🌺နှလုံးသား နီးနီး...စည်းပါးပါး🌺
Part(12)
ဒီဇင်ဘာလ တစ်ရက်နေ့။
ပထမဆုံးကျောင်းတက်ရက်ဖြစ်၍ တက္ကသိုလ်ရဲ့ကန်တင်းမှာ ကျောင်းသား၊ကျောင်းသူတို့ဖြင့်စည်ကားနေလေသည်။ ထိုထဲတွင် အနှစ်၊စက်ဝန်း၊ထင်ရှားနှင့် မွန်လေးတို့လေးယောက်လည်းပါဝင်လေသည်။
သို့ပေမဲ့ အရင်ကနဲ့မတူ ထူးခြားတာက စက်ဝန်းနဲ့အနှစ်က ကျောင်းအတူတူလာကြခြင်း။ ပြီးတော့ အနည်းငယ်ရင်းနှီးနေတဲ့ဆက်ဆံရေး။
နောက်ဆုံးနှစ်အထိ သူတို့အတွဲက ရေပန်းစားနေခြင်း။
လက်ထပ်ထားတာကို ဘယ်သူမှမသိ၍ အတင်းအဖျင်းစကားတွေကို မကြားရပေ။
"ဒီနှစ်ကနောက်ဆုံးပဲ ဒါပြီးရင် အလုပ်လုပ်ရင်း အလုပ်ရှုပ်နေကြတော့မှာ "
"ရှင်ကဘွဲ့ရပြီးရင် အလုပ်တန်းလုပ်တော့မယ်ပေါ့ "
အနှစ်က မေးခွန်းထုတ်၏။
"ဘွဲ့ရပြီးရင်လုပ်ရမှာပေါ့ အနှစ်ကမလုပ်ဘူးလား"
"ကျွန်မက ကျွန်မစဉ်းစားထားတာသပ်သပ်ရှိတယ်အဲ့တာကို အကောင်အထည်ဖော်ဖြစ်မယ်ထင်တယ် "
"ဪဟုတ်လား ဒါဆို မွန်လေးကရော"
"မွန်လေးက ဖေဖေ့ကုမ္ပဏီမှာပဲ လုပ်ရလောက်တယ်"
"ဪဟုတ်သားပဲ စက်ဝန်း မင်းကရော"
"ငါကကလေးယူမှာ "
"အဟွတ် ဟွတ် "
အနှစ်မှလွဲရင် ကျန်နှစ်ယောက် စက်ဝန်းစကားကြောင့် ဖျော်ရည်သီးကုန်ကြတော့သည်။
"ကင်း ရှင်မနှောက်လို့မရဘူးလား "
အနှစ်က သူ့စကားကို မနှစ်သက်စွာ ဝင်ပြောလျှင်...
"သူတို့ကအရမ်းစလို့ကောင်းတယ်လေ"
"တစ်ကယ်ထင်သွားတာ "
"စက်ဝန်းက တစ်ကယ်နှောက်တာပဲ"
ဒါပေမဲ့လည်း စက်ဝန်းကြောင့် သူတို့သုံးယောက်ရယ်ခြင်းဖြင့်တစ်နေ့တာကိုစတင်လိုက်ရပါသည်။ မာနကြီးပြီး တည်ငြိမ်လှသည့်ကင်းက ရင်းနှီးတဲ့သူနဲ့ဆို ပုံမှန်လူပါပဲ။
နောက်ဆုံးနှစ်မှာ နောက်ထပ် ပြောင်းလဲသွားတာတစ်ခုရှိသေးသည်။ အဲ့ဒါက သူမတို့လေးယောက် တစ်ခန်းထဲအတူတူထိုင်ရခြင်း။ ဘယ်လိုပြောင်းခဲ့လဲဆိုတာတော့ ရအောင်ပြောင်းခိုင်းသည့်သူပဲသိပါလိမ့်မည်။
✿............✿...........✿
ညနေ (၄)နာရီ။
"ကိုကြီး "
ဝါး...ကင်းတို့က ပထမကျောင်းတက်ရက်ကတည်းက စွံတာပဲ။
"ပြော!..."
"ညီမက Law Majorပထမနှစ်က ရွှေရည်သွန်းပါ"
"အဲ့ဒီတော့"
"အကောင့်လက်ခံပေးပါ ညီမ ကိုကြီးကိုသဘောကျလို့ပါ"
အနှစ် အံ့ဩသွား၏။ ပထမဆုံးကျောင်းတက်ရက်မှာ တစ်ရက်တောင်မရှိတဲ့အချိန်မှာ သဘောကျကြောင်းပြောနိုင်တယ်တဲ့။
စက်ဝန်းက အနှစ်ကိုတစ်ချက်စောင်းကြည့်သည်။ သို့သော် သူမက မသိသလို နေနေ၍ မျက်မှောင်ကြုတ်သွားသည်။
"သဲလေး!..."
"ရှင်! "
သူ့စကားကြောင့် ရှေ့ကကောင်မလေးကြောင်သွား၏။ ထင်ရှားနဲ့မွန်လေးကလည်း ဝင်မပြောရဲဘဲ ကြည့်ယုံသာကြည့်နေ၏။
ဘာပြောနိုင်မှာလဲ။ ကာယကံရှင်ဖြစ်တဲ့အနှစ်က ဂရုတောင်မစိုက်တဲ့ဟာ။
"ကိုကြီးမှာ ချစ်သူရှိတာလား "
"ချစ်သူမဟုတ်ဘူး "
"ဒါဆို အသွန်းက!??"
"အခုပြန်တော့ ကျောင်းဆင်းချိန်ရောက်ပြီ"
"ရှင် ဟုတ်!..."
ရွှေရည်သွန်းသည် ဘယ်လိုသဘောပေါက်သွားသည်မသိ ပျော်ရွှင်စွာထွက်သွားခဲ့ပါသည်။
"ပြန်မယ်!.."
ရွှေရည်သွန်းထွက်သွားပြီး မကြာပါ။ အနှစ် ပြောရင်းမှထရပ်လိုက်သည်။ သူက ဘာစကားမှမပြောလာ။ သို့ပေမဲ့ ထရပ်လိုက်ပါသည်။ သူမ မွန်လေးလက်ကိုတွဲရင်း ရှေ့ကထွက်လာခဲ့ပါသည်။
ကျန်ရစ်ခဲ့သူကတော့ အရင်ဆုံးထွက်သွားသည့်သူမရဲ့ကျောပြင်ကိုကြည့်ရင်း...
"အခု အနှစ်သာရ ငါ့ကို လျစ်လျူရှူ့သွားတာလား"
"အင်း အနှစ်က တစ်ကယ်မိုက်တာပဲ ယောက်ျားတစ်ယောက်အပေါ်လွယ်လွယ်မကျရှုံးဘူး "
"မင်း ငါ့ဘက်မပါဘူးဆိုရင် နေခဲ့ "
သူ ထိုမျှသာပြောပြီး အခန်းထဲမှထွက်ခဲ့၏။ နောက်မှ ထင်ရှားသည် အပြေးလိုက်လာခဲ့ပါသည်။
✿............✿...........✿
"အနှစ်သာရ အဲ့မှာရပ်! "
သူ့စကားကိုနားမထောင်ဘဲ အနှစ်ဆက်သွားသည်။
ဟွန့် ဘာလို့နားထောင်ရမှာလဲ။
"အနှစ်သာရ..."
ပြန်လည်းမထူးမိ။ ဘာလို့ထူးရမှာလဲ။ ပြောစရာမှမရှိတာ။
"အနှစ်!.."
သူက သူမလက်ကို ဆွဲကာ ခန္ဓာကိုယ်ကိုလှည့်လိုက်သည်။
"ငါခေါ်နေတာ ဘာလို့ပြန်မထူးတာလဲ"
"အာ!...ဆောရီး နားကြပ်တပ်ထားလို့ "
သူမ နားထဲက နားကြပ်ကိုထုတ်ပြလိုက်သည်။ တစ်ကယ်က ဖုန်းနဲ့မချိတ်ထားဘဲ မသိချင်ယောင်ဆောင်ဖို့ တပ်ထားယုံသာ။
သူက ထိုနားကြပ်ကို ဆွဲယူကာ ပြစ်လိုက်သည်။
"ဘာလုပ်တာလဲ ကျွန်မပိုက်ဆံစုပြီးဝယ်ထားတဲ့ဟာ"
"ငါအသစ်ဝယ်ပေးမယ် အခု ငါနဲ့ခဏကကိစ္စအရင်ရှင်း"
"ရှင်ချမ်းသာမှန်းသိပေမဲ့ မလိုပါဘူး လွှတ်!..."
သူမသည် အတင်းရုန်းကန်ကာ သူ့ဆီမှလွှတ်မြှောက်ဖို့ကြိုးစားပါသည်။
"အရွဲ့တိုက်မနေနဲ့ အနှစ် မင်းမကျေနပ်တာရှိရင် ပြော!.."
"မရှိပါဘူး ဘာလို့ကျွန်မက မကျေနပ်တာရှိရမှာလဲ"
"မင်းအခု ငါနဲ့စစ်ကြေညာနေတာလား လုပ်ချင်ရာလုပ် လှည့်မကြည့်ကြေးဆိုပြီး..."
"ဘာကိုလဲ "
"မင်းမသိချင်မယောင်ဆောင်ပါနဲ့ ဘာလို့ငါခေါ်တာကို မထူးတာလဲ အလိုက်သင့်လည်းမနေပေးဘူး"
"ကင်း ရှင်ဘာဖြစ်နေတာလဲ ဟိုက လာနှုတ်ဆက်ယုံလေးကို ကျွန်မကငြိမ်မနေလို့ဘာလုပ်ရမှာလဲ သောင်းကျန်းပေးရမှာလား ဒီယောက်ျားက ငါ့ယောက်ျားပဲလို့ပြောရမှာလား အဲ့လိုသောင်းကျန်းပေးမှ ရှင်ကျေနပ်မှာလား ရှင့်ကိစ္စ ရှင့်ဘာသာရှင်းလေ ဘာလို့ကျွန်မကို!"
"ငါအဲ့လိုလုပ်ဖို့မပြောဘူး ငါကအမှန်ကိုပြောစေချင်တာ အစကတည်းက ငါတို့ကြားကဆက်ဆံရေးကို လျှို့ဝှက်ထားဖို့အစီအစဉ်မရှိဘူး"
"ဒီလိုကိစ္စလေးက ရှင်ကိုယ်တိုင်ရှင်းနိုင်တာပဲ ကျွန်မပါစရာမလိုဘူးလေ ပြီးတော့ ဒီတိုင်းလာပြောယုံလေးကို ဘာဆက်ဆံရေးပါလို့ ပြောစရာမလိုဘူးလေ "
သူသည် သူမကိုအတော်ကြာစိုက်ကြည့်ပြီးနောက် လွှတ်ပေးလာသည်။
သူမလည်းဘာမှမပြောဘဲ ထွက်လာခဲ့သည်။
အခန်းထဲရောက်မှ တံခါးရှေ့တင်ထိုင်ချပြစ်ကာ တံခါးကိုမှီလိုက်ရင်း...
ငါဘာဖြစ်နေတာလဲ။
ရွှေရည်သွန်းဆိုသော ကောင်မလေး သူ့ကိုဖွင့်ပြောတော့ ရင်ထဲမှာ အမည်မသိသောခံစားချက်မျိုး၊တစ်ခါမှ မခံစားဖူးတဲ့ခံစားချက်မျိုးဝင်လာခဲ့သည်။ ဒါကြောင့် သူခေါ်တာကို ချက်ချင်းတုန့်ပြန်နိုင်ဖို့အင်အားမရှိခဲ့ဘူး။ ဒီစိတ်ကြီးနဲ့ပဲ အိမ်ပြန်လမ်းတစ်လျှောက်လုံး ဘာစကားမှမပြောခဲ့။
သူနဲ့စကားပြောသည့်အခါမှာလည်း နှုတ်ကဘယ်လိုစကားတွေထွက်သွားမှန်းမသိတော့ပါ။
ငါပြောင်းလဲသွားတာလား။ အချိန်တိုတိုလေးအတွင်းမှာ သူ့အပေါ်စိတ်ယိုင်နေပြီလား။
ဘယ်လောက်ပဲတွေးတွေး အဖြေကဒါပဲထွက်သည်။
တစ်ဖက်က သူကတော့ သူမတုန့်ပြန်မှုကိုဘယ်လိုထင်သွားသည်မသိ။ စိတ်ဆိုးနေပါသည်။
နှစ်လအတွင်း အတူနေခဲ့ရတော့ နီးစပ်လာပြီးထင်ခဲ့တာ။ တစ်ကယ်က အနှစ်အကြောင်းသူဘာမှမသိသေးဘူးပဲ။
✿............✿...........✿
အနှစ်ထင်တာ ရွှေရည်သွန်းကိစ္စက ဒီမျှတင်ရပ်သွားမယ်လို့လေ။ သို့သော် ထိုကလေးမက ဆိုရှယ်မှာသာမက အပြင်ဘက်မှာပါ ကင်းကို ဘယ်လိုချစ်ကြောင်း၊ကြိုက်ကြောင်းဆက်တိုက်ပြောနေသည်။ ကိုကြီး...ကိုကြီးဆိုပြီး နေ့တိုင်းစကားလာပြောသည်။ တစ်ခါတစ်လေဆိုလက်ဆောင်တွေတောင်ပါသေးသည်။
သူနဲ့အနှစ်က ရန်ဖြစ်ထားတာ အခုထိမခေါ်သေးတာကြောင့် ဘာမှမပြောကြ။ သူက ရွှေရည်သွန်းကိုဘာမှမပြောဘဲ ဒီတိုင်းထားတာကြောင့် ရွှေရည်သွန်းသည် သူ့ကိုမငြင်းဘူးဟုထင်ကာ အကျေနပ်ပြီးကျေနပ်နေပါသည်။
ဆိုရှယ်မှာ အနှစ်နဲ့သူ့အကြောင်း ဓာတ်ပုံတွေကိုရှာကြည့်ထားပုံရသည်။ ရွှေရည်သွန်း သူမကိုအမြင်မကြည်ပေ။ သူမရှေ့မှာမှ သူ့ကို ပိုပြီးပိုင်ဆိုင်ကြောင်းပြတတ်သည်။
သူမတို့က ရန်ဖြစ်ထားလို့ ငြိမ်နေပေမဲ့ သတင်းပျံ့တာများတော့ မေမေ့ဆီရောက်သွားပုံရသည်။ သူမနဲ့သူ့ကိုခေါ်ပြီး သတိပေးလာသည်။
"ကျွန်တော်နဲ့သူ ဘာဆက်ဆံရေးမှမဟုတ်ပါဘူးမေမေ "
သူက ကျောင်းချိန်မဟုတ်ရင် သူမမေမေကို မေမေလို့ပြောင်းခေါ်ပါသည်။
"မေမေသိပါတယ် ဒါပေမဲ့ တစ်ဖက်ကမိန်းကလေးက လွယ်မဲ့ပုံမဟုတ်ဘူး အခုဆို သားနဲ့သူကြိုက်နေပါတယ်ဆိုပြီး သတင်းတွေတောင်ထွက်နေပြီ"
"ကျွန်တော်သေချာပြန်ရှင်းလိုက်ပါမယ် မေမေ"
သူနဲ့ပြောအပြီး သူက ဝယ်စရာရှိလို့ဆိုပြီးထွက်သွား၍ မေမေနဲ့သူမသာကျန်ခဲ့သည်။
"စက်ဝန်းနဲ့ရန်ဖြစ်ထားတာလား"
"..."
"အနှစ် သမီးစိတ်ထဲဘာဖြစ်နေလဲဆိုတာ သိမှ မေမေကဘာလုပ်ရမယ်ဆိုပြီးပြောပြလို့ရမှာလေ"
"ရန်ဖြစ်တာမဟုတ်ပေမဲ့ စကားနည်းနည်းများထားကြတယ် "
"ဘာကြောင့်လဲ "
"ရွှေရည်သွန်းကိစ္စပါပဲ အနှစ်ဘက်က အေးစက်စက်နေနေလို့ သူစိတ်ဆိုးနေတာ...စကားပြောရုံလေးမို့ ဖြေရှင်းစရာမလိုဘူးထင်မိတာ ပြီးတော့ ကိစ္စတွေကဒီလောက်ထိကြီးလာမယ်မှန်းအနှစ်မသိလို့ပါ ဒါကြောင့် အနှစ်တို့ဆက်ဆံရေးကိုမပြောခဲ့တာ သူကလည်း မရှင်းပြဘူးလေ "
"သမီး! သမီးက အခု အိမ်ထောင်သည်...စက်ဝန်းရဲ့တရားဝင်ဇနီး...စက်ဝန်းကို သမီးရဲ့စိတ်ရှိအတိုင်းပြောလို့ရတယ် သမီးတို့က လင်မယားတွေဖြစ်နေပြီ ခံစားချက်ကို ဒီတိုင်းသိုသိပ်ထားလို့မရဘူး စက်ဝန်းအပေါ် ပွင့်လင်းရမယ် ကြားလားအနှစ်...အခုသမီးတို့က တစ်ယောက်နဲ့တစ်ယောက်မပွင့်လင်းဘဲ ခံစားချက်ကိုမြိုသိပ်ထားလို့ဖြစ်နေတာ သမီးသူ့ကို ပြောသင့်တာပြောပြီး လိုက်လျောသင့်တာလိုက်လျောရမယ်ဟုတ်ပြီလား မေမေဘာကိုပြောလဲဆိုတာ သမီးလည်းသဘောပေါက်မှာပါ"
"ဟုတ်ကဲ့ "
"ဒီကပြန်ရင် သေချာဆွေးနွေးကြည့်!"
"ဟုတ်ကဲ့ မေမေ "
မေမေ့ရှေ့မှာသာ "ဟုတ်ကဲ့"ဆိုပြီး ပြောခဲ့ပေမဲ့ တစ်ကယ်တမ်း သူမဘာကစပြောရမှန်းမသိပါ။
သူကလည်း သူမကိုဘာစကားမှမပြော။ မျက်နှာတည်ကြီးနဲ့နေသည်။ ဒါ့အပြင် အခန်းတောင်ခွဲအိပ်သေးသည်။ မသိရင် သူမက အပြစ်ကြီးကြီးလုပ်ထားသလိုပဲ။ သူနဲ့အတူအိပ်ရတော့ မအိပ်ချင်သော်လည်း သူအခန်းခွဲအိပ်သည့်အခါမှာတော့ သူမသည်ဘယ်လိုမှအိပ်မပျော်ပါ။
ရွှေရည်သွန်းကိုပြောဖို့လုပ်တုန်းက သူမငြိမ်နေခဲ့တာမှန်သည်။ ဒါပေမဲ့ နောက်ရက်ကျ သူ့ဘာသာပြောလို့ရတာပဲ။ သူလည်းမပြောဘူးလေ။
စက်ဝန်းအလွန်လည်းမမှန်ဘူးလေ။
ဘယ်လိုမှအိပ်လို့မရ၍ အနှစ်ထထိုင်လိုက်သည်။ ဘေးနားကအိပ်ရာအလွှတ်ကိုကြည့်ရင်း ဝမ်းနည်းလာသည်။ ယောက်ျားလေးဖြစ်ပြီး အရင်စချော့တော့ဘာဖြစ်မှာမို့လို့လဲ။ သူကဒီနေရာမှာတောင် မာနပြိုင်ချင်သေးတာလား။
တွေးရင်းတွေးရင်းနဲ့ အနှစ်မျက်ရည်တွေကျလာပါတော့သည်။ မငိုမိအောင် မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပေမဲ့မျက်ရည်တွေက မနာခံစွာ ကျလာမြဲပင်။
"ဟင့်!...တစ်ကယ်ပဲဘာဖြစ်နေတာလဲ အနှစ်သာရ"
တစ်ခါမှမဖြစ်ဖူးတဲ့အရာတွေက ဘာလို့ သူပေါ်လာမှ ဖြစ်နေရတာလဲ။ မမိုက်လိုက်တာ။
ထိုအချိန် မွေ့ယာသည်တစ်ယောက်ယောက်တက်လာသလို အိကျသွားသည်။ သူမလှည့်ကြည့်ဖို့လုပ်တော့ လှည့်မကြည့်နိုင်ခင်မှာ သူမကိုယ်လေးက တစ်ယောက်သောသူရဲ့ရင်ခွင်ထဲရောက်သွားရသည်။
"ငိုနေတာလား"
သူမ မျက်ရည်တွေကို လက်ဖမိုးနဲ့ အမြန်သုတ်ပြစ်လိုက်သည်။ သူမကိုယ်ကသူ့ရင်ခွင်ထဲရောက်နေပေမဲ့ရုန်းဖို့သတိမရ။ သူမငိုတာ သူမမြင်ဖို့က ပိုအရေးကြီးသည်။
သို့သော် ကင်းသည် သူမကိုယ်လေးကို ချိုင်းကနေမကာ သူနဲ့မျက်နှာချင်းဆိုင်ကို လှည့်ပြစ်လိုက်တာက ကလေးကိုပွေ့ချီသလိုမျိုး မြန်ဆန်လှ၏။
"ဘာလို့ငိုတာလဲ"
"..."
"အနှစ် အခုမင်းကိုဖြေရှင်းခွင့်ပေးနေတာနော်..."
"..."
"ငါသွားရတော့မှာလား"
သူ ထိုသို့ပြောတော့ သူမလက်တွေက သူ့အင်္ကျီစကို ဆွဲထားသည်။ အတော်အတန်ကြာမှ...
"ကျွန်မတို့ပတ်သတ်မှုကို မသိစေချင်တာမဟုတ်ပါဘူး အဲ့တုန်းက အဲ့လိုပြောဖို့မလိုဘူးထင်လို့ ကျွန်မလည်း အဲ့တာကို ဖုံးကွယ်ထားဖို့အစီအစဉ်မရှိဘူး ရှင့်ဘာသာအထင်မှားပြီး မပြောတာ...တစ်ကယ်ဆို ရှင်လည်းအကုန်မမှန်ပါဘူး"
"နောက်တစ်ခါ ငါ့ကိုပွင့်ပွင့်လင်းလင်းပြော...ငါက မင်းအဲ့လိုပြောလို့ရတဲ့သူ ဟုတ်ပြီလား ငါတို့ရှေ့ဆက်ရမဲ့ရက်တွေအများကြီးကျန်သေးတယ်"
"အင်း"
သူမက သူ့မျက်နှာကိုမကြည့်သေး။ ထို့ကြောင့် သူ့မျက်နှာ သူမအနီးနားကပ်လာတာကိုလည်းမသိ။
"အနှစ်...ငါ့ကိုကြည့် "
"ဟင်! အင့် "
ကြည့်ဆိုလို့ကြည့်လိုက်တော့ အနမ်းမိုးတွေဆက်တိုက်ရွာချလာသည့်သူ။ ဒီအချိန်မှာ သူမလည်းငြင်းဖို့အင်အားမရှိ။ ဘာကြောင့်လဲဆိုတာ သေချာနားမလည်ပေမဲ့ သူပြန်ချော့လို့ပြန်ပေးတဲ့သဘောမျိုး။
သို့သော် သူက သူမအင်္ကျီထဲလက်လျှိုဝင်လာပြီး ခါးကိုလာထိသည့်အခါမှာတော့ သူမလက်တွေက သူ့လက်ကို တားဆီးမိပါတော့သည်။
"ကင်း...ရှင်! "
အဆင့်ဆက်မတတ်ဖို့ပြောမယ်လုပ်တော့ မေမေ့ရဲ့စကားက နားထဲဝင်လာသည်။ လိုက်လျောသင့်တာလိုက်လျော့ရမယ်တဲ့။ သူမဒီအိမ်ထောင်ရေးကို တည်မြဲချင်သည်။ သူလည်းယောက်ျားပဲ။ ဒါမျိုးကလိုချင်မှာပဲလေ။
သူမ ဘာစကားမှမပြောတော့ဘဲ သူ့လက်ကိုလွှတ်လိုက်ကာ သူမဘက်ကအရင်စနမ်းတော့ သူကခွင့်ပြုပြီမှန်းသိစွာ ပြုံးလိုက်ရင်း အဆင့်တက်ဖို့ကြိုးစားပါတော့သည်။
"မင်းကြောက်နေတာသိတယ် ဒါပေမဲ့ ငါ့ကိုပဲကြည့်...ငါ့ကိုပဲ တွေး...ငါ့ကိုပဲလက်ခံ"
ရှင်မပြောရင်တောင် ကျွန်မက ရှင့်ကိုပဲလက်ခံနိုင်တာ။
"အင်း "
"တော်တယ် ငါ့ရဲ့မိန်းကလေး!..."
ထို့နောက် ဆက်တိုက်ကျရောက်လာသည့်အနမ်းတွေ။
ဒီနေ့က သူတို့ပြေလည်တဲ့ညဖြစ်သလို ပေါင်းစပ်တဲ့ည။
ထိုအချိန်က အနှစ်ရဲ့အတွေးသည် ရိုးရှင်းနေခဲ့သည်။
✿............✿...........✿
"ဘာလဲ နင်တို့နှစ်ယောက် ပြေလည်သွားပြီလား"
မွန်လေးက အနှစ်နဲ့စက်ဝန်းတို့နှစ်ယောက်ရဲ့မျက်နှာအမူအရာကို အကဲခတ်ပြီး ပြောလာ၏။
"ငါတို့ဘယ်တုန်းက ရန်ဖြစ်လို့လဲ "
"အနှစ်သာရ ငါက နင်နဲ့ပေါင်းလာတာ ပထမနှစ်ကတည်းက အခုနောက်ဆုံးနှစ်နော် ငါးနှစ်အတွင်း ကိုယ့်သူငယ်ချင်း စိတ်ဆိုးရင်ဘယ်လို၊ စိတ်တိုရင်ဘယ်လို၊ ပျော်ရင်ဘယ်လိုလဲဆိုတာတော့ သိပါတယ်နော်"
"ဆောရီး ငါမှားသွားပါတယ် ဟုတ်တယ် ငါတို့ပြေလည်သွားပြီ "
"ပြေလည်မှပဲ မဟုတ်ရင် ငါနဲ့မွန်လေးက ကြားထဲက နင်တို့နှစ်ယောက်ဒဏ်ကို ခါးစည်းခံနေရတယ်"
ထင်ရှားကပါ ဝင်ပြောလာသည်။
"ငါတို့ဘာလုပ်လို့လဲ"
"ဪ ပြောရက်တယ်စက်ဝန်းရယ်...မင်းပုံစံက အရင်နေ့က လူသေကိုအသက်သွင်းထားတဲ့ပုံနဲ့...စကားပြောတာလည်းဘုနဲ့ဘောက် မင်းတို့ရန်ဖြစ်တာကလည်း ငါတောင်လန့်လာပြီ မင်းဘက်ကအလျှော့ပေးပါဦး"
"ငါတို့သဘောတူညီမှုလုပ်ခဲ့ပြီးပြီ! စိတ်ပူစရာမလိုတော့ဘူး "
"ဘာလဲ "
ထင်ရှားက စိတ်ဝင်စားစွာမေးသလို မွန်လေးကလည်း ဆံပင်ကို နားကြားညှပ်ကာ နားစွင့်သည်။
"ငါတို့က ရန်ဖြစ်ရင်တောင် တခြားသူတွေကိုဝင်မပါခိုင်းတော့ဘူး လက်ရှိငါတို့အိမ်ထောင်ရေးကို ထိခိုက်လို့မရဘူး ဒါကြောင့် တစ်ယောက်က အရေးကြုံလာတဲ့အခါ တစ်ယောက်ကကူညီရမယ်လို့ဆုံးဖြတ်ကြတာ"
"ဘာကိုကူညီတာလဲ"
"အဟင်း ထင်ရှားကအရမ်းတုံးတာပဲ...အဲ နောက်မှ ဥပမာနဲ့တကွ ကြည့်တော့"
မွန်လေးအပြောကြောင့် ထင်ရှားခေါင်းကို တဗျင်းဗျင်းကုတ်ပါတော့သည်။ နားမလည်တာသူတစ်ယောက်တည်းတဲ့လား။
"ဟော ပြောရင်းနဲ့ ရှင် ဥပမာကြည့်ရတော့မယ်"
မွန်လေးမျက်စပြစ်ပြရာကြည့်တော့ သူတို့ဆီဦးတည်လာနေသည့်ရွှေရည်သွန်းဆိုသော ညီမလေးကိုတွေ့လိုက်ရသည်။ သို့သော် ဘာကိုပြောလဲဆိုတာ သူမသိသေးပါချေ။
"ကိုကြီး!..."
ရွှေရည်သွန်းက ဝမ်းသာပျော်ရွှင်စွာခေါ်လိုက်ပေမဲ့ စက်ဝန်းကတော့ ခပ်တည်တည်ပင်။
"ကိုကြီးအတွက် အသွန်းလက်ဆောင်ပါလာတယ်"
"စိတ်မဝင်စားဘူး "
"အယ် ကိုကြီးကြိုက်တဲ့အရာပါ...အငြင်းမစောပါနဲ့ဦး"
"ရှုပ်ရှုပ်ယှက်ယှက်တွေလာမလုပ်နဲ့ရွှေရည်သွန်း!"
"အသွန်းက ကိုကြီးကြိုက်တဲ့ဂစ်တာပေးမလို့ဟာ"
အနှစ်မျက်ဝန်းတွေလက်သွားရ၏။
ရွှေရည်သွန်းက သူမမသိတဲ့ သူ့အကြိုက်ကိုတောင်သိနေတယ်။
သို့သော်သူမကမသိလို့ဆိုပြီး ဝမ်းနည်းမှာတော့မဟုတ်။ သိစရာမှမလိုအပ်တာ။ သူမတို့က တစ်ယောက်လိုအပ်တဲ့အခါ တစ်ယောက်ရှိနေပေးဖို့ပဲ။ အလိုက်တသိဖြည့်ဆည်းပေးဖို့မဟုတ်။
"လာပါကိုကြီးရယ်...ခဏပဲ"
ရွှေရည်သွန်းသည် အတော်ကိုရဲပါသည်။ သူ့လက်ကိုအတင်းဆွဲကာခေါ်သည်။ သူက သူမကိုကြည့်လာသည်။ သို့သော် သူမအကြည့်လွှဲလိုက်သည်။
"လွှတ်...ငါ့မှာချစ်သူရှိတယ် "
"ရှင်! "
သူ့စကားကြောင့် ရွှေရည်သွန်းအံ့ဩသည်။ ပြီးနောက်တဖြည်းဖြည်းနဲ့မျက်ရည်တွေဝိုင်းလာကာ ခေါင်းကိုတွင်တွင်ခါပါတော့သည်။
"မဟုတ်ဘူး ကိုကြီးမှာချစ်သူမရှိပါဘူး အသွန်းသေချာစုံစမ်းထားတာ "
"ရှိတယ် ကောင်မလေးက မပြောနဲ့ဆိုလို့ငြိမ်နေတာ"
"ရှင်!.ဘယ်သူလဲ ကိုကြီးချစ်သူက ဘယ်သူလဲ ဘယ်သူလဲဆိုတာမပြောမချင်းမယုံဘူး"
"သူက!..."
"ကိုကို!..."
ထိုအသံချွဲချွဲသည် စက်ဝန်းနဲ့ရွှေရည်သွန်းကြားထဲကိုဖြတ်ဝင်လာသည့်အခါ...
✿............✿...........✿
ဆက်ရန်
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺
Part(12)
ဒီဇင္ဘာလ တစ္ရက္ေန႔။
ပထမဆုံးေက်ာင္းတက္ရက္ျဖစ္၍ တကၠသိုလ္ရဲ႕ကန္တင္းမွာ ေက်ာင္းသား၊ေက်ာင္းသူတို႔ျဖင့္စည္ကားေနေလသည္။ ထိုထဲတြင္ အႏွစ္၊စက္ဝန္း၊ထင္ရွားႏွင့္ မြန္ေလးတို႔ေလးေယာက္လည္းပါဝင္ေလသည္။
သို႔ေပမဲ့ အရင္ကနဲ႔မတူ ထူးျခားတာက စက္ဝန္းနဲ႔အႏွစ္က ေက်ာင္းအတူတူလာၾကျခင္း။ ၿပီးေတာ့ အနည္းငယ္ရင္းႏွီးေနတဲ့ဆက္ဆံေရး။
ေနာက္ဆုံးႏွစ္အထိ သူတို႔အတြဲက ေရပန္းစားေနျခင္း။
လက္ထပ္ထားတာကို ဘယ္သူမွမသိ၍ အတင္းအဖ်င္းစကားေတြကို မၾကားရေပ။
"ဒီႏွစ္ကေနာက္ဆုံးပဲ ဒါၿပီးရင္ အလုပ္လုပ္ရင္း အလုပ္ရႈပ္ေနၾကေတာ့မွာ "
"ရွင္ကဘြဲ႕ရၿပီးရင္ အလုပ္တန္းလုပ္ေတာ့မယ္ေပါ့ "
အႏွစ္က ေမးခြန္းထုတ္၏။
"ဘြဲ႕ရၿပီးရင္လုပ္ရမွာေပါ့ အႏွစ္ကမလုပ္ဘူးလား"
"ကြၽန္မက ကြၽန္မစဥ္းစားထားတာသပ္သပ္ရွိတယ္အဲ့တာကို အေကာင္အထည္ေဖာ္ျဖစ္မယ္ထင္တယ္ "
"ဪဟုတ္လား ဒါဆို မြန္ေလးကေရာ"
"မြန္ေလးက ေဖေဖ့ကုမၸဏီမွာပဲ လုပ္ရေလာက္တယ္"
"ဪဟုတ္သားပဲ စက္ဝန္း မင္းကေရာ"
"ငါကကေလးယူမွာ "
"အဟြတ္ ဟြတ္ "
အႏွစ္မွလြဲရင္ က်န္ႏွစ္ေယာက္ စက္ဝန္းစကားေၾကာင့္ ေဖ်ာ္ရည္သီးကုန္ၾကေတာ့သည္။
"ကင္း ရွင္မေႏွာက္လို႔မရဘူးလား "
အႏွစ္က သူ႔စကားကို မႏွစ္သက္စြာ ဝင္ေျပာလွ်င္...
"သူတို႔ကအရမ္းစလို႔ေကာင္းတယ္ေလ"
"တစ္ကယ္ထင္သြားတာ "
"စက္ဝန္းက တစ္ကယ္ေႏွာက္တာပဲ"
ဒါေပမဲ့လည္း စက္ဝန္းေၾကာင့္ သူတို႔သုံးေယာက္ရယ္ျခင္းျဖင့္တစ္ေန႔တာကိုစတင္လိုက္ရပါသည္။ မာနႀကီးၿပီး တည္ၿငိမ္လွသည့္ကင္းက ရင္းႏွီးတဲ့သူနဲ႔ဆို ပုံမွန္လူပါပဲ။
ေနာက္ဆုံးႏွစ္မွာ ေနာက္ထပ္ ေျပာင္းလဲသြားတာတစ္ခုရွိေသးသည္။ အဲ့ဒါက သူမတို႔ေလးေယာက္ တစ္ခန္းထဲအတူတူထိုင္ရျခင္း။ ဘယ္လိုေျပာင္းခဲ့လဲဆိုတာေတာ့ ရေအာင္ေျပာင္းခိုင္းသည့္သူပဲသိပါလိမ့္မည္။
✿............✿...........✿
ညေန (၄)နာရီ။
"ကိုႀကီး "
ဝါး...ကင္းတို႔က ပထမေက်ာင္းတက္ရက္ကတည္းက စြံတာပဲ။
"ေျပာ!..."
"ညီမက Law Majorပထမႏွစ္က ေ႐ႊရည္သြန္းပါ"
"အဲ့ဒီေတာ့"
"အေကာင့္လက္ခံေပးပါ ညီမ ကိုႀကီးကိုသေဘာက်လို႔ပါ"
အႏွစ္ အံ့ဩသြား၏။ ပထမဆုံးေက်ာင္းတက္ရက္မွာ တစ္ရက္ေတာင္မရွိတဲ့အခ်ိန္မွာ သေဘာက်ေၾကာင္းေျပာႏိုင္တယ္တဲ့။
စက္ဝန္းက အႏွစ္ကိုတစ္ခ်က္ေစာင္းၾကည့္သည္။ သို႔ေသာ္ သူမက မသိသလို ေနေန၍ မ်က္ေမွာင္ၾကဳတ္သြားသည္။
"သဲေလး!..."
"ရွင္! "
သူ႔စကားေၾကာင့္ ေရွ႕ကေကာင္မေလးေၾကာင္သြား၏။ ထင္ရွားနဲ႔မြန္ေလးကလည္း ဝင္မေျပာရဲဘဲ ၾကည့္ယုံသာၾကည့္ေန၏။
ဘာေျပာႏိုင္မွာလဲ။ ကာယကံရွင္ျဖစ္တဲ့အႏွစ္က ဂ႐ုေတာင္မစိုက္တဲ့ဟာ။
"ကိုႀကီးမွာ ခ်စ္သူရွိတာလား "
"ခ်စ္သူမဟုတ္ဘူး "
"ဒါဆို အသြန္းက!??"
"အခုျပန္ေတာ့ ေက်ာင္းဆင္းခ်ိန္ေရာက္ၿပီ"
"ရွင္ ဟုတ္!..."
ေ႐ႊရည္သြန္းသည္ ဘယ္လိုသေဘာေပါက္သြားသည္မသိ ေပ်ာ္႐ႊင္စြာထြက္သြားခဲ့ပါသည္။
"ျပန္မယ္!.."
ေ႐ႊရည္သြန္းထြက္သြားၿပီး မၾကာပါ။ အႏွစ္ ေျပာရင္းမွထရပ္လိုက္သည္။ သူက ဘာစကားမွမေျပာလာ။ သို႔ေပမဲ့ ထရပ္လိုက္ပါသည္။ သူမ မြန္ေလးလက္ကိုတြဲရင္း ေရွ႕ကထြက္လာခဲ့ပါသည္။
က်န္ရစ္ခဲ့သူကေတာ့ အရင္ဆုံးထြက္သြားသည့္သူမရဲ႕ေက်ာျပင္ကိုၾကည့္ရင္း...
"အခု အႏွစ္သာရ ငါ့ကို လ်စ္လ်ဴရႉ႔သြားတာလား"
"အင္း အႏွစ္က တစ္ကယ္မိုက္တာပဲ ေယာက္်ားတစ္ေယာက္အေပၚလြယ္လြယ္မက်ရႈံးဘူး "
"မင္း ငါ့ဘက္မပါဘူးဆိုရင္ ေနခဲ့ "
သူ ထိုမွ်သာေျပာၿပီး အခန္းထဲမွထြက္ခဲ့၏။ ေနာက္မွ ထင္ရွားသည္ အေျပးလိုက္လာခဲ့ပါသည္။
✿............✿...........✿
"အႏွစ္သာရ အဲ့မွာရပ္! "
သူ႔စကားကိုနားမေထာင္ဘဲ အႏွစ္ဆက္သြားသည္။
ဟြန႔္ ဘာလို႔နားေထာင္ရမွာလဲ။
"အႏွစ္သာရ..."
ျပန္လည္းမထူးမိ။ ဘာလို႔ထူးရမွာလဲ။ ေျပာစရာမွမရွိတာ။
"အႏွစ္!.."
သူက သူမလက္ကို ဆြဲကာ ခႏၶာကိုယ္ကိုလွည့္လိုက္သည္။
"ငါေခၚေနတာ ဘာလို႔ျပန္မထူးတာလဲ"
"အာ!...ေဆာရီး နားၾကပ္တပ္ထားလို႔ "
သူမ နားထဲက နားၾကပ္ကိုထုတ္ျပလိုက္သည္။ တစ္ကယ္က ဖုန္းနဲ႔မခ်ိတ္ထားဘဲ မသိခ်င္ေယာင္ေဆာင္ဖို႔ တပ္ထားယုံသာ။
သူက ထိုနားၾကပ္ကို ဆြဲယူကာ ျပစ္လိုက္သည္။
"ဘာလုပ္တာလဲ ကြၽန္မပိုက္ဆံစုၿပီးဝယ္ထားတဲ့ဟာ"
"ငါအသစ္ဝယ္ေပးမယ္ အခု ငါနဲ႔ခဏကကိစၥအရင္ရွင္း"
"ရွင္ခ်မ္းသာမွန္းသိေပမဲ့ မလိုပါဘူး လႊတ္!..."
သူမသည္ အတင္း႐ုန္းကန္ကာ သူ႔ဆီမွလႊတ္ေျမႇာက္ဖို႔ႀကိဳးစားပါသည္။
"အ႐ြဲ႕တိုက္မေနနဲ႔ အႏွစ္ မင္းမေက်နပ္တာရွိရင္ ေျပာ!.."
"မရွိပါဘူး ဘာလို႔ကြၽန္မက မေက်နပ္တာရွိရမွာလဲ"
"မင္းအခု ငါနဲ႔စစ္ေၾကညာေနတာလား လုပ္ခ်င္ရာလုပ္ လွည့္မၾကည့္ေၾကးဆိုၿပီး..."
"ဘာကိုလဲ "
"မင္းမသိခ်င္မေယာင္ေဆာင္ပါနဲ႔ ဘာလို႔ငါေခၚတာကို မထူးတာလဲ အလိုက္သင့္လည္းမေနေပးဘူး"
"ကင္း ရွင္ဘာျဖစ္ေနတာလဲ ဟိုက လာႏႈတ္ဆက္ယုံေလးကို ကြၽန္မကၿငိမ္မေနလို႔ဘာလုပ္ရမွာလဲ ေသာင္းက်န္းေပးရမွာလား ဒီေယာက္်ားက ငါ့ေယာက္်ားပဲလို႔ေျပာရမွာလား အဲ့လိုေသာင္းက်န္းေပးမွ ရွင္ေက်နပ္မွာလား ရွင့္ကိစၥ ရွင့္ဘာသာရွင္းေလ ဘာလို႔ကြၽန္မကို!"
"ငါအဲ့လိုလုပ္ဖို႔မေျပာဘူး ငါကအမွန္ကိုေျပာေစခ်င္တာ အစကတည္းက ငါတို႔ၾကားကဆက္ဆံေရးကို လွ်ိဳ႕ဝွက္ထားဖို႔အစီအစဥ္မရွိဘူး"
"ဒီလိုကိစၥေလးက ရွင္ကိုယ္တိုင္ရွင္းႏိုင္တာပဲ ကြၽန္မပါစရာမလိုဘူးေလ ၿပီးေတာ့ ဒီတိုင္းလာေျပာယုံေလးကို ဘာဆက္ဆံေရးပါလို႔ ေျပာစရာမလိုဘူးေလ "
သူသည္ သူမကိုအေတာ္ၾကာစိုက္ၾကည့္ၿပီးေနာက္ လႊတ္ေပးလာသည္။
သူမလည္းဘာမွမေျပာဘဲ ထြက္လာခဲ့သည္။
အခန္းထဲေရာက္မွ တံခါးေရွ႕တင္ထိုင္ခ်ျပစ္ကာ တံခါးကိုမွီလိုက္ရင္း...
ငါဘာျဖစ္ေနတာလဲ။
ေ႐ႊရည္သြန္းဆိုေသာ ေကာင္မေလး သူ႔ကိုဖြင့္ေျပာေတာ့ ရင္ထဲမွာ အမည္မသိေသာခံစားခ်က္မ်ိဳး၊တစ္ခါမွ မခံစားဖူးတဲ့ခံစားခ်က္မ်ိဳးဝင္လာခဲ့သည္။ ဒါေၾကာင့္ သူေခၚတာကို ခ်က္ခ်င္းတုန႔္ျပန္ႏိုင္ဖို႔အင္အားမရွိခဲ့ဘူး။ ဒီစိတ္ႀကီးနဲ႔ပဲ အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး ဘာစကားမွမေျပာခဲ့။
သူနဲ႔စကားေျပာသည့္အခါမွာလည္း ႏႈတ္ကဘယ္လိုစကားေတြထြက္သြားမွန္းမသိေတာ့ပါ။
ငါေျပာင္းလဲသြားတာလား။ အခ်ိန္တိုတိုေလးအတြင္းမွာ သူ႔အေပၚစိတ္ယိုင္ေနၿပီလား။
ဘယ္ေလာက္ပဲေတြးေတြး အေျဖကဒါပဲထြက္သည္။
တစ္ဖက္က သူကေတာ့ သူမတုန႔္ျပန္မႈကိုဘယ္လိုထင္သြားသည္မသိ။ စိတ္ဆိုးေနပါသည္။
ႏွစ္လအတြင္း အတူေနခဲ့ရေတာ့ နီးစပ္လာၿပီးထင္ခဲ့တာ။ တစ္ကယ္က အႏွစ္အေၾကာင္းသူဘာမွမသိေသးဘူးပဲ။
✿............✿...........✿
အႏွစ္ထင္တာ ေ႐ႊရည္သြန္းကိစၥက ဒီမွ်တင္ရပ္သြားမယ္လို႔ေလ။ သို႔ေသာ္ ထိုကေလးမက ဆိုရွယ္မွာသာမက အျပင္ဘက္မွာပါ ကင္းကို ဘယ္လိုခ်စ္ေၾကာင္း၊ႀကိဳက္ေၾကာင္းဆက္တိုက္ေျပာေနသည္။ ကိုႀကီး...ကိုႀကီးဆိုၿပီး ေန႔တိုင္းစကားလာေျပာသည္။ တစ္ခါတစ္ေလဆိုလက္ေဆာင္ေတြေတာင္ပါေသးသည္။
သူနဲ႔အႏွစ္က ရန္ျဖစ္ထားတာ အခုထိမေခၚေသးတာေၾကာင့္ ဘာမွမေျပာၾက။ သူက ေ႐ႊရည္သြန္းကိုဘာမွမေျပာဘဲ ဒီတိုင္းထားတာေၾကာင့္ ေ႐ႊရည္သြန္းသည္ သူ႔ကိုမျငင္းဘူးဟုထင္ကာ အေက်နပ္ၿပီးေက်နပ္ေနပါသည္။
ဆိုရွယ္မွာ အႏွစ္နဲ႔သူ႔အေၾကာင္း ဓာတ္ပုံေတြကိုရွာၾကည့္ထားပုံရသည္။ ေ႐ႊရည္သြန္း သူမကိုအျမင္မၾကည္ေပ။ သူမေရွ႕မွာမွ သူ႔ကို ပိုၿပီးပိုင္ဆိုင္ေၾကာင္းျပတတ္သည္။
သူမတို႔က ရန္ျဖစ္ထားလို႔ ၿငိမ္ေနေပမဲ့ သတင္းပ်ံ႕တာမ်ားေတာ့ ေမေမ့ဆီေရာက္သြားပုံရသည္။ သူမနဲ႔သူ႔ကိုေခၚၿပီး သတိေပးလာသည္။
"ကြၽန္ေတာ္နဲ႔သူ ဘာဆက္ဆံေရးမွမဟုတ္ပါဘူးေမေမ "
သူက ေက်ာင္းခ်ိန္မဟုတ္ရင္ သူမေမေမကို ေမေမလို႔ေျပာင္းေခၚပါသည္။
"ေမေမသိပါတယ္ ဒါေပမဲ့ တစ္ဖက္ကမိန္းကေလးက လြယ္မဲ့ပုံမဟုတ္ဘူး အခုဆို သားနဲ႔သူႀကိဳက္ေနပါတယ္ဆိုၿပီး သတင္းေတြေတာင္ထြက္ေနၿပီ"
"ကြၽန္ေတာ္ေသခ်ာျပန္ရွင္းလိုက္ပါမယ္ ေမေမ"
သူနဲ႔ေျပာအၿပီး သူက ဝယ္စရာရွိလို႔ဆိုၿပီးထြက္သြား၍ ေမေမနဲ႔သူမသာက်န္ခဲ့သည္။
"စက္ဝန္းနဲ႔ရန္ျဖစ္ထားတာလား"
"..."
"အႏွစ္ သမီးစိတ္ထဲဘာျဖစ္ေနလဲဆိုတာ သိမွ ေမေမကဘာလုပ္ရမယ္ဆိုၿပီးေျပာျပလို႔ရမွာေလ"
"ရန္ျဖစ္တာမဟုတ္ေပမဲ့ စကားနည္းနည္းမ်ားထားၾကတယ္ "
"ဘာေၾကာင့္လဲ "
"ေ႐ႊရည္သြန္းကိစၥပါပဲ အႏွစ္ဘက္က ေအးစက္စက္ေနေနလို႔ သူစိတ္ဆိုးေနတာ...စကားေျပာ႐ုံေလးမို႔ ေျဖရွင္းစရာမလိုဘူးထင္မိတာ ၿပီးေတာ့ ကိစၥေတြကဒီေလာက္ထိႀကီးလာမယ္မွန္းအႏွစ္မသိလို႔ပါ ဒါေၾကာင့္ အႏွစ္တို႔ဆက္ဆံေရးကိုမေျပာခဲ့တာ သူကလည္း မရွင္းျပဘူးေလ "
"သမီး! သမီးက အခု အိမ္ေထာင္သည္...စက္ဝန္းရဲ႕တရားဝင္ဇနီး...စက္ဝန္းကို သမီးရဲ႕စိတ္ရွိအတိုင္းေျပာလို႔ရတယ္ သမီးတို႔က လင္မယားေတြျဖစ္ေနၿပီ ခံစားခ်က္ကို ဒီတိုင္းသိုသိပ္ထားလို႔မရဘူး စက္ဝန္းအေပၚ ပြင့္လင္းရမယ္ ၾကားလားအႏွစ္...အခုသမီးတို႔က တစ္ေယာက္နဲ႔တစ္ေယာက္မပြင့္လင္းဘဲ ခံစားခ်က္ကိုၿမိဳသိပ္ထားလို႔ျဖစ္ေနတာ သမီးသူ႔ကို ေျပာသင့္တာေျပာၿပီး လိုက္ေလ်ာသင့္တာလိုက္ေလ်ာရမယ္ဟုတ္ၿပီလား ေမေမဘာကိုေျပာလဲဆိုတာ သမီးလည္းသေဘာေပါက္မွာပါ"
"ဟုတ္ကဲ့ "
"ဒီကျပန္ရင္ ေသခ်ာေဆြးေႏြးၾကည့္!"
"ဟုတ္ကဲ့ ေမေမ "
ေမေမ့ေရွ႕မွာသာ "ဟုတ္ကဲ့"ဆိုၿပီး ေျပာခဲ့ေပမဲ့ တစ္ကယ္တမ္း သူမဘာကစေျပာရမွန္းမသိပါ။
သူကလည္း သူမကိုဘာစကားမွမေျပာ။ မ်က္ႏွာတည္ႀကီးနဲ႔ေနသည္။ ဒါ့အျပင္ အခန္းေတာင္ခြဲအိပ္ေသးသည္။ မသိရင္ သူမက အျပစ္ႀကီးႀကီးလုပ္ထားသလိုပဲ။ သူနဲ႔အတူအိပ္ရေတာ့ မအိပ္ခ်င္ေသာ္လည္း သူအခန္းခြဲအိပ္သည့္အခါမွာေတာ့ သူမသည္ဘယ္လိုမွအိပ္မေပ်ာ္ပါ။
ေ႐ႊရည္သြန္းကိုေျပာဖို႔လုပ္တုန္းက သူမၿငိမ္ေနခဲ့တာမွန္သည္။ ဒါေပမဲ့ ေနာက္ရက္က် သူ႔ဘာသာေျပာလို႔ရတာပဲ။ သူလည္းမေျပာဘူးေလ။
စက္ဝန္းအလြန္လည္းမမွန္ဘူးေလ။
ဘယ္လိုမွအိပ္လို႔မရ၍ အႏွစ္ထထိုင္လိုက္သည္။ ေဘးနားကအိပ္ရာအလႊတ္ကိုၾကည့္ရင္း ဝမ္းနည္းလာသည္။ ေယာက္်ားေလးျဖစ္ၿပီး အရင္စေခ်ာ့ေတာ့ဘာျဖစ္မွာမို႔လို႔လဲ။ သူကဒီေနရာမွာေတာင္ မာနၿပိဳင္ခ်င္ေသးတာလား။
ေတြးရင္းေတြးရင္းနဲ႔ အႏွစ္မ်က္ရည္ေတြက်လာပါေတာ့သည္။ မငိုမိေအာင္ မ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္ေပမဲ့မ်က္ရည္ေတြက မနာခံစြာ က်လာၿမဲပင္။
"ဟင့္!...တစ္ကယ္ပဲဘာျဖစ္ေနတာလဲ အႏွစ္သာရ"
တစ္ခါမွမျဖစ္ဖူးတဲ့အရာေတြက ဘာလို႔ သူေပၚလာမွ ျဖစ္ေနရတာလဲ။ မမိုက္လိုက္တာ။
ထိုအခ်ိန္ ေမြ႕ယာသည္တစ္ေယာက္ေယာက္တက္လာသလို အိက်သြားသည္။ သူမလွည့္ၾကည့္ဖို႔လုပ္ေတာ့ လွည့္မၾကည့္ႏိုင္ခင္မွာ သူမကိုယ္ေလးက တစ္ေယာက္ေသာသူရဲ႕ရင္ခြင္ထဲေရာက္သြားရသည္။
"ငိုေနတာလား"
သူမ မ်က္ရည္ေတြကို လက္ဖမိုးနဲ႔ အျမန္သုတ္ျပစ္လိုက္သည္။ သူမကိုယ္ကသူ႔ရင္ခြင္ထဲေရာက္ေနေပမဲ့႐ုန္းဖို႔သတိမရ။ သူမငိုတာ သူမျမင္ဖို႔က ပိုအေရးႀကီးသည္။
သို႔ေသာ္ ကင္းသည္ သူမကိုယ္ေလးကို ခ်ိဳင္းကေနမကာ သူနဲ႔မ်က္ႏွာခ်င္းဆိုင္ကို လွည့္ျပစ္လိုက္တာက ကေလးကိုေပြ႕ခ်ီသလိုမ်ိဳး ျမန္ဆန္လွ၏။
"ဘာလို႔ငိုတာလဲ"
"..."
"အႏွစ္ အခုမင္းကိုေျဖရွင္းခြင့္ေပးေနတာေနာ္..."
"..."
"ငါသြားရေတာ့မွာလား"
သူ ထိုသို႔ေျပာေတာ့ သူမလက္ေတြက သူ႔အက်ႌစကို ဆြဲထားသည္။ အေတာ္အတန္ၾကာမွ...
"ကြၽန္မတို႔ပတ္သတ္မႈကို မသိေစခ်င္တာမဟုတ္ပါဘူး အဲ့တုန္းက အဲ့လိုေျပာဖို႔မလိုဘူးထင္လို႔ ကြၽန္မလည္း အဲ့တာကို ဖုံးကြယ္ထားဖို႔အစီအစဥ္မရွိဘူး ရွင့္ဘာသာအထင္မွားၿပီး မေျပာတာ...တစ္ကယ္ဆို ရွင္လည္းအကုန္မမွန္ပါဘူး"
"ေနာက္တစ္ခါ ငါ့ကိုပြင့္ပြင့္လင္းလင္းေျပာ...ငါက မင္းအဲ့လိုေျပာလို႔ရတဲ့သူ ဟုတ္ၿပီလား ငါတို႔ေရွ႕ဆက္ရမဲ့ရက္ေတြအမ်ားႀကီးက်န္ေသးတယ္"
"အင္း"
သူမက သူ႔မ်က္ႏွာကိုမၾကည့္ေသး။ ထို႔ေၾကာင့္ သူ႔မ်က္ႏွာ သူမအနီးနားကပ္လာတာကိုလည္းမသိ။
"အႏွစ္...ငါ့ကိုၾကည့္ "
"ဟင္! အင့္ "
ၾကည့္ဆိုလို႔ၾကည့္လိုက္ေတာ့ အနမ္းမိုးေတြဆက္တိုက္႐ြာခ်လာသည့္သူ။ ဒီအခ်ိန္မွာ သူမလည္းျငင္းဖို႔အင္အားမရွိ။ ဘာေၾကာင့္လဲဆိုတာ ေသခ်ာနားမလည္ေပမဲ့ သူျပန္ေခ်ာ့လို႔ျပန္ေပးတဲ့သေဘာမ်ိဳး။
သို႔ေသာ္ သူက သူမအက်ႌထဲလက္လွ်ိဳဝင္လာၿပီး ခါးကိုလာထိသည့္အခါမွာေတာ့ သူမလက္ေတြက သူ႔လက္ကို တားဆီးမိပါေတာ့သည္။
"ကင္း...ရွင္! "
အဆင့္ဆက္မတတ္ဖို႔ေျပာမယ္လုပ္ေတာ့ ေမေမ့ရဲ႕စကားက နားထဲဝင္လာသည္။ လိုက္ေလ်ာသင့္တာလိုက္ေလ်ာ့ရမယ္တဲ့။ သူမဒီအိမ္ေထာင္ေရးကို တည္ၿမဲခ်င္သည္။ သူလည္းေယာက္်ားပဲ။ ဒါမ်ိဳးကလိုခ်င္မွာပဲေလ။
သူမ ဘာစကားမွမေျပာေတာ့ဘဲ သူ႔လက္ကိုလႊတ္လိုက္ကာ သူမဘက္ကအရင္စနမ္းေတာ့ သူကခြင့္ျပဳၿပီမွန္းသိစြာ ၿပဳံးလိုက္ရင္း အဆင့္တက္ဖို႔ႀကိဳးစားပါေတာ့သည္။
"မင္းေၾကာက္ေနတာသိတယ္ ဒါေပမဲ့ ငါ့ကိုပဲၾကည့္...ငါ့ကိုပဲ ေတြး...ငါ့ကိုပဲလက္ခံ"
ရွင္မေျပာရင္ေတာင္ ကြၽန္မက ရွင့္ကိုပဲလက္ခံႏိုင္တာ။
"အင္း "
"ေတာ္တယ္ ငါ့ရဲ႕မိန္းကေလး!..."
ထို႔ေနာက္ ဆက္တိုက္က်ေရာက္လာသည့္အနမ္းေတြ။
ဒီေန႔က သူတို႔ေျပလည္တဲ့ညျဖစ္သလို ေပါင္းစပ္တဲ့ည။
ထိုအခ်ိန္က အႏွစ္ရဲ႕အေတြးသည္ ႐ိုးရွင္းေနခဲ့သည္။
✿............✿...........✿
"ဘာလဲ နင္တို႔ႏွစ္ေယာက္ ေျပလည္သြားၿပီလား"
မြန္ေလးက အႏွစ္နဲ႔စက္ဝန္းတို႔ႏွစ္ေယာက္ရဲ႕မ်က္ႏွာအမူအရာကို အကဲခတ္ၿပီး ေျပာလာ၏။
"ငါတို႔ဘယ္တုန္းက ရန္ျဖစ္လို႔လဲ "
"အႏွစ္သာရ ငါက နင္နဲ႔ေပါင္းလာတာ ပထမႏွစ္ကတည္းက အခုေနာက္ဆုံးႏွစ္ေနာ္ ငါးႏွစ္အတြင္း ကိုယ့္သူငယ္ခ်င္း စိတ္ဆိုးရင္ဘယ္လို၊ စိတ္တိုရင္ဘယ္လို၊ ေပ်ာ္ရင္ဘယ္လိုလဲဆိုတာေတာ့ သိပါတယ္ေနာ္"
"ေဆာရီး ငါမွားသြားပါတယ္ ဟုတ္တယ္ ငါတို႔ေျပလည္သြားၿပီ "
"ေျပလည္မွပဲ မဟုတ္ရင္ ငါနဲ႔မြန္ေလးက ၾကားထဲက နင္တို႔ႏွစ္ေယာက္ဒဏ္ကို ခါးစည္းခံေနရတယ္"
ထင္ရွားကပါ ဝင္ေျပာလာသည္။
"ငါတို႔ဘာလုပ္လို႔လဲ"
"ဪ ေျပာရက္တယ္စက္ဝန္းရယ္...မင္းပုံစံက အရင္ေန႔က လူေသကိုအသက္သြင္းထားတဲ့ပုံနဲ႔...စကားေျပာတာလည္းဘုနဲ႔ေဘာက္ မင္းတို႔ရန္ျဖစ္တာကလည္း ငါေတာင္လန႔္လာၿပီ မင္းဘက္ကအေလွ်ာ့ေပးပါဦး"
"ငါတို႔သေဘာတူညီမႈလုပ္ခဲ့ၿပီးၿပီ! စိတ္ပူစရာမလိုေတာ့ဘူး "
"ဘာလဲ "
ထင္ရွားက စိတ္ဝင္စားစြာေမးသလို မြန္ေလးကလည္း ဆံပင္ကို နားၾကားညႇပ္ကာ နားစြင့္သည္။
"ငါတို႔က ရန္ျဖစ္ရင္ေတာင္ တျခားသူေတြကိုဝင္မပါခိုင္းေတာ့ဘူး လက္ရွိငါတို႔အိမ္ေထာင္ေရးကို ထိခိုက္လို႔မရဘူး ဒါေၾကာင့္ တစ္ေယာက္က အေရးႀကဳံလာတဲ့အခါ တစ္ေယာက္ကကူညီရမယ္လို႔ဆုံးျဖတ္ၾကတာ"
"ဘာကိုကူညီတာလဲ"
"အဟင္း ထင္ရွားကအရမ္းတုံးတာပဲ...အဲ ေနာက္မွ ဥပမာနဲ႔တကြ ၾကည့္ေတာ့"
မြန္ေလးအေျပာေၾကာင့္ ထင္ရွားေခါင္းကို တဗ်င္းဗ်င္းကုတ္ပါေတာ့သည္။ နားမလည္တာသူတစ္ေယာက္တည္းတဲ့လား။
"ေဟာ ေျပာရင္းနဲ႔ ရွင္ ဥပမာၾကည့္ရေတာ့မယ္"
မြန္ေလးမ်က္စျပစ္ျပရာၾကည့္ေတာ့ သူတို႔ဆီဦးတည္လာေနသည့္ေ႐ႊရည္သြန္းဆိုေသာ ညီမေလးကိုေတြ႕လိုက္ရသည္။ သို႔ေသာ္ ဘာကိုေျပာလဲဆိုတာ သူမသိေသးပါေခ်။
"ကိုႀကီး!..."
ေ႐ႊရည္သြန္းက ဝမ္းသာေပ်ာ္႐ႊင္စြာေခၚလိုက္ေပမဲ့ စက္ဝန္းကေတာ့ ခပ္တည္တည္ပင္။
"ကိုႀကီးအတြက္ အသြန္းလက္ေဆာင္ပါလာတယ္"
"စိတ္မဝင္စားဘူး "
"အယ္ ကိုႀကီးႀကိဳက္တဲ့အရာပါ...အျငင္းမေစာပါနဲ႔ဦး"
"ရႈပ္ရႈပ္ယွက္ယွက္ေတြလာမလုပ္နဲ႔ေ႐ႊရည္သြန္း!"
"အသြန္းက ကိုႀကီးႀကိဳက္တဲ့ဂစ္တာေပးမလို႔ဟာ"
အႏွစ္မ်က္ဝန္းေတြလက္သြားရ၏။
ေ႐ႊရည္သြန္းက သူမမသိတဲ့ သူ႔အႀကိဳက္ကိုေတာင္သိေနတယ္။
သို႔ေသာ္သူမကမသိလို႔ဆိုၿပီး ဝမ္းနည္းမွာေတာ့မဟုတ္။ သိစရာမွမလိုအပ္တာ။ သူမတို႔က တစ္ေယာက္လိုအပ္တဲ့အခါ တစ္ေယာက္ရွိေနေပးဖို႔ပဲ။ အလိုက္တသိျဖည့္ဆည္းေပးဖို႔မဟုတ္။
"လာပါကိုႀကီးရယ္...ခဏပဲ"
ေ႐ႊရည္သြန္းသည္ အေတာ္ကိုရဲပါသည္။ သူ႔လက္ကိုအတင္းဆြဲကာေခၚသည္။ သူက သူမကိုၾကည့္လာသည္။ သို႔ေသာ္ သူမအၾကည့္လႊဲလိုက္သည္။
"လႊတ္...ငါ့မွာခ်စ္သူရွိတယ္ "
"ရွင္! "
သူ႔စကားေၾကာင့္ ေ႐ႊရည္သြန္းအံ့ဩသည္။ ၿပီးေနာက္တျဖည္းျဖည္းနဲ႔မ်က္ရည္ေတြဝိုင္းလာကာ ေခါင္းကိုတြင္တြင္ခါပါေတာ့သည္။
"မဟုတ္ဘူး ကိုႀကီးမွာခ်စ္သူမရွိပါဘူး အသြန္းေသခ်ာစုံစမ္းထားတာ "
"ရွိတယ္ ေကာင္မေလးက မေျပာနဲ႔ဆိုလို႔ၿငိမ္ေနတာ"
"ရွင္!.ဘယ္သူလဲ ကိုႀကီးခ်စ္သူက ဘယ္သူလဲ ဘယ္သူလဲဆိုတာမေျပာမခ်င္းမယုံဘူး"
"သူက!..."
"ကိုကို!..."
ထိုအသံခြၽဲခြၽဲသည္ စက္ဝန္းနဲ႔ေ႐ႊရည္သြန္းၾကားထဲကိုျဖတ္ဝင္လာသည့္အခါ...
✿............✿...........✿
ဆက္ရန္