၿပီးေလာ့ခ္ခ်ထားလိုက္သည္။ ၿပီးသည္ႏွင့္ မုန႔္ေတြအားၾကည့္ၿပီး ဗိုက္လည္း အေတာ္ေလး ဆာေနၿပီးမို႔ လူႀကီးမင္းအား မေစာင့္ေတာ့ဘဲ သူအရင္စားလိုက္မိ၏။

“မုန႔္ေတြေရာက္လာၿပီလား”

ေရခ်ိဳးခန္းတံခါး ဖြင့္သံႏွင့္အတူ အေနာက္ကေန ထြက္ေပၚလာတဲ့အသံေၾကာင့္ ဂ်ီမင္စားေနရင္းမွ ေနာက္သို႔ လွည့္ၾကည့္ေလသည္။ ထိုအခ်ိန္မွာပဲျမင္လိုက္ရသည္မွာပဲ စိုေနသည့္ေခါင္းထက္ သဘက္တင္ထားကာ Bathrobe ဝတ္ထားသည့္ Suga အား ေတြ႕လိုက္ရေလ၏။

Suga အား သူ႔စိတ္ႀကိဳက္ ေငးလို႔ဝၿပီးဆိုမွ ဆက္ခနဲ႔ ျပန္လွည့္သြားသည့္ ဂ်ီမင္ေၾကာင့္ Suga သေဘာတက်ၿပဳံးေတာ့သည္။ ဂ်ီမင္ကသူ႔အား ေက်ာေပးထားတာမို႔ အေနာက္ကေန ျမင္ေနရသည့္ ဂ်ီမင္ နား႐ြက္ဖ်ားေလးေတြႏွင့္ ပါးမို႔မို႔ေလးေတြမွာ ရွက္စိတ္ေၾကာင့္ ခပ္ရဲရဲေလးျဖစ္ေနေလ၏။

“ကိုယ့္ကိုေတာင္ မေစာင့္ဘူး”

Suga ကစိတ္ေကာက္သလို ေလသံေလးျဖင့္ဆိုကာ ဂ်ီမင္ေဘး၌ ဝင္ထိုင္ေလေတာ့ ဂ်ီမင္မွာ အျပစ္က်ဴးလြန္မိသလို မ်က္ႏွာေလးျဖင့္ Suga အား လွည့္ၾကည့္ေလရဲ႕။

“လူႀကီးမင္းကို ေစာင့္မလို႔ပါပဲ ဗိုက္အရမ္းဆာေနတာမို႔ အဲ့ဒါ-”

“ကိုယ္ကစေနတာပါဗ်ာ စုံေထာက္ပတ္ခ္သာ ဝေအာင္စား ကိုယ္က အဲ့ဒီေလာက္လည္း မဆာဘူး”

“ဒါေပမဲ့ အားရွိေအာင္ နည္းနည္းေတာ့ စားလိုက္ပါ”

ၾကက္ေၾကာ္တစ္တုံးအား သူ႔ထံကမ္းေပးလာသည့္ ဂ်ီမင္အား‌ၾကည့္ၿပီး Suga တစ္ေယာက္ ခပ္ေယးေယးၿပဳံးေလသည္။ ထို႔ေနာက္ ဂ်ီမင္ကမ္းေပးသည့္ ၾကက္ေၾကာ္အား မယူလိုက္ဘဲ ဂ်ီမင္လက္ကေလးအား အသာကိုင္လိုက္ကာ ဂ်ီမင္ကိုင္ထားရက္တိုင္ ၾကက္ေၾကာ္အားယူစားေလ၏။

ထို႔ေၾကာင့္ အခုအေနအထားဟာ ဂ်ီမင္က Suga အား ခြံေကြၽးေနသည့္ အေနအထားမ်ိဳးပင္။

“အရသာရွိသားပဲ”

လုပ္ခ်င္ရာလုပ္ၿပီး ၿပဳံးေနတဲ့ Suga ေၾကာင့္ ဂ်ီမင္ပို၍ပင္ ရွက္‌လာေလၿပီ။

“ကိုယ့္ဘာသာယူစားပါ”

ခ်က္ခ်င္း လက္ထဲကၾကက္ေၾကာ္အား ပန္းကန္ျပားထဲ ျပန္ထည့္လိုက္ကာ သူစားစရာရွိတာ ဆက္စားေနတဲ့ ဂ်ီမင္အားၾကည့္ၿပီး Suga ခပ္ဟဟရယ္ေတာ့သည္။

“စုံေထာက္ပတ္ခ္က ၿငိဳျငင္လိုက္တာဗ်ာ”

Suga ကေလးဆန္ဆန္ တုံ႔ျပန္လာတဲ့ စကားေၾကာင့္ ဂ်ီမင္က Suga ကို တစ္ခ်က္လွည့္ၾကည့္ေလသည္။ ၿပီးသည္ႏွင့္ ဂ်ီမင္ မ်က္ဝန္းေတြဟာ မေျခာက္ေသးသည့္ Suga ဆံပင္ေတြဆီ ေရာက္သြားေလရဲ႕။

“ကြၽန္ေတာ္ကူေပးရမလား”

“ဟမ္”

“ဆံပင္ေတြမေျခာက္ရင္ လူႀကီးမင္း ဖ်ားလိမ့္မယ္”

အခုမွ ဂ်ီမင္ ဆိုလိုတာကို သေဘာေပါက္သြားဟန္   Suga ဟာ သူထိုင္ေနသည့္ ဆိုဖာခုံကေန ဆင္းလိုက္ကာ ဂ်ီမင္ ထိုင္ေနသည့္ ဆိုဖာေအာက္ဘက္သို႔ ဝင္ထိုင္ေလသည္။

“ဘာလို႔ ညဘက္ႀကီးကို ေခါင္းေလွ်ာ္ရတာလဲ”

ေမးလည္းေမး Suga ဆံႏြယ္ေတြအား သဘက္ျဖင့္ ေသခ်ာသုတ္ေပးေနသည့္ ဂ်ီမင္ပါေလ။

“လန္းဆန္းသြားေအာင္ ေလွ်ာ္လိုက္တာ မဟုတ္ရင္ အိပ္လို႔ေပ်ာ္မွာမဟုတ္ဘူး”

Suga အေျဖေၾကာင့္ ဂ်ီမင္လည္း ဘာမွဆက္မေျပာေတာ့ဘဲ ဆံပင္ေတြကိုသာ ေျခာက္ေအာင္ ေသခ်ာသုတ္ေပးေနေလရဲ႕။ ထို႔ေနာက္ ခဏၾကာေတာ့ ႏွစ္ေယာက္သား ညစာအတူတူစားကာ အိပ္ယာဝင္ဖို႔ျပင္ၾကေတာ့၏။

“လူႀကီးမင္း ကုတင္မွာအိပ္လိုက္ပါ”

“စုံေထာက္ပတ္ခ္ကေရာ ဘယ္မွာအိပ္မွာလဲ”

“ကြၽန္ေတာ္ကေတာ့ ဆိုဖာမွာပဲ အိပ္လိုက္မယ္”

သူ႔အေျပာေၾကာင့္ လူႀကီးမင္း မ်က္ႏွာဟာ အလိုမက်ဟန္ျဖစ္သြားၿပီး ကုတင္ထက္လွဲလိုက္ေလသည္။ သို႔ေသာ္ ကုတင္ထက္လွဲေနရင္း သူ႔အား ဆူပုတ္ပုတ္ျဖင့္ လွမ္းၾကည့္ေနတာမို႔ သူ႔မွာဆိုဖာထက္ သြားလွဲရေတာ့မလို ဆက္ၿပီးပဲ ရပ္ေနရမလို တစ္‌ေယာက္တည္း တိုင္ပတ္ေနေတာ့၏။

“ဟို...အဆင္မေျပတာရွိလို႔လား လူႀကီးမင္း”

သူ႔အေမးေၾကာင့္ လူႀကီးမင္းက တစ္ဖက္သို႔အၾကည့္လႊဲသြားၿပီး ။

“ေစာနက အျဖစ္ပ်က္ေၾကာင့္ ကိုယ္ အခုထိ လန႔္ေနတုန္းပဲ ဒါေတာင္ စုံေထာက္ပတ္ခ္က ကိုယ့္အနားမွာ မေနေပးဘဲ တျခားေနရာမွာ သြားအိပ္မယ္ဆိုေတာ့ ကိုယ္က ဘယ္လိုလုပ္ အဆင္ေျပမွာလဲ”

ကေလးဆန္ဆန္ အသံဆာဆာေလးျဖင့္ ဆိုလာသည့္ လူႀကီးမင္းေၾကာင့္ သူတကယ္ အက်ပ္႐ိုက္ေလၿပီ။ သူ႔ေၾကာင့္ လူႀကီးမင္း အသက္အႏၲာရာယ္လည္း ထိခိုက္မလိုျဖစ္ထားတာေၾကာင့္ သူလူႀကီးမင္းစကားေတြအား လ်စ္လ်ဴရႈထားဖို႔လည္း မလုပ္ႏိုင္ေပ။

မသက္သာတဲ့အဆုံး အသက္အား ခပ္ျပင္းျပင္းရႈလိုက္ကာ ရွက္စိတ္အား လ်စ္လ်ဳျပဳထားရင္း သူကုတင္ထက္ အသာ‌ေလးတက္လိုက္သည္။ သူ႔လုပ္ရက္ေၾကာင့္ လူႀကီးမင္းက ‌အံ့ဩသြားသည္ထင္။ သူ႔အား လွည့္ၾကည့္ေလ၏။

“ကြၽန္ေတာ္ေၾကာင့္ အခက္ေတြ႕သြားရင္ ေတာင္းပန္ပါတယ္ ဒီညလည္း လူႀကီးမင္းအနားမွာ ေနေပးမွာမို႔- အင့္!”

ဂ်ီမင္စကား‌ပင္မဆုံးေသး။ ဂ်ီမင္အား လက္ကေန ဆြဲခ်ကာ အေပၚကေန အုပ္မိုးလိုက္တဲ့ Suga လုပ္ရက္ေၾကာင့္ ဂ်ီမင္ မ်က္ႏွာတစ္ခုလုံး ပန္းႏုေရာင္ ခပ္ရဲရဲကူးေျပာင္းေလၿပီ။

“လူ လူႀကီးမင္း ဖယ္ပါ”

“ကိုယ္ေျပာစရာရွိတယ္”

“ဒါ‌ဆိုလည္း ဖယ္ၿပီးေတာ့ေျပာ-”

“ဒီတိုင္းပဲေျပာမယ္”

ၾကားျဖတ္ေျပာလိုက္တဲ့ Suga စကားေၾကာင့္ ဂ်ီမင္ မ်က္ႏွာမွာ ပိုၿပီးရဲတက္လာၿပီး တစ္ဖက္သို႔ လႊဲသြားေလရဲ႕။

“လုပ္ခ်င္သလိုလုပ္ပါေတာ့”

ရွက္စိတ္ေၾကာင့္ မရဲတရဲေလးျပန္ေျပာလာတဲ့ စကားသံေလးမွာ ခ်စ္စရာအတိ။

“ကိုယ့္ကိုၾကည့္ ကိုယ္မင္းကို ေျပာစရာေတြ အမ်ားႀကီး ရွိတယ္”

ၾကည့္ဆိုေတာ့လည္း ၾကည့္ရွာသည္။ စုံေထာက္တစ္ေယာက္ ဆိုသည့္အတိုင္း ရွက္ေနေပမဲ့လည္း သူ႔ကိုယ္သူထိန္းကာ Suga မ်က္ဝန္းေတြအား ခပ္တည္တည္ျဖင့္ စိုက္ၾကည့္လာ၏။

သို႔ေသာ္ ရဲတက္ေနသည့္ ပါးျပင္ေလးေတြကိုေတာ့ ဟန္မေဆာင္ႏိုင္ခဲ့ေပ။

“စုံေထာက္ပတ္ခ္ ဘာလို႔ ဒီအလုပ္ကို လုပ္ခဲ့တာလဲ”

႐ုတ္တရက္ႀကီး ဘာမွမဆိုင္သည့္ ေမးခြန္းအား ထေမးလာသည့္ လူႀကီးမင္းပါေလ။

“ကြၽန္ေတာ္မိဘေတြက ကြၽန္ေတာ္ ငယ္ငယ္ေလးကတည္းက အသတ္ခံခဲ့ရတာ ဒါေၾကာင့္ ကြၽန္ေတာ္ မိဘေတြရဲ႕ အမႈကို ျပန္လိုက္ဖို႔အတြက္ ႀကိဳးစားရင္းကေန ဒီအလုပ္ကို ဆက္လုပ္ျဖစ္ခဲ့တာ”

ဂ်ီမင္အေျပာေၾကာင့္ Suga ဟာ ဂ်ီမင္ေမးဖ်ားေလးအား အသာေလး လွမ္းကိုင္ေလသည္။

ၿပီးသည္ႏွင့္ အၾကည့္ခ်င္းဆုံကာ ။

“အစကေတာ့ ကိုယ္မင္းကို ဒီအလုပ္ ဆက္မလုပ္ဖို႔ ေျပာမလို႔ဘဲ ဘာလို႔လည္းဆိုေတာ့ ေစာနက ကိုယ္တိုင္ႀကဳံခဲ့ရတဲ့ ကိစၥေတြကို ၾကည့္ၿပီး ကိုယ္မင္းတစ္ခုခုျဖစ္သြားမွာ စိတ္ပူတယ္”

စိတ္ပူေနသည့္ မ်က္ႏွာျဖင့္ ထိုစကားေတြအားဆိုကာ လက္ေတြကလည္း ဂ်ီမင္ဆံႏြယ္ေတြအား ခပ္ဖြဖြသပ္တင္ေနေလရဲ႕။

“အခုေတာ့ မင္းမွာလည္း မင္းအေၾကာင္းနဲ႔ မင္းဆိုေတာ့ ကိုယ္မတားေတာ့ပါဘူး ဒါေပမဲ့ ဘယ္လိုအေၾကာင္းအရာနဲ႔ပဲျဖစ္ျဖစ္ မင္းကိုေတာ့ ကိုယ္တစ္ခုခု အျဖစ္မခံႏိုင္ဘူး စုံေထာက္ပတ္ခ္”

Suga စကားေၾကာင့္ ဂ်ီမင္က မ်က္လႊာေအာက္သို႔ ခ်သြားကာ ခပ္တိုးတိုးအသံျဖင့္ ။

“ကြၽန္ေတာ္လည္း စုသင့္သေလာက္စုၿပီး ပိုင္ဆိုင္သင့္သေလာက္ေလး ပိုင္ဆိုင္ၿပီးရင္ ဒီအလုပ္ကနား‌ဖို႔ ဆုံးျဖတ္ထားပါတယ္”

ဂ်ီမင္ စကားေၾကာင့္ Suga တစ္ေယာက္ေပ်ာ္သြားဟန္။ ေမြ႕ယာထက္ ျပန္လွဲခ်လိုက္ၿပီး ဂ်ီမင္လက္ေတြအား ဆြဲယူကာ ဂ်ီမင္ခႏၶာေလးအား သူ႔ရင္ခြင္ထဲဆြဲထည့္လိုက္ေလ၏။

“လူ လူႀကီးမင္း”

“အိပ္ေတာ့ မနက္က် ေစာေစာထၿပီး ျပန္ၾကမယ္”

“ဒါ ဒါေပမဲ့-”

“စကားဆက္ေျပာေနဦးမယ္ဆိုရင္ ကြၽန္ေတာ္ ခင္ဗ်ားကို ပိတ္နမ္းမွာေနာ္ Little Park”

သူၿခိမ္းေျခာက္သလို ဆိုလိုက္ေတာ့ ႏႈတ္ခမ္းအား  လက္ျဖင့္အုပ္ထားကာ သူအား ျပဴးေၾကာင္ေၾကာင္ေလး ေမာ့ၾကည့္လာသည့္ စုံေထာင္ပတ္ခ္ဟာ တကယ္ကို ၾကမ္းရမ္းျပစ္ခ်င္စရာေလးပင္။

“မ်က္လုံးေတြ မမွိတ္ေသးဘူးလား ဒါမွမဟုတ္...”

ဆက္မေျပာဘဲ မ်က္ႏွာေအာက္သို႔ အနည္းငယ္ငုံ႔လိုက္ေတာ့ ခ်က္ခ်င္းဆိုသလို ထြက္ေပၚလာတဲ့ အသံဆူး‌ဆူးေလး။

“အိပ္ေတာ့မယ္!”

ထိုစကားအားဆိုကာ မ်က္ဝန္းေတြကိုမွိတ္ခ်ျပစ္လိုက္သည့္ ဂ်ီမင္ပါေလ။

Suga မွာေတာ့ သူ႔ရင္ခြင္ထဲက ဂ်ီမင္ မ်က္ႏွာေလးအား ငုံ႔ၾကည့္ရင္း ခပ္ဖြဖြၿပဳံးေတာ့သည္။ ေနာက္ေတာ့ ရင္ခြင္ထဲက ဂ်ီမင္ ပါးျပင္အား ခပ္ဖြဖြတစ္ခ်က္ ငုံ႔နမ္းလိုက္ေတာ့ ဂ်ီမင္ခင္မ်ာ လန႔္သြားသည္ထင္။ သူ႔အက်ႌစအား လက္ေသးေသးေလးျဖင့္ ခပ္က်စ္က်စ္ဆုပ္ကိုင္‌လာေလ၏။

“Good Night Little Park”

ထိုစကားအား ခပ္ဖြဖြဆိုကာ တေနကုန္ ဆိုင္ကယ္ေမာင္းထားရသည္မို႔ ပင္ပန္းထားသည့္ အရွိန္ႏွင့္ Suga အိပ္ဖို႔ျပင္ေတာ့သည္။ ရင္ခြင္ထဲက ဂ်ီမင္မွာလည္း ရွက္စိတ္ေၾကာင့္ ျမန္ျမန္ အိပ္မေပ်ာ္ႏိုင္ေသာ္လည္း ႀကိဳးစားကာ အိပ္ေပ်ာ္ေအာင္ အိပ္ဖို႔လုပ္ေတာ့၏။

ထို႔ေနာက္ သိပ္မၾကာခင္မွာပဲ တစ္ေယာက္ကိုတစ္ေယာက္ဖက္ထားကာ အိပ္ေမာက်ကုန္ေတာ့၏။

ဤသည္ႏွင့္ တစ္ညလုံး အတူတူရွိၿပီးခ်ိန္မွာေတာ့ ဂ်ီမင္တစ္ေယာက္ အရင္ႏိုးလာခဲ့ေလသည္။ ၿပီးသည္ႏွင့္ ေရခ်ိဳးကာ ျပင္ဆင္ၿပီးသည့္ အခ်ိန္ထိ Suga တစ္ေယာက္ ႏိုးမလာေသးေပ။ ၾကည့္ရတာ မေန႔က အေတာ္ေလး ပင္ပန္းသြားသည့္ပုံပါပင္။

ေမြ႕ယာထက္ အိပ္ေမာက်ေနသည့္ Suga အနားသို႔ ဂ်ီမင္အသားေလး သြားလိုက္ကာ Suga မ်က္ႏွာအား ခပ္ၾကာၾကာေငးၾကည့္ေလသည္။

လူႀကီးမင္းမ်က္ႏွာအား သူခဏခဏျမင္ဖူးေပမဲ့ အခုလို အေသအခ်ာႀကီးေတာ့ သူမၾကည့္ဖူးေပ။ အခုလို ေသခ်ာၾကည့္လိုက္ေတာ့လည္း လူႀကီးမင္းဟာ ေခ်ာသည္ထက္ပိုၿပီး ၾကည့္ေကာင္းသည္။ မ်က္ႏွာအခ်ိဳးအစားဟာလည္း ေယာက်ၤား တစ္ေယာက္ ရွိသင့္သည့္ အခ်ိဳးအစားမ်ိဳးပင္။

လူႀကီးမင္း မ်က္ႏွာအား ေငးၾကည့္ရင္း မ်က္လုံးထဲျပန္ျမင္လာသည္မွာ ညကအျဖစ္ပ်က္ေတြကိုပင္။ သူသတိမထားလိုက္မိခင္မွာဘဲ သူဟာ လူႀကီးမင္းျပဳမႈသမွ် မျငင္းႏိုင္ေတာ့သည့္ လူတစ္ေယာက္ျဖစ္လို႔ေနခဲ့ေလၿပီ။

‌မေန႔ညကကိစၥမွာလည္း သူျငင္းလို႔ရပါရက္နဲ႔ ဘာေၾကာင့္မ်ား မျငင္းမိသလဲ သူ႔ကိုယ္သူလည္း မသိေတာ့ေပ။ ဆက္ေတြးေနမယ္ဆိုရင္ ေခါင္းရႈပ္႐ုံသာ အဖက္တင္တာမို႔ သူအခန္းထဲကေန ထြက္သြားဖို႔ျပင္လိုက္ေတာ့သည္။

“အင့္!”

႐ုတ္တရက္ႀကီး ဘယ္လိုႏိုးေနမွန္းမသိတဲ့ လူႀကီးမင္းမွာ သူ႔လက္ေတြအား ဆြဲခ်လိုက္တာမို႔ သူ႔ခႏၶာမွာ လူႀကီးမင္းကိုယ္ေပၚသို႔ ပုံခနဲ။

“ကိုယ့္ကိုထားခဲ့ၿပီး တစ္ေယာက္တည္းျပန္ဖို႔ စဥ္းစားေနတာလား”

ဘယ္လို။ သူကလူႀကီးမင္းကို ထားခဲ့မယ္။ ဒါမ်ိဳး သူေတြးေတာင္ မေတြးခဲ့ပါဘူး။ လူႀကီးမင္း ဘာလို႔ ဒီလိုေမးရတာလဲ။

“ဟားဟား ကိုယ္ကစေနတာပါ ဘာလို႔ ခ်စ္ဖို႔ေကာင္းေအာင္ လုပ္ေနတာလဲ”

လူႀကီးမင္းစကားေၾကာင့္ သူ႔ပါးေတြ အခုေလာက္ဆို ဘယ္ေလာက္ေတာင္ ရဲတက္ေနလိုက္မလဲ သူေတြးေတာင္မၾကည့္ရဲေပ။

“လႊတ္ေပး မေန႔ကတည္းက ကြၽန္ေတာ္ကို အသားယူေနတာ ခင္ဗ်ား လြန္ေနၿပီ လူႀကီးမင္း”

တကယ္သူ မေနတက္ေတာ့ပါ။ လူႀကီးမင္း သူ႔ကို ဒီလိုေတြ ျပဳမႈတိုင္း ဘာေၾကာင့္မွန္းမသိ ရင္ခုန္ေနမိသည့္ သူ႔ကိုယ္သူလည္း ဘယ္လိုမွ နားမလည္ႏိုင္‌သလို အလိုက္ကန္းဆိုးမသိတဲ့ ရင္ခုန္သံေတြအား သူအတည္ စိတ္ဆိုးျပစ္လိုက္ခ်င္ၿပီ။

“စိတ္ဆိုးသြားတာလား”

“ဟင့္အင္း ကြၽန္ေတာ္ အျပင္ခဏ ထြက္လိုက္ဦးမယ္ လူႀကီးမင္း အဆင္သင့္ျပင္ထားပါ”

စိတ္ဆိုးသြားတာမ်ိဳးမဟုတ္ဘဲ ရွက္ၿပီး အခန္းထဲကေန ထြက္ေျပးသြားတဲ့ ဂ်ီမင္အား ၾကည့္ၿပီး Suga ခပ္ဟဟရယ္ေတာ့သည္။ ေနာက္ေတာ့ ျပန္ဖို႔အတြက္ ေရခ်ိဳးခ်ကာ ျပင္ဆင္စရာရွိတာ ျပင္ဆင္ဖို႔ လုပ္ေတာ့သည္။

Suga အားလုံး ျပင္ဆင္ၿပီးခ်ိန္မွာေတာ့ ဂ်ီမင္ဟာ အခ်ိန္ကိုက္ ျပန္ေရာက္လာေလရဲ႕။

“အဆင္သင့္ျဖစ္ၿပီလား လူႀကီးမင္း”

“အင္း ကိုယ္အဆင္သင့္ပဲ”

“ဒါဆို မနက္စာစားၿပီးတာနဲ႔ ျပန္ၾကတာေပါ့”

ထိုစကားအား ဆိုကာ အခန္းျပင္ ျပန္ထြက္ဖို႔ ျပင္ေနသည့္ ဂ်ီမင္အား Suga လက္ကေန လွမ္းဆြဲကာ အခန္းတံခအား ျပန္ပိတ္လိုက္ၿပီး ဂ်ီမင္ကိုလည္း တံခါးနံရံထက္ ကပ္ျပစ္လိုက္ေလ၏။

“လူႀကီးမင္း ဘာလုပ္ျပန္တာလဲ”

“မလြန္ဘူးလား စုံေထာက္ပတ္ခ္ ဟင္ ဒီေကာင့္ကို လြန္တယ္ေျပာၿပီး မင္းကိုယ္မင္းေရာ လြန္တယ္လို႔ မထင္ဘူးလား”

Suga အေျပာအား ဂ်ီမင္ နားမလည္ပါ‌ေလ။ မ်က္ေတာင္ပုတ္ခတ္ ပုတ္ခတ္နဲ႔ အူေၾကာင္ေၾကာင္ေလး လုပ္ေနေတာ့ Suga ကလည္း သူ႔စိတ္သူ ထိန္းမႏိုင္ေတာ့တဲ့ပုံပါပဲ။ ခ်က္ခ်င္း ဂ်ီမင္လက္ေတြကိုယူလိုက္ၿပီး အေပၚဘက္သို႔ေျမႇာက္တင္လိုက္ကာ လက္ေတြကို သူ႔လက္တစ္ဖက္တည္းနဲ႔ ဆုပ္ကိုင္ထားေလရဲ႕။

“လူႀကီးမင္း”

“တစ္ညလုံး ကိုယ္ဘယ္ေလာက္ထိ စိတ္ထိန္းထားရလဲ မင္းသိလား”

ခပ္တိုးတိုး ေမးခြန္းသံနဲ႔အတူ ဂ်ီမင္လည္တိုင္ထက္ ထိကပ္လာတဲ့ Suga ႏႈတ္ခမ္းပါး။

“Ummm...”

“ကိုယ္တို႔တစ္ရက္လုံး အတူတူရွိခဲ့တယ္ တစ္ညလုံးလည္း မင္းကို ကိုယ့္ရင္ခြင္ထဲထည့္ၿပီး အိပ္ခြင့္ရခဲ့တယ္ မိုးလင္းေတာ့လည္း ကိုယ့္မ်က္လုံးေတြဖြင့္ခ်ိန္မွာ မင္းကိုအရင္ဦးဆုံး ျမင္ခြင့္ရခဲ့တယ္ ဒါေတြေၾကာင့္ ကိုယ္ဘယ္ေလာက္ေတာင္ ေပ်ာ္ေနမိလဲ ဘယ္ေလာက္ေတာင္ ရင္ဘတ္ႀကီးတစ္ခုလုံး ေပါက္ထြက္ေတာ့မလို ရင္ခုန္သံေတြျမန္ေနၿပီး မူမမွန္ျဖစ္ေနတာကို မင္းနည္းနည္းေလးေတာင္ မရိပ္မိဘူးလား ဟင္ ဂ်ီမင္”

Suga စကားေတြဆုံးသြားေတာ့ ဂ်ီမင္ဟာ Suga မ်က္ႏွာအား ရဲတက္ေနသည့္ ပါးျပင္ေလးေတြျဖင့္ ေမာ့ၾကည့္ေလသည္။ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံသြားခ်ိန္မွာေတာ့ Suga ဟာ ဂ်ီမင္ႏႈတ္ခမ္းေတြအား စိုက္ၾကည့္ကာ လက္ျဖင့္ ခပ္ဖြဖြပြတ္သတ္ေလ၏။

“ကိုယ္ေလာဘႀကီးမိၿပီ ဂ်ီမင္ ဒါေၾကာင့္ မင္းကိုယ့္ကို အခြင့္အေရးယူတဲ့ေကာင္လို႔ မျမင္ဘူးမလား”

ထိုေမးခြန္းအားေမးကာ ဂ်ီမင္ ပါးျပင္ေတြအား လက္ျဖင့္ဆြဲညႇစ္လိုက္ၿပီး ဆူထြက္လာသည့္ ဂ်ီမင္ ႏႈတ္ခမ္းပါးေလးအား သူ႔ႏႈတ္ခမ္းပါးျဖင့္ ထိကပ္ကာ အနမ္းေတြစ‌တင္ဖန္တီးေတာ့သည္။

“Ommmzz...”

အႏူးညံ့ဆုံး ဖန္တီးေနသည့္ Suga အနမ္းေတြေအာက္ ဂ်ီမင္ဟာ မျငင္းဆန္ႏိုင္ခဲ့ေပ။ မ်က္ဝန္းေတြအား မွိတ္ခ်ရင္း Suga အနမ္းေတြေအာက္ ၿငိမ္ၿငိမ္ကေလး ခံယူေနေလ၏။

“Ommmzzz...”

Suga ဟာလည္း ဂ်ီမင္ ႏႈတ္ခမ္းပါးေတြအား အေပၚတစ္လွည့္ ေအာက္တစ္လွည့္ သူ႔စိတ္ႀကိဳက္ ျခယ္လွယ္ကာ ေအာက္ႏႈတ္ခမ္းပါးေလး‌ကိုလည္း အနမ္းေတြၾကားထဲ ခပ္ဖြဖြကိုက္ေသး၏။

ခပ္ၾကာၾကာ ဂ်ီမင္ႏႈတ္ခမ္းပါးေတြအား သူစိတ္ႀကိဳက္ ျခယ္လွယ္ၿပီးခ်ိန္မွာေတာ့ အသက္ရႈဖို႔ခက္ခဲေနၿပီျဖစ္သည့္ ဂ်ီမင္အေနအထားအား သူရိပ္မိတာေၾကာင့္ ဂ်ီမင္ေအာက္ႏႈတ္ခမ္းေလးအား ခပ္ဖြဖြတစ္ခ်က္ကိုက္ကာ လႊတ္ေပးၿပီး လက္ေတြကိုလည္း လႊတ္ေပးလိုက္ေလသည္။

ႏႈတ္ခမ္းေပၚက အနမ္းေတြရပ္သြားခ်ိန္မွာေတာ့ ေမာပန္းသြားဟန္ အသက္အား ခပ္ျပင္းျပင္းရႈထုတ္ေနသည့္ ဂ်ီမင္အား Suga အေပၚကေန ငုံ႔ၾကည့္ေလ၏။

အခုခ်ိန္မွာ ဂ်ီမင္ပုံစံဟာ သူေသာင္းက်န္းထားလို႔ ႏႈတ္ခမ္းဖူးဖူးေလးဟာ ခပ္ရဲရဲေလးျဖစ္ေနၿပီး ေအာက္ႏႈတ္ခမ္းပါးေလးမွာလည္း အနမ္းေတြၾကားထဲ သူကိုက္ထားသည့္ အရွိန္ေၾကာင့္ ကိုက္ရာေလးေတြ မထင္မရွာေလး ရွိေနျပန္သည္။

ထို႔အျပင္ သူ႔လုပ္ရက္ေတြေၾကာင့္ အေတာ္ေလးရွက္ေနဟန္ ရင္ဘတ္ထက္ လက္တင္ထားကာ ရဲတက္ေနသည့္ မ်က္ႏွာေလးျဖင့္ သူ႔အား မရဲတရဲေလး ေမာ့ၾကည့္လာျပန္သည့္ ဂ်ီမင္ဟာ သူ႔ကိုအဆုံးထိသြားဖို႔ တြန္းအားေပးေနသလိုပါပင္။

ဂ်ီမင္ကလည္း ေအာက္ကေန ေမာ့ၾကည့္ေနသလို Suga ကလည္း အေပၚကေန ငုံ႔ၾကည့္ေနတာေၾကာင့္ ႏွစ္ေယာက္သား အၾကည့္ခ်င္းဆုံေနသည္။ ထို႔အတူ ေလာေလာလတ္လတ္ကမွ ႏႈတ္ခမ္းခ်င္းထိကပ္ထားသည့္ သူတို႔ႏွစ္ဦး၏ ရင္ခုန္သံေတြဟာ ထိန္းခ်ဴပ္ဖို႔ခက္ခဲလွေလ၏။

“Shit! ဒီေကာင္ ႐ူးေတာ့မယ္ ဂ်ီမင္”

“ကြၽန္ေတာ္ေရာပဲ”

တုံ႔ျပန္စကားသံႏွင့္အတူ ဂ်ီမင္ဟာ ေျခဖ်ားေထာက္လိုက္ၿပီး ႐ုတ္ရက္ဆန္စြာ Suga ႏႈတ္ခမ္းပါးေတြအား သူကိုယ္တိုင္ လိုလိုလားလားျဖင့္ နမ္းရႈိက္လာေလသည္။

Suga မွာလည္း ႐ုတ္တရက္ အံ့ဩသြားေပမဲ့ ဂ်ီမင္အား  ေပြ႕ခ်ီလိုက္ကာ အနမ္းေတြအား ဆက္ေစသည္။ ဒီတစ္ခါမွာေတာ့ ႏွစ္ဦးႏွစ္ဖက္ လိုလိုလားလားျဖင့္ ဖန္တီးေနသည့္ အနမ္းေတြျဖစ္တာေၾကာင့္ ပထမတစ္ေခါက္ထက္ ပို၍ ခ်ိဳၿမိန္ေနၿပီး ရင္ခုန္စရာေကာင္းလွေလ၏။

“Ommmzzz....Humm”

Suga အနမ္းေတြဟာ ဂ်ီမင္ ႏႈတ္ခမ္းပါးကေန တဆင့္ ဂ်ီမင္ လည္တိုင္ထက္ ဆင္းသက္သြားၿပီး အမွတ္အသားလွလွေလးေတြေပးဖို႔ ႀကိဳးစားေတာ့သည္။

“Hummm....”

ဂ်ီမင္လည္တိုင္ထက္ Suga ႏႈတ္ခမ္းပါး ထိကပ္ၿပီးအခ်ိန္မွာေတာ့ ဂ်ီမင္ လည္တိုင္ထက္ အနီေရာင္ အမွတ္အသားမ်ား တစ္ခုၿပီးတစ္ခု ေနရာယူလာခဲ့ေလသည္။

“Ugh!”

လည္တိုင္ကေနထပ္ၿပီး ဂ်ီမင္ဝတ္ထားသည့္ အက်ႌအား ပုခုံးတစ္ဖက္ေပၚသည္အထိ ေအာက္သို႔ ဆြဲခ်ကာ ေပၚလာသည့္ ပုခုံးသား ေဖြးေဖြးထက္ အနီေရာင္ အမွတ္အသားမ်ား ထပ္မံ၍ ေဆးျခယ္ျပန္သည္။

“Hummm”

ႏွစ္ေယာက္လုံး သတိမထားမိလိုက္ခင္မွာဘဲ ခရီးတစ္ဝက္ကို ေရာက္ႏွင့္လာၿပီ ျဖစ္တာေၾကာင့္ ခ်က္ခ်င္းဆိုသလို ဂ်ီမင္ မ်က္ဝန္းေတြ ပြင့္ဟလာကာ အသိဝင္လာေတာ့၏။

“ရပ္...ရပ္ရေအာင္ လူႀကီးမင္း”

TBC ✓

ဘာေတြေမွ်ာ္လင့္ေနတာလဲ ကိုယ့္လူတို႔။

ေမွ်ာ္လင့္ထားတာေတြ ဖတ္ခ်င္ေသးရင္ Vote ႏွိပ္ဖို႔မေမ့နဲ႔။ အာဘြား။


Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

2.3M 116K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
682K 33.7K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
1.1M 49.6K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
314K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc