မောင့်အမုန်းတော်ခံ

Από MillieMillie2005

93K 1.7K 156

မောင့်ရက်စက်ခြင်းတွေနဲ့ နေသားကျအောင်ကြိုးစားနေထိုင်ပါ မောင့်အချစ် မောင်အမုန်းတရားတွေအပြည့်နဲ့ မင်းဘဝ အမြဲငိုက... Περισσότερα

အပိုင်း၁
အပိုင်း၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆ 🚨
အပိုင်း ၂၇
အပိုင်း ၂၈
စာရေးသူမှ..တောင်းပန်ခြင်း/ ကျေးဇူးတင်ခြင်း

အပိုင်း ၇

1.6K 58 0
Από MillieMillie2005

နှလုံးအထူးကုသဆောင်တွင် နှလုံးအထူးကုဆရာဝန် အလင်းသစ်မှူး အရေးပေါ်လူနာအား စမ်းသပ်ကုသပေးနေသည်။

နှလုံးရောဂါအခံမရှိပေမယ့် ရုတ်တရက်နှလုံးအောင့်တာဖြစ်ပြီး ခွဲစိတ်မှုမလုပ်ရပေမယ့် သေချာကုသပေးနေရသည်။

အချိန် တစ်နာရီလောက်ယူအပြီးမှာ ကုသမှုပြီးစီးသွားပြီဖြစ်သည်။

"မကေသီသာဦးရဲ့ လူနာရှင်ရှိပါသလားရှင်"

ဘေးက လက်ထောက်ဆရာဝန်မလေးက မေးလိုက်တော့ လူနာရှင်က အနားရောက်လာသည်။

"ဆရာပြောတာကို နာလည်လား...အရေးကြီးဆုံးက ဘာလဲဆိုတာသိထားပါ "

"ဟုတ်ကဲ့ ဆရာ"

မင်းမုန်းရဲ အရှေ့ကဆရာဝန်ကို ကြည့်​​နေလိုက်သည်။ သူကိုမမြင်သေးဘဲ ဘေးကဆရာဝန်ပေါက်စတွေကို ပြောနေတာဖြစ်သည်။

"ဆရာ ဒါလူနာရှင်ပါ"

"ဟင်..."

အလင်းသစ်မှူး ရှေ့ကလူကိုမြင်ပြီး အနည်းငယ်လန့်သွားမိသည်။

"ဆရာ..ဆရာ"

ကြောင်ကြည့်နေမိတုန်းမှာ ဘေးကဆရာဝန်မလေးအသံပေးမှ သတိဝင်လာတော့သည်။

"အခြေနေဘလိုရှိလဲ"

"ဗျာ...ဟို...လူ..လူနာက"

သြရှရှအသံနဲ့ မေးလာသောသူကြောင့် အလင်းသစ်မှူး အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေမိသည်။ တခြားသူတွေနဲ့ဆို အရောတဝင်သိပ်မနေပေမယ့် အခုလိုဖြစ်မနေပါ။

သူနဲ့ကြမှ လူကသူ့အကြည့်တွေကို ရင်မဆိုင်ရဲသလို သူ့အသံကြားရင် ရင်တွေတုန်ပြီး အသံတောင် မထွက်ရဲလောက်အောင်ဖြစ်ရသည်။

"ကျစ်..."

စိတ်မရှည်သိလိုဖြစ်တော့မှ အရှေ့က ဆရာဝန်က အသံထွက်လာသည်။

"ဟို...စိုးရိမ်စရာမရှိတော့ပါဘူး ဒါပေမယ့် ဟို...ဟိုလေ"

"ရပြီ သူဘာမှမဖြစ်ရင်ပြီးတာပဲ အခုတွေ့လို့ရပြီလားသူ့ကို"

"ဗျာ...အော်..ခနနေရင်သတိရလာတော့မှာပါ အခုတော့..ဟို သတိမရသေးပါဘူး"

"အင်း...သူသတိရလာရင် ကျုပ်ကိုပြောရော့ ဒါကျုပ်ဖုန်းနံပါတ် ခများဆက်ပြော"

"ဟင်...အာ..ဟုတ်ကဲ့"

လက်ထဲထိုးပေးလာတဲ့ ဖုန်းနံပါတ်​ေလးကို အသာ လှမ်းယူလိုက်သည်။ ပီးတော့ လှည့်ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ရင်း အသက်ကိုပြင်းပြင်းရှူသွင်းမိသည်။

ဆေးရုံရှေ့က အအေးဆိုင်မှာ မင်းမုန်းရဲထိုင်နေမိသည်။ ကေသီသာဦး ကိုစိတ်ပူလွန်းလို့တော့မဟုတ်ပေမယ့် တချို့အကြောင်းလေတွေကြောင့်ပေါ့။

အမှန်ဆို ဒီတိုင်းထားပြီးပိုက်ဆံယူကာပြန်ခဲ့လိုက်မှာပေမယ့် အခုကဆက်ရန်တွေရှိ​သေးသည်။

📳တီ..တီ!

မင်းမုန်းရဲဖုန်းကို ဖုန်းစိမ်းတစ်ခုဝင်လာသည်။

နှုတ်ခမ်းထပ်က မဲ့ပြုံးလေးကလည်းလှပစွာပေါ်လာသည်။

*Hello*

"အင်း"

*ဟို...လူနာ...သတိရလာပြီလို့လှမ်းအကြောင်းကြားတာပါ*

"အင်း"

*ဟုတ်ကဲ့ ဖုန်းချလိုက်တော့မယ်နော်*

"နေအုန်း"

*ဟုတ်*

"ဒါ ခများဖုန်းလား "

*ဟုတ်ကဲ့*

"အင်း "

အလင်းသစ်မှူး ရင်ဘတ်ကိုဖိကာ ပြောနေရသည်။ ဖုန်းထဲကနေတဆင့် ကြားရတဲ့သူအသံကအစ ခက်ထန်မာကြောလွန်းသည်။

ကျသွားပြီဖြစ်တဲ့ဖုန်းကို စာပွဲပေါ်တင်လိုက်ပြီး လူနာကြည့်ရန်ထွက်လာခဲ့လိုက်တော့သည်။

....

မင်းမုန်းရဲအခန်းထဲ ဝင်လာတော့ ကေသီသာဦး က မျက်နှာလွှဲသွားသည်။

အနားထိသွားကာ ခုံတစ်ခုကိုယူထိုင်လိုက်ပြီး ခုံကိုကျောမှီကာ လက်ပိုက်ထိုင်နေလိုက်သည်။

ဆယ်မိနစ်လောက်ကြာတဲ့အထိ မင်းမုန်းရဲဘက်က ဘာစကားတစ်ခွန်းမှမပြောတော့ ကေသီသာဦး သူ့ဘက်မျက်နှာပြန်လှည့်လာသည်။

"မင်း...မမကို ဘာမှမပြောတော့ဘူးလားကွာ"

ပြောရင်းမျက်ရည်ကျလာသော သူမအား မင်းမုန်းရဲ စူးစိုက်ကြည့်လိုက်ပြီး

"အင်း"

"မမ မှာဘာအပြစ်ရှိလို့လည်း ဘာလို့မမကိုအခုလိုလုပ်ရတာလဲ "

"ခများရဲ့စိတ်ဓာတ်ကို မကြိုက်လို့"

"ဘာ...ငါက..ငါကဘာဖြစ်နေလို့လည်း"

"အဟက်...ခများလို စောက်ကြောတင်းတဲ့မိန်းမ မောက်မာတဲ့မိန်းမကို မကြိုက်လို့ဖြတ်တာ"

ဟိုအရင်နေ့တွေ လျှောက်လည်တုန်းက ကေသီသာဦး ရဲ့ထမိန်စလေးကို ကိုင်ကာ ကလေးတစ်ယောက်က ပိုက်ဆံတောင်းခဲ့တာကို ညစ်ပတ်တဲ့လက်နဲ့ သူ့အဝတ်တွေ ပေကုန်အောင်လုပ်တယ်ဆိုပြီး ကလေးကို မောက်မောက်မာမာ ပြောဆိုဆက်ဆံခဲ့တာ ဖြစ်သည်။

အဲ့ကတည်းက စိတ်ကုန်နေပေမယ့် သတ်မှတ်ရက်မပြည့်သေးလို့သာ နေခဲ့ခြင်းဖြစ်သည်။

"အေး..ငါကမောက်မာတယ် ငါ့မှာမောက်မာနိုင်လောက်တဲ့ အဆင့်အတန်းနဲ့ ငွေကြေးရှိတယ်"

"ဒါမဲ့ ငါနင့်အပေါ်ဘာမကောင်းတာရှိလည်း...မမ...မမလေ မင်းကို အရမ်းချစ်ခဲ့တာပါ...တကယ်ချစ်တာပါမင်းရယ်"

ကုတင်ပေါ်ကဆင်းကာ အတင်းလာဖတ်နေသော ကေသီသာဦး တစ်ယောက် သူမရဲ့ မာနတွေကိုခဝါချကာ ယောက်ျားတစ်ယောက်စီမှာ တောင်ပန် နေရသည်။

"ကျစ်...ခများကိုကျုုပ်ပြောပြီးပြီနော်...အခုလည်း သိပ်ဂရုစိုက်လွန်းလို့ ခများကိုစောင့်နေတာမထင်နဲ့ ဒီဆေးရုံမှာ ကျုပ်အသဲအသက်လေးကို တွေ့လိုက်ရလို့"

"ခွေးလိုကောင်...နင်ဝဋ်မလည်ပါစေနဲ့လို့ဆုတောင်းပါတယ်.."

"ပြည့်ပါရစေဗျာ...အချစ်ကပြန်ချစ်ဖို့ပါဆုတောင်းပေးပါအုန်း ကျုပ်သွားပြီ မမ"

အနောက်မှာ သူမဘယ်လိုကျန်ခဲ့မလဲ မသိပေမယ့် အရှေ့က မျက်လုံးဝိုင်းလေးနဲ့ သူကိုကြည့်နေတဲ့သူကိုတော့ သတိထားမိပါသည်။

အလင်းသစ်မှူး အခန်းထဲလူနာကြည့်ဖို့ ဝင်ခါနီးမှစကားများနေတဲ့အသံတွေကြောင့် အပြင်မှာပဲရပ်နေလိုက်သည်။

တခြားသူဆို လှည့်ပြန်မိမှာပေမယ့် အသံပိုင်ရှင်ဘယ်သူဆိုတာ သိနေတဲ့အတွက် ရပ်နားထောင်နေမိတာဖြစ်သည်။

အခန်းထဲကထွက်လာသော သူနဲ့ မျက်နှာချင်းဆိုင်မိလိုက်တော့ လူကအလိုလိုတောင့်ခဲသွားရသည်။

ရည်းစားနဲ့ ရန်ဖြစ်စကားများထားတဲ့သူက အပြုံးတစ်ခုနဲ့ အခန်းထဲက ထွက်လာသည်။

အလင်းသစ်မှူးကို မြင်တော့မင်းမုန်းရဲ စိုက်ကြည့်လိုက်ပြီးမှ ဘေးကနေ ကပ်ရှောင်သွားသည်။

အိပ်သာခနဝင်ကာ ဘေစင်မှာလက်ဆေးနေတုန်း ဘေးနာမှာ အလင်းသစ်မှူးဝင်ရပ်လိုက်သည်။

မင်းမုန်းရဲ လက်ဆေးပြီးတော့ ပြန်ထွက်မည်အလုပ် ခါးကအင်္ကျီစလေးကို လှမ်းစွဲလိုက်သည်။

"ဘာလုပ်တာလဲ..."

ဘေစင်ကို လက်တစ်ဖက်ထောက်ကာ တစ်ဖက်က ခါးကိုထောက်ရင်း အလင်းသစ်မှူးဘက်လှည့်ကာ မေးလိုက်သည်။

ခေါင်းကိုအောက်ငုံ့ထားတဲ့ အလင်းသစ်မှုးက မင်းမုန်းရဲ ခြေထောက်ကိုပဲကြည့်နေမိသည်။

"ကျစ်..ပြော....ဘာပြောမှာလဲ"

ပြောစရာရှိတာကို မပြောတဲ့လူကြောင့် စိတ်မရှည်တော့ပဲ မေးလိုက်ရသည်။ ဒီတော့မှခေါင်းကိုမော့လာပြီး မင်းမုန်းရဲမျက်နှာကို ကြည့်သည်။

ပြီးတာနဲ့ အောက်ပြန်ငုံ့သွားပြန်သည်။

"ဟို...ချစ်သူချင်း စကားများပေမယ့် မိန်းကလေးက သက်သာခါစရှိသေးတော့ အခုလိုမပြုမူစေချင်ဘူး"

မင်းမုန်းရဲ မျက်ခုံးတွေပိုမို တွန့်ချိုးပစ်လိုက်သည်။

"သူနဲ့က ဇာတ်လမ်းပျက်ပြီးသား"

"ဒါမဲ့လေ သူက မင်းကို အရမ်းချစ်တဲ့ပုံပါပဲ သူအခုလိုအချိန်မှာလေ စိတ်ချမ်းသာအောင်ထားပေးပါ့လားလို့ အကိုက ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကျမ်းမာရေးအတွက်တောင်းဆိုတာပါ"

အလင်းသစ်မှူး အားတင်းပြီးပြောနေရသည်။

"ဒါပေမဲ့  ခများရယ် ကျုပ်မှ သူနဲ့နေရတာမ​ပျော်တာ"

မင်းမုန်းရဲ အသံက အရင်ကပြောနေကျနဲ့မတူပဲ အနည်းငယ် ညင်သာနေသယောင်ရှိသည်။

"ဟိုလေ အကိုက တောင်းဆိုတာပါ ပြီးတော့မိန်းကလေးတစ်ယောက်ကို နှမချင်းကိုယ်ချင်းစာလို့"

"ဘာ..ခများဘာ စကားပြောတာလဲ"

ဒုန်း!

"အ့!"

အိမ်သာတံခါးနဲ့ အလင်းသစ်မှူးကျောနဲ့ ပစ်တိုက်လိုက်တာဖြစ်သည်။

ကျောရိုးတစ်လျှောက် တွန်းတဲ့အားက မနည်းတော့ အတော်နာပါသည်။

"ကျုပ်က နှမချင်းမစာနာဘူးပေါ့... ကျုပ်တို့တုန်းကရော ဘယ်သူကစာနာလို့လည်း ကျုပ်ကိုယုတ်မာတဲ့ကောင်ထင်နေတာလား"

"မဟုတ်ပါ...အ့"

လည်ပင်းကို ဖြစ်ညှစ်ထားလို့ အသက်ရှူလည်းကျပ်နေရသည်။

နှမချင်းမစာနာဘူးပေါ့..ဟုတ်လား သူတို့တုန်းကရော သားသမီးချင်းစာနာကြလို့လား။ ဖြတ်သန်းခဲ့ရတဲ့ ဘဝတစ်လျောက်လုံး ဒါဏ်ရာတွေအများကြီးရပြီး အကြိမ်ကြိမ်သေဆုံးခဲ့ရတာရော စာနာကြလို့လား ။

အဟက်..ကိုယ့်အလှည့်ကြ သိတက်လိုက်တာ။ အတော်တရားကြဖို့ကောင်းတာပါပဲ။

"အ့..တောင်း...တောင်းပန်ပါတယ်"

"ဟာကွာ!.."

..............
.........….........

လိုအပ်ချက်များစွာနဲ့ millie 💜

ႏွလုံးအထူးကုသေဆာင္တြင္ ႏွလုံးအထူးကုဆရာဝန္ အလင္းသစ္မႈး အေရးေပၚလူနာအား စမ္းသပ္ကုသေပးေနသည္။

ႏွလုံးေရာဂါအခံမရွိေပမယ့္ ႐ုတ္တရက္ႏွလုံးေအာင့္တာျဖစ္ၿပီး ခြဲစိတ္မႈမလုပ္ရေပမယ့္ ေသခ်ာကုသေပးေနရသည္။

အခ်ိန္ တစ္နာရီေလာက္ယူအၿပီးမွာ ကုသမႈၿပီးစီးသြားၿပီျဖစ္သည္။

"မေကသီသာဦးရဲ႕ လူနာရွင္ရွိပါသလားရွင္"

ေဘးက လက္ေထာက္ဆရာဝန္မေလးကေမးလိုက္ေတာ့ လူနာရွင္ကအနားေရာက္လာသည္။

"ဆရာေျပာတာကို နာလည္လား...အေရးႀကီးဆုံးက ဘာလဲဆိုတာသိထားပါ "

"ဟုတ္ကဲ့ ဆရာ"

မင္းမုန္းရဲ အေရွ႕ကဆရာဝန္ကို ၾကည့္ေနလိုက္သည္။ သူကိုမျမင္ေသးဘဲ ေဘးကဆရာဝန္ေပါက္စေတြကို ေျပာေနတာျဖစ္သည္။

"ဆရာ ဒါလူနာရွင္ပါ"

"ဟင္..."

အလင္းသစ္မႈး ေရွ႕ကလူကိုျမင္ၿပီး အနည္းငယ္လန့္သြားမိသည္။

"ဆရာ..ဆရာ"

ေၾကာင္ၾကည့္ေနမိတုန္းမွာ ေဘးကဆရာဝန္မေလးအသံေပးမွ သတိဝင္လာေတာ့သည္။

"အေျခေနဘလိုရွိလဲ"

"ဗ်ာ...ဟို...လူ..လူနာက"

ၾသရွရွအသံနဲ႕ေမးလာေသာသူေၾကာင့္ အလင္းသစ္မႈ အထစ္ထစ္အေငါ့ေငါ့ျဖစ္ေနမိသည္။ တျခားသူေတြနဲ႕ဆို အေရာတဝင္သိပ္မေနေပမယ့္ အခုလိုျဖစ္မေနပါ။

သူနဲ႕ၾကမွ လူကသူ႕အၾကည့္ေတြကိုရင္မဆိုင္ရဲသလို သူ႕အသံၾကားရင္ ရင္ေတြတုန္ၿပီး အသံေတာင္မထြက္ရဲေလာက္ေအာင္ျဖစ္ရသည္။

"က်စ္..."

စိတ္မရွည္သိလိုျဖစ္ေတာ့မွ အေရွ႕ကဆရာဝန္က အသံထြက္လာသည္။

"ဟို...ဆိုးရိမ္စရာမရွိေတာ့ပါဘူး ဒါေပမယ့္ ဟို...ဟိုေလ"

"ရၿပီ သူဘာမွမျဖစ္ရင္ၿပီးတာပဲ အခုေတြ႕လို႔ရၿပီလားသူ႕ကို"

"ဗ်ာ...ေအာ္..ခနေနရင္သတိရလာေတာ့မွာပါ အခုေတာ့..ဟို သတိမရေသးပါဘူး"

"အင္း...သူသတိရလာရင္ က်ဳပ္ကိုေျပာေရာ့ ဒါက်ဳပ္ဖုန္းနံပါတ္ ခမ်ားဆက္ေျပာ"

"ဟင္...အာ..ဟုတ္ကဲ့"

လက္ထဲထိုးေပးလာတဲ့ ဖုန္းနံပါတ္ေဘးကို အသာလွမ္းယူလိုက္သည္။ ပီးေတာ့ လွည့္ထြက္သြားတဲ့ ေက်ာျပင္ကိုၾကည့္ရင္း အသက္ကိုျပင္းျပင္းရႈသြင္းမိသည္။

ေဆး႐ုံေရွ႕က အေအးဆိုင္မွာ မင္းမုန္းရဲထိုင္ေနမိသည္။ ေကသီသာဦး ကိုစိတ္ပူလြန္းလို႔ေတာ့မဟုတ္ေပမယ့္ တခ်ိဳ႕အေၾကာင္းေလေတြေၾကာင့္ေပါ့။

အမွန္ဆို ဒီတိုင္းထားၿပီးပိုက္ဆံယူကာျပန္ခဲ့လိုက္မွာေပမယ့္ အခုကဆက္ရန္ေတြရွိေသးသည္။

တီ..တီ!

မင္းမုန္းရဲဖုန္းကို ဖုန္းစိမ္းတစ္ခုဝင္လာသည္။

ႏႈတ္ခမ္းထပ္က မဲ့ၿပဳံးေလးကလည္းလွပစြာေပၚလာသည္။

*Hello*

"အင္း"

*ဟို...လူနာ...သတိရလာၿပီလို႔လွမ္းအေၾကာင္းၾကားတာပါ*

"အင္း"

*ဟုတ္ကဲ့ ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္*

"ေနအုန္း"

*ဟုတ္*

"ဒါ ခမ်ားဖုန္းလား "

*ဟုတ္ကဲ့*

"အင္း "

အလင္းသစ္မႈး ရင္ဘတ္ကိုဖိကာ ေျပာေနရသည္။ ဖုန္းထဲကေနတဆင့္ၾကားရတဲ့သူအသံကအစ ခက္ထန္မာေၾကာလြန္းသည္။

က်သြားၿပီျဖစ္တဲ့ဖုန္းကို စာပြဲေပၚတင္လိုက္ၿပီး လူနာၾကည့္ရန္ထြက္လာခဲ့လိုက္ေတာ့သည္။

....

မင္းမုန္းရဲအခန္းထဲ ဝင္လာေတာ့ ေကသီသာဦး ကမ်က္ႏွာလႊဲသြားသည္။

အနားထိသြားကာ ခုံတစ္ခုကိုယူထိုင္လိုက္ၿပီး ခုံကိုေက်ာမွီကာ လက္ပိုက္ထိုင္ေနလိုက္သည္။

ဆယ္မိနစ္ေလာက္ၾကာတဲ့အထိ မင္းမုန္းရဲဘက္က ဘာစကားတစ္ခြန္းမွမေျပာေတာ့ ေကသီသာဦး သူ႕ဘက္မ်က္ႏွာျပန္လွည့္လာသည္။

"မင္း...မမကို ဘာမွမေျပာေတာ့ဘူးလားကြာ"

ေျပာရင္းမ်က္ရည္က်လာေသာ သူမအား မင္းမုန္းရဲ စူးစိုက္ၾကည့္လိုက္ၿပီး

"အင္း"

"မမ မွာဘာအျပစ္ရွိလို႔လည္း ဘာလို႔မမကိုအခုလိုလုပ္ရတာလဲ "

"ခမ်ားရဲ႕စိတ္ဓာတ္ကို မႀကိဳက္လို႔"

"ဘာ...ငါက..ငါကဘာျဖစ္ေနလို႔လည္း"

"အဟက္...ခမ်ားလို ေစာက္ေၾကာတင္းတဲ့မိန္းမ ေမာက္မာတဲ့မိန္းမကို မႀကိဳက္လို႔ျဖတ္တာ"

ဟိုအရင္ေန႕ေတြေလွ်ာက္လည္ၾကတုန္းက ေကသီသာဦး ရဲ႕ထမိန္စေလးကို ကိုင္ကာကေလးတစ္ေယာက္ ကပိုက္ဆံေတာင္းခဲ့တာကို ညစ္ပတ္တဲ့လက္နဲ႕ သူ႕အဝတ္ေတြေပကုန္ေအာင္လုပ္တယ္ဆိုၿပီး ကေလးကိုေမာက္ေမာက္မာမာေျပာဆိုဆက္ဆံခဲ့တာ ျဖစ္သည္။

အဲ့ကတည္းကစိတ္ကုန္ေနေပမယ့္ညသတ္မွတ္ရက္မျပည့္ေသးလို႔သာ ေနခဲ့ျခင္းျဖစ္သည္။

"ေအးငါကေမာက္မာတယ္ ငါ့မွာေမာက္မာနိုင္ေလာက္တဲ့အဆင့္အတန္းနဲ႕ ေငြေၾကးရွိတယ္"

"ဒါမဲ့ ငါနင့္အေပၚဘာမေကာင္းတာရွိလည္း...မမ...မမေလ မင္းကို အရမ္းခ်စ္ခဲ့တာပါ...တကယ္ခ်စ္တာပါမင္းရယ္"

ကုတင္ေပၚကဆင္းကာ အတင္းလာဖတ္ေနေသာ ေကသီသာဦး တစ္ေယာက္ သူမရဲ႕ မာနေတြကိုခဝါခ်ကာ ေယာက္်ားတစ္ေယာက္စိမွာ ေတာင္ပန္ ေနရသည္။

"က်စ္...ခများကိုကျုုပ်ပြောပြီးပြီနော်...အခုလည္း သိပ္ဂ႐ုစိုက္လြန္းလို႔ ခမ်ားကိုေစာင့္ေနတာမထင္နဲ႕ ဒီေဆး႐ုံမွာ က်ဳပ္အသဲအသက္ေလးကို ေတြ႕လိုက္ရလို႔"

"ေခြးလိုေကာင္...နင္ဝဋ္မလည္ပါေစနဲ႕လို႔ဆုေတာင္းပါတယ္.."

"ျပည့္ပါရေစဗ်ာ...အခ်စ္ကျပန္ခ်စ္ဖို႔ပါဆုေတာင္းေပးပါအုန္း က်ဳပ္သြားၿပီ မမ"

အေနာက္မွာ သူမဘယ္လိုက်န္ခဲ့မလဲ မသိေပမယ့္ အေရွ႕က မ်က္လုံးဝိုင္းေလးနဲ႕ သူကိုၾကည့္ေနတဲ့သူကိုေတာ့ သတိထားမိပါသည္။

အလင္းသစ္မႈး အခန္းထဲလူနာၾကည့္ဖို႔ ဝင္ခါနီးမွစကားမ်ားေနတဲ့အသံေတြေၾကာင့္ အျပင္မွာပဲရပ္ေနလိုက္သည္။

တျခားသူဆိုလွည့္ျပန္မိမ်ာေပမယ့္ အသံပိုင္ရွင္ဘယ္သူဆိုတာသိေနတဲ့အတြက္ ရပ္နားေထာင္ေနမိတာျဖစ္သည္။

အခန္းထဲကထြက္လာေသာ သူနဲ႕မ်က္ႏွာခ်င္းဆိုင္မိလိုက္ေတာ့ လူကအလိုလိုေတာင့္ခဲသြားရသည္။

ရည္းစားနဲ႕ ရန္ျဖစ္စကားမ်ားထားတဲ့သူက အၿပဳံးတစ္ခုနဲ႕အခန္းထဲကထြက္လာသည္။

အလင္းသစ္မႈးကိုျမင္ေတာ့မင္းမုန္းရဲ စိုက္ၾကည့္လိုက္ၿပီးမွ ေဘးကေနကပ္ေရွာင္သြားသည္။

အိပ္သာခနဝင္ကာ ေဘစင္မွာလက္ေဆးေနတုန္း ေဘးနာမွာ အလင္းသစ္မႈးဝင္ရပ္လိုက္သည္။

မင္းမုန္းရဲလက္ေဆးၿပီးေတာ့ျပန္ထြက္မည္အလုပ္ ခါးကအကၤ်ီစေလးကို လွမ္းစြဲလိုက္သည္။

"ဘာလုပ္တာလဲ"

ေဘစင္ကို လက္တစ္ဖက္ေထာက္ကာ တစ္ဖက္ကခါးကိုေထာက္ရင္း အလင္းသစ္မႈးဘက္လွည့္ကာ ေမးလိုက္သည္။

ေခါင္းကိုေအာက္ငုံ႕ထားတဲ့ အလင္းသစ္မႈးက မင္းမုန္းရဲ ေျခေထာက္ကိုပဲၾကည့္ေနမိသည္။

"က်စ္..ေျပာဘာေျပာမွာလဲ"

ေျပာစရာရွိတာကို မေျပာတဲ့လူေၾကာင့္ စိတ္မရွည္ေတာ့ပဲ ေမးလိုက္ရသည္။ ဒီတော့မှခေါင်ူကိုမော့လာပြီး မင္းမုန္းရဲမ်က္ႏွာကို ၾကည့္သည္။

ၿပီးတာနဲ႕ ေအာက္ျပန္ငုံ႕သြားျပန္သည္။

"ဟို...ခ်စ္သူခ်င္း စကားမ်ားေပမယ့္ မိန္းကေလးက သက္သာခါစရွိေသးေတာ့ အခုလိုမျပဳမူေစခ်င္ဘူး"

မင္းမုန္းရဲ မ်က္ခုံးေတြပိုမို တြန့္ခ်ိဳးပစ္လိုက္သည္။

"သူနဲ႕က ဇာတ္လမ္းျပတ္ၿပီးသား"

"ဒါမဲ့ေလ သူကမင္းကိုအရမ္းခ်စ္တဲ့ပုံပါပဲ သူအခုလိုအခ်ိန္မွာေလ စိတ္ခ်မ္းသာေအာင္ထားေပးပါ့လားလို႔အကိုက ဆရာဝန္တစ္ေယာက္အေနနဲ႕ လူနာက်မ္းမာေရးအတြက္ေတာင္းဆိုတာပါ"

အလင္းသစ္မႈး အားတင္းၿပီးေျပာေနရသည္။

"ဒါေပမဲ့ ခမ်ားရယ္ က်ဳပ္မွ သူနဲ႕ေနရတာမေျပာတာ"

မင္းမုန္းရဲ အသံကအရင္ကေျပာေနက်နဲ႕မတူပဲ အနည္းငယ္ ညင္သာေနသေယာင္ရွိသည္။

"ဟိုေလ အကိုကေတာင္းဆိုတာပါ ၿပီးေတာ့မိန္းကေလးတစ္ေယာက္ကို ႏွမခ်င္းကိုယ္ခ်င္စာလို႔"

"ဘာ..ခမ်ားဘာစကားေျပာတာလဲ"

ဒုန္း!

"အ့!"

အိမ္ငါတံခါးနဲ႕ အလင္းသစ္မႈးေက်ာနဲ႕ ပစ္တိုက္လိုက္တာျဖစ္သည္။

ေက်ာရိုးတစ္ေလွ်ာက္ တြန္းတဲ့အားကမနည္းေတာ့ အေတာ္နာပါသည္။

"က်ဳပ္က ႏွမခ်င္းမစာနာဘူးေပါ့... က်ဳပ္တို႔တုန္းကေရာ ဘယ္သူကစာနာလို႔လည္း က်ဳပ္ကိုယုတ္မာတဲ့ေကာင္ထင္ေနတာလား"

"မဟုတ္ပါ...အ့"

လည္ပင္းကိုျဖစ္ညွစ္ထားလို႔ အသက္ရႈလည္းက်ပ္ေနရသည္။

ႏွမခ်င္းမစနာဘူးေပါ့ဟုတ္လား သူတို႔တုန္းကေရာသားသမီးခ်င္းစာနာၾကလို႔လား။ ျဖတ္သန္းခဲ့ရတဲ့ဘဝတစ္ေလ်ာက္လုံး ဒါဏ္ရာေတြအမ်ားႀကီးရၿပီး အႀကိမ္ႀကိမ္ေသဆုံးခဲ့ရတာေရာ စာနာၾကလို႔လား ။

အဟက္..ကိုယ့္ကလွည့္ၾကသိတက္လိုက္တာ။ အေတာ္တရားၾကဖို႔ေကာင္းတာပါပဲ။

"အ့..ေတာင္းးေတာင္းပန္ပါတယ္"

"ဟာကြာ.."

..............
..................

လိုအပ္ခ်က္မ်ားစြာနဲ႕ millie

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

8.1M 342K 52
"I hope you realize you made the worst f**king decision of your life." She could feel his cold icy blue eyes piercing through her soul. "I didn't as...
91.2K 14.5K 86
පොතක පිටු අතර හමු උන ඒක දිග කතාවක්
948K 26.2K 78
ဂုဏ် ❤️ ပိုင် Zawgyi ေမာင့္ဘဝမွာ ကိုကို႔ကို ပိုင္ဆိုင္ခြင့္ရတာ ဘုရားေပးတဲ့ဆုလာဒ္တစ္ခုပါ💕 Unicode မောင့်ဘဝမှာ ကိုကို့ကို ပိုင်ဆိုင်ခွင့်ရတာ ဘုရားပေး...
62.5K 10.4K 48
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...