unicode
အပိုင်း(၁၀၉)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၈.၂)
လန်ယွမ်သည် ထိုသို့ပြောပြီးနောက် ပိုင်ယွီအား လုံးဝလှည့်မကြည့်တော့ဘဲ ကျောခိုင်းထွက်သွားလေသည်။
အခန်းလေးထဲ၌ ပိုင်ယွီတစ်ယောက်ထဲကိုသာ ချန်ရစ်ထားခဲ့သည်။
ပိုင်ယွီသည် ကြမ်းပေါ်၌ကျကွဲနေသော ပန်းကန်လုံးကိုကြည့်၍ ဖြေးညှင်းစွာထိုင်ချလိုက်ပြီးနောက် ကြွေထည်အကွဲစများကို တစ်ခုချင်းစီ ကောက်နေခဲ့သည်။
ကြွေပြားအပိုင်းအစများက လက်ချောင်းထိပ်များကို ပြတ်ရှသွားပြီးနောက် အနီရင့်ရောင်သွေးများ စီးကျလာခဲ့သည်။
သို့သော် ပိုင်ယွီသည် နာကျင်မှုကို လုံးဝမခံစားရပေ။
ရှောင်မီဟူကပင် သူ့အတွက် စာနာပေးပြီး နာကျင်မှုဒိုင်းကာအား ဖွင့်ထားပေးသည့်နှယ်။
သို့ပါသော်ငြား ထိုသို့မဟုတ်ပါကြောင်း ပိုင်ယွီသာသိသည်။
သူ့နှလုံးသားထဲမှ နာကျင်မှုတို့က ကြီးစိုးနေသောကြောင့် လက်ချောင်းများမှနာကျင်မှုတို့ကိုလဲ မခံစားနိုင်တော့ပေ။
မျက်လုံးများထဲ၌ ရေခိုးရေငွေ့တစ်လွှာက လွှမ်းခြုံထားသည်။
ဤအချိန်ဤ နာကျင်မှုဒိုင်းကာအား ဖွင့်ထားပေးလျှင်ပင် အသုံးမဝင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော သူ့နှလုံးသားထဲမှ နာကျင်နေရသောကြောင့်ပင်။
[Host ဗီလိန်က အဲ့လိုတွေးမှာမဟုတ်ပါဘူး...]
"အင်း ငါသိပါတယ် ငါကသာ သူ့ဆီကပန်းကန်ကို အရင်တွန်းထုတ်လိုက်တာလေ ဒါကြောင့် သူဒေါသထွက်သွားတာက သဘာဝကျပါတယ်"
ပိုင်ယွီ၏စကားသံတို့က အလျင်မလိုနေခဲ့ချေ။ အသေးအဖွဲအဖြစ်ဆုံး ကိစ္စလေးတစ်ခုအား ပြောနေရသည့်နှယ် သူ၏လေသံမှာ အလွန်ငြိမ်သက်ပျော့ပျောင်းနေခဲ့သည်။
သို့သော် ဤအခေါက်၌ ဗီလိန် အမှန်တကယ်ကြီးတရားလွန်နေမှန်း ရှောင်မီဟူသိသည်။ အရာအားလုံးအား ကယ်တင်ရန်လမ်းစလေးတစ်ခု ရှိနေခဲ့ပါသော်လဲ ယခုအချိန်တွင်မူ သူ၏Hostသည် လုံးလုံးလျားလျား စိတ်ထောင်းကိုယ်ကြေဖြစ်နေရပြီဖြစ်သည်။
ရှောင်မီဟူ စိတ်ပျက်လက်ပျက်နှင့် ခေါင်းတွင်တွင်ရမ်းနေမိသည်။ လက်ရှိတွင် Hostအနားမှ ထွက်ပြေးကာပုန်းနေရုံကလွဲ၍ နည်းလမ်းမရှိတော့ပေ။
"ဂိုဏ်းချုပ်ကို ကျွန်တော်အရင်ကတည်းကပြောပါတယ် ပိုင်ယွီလိုလူမျိုးက မောက်မာရိုင်းစိုင်းပါတယ်လို့ အခုလဲ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လိုက်တာပဲလေ ဂိုဏ်းချုပ်က သူ့အပေါ်ဘယ်လောက်ကောင်းပေးတယ်ဆိုတာတောင် သိမှာမဟုတ်ဘူး"
နားထဲတွင် ထပ်ခါထပ်ခါကြားနေရသည့် ရှောင်ချင်၏စကားများက လန်ယွမ်အားဒေါသထွက်စေသည်။
လန်ယွမ်သည် လက်တစ်ဖက်နှင့် ခေါင်းကိုထောက်၍ ကျန်တစ်ဖက်ဖြင့် ရှောင်ချင်အား ခါယမ်းပြလိုက်သည်။
"ငါသိပြီ မင်းအရင်သွားလိုက်တော့"
မသိမသာခေါင်းငုံ့ထားသော ရှောင်ချင်၏မျက်လုံးထဲ၌ အလိုမကျမှုများရှိနေသော်လဲ ဘာမှမပြောခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် လန်ယွမ်သည် သူ၏စကားများကို သဘောမတူသေးသော်လဲ နားထောင်လိုက်ရပြီဖြစ်သည်။ ယခုအချိန်၌ နားမဝင်သေးသော်ငြား တစ်နေ့တွင်မူ နားထောင်လာမည်ကိုတော့ သေချာသိနေသောကြောင့်ပင်။
ထိုသို့တွေးမိသောအခါ ရှောင်ချင်၏နှုတ်ခမ်းများက မသိမသာကွေးညွှတ်သွားသည်။ ထို့နောက် အခန်းထဲမှထွက်မသွားမီ လန်ယွမ်အား အရိုအသေပေးသွားခဲ့လေသည်။
လန်ယွမ်ကမူ အံကြိတ်ကာ ပိုင်ယွီအား ပြောခဲ့မိသည်များကို ပြန်စဉ်းစားနေသည်။
"ခင်ဗျားက အဲ့လိုဖြစ်ချင်နေမှတော့ ခင်ဗျားရှေ့မှာ ကျွန်တော် နောက်ထပ်ဘယ်တော့မှ မပေါ်လာတော့ဘူး"
ထိုသူအတွက် စိတ်လှုပ်ရှားမှုဟူသည်က အဘယ်မှာပါနည်း။ လုံးဝအသုံးမဝင်ပါပေ။ ပိုင်ယွီသည် နှလုံးသားမရှိသူဖြစ်သည်။
လန်ယွမ်သည် ဤစကားတစ်ခွန်းထဲကိုသာ ထပ်တလဲလဲရေရွတ်နေခဲ့သည်။
"ဆရာတူအစ်ကို ခင်ဗျားနဲ့ကျွန်တော်က ဘာမှမပက်သတ်တော့ဘူး"
လန်ယွမ်သည် ထိုသို့ပြောပြီးနောက် ဂိုဏ်းအတွင်းမှ ချောမောလှပသောအမျိုးသား အမျိုးသမီးများကို ခေါ်ယူလိုက်သည်။
လက်ရှိတွင်သူသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။ လွန်ခဲ့သော၅နှစ်မှ လန်ယွမ်မဟုတ်တော့ပေ။
ယခုအချိန်၌ သူအလိုရှိပါလျှင် လေကိုလဲဆင့်ခေါ်နိုင်ပြီး မိုးများကိုလဲရွာကျစေနိုင်ပါသည်။
တုံ့ပြန်မှုများစွာကိုရခဲ့သည်ဟု ဆိုနိုင်ပါသည်။
သူ့အနားတွင် အလှလေးများစွာ ဝန်းရံထားပြီး လူတိုင်းကသူအလိုရှိသည်နှင့် ကြွေကျပေးရန်အသင့်ပင်။
မိစ္ဆာဂိုဏ်းထဲ၌ နေ့စဉ်နေ့တိုင်း သူ့အိပ်ရာပေါ်တက်ရန်အတွက် အကောင်းဆုံးကြိုးစားနေသူများက မရေမတွက်နိုင်အောင်ရှိသည်။
ထိုပိုင်ယွီကသာ အကောင်းအဆိုးကိုမသိခြင်းပင်။
ထိုသို့သောလူမျိုးအား အဘယ်ကြောင့် သူ၏နှလုံးသားကို ပေးရပါမည်နည်း။
စဉ်းစားနေစဉ်အတွင်း လန်ယွမ်သည် သူ၏နံဘေးမှ မိန်းမလှတစ်ယောက်ကို ရင်ခွင်ထဲဆွဲသွင်းကာ ကျီစယ်လိုက်သည်။
"မင်းရဲ့နာမည်ကဘာလဲ"
"ဂိုဏ်းချုပ်ကို ဖြေကြားပါတယ် ကျွန်မရဲ့အိမ်ခေါ်နာမည်က ရှောင်ယာပါ"
"ရှောင်ယာတဲ့လား ဘယ်လောက်လှတဲ့နာမည်လေးလဲ"
စကားပြောနေစဉ်အတွင်း လန်ယွမ်သည် ရှောင်ယာ၏မေးစေ့ကို လက်ဖြင့်ပင့်ကာ သူ၏အနားတိုးကပ်စေလိုက်သည်။
၂ယောက်သည် အလွန်နီးကပ်နေသောကြောင့် လက်သီးဆုပ်တစ်ခုစာပင် မကွာဝေးတော့ပေ။
လန်ယွမ် သူ့ရှေ့မှအမျိုးသမီးကို သေချာကြည့်လိုက်သည်။
ရှောင်ယာဟုခေါ်သောထိုသူတွင် တောက်ပသောမျက်လုံးအစုံနှင့် နှာတံမြင့်မြင့်ရှိသည်။ သေးငယ်သော ချယ်ရီနှုတ်ခမ်းလေးက ပို၍ပင်ဆွဲဆောင်မှုရှိသေးသည်။
တိုင်းပြည်၏အလှတရား ကောင်းကင်ဘုံ၏မွှေးရနံ့ဟူသောစကားနှင့်ပင် ထိုက်တန်သည်။
သူမသည် လှပသောမိန်းမတစ်ယောက်ဖြစ်သည့်တိုင် လန်ယွမ်လုံးဝခံစားမရပေ။
သူ့ရှေ့မှအမျိုးသမီး၏ကိုယ်မှထွက်နေသော အမွေးရနံ့များကို ရှုရှိုက်မိရုံနဲ့တင် ဖျားနာချင်လာသည်။
လန်ယွမ်၏မျက်လုံးများထဲ၌ ဗလာဖြစ်နေခြင်းနှင့် အံ့သြမှုတို့သာ နေရာယူထားသည်။
ဆရာတူအစ်ကိုဆိုပါက ထိုသို့ဖြစ်မည်မဟုတ်။
ထိုသူသည် အမွှေးနံ့သာများ မလိမ်းကြိုင်ရုံသာမက အမွှေးရနံ့အိတ်ငယ်လေးပင် မချိတ်ဆွဲသည့်တိုင် ကိုယ်သင်းနံ့က ကောင်းမွန်လှသည်။
ဆရာတူအစ်ကိုသည် သူ့အား ဆွဲဆောင်သောမျက်လုံးများနှင့် လုံးဝမကြည့်တတ်ပေ။ သို့သော် ဆရာတူအစ်ကို၏မျက်ဝန်းများက အလွန်လှပသည်ဟု သူတွေးမိသည်။
ဆရာတူအစ်ကို....
ဆရာတူအစ်ကို....
အကယ်၍ သူယခုပွေ့ဖက်ထားသူမှာ ဆရာတူအစ်ကိုသာ ဖြစ်နေခဲ့ပါလျှင် ထိုသူကိုနမ်းရန်အတွက် အသဲအသန်ကြိုးစားမိပေလိမ့်မည်။
သို့သော် သူ့ရှေ့မှလူကမူ ရှေ့ဆက်ရန်ဆန္ဒမရှိတော့အောင် လုပ်ဆောင်နေသည်။
လန်ယွမ်၏နှုတ်ခမ်းထက်၌ ခါးသီးမှုတို့ရှိနေခဲ့သည်။
ထိုသူနှင့် မပက်သတ်တော့ဟု ကိုယ်တိုင်ပြောခဲ့သော်လဲ အဘယ်ကြောင့်များ ထိုသူ့အကြောင်းတို့ကသာ စိတ်ထဲရှိနေရပါသနည်း။
စဉ်းစားနေရင်းမှ လန်ယွမ်သည် လက်ထဲမှ ဝိုင်ခွက်ကို မော့သောက်လိုက်သည်။
ရှောင်ယာသည် အလွန်နာခံစွာဖြင့် ရှေ့ကိုတိုးကပ်လာပြီး နှုတ်ခမ်းကိုပင်ဆူထုတ်၍ လန်ယွမ်နမ်းလာမည်ကို စောင့်ဆိုင်းနေသည်။
သို့သော် မျှော်လင့်ထားသည့် နူးညံ့သောနှုတ်ခမ်းက မရောက်လာခဲ့ပဲ သူမ၏မေးစေ့အား လန်ယွမ်၏လက်ဖြင့် တွန်းဖယ်ခြင်းကိုပင် ခံလိုက်ရသည်။
"ဂိုဏ်းချုပ်..."
ရှောင်ယာသည် သူမ၏ခေါင်းကိုမော့၍ နားမလည်နိုင်စွာဖြင့်ကြည့်နေလေသည်။
zawgyi
အပိုင္း(၁၀၉)(လက္စားေခ်ေနေသာဆရာတူညီေလး၏ ဖိအားေပးအခ်စ္ ၈.၂)
လန္ယြမ္သည္ ထိုသို႔ေျပာၿပီးေနာက္ ပိုင္ယြီအား လံုးဝလွည့္မၾကည့္ေတာ့ဘဲ ေက်ာခိုင္းထြက္သြားေလသည္။
အခန္းေလးထဲ၌ ပိုင္ယြီတစ္ေယာက္ထဲကိုသာ ခ်န္ရစ္ထားခဲ့သည္။
ပိုင္ယြီသည္ ၾကမ္းေပၚ၌က်ကြဲေနေသာ ပန္းကန္လံုးကိုၾကည့္၍ ေျဖးညႇင္းစြာထိုင္ခ်လိုက္ၿပီးေနာက္ ေႀကြထည္အကြဲစမ်ားကို တစ္ခုခ်င္းစီ ေကာက္ေနခဲ့သည္။
ေႂကြျပားအပိုင္းအစမ်ားက လက္ေခ်ာင္းထိပ္မ်ားကို ျပတ္ရွသြားၿပီးေနာက္ အနီရင့္ေရာင္ေသြးမ်ား စီးက်လာခဲ့သည္။
သို႔ေသာ္ ပိုင္ယြီသည္ နာက်င္မႈကို လံုးဝမခံစားရေပ။
ေရွာင္မီဟူကပင္ သူ႔အတြက္ စာနာေပးၿပီး နာက်င္မႈဒိုင္းကာအား ဖြင့္ထားေပးသည့္နွယ္။
သို႔ပါေသာ္ျငား ထိုသို႔မဟုတ္ပါေၾကာင္း ပိုင္ယြီသာသိသည္။
သူ႔နွလံုးသားထဲမွ နာက်င္မႈတို႔က ႀကီးစိုးေနေသာေၾကာင့္ လက္ေခ်ာင္းမ်ားမွနာက်င္မႈတို႔ကိုလဲ မခံစားနိုင္ေတာ့ေပ။
မ်က္လံုးမ်ားထဲ၌ ေရခိုးေရေငြ႕တစ္လႊာက လႊမ္းၿခံဳထားသည္။
ဤအခ်ိန္ဤ နာက်င္မႈဒိုင္းကာအား ဖြင့္ထားေပးလ်ွင္ပင္ အသံုးမဝင္ေတာ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ သူ႔နွလံုးသားထဲမွ နာက်င္ေနရေသာေၾကာင့္ပင္။
[Host ဗီလိန္က အဲ့လိုေတြးမွာမဟုတ္ပါဘူး...]
"အင္း ငါသိပါတယ္ ငါကသာ သူ႔ဆီကပန္းကန္ကို အရင္တြန္းထုတ္လိုက္တာေလ ဒါေၾကာင့္ သူေဒါသထြက္သြားတာက သဘာဝက်ပါတယ္"
ပိုင္ယြီ၏စကားသံတို႔က အလ်င္မလိုေနခဲ့ေခ်။ အေသးအဖြဲအျဖစ္ဆံုး ကိစၥေလးတစ္ခုအား ေျပာေနရသည့္နွယ္ သူ၏ေလသံမွာ အလြန္ၿငိမ္သက္ေပ်ာ့ေပ်ာင္းေနခဲ့သည္။
သို႔ေသာ္ ဤအေခါက္၌ ဗီလိန္ အမွန္တကယ္ႀကီးတရားလြန္ေနမွန္း ေရွာင္မီဟူသိသည္။ အရာအားလံုးအား ကယ္တင္ရန္လမ္းစေလးတစ္ခု ရွိေနခဲ့ပါေသာ္လဲ ယခုအခ်ိန္တြင္မူ သူ၏Hostသည္ လံုးလံုးလ်ားလ်ား စိတ္ေထာင္းကိုယ္ေၾကျဖစ္ေနရၿပီျဖစ္သည္။
ေရွာင္မီဟူ စိတ္ပ်က္လက္ပ်က္နွင့္ ေခါင္းတြင္တြင္ရမ္းေနမိသည္။ လက္ရွိတြင္ Hostအနားမွ ထြက္ေျပးကာပုန္းေန႐ံုကလြဲ၍ နည္းလမ္းမရွိေတာ့ေပ။
"ဂိုဏ္းခ်ဳပ္ကို ကြၽန္ေတာ္အရင္ကတည္းကေျပာပါတယ္ ပိုင္ယြီလိုလူမ်ိဳးက ေမာက္မာရိုင္းစိုင္းပါတယ္လို႔ အခုလဲ တမင္တကာ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္လိုက္တာပဲေလ ဂိုဏ္းခ်ဳပ္က သူ႔အေပၚဘယ္ေလာက္ေကာင္းေပးတယ္ဆိုတာေတာင္ သိမွာမဟုတ္ဘူး"
နားထဲတြင္ ထပ္ခါထပ္ခါၾကားေနရသည့္ ေရွာင္ခ်င္၏စကားမ်ားက လန္ယြမ္အားေဒါသထြက္ေစသည္။
လန္ယြမ္သည္ လက္တစ္ဖက္နွင့္ ေခါင္းကိုေထာက္၍ က်န္တစ္ဖက္ျဖင့္ ေရွာင္ခ်င္အား ခါယမ္းျပလိုက္သည္။
"ငါသိၿပီ မင္းအရင္သြားလိုက္ေတာ့"
မသိမသာေခါင္းငံု႔ထားေသာ ေရွာင္ခ်င္၏မ်က္လံုးထဲ၌ အလိုမက်မႈမ်ားရွိေနေသာ္လဲ ဘာမွမေျပာခဲ့ေပ။
အဘယ့္ေၾကာင့္ဆိုေသာ္ လန္ယြမ္သည္ သူ၏စကားမ်ားကို သေဘာမတူေသးေသာ္လဲ နားေထာင္လိုက္ရၿပီျဖစ္သည္။ ယခုအခ်ိန္၌ နားမဝင္ေသးေသာ္ျငား တစ္ေန႔တြင္မူ နားေထာင္လာမည္ကိုေတာ့ ေသခ်ာသိေနေသာေၾကာင့္ပင္။
ထိုသို႔ေတြးမိေသာအခါ ေရွာင္ခ်င္၏နႈတ္ခမ္းမ်ားက မသိမသာေကြးၫႊတ္သြားသည္။ ထို႔ေနာက္ အခန္းထဲမွထြက္မသြားမီ လန္ယြမ္အား အရိုအေသေပးသြားခဲ့ေလသည္။
လန္ယြမ္ကမူ အံႀကိတ္ကာ ပိုင္ယြီအား ေျပာခဲ့မိသည္မ်ားကို ျပန္စဥ္းစားေနသည္။
"ခင္ဗ်ားက အဲ့လိုျဖစ္ခ်င္ေနမွေတာ့ ခင္ဗ်ားေရွ႕မွာ ကြၽန္ေတာ္ ေနာက္ထပ္ဘယ္ေတာ့မွ မေပၚလာေတာ့ဘူး"
ထိုသူအတြက္ စိတ္လႈပ္ရွားမႈဟူသည္က အဘယ္မွာပါနည္း။ လံုးဝအသံုးမဝင္ပါေပ။ ပိုင္ယြီသည္ နွလံုးသားမရွိသူျဖစ္သည္။
လန္ယြမ္သည္ ဤစကားတစ္ခြန္းထဲကိုသာ ထပ္တလဲလဲေရ႐ြတ္ေနခဲ့သည္။
"ဆရာတူအစ္ကို ခင္ဗ်ားနဲ႔ကြၽန္ေတာ္က ဘာမွမပက္သတ္ေတာ့ဘူး"
လန္ယြမ္သည္ ထိုသို႔ေျပာၿပီးေနာက္ ဂိုဏ္းအတြင္းမွ ေခ်ာေမာလွပေသာအမ်ိဳးသား အမ်ိဳးသမီးမ်ားကို ေခၚယူလိုက္သည္။
လက္ရွိတြင္သူသည္ မိစၦာဂိုဏ္း၏ ဂိုဏ္းခ်ဳပ္တစ္ေယာက္ျဖစ္ေနၿပီျဖစ္သည္။ လြန္ခဲ့ေသာ၅နွစ္မွ လန္ယြမ္မဟုတ္ေတာ့ေပ။
ယခုအခ်ိန္၌ သူအလိုရွိပါလ်ွင္ ေလကိုလဲဆင့္ေခၚနိုင္ၿပီး မိုးမ်ားကိုလဲ႐ြာက်ေစနိုင္ပါသည္။
တုံ႔ျပန္မႈမ်ားစြာကိုရခဲ့သည္ဟု ဆိုနိုင္ပါသည္။
သူ႔အနားတြင္ အလွေလးမ်ားစြာ ဝန္းရံထားၿပီး လူတိုင္းကသူအလိုရွိသည္နွင့္ ေႂကြက်ေပးရန္အသင့္ပင္။
မိစၦာဂိုဏ္းထဲ၌ ေန႔စဥ္ေန႔တိုင္း သူ႔အိပ္ရာေပၚတက္ရန္အတြက္ အေကာင္းဆံုးႀကိဳးစားေနသူမ်ားက မေရမတြက္နိုင္ေအာင္ရွိသည္။
ထိုပိုင္ယြီကသာ အေကာင္းအဆိုးကိုမသိျခင္းပင္။
ထိုသို႔ေသာလူမ်ိဳးအား အဘယ္ေၾကာင့္ သူ၏နွလံုးသားကို ေပးရပါမည္နည္း။
စဥ္းစားေနစဥ္အတြင္း လန္ယြမ္သည္ သူ၏နံေဘးမွ မိန္းမလွတစ္ေယာက္ကို ရင္ခြင္ထဲဆြဲသြင္းကာ က်ီစယ္လိုက္သည္။
"မင္းရဲ႕နာမည္ကဘာလဲ"
"ဂိုဏ္းခ်ဳပ္ကို ေျဖၾကားပါတယ္ ကြၽန္မရဲ႕အိမ္ေခၚနာမည္က ေရွာင္ယာပါ"
"ေရွာင္ယာတဲ့လား ဘယ္ေလာက္လွတဲ့နာမည္ေလးလဲ"
စကားေျပာေနစဥ္အတြင္း လန္ယြမ္သည္ ေရွာင္ယာ၏ေမးေစ့ကို လက္ျဖင့္ပင့္ကာ သူ၏အနားတိုးကပ္ေစလိုက္သည္။
၂ေယာက္သည္ အလြန္နီးကပ္ေနေသာေၾကာင့္ လက္သီးဆုပ္တစ္ခုစာပင္ မကြာေဝးေတာ့ေပ။
လန္ယြမ္ သူ႔ေရွ႕မွအမ်ိဳးသမီးကို ေသခ်ာၾကည့္လိုက္သည္။
ေရွာင္ယာဟုေခၚေသာထိုသူတြင္ ေတာက္ပေသာမ်က္လံုးအစံုနွင့္ နွာတံျမင့္ျမင့္ရွိသည္။ ေသးငယ္ေသာ ခ်ယ္ရီနႈတ္ခမ္းေလးက ပို၍ပင္ဆြဲေဆာင္မႈရွိေသးသည္။
တိုင္းျပည္၏အလွတရား ေကာင္းကင္ဘံု၏ေမႊးရနံ႔ဟူေသာစကားနွင့္ပင္ ထိုက္တန္သည္။
သူမသည္ လွပေသာမိန္းမတစ္ေယာက္ျဖစ္သည့္တိုင္ လန္ယြမ္လံုးဝခံစားမရေပ။
သူ႔ေရွ႕မွအမ်ိဳးသမီး၏ကိုယ္မွထြက္ေနေသာ အေမြးရနံ႔မ်ားကို ရႈရွိုက္မိ႐ံုနဲ႔တင္ ဖ်ားနာခ်င္လာသည္။
လန္ယြမ္၏မ်က္လံုးမ်ားထဲ၌ ဗလာျဖစ္ေနျခင္းနွင့္ အံ့ၾသမႈတို႔သာ ေနရာယူထားသည္။
ဆရာတူအစ္ကိုဆိုပါက ထိုသို႔ျဖစ္မည္မဟုတ္။
ထိုသူသည္ အေမႊးနံ႔သာမ်ား မလိမ္းႀကိဳင္ရံုသာမက အေမႊးရနံ႔အိတ္ငယ္ေလးပင္ မခ်ိတ္ဆြဲသည့္တိုင္ ကိုယ္သင္းနံ႔က ေကာင္းမြန္လွသည္။
ဆရာတူအစ္ကိုသည္ သူ႔အား ဆြဲေဆာင္ေသာမ်က္လံုးမ်ားနွင့္ လံုးဝမၾကည့္တတ္ေပ။ သို႔ေသာ္ ဆရာတူအစ္ကို၏မ်က္ဝန္းမ်ားက အလြန္လွပသည္ဟု သူေတြးမိသည္။
ဆရာတူအစ္ကို....
ဆရာတူအစ္ကို....
အကယ္၍ သူယခုေပြ႕ဖက္ထားသူမွာ ဆရာတူအစ္ကိုသာ ျဖစ္ေနခဲ့ပါလ်ွင္ ထိုသူကိုနမ္းရန္အတြက္ အသဲအသန္ႀကိဳးစားမိေပလိမ့္မည္။
သို႔ေသာ္ သူ႔ေရွ႕မွလူကမူ ေရွ႕ဆက္ရန္ဆႏၵမရွိေတာ့ေအာင္ လုပ္ေဆာင္ေနသည္။
လန္ယြမ္၏နႈတ္ခမ္းထက္၌ ခါးသီးမႈတို႔ရွိေနခဲ့သည္။
ထိုသူနွင့္ မပက္သတ္ေတာ့ဟု ကိုယ္တိုင္ေျပာခဲ့ေသာ္လဲ အဘယ္ေၾကာင့္မ်ား ထိုသူ႔အေၾကာင္းတို႔ကသာ စိတ္ထဲရွိေနရပါသနည္း။
စဥ္းစားေနရင္းမွ လန္ယြမ္သည္ လက္ထဲမွ ဝိုင္ခြက္ကို ေမာ့ေသာက္လိုက္သည္။
ေရွာင္ယာသည္ အလြန္နာခံစြာျဖင့္ ေရွ႕ကိုတိုးကပ္လာၿပီး နႈတ္ခမ္းကုိပင္ဆူထုတ္၍ လန္ယြမ္နမ္းလာမည္ကို ေစာင့္ဆိုင္းေနသည္။
သို႔ေသာ္ ေမ်ွာ္လင့္ထားသည့္ ႏူးညံ့ေသာနႈတ္ခမ္းက မေရာက္လာခဲ့ပဲ သူမ၏ေမးေစ့အား လန္ယြမ္၏လက္ျဖင့္ တြန္းဖယ္ျခင္းကိုပင္ ခံလိုက္ရသည္။
"ဂိုဏ္းခ်ဳပ္..."
ေရွာင္ယာသည္ သူမ၏ေခါင္းကိုေမာ့၍ နားမလည္နိုင္စြာျဖင့္ၾကည့္ေနေလသည္။