Unicode
Bliss
တားမြစ်ထားတဲ့ အနုပညာ
ထပ်တူကျသွားတဲ့ တစ်ခန
နူးညံ့ခြင်းကြောင့် အသိလွတ်မတတ်
မက်မောလိုက်ရတာများ ဘဝကို စတေးချင်စရာ
"ကောင်းကင်ဘုံ၌ မိနစ်ပိုင်း"
~~~~~~~~~~~~~~~~
သားငယ်၏ အခန်းထဲမှ ထွက်လာပြီးနောက် လှေကားထစ်တို့အား ဖြေးညှင်းစွာ ဆင်းသက်နေသည့် မင်ရှို့၏ ခြေလှမ်းတို့မှာ တယိမ်းတယိုင်။
မနေ့ညက ပြင်းထန်သော အဖျားကြောင့် သူ၏ ခန္ဓာကိုယ်မှ အားပြတ်နေသလို ရင်ထဲ၌လည်း တနုန့်နုန့်။
အရာရာတွင် ပျော့ညံ့လွန်းသည့် ထိုကလေးသည် ယခုလည်း ကျိန်းသေပေါက် အငိုသည်းနေမည်ကိုသာ တွေးတော့ သောကပိုရပြန်သည်။
ဆန္ဒအတိုင်းသာဆို ရင်ခွင်ထဲ ပိုက်ထွေးလို့ ချော့မြှူလိုက်ချင်ပေမယ့် သူ၌ ထိုသို့သော အခွင့်အရေးမျိုးမရှိ။
သူ၏ အတ္တများကြောင့် သူသည် ဘဝတစ်လျှောက်လုံး တစ်ခါမျှ သူ၏ သွေးသားအပေါ် ကြင်နာဖို့ အချိန်မရှိခဲ့ပေ။
အရေပြားပေါ်က ကပ်ပါးတစ်ကောင်လို ကပ်တွယ်နေရင်း၊
ကြီးမားတဲ့ သူ့၏ လှည့်ကွက်တွေထဲ သူပါ နစ်မွန်းနေရင်း သူဟာ 'မေတ္တာ' ဆိုသည့် အရာအား မေ့လုနီးနီး။
မင်ရှိူ့ ....
သူဟာ လူအများကြီးအား ထိခိုက်စေခဲ့ပေမယ့်
သူ့လုပ်ရပ်များဟာ ထပ်ထလဲလဲ မှားယွင်းနေပေမယ့်
ခေါင်းမာနေဆဲ .....
လောကကြီးအား ပြောင်းပြန်လှန်ပစ်ဖို့ကြိုးစားနေသည်ကိုမှ လူမှန်နေရာမှန်ပါဟု ငြင်းဆိုနေဆဲ။
တုန်ချီနေသော ခန္ဓာကိုယ်ကြောင့် မိမိ အခန်းအား ပြန်နားရန် ဆုံးဖြတ်ထားပေမယ့် မနီးမဝေးရှိသော အခန်းဆီမှ အသံတစ်သံအား နားစွန်နားဖျား ကြားလိုက်ရ၏။
စိုးထိတ်သွားသော အသိနှင့်အတူ လက်ကျန် ရှိသမျှသော အားတို့ကို စုရုံးလို့ ဦးတည်ရာက သူတစ်ယောက်သာ သိသော ငရဲခန်းသို့။
စိုးရိမ်ပူပန်တကြီးဖြင့် သူ၏ ခြေလှမ်းများအား အားသွန်ခွန်စိုက် အရှိန်တင်ပေမယ့် သန်မာမှု မရှိသော ခြေထောက်တို့ကြောင့် အားမလိုအားမရရုံသာ အဖက်တင်သည်။
တရိပ်ရိပ်ပူနေသော သူ၏ ခန္ဓာကိုယ်မှာ စိုးရိမ်းစိတ်ကြောင့်လော အဖျားသွေးကြောင့်လော မသဲကွဲ။
"ဒုန်း!!"
အရှိန်ပြင်းပြင်း ဆောင့်ကန်လိုက်တဲ့ သံထည် တံခါးရွက်ဟာ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။
အသားကျနေသည့် အမှောင်ထုထဲ အလောတကြီး ပြေးဝင်ကာ စစ်ဆေးကြည့်တော့ သူထားသည့်အတိုင်း နေရာတကျမရှိတော့သည့် အခန်းကျဥ်း။
နေရာတကျမရှိသည်ဆိုတာထက် လစ်ဟနေသော ထိုကွက်လပ်။
ပြေကျနေသော ကြိုးတစ်ချောင်းနှင့် ရုန်းရင်းဆန်ခတ်လဲကျနေသော ခုံငယ်။
ကျိတ်မနိုင်ခဲမရစွာ တောက်'တချက် ခေါက်လိုက်၏။
သူ၏ သားကောင်မှာ လွတ်မြောက်ခြင်းအား ဝမ်းမြောက်စွာ ခံယူလိုက်ရပြီဖြစ်ကြောင်း သိလိုက်ရချိန် ဒေါသမီးတို့ဟာ တစ်ကိုယ်လုံးတောက်လောင်လာသည်။
တစ်ခုသော လွဲချောမှုဆိုရင်တောင် သူ၏ ကာလရှည် အကြံအစည်အား ဖျက်စီးပစ်နိုင်သည်အထိ ရိုက်ခတ်မှု ပြင်းတာမလို့ ခန္ဓာတစ်ခုလုံး ပေါက်ကွဲမတတ် မွန်းကျပ်လာရသည်။
စားပွဲပေါ်တွင် တင်ကျန်နေသော စာအိတ်ဖြူလေးဟာ ဤ အခန်းထဲ တစ်စုံတစ်ယောက် ဝင်သွားသည်ဟူသော အထောက်အထား။
စာအိတ်အား ဆွဲဖြဲလိုက်တော့ အိတ်ထဲရှိ ဓါတ်ပုံများဟာ ပြန့်ကျဲသွားရသည်။
ကြမ်းခင်းပေါ်တွင် ငြိမ်သက်နေသော ဓါတ်ပုံတစ်ပုံအား ကောက်ယူကြည့်လိုက်ပေမယ့် အမှောင်ထုကြီးစိုးနေသည်မလို့ မြင်ကွင်းမှာ မထင်ရှား။
အာရုံစိုက်ကာ ဓါတ်ပုံကိုစိုက်၍ အတန်ကြာကြည့်နေရင်းမှ ဦးနှောက်၏ တန်ပြန်မှုကြောင့် အလန့်တကြားဖြင့် ထို ဓါတ်ပုံအား အဝေးသို့ ပစ်လွှင့်လိုက်သည်။
သို့ပေမယ့် သူ၏ ကံဆိုးမှုတို့ဟာ ထိုတွင် အဆုံးမသတ် မှောက်လျက်ရှိသော ဓါတ်ပုံ၏ နောက်ကျောဘက်က သူ၏ သောကတို့အား မီးဇာထိုးပေးသကဲ့သို့။
ငန်းသဏ္ဍာန်ထွင်းထားသည့် အမှတ်အသားဟာ လက်နက်တစ်စင်းသာဆို သူ၏ မြင်လွှာတို့အား ဖျက်စီးနှင့်လောက်ပြီ။
ထိတ်လန့်ခြင်းတို့ ခြုံလွှမ်းသွားသော သူ၏ မျက်ဝန်းများဟာ လှုပ်လဲ့လဲ့။
နှုတ်ခမ်းများတောင် မစေ့ပိတ်နိုင်။
သရဲတစ်ကောင်မြင်လိုက်ရသလို သွေးရူးသွေးတမ်း ရေရွတ်နေရင်း ကြောက်ရွံ့ခြင်းဗီဇများက သူ၏ အကောင်းတိုင်းရှိနေသော ဆဲလ်တို့အား ဖျက်ဆီးပစ်လိုက်သည်။
"ဒီ ငန်း ပုံစံက .... ဒါက ဘာ လို့ ဒီမှာ"
ထိုအမှတ်အသား...
တွေးမိတိုင်း ငရဲအား အရှင်လက်လက်း ဆင်းရသလို သူ၏ အသည်းဆိုင်ဟာ တမြေ့မြေ့လောင်မြိုက်၏။
အတိတ်နေ့စွဲများဟာ နွယ်အဖြစ် သူ၏ လည်တိုင်အား ရစ်နှောင်ရင်း အသက်ရှူသံတို့အား ချုပ်ငြိမ်းစေလို သယောင်။
ထိုကျော့ရှင်းနေသော ငန်းအမှတ်အသားဟာ မင်ရှို့အတွက်တော့ အဓိပ္ပါယ် များစွာရှိခဲ့သည်။
ငယ်ရွယ်မှု သို့ ရူးသွပ်ခြင်း။
သို့မဟုတ် Onsara ၏ အမှတ်အသား။
ဤကမ္ဘာပေါ်တွင် ထိုလျို့ဝှက်ချက်အား သိသူဟာ လေးယောက်သာရှိခဲ့၏။
ဖြစ်ရပ်များစွာ ဖြစ်ပျက်ခဲ့ပြီးနောက်၊
တစ်နည်းအားဖြင့် ထိုအမှတ်အသားအား ဖန်တီးခဲ့သူမှ သေဆုံးသွားပြီးနောက် ထိုသင်္ကေတသည် သူတို့၏ ပုံပြင်ထဲမှ ပျောက်ကွယ်သွားရသည်။
'နောက်တစ်ကြိမ် ထပ်တွေ့ခွင့်မရှိတော့'
ထိုသို့သိထားခဲ့ပေမယ့် အခုသူ၏ မျက်စိရှေ့တွင် ထိုအမှတ်အသားအား မျက်မြင်ဝါးထင်ထင် တွေ့လိုက်ရသည့်အခါ သူ၏ အသိအာရုံတို့ဟာ ဆောက်တည်ရာမရ။
ဓါတ်ပုံချန်ခဲ့သူနှင့် Onsara ကြား ဆက်နွယ်မှုအား ဘယ်သူမှ ဆက်စပ်၍ မရ။
"Onsra ရဲ့ ပိုင်ရှင် အစစ်ကပဲ ဒီငန်းကို ဖန်တီးနိုင်မှာ"
သူ၏ နှုတ်ဖျားမှ ထွက်သော စကားကြောင့် သူကိုယ်တိုင်ဟာ တစ်စစီ လွင့်စင်သွားသကဲ့သို့ ခံစားရသည်။
မကြာခင်ကြုံရမည့် သူ၏ ပျက်စီခြင်းအတွက် သူအသင့်မဖြစ်သေး။
ကြမ်းပြင်ပေါ်သို့ လေးပင်စွာ ဒူးထောက်ချလိုက်ပြီး ပြန့်ကျဲနေသော ဓါတ်ပုံ တစ်ပုံချင်းစီကာ သိမ်းယူနေသည့် သူ၏ လက်များဟာ တုန်ယင်နေ၏။
တိမ်စွဲနေသော ထိုမျက်လုံးများဟာ မျက်ရည်များကြောင့် ပိုလို့ပင် အုံ့မှိုင်းနေသည်။
ဓါတ်ပုံအများစုဟာ သူ အလုပ်ခိုင်းနေကျ လူများနှင့် စကားပြောနေသည်အား ရှင်းလင်းစွာ ရိုက်ထားသော ပုံများ။
ပထမဆုံးပုံမှာ ဝမ်သခင်ကြီး၏ စျာပနနေ့တွင် ဖြစ်၏။
ထိုနေ့က သခင်လေးအတွက် toast သွားကို ဗန်းပြ၍ သူ၏ လူများအား အရေးကြီးကိစ္စတစ်ခု တာဝန်ပေးခဲ့သည်ကို ပြန်အမှတ်ရမိသွားသည်။
ထိုနေရာမှအပြန်တွင် လူတစ်ယောက်နှင့် တိုက်မိပြီး အိမ်တော်ရင်ထိုး ကျပျောက်ခဲ့သည်မလို့ ဝမ်ရိပေါ်ကပင် သတိပေးခဲ့သေးသည်။
နောက်ထပ် ဓါတ်ပုံများမှာလည်း အလားတူစွာ မင်ရှို့နှင့် ထိုလူများတွေ့သည့် အခေါက်တိုင်းအား ဓါတ်ပုံဖြင့် မှတ်တမ်းတင်ထားသည်။
ထို့အပြင် Clara အား လုပ်ကြံသည့် ညက ပုံကိုပါ အတိအကျရိုက်ထားသည့်မလို့ မင်ရှိူ့သည် အမှားတစ်ချက်လုပ်လို့မရသည့် ထိုသူ၏ လက်ခုတ်ထဲမှ ရေဖြစ်နေပြီဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
သူ၏ ပြစ်မှုများနည်းတူ များပြားသော ဓါတ်ပုံတွေကြား နောက်ဆုံးဓါတ်ပုံမှာတော့ တနေ့ညက အဖြစ်အပျက်၊
ဂိုထောင်ဟောင်းထဲတွင် တွေ့ကြသည်မှာ နောက်ဆုံး အခေါက်ဖြစ်သလို ဓါတ်ပုံများဟာလည်း ထိုနေ့ ရက်စွဲဖြင့် အဆုံးသတ်ထားသည်။
မင်ရှိူ့ ကိုက်ခဲနေသော ဦးခေါင်းအား သက်သာလို သက်သာငြား မျက်ရိုးတို့အား နှိုပ်နယ်နေလိုက်၏။
ထိုလူဟာ ဘယ်အချိန်ကတည်းက သူ၏ နောက် နောက်ယောင်ခံနေခဲ့တာပါသနည်း။
ထိုအရာထက် ပိုအရေးကြီးသည်မှာ ထိုလူသည် swan အမှတ်အသားအား သိနေသလို မင်ရှိူ့ လုပ်သမျှအရာအားလုံးအား သိနေပြီး မင်ရှို့လမ်းအား ပိတ်ဆို့ထားသော အန္တရာယ်အရှိဆုံး သူတစ်ယောက်။
ဘယ်အတိုင်းအတာထိ၊
ဘယ်လို အတိမ်အနက်ထိ သိထားမှန်း မသိရသည်ကြောင့် မင်ရှို့ ၏ လက်ရှိအခြေအနေဟာ ဂျောင်ပိတ်ခံထားရသည့် ခွေးအိုကြီး တစ်ကောင်လို။
လက်လွှတ်စပယ် ပြုမူမိလျှင် ပျက်စီးရာပျက်စီးကြောင်း မှာ သူကိုယ်တိုင်သာ။
သို့ပေမယ့် မင်ရှို့ရိပ်မိသည့် တစ်ချက်မှာ
ထိုလူသည် ဓါတ်ပုံများအား မင်ရှိူ့ကိုယ်တိုင်ဆီသို့သာ ပို့ပေးခဲ့ပြီး ဝမ်ရိပေါ်အား အသိပေးသည်လို့ သူသည် ဝမ်ရိပေါ် ဘက်ရော သူ့ဘက်ကရော မဟုတ်သည့် ရည်ရွယ်ချက်မျိုးကွဲ တစ်ခုဖြင့် သူသာ။
~~~~~~~~~~~~~~~~~
"စီနီယာ ဒါလေး တစ်ချက်လာကြည့်ပါဦး"
ဘေးခုံမှ လက်ထောက်လေး၏ ခေါ်သံကြောင့် အမှုတွဲဖိုင်တွေကြား ခေါင်းနစ်နေသည့် ယွမ်ဟာ လှည့်ကြည့်လာသည်။
"ဘာများလဲ"
"Mrs.Wang ရဲ့ အလောင်းခွဲစိတ်တဲ့ ဆရာဝန်ဆီက စစ်ဆေးချက်တွေ ထပ်ရလာတယ်"
Mrs.Wang ဆိုသော နာမကြောင့် မုယွမ် ထိုင်နေရာမှ ကပြာကယာ ထလိုက်မိသည်။
မိမိရှေ့သို့ တိုးပေးလာသည့် laptop မှ စစ်ဆေးချက်များကို ကြည့်ရင်း နားမလည်နိုင်စွာ ထိုအကြောင်းအရာကိုသာ ထပ်ခ္ထပ်ခါ ဖတ်နေမိ၏။
"အဆုတ်က ပျက်စီးနေတာလား??
ပထမဆေးစစ်ချက်မှာကျတော့
အစာအဆိပ်သင့်တာရော အဆိပ်မိတောရော မဟုတ်ဘူဆိုပြီး
အခု သူမရဲ့ အဆုတ်က ပျက်စီးနေတယ်ဆိုတော့ ငါပြောသလို အဆိပ်အငွေ့ကြောင့်မလား။"
သူမ၏ တွေးဆဆ အပြောအား လက်ထောက်ကောင်လေးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံသည်။
"အဆိပ်ငွေ့ဆိုတာထပ်၊
ရေရှည်ဆို ဆိုးကျိုးဖြစ်တာမျိုးတစ်ခုခုလို့ပဲ ပြောရမလား။
'ဘိုင်း' အဲ့လိုမျိုး တန်းသေသွားတာမျိုးမဟုတ်ပဲ တဖြည်းဖြည်းနဲ့ တိုက်စားသွားသလိုမျိုးလေ"
ထိုကောင်လေးဟာ မုယွမ်းအား မကြည့်ပဲ laptop ပေါ်က ဆရာဝန်၏ စစ်ဆေးချက်အား ကြည့်ရင်းပြောနေသည်။
"ဘယ်လို ရေရှည်လဲ၊
သေချာပြောပြစမ်းပါ!"
အနည်းငယ်ကျယ်သွားသော ယွမ်း၏ အသံကြောင့် တုန်သွားရှာသည့် ကောင်လေးမှာ မျက်မှန်ကိုင်းလေး ပင့်တင်ရင်း သေချာရှင်းပြလာသည်။
"ဓါတ်ငွေ့ပါ၊
အဆိပ်ငွေ့မဟုတ်ပဲ ၊ ဓါတ်ငွေ့ပါ။
သူတစ်မျိုးတည်းဆို အဆိပ်မရှိပေမယ့် တစ်ခုခုနဲ့ ဓါတ်ပြုမှ အဆိပ်လို ဆိုးကျိုးဖြစ်တာမျိုးပေါ့။
တစ်ချို့ကျ တစ်မျိုးတည်ဆို အဆိပ်ပြင်းပြီး တစ်ခုခုနဲ့ရောလိုက်ရင် ပျော့သွားသလို့ပေါ့
ပြီးတော့ ချက်ချင်းလဲ အကျိုးမပြဘူး ဖြေးဖြေးချင်း။
အဲ့နည်းက တရားမဝင်တဲ့ club တွေမှာ သုံးတာများတယ်။
ဆေးဝါးတွေနဲ့ဆို မိသွားရင် ဒုက္ခရောက်တာမလို့ ဓါတ်ပြုပြီး လေထဲ ဖြန်းပေးထားတာ။
အသက်များများရှူလေ လေပေါ် မြင့်မြင့်တတ်လေ"
ပြောနေရာမှ အသက်အား ရှုသွင်းရှုထုတ်လုပ်ကာ ခြေဟန်လက်ဟန်ဖြင့် ပျံပြနေသည့် သူအား ကြည့်ရင်းမှ မုယွမ်ဟာ ပြောသမျှ အကြောင်းအရာတို့နှင့် အမှုအား ပြန်ဆက်စပ်နေမိသည်။
သူမ အစကတည်းက အနံ့တစ်ခုကြောင့် ဆုံးမှန်း ရိပ်မိပေမယ့် ရေရှည်ဆိုသည့် အရာအား မစဥ်းစားမိခဲ့။
ထိုသို့သာဆိုလျှင် ဝမ်ရိပေါ်၏ မိထွေးဟာ အကွက်ချ၍ လုပ်ကြံခံရခြင်းပင်။
"ကျိချန် အဲ့လို နည်းမျိုးက တစ်ခြားဘယ်နေရာမှာ သုံးတတ်သေးလဲ။
တိတ်ဆိတ်ကာ စဥ်းစားဟန်ပြုသည်။
စိတ်လှုပ်ရှားနေသညိ့ မုယွမ်၏ အသက်ရှုသံမှာ အစီအစဥ်မကျ။
"လက်ဖက်ရည်တွေမှာ၊
သူရဲ့ အဆိပ်က အစာလမ်းကြောင်းကို ဒုက္ခမပေးဖူး ရေနွေရဲ့ အငွေ့ကို ရှူမိရင်းမှ အသက်ရှုလမ်းကြောင်းက တစ်ဆင့် ဖြစ်တာ၊ သူရဲ့ စရိုက်အရ နည်းနည်းသောက်ရင်ဆေးလို့ထင်ရပေမယ့် ကြာလာတာနဲ့ စွဲလမ်းလာပြီး၊
အဲ့နောက် အဲ့နောက်တွေမှာ
သူ့ရဲ့ ကလီစာတွေက ခံနိုင်မှာ မဟုတ်တော့ဘူး"
ကျိချန်၏ အပြောအဆုံး Mrs .Wang ဖြစ်သူ မသေဆုံးခင် ရက်ပိုင်းအလိုက ဝမ်ရိပေါ်နှင့် သူမအချင်းများသည့် ကိစ္စအား မေးမြန်ရန်အတွက် ဟိုနေ့က Onsara အားသွားခဲ့ရာ ထိုမိန်းကလေး ပြောခဲ့သည့် အကြောင်းအရာမှာ အာရုံထဲသို့ရောက်လာသည်။
"သူမက အရင်က ဘဲလေးက တာပါ။
ဒါပေမယ့် ရုတ်တရက်ကြီး ဥက္ကဠကြီးနဲ့ လက်ထပ်သွားခဲ့တယ်လေ ၊
နဂိုကတည်းက လောဘကြီးနဲ့သူမလို့ အမွေကိစ္စကြောင့် ဆရာဝမ်နဲ့ ခနခန ပြဿနာတတ်ကြတာ။
အဲ့နေက သူမက တကယ် စိတ်လွတ်နေတဲ့သူနဲ့တူတယ်။
ဘာမှ ကြီးကြီးမားမားမဖြစ်ပဲ အော်ပြီး စိတ်တိုနေတာ၊
သူမသောက်နေကြ အနွေးဘူးလေးကျန်ခဲ့တာကို အရူးလိုမျိုး ဒေါသတွေထွက်ပြီး အဲ့မှာ ဆရာဝမ်ရောက်လာပြီး ပြဿနာ ဖြစ်ကြတာပဲ"
ထိုကောင်မလေးပြောသည့် အနွေးဘူးဆိုသည့် အရာနှင့် ကျိချန်ပြောပြသည့် လက်ဖက်ရည်ဆိုသည်မှာ ဆက်စပ်နေပေမယ့် မုယွမ် ဒီ့ထက် တိကျသည့် အဖြေအား လိုချင်နေသေးသည်။
အယူအဆသာသာ မဟုတ်ပဲ သေချာသော အထောက်အထားတစ်ခု သူမရှာရမည်။
တရားခွင်တွင် ဝမ်ရိပေါ်ပြောခဲ့သည့် သူ၏ အဖေအား ကာကွယ်ပေးချင်ခဲ့သည် ဆိုသော စကားက နားထဲတွင် ပဲ့တင်ထပ်လာသည်။
ယခု မုယွမ်၏ အတွေးထဲတွင် လွန်ခဲ့သော မိနစ်ပိုင်းနှင့် ဆန့်ကျင်ဘက် ဝမ်ရိပေါ်ဟာ နစ်နာသူ အနေဖြင့်။
" ဘာလဲဟာ!! ဝမ်ရိပေါ်က သူ့အဖေကို ဘယ်သူ့ဆီကနေ ကာကွယ်ချင်တာလဲ၊
အဆိပ်မိနေတဲ့ မိထွေးဆီကနေလား ဒါမှမဟုတ်၊
မဟုတ်မှ တခြားတစ်ယောက်ရှိနေသေးတာလား"
စိတ်လှုပ်ရှားတိုင်း လက်သည်းများအား သွေးထွက်မတတ် ကိုက်တတ်သည့် သူမ၏ အကျင့်ကြောင့် လက်များအား အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
စိတ်မြန်လက်မြန်ရှိတတ်သည့် သူမသည် အမှုစစ်ဘဝတွင် အစီအစဥ်တကျ ဆုံးဖြတ်နိုင်ရန် အမြဲ အားယူရသည်။
အရင်နှစ်တွေအတွင်း သူမအား အကြံကောင်းများ ပေးတတ်သည့် သူတစ်ယောက် ရှိခဲ့ပေမယ့် ယခုတော့ သူမတစ်ယောက်တည်းသာ။
ယခင်က သူမနှင့် အမြဲအားပြိုင်နေကြ အဖော်ကောင်းတစ်ယောက်ရှိခဲ့ပေမယ့် အခု သူမသည် ပြိုင်စရာမရှိတော့သည်အထိအောင် အထီးကျန်လျက်။
မတည်ငြိမ်သော စိတ်အခြေအနေကြောင့်ရော အလုပ်ပိ၍ လျစ်လျှုရှုထားသော နေ့လည်စာ ညစာတို့ကြောင့်ရော နာတတ်သည့် အစာအိမ်။
အံဆွဲထဲမှ ဆေးတစ်လုံးဖောက်သောက်၍ ရေနှင့်မျှောချလိုက်သည်။
ထိုစဥ် ခေါင်းထဲဖြတ်ခနဲပေါ်လာသည့် အတွေးကြောင့်
"ကျိချန်"
"ဗျာ"
"ဝမ်ရိပေါ်ရဲ့ ကိုယ်ရေးအကျဥ်းတစ်ချက်ယူလာခဲ့"
နဝေတိမ်တောင်ဖြစ်သွားသည့် ကျိချန်က သူ၏စားပွဲပေါ်ရှိ ဖိုင်တို့အား မွှေနှောက်ရှာဖွေရင်း အနီရောင်ဖိုင်လေးအား ကမ်းပေးလာသည်။
"ဘာလို့လဲ စီနီယာ"
"မရှိဘူး။
ဝမ်ရိပေါ်ရဲ့ အမေအရင်းအကြောင်း တစ်ခုတောင် မပါဘူး"
မတိုင်ပင်ပါပဲ နှစ်ယောက်သား ခေါင်းချင်းဆိုင်လို့ စာရွက်တစ်ရွက်ချင်းစီအား အပြန်ပြန်အလှန်လှန် ရှာကြပေမယ့် ဝမ်ရိပေါ်၏ မိခင်အရင်း ဖြစ်သူအကြောင်းအား လုံးဝ မတွေ့ရ။
မုယွမ် နွမ်းဖက်စွာ ခုံပေါ်သို့ မှီချလိုက်သည်။
သူမ၏ ဦးနှောက်များလည်း နှံးချိလှပြီ။
အလွတ်ရနေသော ဖုန်း နံပါတ်အချို့အား ရိုက်နှိပ်လိုက်ပြီး အတန်ကြာမကိုင်သည်ြအခါ လုပ်ပြီးကာမှ သူမ လုပ်ရပ်အား နောင်တရချင်သယောင်။
"ပြော"
မညာတမ်းဝန်ခံရလျှင် ထိုလူ၏ချိုလွင်သည့် အသံဟာ သူမ၏ ပြဿနာတဝက်အား ဖြေရှင်းပေးသည်။
ဟိုးယခင်ကရော အခုရော။
"ပင်း ငါရှာချင်တာလေး တစ်ခုရှိတယ်"
~~~~~~~~~~~~~~~~~~~
ကုတင်ပေါ်တွင် အိမ်မောကျနေသော ကောင်မလေး ကြောင့် ရှောင်းကျန့် ခြေသံဖွဖွနင်း၍ အခန်းအတွင်းသို့ ဝင်လာခဲ့သည်။
နိုးနေပြီ အထင်နှင့် ဗိုက်ဆာနေမည်ဆိုး၍ ပြင်လာသော ဆန်ပြုတ်တစ်ပန်ကန်ပါလာပေမယ့် အိပ်မောကျနေသူအား မနှိုးလိုတော့ ။
ရှောင်းကျန့် မြေအောက်ခန်းထဲမှ ကယ်ထုတ်လာသည့်သူမသည် ပြင်ပဒဏ်ရာဒဏ်ချက်တစ်ခုမှ မရှိပေမယ့် ရောဂါသည်တစ်ယောက်လို ပိန်းချုန်းပါးလျလျှက်။
ဆေးရုံပို့ရန်လည်း သူမအတွက် မလုံခြုံသည့် အခေုအနေကြောင့် ရှောင်းကျန့် သူ၏ တိုက်ခန်းသို့သာ ခေါ်လာလိုက်သည်။
ထို ငရဲလိုမြေအောက်ခန်းအတွင်း သူမဘယ်နှရက်လောက်များ ပိတ်လှောင်ခံခဲ့ရသလဲ၊
ဘာကြောင့်များ ပိတ်လှောင်ခဲ့သနည်း မေးလိုပေမယ့် သတိတောင် ကောင်းကောင်းမလည်ရှာသည့် သူမကြောင့် ရှောင်းကျန့်သူ၏ အိပ်ရာပေါ်တွင်သာ အနားယူခိုင်းလိုက်ရသည်။
မေးခွန်းများစွာဖြင့် သူမနိုးလာမည့် အချိန်အား ညလုံးပေါက်စောင့်နေပေမယ့် သူမသည်မလှုပ်မယှက် အိပ်လို့ကောင်းဆဲ။
ယခုလဲ အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသော သူမ မနိုးသေးမည့်အတူတူ ထိုင်စောင့်မနေပဲ နေ့လည်စာချက်ရန် ပြန်ထွက်လာခဲ့လိုက်သည်။
ကောင်းမွန်စွာ ဆူပွက်နေသည့် ဟင်းရည်အိုးကြောင့် မီးလျှော့လိုက်ကာ အဖုံးအုပ်ထားလိုက်သည်။
ပွက်ပွက်ဆူနေသော ဟင်းရည်သံတို့မှ တစ်ဆင့် ငြီးငြူသံအချို့အား နားပါးလွန်းသည့် ရှောင်းကျန့်မှာ ကြားဖြစ်အောင် ကြားလိုက်တာမလို့ အခန်းထဲ ပြေးဝင်လိုက်တော့ ကုတင်ပေါ်တွင် ထိုင်လျက်သား သူမဟာ မျက်ရည်တို့ဖြင့် ကြည့်လာသည်။
သူမ၏ နှုတ်ခမ်းများဟာ ကြိုးစားလှုပ်နေပေမယ့် ရှိုက်သံမှု လွဲ၍ ဘာမှ ထွက်မလာခဲ့။
ရှောင်းကျန့် ကုတင်ဘေး ဝင်ထိုင်လိုက်တော့ အစွန်းဖက်သို့ အကြောက်ကြောက်အလန့်လန့် ကပ်သွားသည့် သူမ။
"ဘာမှမဖြစ်တော့ဘူးနော် မင်းအခု အန္တရာယ်ကင်းသွားပြီ"
နှစ်သိမ့်ပြောဆိုကာမှ ထိုမိန်းကလေးဟာ တသိမ့်သိမ့်ငိုသည်။
ကျောပြင်အား အသာပွတ်သပ်ပေးတော့ ရှိုက်သံမှာ ပို၍ ကျယ်လောင်လာ၏။
"အမေ အမေနဲ့ တွေ့ချင်တယ်"
ကွဲအက်နေသော လည်ချောင်းမှတစ်ဆင့် ထွက်ပေါ်လာသည့် တောင်းဆိုသံအား ရှောင်းကျန့် မနည်းနားထောင်ယူရသည်။
"မင်းအခြေအနေအရ အပြင်ထွက်လို့ သိပ်မကောင်းသေးဘူး အမေဖြစ်သူကို ဒီကို ခေါ်လိုက်မှာမလို့ ဆက်သွယ်လို့ ရမယ့်.."
"မဟုတ်သေးဘူး၊
အမေ့ကို သူသိသွားလို့မဖြစ်ဘူး၊
သတ်ပစ်လိမ့်မယ်။
ကျွန်မလိုမျိုး အသက်ရှုလို့မရတဲ့ ငရဲခန်းထဲ ခေါ်သွားလိမ့်မယ်။"
သွေးရူးသွေးတမ်း အော်ဟစ်ကာ ကန်ကျောက်နေသည့် သူမအား ရှောင်းကျန့် ထိန်းလို့ပွေ့ထားရသည်။
စိတ်ငြိမ်ငြိမ်ထားရန် ဖျောင်းဖျသော်လည်း မရ။
"စိတ်ငြိမ်ငြိမ်လေးထားပါ ။
စိတ်အရမ်းလှုပ်ရှားလို့ မဖြစ်ပါဘူး"
အားမရှိရှာသည့် သူမဟာ ရှောင်းကျန့်စကားအား နာခံလို့ ငြိမ်ကျသွားသည်။
"မင်း အဆင်ပြေသွားမှ အဲ့ခါကျရင် အဲ့နေ့က မင်းကြုံခဲ့ရတာတွေ ပြောပြလို့ အဆင်ပြေမလား"
မျက်သားရဲရဲကြားမှ မျက်တောင်တို့အား ပုတ်ခက်ပုတ်ခက်လုပ်ရင်း သူမ မငိုမိအောင် တင်းခံနေသည်။
ထိုနေ့စွဲများဟာ သူမအတွက် ပြန်မလှန်လျောချင်စရာ စာမျက်နှာများ ဖြစ်မှန်း သိပေမယ့် အဖြစ်အပျက်တို့အား မသိရလျှင် အဖြစ်မှန်ကိုလည်း သိရမည်မဟုတ်။
" အိမ်တော်ထိန်းကြီး သူ လျို့ဝှက်ချက်ကို သိသွားလို့ ကျွန်မကို သတ်ဖို့လုပ်ခဲ့တာ၊"
နာကျင်နေသော လည်ချောင်းမှ ဝေဒနာကို မျက်ကွယ်ပြုလို့ သူမဟာ အကြောင်းအရာစုံအား ရှင်းပြဖို့ကြိုးစားသည်။
"အရမ်းမှောင်လွန်းလို့ ဘယ်နေရာမှန်း မမှတ်မိတော့ဘူး၊
ကြောက်စရာကောင်းတဲ့ အသံတုကြီးနဲ့ မင်း အသက်ရှူတိုင်း သေရတော့မှာဆိုပြီး ပြောခဲ့တာ"
ပြောနေရာမှ နားရင်း သူမဟာ ငိုပြန်သည်။
အသက်ရှုတိုင်းသေရမည်ဟူသော စကားကြောင့် ရှောင်းကျန့် အတွေးများစွာဖြင့်။
"မင်းသိသွားတဲ့ သူရဲ့ လျှို့ဝှက်ချက်ကဘာလဲ။"
ငိုသံတို့ဟာ ရုတ်ချည်း ရပ်တန့်သွား၏။
ခေါင်းငိုက်စိုက်ချလာသည့် သူမဟာ အတော်နှင့် မော့မလာ။
သူမ၏ ဖရိုဖရဲ ဆံနွယ်တို့အား ရှောင်းကျန့် အကြောင်းမဲ့ ငေးကြည့်နေရင်း အဖြေအား ရင်တထိတ်ထိတ် စောင့်ဆိုင်းနေမိသည်။
"အဆိပ်၊
သူ သခင်လေး ဝမ်ရိပေါ်သောက်နေကြ ရေနွေးတိုင်းမှာကို အဆိပ်ခတ်ထားတယ်"
ရှောင်းကျန့် စိတ်ရောကိုယ်ပါ ဂျုန်းဂျုန်းကျသွားသလို ခံစားလိုက်ရသည်။
အလေးလံဆုံး ကျောက်ခဲတစ်တုံးဟာ သူကိုယ်ထဲ ပစ်သွင်းလိုက်သလို နင့်သည်းမှုမျိုး။
မျက်တောင်တစ်ချက်မခတ်ရဲ ပင့်သက်တစ်ချက်မရှိုက်ရဲ၊
သူအခု အကြောက်ဆုံးက ဝမ်ရိပေါ်တစ်ခုခု ဖြစ်သွားမည်ကိုသာ။
ခေတ္တ သေဆုံးသွားသည့် သူ့ဦးနှောက်အား သူပြန် အလုပ်ပေးလိုက်သည်။
သူ တားမှ ဖြစ်မည်။
ဘယ်လို အခြေအနေမျိုးမဆို ၊
ဝမ်ရိပေါ် ထိုအဆိပ်တို့အား ဘယ်လောက်ကြာအောင် သောက်ခဲ့ သောက်ခဲ့ သူကတော့ အစွမ်းကုန်တားမှ ဖြစ်မည်။
အိမ်ထဲမှ ကမူးရှုးတိုးထွက်သွားသည့် ရှောင်းကျန့်ဟာ အိမ်နေရင်း အင်္ကျီအပါးလေးဖြင့်။
မာနတွေ၊
အငြိုးအဖွဲ့တွေ
အကုန်သာ ဘေးဖယ်ဖြစ်ခဲ့ရင် ရှောင်းကျန့် ထိုကောင်လေးကို
စိတ်ရင်းအမှန်ဖြင့် အမြဲ လုံခြုံစေလိုပါသည်။
~~~~~~~~~~~~~~~~~
"ရိပေါ် ကိုယ်ဝင်လာလို့ရလား"
တံခါးခေါက်သံနှင့် တဆက်တည်း ထွက်လာသည့် ယုံချန်ကော၏ အသံကြောင့် ရိပေါ် ကအပြီး အကြောပြန်လျှော့နေရင်း ဝင်ခွင့်ပြုလိုက်သည်။
"အရမ်း အပြင်းအထန် လေ့ကျင့်နေပြန်ပြီလား"
"နောက်အပတ် ပွဲရှိတယ် "
ရိပေါ်ရဲ့ အဖြေကြောင့် ယုံချန်ဟာ ခပ်ဖျော့ဖျော့ ပြုံးပြလာသည်။
"ဘာပြောစရာရှိလို့လဲ"
ငြှိုးကျသွားသည့် မျက်နှာအား မှန်မှ တစ်ဆင့်မြင်နေရသည်။
တစ်ခုခုဖြစ်လျှင် သိသာလွန်းသည့် ယုံချန်ကောကြောင့် ရိပေါ် ထွေထွေထူးထူး အကဲခတ်နေစရာ မလိုပါပဲ မြင်နေရသည်။
"ရိပေါ် ကိုယ်နဲ့ အတူ ထွက်သွားကြမလား။
မင်းသဘောကျတဲ့ ဘဲလေးအကတွေ အများကြီးကပါ၊
ကိုယ်က တယောထိုးပေးမယ်၊
သွားကြမလား၊
အဲ့လိုဆို မင်းကို ကာကွယ်ပေးနိုင်မှာပဲ"
အဆုံးပိုင်းတွင် သိမ်ဝင်သွားသည့် အသံကြောင့် ရိပေါ် သေချာမကြားလိုက်။
သို့သော် အရှေ့ပိုင်းတွင် ပြောသွားသော စကားတို့ကပင် ရိပေါ် စိတ်တိုဖို့ လုံလောက်နေပြီ။
ခေါင်းတွင်တွင် ငုံ့ထားသည့် သူရှေ့ တည့်တည့်သွားရပ်တော့
ပြန်မော့ကြည့်လာသည့် သူ၏ မျက်ဝန်းထဲတွင် မျက်ရည်စတွေ။
"ဘယ်မှ မသွားနိုင်ဘူး ကော၊
Onsra ကြောင့် နေ့ရက်တိုင်းက သေမင်းနှုတ်ခမ်းဝမှာ လှော်တတ်မရှိပဲ လူးလွင့်နေရရင်တောင် ထွက်မသွားနိုင်ဖူး"
ပြောရင်းထွက်လာသည့်အခါ နောက်ပါးဆီးမှ ယုံချန်ကော မည်သို့ ကျန်ခဲ့မည်ကို ဂရုမစိုက်နိုင်တော့။
ယောက်ယက်ခတ်နေသော သူ၏ စိတ်ကြောင့် စိတ်ငြိမ်စေသော ထိုရေနွေးကြမ်းက သူ၏ သွေးသားတို့က ပြင်းထန်စွာ တောင်းတနေသည်။
သူသည်နေ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်သည်လေ။
ဧည့်ခန်းထဲ ထွက်လာတော့ လူကိုယ်တိုင်အား မတွေ့ရပေမယ့် စားပွဲပေါ်တွင် အသင့်ချထားသော အချိုပန်းကန်လုံးအား တွေ့ရသည်။
မင်ရှို့က ရိပေါ်ထို ရေနွေးသောက်ဖို့ကိုတော့ အင်မတန်မှ အားထည့်သည်ပဲ။
အတွေးကြောင့် မဲ့ပြုံးတစ်ခုနှင့်အတူ
ရေနွေးနွေးအား လည်းချောင်းတစ်လျှောက် ဆင်းသက်စေလိုက်၏။
ငြိမ်သက်သွားသော သူ၏ သွေးဆဲလ်တို့အား ခံစားလိုက်ရသည်။
မျက်လွှာအားချထားပြီး စိတ်တည်ငြိမ်မှုအား ရှာဖွေနေခိုက်
အဆက်မပြတ်ထွက်ပေါ်လာသည့် ဘဲလ်သံကြောင့် အလိုလိုမတ်တပ်ရပ်မိသွားသည်။
ဘဲလ်မှာ အသည်းအသန် သဲကြီးမဲကြီး တီးနေတာမလို့ မီးဖိုချောင်မှ ထွက်လာသည့် အိမ်အကူအန်တီကြီးက intercom ကို ကြည့်လိုက်ရိပေါ်ကိုကြည့်လိုက်။
"ဘယ်သူလဲ "
"ရှေ့နေကြီးပါ သခင်လေး"
ညကြီးမင်းကြီး ရောက်လာသူကြောင့် ရိပေါ် အလိုမကျစွာ မျက်မှောင်တစ်ချက် ကျုတ်လိုက်မိသည်။
"ပေးဝင်လိုက်"
ခြံတံခါးအား ဖွင့်ခွင့်ပေးလိုက်ပြီးနောက် အိမ်ထဲရောက်လာရန် ကြာဦးမည့်သူကြောင့် ရေနွေးသောက်ရင်း ထိုင်စောင့်နေလိုက်သည်။
သို့သော် ဒုန်းစိုင်းပြေးလာသည့် ခြေသံတို့မှာ စက္ကန့်ပိုင်းတောင် မကြာ ပဲ အနားသို့ရောက်လာသည်
မိမိနားသို့ နီးကပ်လာသည့် ကိုယ်ငွေ့ကြောင့် ထရပ်ရန် ပြန်လိုက်ပေမယ့် အကြံအစည်မှာ မအောင်မြင်လိုက်။
အကြောင်းမှာ အကြောင်းမှာ
နွေးထွေးအိစက်လှသော နှုတ်ခမ်းပါး တစ်စုံကြောင့်
ဝိုင်တစ်ခွက်လုံ ရစ်မူးစရာကောင်းလှပြီး
တိမ်စိုင်လိုလည်း နူးညံ့ပြန်သည်။
မိမိတစ်ကိုယ်လုံးအား သိမ်းပွေ့ထားသော ထိုလူဟာ ရိပေါ်ကို မတ်တပ်ရပ်ရန်တောင် အခွင့်မပေးပါ။
မေရိုးမှ ဆွဲ၍ မော့ထားသည့် မိမိမျက်နှာထက် အသက်ငွေ့ငွေ့တို့က ဖြတ်ပြေးသည်။
ငုံ့မိုးထားသည့်သူ၏ ကိုယ်ဟန်အား ခံစားမိနေ၏။
မိမိခံတွင်းအတွင်းရှိ ဂန္ဒာမာရနံ့ ရေနွေးတို့အား အကုန်အစင် ယူသွားသာ့် ထိုသူကြောင့် ရိပေါ် အံ့သြမှင်သက်သွားမိပေမယ့် ကြာကြာအချိန်မရှိလိုက်။
ရှောင်းကျန့်ဆွဲခေါ်သော ရင်မောဖွယ် ဝဲဂယက်ငယ်ဆီသို့။
Bliss
'အဦးဆုံးသော အကြင်နာ
အဦးဆုံးသော ရင်ခုန်သံ အစပျိုးရာ။'
TBC♡
ရှောင်းကျန့်- မုန်းလွန်းလို့ ပါးစပ်ထဲက ရေနွေးပါ လုသောက်။
ဂျီယာမီး - ဖြေးဖြေးသာသာလုပ်ကြပါ နစ်နစ်နာနာတွေ ဖြစ်ကုန်ပါဦးမယ်:')
Zawgyi
Bliss
တားျမစ္ထားတဲ့ အႏုပညာ
ထပ္တူက်သြားတဲ့ တစ္ခန
ႏူးညံ့ျခင္းေၾကာင့္ အသိလြတ္မတတ္
မက္ေမာလိုက္ရတာမ်ား ဘဝကို စေတးခ်င္စရာ
"ေကာင္းကင္ဘုံ၌ မိနစ္ပိုင္း"
~~~~~~~~~~~~~~~~
သားငယ္၏ အခန္းထဲမွ ထြက္လာၿပီးေနာက္ ေလွကားထစ္တို႔အား ေျဖးညွင္းစြာ ဆင္းသက္ေနသည့္ မင္ရွို႔၏ ေျခလွမ္းတို႔မွာ တယိမ္းတယိုင္။
မေန႕ညက ျပင္းထန္ေသာ အဖ်ားေၾကာင့္ သူ၏ ခႏၶာကိုယ္မွ အားျပတ္ေနသလို ရင္ထဲ၌လည္း တႏုန့္ႏုန့္။
အရာရာတြင္ ေပ်ာ့ညံ့လြန္းသည့္ ထိုကေလးသည္ ယခုလည္း က်ိန္းေသေပါက္ အငိုသည္းေနမည္ကိုသာ ေတြးေတာ့ ေသာကပိုရျပန္သည္။
ဆႏၵအတိုင္းသာဆို ရင္ခြင္ထဲ ပိုက္ေထြးလို႔ ေခ်ာ့ျမႇူလိုက္ခ်င္ေပမယ့္ သူ၌ ထိုသို႔ေသာ အခြင့္အေရးမ်ိဳးမရွိ။
သူ၏ အတၱမ်ားေၾကာင့္ သူသည္ ဘဝတစ္ေလွ်ာက္လုံး တစ္ခါမွ် သူ၏ ေသြးသားအေပၚ ၾကင္နာဖို႔ အခ်ိန္မရွိခဲ့ေပ။
အေရျပားေပၚက ကပ္ပါးတစ္ေကာင္လို ကပ္တြယ္ေနရင္း၊
ႀကီးမားတဲ့ သူ႕၏ လွည့္ကြက္ေတြထဲ သူပါ နစ္မြန္းေနရင္း သူဟာ 'ေမတၱာ' ဆိုသည့္ အရာအား ေမ့လုနီးနီး။
မင္ရွိူ႕ ....
သူဟာ လူအမ်ားႀကီးအား ထိခိုက္ေစခဲ့ေပမယ့္
သူ႕လုပ္ရပ္မ်ားဟာ ထပ္ထလဲလဲ မွားယြင္းေနေပမယ့္
ေခါင္းမာေနဆဲ .....
ေလာကႀကီးအား ေျပာင္းျပန္လွန္ပစ္ဖို႔ႀကိဳးစားေနသည္ကိုမွ လူမွန္ေနရာမွန္ပါဟု ျငင္းဆိုေနဆဲ။
တုန္ခ်ီေနေသာ ခႏၶာကိုယ္ေၾကာင့္ မိမိ အခန္းအား ျပန္နားရန္ ဆုံးျဖတ္ထားေပမယ့္ မနီးမေဝးရွိေသာ အခန္းဆီမွ အသံတစ္သံအား နားစြန္နားဖ်ား ၾကားလိုက္ရ၏။
စိုးထိတ္သြားေသာ အသိႏွင့္အတူ လက္က်န္ ရွိသမွ်ေသာ အားတို႔ကို စု႐ုံးလို႔ ဦးတည္ရာက သူတစ္ေယာက္သာ သိေသာ ငရဲခန္းသို႔။
စိုးရိမ္ပူပန္တႀကီးျဖင့္ သူ၏ ေျခလွမ္းမ်ားအား အားသြန္ခြန္စိုက္ အရွိန္တင္ေပမယ့္ သန္မာမႈ မရွိေသာ ေျခေထာက္တို႔ေၾကာင့္ အားမလိုအားမရ႐ုံသာ အဖက္တင္သည္။
တရိပ္ရိပ္ပူေနေသာ သူ၏ ခႏၶာကိုယ္မွာ စိုးရိမ္းစိတ္ေၾကာင့္ေလာ အဖ်ားေသြးေၾကာင့္ေလာ မသဲကြဲ။
"ဒုန္း!!"
အရွိန္ျပင္းျပင္း ေဆာင့္ကန္လိုက္တဲ့ သံထည္ တံခါး႐ြက္ဟာ က်ယ္ေလာင္စြာ ျမည္ဟည္းသြားသည္။
အသားက်ေနသည့္ အေမွာင္ထုထဲ အေလာတႀကီး ေျပးဝင္ကာ စစ္ေဆးၾကည့္ေတာ့ သူထားသည့္အတိုင္း ေနရာတက်မရွိေတာ့သည့္ အခန္းက်ဥ္း။
ေနရာတက်မရွိသည္ဆိုတာထက္ လစ္ဟေနေသာ ထိုကြက္လပ္။
ေျပက်ေနေသာ ႀကိဳးတစ္ေခ်ာင္းႏွင့္ ႐ုန္းရင္းဆန္ခတ္လဲက်ေနေသာ ခုံငယ္။
က်ိတ္မနိုင္ခဲမရစြာ ေတာက္'တခ်က္ ေခါက္လိုက္၏။
သူ၏ သားေကာင္မွာ လြတ္ေျမာက္ျခင္းအား ဝမ္းေျမာက္စြာ ခံယူလိုက္ရၿပီျဖစ္ေၾကာင္း သိလိုက္ရခ်ိန္ ေဒါသမီးတို႔ဟာ တစ္ကိုယ္လုံးေတာက္ေလာင္လာသည္။
တစ္ခုေသာ လြဲေခ်ာမႈဆိုရင္ေတာင္ သူ၏ ကာလရွည္ အႀကံအစည္အား ဖ်က္စီးပစ္နိုင္သည္အထိ ရိုက္ခတ္မႈ ျပင္းတာမလို႔ ခႏၶာတစ္ခုလုံး ေပါက္ကြဲမတတ္ မြန္းက်ပ္လာရသည္။
စားပြဲေပၚတြင္ တင္က်န္ေနေသာ စာအိတ္ျဖဴေလးဟာ ဤ အခန္းထဲ တစ္စုံတစ္ေယာက္ ဝင္သြားသည္ဟူေသာ အေထာက္အထား။
စာအိတ္အား ဆြဲၿဖဲလိုက္ေတာ့ အိတ္ထဲရွိ ဓါတ္ပုံမ်ားဟာ ျပန့္က်ဲသြားရသည္။
ၾကမ္းခင္းေပၚတြင္ ၿငိမ္သက္ေနေသာ ဓါတ္ပုံတစ္ပုံအား ေကာက္ယူၾကည့္လိုက္ေပမယ့္ အေမွာင္ထုႀကီးစိုးေနသည္မလို႔ ျမင္ကြင္းမွာ မထင္ရွား။
အာ႐ုံစိုက္ကာ ဓါတ္ပုံကိုစိုက္၍ အတန္ၾကာၾကည့္ေနရင္းမွ ဦးႏွောက္၏ တန္ျပန္မႈေၾကာင့္ အလန့္တၾကားျဖင့္ ထို ဓါတ္ပုံအား အေဝးသို႔ ပစ္လႊင့္လိုက္သည္။
သို႔ေပမယ့္ သူ၏ ကံဆိုးမႈတို႔ဟာ ထိုတြင္ အဆုံးမသတ္ ေမွာက္လ်က္ရွိေသာ ဓါတ္ပုံ၏ ေနာက္ေက်ာဘက္က သူ၏ ေသာကတို႔အား မီးဇာထိုးေပးသကဲ့သို႔။
ငန္းသ႑ာန္ထြင္းထားသည့္ အမွတ္အသားဟာ လက္နက္တစ္စင္းသာဆို သူ၏ ျမင္လႊာတို႔အား ဖ်က္စီးႏွင့္ေလာက္ၿပီ။
ထိတ္လန့္ျခင္းတို႔ ၿခဳံလႊမ္းသြားေသာ သူ၏ မ်က္ဝန္းမ်ားဟာ လႈပ္လဲ့လဲ့။
ႏႈတ္ခမ္းမ်ားေတာင္ မေစ့ပိတ္နိုင္။
သရဲတစ္ေကာင္ျမင္လိုက္ရသလို ေသြး႐ူးေသြးတမ္း ေရ႐ြတ္ေနရင္း ေၾကာက္႐ြံ႕ျခင္းဗီဇမ်ားက သူ၏ အေကာင္းတိုင္းရွိေနေသာ ဆဲလ္တို႔အား ဖ်က္ဆီးပစ္လိုက္သည္။
"ဒီ ငန္း ပုံစံက .... ဒါက ဘာ လို႔ ဒီမွာ"
ထိုအမွတ္အသား...
ေတြးမိတိုင္း ငရဲအား အရွင္လက္လက္း ဆင္းရသလို သူ၏ အသည္းဆိုင္ဟာ တေျမ့ေျမ့ေလာင္ၿမိဳက္၏။
အတိတ္ေန႕စြဲမ်ားဟာ ႏြယ္အျဖစ္ သူ၏ လည္တိုင္အား ရစ္ႏွောင္ရင္း အသက္ရႉသံတို႔အား ခ်ဳပ္ၿငိမ္းေစလို သေယာင္။
ထိုေက်ာ့ရွင္းေနေသာ ငန္းအမွတ္အသားဟာ မင္ရွို႔အတြက္ေတာ့ အဓိပၸါယ္ မ်ားစြာရွိခဲ့သည္။
ငယ္႐ြယ္မႈ သို႔ ႐ူးသြပ္ျခင္း။
သို႔မဟုတ္ Onsara ၏ အမွတ္အသား။
ဤကမၻာေပၚတြင္ ထိုလ်ိဳ႕ဝွက္ခ်က္အား သိသူဟာ ေလးေယာက္သာရွိခဲ့၏။
ျဖစ္ရပ္မ်ားစြာ ျဖစ္ပ်က္ခဲ့ၿပီးေနာက္၊
တစ္နည္းအားျဖင့္ ထိုအမွတ္အသားအား ဖန္တီးခဲ့သူမွ ေသဆုံးသြားၿပီးေနာက္ ထိုသေကၤတသည္ သူတို႔၏ ပုံျပင္ထဲမွ ေပ်ာက္ကြယ္သြားရသည္။
'ေနာက္တစ္ႀကိမ္ ထပ္ေတြ႕ခြင့္မရွိေတာ့'
ထိုသို႔သိထားခဲ့ေပမယ့္ အခုသူ၏ မ်က္စိေရွ႕တြင္ ထိုအမွတ္အသားအား မ်က္ျမင္ဝါးထင္ထင္ ေတြ႕လိုက္ရသည့္အခါ သူ၏ အသိအာ႐ုံတို႔ဟာ ေဆာက္တည္ရာမရ။
ဓါတ္ပုံခ်န္ခဲ့သူႏွင့္ Onsara ၾကား ဆက္ႏြယ္မႈအား ဘယ္သူမွ ဆက္စပ္၍ မရ။
"Onsra ရဲ႕ ပိုင္ရွင္ အစစ္ကပဲ ဒီငန္းကို ဖန္တီးနိုင္မွာ"
သူ၏ ႏႈတ္ဖ်ားမွ ထြက္ေသာ စကားေၾကာင့္ သူကိုယ္တိုင္ဟာ တစ္စစီ လြင့္စင္သြားသကဲ့သို႔ ခံစားရသည္။
မၾကာခင္ႀကဳံရမည့္ သူ၏ ပ်က္စီျခင္းအတြက္ သူအသင့္မျဖစ္ေသး။
ၾကမ္းျပင္ေပၚသို႔ ေလးပင္စြာ ဒူးေထာက္ခ်လိဳက္ၿပီး ျပန့္က်ဲေနေသာ ဓါတ္ပုံ တစ္ပုံခ်င္းစီကာ သိမ္းယူေနသည့္ သူ၏ လက္မ်ားဟာ တုန္ယင္ေန၏။
တိမ္စြဲေနေသာ ထိုမ်က္လုံးမ်ားဟာ မ်က္ရည္မ်ားေၾကာင့္ ပိုလို႔ပင္ အုံ႕မွိုင္းေနသည္။
ဓါတ္ပုံအမ်ားစုဟာ သူ အလုပ္ခိုင္းေနက် လူမ်ားႏွင့္ စကားေျပာေနသည္အား ရွင္းလင္းစြာ ရိုက္ထားေသာ ပုံမ်ား။
ပထမဆုံးပုံမွာ ဝမ္သခင္ႀကီး၏ စ်ာပနေန႕တြင္ ျဖစ္၏။
ထိုေန႕က သခင္ေလးအတြက္ toast သြားကို ဗန္းျပ၍ သူ၏ လူမ်ားအား အေရးႀကီးကိစၥတစ္ခု တာဝန္ေပးခဲ့သည္ကို ျပန္အမွတ္ရမိသြားသည္။
ထိုေနရာမွအျပန္တြင္ လူတစ္ေယာက္ႏွင့္ တိုက္မိၿပီး အိမ္ေတာ္ရင္ထိုး က်ေပ်ာက္ခဲ့သည္မလို႔ ဝမ္ရိေပၚကပင္ သတိေပးခဲ့ေသးသည္။
ေနာက္ထပ္ ဓါတ္ပုံမ်ားမွာလည္း အလားတူစြာ မင္ရွို႔ႏွင့္ ထိုလူမ်ားေတြ႕သည့္ အေခါက္တိုင္းအား ဓါတ္ပုံျဖင့္ မွတ္တမ္းတင္ထားသည္။
ထို႔အျပင္ Clara အား လုပ္ႀကံသည့္ ညက ပုံကိုပါ အတိအက်ရိဳက္ထားသည့္မလို႔ မင္ရွိူ႕သည္ အမွားတစ္ခ်က္လုပ္လို႔မရသည့္ ထိုသူ၏ လက္ခုတ္ထဲမွ ေရျဖစ္ေနၿပီျဖစ္ေၾကာင္း သေဘာေပါက္ခဲ့သည္။
သူ၏ ျပစ္မႈမ်ားနည္းတူ မ်ားျပားေသာ ဓါတ္ပုံေတြၾကား ေနာက္ဆုံးဓါတ္ပုံမွာေတာ့ တေန႕ညက အျဖစ္အပ်က္၊
ဂိုေထာင္ေဟာင္းထဲတြင္ ေတြ႕ၾကသည္မွာ ေနာက္ဆုံး အေခါက္ျဖစ္သလို ဓါတ္ပုံမ်ားဟာလည္း ထိုေန႕ ရက္စြဲျဖင့္ အဆုံးသတ္ထားသည္။
မင္ရွိူ႕ ကိုက္ခဲေနေသာ ဦးေခါင္းအား သက္သာလို သက္သာျငား မ်က္ရိုးတို႔အား ႏွိုပ္နယ္ေနလိုက္၏။
ထိုလူဟာ ဘယ္အခ်ိန္ကတည္းက သူ၏ ေနာက္ ေနာက္ေယာင္ခံေနခဲ့တာပါသနည္း။
ထိုအရာထက္ ပိုအေရးႀကီးသည္မွာ ထိုလူသည္ swan အမွတ္အသားအား သိေနသလို မင္ရွိူ႕ လုပ္သမွ်အရာအားလုံးအား သိေနၿပီး မင္ရွို႔လမ္းအား ပိတ္ဆို႔ထားေသာ အႏၱရာယ္အရွိဆုံး သူတစ္ေယာက္။
ဘယ္အတိုင္းအတာထိ၊
ဘယ္လို အတိမ္အနက္ထိ သိထားမွန္း မသိရသည္ေၾကာင့္ မင္ရွို႔ ၏ လက္ရွိအေျခအေနဟာ ေဂ်ာင္ပိတ္ခံထားရသည့္ ေခြးအိုႀကီး တစ္ေကာင္လို။
လက္လႊတ္စပယ္ ျပဳမူမိလွ်င္ ပ်က္စီးရာပ်က္စီးေၾကာင္း မွာ သူကိုယ္တိုင္သာ။
သို႔ေပမယ့္ မင္ရွို႔ရိပ္မိသည့္ တစ္ခ်က္မွာ
ထိုလူသည္ ဓါတ္ပုံမ်ားအား မင္ရွိူ႕ကိုယ္တိုင္ဆီသို႔သာ ပို႔ေပးခဲ့ၿပီး ဝမ္ရိေပၚအား အသိေပးသည္လို႔ သူသည္ ဝမ္ရိေပၚ ဘက္ေရာ သူ႕ဘက္ကေရာ မဟုတ္သည့္ ရည္႐ြယ္ခ်က္မ်ိဳးကြဲ တစ္ခုျဖင့္ သူသာ။
~~~~~~~~~~~~~~~~~
"စီနီယာ ဒါေလး တစ္ခ်က္လာၾကည့္ပါဦး"
ေဘးခုံမွ လက္ေထာက္ေလး၏ ေခၚသံေၾကာင့္ အမႈတြဲဖိုင္ေတြၾကား ေခါင္းနစ္ေနသည့္ ယြမ္ဟာ လွည့္ၾကည့္လာသည္။
"ဘာမ်ားလဲ"
"Mrs.Wang ရဲ႕ အေလာင္းခြဲစိတ္တဲ့ ဆရာဝန္ဆီက စစ္ေဆးခ်က္ေတြ ထပ္ရလာတယ္"
Mrs.Wang ဆိုေသာ နာမေၾကာင့္ မုယြမ္ ထိုင္ေနရာမွ ကျပာကယာ ထလိုက္မိသည္။
မိမိေရွ႕သို႔ တိုးေပးလာသည့္ laptop မွ စစ္ေဆးခ်က္မ်ားကို ၾကည့္ရင္း နားမလည္နိုင္စြာ ထိုအေၾကာင္းအရာကိုသာ ထပ္ခၳပ္ခါ ဖတ္ေနမိ၏။
"အဆုတ္က ပ်က္စီးေနတာလား??
ပထမေဆးစစ္ခ်က္မွာက်ေတာ့
အစာအဆိပ္သင့္တာေရာ အဆိပ္မိေတာေရာ မဟုတ္ဘူဆိုၿပီး
အခု သူမရဲ႕ အဆုတ္က ပ်က္စီးေနတယ္ဆိုေတာ့ ငါေျပာသလို အဆိပ္အေငြ႕ေၾကာင့္မလား။"
သူမ၏ ေတြးဆဆ အေျပာအား လက္ေထာက္ေကာင္ေလးက ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္ ေထာက္ခံသည္။
"အဆိပ္ေငြ႕ဆိုတာထပ္၊
ေရရွည္ဆို ဆိုးက်ိဳးျဖစ္တာမ်ိဳးတစ္ခုခုလို႔ပဲ ေျပာရမလား။
'ဘိုင္း' အဲ့လိုမ်ိဳး တန္းေသသြားတာမ်ိဳးမဟုတ္ပဲ တျဖည္းျဖည္းနဲ႕ တိုက္စားသြားသလိုမ်ိဳးေလ"
ထိုေကာင္ေလးဟာ မုယြမ္းအား မၾကည့္ပဲ laptop ေပၚက ဆရာဝန္၏ စစ္ေဆးခ်က္အား ၾကည့္ရင္းေျပာေနသည္။
"ဘယ္လို ေရရွည္လဲ၊
ေသခ်ာေျပာျပစမ္းပါ!"
အနည္းငယ္က်ယ္သြားေသာ ယြမ္း၏ အသံေၾကာင့္ တုန္သြားရွာသည့္ ေကာင္ေလးမွာ မ်က္မွန္ကိုင္းေလး ပင့္တင္ရင္း ေသခ်ာရွင္းျပလာသည္။
"ဓါတ္ေငြ႕ပါ၊
အဆိပ္ေငြ႕မဟုတ္ပဲ ၊ ဓါတ္ေငြ႕ပါ။
သူတစ္မ်ိဳးတည္းဆို အဆိပ္မရွိေပမယ့္ တစ္ခုခုနဲ႕ ဓါတ္ျပဳမွ အဆိပ္လို ဆိုးက်ိဳးျဖစ္တာမ်ိဳးေပါ့။
တစ္ခ်ိဳ႕က် တစ္မ်ိဳးတည္ဆို အဆိပ္ျပင္းၿပီး တစ္ခုခုနဲ႕ေရာလိုက္ရင္ ေပ်ာ့သြားသလို႔ေပါ့
ၿပီးေတာ့ ခ်က္ခ်င္းလဲ အက်ိဳးမျပဘူး ေျဖးေျဖးခ်င္း။
အဲ့နည္းက တရားမဝင္တဲ့ club ေတြမွာ သုံးတာမ်ားတယ္။
ေဆးဝါးေတြနဲ႕ဆို မိသြားရင္ ဒုကၡေရာက္တာမလို႔ ဓါတ္ျပဳၿပီး ေလထဲ ျဖန္းေပးထားတာ။
အသက္မ်ားမ်ားရႉေလ ေလေပၚ ျမင့္ျမင့္တတ္ေလ"
ေျပာေနရာမွ အသက္အား ရႈသြင္းရႈထုတ္လုပ္ကာ ေျခဟန္လက္ဟန္ျဖင့္ ပ်ံျပေနသည့္ သူအား ၾကည့္ရင္းမွ မုယြမ္ဟာ ေျပာသမွ် အေၾကာင္းအရာတို႔ႏွင့္ အမႈအား ျပန္ဆက္စပ္ေနမိသည္။
သူမ အစကတည္းက အနံ႕တစ္ခုေၾကာင့္ ဆုံးမွန္း ရိပ္မိေပမယ့္ ေရရွည္ဆိုသည့္ အရာအား မစဥ္းစားမိခဲ့။
ထိုသို႔သာဆိုလွ်င္ ဝမ္ရိေပၚ၏ မိေထြးဟာ အကြက္ခ်၍ လုပ္ႀကံခံရျခင္းပင္။
"က်ိခ်န္ အဲ့လို နည္းမ်ိဳးက တစ္ျခားဘယ္ေနရာမွာ သုံးတတ္ေသးလဲ။
တိတ္ဆိတ္ကာ စဥ္းစားဟန္ျပဳသည္။
စိတ္လႈပ္ရွားေနသညိ့ မုယြမ္၏ အသက္ရႈသံမွာ အစီအစဥ္မက်။
"လက္ဖက္ရည္ေတြမွာ၊
သူရဲ႕ အဆိပ္က အစာလမ္းေၾကာင္းကို ဒုကၡမေပးဖူး ေရႏြေရဲ႕ အေငြ႕ကို ရႉမိရင္းမွ အသက္ရႈလမ္းေၾကာင္းက တစ္ဆင့္ ျဖစ္တာ၊ သူရဲ႕ စရိုက္အရ နည္းနည္းေသာက္ရင္ေဆးလို႔ထင္ရေပမယ့္ ၾကာလာတာနဲ႕ စြဲလမ္းလာၿပီး၊
အဲ့ေနာက္ အဲ့ေနာက္ေတြမွာ
သူ႕ရဲ႕ ကလီစာေတြက ခံနိုင္မွာ မဟုတ္ေတာ့ဘူး"
က်ိခ်န္၏ အေျပာအဆုံး Mrs .Wang ျဖစ္သူ မေသဆုံးခင္ ရက္ပိုင္းအလိုက ဝမ္ရိေပၚႏွင့္ သူမအခ်င္းမ်ားသည့္ ကိစၥအား ေမးျမန္ရန္အတြက္ ဟိုေန႕က Onsara အားသြားခဲ့ရာ ထိုမိန္းကေလး ေျပာခဲ့သည့္ အေၾကာင္းအရာမွာ အာ႐ုံထဲသို႔ေရာက္လာသည္။
"သူမက အရင္က ဘဲေလးက တာပါ။
ဒါေပမယ့္ ႐ုတ္တရက္ႀကီး ဥကၠဠႀကီးနဲ႕ လက္ထပ္သြားခဲ့တယ္ေလ ၊
နဂိုကတည္းက ေလာဘႀကီးနဲ႕သူမလို႔ အေမြကိစၥေၾကာင့္ ဆရာဝမ္နဲ႕ ခနခန ျပႆနာတတ္ၾကတာ။
အဲ့ေနက သူမက တကယ္ စိတ္လြတ္ေနတဲ့သူနဲ႕တူတယ္။
ဘာမွ ႀကီးႀကီးမားမားမျဖစ္ပဲ ေအာ္ၿပီး စိတ္တိုေနတာ၊
သူမေသာက္ေနၾက အႏြေးဘူးေလးက်န္ခဲ့တာကို အ႐ူးလိုမ်ိဳး ေဒါသေတြထြက္ၿပီး အဲ့မွာ ဆရာဝမ္ေရာက္လာၿပီး ျပႆနာ ျဖစ္ၾကတာပဲ"
ထိုေကာင္မေလးေျပာသည့္ အႏြေးဘူးဆိုသည့္ အရာႏွင့္ က်ိခ်န္ေျပာျပသည့္ လက္ဖက္ရည္ဆိုသည္မွာ ဆက္စပ္ေနေပမယ့္ မုယြမ္ ဒီ့ထက္ တိက်သည့္ အေျဖအား လိုခ်င္ေနေသးသည္။
အယူအဆသာသာ မဟုတ္ပဲ ေသခ်ာေသာ အေထာက္အထားတစ္ခု သူမရွာရမည္။
တရားခြင္တြင္ ဝမ္ရိေပၚေျပာခဲ့သည့္ သူ၏ အေဖအား ကာကြယ္ေပးခ်င္ခဲ့သည္ ဆိုေသာ စကားက နားထဲတြင္ ပဲ့တင္ထပ္လာသည္။
ယခု မုယြမ္၏ အေတြးထဲတြင္ လြန္ခဲ့ေသာ မိနစ္ပိုင္းႏွင့္ ဆန့္က်င္ဘက္ ဝမ္ရိေပၚဟာ နစ္နာသူ အေနျဖင့္။
" ဘာလဲဟာ!! ဝမ္ရိေပၚက သူ႕အေဖကို ဘယ္သူ႕ဆီကေန ကာကြယ္ခ်င္တာလဲ၊
အဆိပ္မိေနတဲ့ မိေထြးဆီကေနလား ဒါမွမဟုတ္၊
မဟုတ္မွ တျခားတစ္ေယာက္ရွိေနေသးတာလား"
စိတ္လႈပ္ရွားတိုင္း လက္သည္းမ်ားအား ေသြးထြက္မတတ္ ကိုက္တတ္သည့္ သူမ၏ အက်င့္ေၾကာင့္ လက္မ်ားအား အိတ္ကပ္ထဲ ထည့္ထားလိုက္သည္။
စိတ္ျမန္လက္ျမန္ရွိတတ္သည့္ သူမသည္ အမႈစစ္ဘဝတြင္ အစီအစဥ္တက် ဆုံးျဖတ္နိုင္ရန္ အၿမဲ အားယူရသည္။
အရင္ႏွစ္ေတြအတြင္း သူမအား အႀကံေကာင္းမ်ား ေပးတတ္သည့္ သူတစ္ေယာက္ ရွိခဲ့ေပမယ့္ ယခုေတာ့ သူမတစ္ေယာက္တည္းသာ။
ယခင္က သူမႏွင့္ အၿမဲအားၿပိဳင္ေနၾက အေဖာ္ေကာင္းတစ္ေယာက္ရွိခဲ့ေပမယ့္ အခု သူမသည္ ၿပိဳင္စရာမရွိေတာ့သည္အထိေအာင္ အထီးက်န္လ်က္။
မတည္ၿငိမ္ေသာ စိတ္အေျခအေနေၾကာင့္ေရာ အလုပ္ပိ၍ လ်စ္လ်ႈရႈထားေသာ ေန႕လည္စာ ညစာတို႔ေၾကာင့္ေရာ နာတတ္သည့္ အစာအိမ္။
အံဆြဲထဲမွ ေဆးတစ္လုံးေဖာက္ေသာက္၍ ေရႏွင့္ေမွ်ာခ်လိဳက္သည္။
ထိုစဥ္ ေခါင္းထဲျဖတ္ခနဲေပၚလာသည့္ အေတြးေၾကာင့္
"က်ိခ်န္"
"ဗ်ာ"
"ဝမ္ရိေပၚရဲ႕ ကိုယ္ေရးအက်ဥ္းတစ္ခ်က္ယူလာခဲ့"
နေဝတိမ္ေတာင္ျဖစ္သြားသည့္ က်ိခ်န္က သူ၏စားပြဲေပၚရွိ ဖိုင္တို႔အား ေမႊႏွောက္ရွာေဖြရင္း အနီေရာင္ဖိုင္ေလးအား ကမ္းေပးလာသည္။
"ဘာလို႔လဲ စီနီယာ"
"မရွိဘူး။
ဝမ္ရိေပၚရဲ႕ အေမအရင္းအေၾကာင္း တစ္ခုေတာင္ မပါဘူး"
မတိုင္ပင္ပါပဲ ႏွစ္ေယာက္သား ေခါင္းခ်င္းဆိုင္လို႔ စာ႐ြက္တစ္႐ြက္ခ်င္းစီအား အျပန္ျပန္အလွန္လွန္ ရွာၾကေပမယ့္ ဝမ္ရိေပၚ၏ မိခင္အရင္း ျဖစ္သူအေၾကာင္းအား လုံးဝ မေတြ႕ရ။
မုယြမ္ ႏြမ္းဖက္စြာ ခုံေပၚသို႔ မွီခ်လိဳက္သည္။
သူမ၏ ဦးႏွောက္မ်ားလည္း ႏွံးခ်ိလွၿပီ။
အလြတ္ရေနေသာ ဖုန္း နံပါတ္အခ်ိဳ႕အား ရိုက္ႏွိပ္လိုက္ၿပီး အတန္ၾကာမကိုင္သည္ျအခါ လုပ္ၿပီးကာမွ သူမ လုပ္ရပ္အား ေနာင္တရခ်င္သေယာင္။
"ေျပာ"
မညာတမ္းဝန္ခံရလွ်င္ ထိုလူ၏ခ်ိဳလြင္သည့္ အသံဟာ သူမ၏ ျပႆနာတဝက္အား ေျဖရွင္းေပးသည္။
ဟိုးယခင္ကေရာ အခုေရာ။
"ပင္း ငါရွာခ်င္တာေလး တစ္ခုရွိတယ္"
~~~~~~~~~~~~~~~~~~~
ကုတင္ေပၚတြင္ အိမ္ေမာက်ေနေသာ ေကာင္မေလး ေၾကာင့္ ေရွာင္းက်န့္ ေျခသံဖြဖြနင္း၍ အခန္းအတြင္းသို႔ ဝင္လာခဲ့သည္။
နိုးေနၿပီ အထင္ႏွင့္ ဗိုက္ဆာေနမည္ဆိုး၍ ျပင္လာေသာ ဆန္ျပဳတ္တစ္ပန္ကန္ပါလာေပမယ့္ အိပ္ေမာက်ေနသူအား မႏွိုးလိုေတာ့ ။
ေရွာင္းက်န့္ ေျမေအာက္ခန္းထဲမွ ကယ္ထုတ္လာသည့္သူမသည္ ျပင္ပဒဏ္ရာဒဏ္ခ်က္တစ္ခုမွ မရွိေပမယ့္ ေရာဂါသည္တစ္ေယာက္လို ပိန္းခ်ဳန္းပါးလ်လွ်က္။
ေဆး႐ုံပို႔ရန္လည္း သူမအတြက္ မလုံၿခဳံသည့္ အေခုအေနေၾကာင့္ ေရွာင္းက်န့္ သူ၏ တိုက္ခန္းသို႔သာ ေခၚလာလိုက္သည္။
ထို ငရဲလိုေျမေအာက္ခန္းအတြင္း သူမဘယ္ႏွရက္ေလာက္မ်ား ပိတ္ေလွာင္ခံခဲ့ရသလဲ၊
ဘာေၾကာင့္မ်ား ပိတ္ေလွာင္ခဲ့သနည္း ေမးလိုေပမယ့္ သတိေတာင္ ေကာင္းေကာင္းမလည္ရွာသည့္ သူမေၾကာင့္ ေရွာင္းက်န့္သူ၏ အိပ္ရာေပၚတြင္သာ အနားယူခိုင္းလိုက္ရသည္။
ေမးခြန္းမ်ားစြာျဖင့္ သူမနိုးလာမည့္ အခ်ိန္အား ညလုံးေပါက္ေစာင့္ေနေပမယ့္ သူမသည္မလႈပ္မယွက္ အိပ္လို႔ေကာင္းဆဲ။
ယခုလဲ အသက္ရႉသံမွန္မွန္ျဖင့္ အိပ္ေပ်ာ္ေနေသာ သူမ မနိုးေသးမည့္အတူတူ ထိုင္ေစာင့္မေနပဲ ေန႕လည္စာခ်က္ရန္ ျပန္ထြက္လာခဲ့လိုက္သည္။
ေကာင္းမြန္စြာ ဆူပြက္ေနသည့္ ဟင္းရည္အိုးေၾကာင့္ မီးေလွ်ာ့လိုက္ကာ အဖုံးအုပ္ထားလိုက္သည္။
ပြက္ပြက္ဆူေနေသာ ဟင္းရည္သံတို႔မွ တစ္ဆင့္ ၿငီးျငဴသံအခ်ိဳ႕အား နားပါးလြန္းသည့္ ေရွာင္းက်န့္မွာ ၾကားျဖစ္ေအာင္ ၾကားလိုက္တာမလို႔ အခန္းထဲ ေျပးဝင္လိုက္ေတာ့ ကုတင္ေပၚတြင္ ထိုင္လ်က္သား သူမဟာ မ်က္ရည္တို႔ျဖင့္ ၾကည့္လာသည္။
သူမ၏ ႏႈတ္ခမ္းမ်ားဟာ ႀကိဳးစားလႈပ္ေနေပမယ့္ ရွိုက္သံမႈ လြဲ၍ ဘာမွ ထြက္မလာခဲ့။
ေရွာင္းက်န့္ ကုတင္ေဘး ဝင္ထိုင္လိုက္ေတာ့ အစြန္းဖက္သို႔ အေၾကာက္ေၾကာက္အလန့္လန့္ ကပ္သြားသည့္ သူမ။
"ဘာမွမျဖစ္ေတာ့ဘူးေနာ္ မင္းအခု အႏၱရာယ္ကင္းသြားၿပီ"
ႏွစ္သိမ့္ေျပာဆိုကာမွ ထိုမိန္းကေလးဟာ တသိမ့္သိမ့္ငိုသည္။
ေက်ာျပင္အား အသာပြတ္သပ္ေပးေတာ့ ရွိုက္သံမွာ ပို၍ က်ယ္ေလာင္လာ၏။
"အေမ အေမနဲ႕ ေတြ႕ခ်င္တယ္"
ကြဲအက္ေနေသာ လည္ေခ်ာင္းမွတစ္ဆင့္ ထြက္ေပၚလာသည့္ ေတာင္းဆိုသံအား ေရွာင္းက်န့္ မနည္းနားေထာင္ယူရသည္။
"မင္းအေျခအေနအရ အျပင္ထြက္လို႔ သိပ္မေကာင္းေသးဘူး အေမျဖစ္သူကို ဒီကို ေခၚလိုက္မွာမလို႔ ဆက္သြယ္လို႔ ရမယ့္.."
"မဟုတ္ေသးဘူး၊
အေမ့ကို သူသိသြားလို႔မျဖစ္ဘူး၊
သတ္ပစ္လိမ့္မယ္။
ကြၽန္မလိုမ်ိဳး အသက္ရႈလို႔မရတဲ့ ငရဲခန္းထဲ ေခၚသြားလိမ့္မယ္။"
ေသြး႐ူးေသြးတမ္း ေအာ္ဟစ္ကာ ကန္ေက်ာက္ေနသည့္ သူမအား ေရွာင္းက်န့္ ထိန္းလို႔ေပြ႕ထားရသည္။
စိတ္ၿငိမ္ၿငိမ္ထားရန္ ေဖ်ာင္းဖ်ေသာ္လည္း မရ။
"စိတ္ၿငိမ္ၿငိမ္ေလးထားပါ ။
စိတ္အရမ္းလႈပ္ရွားလို႔ မျဖစ္ပါဘူး"
အားမရွိရွာသည့္ သူမဟာ ေရွာင္းက်န့္စကားအား နာခံလို႔ ၿငိမ္က်သြားသည္။
"မင္း အဆင္ေျပသြားမွ အဲ့ခါက်ရင္ အဲ့ေန႕က မင္းႀကဳံခဲ့ရတာေတြ ေျပာျပလို႔ အဆင္ေျပမလား"
မ်က္သားရဲရဲၾကားမွ မ်က္ေတာင္တို႔အား ပုတ္ခက္ပုတ္ခက္လုပ္ရင္း သူမ မငိုမိေအာင္ တင္းခံေနသည္။
ထိုေန႕စြဲမ်ားဟာ သူမအတြက္ ျပန္မလွန္ေလ်ာခ်င္စရာ စာမ်က္ႏွာမ်ား ျဖစ္မွန္း သိေပမယ့္ အျဖစ္အပ်က္တို႔အား မသိရလွ်င္ အျဖစ္မွန္ကိုလည္း သိရမည္မဟုတ္။
" အိမ္ေတာ္ထိန္းႀကီး သူ လ်ိဳ႕ဝွက္ခ်က္ကို သိသြားလို႔ ကြၽန္မကို သတ္ဖို႔လုပ္ခဲ့တာ၊"
နာက်င္ေနေသာ လည္ေခ်ာင္းမွ ေဝဒနာကို မ်က္ကြယ္ျပဳလို႔ သူမဟာ အေၾကာင္းအရာစုံအား ရွင္းျပဖို႔ႀကိဳးစားသည္။
"အရမ္းေမွာင္လြန္းလို႔ ဘယ္ေနရာမွန္း မမွတ္မိေတာ့ဘူး၊
ေၾကာက္စရာေကာင္းတဲ့ အသံတုႀကီးနဲ႕ မင္း အသက္ရႉတိုင္း ေသရေတာ့မွာဆိုၿပီး ေျပာခဲ့တာ"
ေျပာေနရာမွ နားရင္း သူမဟာ ငိုျပန္သည္။
အသက္ရႈတိုင္းေသရမည္ဟူေသာ စကားေၾကာင့္ ေရွာင္းက်န့္ အေတြးမ်ားစြာျဖင့္။
"မင္းသိသြားတဲ့ သူရဲ႕ လွ်ို႔ဝွက္ခ်က္ကဘာလဲ။"
ငိုသံတို႔ဟာ ႐ုတ္ခ်ည္း ရပ္တန့္သြား၏။
ေခါင္းငိုက္စိုက္ခ်လာသည့္ သူမဟာ အေတာ္ႏွင့္ ေမာ့မလာ။
သူမ၏ ဖရိုဖရဲ ဆံႏြယ္တို႔အား ေရွာင္းက်န့္ အေၾကာင္းမဲ့ ေငးၾကည့္ေနရင္း အေျဖအား ရင္တထိတ္ထိတ္ ေစာင့္ဆိုင္းေနမိသည္။
"အဆိပ္၊
သူ သခင္ေလး ဝမ္ရိေပၚေသာက္ေနၾက ေရႏြေးတိုင္းမွာကို အဆိပ္ခတ္ထားတယ္"
ေရွာင္းက်န့္ စိတ္ေရာကိုယ္ပါ ဂ်ဳန္းဂ်ဳန္းက်သြားသလို ခံစားလိုက္ရသည္။
အေလးလံဆုံး ေက်ာက္ခဲတစ္တုံးဟာ သူကိုယ္ထဲ ပစ္သြင္းလိုက္သလို နင့္သည္းမႈမ်ိဳး။
မ်က္ေတာင္တစ္ခ်က္မခတ္ရဲ ပင့္သက္တစ္ခ်က္မရွိုက္ရဲ၊
သူအခု အေၾကာက္ဆုံးက ဝမ္ရိေပၚတစ္ခုခု ျဖစ္သြားမည္ကိုသာ။
ေခတၱ ေသဆုံးသြားသည့္ သူ႕ဦးႏွောက္အား သူျပန္ အလုပ္ေပးလိုက္သည္။
သူ တားမွ ျဖစ္မည္။
ဘယ္လို အေျခအေနမ်ိဳးမဆို ၊
ဝမ္ရိေပၚ ထိုအဆိပ္တို႔အား ဘယ္ေလာက္ၾကာေအာင္ ေသာက္ခဲ့ ေသာက္ခဲ့ သူကေတာ့ အစြမ္းကုန္တားမွ ျဖစ္မည္။
အိမ္ထဲမွ ကမူးရႈးတိုးထြက္သြားသည့္ ေရွာင္းက်န့္ဟာ အိမ္ေနရင္း အကၤ်ီအပါးေလးျဖင့္။
မာနေတြ၊
အၿငိဳးအဖြဲ႕ေတြ
အကုန္သာ ေဘးဖယ္ျဖစ္ခဲ့ရင္ ေရွာင္းက်န့္ ထိုေကာင္ေလးကို
စိတ္ရင္းအမွန္ျဖင့္ အၿမဲ လုံၿခဳံေစလိုပါသည္။
~~~~~~~~~~~~~~~~~
"ရိေပၚ ကိုယ္ဝင္လာလို႔ရလား"
တံခါးေခါက္သံႏွင့္ တဆက္တည္း ထြက္လာသည့္ ယုံခ်န္ေကာ၏ အသံေၾကာင့္ ရိေပၚ ကအၿပီး အေၾကာျပန္ေလွ်ာ့ေနရင္း ဝင္ခြင့္ျပဳလိုက္သည္။
"အရမ္း အျပင္းအထန္ ေလ့က်င့္ေနျပန္ၿပီလား"
"ေနာက္အပတ္ ပြဲရွိတယ္ "
ရိေပၚရဲ႕ အေျဖေၾကာင့္ ယုံခ်န္ဟာ ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးျပလာသည္။
"ဘာေျပာစရာရွိလို႔လဲ"
ျငႇိုးက်သြားသည့္ မ်က္ႏွာအား မွန္မွ တစ္ဆင့္ျမင္ေနရသည္။
တစ္ခုခုျဖစ္လွ်င္ သိသာလြန္းသည့္ ယုံခ်န္ေကာေၾကာင့္ ရိေပၚ ေထြေထြထူးထူး အကဲခတ္ေနစရာ မလိုပါပဲ ျမင္ေနရသည္။
"ရိေပၚ ကိုယ္နဲ႕ အတူ ထြက္သြားၾကမလား။
မင္းသေဘာက်တဲ့ ဘဲေလးအကေတြ အမ်ားႀကီးကပါ၊
ကိုယ္က တေယာထိုးေပးမယ္၊
သြားၾကမလား၊
အဲ့လိုဆို မင္းကို ကာကြယ္ေပးနိုင္မွာပဲ"
အဆုံးပိုင္းတြင္ သိမ္ဝင္သြားသည့္ အသံေၾကာင့္ ရိေပၚ ေသခ်ာမၾကားလိုက္။
သို႔ေသာ္ အေရွ႕ပိုင္းတြင္ ေျပာသြားေသာ စကားတို႔ကပင္ ရိေပၚ စိတ္တိုဖို႔ လုံေလာက္ေနၿပီ။
ေခါင္းတြင္တြင္ ငုံ႕ထားသည့္ သူေရွ႕ တည့္တည့္သြားရပ္ေတာ့
ျပန္ေမာ့ၾကည့္လာသည့္ သူ၏ မ်က္ဝန္းထဲတြင္ မ်က္ရည္စေတြ။
"ဘယ္မွ မသြားနိုင္ဘူး ေကာ၊
Onsra ေၾကာင့္ ေန႕ရက္တိုင္းက ေသမင္းႏႈတ္ခမ္းဝမွာ ေလွာ္တတ္မရွိပဲ လူးလြင့္ေနရရင္ေတာင္ ထြက္မသြားနိုင္ဖူး"
ေျပာရင္းထြက္လာသည့္အခါ ေနာက္ပါးဆီးမွ ယုံခ်န္ေကာ မည္သို႔ က်န္ခဲ့မည္ကို ဂ႐ုမစိုက္နိုင္ေတာ့။
ေယာက္ယက္ခတ္ေနေသာ သူ၏ စိတ္ေၾကာင့္ စိတ္ၿငိမ္ေစေသာ ထိုေရႏြေးၾကမ္းက သူ၏ ေသြးသားတို႔က ျပင္းထန္စြာ ေတာင္းတေနသည္။
သူသည္ေန႕ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခ်င္သည္ေလ။
ဧည့္ခန္းထဲ ထြက္လာေတာ့ လူကိုယ္တိုင္အား မေတြ႕ရေပမယ့္ စားပြဲေပၚတြင္ အသင့္ခ်ထားေသာ အခ်ိဳပန္းကန္လုံးအား ေတြ႕ရသည္။
မင္ရွို႔က ရိေပၚထို ေရႏြေးေသာက္ဖို႔ကိုေတာ့ အင္မတန္မွ အားထည့္သည္ပဲ။
အေတြးေၾကာင့္ မဲ့ၿပဳံးတစ္ခုႏွင့္အတူ
ေရႏြေးႏြေးအား လည္းေခ်ာင္းတစ္ေလွ်ာက္ ဆင္းသက္ေစလိုက္၏။
ၿငိမ္သက္သြားေသာ သူ၏ ေသြးဆဲလ္တို႔အား ခံစားလိုက္ရသည္။
မ်က္လႊာအားခ်ထားၿပီး စိတ္တည္ၿငိမ္မႈအား ရွာေဖြေနခိုက္
အဆက္မျပတ္ထြက္ေပၚလာသည့္ ဘဲလ္သံေၾကာင့္ အလိုလိုမတ္တပ္ရပ္မိသြားသည္။
ဘဲလ္မွာ အသည္းအသန္ သဲႀကီးမဲႀကီး တီးေနတာမလို႔ မီးဖိုေခ်ာင္မွ ထြက္လာသည့္ အိမ္အကူအန္တီႀကီးက intercom ကို ၾကည့္လိုက္ရိေပၚကိုၾကည့္လိုက္။
"ဘယ္သူလဲ "
"ေရွ႕ေနႀကီးပါ သခင္ေလး"
ညႀကီးမင္းႀကီး ေရာက္လာသူေၾကာင့္ ရိေပၚ အလိုမက်စြာ မ်က္ေမွာင္တစ္ခ်က္ က်ဳတ္လိုက္မိသည္။
"ေပးဝင္လိုက္"
ၿခံတံခါးအား ဖြင့္ခြင့္ေပးလိုက္ၿပီးေနာက္ အိမ္ထဲေရာက္လာရန္ ၾကာဦးမည့္သူေၾကာင့္ ေရႏြေးေသာက္ရင္း ထိုင္ေစာင့္ေနလိုက္သည္။
သို႔ေသာ္ ဒုန္းစိုင္းေျပးလာသည့္ ေျခသံတို႔မွာ စကၠန့္ပိုင္းေတာင္ မၾကာ ပဲ အနားသို႔ေရာက္လာသည္
မိမိနားသို႔ နီးကပ္လာသည့္ ကိုယ္ေငြ႕ေၾကာင့္ ထရပ္ရန္ ျပန္လိုက္ေပမယ့္ အႀကံအစည္မွာ မေအာင္ျမင္လိုက္။
အေၾကာင္းမွာ အေၾကာင္းမွာ
ႏြေးေထြးအိစက္လွေသာ ႏႈတ္ခမ္းပါး တစ္စုံေၾကာင့္
ဝိုင္တစ္ခြက္လုံ ရစ္မူးစရာေကာင္းလွၿပီး
တိမ္စိုင္လိုလည္း ႏူးညံ့ျပန္သည္။
မိမိတစ္ကိုယ္လုံးအား သိမ္းေပြ႕ထားေသာ ထိုလူဟာ ရိေပၚကို မတ္တပ္ရပ္ရန္ေတာင္ အခြင့္မေပးပါ။
ေမရိုးမွ ဆြဲ၍ ေမာ့ထားသည့္ မိမိမ်က္ႏွာထက္ အသက္ေငြ႕ေငြ႕တို႔က ျဖတ္ေျပးသည္။
ငုံ႕မိုးထားသည့္သူ၏ ကိုယ္ဟန္အား ခံစားမိေန၏။
မိမိခံတြင္းအတြင္းရွိ ဂႏၵာမာရနံ႕ ေရႏြေးတို႔အား အကုန္အစင္ ယူသြားသာ့္ ထိုသူေၾကာင့္ ရိေပၚ အံ့ၾသမွင္သက္သြားမိေပမယ့္ ၾကာၾကာအခ်ိန္မရွိလိုက္။
ေရွာင္းက်န့္ဆြဲေခၚေသာ ရင္ေမာဖြယ္ ဝဲဂယက္ငယ္ဆီသို႔။
Bliss
'အဦးဆုံးေသာ အၾကင္နာ
အဦးဆုံးေသာ ရင္ခုန္သံ အစပ်ိဳးရာ။'
TBC♡
ေရွာင္းက်န့္- မုန္းလြန္းလို႔ ပါးစပ္ထဲက ေရႏြေးပါ လုေသာက္။
ဂ်ီယာမီး - ေျဖးေျဖးသာသာလုပ္ၾကပါ နစ္နစ္နာနာေတြ ျဖစ္ကုန္ပါဦးမယ္:')