Under The MoonLight ( Complet...
Per Jeon_Audery
134K 12.2K 948
သွေးစွန်းနေတဲ့ဒေစီပန်းရယ်.... ဖန်ခွက်ကွဲစတွေရယ်။ လရောင်အောက်မှာလဲလျောင်းနေတဲ့ကောင်ငယ်လေးကလှပပေမယ့်အကျည်းတန်တဲ... Més
Intro
Under The Moonlight(1)
Under The MoonLight (2)
Under The Moonlight (3)
Under The Moonlight (4)
Under The MoonLight (5)
Under The Moonlight (6)
Under The Moonlight (7)
Under The Moonlight (8)
Under The Moonlight (9)
Under The Moonlight (10)
Under The Moonlight (11)
Under The Moonlight (12)
Under The Moonlight (13)
Under The MoonLight (14)
Under The MoonLight (15)
Under The MoonLight (16)
Under The MoonLight (18)
Under The MoonLight (19)
Under The MoonLight (20)
Under The MoonLight (21)
Under The MoonLight (22)
Under The MoonLight (23)
Under The MoonLight (24)
Under The MoonLight (25)
Under The MoonLight (26)
Under The MoonLight (27)
Under The MoonLight (28)
Under The MoonLight (29)
Under The MoonLight (30)
Under The MoonLight (31)
Under The MoonLight (32)
Uder The MoonLight (33)
Under The MoonLight (34)
Under The MoonLight (35)
Under The MoonLight (36)
Under The MoonLight (37)
Final
Under The MoonLight (17)
2.8K 312 22
Per Jeon_Audery
" ရှုံးနှိမ့်တယ်ဆိုတဲ့ခံစားချက်ကအတော်ကိုခါးသပ်သပ်ရယ်ပါ
တစ်ခြားသူဆီမှာထက် ဂျောင်ဟယ်ယွန်းဆီမှာရှုံးတယ်ဆိုတာသူ့အတွက်အတော်ကိုခံပျင်းဖို့ကောင်းတယ်
တွေးလေ လေဒေါသထွက်လေမလို့ လက်ထဲကဖိတ်စာကလဲကြေမွလုလု
အရာရာစိတ်ပျက်စရာကောင်းနေသည့်အထဲ ဒေါသနဲ့မျက်ရည် ယဥ်တွဲလာတာဟာ သူ့အတွက်တော့စိတ်ပျက်စရာအကောင်းဆုံးတစ်ခုဖြစ်သည်။
ဒေါသထွက်ရင် အလိုလိုဝမ်းနည်းလာတဲ့သူ့စိတ်က ပျော့ညံ့လိုက်ပုံများ
ဒီအချိန်အတွက်ကြိုတင်ပြင်ဆင်ထားပါရက်နဲ့ သူဟာဂျောင်ဟယ်ယွန်းနဲ့ထပ်တိုက်ဆုံတိုင်းရှုံးနိမ့်သည်သတဲ့လား
မုန်းစရာကောင်းလွန်းလို့ဝဲနေတဲ့မျက်ရည်တွေကိုတောင်ကျဆင်းခွင့်မပေးဘူး ဒီမိန်းမကြောင့်ငါမျက်ရည်ကျမယ်ဆိုရင် အရင်ကအတိုင်းဘဲဖြစ်နေမှာ။
.
.
.
.
" ပတ်ဂျီမင်....မင်းအိမ်ပြန်လာပြီလား "
.
.
.
" အော..ပြန်လာပြီလေ ။ ငါတို့လမ်းထဲတောင်ရောက်တော့မယ်ဘာဖြစ်လို့လဲ "
.
.
.
" ငါလမ်းထိပ်မှာစောင့်နေမယ် လမ်းဆက်မလျှောက်ချင်တော့လို့မင်းနဲ့အတူအိမ်ပြန်ကြတာပေါ့ "
.
.
.
" ငါမရှိတုန်းအပြင်လျှောက်သွားနေတာလား ထယ်ယောင်း ?......မင်းနေမကောင်းတဲ့အပြင်ဒီနေ့ကလပြည့်ညလေ ရူးသွားပြီလားအားပြတ်ပြီးသေချင်နေတာလားကင်ထယ်ယောင်း! "
.
.
.
.
စိတ်ပူတာကိုအကြောင်းပြုပြီး သူ့ကိုနင်းကန်ဆူတော့မဲ့ဂျီမင်းအကြောင်းကိုနောကျေစွာ ဖုန်းကိုအရင်ဦးအောင်ချလိုက်သည်။
ဆက်နားထောင်နေရင် သူ့အသံကြောင့်နားပါကန်းနိုင်ချေရှိတယ်လေ။
.
.
အရင်ကတည်းက သူ့မှာခပ်ဂျစ်ဂျစ်ညင်ဆိုလေးတစ်ခုရှိတယ် ။ စိတ်အလိုမကျရင်ဘဲဖြစ်ဖြစ် သူမလုပ်ချင်တာခိုင်းရင်ဘဲဖြစ်ဖြစ် စိတ်ကောက်ကာထိုနေရာမှာတင်ထိုင်ချတက်တယ်
ထိုအကျင့်က ထူးထူးဆန်းဆန်းဘဲ ပတ်ဂျီမင်နဲ့ကျမှစပေါ်လာတာဖြစ်သည်။ ပတ်ဂျီမင်ကအရမ်းဆူလို့ သူစိတ်ကောက်ပြီးခြံထဲမှာထိုင်ချခဲ့တာလေးကိုသူမှတ်မိသေးတယ် ဘာရယ်မဟုတ်ဘူးနားအရမ်းပူလာလို့စိတ်ရှုပ်ပြီးအဲ့လိုလုပ်လိုက်တာ
ပတ်ဂျီမင်းကတော့သူ့ကိုကလေးပေါက်စလို့ဆိုပြီးမြေပေါ်မှာထိုင်ချနေတဲ့ပုံလေးကိုဓာတ်ပုံတွေမရေမတွက်နိုင်အောင်ရိုက်ခဲ့သေး။
အခုတော့ သူစိတ်အလိုမကျရတဲ့အကြောင်းအရင်းက ဟိုမိန်းမဂျောင်ဟယ်ယွန်းဖြစ်ပြီး လမ်းကိုဆက်လျှောက်ဖို့တောင်ပျင်းသွားတာ
.
.
.
.
" ကင်ထယ်ယောင်း!...အဲ့မှာကလေးလိုထိုင်ချမနေနဲ့ အခုကားပေါ်ကိုတက်"
.
.
.
ဘာကိုစိတ်အလိုမကျလာလည်းမသိ မျက်နှာကဆူပုပ်နေပြီး မျက်ရည်ကလည်းဝဲနေသေးသည်။
ကင်ထယ်ယောင်းရဲ့ ပျော့ညံ့တဲ့အခြားတစ်ဖက်ကို တွေ့ဖူးတာက သူတစ်ယောက်တည်းဖြစ်သည်။
ကင်ထယ်ယောင်းက မလိုအပ်တဲ့နေရာအထိသန်မာပြနေတက်ပြီး သူ့စ်ိတ်ထဲအဆင်မပြေတော့ရင်ကြိတ်ပြီးငိုတက်တယ်။ သူ့ရှေ့မှာဆိုခံစားချက်အမှန်ကိုဘဲအမြဲထုတ်ပြတက်တဲ့ကင်ထယ်ယောင်းကထိုတစ်ခုတော့အတော်ကျေးဇူးတင်စရာကောင်းတာ ။
.
.
.
" မိုးချုပ်တော့မှာသိရက်နဲ့အပြင်ထွက်လာပြီး ဘာဖြစ်လာတာလဲ "
.
.
.
" ဂျောင်ဟယ်ယွန်းနဲ့ငါ​တွေ့ခဲ့တယ်ဂျီမင်း....အရင်ကအတိုင်းဘဲအဲ့မိန်းမကယုတ်မာလို့ကောင်းတုန်း "
.
.
.
" မင်းဝမ်းနည်းလာတာသူ့ကြောင့်လား?.....အဲ့မိန်းမကြောင့်နဲ့ဝမ်းနည်းစရာဘာစောက်ကြောင်းရှိလို့လဲကွာ အဲ့ကောင်မမင်းကိုဘာလုပ်လိုက်သေးလဲ "
.
.
.
တကယ်ဒေါသထွက်နေပုံရတဲ့ဂျီမင်း​က လည်ပင်းကျောတွေထောင်နေတဲ့အထိဒေါသထွက်နေတာဖြစ်သည်။
ပတ်ဂျီမင်းဒေါသထွက်တာမျိုးက အလွန်ထူးဆန်းတဲ့ဖြစ်စဥ်ဆိုပေမယ့် သူနဲ့ပက်သက်လာရင်တော့မိနစ်ပိုင်းအတွင်းလူမိုက်ဖြစ်သွားတက်တာ။
ပတ်ဂျီမင်းပြောခဲ့ဖူးတယ်....သူချစ်တဲ့သူကိုထပ်တူချစ်ပေးနိုင်ပြီး သူမုန်းတဲ့သူကိုလည်းထပ်တူလိုက်မုန်းပေးနိင်သည်သတဲ့လေ
သူ့ဘဝမှာအကောင်းဆုံးဆုတောင်းဟာ ပတ်ဂျီမင်းဘဲ
.
.
.
" ငါအဲ့မိန်းမကို ထပ်ပြီးရှုံးခဲ့ပြီထင်တယ်ဂျွန်ဂျောင်​ကုကြောင့်လေ
ငါ့အတွေးမှားနေတာမလားဂျီမင်း ဂျွန်ဂျောင်ကုချစ်မိတာအဲ့မိန်းမမဟုတ်လောက်ဘူးမလား "
.
.
.
" မင်းရှုံးမှာကြောက်နေလို့ပါထယ်ယောင်းရယ်
ဂျွန်ဂျောင်ကုအဲ့မိန်းမကိုမချစ်ခဲ့သလို အခုလဲထပ်ချစ်လာမှာမဟုတ်ပါဘူး ပေါက်ကရတွေမတွေးဘဲမင်းကိုယ်မင်းဂရုစိုက်စမ်းပါ "
.
.
.
.
" မုန်းလို့ပါ...ငါ့မိသားစုအပေါ်လုပ်ရက်ခဲ့တာကိုမုန်းလွန်းလို့ပါ "
.
.
.
.
.
ပါးစပ်ကထုတ်မပြောသည့်တိုင် ကင်ထယ်ယောင်းမျက်ဝန်းထဲမှာကြေကွဲနေပုံကအထင်းသား
သူ့ဒေစီဟာလူတစ်ယောက်ကိုမုန်းခဲပါတယ် သူချစ်တဲ့သူကိုမထိသ၍ သူ့ကိုနာကျင်အောင်မလုပ်သ၍သူဟာအဆိပ်မရှိတဲ့အဖြူရောင်ပန်းလေးတစ်ခုသာသာဘဲ
ဒေစီဟာသူ့ကိုနာကျင်အောင်လုပ်ခဲ့ရင်တောင် ချစ်ရသူဆိုရင်ခွင့်လွှတ်ဖို့အမြဲအဆင်သင့်ဖြစ်နေခဲ့တာ
.
.
.
.
" ဂျွန်ဂျောင်ကု..? အဲ့ကောင်ကဘာလို့ဒီကိုရောက်နေရတာလဲ "
.
.
.
သူတို့ရဲ့အိမ်ရှေ့မှာဂျွန်​ဂျောင်ကုကသူ့BMW ကားအနက်ကိုမှီရင်းလူမိုက်လိုလိုပုံစံနဲ့ဘောင်းဘီအိတ်ထဲလက်နှိုက်ကာစောင့်နေတာဖြစ်သည်
ဖုန်းcall ပေါင်းများစွာခေါ်ထားတဲ့အပြင် Voice Message တွေကိုသူလစ်လျှူရှု့ထားတာကြောင့်အိမ်အထိလိုက်လာမှန်းသူရိပ်မိ၏
ဘလိုအရာကိုမှဂရုမစိုက်တက်တဲ့ဂျွန်ဂျောင်ကုပုံစံက ပတ်ဂျီမင်းနဲ့ထိပ်တိုက်တွေ့ရမှာကိုလည်းအရေးမလုပ်တဲ့ပုံ ။ အင်းလေ ညဘက်ကြီးသူ့အိမ်ခန်းထဲအထိဝင်ပြီး အိပ်ယာပေါ်အထိတက်နိုင်တာ တော်ယုံမှမဟုတ်ဘဲကို
.
.
.
.
" ငါပြန်ခိုင်းလိုက်မှာမလို့ မင်းကဘဲစိတ်လျှော့ပြအိမ်ထဲဝင်ပေးပါ
မင်းထိခိုက်မှာမျိူးငါထပ်ပြီးမဖြစ်စေချင်လို့ဆိုတာသိတယ်မလား "
.
.
.
" ငါစောင့်ကြည့်နေမှာ
အဲ့ကောင်နဲ့ပြသနာမဖြစ်စေချင်ရင်အမြန်ပြန်ခိုင်းလိုက်"
.
.
.
" အင်းငါအဲ့လိုလုပ်လိုက်မယ် "
.
.
.
ပြသနာတက်​စေနိုင်တဲ့ ပတ်ဂျီမင်းကိုအရင်ပထုတ်လိုက်ပေမယ့်လည်း နှစ်ယောက်သားသတ်မလိုအကြည့်တွေနဲ့ကားထဲကနေအကြည့်ချင်းဖလှယ်သွားသေးသည်။
ဂျွန်ဂျောင်ကုကလည်းအချိုးမပြေသလိုပတ်ဂျီမင်းကလည်းရန်ဖြစ်ဖို့ဘဲတာဆူနေတဲ့ပုံ
ထိုနှစ်ယောက်ထိပ်တိုက်ဆုံရင်ခေါင်းကျိန်းနေရတဲ့သူကတော့သူကိုယ်တိုင်သာ ။ နှစ်ယောက်စလုံးကိုအခန်းတစ်ခုတည်းအတူပိတ်ထားခဲ့ရင်သတ်ပွဲတွေများဖြစ်လောက်မလားဘဲ
.
.
.
.
" ငါမင်းနဲ့မတွေ့ချင်ဘူးလို့ပြောခဲ့မိတယ်မလားဂျွန်ဂျောင်ကု "
.
.
.
.
" မတွေ့ချင်တဲ့အကြောင်းပြချက်ကိုပေးမှပေါ့ကင်ထယ်ယောင်းရဲ့
ကျနော့်ဒေါသကိုစွနေရင်ဘာကောင်းကျိုးမှရှိမလာနိုင်ဘူးနော် ကျနော်က ကစားလို့ကောင်းတဲ့​ကောင်မဟုတ်ဘူး "
.
.
.
.
" မင်းနဲ့ငါရဲ့ဆက်ဆံရေးကအကြောင်းပြချက်တွေပေးပြီးပြသနာတွေကိုလိုက်ဖြေရှင်းရမယ့်ဆက်ဆံရေးမဟုတ်ဘူးထင်တယ် အဲ့လောက်ထိလဲအရေးမပါခဲ့ဘူးလေ "
.
.
.
.
" ဟား....အိပ်ယာထဲအထိရောက်ခဲ့တဲ့ဆက်ဆံရေးက စောက်ရေးမပါဘူးတဲ့လား
ငါကမင်းကိုယ်စိတ်မကျေနပ်စေလို့လားကင်ထယ်ယောင်းပြောစမ်း "
.
.
.
အကျင့်တွေကအစပြောင်းလဲခြင်းရှိမသွားတဲ့ဂျွန်ဂျောင်ကုမှာ လိုရာဆွဲသွင်းပြီးပုတ်ခတ်တက်တဲ့ထိုအကျင့်ကပါလာပုံရသည်။
လူတစ်ယောက်ရဲ့ခံစားချက်ကိုထည့်မတွက်ပဲအမြဲအနိုင်ပိုင်းတက်တဲ့အကျင့်ကိုသူသိပ်မုန်းပါသည်။
​သူပေးခဲ့တဲ့ထိုအရာက ဂျွန်ဂျောင်ကုရဲ့ထိုးနှက်မှု့တွေထဲမှာတန်ဖိုးမဲ့နေကြောင်းထင်ရှားနေတဲ့အခါသူရင်ထဲစစ်ခနဲ
ထိုထက်နာကျင်ရတာတော့ သူသိပ်မြတ်နိုးရတဲ့ဂျွန့်ပါးကိုရိုက်ခဲ့မိတာ ပထမဦးဆုံးပါဘဲသူ့လက်သွယ်သွယ်တွေကိုမုန်းမိတာပထမဆုံးဘဲ
.
.
.
.
" မင်းမလို့ကင်ထယ်ယောင်း!.....မင်းမလို့ငါ့ဒေါသတွေကိုထိန်းထားနိုင်တာ
မင်းနေရာမှာတစ်ခြားသူသာဆိုငါဘာလုပ်မိမလဲမသိဘူး "
.
.
.
သူ့အသားကိုထိလို့ဒေါသထွက်တာမျိုးမဟုတ်ဘူး
ကင်ထယ်ယောင်းရဲ့စိတ်ပျက်နေတဲ့အကြည့်တွေနဲ့စောက်ရေးမပါတဲ့ဆက်ဆံရေးဆိုတာကြောင့်သူ့သွေးတွေလောင်မြိုက်နေတာ ။
သူ့မှာတော့ကင်ထယ်ယောင်းကိုပိုင်ဆိုင်ချင်လွန်းလို့ရူးမလိုဘဲ
.
.
.
.
" ငါ့ကိုအပြစ်တင်စော်ကားနေတာတွေတော်လောက်ရောပေါ့
မင်းကိုယ်မင်းနစ်နာရသူလိုဟန်ဆောင်မနေစမ်းနဲ့
မင်းလိုချင်တဲ့အကြောင်းပြချက်ကလည်းငါ့ဆီမှာရှိတာမလို့ဒီလောက်နဲ့တင်တော်သင့်ပြီ "
.
.
.
.
မနေ့ကအထိ အဆင်ပြေနေတဲ့သူတို့ရဲ့ဆက်ဆံရေးအစပျိုးလာဖို့သူဘလောက်ကြိုးစားခဲ့ရသလဲသူအသိဆုံး
ယုံကြည်ချက်လွန်ကဲနေလို့ဘဲလား သူကိုယ်တိုင်ကဘဲအရမ်းကြီးမျှော်လင့်မိခဲ့လို့လားမသိ အပေါ်ဆုံးမှာရှိနေရာကနေအနာကျင်ဆုံးနည်းလမ်းနဲ့ပြုတ်ကျခဲ့တာ
.
.
.
.
ဒေါသတကြီးနဲ့ကင်ထယ်ယောင်းပြစ်ပေါက်ခဲ့တဲ့စာရွက်တစ်ခုကိုမြေ​ပြင်ပေါ်ကနေကောက်ယူကြည့်တဲ့အခါဒေါသထွက်စရာကောင်းလွန်းတဲ့အလိမ်အညာတစ်ခုသူ့လက်ထဲရောက်နေမှန်းသိလိုက်၏
.
.
သူကိုယ်တိုင်တောင်မသိခဲ့တဲ့ထိုလပ်ထက်ပွဲက သိပ်ရီစရာကောင်းနေပေမယ့်သူ့မှာမရီနိုင်
ထိုစောက်ကျိုးနဲစာရွက်ကြောင့်ကင်ထယ်ယောင်းသူ့ကိုစိတ်တိုသွားမှန်းနားလည်လာတဲ့အခါလူသတ်ချင်စိတ်တွေကထိန်းမရ
တစ်ဖက်မှာလည်းကင်ထယ်ယောင်းကသူ့ကိုသဝန်တိုပြီးပြသနာရှာမှန်းသိလိုက်ရတော့ကျေနပ်သွားသလိုရှိသည်။
ကျက်သရေတုံးလွန်းလှတဲ့ထိုဖိတ်စာရဲ့တရားခံကိုသူသိနေတာမလို့ ကိုယ့်နေရာကိုယ်သိအောင်သူကိုယ်တိုင်ဘဲပြရတော့မည်
တစ်ဆက်တည်းတာဝန်ယူထားတဲ့သူကိုပါသတိပေးဖို့သူ့ကားကိုခပ်ပျင်းပျင်းမောင်းနှင်ရတော့သည်။
ကင်ထယ်ယောင်းကိုတော့နောက်မှသေချာရှင်းပြလို့ဖြစ်တယ်မလား.. ။
.
.
.
.
.
" ကင်ထယ်ယောင်း ညစာစားရအုံးမယ်လေအခန်းထဲကထွက်ခဲ့
.
.
.
ဂျွန်ဂျောင်ကုနဲ့စကားများလာပုံရပြီး ချက်ချင်းအိမ်ထဲပြေးဝင်လာကာအခန်းထဲဝင်သွားတာကြောင့်သူ့မှာချော့မော့ပြီးညစာစားဖို့အရေးလာခေါ်ရခြင်းဖြစ်သည်။
ကျိန်စာကြောင့်မသေနိုင်ဘူးဆိုတာသိပေမယ့် နာကျင်မှု့ကိုတော့ခံစားတက်တာမလို့ကင်ထယ်ယောင်းကိုနေမကောင်းမဖြစ်စေချင်ပါ
ညလယ်လောက်ဆိုရင်အလူးအလဲခံစားရမယ့်ကျိန်စာဆိုးအတွက် ကင်ထယ်ယောင်းသန်မာနေမှဖြစ်မည် သူကိုယ်တိုင်လွှဲပြောင်းယူလို့မရတဲ့နာကျင်မှု့ကြောင့်ထိုနေ့ရောက်တိုင်းစိတ်ထဲမှာတင်းကျပ်ကျပ်နဲ့
ကင်ထယ်ယောင်းနာကျင်ရတာလုံလောက်နေပါပြီ ။
.
.
.
" ထယ်ယောင်း ခေါင်းမမာစမ်းနဲ့မင်းနေမကောင်းဘူးမလားဒီလိုလုပ်နေရင် မင်းပိုပြီးနာကျင်ရလိမ့်မယ် "
.
.
.
" ငါ့စကားကိုနားထောင်ပြီးတံခါးကိုဖွင့်လိုက်
အခုချိန်ဆေးသောက်ရင်မှီသေးတယ်နော် ညကျမှ အနာပေါ်အနာဆင့်ဖြစ်နေမယ် "
.
.
.
.
အခန်းဝမှာရပ်ပြီးတရားချနေတဲ့သူသာ တရားပေါက်ချင်ပေါက်သွားလိမ့်မယ် ကင်ထယ်ယောင်းက တံခါးဖွင့်မလာတာမလို့ သော့အပိုကိုသုံးကာဝင်ဖို့ဆုံးဖြတ်လိုက်သည်။
အခုချိန်အခန်းထောင့်မှာချောင်ကပ်ပြီးငိုနေမလားဆိုတာသူမတွေးတက် ထိုအရာထက်ပိုတာလဲဖြစ်နေန်ိုင်သည်မလို့ အခန်းထဲဝင်ဖို့အရေးကပိုမှန်ကြောင်းသူတွေးမိ၏
.
.
.
.
ချောက်!
.
.
.
" ကင်ထယ်ယောင်းငါပြောနေတာကိုလစ်လျှူရှု့တယ်___ ကင်ထယ်ယောင်း!! ဘာဖြစ်တာလဲအဲ့တာ"
.
.
.
ထူးဆန်းလွန်းတဲ့ကင်ထယ်ယောင်းပုံစံကြောင့်သူ့မှာအထိတ်တလန့်ဖြစ်သွားရသည်။
ကျိန်စာက လပြည့်ညလယ်မှ အသက်ဝင်တာဆိုပေမယ့် ကြမ်းပြင်ပေါ်မှာပုံ့ပုံ့ကလေးလဲကျနေပြီး နာကျင်စွာညီးညူနေတဲ့ခပ်ဖျော့ဖျော့ပုံရိပ်လေးကြောင့်သူ့မှာရူးမတက်ပင်
ကင်ထယ်ယောင်းရဲ့ ထိုပုံရိပ်ကိုအကြိမ်ကြိမ်မြင်ဖူးနေပေမယ့် အမြဲအသားမကျသလို နာကျင်နေမြဲဖြစ်နေတဲ့သူ့စိတ်တွေ
ထင်လင်းနေတဲ့လရောင်အောက်မှာ ပုံရိပ်အစစ်ကိုတဖြည်းဖြည်းအသွင်ပြောင်းနေတဲ့ထယ်ယောင်းက နာကျင်လွန်းလို့အသံပင်မထွက်နိုင်
အကြိမ်ကြိမ်ကာကွယ်ပေးဖို့ကြိုးစားခဲ့တဲ့လပြည့်ညရဲ့အလင်းရောင်ကကင်ထယ်ယောင်းရဲ့ကိုယ်ပေါ်ကျရောက်လာတိုင်း ပုံစံအစစ်ဖြစ်တဲ့ အဖြူရောင်အရိုးစုတွေဆီကူးပြောင်းသွားတက်စမြဲ
သေခြင်းတရားကိုလွန်ဆန်ပြီးကျိန်စာနဲ့အသက်ဆက်လာတဲ့ဒေစီ့ရဲ့ပုံစံအမှန်က အဖြူရောင်ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခုသာ
ကျိန်စာတိုင်းမှာသက်ရောက်မှု့တစ်ခုဆီရှိတက်တာမလို့ လွတ်မြောက်ခွင့်မရှိသေးတဲ့ဒေစီငယ်ရဲ့အပြစ်ဒဏ်က လမင်းရဲ့အလင်းရောင်ဖြစ်သည်။
တစ်ခြားအချိန်တွေမှာလရောင်နဲ့ထိရင်ပုံစံအစစ်ကိုမြင်တွေ့ရတက်ပေမယ့် လပြည့်ညမှာတော့ ပုံရိပ်အစစ်ကိုနာကျင်စွာဘဲပြောင်းလဲသွားတတ်သည်
ဖြူဖျော့နေကာသွေးမရှိတော့တဲ့စာရွက်လေးတစ်ခုလိုဖြစ်နေသည့်တိုင်ဒေစီ့အလှကပြောင်းလဲသွားခြင်းမရှိ။
.
.
.
.
" ဘလိုဖြစ်တာလဲထယ်ယောင်း.....ဒါ..ဒါကြီးကအရမ်းကိုစောလွန်းနေတယ်မလား။ ဘာလို့ကျိန်စာက ရှေ့ကိုတိုးလာတာလဲ "
.
.
.
တုန်ရီနေတဲ့လက်တွေနဲ့ ကင်ထယ်ယောင်းရဲ့ကိုယ်လုံးလေးကိုနာကျင်မှု့အနည်းဆုံးဖြစ်အောင်ထွေးပွေ့ထားရင်း မျက်ရည်တွေနဲ့ဝေဝါးနေကာဆုံးဖြတ်နိုင်စွမ်းတွေကလဲလျော့နည်းကုန်၏
သူသိပ်ချစ်ရတဲ့ဒေစီကို ဒီလိုမြင်ကွင်းမျိုးနဲ့အမြဲမြင်ရတဲ့အခါသူ့မှာရူးမလိုဘဲ
နှစ်တွေအကြာကြီး သူဒီလိုရှင်သန်ခဲ့ရတာ ကင်ထယ်ယောင်းအတွက်အသုံးမကျတဲ့လူတစ်ယောက်အနေနဲ့
.
.
.
" ဂျီမင်း...ဒေစီတွေကငါ့စကားကိုနားမထောင်တော့ဘူးထင်တယ် ။
ကျိန်စာကလည်းအရင်ကထက်နှစ်ဆပိုပြင်းနေသလိုဘဲ.......ငါ့တစ်ကိုယ်လုံးသေမလောက်နာကျင်နေတယ်ဂျီမင်း
.
.
.
.
_________________________________
နှစ်ပိုင်းအပ်မယ့်အစား အရှည်ကြီးရေးပေးထားတယ်ရယ်
ကိုယ်Screen timeတွေအရမ်းများနေလို့ ခေါင်းအရမ်းကိုက်နေတာနဲ့မရေးဖြစ်တာ
တစ်ခါလောက်ဖြစ်ဖြစ် Double updateကိုပေးဖြစ်အောင်ကြိူးစားကြည့်ချင်တယ်
ဒီအပိုဒ်လေးကိုနားမလည်ရင်ရှေ့ကဟာတွေပြန်ဖတ်ကြည့်နော် ကိုစပွိုင်းပေးထားတယ်
Jeon Ra Ra
10.2.2022
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မင်းထိခိုက်မှာမျိုးငါထပ်ပြီးမဖြစ်စေချင်လို့ဆိုတာသိတယ်မလား "
.
.
.
" ငါစောင့်ကြည့်နေမှာ
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ချောက်!
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
_________________________________
တစ်ခါလောက်ဖြစ်ဖြစ် Double updateကိုပေးဖြစ်အောင်ကြိုးစားကြည့်ချင်တယ်
Jeon Ra Ra
10.2.2022
Continua llegint
You'll Also Like
24.9K 2.7K 27
Top - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK မောင်တို့အခက်ခဲရှိရင်တောင် ကျော်ဖြစ်ကြမယ် ဂျွန်ငယ် ။ ဒီတော့မောင့်လက်ကိုသာ မြဲအောင်ဆုပ်ကိုင်ထားပေးပါ ။...
78.8K 10.5K 39
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
487K 41.3K 26
Jeon ဧကရာဇ်အုပ်ချုပ်နေသည့်ကာလ..... YunHwa ဆောင်ကြာမြိုင်က အလှလေး Kim Taehyung.. ၂၁ ရာစုကာလ..... မိန်းကလေးပရိတ်သတ်တွေရော ယောကျာ်းလေးပရိတ်သတ်တွေကြားမှာ...
284K 25.1K 24
JEON JUNGKOOK X KIM TAEHYUNG Stat Date-11.7.2023 End Date-17.9.2023