ရေပူစမ်းမြို့မှ ပြန်လာပြီးနောက် ရုန်ရှူ က နည်းနည်း ထူးဆန်းနေကြောင်း ရှာတွေ့ခဲ့သည်။ တိုးတိုး တိတ်တိတ် လျှောက်သွားနေတာ၊ ဒါမှမဟုတ် သူ့ကို ပြောစရာရှိနေသလို ကြည့်နေတတ်တာ ကို တွေ့ခဲ့ရသည်။
သူ မေးကြည့်ဖို့ လုပ်ခဲ့ပေမယ့် ဘာမှ မမေးနိုင်ခဲ့ဘူး။
ဒီအတောအတွင်း ရုန်ရှူ ကျောင်းလာတာ နည်းလာပြီး နေ့တိုင်း အရမ်း နောက်ကျမှ ပြန်လာခဲ့သည်။
အတန်းထဲ၌ ချီဟန် သူ့ဘေးနား က ခုံကို အမြဲတမ်း ကြည့်လေ့ရှိလာသည်။ မျက်စိမှိတ်လိုက်ပြီးနောက် ရုတ်တရတ် သတိပြန်ဝင်လာသည်။
ရုန်ရှူ သူနဲ့ အတူတူ အတန်း မတက်တာ ကြာပြီ။
နွေရာသီ အားလပ်ရက်တောင် တစ်ဝက်လောက် ကုန်သွားပြီ။
အချိန်ပို ပြီးဆုံးတဲ့ အချိန်မှာတော့ ဆရာတွေက အတန်း မဝင်တော့ဘဲ စာသင်ချိန်ကို ကျောင်းသားတွေကိုယ်တိုင် လေ့လာဖို့ ချန်ထားခဲ့သည်။
ချီဟန် စာရွက် တစ်ရွက်ကို ချောချောမွေ့မွေ့နဲ့ အပြင် ထုတ်လိုက်သော်လည်း ဘောပင်ထိပ်က စာရွက်အပေါ် ကျလာခြင်း မရှိသေးပေ။
နည်းနည်း မျက်မှောင်ကြုတ်သွားကာ သူ့ရဲ့ အကြည့်တွေ က လွတ်နေတဲ့ စားပွဲပေါ်သို့ အချိန် အတော်ကြာအောင် ကျရောက်သွားသည်။
မကြာခင်ကမှ ရုန်ရှူ က သူ့ကို ရှောင်နေတာ သူ ဘယ်လို ခံစားရလဲ ဆိုတော့...
"ချီဟန်..."
အရှေ့တန်းမှာ ထိုင်နေတဲ့ ကန်းရွှယ် ခေါင်းကို လှည့်ကြည့်ကာ "ရုန်ရှူ၊ ဘာဖြစ်နေလို့ ကျောင်းမလာသေးတာလဲ? တော်တော် ကြာနေပြီနော်"
သူမ တစ်ခုခု ကို အနံ့ ရသလို ခံစားနေရတယ်။
ကန်းရွှယ် ချီဟန်ရဲ့ အကြည့်နောက် လိုက်ကာ ရုန်ရှူ ရဲ့ စားပွဲကို ကြည့်လိုက်သည်။ နောက်တစက္ကန့်တွင် သူမပါးစပ်ကို အုပ်လိုက်ကာ သူမရဲ့ စိတ်ထဲ၌ စာလုံးရေ ၁၀၀,၀၀၀လောက် ပါတဲ့ ကြေကွဲဖွယ်ရာ ဝတ္ထုတစ်ပုဒ်ကို ချက်ချင်း ဖန်တီးခဲ့သည်။
Gong က အချစ်ကနေ ဝေးရာကို ထွက်သွားခဲ့တယ်၊ အရူးအမူး ချစ်နေတဲ့ Shou က နေရာမှာ ရပ်ပြီးစောင့်ဆိုင်းနေခဲ့တယ်။ နှစ်ပေါင်း များစွာကြာပြီးတဲ့ နောက်မှာ Gong က အသိစိတ်ဝင်ပြီး ပြန်လာခဲ့ပေမယ့် ကံဆိုးတော့ Shou က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သူမရဲ့ ဦးနှောက်ထဲက ပေါ်လာတဲ့ ဝတ္ထုကြောင့် ကန်းရွှယ်ရဲ့ နှလုံးသားလေး နာကျင်သွားပြီး မျက်နှာကို ပြင်းပြင်း ရိုက်ကာ သူမကိုယ်သူမ ပြောလိုက်သည်။
ရုန်ရှူ က အဲလိုလူ မဟုတ်ဘူး။
ရုန်ရှူ က အဲလိုလူ မဟုတ်ဘူး!
ရုန်ရှူ က အဲလိုလူ မဟုတ်ဘူး! !
ချီဟန်ကတော့ ကန်းရွှယ်ရဲ့ အမူအရာကို သတိမထားမိဘဲ ရုန်ရှူမှာ ဘာတွေ ဖြစ်သွားတာလဲ ဆိုတာကိုသာ သိချင်နေသည်။
"ငါ မသိဘူး...ရုန်ရှူ က ငါ့ကို ရှောင်နေသလိုပဲ၊ နေ့တိုင်း နီးပါးလောက် ရှိပြီ၊ သူ ငါ့ကို တစ်ခွန်းမှတောင် စကားမပြောဘူး။ သူ ဘာတွေ လုပ်နေတာလဲ?"
ကန်းရွှယ် : "..."
'ရပြီ၊ ကိုယ့်ကိုကိုယ် မီးသဂြိုလ်လိုက်လို့ ရပြီ' .
ချီဟန် စကားပြီးတဲ့ အခါ ဒေါသတကြီးဖြင့် ခေါင်းကို ကုတ်လိုက်သည်။
'ရေပူစမ်းမြို့ ကို သွားပြီး ကစားတုန်းက မင်း အရမ်း ပျော်နေတယ်ဆိုတာ သေချာတယ်လေ'
'ခဏနေဦး...'
အဲဒီညက သူ့ခြေထောက်တွေ မသက်သာခဲ့ရင် ဘယ်လိုလုပ်မလဲ မေးလိုက်ပြီးကတည်းက တစ်ဖက်လူရဲ့ အခြေအနေ က ပြောင်းလဲသွားခဲ့တာ...
"ကန်းရွှယ်၊ နင့်ကို ငါ မေးခွန်း တစ်ခုလောက် မေးချင်လို့"
ကန်းရွှယ် WeChat အဖွဲ့ အမည်ကို ပြောင်းတော့မယ့် သူမရဲ့ လက်ကို ချက်ချင်း ဖယ်လိုက်ပြီး မီတာ ၈၀၀လောက် ပြေးရမယ့် လူတစ်ယောက်လို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။
"နင် ပြောကြည့်"
"အဲဒါ..." ချီဟန် က ရုန်ရှူလို့ တိုက်ရိုက် ပြောလိုက်ချင်ပေမယ့် သူပြောဖို့ ပြင်တဲ့ အချိန် နည်းနည်း အဆင်မပြေသလို ခံစားလိုက်ရပြီး ခဏရပ်ကာ
"ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေတဲ့ ငါ့သူငယ်ချင်း တစ်ယောက် က သူ့အကြောင်း ပြောလာတယ်၊ သူက ဘယ်တော့မှ ပြန်မကောင်းတော့ဘူးလို့ ပြောလာခဲ့ရင် နင် ဘာပြန်ပြောမလဲ?"
ကန်းရွှယ် : "..."
'ရုန်ရှူလို့ တိုက်ရိုက် ပြောလည်း ရပါတယ်ဟယ်'
ကန်းရွှယ် က "ငါ့မှာ သူငယ်ချင်း တစ်ယောက် ရှိတယ်..." ဆိုတဲ့ စကားကို လျစ်လျူရှုဖို့ အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ခဏလောက် စဉ်းစားပြီးမှ
"ငါသာဆိုရင် သူ့ကို နှစ်သိမ့်ပေးလောက်တယ်။ အာ.. ဆေးကို ယုံဖို့လေ"
သူမ က "နင် ဆိုရင်ကော၊ နင် ဘာပြောခဲ့လဲ" လို့ ပြန်မေးလာသည်။
ချီဟန် က "ငါကလား? ကိစ္စမရှိပါဘူး၊ ငါ့ရဲ့ ကျန်သေးတဲ့ ဘဝတစ်လျှောက်လုံး သူနဲ့ အတူတူ ရှိပေးပြီး သူ့ရဲ့ ခြေထောက် ဖြစ်ပေးနိုင်တယ်လို့ ပြောလိုက်တယ်"
ကန်းရွှယ် : "..."
'ဒါကို ကြည့်ရင် ငါ ဘာလို့ Single ဖြစ်နေရတာလဲ ဆိုတာကို သိလာသလိုပဲ!'
ငိုချင်သလို၊ ရယ်ချင်သလို ဖြစ်နေတဲ့ မျက်နှာအမူအရာနဲ့ ပြောစရာ စကားမရှိ ဖြစ်နေသော ကန်းရွှယ် ကို ချီဟန် ကြည့်လိုက်သည်။ ခဏကြာတော့ သူက ရိုးသားစွာဖြင့် "မျက်နှာ အကြောသေတာ ကို အမြန်ဆုံး ကုသသင့်တယ်" ဟု တိုက်တွန်းခဲ့သည်။
ကန်းရွှယ် : "..."
'မကောင်းတဲ့ အကောင်! ငါ့မျက်ရည်တွေ ပြန်ပေး!'
ချီဟန် ဘောပင်ကို ချ၍ မေးစေ့ကို ထောက်ကာ ပြတင်းပေါက်မှ အပြင်ကို လှမ်းကြည့်လိုက်ပြီး
"ငါ သူ့ကို မလိမ်ပါဘူး၊ သူက ဘာဖြစ်လို့ ရှောင်နေတာလဲ?..."
သူ ဒီကမ္ဘာကို ရောက်လာကတည်းက ရုန်ရှူရဲ့ ဇာတ်သိမ်းကို ပြောင်းလဲဖို့ ကြိုးစားခဲ့သည်။
အခုအချိန် အထိ၊ မူရင်း ဇာတ်လမ်းနဲ့ ကွဲလွဲနေပြီး ချီဟန်တောင်မှ နောက်ဆုံးရလဒ်က ဘယ်လို ဖြစ်လာမလဲဆိုတာ မသိနိုင်သေးပေ။
ဘယ်လိုတွေ ဖြစ်လာပါစေ၊ သူက ရုန်ရှူနဲ့ နောက်ဆုံး အထိ အတူတူ ရှိနေမည် ဖြစ်သည်။
ကန်းရွှယ် ချီဟန်ရဲ့ မျက်လုံးတွေ ကို ကြည့်လိုက်သည်။ ချီဟန့်မှာ အရမ်း လှပတဲ့ မျက်လုံးလေးတွေ ရှိကြောင်း သူမ တွေ့ခဲ့တာ ကြာပြီ ဖြစ်သည်။
အခုချိန် ထိုမျက်လုံးတွေထဲက ခံစားချက်မျိုးစုံကို သူမ မြင်နိုင်နေပြီ ဖြစ်သည်။
ဒါပေမယ့် သူမ မမြင်နိုင်တာက ရုန်ရှူရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေ ဖြစ်သည်။
ဒီမျက်လုံးတွေ က ရေဆေးချထား သလိုမျိုး၊ ကြည်လင်နေတဲ့ ကောင်းကင်လိုမျိုး အရမ်း သန့်ရှင်းနေသည်။
'ချီဟန် က ရုန်ရှူ ကို မကြိုက်ဘူး'
ကန်းရွှယ်ရဲ့ မျက်တောင်တွေ နည်းနည်း တုန်လှုပ်သွားပေမယ့် အံ့သြစရာ မရှိပေ။
ရုန်ရှူက ဒီအဖြေကို သိပြီး သူ့ခံစားချက်တွေ ကို ဖုံးကွယ်ထားလိုက်တာ အံ့သြစရာမဟုတ်ပေ။
ဘဝသက်တမ်းက ရှည်လျားလွန်းတယ်။
မိသားစု ချစ်ခြင်း အပြင် အချစ်နဲ့ သူငယ်ချင်း သံယောဇဥ်ကသာ ဒီအဖြေကို ဖြေပေးနိုင်လိမ့်မည်။
ဒါပေမယ့် တစ်ယောက်က တစ်ယောက်ကို သဘောကျနေရင် ဒါကို သူငယ်ချင်း သံယောဇဥ်လို့ ယူဆလို့ ရနိုင်ပါ့မလား?
"ချီဟန်၊ နင်..."
'ရုန်ရှူ ကို လုံးဝ မကြိုက်ဘူးလား?'
ကန်းရွှယ် က စကားကို ဆုံးအောင် မပြောတော့ဘဲ နှုတ်ခမ်းကို တင်းတင်း စေ့လိုက်သည်။
ချီဟန်က နှာသံနဲ့ ပြန်ပြောလာသည်။ "ဟင်?"
ကန်းရွှယ် ခဏလောက် စဉ်းစားပြီး နောက်တစ်မျိုး ပြောင်းပြီး မေးလိုက်သည်။
"ရုန်ရှူ့ အပေါ် ဘာဖြစ်လို့ ဒီလောက် ကောင်းနေရတာလဲ?"
ချီဟန် က ဒီအဖြေ တွေးတောင် မတွေးဘဲ ပြန်ပြောလိုက်သည်။
"သူက အရမ်း ကောင်းတယ် ထင်လို့လေ!"
ကန်းရွှယ်: "?"
ကန်းရွှယ်: "ဘယ်ရှုထောင့်ကနေ ကောင်းတာလဲ?"
ချီဟန် မျက်မှောင်ကြုတ်ကာ "ဘယ်နေရာ က မကောင်းလို့လဲ?"
"ရုန်ရှူ က ဂရုတစိုက်နဲ့ ညင်သာတယ်၊ အကျင့်ကောင်းပြီး စာလည်း ပြန်သင်ပေးတယ်၊ အရမ်းလည်း စာနာတတ်တယ်၊ သူ့ရဲ့ အဆင့်တွေလည်း ကောင်းတယ်၊ သူက ရုပ်ချောတယ်၊ ဒါပေမယ့် ရုန်ရှူကတော့ သူက အဲဒီလောက် မကောင်းဘူးလို့ ပြောတယ် မဟုတ်လား?"
'ဒီဝတ္ထုထဲမှာ ငါ အကြိုက်ဆုံး ဖြစ်တဲ့ တစ်ဦးတည်းသော ဇာတ်ကောင်လေ'
ရုန်ရှူရဲ့ အခြား တစ်ဖက်ကို သူ ရှာတွေ့လိုက်တိုင်း သူ့ကို စိတ်လှုပ်ရှားစေသည်။
'ဘာပဲဖြစ်ဖြစ် သူ ကြိုက်တယ်လေ'
ကန်းရွှယ် က အလန့်တကြားနဲ့ ပြောလိုက်သည်။
"ချီဟန် နင် မီတာ ၈၀၀လောက် အထူရှိတဲ့ filterကို တပ်ထားတယ် ထင်တယ်။ နင် မြင်တဲ့ ရုန်ရှူ က ငါ သိတဲ့ ရုန်ရှူနဲ့ မတူဘူး"
'ညင်သာတယ်...? ! !'
'ဒါက ချစ်သူရဲ့ အမြင် ဖြစ်တာကြောင့် လှနေတာ ဖြစ်နိုင်မလား?'
ကန်းရွှယ် သူမ မှားကြောင်း သိလိုက်ရသည်။
ရုန်ရှူ ကို လူတွေက ဘာလို့ မကြိုက်ကြတာလဲ။ ချီဟန်ရဲ့ မသိစိတ်က သူ့ကို အသိအမှတ်ပြုမိနေတာ ဖြစ်သည်။
ကန်းရွှယ် သူမ ရင်ဘတ် သူမ ပုတ်ကာ ချီဟန့်ကို နှိုးဖို့ ကြိုးစားလိုက်သည်။
"ဘွဲ့ရပြီးရင်ကော၊ နင် သူနဲ့ အတူတူ နေဦးမှာလား? ဒါမှမဟုတ် မိသားစု တစ်ခု တည်ထောင် ပြီးရင်ကော?"
ချီဟန် ကန်းရွှယ် ကို ကြောင်တောင်တောင်နဲ့ ပြန်ကြည့်လိုက်ပြီး "သေချာတာပေါ့" ဆိုတဲ့ စကားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ပြောဖို့ မဖြစ်နိုင်သလို ခံစားလိုက်ရသည်။
'ဘွဲ့ရတယ်၊ အိမ်ထောင်ကျတယ်'
ချီဟန်ရဲ့ ခန္ဓာကိုယ် က နည်းနည်း တုန်သွားသည်။
အခုမှပဲ သူ လျစ်လျူရှုထားခဲ့တာတွေ ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
ရုန်ရှူရဲ့ ဘဝ က မူရင်းစာအုပ်ရဲ့ ဇာတ်ကြောင်းအတိုင်း အမြဲတမ်း ရှိနေမည်ဟု သူ့ရဲ့ မသိစိတ်က အမြဲတမ်း တွေးနေခဲ့မိသည်။
ဘွဲ့ရကာ ရုန်မိသားစုကို ဖြုတ်ချ၍ ကလဲ့စားချေတာ အောင်မြင်ပြီးနောက် သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့သည်။
သူရဲ့ အသွင်အပြင် အားနည်းနေတဲ့ ကာလတွင် ကဲ့ရဲ့ရှုတ်ချတာကို တတ်နိုင်သမျှ တားဆီးပေးပြီး သူ့ကို ကာကွယ်ပေးဖို့ အကောင်းဆုံး ကြိုးစားခဲ့သည်။
သို့သော် ကန်းရွှယ်ရဲ့ စကားတွေ က ထက်ရှတဲ့ ဓားတစ်ချောင်းနဲ့ တူနေပြီး သူ့နှလုံးသားထဲ၌ လေးလံတဲ့ အမှတ်အသား တစ်ခု ဖြစ်စေခဲ့သည်။
'ဟုတ်တယ်၊ ရုန်ရှူက စာရေးဆရာ အလိုကျ ရေးထားတဲ့ အရုပ် မဟုတ်တော့ဘူး'
အစက ဇာတ်ကြောင်းဟာ တစ်လမ်းမောင်း နဲ့ တူခဲ့သော်လည်း တခဏချင်း အချိုးအကွေ့ များစွာ ရှိလာခဲ့သည်။
ချီဟန်က သူ့လျှာဖျားကို သွားနဲ့ ထိကပ်လိုက်ပြီး စိတ်ထဲကနေ အသံတိတ် စကားတစ်ခွန်းကို ပြောလိုက်မိသည်။
'လက်ထပ်တာ'
ရုန်ရှူရဲ့ စိတ်ခံစားချက်နဲ့ ဆိုင်တဲ့ ဇာတ်ကြောင်းကို ဝတ္ထုတွင် မဖော်ပြထားတာကြောင့် ရုန်ရှူက ဒီကမ္ဘာပေါ်ရှိ ဘယ်သူကိုမျှ မကြိုက်ကြောင်း ချီဟန်ရဲ့ မသိစိတ်က အမြဲတမ်း ခံစားစေခဲ့သည်။
အခုတော့ စိုးရိမ်စိတ်နဲ့ တူတဲ့ တစ်စုံတစ်ခု က သူ့နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
'အချိန် အကြာကြီး ကာကွယ်ပေးခဲ့ရတဲ့သူ က တခြားသူနဲ့ ထွက်ပြေးသွားတာ ကို ဘယ်လို ပြောရမလဲ?'
ချီဟန် ရုတ်တရက် မကျေမနပ် ဖြစ်လာကာ ခြေထောက်ကို ဆောင့်နင်းပြီး စာအုပ်ကို ဒေါသတကြီးနဲ့ တွန်းထုတ်လိုက်သည်။
ပြောရရင်တော့...
'ကိုယ်ပိုင် ဂေါ်ဖီထုပ် က အခြားသူရဲ့ ဝက် အနောက်ကို လိုက်ပြေးသွားသလိုမျိုး ဘာဖြစ်လို့ ခံစားနေရတာလဲ? !'
ဒီရက်တွေမှာ ရုန်ရှူ ရှောင်တိမ်းနေတာကို တွေးမိပြီး ချီဟန် အချည်းအနီး ဖြစ်သွားသလို ခံစားလိုက်ရသည်။
အဲဒီလို အကြောင်းတွေ တွေးလိုက်ရင် သူ ဘာကြောင့် စိတ်မကောင်း ဖြစ်ရမှန်း မသိဘဲ၊ အသိုက်အလွတ်ကို တွေ့လိုက်ရတဲ့ ငှက်အဖေကြီးလို ခံစားလိုက်ရသည်။
အောင်မြင်စွာ ကူညီပြီးနောက် ကန်းရွှယ် က အငြိမ်းစားယူလိုက်တဲ့ အထီးကျန် မာစတာ တစ်ယောက်လို ပြုံးပြီး ကြည့်နေခဲ့သည်။
ဒီဟာက မရှင်းမလင်း ဖြစ်နေတဲ့သူကို နိုးထစေဖို့ မှန်ကန်တဲ့ နည်းလမ်းပဲ။
***
နောက်အတန်း၌ ချီဟန် က ငြိမ်ကျသွားပြီး တုံ့ဆိုင်းစွာနဲ့ စာရွက်ကို ထုတ်ကာ ရေးလိုက်သည်။
သူ ကျောင်းမှ အိမ် ပြန်ရောက်ပြီးတာတောင် ရုန်ရှူ ပြန်ရောက်မလာသေးချေ။
သူ လက်ထောက်ဆီ စာနည်းနည်း ပို့ပြီး ခဏကြာတော့ တစ်ဖက်လူက ရုန်ရှူက အစည်းအဝေးခန်းထဲမှာ ရှိနေကာ ၃နာရီခန့် ကြာမှ ပြီးမှာ ဖြစ်ကြောင်း စာပြန်လာခဲ့သည်။
ည တစ်နာရီလောက်မှာ အောက်ထပ် တံခါးကနေ အသံ တိုးတိုးလေး ထွက်လာသည်။
ရုန်ရှူ ပြန်လာပြီ။
ယာဥ်မောင်းက သူ့အတွက် တံခါးပိတ်ပေးပြီး ပြန်ထွက်သွားသည်။
ရုန်ရှူ အမှောင်ထုထဲတွင် သူ့နဖူးသူ ပွတ်လိုက်သည်။
မကြာသေးမီက ရုန်ကွမ်းယွီ မေ့လဲပြီး ဆေးရုံတက်ခဲ့ရသည်။ ရှူမန် က ရုန်မိသားစုကို သိမ်းပိုက်ဖို့ မစောင့်နိုင်တော့ပေ။ သူမ ပထမဆုံး လုပ်ခဲ့တာက သူ့ကို ဖိနှိပ်ဖို့ပဲ ဖြစ်သည်။
သူ့မျက်လုံးတွေ အေးစက်သွားသည်။
ဒီရူးနေတဲ့ မိန်းမ က ရန်သူကို နှိပ်စက်တတ်တဲ့ စိတ်ဓာတ်ဖြင့် ဒီနေရာသို့ ရောက်လာခဲ့သည်။
ဒါပေမယ့် အဲဒါလည်း ကောင်းပါတယ်၊ ဒီနည်းနဲ့ဆို ရုန် မိသားစုက မြန်မြန် အဆုံးသတ်သွားလိမ့်မယ်။
ရုန်ရှူ ခေါင်းကို နည်းနည်း မော့ကာ နက်ကတိုင်ကို ဖြည်လိုက်သည်။ သူ့မျက်လုံးထဲ၌ ငြီးငွေ့မှူတွေ ပြည့်နေပြီး နွေးထွေးမှု လုံးဝ မရှိပေ။
ဝှီးချဲလ်ကို ထိန်းပြီး အထဲကို ဝင်လိုက်သည်။ ဆိုဖာပေါ်ကို ကြည့်လိုက်တာနဲ့ သူ့မျက်လုံးတွေက ရုတ်တရက်ကြီး နူးညံ့သွားသည်။
ဆိုဖာပေါ်မှ ဆယ်ကျော်သက်လေး က ခေါင်းမော့ကာ အိပ်နေသည်။ လက်ထဲတွင် ဘောပင်တစ်ချောင်း ကိုင်ထားပြီး ကော်ဖီ စားပွဲပေါ်၌ စာရွက်တစ်ရွက်ကို တင်ထားပေမယ့် စာရွက် က တွန့်လိမ်နေသည်။
သူ့ခေါင်းက ဆိုဖာပေါ်မှာ လှိမ့်ထားတာကြောင့် ဆံပင်တွေက ရှုပ်ပွနေခဲ့သည်။
အနည်းငယ် ဟ,နေတဲ့ နှုတ်ခမ်းသားတွေ ကြားထဲတွင် ပန်းရောင် လျှာလေးကို တွေ့နိုင်သည်။
ရုန်ရှူ ဆိုဖာဘေးမှာ ရပ်လိုက်ပြီး ကောင်လေး ကို ထိချင်သလို လက်ကို မြှောက်လိုက်ပေမယ့် မကြာခင်မှာပဲ လက်ကို ပြန်ချလိုက်သည်။
'သူ့လက်ချောင်းတွေက အေးစက်လွန်းနေတယ်'
စိတ်ထဲ က အေးစက်နေတဲ့ အတွေးတွေ အားလုံး ပျောက်ကွယ်သွားပြီး အခုအချိန် ထိုနက်မှောင်နေတဲ့ မျက်လုံးတွေ အထဲမှာ ချီဟန်တစ်ယောက်သာ ရှိတော့သည်။
ရေပူစမ်းမြို့မှ ပြန်လာပြီးနောက် သူ့ခန္ဓာကိုယ် ကို စစ်ဆေးဖို့ သွားခဲ့သည်။
စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဆရာဝန်ရဲ့ မကောင်းတဲ့ အဖြေကို ကြားပြီးနောက် စိတ်ပျက်ရသေးသည်။
ဒါပေမယ့် တစ်ချိန်တည်းမှာ စိတ်သက်သာရာရတာလည်း ရှိသည်။
အခုချိန်က စပြီး စိတ်ကူးတွေ ကို စွဲလန်းနေစရာ မလိုတော့ပေ။
ရက်အနည်းငယ် အတွင်း ကိုယ့်ကိုကိုယ် မထိန်းနိုင်တဲ့ စိတ်ကြောင့် သူ ချီဟန့်ကို ရှောင်နေသလို ဖြစ်ခဲ့သည်။ ချီဟန် အိပ်ပျော်သွားရင် ချီဟန့် တံခါးရဲ့ အပြင်ဘက်မှာ တစ်ညလုံး အရူးတစ်ယောက်လို နေခဲ့ပြီး မိုးမလင်းမီ အလျင်အမြန် ထွက်ပြေးခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်မှာ ဆေးဘက်ဆိုင်ရာ ကိရိယာအသစ်ကို ထုတ်လုပ်တဲ့ ဌာနချုပ်ရှိရာ နိုင်ငံ L၌ ထပ်မံ ကြိုးစားဖို့ ဆရာဝန်က အကြံပြုခဲ့သည်။
ရုန်ရှူ ခေါင်းငုံ့၍ စာရွက်စာတမ်းပေါ်တွင် သူ့နာမည်ကို ရေးကာ ဆရာဝန်ကို ဘာမှန်းမသိဘဲ စိုက်ကြည့်နေမိသည်။
ဘာပဲဖြစ်ဖြစ်လေ။
လောကမှာရှိတဲ့ အရာတွေက ယုတ္တိမတန််ပေ၊ လူတွေက လုံးဝ လက်လျှော့ပစ်လိုက်ပြီ ဆိုရင် အချိုးအကွေ့တစ်ခု ရှိလာပြန်သည်။
ဆရာဝန်က အချက်အလက်တွေ ပေးပို့လိုက်ပြီး သိပ်မကြာခင်မှာပဲ တစ်ဖက်က အကြောင်းပြန်လာသည်။
အကြမ်းဖျင်း အယူအဆကတော့ သူတို့ ကြိုးစားကြည့်လို့ ရပေမယ့် သူ့ တစ်ကိုယ်လုံး ပြန်လည် စစ်ဆေးဖို့ လိုအပ်သည်။
ထိုသတင်းကို ရရှိပြီးနောက် ရုန်ရှူ အချိန်အတော်ကြာ တိတ်ဆိတ် သွားခဲ့သည်။
နောက်ဆုံးတော့ သူ သဘောတူခဲ့သည်။
ဒါပေမယ့် အဲဒီ အဓိပ္ပါယ် က ချီဟန်နဲ့ ခဏလောက် ခွဲနေရတာကို ဆိုလိုတာ ဖြစ်သည်။
ဒါမှမဟုတ်လည်း အချိန် အကြာကြီးပေ့ါ။
ရုန်ရှူရဲ့ လက်ချောင်းထိပ်တွေ နည်းနည်း လှုပ်သွားပြီး ချီဟန်ရဲ့ မျက်ခုံးမွှေးလေးတွေ ကို သူ့မျက်လုံးတွေ က အနီးကပ် သေချာ ပုံဖော်၍ မှတ်ထားသည်။
မကြာခင် သူ့မှာ ဒါတွေပဲ ကျန်ခဲ့လိမ့်မယ်။
"...ရုန်ရှူ?"
ချီဟန်ရဲ့ အနေအထားက တကယ်ကို အိပ်လို့ အဆင်မပြေပေ။ မျက်လုံးဖွင့်ပြီး သူ့လည်ပင်းကို တစ်ချက် နှိပ်လိုက်သည်။
ချီဟန် : "..."
သူ ပြုံး၍ ထထိုင်ကာ လည်ပင်းကို ပွတ်လိုက်သည်။ ရုန်ရှူ ကို ပြုံးပြကာ ခေါ်လိုက်ပြီး တစ်ခုခုကို သတိရသွားသလိုနဲ့ နံရံပေါ်ရှိ နာရီကို ကြည့်ဖို့ ခေါင်းကို လှည့်လိုက်သည်။
"ဘယ်အချိန်ရှိပြီလဲ? ည ၁နာရီ! မင်း အခုမှ ပြန်ရောက်တာလား?"
ရုန်ရှူ က သူ့ကို ကြည့်လိုက်သည်။
ချီဟန် က "မင်းရဲ့ အမူအရာနဲ့ အရူးလုပ်လို့ ရမယ် ထင်နေလား?! အခုပဲ ငါ ရဲကို ဖုန်းဆက်ပြီး မင်း ပျောက်နေတယ်လို့ ပြေပေးရမှာလား?"
ရုန်ရှူ မထိန်းနိုင်တော့ဘဲ သူ့ရဲ့ နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားကာ ရယ်သံတွေ ထွက်ပေါ်လာသည်။
ချီဟန်က စိုက်ကြည့်ရင်း "ရယ်နိုင်သေးတယ်ပေါ့!"
ရုန်ရှူ က သူ့နှုတ်ခမ်းထောင့်တွေ ကို ချက်ချင်း ပြန်ဖြန့်လိုက်ပြီး
"အင်း၊ မရယ်တော့ဘူး"
ချီဟန် : "..."
ချီဟန် တစ်ခုခု ပြောခါနီးမှာ အသံ တစ်ခုက သူ့ကို အနှောင့်အယှက် ပေးလာသည်။
ရုန်ရှူရဲ့ ဖုန်းက မြည်လာသည်။
ရုန်ရှူရဲ့ မျက်လုံးထဲရှိ အပြုံးတွေ မှိန်ဖျော့သွားပြီး ဖုန်းကိုင်ဖို့ အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
ချီဟန် သည် "ယောင်" ဆိုတဲ့ စကားလုံး တစ်လုံးသာ ရှင်းရှင်းလင်းလင်း မြင်ဖို့ အချိန် မီလိုက်သည်။
သူ မတွေးနိုင်ခင်မှာ နူးညံ့ညင်သာတဲ့ အမျိုးသမီးအသံက ဖုန်းရဲ့ အခြားတစ်ဖက်ကနေ ထွက်ပေါ်လာခဲ့သည်။ အသံကို နားထောင်ကြည့်ရင် အသက်က ၂၀ထက် မပိုပေ။
"...ရုန်ရှူ နင် မအိပ်သေးဘူး မဟုတ်လား? ငါ ပို့လိုက်တဲ့ သတင်းကို နင် ဖတ်ပြီးပြီလား?"
မိန်းကလေး တစ်ယောက်က မနက် တစ်နာရီမှာ ရုန်ရှူ ကို ဖုန်းခေါ်ဖို့ အတွက် အလျင်လိုနေတယ်လို့ ချီဟန် ခံစားရသည်။
ဒါပေမယ့် ဒီထင်ကြေးက မှန်၊ မမှန် မသေချာပေ။
ဘာကြောင့်လဲ ဆိုတော့ ရုန်ရှူက သူ့ရဲ့ ဖုန်းနဲ့ ရှောင်ထွက်သွားတာကြောင့် ဖြစ်သည်။
'ဒါပထမဆုံး အကြိမ်ပဲ'
______________________________________________________
Zawgyi version
ေရပူစမ္းၿမိဳ႕မွ ျပန္လာၿပီးေနာက္ ႐ုန္႐ွဴ က နည္းနည္း ထူးဆန္းေနေၾကာင္း ႐ွာေတြ႕ခဲ့သည္။ တိုးတိုး တိတ္တိတ္ ေလွ်ာက္သြားေနတာ၊ ဒါမွမဟုတ္ သူ႕ကို ေျပာစရာ႐ွိေနသလို ၾကည့္ေနတတ္တာ ကို ေတြ႕ခဲ့ရသည္။
သူ ေမးၾကည့္ဖို႔ လုပ္ခဲ့ေပမယ့္ ဘာမွ မေမးႏိုင္ခဲ့ဘူး။
ဒီအေတာအတြင္း ႐ုန္႐ွဴ ေက်ာင္းလာတာ နည္းလာၿပီး ေန႔တိုင္း အရမ္း ေနာက္က်မွ ျပန္လာခဲ့သည္။
အတန္းထဲ၌ ခ်ီဟန္ သူ႕ေဘးနား က ခုံကို အၿမဲတမ္း ၾကည့္ေလ့႐ွိလာသည္။ မ်က္စိမွိတ္လိုက္ၿပီးေနာက္ ႐ုတ္တရတ္ သတိျပန္ဝင္လာသည္။
႐ုန္႐ွဴ သူနဲ႔ အတူတူ အတန္း မတက္တာ ၾကာၿပီ။
ေႏြရာသီ အားလပ္ရက္ေတာင္ တစ္ဝက္ေလာက္ ကုန္သြားၿပီ။
အခ်ိန္ပို ၿပီးဆုံးတဲ့ အခ်ိန္မွာေတာ့ ဆရာေတြက အတန္း မဝင္ေတာ့ဘဲ စာသင္ခ်ိန္ကို ေက်ာင္းသားေတြကိုယ္တိုင္ ေလ့လာဖို႔ ခ်န္ထားခဲ့သည္။
ခ်ီဟန္ စာ႐ြက္ တစ္႐ြက္ကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အျပင္ ထုတ္လိုက္ေသာ္လည္း ေဘာပင္ထိပ္က စာ႐ြက္အေပၚ က်လာျခင္း မ႐ွိေသးေပ။
နည္းနည္း မ်က္ေမွာင္ၾကဳတ္သြားကာ သူ႕ရဲ႕ အၾကည့္ေတြ က လြတ္ေနတဲ့ စားပြဲေပၚသို႔ အခ်ိန္ အေတာ္ၾကာေအာင္ က်ေရာက္သြားသည္။
မၾကာခင္ကမွ ႐ုန္႐ွဴ က သူ႕ကို ေ႐ွာင္ေနတာ သူ ဘယ္လို ခံစားရလဲ ဆိုေတာ့...
"ခ်ီဟန္..."
အေ႐ွ႕တန္းမွာ ထိုင္ေနတဲ့ ကန္း႐ႊယ္ ေခါင္းကို လွည့္ၾကည့္ကာ "႐ုန္႐ွဴ၊ ဘာျဖစ္ေနလို႔ ေက်ာင္းမလာေသးတာလဲ? ေတာ္ေတာ္ ၾကာေနၿပီေနာ္"
သူမ တစ္ခုခု ကို အနံ႔ ရသလို ခံစားေနရတယ္။
ကန္း႐ႊယ္ ခ်ီဟန္ရဲ႕ အၾကည့္ေနာက္ လိုက္ကာ ႐ုန္႐ွဴ ရဲ႕ စားပြဲကို ၾကည့္လိုက္သည္။ ေနာက္တစကၠန္႔တြင္ သူမပါးစပ္ကို အုပ္လိုက္ကာ သူမရဲ႕ စိတ္ထဲ၌ စာလုံးေရ ၁၀၀,၀၀၀ေလာက္ ပါတဲ့ ေၾကကြဲဖြယ္ရာ ဝတၳဳတစ္ပုဒ္ကို ခ်က္ခ်င္း ဖန္တီးခဲ့သည္။
Gong က အခ်စ္ကေန ေဝးရာကို ထြက္သြားခဲ့တယ္၊ အ႐ူးအမူး ခ်စ္ေနတဲ့ Shou က ေနရာမွာ ရပ္ၿပီးေစာင့္ဆိုင္းေနခဲ့တယ္။ ႏွစ္ေပါင္း မ်ားစြာၾကာၿပီးတဲ့ ေနာက္မွာ Gong က အသိစိတ္ဝင္ၿပီး ျပန္လာခဲ့ေပမယ့္ ကံဆိုးေတာ့ Shou က ေသဆုံးသြားခဲ့ၿပီ ျဖစ္သည္။
သူမရဲ႕ ဦးေႏွာက္ထဲက ေပၚလာတဲ့ ဝတၳဳေၾကာင့္ ကန္း႐ႊယ္ရဲ႕ ႏွလုံးသားေလး နာက်င္သြားၿပီး မ်က္ႏွာကို ျပင္းျပင္း ႐ိုက္ကာ သူမကိုယ္သူမ ေျပာလိုက္သည္။
႐ုန္႐ွဴ က အဲလိုလူ မဟုတ္ဘူး။
႐ုန္႐ွဴ က အဲလိုလူ မဟုတ္ဘူး!
႐ုန္႐ွဴ က အဲလိုလူ မဟုတ္ဘူး! !
ခ်ီဟန္ကေတာ့ ကန္း႐ႊယ္ရဲ႕ အမူအရာကို သတိမထားမိဘဲ ႐ုန္႐ွဴမွာ ဘာေတြ ျဖစ္သြားတာလဲ ဆိုတာကိုသာ သိခ်င္ေနသည္။
"ငါ မသိဘူး...႐ုန္႐ွဴ က ငါ့ကို ေ႐ွာင္ေနသလိုပဲ၊ ေန႔တိုင္း နီးပါးေလာက္ ႐ွိၿပီ၊ သူ ငါ့ကို တစ္ခြန္းမွေတာင္ စကားမေျပာဘူး။ သူ ဘာေတြ လုပ္ေနတာလဲ?"
ကန္း႐ႊယ္ : "..."
'ရၿပီ၊ ကိုယ့္ကိုကိုယ္ မီးသၿဂိဳလ္လိုက္လို႔ ရၿပီ' .
ခ်ီဟန္ စကားၿပီးတဲ့ အခါ ေဒါသတႀကီးျဖင့္ ေခါင္းကို ကုတ္လိုက္သည္။
'ေရပူစမ္းၿမိဳ႕ ကို သြားၿပီး ကစားတုန္းက မင္း အရမ္း ေပ်ာ္ေနတယ္ဆိုတာ ေသခ်ာတယ္ေလ'
'ခဏေနဦး...'
အဲဒီညက သူ႕ေျခေထာက္ေတြ မသက္သာခဲ့ရင္ ဘယ္လိုလုပ္မလဲ ေမးလိုက္ၿပီးကတည္းက တစ္ဖက္လူရဲ႕ အေျခအေန က ေျပာင္းလဲသြားခဲ့တာ...
"ကန္း႐ႊယ္၊ နင့္ကို ငါ ေမးခြန္း တစ္ခုေလာက္ ေမးခ်င္လို႔"
ကန္း႐ႊယ္ WeChat အဖြဲ႕ အမည္ကို ေျပာင္းေတာ့မယ့္ သူမရဲ႕ လက္ကို ခ်က္ခ်င္း ဖယ္လိုက္ၿပီး မီတာ ၈၀၀ေလာက္ ေျပးရမယ့္ လူတစ္ေယာက္လို ေလးနက္တဲ့ အမူအရာနဲ႔ ၾကည့္လိုက္သည္။
"နင္ ေျပာၾကည့္"
"အဲဒါ..." ခ်ီဟန္ က ႐ုန္႐ွဴလို႔ တိုက္႐ိုက္ ေျပာလိုက္ခ်င္ေပမယ့္ သူေျပာဖို႔ ျပင္တဲ့ အခ်ိန္ နည္းနည္း အဆင္မေျပသလို ခံစားလိုက္ရၿပီး ခဏရပ္ကာ
"႐ုပ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းခ်က္ ႐ွိေနတဲ့ ငါ့သူငယ္ခ်င္း တစ္ေယာက္ က သူ႕အေၾကာင္း ေျပာလာတယ္၊ သူက ဘယ္ေတာ့မွ ျပန္မေကာင္းေတာ့ဘူးလို႔ ေျပာလာခဲ့ရင္ နင္ ဘာျပန္ေျပာမလဲ?"
ကန္း႐ႊယ္ : "..."
'႐ုန္႐ွဴလို႔ တိုက္႐ိုက္ ေျပာလည္း ရပါတယ္ဟယ္'
ကန္း႐ႊယ္ က "ငါ့မွာ သူငယ္ခ်င္း တစ္ေယာက္ ႐ွိတယ္..." ဆိုတဲ့ စကားကို လ်စ္လ်ဴ႐ႈဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားခဲ့သည္။ ခဏေလာက္ စဥ္းစားၿပီးမွ
"ငါသာဆိုရင္ သူ႕ကို ႏွစ္သိမ့္ေပးေလာက္တယ္။ အာ.. ေဆးကို ယုံဖို႔ေလ"
သူမ က "နင္ ဆိုရင္ေကာ၊ နင္ ဘာေျပာခဲ့လဲ" လို႔ ျပန္ေမးလာသည္။
ခ်ီဟန္ က "ငါကလား? ကိစၥမ႐ွိပါဘူး၊ ငါ့ရဲ႕ က်န္ေသးတဲ့ ဘဝတစ္ေလွ်ာက္လုံး သူနဲ႔ အတူတူ ႐ွိေပးၿပီး သူ႕ရဲ႕ ေျခေထာက္ ျဖစ္ေပးႏိုင္တယ္လို႔ ေျပာလိုက္တယ္"
ကန္း႐ႊယ္ : "..."
'ဒါကို ၾကည့္ရင္ ငါ ဘာလို႔ Single ျဖစ္ေနရတာလဲ ဆိုတာကို သိလာသလိုပဲ!'
ငိုခ်င္သလို၊ ရယ္ခ်င္သလို ျဖစ္ေနတဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာစရာ စကားမ႐ွိ ျဖစ္ေနေသာ ကန္း႐ႊယ္ ကို ခ်ီဟန္ ၾကည့္လိုက္သည္။ ခဏၾကာေတာ့ သူက ႐ိုးသားစြာျဖင့္ "မ်က္ႏွာ အေၾကာေသတာ ကို အျမန္ဆုံး ကုသသင့္တယ္" ဟု တိုက္တြန္းခဲ့သည္။
ကန္း႐ႊယ္ : "..."
'မေကာင္းတဲ့ အေကာင္! ငါ့မ်က္ရည္ေတြ ျပန္ေပး!'
ခ်ီဟန္ ေဘာပင္ကို ခ်၍ ေမးေစ့ကို ေထာက္ကာ ျပတင္းေပါက္မွ အျပင္ကို လွမ္းၾကည့္လိုက္ၿပီး
"ငါ သူ႕ကို မလိမ္ပါဘူး၊ သူက ဘာျဖစ္လို႔ ေ႐ွာင္ေနတာလဲ?..."
သူ ဒီကမ႓ာကို ေရာက္လာကတည္းက ႐ုန္႐ွဴရဲ႕ ဇာတ္သိမ္းကို ေျပာင္းလဲဖို႔ ႀကိဳးစားခဲ့သည္။
အခုအခ်ိန္ အထိ၊ မူရင္း ဇာတ္လမ္းနဲ႔ ကြဲလြဲေနၿပီး ခ်ီဟန္ေတာင္မွ ေနာက္ဆုံးရလဒ္က ဘယ္လို ျဖစ္လာမလဲဆိုတာ မသိႏိုင္ေသးေပ။
ဘယ္လိုေတြ ျဖစ္လာပါေစ၊ သူက ႐ုန္႐ွဴနဲ႔ ေနာက္ဆုံး အထိ အတူတူ ႐ွိေနမည္ ျဖစ္သည္။
ကန္း႐ႊယ္ ခ်ီဟန္ရဲ႕ မ်က္လုံးေတြ ကို ၾကည့္လိုက္သည္။ ခ်ီဟန္႔မွာ အရမ္း လွပတဲ့ မ်က္လုံးေလးေတြ ႐ွိေၾကာင္း သူမ ေတြ႕ခဲ့တာ ၾကာၿပီ ျဖစ္သည္။
အခုခ်ိန္ ထိုမ်က္လုံးေတြထဲက ခံစားခ်က္မ်ိဳးစုံကို သူမ ျမင္ႏိုင္ေနၿပီ ျဖစ္သည္။
ဒါေပမယ့္ သူမ မျမင္ႏိုင္တာက ႐ုန္႐ွဴရဲ႕ တစ္ကိုယ္ေကာင္းဆန္တဲ့ ဆႏၵေတြ ျဖစ္သည္။
ဒီမ်က္လုံးေတြ က ေရေဆးခ်ထား သလိုမ်ိဳး၊ ၾကည္လင္ေနတဲ့ ေကာင္းကင္လိုမ်ိဳး အရမ္း သန္႔႐ွင္းေနသည္။
'ခ်ီဟန္ က ႐ုန္႐ွဴ ကို မႀကိဳက္ဘူး'
ကန္း႐ႊယ္ရဲ႕ မ်က္ေတာင္ေတြ နည္းနည္း တုန္လႈပ္သြားေပမယ့္ အံ့ၾသစရာ မ႐ွိေပ။
႐ုန္႐ွဴက ဒီအေျဖကို သိၿပီး သူ႕ခံစားခ်က္ေတြ ကို ဖုံးကြယ္ထားလိုက္တာ အံ့ၾသစရာမဟုတ္ေပ။
ဘဝသက္တမ္းက ႐ွည္လ်ားလြန္းတယ္။
မိသားစု ခ်စ္ျခင္း အျပင္ အခ်စ္နဲ႔ သူငယ္ခ်င္း သံေယာဇဥ္ကသာ ဒီအေျဖကို ေျဖေပးႏိုင္လိမ့္မည္။
ဒါေပမယ့္ တစ္ေယာက္က တစ္ေယာက္ကို သေဘာက်ေနရင္ ဒါကို သူငယ္ခ်င္း သံေယာဇဥ္လို႔ ယူဆလို႔ ရႏိုင္ပါ့မလား?
"ခ်ီဟန္၊ နင္..."
'႐ုန္႐ွဴ ကို လုံးဝ မႀကိဳက္ဘူးလား?'
ကန္း႐ႊယ္ က စကားကို ဆုံးေအာင္ မေျပာေတာ့ဘဲ ႏႈတ္ခမ္းကို တင္းတင္း ေစ့လိုက္သည္။
ခ်ီဟန္က ႏွာသံနဲ႔ ျပန္ေျပာလာသည္။ "ဟင္?"
ကန္း႐ႊယ္ ခဏေလာက္ စဥ္းစားၿပီး ေနာက္တစ္မ်ိဳး ေျပာင္းၿပီး ေမးလိုက္သည္။
"႐ုန္႐ွဴ႕ အေပၚ ဘာျဖစ္လို႔ ဒီေလာက္ ေကာင္းေနရတာလဲ?"
ခ်ီဟန္ က ဒီအေျဖ ေတြးေတာင္ မေတြးဘဲ ျပန္ေျပာလိုက္သည္။
"သူက အရမ္း ေကာင္းတယ္ ထင္လို႔ေလ!"
ကန္း႐ႊယ္: "?"
ကန္း႐ႊယ္: "ဘယ္႐ႈေထာင့္ကေန ေကာင္းတာလဲ?"
ခ်ီဟန္ မ်က္ေမွာင္ၾကဳတ္ကာ "ဘယ္ေနရာ က မေကာင္းလို႔လဲ?"
"႐ုန္႐ွဴ က ဂ႐ုတစိုက္နဲ႔ ညင္သာတယ္၊ အက်င့္ေကာင္းၿပီး စာလည္း ျပန္သင္ေပးတယ္၊ အရမ္းလည္း စာနာတတ္တယ္၊ သူ႕ရဲ႕ အဆင့္ေတြလည္း ေကာင္းတယ္၊ သူက ႐ုပ္ေခ်ာတယ္၊ ဒါေပမယ့္ ႐ုန္႐ွဴကေတာ့ သူက အဲဒီေလာက္ မေကာင္းဘူးလို႔ ေျပာတယ္ မဟုတ္လား?"
'ဒီဝတၳဳထဲမွာ ငါ အႀကိဳက္ဆုံး ျဖစ္တဲ့ တစ္ဦးတည္းေသာ ဇာတ္ေကာင္ေလ'
႐ုန္႐ွဴရဲ႕ အျခား တစ္ဖက္ကို သူ ႐ွာေတြ႕လိုက္တိုင္း သူ႕ကို စိတ္လႈပ္႐ွားေစသည္။
'ဘာပဲျဖစ္ျဖစ္ သူ ႀကိဳက္တယ္ေလ'
ကန္း႐ႊယ္ က အလန္႔တၾကားနဲ႔ ေျပာလိုက္သည္။
"ခ်ီဟန္ နင္ မီတာ ၈၀၀ေလာက္ အထူ႐ွိတဲ့ filterကို တပ္ထားတယ္ ထင္တယ္။ နင္ ျမင္တဲ့ ႐ုန္႐ွဴ က ငါ သိတဲ့ ႐ုန္႐ွဴနဲ႔ မတူဘူး"
'ညင္သာတယ္...? ! !'
'ဒါက ခ်စ္သူရဲ႕ အျမင္ ျဖစ္တာေၾကာင့္ လွေနတာ ျဖစ္ႏိုင္မလား?'
ကန္း႐ႊယ္ သူမ မွားေၾကာင္း သိလိုက္ရသည္။
႐ုန္႐ွဴ ကို လူေတြက ဘာလို႔ မႀကိဳက္ၾကတာလဲ။ ခ်ီဟန္ရဲ႕ မသိစိတ္က သူ႕ကို အသိအမွတ္ျပဳမိေနတာ ျဖစ္သည္။
ကန္း႐ႊယ္ သူမ ရင္ဘတ္ သူမ ပုတ္ကာ ခ်ီဟန္႔ကို ႏိႈးဖို႔ ႀကိဳးစားလိုက္သည္။
"ဘြဲ႕ရၿပီးရင္ေကာ၊ နင္ သူနဲ႔ အတူတူ ေနဦးမွာလား? ဒါမွမဟုတ္ မိသားစု တစ္ခု တည္ေထာင္ ၿပီးရင္ေကာ?"
ခ်ီဟန္ ကန္း႐ႊယ္ ကို ေၾကာင္ေတာင္ေတာင္နဲ႔ ျပန္ၾကည့္လိုက္ၿပီး "ေသခ်ာတာေပါ့" ဆိုတဲ့ စကားလုံးကို ႐ွင္း႐ွင္းလင္းလင္း ထုတ္ေျပာဖို႔ မျဖစ္ႏိုင္သလို ခံစားလိုက္ရသည္။
'ဘြဲ႕ရတယ္၊ အိမ္ေထာင္က်တယ္'
ခ်ီဟန္ရဲ႕ ခႏၶာကိုယ္ က နည္းနည္း တုန္သြားသည္။
အခုမွပဲ သူ လ်စ္လ်ဴ႐ႈထားခဲ့တာေတြ ကို ႐ုတ္တရက္ သေဘာေပါက္သြားခဲ့သည္။
႐ုန္႐ွဴရဲ႕ ဘဝ က မူရင္းစာအုပ္ရဲ႕ ဇာတ္ေၾကာင္းအတိုင္း အၿမဲတမ္း ႐ွိေနမည္ဟု သူ႕ရဲ႕ မသိစိတ္က အၿမဲတမ္း ေတြးေနခဲ့မိသည္။
ဘြဲ႕ရကာ ႐ုန္မိသားစုကို ျဖဳတ္ခ်၍ ကလဲ့စားေခ်တာ ေအာင္ျမင္ၿပီးေနာက္ သူ႕ရဲ႕ အသက္ေမြးဝမ္းေၾကာင္း ကို ဆက္လက္ လုပ္ေဆာင္ႏိုင္ခဲ့သည္။
သူရဲ႕ အသြင္အျပင္ အားနည္းေနတဲ့ ကာလတြင္ ကဲ့ရဲ႕႐ႈတ္ခ်တာကို တတ္ႏိုင္သမွ် တားဆီးေပးၿပီး သူ႕ကို ကာကြယ္ေပးဖို႔ အေကာင္းဆုံး ႀကိဳးစားခဲ့သည္။
သို႔ေသာ္ ကန္း႐ႊယ္ရဲ႕ စကားေတြ က ထက္႐ွတဲ့ ဓားတစ္ေခ်ာင္းနဲ႔ တူေနၿပီး သူ႕ႏွလုံးသားထဲ၌ ေလးလံတဲ့ အမွတ္အသား တစ္ခု ျဖစ္ေစခဲ့သည္။
'ဟုတ္တယ္၊ ႐ုန္႐ွဴက စာေရးဆရာ အလိုက် ေရးထားတဲ့ အ႐ုပ္ မဟုတ္ေတာ့ဘူး'
အစက ဇာတ္ေၾကာင္းဟာ တစ္လမ္းေမာင္း နဲ႔ တူခဲ့ေသာ္လည္း တခဏခ်င္း အခ်ိဳးအေကြ႕ မ်ားစြာ ႐ွိလာခဲ့သည္။
ခ်ီဟန္က သူ႕လွ်ာဖ်ားကို သြားနဲ႔ ထိကပ္လိုက္ၿပီး စိတ္ထဲကေန အသံတိတ္ စကားတစ္ခြန္းကို ေျပာလိုက္မိသည္။
'လက္ထပ္တာ'
႐ုန္႐ွဴရဲ႕ စိတ္ခံစားခ်က္နဲ႔ ဆိုင္တဲ့ ဇာတ္ေၾကာင္းကို ဝတၳဳတြင္ မေဖာ္ျပထားတာေၾကာင့္ ႐ုန္႐ွဴက ဒီကမ႓ာေပၚ႐ွိ ဘယ္သူကိုမွ် မႀကိဳက္ေၾကာင္း ခ်ီဟန္ရဲ႕ မသိစိတ္က အၿမဲတမ္း ခံစားေစခဲ့သည္။
အခုေတာ့ စိုးရိမ္စိတ္နဲ႔ တူတဲ့ တစ္စုံတစ္ခု က သူ႕ႏွလုံးသားထဲတြင္ ႐ုတ္တရက္ ေပၚေပါက္လာခဲ့သည္။
'အခ်ိန္ အၾကာႀကီး ကာကြယ္ေပးခဲ့ရတဲ့သူ က တျခားသူနဲ႔ ထြက္ေျပးသြားတာ ကို ဘယ္လို ေျပာရမလဲ?'
ခ်ီဟန္ ႐ုတ္တရက္ မေက်မနပ္ ျဖစ္လာကာ ေျခေထာက္ကို ေဆာင့္နင္းၿပီး စာအုပ္ကို ေဒါသတႀကီးနဲ႔ တြန္းထုတ္လိုက္သည္။
ေျပာရရင္ေတာ့...
'ကိုယ္ပိုင္ ေဂၚဖီထုပ္ က အျခားသူရဲ႕ ဝက္ အေနာက္ကို လိုက္ေျပးသြားသလိုမ်ိဳး ဘာျဖစ္လို႔ ခံစားေနရတာလဲ? !'
ဒီရက္ေတြမွာ ႐ုန္႐ွဴ ေ႐ွာင္တိမ္းေနတာကို ေတြးမိၿပီး ခ်ီဟန္ အခ်ည္းအနီး ျဖစ္သြားသလို ခံစားလိုက္ရသည္။
အဲဒီလို အေၾကာင္းေတြ ေတြးလိုက္ရင္ သူ ဘာေၾကာင့္ စိတ္မေကာင္း ျဖစ္ရမွန္း မသိဘဲ၊ အသိုက္အလြတ္ကို ေတြ႕လိုက္ရတဲ့ ငွက္အေဖႀကီးလို ခံစားလိုက္ရသည္။
ေအာင္ျမင္စြာ ကူညီၿပီးေနာက္ ကန္း႐ႊယ္ က အၿငိမ္းစားယူလိုက္တဲ့ အထီးက်န္ မာစတာ တစ္ေယာက္လို ျပဳံးၿပီး ၾကည့္ေနခဲ့သည္။
ဒီဟာက မ႐ွင္းမလင္း ျဖစ္ေနတဲ့သူကို ႏိုးထေစဖို႔ မွန္ကန္တဲ့ နည္းလမ္းပဲ။
***
ေနာက္အတန္း၌ ခ်ီဟန္ က ၿငိမ္က်သြားၿပီး တုံ႔ဆိုင္းစြာနဲ႔ စာ႐ြက္ကို ထုတ္ကာ ေရးလိုက္သည္။
သူ ေက်ာင္းမွ အိမ္ ျပန္ေရာက္ၿပီးတာေတာင္ ႐ုန္႐ွဴ ျပန္ေရာက္မလာေသးေခ်။
သူ လက္ေထာက္ဆီ စာနည္းနည္း ပို႔ၿပီး ခဏၾကာေတာ့ တစ္ဖက္လူက ႐ုန္႐ွဴက အစည္းအေဝးခန္းထဲမွာ ႐ွိေနကာ ၃နာရီခန္႔ ၾကာမွ ၿပီးမွာ ျဖစ္ေၾကာင္း စာျပန္လာခဲ့သည္။
ည တစ္နာရီေလာက္မွာ ေအာက္ထပ္ တံခါးကေန အသံ တိုးတိုးေလး ထြက္လာသည္။
႐ုန္႐ွဴ ျပန္လာၿပီ။
ယာဥ္ေမာင္းက သူ႕အတြက္ တံခါးပိတ္ေပးၿပီး ျပန္ထြက္သြားသည္။
႐ုန္႐ွဴ အေမွာင္ထုထဲတြင္ သူ႕နဖူးသူ ပြတ္လိုက္သည္။
မၾကာေသးမီက ႐ုန္ကြမ္းယြီ ေမ့လဲၿပီး ေဆး႐ုံတက္ခဲ့ရသည္။ ႐ွဴမန္ က ႐ုန္မိသားစုကို သိမ္းပိုက္ဖို႔ မေစာင့္ႏိုင္ေတာ့ေပ။ သူမ ပထမဆုံး လုပ္ခဲ့တာက သူ႕ကို ဖိႏွိပ္ဖို႔ပဲ ျဖစ္သည္။
သူ႕မ်က္လုံးေတြ ေအးစက္သြားသည္။
ဒီ႐ူးေနတဲ့ မိန္းမ က ရန္သူကို ႏွိပ္စက္တတ္တဲ့ စိတ္ဓာတ္ျဖင့္ ဒီေနရာသို႔ ေရာက္လာခဲ့သည္။
ဒါေပမယ့္ အဲဒါလည္း ေကာင္းပါတယ္၊ ဒီနည္းနဲ႔ဆို ႐ုန္ မိသားစုက ျမန္ျမန္ အဆုံးသတ္သြားလိမ့္မယ္။
႐ုန္႐ွဴ ေခါင္းကို နည္းနည္း ေမာ့ကာ နက္ကတိုင္ကို ျဖည္လိုက္သည္။ သူ႕မ်က္လုံးထဲ၌ ၿငီးေငြ႕မႉေတြ ျပည့္ေနၿပီး ေႏြးေထြးမႈ လုံးဝ မ႐ွိေပ။
ဝွီးခ်ဲလ္ကို ထိန္းၿပီး အထဲကို ဝင္လိုက္သည္။ ဆိုဖာေပၚကို ၾကည့္လိုက္တာနဲ႔ သူ႕မ်က္လုံးေတြက ႐ုတ္တရက္ႀကီး ႏူးညံ့သြားသည္။
ဆိုဖာေပၚမွ ဆယ္ေက်ာ္သက္ေလး က ေခါင္းေမာ့ကာ အိပ္ေနသည္။ လက္ထဲတြင္ ေဘာပင္တစ္ေခ်ာင္း ကိုင္ထားၿပီး ေကာ္ဖီ စားပြဲေပၚ၌ စာ႐ြက္တစ္႐ြက္ကို တင္ထားေပမယ့္ စာ႐ြက္ က တြန္႔လိမ္ေနသည္။
သူ႕ေခါင္းက ဆိုဖာေပၚမွာ လွိမ့္ထားတာေၾကာင့္ ဆံပင္ေတြက ႐ႈပ္ပြေနခဲ့သည္။
အနည္းငယ္ ဟ,ေနတဲ့ ႏႈတ္ခမ္းသားေတြ ၾကားထဲတြင္ ပန္းေရာင္ လွ်ာေလးကို ေတြ႕ႏိုင္သည္။
႐ုန္႐ွဴ ဆိုဖာေဘးမွာ ရပ္လိုက္ၿပီး ေကာင္ေလး ကို ထိခ်င္သလို လက္ကို ေျမႇာက္လိုက္ေပမယ့္ မၾကာခင္မွာပဲ လက္ကို ျပန္ခ်လိုက္သည္။
'သူ႕လက္ေခ်ာင္းေတြက ေအးစက္လြန္းေနတယ္'
စိတ္ထဲ က ေအးစက္ေနတဲ့ အေတြးေတြ အားလုံး ေပ်ာက္ကြယ္သြားၿပီး အခုအခ်ိန္ ထိုနက္ေမွာင္ေနတဲ့ မ်က္လုံးေတြ အထဲမွာ ခ်ီဟန္တစ္ေယာက္သာ ႐ွိေတာ့သည္။
ေရပူစမ္းၿမိဳ႕မွ ျပန္လာၿပီးေနာက္ သူ႕ခႏၶာကိုယ္ ကို စစ္ေဆးဖို႔ သြားခဲ့သည္။
စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားေသာ္လည္း ဆရာဝန္ရဲ႕ မေကာင္းတဲ့ အေျဖကို ၾကားၿပီးေနာက္ စိတ္ပ်က္ရေသးသည္။
ဒါေပမယ့္ တစ္ခ်ိန္တည္းမွာ စိတ္သက္သာရာရတာလည္း ႐ွိသည္။
အခုခ်ိန္က စၿပီး စိတ္ကူးေတြ ကို စြဲလန္းေနစရာ မလိုေတာ့ေပ။
ရက္အနည္းငယ္ အတြင္း ကိုယ့္ကိုကိုယ္ မထိန္းႏိုင္တဲ့ စိတ္ေၾကာင့္ သူ ခ်ီဟန္႔ကို ေ႐ွာင္ေနသလို ျဖစ္ခဲ့သည္။ ခ်ီဟန္ အိပ္ေပ်ာ္သြားရင္ ခ်ီဟန္႔ တံခါးရဲ႕ အျပင္ဘက္မွာ တစ္ညလုံး အ႐ူးတစ္ေယာက္လို ေနခဲ့ၿပီး မိုးမလင္းမီ အလ်င္အျမန္ ထြက္ေျပးခဲ့သည္။
ရက္အနည္းငယ္ ၾကာၿပီးေနာက္မွာ ေဆးဘက္ဆိုင္ရာ ကိရိယာအသစ္ကို ထုတ္လုပ္တဲ့ ဌာနခ်ဳပ္႐ွိရာ ႏိုင္ငံ L၌ ထပ္မံ ႀကိဳးစားဖို႔ ဆရာဝန္က အၾကံျပဳခဲ့သည္။
႐ုန္႐ွဴ ေခါင္းငုံ႔၍ စာ႐ြက္စာတမ္းေပၚတြင္ သူ႕နာမည္ကို ေရးကာ ဆရာဝန္ကို ဘာမွန္းမသိဘဲ စိုက္ၾကည့္ေနမိသည္။
ဘာပဲျဖစ္ျဖစ္ေလ။
ေလာကမွာ႐ွိတဲ့ အရာေတြက ယုတၱိမတန္္ေပ၊ လူေတြက လုံးဝ လက္ေလွ်ာ့ပစ္လိုက္ၿပီ ဆိုရင္ အခ်ိဳးအေကြ႕တစ္ခု ႐ွိလာျပန္သည္။
ဆရာဝန္က အခ်က္အလက္ေတြ ေပးပို႔လိုက္ၿပီး သိပ္မၾကာခင္မွာပဲ တစ္ဖက္က အေၾကာင္းျပန္လာသည္။
အၾကမ္းဖ်င္း အယူအဆကေတာ့ သူတို႔ ႀကိဳးစားၾကည့္လို႔ ရေပမယ့္ သူ႕ တစ္ကိုယ္လုံး ျပန္လည္ စစ္ေဆးဖို႔ လိုအပ္သည္။
ထိုသတင္းကို ရ႐ွိၿပီးေနာက္ ႐ုန္႐ွဴ အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ သြားခဲ့သည္။
ေနာက္ဆုံးေတာ့ သူ သေဘာတူခဲ့သည္။
ဒါေပမယ့္ အဲဒီ အဓိပၸါယ္ က ခ်ီဟန္နဲ႔ ခဏေလာက္ ခြဲေနရတာကို ဆိုလိုတာ ျဖစ္သည္။
ဒါမွမဟုတ္လည္း အခ်ိန္ အၾကာႀကီးေပ့ါ။
႐ုန္႐ွဴရဲ႕ လက္ေခ်ာင္းထိပ္ေတြ နည္းနည္း လႈပ္သြားၿပီး ခ်ီဟန္ရဲ႕ မ်က္ခုံးေမႊးေလးေတြ ကို သူ႕မ်က္လုံးေတြ က အနီးကပ္ ေသခ်ာ ပုံေဖာ္၍ မွတ္ထားသည္။
မၾကာခင္ သူ႕မွာ ဒါေတြပဲ က်န္ခဲ့လိမ့္မယ္။
"...႐ုန္႐ွဴ?"
ခ်ီဟန္ရဲ႕ အေနအထားက တကယ္ကို အိပ္လို႔ အဆင္မေျပေပ။ မ်က္လုံးဖြင့္ၿပီး သူ႕လည္ပင္းကို တစ္ခ်က္ ႏွိပ္လိုက္သည္။
ခ်ီဟန္ : "..."
သူ ျပဳံး၍ ထထိုင္ကာ လည္ပင္းကို ပြတ္လိုက္သည္။ ႐ုန္႐ွဴ ကို ျပဳံးျပကာ ေခၚလိုက္ၿပီး တစ္ခုခုကို သတိရသြားသလိုနဲ႔ နံရံေပၚ႐ွိ နာရီကို ၾကည့္ဖို႔ ေခါင္းကို လွည့္လိုက္သည္။
"ဘယ္အခ်ိန္႐ွိၿပီလဲ? ည ၁နာရီ! မင္း အခုမွ ျပန္ေရာက္တာလား?"
႐ုန္႐ွဴ က သူ႕ကို ၾကည့္လိုက္သည္။
ခ်ီဟန္ က "မင္းရဲ႕ အမူအရာနဲ႔ အ႐ူးလုပ္လို႔ ရမယ္ ထင္ေနလား?! အခုပဲ ငါ ရဲကို ဖုန္းဆက္ၿပီး မင္း ေပ်ာက္ေနတယ္လို႔ ေျပေပးရမွာလား?"
႐ုန္႐ွဴ မထိန္းႏိုင္ေတာ့ဘဲ သူ႕ရဲ႕ ႏႈတ္ခမ္းေထာင့္ေတြ တြန္႔ေကြးသြားကာ ရယ္သံေတြ ထြက္ေပၚလာသည္။
ခ်ီဟန္က စိုက္ၾကည့္ရင္း "ရယ္ႏိုင္ေသးတယ္ေပါ့!"
႐ုန္႐ွဴ က သူ႕ႏႈတ္ခမ္းေထာင့္ေတြ ကို ခ်က္ခ်င္း ျပန္ျဖန္႔လိုက္ၿပီး
"အင္း၊ မရယ္ေတာ့ဘူး"
ခ်ီဟန္ : "..."
ခ်ီဟန္ တစ္ခုခု ေျပာခါနီးမွာ အသံ တစ္ခုက သူ႕ကို အေႏွာင့္အယွက္ ေပးလာသည္။
႐ုန္႐ွဴရဲ႕ ဖုန္းက ျမည္လာသည္။
႐ုန္႐ွဴရဲ႕ မ်က္လုံးထဲ႐ွိ အျပဳံးေတြ မွိန္ေဖ်ာ့သြားၿပီး ဖုန္းကိုင္ဖို႔ အိတ္ကပ္ထဲမွ ဖုန္းကို ထုတ္လိုက္သည္။
ခ်ီဟန္ သည္ "ေယာင္" ဆိုတဲ့ စကားလုံး တစ္လုံးသာ ႐ွင္း႐ွင္းလင္းလင္း ျမင္ဖို႔ အခ်ိန္ မီလိုက္သည္။
သူ မေတြးႏိုင္ခင္မွာ ႏူးညံ့ညင္သာတဲ့ အမ်ိဳးသမီးအသံက ဖုန္းရဲ႕ အျခားတစ္ဖက္ကေန ထြက္ေပၚလာခဲ့သည္။ အသံကို နားေထာင္ၾကည့္ရင္ အသက္က ၂၀ထက္ မပိုေပ။
"...႐ုန္႐ွဴ နင္ မအိပ္ေသးဘူး မဟုတ္လား? ငါ ပို႔လိုက္တဲ့ သတင္းကို နင္ ဖတ္ၿပီးၿပီလား?"
မိန္းကေလး တစ္ေယာက္က မနက္ တစ္နာရီမွာ ႐ုန္႐ွဴ ကို ဖုန္းေခၚဖို႔ အတြက္ အလ်င္လိုေနတယ္လို႔ ခ်ီဟန္ ခံစားရသည္။
ဒါေပမယ့္ ဒီထင္ေၾကးက မွန္၊ မမွန္ မေသခ်ာေပ။
ဘာေၾကာင့္လဲ ဆိုေတာ့ ႐ုန္႐ွဴက သူ႕ရဲ႕ ဖုန္းနဲ႔ ေ႐ွာင္ထြက္သြားတာေၾကာင့္ ျဖစ္သည္။
'ဒါပထမဆုံး အႀကိမ္ပဲ'
______________________________________________________