နှလုံးသားအရင်းအနှီး [Complete]

By MyaMo_95

478K 23.2K 203

အလောင်းအစားတစ်ခုကြောင့် စခဲ့တဲ့ကစားပွဲတစ်ခုမှာ နှလုံးသားတစ်ခု အရင်းပြုလိုက်ရသည့်အခါ...။ (Drama မပါပဲ Romance... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁ဝ
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂ဝ
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
ဇာတ်သိမ်းပိုင်း(End)
✨Character Art✨
✨Cover Art✨

အပိုင်း ၃၇

7.7K 417 1
By MyaMo_95

(Zawgyi)

ေဇယ်ာတိုး တေယာက္ အိပ္ရာထဲမွာ ေၾကကြဲ စို႔နင့္စြာႏွင့္ လဲေလ်ာင္းေနမိတယ္။ ဝမ္းနည္းစြာျဖင့္ ငိုေႂကြးမေနသည့္တိုင္ မ်က္ရည္မ်ားက တသြင္သြင္ စီးက်ေနသည္။

ေန႕လည္က ျမင္ကြင္းမ်ားက မ်က္စိထဲျပန္လည္ျမင္ေယာင္လာေတာ့ မ်က္ရည္စီးေၾကာင္းမ်ားက ပိုမို မ်ားျပားစြာ က်လာေတာ့သည္။ မ်က္လုံးမ်ား မွိတ္လိုက္သည့္တိုင္ ျမင္ခဲ့ရသည့္ ျမင္ကြင္းမ်ားက ေပ်ာက္ကြယ္မသြားေသးပဲ ပိတ္ကားသဖြယ္ တရိပ္ရိပ္ ျပန္လည္ ျမင္ေယာင္လာေတာ့သည္။

ေအာင္ေစပိုင္ သူ႕ဆီ အဆက္အသြယ္လဲ မလုပ္ပဲ ေရာက္မလာခဲ့တာ သုံးရက္တိုင္ခဲ့ၿပီ။
ဒါဟာလဲ သူ႕ေၾကာင့္ပင္ ျဖစ္ပါလိမ့္မယ္။
ကိစၥအေၾကာင္းအရာ တစ္ခုႏွင့္ ပတ္သက္ၿပီး ေအာင္ေစပိုင္ႏွင့္ ေဇယ်ာတိုးတို႔ နားလည္မႈလြဲကာ တေတာက္ကဆ ျဖစ္ၾကသည္။ ပုံမွန္ဆို ေအာင္ေစပိုင္ဘက္က အၿမဲအေလ်ာ့ေပးကာ လိုက္ေလ်ာေနၾက ျဖစ္ေပမယ့္ ဒီတခါကိုေတာ့ ေအာင္ေစပိုင္က အေလ်ာ့မေပးခဲ့ပါ။

သုံးရက္ေတာင္ၾကာေအာင္ ေစာင့္စားခဲ့ေပမယ့္ ေအာင္ေစပိုင္က သူ႕ဆီေရာက္မလာခဲ့ေသာေၾကာင့္ အနည္းငယ္ေတာ့ ဝမ္းနည္းမိေပမယ့္လဲ ျဖစ္ခဲ့သည့္ကိစၥမွာ သူ႕အမွား သူ႕အလြန္ေပမို႔ မာန္ေလ်ာ့လိုက္ေတာ့သည္။ ေအာင္ေစပိုင္ကို သူအရမ္းခ်စ္တာမို႔ ဒီတခါေတာ့ အေလ်ာ့ေပးကာ သြားေခ်ာ့ရန္ဆုံးျဖတ္လိုက္မိေတာ့တယ္။

ေန႕လည္ ထမင္းစားခ်ိန္ေရာက္ေတာ့ ေအာင္ေစပိုင့္ကုမၸဏီကို ကားေမာင္းကာ ထြက္လာခဲ့လိုက္သည္။ ထမင္းအတူစားရင္း ေခ်ာ့မည္ဟု ဆုံးျဖတ္ခ်က္ျဖင့္။ေအာင္ေစပိုင့္ ႐ုံးခန္းေရာက္ေတာ့ ႐ုံးခန္းတြင္ ဘယ္သူမွမရွိ။အတြင္းေရးမႉးအမကေတာ့ တတိုက္ေက်ာ္က စားေသာက္ဆိုင္မွာ ေန႕လည္စာ စားေနသည္ဟုေျပာသျဖင့္ ႐ုံးခန္းမွ ထြက္ကာ စားေသာက္ဆိုင္ဆီသို႔ သြားခဲ့သည္။

စားေသာက္ဆိုင္ထဲဝင္လိုက္ေတာ့ ေခ်ာေမာခန့္ညားလွသည့္ အရွိန္အဝါေၾကာင့္ သိပ္ရွာစရာမလိုလိုက္ ေအာင္ေစပိုင္ကို တန္းေတြ႕လိုက္၏။ ဝမ္းသာအားရ လွမ္းေခၚမည္အျပဳ ေဘးဘက္က အမ်ိဳးသမီး တစ္ေယာက္ႏွင့္ စကားေျပာဆိုကာ အတူစားေသာက္ရင္း ရယ္ေမာေပ်ာ္႐ႊင္ေနတာေတြ႕လိုက္ရသည္။

သူနဲ႕အတူရွိစဥ္မွာေတာင္ ၿပဳံး႐ုံသာၿပဳံးတတ္သည့္ ေအာင္ေစပိုင္က ဒီအမ်ိဳးသမီးနဲ႕က်မွ ဟက္ဟက္ပက္ပက္ ရယ္ေမာကာ စကားေျပာဆိုေနသည္တဲ့လား။ အမ်ိဳးသမီးမွာလဲ ေအာင္ေစပိုင္ႏွင့္ သက္တူ႐ြယ္တူေလာက္ရွိကာ ထက္ထက္ျမက္ျမက္ရွိပုံေပၚၿပီး လုပ္ငန္းတစ္ခုကို ဦးစီးေနသည့္ လုပ္ငန္းရွင္ ပုံစံမ်ိဳး ျဖစ္ေပသည္။

ေအာင္ေစပိုင္ႏွင့္ ထိုအမ်ိဳးသမီးအတူရယ္ေမာကာ စားေသာက္ေနၾကသည္မွာ လိုက္ဖက္လြန္းလွသည့္အျပင္ ေနႏွင့္လ ေ႐ႊႏွင့္ျမ အလား။ သူ႕လို ဘြဲ႕ပင္မရေသးပဲ ဘာမွစြမ္းေဆာင္နိုင္ရည္မရွိတဲ့ ေကာင္ေလးနဲ႕ေတာ့အကြာႀကီး ကြာတာေပါ့။

ေအာင္ေစပိုင္အနား ေရာက္လွ်င္ အခုလို သူ အၿမဲတမ္း အားငယ္ရျခင္းျဖစ္သည္။အခုလို ေအာင္ေစပိုင္ႏွင့္ အရည္အခ်င္းတူညီလွသည့္ လူမ်ားႏွင့္ ယွဥ္မိသည့္အခါ အၿမဲတမ္း ကိုယ့္ကိုကိုယ္ သိမ္ငယ္ရသည္။ အထူးသျဖင့္ ေအာင္ေစပိုင့္ ေဘးပတ္ဝန္းက်င္မွာလဲ အဲ့ဒီလိုမ်ိဳး အရည္အခ်င္းရွိလွသည့္ လူမ်ား ပိုမိုမ်ားျပားသည့္အခါ သူဟာ ဘာမွမဟုတ္ပဲ ကိုေစအနားမွာ ကပ္တြယ္ေနသည့္ ကပ္ပါးေကာင္တစ္ခု လို ခံစားလာရသည္။

ထို႔ေၾကာင့္သာ ေဇယ်ာတိုး ဆုံးျဖတ္ခ်က္ တစ္ခုခ်ခဲ့ၿပီး ထိုဆုံးျဖတ္ခ်က္ေၾကာင့္ပင္ ေအာင္ေစပိုင္နဲ႕ နားလည္မႈလြဲကာ ကေတာက္ကဆျဖစ္ရျခင္း ျဖစ္သည္။ ရယ္ေမာေပ်ာ္႐ႊင္ေနေသာ ေန႕လည္စာဝိုင္းေလးအား မႏွောက္ယွက္ခ်င္ေတာ့သျဖင့္ တံခါးကိုသာ အသာျပန္ပိတ္ရင္း ထြက္လာခဲ့မိေတာ့သည္။ရင္ထဲမွာေတာ့ မိုးၿပိဳက်သလို ခံစားခ်က္မ်ားျဖင့္ ၿပိဳလဲေနေတာ့သည္။

ျပသနာေတြအားလုံးက ဒီလိုစတင္ခဲ့သည္။

"ကိုေစ ကိုေစ"

"အင္း"

"ကြၽန္ေတာ္ ေျပာစရာရွိလို႔"

တည္ၿငိမ္လွေသာ ေလသံေၾကာင့္ ေအာင္ေစပိုင္က သူ႕ကို႔တခ်က္ၾကည့္ၿပီး လုပ္လက္စအလုပ္ေတြကို ခနရပ္ကာ အာ႐ုံစိုက္လာသည္။

"အင္း ေျပာေလ ေဇေလး"

"ကြၽန္ေတာ္ကအခု ဘြဲ႕ရေတာ့မယ္မလား"

"အင္း"

"ကြၽန္ေတာ္ ဘြဲ႕ရၿပီးရင္ နိုင္ငံျခားမွာ MBA ဆက္တက္ခ်င္လို႔"

"ဘာျဖစ္လို႔လဲ တက္ခ်င္ရင္ ဒီမွာပဲ ဆက္တက္ေလ"

"ဟင့္အင္း။ ကြၽန္ေတာ္က နိုင္ငံျခားမွာ တက္ခ်င္တာ"

"အင္း။ အဲ့တာဆို Louis ရွိတဲ့ စကၤါပူမွာသြားတက္ေလ။ နီးေတာ့ ကိုယ္လဲအဆင္ေျပတယ္"

"မဟုတ္ဘူး။ ကြၽန္ေတာ္ ဩစေၾတးလ်မွာ သြား တက္ခ်င္တာ"

စကားအဆုံးမွာ ေအာင္ေစပိုင္၏ မ်က္ခုံးေတြက အလိုမက်သလို တြန့္ေခါက္သြားသည္။

"ဘာလို႔လဲ အဲ့ဒီေလာက္ အေဝးႀကီး"

"ၾသဇီက ေက်ာင္းေတြက Ranking ေကာင္းတယ္ ကိုေစရဲ႕။ အဲမွာ MBA ရၿပီး ျပန္လာရင္ ဒီမွာလဲ အလုပ္ေကာင္းေကာင္းရမယ္"

"ကိုယ့္ ကုမၸဏီနဲ႕ ပိုက္ဆံေတြက ေဇေလး ကို တသက္လုံး ေကာင္းေကာင္းမြန္မြန္ မထားနိုင္မွာ စိုးလို႔လား"

"အဲ...အဲ့လိုမဟုတ္ဘူးေလ ကိုေစ။ ကိုေစ ကြၽန္ေတာ့္ကို တသက္လုံး ေကာင္းေကာင္းထားနိုင္တယ္ ဆိုတာသိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္မွာလဲ အရည္အခ်င္းတစ္ခု ရွိေနမွ ကိုေစလဲ မ်က္ႏွာရမွာေလ။ ေနာက္က် ေဘးလူေတြက ေျပာလာရင္..."

"ကိုယ္ ဘယ္သူေျပာတာမွ ဂ႐ုမစိုက္ဘူး ေဇေလး။ ကိုယ္ဂ႐ုစိုက္တာ အခု ေဇေလး ကိုယ္နဲ႕အေဝးႀကီးကို ထြက္သြားမယ့္ကိစၥ"

"ထြက္သြားမွာ မဟုတ္ပါဘူး။ ေက်ာင္းတက္မွာပါ "

"ေက်ာင္းတက္တာက ဒီမွာတက္လဲ ရေနတာပဲ။ မဟုတ္လဲ Louisတို႔ ရွိတဲ့ဆီ သြားတက္လဲ ေနေရးစားေရး အကုန္အဆင္ေျပေနတာကို အဲ့ဒီေလာက္ အေဝးႀကီးမွာ ကိုယ္မင္းကို ဘယ္လို စိတ္ခ်ရမလဲ"

"ကြၽန္ေတာ္ ကိုေစ့အရိပ္ေအာက္မွာ မဟုတ္ပဲ ကိုယ့္အားကိုယ္ကိုးၿပီး ေက်ာင္းတက္ခ်င္တာ။ Louis တို႔ဆီ သြားေနမွေတာ့ ဒီမွာ တက္တာနဲ႕ အတူတူပဲ ျဖစ္ေနမွာေပါ့"

"က်စ္....ေဇေလးကေတာ့ကြာ"

"ေနာ္..လုပ္ပါေနာ္ ကိုေစ။ ကြၽန္ေတာ္ ကိုေစရဲ႕ ေဘးမွာ ယွဥ္ရပ္နိုင္တဲ့ အရည္အခ်င္းရွိတဲ့ လူတစ္ေယာက္ျဖစ္ခ်င္တယ္။ ခြင့္ျပဳေပးပါေနာ္"

"မရဘူး ေဇေလး။ ကိုယ္ခြင့္မျပဳနိုင္ဘူး။ ကားလမ္းေတာင္ တေယာက္ထဲ မကူးနိုင္တဲ့ ေဇေလးကို ကိုယ္ကအဲ့ေလာက္အေဝးႀကီးကို ဘယ္လို စိတ္ခ်ၿပီး လႊတ္နိုင္မွာလဲ ကြာ"

"ကိုေစကလဲ ႏွစ္ႏွစ္ထဲပဲေလေနာ္။ ဒါေတာင္ Semster တခုၿပီးလို႔ ေက်ာင္းပိတ္ရင္ ကြၽန္ေတာ္ အလည္ျပန္လာမွာပဲကို ေနာ္"

"မရဘူး ေဇေလး။ ကိုယ္မင္းကို မလႊတ္နိုင္ဘူး"

"ကြၽန္ေတာ္ ကိုေစေဘးမွာ ယွဥ္ရပ္နိုင္တဲ့ အရည္အခ်င္းရွိတဲ့ သူတစ္ေယာက္ ျဖစ္ခ်င္လို႔ပါေနာ္"

"အခုေကာ ရပ္လို႔မရလို႔လား။ ေဇေလးကို ကိုယ့္လက္တြဲေဖာ္အျဖစ္ အကုန္လုံးသိေနတာေလ"

"မတူ...မတူဘူးေလ ကိုေစရာ။ ကိုေစ့အရိပ္ေအာက္မွာပဲေန ကိုေစ့ကိုမွီခိုေနရၿပီး ဘာမွမသိနားမလည္တဲ့ ေကာင္ေလးမ်ိဳးမျဖစ္ခ်င္ဘူး။ ကြၽန္ေတာ့္ ေျခေထာက္ေပၚကြၽန္ေတာ္ရပ္ၿပီး ကိုေစ့လုပ္ငန္းေတြကို အႀကံေပးကူညီေပးရင္း အားကိုးရတဲ့ လက္တြဲေဖာ္ ျဖစ္ခ်င္တာ"

"က်စ္....အဓိပ္ပါယ်မရွိတာေတွ ေဇေလးရာ။ ကိုယ့္အရိပ္ေအာက္မွာ ေနၿပီး တသက္လုံးမွီခိုေနေတာ့ေရာ ကိုယ္ကဘာေျပာမွာမို႔လဲ"

"ဒါေပမယ့္ ကြၽန္ေတာ္မွ အဲ့လို မေနခ်င္တာပဲ"

"မရဘူး။ ဘာပဲ ျဖစ္ျဖစ္ ေဇေလး ကို အေဝးႀကီး ထြက္သြားခြင့္ မေပးနိုင္ဘူး။ ကိုယ့္ခြင့္မျပဳဘူး "

"ကိုေစက ကြၽန္ေတာ့္ကို နားလည္မေပးဘူး။ ေျပာေတာ့ ကြၽန္ေတာ့္ကို ခ်စ္တယ္ဆိုၿပီး။ ကိုေစ ခ်စ္တယ္ ဆိုတာ ဒါလား"

"ေဇေလး ကိုယ့္ကို မင္းႀကိဳက္သလို ေျပာၿပီးဆိုးႏြဲ႕လို႔ရတယ္။ ဒါေပမယ့္ ကိုယ္မင္းအေပၚမွာ ထားတဲ့အခ်စ္ကိုေတာ့ မယုံသကၤါမျဖစ္နဲ႕"

"ေတာ္ၿပီ။ ဘာမွမသိခ်င္ေတာ့ဘူး။ ကိုေစ့ကို မုန္းတယ္။ ကြၽန္ေတာ့္ကို နားလည္မေပးဘူး"

ထို႔သို႔ ကေတာက္ကဆျဖစ္ကာ ေအာ္ဟစ္ရင္း အိမ္သို႔ျပန္လာခဲ့ေသာ္လဲ ေအာင္ေစပိုင္ကေတာ့ သူ႕ေနာက္မွ လိုက္မလာခဲ့ပါ။ ပုံမွန္ဆို ေဇယ်ာတိုး စိတ္ဆိုး စိတ္ေကာက္သြားလွ်င္ ေအာင္ေစပိုင္က ခ်က္ခ်င္းအေနာက္ကလိုက္ေခ်ာ့ခဲ့သည္။

ယခုအခါတြင္ေတာ့ ေအာင္ေစပိုင္မွာ သူ႕အိမ္ျပန္ေရာက္ၿပီး အခ်ိန္အေတာ္ၾကာသည္အထိ ေရာက္မလာခဲ့ပါ။ ေဇယ်ာတိုးတစ္ေယာက္လဲ ေသြးပူေနခ်ိန္မွာ ေျပာခ်င္ရာစြတ္ေျပာခဲ့ေပမယ့္ ေသြးေအးသြားခ်ိန္ ျပန္စဥ္းစားၾကည့္လိုက္ေတာ့မွ သူေျပာတာလြန္သြားခဲ့မွန္း သိရွိလိုက္ပါသည္။

သို႔ေသာ္လဲ ဟန္ကိုယ့္ဖို႔ရာ မာနကို တင္းခံရင္း အမွားကို ဝန္မခံပဲ ေအာင္ေစပိုင္လာေခ်ာ့ဖို႔ရန္ကိုသာ ေစာင့္ေနလိုက္ေတာ့သည္။ သုံးရက္ၾကာသည္အထိ ေအာင္ေစပိုင္ေပၚမလာေတာ့မွ တင္းခံထားေသာ မာန္မာနေတြဟာလဲ တျဖည္းျဖည္း ေလ်ာ့က်လာရေတာ့သည္။

ေအာင္ေစပိုင္ သူ႕ကို တကယ္ထားသြားေတာ့မွာလား ဆိုတဲ့အေတြးနဲ႕တင္ နာက်င္ရၿပီး ငိုေႂကြးရသည္။ ေနာက္ဆုံး မေနနိုင္ေတာ့သျဖင့္ မာနေတြ ခဝါခ်ရင္း ေအာင္ေစပိုင့္ဆီကို ေတာင္းပန္ၿပီး ေခ်ာ့ဖို႔လာခ်ိန္မွာ အခုလိုျမင္ကြင္းမ်ိဳးႏွင့္ ဆုံရျခင္း ျဖစ္သည္။

ဒီတခါေတာ့ ကိုေစက တကယ္ သူ႕ကိုစိတ္ကုန္သြားၿပီထင္ပါတယ္။

ထိုေန႕ က စိတ္ပ်က္ လက္ပ်က္ျဖင့္ သက္ျပင္းတခ်က္ခ်ရင္း စားေသာက္ဆိုင္ထဲမွ ေခါင္းငိုက္စိုက္ခ်ကာ ထြက္သြားသည့္ ေကာင္ေလးတေယာက္ကိုေတာ့ မည္သူမွ် မျမင္လိုက္ပါ။

▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶

(Unicode)

ဇေယျာတိုး တယောက် အိပ်ရာထဲမှာ ကြေကွဲ စို့နင့်စွာနှင့် လဲလျောင်းနေမိတယ်။ ဝမ်းနည်းစွာဖြင့် ငိုကြွေးမနေသည့်တိုင် မျက်ရည်များက တသွင်သွင် စီးကျနေသည်။

နေ့လည်က မြင်ကွင်းများက မျက်စိထဲပြန်လည်မြင်ယောင်လာတော့ မျက်ရည်စီးကြောင်းများက ပိုမို များပြားစွာ ကျလာတော့သည်။ မျက်လုံးများ မှိတ်လိုက်သည့်တိုင် မြင်ခဲ့ရသည့် မြင်ကွင်းများက ပျောက်ကွယ်မသွားသေးပဲ ပိတ်ကားသဖွယ် တရိပ်ရိပ် ပြန်လည် မြင်ယောင်လာတော့သည်။

အောင်စေပိုင် သူ့ဆီ အဆက်အသွယ်လဲ မလုပ်ပဲ ရောက်မလာခဲ့တာ သုံးရက်တိုင်ခဲ့ပြီ။
ဒါဟာလဲ သူ့ကြောင့်ပင် ဖြစ်ပါလိမ့်မယ်။
ကိစ္စအကြောင်းအရာ တစ်ခုနှင့် ​ပတ်သက်ပြီး အောင်စေပိုင်နှင့် ဇေယျာတိုးတို့ နားလည်မှုလွဲကာ တတောက်ကဆ ဖြစ်ကြသည်။ ပုံမှန်ဆို အောင်စေပိုင်ဘက်က အမြဲအလျော့ပေးကာ လိုက်လျောနေကြ ဖြစ်ပေမယ့် ဒီတခါကိုတော့ အောင်စေပိုင်က အလျော့မပေးခဲ့ပါ။

သုံးရက်တောင်ကြာအောင် စောင့်စားခဲ့ပေမယ့် အောင်စေပိုင်က သူ့ဆီရောက်မလာခဲ့သောကြောင့် အနည်းငယ်တော့ ဝမ်းနည်းမိပေမယ့်လဲ ဖြစ်ခဲ့သည့်ကိစ္စမှာ သူ့အမှား သူ့အလွန်ပေမို့ မာန်လျော့လိုက်တော့သည်။ အောင်စေပိုင်ကို သူအရမ်းချစ်တာမို့ ဒီတခါတော့ အလျော့ပေးကာ သွားချော့ရန်ဆုံးဖြတ်လိုက်မိတော့တယ်။

နေ့လည် ထမင်းစားချိန်ရောက်တော့ အောင်စေပိုင့်ကုမ္ပဏီကို ကားမောင်းကာ ထွက်လာခဲ့လိုက်သည်။ ထမင်းအတူစားရင်း ချော့မည်ဟု ဆုံးဖြတ်ချက်ဖြင့်။အောင်စေပိုင့် ရုံးခန်းရောက်တော့ ရုံးခန်းတွင် ဘယ်သူမှမရှိ။အတွင်းရေးမှူးအမကတော့ တတိုက်ကျော်က စားသောက်ဆိုင်မှာ နေ့လည်စာ စားနေသည်ဟုပြောသဖြင့် ရုံးခန်းမှ ထွက်ကာ စားသောက်ဆိုင်ဆီသို့ သွားခဲ့သည်။

စားသောက်ဆိုင်ထဲဝင်လိုက်တော့ ချောမောခန့်ညားလှသည့် အရှိန်အဝါကြောင့် သိပ်ရှာစရာမလိုလိုက် အောင်စေပိုင်ကို တန်းတွေ့လိုက်၏။ ဝမ်းသာအားရ လှမ်းခေါ်မည်အပြု ဘေးဘက်က အမျိုးသမီး တစ်ယောက်နှင့် စကားပြောဆိုကာ အတူစားသောက်ရင်း ရယ်မောပျော်ရွှင်နေတာတွေ့လိုက်ရသည်။

သူနဲ့အတူရှိစဥ်မှာတောင် ပြုံးရုံသာပြုံးတတ်သည့် အောင်စေပိုင်က ဒီအမျိုးသမီးနဲ့ကျမှ ဟက်ဟက်ပက်ပက် ရယ်မောကာ စကားပြောဆိုနေသည်တဲ့လား။ အမျိုးသမီးမှာလဲ အောင်စေပိုင်နှင့် သက်တူရွယ်တူလောက်ရှိကာ ထက်ထက်မြက်မြက်ရှိပုံပေါ်ပြီး လုပ်ငန်းတစ်ခုကို ဦးစီးနေသည့် လုပ်ငန်းရှင် ပုံစံမျိုး ဖြစ်ပေသည်။

အောင်စေပိုင်နှင့် ထိုအမျိုးသမီးအတူရယ်မောကာ စားသောက်နေကြသည်မှာ လိုက်ဖက်လွန်းလှသည့်အပြင် နေနှင့်လ ရွှေနှင့်မြ အလား။ သူ့လို ဘွဲ့ပင်မရသေးပဲ ဘာမှစွမ်းဆောင်နိုင်ရည်မရှိတဲ့ ကောင်လေးနဲ့တော့အကွာကြီး ကွာတာပေါ့။

အောင်စေပိုင်အနား ရောက်လျှင် အခုလို သူ အမြဲတမ်း အားငယ်ရခြင်းဖြစ်သည်။အခုလို အောင်စေပိုင်နှင့် အရည်အချင်းတူညီလှသည့် လူများနှင့် ယှဥ်မိသည့်အခါ အမြဲတမ်း ကိုယ့်ကိုကိုယ် သိမ်ငယ်ရသည်။ အထူးသဖြင့် အောင်စေပိုင့် ဘေးပတ်ဝန်းကျင်မှာလဲ အဲ့ဒီလိုမျိုး အရည်အချင်းရှိလှသည့် လူများ ပိုမိုများပြားသည့်အခါ သူဟာ ဘာမှမဟုတ်ပဲ ကိုစေအနားမှာ ကပ်တွယ်နေသည့် ကပ်ပါးကောင်တစ်ခု လို ခံစားလာရသည်။

ထို့ကြောင့်သာ ဇေယျာတိုး ဆုံးဖြတ်ချက် တစ်ခုချခဲ့ပြီး ထိုဆုံးဖြတ်ချက်ကြောင့်ပင် အောင်စေပိုင်နဲ့ နားလည်မှုလွဲကာ ကတောက်ကဆဖြစ်ရခြင်း ဖြစ်သည်။ ရယ်မောပျော်ရွှင်နေသော နေ့လည်စာဝိုင်းလေးအား မနှောက်ယှက်ချင်တော့သဖြင့် တံခါးကိုသာ အသာပြန်ပိတ်ရင်း ထွက်လာခဲ့မိတော့သည်။ရင်ထဲမှာတော့ မိုးပြိုကျသလို ခံစားချက်များဖြင့် ပြိုလဲနေတော့သည်။

ပြသနာတွေအားလုံးက ဒီလိုစတင်ခဲ့သည်။

"ကိုစေ ကိုစေ"

"အင်း"

"ကျွန်တော် ပြောစရာရှိလို့"

တည်ငြိမ်လှသော လေသံကြောင့် အောင်စေပိုင်က သူ့ကို့တချက်ကြည့်ပြီး လုပ်လက်စအလုပ်တွေကို ခနရပ်ကာ အာရုံစိုက်လာသည်။

"အင်း ပြောလေ ဇေလေး"

"ကျွန်တော်ကအခု ဘွဲ့ရတော့မယ်မလား"

"အင်း"

"ကျွန်တော် ဘွဲ့ရပြီးရင် နိုင်ငံခြားမှာ MBA ဆက်တက်ချင်လို့"

"ဘာဖြစ်လို့လဲ တက်ချင်ရင် ဒီမှာပဲ ဆက်တက်လေ"

"ဟင့်အင်း။ ကျွန်တော်က နိုင်ငံခြားမှာ တက်ချင်တာ"

"အင်း။ အဲ့တာဆို Louis ရှိတဲ့ စင်္ကါပူမှာသွားတက်လေ။ နီးတော့ ကိုယ်လဲအဆင်ပြေတယ်"

"မဟုတ်ဘူး။ ကျွန်တော် ဩစတြေးလျမှာ သွား တက်ချင်တာ"

စကားအဆုံးမှာ အောင်စေပိုင်၏ မျက်ခုံးတွေက အလိုမကျသလို တွန့်ခေါက်သွားသည်။

"ဘာလို့လဲ အဲ့ဒီလောက် အဝေးကြီး"

"သြဇီက ကျောင်းတွေက Ranking ကောင်းတယ် ကိုစေရဲ့။ အဲမှာ MBA ရပြီး ပြန်လာရင် ဒီမှာလဲ အလုပ်ကောင်းကောင်းရမယ်"

"ကိုယ့် ကုမ္ပဏီနဲ့ ပိုက်ဆံတွေက ဇေလေး ကို တသက်လုံး ကောင်းကောင်းမွန်မွန် မထားနိုင်မှာ စိုးလို့လား"

"အဲ...အဲ့လိုမဟုတ်ဘူးလေ ကိုစေ။ ကိုစေ ကျွန်တော့်ကို တသက်လုံး ကောင်းကောင်းထားနိုင်တယ် ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာလဲ အရည်အချင်းတစ်ခု ရှိနေမှ ကိုစေလဲ မျက်နှာရမှာလေ။ နောက်ကျ ဘေးလူတွေက  ပြောလာရင်..."

"ကိုယ် ဘယ်သူပြောတာမှ ဂရုမစိုက်ဘူး ဇေလေး။ ကိုယ်ဂရုစိုက်တာ အခု ဇေလေး ကိုယ်နဲ့အဝေးကြီးကို ထွက်သွားမယ့်ကိစ္စ"

"ထွက်သွား​မှာ မဟုတ်ပါဘူး။ ကျောင်းတက်မှာပါ "

"ကျောင်းတက်တာက ဒီမှာတက်လဲ ရနေတာပဲ။ မဟုတ်လဲ Louisတို့ ရှိတဲ့ဆီ သွားတက်လဲ နေရေးစားရေး အကုန်အဆင်ပြေနေတာကို အဲ့ဒီလောက် အဝေးကြီးမှာ ကိုယ်မင်းကို ဘယ်လို စိတ်ချရမလဲ"

"ကျွန်တော် ကိုစေ့အရိပ်အောက်မှာ မဟုတ်ပဲ ကိုယ့်အားကိုယ်ကိုးပြီး ကျောင်းတက်ချင်တာ။ Louis တို့ဆီ သွားနေမှတော့ ဒီမှာ တက်တာနဲ့ အတူတူပဲ ဖြစ်နေမှာပေါ့"

"ကျစ်....ဇေလေးကတော့ကွာ"

"နော်..လုပ်ပါနော် ကိုစေ။ ကျွန်တော် ကိုစေရဲ့ ဘေးမှာ ယှဥ်ရပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ ခွင့်ပြုပေးပါနော်"

"မရဘူး ဇေလေး။ ကိုယ်ခွင့်မပြုနိုင်ဘူး။ ကားလမ်းတောင် တယောက်ထဲ မကူးနိုင်တဲ့ ဇေလေးကို ကိုယ်ကအဲ့လောက်အဝေးကြီးကို ဘယ်လို စိတ်ချပြီး လွှတ်နိုင်မှာလဲ ကွာ"

"ကိုစေကလဲ နှစ်နှစ်ထဲပဲလေနော်။ ဒါတောင် Semster တခုပြီးလို့ ကျောင်းပိတ်ရင် ကျွန်တော် ​အလည်ပြန်လာမှာပဲကို နော်"

"မရဘူး ဇေလေး။ ကိုယ်မင်းကို မလွှတ်နိုင်ဘူး"

"ကျွန်တော် ကိုစေဘေးမှာ ယှဥ်ရပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ သူတစ်ယောက် ဖြစ်ချင်လို့ပါနော်"

"အခုကော ရပ်လို့မရလို့လား။ ဇေလေးကို ကိုယ့်လက်တွဲဖော်အဖြစ် အကုန်လုံးသိနေတာလေ"

"မတူ...မတူဘူးလေ ကိုစေရာ။ ကိုစေ့အရိပ်အောက်မှာပဲနေ ကိုစေ့ကိုမှီခိုနေရပြီး ဘာမှမသိနားမလည်တဲ့ ကောင်လေးမျိုးမဖြစ်ချင်ဘူး။ ကျွန်တော့် ခြေထောက်ပေါ်ကျွန်တော်ရပ်ပြီး ကိုစေ့လုပ်ငန်းတွေကို အကြံပေးကူညီပေးရင်း အားကိုးရတဲ့ လက်တွဲဖော် ဖြစ်ချင်တာ"

"ကျစ်....အဓိပ္ပါယ်မရှိတာတွေ ဇေလေးရာ။ ကိုယ့်အရိပ်အောက်မှာ နေပြီး တသက်လုံးမှီခိုနေတော့ရော ကိုယ်ကဘာပြောမှာမို့လဲ"

"ဒါပေမယ့် ကျွန်တော်မှ အဲ့လို မနေချင်တာပဲ"

"မရဘူး။ ဘာပဲ ဖြစ်ဖြစ် ဇေလေး ကို အဝေးကြီး ထွက်သွားခွင့် မပေးနိုင်ဘူး။ ကိုယ့်ခွင့်မပြုဘူး "

"ကိုစေက ကျွန်တော့်ကို နားလည်မပေးဘူး။ ပြောတော့ ကျွန်တော့်ကို ချစ်တယ်ဆိုပြီး။ ကိုစေ ချစ်တယ် ဆိုတာ ဒါလား"

"ဇေလေး ကိုယ့်ကို မင်းကြိုက်သလို ပြောပြီးဆိုးနွဲ့လို့ရတယ်။ ဒါပေမယ့် ကိုယ်မင်းအပေါ်မှာ ထားတဲ့အချစ်ကိုတော့ မယုံသင်္ကါမဖြစ်နဲ့"

"တော်ပြီ။ ဘာမှမသိချင်တော့ဘူး။ ကိုစေ့ကို မုန်းတယ်။ ကျွန်တော့်ကို နားလည်မပေးဘူး"

ထို့သို့ ကတောက်ကဆဖြစ်ကာ အော်ဟစ်ရင်း အိမ်သို့ပြန်လာခဲ့သော်လဲ အောင်စေပိုင်ကတော့ သူ့နောက်မှ လိုက်မလာခဲ့ပါ။ ပုံမှန်ဆို ဇေယျာတိုး စိတ်ဆိုး စိတ်ကောက်သွားလျှင် အောင်စေပိုင်က ချက်ချင်းအနောက်ကလိုက်ချော့ခဲ့သည်။

ယခုအခါတွင်တော့ အောင်စေပိုင်မှာ သူ့အိမ်ပြန်ရောက်ပြီး အချိန်အတော်ကြာသည်အထိ ရောက်မလာခဲ့ပါ။ ဇေယျာတိုးတစ်ယောက်လဲ သွေးပူနေချိန်မှာ ပြောချင်ရာစွတ်ပြောခဲ့ပေမယ့် သွေးအေးသွားချိန် ပြန်စဥ်းစားကြည့်လိုက်တော့မှ သူပြောတာလွန်သွားခဲ့မှန်း သိရှိလိုက်ပါသည်။

သို့သော်လဲ ဟန်ကိုယ့်ဖို့ရာ မာနကို တင်းခံရင်း အမှားကို ဝန်မခံပဲ အောင်စေပိုင်လာချော့ဖို့ရန်ကိုသာ စောင့်နေလိုက်တော့သည်။ သုံးရက်ကြာသည်အထိ အောင်စေပိုင်ပေါ်မလာတော့မှ တင်းခံထားသော မာန်မာနတွေဟာလဲ တဖြည်းဖြည်း လျော့ကျလာရတော့သည်။

အောင်စေပိုင် သူ့ကို တကယ်ထားသွားတော့မှာလား ဆိုတဲ့အတွေးနဲ့တင် နာကျင်ရပြီး ငိုကြွေးရသည်။ နောက်ဆုံး မနေနိုင်တော့သဖြင့် မာနတွေ ခဝါချရင်း အောင်စေပိုင့်ဆီကို တောင်းပန်ပြီး ချော့ဖို့လာချိန်မှာ အခုလိုမြင်ကွင်းမျိုးနှင့် ဆုံရခြင်း ဖြစ်သည်။

ဒီတခါတော့ ကိုစေက တကယ် သူ့ကိုစိတ်ကုန်သွားပြီထင်ပါတယ်။

ထိုနေ့ က စိတ်ပျက် လက်ပျက်​ဖြင့် သက်ပြင်းတချက်ချရင်း စားသောက်ဆိုင်ထဲမှ ခေါင်းငိုက်စိုက်ချကာ ထွက်သွားသည့် ကောင်လေးတယောက်ကိုတော့ မည်သူမျှ မမြင်လိုက်ပါ။

Continue Reading

You'll Also Like

3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
2.8M 160K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
8K 311 39
"မောင့်ဆီကို အရောက်ပြန်လာချင်းမှာ ကျုပ်က...ကျုပ်ကလေ မိန်းမတစ်ယောက်မဟုတ်ခဲ့လို့ ကျုပ်ဝမ်းမနည်းဘူးမောင်၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ဒီရှင်သန်မှုတွေနဲ့ မောင...
59K 3.4K 35
"I DONT GIVE A FUCK! YOU RUN SHIT LIKE THIS BY ME FIRST! WHAT DID I SAY ABOUT DISOBEYING MY ORDERS?!" Berkeley barked. "YOU STILL ON THAT BULLSHIT A...