Slowly Falling For Changkong...

Bởi ANyein_26

50.2K 5.4K 165

COMPLETED ✔️ Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.1... Xem Thêm

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-18.1

785 111 12
Bởi ANyein_26


"အခု ရှင်အလုပ်ဆင်းပြီ"

ရွှီလျန်က ဖုန်းမျက်နှာပြင်အား ရှန့်ချန်ခုန်းကိုပြရင်းပြောလေသည်။

ရွှီလျန်၏ဖုန်းမျက်နှာပြင်၌ 00:00 ဟူသောအဖြူရောင်နံပါတ်ကြီးတွေကိုမြင်သည့်အခါ ရှန့်ချန်ခုန်းသည် ခဏတာမျှပြောစရာစကားကင်းမဲ့သွားခဲ့၏။ ယခုလိုညသန်းခေါင်မှာ နေနေသာသာ နေ့ခင်းဘက်အချိန်မှာတောင် မိန်းမငယ်လေးတစ်ယောက်၏အိမ်ထဲသို့ဝင်ရန်ပင် သူ့အတွက်မသင့်တော်..

ရှန့်ချန်ခုန်း ပြန်ဖြေရန် စကားလုံးရှာမရဖြစ်နေသည်ကိုမြင်တော့ ရွှီလျန်မေးလိုက်၏။

"ဒါမှမဟုတ် ရှင့်မှာတခြားပို့စရာတွေများရှိသေးလို့လား"

"မရှိပါဘူး မရှိပါဘူး"

"ဒါဆို အထဲဝင်ပြီးလာထိုင်လေ... ကျွန်မကအကင်တွေအများကြီးမှာထားတာ ဒါတွေအကုန်လုံးကိုကျွန်မတစ်ယောက်တည်းစားနိုင်မယ်လို့မထင်ဘူး"

"ဒါ....ဒါကသိပ်မကောင်းလောက်ဘူး......"

"ဘာဖြစ်လို့လဲ?"

ရွှီလျန်မျက်ဝန်းတွေကကြည်လင်နေပြီး သူမက သူ့ကိုတည့်တည့်စိုက်ကြည့်နေ၏။ ဒီလောက်နောက်ကျနေတဲ့အချိန်မှာတောင် ယောက်ျားတစ်ယောက်က သူမအိမ်ထဲရောက်ရှိနေခြင်းမှာ ဘာမှမထူးဆန်းနေသကဲ့သို့ပင်...

ရှန့်ချန်ခုန်း ဘာပြောရမှန်းတောင်မသိတော့ ၊ သူကသာလျှင် ဤကဲ့သို့ညစ်ညမ်းသောအတွေးများရှိနေသည့်သူတစ်ယောက်လို ခံစားနေရ၏။

"အရင်တစ်ခေါက်တုန်းက ရှင်ကကျွန်မကိုကူညီပေးခဲ့တာလေ ဒါပေမဲ့ ကျွန်မမှာ ရှင့်ကိုသေချာကျေးဇူးတင်ဖို့ရာအတွက် အခွင့်အရေးမရှိခဲ့ဘူး။ ကျွန်မရဲ့ကျေးဇူးတင်မှုကိုဖော်ပြဖို့ညစာအတွက် ကျွန်မကရှင့်ကိုဖိတ်နေတာပါ"

ရွှီလျန်၏အကြောင်းပြချက်ကခိုင်လုံသည်။ သူမလေးက တံခါးနားမှာရပ်နေရင်း သူ့အဖြေကိုစိတ်ရှည်ရှည်ဖြင့်စောင့်နေလျက်ရှိ၏။ နောက်ဆုံး၌ ရှန့်ချန်ခုန်း သူ့နှုတ်ခမ်းထောင့်တွေတွန့်ချိုးသွားခဲ့သည်။

"ကောင်းပါပြီ ကျွန်တော့်ကိုခွင့်ပြုပါဦး"

ရွှီလျန်က သူ့ကိုအိမ်တွင်းစီးဖိနပ်တစ်ရံပေး၍ တံခါးနားတွင်ချထားပေးလိုက်သည်။ ရှန့်ချန်ခုန်း ဖိနပ်စီးပြီးနောက် အထဲသို့ ရွှီလျန်အနောက်မှလိုက်လာခဲ့တော့သည်။

အပင်များစုဝေးနေသော ကျယ်ဝန်းသည့်ဧည့်ခန်းတစ်ခုကိုဖြတ်ကျော်လာခဲ့သည်။ နံရံတစ်ဖက်တွင် အဖြူအမည်းအုတ်ကြွေပြားများဖြင့်ပြည့်နေပြီး အရောင်တူခေါင်းအုံးနှစ်လုံးနှင့်အတူ အဖြူရောင်ဆိုဖာတစ်လုံးရှိနေ၏။ ရွှီလျန်သည် မီးဖိုချောင်သို့သွားကာပန်းကန်တစ်ချပ်ကိုယူ၍ ဆိုဖာရှေ့ရှိကော်ဖီစားပွဲပေါ်တွင်တင်လိုက်သည်။ သူမက မတ်တပ်ရပ်နေသောရှန့်ချန်ခုန်းဘက်သို့လှည့်ကာဆို၏။

"လာထိုင်လေ"

"အာ ဟုတ်"

ရှန့်ချန်ခုန်း နည်းနည်းရှက်သလိုခံစားနေရသည်။ သူ့အဝတ်အစားတွေက သူမ၏သန့်ရှင်းလှသောဆိုဖာကို ညစ်ပတ်သွားမှာကိုစိုးရိမ်နေသဖြင့် သူက အစွန်းနားလေးမှာသာထိုင်လိုက်၏။ ရွှီလျန်သည် ကော်ဖီစားပွဲအနားမှာဆောင့်ကြောင့်ထိုင်လျက် အစားအသောက်ထည့်ထားတဲ့ဘူးကိုဖွင့်ပြီး အချောင်းတစ်ချောင်းကမ်းပေးလိုက်သည်။

"ဒီမှာအမဲသားချောင်း"

"ကျေးဇူးတင်ပါတယ်"

ရှန့်ချန်ခုန်း လက်ခံလိုက်သော်ငြားလည်း မစားခဲ့ပေ။

ရွှီလျန်က စားစရာတွေအကုန်လုံးကို ပန်းကန်ပြားပေါ်ပြောင်းထည့်၍ ဘူးကိုအဝေးလွှင့်ပစ်ရန်မတ်တပ်ထရပ်ကာမေး၏။

"ရှင်ဘာသောက်ချင်လဲ"

ရှန့်ချန်ခုန်း ခေါင်းယမ်းလျက်

"မလိုတော့ပါဘူး"

ရွှီလျန်သည် မီးဖိုချောင်ထဲသွားနေရင်း တစ်ခဏတွေးနေခဲ့၏။ ထို့နောက် တစ်ခုခုရှာရန် သူမရေခဲသေတ္တာကိုဖွင့်လိုက်သည်။ အကင်နှင့်ကောင်းကောင်းလိုက်ဖက်နိုင်မည့်ဘီယာဘူးတချို့ရှိနေ၏။ ဒါပေမဲ့ ရှန့်ချန်ခုန်းကအိမ်ကိုကားမောင်းပြန်ရမှာ*၊ ဒါကိုအရက်သောက်ပြီးမောင်းတယ်လို့ယူဆလို့ရတယ်မလား? ဟုတ်တယ်မလား?

(*စကူတာမောင်းပြီးပြန်ရမှာကိုပြောတာပါ ရှန့်ချန်ခုန်းကသူ့စကူတာလေးနဲ့ပစ္စည်းပို့နေကြပါ )

အဆုံးမှာတော့ သူမကဘီယာဘူးကိုမယူတော့ဘဲ ထိုအစား သူမလုပ်ထားခဲ့သောလိမ္မော်ရည်နှစ်ခွက်ကိုသာယူလာခဲ့တော့သည်။

ရွှီလျန် ဖန်ခွက်တွေကိုအပြင်ထုတ်လာသည့်အချိန်၌ သူမသည် ရှန့်ချန်ခုန်းဟာသူမထွက်သွားခဲ့သည့်အချိန်ကအတိုင်း တစ်ပုံစံတည်းထိုင်နေလျက် သူ့လက်ထဲတွင်လည်းအကင်အချောင်းလေးရှိနေသေးကြာင်း မြင်လိုက်ရလေသည်။ 'ချစ်စရာကောင်းတယ်'ဆိုသည့်စကားလုံးက ရွှီလျန်စိတ်ထဲဖြတ်ပြေးလာခဲ့ပြီး သူမအမူအရာကလည်း ငေးကြောင်ကြောင်ဖြစ်သွားမိခဲ့သည်။

သူမက လိမ္မော်ရည်တစ်ခွက်ကို ရှန့်ချန်ခုန်းအရှေ့ချပေးရင်း စကားဆို၏။

"ဘာလို့မစားသေးတာလဲ ရှင်ကအမဲသားမကြိုက်ဘူးလား? အဲဒီအစားကြက်သားလိုချင်လား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး ကျွန်တော်အမဲသားစားပါတယ်"

နောက်ဆုံးမှာတော့ ရှန့်ချန်ခုန်းသည် သူ့လက်ထဲကအမဲသားတံစို့ကို တစ်ကိုက်ကိုက်လိုက်၏။ အကင်အနံ့ကမွှေးကြိုင်ပြီး အသားပေါ်တွင်လည်းဟင်းခတ်အမွှေးအကြိုင်အများကြီးရှိနေသည်။ အသားကိုဆော့စ်ဖြင့်သုတ်လိမ်းထားပေမဲ့ ရှန့်ချန်ခုန်းကတော့ ဘာတစ်ခုမှအရသာရှိမနေခဲ့။

ရွှီလျန်က အကင်ချောင်းတစ်ချောင်းကိုယူ၍ ရှန့်ချန်ခုန်းဘေးနားကဆိုဖာပေါ်ထိုင်လိုက်သည်။ သူမနီးကပ်လာသည်နှင့်အမျှ ရှန့်ချန်ခုန်းမှာတော့ ပို၍တောင့်တောင့်ကြီးထိုင်နေမိလာ၏။

သူ၏စိတ်လှုပ်ရှားမှုတွေက ရွှီလျန်နှင့်ဆိုသိသာထင်ရှားလှသည်။ ထို့ကြောင့် သူ့ကိုစိတ်သက်သာရာရစေရန်အလို့ဌာ သူမကပဲ စကားစမြည်ပြောရန်အစချီလိုက်၏။

"ရှင်ဒီလောက်နောက်ကျတဲ့အထိအော်ဒါလိုက်ပို့မှန်းကျွန်မမသိခဲ့ဘူး"

"တခြားကုမ္ပဏီတွေကိုတော့ကျွန်တော်မသိဘူး ဒါပေမဲ့ ကျွန်တော်တို့ကုမ္ပဏီကတော့ မနက်(၃)နာရီထိအော်ဒါပို့တယ်"

"ဒီလောက်နောက်ကျတဲ့ထိ? စားသောက်ဆိုင်တွေအကုန်လုံးကပိတ်သွားပြီမဟုတ်ဘူးလား"

"တချို့စားသောက်ဆိုင်တွေကနောက်ကျမှပိတ်တာ ဒါပေမဲ့ ခဏခဏနောက်ကျမှမစားနဲ့.. မင်းကျန်းမာရေးအတွက်မကောင်းဘူး"

"အင်း တကယ်တော့ ကျွန်မကညလယ်စာစားခဲပါတယ် လက်ဆောင်ဘူးအချို့ကိုမီအောင်လုပ်နေခဲ့လို့ပါ... ကျွန်မတကယ်ဗိုက်ဆာလာတာ"

ယခုလက်ရှိ သူတို့စကားပြောနေတဲ့တိုတောင်းလှသောအချိန်မှာတောင် သူမလေးကအမဲသားအကင်ချောင်းနှစ်ချောင်းနှင့်နံရိုးတစ်ချောင်းစားပြီးသွားပြီမှန်း ရှန့်ချန်ခုန်းပြောနိုင်၏။

သူမစောစောတုန်းကပြောခဲ့တာက အများကြီးအော်ဒါမှာထားခဲ့တာမလို့ကုန်အောင်မစားနိုင်ဘူးတဲ့... ဒါပေမဲ့ ရှန့်ချန်ခုန်းကတော့ သူမမှာထားတာတွေက တကယ်တမ်း သူမအတွက်တောင်လောက်မှာမဟုတ်ဘူးလို့ထင်တယ်။

သူ့လက်ထဲကအကင်ချောင်းကိုစားပြီးနောက် သူက နောက်ထပ်မယူတော့ဘဲ လိမ္မော်ရည်ကိုသာတစ်ငုံသောက်လိုက်သည်။ အရမ်းညနက်နေပြီဖြစ်သည့်အတွက် အရာအားလုံးကတိတ်ဆိတ်နေလျက်ရှိသည်။ သူတို့စကားပြောရပ်လိုက်ချိန်တွင် တိတ်ဆိတ်မှုက နေ့ခင်းဘက်အချိန်တွေထက်တောင် အဆရာပေါင်းမကကြာရှည်နေခဲ့၏။

".....ဒီမှာမင်းတစ်ယောက်တည်းနေတာလား?"

ရှန့်ချန်ခုန်းအမေးပြုလိုက်သည်။

ရွှီလျန်ခေါင်းညိတ်ပြလျက်

"ကျွန်မက Starlight ပန်းခြံနဲ့နီးချင်လို့လေ အဲဒါကြောင့် ဒီကိုပြောင်းလာခဲ့တာ၊ ကျွန်မမိဘတွေကတော့အခြားတစ်နေရာမှာနေတယ်... ပုံမှန်ဆို ကျွန်မမိဘတွေက နေရာတစ်ခုတည်းမှာပဲအကြာကြီးနေလေ့မရှိဘူး။ ကျွန်မအဖေကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်တာဆိုတော့ ပရောဂျက်တွေပြောင်းတာနဲ့နေရာပြောင်းရတယ်.. ကျွန်မအမေကသူ့နောက်ပဲလိုက်နေတာ"

သူမဆိုင်မှာ သူနှင့်သူမစကားပြောခဲ့တာအပါအဝင် ဒီတစ်ကြိမ်က ရွှီလျန် သူ့ကိုအများဆုံးစကားပြောဖူးတာပဲ ၊ ပြောတာကလည်းသူမမိသားစုနဲ့တောင်ပတ်သတ်နေခဲ့တယ်။

ရှန့်ချန်ခုန်းသည် သူမနှင့်စကားပြောရတာသဘောကျ၏။ အချိန်အများစုမှာ သူကနားထောင်သူတစ်ယောက်ဖြစ်နေခဲ့လျှင်တောင်မှပဲ.....

"နောက်တစ်ချောင်းစားဦးမလား"

ရွှီလျန်သည် ရှန့်ချန်ခုန်းကလိမ္မော်ရည်ခွက်ကို အတန်ကြာကိုင်ထားမှန်းသတိပြုမိလိုက်သည်။ သူမက သူ့ကိုအကင်ချောင်းအများအပြားလှမ်းပေးလျက်ဆို၏။

"အားမနာပါနဲ့"

"အာ အင်း ကျေးဇူးတင်ပါတယ်"

ရှန့်ချန်ခုန်း သူမပေးလာတာတွေကို အလောတကြီးလက်ခံလိုက်၏။ ရွှီလျန်က သူ့ကိုကြက်အတောင်ပံများနှင့်နံရိုးများကမ်းပေးလာသည်။ ကယ်လိုရီတွေအရမ်းများတာပဲ...

ဤအချိန်အတောအတွင်း ရွှီလျန်က သူမလက်တွေဖြင့် ကြက်တောင်ပံတွေကိုစားနေ၏။ စားပြီးနောက် သူမလက်တွေကိုသုတ်ရန် တစ်ရှူးတစ်ရွက်ယူလိုက်သည်။

"ကျွန်မမှာဆိုင်ဝန်ထမ်းလေးတစ်ယောက်ရှိတယ်လေ ရှင်သူ့ကိုမှတ်မိလား? သူမကရှင့်အကြောင်းကိုအရမ်းသိချင်နေတာ"

ရှန့်ချန်ခုန်း ပဟေဠိဖြစ်နေလျက်

"သိချင်တယ်?"

"အင်း"

ရွှီလျန်သည် သူမလိမ္မော်ဖျော်ရည်ခွက်ကိုကောက်ကိုင်၍ တစ်ငုံသောက်လိုက်၏။

"သူမကတက်သစ်စဇာတ်ညွှန်းရေးဆရာတစ်ယောက်လေ.. အထူးသဖြင့် လူတွေကိုစောင့်ကြည့်လေ့လာရတာကိုစိတ်ဝင်စားတယ်"

"ဒါကြောင့်ကိုး"

အံဩစရာမရှိတော့ပါဘူး။ ရှန့်ချန်ခုန်း အော်ဒါလာပို့သည့်အချိန်တိုင်း သူမကသူ့ကို အမြဲတမ်းစပ်စပ်စုစုမျက်လုံးတွေဖြင့်ကြည့်နေတယ်လို့ သူခံစားနေရတာ...

"သူမကရှင်နဲ့အင်တာဗျူးလုပ်ဖို့စိတ်အားထက်သန်နေမယ်လို့ကျွန်မထင်တယ်၊ ကျွန်မမှာအခွင့်အရေးရနေပြီဆိုတော့ မေးခွန်းနည်းနည်းမေးပြီး ကျွန်မသူ့ကိုကူညီလိုက်မယ်.. ရှင် ရှင့်အလုပ်နဲ့ပတ်သတ်ပြီးဘယ်လိုခံစားရလဲ"

"ကျွန်တော်ဘယ်လိုခံစားရလဲ?"

ဤမေးခွန်းကိုတော့ ရှန့်ချန်ခုန်းမရယ်ဘဲမနေနိုင်တော့ ၊ ဒီလိုမျိုးခံစားချက်ဆိုင်ရာမေးခွန်းတွေက ဆရာမတစ်ယောက်ကသူတို့ကျောင်းသားကိုမေးနေသလိုမျိုးပဲ...

ခဏကြာစဉ်းစားပြီးနောက် ရှန့်ချန်ခုန်းပြန်ဖြေ၏။

"ကျွန်တော် ဒါနဲ့ပတ်သတ်ပြီးဘာမှအထွေအထူးမခံစားရဘူး၊ ကျွန်တော်လဲသိချင်တယ် ယနေ့ခေတ်မှာ လူတွေကဘာလို့မချက်ပြုတ်ကြတော့တာလဲ?"

"ဖွီးးးးး"

ရွှီလျန် ရယ်ချလိုက်မိတော့သည်။

"သူတို့မချက်တက်လို့နေမှာပေါ့ ကျွန်မလိုလေ"

ထိုသို့ပြောပြီးနောက် ရွှီလျန် ရှန့်ချန်ခုန်းကိုကြည့်လျက်

"အိုး အရင်တစ်ခေါက် ကျွန်မရှင့်အိမ်လာတုန်းက ရှင်ချက်ပြုတ်နေခဲ့တာလေ.. ဘယ်လိုချက်ပြုတ်ရမလဲဆိုတာရှင်သိတယ်ပေါ့"

ရှန့်ချန်ခုန်းပြန်ဖြေရင်း နည်းနည်းရှက်အန်းအန်းဖြစ်နေမိသည်။

"ကျွန်တော်ကအဲလောက်ထိတော့မကောင်းပါဘူး ဒီအတိုင်းအဆင်ပြေတယ်ဆိုရုံပါပဲ"

"နောက်တစ်ခေါက်ရှင်အားတယ်ဆိုရင် ရှင်လာပြီးတော့ကျွန်မကိုဘယ်လိုချက်ရလဲဆိုတာသင်ပေးပါလား? ကျွန်မရှင့်ကိုသင်ယူခပေးပါ့မယ်"

ရှန့်ချန်ခုန်းတစ်ယောက် ဤသို့ကြားလေတော့တောင့်ခဲသွားလေသည်။ သူပြန်ပြောစရာစကားကင်းမဲ့နေသည်ကိုမြင်တော့ ရွှီလျန်ကမပျော်မရွှင်ဖြစ်နေသောကလေးတစ်ယောက်လိုမျိုး နှုတ်ခမ်းစူလိုက်၏။

"ရှင်ကမသင်ပေးချင်ဘူးလား?"

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ အာ... ကျွန်တော်ဆိုလိုတာက မင်းကျွန်တော့်ကိုပိုက်ဆံပေးစရာမလိုပါဘူး"

ရွှီလျန်နှုတ်ခမ်းပါးတွေဟာ ဖြည်းဖြည်းချင်းအသာကော့တက်သွားလေတော့သည်။

"အိုကေ"

"အာ အင်း"

ရှန့်ချန်ခုန်းသည် သူ မယုံကြည်နိုင်လောက်သောတစ်စုံတစ်ရာအားလုပ်နေသလိုမျိုးခံစားရ၏။ သူနှင့်ရွှီလျန်က သူငယ်ချင်းဟောင်းတွေလိုမျိုး အတူတူထိုင်နေကြပြီး အကင်စားနေရင်းစကားပြောနေကြသည်။

ဤအရာကို သူ ရွှီလျန်အိမ်ထဲဝင်ရောက်လာချိန်က လုံးဝစိတ်ကူးမယဉ်ကြည့်ရဲခဲ့ပေ။

သူ့မျက်လုံးတွေက ရွှီလျန်ထံကိုမဦးတည်ဘဲမနေနိုင်တော့ ၊ သူမအိမ်မှာရှိချိန်မှာတော့ ရွှီလျန်ကစိတ်ပြေလက်ပျောက်နှင့်လွတ်လပ်ပေါ့ပါးပုံရ၏။ သူမလေးကဘာနှုတ်ခမ်းနီမှမဆိုးထားဘဲ ပုံမှန်နီရဲနေသည့်နှုတ်ခမ်းနီအစား သူမနှုတ်ခမ်းပါးတွေဟာပန်းနုရောင်ဖျော့ဖျော့လေးဖြစ်နေသည်။ နွေဦးအစောပိုင်းမှာပွင့်လန်းနေသောမက်မွန်ပန်းပွင့်လိုမျိုးပင်...

သူမ၏နက်မှောင်နေသောဆံပင်တွေကိုလည်း ထုံးစံအတိုင်းမြင်းမြှီးသဖွယ်မြင့်မြင့်မစီးထားဘဲ သူမခေါင်းနောက်မှာ သာမန်ကာလျှံကာစုထားပြီး ဆံထိုးဖြင့်ထိုးထားလေသည်။

သူ သူမကို သူမဆိုင်မှာတွေ့လိုက်သည့်အချိန်တိုင်း သူမကသန်မာတဲ့ပုံပေါ်တယ်လို့ ရှန့်ချန်ခုန်းအမြဲတမ်းထင်နေခဲ့တာ ၊ ဒါပေမဲ့ သည်လိုမျိုးလွတ်လပ်ပေါ့ပါးနေတဲ့ရွှီလျန်ကိုလည်း သူသဘောကျသည်။ ဒါက သူတို့ကနီးစပ်တယ်ဆိုတဲ့အတွေးမှားမျိုး သူ့ကိုရစေ၏။

"ရှင်ဘာကြည့်နေတာလဲ ကျွန်မမျက်နှာမှာတစ်ခုခုရှိနေလို့လား"

ရွှီလျန်က သူမမျက်နှာကိုစမ်းကြည့်ရန်လက်မြှောက်လိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး"

သူ့အကြည့်တွေကိုအမြန်ပြောင်းကာ ရှန့်ချန်ခုန်းသည် သူကိုင်ထားသောလိမ္မော်ရည်ကိုငုံ့ကြည့်လိုက်တော့သည်။ ရွှီလျန်က သူမ၏ဖန်ခွက်အလွတ်ကိုကိုင်ရင်းမတ်တပ်ရပ်လျက် သူ့ကိုမေး၏။

"ရှင်ရေလိုချင်လား? အကင်စားတဲ့အချိန်ဆိုရေဆာလွယ်တယ်"

"မလိုတော့ပါဘူး ကျွန်တော် အခုမှဒီဖျော်ရည်သောက်ပြီးတာ"

ရှန့်ချန်ခုန်းပြန်ဖြေလိုက်၏။ အကင်လည်းစားပြီးပြီဆိုတော့ ပြန်ဖို့အချိန်ရောက်လာပြီပဲ။

ရွှီလျန် ရေသွားယူချိန်၌ ရှန့်ချန်ခုန်းသည် သူ့ဖန်ခွက်ထဲမှာကျန်နေသောလိမ္မော်ရည်ကိုသောက်ချလိုက်သည်။ ထို့နောက် သူမတ်တပ်ထရပ်ကာ နှုတ်ဆက်ရန်အသင့်ပြင်ထားလေ၏။

ဤအချိန်အတောအတွင်း ရွှီလျန်က သူမရေခဲသေတ္တာကိုဖွင့်လိုက်ချိန်တွင် အထဲ၌ သံပရာသီးတစ်ပိုင်းကိုတွေ့လိုက်ရလေသည်။ သူမက နှစ်စိပ်စိတ်၍ ရေထဲထည့်လိုက်၏။ သူမပြန်ရောက်လာသည့်အချိန်၌ ရှန့်ချန်ခုန်းသည် ပြန်ဖို့ပြင်ဆင်နေသလိုမျိုး မတ်တပ်ရပ်နေလျက်ရှိသည်။

"ရှင်ပြန်တော့မလို့လား?"

ရှန့်ချန်ခုန်း ခေါင်းညိတ်ပြလျက်

"အရမ်းနောက်ကျနေပြီလေ မင်းရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက်ကျေးဇူးတင်ပါတယ်"

"အင်း"

ရွှီလျန် နည်းနည်းဝမ်းနည်းသွား၏။ သူမသံပရာရည်ကိုတစ်ငုံသောက်လိုက်သည်။ ချည်စူးစူးအရသာက သူမကိုနည်းနည်းပိုကောင်းအောင်လုပ်ပေးနိုင်သောကြောင့် သူမက သူ့ကိုတံခါးနားထိလိုက်ပို့ပေးခဲ့သည်။ ရှန့်ချန်ခုန်းရင်ထဲမှာလည်း နည်းနည်းမွန်းကြပ်နေသလိုခံစားနေရ၏။ အိမ်ရှေ့တံခါးမကြီးကိုမဖွင့်ခင် သူက ရွှီလျန်ကိုလှည့်ကြည့်ကာ

"အာ ဒါနဲ့......."

အဲဒီကော်ဖီဆိုင်မှာသူမြင်ခဲ့တဲ့ဟာကို သူလည်းမသေချာဘူး ၊ သူ ရွှီလျန်ကိုပြောပြသင့်လား? ယောက်ျားနှင့်မိန်းမကြားကဆက်ဆံရေးတွေက အလွန်ထိခိုက်လွယ်သည့်အတွက် အပြင်လူတွေက သူတို့အရေးကိစ္စ၌မပါဝင်သင့်ပေ။

သို့သော်လည်း အကယ်၍ အဲဒီလူကအခြားမိန်းကလေးတွေနှင့်အမှန်တကယ်တွေ့နေပါက ရွှီလျန်ကရော? အကယ်၍ သူသာတစ်ခုခုဖြစ်နေတာကိုရှင်းရှင်းလင်းလင်းမြင်ခဲ့ပေမဲ့ ရွှီလျန်ကိုမပြောပြခဲ့ဘူးဆိုလျှင်..... သူ့ကိုကြံရာပါတစ်ယောက်အဖြစ်ယူဆနိုင်သလား?

"ဘာလဲ"

ရွှီလျန် ထိုနေရာ၌မတ်တပ်ရပ်နေပြီး သူ့ကိုကြည့်နေ၏။ ဧည့်ခန်းထဲကအလင်းရောင်က သူမအနောက်မှမီးထိုးနေတာကြောင့် သူမပုံရိပ်လေးအား မှုန်ဝါးဝါးအလင်းရောင်လေးပေးဆောင်နေခဲ့သည်။

"အမ်...... အရင်က မင်းဆိုင်မှာကျွန်တော်တွေ့ခဲ့တဲ့အဲဒီလူက မင်းရဲ့ကောင်လေးလား?"

ရွှီလျန်က မေးခွန်းကြောင့်ကြောင်အမ်းအမ်းဖြစ်သွား၏။ ထို့နောက် သူဘယ်သူ့ကိုရည်ညွှန်းမှန်းသဘောပေါက်သွားသည်။

"ဝေ့ရိချန်? သူကကျွန်မကောင်လေးလို့ ရှင့်ကိုဘယ်သူပြောတာလဲ"

ရှန့်ချန်ခုန်းသည်လည်း သူမအဖြေကြောင့်အံ့အားသင့်သွားရသည်။

"မဟုတ်ဘူးလား? ကျွန်တော် သူ့ကိုမင်းဆိုင်မှာခဏခဏတွေ့နေရပြီး မင်းနဲ့သူဆက်ဆံရေးကလည်းကောင်းတဲ့ပုံဆိုတော့....."

"သေချာပေါက်မဟုတ်ပါဘူး"

ရွှီလျန်က ရှန့်ချန်ခုန်းစကားကိုဖြတ်ပြော၍ သူမနှင့်ဝေ့ရိချန်ကအရမ်းနီးစပ်မှုရှိ၊မရှိကို အလေးအနက်စဉ်းစားတော့သည်။

"ကျွန်မဆိုင်ကိုရမ်းကားဖျက်ဆီးဖို့ရောက်လာတဲ့သူတွေကလဲ ကျွန်မကိုသူ့ကောင်မလေးလို့ထင်နေကြတာ.. အဲဒါကြောင့် သူတို့ကပြဿနာရှာဖို့ကြိုးစား​ခဲ့တာ၊ ဒါပေမဲ့ ကျွန်မနဲ့ဝေ့ရိချန်က တစ်ယောက်နဲ့တစ်ယောက်အချိန်အကြာကြီးသိခဲ့ကြတဲ့သူငယ်ချင်းတွေပဲ"

ရှန့်ချန်ခုန်း သူ့နှုတ်ခမ်းဟလိုက်ပေမဲ့ မည်သည့်စကားမှထွက်မလာခဲ့ ၊ ဆိုတော့ သူအမှတ်မှားသွားခဲ့တာလား? သူတို့တွေကသူငယ်ချင်းတွေပဲ... ချစ်သူရည်စားမဟုတ်ဘူးပေါ့။

အာ.... အဲဒီကော်ဖီဆိုင်မှာ ဝေ့ရိချန်ရှိနေတဲ့ဘလိုင်းဒိတ်အကြောင်းကို သူ ရှေ့နောက်မစဉ်းစားဘဲမပြောလိုက်ခဲ့တာ တော်သေးတာပေါ့။

"ရုတ်တရက်ကြီး ရှင်ဒီလိုကိစ္စတွေကိုဘာလို့ပြောနေရတာလဲ"

"အာ ဘာမှမဟုတ်ပါဘူး၊ သူကမင်းရဲ့ကောင်လေးမဟုတ်ဘူးဆိုတော့ ဘာမှမဟုတ်တော့ပါဘူး"

ရွှီလျန် ခဏကြာစဉ်းစားလိုက်သော်ငြားလည်း ရုတ်တရက် သူကဝေ့ရိချန်အကြောင်းကို ဘာလို့မေးလာခဲ့မှန်းနားမလည်နိုင်သေးပေ ၊ သို့ပေမဲ့ ယခုအချိန်မှာ သူတို့ကဤကိစ္စအကြောင်းပြောနေသည့်အတွက် ရုတ်တရက် သူမအား အခြားကိစ္စကိုသတိရသွားစေ၏။

"ဒါနဲ့ ရှင့်ဒဏ်ရာတွေရောဘယ်လိုနေလဲ"

"သက်သာနေပါပြီ"

"တကယ်လား? ကျွန်မကိုပြပါဦး"

ရှန့်ချန်ခုန်းသည် မသိစိတ်အရ သူ့ကိုယ်သူ သူ့လက်တွေဖြင့်ကွယ်ထားလိုက်လေသည်။

"တကယ်သက်သာနေပါပြီ အများကြီးပိုကောင်းလာပြီ"

သို့သော် ရွှီလျန်ကိုတော့အရူးလုပ်လို့မရ ၊ အရင်တစ်ခေါက် သူ့ဒူးခေါင်းဒဏ်ရာကို သူမမြင်ချိန်၌ အရမ်းဆိုးရွားပုံပေါက်နေခဲ့၏။ သည်ဒဏ်ရာတွေကို ဆေးဖက်ဝင်အရက်အချို့ဖြင့်သက်သာနိုင်မလားကိုတော့ သူမလည်းမသေချာပေ။

"ကျွန်မကြည့်ကြည့်မယ်"

ရွှီလျန်သည် ထိုသူကအမှန်တကယ်မပြလိုကြောင်း သိလိုက်ရသည်။ သူ့အဝတ်အစားတွေကိုချွတ်ဖို့ သူတို့မှာအချိန်မရှိတာလည်းဖြစ်နိုင်တာပဲ... ထို့ကြောင့် သူမက အခြားတစ်ခုအားတောင်းဆိုလိုက်၏။

"ဒါဆို အနည်းဆုံးတော့ ကျွန်မကိုရှင့်မျက်နှာပေါ်ကဒဏ်ရာကိုပြကြည့် မလှုပ်လိုက်နဲ့"

ရွှီလျန်ကခြေဖျားထောက်ရပ်လိုက်သည်။ ကြည့်ရတာ သူ့မျက်နှာပေါ်ကဒဏ်ရာကအများကြီးပြန်သက်သာလာတဲ့ပုံပဲ ၊ အရင်တစ်ခေါက် သူမ သူ့အိမ်မှာတွေ့ခဲ့တာနှင့်ယှဉ်ကြည့်လျှင် ဒဏ်ရာကအများကြီးပိုသက်သာလာ၏။ ရွှီလျန်က ဒဏ်ရာကိုပို၍ရှင်းရှင်းလင်းလင်းကြည့်ရန် အနားကပ်လာလေသည်။

ရှန့်ချန်ခုန်းနှလုံးသားက သူ့ရင်ဘတ်ထဲကနေပေါက်ထွက်လာတော့မလိုပဲ ၊ ရွှီလျန်ကအလွန်နီးကပ်သောကြောင့် သူမမျက်တောင်ခတ်လိုက်သည့်အချိန်တိုင်း သူ့မျက်နှာချင်းဆိုင်မှ သူမမျက်တောင်တွေခတ်နေတာကိုတောင် သူခံစားရနိုင်သည်။ သို့သော် သူ့နောက်ကျောက နံရံနှင့်လုံးဝကပ်နေသည့်အတွက် ဒီထက်ပို၍ သူလှုပ်ရှားလို့မရနိုင်ပေ။

ရွှီလျန်မှာတော့ သူ့မျက်နှာပေါ်ကဒဏ်ရာကို ကြည့်နေ၏။ သူ့မျက်နှာကိုကိုင်ရန် သူမလက်ကိုမြှောက်၍ ဒဏ်ရာပေါ်ဖြည်းဖြည်းချင်းပွတ်လျက်

"နာလား?"

ရှန့်ချန်ခုန်းပြန်မဖြေ ၊ အကယ်၍ သူပါးစပ်ဖွင့်လိုက်သည့်အချိန်၌ သူ့အသံမှတစ်ဆင့် သူ့စိတ်ခံစားချက်တွေကို ဖော်ပြမိသွားမှာကိုစိုးရွံ့နေခဲ့သည်။

တင်းကြပ်နေသည့်သူ့ကြွက်သားတွေကိုခံစားမိသောကြောင့် ရွှီလျန်သည် သူ့မျက်လုံးတွေကိုမော့ကြည့်လိုက်၏။

သူ၏နက်နဲလှသောမျက်ဝန်းနက်နက်တွေသည် အရင်တစ်ခေါက်ကလိုမျိုး နက်ရှိုင်းသောအဆုံးမဲ့ကန်ရေပြင်ကဲ့သို့ပင် ၊ သူတို့မျက်ဝန်းတွေဆုံသွားချိန်တွင် ရှန့်ချန်ခုန်းသည် အဝေးသို့အလျင်အမြန်အကြည့်လွှဲသွားတော့သည်။ သူအကြည့်လွှဲသွားခဲ့ပေမဲ့လည်း သူတို့အသက်ရှုသံတွေဟာ သူတို့၏နီးကပ်နေသောအနေအထားကြောင့် မလွဲဧကန် ငြိတွယ်လျက်ရှိနေ၏။

သူတို့နှစ်ယောက်ကအလွန်နီးကပ်နေသည့်အတွက် ဘယ်သူ့ရင်ဘတ်ကကျယ်ကျယ်လောင်လောင်ခုန်နေလဲဆိုတာ မည်သူမှမသိနိုင်ပေ။

ဒုတ် ဒုတ် ဒုတ်

ရှန့်ချန်ခုန်း တစ်စက္ကန့်လေးတောင် ဒီနေရာမှာမနေနိုင်တော့ ၊ ရွှီလျန် သူ့ကိုမမုန်းမိသွားခင် သူချက်ချင်းထွက်သွားရမည်။

သို့သော် သူလှည့်ပြီးတံခါးမဖွင့်ခင် ရွှီလျန်ကသူ့လည်ပင်းကို လက်ဖြင့်ဖက်တွယ်၍ သူ့နှုတ်ခမ်းတွေကိုနမ်းလာတော့၏။

ရှန့်ချန်ခုန်း အသက်ရှုဖို့ လုံးဝဥဿုံမေ့လျော့သွားခဲ့ပြီ...

ရွှီလျန်၏နှုတ်ခမ်းပါးတွေက သူထင်ထားတာထက်ပိုပြီးနူးညံ့နေ၏။ အရမ်းနူးညံ့နေတာကြောင့် သူ့နှလုံးသားကဂွမ်းစလေးတွေထဲနစ်မြှုပ်နေသလိုပဲ ၊ ရွှီလျန်ကိုယ်လေးက သူ့အနားသို့အလိုလိုနီးကပ်လာသည့်အတွက် ရှန့်ချန်ခုန်း၏ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်လောင်စေသည်။

သူ ဒီထက်ပိုပြီးနီးကပ်ချင်တယ် ၊ သူမ သူ့ကိုမုန်းသွားမယ်ဆိုရင်တောင် သူပိုပြီးနီးကပ်ချင်တယ်။

ရွှီလျန်မှာတော့ စိတ်ကူးရသည်နှင့်ကောက်ကာငင်ကာလုပ်ချလိုက်တော့သည်။ သူမကလုပ်ချင်စိတ်ရှိလာလျှင်လုပ်လိုက်တာပဲ ၊ သို့သော် ဒီလောက်ထိခံစားချက်ကောင်းနေလိမ့်မယ်လို့တော့ သူမ မမျှော်မှန်းထားခဲ့။ ရှန့်ချန်ခုန်း၏ယောက်ျားဆန်ဆန်ရနံ့က သူမကိုစွဲမက်စေ၏။

နောက်ဖြစ်ပျက်လာမည့်အရာကတော့ သူမမျှော်မှန်းချက်များထက် လုံးလုံးလျားလျားကျော်လွန်နေသည်။ ရုတ်တရက် ရှန့်ချန်ခုန်းက သူမကိုယ်လေးကိုလှည့်လိုက်သောကြောင့် သူမနောက်ကျောက တံခါးနှင့်ပိတ်မိနေလေသည်။ သူက သူမကိုပြန်နမ်းရှိုက်လာကာ သူတို့ခန္ဓာကိုယ်ကြား၌ မည်သည့်ကွက်လပ်မှမရှိအောင် နီးကပ်နေ၏။

လူနှစ်ယောက်ကမီးရထားနှစ်စင်းလိုမျိုး လမ်းချော်ခါနီး၌ ပို၍အပြေးအလွှားပြေးဆွဲနေကြသည်။

သို့ပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကမှ ရပ်တန့်လိုစိတ်မရှိကြ..

ရွှီလျန်က ရှန့်ချန်ခုန်းအနမ်းတွေထဲမှာ လုံးလုံးလျားလျားနှစ်မြှုပ်နေတော့သည်။ ပတ်ဝန်းကျင်ရှိလေထုကြောင့် အပြင်ပန်းအားဖြင့် သူမသည် သူ၏ပူလောင်နေသောခန္ဓာကိုယ်အပူချိန်၊တင်းကြပ်လှသောကြွက်သားများ၊ တောက်လောင်နေသောအသက်ရှုသံများနှင့်မရပ်မနားခုန်နေသောသူ့နှလုံးခုန်သံများကိုခံစားသိရှိနိုင်၏။

သူမအသိပြန်ဝင်လာချိန်မှာတော့ သူမကို ရှန့်ချန်ခုန်းက ဆိုဖာပေါ်တွင်အုပ်မိုးထားလျက်ရှိကြောင်းသဘောပေါက်သွား၏။ သူမဆံပင်တွေကဖြည်ချထားလျက်သား၊ သူမအင်္ကျီကကြယ်သီးဖြုတ်ထားပြီး ကော်လံကသူမပခုံးပေါ်မှလျှောကျနေလေသည်။

ရှန့်ချန်ခုန်းက သူမတို့နှစ်ယောက်တွေ့သည့်အချိန်တိုင်း သူမကိုအမြဲတမ်းကြင်ကြင်နာနာဆက်ဆံခဲ့တာ.. သို့ပေမဲ့ ယခုအချိန်မှာတော့ သူက ရွှီလျန်မငြင်းပယ်နိုင်အောင် ကျူးကျော်ရန်စနေ၏။

ဒါပေမဲ့ အမှန်တိုင်းပြောရရင် သူမလည်းမငြင်းပယ်ခဲ့ပေ။

သူမသည် ခေါင်းကိုတစ်ဖက်သို့နည်းနည်းစောင်းပေးလိုက်ကာ သူ့အနမ်းတွေကို သူမလည်တိုင်နှင့်ညှပ်ရိုးပေါ်သို့ တစ်နေရာပြီးတစ်နေရာ ကျရောက်ခွင့်ပြုလိုက်တော့သည်။ သူမမျက်ဝန်းကဝေဝါးလာသော်ငြားလည်း ဆိုဖာအစွန်းနားမှာရှိသောသူမလက်ကိုင်အိတ်ကိုတော့ သူမမြင်နိုင်သေးသည်။ ရှန့်ချန်ခုန်းကိုဖက်ထားလျက်ပင် သူမသည် အိတ်ကိုလှမ်းဆွဲရန် သူမခြေချောင်းတွေဖြင့်လှမ်းလိုက်၏။

သူမအောင်မြင်တော့မည့်အချိန်တွင် လက်ကိုင်အိတ်ကအောက်ကိုကျသွားပြီး အထဲရှိပစ္စည်းတွေက ကြမ်းပြင်ပေါ်ပြန့်ကျဲသွားတော့သည်။

ရှန့်ချန်ခုန်း အသံလာရာဘက်ကို နည်းနည်းစောင်းငဲ့ကြည့်လိုက်သည်။ အဲဒီမှာ.. အလှပြင်ပစ္စည်းအချို့ကြား၌ အထူးသဖြင့် မျက်စိဖမ်းစားနိုင်သောအနီရောင်ဘူးသေးလေးတစ်ဘူးရှိနေ၏။

သူ ဘူးကိုကောက်ကိုင်ကာ အမောတကောအသက်ရှုနေရင်းမှမေးလာသည်။

"မင်းဒါကိုရှာနေတာလား"

"အင်း....."

ရွှီလျန်က သူ့ထက်တောင်မှပို၍အမောတကောအသက်ရှုနေရပြီး သူမရင်ဘတ်တွေလေးလံနေခဲ့သည်။ သူမ ရှန့်ချန်ခုန်းကိုကြည့်လိုက်သည်။ သူမမျက်ဝန်းတွေကအလွန်မှောင်မိုက်နေကာ မှင်စက်နှင့်တောင်တူနေ၏။ ရှန့်ချန်ခုန်း သူမကိုမေးလိုက်သည်။

"မင်းမူးနေတာလား?"

( T/N : အရက်မူးနေတာလားလို့မေးတာမဟုတ်ဘူး၊ သူမလုပ်နေတာတွေကို သေချာရှင်းရှင်းလင်းလင်းနားလည်နိုင်စွမ်းရှိဖို့ စိတ်ကြည်လင်ပြတ်သားနေလားလို့မေးတာ )

"အင်း......"

ရှန့်ချန်ခုန်း အကြိမ်အနည်းငယ်မျှအသက်ရှုသွင်းပြီးနောက် ကိုယ်ကိုကိုင်းကာ ရွှီလျန်၏နှုတ်ခမ်းထောင့်ပေါ်သို့အနမ်းပေးလိုက်သည်။ သူ သူမနားထဲသို့တိုးတိုးကပ်ပြောလာသည်မှာ

"ကိုယ် မင်းကိုနောင်တမရစေချင်ဘူး"

အရာအားလုံးပြောပြီး၊လုပ်ပြီးမှ နောင်တမရနဲ့...

ရွှီလျန်လက်တွေက ရှန့်ချန်ခုန်းလည်ပင်းကိုချိတ်တွယ်လျက် သူမသည် သူ့နှုတ်ခမ်းတွေကိုနမ်းရန် သူ့ကိုဆွဲချလိုက်သည်။ ဒါနဲ့တင်မလုံလောက်သေးဘူးလို့ သူမခံစားနေရ၏။ သူမ သူနဲ့ပတ်သတ်ပြီးအများကြီးထပ်သိချင်သေးတယ်.. သူ့အသက်ရှုသံတွေကိုခံစားကြည့်ချင်တယ်.. သူ့ချွေးတွေကိုသူမကိုယ်ပေါ်မှာရှိစေချင်တယ်...

သူမတို့တွေဘယ်လောက်ကြာအောင်လုပ်ခဲ့လဲတော့သူမမမှတ်မိ ၊ ရွှီလျန်မှတ်မိတာကတော့ သူတို့တွေ ဆိုဖာမှတစ်ဆင့်အိပ်ခန်း၊ နောက်ပြီး ရေချိုးခန်း၊ နောက်ဆုံး အိပ်ခန်းထဲပြန်လာခဲ့တာကိုပဲ။ ပထမဆုံးအကြိမ်အနေနဲ့ တခြားတစ်ယောက်ရဲ့ရင်ဘတ်ပေါ်မှာ သူမအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ သူတို့နှလုံးခုန်သံတွေက သူမအိပ်မောကျနိုင်အောင် ချော့သိပ်နေခဲ့ခြင်းပင်...

________________


"အခု ရွင္အလုပ္ဆင္းၿပီ"

႐ႊီလ်န္က ဖုန္းမ်က္ႏွာျပင္အား ရွန့္ခ်န္ခုန္းကိုျပရင္းေျပာေလသည္။

႐ႊီလ်န္၏ဖုန္းမ်က္ႏွာျပင္၌ 00:00 ဟူေသာအျဖဴေရာင္နံပါတ္ႀကီးေတြကိုျမင္သည့္အခါ ရွန့္ခ်န္ခုန္းသည္ ခဏတာမွ်ေျပာစရာစကားကင္းမဲ့သြားခဲ့၏။ ယခုလိုညသန္းေခါင္မွာ ေနေနသာသာ ေန႕ခင္းဘက္အခ်ိန္မွာေတာင္ မိန္းမငယ္ေလးတစ္ေယာက္၏အိမ္ထဲသို႔ဝင္ရန္ပင္ သူ႕အတြက္မသင့္ေတာ္..

ရွန့္ခ်န္ခုန္း ျပန္ေျဖရန္ စကားလုံးရွာမရျဖစ္ေနသည္ကိုျမင္ေတာ့ ႐ႊီလ်န္ေမးလိုက္၏။

"ဒါမွမဟုတ္ ရွင့္မွာတျခားပို႔စရာေတြမ်ားရွိေသးလို႔လား"

"မရွိပါဘူး မရွိပါဘူး"

"ဒါဆို အထဲဝင္ၿပီးလာထိုင္ေလ... ကြၽန္မကအကင္ေတြအမ်ားႀကီးမွာထားတာ ဒါေတြအကုန္လုံးကိုကြၽန္မတစ္ေယာက္တည္းစားနိုင္မယ္လို႔မထင္ဘူး"

"ဒါ....ဒါကသိပ္မေကာင္းေလာက္ဘူး......"

"ဘာျဖစ္လို႔လဲ?"

႐ႊီလ်န္မ်က္ဝန္းေတြကၾကည္လင္ေနၿပီး သူမက သူ႕ကိုတည့္တည့္စိုက္ၾကည့္ေန၏။ ဒီေလာက္ေနာက္က်ေနတဲ့အခ်ိန္မွာေတာင္ ေယာက္်ားတစ္ေယာက္က သူမအိမ္ထဲေရာက္ရွိေနျခင္းမွာ ဘာမွမထူးဆန္းေနသကဲ့သို႔ပင္...

ရွန့္ခ်န္ခုန္း ဘာေျပာရမွန္းေတာင္မသိေတာ့ ၊ သူကသာလွ်င္ ဤကဲ့သို႔ညစ္ညမ္းေသာအေတြးမ်ားရွိေနသည့္သူတစ္ေယာက္လို ခံစားေနရ၏။

"အရင္တစ္ေခါက္တုန္းက ရွင္ကကြၽန္မကိုကူညီေပးခဲ့တာေလ ဒါေပမဲ့ ကြၽန္မမွာ ရွင့္ကိုေသခ်ာေက်းဇူးတင္ဖို႔ရာအတြက္ အခြင့္အေရးမရွိခဲ့ဘူး။ ကြၽန္မရဲ႕ေက်းဇူးတင္မႈကိုေဖာ္ျပဖို႔ညစာအတြက္ ကြၽန္မကရွင့္ကိုဖိတ္ေနတာပါ"

႐ႊီလ်န္၏အေၾကာင္းျပခ်က္ကခိုင္လုံသည္။ သူမေလးက တံခါးနားမွာရပ္ေနရင္း သူ႕အေျဖကိုစိတ္ရွည္ရွည္ျဖင့္ေစာင့္ေနလ်က္ရွိ၏။ ေနာက္ဆုံး၌ ရွန့္ခ်န္ခုန္း သူ႕ႏႈတ္ခမ္းေထာင့္ေတြတြန့္ခ်ိဳးသြားခဲ့သည္။

"ေကာင္းပါၿပီ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး"

႐ႊီလ်န္က သူ႕ကိုအိမ္တြင္းစီးဖိနပ္တစ္ရံေပး၍ တံခါးနားတြင္ခ်ထားေပးလိုက္သည္။ ရွန့္ခ်န္ခုန္း ဖိနပ္စီးၿပီးေနာက္ အထဲသို႔ ႐ႊီလ်န္အေနာက္မွလိုက္လာခဲ့ေတာ့သည္။

အပင္မ်ားစုေဝးေနေသာ က်ယ္ဝန္းသည့္ဧည့္ခန္းတစ္ခုကိုျဖတ္ေက်ာ္လာခဲ့သည္။ နံရံတစ္ဖက္တြင္ အျဖဴအမည္းအုတ္ေႂကြျပားမ်ားျဖင့္ျပည့္ေနၿပီး အေရာင္တူေခါင္းအုံးႏွစ္လုံးႏွင့္အတူ အျဖဴေရာင္ဆိုဖာတစ္လုံးရွိေန၏။ ႐ႊီလ်န္သည္ မီးဖိုေခ်ာင္သို႔သြားကာပန္းကန္တစ္ခ်ပ္ကိုယူ၍ ဆိုဖာေရွ႕ရွိေကာ္ဖီစားပြဲေပၚတြင္တင္လိုက္သည္။ သူမက မတ္တပ္ရပ္ေနေသာရွန့္ခ်န္ခုန္းဘက္သို႔လွည့္ကာဆို၏။

"လာထိုင္ေလ"

"အာ ဟုတ္"

ရွန့္ခ်န္ခုန္း နည္းနည္းရွက္သလိုခံစားေနရသည္။ သူ႕အဝတ္အစားေတြက သူမ၏သန့္ရွင္းလွေသာဆိုဖာကို ညစ္ပတ္သြားမွာကိုစိုးရိမ္ေနသျဖင့္ သူက အစြန္းနားေလးမွာသာထိုင္လိုက္၏။ ႐ႊီလ်န္သည္ ေကာ္ဖီစားပြဲအနားမွာေဆာင့္ေၾကာင့္ထိုင္လ်က္ အစားအေသာက္ထည့္ထားတဲ့ဘူးကိုဖြင့္ၿပီး အေခ်ာင္းတစ္ေခ်ာင္းကမ္းေပးလိုက္သည္။

"ဒီမွာအမဲသားေခ်ာင္း"

"ေက်းဇူးတင္ပါတယ္"

ရွန့္ခ်န္ခုန္း လက္ခံလိုက္ေသာ္ျငားလည္း မစားခဲ့ေပ။

႐ႊီလ်န္က စားစရာေတြအကုန္လုံးကို ပန္းကန္ျပားေပၚေျပာင္းထည့္၍ ဘူးကိုအေဝးလႊင့္ပစ္ရန္မတ္တပ္ထရပ္ကာေမး၏။

"ရွင္ဘာေသာက္ခ်င္လဲ"

ရွန့္ခ်န္ခုန္း ေခါင္းယမ္းလ်က္

"မလိုေတာ့ပါဘူး"

႐ႊီလ်န္သည္ မီးဖိုေခ်ာင္ထဲသြားေနရင္း တစ္ခဏေတြးေနခဲ့၏။ ထို႔ေနာက္ တစ္ခုခုရွာရန္ သူမေရခဲေသတၱာကိုဖြင့္လိုက္သည္။ အကင္ႏွင့္ေကာင္းေကာင္းလိုက္ဖက္နိုင္မည့္ဘီယာဘူးတခ်ိဳ႕ရွိေန၏။ ဒါေပမဲ့ ရွန့္ခ်န္ခုန္းကအိမ္ကိုကားေမာင္းျပန္ရမွာ*၊ ဒါကိုအရက္ေသာက္ၿပီးေမာင္းတယ္လို႔ယူဆလို႔ရတယ္မလား? ဟုတ္တယ္မလား?

(*စကူတာေမာင္းၿပီးျပန္ရမွာကိုေျပာတာပါ ရွန့္ခ်န္ခုန္းကသူ႕စကူတာေလးနဲ႕ပစၥည္းပို႔ေနၾကပါ )

အဆုံးမွာေတာ့ သူမကဘီယာဘူးကိုမယူေတာ့ဘဲ ထိုအစား သူမလုပ္ထားခဲ့ေသာလိေမၼာ္ရည္ႏွစ္ခြက္ကိုသာယူလာခဲ့ေတာ့သည္။

႐ႊီလ်န္ ဖန္ခြက္ေတြကိုအျပင္ထုတ္လာသည့္အခ်ိန္၌ သူမသည္ ရွန့္ခ်န္ခုန္းဟာသူမထြက္သြားခဲ့သည့္အခ်ိန္ကအတိုင္း တစ္ပုံစံတည္းထိုင္ေနလ်က္ သူ႕လက္ထဲတြင္လည္းအကင္အေခ်ာင္းေလးရွိေနေသးၾကာင္း ျမင္လိုက္ရေလသည္။ 'ခ်စ္စရာေကာင္းတယ္'ဆိုသည့္စကားလုံးက ႐ႊီလ်န္စိတ္ထဲျဖတ္ေျပးလာခဲ့ၿပီး သူမအမူအရာကလည္း ေငးေၾကာင္ေၾကာင္ျဖစ္သြားမိခဲ့သည္။

သူမက လိေမၼာ္ရည္တစ္ခြက္ကို ရွန့္ခ်န္ခုန္းအေရွ႕ခ်ေပးရင္း စကားဆို၏။

"ဘာလို႔မစားေသးတာလဲ ရွင္ကအမဲသားမႀကိဳက္ဘူးလား? အဲဒီအစားၾကက္သားလိုခ်င္လား"

"မဟုတ္ပါဘူး မဟုတ္ပါဘူး ကြၽန္ေတာ္အမဲသားစားပါတယ္"

ေနာက္ဆုံးမွာေတာ့ ရွန့္ခ်န္ခုန္းသည္ သူ႕လက္ထဲကအမဲသားတံစို႔ကို တစ္ကိုက္ကိုက္လိုက္၏။ အကင္အနံ႕ကေမႊးႀကိဳင္ၿပီး အသားေပၚတြင္လည္းဟင္းခတ္အေမႊးအႀကိဳင္အမ်ားႀကီးရွိေနသည္။ အသားကိုေဆာ့စ္ျဖင့္သုတ္လိမ္းထားေပမဲ့ ရွန့္ခ်န္ခုန္းကေတာ့ ဘာတစ္ခုမွအရသာရွိမေနခဲ့။

႐ႊီလ်န္က အကင္ေခ်ာင္းတစ္ေခ်ာင္းကိုယူ၍ ရွန့္ခ်န္ခုန္းေဘးနားကဆိုဖာေပၚထိုင္လိုက္သည္။ သူမနီးကပ္လာသည္ႏွင့္အမွ် ရွန့္ခ်န္ခုန္းမွာေတာ့ ပို၍ေတာင့္ေတာင့္ႀကီးထိုင္ေနမိလာ၏။

သူ၏စိတ္လႈပ္ရွားမႈေတြက ႐ႊီလ်န္ႏွင့္ဆိုသိသာထင္ရွားလွသည္။ ထို႔ေၾကာင့္ သူ႕ကိုစိတ္သက္သာရာရေစရန္အလို႔ဌာ သူမကပဲ စကားစျမည္ေျပာရန္အစခ်ီလိုက္၏။

"ရွင္ဒီေလာက္ေနာက္က်တဲ့အထိေအာ္ဒါလိုက္ပို႔မွန္းကြၽန္မမသိခဲ့ဘူး"

"တျခားကုမၸဏီေတြကိုေတာ့ကြၽန္ေတာ္မသိဘူး ဒါေပမဲ့ ကြၽန္ေတာ္တို႔ကုမၸဏီကေတာ့ မနက္(၃)နာရီထိေအာ္ဒါပို႔တယ္"

"ဒီေလာက္ေနာက္က်တဲ့ထိ? စားေသာက္ဆိုင္ေတြအကုန္လုံးကပိတ္သြားၿပီမဟုတ္ဘူးလား"

"တခ်ိဳ႕စားေသာက္ဆိုင္ေတြကေနာက္က်မွပိတ္တာ ဒါေပမဲ့ ခဏခဏေနာက္က်မွမစားနဲ႕.. မင္းက်န္းမာေရးအတြက္မေကာင္းဘူး"

"အင္း တကယ္ေတာ့ ကြၽန္မကညလယ္စာစားခဲပါတယ္ လက္ေဆာင္ဘူးအခ်ိဳ႕ကိုမီေအာင္လုပ္ေနခဲ့လို႔ပါ... ကြၽန္မတကယ္ဗိုက္ဆာလာတာ"

ယခုလက္ရွိ သူတို႔စကားေျပာေနတဲ့တိုေတာင္းလွေသာအခ်ိန္မွာေတာင္ သူမေလးကအမဲသားအကင္ေခ်ာင္းႏွစ္ေခ်ာင္းႏွင့္နံရိုးတစ္ေခ်ာင္းစားၿပီးသြားၿပီမွန္း ရွန့္ခ်န္ခုန္းေျပာနိုင္၏။

သူမေစာေစာတုန္းကေျပာခဲ့တာက အမ်ားႀကီးေအာ္ဒါမွာထားခဲ့တာမလို႔ကုန္ေအာင္မစားနိုင္ဘူးတဲ့... ဒါေပမဲ့ ရွန့္ခ်န္ခုန္းကေတာ့ သူမမွာထားတာေတြက တကယ္တမ္း သူမအတြက္ေတာင္ေလာက္မွာမဟုတ္ဘူးလို႔ထင္တယ္။

သူ႕လက္ထဲကအကင္ေခ်ာင္းကိုစားၿပီးေနာက္ သူက ေနာက္ထပ္မယူေတာ့ဘဲ လိေမၼာ္ရည္ကိုသာတစ္ငုံေသာက္လိုက္သည္။ အရမ္းညနက္ေနၿပီျဖစ္သည့္အတြက္ အရာအားလုံးကတိတ္ဆိတ္ေနလ်က္ရွိသည္။ သူတို႔စကားေျပာရပ္လိုက္ခ်ိန္တြင္ တိတ္ဆိတ္မႈက ေန႕ခင္းဘက္အခ်ိန္ေတြထက္ေတာင္ အဆရာေပါင္းမကၾကာရွည္ေနခဲ့၏။

".....ဒီမွာမင္းတစ္ေယာက္တည္းေနတာလား?"

ရွန့္ခ်န္ခုန္းအေမးျပဳလိုက္သည္။

႐ႊီလ်န္ေခါင္းညိတ္ျပလ်က္

"ကြၽန္မက Starlight ပန္းၿခံနဲ႕နီးခ်င္လို႔ေလ အဲဒါေၾကာင့္ ဒီကိုေျပာင္းလာခဲ့တာ၊ ကြၽန္မမိဘေတြကေတာ့အျခားတစ္ေနရာမွာေနတယ္... ပုံမွန္ဆို ကြၽန္မမိဘေတြက ေနရာတစ္ခုတည္းမွာပဲအၾကာႀကီးေနေလ့မရွိဘူး။ ကြၽန္မအေဖကေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာအလုပ္လုပ္တာဆိုေတာ့ ပေရာဂ်က္ေတြေျပာင္းတာနဲ႕ေနရာေျပာင္းရတယ္.. ကြၽန္မအေမကသူ႕ေနာက္ပဲလိုက္ေနတာ"

သူမဆိုင္မွာ သူႏွင့္သူမစကားေျပာခဲ့တာအပါအဝင္ ဒီတစ္ႀကိမ္က ႐ႊီလ်န္ သူ႕ကိုအမ်ားဆုံးစကားေျပာဖူးတာပဲ ၊ ေျပာတာကလည္းသူမမိသားစုနဲ႕ေတာင္ပတ္သတ္ေနခဲ့တယ္။

ရွန့္ခ်န္ခုန္းသည္ သူမႏွင့္စကားေျပာရတာသေဘာက်၏။ အခ်ိန္အမ်ားစုမွာ သူကနားေထာင္သူတစ္ေယာက္ျဖစ္ေနခဲ့လွ်င္ေတာင္မွပဲ.....

"ေနာက္တစ္ေခ်ာင္းစားဦးမလား"

႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းကလိေမၼာ္ရည္ခြက္ကို အတန္ၾကာကိုင္ထားမွန္းသတိျပဳမိလိုက္သည္။ သူမက သူ႕ကိုအကင္ေခ်ာင္းအမ်ားအျပားလွမ္းေပးလ်က္ဆို၏။

"အားမနာပါနဲ႕"

"အာ အင္း ေက်းဇူးတင္ပါတယ္"

ရွန့္ခ်န္ခုန္း သူမေပးလာတာေတြကို အေလာတႀကီးလက္ခံလိုက္၏။ ႐ႊီလ်န္က သူ႕ကိုၾကက္အေတာင္ပံမ်ားႏွင့္နံရိုးမ်ားကမ္းေပးလာသည္။ ကယ္လိုရီေတြအရမ္းမ်ားတာပဲ...

ဤအခ်ိန္အေတာအတြင္း ႐ႊီလ်န္က သူမလက္ေတြျဖင့္ ၾကက္ေတာင္ပံေတြကိုစားေန၏။ စားၿပီးေနာက္ သူမလက္ေတြကိုသုတ္ရန္ တစ္ရႉးတစ္႐ြက္ယူလိုက္သည္။

"ကြၽန္မမွာဆိုင္ဝန္ထမ္းေလးတစ္ေယာက္ရွိတယ္ေလ ရွင္သူ႕ကိုမွတ္မိလား? သူမကရွင့္အေၾကာင္းကိုအရမ္းသိခ်င္ေနတာ"

ရွန့္ခ်န္ခုန္း ပေဟဠိျဖစ္ေနလ်က္

"သိခ်င္တယ္?"

"အင္း"

႐ႊီလ်န္သည္ သူမလိေမၼာ္ေဖ်ာ္ရည္ခြက္ကိုေကာက္ကိုင္၍ တစ္ငုံေသာက္လိုက္၏။

"သူမကတက္သစ္စဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ေလ.. အထူးသျဖင့္ လူေတြကိုေစာင့္ၾကည့္ေလ့လာရတာကိုစိတ္ဝင္စားတယ္"

"ဒါေၾကာင့္ကိုး"

အံဩစရာမရွိေတာ့ပါဘူး။ ရွန့္ခ်န္ခုန္း ေအာ္ဒါလာပို႔သည့္အခ်ိန္တိုင္း သူမကသူ႕ကို အၿမဲတမ္းစပ္စပ္စုစုမ်က္လုံးေတြျဖင့္ၾကည့္ေနတယ္လို႔ သူခံစားေနရတာ...

"သူမကရွင္နဲ႕အင္တာဗ်ဴးလုပ္ဖို႔စိတ္အားထက္သန္ေနမယ္လို႔ကြၽန္မထင္တယ္၊ ကြၽန္မမွာအခြင့္အေရးရေနၿပီဆိုေတာ့ ေမးခြန္းနည္းနည္းေမးၿပီး ကြၽန္မသူ႕ကိုကူညီလိုက္မယ္.. ရွင္ ရွင့္အလုပ္နဲ႕ပတ္သတ္ၿပီးဘယ္လိုခံစားရလဲ"

"ကြၽန္ေတာ္ဘယ္လိုခံစားရလဲ?"

ဤေမးခြန္းကိုေတာ့ ရွန့္ခ်န္ခုန္းမရယ္ဘဲမေနနိုင္ေတာ့ ၊ ဒီလိုမ်ိဳးခံစားခ်က္ဆိုင္ရာေမးခြန္းေတြက ဆရာမတစ္ေယာက္ကသူတို႔ေက်ာင္းသားကိုေမးေနသလိုမ်ိဳးပဲ...

ခဏၾကာစဥ္းစားၿပီးေနာက္ ရွန့္ခ်န္ခုန္းျပန္ေျဖ၏။

"ကြၽန္ေတာ္ ဒါနဲ႕ပတ္သတ္ၿပီးဘာမွအေထြအထူးမခံစားရဘူး၊ ကြၽန္ေတာ္လဲသိခ်င္တယ္ ယေန႕ေခတ္မွာ လူေတြကဘာလို႔မခ်က္ျပဳတ္ၾကေတာ့တာလဲ?"

"ဖြီးးးးး"

႐ႊီလ်န္ ရယ္ခ်လိဳက္မိေတာ့သည္။

"သူတို႔မခ်က္တက္လို႔ေနမွာေပါ့ ကြၽန္မလိုေလ"

ထိုသို႔ေျပာၿပီးေနာက္ ႐ႊီလ်န္ ရွန့္ခ်န္ခုန္းကိုၾကည့္လ်က္

"အိုး အရင္တစ္ေခါက္ ကြၽန္မရွင့္အိမ္လာတုန္းက ရွင္ခ်က္ျပဳတ္ေနခဲ့တာေလ.. ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာရွင္သိတယ္ေပါ့"

ရွန့္ခ်န္ခုန္းျပန္ေျဖရင္း နည္းနည္းရွက္အန္းအန္းျဖစ္ေနမိသည္။

"ကြၽန္ေတာ္ကအဲေလာက္ထိေတာ့မေကာင္းပါဘူး ဒီအတိုင္းအဆင္ေျပတယ္ဆို႐ုံပါပဲ"

"ေနာက္တစ္ေခါက္ရွင္အားတယ္ဆိုရင္ ရွင္လာၿပီးေတာ့ကြၽန္မကိုဘယ္လိုခ်က္ရလဲဆိုတာသင္ေပးပါလား? ကြၽန္မရွင့္ကိုသင္ယူခေပးပါ့မယ္"

ရွန့္ခ်န္ခုန္းတစ္ေယာက္ ဤသို႔ၾကားေလေတာ့ေတာင့္ခဲသြားေလသည္။ သူျပန္ေျပာစရာစကားကင္းမဲ့ေနသည္ကိုျမင္ေတာ့ ႐ႊီလ်န္ကမေပ်ာ္မ႐ႊင္ျဖစ္ေနေသာကေလးတစ္ေယာက္လိုမ်ိဳး ႏႈတ္ခမ္းစူလိုက္၏။

"ရွင္ကမသင္ေပးခ်င္ဘူးလား?"

"မဟုတ္ပါဘူး မဟုတ္ပါဘူး၊ အာ... ကြၽန္ေတာ္ဆိုလိုတာက မင္းကြၽန္ေတာ့္ကိုပိုက္ဆံေပးစရာမလိုပါဘူး"

႐ႊီလ်န္ႏႈတ္ခမ္းပါးေတြဟာ ျဖည္းျဖည္းခ်င္းအသာေကာ့တက္သြားေလေတာ့သည္။

"အိုေက"

"အာ အင္း"

ရွန့္ခ်န္ခုန္းသည္ သူ မယုံၾကည္နိုင္ေလာက္ေသာတစ္စုံတစ္ရာအားလုပ္ေနသလိုမ်ိဳးခံစားရ၏။ သူႏွင့္႐ႊီလ်န္က သူငယ္ခ်င္းေဟာင္းေတြလိုမ်ိဳး အတူတူထိုင္ေနၾကၿပီး အကင္စားေနရင္းစကားေျပာေနၾကသည္။

ဤအရာကို သူ ႐ႊီလ်န္အိမ္ထဲဝင္ေရာက္လာခ်ိန္က လုံးဝစိတ္ကူးမယဥ္ၾကည့္ရဲခဲ့ေပ။

သူ႕မ်က္လုံးေတြက ႐ႊီလ်န္ထံကိုမဦးတည္ဘဲမေနနိုင္ေတာ့ ၊ သူမအိမ္မွာရွိခ်ိန္မွာေတာ့ ႐ႊီလ်န္ကစိတ္ေျပလက္ေပ်ာက္ႏွင့္လြတ္လပ္ေပါ့ပါးပုံရ၏။ သူမေလးကဘာႏႈတ္ခမ္းနီမွမဆိုးထားဘဲ ပုံမွန္နီရဲေနသည့္ႏႈတ္ခမ္းနီအစား သူမႏႈတ္ခမ္းပါးေတြဟာပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ေလးျဖစ္ေနသည္။ ေႏြဦးအေစာပိုင္းမွာပြင့္လန္းေနေသာမက္မြန္ပန္းပြင့္လိုမ်ိဳးပင္...

သူမ၏နက္ေမွာင္ေနေသာဆံပင္ေတြကိုလည္း ထုံးစံအတိုင္းျမင္းျမႇီးသဖြယ္ျမင့္ျမင့္မစီးထားဘဲ သူမေခါင္းေနာက္မွာ သာမန္ကာလွ်ံကာစုထားၿပီး ဆံထိုးျဖင့္ထိုးထားေလသည္။

သူ သူမကို သူမဆိုင္မွာေတြ႕လိုက္သည့္အခ်ိန္တိုင္း သူမကသန္မာတဲ့ပုံေပၚတယ္လို႔ ရွန့္ခ်န္ခုန္းအၿမဲတမ္းထင္ေနခဲ့တာ ၊ ဒါေပမဲ့ သည္လိုမ်ိဳးလြတ္လပ္ေပါ့ပါးေနတဲ့႐ႊီလ်န္ကိုလည္း သူသေဘာက်သည္။ ဒါက သူတို႔ကနီးစပ္တယ္ဆိုတဲ့အေတြးမွားမ်ိဳး သူ႕ကိုရေစ၏။

"ရွင္ဘာၾကည့္ေနတာလဲ ကြၽန္မမ်က္ႏွာမွာတစ္ခုခုရွိေနလို႔လား"

႐ႊီလ်န္က သူမမ်က္ႏွာကိုစမ္းၾကည့္ရန္လက္ျမႇောက္လိုက္သည္။

"မဟုတ္ပါဘူး မဟုတ္ပါဘူး"

သူ႕အၾကည့္ေတြကိုအျမန္ေျပာင္းကာ ရွန့္ခ်န္ခုန္းသည္ သူကိုင္ထားေသာလိေမၼာ္ရည္ကိုငုံ႕ၾကည့္လိုက္ေတာ့သည္။ ႐ႊီလ်န္က သူမ၏ဖန္ခြက္အလြတ္ကိုကိုင္ရင္းမတ္တပ္ရပ္လ်က္ သူ႕ကိုေမး၏။

"ရွင္ေရလိုခ်င္လား? အကင္စားတဲ့အခ်ိန္ဆိုေရဆာလြယ္တယ္"

"မလိုေတာ့ပါဘူး ကြၽန္ေတာ္ အခုမွဒီေဖ်ာ္ရည္ေသာက္ၿပီးတာ"

ရွန့္ခ်န္ခုန္းျပန္ေျဖလိုက္၏။ အကင္လည္းစားၿပီးၿပီဆိုေတာ့ ျပန္ဖို႔အခ်ိန္ေရာက္လာၿပီပဲ။

႐ႊီလ်န္ ေရသြားယူခ်ိန္၌ ရွန့္ခ်န္ခုန္းသည္ သူ႕ဖန္ခြက္ထဲမွာက်န္ေနေသာလိေမၼာ္ရည္ကိုေသာက္ခ်လိဳက္သည္။ ထို႔ေနာက္ သူမတ္တပ္ထရပ္ကာ ႏႈတ္ဆက္ရန္အသင့္ျပင္ထားေလ၏။

ဤအခ်ိန္အေတာအတြင္း ႐ႊီလ်န္က သူမေရခဲေသတၱာကိုဖြင့္လိုက္ခ်ိန္တြင္ အထဲ၌ သံပရာသီးတစ္ပိုင္းကိုေတြ႕လိုက္ရေလသည္။ သူမက ႏွစ္စိပ္စိတ္၍ ေရထဲထည့္လိုက္၏။ သူမျပန္ေရာက္လာသည့္အခ်ိန္၌ ရွန့္ခ်န္ခုန္းသည္ ျပန္ဖို႔ျပင္ဆင္ေနသလိုမ်ိဳး မတ္တပ္ရပ္ေနလ်က္ရွိသည္။

"ရွင္ျပန္ေတာ့မလို႔လား?"

ရွန့္ခ်န္ခုန္း ေခါင္းညိတ္ျပလ်က္

"အရမ္းေနာက္က်ေနၿပီေလ မင္းရဲ႕ဧည့္ဝတ္ေက်ပြန္မႈအတြက္ေက်းဇူးတင္ပါတယ္"

"အင္း"

႐ႊီလ်န္ နည္းနည္းဝမ္းနည္းသြား၏။ သူမသံပရာရည္ကိုတစ္ငုံေသာက္လိုက္သည္။ ခ်ည္စူးစူးအရသာက သူမကိုနည္းနည္းပိုေကာင္းေအာင္လုပ္ေပးနိုင္ေသာေၾကာင့္ သူမက သူ႕ကိုတံခါးနားထိလိုက္ပို႔ေပးခဲ့သည္။ ရွန့္ခ်န္ခုန္းရင္ထဲမွာလည္း နည္းနည္းမြန္းၾကပ္ေနသလိုခံစားေနရ၏။ အိမ္ေရွ႕တံခါးမႀကီးကိုမဖြင့္ခင္ သူက ႐ႊီလ်န္ကိုလွည့္ၾကည့္ကာ

"အာ ဒါနဲ႕......."

အဲဒီေကာ္ဖီဆိုင္မွာသူျမင္ခဲ့တဲ့ဟာကို သူလည္းမေသခ်ာဘူး ၊ သူ ႐ႊီလ်န္ကိုေျပာျပသင့္လား? ေယာက္်ားႏွင့္မိန္းမၾကားကဆက္ဆံေရးေတြက အလြန္ထိခိုက္လြယ္သည့္အတြက္ အျပင္လူေတြက သူတို႔အေရးကိစၥ၌မပါဝင္သင့္ေပ။

သို႔ေသာ္လည္း အကယ္၍ အဲဒီလူကအျခားမိန္းကေလးေတြႏွင့္အမွန္တကယ္ေတြ႕ေနပါက ႐ႊီလ်န္ကေရာ? အကယ္၍ သူသာတစ္ခုခုျဖစ္ေနတာကိုရွင္းရွင္းလင္းလင္းျမင္ခဲ့ေပမဲ့ ႐ႊီလ်န္ကိုမေျပာျပခဲ့ဘူးဆိုလွ်င္..... သူ႕ကိုႀကံရာပါတစ္ေယာက္အျဖစ္ယူဆနိုင္သလား?

"ဘာလဲ"

႐ႊီလ်န္ ထိုေနရာ၌မတ္တပ္ရပ္ေနၿပီး သူ႕ကိုၾကည့္ေန၏။ ဧည့္ခန္းထဲကအလင္းေရာင္က သူမအေနာက္မွမီးထိုးေနတာေၾကာင့္ သူမပုံရိပ္ေလးအား မႈန္ဝါးဝါးအလင္းေရာင္ေလးေပးေဆာင္ေနခဲ့သည္။

"အမ္...... အရင္က မင္းဆိုင္မွာကြၽန္ေတာ္ေတြ႕ခဲ့တဲ့အဲဒီလူက မင္းရဲ႕ေကာင္ေလးလား?"

႐ႊီလ်န္က ေမးခြန္းေၾကာင့္ေၾကာင္အမ္းအမ္းျဖစ္သြား၏။ ထို႔ေနာက္ သူဘယ္သူ႕ကိုရည္ၫႊန္းမွန္းသေဘာေပါက္သြားသည္။

"ေဝ့ရိခ်န္? သူကကြၽန္မေကာင္ေလးလို႔ ရွင့္ကိုဘယ္သူေျပာတာလဲ"

ရွန့္ခ်န္ခုန္းသည္လည္း သူမအေျဖေၾကာင့္အံ့အားသင့္သြားရသည္။

"မဟုတ္ဘူးလား? ကြၽန္ေတာ္ သူ႕ကိုမင္းဆိုင္မွာခဏခဏေတြ႕ေနရၿပီး မင္းနဲ႕သူဆက္ဆံေရးကလည္းေကာင္းတဲ့ပုံဆိုေတာ့....."

"ေသခ်ာေပါက္မဟုတ္ပါဘူး"

႐ႊီလ်န္က ရွန့္ခ်န္ခုန္းစကားကိုျဖတ္ေျပာ၍ သူမႏွင့္ေဝ့ရိခ်န္ကအရမ္းနီးစပ္မႈရွိ၊မရွိကို အေလးအနက္စဥ္းစားေတာ့သည္။

"ကြၽန္မဆိုင္ကိုရမ္းကားဖ်က္ဆီးဖို႔ေရာက္လာတဲ့သူေတြကလဲ ကြၽန္မကိုသူ႕ေကာင္မေလးလို႔ထင္ေနၾကတာ.. အဲဒါေၾကာင့္ သူတို႔ကျပႆနာရွာဖို႔ႀကိဳးစား​ခဲ့တာ၊ ဒါေပမဲ့ ကြၽန္မနဲ႕ေဝ့ရိခ်န္က တစ္ေယာက္နဲ႕တစ္ေယာက္အခ်ိန္အၾကာႀကီးသိခဲ့ၾကတဲ့သူငယ္ခ်င္းေတြပဲ"

ရွန့္ခ်န္ခုန္း သူ႕ႏႈတ္ခမ္းဟလိုက္ေပမဲ့ မည္သည့္စကားမွထြက္မလာခဲ့ ၊ ဆိုေတာ့ သူအမွတ္မွားသြားခဲ့တာလား? သူတို႔ေတြကသူငယ္ခ်င္းေတြပဲ... ခ်စ္သူရည္စားမဟုတ္ဘူးေပါ့။

အာ.... အဲဒီေကာ္ဖီဆိုင္မွာ ေဝ့ရိခ်န္ရွိေနတဲ့ဘလိုင္းဒိတ္အေၾကာင္းကို သူ ေရွ႕ေနာက္မစဥ္းစားဘဲမေျပာလိုက္ခဲ့တာ ေတာ္ေသးတာေပါ့။

"႐ုတ္တရက္ႀကီး ရွင္ဒီလိုကိစၥေတြကိုဘာလို႔ေျပာေနရတာလဲ"

"အာ ဘာမွမဟုတ္ပါဘူး၊ သူကမင္းရဲ႕ေကာင္ေလးမဟုတ္ဘူးဆိုေတာ့ ဘာမွမဟုတ္ေတာ့ပါဘူး"

႐ႊီလ်န္ ခဏၾကာစဥ္းစားလိုက္ေသာ္ျငားလည္း ႐ုတ္တရက္ သူကေဝ့ရိခ်န္အေၾကာင္းကို ဘာလို႔ေမးလာခဲ့မွန္းနားမလည္နိုင္ေသးေပ ၊ သို႔ေပမဲ့ ယခုအခ်ိန္မွာ သူတို႔ကဤကိစၥအေၾကာင္းေျပာေနသည့္အတြက္ ႐ုတ္တရက္ သူမအား အျခားကိစၥကိုသတိရသြားေစ၏။

"ဒါနဲ႕ ရွင့္ဒဏ္ရာေတြေရာဘယ္လိုေနလဲ"

"သက္သာေနပါၿပီ"

"တကယ္လား? ကြၽန္မကိုျပပါဦး"

ရွန့္ခ်န္ခုန္းသည္ မသိစိတ္အရ သူ႕ကိုယ္သူ သူ႕လက္ေတြျဖင့္ကြယ္ထားလိုက္ေလသည္။

"တကယ္သက္သာေနပါၿပီ အမ်ားႀကီးပိုေကာင္းလာၿပီ"

သို႔ေသာ္ ႐ႊီလ်န္ကိုေတာ့အ႐ူးလုပ္လို႔မရ ၊ အရင္တစ္ေခါက္ သူ႕ဒူးေခါင္းဒဏ္ရာကို သူမျမင္ခ်ိန္၌ အရမ္းဆိုး႐ြားပုံေပါက္ေနခဲ့၏။ သည္ဒဏ္ရာေတြကို ေဆးဖက္ဝင္အရက္အခ်ိဳ႕ျဖင့္သက္သာနိုင္မလားကိုေတာ့ သူမလည္းမေသခ်ာေပ။

"ကြၽန္မၾကည့္ၾကည့္မယ္"

႐ႊီလ်န္သည္ ထိုသူကအမွန္တကယ္မျပလိုေၾကာင္း သိလိုက္ရသည္။ သူ႕အဝတ္အစားေတြကိုခြၽတ္ဖို႔ သူတို႔မွာအခ်ိန္မရွိတာလည္းျဖစ္နိုင္တာပဲ... ထို႔ေၾကာင့္ သူမက အျခားတစ္ခုအားေတာင္းဆိုလိုက္၏။

"ဒါဆို အနည္းဆုံးေတာ့ ကြၽန္မကိုရွင့္မ်က္ႏွာေပၚကဒဏ္ရာကိုျပၾကည့္ မလႈပ္လိုက္နဲ႕"

႐ႊီလ်န္ကေျခဖ်ားေထာက္ရပ္လိုက္သည္။ ၾကည့္ရတာ သူ႕မ်က္ႏွာေပၚကဒဏ္ရာကအမ်ားႀကီးျပန္သက္သာလာတဲ့ပုံပဲ ၊ အရင္တစ္ေခါက္ သူမ သူ႕အိမ္မွာေတြ႕ခဲ့တာႏွင့္ယွဥ္ၾကည့္လွ်င္ ဒဏ္ရာကအမ်ားႀကီးပိုသက္သာလာ၏။ ႐ႊီလ်န္က ဒဏ္ရာကိုပို၍ရွင္းရွင္းလင္းလင္းၾကည့္ရန္ အနားကပ္လာေလသည္။

ရွန့္ခ်န္ခုန္းႏွလုံးသားက သူ႕ရင္ဘတ္ထဲကေနေပါက္ထြက္လာေတာ့မလိုပဲ ၊ ႐ႊီလ်န္ကအလြန္နီးကပ္ေသာေၾကာင့္ သူမမ်က္ေတာင္ခတ္လိုက္သည့္အခ်ိန္တိုင္း သူ႕မ်က္ႏွာခ်င္းဆိုင္မွ သူမမ်က္ေတာင္ေတြခတ္ေနတာကိုေတာင္ သူခံစားရနိုင္သည္။ သို႔ေသာ္ သူ႕ေနာက္ေက်ာက နံရံႏွင့္လုံးဝကပ္ေနသည့္အတြက္ ဒီထက္ပို၍ သူလႈပ္ရွားလို႔မရနိုင္ေပ။

႐ႊီလ်န္မွာေတာ့ သူ႕မ်က္ႏွာေပၚကဒဏ္ရာကို ၾကည့္ေန၏။ သူ႕မ်က္ႏွာကိုကိုင္ရန္ သူမလက္ကိုျမႇောက္၍ ဒဏ္ရာေပၚျဖည္းျဖည္းခ်င္းပြတ္လ်က္

"နာလား?"

ရွန့္ခ်န္ခုန္းျပန္မေျဖ ၊ အကယ္၍ သူပါးစပ္ဖြင့္လိုက္သည့္အခ်ိန္၌ သူ႕အသံမွတစ္ဆင့္ သူ႕စိတ္ခံစားခ်က္ေတြကို ေဖာ္ျပမိသြားမွာကိုစိုး႐ြံ႕ေနခဲ့သည္။

တင္းၾကပ္ေနသည့္သူ႕ႂကြက္သားေတြကိုခံစားမိေသာေၾကာင့္ ႐ႊီလ်န္သည္ သူ႕မ်က္လုံးေတြကိုေမာ့ၾကည့္လိုက္၏။

သူ၏နက္နဲလွေသာမ်က္ဝန္းနက္နက္ေတြသည္ အရင္တစ္ေခါက္ကလိုမ်ိဳး နက္ရွိုင္းေသာအဆုံးမဲ့ကန္ေရျပင္ကဲ့သို႔ပင္ ၊ သူတို႔မ်က္ဝန္းေတြဆုံသြားခ်ိန္တြင္ ရွန့္ခ်န္ခုန္းသည္ အေဝးသို႔အလ်င္အျမန္အၾကည့္လႊဲသြားေတာ့သည္။ သူအၾကည့္လႊဲသြားခဲ့ေပမဲ့လည္း သူတို႔အသက္ရႈသံေတြဟာ သူတို႔၏နီးကပ္ေနေသာအေနအထားေၾကာင့္ မလြဲဧကန္ ၿငိတြယ္လ်က္ရွိေန၏။

သူတို႔ႏွစ္ေယာက္ကအလြန္နီးကပ္ေနသည့္အတြက္ ဘယ္သူ႕ရင္ဘတ္ကက်ယ္က်ယ္ေလာင္ေလာင္ခုန္ေနလဲဆိုတာ မည္သူမွမသိနိုင္ေပ။

ဒုတ္ ဒုတ္ ဒုတ္

ရွန့္ခ်န္ခုန္း တစ္စကၠန့္ေလးေတာင္ ဒီေနရာမွာမေနနိုင္ေတာ့ ၊ ႐ႊီလ်န္ သူ႕ကိုမမုန္းမိသြားခင္ သူခ်က္ခ်င္းထြက္သြားရမည္။

သို႔ေသာ္ သူလွည့္ၿပီးတံခါးမဖြင့္ခင္ ႐ႊီလ်န္ကသူ႕လည္ပင္းကို လက္ျဖင့္ဖက္တြယ္၍ သူ႕ႏႈတ္ခမ္းေတြကိုနမ္းလာေတာ့၏။

ရွန့္ခ်န္ခုန္း အသက္ရႈဖို႔ လုံးဝဥႆုံေမ့ေလ်ာ့သြားခဲ့ၿပီ...

႐ႊီလ်န္၏ႏႈတ္ခမ္းပါးေတြက သူထင္ထားတာထက္ပိုၿပီးႏူးညံ့ေန၏။ အရမ္းႏူးညံ့ေနတာေၾကာင့္ သူ႕ႏွလုံးသားကဂြမ္းစေလးေတြထဲနစ္ျမႇုပ္ေနသလိုပဲ ၊ ႐ႊီလ်န္ကိုယ္ေလးက သူ႕အနားသို႔အလိုလိုနီးကပ္လာသည့္အတြက္ ရွန့္ခ်န္ခုန္း၏ခႏၶာကိုယ္တစ္ခုလုံးအား မီးေတာက္ေလာင္ေစသည္။

သူ ဒီထက္ပိုၿပီးနီးကပ္ခ်င္တယ္ ၊ သူမ သူ႕ကိုမုန္းသြားမယ္ဆိုရင္ေတာင္ သူပိုၿပီးနီးကပ္ခ်င္တယ္။

႐ႊီလ်န္မွာေတာ့ စိတ္ကူးရသည္ႏွင့္ေကာက္ကာငင္ကာလုပ္ခ်လိဳက္ေတာ့သည္။ သူမကလုပ္ခ်င္စိတ္ရွိလာလွ်င္လုပ္လိုက္တာပဲ ၊ သို႔ေသာ္ ဒီေလာက္ထိခံစားခ်က္ေကာင္းေနလိမ့္မယ္လို႔ေတာ့ သူမ မေမွ်ာ္မွန္းထားခဲ့။ ရွန့္ခ်န္ခုန္း၏ေယာက္်ားဆန္ဆန္ရနံ႕က သူမကိုစြဲမက္ေစ၏။

ေနာက္ျဖစ္ပ်က္လာမည့္အရာကေတာ့ သူမေမွ်ာ္မွန္းခ်က္မ်ားထက္ လုံးလုံးလ်ားလ်ားေက်ာ္လြန္ေနသည္။ ႐ုတ္တရက္ ရွန့္ခ်န္ခုန္းက သူမကိုယ္ေလးကိုလွည့္လိုက္ေသာေၾကာင့္ သူမေနာက္ေက်ာက တံခါးႏွင့္ပိတ္မိေနေလသည္။ သူက သူမကိုျပန္နမ္းရွိုက္လာကာ သူတို႔ခႏၶာကိုယ္ၾကား၌ မည္သည့္ကြက္လပ္မွမရွိေအာင္ နီးကပ္ေန၏။

လူႏွစ္ေယာက္ကမီးရထားႏွစ္စင္းလိုမ်ိဳး လမ္းေခ်ာ္ခါနီး၌ ပို၍အေျပးအလႊားေျပးဆြဲေနၾကသည္။

သို႔ေပမဲ့ မည္သူတစ္ဦးတစ္ေယာက္ကမွ ရပ္တန့္လိုစိတ္မရွိၾက..

႐ႊီလ်န္က ရွန့္ခ်န္ခုန္းအနမ္းေတြထဲမွာ လုံးလုံးလ်ားလ်ားႏွစ္ျမႇုပ္ေနေတာ့သည္။ ပတ္ဝန္းက်င္ရွိေလထုေၾကာင့္ အျပင္ပန္းအားျဖင့္ သူမသည္ သူ၏ပူေလာင္ေနေသာခႏၶာကိုယ္အပူခ်ိန္၊တင္းၾကပ္လွေသာႂကြက္သားမ်ား၊ ေတာက္ေလာင္ေနေသာအသက္ရႈသံမ်ားႏွင့္မရပ္မနားခုန္ေနေသာသူ႕ႏွလုံးခုန္သံမ်ားကိုခံစားသိရွိနိုင္၏။

သူမအသိျပန္ဝင္လာခ်ိန္မွာေတာ့ သူမကို ရွန့္ခ်န္ခုန္းက ဆိုဖာေပၚတြင္အုပ္မိုးထားလ်က္ရွိေၾကာင္းသေဘာေပါက္သြား၏။ သူမဆံပင္ေတြကျဖည္ခ်ထားလ်က္သား၊ သူမအကၤ်ီကၾကယ္သီးျဖဳတ္ထားၿပီး ေကာ္လံကသူမပခုံးေပၚမွေလွ်ာက်ေနေလသည္။

ရွန့္ခ်န္ခုန္းက သူမတို႔ႏွစ္ေယာက္ေတြ႕သည့္အခ်ိန္တိုင္း သူမကိုအၿမဲတမ္းၾကင္ၾကင္နာနာဆက္ဆံခဲ့တာ.. သို႔ေပမဲ့ ယခုအခ်ိန္မွာေတာ့ သူက ႐ႊီလ်န္မျငင္းပယ္နိုင္ေအာင္ က်ဴးေက်ာ္ရန္စေန၏။

ဒါေပမဲ့ အမွန္တိုင္းေျပာရရင္ သူမလည္းမျငင္းပယ္ခဲ့ေပ။

သူမသည္ ေခါင္းကိုတစ္ဖက္သို႔နည္းနည္းေစာင္းေပးလိုက္ကာ သူ႕အနမ္းေတြကို သူမလည္တိုင္ႏွင့္ညွပ္ရိုးေပၚသို႔ တစ္ေနရာၿပီးတစ္ေနရာ က်ေရာက္ခြင့္ျပဳလိုက္ေတာ့သည္။ သူမမ်က္ဝန္းကေဝဝါးလာေသာ္ျငားလည္း ဆိုဖာအစြန္းနားမွာရွိေသာသူမလက္ကိုင္အိတ္ကိုေတာ့ သူမျမင္နိုင္ေသးသည္။ ရွန့္ခ်န္ခုန္းကိုဖက္ထားလ်က္ပင္ သူမသည္ အိတ္ကိုလွမ္းဆြဲရန္ သူမေျခေခ်ာင္းေတြျဖင့္လွမ္းလိုက္၏။

သူမေအာင္ျမင္ေတာ့မည့္အခ်ိန္တြင္ လက္ကိုင္အိတ္ကေအာက္ကိုက်သြားၿပီး အထဲရွိပစၥည္းေတြက ၾကမ္းျပင္ေပၚျပန့္က်ဲသြားေတာ့သည္။

ရွန့္ခ်န္ခုန္း အသံလာရာဘက္ကို နည္းနည္းေစာင္းငဲ့ၾကည့္လိုက္သည္။ အဲဒီမွာ.. အလွျပင္ပစၥည္းအခ်ိဳ႕ၾကား၌ အထူးသျဖင့္ မ်က္စိဖမ္းစားနိုင္ေသာအနီေရာင္ဘူးေသးေလးတစ္ဘူးရွိေန၏။

သူ ဘူးကိုေကာက္ကိုင္ကာ အေမာတေကာအသက္ရႈေနရင္းမွေမးလာသည္။

"မင္းဒါကိုရွာေနတာလား"

"အင္း....."

႐ႊီလ်န္က သူ႕ထက္ေတာင္မွပို၍အေမာတေကာအသက္ရႈေနရၿပီး သူမရင္ဘတ္ေတြေလးလံေနခဲ့သည္။ သူမ ရွန့္ခ်န္ခုန္းကိုၾကည့္လိုက္သည္။ သူမမ်က္ဝန္းေတြကအလြန္ေမွာင္မိုက္ေနကာ မွင္စက္ႏွင့္ေတာင္တူေန၏။ ရွန့္ခ်န္ခုန္း သူမကိုေမးလိုက္သည္။

"မင္းမူးေနတာလား?"

( T/N : အရက္မူးေနတာလားလို႔ေမးတာမဟုတ္ဘူး၊ သူမလုပ္ေနတာေတြကို ေသခ်ာရွင္းရွင္းလင္းလင္းနားလည္နိုင္စြမ္းရွိဖို႔ စိတ္ၾကည္လင္ျပတ္သားေနလားလို႔ေမးတာ )

"အင္း......"

ရွန့္ခ်န္ခုန္း အႀကိမ္အနည္းငယ္မွ်အသက္ရႈသြင္းၿပီးေနာက္ ကိုယ္ကိုကိုင္းကာ ႐ႊီလ်န္၏ႏႈတ္ခမ္းေထာင့္ေပၚသို႔အနမ္းေပးလိုက္သည္။ သူ သူမနားထဲသို႔တိုးတိုးကပ္ေျပာလာသည္မွာ

"ကိုယ္ မင္းကိုေနာင္တမရေစခ်င္ဘူး"

အရာအားလုံးေျပာၿပီး၊လုပ္ၿပီးမွ ေနာင္တမရနဲ႕...

႐ႊီလ်န္လက္ေတြက ရွန့္ခ်န္ခုန္းလည္ပင္းကိုခ်ိတ္တြယ္လ်က္ သူမသည္ သူ႕ႏႈတ္ခမ္းေတြကိုနမ္းရန္ သူ႕ကိုဆြဲခ်လိဳက္သည္။ ဒါနဲ႕တင္မလုံေလာက္ေသးဘူးလို႔ သူမခံစားေနရ၏။ သူမ သူနဲ႕ပတ္သတ္ၿပီးအမ်ားႀကီးထပ္သိခ်င္ေသးတယ္.. သူ႕အသက္ရႈသံေတြကိုခံစားၾကည့္ခ်င္တယ္.. သူ႕ေခြၽးေတြကိုသူမကိုယ္ေပၚမွာရွိေစခ်င္တယ္...

သူမတို႔ေတြဘယ္ေလာက္ၾကာေအာင္လုပ္ခဲ့လဲေတာ့သူမမမွတ္မိ ၊ ႐ႊီလ်န္မွတ္မိတာကေတာ့ သူတို႔ေတြ ဆိုဖာမွတစ္ဆင့္အိပ္ခန္း၊ ေနာက္ၿပီး ေရခ်ိဳးခန္း၊ ေနာက္ဆုံး အိပ္ခန္းထဲျပန္လာခဲ့တာကိုပဲ။ ပထမဆုံးအႀကိမ္အေနနဲ႕ တျခားတစ္ေယာက္ရဲ႕ရင္ဘတ္ေပၚမွာ သူမအိပ္ေပ်ာ္သြားခဲ့ျခင္းျဖစ္သည္။ သူတို႔ႏွလုံးခုန္သံေတြက သူမအိပ္ေမာက်နိဳင္ေအာင္ ေခ်ာ့သိပ္ေနခဲ့ျခင္းပင္...

________________

Đọc tiếp

Bạn Cũng Sẽ Thích

1.7M 127K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.2M 36.6K 45
(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Mat...