ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

De mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး Mais

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 30 (Part 1)

2.3K 452 14
De mizzle69

မိတ်ကပ်ပြင်ရတာ တစ်နာရီကျော်ကျော်ကြာပြီး ဓာတ်ပုံရိုက်ရတာက အဲ့ဒီထက်တောင် ပိုပြီး ကြာသေးတယ်။ နောက်ဆုံး အဓိက ဇာတ်ကောင်တွေအကုန်လုံး ဓာတ်ပုံရိုက်လို့ပြီးသွားတော့ အချိန်က ညနေ7နာရီတောင် ကျော်ပြီးသွားပြီ။

နန်ဟွိုင်လင် မနက်စာလည်း မစားခဲ့ရဘူး။ ပြီးတော့ ရှန်ချုန်းနဲ့အတူတူစားတဲ့ နေ့လည်စာကလည်း သေလောက်အောင်စျေးကြီးတယ်။ ပြင်သစ်အစားအစာက သိပ်ပြီးတော့ သူ့ရဲ့ဗိုက်ကို ဖြည်းတင်းမပေးလိုက်တော့ အဒီအချိန်ထဲက သူ့ရဲ့အစာအိမ်က ပြန်ဆာနေတာ။ သူတို့ရုပ်ရှင်အဖွဲ့က အဝစားဘူဖေးစားသောက်ဆိုင်ကြီးကို ရောက်တော့ နန်ဟွိုင်လင်ရဲ့မျက်လုံးထဲမှာအစားအသောက်ကလွဲပြီး ဘာမှမမြင်တော့ဘူး။

စားသောက်ဆိုင်က 'ကြယ်နိုင်ငံ'က တာဝန်ရှိတဲ့သူတွေ၊ အလုပ်လုပ်တဲ့သူတွေနဲ့ အပြည့်ပဲ။ လူတွေအကုန်လုံးက လွတ်လွတ်လပ်လပ်နဲ့ စားပွဲဝိုင်းတွေကို မျှထိုင်နေပြီး နန်ဟွိုင်လင်ကလည်း သူ မသိတဲ့လူတွေနဲ့ စားပွဲတစ်ဝိုင်းမှာ ထိုင်နေတယ်။

လူတွေက သူတို့ရဲ့ဆာလောင်နေတဲ့ ဗိုက်တွေကို ဖြည့်သင့်သလောက်ဖြည့်ပြီး အီလည်လည်ဖြစ်သွားတော့ အလိုအလျောက်ပဲ ဝိုင်သောက်တာက အဓိကကျတဲ့အပိုင်းကို ရောက်ရှိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် အရက်ခွက်ချင်းတိုက်ပြီး ဆုတောင်းပေးရင်း လူအများကြားက ရင်းနှီးမှုလေထုက လျင်မြန်စွာ နွေးထွေးလာတယ်။

နန်ဟွိုင်လင်က သောက်ရတာကို မကြိုက်ဘူး။ ဒါပေမယ့် အခြားသူတွေက သူ့ကိုခွက်မြောက်ပြီး ဆုတောင်းပေးကြတော့ သူက ထပ်ငြင်းနေလို့ မကောင်းတော့ဘူး။ အဲ့တာနဲ့ပဲ သူတို့ငှဲ့ပေးတဲ့ ဘီယာနှစ်ခွက်ရယ်၊ လည်ချောင်းတစ်လျှောက်ကို စပ်ပြီးတော့ ဝင်သွားတဲ့ ဝိုင်အဖြူတစ်ခွက်ရယ် သူသောက်မိသွားတယ်။ ခနကြာတော့ နန်ဟွိုင်လင် တစ်ဖြည်းဖြည်းနဲ့ မူးဝေလာတာကို ခံစားနေရပြီး အထူးသဖြင့် အော့အန်ချင်စိတ်တွေက ပြင်းထန်လာတာကြောင့် အစားစားနေတာကို အတက်နိုင်ဆုံးမြန်မြန်ရပ်တန့်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲ မသိဘူး...အရသာရှိပြီးစားလို့ကောင်းတဲ့အစာတွေက ရုတ်တရက်ကြီး မြိုချရခက်နေတယ်။ နောက်ဆုံးတော့ နန်ဟွိုင်လင် ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ သန့်စင်ခန်းကို ထွက်လာကာ တခြားဘာမှ မကျန်တော့တဲ့အထိ အန်ချလိုက်တယ်။ သူ့ရဲ့မျက်နှာမှာလည်း မျက်ရည်တွေနှာရည်တွေ ရွဲစိုနေတယ်။ သူ လုံးဝ နေလို့ထိုင်လို့ မကောင်းတော့ဘူး။

နန်ဟွိုင်လင် အန်ပြီးသွားတော့ မျက်နှာနှင့် ပါးစပ်တွေကို သေချာဆေးကြောပြီး စားသောက်နေတဲ့နေရာဆီကို ပြန်ထွက်ခဲ့လိုက်တယ်။ ဒါပေမယ့် အခုထက်ထိ ခွက်ချင်းမြောက်ပြီး ဆုတောင်းတာက မပြီးသေးတော့ သူ နောက်ထပ်နှစ်ခွက်ထပ်သောက်လိုက်ရတယ်။ ထို့နောက် နန်ဟွိုင်လင် လုံးဝကို ရပ်တန့်ကာ စားပွဲပေါ်မှာ မှောက်ချလိုက်တယ်။ သူ့ကိုယ်သူ နိုးထအောင်လုပ်ဖို့ ဘယ်လိုမှ ဟန်ဆောင်ပန်ဆောင်တောင် မစွမ်းဆောင်နိုင်တော့ဘူး။

ရှန်ချုန်း မိန်ထျန်းကျူကိုခေါ်ကာ နန်ဟွိုင်လင်ကို နှစ်ယောက်တွဲခေါ်ပြီး ကားထဲပို့လိုက်တယ်။

ရှန်ချုန်း, "သူ ဘယ်မှာနေလဲဆိုတာ မင်းသိလား? "

"သူ Dong Fangအိမ်ယာမှာ နေတာပဲ သိတယ် "

" ဒါဆို သူ့ကို အဲ့နားမှာပဲ ချပေးလိုက်။ သူ့ကိုခေါ်ဖို့ လူတစ်ယောက်လာလိမ့်မယ် "

မိန်ထျန်းကျူ ကားမောင်းပြီးဟထွက်သွားတော့ ရှန်ချုန်း ဖေ့ချန်ကို ဖုန်းဆက်လိုက်တယ်။

" မင်းရဲ့ 'လင်'ပေါက်စလေးက မူးသွားလို့ ငါ သူ့လက်ထောက်ကို ပြန်ခေါ်သွားပေးဖို့ ပြောလိုက်တယ်။ ခနနေရင် မင်း သူ့ကို ဆင်းခေါ်လိုက်ဦး "

" ဖာ့ခ်..မင်း သူ့ကို ဘာလို့ မကြည့်ထားတာလဲ? " ဖေ့ချန်ရဲ့ ဒေါသတွေက အလိပ်လိုက်အလိပ်လိုက်ထွက်နေတယ်။

" သူက အူအရိုင်းလေးဆိုတာ ငါ မသိလိုက်လို့ " ရှန်းချုန်းက ပြုံးနေရင်း " ဒါပေမယ့် သူအခု အရက်မူးသွားတာဆိုတော့ မင်းသူ့ကို တစ်ခုခုလုပ်လို့ရတယ်နော် "

" ငါလိုးပဲ! " ဖေ့ချန် ဆဲပြီး ဖုန်းချပစ်လိုက်တယ်။

မိန်ထျန်းကျူ ကားမောင်းနေတုန်း ရုတ်တရက် နန်ဟွိုင်လင်ရဲ့ ဖုန်းက မြည်လာတယ်။ အဲ့တာက ဆက်တိုက်ပဲ မြည်နေတာကြောင့် သူမ ဖုန်းကို ဆွဲထုတ်ယူလိုက်တယ်။

မှတ်ထားတဲ့ နာမည်က Mr.ယုန် တဲ့။

အဲ့ဒီလူက နန်ဟွိုင်လင်နဲ့ တိုက်ခန်းတစ်ခုတည်းမှာ မျှနေတဲ့အခန်းဖော်ဆိုတာကို...ပြောပြဖူးတာ သူမ သတိရသွားတယ်။

" ဟယ်လို " မိန်ထျန်းကျူး ပြန်ဖြေလိုက်တယ်။

" မင်း ဘယ်မှာလဲ? " တစ်ခြားတစ်ဖက်က လူက တိုက်ရိုက်ပဲ မေးလာတယ်။

" ကျမ Guomaoနားမှာ ရောက်နေတာပါ" တခြား တစ်ဖက်ကလူရဲ့အသံကို ရင်းနှီးနေတယ်လို့ သူမ ဝိုးတဝါးခံစားနေရတယ်။ " ကျမ Dong Fangအိမ်ယာကို 10မိနစ်အတွင်းရောက်ပါတယ် "

" 10မိနစ်နေရင် သူ့ကို လာခေါ်လိုက်မယ်" ပြောပြီးပြီးချင်း ဖေ့ချန်က ဖုန်းချသွားတယ်။

10မိနစ်ကြာပြီးနောက် မိန်ထျန်ကျူးက Dong Fangအိမ်ယာကိုရောက်လာပြီး အချိန်ကိုက်ပဲ Mr.ယုန်ရဲ့ဖုန်းကလည်း မြည်လာတယ်။ ဖုန်းထဲက တစ်ဖက်လူရဲ့ပြောကြားချက်အရ သူမ သူ့ရဲ့တည်နေရာကို ရှာတွေ့လိုက်တယ်။ မိန်ထျန်းကျူ ပလက်ဖောင်းပေါ်မှာ မက်တပ်ရပ်နေတဲ့ Mr.ယုန်ကို တွေ့လိုက်တော့ ရုတ်တရက်ကြီး အသက်ရှုရပ်သွားသလိုပဲ။ နန်ဟွိုင်လင်ကို အသားကင်စက်ပေါ် ပစ်တင်ပေးချင်လိုက်တာ။ ဘာကိစ္စ ဒီလို အရပ်ရှည်၊ ခြေတံရှည်နှင့် စောက်ရမ်းချောတဲ့ မင်းရှိမီဒီယာက အရည်အချင်းပြည့်ဝတဲ့ ဒါရိုက်တာကို 'Mr.ယုန်'လို့ နာမည်ပေးထားတာလဲ? တစ်ချို့ကြီးမားတဲ့ လျို့ဝှက်ချက်ကြီးကို သူမ ရှာတွေ့သွားတာများ...လား...

မိန်ထျန်းကျူ ကားရပ်ကာ အောက်ကိုဆင်းပြီး နှုတ်ဆက်မှုပြုလိုက်တယ်။

"ဟယ် လို ...ဖေ့..ချန်..!"

သူမ ကြောက်ရွံနေတာကြောင့် စကားတွေ ထစ်ကုန်တယ်။

ဖေ့ချန်က သူမကို ခေါင်းညိမ့်ပြပြီး နန်ဟွိုင်လင်ရှိတဲ့ ကားပြတင်းပေါက်ဆီကို တန်းပြီးလျှောက်သွားတယ်။ ဖေ့ချန်က တံခါးကိုဆွဲဖွင့်ပြီး ပတ်ထားတဲ့ထိုင်ခုံခါးပတ်ကိုဖြည်ကာ သတိမကပ်နေတဲ့ နန်ဟွိုင်လင်ကို သယ်လာတယ်။

" မင်းရဲ့ အလုပ်ကြီုးစားမှုအတွက် ကျေးဇူး " ဖေ့ချန်က သူမကိုပြောလာပြီး သူ့လက်ထဲကလူကိုသယ်ကာ အဝေးကိုထွက်သွားတယ်။

တဖြေးဖြေးဝေးကွာသွားတဲ့ ဖေ့ချန်ရဲ့ နောက်ကျောပြင်ကို ကြည့်ပြီး မိန်ထျန်းကျူ တွေဝေမှုတွေနဲ့ ကျန်နေခဲ့တယ်။

" နန်ဟွိုင်လင်? "

" 'လင်'ပေါက်စလေး? "

" နန်နန်? "

" မိန်းမ? "

" အချစ်? "

" ဘေဘီ? "

" မင်းမထဘူးဆိုရင် ကိုယ်မင်းကို နမ်းတော့မှာနော်, ဟမ်? "

နန်ဟွိုင်လင်က လုံးဝကို တုံ့ပြန်မလာဘူး။ သူ့ရဲ့လက်မောင်းတွေထဲမှာ မှီပြီးအိပ်နေတာ အသံလေးတွေတောင် ထွက်နေသေးတယ်။

အရက်နံ့ကလည်း သိပ်မရဘဲနဲ့ သူ ဘယ်လိုလုပ်များ မူးသွားရတာလဲ?

သူ့ရဲ့အရက်သောက်နိုင်စွမ်းက တော်တော်ကိုဆိုးတာပဲ။

ချစ်စရာလေး..

ဖေ့ချန် ကိုယ့်ဘာကိုယ်တောင် ပြန်ရယ်မိသွားတယ်။ သူ့ဦးနှောက်က နည်းနည်းထိခိုက်သွားတာထင်တယ်။ အဲ့လိုမဟုတ်ရင် ဘာလို့ နန်ဟွိုင်လင်ရဲ့ အရာရာတိုင်းက ချစ်ဖို့ကောင်းနေတယ်လို့ပဲ သူမြင်နေရတာလဲ? မြေအောက်ရထားပေါ်မှာ သူ ငိုနေတုန်းကလည်း ချစ်ဖို့ကောင်းတယ်။ Pure Kမှာ စားပွဲထိုးလုပ်နေတဲ့အချိန် သူ့ကို ဖုန်းထဲမှာ လိမ်တာလည်း ချစ်ဖို့ကောင်းတယ်။ သူ့ရဲ့လက်မောင်းတွေထဲကို ချော်လဲကျလာတာလည်း ချစ်ဖို့ကောင်းတယ်။ သူ စိတ်တိုနေတဲ့အချိန်လည်း ချစ်ဖို့ကောင်းတယ်။ သူ သူ့ကို နမ်းတုန်းကလည်း ချစ်ဖို့ကောင်းတယ်။ သူ့အကို လာမယ်လဲကြားရော ကြောက်အားလန့်အားနဲ့ ရှောင်ပြေးတာလဲ ချစ်ဖို့ကောင်းတယ်။ သူ့ကို လာဘ်ထိုးဖို့ လုပ်တုန်းကလည်း ချစ်ဖို့ကောင်းတယ်။ အခု အရက်မူးနေတဲ့ပုံစံလေးကလည်းပဲ အရမ်း ချစ်ဖို့ကောင်းတယ်။

အတိုချုံးပြီး ပြောရရင် နန်ဟွိုင်လင်ရဲ့ အပြုအမူတိုင်းက ချစ်ဖို့ကောင်းတယ်ဆိုတာကိုသူ ပူလောင်စွာပဲ သိနေတယ်။

ဒါမှမဟုတ် ဒါက 'လှလို့ချစ်တာမဟုတ်၊ ချစ်လို့လှတာ' လည်း ဖြစ်ချင်ဖြစ်လောက်တယ်။

အဲ့တာအပြင် နန်ဟွိုင်လင်ရဲ့ကျော်ကြားမှုက သူနဲ့ယှဥ်ရင် မမြင့်ဘူး။ ဒါပေမယ့် သူ နန်ဟွိုင်လင်ကို စောက်ရမ်းစိတ်ဝင်စားတယ်။ ကြည့်ရတာကတော့ သူ ခရီးပေါက်ဖို့ တော်တော်လေး လျှောက်ရဦးမယ်ထင်ပါတယ်။

ဒီနေ့ နေ့လည်မှာ ရှန်ချုန်းက သူ့ကို ဖုန်းခေါ်ပြီး နန်ဟွိုင်လင်ရဲ့ ဝန်ခံချက်ကို ပြောပြခဲ့တယ်။ " နန်ဟွိုင်လင်က သူ့အပေါ်မှာ ဘယ်လို ခံစားချက်မှ မရှိဘူး။ အခုရော...အနာဂတ်မှာရော.." ဒီအကြောင်းအရာကြီးကြောင့် သူ အခုထိ စိတ်ဓာတ်ကျနေတုန်းပဲ။

ဒါပေမယ့်လည်း သူ အပြည့်အဝနားလည် ပါတယ်။ နန်ဟွိုင်လင်က သူ့ရဲ့ အချစ်ဦးနဲ့ 7နှစ်ကြာတဲ့ ဆက်ဆံရေးကို ဖြတ်တောက်ထားခါစဆိုတော့ အဲ့ဒီဒဏ်ရာတွေကို ပြန်ကုသဖို့ သေချာပေါက်လွယ်မှာ မဟုတ်ဘူး။

သူ အခု လုပ်နိုင်တာက ရိုးရိုးလေးပဲ။ သူ့ကို တက်နိုင်သလောက် အလိုလိုက်ပေးမယ်။ အဲ့လိုအလိုလိုက်ပေးရင်း တစ်နေ့ကြရင် နန်ဟွိုင်လင်က သူ့အပေါ်အကောင်းမြင်လာလိမ့်မယ်။ ဒါဆိုရင် သူ့အကြောင်းကို တွေးမိသွားမှာပဲ။

ဖေ့ချန် အခုမှပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ရှိသွားတယ်။

အိမ်ပြန်ရောက်တော့ နန်ဟွိုင်လက်ကို ခုတင်ပေါ် ဂရုတစိုက်ချလိုက်ပြီး ပါးကို သာသာလေးပုတ်နိုးလိုက်တယ်။

" ထ "

နန်ဟွိုင်လင်က 'အင့်'ခနဲ ညည်းညူသွားပေမယ့် ထ မလာဘူး။

ဖေ့ချန် ပြုံးလိုက်ကာ " ကိုယ် မင်းကို အင်္ကျီချွတ်ပေးတော့မှာနော်..."

နန်ဟွိုင်လင်က ငြင်းဆန်မလာဘူး။

ဖေ့ချန် နန်ဟွိုင်လင်ရဲ့ အဝတ်တွေကို စချွတ်ဖို့ လုပ်လိုက်တယ်။ အဝတ်တွေကို အတက်နိုင်ဆုံး မြန်မြန်ချွတ်ပေးနေရင်း လက်တွေနဲ့တော့ တို့ဖူးလေးကို စားဖို့မကိုင်ရဲပေမယ့် မျက်လုံးနဲ့ကြည့်ပြီး အဲ့ဒီအပေါ်မှာ အသားယူလိုက်သေးတယ်။ နန်ဟွိုင်လင် ဝတ်နေကြ ဘောင်းဘီတိုနှင့် တီရှပ်ကိုတွေ့တော့ ဖေ့ချန် အခန်းထဲက ထွက်မသွားခင် ပြန်ဝတ်ပေးလိုက်တယ်။

ဖေ့ချန် မီးဖိုချောင်ကိုသွားကာ ပျားရည်တစ်ခွက်ဖျော်ပြီး နန်ဟွိုင်လင်ကို တိုက်လိုက်တယ်။ ထို့နောက် ရေချိုးခန်းကို သွားကာ ခပ်နွေးနွေး တာဝါတစ်ခုကို ရေညှစ်ပြီး သူ့ရဲ့မျက်နှာနှင့်လက်မောင်းတွေကို ရေတပတ်တိုက်ပေးလိုက်တယ်။

ဒါတွေလုပ်ပြီးတော့ ဖေ့ချန် သူ့အတွက် တခြားဘာလုပ်ပေးရမလဲစဥ်းစားလို့ မရတာကြောင့် ခုတင်ရဲ့အစွမ်းမှာထိုင်ကာ နန်ဟွိုင်လင်ကို စိုက်ကြည့်နေမိတယ်။ ခနကြာတော့ အိပ်နေတဲ့သူနှင့်မျက်နှာချင်းဆိုင်ပြီး သူ့ရဲ့ဘေးမှာ ဝင်လှဲလိုက်တယ်။ အရမ်းနီးကပ်နေတာကြောင့် သူ့ရဲ့မျက်တောင်မွှေးတစ်ချောင်းချင်းဆီကိုတောင် ရေတွက်လို့ရတယ်။

ဖေ့ချန် ရေတွက်ကြည့်တော့ ဘယ်ဘက်မျက်လုံးမှာ မျက်တောင်မွှေး 174ချောင်း...ညာဘက်မှာက 188ချောင်း..

ရုတ်တရက် နန်ဟွိုင်လင်က သူ့ရဲ့ခန္ဓာကိုယ်ကို လှိမ့်ကာ ဖေ့ချန်ရဲ့ လက်မောင်းကြားထဲကို တိုးဝင်လာတယ်။

ဒီအနေအထားက အရမ်းကို နီးကပ်လွန်းပြီးတော့ အန္တရာယ်များတယ်။ ဖေ့ချန် သူ့ခေါင်းထဲက ကမောက်ကမအတွေးတွေနဲ့ သူ ဆိုးဆိုးရွားရွားတစ်ခုခု ကျူးလွန်မိမှာ ကြောက်ရွံသွားပြီး နန်ဟွိုင်လင်ရဲ့ ခါးပေါ်က သူ့ရဲ့လက်တွေကို ဆွဲဖယ်လိုက်တယ်။ ထို့နောက် ခုတင်ပေါ်ကနေ ဂရုတစိုက်ထကာ မီးပိတ်ပေးလိုက်တယ်။

နန်ဟွိုင်လင် ဗိုက်အရမ်းဆာတာကြောင့် အိပ်ယာကနေ နိုးလာတယ်။

ဘေးနားက အရာအားလုံးက မဲမှောင်နေတော့ ဘာမှကို မမြင်ရဘူး။ မီးဖွင့်ဖို့ ဟိုစမ်းဒီစမ်းလုပ်နေရင်းနဲ့ ဒါက သူ့အခန်းဆိုတာ သိသွားတယ်။ သူ တော်တော် အသိလွတ်သွားတာပဲ။ စားသောက်ဆိုင်ကနေ အိမ်ကို ဘယ်လိုပြန်ရောက်လဲဆိုတာတောင် မမှတ်မိတော့ဘူး။ အောက်ငုံ့ကြည့်လိုက်တော့ အဝတ်တွေလည်း လဲထားတာပဲ။ သေချာပေါက် ဖေ့ချန်လုပ်ပေးတာပဲ နေမှာ..

ဖုန်းကိုဆွဲယူပြီး ကြည့်လိုက်တော့ မနက် 2နာရီနှင့် 28မိနစ်။ သူ တစ်ခုခုထွက်မစားခင် ရေ အရင်ချိုးဖို့ ဆုံးဖြတ်လိုက်တယ်။ အခု သူ့ကိုယ်က စေးကပ်ကပ်နဲ့ နေလို့သိပ်မကောင်းဘူး။

နန်ဟွိုင်လင် အခန်းတံခါးဖွင့်ပြီး အပြင်ထွက်လာတော့ ဧည့်ခန်းမီးက လင်းနေပြီး ဆိုဖာပေါ်မှာ ဖေ့ချန်က ကွေးကွေးလေး အိပ်ပျော်နေတယ်။

နန်ဟွိုင်လင် ကိုယ်ကိုငုံ့ပြီး ဖေ့ချန်ကို နိုးလိုက်တယ်။ " ခင်ဗျား ဘာလို့ ဒီမှာအိပ်နေတာလဲ? ထ...ကိုယ့်အခန်းကို သွားပြန်အိပ်လေ "

" မင်းနိုးလာပြီလား? " ဖေ့ချန်က ထထိုင်ပြီး အာ,သန်းနေတယ်။ "ဘယ်အချိန်ရှိပြီလဲ အခု? "

" 2နာရီ 30။ သွားအိပ်တော့...မနက်ဖြန် အလုပ်သွားဖို့ စောစောထရဦးမှာကို "

" မင်း ဗိုက်ဆာလို့လား? "

" နည်းနည်းပါ...ရေအရင်ချိုးပြီးမှ တစ်ခုခုစားဖို့လုပ်မှာ "

" အဲ့တာဆို အခု ရေသွားချိုးလိုက် "

မိနစ် 20ကြာပြီးနောက် နန်ဟွိုင်လင် ရေချိုးခန်းထဲကနေ ခေါင်းလျှော်ပြီး ထွက်လာလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ လေထဲက သင်းပျံ့တဲ့ အစားအသောက်နံ့ကို ရလိုက်တယ်။

ဖေ့ချန်များ တစ်ခုခုချက်နေတာလား?

အဲ့အကြောင်းတွေးရင်းနဲ့ နန်ဟွိုင်လင် အပြေးတပိုင်း လမ်းလျှောက်သွားတော့ ထမင်းစားခန်းထဲက စားပွဲပေါ်မှာ ဖေ့ချန်က ခေါက်ဆွဲပြုတ်ပန်းကန်တင်နေတာကို တွေ့လိုက်ရတယ်။

" အချိန်ကိုက်ပဲ " ဖေ့ချန်က ပြုံးနေပြီး " လာ..စား "

နန်ဟွိုင်လင် သူ့ကို အမူအရာမဲ့စွာကြည့်နေမိတယ်။ " ခင်ဗျား အိမ်အလုပ်တွေ မလုပ်တက်လို့ ကိုယ့်ဘာကိုယ် မစောင့်ရှောက်နိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား? "

" ကိုယ် အဲ့လိုမပြောရင် မင်းက ကိုယ်နဲ့ နေဖို့ ရွေ့လာတော့မှာ မဟုတ်ဘူးလေ " ဖေ့ချန်က သူ့အကြံအောင်မြင်လို့ ပျော်နေတဲ့အပြုံးကြီးနဲ့ ပြောနေတယ်။ " တကယ်တော့ ကိုယ်က ကိုယ်ပြောခဲ့ဖူးသလောက် အသုံးမကျတာတော့ မဟုတ်ပါဘူး "

" ခင်ဗျား..." နန်ဟွိုင်လင် အကျပ်ရိုက်သွားရတယ်။

" ကိုယ်ပါ 'ခင်ဗျား' မဟုတ်ဘူး " ဖေ့ချန်က သူ့ကို ဆွဲခေါ်လာပြီးတော့ ထိုင်ခုံပေါ်ထိုင်စေကာ သူကတော့ မျက်နှာချင်းက ထိုင်ခုံပေါ်မှာ သွားထိုင်နေတယ်။ " မင်း ဗိုက်မဆာဘူးလား? လုပ်..စစားတော့။ ဒါ ကိုယ်ရဲ့ အကောင်းဆုံးကြက်ဥခေါက်ဆွဲ။ မြည့်ကြည့်.."

ဖေ့ချန်က သူ့ကို မျှော်လင့်တကြီး ကြည့်နေတာကြောင့် နန်ဟွိုင်လင် တူကို ကောက်ကိုင်လိုက်တယ်။

သူ့ပါးစပ်ထဲကို ခေါက်ဆွဲတွေ ဝင်သွား သွားချင်းပဲ ဖေ့ချန်က မေးလာတယ်။ " ဘယ်လိုလဲ? "

" အရသာရှိတယ် " နန်ဟွိုင်က သူ့ရဲ့ခေါင်းကို ငုံ့ထားပြီးတော့ ပြောနေတယ်။ " ကျတော် စားဖူးသမျှထဲမှာ အကောင်းဆုံးကြက်ဥခေါက်ဆွဲပဲ "

" ဒါတော့ နဲနဲလွန်မသွားဘူးလား? " ဖေ့ချန်ရယ်လိုက်မိရင်း ပြောလိုက်တယ်။

မော့ကြည့်လာတဲ့ နန်ဟွိုင်လင်ရဲ့ မျက်ဝန်းတွေက အရည်တစ်ချို့နဲ့ ရစ်သိုင်းနေသလိုပဲ။

" ကျတော့် မိဘတွေကလွဲရင် ကျတော့်အတွက်ရည်ရွယ်ပြီး ချက်ပေးဖူးတာ ကမ္ဘာပေါ်မှာ ခင်ဗျားက ပထဦးဆုံးပဲ.."

" မင်းရဲ့ ပထမဦးဆုံးဖြစ်ရတာ ကိုယ် ဝမ်းသာပါတယ် " ဖေ့ချန်က ပြုံးနေဆဲပဲ။ " မင်းကြိုက်တယ်ဆိုရင် ကိုယ် ခနခနလုပ်ကျွေးမှာပေါ့ "

နန်ဟွိုင်လင် ခေါင်းရမ်းလိုက်ပြီး " မဟုတ်တာ တစ်ခါဆိုရင်ပဲ လုံလောက်ပါပြီ "

နန်ဟွိုင်လင်က ခေါင်းငုံ့ကာ ခေါက်ဆွဲဆက်စားနေပြီး ဘာမှ မပြောတော့ဘူး။

ဖေ့ချန်ကလည်း တိတ်ဆိတ်စွာ သူစားတာကို ထိုင်ကြည့်နေတယ်။

ခေါက်ဆွဲတစ်ပန်းကန်လုံး သောက်ပြီးသွားတော့ သူ့ရဲ့ အစာအိမ်က တော်တော်လေး ပြည့်သွားတယ်လို့ နန်ဟွိုင်လင် ခံစားရတယ်။ နွေးနွေးလေးနဲ့ သက်တောင့်သက်သာလည်းရှိနေတယ်။

" မင်း စားလို့ ဝရဲ့လား? "

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်ပြီး "အင်း..ဝတယ်။ ကျတော် ပန်းကန်ဆေးလိုက်ဦးမယ်။ ခင်ဗျားသွားအိပ်တော့ "

" ကိုယ် အခု မအိပ်ချင်ဘူး "

နန်ဟွိုင်လင် ဘေစင်ရဲ့ရှေ့မှာ ရပ်ပြီး ပန်းကန်ဆေးနေရင်း ရုတ်တရက် သူ တစ်ခုပြောဖို့ သတိရသွားတယ်။ နန်ဟွိုင်လင် နောက်လှည့်လိုက်ပြီး " ကျတော် သဘက်ခါကျရင် ရုပ်ရှင်ရိုက်ဖို့ စရတော့မှာ။ မဟုတ်...ဟိုဟာ..မနက်ဖြန် ကျတော် Hengdianကို သွားဖို့ လေယာဥ်စီးရတော့မှာ။ ကျတော် အဲ့မှာ သုံးလလောက်တော့ နေရလိမ့်မယ် ထင်တယ် "

" အို့ " ရုတ်တရက် ဖေ့ချန်ရဲ့ရင်ထဲက တစ်ခုခုပြုတ်ကျပြီး လစ်ဟာသွားသလိုပဲ။ " ကိုယ် သိပြီ "

" ခင်ဗျား ဘာလို့ အိမ်ထိန်းတသ်ယောက် မငှားမှာလဲ...ချက်ပြုတ်ဖို့၊ ခင်ဗျားအတွက် သန့်ရှင်းရေးလုပ်ပေးဖို့ ဒါမှမဟုတ် တခြားတစ်ခုခုပေါ့ "

" ရပါတယ်။ ကိုယ်က ကိုယ်ဘာသာ စောင့်ရှောက်နိုင်ပါတယ်....ရိုက်ကွင်းမှာ အကောင်းဆုံးလုပ်ခဲ့။ ကိုယ့်အတွက် စိတ်မပူနဲ့။ ကိုယ် အားရင် မင်းရှိတဲ့ Hengdianကို လာလည်မယ် "

" မလာနဲ့...လူတွေ အထင်လွဲလိမ့်မယ် "

" အထင်လွဲမယ်..ဘာကိုလဲ?...အထင်လွဲမှာက မင်းက ကိုယ့်ရဲ့ ရှုးဂါးဘေဘီလို့လား? "

" အခုခတ်က လူတွေက သူတို့ရဲ့ ပြင်းထန်တဲ့ မနာလိုစိတ်တွေနဲ့ တခြားသူအပေါ် ပစ်ပစ်နှစ်နှစ်ထင်ကြေးပေးဖို့ ကြောက်ရွံကြတာမဟုတ်ဘူး..ဖေ့ချန်..။ အထူးသဖြင့် အနုပညာလောကက လူတွေအတွက် သူတို့ရဲ့ စကားတွေက ပိုပြီး အန္တရာယ်ဖြစ်စေတယ် "

ဖေ့ချန်က ခေါင်းပဲ ညိမ့်ပြပြီး ဘာမှ ထပ်မပြောဘူး။

နန်ဟွိုင်လင် ပန်းကန်တွေကို မြန်မြန်ဆေးပြီး ပြောလိုက်တယ်။ " သွားအိပ်ချည်တော့ "

" အမ်.." ဖေ့ချန်က မတ်တပ်ထရပ်ပြီး " မနက်ဖြန်မနက် ကိုယ့်အတွက် မနက်စာလုပ်ပေးဖို့ မထတော့နဲ့။ ကိုယ် အပြင်မှာပဲ စားလိုက်တော့မယ် "

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်တယ်။ " အိုကေ"

ဖေ့ချန်က သူ့ရဲ့ နုညံ့တဲ့ဆံပင်တွေကို ဆွဲဖွပြီး ပြုံးနေရင်း နှုတ်ဆက်လာတယ်။ " ဂွတ်နိုက် "

" ဂွတ်နိုက်..အိပ်မက်လှလှ မက်ပါစေ "

ဖေ့ချန် သူ့အခန်းဆီကို လမ်းလျှောက်နေရင်း ရုတ်တရက် နန်ဟွိုင်လင်ရဲ့ အော်သံကိုကြားလိုက်ရတယ်။

" ဖေ့ချန် "

ဖေ့ချန် နောက်လှည့်ကြည့်လိုက်တယ်။ " ဟမ် ?"

နန်ဟွိုင်လင်က သူ့ကို ကြည့်နေပြီး ဘာကိုမှ မကွယ်ဝှက်ပဲ ပြောနေတယ်။

" ကျေးဇူးပါ "

ဖေ့ချန်က ပြုံးသွားပြီး " ကိုယ့်ကို ကျေးဇူးတင်တာလား ဘာအတွက်လဲ? "

" အရာအားလုံးအတွက်...ကျေးဇူးပါ။ ကျတော် ခင်ဗျားနဲ့ ဆုံပြီးနောက်ပိုင်း ကျတော့်ဘဝကြီးက ချက်ချင်းကြီး ပြောင်းလဲလာတာ..ခင်ဗျားက ကျတော့်ရဲ့ ကံကောင်းစေတဲ့ ကြယ်လေးပါ "

ဖေ့ချန်က ပြုံးနေတုန်းပဲ။ " ဂုဏ်ယူစရာပဲ "

နန်ဟွိုင်လင်လည်း ပြန်ပြုံးပြကာ သူ့ရဲ့ အခန်းဆီကို လှည့်ကာ ထွက်ခဲ့လိုက်တယ်။

___________

5. 8. 22 (Fri)

TN/ surprise new Chapter! hehe😁

ဖေ့ချန် : မင်း မထလာရင် ကိုယ်မင်းကို အင်္ကျီချွတ်တော့ မှာနော်?

နန်နန် : .......

ဖေ့ချန် : " နန်ဟွိုင်လင်? "

" 'လင်'ပေါက်စလေး? "

" နန်နန်? "

" မိန်းမ? "

" အချစ်? "

" ဘေဘီ? "
 
" ကိုယ် တစ်ကယ်လုပ်မှာနော် "

" နမ်းရော နမ်းမှာနော် "

နန်နန် : .........

Mizzle နှင့် ဒါဒါများ : ဟိုက အရက်မူးပြီး မှောက်နေတာလေ...ဘယ်လိုလုပ် စကားပြောနိုင်မှာလဲ?

_________

Zawgyi

မိတ္ကပ္ျပင္ရတာ တစ္နာရီေက်ာ္ေက်ာ္ၾကာၿပီး ဓာတ္ပံုရိုက္ရတာက အဲ့ဒီထက္ေတာင္ ပိုၿပီး ၾကာေသးတယ္။ ေနာက္ဆံုး အဓိက ဇာတ္ေကာင္ေတြအကုန္လံုး ဓာတ္ပံုရိုက္လို႔ၿပီးသြားေတာ့ အခ်ိန္က ညေန7နာရီေတာင္ ေက်ာ္ၿပီးသြားၿပီ။

နန္ဟြိုင္လင္ မနက္စာလည္း မစားခဲ့ရဘူး။ ၿပီးေတာ့ ရွန္ခ်ဳန္းနဲ႔အတူတူစားတဲ့ ေန့လည္စာကလည္း ေသေလာက္ေအာင္ေစ်းႀကီးတယ္။ ျပင္သစ္အစားအစာက သိပ္ၿပီးေတာ့ သူ႔ရဲ့ဗိုက္ကို ျဖည္းတင္းမေပးလိုက္ေတာ့ အဒီအခ်ိန္ထဲက သူ႔ရဲ့အစာအိမ္က ျပန္ဆာေနတာ။ သူတို႔ရုပ္ရွင္အဖြဲ႔က အဝစားဘူေဖးစားေသာက္ဆိုင္ႀကီးကို ေရာက္ေတာ့ နန္ဟြိုင္လင္ရဲ့မ်က္လံုးထဲမွာအစားအေသာက္ကလြဲၿပီး ဘာမွမျမင္ေတာ့ဘူး။

စားေသာက္ဆိုင္က 'ၾကယ္ႏိုင္ငံ'က တာဝန္ရိွတဲ့သူေတြ၊ အလုပ္လုပ္တဲ့သူေတြနဲ႔ အျပည့္ပဲ။ လူေတြအကုန္လံုးက လြတ္လြတ္လပ္လပ္နဲ႔ စားပြဲဝိုင္းေတြကို မ်ွထိုင္ေနၿပီး နန္ဟြိုင္လင္ကလည္း သူ မသိတဲ့လူေတြနဲ႔ စားပြဲတစ္ဝိုင္းမွာ ထိုင္ေနတယ္။

လူေတြက သူတို႔ရဲ့ဆာေလာင္ေနတဲ့ ဗိုက္ေတြကို ျဖည့္သင့္သေလာက္ျဖည့္ၿပီး အီလည္လည္ျဖစ္သြားေတာ့ အလိုအေလ်ာက္ပဲ ဝိုင္ေသာက္တာက အဓိကက်တဲ့အပိုင္းကို ေရာက္ရိွလာတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အရက္ခြက္ခ်င္းတိုက္ၿပီး ဆုေတာင္းေပးရင္း လူအမ်ားၾကားက ရင္းႏွီးမႈေလထုက လ်င္ျမန္စြာ ေနြးေထြးလာတယ္။

နန္ဟြိုင္လင္က ေသာက္ရတာကို မႀကိဳက္ဘူး။ ဒါေပမယ့္ အျခားသူေတြက သူ႔ကိုခြက္ေျမာက္ၿပီး ဆုေတာင္းေပးၾကေတာ့ သူက ထပ္ျငင္းေနလို႔ မေကာင္းေတာ့ဘူး။ အဲ့တာနဲ႔ပဲ သူတို႔ငွဲ႔ေပးတဲ့ ဘီယာႏွစ္ခြက္ရယ္၊ လည္ေခ်ာင္းတစ္ေလ်ွာက္ကို စပ္ၿပီးေတာ့ ဝင္သြားတဲ့ ဝိုင္အျဖဴတစ္ခြက္ရယ္ သူေသာက္မိသြားတယ္။ ခနၾကာေတာ့ နန္ဟြိုင္လင္ တစ္ျဖည္းျဖည္းနဲ႔ မူးေဝလာတာကို ခံစားေနရၿပီး အထူးသျဖင့္ ေအာ့အန္ခ်င္စိတ္ေတြက ျပင္းထန္လာတာေၾကာင့္ အစားစားေနတာကို အတက္ႏိုင္ဆံုးျမန္ျမန္ရပ္တန္႔ပစ္လိုက္တယ္။ ဘာျဖစ္လို႔လဲ မသိဘူး...အရသာရိွၿပီးစားလို႔ေကာင္းတဲ့အစာေတြက ရုတ္တရက္ႀကီး ၿမိဳခ်ရခက္ေနတယ္။ ေနာက္ဆံုးေတာ့ နန္ဟြိုင္လင္ ဘယ္လိုမွ ေတာင့္မခံႏိုင္ေတာ့ဘဲ သန္႔စင္ခန္းကို ထြက္လာကာ တျခားဘာမွ မက်န္ေတာ့တဲ့အထိ အန္ခ်လိုက္တယ္။ သူ႔ရဲ့မ်က္ႏွာမွာလည္း မ်က္ရည္ေတြႏွာရည္ေတြ ရြဲစိုေနတယ္။ သူ လံုးဝ ေနလို႔ထိုင္လို႔ မေကာင္းေတာ့ဘူး။

နန္ဟြိုင္လင္ အန္ၿပီးသြားေတာ့ မ်က္ႏွာႏွင့္ ပါးစပ္ေတြကို ေသခ်ာေဆးေၾကာၿပီး စားေသာက္ေနတဲ့ေနရာဆီကို ျပန္ထြက္ခဲ့လိုက္တယ္။ ဒါေပမယ့္ အခုထက္ထိ ခြက္ခ်င္းေျမာက္ၿပီး ဆုေတာင္းတာက မၿပီးေသးေတာ့ သူ ေနာက္ထပ္ႏွစ္ခြက္ထပ္ေသာက္လိုက္ရတယ္။ ထို႔ေနာက္ နန္ဟြိုင္လင္ လံုးဝကို ရပ္တန္႔ကာ စားပြဲေပၚမွာ ေမွာက္ခ်လိုက္တယ္။ သူ႔ကိုယ္သူ ႏိုးထေအာင္လုပ္ဖို႔ ဘယ္လိုမွ ဟန္ေဆာင္ပန္ေဆာင္ေတာင္ မစြမ္းေဆာင္ႏိုင္ေတာ့ဘူး။

ရွန္ခ်ဳန္း မိန္ထ်န္းက်ူကိုေခၚကာ နန္ဟြိုင္လင္ကို ႏွစ္ေယာက္တြဲေခၚၿပီး ကားထဲပို႔လိုက္တယ္။

ရွန္ခ်ဳန္း, "သူ ဘယ္မွာေနလဲဆိုတာ မင္းသိလား? "

"သူ Dong Fangအိမ္ယာမွာ ေနတာပဲ သိတယ္ "

" ဒါဆို သူ႔ကို အဲ့နားမွာပဲ ခ်ေပးလိုက္။ သူ႔ကိုေခၚဖို႔ လူတစ္ေယာက္လာလိမ့္မယ္ "

မိန္ထ်န္းက်ူ ကားေမာင္းၿပီးဟထြက္သြားေတာ့ ရွန္ခ်ဳန္း ေဖ့ခ်န္ကို ဖုန္းဆက္လိုက္တယ္။

" မင္းရဲ့ 'လင္'ေပါက္စေလးက မူးသြားလို႔ ငါ သူ႔လက္ေထာက္ကို ျပန္ေခၚသြားေပးဖို႔ ေျပာလိုက္တယ္။ ခနေနရင္ မင္း သူ႔ကို ဆင္းေခၚလိုက္ၪီး "

" ဖာ့ခ္..မင္း သူ႔ကို ဘာလို႔ မၾကည့္ထားတာလဲ? " ေဖ့ခ်န္ရဲ့ ေဒါသေတြက အလိပ္လိုက္အလိပ္လိုက္ထြက္ေနတယ္။

" သူက အူအရိုင္းေလးဆိုတာ ငါ မသိလိုက္လို႔ " ရွန္းခ်ဳန္းက ၿပံဳးေနရင္း " ဒါေပမယ့္ သူအခု အရက္မူးသြားတာဆိုေတာ့ မင္းသူ႔ကို တစ္ခုခုလုပ္လို႔ရတယ္ေနာ္ "

" ငါလိုးပဲ! " ေဖ့ခ်န္ ဆဲၿပီး ဖုန္းခ်ပစ္လိုက္တယ္။

မိန္ထ်န္းက်ူ ကားေမာင္းေနတုန္း ရုတ္တရက္ နန္ဟြိုင္လင္ရဲ့ ဖုန္းက ျမည္လာတယ္။ အဲ့တာက ဆက္တိုက္ပဲ ျမည္ေနတာေၾကာင့္ သူမ ဖုန္းကို ဆြဲထုတ္ယူလိုက္တယ္။

မွတ္ထားတဲ့ နာမည္က Mr.ယုန္ တဲ့။

အဲ့ဒီလူက နန္ဟြိုင္လင္နဲ႔ တိုက္ခန္းတစ္ခုတည္းမွာ မ်ွေနတဲ့အခန္းေဖာ္ဆိုတာကို...ေျပာျပဖူးတာ သူမ သတိရသြားတယ္။

" ဟယ္လို " မိန္ထ်န္းက်ူး ျပန္ေျဖလိုက္တယ္။

" မင္း ဘယ္မွာလဲ? " တစ္ျခားတစ္ဖက္က လူက တိုက္ရိုက္ပဲ ေမးလာတယ္။

" က်မ Guomaoနားမွာ ေရာက္ေနတာပါ" တျခား တစ္ဖက္ကလူရဲ့အသံကို ရင္းႏွီးေနတယ္လို႔ သူမ ဝိုးတဝါးခံစားေနရတယ္။ " က်မ Dong Fangအိမ္ယာကို 10မိနစ္အတြင္းေရာက္ပါတယ္ "

" 10မိနစ္ေနရင္ သူ႔ကို လာေခၚလိုက္မယ္" ေျပာၿပီးၿပီးခ်င္း ေဖ့ခ်န္က ဖုန္းခ်သြားတယ္။

10မိနစ္ၾကာၿပီးေနာက္ မိန္ထ်န္က်ူးက Dong Fangအိမ္ယာကိုေရာက္လာၿပီး အခ်ိန္ကိုက္ပဲ Mr.ယုန္ရဲ့ဖုန္းကလည္း ျမည္လာတယ္။ ဖုန္းထဲက တစ္ဖက္လူရဲ့ေျပာၾကားခ်က္အရ သူမ သူ႔ရဲ့တည္ေနရာကို ရွာေတြ့လိုက္တယ္။ မိန္ထ်န္းက်ူ ပလက္ေဖာင္းေပၚမွာ မက္တပ္ရပ္ေနတဲ့ Mr.ယုန္ကို ေတြ့လိုက္ေတာ့ ရုတ္တရက္ႀကီး အသက္ရႈရပ္သြားသလိုပဲ။ နန္ဟြိုင္လင္ကို အသားကင္စက္ေပၚ ပစ္တင္ေပးခ်င္လိုက္တာ။ ဘာကိစၥ ဒီလို အရပ္ရွည္၊ ေျခတံရွည္ႏွင့္ ေစာက္ရမ္းေခ်ာတဲ့ မင္းရိွမီဒီယာက အရည္အခ်င္းျပည့္ဝတဲ့ ဒါရိုက္တာကို 'Mr.ယုန္'လို႔ နာမည္ေပးထားတာလဲ? တစ္ခ်ိဳ႕ႀကီးမားတဲ့ လ်ိဳ႕ဝွက္ခ်က္ႀကီးကို သူမ ရွာေတြ့သြားတာမ်ား...လား...

မိန္ထ်န္းက်ူ ကားရပ္ကာ ေအာက္ကိုဆင္းၿပီး ႏႈတ္ဆက္မႈျပဳလိုက္တယ္။

"ဟယ္ လို ...ေဖ့..ခ်န္..!"

သူမ ေၾကာက္ရြံေနတာေၾကာင့္ စကားေတြ ထစ္ကုန္တယ္။

ေဖ့ခ်န္က သူမကို ေခါင္းညိမ့္ျပၿပီး နန္ဟြိုင္လင္ရိွတဲ့ ကားျပတင္းေပါက္ဆီကို တန္းၿပီးေလ်ွာက္သြားတယ္။ ေဖ့ခ်န္က တံခါးကိုဆြဲဖြင့္ၿပီး ပတ္ထားတဲ့ထိုင္ခံုခါးပတ္ကိုျဖည္ကာ သတိမကပ္ေနတဲ့ နန္ဟြိုင္လင္ကို သယ္လာတယ္။

" မင္းရဲ့ အလုပ္ႀကီဳးစားမႈအတြက္ ေက်းဇူး " ေဖ့ခ်န္က သူမကိုေျပာလာၿပီး သူ႔လက္ထဲကလူကိုသယ္ကာ အေဝးကိုထြက္သြားတယ္။

တေျဖးေျဖးေဝးကြာသြားတဲ့ ေဖ့ခ်န္ရဲ့ ေနာက္ေက်ာျပင္ကို ၾကည့္ၿပီး မိန္ထ်န္းက်ူ ေတြေဝမႈေတြနဲ႔ က်န္ေနခဲ့တယ္။

" နန္ဟြိုင္လင္? "

" 'လင္'ေပါက္စေလး? "

" နန္နန္? "

" မိန္းမ? "

" အခ်စ္? "

" ေဘဘီ? "

" မင္းမထဘူးဆိုရင္ ကိုယ္မင္းကို နမ္းေတာ့မွာေနာ္, ဟမ္? "

နန္ဟြိုင္လင္က လံုးဝကို တံု႔ျပန္မလာဘူး။ သူ႔ရဲ့လက္ေမာင္းေတြထဲမွာ မွီၿပီးအိပ္ေနတာ အသံေလးေတြေတာင္ ထြက္ေနေသးတယ္။

အရက္နံ႔ကလည္း သိပ္မရဘဲနဲ႔ သူ ဘယ္လိုလုပ္မ်ား မူးသြားရတာလဲ?

သူ႔ရဲ့အရက္ေသာက္ႏိုင္စြမ္းက ေတာ္ေတာ္ကိုဆိုးတာပဲ။

ခ်စ္စရာေလး..

ေဖ့ခ်န္ ကိုယ့္ဘာကိုယ္ေတာင္ ျပန္ရယ္မိသြားတယ္။ သူ႔ၪီးေနွာက္က နည္းနည္းထိခိုက္သြားတာထင္တယ္။ အဲ့လိုမဟုတ္ရင္ ဘာလို႔ နန္ဟြိုင္လင္ရဲ့ အရာရာတိုင္းက ခ်စ္ဖို႔ေကာင္းေနတယ္လို႔ပဲ သူျမင္ေနရတာလဲ? ေျမေအာက္ရထားေပၚမွာ သူ ငိုေနတုန္းကလည္း ခ်စ္ဖို႔ေကာင္းတယ္။ Pure Kမွာ စားပြဲထိုးလုပ္ေနတဲ့အခ်ိန္ သူ႔ကို ဖုန္းထဲမွာ လိမ္တာလည္း ခ်စ္ဖို႔ေကာင္းတယ္။ သူ႔ရဲ့လက္ေမာင္းေတြထဲကို ေခ်ာ္လဲက်လာတာလည္း ခ်စ္ဖို႔ေကာင္းတယ္။ သူ စိတ္တိုေနတဲ့အခ်ိန္လည္း ခ်စ္ဖို႔ေကာင္းတယ္။ သူ သူ႔ကို နမ္းတုန္းကလည္း ခ်စ္ဖို႔ေကာင္းတယ္။ သူ႔အကို လာမယ္လဲၾကားေရာ ေၾကာက္အားလန္႔အားနဲ႔ ေရွာင္ေျပးတာလဲ ခ်စ္ဖို႔ေကာင္းတယ္။ သူ႔ကို လာဘ္ထိုးဖို႔ လုပ္တုန္းကလည္း ခ်စ္ဖို႔ေကာင္းတယ္။ အခု အရက္မူးေနတဲ့ပံုစံေလးကလည္းပဲ အရမ္း ခ်စ္ဖို႔ေကာင္းတယ္။

အတိုခ်ံဳးၿပီး ေျပာရရင္ နန္ဟြိုင္လင္ရဲ့ အျပဳအမူတိုင္းက ခ်စ္ဖို႔ေကာင္းတယ္ဆိုတာကိုသူ ပူေလာင္စြာပဲ သိေနတယ္။

ဒါမွမဟုတ္ ဒါက 'လွလို႔ခ်စ္တာမဟုတ္၊ ခ်စ္လို႔လွတာ' လည္း ျဖစ္ခ်င္ျဖစ္ေလာက္တယ္။

အဲ့တာအျပင္ နန္ဟြိုင္လင္ရဲ့ေက်ာ္ၾကားမႈက သူနဲ႔ယွဥ္ရင္ မျမင့္ဘူး။ ဒါေပမယ့္ သူ နန္ဟြိုင္လင္ကို ေစာက္ရမ္းစိတ္ဝင္စားတယ္။ ၾကည့္ရတာကေတာ့ သူ ခရီးေပါက္ဖို႔ ေတာ္ေတာ္ေလး ေလ်ွာက္ရၪီးမယ္ထင္ပါတယ္။

ဒီေန့ ေန့လည္မွာ ရွန္ခ်ဳန္းက သူ႔ကို ဖုန္းေခၚၿပီး နန္ဟြိုင္လင္ရဲ့ ဝန္ခံခ်က္ကို ေျပာျပခဲ့တယ္။ " နန္ဟြိုင္လင္က သူ႔အေပၚမွာ ဘယ္လို ခံစားခ်က္မွ မရိွဘူး။ အခုေရာ...အနာဂတ္မွာေရာ.." ဒီအေၾကာင္းအရာႀကီးေၾကာင့္ သူ အခုထိ စိတ္ဓာတ္က်ေနတုန္းပဲ။

ဒါေပမယ့္လည္း သူ အျပည့္အဝနားလည္ ပါတယ္။ နန္ဟြိုင္လင္က သူ႔ရဲ့ အခ်စ္ၪီးနဲ႔ 7ႏွစ္ၾကာတဲ့ ဆက္ဆံေရးကို ျဖတ္ေတာက္ထားခါစဆိုေတာ့ အဲ့ဒီဒဏ္ရာေတြကို ျပန္ကုသဖို႔ ေသခ်ာေပါက္လြယ္မွာ မဟုတ္ဘူး။

သူ အခု လုပ္ႏိုင္တာက ရိုးရိုးေလးပဲ။ သူ႔ကို တက္ႏိုင္သေလာက္ အလိုလိုက္ေပးမယ္။ အဲ့လိုအလိုလိုက္ေပးရင္း တစ္ေန့ၾကရင္ နန္ဟြိုင္လင္က သူ႔အေပၚအေကာင္းျမင္လာလိမ့္မယ္။ ဒါဆိုရင္ သူ႔အေၾကာင္းကို ေတြးမိသြားမွာပဲ။

ေဖ့ခ်န္ အခုမွပဲ ကိုယ့္ကိုကိုယ္ယံုၾကည္မႈေတြ ရိွသြားတယ္။

အိမ္ျပန္ေရာက္ေတာ့ နန္ဟြိုင္လက္ကို ခုတင္ေပၚ ဂရုတစိုက္ခ်လိုက္ၿပီး ပါးကို သာသာေလးပုတ္ႏိုးလိုက္တယ္။

" ထ "

နန္ဟြိုင္လင္က 'အင့္'ခနဲ ညည္းၫူသြားေပမယ့္ ထ မလာဘူး။

ေဖ့ခ်န္ ၿပံဳးလိုက္ကာ " ကိုယ္ မင္းကို အက်ႌခြၽတ္ေပးေတာ့မွာေနာ္..."

နန္ဟြိုင္လင္က ျငင္းဆန္မလာဘူး။

ေဖ့ခ်န္ နန္ဟြိုင္လင္ရဲ့ အဝတ္ေတြကို စခြၽတ္ဖို႔ လုပ္လိုက္တယ္။ အဝတ္ေတြကို အတက္ႏိုင္ဆံုး ျမန္ျမန္ခြၽတ္ေပးေနရင္း လက္ေတြနဲ႔ေတာ့ တို႔ဖူးေလးကို စားဖို႔မကိုင္ရဲေပမယ့္ မ်က္လံုးနဲ႔ၾကည့္ၿပီး အဲ့ဒီအေပၚမွာ အသားယူလိုက္ေသးတယ္။ နန္ဟြိုင္လင္ ဝတ္ေနၾက ေဘာင္းဘီတိုႏွင့္ တီရွပ္ကိုေတြ့ေတာ့ ေဖ့ခ်န္ အခန္းထဲက ထြက္မသြားခင္ ျပန္ဝတ္ေပးလိုက္တယ္။

ေဖ့ခ်န္ မီးဖိုေခ်ာင္ကိုသြားကာ ပ်ားရည္တစ္ခြက္ေဖ်ာ္ၿပီး နန္ဟြိုင္လင္ကို တိုက္လိုက္တယ္။ ထို႔ေနာက္ ေရခ်ိဳးခန္းကို သြားကာ ခပ္ေနြးေနြး တာဝါတစ္ခုကို ေရၫွစ္ၿပီး သူ႔ရဲ့မ်က္ႏွာႏွင့္လက္ေမာင္းေတြကို ေရတပတ္တိုက္ေပးလိုက္တယ္။

ဒါေတြလုပ္ၿပီးေတာ့ ေဖ့ခ်န္ သူ႔အတြက္ တျခားဘာလုပ္ေပးရမလဲစဥ္းစားလို႔ မရတာေၾကာင့္ ခုတင္ရဲ့အစြမ္းမွာထိုင္ကာ နန္ဟြိုင္လင္ကို စိုက္ၾကည့္ေနမိတယ္။ ခနၾကာေတာ့ အိပ္ေနတဲ့သူႏွင့္မ်က္ႏွာခ်င္းဆိုင္ၿပီး သူ႔ရဲ့ေဘးမွာ ဝင္လွဲလိုက္တယ္။ အရမ္းနီးကပ္ေနတာေၾကာင့္ သူ႔ရဲ့မ်က္ေတာင္ေမႊးတစ္ေခ်ာင္းခ်င္းဆီကိုေတာင္ ေရတြက္လို႔ရတယ္။

ေဖ့ခ်န္ ေရတြက္ၾကည့္ေတာ့ ဘယ္ဘက္မ်က္လံုးမွာ မ်က္ေတာင္ေမႊး 174ေခ်ာင္း...ညာဘက္မွာက 188ေခ်ာင္း..

ရုတ္တရက္ နန္ဟြိုင္လင္က သူ႔ရဲ့ခႏၶာကိုယ္ကို လိွမ့္ကာ ေဖ့ခ်န္ရဲ့ လက္ေမာင္းၾကားထဲကို တိုးဝင္လာတယ္။

ဒီအေနအထားက အရမ္းကို နီးကပ္လြန္းၿပီးေတာ့ အႏၲရာယ္မ်ားတယ္။ ေဖ့ခ်န္ သူ႔ေခါင္းထဲက ကေမာက္ကမအေတြးေတြနဲ႔ သူ ဆိုးဆိုးရြားရြားတစ္ခုခု က်ူးလြန္မိမွာ ေၾကာက္ရြံသြားၿပီး နန္ဟြိုင္လင္ရဲ့ ခါးေပၚက သူ႔ရဲ့လက္ေတြကို ဆြဲဖယ္လိုက္တယ္။ ထို႔ေနာက္ ခုတင္ေပၚကေန ဂရုတစိုက္ထကာ မီးပိတ္ေပးလိုက္တယ္။

နန္ဟြိုင္လင္ ဗိုက္အရမ္းဆာတာေၾကာင့္ အိပ္ယာကေန ႏိုးလာတယ္။

ေဘးနားက အရာအားလံုးက မဲေမွာင္ေနေတာ့ ဘာမွကို မျမင္ရဘူး။ မီးဖြင့္ဖို႔ ဟိုစမ္းဒီစမ္းလုပ္ေနရင္းနဲ႔ ဒါက သူ႔အခန္းဆိုတာ သိသြားတယ္။ သူ ေတာ္ေတာ္ အသိလြတ္သြားတာပဲ။ စားေသာက္ဆိုင္ကေန အိမ္ကို ဘယ္လိုျပန္ေရာက္လဲဆိုတာေတာင္ မမွတ္မိေတာ့ဘူး။ ေအာက္ငံု႔ၾကည့္လိုက္ေတာ့ အဝတ္ေတြလည္း လဲထားတာပဲ။ ေသခ်ာေပါက္ ေဖ့ခ်န္လုပ္ေပးတာပဲ ေနမွာ..

ဖုန္းကိုဆြဲယူၿပီး ၾကည့္လိုက္ေတာ့ မနက္ 2နာရီႏွင့္ 28မိနစ္။ သူ တစ္ခုခုထြက္မစားခင္ ေရ အရင္ခ်ိဳးဖို႔ ဆံုးျဖတ္လိုက္တယ္။ အခု သူ႔ကိုယ္က ေစးကပ္ကပ္နဲ႔ ေနလို႔သိပ္မေကာင္းဘူး။

နန္ဟြိုင္လင္ အခန္းတံခါးဖြင့္ၿပီး အျပင္ထြက္လာေတာ့ ဧည့္ခန္းမီးက လင္းေနၿပီး ဆိုဖာေပၚမွာ ေဖ့ခ်န္က ေကြးေကြးေလး အိပ္ေပ်ာ္ေနတယ္။

နန္ဟြိုင္လင္ ကိုယ္ကိုငံု႔ၿပီး ေဖ့ခ်န္ကို ႏိုးလိုက္တယ္။ " ခင္ဗ်ား ဘာလို႔ ဒီမွာအိပ္ေနတာလဲ? ထ...ကိုယ့္အခန္းကို သြားျပန္အိပ္ေလ "

" မင္းႏိုးလာၿပီလား? " ေဖ့ခ်န္က ထထိုင္ၿပီး အာ,သန္းေနတယ္။ "ဘယ္အခ်ိန္ရိွၿပီလဲ အခု? "

" 2နာရီ 30။ သြားအိပ္ေတာ့...မနက္ျဖန္ အလုပ္သြားဖို႔ ေစာေစာထရၪီးမွာကို "

" မင္း ဗိုက္ဆာလို႔လား? "

" နည္းနည္းပါ...ေရအရင္ခ်ိဳးၿပီးမွ တစ္ခုခုစားဖို႔လုပ္မွာ "

" အဲ့တာဆို အခု ေရသြားခ်ိဳးလိုက္ "

မိနစ္ 20ၾကာၿပီးေနာက္ နန္ဟြိုင္လင္ ေရခ်ိဳးခန္းထဲကေန ေခါင္းေလ်ွာ္ၿပီး ထြက္လာလိုက္တယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ေလထဲက သင္းပ်ံ့တဲ့ အေစားအေသာက္နံ႔ကို ရလိုက္တယ္။

ေဖ့ခ်န္မ်ား တစ္ခုခုခ်က္ေနတာလား?

အဲ့အေၾကာင္းေတြးရင္းနဲ႔ နန္ဟြိုင္လင္ အေျပးတပိုင္း လမ္းေလ်ွာက္သြားေတာ့ ထမင္းစားခန္းထဲက စားပြဲေပၚမွာ ေဖ့ခ်န္က ေခါက္ဆြဲျပဳတ္ပန္းကန္တင္ေနတာကို ေတြ့လိုက္ရတယ္။

" အခ်ိန္ကိုက္ပဲ " ေဖ့ခ်န္က ၿပံဳးေနၿပီး " လာ..စား "

နန္ဟြိုင္လင္ သူ႔ကို အမူအရာမဲ့စြာၾကည့္ေနမိတယ္။ " ခင္ဗ်ား အိမ္အလုပ္ေတြ မလုပ္တက္လို႔ ကိုယ့္ဘာကိုယ္ မေစာင့္ေရွာက္ႏိုင္ဘူးလို႔ ေျပာခဲ့တာ မဟုတ္ဘူးလား? "

" ကိုယ္ အဲ့လိုမေျပာရင္ မင္းက ကိုယ္နဲ႔ ေနဖို႔ ေရြ့လာေတာ့မွာ မဟုတ္ဘူးေလ " ေဖ့ခ်န္က သူ႔အႀကံေအာင္ျမင္လို႔ ေပ်ာ္ေနတဲ့အၿပံဳးႀကီးနဲ႔ ေျပာေနတယ္။ " တကယ္ေတာ့ ကိုယ္က ကိုယ္ေျပာခဲ့ဖူးသေလာက္ အသံုးမက်တာေတာ့ မဟုတ္ပါဘူး "

" ခင္ဗ်ား..." နန္ဟြိုင္လင္ အက်ပ္ရိုက္သြားရတယ္။

" ကိုယ္ပါ 'ခင္ဗ်ား' မဟုတ္ဘူး " ေဖ့ခ်န္က သူ႔ကို ဆြဲေခၚလာၿပီးေတာ့ ထိုင္ခံုေပၚထိုင္ေစကာ သူကေတာ့ မ်က္ႏွာခ်င္းက ထိုင္ခံုေပၚမွာ သြားထိုင္ေနတယ္။ " မင္း ဗိုက္မဆာဘူးလား? လုပ္..စစားေတာ့။ ဒါ ကိုယ္ရဲ့ အေကာင္းဆံုးၾကက္ဥေခါက္ဆြဲ။ ျမည့္ၾကည့္.."

ေဖ့ခ်န္က သူ႔ကို ေမ်ွာ္လင့္တႀကီး ၾကည့္ေနတာေၾကာင့္ နန္ဟြိုင္လင္ တူကို ေကာက္ကိုင္လိုက္တယ္။

သူ႔ပါးစပ္ထဲကို ေခါက္ဆြဲေတြ ဝင္သြား သြားခ်က္းပဲ ေဖ့ခ်န္က ေမးလာတယ္။ " ဘယ္လိုလဲ? "

" အရသာရိွတယ္ " နန္ဟြိုင္က သူ႔ရဲ့ေခါင္းကို ငံု႔ထားၿပီးေတာ့ ေျပာေနတယ္။ " က်ေတာ္ စားဖူးသမ်ွထဲမွာ အေကာင္းဆံုးၾကက္ဥေခါက္ဆြဲပဲ "

" ဒါေတာ့ နဲနဲလြန္မသြားဘူးလား? " ေဖ့ခ်န္ရယ္လိုက္မိရင္း ေျပာလိုက္တယ္။

ေမာ့ၾကည့္လာတဲ့ နန္ဟြိုင္လင္ရဲ့ မ်က္ဝန္းေတြက အရည္တစ္ခ်ိဳ႕နဲ႔ ရစ္သိုင္းေနသလိုပဲ။

" က်ေတာ့္ မိဘေတြကလြဲရင္ က်ေတာ့္အတြက္ရည္ရြယ္ၿပီး ခ်က္ေပးဖူးတာ ကမ႓ာေပၚမွာ ခင္ဗ်ားက ပထၪီးဆံုးပဲ.."

" မင္းရဲ့ ပထမၪီးဆံုးျဖစ္ရတာ ကိုယ္ ဝမ္းသာပါတယ္ " ေဖ့ခ်န္က ၿပံဳးေနဆဲပဲ။ " မင္းႀကိဳက္တယ္ဆိုရင္ ကိုယ္ ခနခနလုပ္ေကြၽးမွာေပါ့ "

နန္ဟြိုင္လင္ ေခါင္းရမ္းလိုက္ၿပီး " မဟုတ္တာ တစ္ခါဆိုရင္ပဲ လံုေလာက္ပါၿပီ "

နန္ဟြိုင္လင္က ေခါင္းငံု႔ကာ ေခါက္ဆြဲဆက္စားေနၿပီး ဘာမွ မေျပာေတာ့ဘူး။

ေဖ့ခ်န္ကလည္း တိတ္ဆိတ္စြာ သူစားတာကို ထိုင္ၾကည့္ေနတယ္။

ေခါက္ဆြဲတစ္ပန္းကန္လံုး ေသာက္ၿပီးသြားေတာ့ သူ႔ရဲ့ အစာအိမ္က ေတာ္ေတာ္ေလး ျပည့္သြားတယ္လို႔ နန္ဟြိုင္လင္ ခံစားရတယ္။ ေနြးေနြးေလးနဲ႔ သက္ေတာင့္သက္သာလည္းရိွေနတယ္။

" မင္း စားလို႔ ဝရဲ့လား? "

နန္ဟြိုင္လင္ ေခါင္းညိမ့္လိုက္ၿပီး "အင္း..ဝတယ္။ က်ေတာ္ ပန္းကန္ေဆးလိုက္ၪီးမယ္။ ခင္ဗ်ားသြားအိပ္ေတာ့ "

" ကိုယ္ အခု မအိပ္ခ်င္ဘူး "

နန္ဟြိုင္လင္ ေဘစင္ရဲ့ေရ႔ွမွာ ရပ္ၿပီး ပန္းကန္ေဆးေနရင္း ရုတ္တရက္ သူ တစ္ခုေျပာဖို႔ သတိရသြားတယ္။ နန္ဟြိုင္လင္ ေနာက္လွည့္လိုက္ၿပီး " က်ေတာ္ သဘက္ခါက်ရင္ ရုပ္ရွင္ရိုက္ဖို႔ စရေတာ့မွာ။ မဟုတ္...ဟိုဟာ..မနက္ျဖန္ က်ေတာ္ Hengdianကို သြားဖို႔ ေလယာဥ္စီးရေတာ့မွာ။ က်ေတာ္ အဲ့မွာ သံုးလေလာက္ေတာ့ ေနရလိမ့္မယ္ ထင္တယ္ "

" အို႔ " ရုတ္တရက္ ေဖ့ခ်န္ရဲ့ရင္ထဲက တစ္ခုခုျပဳတ္က်ၿပီး လစ္ဟာသြားသလိုပဲ။ " ကိုယ္ သိၿပီ "

" ခင္ဗ်ား ဘာလို႔ အိမ္ထိန္းတသ္ေယာက္ မငွားမွာလဲ...ခ်က္ျပဳတ္ဖို႔၊ ခင္ဗ်ားအတြက္ သန္႔ရွင္းေရးလုပ္ေပးဖို႔ ဒါမွမဟုတ္ တျခားတစ္ခုခုေပါ့ "

" ရပါတယ္။ ကိုယ္က ကိုယ္ဘာသာ ေစာင့္ေရွာက္ႏိုင္ပါတယ္....ရိုက္ကြင္းမွာ အေကာင္းဆံုးလုပ္ခဲ့။ ကိုယ့္အတြက္ စိတ္မပူနဲ႔။ ကိုယ္ အားရင္ မင္းရိွတဲ့ Hengdianကို လာလည္မယ္ "

" မလာနဲ႔...လူေတြ အထင္လြဲလိမ့္မယ္ "

" အထင္လြဲမယ္..ဘာကိုလဲ?...အထင္လြဲမွာက မင္းက ကိုယ့္ရဲ့ ရႈးဂါးေဘဘီလို႔လား? "

" အခုခတ္က လူေတြက သူတို႔ရဲ့ ျပင္းထန္တဲ့ မနာလိုစိတ္ေတြနဲ႔ တျခားသူအေပၚ ပစ္ပစ္ႏွစ္ႏွစ္ထင္ေၾကးေပးဖို႔ ေၾကာက္ရြံၾကတာမဟုတ္ဘူး..ေဖ့ခ်န္..။ အထူးသျဖင့္ အႏုပညာေလာကက လူေတြအတြက္ သူတို႔ရဲ့ စကားေတြက ပိုၿပီး အႏၲရာယ္ျဖစ္ေစတယ္ "

ေဖ့ခ်န္က ေခါင္းပဲ ညိမ့္ျပၿပီး ဘာမွ ထပ္မေျပာဘူး။

နန္ဟြိုင္လင္ ပန္းကန္ေတြကို ျမန္ျမန္ေဆးၿပီး ေျပာလိုက္တယ္။ " သြားအိပ္ခ်ည္ေတာ့ "

" အမ္.." ေဖ့ခ်န္က မတ္တပ္ထရပ္ၿပီး " မနက္ျဖန္မနက္ ကိုယ့္အတြက္ မနက္စာလုပ္ေပးဖို႔ မထေတာ့နဲ႔။ ကိုယ္ အျပင္မွာပဲ စားလိုက္ေတာ့မယ္ "

နန္ဟြိုင္လင္ ေခါင္းညိမ့္လိုက္တယ္။ " အိုေက"

ေဖ့ခ်န္က သူ႔ရဲ့ ႏုညံ့တဲ့ဆံပင္ေတြကို ဆြဲဖြၿပီး ၿပံဳးေနရင္း ႏႈတ္ဆက္လာတယ္။ " ဂြတ္ႏိုက္ "

" ဂြတ္ႏိုက္..အိပ္မက္လွလွ မက္ပါေစ "

ေဖ့ခ်န္ သူ႔အခန္းဆီကို လမ္းေလ်ွာက္ေနရင္း ရုတ္တရက္ နန္ဟြိုင္လင္ရဲ့ ေအာ္သံကိုၾကားလိုက္ရတယ္။

" ေဖ့ခ်န္ "

ေဖ့ခ်န္ ေနာက္လွည့္ၾကည့္လိုက္တယ္။ " ဟမ္ ?"

နန္ဟြိုင္လင္က သူ႔ကို ၾကည့္ေနၿပီး ဘာကိုမွ မကြယ္ဝွက္ပဲ ေျပာေနတယ္။

" ေက်းဇူးပါ "

ေဖ့ခ်န္က ၿပံဳးသြားၿပီး " ကိုယ့္ကို ေက်းဇူးတင္တာလား ဘာအတြက္လဲ? "

" အရာအားလံုးအတြက္...ေက်းဇူးပါ။ က်ေတာ္ ခင္ဗ်ားနဲ႔ ဆံုၿပီးေနာက္ပိုင္း က်ေတာ့္ဘဝႀကီးက ခ်က္ခ်င္းႀကီး ေျပာင္းလဲလာတာ..ခင္ဗ်ားက က်ေတာ့္ရဲ့ ကံေကာင္းေစတဲ့ ၾကယ္ေလးပါ "

ေဖ့ခ်န္က ၿပံဳးေနတုန္းပဲ။ " ဂုဏ္ယူစရာပဲ "

နန္ဟြိုင္လင္လည္း ျပန္ၿပံဳးျပကာ သူ႔ရဲ့ အခန္းဆီကို လွည့္ကာ ထြက္ခဲ့လိုက္တယ္။

___________

5. 8. 22 (Fri)

TN/ surprise new Chapter! hehe😁

ေဖ့ခ်န္ : မင္း မထလာရင္ ကိုယ္မင္းကို အက်ႌခြၽတ္ေတာ့ မွာေနာ္?

နန္နန္ : .......

ေဖ့ခ်န္ : " နန္ဟြိုင္လင္? "

" 'လင္'ေပါက္စေလး? "

" နန္နန္? "

" မိန္းမ? "

" အခ်စ္? "

" ေဘဘီ? "
 
" ကိုယ္ တစ္ကယ္လုပ္မွာေနာ္ "

" နမ္းေရာ နမ္းမွာေနာ္ "

နန္နန္ : .........

Mizzle ႏွင့္ ဒါဒါမ်ား : ဟိုက အရက္မူးၿပီး ေမွာက္ေနတာေလ...ဘယ္လိုလုပ္ စကားေျပာႏိုင္မွာလဲ?

Continue lendo

Você também vai gostar

223K 5.5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
347K 27.4K 29
Mini Story Uni Life Style Sweet Romance
1M 52.4K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
273K 17.2K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...