မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

De harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... Mais

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
1 (Zaw)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

✽ အပိုင်း ၃ ✽

8K 220 8
De harley__robbie



သိမ်မွေ့စံနွယ်၏အော်သံကြောင့် လမ်းသွားလမ်းလာများမှာ သူမနှင့်နေဟန်မှ်ိုင်းကို 'ဘာလားဟ' ဟူသောအကြည့်များဖြင့် စွေစောင်းကြည့်သွားကြသည်။ နေဟန်မှိုင်းမှာ မျက်နှာထားတင်းသွားပြီး နှုတ်ခမ်းအနည်းငယ်ကိုက်ကာ သက်ပြင်းချလိုက်၏ ။

" ဟူး ... လူမှားနေတယ်ပြောနေရင် တော်လိုက်ပေါ့ မိန်းကလေး၊ မင်း ကိုယ့်နောက်ကို ဆက်မလိုက်လာနဲ့ "

နေဟန်မှိုင်းက အသံနက်နက်ဖြင့် ကြည်လင်ပြတ်သားစွာ ပြောလိုက်သည်။ သူ့အသံထဲက အေးစက်ခါးသက်မှုများကို သိမ်မွေ့စံနွယ်၏နှလုံးသားက အလိုလိုခံစားမိနေသည်။

" ဆက်လိုက်လာရင် ငါမင်းကို ငရဲမင်းဆီ ပို့ပေးမယ်"

နေဟန်မှိုင်း၏အေးစက်စက်စကားလုံးများက သိမ်မွေ့စံနွယ်အတွက် တဒင်္ဂအခိုက်အတန့်တစ်ခုမှာ နှလုံးသားမှာမီးပွားအသေးစားလေး ဖိတ်စင်သွားသယောင်။

နေဟန်မှ်ိုင်းက သူမကိုကျောခိုင်းပြီး ရှေ့ဆက်လျှောက်သွားခဲ့သည်။ သူ့စိတ်ထဲတွင် ထင်မိသည်က သူ့ပြောစကားကြောင့် သူမဆက်လိုက်လာမည်မဟုတ်မှန်းကို။ သို့ပေမဲ့ သိမ်မွေ့စံနွယ်က ဇွဲမလျော့ပေ။ နေဟန်မှိုင်းနောက်သို့ ဆက်လိုက်သွားသည်။ နေဟန်မှိုင်းမှာ သူမလိုက်လာသည့်အငွေ့အသက်ကို သတိထားခံစားမိပြီး လမ်းမြန်မြန်လျှောက်သည်။

သူ့စိတ်ထဲတွင် ဤသို့အခဲမကျေတွေးမိသည်။

' သူကဘာဖြစ်ချင်နေတာလဲ။ ဒီခေတ်ကလေးတွေက အကြောက်အလန့်မရှိ တော်တော်အကြောတင်းကြတာပဲ။ ဒီလောက်နှစ်တွေကြာသွားတာတောင် ငါ့အခွက်နဲ့အသံကို သူဘယ်လိုမှတ်မိနေတာလည်း မသိ။ တကယ့်ငစားမလေး ... "

လမ်းတစ်ဝက်က နောက်ဖေးလမ်းကြားတစ်ခုကို နေဟန်မှိုင်းမြင်လျှင် ထိုလမ်းကြားထဲသို့ အမြန်ဝင်သွား၏။ သိမ်မွေ့စံနွယ်လည်း အမြန်လမ်းလျှောက်ပြီး လိုက်ဝင်သွားသည်။ ထိုစဥ် နေဟန်မှိုင်းက သူမလက်ကို အားဖြင့်ဖမ်းဆုပ်ကိုင်လိုက်ပြီးနောက် နံရံဘက်သို့ သူမ၏ကျောပြင်ကို ထိကပ်ထားခဲ့သည်။

သိမ်မွေ့စံနွယ်လည်း တစ်ကိုယ်လုံးအသားများတုန်တက်သွားပြီး ရင်တဒိတ်ဒိတ်ဖြစ်သွားလျက် နေဟန်မှိုင်းကို မျက်လုံးအပြူးသားလေးနှင့်ကြည့်နေမိခဲ့သည်။ စိတ်လှုပ်ရှားစွာဖြင့် သူမလည်စေ့ကနေ တံတွေးလုံးကို ဖြည်းဖြည်းချင်း မျိုချလိုက်၏။

" ဂလု "

ထိုစဥ် နေဟန်မှိုင်း၏ဘယ်လက်က ရုတ်တရက် သိမ်မွေ့စံနွယ်၏လည်ပင်းကို ဆတ်ခနဲညှစ်လိုက်သည်။

" အ .... "

သိမ်မွေ့စံနွယ်လည်း လည်ပင်းနာကျင်လာသဖြင့် ရုန်းကန်နေခဲ့သည်။ သို့သော်လည်း သူ့လက်များက သူမဖယ်ရှားလို့မရအောင် လက်ဖဝါးများက ဗြန့်ကျယ်ပြီး လက်ချောင်းများကသန်မာလွန်းသည်။

အညိုရင့်ရောင်နေကာမျက်မှန်အောက်က နေဟန်မှိုင်း၏စူးရှတောက်ပနေသော အေးစက်စက်မျက်လုံးများကို သိမ်မွေ့စံနွယ် မြင်နေရသည်။

" မင်းက အရမ်းသတ္တိကောင်းနေတာလား မိန်းကလေး၊ မင်းအနေနဲ့ ငါ့ကိုလာပတ်သတ်စရာ ဘာစောက်ကြောင်းမှ မလိုဘူး၊ ငါ စကားအများကြီးပြောရတာကို မုန်းတဲ့လူ၊ ဒါနောက်ဆုံးပဲ၊ မသေချင် လစ်လိုက်တော့ "

နေဟန်မှိုင်းက သူမလည်ပင်းကိုညှစ်ထားသောလက်ချောင်းများကို ဖြေလျော့ပေးလိုက်ပြီးနောက် အေးစက်စွာ မတ်တပ်ရပ်နေခဲ့သည်။ သိမ်မွေ့စံနွယ်လည်း အသက်ဝဝရှူနေရသည်။ နေဟန်မှိုင်းက သူမရှေ့မှာ တစ်စက္ကန့်ကလေးတောင် အချိန်မဖြုန်းတော့ဘဲ ထွက်ခွာသွားခဲ့၏။ သိမ်မွေ့စံနွယ်လည်း မတ်တပ်ရပ်နေရာမှ နေရာမှာတင် ထိုင်ချပစ်ကာ လမ်းကြားထဲတွင် ကျယ်လောင်စွာ အော်ငိုနေခဲ့တော့သည်။

ကျယ်သည်ထက် ပိုကျယ်လောင်သော သူမ၏ငိုသံကြောင့် လမ်းအတွင်းကလူများကလည်း အသံလာရာကို အာရုံစူးစိုက်နေခဲ့ကြသည်။ ထို့အပြင် နောက်ဖေးလမ်းကြားတိုက်ရှိ ပြတင်းပေါက်များကနေလည်း လူများထွက်ကြည့်လာကြသည်။ နေဟန်မှိုင်းမှာ သူ့ပါးစပ်ကို တင်းတင်းစေ့ပြီး အံကြိတ်လိုက်လျက် သူ့လက်သီးနှစ်ဖက်ကို ဆုပ်လိုက်ပြီးနောက် သူမဆီသို့ သွားခဲ့သည်။

လမ်းကြားထဲတွင် ချုံးပွဲချငိုယိုနေသောသိမ်မွေ့စံနွယ်ကိုမြင်လျှင် သက်ပြင်းချမိသည်။

" ကျစ် ... အဲ့လောက်အာဗြဲပြီး အော်ငိုမနေစမ်းနဲ့၊ မင်း မရှက်ဘူးလား "

" အီး ..... ဟီး.... အဟင့် .... "

နေဟန်မှိုင်းလည်း စိတ်မရှည်လာကာ သူမ၏လက်ညာကိုဆွဲကိုင်လိုက်ပြီး အပြင်သို့ခေါ်ထုတ်လာခဲ့သည်။ လူများက သူမတို့ကို ဝိုင်းကြည့်နေခဲ့ကြသည်။

နေဟန်မှိုင်းလည်း ကားလမ်းမ ပလက်ဖောင်းသို့ရောက်သော် သိမ်မွေ့စံနွယ်၏လက်ကို လွှတ်ချလိုက်ပြီး တက္ကစီတစ်စီးကို အမြန်လှမ်းတားပြီး သူ့အိမ်သို့ငှားခဲ့သည်။

" ကားပေါ်တက် "

နေဟန်မှိုင်းက တရှုံ့ရှုံ့နှင့်ငိုကြောဆွဲနေသောသိမ်မွေ့စံနွယ်ကို အော်ပြောလိုက်ပြီး သူမကိုကားထဲသို့ဝင်စေခဲ့ပြီးနောက် သူလည်း ကားဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ ကားထဲသို့ရောက်သောအခါ သက်ပြင်း ခပ်ရှည်ရှည်ချမိသည်။ ထို့နောက် သိမ်မွေ့စံနွယ်ဘက်ကို လှည့်ကြည့်ပြီး မကျေနပ်စွာ မျက်နှာရှုံ့မဲ့ခဲ့သည်။

" ငါ့အိမ်ရောက်ရင် မင်းပြောချင်တာတွေပြောပြီးတာနဲ့ မြန်မြန်လစ် "

နေဟန်မှိုင်းက ထိုစကားကို အေးစက်စွာပြောပြီးနောက် ဘေးသို့မျက်နှာလွှဲထားခဲ့သည်။ သိမ်မွေ့စံနွယ်လည်း သူမမျက်ရည်များကို လက်များဖြင့် သုတ်လိုက်ပြီး ကားပေါ်တွင်ငြိမ်ငြိမ်လေး လိုက်လာခဲ့သည်။

မကြာခင်တွင် နေဟန်မှိုင်း၏အိမ်သို့ ရောက်ရှိလာခဲ့သည်။ သူနေထိုင်နေသည့်တိုက်ခန်းက ၁၂ လွှာတွင်ရှိခဲ့သည်။ သူမကို ဓာတ်လှေကားထဲသို့ ခေါ်လာခဲ့ပြီး '12' ခလုတ်ကို သူ့ဘယ်လက်ညိုးဖြင့် နှိပ်ခဲ့သည်။ ဓာတ်လှေကားထဲတွင် နှစ်ယောက်သား စကားတစ်ခွန်မှ မပြောခဲ့ကြဘဲ တိတ်ဆိတ်နေခဲ့ကြသည်။ သိမ်မွေ့စံနွယ်ကမူ နေဟန်မှ်ိုင်းကို တတ်တခ်ိုးလေး ကြည့်နေခဲ့သည်။ ဤသည်ကို နေဟန်မှိုင်းကလည်း သတိထားမိသည်။

၁၂ ထပ်သ်ို့ရောက်ရှိလာခဲ့သည့်အခါ ဓာတ်လှေကားတံခါးက ပွင့်လာသည်။ နေဟန်မှိုင်းက သူ့တ်ိုက်ခန်းဆီသို့ ထွက်သွားခဲ့ပြီး သိမ်မွေ့စံနွယ်လည်း သူ့နောက်ကနေ လိုက်သွားခဲ့သည်။ တိုက်ခန်းတွင်းသို့ရောက်သောအခါ နေဟန်မှိုင်းက သော့တွဲနှင့်မျက်မှန်ကို အဝေးက ဆိုဖာပေါ်သို့ ပစ်တက်လိုက်ပြီးနောက် နောက်ဖေးက ရေခဲသေတ္တာဆီသို့ သွားခဲ့သည်။ ရေခဲသေတ္တာထဲက အအေးပုလင်းတစ်လုံးကို ဖောက်လိုက်ပြီး ဂလုဂလုနှင့် အားရပါးရသောက်နေခဲ့သည်။ ထို့နောက် ချွေးစိုနေခဲ့သော သူ​၏မိုးပြာဖျော့ရောင်တီရှပ်အင်္ကျီကို ချွတ်ပစ်လိုက်ပြီးလျှင် ရေခဲသေတ္တာနားက အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်ခဲ့၏။

သိမ်မွေ့စံနွယ်က ဆိုဖာစတီခုံပေါ်တွင် ထိုင်နေခဲ့ပြီး တိုက်ခန်းအနေအထားကို ကြည့်ရှုနေခဲ့သည်။ တိုက်ခန်းသည် သူမ၏ကွန်ဒိုတိုက်ခန်းထက် ကျဥ်းမြောင်းခဲ့သည်။ တိုက်ခန်းထဲတွင် ပရိဘောဂများများစားစားမရှိခဲ့ပေ။ ဧည့်ခန်းသည် အလွန်ရှင်းလင်းနေခဲ့ပြီး ဘုရားစင်မရှိပေ။

နောက်ဖေးကနေ နေဟန်မှိုင်းထွက်လာသည့်ခြေသံကိုကြားသော် သိမ်မွေ့စံနွယ်မှာ မျက်နှာလှည့်ကြည့်ခဲ့သည်။ သူမ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် နှာခေါင်းသွေးလျှံချင်သလို ဖြစ်လာခဲ့၏။ နေဟန်မှိုင်းက အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသည်။

သူ့ခန္ဓာကိုယ်မှာ မထင်ထားရလောက်အောင် သန်မာကြံ့ခိုင်ထွားကျိုင်းပြီး လက်မောင်းဗလများကလည်း အဖုအထစ်များဖြင့် ကြည့်ကောင်းနေသကဲ့သို့ သူ့ဗိုက်ရှိကြွက်သား ခြောက်ထစ် six pack များကလည်း အစီအရီတည်ရှိနေခဲ့သည်။ အသားရည်ကလည်း ဝင်းဝါစိုပြေနေခဲ့ပြီး လက်မောင်းသွေးကြောများကလည်း စိမ်းစိုနေခဲ့သည်။ ဤသို့ဖြင့် နေဟန်မှိုင်း၏ယောကျာ်းပီသသော ခန္ဓာကိုယ်ပုံစံအသွင်အပြင်က သိမ်မွေ့စံနွယ်၏အကြည့်များကို မှင်သက်စေခဲ့လျက်။

" အဲ့လောက်ထိကြည့်နေစရာလိုလားဟ "

နေဟန်မှိုင်း၏စွာစိနေသောအော်သံကြောင့် သိမ်မွေ့စံနွယ်လည်း အတော်လေးလန့်သွားပြီး ခေါင်းငုံ့လိုက်သည်။ နေဟန်မှ်ိုင်းက အဲယားကွန်းရီမုကိုယူပြီး အဲယားကွန်းဖွင့်ခဲ့သည်။ ထို့နောက် သူမဘေးနားတွင် ထိုင်ချလိုက်သည်။

သိမ်မွေ့စံနွယ်လည်း စကားစပြောဖို့ အားယူသည်။

" ဦးက တစ်ယောက်တည်းနေတာလား "

" အေး ဟုတ်တယ် "

နေဟန်မှိုင်း၏လေသံက အလွန်ပြတ်သားမာထန်လွန်းသည်။

" သမီးအနေနဲ့ဦးကို ဒုက္ခပေးချင်တဲ့စိတ်ဘာမှမရှိနေပါဘူး၊ ဦးနဲ့မတွေ့တော့ထဲက သမီးနေ့တိုင်း ဘုရားမှာ ဆုတောင်းနေခဲ့တာ၊ ဦးကိုကျေးဇူးတင်စကားတွေအများကြီးပြောချင်ခဲ့သလို ဦးကိုလည်း ထပ်တွေ့ချင်ခဲ့တယ်၊ ဦးကိုလည်း ထပ်တွေ့ရင် ကျေးဇူးဆပ်ချင်ခဲ့တယ် "

သိမ်မွေ့စံနွယ်မှာ သူမ၏ပိုက်ဆံအိတ်ကို အမြန်ဖွင့်ပြီး သူမအိတ်ထဲက ပိုက်ဆံသုံးသိန်းအုပ်ကို ထုတ်လိုက်သည်။ ထို့နောက် နေဟန်မှိုင်းရှေ့မှာ ထိုင်ချလိုက်ပြီး ကန်တော့ဖို့ပြင်ခဲ့စဥ် နေဟန်မှိုင်းမှာ မျက်လုံးအပြူးသားဖြင့် အံ့အားသင့်သွားလျက်။

" ဟဲ့ ... ဒီငစားမလေးကတော့ ငါ့ကန်တော့ရအောင် ငါကလူကောင်းမဟုတ်နေဘူး၊ နောက် မင်းပိုက်ဆံ မင်းဘာသာသုံး၊ မလိုအပ်ဘူး၊ အဓိပ္ပာယ်မရှိတာတွေ မလုပ်စမ်းပါနဲ့ဟာ "

"ဦးရယ် ကန်တော့တာကို လက်ခံပေးပါ၊ ဦးနဲ့ပြန်တွေ့ခဲ့ရင် သမီးတတ်နိုင်တာလေးနဲ့ကျေးဇူးဆပ်မယ်လို့ ငယ်ငယ်လေးထဲက စိတ်ကူးရှိခဲ့တာပါ ... ကျေးဇူးဆပ်တာလေးကို အသိအမှတ်ပြုပေးပါ "

" ဟင်း ... ငါ မင်းနဲ့တခြားကလေးတွေကို ကယ်ခဲ့တာ ဘာရယူလိုစိတ်မှမပါခဲ့ဘူး၊ ငါက ကန်တော့ခံရလောက်အောင်လည်း သူတော်စင်မဟုတ်နေဘူး၊ ငါက တစ်ချိန်လုံးလူတွေလိုက်သတ်ရင်း ဘဝကိုဖြတ်သန်းနေတဲ့ကောင်၊ ငါကတောင် မင်းတို့ကိုမေ့နေခဲ့တာကြာပြီ၊ ထွက်သွားပါတော့ကွာ၊ ငါ့ဘာသာအေးအေးဆေးဆေးနေပါရစေ"

" အဲဒီလို မတွေးပါနဲ့ဦးရယ် ... ဦးလူသတ်ရတာလည်း အကြောင်းအရင်းတွေရှိမှာပါ၊ ဒါပေမဲ့ သူများမိဘတွေ ပိုးမွေးသလိုမွေးထားတဲ့ သူများသမီးပျိုလေးတွေ ဘဝပျက်မဲ့ကိစ္စမျိုးမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားကယ်ပေးခဲ့တာ လူကောင်းတွေရဲ့အလုပ်ပါပဲ၊ ဦးက ကန်တော့ခံဖို့ ထိုက်တန်ပါတယ် "

နေဟန်မှိုင်းလည်း သက်ပြင်းတွေ ဆက်တိုက်ချနေခဲ့သည်။ ထို့နောက် သိမ်မွေ့စံနွယ်၏မျက်လုံးများကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။

" ငါ့ကို တစ်စက်လေးမှ မကြောက်ဘူးလားဟမ်၊ မင်းကို ငယ်ငယ်က ကယ်ပေးခဲ့ပေမဲ့ ခုချိန်မှာ စိတ်ရှုပ်ပြီး သတ်ပစ်နိုင်တယ်နော်၊ ငါ လေတွေမရှည်ချင်ဘူး၊ ပြန်လိုက် "

နေဟန်မှိုင်း၏စကားလုံးတိုင်းက သိမ်မွေ့စံနွယ်၏နှလုံးသားကို ဒဏ်ရာအမျိုးမျိုးပေးစွမ်းခဲ့သည်။ သူမ၏မျက်ဝန်းများတွင် မျက်ရည်များပြည့်နှက်လို့လာသည်။

နေဟန်မှိုင်းအတွက် မိန်းကလေးတစ်ယောက်ငိုနေသည်ကို အနီးကပ်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူ့ရင်ထဲတွင် ပူနွေးစပြုလာသလို ခံစားရသည်။ ထို့ကြောင့် သူလည်း စိတ်လျော့ချလိုက်သည်။

" ကဲ ... ငါ ကန်တော့ခံမယ်၊ ပိုက်ဆံတော့မယူဘူး၊ ကန်တော့ပြီးရင် အိမ်ပြန်တော့ ... အဲ့လောက်ထိ ငိုမနေနဲ့ဟာ၊ မင်းရဲ့မျက်လုံးတွေလည်း တော်တော်ရဲတွတ်နေပြီ "

သိမ်မွေ့စံနွယ်လည်း မျက်ရည်များကို ချက်ချင်းသုတ်လိုက်ပြီး အသက်ရှူလိုက်သည်။ ထို့နောက် နေဟန်မှိုင်းရှေ့သို့ တိုးလာသည်။ နေဟန်မှိုင်း၏ခြေထောက်နှစ်ဖက်ကို ရှေ့သို့ဆွဲထုတ်လိုက်သော် နေဟန်မှိုင်းမှာ လန့်ဖျတ်ပြီး သူမလက်များကို ကန်ထုတ်မိသည်။

" ဟဲ့ ... မင်း ဘာလုပ်တာလဲ "

" မဟုတ်ဘူး ... ဦးခြေထောက်ပေါ်မှာ ဦးချကန်တော့ချင်လို့ပါ "

" အမလေးဟာ ... အဲ့လောက်ထိ လိုလို့လား၊ ရိုးရိုးကန်တော့လည်း ရပါတယ်၊ ငါ စိတ်ညစ် ... "

နေဟန်မှိုင်းလည်း ရယ်ရခက်၊ ငိုရခက်ဖြင့် သက်ပြင်းချကာ စိတ်ညစ်တဲ့မျက်နှာပေးတစ်ခုနှင့်အတူ သူ့နဖူးကို လက်ဖြင့်ထိရိုက်လိုက်ပြီးနောက် ခေါင်းရှိကွေးကွေးကောက်ကောက်ဆံပင်များကို သူ့လက်များဖြင့် ထိုးဖွလိုက်လျက်။

သိမ်မွေ့စံနွယ်ကလည်း နောက်တစ်ကြိမ် နေဟန်မှိုင်း၏ခြေထောက်များကို ညင်သာစွာ ဆွဲယူခဲ့သည်။ နေဟန်မှိုင်းလည်း သူ့ရင်ထဲတွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသောခံစားချက်များနှင့် သိမ်မွေ့စံနွယ်၏အမူအရာများကို ကြည့်နေခဲ့သည်။

သိမ်မွေ့စံနွယ်ဟူသော အမည်နာမလေးအတိုင်း သူမလေးသည် အလွန်သိမ်မွေ့နူးညံ့လွန်းသည်။ သူမလေး၏မျက်နှာမှာ ချောသည်ထက် ချစ်စရာကောင်းလွန်းသည်။ မျက်နှာပုံစံမှာ ဝိုင်းဝိုင်းကလေးနှင့် ပါးနှစ်ဖက်မှာလည်း ဖောင်းဖောင်းလေးပင်။ ဆံပင်မှာ ရွှေအိုရောင်ဆိုးထားပြီး ပခုံးတစ်ဝက်အထိ ဖြောင့်စင်းရှည်လျားသည်။

နှုတ်ခမ်းလေးမှာလည်း ရွှေငါးနှုတ်ခမ်းကလေးလို ချစ်စဖွယ်အသွင်ရှိသည်။ မျက်တောင်များမှာ ရှည်လျားကော့ညွတ်နေလျက် မျက်ခုံးများမှာလည်း ကာခြယ်များဖြင့် ဆွဲစရာမလိုနေအောင် သဘာဝအတိုင်း အနည်းငယ်ထူထပ်ကာ ပုံကျလှပ၏။ နှာခေါင်းလေးမှာမူ ထိပ်အနည်းငယ်လုံး၍ နှာတံစင်း၏။ သူမသည် မဝလွန် မပိန်လွန်းဘဲ ကိုယ်လုံးကိုယ်ပေါက်လှသည်။ အရပ်မှာ ၅ ပေ ၃ လက်မရှိသဖြင့် သူမ မတ်တပ်ရပ်လျှင် နေဟန်မှ်ိုင်းထက် ပိုပုသည်။

သူမသည် မိန်းမကောင်းတို့၏အင်္ဂါရပ်များဖြင့်ပြည့်စုံ၍ အလွန်ကျက်သရေရှိသော အမျိုးသမီးတစ်ဦးပင်။

ဝင်းဝါလှပ၍ သွေးကြောစိမ်းများထောင်နေသော နေဟန်မှိုင်း၏ခြေထောက်နှစ်ဖက်ပေါ်တွင် သိမ်မွေ့စံနွယ်က ရိုသေစွာ ဦးသုံးကြိမ်ချ၍ ကန်တော့ခဲ့သည်။ နေဟန်မှိုင်းမှာ သိမ်မွေ့စံနွယ်ကိုကြည့်ရင်း ရေးရေးလေးပြုံးမိနေသည်။

သိမ်မွေ့စံနွယ်မှာ ကန်တော့ပြီးသွားသော် နေဟန်မှိုင်း၏ မျက်လုံးများနှင့် ခန္ဓာကိုယ်ကြွက်သားများကို တစိမ့်စိမ့်ကြည့်နေမိ၏။ နေဟန်မှိုင်းလည်း သိမ်မွေ့စံနွယ်၏အကြည့်များကြောင့် မရိုးမရွဖြစ်လာပြီး ရှက်သလိုရွံ့သလိုနှင့် သူ၏ရင်ဘတ်များကို လက်နှစ်ဖက်ဖြင့် အုပ်ရမလို မအုပ်ရမလိုဖြစ်လာသည်။

" မင်း ... "

နေဟန်မှိုင်းဘက်က စကားမစခင် သိမ်မွေ့စံနွယ်မှာ စိတ်မထိန်းနိုင်တော့ဘဲ ခန့်ညားချောမောလှသော သူမရှေ့က လူသားကြီး၏နဖူးကျဥ်းကျဥ်းလေးကို နမ်းချင်စိတ်များပေါ်လာလေသည်။ မကြာခင်မှာပဲ သိမ်မွေ့စံနွယ်တစ်ယောက် သူမ၏စိတ်ထဲကအတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့သည်။

​နေဟန်မှိုင်း၏နဖူးထက်က ကွေ့ကောက်နေသောအနက်ရောင်ဆံနွယ်များကို အပေါ်လှန်တင်ခဲ့ပြီး အနမ်းပန်းလေးတစ်ပွင့်ကို ကြင်နာစွာ ပန်ဆင်ပေးခဲ့သည်။ နေဟန်မှိုင်းမှာ သူမ၏အနမ်းကြောင့် ချက်ချင်းကြက်သေသေသွားခဲ့ပြီး ကြောင်နေခဲ့သည်။ ထိုကဲ့သို့ဖြစ်နေစဥ်မှာ သိမ်မွေ့စံနွယ်က သူ၏ကိုယ်လုံးကို အတင်းပွေ့ဖက်ထားလိုက်ကာ ...

" ငယ်ငယ်လေးထဲက ဦးနဲ့ပြန်တွေ့ရင် ဦးကိုခုလိုမျိုး တယုတယဖက်ထားချင်ခဲ့တာ အိမ်မက်တွေထဲမှာရောပဲ ... ခုတော့ ဖက်ထားနိုင်ခဲ့ပြီ၊ ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် "

သိမ်မွေ့စံနွယ်မှာ သူ့ကိုဖက်ထားနေစဥ် ကြည်နူးသောအပြုံးလေးတစ်ခုနှင့်ပြောခဲ့သည်။ ထို့နောက် ကြောင်တောင်တောင်ဖြစ်နေသော နေဟန်မှိုင်းကို တစ်ယောက်တည်းထားခဲ့ပြီးနောက် သူမ၏ပစ္စည်းများကိုယူလျက် တိုက်ခန်းထဲမှ အမြန်ထွက်လာခဲ့သည်။

နေဟန်မှိုင်းလည်း သတိပြန်ဝင်လာပြီး ရင်များတဒိန်းဒိန်းနှင့် ခုန်နှုန်းမြန်လာကာ သူ့ရင်ဘတ်ကို လက်ဖြင့်ဖိထားခဲ့ရသည်။

" သူက ဘာလား ... "

မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် စိတ်ဂဏာမငြိမ်ဖြစ်လာလျက် အလန့်လွန်ပြီး သွေးပျက်နေသကဲ့သို့ပင်။

သူ့ဘဝတစ်လျှောက်လုံး ကြေးစားလူသတ်နေခဲ့စဥ်မှာ သွေးတစ်မှ မပျက်ဖူးခဲ့သော်လည်း ယခုတွင်မူ အနမ်းလေးတစ်ခုကြောင့် သွေးပျက်ချင်သလို ဖြစ်နေခဲ့ပါပြီ။

• ────── ✾ ────── •

Continue lendo

Você também vai gostar

177K 3.7K 14
D.M. x Reader → Your family made a contract with the Malfoys that you'll carry the Malfoy Heir during your seventh year at Hogwarts. You see the Mal...
30.6K 1.1K 47
- where a group of friends discover the power behind their bond of trust and the chemical that started it all | completed and edited | cover made by...
1.9K 79 5
Dipper is a demon and he knows it but he hide it from everybody else but he is a powerful demon and he Hate the Angles for killing hes real parents a...
2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...