Zawgyi
စာေရးဆရာရွင္းျပခ်က္
ကြၽန္ေတာ္ေရးထားတဲ့အမတ္ႀကီးရဲ႕အပယ္ခံသားဟာ ေမွာ္စြမ္းအင္အသုံးျပဳတဲ့စိတ္ကူးယဥ္ကမာၻကို အေျချပဳထားတာေၾကာင့္ျဖစ္ၿပီး အခ်ိဳ႕ေသာမ်ိဳးႏြယ္ဝင္မ်ားစြာလည္း ပါဝင္ေရးသားထားတယ္၊
ဥပမာ ေန႔ဘီလူးမ်ိဳးႏြယ္၊ညဘီလူးမ်ိဳးႏြယ္၊နတ္မ်ိဳးႏြယ္၊
ေန႔ဘီလူးမ်ိဳးႏြယ္က ေ႐ႊအိုေရာင္ဆံပင္မ်ားပိုင္ဆိုင္ထားၿပီး သူတို႔မ်က္ဝန္းေတြဟာလည္း ေ႐ႊနီေရာက္ဘက္သန္းကာ သာမန္လူသားေတြထက္ လူေကာင္ပိုထြားၿပီး ႀကီးထြားမႈျမန္ကာ ခႏၶာကိုယ္သန္မာလွတဲ့မ်ိဳးႏြယ္ေတြျဖစ္သည္၊သူတို႔ရဲ႕စြမ္းအင္အမ်ားစုဟာ ေအာ္ရာျဖစ္ၿပီး အျခားမ်ိဳးႏြယ္ေတြကို ဖိအားေပးႏိုင္ၾကသည္၊ဒါေပမယ့္ သူတို႔မွာလည္း အားနည္းခ်က္မ်ားစြာ႐ွိၿပီး အႀကီးမားဆံုးအားနည္းခ်က္ဟာ အေမွာင္ထုရဲ႕စိုးမိုးမႈကိုအလြယ္တကူ ခံရျခင္းျဖစ္သည္။
ညဘီလူးမ်ိဳးႏြယ္ေတြကလည္း ေန႔ဘီလူးမ်ိဳးႏြယ္ေတြလိုပဲ ခနၶာကိုယ္သန္မာကာ ကိုယ္ခံအားျမင့္မားၾကသူေတြျဖစ္ၿပီး သီးသန္႔ေနထုိင္တဲ့မ်ိဳးႏြယ္စုတစ္စုျဖစ္ၿပီး အေမွာင္စြမ္းအင္ဒဏ္ကိုခံႏိုင္ရည္႐ွိကာ အဖ်က္စြမ္းအားဓာတ္ျပဳစြမ္းအင္မ်ားနဲ႔ေမြးဖြားလာတဲ့မ်ိဳးႏြယ္စုတစ္စုျဖစ္သည္၊သူတို႔မွာ ထူးထူးျခားျခားအားနည္းခ်က္မ႐ွိေပမယ့္ အႀကီးမားဆံုးအားနည္းခ်က္ကေတာ့ သစၥာ႐ွိလြန္ျခင္းျဖစ္ၿပီး သစၥာေစာင့္သိၿပီဆုိရင္ တစ္ဖက္ကလူက သူတို႔ကို ေသခိုင္းရင္လည္းေသမည့္သူေတြသာျဖစ္သည္၊
------------
Chapter -57 (ေသာတပိုင္ေတာအုပ္ထဲက နတ္သူငယ္ေက်ာက္တိုင္)
ဒန္နာရီတို႔အဖြဲ့ဟာ ဟ်ဴးယာတို႔အဖြဲ႔နဲ႔ပူေပါင္းကာ ေနရာကူးေျပာင္းေရးယႏၱာရားကေနတစ္ဆင့္ အီ႐ႈရယ္အင္ပါယာနယ္စပ္ၿမိဳ႕ဆီကို ေရာက္႐ွိလာေတာ့သည္၊ေနရာကူးေျပာင္းေရးယႏၱရားေတြဟာ နယ္စပ္ၿမိဳ႕ထိပဲ သြားခြင့္ရတာ မထူးဆန္းေပ၊ အင္ပါယာတိုင္းဟာ တစ္တိုင္းျပည္နဲ႔တစ္တိုင္းျပည္ မယံုၾကည္ၾကသည္ကိုး၊
ဒန္နာရီတို႔အဖြဲ႔ အီ႐ႈရယ္အင္ပါယာနယ္စပ္ကေန အီ႐ႈရယ္ၿမိဳ႕ေတာ္ထိကို ခရီးစပ္ရမွာျဖစ္ၿပီး ေသာတပိုင္ေတာအုပ္ကိုသြားဖို႔ဆုိတာ အီ႐ႈရယ္ေတာ္ဝင္မ်ိဳးႏြယ္တစ္ဦးလိုက္ပါမွ ရမည့္ကိစၥပင္၊
" က်ဳပ္တို႔ တစ္စပ္တည္းခရီးဆက္ၾကမယ္ မင္းတို႔ပင္ပန္းရင္ေတာ့ ေျပာေပါ့ လူသားေတြ" ဟ်ဴယာဟာ ရစ္ႏိုလ္ကိုလွည့္ၾကည့္ရင္းေျပာလိုက္သည္၊ရစ္ႏိုလ္ကလည္း ဟ်ဴယာကို ေမာ့ၾကည့္ကာ စူး႐ွစြာစိုက္ၾကည့္လိုက္ၿပီးေနာက္မွာ ေခါင္းကို ခပ္ဆတ္ဆတ္ညိတ္ျပလိုက္ေတာ့သည္၊
ဟ်ဴယာႏူတ္ခမ္းမ်ားဟာ ျပံဳးတက္သြားေပမယ့္ သူဟာ ခရီးဆက္ရန္ အဖြဲ႔သားေတြကို အဖြဲ႔ေပးလိုက္သည္၊ခရီးဟာ ေဝးလွံလွေပမယ့္ ဒန္နာရီအတြက္ လွည္းတစ္စင္းသာ ဝယ္လိုက္ၿပီး က်န္သည့္သူမ်ားဟာ ျမင္းနဲ႔သာ ခရီးႏွင္ၾကသည္၊ညဘီလူးအဖြဲ႔ကေတာ့ ႀကီးမားတဲ့သားရဲႀကီးေတြ စီးႏွင္ကာ ေ႐ွ႕ကေနခ်ီတက္ကာသြားႏွင့္ေတာ့သည္၊
"သခင္ေလး ပင္ပန္းရင္ ကြၽန္ေတာ့္ကို ေျပာေနာ္" ရစ္ႏိုလ္ဟာ ဒန္နာရီကို လွည္းအျပင္ကေန ေျပာလိုက္သည္၊ဒန္နာရီဟာ ေခါင္းကာညိတ္လိုက္ၿပီး စာအုပ္သာျပန္ဖတ္ေနလိုက္သည္၊
အီ႐ႈရယ္နယ္ေျမနဲ႔ႏို႐ႈရယ္နယ္ေျမၾကားမွာ ေသာတပိုင္ေတာအုပ္ႀကီး႐ွိၿပီး ထိုေတာအုပ္ကို အင္ပါယာႏွစ္အင္ပါယာဟာ မ်ိဳး႐ိုးစဥ္ဆက္ထိန္းသိမ္းလာျခင္းျဖစ္သည္။ေသာတပိုင္ေတာအုပ္ဟာ ဘိုးေဘးမယ္ေျမေတာအုပ္ႀကီးျဖစ္ၿပီး ႏွစ္အင္ပါယာက တန္ဖိုးထားလွသည္၊ဘာေၾကာင့္လဲဆုိေတာ့ ထိုေတာအုပ္ထဲမွာ နတ္သူငယ္ေက်ာက္တိုင္႐ွိၿပီး ငါးႏွစ္ေနတစ္ခါ ႏွစ္အင္ပါယာၿပိဳင္ပြဲက်င္းပကာ အႏိုင္ရ႐ွိသူေတြဟာ ေတာအုပ္ထဲဝင္ခြင့္ရၿပီး နတ္သူငယ္ေက်ာက္တိုင္နယ္ေျမအတြင္းမွာ ခစားခြင့္ရ႐ွိသည္၊
စာအုပ္ထဲမွာ အၾကမ္းဖ်င္းေလာက္ပဲ ေရးထားၿပီး ဒန္နာရီသိခ်င္တဲ့အခ်က္အလက္ေတြေတာ့ မဝင္ေပ၊
ဒန္နာရီတို႔ အီ႐ႈရယ္ေတာ္ဝင္ၿမိဳ႕ေတာ္ကို အေႏွာင့္အသြားမ႐ွိဘဲေရာက္႐ွိသြားၿပီးေနာက္မွာေတာ့ သူတို႔ဟာေတာ္ဝင္နန္းေတာ္ထဲကို ဝင္ခြင့္ေတာင္းေတာ့သည္၊
ပထမက သူတို္ေစာင့္ရၾကာလိမ့္မယ္ထင္ေသာ္လည္း နာရီဝက္အၾကာမွာေတာ့ ေတာ္ဝင္နန္းေတာ္က အင္ပါယာမင္းဆီကေန ခြင့္ျပဳခ်က္ရ႐ွိေတာ့သည္၊ဟ်ဴးယာတို႔အဖြဲ႔နဲ႔ပူးေပါင္းရတာ တကယ္ကိုပင္ အဆင္ေျပလွၿပီး ဟ်ဴးယာရဲ႕လက္ထဲမွာ ျမင့္မားတဲ့အာဏာတစ္ခု႐ွိမွန္း ဒန္နာရီတို႔ရိပ္မိလာေတာ့သည္၊
"မင္းတို႔ အနားယူအံုးမွာလား" ေထာက္ခံစာရ႐ွိၿပီးေနာက္မွာ ဟ်ဴးယာဟာ သူတို႔နဲ႔ပူေပါင္းထားတဲ့လူသားအဖြဲ႔ကိုေမးလိုက္သည္၊ရစ္ႏိုလ္ဟာ ေ႐ွ႕တက္လာၿပီး
"မလိုဘူး ငါတို႔အခ်ိန္မျဖဳန္းသင့္ဘူး" လို႔ေျပာလိုက္သည္၊ဟ်ဴးယာရဲ႕လုပ္ႏိုင္စြမ္းေပၚ ရစ္ႏိုလ္ဟာ အေကာင္းျမင္လာေတာ့သည္၊ထိုလူကို ၾကည့္မရေပမယ့္ ထိုလူဟာ ကိစၥအားလံုးကို ေအးေဆးလုပ္ႏိုင္စြမ္း႐ွိတာကို ရစ္ႏိုလ္ဟာ လက္ခံမိသည္၊
"သြားၾကမယ္" ဟ်ဴးယာဟာ သူအဖြဲ႔သားေတြကို အမိန္႔ေပးေနခ်ိန္မွာ ေတာ္ဝင္နန္းေတာ္ထဲကေန လူတစ္ေယာက္ေျပးထြက္လာေတာ့သည္၊
"ၿမိဳ႕စားမင္းအာမက္ေသာလ္!" ႏူးညံ့ၿပီးတည္ၿငိမ္လွတဲ့လူငယ္အသံေၾကာင့္ အားလံုးဟာရပ္တန္႔သြားေတာ့သည္၊ထိုလူငယ္ရဲ႕အဝါေရာင္ဆံပင္မ်ားဟာ ဂုတ္ေထာက္ေနၿပီး ေျပးလာတာေၾကာင့္ ေမးေစ့နဲ႔လည္တိုင္တစ္ေလ်ွာက္ ေခြၽးမ်ားသီေနကာ ပန္းေရာင္သန္းေနတဲ့ႏူတ္ခမ္းဖူးတစ္စံုဟာ ေမာပန္းမႈေၾကာင့္ ခပ္ဟဟျဖစ္ေနေတာ့သည္၊ ထိုလူငယ္ရဲ႕မ်က္လံုးမ်ားဟာ အနည္းငယ္ဝိုင္းစက္ကာ မ်က္ဝန္းျပာမ်ားဟာရီေဝေဝျဖစ္ေနၿပီး တစ္ဖက္ကေယာက်ာ္းသားေတြကို ျမဴဆြယ္ေနသေယာင္ပင္၊ ထိုလူငယ္ဟာ အီ႐ႈရယ္အင္ပါယာမင္းရဲ႕တတိယသားျဖစ္တဲ့ တိုရာလ္ အီ႐ႈမက္စ္ႏို ျဖစ္သည္၊
"မင္းသား ဘာအေၾကာင္းကိစၥမ်ား႐ွိလို႔လဲ" ဟ်ဴးယာဟာ တစ္ခ်က္သာစိုက္ၾကည့္ၿပီးေနာက္မွာ ပ်င္းရိေနေသာအသံျဖစ္ေမးလိုက္သည္၊တိုရာလ္ဟာ ေတာက္ပေနေသာမ်က္ဝန္းမ်ားျဖင့္ ဟ်ဴးယာကိုေမာ့ၾကည့္ရင္း ႏူးညံ့စြာျပံဳးလာေတာ့သည္၊
"ေသာတပိုင္ေတာအုပ္က ေတာ္ဝင္မ်ိဳးႏြယ္တစ္ေယာက္ဆီက လမ္းျပေပးမွရမွာေလ... ခမည္းေတာ္ကလည္း ဒီခရီးစဥ္မွာ ဆရာတို႔နဲ႔သြားဖို႔ သေဘာတူလိုက္တယ္"
တိုရာလ္စကားေၾကာင့္ ဟ်ဴယာဟာ လက္ခံစြာေခါင္းညိတ္လိုက္ၿပီး က်န္တဲ့သူေတြကို သြားရန္အမိန္႔ေပးလိုက္သည္၊တိုရာလ္ကေတာ့ ဟ်ဴးယာအနားကပ္ေနကာ စကားဝင္ေရာေနေတာ့သည္၊ဒန္နာရီတို႔ကေတာ့ သူတို႔ကိစၥမဟုတ္တာေၾကာင့္ အေနာက္ကေန ေအးေဆးသာလုိက္သြားေတာ့သည္၊
ထိုေနာက္မွာေတာ့ သူတို႔အားလံုးဟာ ေတာ္ဝင္ၿမိဳ႕ေတာ္ကေန အီ႐ႈရယ္အင္ပါယာနဲ႔ႏို႐ႈရယ္အင္ပါယာနယ္စပ္ၾကားကိုထြက္လာၿပီးေနာက္မွာေတာ့ ေသာတပိုင္ေတာအုပ္ဆီကို ေရာက္လာေတာ့သည္၊
ေသာတပိုင္ေတာအုပ္ဟာ ႐ိုး႐ွင္းစြာတည္႐ွိေနေပမယ့္ အနားကပ္လာေလေလ ႀကီးမားတဲ့ဖိအားကို ဒန္နာရီတို႔ စတင္ခံစားရေတာ့သည္၊သူတို႔ ေသာတပိုင္ေတာအုပ္နားနီးေလေလ ဖိအားျပင္းထန္လာေလျဖစ္သည္။
"ေသာတပိုင္ရဲ႕ဘိုးေဘးတစ္ေယာက္ထား႐ွိခဲ့တဲေမွာ္စက္ဝန္းေလ... ေမွာ္ဖိအားတစ္ခုပဲ အီ႐ႈရယ္မ်ိဳးဆက္ေတြနဲ႔ႏိူ႐ႈရယ္မ်ိဳးဆက္ေတြပဲ ဖိအားကို မခံစားရတာ က်န္တဲ့သူေတြကေတာ့ ထိုဖိအားကို ခံစားရတယ္" မင္းသားတိုရာလ္စကားေၾကာင့္ ေရးလ္ဟာ မ်က္ေမွာက္ၾကဳတ္သြားေတာ့သည္၊
က်န္တဲ့သူေတြဟာ ဖိအားေၾကာင့္ အနည္းငယ္နာက်င္ခ်ိန္မွာ ေရးလ္ဟာ ပံုမွန္ေပ၊သူဆီကို မည္သည့္ဖိအားမွ ေရာက္မလာေပ၊ေရးလ္ဟာ ပါးစပ္ဟလိုက္ေပမယ့္ ေနာက္ဆံုးေတာ့ ဘာမွမေျပာေတာ့ဘဲ ၿငိမ္သက္သြားေတာ့သည္၊႐ႈပ္ေထြးတဲ့ျပသာနာေတြကို ေရးလ္မႀကိဳက္ေပ၊
အားလံုးဟာ ေရးလ္ရဲ႕အျဖစ္အပ်က္ကို မရိပ္မိၾကဘဲ မင္းသားတိုရာလ္ေျပာသည့္အတိုင္းလိုက္နာသံုးသပ္ေနတာေၾကာင့္ သူတို႔ကိုယ္ေပၚက ဖိအားဟာ ေလ်ာ့က်လာေတာ့သည္၊
"အဆင္ေျပသြားၿပီဆုိရင္ ကြၽန္ေတာ္တို႔ ဆက္သြားၾကမယ္" တိုရာလ္ဟာ ႏွစ္ၿခိဳက္စြာျပံဳးရင္းဆုိလိုက္သည္၊ဟ်ဴယာတို႔လည္း ေခါင္းညိတ္လိုက္ၿပီး ေတာအုပ္ထဲကို ဝင္ေရာက္လာေတာ့သည္၊
ေတာအုပ္ထဲမွာ မည္သည့္အေရးအခင္းဟာ ဒန္နာရီတုိ႔ကိုေစာင့္ေနမလဲ၊ေရးလ္ရဲ႕ေနာက္ခံကိုေရာ တျဖည္းျဖည္းသိလာမလား၊
------------
ေသာတပိုင္ရဲ႕အ႐ွင္ဟာ
ေနရာမွန္ကို ျပန္လည္ေရာက္႐ွိလာခဲ့ၿပီ...
နတ္ဆုိးကလည္း မၾကာခင္ ႏိုးထလာခ်ိန္မွာ
ႀကီးမားတဲ့မ်ိဳးႏြယ္ၾကားက စစ္ပြဲေတြဟာ
ေပၚေပါက္လာေတာ့မည္...။
ကယ္တင္႐ွင္ဟာ ဘယ္သူျဖစ္မလဲ...။
-------
စာေရးဆရာေျပာစရာ႐ွိသည္၊
ဒီအပိုင္းက နည္းနည္းတိုတယ္ဗ်၊ေတာအုပ္ထဲ ဝင္တဲ့ေနရာမွာ တမင္ၿပီးခ်လိုက္တာပါဗ်
Unicode
စာရေးဆရာရှင်းပြချက်
ကျွန်တော်ရေးထားတဲ့အမတ်ကြီးရဲ့အပယ်ခံသားဟာ မှော်စွမ်းအင်အသုံးပြုတဲ့စိတ်ကူးယဉ်ကမ္ဘာကို အခြေပြုထားတာကြောင့်ဖြစ်ပြီး အချို့သောမျိုးနွယ်ဝင်များစွာလည်း ပါဝင်ရေးသားထားတယ်၊
ဥပမာ နေ့ဘီလူးမျိုးနွယ်၊ညဘီလူးမျိုးနွယ်၊နတ်မျိုးနွယ်၊
နေ့ဘီလူးမျိုးနွယ်က ရွှေအိုရောင်ဆံပင်များပိုင်ဆိုင်ထားပြီး သူတို့မျက်ဝန်းတွေဟာလည်း ရွှေနီရောက်ဘက်သန်းကာ သာမန်လူသားတွေထက် လူကောင်ပိုထွားပြီး ကြီးထွားမှုမြန်ကာ ခန္ဓာကိုယ်သန်မာလှတဲ့မျိုးနွယ်တွေဖြစ်သည်၊သူတို့ရဲ့စွမ်းအင်အများစုဟာ အော်ရာဖြစ်ပြီး အခြားမျိုးနွယ်တွေကို ဖိအားပေးနိုင်ကြသည်၊ဒါပေမယ့် သူတို့မှာလည်း အားနည်းချက်များစွာရှိပြီး အကြီးမားဆုံးအားနည်းချက်ဟာ အမှောင်ထုရဲ့စိုးမိုးမှုကိုအလွယ်တကူ ခံရခြင်းဖြစ်သည်။
ညဘီလူးမျိုးနွယ်တွေကလည်း နေ့ဘီလူးမျိုးနွယ်တွေလိုပဲ ခန္ဓာကိုယ်သန်မာကာ ကိုယ်ခံအားမြင့်မားကြသူတွေဖြစ်ပြီး သီးသန့်နေထိုင်တဲ့မျိုးနွယ်စုတစ်စုဖြစ်ပြီး အမှောင်စွမ်းအင်ဒဏ်ကိုခံနိုင်ရည်ရှိကာ အဖျက်စွမ်းအားဓာတ်ပြုစွမ်းအင်များနဲ့မွေးဖွားလာတဲ့မျိုးနွယ်စုတစ်စုဖြစ်သည်၊သူတို့မှာ ထူးထူးခြားခြားအားနည်းချက်မရှိပေမယ့် အကြီးမားဆုံးအားနည်းချက်ကတော့ သစ္စာရှိလွန်ခြင်းဖြစ်ပြီး သစ္စာစောင့်သိပြီဆိုရင် တစ်ဖက်ကလူက သူတို့ကို သေခိုင်းရင်လည်းသေမည့်သူတွေသာဖြစ်သည်၊
------------
Chapter -57 (သောတပိုင်တောအုပ်ထဲက နတ်သူငယ်ကျောက်တိုင်)
ဒန်နာရီတို့အဖွဲ့ဟာ ဟျူးယာတို့အဖွဲ့နဲ့ပူပေါင်းကာ နေရာကူးပြောင်းရေးယန္တာရားကနေတစ်ဆင့် အီရှုရယ်အင်ပါယာနယ်စပ်မြို့ဆီကို ရောက်ရှိလာတော့သည်၊နေရာကူးပြောင်းရေးယန္တရားတွေဟာ နယ်စပ်မြို့ထိပဲ သွားခွင့်ရတာ မထူးဆန်းပေ၊ အင်ပါယာတိုင်းဟာ တစ်တိုင်းပြည်နဲ့တစ်တိုင်းပြည် မယုံကြည်ကြသည်ကိုး၊
ဒန်နာရီတို့အဖွဲ့ အီရှုရယ်အင်ပါယာနယ်စပ်ကနေ အီရှုရယ်မြို့တော်ထိကို ခရီးစပ်ရမှာဖြစ်ပြီး သောတပိုင်တောအုပ်ကိုသွားဖို့ဆိုတာ အီရှုရယ်တော်ဝင်မျိုးနွယ်တစ်ဦးလိုက်ပါမှ ရမည့်ကိစ္စပင်၊
" ကျုပ်တို့ တစ်စပ်တည်းခရီးဆက်ကြမယ် မင်းတို့ပင်ပန်းရင်တော့ ပြောပေါ့ လူသားတွေ" ဟျူယာဟာ ရစ်နိုလ်ကိုလှည့်ကြည့်ရင်းပြောလိုက်သည်၊ရစ်နိုလ်ကလည်း ဟျူယာကို မော့ကြည့်ကာ စူးရှစွာစိုက်ကြည့်လိုက်ပြီးနောက်မှာ ခေါင်းကို ခပ်ဆတ်ဆတ်ညိတ်ပြလိုက်တော့သည်၊
ဟျူယာနူတ်ခမ်းများဟာ ပြုံးတက်သွားပေမယ့် သူဟာ ခရီးဆက်ရန် အဖွဲ့သားတွေကို အဖွဲ့ပေးလိုက်သည်၊ခရီးဟာ ဝေးလှံလှပေမယ့် ဒန်နာရီအတွက် လှည်းတစ်စင်းသာ ဝယ်လိုက်ပြီး ကျန်သည့်သူများဟာ မြင်းနဲ့သာ ခရီးနှင်ကြသည်၊ညဘီလူးအဖွဲ့ကတော့ ကြီးမားတဲ့သားရဲကြီးတွေ စီးနှင်ကာ ရှေ့ကနေချီတက်ကာသွားနှင့်တော့သည်၊
"သခင်လေး ပင်ပန်းရင် ကျွန်တော့်ကို ပြောနော်" ရစ်နိုလ်ဟာ ဒန်နာရီကို လှည်းအပြင်ကနေ ပြောလိုက်သည်၊ဒန်နာရီဟာ ခေါင်းကာညိတ်လိုက်ပြီး စာအုပ်သာပြန်ဖတ်နေလိုက်သည်၊
အီရှုရယ်နယ်မြေနဲ့နိုရှုရယ်နယ်မြေကြားမှာ သောတပိုင်တောအုပ်ကြီးရှိပြီး ထိုတောအုပ်ကို အင်ပါယာနှစ်အင်ပါယာဟာ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာခြင်းဖြစ်သည်။သောတပိုင်တောအုပ်ဟာ ဘိုးဘေးမယ်မြေတောအုပ်ကြီးဖြစ်ပြီး နှစ်အင်ပါယာက တန်ဖိုးထားလှသည်၊ဘာကြောင့်လဲဆိုတော့ ထိုတောအုပ်ထဲမှာ နတ်သူငယ်ကျောက်တိုင်ရှိပြီး ငါးနှစ်နေတစ်ခါ နှစ်အင်ပါယာပြိုင်ပွဲကျင်းပကာ အနိုင်ရရှိသူတွေဟာ တောအုပ်ထဲဝင်ခွင့်ရပြီး နတ်သူငယ်ကျောက်တိုင်နယ်မြေအတွင်းမှာ ခစားခွင့်ရရှိသည်၊
စာအုပ်ထဲမှာ အကြမ်းဖျင်းလောက်ပဲ ရေးထားပြီး ဒန်နာရီသိချင်တဲ့အချက်အလက်တွေတော့ မဝင်ပေ၊
ဒန်နာရီတို့ အီရှုရယ်တော်ဝင်မြို့တော်ကို အနှောင့်အသွားမရှိဘဲရောက်ရှိသွားပြီးနောက်မှာတော့ သူတို့ဟာတော်ဝင်နန်းတော်ထဲကို ဝင်ခွင့်တောင်းတော့သည်၊
ပထမက သူတို်စောင့်ရကြာလိမ့်မယ်ထင်သော်လည်း နာရီဝက်အကြာမှာတော့ တော်ဝင်နန်းတော်က အင်ပါယာမင်းဆီကနေ ခွင့်ပြုချက်ရရှိတော့သည်၊ဟျူးယာတို့အဖွဲ့နဲ့ပူးပေါင်းရတာ တကယ်ကိုပင် အဆင်ပြေလှပြီး ဟျူးယာရဲ့လက်ထဲမှာ မြင့်မားတဲ့အာဏာတစ်ခုရှိမှန်း ဒန်နာရီတို့ရိပ်မိလာတော့သည်၊
"မင်းတို့ အနားယူအုံးမှာလား" ထောက်ခံစာရရှိပြီးနောက်မှာ ဟျူးယာဟာ သူတို့နဲ့ပူပေါင်းထားတဲ့လူသားအဖွဲ့ကိုမေးလိုက်သည်၊ရစ်နိုလ်ဟာ ရှေ့တက်လာပြီး
"မလိုဘူး ငါတို့အချိန်မဖြုန်းသင့်ဘူး" လို့ပြောလိုက်သည်၊ဟျူးယာရဲ့လုပ်နိုင်စွမ်းပေါ် ရစ်နိုလ်ဟာ အကောင်းမြင်လာတော့သည်၊ထိုလူကို ကြည့်မရပေမယ့် ထိုလူဟာ ကိစ္စအားလုံးကို အေးဆေးလုပ်နိုင်စွမ်းရှိတာကို ရစ်နိုလ်ဟာ လက်ခံမိသည်၊
"သွားကြမယ်" ဟျူးယာဟာ သူအဖွဲ့သားတွေကို အမိန့်ပေးနေချိန်မှာ တော်ဝင်နန်းတော်ထဲကနေ လူတစ်ယောက်ပြေးထွက်လာတော့သည်၊
"မြို့စားမင်းအာမက်သောလ်!" နူးညံ့ပြီးတည်ငြိမ်လှတဲ့လူငယ်အသံကြောင့် အားလုံးဟာရပ်တန့်သွားတော့သည်၊ထိုလူငယ်ရဲ့အဝါရောင်ဆံပင်များဟာ ဂုတ်ထောက်နေပြီး ပြေးလာတာကြောင့် မေးစေ့နဲ့လည်တိုင်တစ်လျှောက် ချွေးများသီနေကာ ပန်းရောင်သန်းနေတဲ့နူတ်ခမ်းဖူးတစ်စုံဟာ မောပန်းမှုကြောင့် ခပ်ဟဟဖြစ်နေတော့သည်၊ ထိုလူငယ်ရဲ့မျက်လုံးများဟာ အနည်းငယ်ဝိုင်းစက်ကာ မျက်ဝန်းပြာများဟာရီဝေဝေဖြစ်နေပြီး တစ်ဖက်ကယောကျာ်းသားတွေကို မြူဆွယ်နေသယောင်ပင်၊ ထိုလူငယ်ဟာ အီရှုရယ်အင်ပါယာမင်းရဲ့တတိယသားဖြစ်တဲ့ တိုရာလ် အီရှုမက်စ်နို ဖြစ်သည်၊
"မင်းသား ဘာအကြောင်းကိစ္စများရှိလို့လဲ" ဟျူးယာဟာ တစ်ချက်သာစိုက်ကြည့်ပြီးနောက်မှာ ပျင်းရိနေသောအသံဖြစ်မေးလိုက်သည်၊တိုရာလ်ဟာ တောက်ပနေသောမျက်ဝန်းများဖြင့် ဟျူးယာကိုမော့ကြည့်ရင်း နူးညံ့စွာပြုံးလာတော့သည်၊
"သောတပိုင်တောအုပ်က တော်ဝင်မျိုးနွယ်တစ်ယောက်ဆီက လမ်းပြပေးမှရမှာလေ... ခမည်းတော်ကလည်း ဒီခရီးစဉ်မှာ ဆရာတို့နဲ့သွားဖို့ သဘောတူလိုက်တယ်"
တိုရာလ်စကားကြောင့် ဟျူယာဟာ လက်ခံစွာခေါင်းညိတ်လိုက်ပြီး ကျန်တဲ့သူတွေကို သွားရန်အမိန့်ပေးလိုက်သည်၊တိုရာလ်ကတော့ ဟျူးယာအနားကပ်နေကာ စကားဝင်ရောနေတော့သည်၊ဒန်နာရီတို့ကတော့ သူတို့ကိစ္စမဟုတ်တာကြောင့် အနောက်ကနေ အေးဆေးသာလိုက်သွားတော့သည်၊
ထိုနောက်မှာတော့ သူတို့အားလုံးဟာ တော်ဝင်မြို့တော်ကနေ အီရှုရယ်အင်ပါယာနဲ့နိုရှုရယ်အင်ပါယာနယ်စပ်ကြားကိုထွက်လာပြီးနောက်မှာတော့ သောတပိုင်တောအုပ်ဆီကို ရောက်လာတော့သည်၊
သောတပိုင်တောအုပ်ဟာ ရိုးရှင်းစွာတည်ရှိနေပေမယ့် အနားကပ်လာလေလေ ကြီးမားတဲ့ဖိအားကို ဒန်နာရီတို့ စတင်ခံစားရတော့သည်၊သူတို့ သောတပိုင်တောအုပ်နားနီးလေလေ ဖိအားပြင်းထန်လာလေဖြစ်သည်။
"သောတပိုင်ရဲ့ဘိုးဘေးတစ်ယောက်ထားရှိခဲ့တဲမှော်စက်ဝန်းလေ... မှော်ဖိအားတစ်ခုပဲ အီရှုရယ်မျိုးဆက်တွေနဲ့နိူရှုရယ်မျိုးဆက်တွေပဲ ဖိအားကို မခံစားရတာ ကျန်တဲ့သူတွေကတော့ ထိုဖိအားကို ခံစားရတယ်" မင်းသားတိုရာလ်စကားကြောင့် ရေးလ်ဟာ မျက်မှောက်ကြုတ်သွားတော့သည်၊
ကျန်တဲ့သူတွေဟာ ဖိအားကြောင့် အနည်းငယ်နာကျင်ချိန်မှာ ရေးလ်ဟာ ပုံမှန်ပေ၊သူဆီကို မည်သည့်ဖိအားမှ ရောက်မလာပေ၊ရေးလ်ဟာ ပါးစပ်ဟလိုက်ပေမယ့် နောက်ဆုံးတော့ ဘာမှမပြောတော့ဘဲ ငြိမ်သက်သွားတော့သည်၊ရှုပ်ထွေးတဲ့ပြသာနာတွေကို ရေးလ်မကြိုက်ပေ၊
အားလုံးဟာ ရေးလ်ရဲ့အဖြစ်အပျက်ကို မရိပ်မိကြဘဲ မင်းသားတိုရာလ်ပြောသည့်အတိုင်းလိုက်နာသုံးသပ်နေတာကြောင့် သူတို့ကိုယ်ပေါ်က ဖိအားဟာ လျော့ကျလာတော့သည်၊
"အဆင်ပြေသွားပြီဆိုရင် ကျွန်တော်တို့ ဆက်သွားကြမယ်" တိုရာလ်ဟာ နှစ်ခြိုက်စွာပြုံးရင်းဆိုလိုက်သည်၊ဟျူယာတို့လည်း ခေါင်းညိတ်လိုက်ပြီး တောအုပ်ထဲကို ဝင်ရောက်လာတော့သည်၊
တောအုပ်ထဲမှာ မည်သည့်အရေးအခင်းဟာ ဒန်နာရီတို့ကိုစောင့်နေမလဲ၊ရေးလ်ရဲ့နောက်ခံကိုရော တဖြည်းဖြည်းသိလာမလား၊
------------
သောတပိုင်ရဲ့အရှင်ဟာ
နေရာမှန်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီ...
နတ်ဆိုးကလည်း မကြာခင် နိုးထလာချိန်မှာ
ကြီးမားတဲ့မျိုးနွယ်ကြားက စစ်ပွဲတွေဟာ
ပေါ်ပေါက်လာတော့မည်...။
ကယ်တင်ရှင်ဟာ ဘယ်သူဖြစ်မလဲ...။
-------
စာရေးဆရာပြောစရာရှိသည်၊
ဒီအပိုင်းက နည်းနည်းတိုတယ်ဗျ၊တောအုပ်ထဲ ဝင်တဲ့နေရာမှာ တမင်ပြီးချလိုက်တာပါဗျ