Unicode
အခန်း(၄၃-၂) - အမှန်တရားသုံးခု အလိမ်အညာ တစ်ခု
နန်ဝူယွဲ့သည် ရင်းနှီးနေသည့် အသံကြောင့် မျက်ခုံးများ တွန့်ချိုးသွားရသည်။ ခဏအကြာမှာတော့ နွယ်ပင်များအားလုံး ပွင့်သွားပြီး ပိန်ပါးလှသည့် အစေခံငယ်လေးတစ်ယောက်က ခြံဝင်းထဲက ကျောက်တုံးပေါ်မှာ ရပ်နေသည်ကို မြင်လိုက်ရတာကြောင့် သူ့သံသယများကို အတည်ပြုနိုင်သွား၏။ သူမက အဝါဖျော့ဖျော့ ပိုးသားဂါဝန်ကို ဝတ်ထားပြီး သူမရဲ့ ဆံပင်များအား ထိပ်မှာ သပ်သပ်ရပ်ရပ် စုထုံးထားကာ ပေါ့ပေါ့ပါးပါး အသုံးအဆောင်များဖြင့် တန်ဆာဆင်ထားသည်။
သူမရဲ့ အင်္ကျီလက်ဝကျယ်ထဲကနေ နွယ်ကြိုးများ ထွက်နေပြီး အဆုံးသတ်မှာ ပန်းသေးသေးလေးများ အစုလိုက် အပြုံလိုက်ဖြင့် အလှဆင်ထားကာ သူမရဲ့ တစ်ကိုယ်လုံးကနေတော့ နတ်ဆိုးချီများ ဝေ့ဝဲနေပြီး ရှေ့သို့ ခြေလှမ်းတိုး၍ ယဉ်ကျေးစွာ ဦးညွှတ်လာသည်။
"ထင်းအာ"
နန်ဝူယွဲ့သည် သူမက ဆေးပင်တစ်ပင်နဲ့ နာမည်အတူတူပဲ ဆိုတာအား ရုတ်တရက် အမှတ်ရမိသွားသည်။ သူမရဲ့ တကယ့်အသွင်က အပင်ပုံဖြစ်နေမယ်ဟုတော့ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
"မင်းက မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတဲ့ ယောက်လား?"
"ကျွန်မတို့က အသက်ရှင်သန်ဖို့ လိုအပ်တာကို လုပ်တာပါ" ထင်းအာက ပြတ်သားစွာပြောသည်။
"မင်းဘာတွေ ပြောနေတာလဲ?"
နန်ဝူယွဲ့သည် လွတ်မြောက်ရန် အလားအလာရှိသော လမ်းကြောင်းများကို ရှာဖွေရင်း မျက်လုံးများကို ကျဉ်းမြောင်းထားသည်။ ဒီတချိန်လုံး၊ ထင်းအာသည် သူ့အား အတွင်းခန်းထဲကို မရောက်အောင် တားဆီးထားခဲ့သည်။ သို့သော် ယခု သူမဆီမှာ နတ်ဆိုး ချီ ခိုအောင်းနေမှန်း သိလိုက်ရတော့ သူ့စိတ်ထဲတွင် အတွေးအသစ်တစ်ခု ထွက်ပေါ်လာသည်။
"ရှင်က မသိချင်ယောင် ဆောင်နေပြန်ပါပြီ" ထင်းအာက စကားဆက်သည်။
"လမ်းစဉ်မှန် ဂိုဏ်းတစ်ခုမှာ ပုန်းကွယ်နေတဲ့ လူဆိုးကောင်လေးပဲ"
"မင်း ကျောက်စိမ်းဝိဉာဉ်ကို နတ်ဆိုး ချီနဲ့ သွင်းခဲ့တာလား။" နန်ဝူယွဲ့ သည် သူမ၏မေးခွန်းကို လျစ်လျူရှုကာ မေးလိုက်သည်။
"ဒီမှာ တခြားနတ်ဆိုး မိစ္ဆာလမ်းစဉ် ကျင့်ကြံသူကို တွေ့လို့လား?" ထင်းအာက လှောင်ပြောင်သည်။
"ဘယ်နဲ့ညာမှာ ပြန့်ကျဲနေတဲ့ သဲလွန်စတွေ အကုန်လုံးနဲ့တင် မသိနိုင်သေးဘူးလား? ရှင့်ရဲ့ မိုက်မဲတဲ့ ဆရာတောင်မှ ကျွန်မရဲ့ မိစ္ဆာအမြူတေကို စစ်ဆေးမယ့်အစား အပိုခန္တာကိုယ်ကိုပဲ စစ်ဆေးခဲ့တယ်!"
"မင်းက အသိစိတ်ကို ပြောင်းရွှေ့ထားတာကိုး" နန်ဝူယွဲ့က သဘောပေါက်သွားသည်။ ဒါသည်လည်း အပင်ယောက်များရဲ့ အထူးစွမ်းရည်နှင့် ကိုက်ညီပေသည်—သူတို့သည် ပျိုးပင်များကို ဖြန့်ကျက်၍ အမြစ်များ ပေါက်နိုင်ပြီး အဓိကခန္ဓာကိုယ်၏ အပိုခန္တာများအဖြစ် ထိန်းချုပ်ကာ ၎င်းတို့၏ ပင်မအသိစိတ်ကို စိတ်ဆန္ဒအတိုင်း ရွှေ့ပြောင်းပေးနိုင်သည်။ သို့သော် ပင်မကိုယ်ထည်မှာသာ ၎င်းတို့၏ ကျင့်ကြံမှု အမြူတေရှိနေတာပင်။
"မင်း ငါ့ဆရာကို ဘာလုပ်လိုက်တာလဲ?!"
"ရှင် ကောက်ချက်ချပြီးသားပဲ မဟုတ်ဘူးလား?" ထင်းအာက ပြန်ဖြေသည်။
"သေချာပေါက် ဘာမှ မလုပ်ဘူးပေါ့ မဟုတ်ရင် သူက ကျွန်မကို မိသွားမှာပေါ့။ သူက အခုလောက်ဆို ပိုင်သခင်မနဲ့ ဆရာဆုတို့ကို စကားပြောနေလောက်မယ် ထင်တာပဲ"
"ဒါဆို မင်းက ဒါတွေအားလုံးကို လုပ်ပြီး ဘာတွေ စီစဉ်နေတာလဲ?" နန်ဝူယွဲ့က ဖိမေးသည်။
"ကျွန်မလား? ဘာမှမစီစဉ်ဘူး" ထင်းအာက ခေါင်းခါပြကာ
"ကျွန်မက ရှင့်ကို အဖော်ပြုပေးနေရမယ် ဆိုတဲ့ အမိန့်ကိုပဲ လိုက်နာဖို့ ရှိနေတာ။ ရှင့်မှာ လက်ရှိထက်ပိုတဲ့ ပြသစရာတွေ ရှိနေသေးဖို့ပဲ မျှော်လင်မိပါတယ် ဟုတ်ပြီလား?"
"Tch" ထင်းအာသည် သူမ၏ စပျစ်နွယ်ပင်များကို သူ့ဘေးပတ်လည်မှာ ပျော်ရွှင်မြူးတူးစွာဖြင့် ဝိုင်းရံထားလိုက်သည်။ နှစ်ယောက်သား အကြည့်ခြင်းဆုံပြီး ထိပ်တိုက်တွေ့တော့မယ့် အချိန်မှာ — နန်ဝူယွဲ့က တစ်ဖက်လှည့်ပြီး ခြံဝင်းထဲမှ ပြေးထွက်လာကာ ဆန့်ကျင်ဘက်သို့ ထွက်ပြေးတော့၏။
"ဟေး!"
ထင်းအာက စက္ကန့်ပိုင်းလောက်ကြာမှ တုန့်ပြန်လာနိုင်ပြီး နောက်က လိုက်သွားသည်။
"မပြေးနဲ့စမ်း, ငကြောက်ကောင်!"
သေချာပေါက် နန်ဝူယွဲ့က ထွက်မပြေးပါဘူး။ အဲ့ဒီအစားသူက စိတ်ထဲမှာ ဦးတည်ရာတစ်ခုကို မှန်းဆထားခြင်းသာ ; ဘိုးဘေးခန်းမ
သူနဲ့ သူ့ဆရာက အခင်းအကျင်းထဲမှာ အထူးတလှယ် အပြောင်းအလဲတွေ လုပ်ထားတာကြောင့် နတ်ဆိုးချီ ရှိနေတဲ့ ဘယ်လိုအရာအတွက် မဆို ပြီးပြည့်စုံတဲ့ ထောင်ချောက်ပဲ
ပြီးတော့ ထင်းအာရဲ့ လက်ရှိအသွင်က လုံးဝကို အမိဖမ်းနိုင်နေပြီလေ
နန်ဝူယွဲ့သည် ဆုအိမ်တော်၏ နံရံအပြင်ဘက်မှာ ပြေးလွှားနေရင်း မနက်ခင်းတုန်းက ထားထားခဲ့သည့် စွမ်းအင်ဖျော့ဖျော့လေးအတိုင်း ဘိုးဘွားခန်းမ တည်ရှိရာနေရာအား သွားနေသည်။ သူ့ကိုယ်ပေါ်မှာ အရိပ်တစ်ခုပေါ်လာသည်ကို ခံစားလိုက်ရတဲ့အချိန်မှာ အပေါ်မော့ကြည့်လိုက်သောအခါ ထင်းအာက နံရံထိပ်ပေါ်တွင် သက်တောင့်သက်သာဖြင့် ပျံဝဲနေသည်ကို မြင်လိုက်ရပြီး သူမ၏ ခြေလှမ်းများသည် ငှက်မွှေးကဲ့သို့ ပေ့ါပါးနေကာ ဝတ်ရုံက လွင့်ဝဲနေသည်။ သူမ၏ အင်္ကျီလက်များကနေ တစ်ပါတည်း လိုက်ပါနေသည့် နွယ်ပင်များသည်လည်း များပြားလှတဲ့ လက်များလို သူမနောက်က ပါလာလေသည်။
"တာအိုအရှင်လေး, ရှင်က ကောင်းကောင်းမတိုက်ခိုက်နိုင်ပေမယ့် ပြေးတာကတော့ ကြွက်လိုပဲ မြန်တယ်နော်" ထင်းအာက လှောင်ပြောင်သည်။
နန်ဝူယွဲ့က သူမကို လစ်လျူရှုထားပြီး ရယ်မောလိုက်ကာ နောက်ထပ်အရှိန်ထပ်တိုးလိုက်သည်။
ထို့နောက်မှာတော့ ထင်းအာ၏ နွယ်ပင်များက ရုတ်တရက်တင်းမာသွားသည်။ နောက်တစက္ကန့်မှာပင် အပျက်အစီးများနဲ့ ကြွေပြားမြောက်မြားစွာသည် နန်ဝူယွဲ့၏ ဦးခေါင်းထက်ပေါ်မှ ပြုတ်ကျလာ၏။ သူက မိုးပြိုသလို လေးလံစွာ ကျဆင်းလာသည့် အရာများအား ဓားဖြင့် အလျင်စလို ကာလိုက်ရသည်။
ပြန်လည် ရိုက်ခတ်မှု အနည်းငယ် ဖြင့်ပင် သူက ပစ်ကျလာသည့် ကျောက်ခဲများထဲက အကြီးဆုံးတစ်ခုကိုပင် ထင်းအာဆီ ပြန်ပစ်ထုတ်လိုက်နိုင်တာကြောင့် ထင်းအာရဲ့ နွယ်ပင်များက အလယ်မှာပင် ထိုကျောက်ခဲကြီးအား ဖြစ်ညှစ်ကာ အပိုင်းပိုင်းအစစ ခြေမွပစ်လိုက်၏။
"တိုက်ခိုက်ဖို့အတွက် တကယ့် ကိုယ်အစစ်ကို အသုံးပြုဖို့ လိုတယ်ဆိုရင် လူသားအသွင်ပြောင်းဖို့ ကျင့်ကြံတာက ဘာများ အသုံးဝင်တော့မှာလဲ?" သူက စကားဖြင့် ပြန်လည် စစ်ထိုးသည်။
ယောက်အများစုသည် သားရဲ သို့မဟုတ် အပင်များအဖြစ် မွေးဖွားလာသော်လည်း ကျင့်ကြံဆင့် တိုးတက်လာသည်နှင့် ပြီးပြည့်စုံသော လူသားပုံစံများအား ပြောင်းပြီး သူတို့ကိုယ်သူတို့ ဂုဏ်ယူကြသည်။ ယင်းသည် ၎င်းတို့၏ တောရိုင်းဆန်သော ပုံစံများအပေါ် ချုပ်ကိုင်မှုကို ဖော်ပြရုံသာမက အာဏာ၏ လက္ခဏာလည်း ဖြစ်သည်။
"နင့်လို ကလေးတစ်ယောက်က နည်းနည်းလောက် မကြမ်းတမ်းရင် သင်ခန်းစာ မရဘူးပဲ"
ထင်းအာက ခွန်းတုံ့ပြန်ပြီး သူ့ဆီ အပျက်အစီးများ ထပ်မံ ပစ်လွှတ်ပြန်သည်။
နန်ဝူယွဲ့က ထပ်မံပိတ်ဆို့လိုက်သော်လည်း ယခုတစ်ကြိမ်တွင် ရင်းနှီးသော နာကျင်ကိုက်ခဲမှုကို ခံစားလိုက်ရသည်။ သူ့လက်မောင်းအား လှည့်ကြည့်လိုက်သောအခါ ထင်းအာက ပျံသန်းလာသည့် အပျက်အစီးများနဲ့အတူ ပစ်ထုတ်လိုက်သည့် ပစ္စည်းတစ်ခုက သူ့အသားထဲ ဖြတ်ဝင်သွားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ဒီတစ်ခါတော့ ၎င်းတို့က အရွက်တွေ မဟုတ်ပဲ သူ့အသားထဲ စိုက်ဝင်သွားသည် ပျိုးပင်များပင်။ နန်ဝူယွဲ့က ချက်ချင်းပင် သူ့လက်သည်းဖြင့် ကုတ်ထုတ်လိုက်ပြီး ပြေးနေရင်းဖြင့်ပင် ရွံရှာစွာ မြေပြင်ပေါ် ပစ်ချလိုက်တယ်။ သူ၏ ဒဏ်ရာသစ်များမှ သွေးများစီးကျလာကာ ပူလောင်ပြီး မဲနက်နေသည်။
ထင်းအာက ထိုမြင်ကွင်းကြောင့် တစ်ခစ်ခစ် ရယ်တော့၏။
"ကြည့်ရတာ နင့်သွေးက ငါ့ရဲ့ မျိုးစေ့တွေကို ပြုစုပျိုးထောင်ဖို့ လုံလောက်တဲ့ လူသားဖြစ်နေတုန်းပဲ။ ကောင်းတယ်၊ ကောင်းတယ်!""
နင့်အမေကိုပဲ ကောင်းနေလိုက်
နန်ဝူယွဲ့က တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ကံကောင်းစွာနဲ့ တစ်ဖြည်းဖြည်း အားကောင်းလာသော အခင်းအကျင်း၏ အရှိန်အဝါအား ခံစားလာရလေပြီ။ ထင်းအာသည်လည်း အာရုံခံမိပုံရသည် အကြောင်းကတော့ သူမက ရှေ့သို့ စုံစမ်းစစ်ဆေးသလိုမျိုး လှမ်းမျှော်ကြည့်နေတာကြောင့် နန်ဝူယွဲ့အား သူမ မတားနိုင်ခင်မှာပင် ခြံဝင်းကို ဖြတ်ခနဲ ခုန်ကျော်၍ လွတ်မြောက်သွားစေသည်။
"တာအိုအရှင်လေး...."
ထင်းအာသည် အောက်ဘက်မှ ထိုပုံရိပ်လေးက ဘိုးဘေးခန်းမထဲ တည့်တည့် ပြေးဝင်သွားသည်ကို ကြည့်နေလေသည်။
"နင့်စိတ်ထဲမှာ ငါက ငတုံးလို့များ ထင်နေလား?"
သို့တိုင် သူမက ပြုံးပြီး သူ့နောက်သို့ တည့်တည့် လိုက်သွားကာ အခင်းအကျင်း အချုပ်အနှောင်များထဲသို့ ဂရုမစိုက်ပဲ ဆက်ဝင်သွားသည်။ မန္တာန်၏ အလယ်ဗဟိုတွင် ဆုရန်အာ၏ သွေးတစ်စက် စွန်းထင်းနေသော ပိုးလက်ကိုင်ပဝါများ ထည့်ထားသည့် သေတ္တာအား တင်ထားသော စားပွဲတစ်လုံး ရှိနေသည်။ ထိုအရာများအားလုံးက တစ်လက်လက် တောက်ပလာပြီး ခြံဝင်းအပေါ်တွင် အကာအကွယ်အမိုးအကာသဖွယ် အတားအဆီးတစ်ခု ပေါ်လာစေ၏ သင်္ကေတများနဲ့ ရှုပ်ထွေးသည့် ပုံစံများက သူ့မျက်နှာပြင်ပေါ်မှာ ရွှေရောင်အလင်းတန်းများသဖွယ် တောက်ပလာပြီးမှ ဘာမှ မရှိသလိုမျိုး ပြန်လည်မှေးမှိန်သွားသည်။
ထင်းအာက နန်ဝူယွဲ့နှင့် ပေအနည်းငယ်အကွာမှာ ရပ်တန့်လိုက်ပြီး သူမ၏ နွယ်ပင်များက မြေပြင်ပေါ်မှာ ကြဲပြန့်နေသည်။
"မင်းအခု ပိတ်မိသွားပြီ" နန်ဝူယွဲ့သည် တိုက်ပွဲအလယ်မှာ မတ်တပ်ရပ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။
"ဒီအခင်းအကျင်းက နတ်ဆိုးစွမ်းအင် ရှိတဲ့သူအတွက် အထူးဖန်တီးထားတာ"
"နင့်စကားတွေ အကုန်လုံး မှားနေပြီ တာအိုအရှင်လေး"
ထင်းအာက လက်နှစ်ဖက်လုံး နောက်ပစ်လိုက်ပြီး စကားပြန်သည်။
"အဲ့ဒါက ငါမဟုတ်ဘူး ငါတို့ပဲ"
နန်ဝူယွဲ့သည် သူ့နောက်မှ လှုပ်ရှားမှုများကို သတိပြုမိလိုက်တာကြောင့် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အခင်းအကျင်း၏ အစွန်းနားတွင် နွယ်ပင်များ ထူထပ်စွာ ရှိနေသော တံတိုင်းကြီးတစ်ခုကိုမြင်လိုက်ရသည်။ ၎င်းက သူ့ခေါင်းထက်မှာ ဖုံးအုပ်တော့မလိုမျိုး ဆန့်တန်းလျက်ရှိ၏။ အတားအဆီး၏ ပတ်ပတ်လည်တွင်လည်း အလားတူ နွယ်ပင်များရှိနေပြီး သက်ရှိအပင် အမိုးခုန်းတစ်ခုအသွင် ဖန်တီးရန် မျက်နှာကျက်ဆီသို့ ကွေးညွှတ်နေသည်။
ထင်းအာက သူ့ကိုပါ သူမနဲ့အတူ ပိတ်ထားဖို့ ရည်ရွယ်ကြောင်းနားလည်လိုက်တာကြောင့် နန်ဝူယွဲ့က နွယ်ပင်များအား ခုတ်ဖြတ်လိုက်သော်လည်း သူ့ဓားက နောက်ပြန်ခုန်သွားသည်။ ဒီအရာတွေက သူ့ဓားရဲ့ ရိုက်ချက်ကို ခံနိုင်စေရန် ထူထဲနေအောင် လုပ်ထားသည်မှာ သိသာလှသည်။ သူက ချက်ချင်းပင် သူ့အထက်က ကျဉ်းမြောင်းနေပြီဖြစ်သည့် အပေါက်ဆီသို့ ပျံသန်းသွားလိုက်သော်လည်း ထင်းအာက သူ့လုပ်ရပ်များကို ကြည့်နေခြင်းဖြစ်တာကြောင့် သူ့အား လျင်မြန်စွာပင် ပြန်ရိုက်ချလေသည်။ မကြာမီပင် တိမ်ထူထပ်သော ကောင်းကင်မှ အလင်းရောင်မှိန်မှိန်လေးပင် ကြီးထွားလာသည့် အပင်ကြီး၏ ဖုံးကာမှုကြောင့် ငြိမ်းသွားခဲ့ရသည်။
နန်ဝူယွဲ့က ဒူးထောက်လျက် တွားသွားလိုက်သည့် အချိန်မှာပင် အမှောင်ထဲတွင် ထင်းအာ၏ အသံကို ညင်သာစွာ ကြားလိုက်ရသည်။
"ကဲ အခုတော့ ငါတို့ထဲက ဘယ်သူက တကယ့်အကျဉ်းသားလဲ ကြည့်လိုက်ရအောင်"
—
"မဖြစ်နိုင်ဘူး"
ဆုရှီမုံသည် သူ့အစ်ကိုကြီး၏ ဝေးရာသို့ ဆုတ်နေမိရင်း ပူဇော်ရာပလ္လင်နဲ့ တိုက်မိလုနီးပါး ဖြစ်သွားရသည်။
"ခင်ဗျားလိမ်နေတာ, လိမ်နေတာပဲ ဖြစ်ရမယ်!"
သို့သော်လည်း ညီမျှခြင်းရတနာ၏ ကြေးပြားက ပြီးပြည့်စုံအောင် ဟန်ချက်ညီနေပြီး ဆုရှီယွီ၏ စကားများက မှန်ကန်ကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။
"မှားနိုင်ခြေရော ရှိလား" မိုရိရွှမ်းက မေးသည်။ ထိုလူ၏ပြန်ဖြေမှုများကြောင့် သူလည်း အံ့ဩသွားသည်ပင်။
"ဒါက ဖြစ်နိုင်ခြေနည်းတယ်။ ဒီရတနာက နှစ် 300 နီးပါးရှိပြီ။ အမှန်တရားကို တိုင်းတာဖို့ ဘယ်တုန်းကမှ မအောင်မြင်တာ မရှိခဲ့ဘူး!"
"ဒါဆို ဆရာဆုက အမှန်တရားကို ပြောနေတာပေါ့"
"ထပ်ပြောမယ်, အဲ့ဒီလိုမျိုး မဖြစ်နိုင်ဘူး!"
ဆုရှီမုံသည် ပိုင်သခင်မအား မေးတဲ့အတိုင်း သူ့အစ်ကိုကိုလည်း အလားတူမေးခွန်းများ မေးခဲ့ပြီး အဖြေပြန်ရခဲ့သည်။ သို့သော် ၎င်းတို့သည် လုံးဝဆန့်ကျင်ဘက်ပြန်ကြားချက်များဖြစ်သည်။
ဆုရန်အာက ကျွန်တော် ဆုရှီမုံရဲ့ အမေလား?
မဟုတ်ဘူး
ဆုရန်အာက ဆုရှီမုံကို မွေးခဲ့တာလား?
ဟုတ်တယ်
နောက်ဆုံးမေးခွန်းအတွက်ကတော့.....
ကျွန်တော့် အမေမှာ ကလေးတစ်ယောက်ပဲ ရှိတာလား?
ငါမသိဘူး
"ဘယ်လိုလုပ် မသိတာ ဖြစ်နိုင်မှာလဲ?"
ဆုရှီမုံက ထပ်မေးသည်။
"မသိဘူး"
ဆုရှီယွီက သူ့ရပ်တည်ချက်ကို ထိန်းထားသည်။
"ခင်ဗျားလိမ်နေတာ"
"မဟုတ်ဘူး"
ကြေးပြားက ပြောင်းလဲမှု မရှိပေ။ ပြောပြချက်က မှန်ကန်နေသည်။
"ဆုရန်အာ, ကျွန်တော့်အမေက ကျွန်တော့်ကို ဒီအိမ်တော်ထဲမှာပဲ မွေးဖွားခဲ့တာ" ဆုရှီမုံက စကားဆက်သည်။
"ခင်ဗျားဖြေတဲ့ နောက်အဖြေမှာ ကျွန်တော်က သူမ မွေးတဲ့ သားမဟုတ်ဘူးလို့ ပြောတာကို ဘယ်လို ဖြေရှင်းမလဲ?"
"ဆုရှီမုံ" ဆုရှီယွီက ရုတ်တရက် ရယ်မောလိုက်သည်။
"ဘယ်လိုနာမည်လဲလို့။ ယောက်ယောက်ပြောတာတော့ ဆုရန်အာက သူမဘာသာ ရွေးချယ်ခဲ့တာတဲ့"
"ဘာကို ဆိုလိုတာလဲ—"
"ယွီလန် လုံလောက်ပြီ"
ပိုင်ထင်းယောက်က သူမရဲ့ ခင်ပွန်းသည်အား ဖြတ်ပြောလိုက်ပြီး သူမရဲ့ လေသံက လုံးဝကို အေးခဲနေသည်။
—
{extra}
မိုရိရွှမ်း: ချိန်ခွင်က မပျက်ဘူးဆိုတာ သေချာလား?
ဆုရှီမုံ: ဒါက သေချာပေါက် အမှန်တရားကိုပဲပြောတာ!
ရှီဖုန်း: အမှန်တရားကိုယ်တိုင်က အခေါ်အဝေါ် တစ်ခုပါပဲ
ဆုရှီမုံ: ဘာကို ဆိုလိုတာလဲ?
ရှီဖုန်း: ဥပမာအားဖြင့် အားရွှမ်းဆိုရင်, သူက ကျင်းထင်တောင်ထိပ်သခင် ပြီးတော့ နန်ဝူယွဲ့ရဲ့ ဆရာအဖြစ် အသိအမှတ်ပြုခံထားရတယ်။ ဒါက အမှန်တရားတစ်ခု။ ဒါပေမဲ့ ငါ့အတွက်တော့ သူက ငါ့နဲ့ အချိန်ကုန်ဆုံးသွားမယ့် အဖော် အားရွှမ်းပဲ။
ဆုရှီမုံ: ......
ဆုရှီမုံ:......ခင်ဗျားကိုယ်ခင်ဗျား အစီအစဉ်တစ်ကျ ဈေးဗန်းခင်းဖို့ ဒါတွေအားလုံးကို ပြောခဲ့တာလား?!
ရှီဖုန်း: ဘာ အစီအစဉ်လဲ? ငါပြောတဲ့ထဲမှာ အချစ်နဲ့ ပတ်သတ်တာ တစ်ခုခုများ ပါသွားလို့လား? သေချာပေါက် မင်းမမုန်းဘူးဆိုရင်တော့ ငါဆက်ပြော—
နန်ဝူယွဲ့ : ဒီမှာရှိနေတဲ့ တစ်ခုခုကိုများ မေ့နေကြလားလို့?!
နန်ဝူယွဲ့ : နတ်ဆိုးတွေ?မြေခွေးတွေ? ဆုအိမ်တော်က ခြောက်လှန့်မှုတွေ?
ရှီဖုန်း: ရှုး , ငါ့တို့ရဲ့ အတွင်းပိုင်းခြံဝင်းထဲက အလုပ်သမားတွေအတွက် ဒီလောက်အများကြီး ထုတ်မပြောနဲ့
နန်ဝူယွဲ့ : ခင်ဗျားက ဆုအိမ်တော်မှာတောင် မရှိပဲနဲ့!
ရှီဖုန်း: ဟုတ်သား
=============
Zawgyi
အခန္း(၄၃-၂) - အမွန္တရားသုံးခု အလိမ္အညာ တစ္ခု
နန္ဝူယြဲ႔သည္ ရင္းနွီးေနသည့္ အသံေၾကာင့္ မ်က္ခံုးမ်ား တြန္႔ခ်ိဳးသြားရသည္။ ခဏအၾကာမွာေတာ့ ႏြယ္ပင္မ်ားအားလံုး ပြင့္သြားျပီး ပိန္ပါးလွသည့္ အေစခံငယ္ေလးတစ္ေယာက္က ျခံဝင္းထဲက ေက်ာက္တံုးေပၚမွာ ရပ္ေနသည္ကို ျမင္လိုက္ရတာေၾကာင့္ သူ႔သံသယမ်ားကို အတည္ျပဳနုိင္သြား၏။ သူမက အဝါေဖ်ာ့ေဖ်ာ့ ပိုးသားဂါဝန္ကို ဝတ္ထားျပီး သူမရဲ႔ ဆံပင္မ်ားအား ထိပ္မွာ သပ္သပ္ရပ္ရပ္ စုထံုးထားကာ ေပါ့ေပါ့ပါးပါး အသုံးအေဆာင္မ်ားျဖင့္ တန္ဆာဆင္ထားသည္။
သူမရဲ႔ အက်ၤီလက္ဝက်ယ္ထဲကေန ႏြယ္ၾကိဳးမ်ား ထြက္ေနျပီး အဆံုးသတ္မွာ ပန္းေသးေသးေလးမ်ား အစုလိုက္ အျပံဳလုိက္ျဖင့္ အလွဆင္ထားကာ သူမရဲ႔ တစ္ကိုယ္လံုးကေနေတာ့ နတ္ဆိုးခ်ီမ်ား ေဝ့ဝဲေနျပီး ေရွ႔သို႔ ေျခလွမ္းတိုး၍ ယဥ္ေက်းစြာ ဦးညႊတ္လာသည္။
"ထင္းအာ"
နန္ဝူယြဲ႔သည္ သူမက ေဆးပင္တစ္ပင္နဲ႔ နာမည္အတူတူပဲ ဆုိတာအား ရုတ္တရက္ အမွတ္ရမိသြားသည္။ သူမရဲ႔ တကယ့္အသြင္က အပင္ပံုျဖစ္ေနမယ္ဟုေတာ့ ဘယ္တုန္းကမွ မထင္ထားခဲ့မိေပ။
"မင္းက မိစာၦလမ္းစဥ္ကို က်င့္ၾကံတဲ့ ေယာက္လား?"
"က်ြန္မတို႔က အသက္ရွင္သန္ဖို႔ လိုအပ္တာကို လုပ္တာပါ" ထင္းအာက ျပတ္သားစြာေျပာသည္။
"မင္းဘာေတြ ေျပာေနတာလဲ?"
နန္ဝူယြဲ႔သည္ လြတ္ေျမာက္ရန္ အလားအလာရွိေသာ လမ္းေၾကာင္းမ်ားကို ရွာေဖြရင္း မ်က္လုံးမ်ားကို က်ဥ္းေျမာင္းထားသည္။ ဒီတခ်ိန္လုံး၊ ထင္းအာသည္ သူ႔အား အတြင္းခန္းထဲကို မေရာက္ေအာင္ တားဆီးထားခဲ့သည္။ သို႔ေသာ္ ယခု သူမဆီမွာ နတ္ဆိုး ခ်ီ ခိုေအာင္းေနမွန္း သိလိုက္ရေတာ့ သူ႔စိတ္ထဲတြင္ အေတြးအသစ္တစ္ခု ထြက္ေပၚလာသည္။
"ရွင္က မသိခ်င္ေယာင္ ေဆာင္ေနျပန္ပါျပီ" ထင္းအာက စကားဆက္သည္။
"လမ္းစဥ္မွန္ ဂိုဏ္းတစ္ခုမွာ ပုန္းကြယ္ေနတဲ့ လူဆိုးေကာင္ေလးပဲ"
"မင္း ေက်ာက္စိမ္းဝိဥာဥ္ကို နတ္ဆိုး ခ်ီနဲ႔ သြင္းခဲ့တာလား။" နန္ဝူယြဲ႔ သည္ သူမ၏ေမးခြန္းကို လ်စ္လ်ဴရႈကာ ေမးလိုက္သည္။
"ဒီမွာ တျခားနတ္ဆိုး မိစာၦလမ္းစဥ္ က်င့္ၾကံသူကို ေတြ႔လို႔လား?" ထင္းအာက ေလွာင္ေျပာင္သည္။
"ဘယ္နဲ႔ညာမွာ ျပန္႔က်ဲေနတဲ့ သဲလြန္စေတြ အကုန္လံုးနဲ႔တင္ မသိနုိင္ေသးဘူးလား? ရွင့္ရဲ႔ မိုက္မဲတဲ့ ဆရာေတာင္မွ က်ြန္မရဲ႔ မိစာၦအျမဴေတကို စစ္ေဆးမယ့္အစား အပိုခႏာၱကိုယ္ကိုပဲ စစ္ေဆးခဲ့တယ္!"
"မင္းက အသိစိတ္ကို ေျပာင္းေရႊ႔ထားတာကိုး" နန္ဝူယြဲ႔က သေဘာေပါက္သြားသည္။ ဒါသည္လည္း အပင္ေယာက္မ်ားရဲ႔ အထူးစြမ္းရည္နွင့္ ကိုက္ညီေပသည္—သူတို႔သည္ ပ်ိဳးပင္မ်ားကို ျဖန႔္က်က္၍ အျမစ္မ်ား ေပါက္ႏိုင္ျပီး အဓိကခႏၶာကိုယ္၏ အပိုခႏာၱမ်ားအျဖစ္ ထိန္းခ်ဳပ္ကာ ၎တို႔၏ ပင္မအသိစိတ္ကို စိတ္ဆႏၵအတိုင္း ေ႐ႊ႕ေျပာင္းေပးႏိုင္သည္။ သို႔ေသာ္ ပင္မကိုယ္ထည္မွာသာ ၎တို႔၏ က်င့္ၾကံမွု အျမဴေတရွိေနတာပင္။
"မင္း ငါ့ဆရာကို ဘာလုပ္လိုက္တာလဲ?!"
"ရွင္ ေကာက္ခ်က္ခ်ျပီးသားပဲ မဟုတ္ဘူးလား?" ထင္းအာက ျပန္ေျဖသည္။
"ေသခ်ာေပါက္ ဘာမွ မလုပ္ဘူးေပါ့ မဟုတ္ရင္ သူက က်ြန္မကို မိသြားမွာေပါ့။ သူက အခုေလာက္ဆို ပိုင္သခင္မနဲ႔ ဆရာဆုတို႔ကို စကားေျပာေနေလာက္မယ္ ထင္တာပဲ"
"ဒါဆုိ မင္းက ဒါေတြအားလံုးကို လုပ္ျပီး ဘာေတြ စီစဥ္ေနတာလဲ?" နန္ဝူယြဲ႔က ဖိေမးသည္။
"က်ြန္မလား? ဘာမွမစီစဥ္ဘူး" ထင္းအာက ေခါင္းခါျပကာ
"က်ြန္မက ရွင့္ကို အေဖာ္ျပဳေပးေနရမယ္ ဆိုတဲ့ အမိန္႔ကိုပဲ လိုက္နာဖို႔ ရွိေနတာ။ ရွင့္မွာ လက္ရွိထက္ပိုတဲ့ ျပသစရာေတြ ရွိေနေသးဖို႔ပဲ ေမွ်ာ္လင္မိပါတယ္ ဟုတ္ျပီလား?"
"Tch" ထင္းအာသည္ သူမ၏ စပ်စ္ႏြယ္ပင္မ်ားကို သူ႔ေဘးပတ္လည္မွာ ေပ်ာ္ရႊင္ျမဴးတူးစြာျဖင့္ ဝိုင္းရံထားလုိက္သည္။ နွစ္ေယာက္သား အၾကည့္ျခင္းဆံုျပီး ထိပ္တိုက္ေတြ႔ေတာ့မယ့္ အခ်ိန္မွာ — နန္ဝူယြဲ႔က တစ္ဖက္လွည့္ျပီး ၿခံဝင္းထဲမွ ေျပးထြက္လာကာ ဆန႔္က်င္ဘက္သို႔ ထြက္ေျပးေတာ့၏။
"ေဟး!"
ထင္းအာက စကၠန္႔ပိုင္းေလာက္ၾကာမွ တုန္႔ျပန္လာနုိင္ျပီး ေနာက္က လိုက္သြားသည္။
"မေျပးနဲ႔စမ္း, ငေၾကာက္ေကာင္!"
ေသခ်ာေပါက္ နန္ဝူယြဲ႔က ထြက္မေျပးပါဘူး။ အဲ့ဒီအစားသူက စိတ္ထဲမွာ ဦးတည္ရာတစ္ခုကို မွန္းဆထားျခင္းသာ ; ဘိုးေဘးခန္းမ
သူနဲ႔ သူ႔ဆရာက အခင္းအက်င္းထဲမွာ အထူးတလွယ္ အေျပာင္းအလဲေတြ လုပ္ထားတာေၾကာင့္ နတ္ဆိုးခ်ီ ရွိေနတဲ့ ဘယ္လိုအရာအတြက္ မဆို ျပီးျပည့္စံုတဲ့ ေထာင္ေခ်ာက္ပဲ
ျပီးေတာ့ ထင္းအာရဲ႔ လက္ရွိအသြင္က လံုးဝကို အမိဖမ္းနုိင္ေနျပီေလ
နန္ဝူယြဲ႔သည္ ဆုအိမ္ေတာ္၏ နံရံအျပင္ဘက္မွာ ေျပးလႊားေနရင္း မနက္ခင္းတုန္းက ထားထားခဲ့သည့္ စြမ္းအင္ေဖ်ာ့ေဖ်ာ့ေလးအတိုင္း ဘိုးဘြားခန္းမ တည္ရွိရာေနရာအား သြားေနသည္။ သူ႔ကိုယ္ေပၚမွာ အရိပ္တစ္ခုေပၚလာသည္ကို ခံစားလိုက္ရတဲ့အခ်ိန္မွာ အေပၚေမာ့ၾကည့္လိုက္ေသာအခါ ထင္းအာက နံရံထိပ္ေပၚတြင္ သက္ေတာင့္သက္သာျဖင့္ ပ်ံဝဲေနသည္ကို ျမင္လိုက္ရျပီး သူမ၏ ေျခလွမ္းမ်ားသည္ ငွက္ေမႊးကဲ့သို႔ ေပ့ါပါးေနကာ ဝတ္ရံုက လြင့္ဝဲေနသည္။ သူမ၏ အက်ႌလက္မ်ားကေန တစ္ပါတည္း လိုက္ပါေနသည့္ ႏြယ္ပင္မ်ားသည္လည္း မ်ားျပားလွတဲ့ လက္မ်ားလို သူမေနာက္က ပါလာေလသည္။
"တာအိုအရွင္ေလး, ရွင္က ေကာင္းေကာင္းမတိုက္ခိုက္နုိင္ေပမယ့္ ေျပးတာကေတာ့ ၾကြက္လိုပဲ ျမန္တယ္ေနာ္" ထင္းအာက ေလွာင္ေျပာင္သည္။
နန္ဝူယြဲ႔က သူမကို လစ္လ်ဴရွဳထားျပီး ရယ္ေမာလုိက္ကာ ေနာက္ထပ္အရွိန္ထပ္တိုးလိုက္သည္။
ထို႔ေနာက္မွာေတာ့ ထင္းအာ၏ ႏြယ္ပင္မ်ားက ရုတ္တရက္တင္းမာသြားသည္။ ေနာက္တစကၠန္႔မွာပင္ အပ်က္အစီးမ်ားနဲ႔ ေၾကြျပားေျမာက္ျမားစြာသည္ နန္ဝူယြဲ႔၏ ဦးေခါင္းထက္ေပၚမွ ျပဳတ္က်လာ၏။ သူက မိုးျပိဳသလို ေလးလံစြာ က်ဆင္းလာသည့္ အရာမ်ားအား ဓားျဖင့္ အလ်င္စလို ကာလုိက္ရသည္။
ျပန္လည္ ရိုက္ခတ္မွု အနည္းငယ္ ျဖင့္ပင္ သူက ပစ္က်လာသည့္ ေက်ာက္ခဲမ်ားထဲက အၾကီးဆံုးတစ္ခုကိုပင္ ထင္းအာဆီ ျပန္ပစ္ထုတ္လိုက္နုိ္င္တာေၾကာင့္ ထင္းအာရဲ႔ ႏြယ္ပင္မ်ားက အလယ္မွာပင္ ထိုေက်ာက္ခဲၾကီးအား ျဖစ္ညွစ္ကာ အပိုင္းပိုင္းအစစ ေျခမြပစ္လိုက္၏။
"တုိက္ခုိက္ဖို႔အတြက္ တကယ့္ ကိုယ္အစစ္ကို အသံုးျပုဖို႔ လိုတယ္ဆိုရင္ လူသားအသြင္ေျပာင္းဖို႔ က်င့္ၾကံတာက ဘာမ်ား အသံုးဝင္ေတာ့မွာလဲ?" သူက စကားျဖင့္ ျပန္လည္ စစ္ထုိးသည္။
ေယာက္အမ်ားစုသည္ သားရဲ သို႔မဟုတ္ အပင္မ်ားအျဖစ္ ေမြးဖြားလာေသာ္လည္း က်င့္ၾကံဆင့္ တိုးတက္လာသည္ႏွင့္ ၿပီးျပည့္စုံေသာ လူသားပုံစံမ်ားအား ေျပာင္းျပီး သူတို႔ကိုယ္သူတို႔ ဂုဏ္ယူၾကသည္။ ယင္းသည္ ၎တို႔၏ ေတာရိုင္းဆန္ေသာ ပုံစံမ်ားအေပၚ ခ်ဳပ္ကိုင္မႈကို ေဖာ္ျပ႐ုံသာမက အာဏာ၏ လကၡဏာလည္း ျဖစ္သည္။
"နင့္လို ကေလးတစ္ေယာက္က နည္းနည္းေလာက္ မၾကမ္းတမ္းရင္ သင္ခန္းစာ မရဘူးပဲ"
ထင္းအာက ခြန္းတံု႔ျပန္ျပီး သူ႔ဆီ အပ်က္အစီးမ်ား ထပ္မံ ပစ္လႊတ္ျပန္သည္။
နန္ဝူယြဲ႔က ထပ္မံပိတ္ဆို႔လိုက္ေသာ္လည္း ယခုတစ္ႀကိမ္တြင္ ရင္းႏွီးေသာ နာက်င္ကိုက္ခဲမႈကို ခံစားလိုက္ရသည္။ သူ႔လက္ေမာင္းအား လွည့္ၾကည့္လိုက္ေသာအခါ ထင္းအာက ပ်ံသန္းလာသည့္ အပ်က္အစီးမ်ားနဲ႔အတူ ပစ္ထုတ္လုိက္သည့္ ပစၥည္းတစ္ခုက သူ႔အသားထဲ ျဖတ္ဝင္သြားျခင္း ျဖစ္ေၾကာင္း ေတြ႔လိုက္ရ၏။ ဒီတစ္ခါေတာ့ ၎တို႔က အရြက္ေတြ မဟုတ္ပဲ သူ႔အသားထဲ စိုက္ဝင္သြားသည္ ပ်ိဳးပင္မ်ားပင္။ နန္ဝူယြဲ႔က ခ်က္ခ်င္းပင္ သူ႔လက္သည္းျဖင့္ ကုတ္ထုတ္လုိက္ျပီး ေျပးေနရင္းျဖင့္ပင္ ႐ြံရွာစြာ ေျမျပင္ေပၚ ပစ္ခ်လိုက္တယ္။ သူ၏ ဒဏ္ရာသစ္မ်ားမွ ေသြးမ်ားစီးက်လာကာ ပူေလာင္ျပီး မဲနက္ေနသည္။
ထင္းအာက ထိုျမင္ကြင္းေၾကာင့္ တစ္ခစ္ခစ္ ရယ္ေတာ့၏။
"ၾကည့္ရတာ နင့္ေသြးက ငါ့ရဲ႔ မ်ိဳးေစ့ေတြကို ျပဳစုပ်ိဳးေထာင္ဖို႔ လုံေလာက္တဲ့ လူသားျဖစ္ေနတုန္းပဲ။ ေကာင္းတယ္၊ ေကာင္းတယ္!""
နင့္အေမကိုပဲ ေကာင္းေနလိုက္
နန္ဝူယြဲ႔က တိတ္တဆိတ္ က်ိန္ဆဲလိုက္သည္။ ကံေကာင္းစြာနဲ႔ တစ္ျဖည္းျဖည္း အားေကာင္းလာေသာ အခင္းအက်င္း၏ အရွိန္အဝါအား ခံစားလာရေလျပီ။ ထင္းအာသည္လည္း အာရံုခံမိပံုရသည္ အေၾကာင္းကေတာ့ သူမက ေရွ႔သို႔ စံုစမ္းစစ္ေဆးသလိုမ်ိဳး လွမ္းေမွ်ာ္ၾကည့္ေနတာေၾကာင့္ နန္ဝူယြဲ႔အား သူမ မတားနုိင္ခင္မွာပင္ ျခံဝင္းကို ျဖတ္ခနဲ ခုန္ေက်ာ္၍ လြတ္ေျမာက္သြားေစသည္။
"တာအိုအရွင္ေလး...."
ထင္းအာသည္ ေအာက္ဘက္မွ ထိုပံု၇ိပ္ေလးက ဘိုးေဘးခန္းမထဲ တည့္တည့္ ေျပးဝင္သြားသည္ကို ၾကည့္ေနေလသည္။
"နင့္စိတ္ထဲမွာ ငါက ငတံုးလို႔မ်ား ထင္ေနလား?"
သို႔တိုင္ သူမက ၿပဳံးၿပီး သူ႔ေနာက္သို႔ တည့္တည့္ လိုက္သြားကာ အခင္းအက်င္း အခ်ဳပ္အေနွာင္မ်ားထဲသို႔ ဂရုမစိုက္ပဲ ဆက္ဝင္သြားသည္။ မႏာၱန္၏ အလယ္ဗဟိုတြင္ ဆုရန္အာ၏ ေသြးတစ္စက္ စြန္းထင္းေနေသာ ပိုးလက္ကိုင္ပဝါမ်ား ထည့္ထားသည့္ ေသတၱာအား တင္ထားေသာ စားပြဲတစ္လံုး ရွိေနသည္။ ထိုအရာမ်ားအားလံုးက တစ္လက္လက္ ေတာက္ပလာျပီး ၿခံဝင္းအေပၚတြင္ အကာအကြယ္အမိုးအကာသဖြယ္ အတားအဆီးတစ္ခု ေပၚလာေစ၏ သေကၤတမ်ားနဲ႔ ရွုပ္ေထြးသည့္ ပံုစံမ်ားက သူ႔မ်က္နွာျပင္ေပၚမွာ ေရႊေရာင္အလင္းတန္းမ်ားသဖြယ္ ေတာက္ပလာျပီးမွ ဘာမွ မရွိသလိုမ်ိဳး ျပန္လည္ေမွးမွိန္သြားသည္။
ထင္းအာက နန္ဝူယြဲ႔နွင့္ ေပအနည္းငယ္အကြာမွာ ရပ္တန္႔လိုက္ျပီး သူမ၏ ႏြယ္ပင္မ်ားက ေျမျပင္ေပၚမွာ ၾကဲျပန္႔ေနသည္။
"မင္းအခု ပိတ္မိသြားျပီ" နန္ဝူယြဲ႔သည္ တိုက္ပြဲအလယ္မွာ မတ္တပ္ရပ္ရင္း အသက္ျပင္းျပင္းရႉလိုက္သည္။
"ဒီအခင္းအက်င္းက နတ္ဆိုးစြမ္းအင္ ရွိတဲ့သူအတြက္ အထူးဖန္တီးထားတာ"
"နင့္စကားေတြ အကုန္လံုး မွားေနျပီ တာအိုအရွင္ေလး"
ထင္းအာက လက္နွစ္ဖက္လံုး ေနာက္ပစ္လုိက္ျပီး စကားျပန္သည္။
"အဲ့ဒါက ငါမဟုတ္ဘူး ငါတို႔ပဲ"
နန္ဝူယြဲ႔သည္ သူ႔ေနာက္မွ လွဳပ္ရွားမွုမ်ားကို သတိျပဳမိလိုက္တာေၾကာင့္ ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာအခါ အခင္းအက်င္း၏ အစြန္းနားတြင္ ႏြယ္ပင္မ်ား ထူထပ္စြာ ရွိေနေသာ တံတုိင္းၾကီးတစ္ခုကိုျမင္လုိက္ရသည္။ ၎က သူ႔ေခါင္းထက္မွာ ဖံုးအုပ္ေတာ့မလိုမ်ိဳး ဆန္႔တန္းလ်က္ရွိ၏။ အတားအဆီး၏ ပတ္ပတ္လည္တြင္လည္း အလားတူ ႏြယ္ပင္မ်ားရွိေနျပီး သက္ရွိအပင္ အမိုးခုန္းတစ္ခုအသြင္ ဖန္တီးရန္ မ်က္နွာက်က္ဆီသို႔ ေကြးညႊတ္ေနသည္။
ထင္းအာက သူ႔ကိုပါ သူမနဲ႔အတူ ပိတ္ထားဖို႔ ရည္ရြယ္ေၾကာင္းနားလည္လုိက္တာေၾကာင့္ နန္ဝူယြဲ႔က ႏြယ္ပင္မ်ားအား ခုတ္ျဖတ္လုိက္ေသာ္လည္း သူ႔ဓားက ေနာက္ျပန္ခုန္သြားသည္။ ဒီအရာေတြက သူ႔ဓားရဲ႔ ရိုက္ခ်က္ကို ခံနုိင္ေစရန္ ထူထဲေနေအာင္ လုပ္ထားသည္မွာ သိသာလွသည္။ သူက ခ်က္ခ်င္းပင္ သူ႔အထက္က က်ဥ္းေျမာင္းေနျပီျဖစ္သည့္ အေပါက္ဆီသို႔ ပ်ံသန္းသြားလိုက္ေသာ္လည္း ထင္းအာက သူ႔လုပ္ရပ္မ်ားကို ၾကည့္ေနျခင္းျဖစ္တာေၾကာင့္ သူ႔အား လ်င္ျမန္စြာပင္ ျပန္ရိုက္ခ်ေလသည္။ မၾကာမီပင္ တိမ္ထူထပ္ေသာ ေကာင္းကင္မွ အလင္းေရာင္မွိန္မွိန္ေလးပင္ ၾကီးထြားလာသည့္ အပင္ၾကီး၏ ဖံုးကာမွုေၾကာင့္ ျငိမ္းသြားခဲ့ရသည္။
နန္ဝူယြဲ႔က ဒူးေထာက္လ်က္ တြားသြားလိုက္သည့္ အခ်ိန္မွာပင္ အေမွာင္ထဲတြင္ ထင္းအာ၏ အသံကို ညင္သာစြာ ၾကားလိုက္ရသည္။
"ကဲ အခုေတာ့ ငါတို႔ထဲက ဘယ္သူက တကယ့္အက်ဥ္းသားလဲ ၾကည့္လိုက္ရေအာင္"
—
"မျဖစ္နုိင္ဘူး"
ဆုရွီမံုသည္ သူ႔အစ္ကိုၾကီး၏ ေဝးရာသို႔ ဆုတ္ေနမိရင္း ပူေဇာ္ရာပလႅင္နဲ႔ တိုက္မိလုနီးပါး ျဖစ္သြားရသည္။
"ခင္ဗ်ားလိမ္ေနတာ, လိမ္ေနတာပဲ ျဖစ္ရမယ္!"
သို႔ေသာ္လည္း ညီမွ်ျခင္းရတနာ၏ ေၾကးျပားက ျပီးျပည့္စံုေအာင္ ဟန္ခ်က္ညီေနျပီး ဆုရွီယြီ၏ စကားမ်ားက မွန္ကန္ေၾကာင္း ရွင္းလင္းစြာ ညႊန္ျပေနသည္။
"မွားႏိုင္ေျခေရာ ရွိလား" မိုရိရႊမ္းက ေမးသည္။ ထိုလူ၏ျပန္ေျဖမွုမ်ားေၾကာင့္ သူလည္း အံ့ဩသြားသည္ပင္။
"ဒါက ျဖစ္ႏိုင္ေျခနည္းတယ္။ ဒီရတနာက ႏွစ္ 300 နီးပါးရွိၿပီ။ အမွန္တရားကို တိုင္းတာဖို႔ ဘယ္တုန္းကမွ မေအာင္ျမင္တာ မရွိခဲ့ဘူး!"
"ဒါဆို ဆရာဆုက အမွန္တရားကို ေျပာေနတာေပါ့"
"ထပ္ေျပာမယ္, အဲ့ဒီလိုမ်ိဳး မျဖစ္နုိင္ဘူး!"
ဆုရွီမံုသည္ ပိုင္သခင္မအား ေမးတဲ့အတုိင္း သူ႔အစ္ကိုကိုလည္း အလားတူေမးခြန္းမ်ား ေမးခဲ့ၿပီး အေျဖျပန္ရခဲ့သည္။ သို႔ေသာ္ ၎တို႔သည္ လုံးဝဆန႔္က်င္ဘက္ျပန္ၾကားခ်က္မ်ားျဖစ္သည္။
ဆုရန္အာက က်ြန္ေတာ္ ဆုရွီမံုရဲ႔ အေမလား?
မဟုတ္ဘူး
ဆုရန္အာက ဆုရွီမံုကို ေမြးခဲ့တာလား?
ဟုတ္တယ္
ေနာက္ဆံုးေမးခြန္းအတြက္ကေတာ့.....
က်ြန္ေတာ့္ အေမမွာ ကေလးတစ္ေယာက္ပဲ ရွိတာလား?
ငါမသိဘူး
"ဘယ္လိုလုပ္ မသိတာ ျဖစ္နုိင္မွာလဲ?"
ဆုရွီမံုက ထပ္ေမးသည္။
"မသိဘူး"
ဆုရွီယြီက သူ႔ရပ္တည္ခ်က္ကို ထိန္းထားသည္။
"ခင္ဗ်ားလိမ္ေနတာ"
"မဟုတ္ဘူး"
ေၾကးျပားက ေျပာင္းလဲမွု မရွိေပ။ ေျပာျပခ်က္က မွန္ကန္ေနသည္။
"ဆုရန္အာ, က်ြန္ေတာ့္အေမက က်ြန္ေတာ့္ကို ဒီအိမ္ေတာ္ထဲမွာပဲ ေမြးဖြားခဲ့တာ" ဆုရွီမံုက စကားဆက္သည္။
"ခင္ဗ်ားေျဖတဲ့ ေနာက္အေျဖမွာ က်ြန္ေတာ္က သူမ ေမြးတဲ့ သားမဟုတ္ဘူးလို႔ ေျပာတာကို ဘယ္လို ေျဖရွင္းမလဲ?"
"ဆုရွီမံု" ဆုရွီယြီက ရုတ္တရက္ ရယ္ေမာလိုက္သည္။
"ဘယ္လုိနာမည္လဲလို႔။ ေယာက္ေယာက္ေျပာတာေတာ့ ဆုရန္အာက သူမဘာသာ ေရြးခ်ယ္ခဲ့တာတဲ့"
"ဘာကို ဆိုလိုတာလဲ—"
"ယြီလန္ လံုေလာက္ျပီ"
ပိုင္ထင္းေယာက္က သူမရဲ႔ ခင္ပြန္းသည္အား ျဖတ္ေျပာလိုက္ျပီး သူမရဲ႔ ေလသံက လံုးဝကို ေအးခဲေနသည္။
—
{extra}
မိုရိရႊမ္း: ခ်ိန္ခြင္က မပ်က္ဘူးဆိုတာ ေသခ်ာလား?
ဆုရွီမံု: ဒါက ေသခ်ာေပါက္ အမွန္တရားကိုပဲေျပာတာ!
ရွီဖုန္း: အမွန္တရားကိုယ္တုိင္က အေခၚအေဝၚ တစ္ခုပါပဲ
ဆုရွီမံု: ဘာကို ဆိုလိုတာလဲ?
ရွီဖုန္း: ဥပမာအားျဖင့္ အားရႊမ္းဆိုရင္, သူက က်င္းထင္ေတာင္ထိပ္သခင္ ျပီးေတာ့ နန္ဝူယြဲ႔ရဲ႔ ဆရာအျဖစ္ အသိအမွတ္ျပဳခံထားရတယ္။ ဒါက အမွန္တရားတစ္ခု။ ဒါေပမဲ့ ငါ့အတြက္ေတာ့ သူက ငါ့နဲ႔ အခ်ိန္ကုန္ဆံုးသြားမယ့္ အေဖာ္ အားရႊမ္းပဲ။
ဆုရွီမံု: ......
ဆုရွီမံု:......ခင္ဗ်ားကိုယ္ခင္ဗ်ား အစီအစဥ္တစ္က် ေစ်းဗန္းခင္းဖို႔ ဒါေတြအားလံုးကို ေျပာခဲ့တာလား?!
ရွီဖုန္း: ဘာ အစီအစဥ္လဲ? ငါေျပာတဲ့ထဲမွာ အခ်စ္နဲ႔ ပတ္သတ္တာ တစ္ခုခုမ်ား ပါသြားလို႔လား? ေသခ်ာေပါက္ မင္းမမုန္းဘူးဆိုရင္ေတာ့ ငါဆက္ေျပာ—
နန္ဝူယြဲ႔ : ဒီမွာရွိေနတဲ့ တစ္ခုခုကိုမ်ား ေမ့ေနၾကလားလို႔?!
နန္ဝူယြဲ႔ : နတ္ဆိုးေတြ?ေျမေခြးေတြ? ဆုအိမ္ေတာ္က ေျခာက္လွန္႔မွုေတြ?
ရွီဖုန္း: ရွဳး , ငါ့တို႔ရဲ႔ အတြင္းပိုင္းျခံဝင္းထဲက အလုပ္သမားေတြအတြက္ ဒီေလာက္အမ်ားၾကီး ထုတ္မေျပာနဲ႔
နန္ဝူယြဲ႔ : ခင္ဗ်ားက ဆုအိမ္ေတာ္မွာေတာင္ မရွိပဲနဲ႔!
ရွီဖုန္း: ဟုတ္သား
=============