"ဘေဘီ တံခါးဖွင့်ပါအုံးကွာ ကိုယ်ဘာမှားလို့လဲ အဲလိုကြီးမနေပါနဲ့ နော်....ဘေဘီ"
ယွမ်ကျားရှင်းကိစ္စပြီးကတည်းက ရိပေါ်က အပြင်ကိုထွက်မလာတော့ပဲ အခန်းပဲအောင်းနေခဲ့တယ်....ရှောင်းကျန့်ကိုရော ရှောင်းတစ်အိမ်လုံးကိုရော ပေးမဝင်ပဲ ထမင်းစားချိန်တောင် အခန်းရှေ့ကိုလာပို့ခိုင်းနေတာမို့ ရှောင်းကျန့်တို့စိုးရိမ်ရေအမှတ် တိုးလာခဲ့သည်...၊
အစပိုင်းကတော့ ၁ရက် ၂ရက် နေပါစေဆိုပြီးထားခဲ့ပေမဲ့ တစ်ပတ်လောက်ကြာတဲ့အထိဆိုတော့ ရှောင်းကျန့်ခေါ်မထုတ်လို့ပင်မရတော့ချေ....၊
အခုဆို ယွမ်ကျားရှင်းကို သက်ဆိုင်ရာက တရားဥပဒေအတိုင်းအရေးယူပြီးလို့ ယွမ်လဲ့လဲ့လဲ အမှုကနေ တရားသေလွတ်သွားခဲ့ပြီ။
ယွမ်လဲ့လဲ့ရော ချူးလန်ရော ရိပေါ်ကိုတောင်းပန်ချင်တာတောင် ရိပေါ်ကထွက်မတွေ့တာမို့ ရှောင်းကျန့်ကနေပဲ ပြေလည်ရာပြေလည်ကြောင်းပြန်ပြောလိုက်ရသေးသည်...၊
"သား ကလေးကစိတ်ထိခိုက်နေတာနေမှာပါကွယ် အရမ်းကြီးမစိုးရိမ်ပါနဲ့ မားလဲခေါ်ကြည့်ထားမယ် သားအလုပ်သွားမယ်မလား စိတ်ဖြောင့်ဖြောင့်နဲ့သွား"
"ရိပေါ်ကို ဒီလိုအခြေအနေကြီးနဲ့ မထားခဲ့ချင်ဘူးမား ဒီနေ့တော့ မရရအောင်ခေါ်ထုတ်မယ် ဘေဘီ! ဘေဘီ တံခါးဖွင့်လို့ ကိုယ်ပြောနေတယ်နော်"
"ရှောင်းကျန့်!"
ရှောင်းကျန့်နဲ့ရှောင်းမားတို့ ရိပေါ်အခန်းရှေ့မှာ တံခါးထုနေတုန်း ရှောင်းကျန့်နာမည်ခေါ်သံကြားတာမို့ လှည့်ကြည့်တော့....
"ဝမ်လီ အတော်ပဲ ဒီမှာ ရိပေါ်ကိုခေါ်ပေးပါအုံး အခန်းထဲကထွက်မလာတာကြာနေပြီ"
"ငါလဲသတင်းတွေတွေ့တာနဲ့ လာလိုက်တာ ဒီကောင်လေးဟာလေ အခုထိမရင့်ကျက်သေးဘူး"
"ဝမ်လီ ဘေဘီ့ကိုမဆူနဲ့ နင် သူ့ကိုအပြင်ရအောင်ပဲခေါ်ထုတ်ပေး"
"အေးပါ အထိကလဲမခံဘူး တကတည်း နင်ခပ်ဝေးဝေးသွားနေ ငါခေါ်ကြည့်မယ်"
"ဟုတ်တယ် သား လာ မားတို့အောက်မှာပဲအခြေအနေစောင့်ကြည့်ရအောင်"
ရှောင်းကျန့်ကို ရှောင်းမားမှဆွဲခေါ်ထုတ်သွားတာမို့ ဝမ်လီကပဲ တံခါးဆက်ခေါက်ရင်း...
"ဝမ်လေး ကျဲလာတယ်နော် ထွက်မတွေ့တော့ဘူးလား ကိုယ့်အစ်မက တခါတလေမှလာတာကို"
"...."
"ဝမ်လေးက အခုဆို လူကြီးဖြစ်နေပြီ ကိစ္စတစ်ခုကိုအခုလိုရှောင်မပြေးပဲ ရင်ဆိုင်ရမယ်လေ ကလေးရယ် ဒီလိုပုံစံနဲ့ဆို ဝမ်လေးကို ကျဲဘယ်လိုစိတ်ချထားရမလဲ"
"...."
ချောက်!
အထဲမှ တံခါးဖွင့်လိုက်တာမို့ ဝမ်လီ အသာလေးဝင်သွားတော့ ကုတင်ပေါ်မှာ မျက်နှာလေးဖောင်းအစ်စွာနဲ့ထိုင်နေတဲ့ တစ်ဦးတည်းသော မောင်လေးကိုတွေ့ရတယ်....
ဝမ်လီလဲ ဘေးနားမှာဝင်ထိုင်ပြီး ရိပေါ်ရဲ့ဆံပင်လေးတွေကိုသပ်ပေးတော့ သူမပခုံးပေါ်ပြိုဆင်းလာတဲ့ ကလေးလေးက နှာလေးတရှုံ့ရှုံ့ဖြစ်လို့....
"ကျွန်တော်ကလေ ကိုကို့အရမ်းအလိုလိုက်မှန်းသိလို့ ဆိုးနေမိတယ်ကျဲရယ် ကိုကိုဒီလောက်သတိပေးနေရက်နဲ့ကျွန်တော် ခေါင်းမာပြီး....."
"ဖြစ်တတ်ပါတယ်ဝမ်လေးရယ် နောက်ဆို ဆင်ခြင်ရမှာပေါ့ လူဆိုတာမှားတတ်တာပဲမဟုတ်လား"
"ဟင့်အင်း ကိုကိုက...ကိုကိုက ကျွန်တော့်ကိုစိတ်ပျက်သွားရင်ဘယ်လိုလုပ်မလဲ အခုတောင် ရင်မဆိုင်ရဲဘူး ကျွန်တော် ကိုယ်လိပ်ပြာကိုယ်မလုံဘူးကျဲ အီးဟီး...."
"ဘေဘီ!"
ရှောင်းကျန့်က အခန်းပြင်ကနေ ရိပေါ်ငိုသံကြားတာနဲ့ မနေနိုင်တဲ့အဆုံးဝင်ချသွားတော့သည်....၊
"ကိုကို ဟင့်... ကျွန်တော်...."
"ဘာမှမဖြစ်ဘူး ဘေဘီ့ကိုယ့်အပေါ်ကြိုက်သလောက်ဆိုး ကြိုက်သလောက်အနိုင်ယူ ဒီကိုကိုက အရာအားလုံးအရှုံးပေးပြီးသား နော်"
"အီး...ဟီး..."
ဝမ်လီမှ အရှေ့ကအချစ်ငှက်နှစ်ကောင်ကိုကြည့်ပြီး ခေါင်းတရမ်းရမ်းဖြင့်...
"နင်ပဲဆက်ချော့လိုက်တော့ ငါသွားတော့မယ်"
"တံခါးပိတ်သွား"
ဝမ်လီကိုလှမ်းပြောပြီးတာနဲ့ ရင်ခွင်ထဲမှကလေးရဲ့ကျောလေးကိုပွတ်သပ်ပေးပြီး....၊
"မငိုနဲ့တော့ အရမ်းပင်ပန်းနေပြီမလား"
"ဟင့် ကျွန်တော် ကျွန်တော်ကအရမ်းဆိုးလား"
"မဆိုးပါဘူးဘေဘီရယ်"
"အမှန်တိုင်းဖြေ အမှန်ကိုပဲသိချင်တာ"
"အင်း....နဲနဲဆိုး.... ဟာ ဟေ့ ဟေ့ မငိုနဲ့ ကိုယ်ကစတာ စတာနော်"
"အင့်...ဟင့်..."
"သူများအမြင်မှာ ဘေဘီကဆိုးချင်ဆိုးနေမယ် ကိုယ့်ကိုအနိုင်ယူတယ် ဗိုလ်ကျတယ်ထင်ချင်ထင်နိုင်တယ် ဒါပေမဲ့ ကိုယ်က အဲဒါလေးကိုပဲချစ်နေရတာလေ ဘေဘီကိုယ့်အပေါ်စိတ်ဆိုးတာ ဒေါသထွက်တာလေးမြင်ချင်လို့တောင် ကိုယ်ကလိုက်လိုက်စနေတာပဲမလား ကိုယ့်ကတမင်တကာကို အနိုင်ယူခံ အဆိုးခံနေတာမို့ ဘေဘီ့ကိုစိတ်ပျက်သွားဖို့ဆိုတာ ဟိုးးးးအဝေးကြီးမှာ"
"တကယ်လား"
"တကယ်ပေါ့ကွ"
"ဒါပေမဲ့ ကိုကို့ကိုကျွန်တော် တောင်းပန်တယ်နော် နောက်ဆို ကိုကိုပြောရင် ကျွန်တော်လက်ခံပါ့မယ်"
"အင်း....စကားရောနားထောင်မှာလား"
"နားထောင်မယ်"
"ပြန်မပြောရဘူးနော်"
"အင်း ပြန်မပြောဘူး"
"စိတ်လဲမဆိုးရဘူးနော်"
"မဆိုးဘူး"
"ကိုယ် ဘာလုပ်လုပ်နော်"
"တော်လောက်ပီနော် အလျှော့ပေးနေတာကို ရောင့်တက်နေတယ် ဟွန့်"
"ဟားဟား ချစ်လိုက်တာပေါက်စရယ် ကလေးဆိုးလေးမှ တကယ့်ကို ကလေးဆိုးလေး အသဲယားလာပြီ"
ရွှတ်! ရွှတ်!
"ဟိဟိ ယားတယ် ကိုကို ယားတယ်လို့"
ရိပေါ်မျက်နှာပြင်အနှံ့နမ်းသလို လက်တွေကလဲ ကလိထိုးနေတာမို့ ရိပေါ်မှာ ကုတင်ပေါ်မှာအလူးအလဲဖြစ်လို့....
"ဟင်း တော်သေးတာပေါ့အန်တီရယ် ဒီကလေးတစ်ယောက်နဲ့တစ်အိမ်လုံးစိတ်ပူအောင်လုပ်ရတယ်လို့"
"အိမ်ရဲ့ဆည်းလည်းလေးဖြစ်နေတာလေ အရင်ကကျန့်ကျန့်တို့က လူပျိုပေါက်ကတည်းကအိမ်ကပ်တာမဟုတ်ဘူး လင်မယားနှစ်ယောက်တည်း ဒီအိမ်ကြီးမှာချောက်ကပ်လို့ပေါ့....ရိပေါ်လေးကိုခေါ်လာပြီးနောက်ပိုင်း ဒီအိမ်လေးကစည်းကားလာတယ် ကျန့်ကျန့်လဲအိမ်ကပ်လာတယ် ပြောရရင် မိသားစုအသိုက်အမြုံလေးဖြစ်လာတယ်ပေါ့သမီးရယ် ရိပေါ်လေးကချစ်မွှေးကိုပါတာ အန်တီလဲသားလေးတစ်ယောက်ထပ်ရလိုက်သလိုပါပဲ"
"ဝမ်လေးကို အခုလိုလက်ခံပေးတာ အန်တီတို့ကိုဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိပါဘူးအန်တီရယ် ဘာပဲဖြစ်ဖြစ် သူ့အတွက်စိတ်ချရပါပြီ"
ဝမ်လီမှသူမရဲ့မောင်ဖြစ်သူကိုကြည့်ကာ ပီတိဖြစ်နေမိသည်.... အခက်အခဲတွေမျိုးစုံနဲ့ရင်ဆိုင်ခဲ့ရတဲ့ သူမမောင်လေး နောင်ရေးစိတ်အေးရပီမို့ သူမအနေနဲ့လဲ အထူးတလည်စိတ်ပူနေစရာပင်မလိုတော့ပြီ။
......
နှစ်နှစ်ခန့်ကြာသော်......
"ကိုကို မြန်မြန်လာဆို နောက်ကျတော့မှာပဲ"
"လာပါပြီဘေဘီရယ် မလောပါနဲ့အချိန်ရှိပါသေးတယ်"
"နာရီကိုသေချာကြည့်ပါအုံး တကယ်ပဲ ဟိုမှာလူစုံလောက်ပြီ"
"အေးပါကွာ လာပါပြီ"
ဒီကနေ့က ဟောက်ရွှမ်းနဲ့ကျိရန်တို့ရဲ့ မင်္ဂလာနေ့ပင်...
နှစ်အတော်ကြာထိ အမှုပေါင်းစုံလိုက်လာခဲ့ပြီးမှ ဒီနှစ်မှပဲ ရုတ်တရတ် မင်္ဂလာဆောင်တော့မယ်ဆိုပြီး ဖိတ်စာပို့လိုက်မှပဲ ရှောင်းကျန့်တို့သိရတော့တယ်....
ရိပေါ်ကတော့ သူဘာမှမကူညီပေးရကောင်းလားဆိုပြီး ဟောက်ရွှမ်းတို့ကိုလှမ်းရန်လုပ်နေသေးတယ် ဟိုက အသိမိတ်ဆွေအနည်းအကျဉ်းလောက်ပဲဖိတ်ပြီး ပွဲအသေးလေးပဲလုပ်တာမို့လို့ပါပြောပေမဲ့ ရိပေါ်က X Fashion ကနေ နောက်ဆုံးပေါ် limited edition ထုတ်လုပ်ထားတဲ့ ပွဲတက် couple ဝတ်စုံကို ရအောင်ပို့ပေးလိုက်သေးသည်....၊
"ဝါး နှစ်ယောက်လုံး အရမ်းကြည့်ကောင်းတာပဲနော်"
"အင်း ဟိုကောင်ဟောက်ရွှမ်းကိုကြည့်စမ်း ပါးစပ်ထဲခြင်ဝင်ဥတော့မယ်"
"သူများကိုနော် ကိုကိုအလှည့်တုန်းကရော အဲထက်ဆိုးသေး ပါးစပ်က နားရွက်တက်ချိတ်တော့မယ်"
"ဒါကတော့ကွာ ဘယ်သူမဆိုကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ရပြီဆိုတဲ့အသိက ဘယ်လိုမှပြောမပြတတ်အောင် ပျော်ရွှင်ရတာလေ ဘေဘီသိလား ကိုယ့်ဘဝမှာ ကိုယ့်အချစ်တွေကိုဘေဘီလက်ခံလိုက်တဲ့နေ့ ဘေဘီနဲ့မင်္ဂလာပွဲအတူတူကျင်းပရတဲ့နေ့ အဲနေ့တွေက ကိုယ့်ဘဝမှာဘာနဲ့မှမလဲနိုင်အောင်ပဲ အရမ်းပျော်တယ် အရမ်းလဲကြည်နူးတယ်"
"ဟွန်း ကိုကိုကအရမ်းချုပ်တာပဲ ကျွန်တော်ကလဲဘယ်လိုမှကိုရုန်းမရတော့ဘူး ဒီလူဆိုးကြီးကိုများ ဘာလို့ပြန်ကြိုက်ခဲ့လဲမသိပါဘူး"
"ကိုယ့်ရဲ့မေတ္တာတွေမှန်လို့ပေါ့ကွာ"
"မင်းတို့က ငါတို့မင်္ဂလာဆောင်လာတာလား နှစ်ယောက်တည်းချစ်ကြည်နူးနေတာလား"
ရှောင်းကျန့်တို့နှစ်ယောက်သားတစ်တီတူးနေတုန်း ဟောက်ရွှမ်းတို့နှစ်ယောက် အနားကိုရောက်လာမှန်းပင်မသိလိုက်ကြ....
"မင်းတို့ကိုကြည့်ပြီး ငါတို့တုန်းကအဖြစ်တွေသတိရသွားလို့ပါကွာ"
"ကောတို့ congratulation လေးနော် ဝတ်ဆုံနဲ့လဲအရမ်းလိုက်တယ်"
"ကျေးဇူးပါရိပေါ် ဝတ်စုံကတကယ်သက်တောင့်သက်သာရှိတယ်"
"အင်း..... ကိုကို ကျွန်တော်တို့ X Fashion မှာ မင်္ဂလာဆောင်မဲ့သူတွေအတွက် ဝတ်စုံအငှါးလိုမျိုး service လေးလုပ်ရင်မကောင်းဘူးလား"
"ဘေဘီ့သဘော ကြိုက်တာလုပ်"
"အမလေး ကိုယ်တို့ တခြားဧည့်သည်တွေဆီသွားရအောင် ဟန်နီ ဒီနားက ပိုက်ဆံအနံ့တွေပဲရတယ်"
"ဟောက်ရွှမ်းကတော့လေ ရိပေါ် CEO Xiao ခွင့်ပြုပါအုံး"
"သွားပါ သွားပါ"
ပွဲပြီးခါနီးအထိ နှစ်ယောက်လုံးနေပေးကြပြီးနောက် ဟောက်ရွှမ်းတို့နှစ်ယောက်ကို နှုတ်ဆက်ကာ ပြန်လာကြသည်....
အပြန်လမ်းမှာတော့ ရှောင်းကျန့်မောင်းနေတဲ့ကားက အိမ်ပြန်တဲ့လမ်းမဟုတ်တာမို့....
"ကိုကို ဘယ်ကိုမောင်းနေတာလဲဟင်"
"ခဏနေရင် သိရမှာပေါ့ ဘေဘီရဲ့"
ရှောင်းကျန့်ပြောသလိုပင် ခဏနေတော့ ရှောင်းကျန့်ရဲ့ကားက ပင်လယ်ဘက်ကိုမျက်နှာမူလာတယ် ပင်လယ်မြင်တာနဲ့ ရိပေါ်ကကားပေါ်မှာခုန်ပေါက်နေပြီး အမိုးဖွင့်လို့ရတဲ့ကားမို့ ရှောင်းကျန့်အမိုးဖွင့်ပေးလိုက်တော့ မတ်တပ်ထရပ်ပြီး လေအဝရှူပြီး အော်ဟစ်နေတဲ့ ရိပေါ်ရယ်ပါ....
"ဝါး အရမ်းလန်းဆန်းသွားတာပဲ ဒီနားမှာပင်လယ်ရှိမှန်း ကိုကိုဘယ်လိုသိလဲဟင်"
"ဟောက်ရွှမ်းတို့ပြောတာနဲ့ ဒီနားတဝိုက်ရှာကြည့်တာ ရေလဲသန့်တယ် ခဏတဖြုတ် အနားဝင်ယူလို့ရတယ်ဆိုလို့လေ"
"ကိုကိုကအရမ်းတော်တာပဲ"
ကားရပ်လို့ရတဲ့နေရာရောက်တာနဲ့ ရိပေါ်က ကားပေါ်ကနေ လှစ်ခနဲဆင်းသွားပြီး ပင်လယ်ထဲပြေးဆင်းတော့သည်...၊
"ဘေဘီ! ရေအနက်ထဲမသွားနဲ့ ရေစပ်မှာပဲဆော့နော်"
"ကိုကိုလဲလာလေ"
ရှောင်းကျန့် ရိပေါ်နားရောက်သွားတော့ ကလေးပေါက်ကသူ့ကိုရေလှမ်းပက်တယ်...နှစ်ယောက်သားပြေးလွှားပြီး ခဏတဖြုတ်ဆော့ကြပြီးနောက်မှာတော့....
"ကိုကို ကုန်းပိုး"
ရိပေါ်အလိုကျ ကမ်းခြေတစ်လျှောက်ကို ကုန်းပိုးပြီး နေဝင်ဆည်းဆာကိုကြည့်ရင်း လမ်းလျှောက်တယ်....
"ကိုကိုက ကျွန်တော့ကို အရမ်းချစ်တာပဲနော် ကျွန်တော်လေ ကိုကိုနဲ့တွေ့ဆုံရတာ အရမ်းကံကောင်းတာပဲ....ကိုကို့လိုလူမျိုးလဲထပ်မရှိနိုင်တော့ဘူး"
"ထပ်ရှိလာရင်ရော"
"ထပ်မရှိနိုင်တော့ပါဘူးဆို"
"အကယ်၍ကွာ ထပ်ရှိလာတယ်ဆို ဘေဘီဘာလုပ်မှာလဲလို့"
"ထပ်မရှိပါဘူးဆိုမှ ဘာဖြစ်နေတာလဲ ကဲ"
"အား! နာတယ် ကိုကိုကစတာ စတာလို့ နားရွက်တော့ပြတ်ပါပြီ"
"ပြောအုံးမလား ကဲ"
"နာတယ် ဘေဘီရ!"
"အာ!!! မားရေ အနိုင်ကျင့်နေပါတယ်"
"အာ!!! တကယ်နာတယ်ဘေဘီ!"
ကမ်းခြေတစ်လျှောက် CEO Xiao ရဲ့အော်သံက ပင်လယ်ခရုလေးတွေ ပင်လယ်ဂဏန်းလေးတွေတောင် သူတို့သဲအိမ်ထဲပြေးဝင်သွားနိုင်တယ်.....၊
ဒါပေမဲ့ ဒီလူသားနှစ်ယောက်က တမင်ကျီစယ်နေကြတယ်ဆိုတာ ဝင်တော့မဲ့စဲစဲနေမင်းကြီးကတော့ သိသည့်အထင်နဲ့ နေဝင်ချိန်နောက်ကျသည်အထိ သဘောကျပြီးကြည့်နေတယ်.......။
အခက်အခဲတွေဘယ်လိုပဲရှိရှိ ချစ်ရတဲ့ အဝါလုံးလေးကို မည်သိူ့မျှအထိခိုက်မခံနိုင်ပဲ CEO Xiao ကရှေ့မှာ မဟာတံတိုင်းကြီးလိုရှိနေပေးမယ်....။
သူများတွေအတွက် အရှိန်အဝါမည်မျှပင်ရှိနေပါစေ ချစ်ရတဲ့အဝါလုံးလေးရှေ့ဆို လူရွှင်တော်လုပ်ရလဲဖြစ်တယ် အဓိက အဝါလုံးလေးစိတ်ချမ်းသာစေဖို့....။
အဝါလုံးလေးကိုချစ်တဲ့ CEO Xiao ရဲ့အချစ်တွေက ဘယ်တော့မှမပြီးဆုံးမဲ့ ပုံပြင်လေးတစ်ပုဒ်လိုဖြစ်နေမယ်...။
အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ ❤️💚
* After Marriage လေး ပြီးပါပြီ *
* ၁၇ပိုင်းလောက်ထိရေးလာပြီး သဘောကျတဲ့လူရှိသလို သဘောမကျတဲ့လူလဲရှိမှာပါ ဘာပဲဖြစ်ဖြစ် အဆုံးထိဖတ်ပေးလို့ ဒီကကျေးဇူးတင်ပါတယ် 😘😘😘 ဘိုင့်ရီး *
———————————————————————————
Zawgyi
"ေဘဘီ တံခါးဖြင့္ပါအုံးကြာ ကိုယ္ဘာမွားလို႔လဲ အဲလိုႀကီးမေနပါနဲ႔ ေနာ္....ေဘဘီ"
ယြမ္က်ားရွင္းကိစၥၿပီးကတည္းက ရိေပၚက အျပင္ကိုထြက္မလာေတာ့ပဲ အခန္းပဲေအာင္းေနခဲ့တယ္....ေရွာင္းက်န္႔ကိုေရာ ေရွာင္းတစ္အိမ္လုံးကိုေရာ ေပးမဝင္ပဲ ထမင္းစားခ်ိန္ေတာင္ အခန္းေရွ႕ကိုလာပို႔ခိုင္းေနတာမို႔ ေရွာင္းက်န္႔တို႔စိုးရိမ္ေရအမွတ္ တိုးလာခဲ့သည္...၊
အစပိုင္းကေတာ့ ၁ရက္ ၂ရက္ ေနပါေစဆိုၿပီးထားခဲ့ေပမဲ့ တစ္ပတ္ေလာက္ၾကာတဲ့အထိဆိုေတာ့ ေရွာင္းက်န္႔ေခၚမထုတ္လို႔ပင္မရေတာ့ေခ်....၊
အခုဆို ယြမ္က်ားရွင္းကို သက္ဆိုင္ရာက တရားဥပေဒအတိုင္းအေရးယူၿပီးလို႔ ယြမ္လဲ့လဲ့လဲ အမႈကေန တရားေသလြတ္သြားခဲ့ၿပီ။
ယြမ္လဲ့လဲ့ေရာ ခ်ဴးလန္ေရာ ရိေပၚကိုေတာင္းပန္ခ်င္တာေတာင္ ရိေပၚကထြက္မေတြ႕တာမို႔ ေရွာင္းက်န္႔ကေနပဲ ေျပလည္ရာေျပလည္ေၾကာင္းျပန္ေျပာလိုက္ရေသးသည္...၊
"သား ကေလးကစိတ္ထိခိုက္ေနတာေနမွာပါကြယ္ အရမ္းႀကီးမစိုးရိမ္ပါနဲ႔ မားလဲေခၚၾကည့္ထားမယ္ သားအလုပ္သြားမယ္မလား စိတ္ေျဖာင့္ေျဖာင့္နဲ႔သြား"
"ရိေပၚကို ဒီလိုအေျခအေနႀကီးနဲ႔ မထားခဲ့ခ်င္ဘူးမား ဒီေန႔ေတာ့ မရရေအာင္ေခၚထုတ္မယ္ ေဘဘီ! ေဘဘီ တံခါးဖြင့္လို႔ ကိုယ္ေျပာေနတယ္ေနာ္"
"ေရွာင္းက်န္႔!"
ေရွာင္းက်န္႔နဲ႔ေရွာင္းမားတို႔ ရိေပၚအခန္းေရွ႕မွာ တံခါးထုေနတုန္း ေရွာင္းက်န္႔နာမည္ေခၚသံၾကားတာမို႔ လွည့္ၾကည့္ေတာ့....
"ဝမ္လီ အေတာ္ပဲ ဒီမွာ ရိေပၚကိုေခၚေပးပါအုံး အခန္းထဲကထြက္မလာတာၾကာေနၿပီ"
"ငါလဲသတင္းေတြေတြ႕တာနဲ႔ လာလိုက္တာ ဒီေကာင္ေလးဟာေလ အခုထိမရင့္က်က္ေသးဘူး"
"ဝမ္လီ ေဘဘီ့ကိုမဆူနဲ႔ နင္ သူ႔ကိုအျပင္ရေအာင္ပဲေခၚထုတ္ေပး"
"ေအးပါ အထိကလဲမခံဘူး တကတည္း နင္ခပ္ေဝးေဝးသြားေန ငါေခၚၾကည့္မယ္"
"ဟုတ္တယ္ သား လာ မားတို႔ေအာက္မွာပဲအေျခအေနေစာင့္ၾကည့္ရေအာင္"
ေရွာင္းက်န္႔ကို ေရွာင္းမားမွဆြဲေခၚထုတ္သြားတာမို႔ ဝမ္လီကပဲ တံခါးဆက္ေခါက္ရင္း...
"ဝမ္ေလး က်ဲလာတယ္ေနာ္ ထြက္မေတြ႕ေတာ့ဘူးလား ကိုယ့္အစ္မက တခါတေလမွလာတာကို"
"...."
"ဝမ္ေလးက အခုဆို လူႀကီးျဖစ္ေနၿပီ ကိစၥတစ္ခုကိုအခုလိုေရွာင္မေျပးပဲ ရင္ဆိုင္ရမယ္ေလ ကေလးရယ္ ဒီလိုပုံစံနဲ႔ဆို ဝမ္ေလးကို က်ဲဘယ္လိုစိတ္ခ်ထားရမလဲ"
"...."
ေခ်ာက္!
အထဲမွ တံခါးဖြင့္လိုက္တာမို႔ ဝမ္လီ အသာေလးဝင္သြားေတာ့ ကုတင္ေပၚမွာ မ်က္ႏွာေလးေဖာင္းအစ္စြာနဲ႔ထိုင္ေနတဲ့ တစ္ဦးတည္းေသာ ေမာင္ေလးကိုေတြ႕ရတယ္....
ဝမ္လီလဲ ေဘးနားမွာဝင္ထိုင္ၿပီး ရိေပၚရဲ႕ဆံပင္ေလးေတြကိုသပ္ေပးေတာ့ သူမပခုံးေပၚၿပိဳဆင္းလာတဲ့ ကေလးေလးက ႏွာေလးတရႈံ႕ရႈံ႕ျဖစ္လို႔....
"ကြၽန္ေတာ္ကေလ ကိုကို႔အရမ္းအလိုလိုက္မွန္းသိလို႔ ဆိုးေနမိတယ္က်ဲရယ္ ကိုကိုဒီေလာက္သတိေပးေနရက္နဲ႔ကြၽန္ေတာ္ ေခါင္းမာၿပီး....."
"ျဖစ္တတ္ပါတယ္ဝမ္ေလးရယ္ ေနာက္ဆို ဆင္ျခင္ရမွာေပါ့ လူဆိုတာမွားတတ္တာပဲမဟုတ္လား"
"ဟင့္အင္း ကိုကိုက...ကိုကိုက ကြၽန္ေတာ့္ကိုစိတ္ပ်က္သြားရင္ဘယ္လိုလုပ္မလဲ အခုေတာင္ ရင္မဆိုင္ရဲဘူး ကြၽန္ေတာ္ ကိုယ္လိပ္ျပာကိုယ္မလုံဘူးက်ဲ အီးဟီး...."
"ေဘဘီ!"
ေရွာင္းက်န္႔က အခန္းျပင္ကေန ရိေပၚငိုသံၾကားတာနဲ႔ မေနႏိုင္တဲ့အဆုံးဝင္ခ်သြားေတာ့သည္....၊
"ကိုကို ဟင့္... ကြၽန္ေတာ္...."
"ဘာမွမျဖစ္ဘူး ေဘဘီ့ကိုယ့္အေပၚႀကိဳက္သေလာက္ဆိုး ႀကိဳက္သေလာက္အႏိုင္ယူ ဒီကိုကိုက အရာအားလုံးအရႈံးေပးၿပီးသား ေနာ္"
"အီး...ဟီး..."
ဝမ္လီမွ အေရွ႕ကအခ်စ္ငွက္ႏွစ္ေကာင္ကိုၾကည့္ၿပီး ေခါင္းတရမ္းရမ္းျဖင့္...
"နင္ပဲဆက္ေခ်ာ့လိုက္ေတာ့ ငါသြားေတာ့မယ္"
"တံခါးပိတ္သြား"
ဝမ္လီကိုလွမ္းေျပာၿပီးတာနဲ႔ ရင္ခြင္ထဲမွကေလးရဲ႕ေက်ာေလးကိုပြတ္သပ္ေပးၿပီး....၊
"မငိုနဲ႔ေတာ့ အရမ္းပင္ပန္းေနၿပီမလား"
"ဟင့္ ကြၽန္ေတာ္ ကြၽန္ေတာ္ကအရမ္းဆိုးလား"
"မဆိုးပါဘူးေဘဘီရယ္"
"အမွန္တိုင္းေျဖ အမွန္ကိုပဲသိခ်င္တာ"
"အင္း....နဲနဲဆိုး.... ဟာ ေဟ့ ေဟ့ မငိုနဲ႔ ကိုယ္ကစတာ စတာေနာ္"
"အင့္...ဟင့္..."
"သူမ်ားအျမင္မွာ ေဘဘီကဆိုးခ်င္ဆိုးေနမယ္ ကိုယ့္ကိုအႏိုင္ယူတယ္ ဗိုလ္က်တယ္ထင္ခ်င္ထင္ႏိုင္တယ္ ဒါေပမဲ့ ကိုယ္က အဲဒါေလးကိုပဲခ်စ္ေနရတာေလ ေဘဘီကိုယ့္အေပၚစိတ္ဆိုးတာ ေဒါသထြက္တာေလးျမင္ခ်င္လို႔ေတာင္ ကိုယ္ကလိုက္လိုက္စေနတာပဲမလား ကိုယ့္ကတမင္တကာကို အႏိုင္ယူခံ အဆိုးခံေနတာမို႔ ေဘဘီ့ကိုစိတ္ပ်က္သြားဖို႔ဆိုတာ ဟိုးးးးအေဝးႀကီးမွာ"
"တကယ္လား"
"တကယ္ေပါ့ကြ"
"ဒါေပမဲ့ ကိုကို႔ကိုကြၽန္ေတာ္ ေတာင္းပန္တယ္ေနာ္ ေနာက္ဆို ကိုကိုေျပာရင္ ကြၽန္ေတာ္လက္ခံပါ့မယ္"
"အင္း....စကားေရာနားေထာင္မွာလား"
"နားေထာင္မယ္"
"ျပန္မေျပာရဘူးေနာ္"
"အင္း ျပန္မေျပာဘူး"
"စိတ္လဲမဆိုးရဘူးေနာ္"
"မဆိုးဘူး"
"ကိုယ္ ဘာလုပ္လုပ္ေနာ္"
"ေတာ္ေလာက္ပီေနာ္ အေလွ်ာ့ေပးေနတာကို ေရာင့္တက္ေနတယ္ ဟြန္႔"
"ဟားဟား ခ်စ္လိုက္တာေပါက္စရယ္ ကေလးဆိုးေလးမွ တကယ့္ကို ကေလးဆိုးေလး အသဲယားလာၿပီ"
႐ႊတ္! ႐ႊတ္!
"ဟိဟိ ယားတယ္ ကိုကို ယားတယ္လို႔"
ရိေပၚမ်က္ႏွာျပင္အႏွံ႔နမ္းသလို လက္ေတြကလဲ ကလိထိုးေနတာမို႔ ရိေပၚမွာ ကုတင္ေပၚမွာအလူးအလဲျဖစ္လို႔....
"ဟင္း ေတာ္ေသးတာေပါ့အန္တီရယ္ ဒီကေလးတစ္ေယာက္နဲ႔တစ္အိမ္လုံးစိတ္ပူေအာင္လုပ္ရတယ္လို႔"
"အိမ္ရဲ႕ဆည္းလည္းေလးျဖစ္ေနတာေလ အရင္ကက်န္႔က်န္႔တို႔က လူပ်ိဳေပါက္ကတည္းကအိမ္ကပ္တာမဟုတ္ဘူး လင္မယားႏွစ္ေယာက္တည္း ဒီအိမ္ႀကီးမွာေခ်ာက္ကပ္လို႔ေပါ့....ရိေပၚေလးကိုေခၚလာၿပီးေနာက္ပိုင္း ဒီအိမ္ေလးကစည္းကားလာတယ္ က်န္႔က်န္႔လဲအိမ္ကပ္လာတယ္ ေျပာရရင္ မိသားစုအသိုက္အၿမဳံေလးျဖစ္လာတယ္ေပါ့သမီးရယ္ ရိေပၚေလးကခ်စ္ေမႊးကိုပါတာ အန္တီလဲသားေလးတစ္ေယာက္ထပ္ရလိုက္သလိုပါပဲ"
"ဝမ္ေလးကို အခုလိုလက္ခံေပးတာ အန္တီတို႔ကိုဘယ္လိုေက်းဇူးတင္ရမွန္းေတာင္မသိပါဘူးအန္တီရယ္ ဘာပဲျဖစ္ျဖစ္ သူ႔အတြက္စိတ္ခ်ရပါၿပီ"
ဝမ္လီမွသူမရဲ႕ေမာင္ျဖစ္သူကိုၾကည့္ကာ ပီတိျဖစ္ေနမိသည္.... အခက္အခဲေတြမ်ိဳးစုံနဲ႔ရင္ဆိုင္ခဲ့ရတဲ့ သူမေမာင္ေလး ေနာင္ေရးစိတ္ေအးရပီမို႔ သူမအေနနဲ႔လဲ အထူးတလည္စိတ္ပူေနစရာပင္မလိုေတာ့ၿပီ။
......
ႏွစ္ႏွစ္ခန္႔ၾကာေသာ္......
"ကိုကို ျမန္ျမန္လာဆို ေနာက္က်ေတာ့မွာပဲ"
"လာပါၿပီေဘဘီရယ္ မေလာပါနဲ႔အခ်ိန္ရွိပါေသးတယ္"
"နာရီကိုေသခ်ာၾကည့္ပါအုံး တကယ္ပဲ ဟိုမွာလူစုံေလာက္ၿပီ"
"ေအးပါကြာ လာပါၿပီ"
ဒီကေန႔က ေဟာက္႐ႊမ္းနဲ႔က်ိရန္တို႔ရဲ႕ မဂၤလာေန႔ပင္...
ႏွစ္အေတာ္ၾကာထိ အမႈေပါင္းစုံလိုက္လာခဲ့ၿပီးမွ ဒီႏွစ္မွပဲ ႐ုတ္တရတ္ မဂၤလာေဆာင္ေတာ့မယ္ဆိုၿပီး ဖိတ္စာပို႔လိုက္မွပဲ ေရွာင္းက်န္႔တို႔သိရေတာ့တယ္....
ရိေပၚကေတာ့ သူဘာမွမကူညီေပးရေကာင္းလားဆိုၿပီး ေဟာက္႐ႊမ္းတို႔ကိုလွမ္းရန္လုပ္ေနေသးတယ္ ဟိုက အသိမိတ္ေဆြအနည္းအက်ဥ္းေလာက္ပဲဖိတ္ၿပီး ပြဲအေသးေလးပဲလုပ္တာမို႔လို႔ပါေျပာေပမဲ့ ရိေပၚက X Fashion ကေန ေနာက္ဆုံးေပၚ limited edition ထုတ္လုပ္ထားတဲ့ ပြဲတက္ couple ဝတ္စုံကို ရေအာင္ပို႔ေပးလိုက္ေသးသည္....၊
"ဝါး ႏွစ္ေယာက္လုံး အရမ္းၾကည့္ေကာင္းတာပဲေနာ္"
"အင္း ဟိုေကာင္ေဟာက္႐ႊမ္းကိုၾကည့္စမ္း ပါးစပ္ထဲျခင္ဝင္ဥေတာ့မယ္"
"သူမ်ားကိုေနာ္ ကိုကိုအလွည့္တုန္းကေရာ အဲထက္ဆိုးေသး ပါးစပ္က နား႐ြက္တက္ခ်ိတ္ေတာ့မယ္"
"ဒါကေတာ့ကြာ ဘယ္သူမဆိုကိုယ္ခ်စ္တဲ့သူကို ပိုင္ဆိုင္ရၿပီဆိုတဲ့အသိက ဘယ္လိုမွေျပာမျပတတ္ေအာင္ ေပ်ာ္႐ႊင္ရတာေလ ေဘဘီသိလား ကိုယ့္ဘဝမွာ ကိုယ့္အခ်စ္ေတြကိုေဘဘီလက္ခံလိုက္တဲ့ေန႔ ေဘဘီနဲ႔မဂၤလာပြဲအတူတူက်င္းပရတဲ့ေန႔ အဲေန႔ေတြက ကိုယ့္ဘဝမွာဘာနဲ႔မွမလဲႏိုင္ေအာင္ပဲ အရမ္းေပ်ာ္တယ္ အရမ္းလဲၾကည္ႏူးတယ္"
"ဟြန္း ကိုကိုကအရမ္းခ်ဳပ္တာပဲ ကြၽန္ေတာ္ကလဲဘယ္လိုမွကို႐ုန္းမရေတာ့ဘူး ဒီလူဆိုးႀကီးကိုမ်ား ဘာလို႔ျပန္ႀကိဳက္ခဲ့လဲမသိပါဘူး"
"ကိုယ့္ရဲ႕ေမတၱာေတြမွန္လို႔ေပါ့ကြာ"
"မင္းတို႔က ငါတို႔မဂၤလာေဆာင္လာတာလား ႏွစ္ေယာက္တည္းခ်စ္ၾကည္ႏူးေနတာလား"
ေရွာင္းက်န္႔တို႔ႏွစ္ေယာက္သားတစ္တီတူးေနတုန္း ေဟာက္႐ႊမ္းတို႔ႏွစ္ေယာက္ အနားကိုေရာက္လာမွန္းပင္မသိလိုက္ၾက....
"မင္းတို႔ကိုၾကည့္ၿပီး ငါတို႔တုန္းကအျဖစ္ေတြသတိရသြားလို႔ပါကြာ"
"ေကာတို႔ congratulation ေလးေနာ္ ဝတ္ဆုံနဲ႔လဲအရမ္းလိုက္တယ္"
"ေက်းဇူးပါရိေပၚ ဝတ္စုံကတကယ္သက္ေတာင့္သက္သာရွိတယ္"
"အင္း..... ကိုကို ကြၽန္ေတာ္တို႔ X Fashion မွာ မဂၤလာေဆာင္မဲ့သူေတြအတြက္ ဝတ္စုံအငွါးလိုမ်ိဳး service ေလးလုပ္ရင္မေကာင္းဘူးလား"
"ေဘဘီ့သေဘာ ႀကိဳက္တာလုပ္"
"အမေလး ကိုယ္တို႔ တျခားဧည့္သည္ေတြဆီသြားရေအာင္ ဟန္နီ ဒီနားက ပိုက္ဆံအနံ႔ေတြပဲရတယ္"
"ေဟာက္႐ႊမ္းကေတာ့ေလ ရိေပၚ CEO Xiao ခြင့္ျပဳပါအုံး"
"သြားပါ သြားပါ"
ပြဲၿပီးခါနီးအထိ ႏွစ္ေယာက္လုံးေနေပးၾကၿပီးေနာက္ ေဟာက္႐ႊမ္းတို႔ႏွစ္ေယာက္ကို ႏႈတ္ဆက္ကာ ျပန္လာၾကသည္....
အျပန္လမ္းမွာေတာ့ ေရွာင္းက်န္႔ေမာင္းေနတဲ့ကားက အိမ္ျပန္တဲ့လမ္းမဟုတ္တာမို႔....
"ကိုကို ဘယ္ကိုေမာင္းေနတာလဲဟင္"
"ခဏေနရင္ သိရမွာေပါ့ ေဘဘီရဲ႕"
ေရွာင္းက်န္႔ေျပာသလိုပင္ ခဏေနေတာ့ ေရွာင္းက်န္႔ရဲ႕ကားက ပင္လယ္ဘက္ကိုမ်က္ႏွာမူလာတယ္ ပင္လယ္ျမင္တာနဲ႔ ရိေပၚကကားေပၚမွာခုန္ေပါက္ေနၿပီး အမိုးဖြင့္လို႔ရတဲ့ကားမို႔ ေရွာင္းက်န္႔အမိုးဖြင့္ေပးလိုက္ေတာ့ မတ္တပ္ထရပ္ၿပီး ေလအဝရႉၿပီး ေအာ္ဟစ္ေနတဲ့ ရိေပၚရယ္ပါ....
"ဝါး အရမ္းလန္းဆန္းသြားတာပဲ ဒီနားမွာပင္လယ္ရွိမွန္း ကိုကိုဘယ္လိုသိလဲဟင္"
"ေဟာက္႐ႊမ္းတို႔ေျပာတာနဲ႔ ဒီနားတဝိုက္ရွာၾကည့္တာ ေရလဲသန္႔တယ္ ခဏတျဖဳတ္ အနားဝင္ယူလို႔ရတယ္ဆိုလို႔ေလ"
"ကိုကိုကအရမ္းေတာ္တာပဲ"
ကားရပ္လို႔ရတဲ့ေနရာေရာက္တာနဲ႔ ရိေပၚက ကားေပၚကေန လွစ္ခနဲဆင္းသြားၿပီး ပင္လယ္ထဲေျပးဆင္းေတာ့သည္...၊
"ေဘဘီ! ေရအနက္ထဲမသြားနဲ႔ ေရစပ္မွာပဲေဆာ့ေနာ္"
"ကိုကိုလဲလာေလ"
ေရွာင္းက်န္႔ ရိေပၚနားေရာက္သြားေတာ့ ကေလးေပါက္ကသူ႔ကိုေရလွမ္းပက္တယ္...ႏွစ္ေယာက္သားေျပးလႊားၿပီး ခဏတျဖဳတ္ေဆာ့ၾကၿပီးေနာက္မွာေတာ့....
"ကိုကို ကုန္းပိုး"
ရိေပၚအလိုက် ကမ္းေျခတစ္ေလွ်ာက္ကို ကုန္းပိုးၿပီး ေနဝင္ဆည္းဆာကိုၾကည့္ရင္း လမ္းေလွ်ာက္တယ္....
"ကိုကိုက ကြၽန္ေတာ့ကို အရမ္းခ်စ္တာပဲေနာ္ ကြၽန္ေတာ္ေလ ကိုကိုနဲ႔ေတြ႕ဆုံရတာ အရမ္းကံေကာင္းတာပဲ....ကိုကို႔လိုလူမ်ိဳးလဲထပ္မရွိႏိုင္ေတာ့ဘူး"
"ထပ္ရွိလာရင္ေရာ"
"ထပ္မရွိႏိုင္ေတာ့ပါဘူးဆို"
"အကယ္၍ကြာ ထပ္ရွိလာတယ္ဆို ေဘဘီဘာလုပ္မွာလဲလို႔"
"ထပ္မရွိပါဘူးဆိုမွ ဘာျဖစ္ေနတာလဲ ကဲ"
"အား! နာတယ္ ကိုကိုကစတာ စတာလို႔ နား႐ြက္ေတာ့ျပတ္ပါၿပီ"
"ေျပာအုံးမလား ကဲ"
"နာတယ္ ေဘဘီရ!"
"အာ!!! မားေရ အႏိုင္က်င့္ေနပါတယ္"
"အာ!!! တကယ္နာတယ္ေဘဘီ!"
ကမ္းေျခတစ္ေလွ်ာက္ CEO Xiao ရဲ႕ေအာ္သံက ပင္လယ္ခ႐ုေလးေတြ ပင္လယ္ဂဏန္းေလးေတြေတာင္ သူတို႔သဲအိမ္ထဲေျပးဝင္သြားႏိုင္တယ္.....၊
ဒါေပမဲ့ ဒီလူသားႏွစ္ေယာက္က တမင္က်ီစယ္ေနၾကတယ္ဆိုတာ ဝင္ေတာ့မဲ့စဲစဲေနမင္းႀကီးကေတာ့ သိသည့္အထင္နဲ႔ ေနဝင္ခ်ိန္ေနာက္က်သည္အထိ သေဘာက်ၿပီးၾကည့္ေနတယ္.......။
အခက္အခဲေတြဘယ္လိုပဲရွိရွိ ခ်စ္ရတဲ့ အဝါလုံးေလးကို မည္သိူ႔မွ်အထိခိုက္မခံႏိုင္ပဲ CEO Xiao ကေရွ႕မွာ မဟာတံတိုင္းႀကီးလိုရွိေနေပးမယ္....။
သူမ်ားေတြအတြက္ အရွိန္အဝါမည္မွ်ပင္ရွိေနပါေစ ခ်စ္ရတဲ့အဝါလုံးေလးေရွ႕ဆို လူ႐ႊင္ေတာ္လုပ္ရလဲျဖစ္တယ္ အဓိက အဝါလုံးေလးစိတ္ခ်မ္းသာေစဖို႔....။
အဝါလုံးေလးကိုခ်စ္တဲ့ CEO Xiao ရဲ႕အခ်စ္ေတြက ဘယ္ေတာ့မွမၿပီးဆုံးမဲ့ ပုံျပင္ေလးတစ္ပုဒ္လိုျဖစ္ေနမယ္...။
အားလုံးကို ႏႈတ္ဆက္ခဲ့ပါတယ္။ ❤️💚
* After Marriage ေလး ၿပီးပါၿပီ *
* ၁၇ပိုင္းေလာက္ထိေရးလာၿပီး သေဘာက်တဲ့လူရွိသလို သေဘာမက်တဲ့လူလဲရွိမွာပါ ဘာပဲျဖစ္ျဖစ္ အဆုံးထိဖတ္ေပးလို႔ ဒီကေက်းဇူးတင္ပါတယ္ 😘😘😘 ဘိုင့္ရီး *