အခန်း ၁၆၁။ ရှင်တို့ရှီးမိသားစုအတွက် ကလေးမွေးပေးတဲ့စက်
မုပိုင်က သူမဖက်သို့ ရုပ်တည်တည်ဖြင့် လှည့်ကြည့်ပြီးနောက် သူ့အမေနှင့် ထျန်းရှင်းဖက်သို့ ကြည့်လိုက်သည်။
“ကျွန်တော် အကုန်ကြားပြီးပြီ” ဟု သူရှင်းရှင်းလင်းလင်း ပြောလိုက်သည်။
ဘာ…
ထျန်းရှင်း ကြောက်ရွံ့မှုနှင့် ထိတ်လန့်သွားမှုကြောင့် မျက်လုံးများ ပြူးကျယ် သွား၏။ သူမ မျက်နှာ အတော်လေးဖြူဖျော့သွားသည်။
သခင်မကြီးရှီးတောင်ပင် သူမမျက်လုံးထဲမှ စိုးရိမ်မှုကို မဖုံးနိုင်ပေ။ သူမ အလျင်စလို ရှင်းပြလိုက်သည်၊ “သား၊ သားကြားသမျှကို မယုံလိုက်နဲ့။ ရှရှင်းဟယ်က စကားကို လှည့်ပတ်ပြီး လျှောက်ပြောနေတာ…”
“မား၊ သူမကို ဒီအိမ်ကနေ နှင်ထုတ်ဖို့ မားတို့နှစ်ယောက် ဘာလုပ်ခဲ့ကြတာလဲ”
သူ ဖြေရှင်းလို့ မပြီးသေးခင် မုပိုင် တိုက်ရိုက်မေးလိုက်သည်။
“…” သခင်မကြီးရှီးမျက်နှာ မှိုင်ကျသွားသည်။
“သားက ကိုယ့်အမေကို မယုံဘူးလား”
“ဘယ်လိုလုပ် ယုံနိုင်မှာလဲ” မုပိုင် ဖြည်းညင်းစွာပြန်ချေပလိုက်သည်။ ၎င်းက သခင်မကြီးရှီးကို တိတ်သွားစေသည်။
သူမသားသည် တစ်ခါတစ်ရံ အရမ်းကိုပါးနပ်လွန်းသည်။ သူမ သူ့ကို ထပ်လှည့်စားရန် မဖြစ်နိုင်တော့ကြောင်း သူမ သိလိုက်သည်။
ယုတ္တိတန်သည့် အဖြေတစ်ခုကို ရသွားသည်အထိ သူ ကြားရလိုက်သည်။ သူ့ကို သူမ စကားများနှင့် ထပ်လှည့်စား၍ အကျိုး မရှိတော့ချေ။ အလုပ်ဖြစ်မှာ မဟုတ်ပေ။
သခင်မကြီးရှီး နောင်တနှင့် ဒေါသကြောင့် ပူလောင်လာသည်။ ဒါတွေအားလုံး ရှရှင်းဟယ်ကြောင့်ပဲ ဖြစ်ရတာ။
သူမကြောင့်သာ မဟုတ်ရင် မုပိုင်က ဒါတွေကို ဘယ်လိုလုပ်သိမှာလဲ။
ထျန်းရှင်းက သခင်မကြီးရှီး၏လက်ကို ကိုင်ကာ “မုပိုင် ရှင်ဘယ်လိုလုပ် ကျွန်မတို့ကို မယုံဘဲ ရှရှင်းဟယ်ကို ယုံနေရတာလဲ။ အန်တီက ရှင့်အမေရင်းလေ၊ ရှင် သူမကို ဘာလို့မယုံရတာလဲ”ဟု ဖျောင်းဖျလေသည်။
မုပိုင်က သူတို့ကို မတရားသဖြင့် ဆက်ဆံနေသည့်အလား သခင်မကြီးက သူ့ကို သနားစဖွယ် မျက်နှာလုပ်ပြနေသည်။
သူ့မျက်လုံးထဲ၌ စိတ်ပျက်မှုတို့ ရှိနေသည်။
သူ့အမေဆီမှာ ဤကဲ့သို့ ရှင်းဟယ်ကို အနိုင်ကျင့်တတ်သည့် အကျင့်စရိုက်ရှိမည်ဟု သူ မထင်ထားပေ။
ရှင်းဟယ် အမှားတစ်ခုမှမလုပ်ထားဘူးလေ။ ပြောရရင် သူမက လင်းလင်းအမေပဲဟာ။
အဲဒါကို မားက ဘယ်လိုလုပ် သူမကို ဒီလိုမျိုးဆက်ဆံပြီး သူမကို နှင်ထုတ်ဖို့ ထျန်းရှင်းနဲ့တောင် ပေါင်းကြံနိုင်ရတာလဲ။
ဒါဆို သူတို့ကွာရှင်းရတာ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူတွေရှိလို့ပေါ့…
“လင်းလင်း ဘယ်မှာလဲ” မုပိုင် ကွေ့ပတ်မနေဘဲ တည့်တိုးမေးလိုက်သည်။
သခင်မကြီးရှီး ရုတ်တရက်လန့်သွားကာ “သူ့အဘေးနဲ့ အတူရှိနေတယ်လေ၊ ပါးကပြောတယ်၊ သူ့မြစ်လေးကို လွမ်းနေပြီတဲ့၊ အဲဒါနဲ့ ငါလည်း လင်းလင်းကို သူနဲ့ ရက်အနည်းငယ် တူတူနေဖို့ လွှတ်လိုက်တာ”ဟု ဖြေလိုက်သည်။
လင်းလင်းက ဘယ်တော့မှ သူ့ဘာသာ ရှီးမိသားစုရဲ့ အိမ်ဟောင်းဆီ မသွားဖူးဘူး၊ ညအိပ်ဖို့ဆို ပိုဆိုးပေသည်။ ဒီအကွက်က တမင်တကာလုပ်မှန်း သိသာလွန်းသည်။
“ဒီနေ့ ကျွန်မလာမယ်ဆိုတာ အန်တီသိထားတော့ သူ့ကို တမင်သက်သက် အဝေးကို ပို့လိုက်တာမလား” ဟု ရှင်းဟယ် ရုတ်ခြည်းမေးလိုက်သည်။
သခင်မကြီးရှီးက ရှင်းဟယ်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ “တမင်လုပ်တယ် လို့ပြောတာ ဘာသဘောလဲ။ နင်ပြောနေတာ ငါ့မြေးအကြောင်းနော်။ သူက သူသွားချင်တဲ့နေရာသွားလို့ရတယ်၊ နင်နဲ့ မဆိုင်ဘူး”
“ကျွန်မသားကို တွေ့ဖို့ ဒီကိုလာရတာ…”
“ပြီးတော့ နင်က ရှီးမိသားစုဝင်မဟုတ်တော့ဘူး၊ ငါတို့ ရှီးမိသားစုက နင့်လို မိန်းမမျိုးကို လင်းလင်းအမေအဖြစ် အသိအမှတ် မပြုဘူးလို့ ငါပြောပြီးသားပဲ”
သခင်မကြီးရှီးက ထိုစကားထက် ပိုနာကျင်စေမည့် စကားမျိုး ပြောချင်သော်လည်း ထျန်းရှင်းက သူမအင်္ကျီလက်ကို ဆွဲကာ မုပိုင်အနားမှာ ရှိသေးကြောင်း အချက်ပြလေသည်။
ရှင်းဟယ် အသာလေးပြုံးလိုက်သည်။ သူမ မုပိုင်ကို အပြစ်တင်လိုက်သလို ကြည့်လိုက်သည်။
“ရှင်ပြောတော့ ကျွန်မက ကျွန်မသားဆီ ကြိုက်တဲ့အချိန်လာလို့ရတယ်ဆို၊ ဒါပေမဲ့ ဒါလား ရှင့်မိသားစုက ကတိတည်တဲ့ပုံစံ၊ ဒီနေ့ ကျွန်မ မလာသင့်မှန်း သိသားပဲ”
ရှင်းဟယ် စိတ်ဆိုးမာန်ဆိုးပြောကာ လှည့်ထွက်သွား၏။
မုပိုင် အားနာစိတ်ကြောင့် နှလုံးသားက ဆွဲညှစ်ခံလိုက်ရသလို ခံစားရပြီး သူမနောက်သို့ လိုက်သွားရန် ပြင်လိုက်သည်။
“မုပိုင် အဲနေရာမှာတင် ရပ်လိုက်” သခင်မကြီးရှီးက အော်လိုက်သော်လည်းမုပိုင်က တစ်စက္ကန့်တောင်မရပ်ပေ။
ထျန်းရှင်းသည်လည်း သူတို့နောက်လိုက်ရန် တံခါးဆီပြေးသွား၏…
ရှင်းဟယ် ဒေါသတကြီးဖြင့် သွက်သွက်လျှောက်သွား၏၊ ရှီးမိသားစု၏ ဂိတ်တံခါးသို့ အမြန် ရောက်သွားလေသည်။ သူမ ကားပေါ်သို့တက်လုနီးနီး၌ မုပိုင်က သူမလက်မောင်းကို လှမ်းဆွဲလိုက်သည်။
“ကိုယ် ကမ်းလှမ်းချက်ကတော့ အတည်ပါ” သူ စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည်။ ဘာကြောင့်မှန်းမသိ သူမကို ရှင်းပြရန် အကြွေးရှိသည်ဟု သူခံစားရသည်။
ရှင်းဟယ် ခေါင်းမော့လာပြီး အသက်မဲ့သည့်မျက်လုံးများက သူ့မျက်လုံးများနှင့် ဆုံသွား၏။ “အဲတော့ ဘာဖြစ်လဲ။ ကျွန်မသားကို လာတွေ့တိုင်း ရှင့်မိသားစုက ကြားဝင်ပါမှာပဲ။ ရှီးမုပိုင်၊ တကယ်လို့ ရှင် တကယ်သိချင်နေတာဆိုရင်လေ ဒီနှစ် တွေထဲ ကျွန်မသားကို မတွေ့ချင်လို့ လာမတွေ့တာမဟုတ်ဘူး။ ကျွန်မလာတွေ့ရင်တောင် တွေ့ခွင့်ရမှာမဟုတ်လို့ကို လာမတွေ့တာ။ ရှင့်မိသားစု ကျွန်မကိုနှင်ထုတ်တာက ကိစ္စတစ်ခု၊ ဒါပေမဲ့ ကျွန်မဆီကနေ ကျွန်မသားကို သူတို့ လုယူသွားခွင့် ဘယ်သူက ပေးထားလို့လဲ။ ကျွန်မက ရှင်တို့ ရှီးမိသားစုအတွက် ကလေးမွေးပေးတဲ့စက်ထက်မပိုဘူးလား”
...
အခန်း ၁၆၂။ သူတို့ မင်းအပေါ် ဘာတွေ လုပ်ခဲ့တာလဲ။
‘ကလေးမွေးပေးတဲ့စက်’ ဟူသည့် စကားလုံးက မုပိုင်ရင်ကို နာကျင်စေလေသည်။
သူမလက်ကို ဆုပ်ကိုင်ထားသည့်လက်မှာ ပိုတင်းသွားပြီး လေသံတိုးသွား၏။ “မင်းက ကိုယ့်အတွက် အဲလိုမဟုတ်ဘူး”
သူတို့ လက်ထပ်ထားစဉ်က အချစ်မရှိခဲ့သော်လည်း သူ သူမကို မျှမျှတတဆက်ဆံခဲ့သည်။ သူ သူမကို တစ်ခါမှ အထင်မသေးဖူးချေ။
အကယ်၍ သူသာ သူမကို ‘ကလေးမွေးပေးတဲ့စက်’ဟူ၍ မြင်ခဲ့ပါက သူမအစား ရွေးချယ်စရာ အခြား အမျိုးသမီးများစွာရှိလေသည်။ သူ့ကလေးကို မွေးပေးရန် တစ်ယောက်ကို တစ်ယောက် နင်းခြေမည့် အလောင်းအလျာများစွာ ရှိလေသည်။
အကယ်၍ သူသာ သူမကို ‘ကလေးမွေးပေးတဲ့စက်’ဟု မြင်ခဲ့ပါက လင်းလင်းကို မွေးပြီးသည်နှင့် သူ သူမကို ကန်ထုတ်လိုက်မည်ဖြစ်သည်။
ရှင်းဟယ် ယဲ့ယဲ့လေး ပြုံးလိုက်၏။ “ရှင်ကတော့ ကျွန်မကို အဲလိုမမြင်ပေမဲ့ ရှင့်မိသားစုကတော့ အဲလိုမြင်နေတာ။ ရှင့်အမေ ကျွန်မကို ဘယ်လိုဆက်ဆံလဲဆိုတာ ရှင်ခုပဲ မြင်လိုက်သားပဲ။ သူက ကလေးကို ကျွန်မနဲ့ မပတ်သက်စေချင် တာ”
သူ့အမေအတွက် ဆင်ခြေရှာပေးမည့်အစား မုပိုင်က အတည်ပြောလာသည်။
“နောက်ဆို မင်း လင်းလင်းကို တွေ့ချင်ရင် ကိုယ့်ဆီ အချိန်မရွေးလာလို့ရတယ်။ မင်းကို ကတိပေးတယ်၊ ဘယ်သူမှ တားလို့မရစေရဘူး…”
ထို့နောက် မုပိုင် ဆက်ပြောလာသည်။ “ပြီးတော့ မင်းက အမြဲ လင်းလင်းရဲ့အမေပါ”
“တကယ်လား” ရှင်းဟယ် မျက်ရည်ဝဲလာ၏။
မုပိုင် ယုံကြည်ချက်ရှိရှိ ပြုံးပြလိုက်၏။ “ကိုယ်လုပ်ချင်တာကို ဘယ်သူမှတားလို့ရမယ်လို့ ကိုယ်မထင်ဘူး”
“ကောင်းပြီလေ၊ နောက်ဆို ရှင့်ကိုပဲဆက်သွယ်ပါ့မယ်။ ခု ရှင် ကျွန်မကို လွှတ် ပေးလို့ရပြီ”
“နောက်ဆုံးမေးခွန်း” မုပိုင် လွှတ်မပေးချေ။ “သူတို့ မင်းအပေါ် ဘာတွေလုပ်ခဲ့တာလဲ”
“မုပိုင်…” ထျန်းရှင်း မုပိုင်လက်ကို ရုတ်တရက် ဆွဲလိုက်ပြီး “အန်တီ့ကြည့်ရတာ အဆင်ပြေပုံမပေါ်ဘူး၊ အိမ်ထဲ ပြန်ဝင်ကြရအောင်လေ…” ဟု ညင်သာစွာ ပြောလေသည်။
၎င်းက ထျန်းရှင်းအတွက် နောက်ဆုံး အားထားရာပင်။ ရှင်းဟယ် အကုန်ဖွင့်ပြောလိုက်မည်ကို သူမစိုးရိမ်နေ၏။
မုပိုင် ထျန်းရှင်းကို လုံးဝလျစ်လျူရှုထားသည်။ သူ ရှင်းဟယ်ကိုသာ စိုက်ကြည့်နေပြီး ထပ်မေးလေသည်။
"သူတို့ ဘာလုပ်ခဲ့တာလဲ"
"မုပိုင်၊ ရှင် ဘာလို့ သူမကို အဲအကြောင်း မေးနေတာလဲ။ ရှင် အရမ်း စိတ်ဝင်စားရင် အန်တီနှင့် ကျွန်မတို့ ရှင့်ကို ပြောပြပါ့မယ်" ဟု ထျန်းရှင်း ပြောလေသည်။
မုပိုင်က သူမကို မတရားသဖြင့် ဆက်ဆံသကဲ့သို့ သူမလေသံမှာ ကြေကွဲသံဖြင့် ဖြစ်၏။
မုပိုင်လေသံမှာ အေးစက်စက်ဖြစ်လာကာ “ရှင်းဟယ် မင်း ပြောပြ” ဟု ပြောလိုက်သည်။
“မုပိုင်၊ ရှင့်မျက်လုံးထဲမှာ ကျွန်မတို့က မယုံကြည်ရဘူးလား။ ကျွန်မတို့
ရှင်းဟယ်ကို ဘာမှမလုပ်ထားဘူး။ တကယ်လို့ သူမပြောသလို တကယ် တစ်ခုခုဖြစ်ခဲ့ရင် သူ အခုချိန်ထိ စောင့်ပြီးပြောပါ့မလား” ထျန်းရှင်း မျက်လုံးများမျက်ရည်များဖြင့် နီရဲနေသည်။ ယခင်က သူမ၏ ဤစွမ်းဆောင်ရည်ဖြင့်ယောက်ျားများဆီမှ အသနားခံရာတွင် မရှုံးနိမ့်ဖူးချေ။
သို့သော် သူမရှေ့မှ ယောက်ျားသည် ရှီးမုပိုင်ဖြစ်နေ၏။ သူသည် ဆင်ခြေတုံတရား အလွန်ကောင်းသော သူဖြစ်သည်။
ထျန်းရှင်း နေမထိထိုင်မသာဖြစ်နေသည်ကို မြင်ရ၍ ရှင်းဟယ် နေလို့ကောင်းနေ၏။
သူမ ထျန်းရှင်းကို ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး “သူတို့က ကျွန်မကို ဘာမှ မလုပ်ခဲ့ပါဘူး…” ဟု ပြောလိုက်သည်။
ထျန်းရှင်း အံ့ဩသွားမှုနှင့် စိတ်သက်သာရသွားမှုကြောင့် ခြေထောက်တွင် အားမရှိတော့သလို ခံစားသွားရသည်။
ရှင်းဟယ် ဘာတစ်ခုကိုမှ ဖော်ထုတ်မည်မဟုတ်ကြောင်း သူမ သိခဲ့သင့်သည်။
သူမ အကျင့်ကို သူမ နောကျေနေသည်။ ရှင်းဟယ်သည် သူမ၏ နာကျင်မှုနှင့် သူမခံစားချက်ကို ထုတ်ပြောရသည်ထက် တစ်ယောက်တည်း အားလုံးကို ကြိတ် ခံတတ်သည်။
ထို့ပြင် ထိုနှစ်က ဖြစ်ခဲ့သည့်ကိစ္စကို ပြန်ရှင်းပြရန် အလွန်ခက်ခဲလှသည်။
၎င်းက သူမ ယခင်က စကားတစ်ခွန်းမှ မဟခဲ့ရသည့် အကြောင်းအရင်းဖြစ်ပြီး ယခုလည်း ထိုအကြောင်းအရင်းကြောင့် တစ်ခွန်းမှ မဟနိုင်ပေ။
“ဒါပေမဲ့ သူတို့ ရှင့်အပေါ်မှာတော့ အများကြီးလုပ်ခဲ့တယ်” ရှင်းဟယ် ရုတ်တရက် မုပိုင်ဖက်သို့ ပြန်လှည့်လိုက်သည်။
ထျန်းရှင်း၏ နှလုံး ပါးစပ်ထဲမှ ထွက်ကျလုနီးပါးဖြစ်သွား၏။
မုပိုင် ဖြေရှင်းချက်မတောင်းခင်မှာတင် သူမ ဟန်ဆောင် လုပ်ရယ်လေသည်။
“ရှင်းဟယ်၊ နင်နောက်နေတာမလား။ ဘယ်လိုလုပ် အန်တီနဲ့ငါက မုပိုင်အပေါ် တစ်ခုခုလုပ်ခဲ့ရမှာလဲ။ အန်တီက မုပိုင်ရဲ့အမေလေ၊ပြီးတော့ ငါက မုပိုင်နဲ့ စေ့စပ် ထားတာလေ၊ ငါတို့ သူ့ကို ဒုက္ခပေးလိမ့်မယ်လို့ နင်ထင်နေတာလား။ ပြဿနာမရှာပါနဲ့တော့”
ရှင်းဟယ် ဉာဏ်နီဉာဏ်နက်များသည့် ပုံစံဖြင့် ရယ်လိုက်သည်။
“ငါလည်း ဘာမှ မပြောရသေးပါဘူး။ နင်က ဘာလို့ အဲလောက် အသည်းအသန်ဖြစ်နေရတာလဲ။ တကယ်လို့ နင်သာ လုံးဝ အပြစ်ကင်းတယ်ဆို နင်ဘာလို့ စိုးရိမ်နေတာလဲ”
“ငါစိုးရိမ်နေတယ်လို့ ဘယ်သူပြောလဲ” ဟု ထျန်းရှင်း ဒေါသတကြီး ပြန်ရန်တွေ့လေသည်။
...
အခန္း ၁၆၁။ ႐ွင္တို႔႐ွီးမိသားစုအတြက္ ကေလးေမြးေပးတဲ့စက္
မုပိုင္က သူမဖက္သို႔ ႐ုပ္တည္တည္ျဖင့္ လွည့္ၾကည့္ၿပီးေနာက္ သူ႕အေမႏွင့္ ထ်န္း႐ွင္းဖက္သို႔ ၾကည့္လိုက္သည္။
“ကြၽန္ေတာ္ အကုန္ၾကားၿပီးၿပီ” ဟု သူ႐ွင္း႐ွင္းလင္းလင္း ေျပာလိုက္သည္။
ဘာ…
ထ်န္း႐ွင္း ေၾကာက္႐ြံ႕မႈႏွင့္ ထိတ္လန္႔သြားမႈေၾကာင့္ မ်က္လုံးမ်ား ျပဴးက်ယ္ သြား၏။ သူမ မ်က္ႏွာ အေတာ္ေလးျဖဴေဖ်ာ့သြားသည္။
သခင္မႀကီး႐ွီးေတာင္ပင္ သူမမ်က္လုံးထဲမွ စိုးရိမ္မႈကို မဖုံးႏိုင္ေပ။ သူမ အလ်င္စလို ႐ွင္းျပလိုက္သည္၊ “သား၊ သားၾကားသမွ်ကို မယုံလိုက္နဲ႔။ ႐ွ႐ွင္းဟယ္က စကားကို လွည့္ပတ္ၿပီး ေလွ်ာက္ေျပာေနတာ…”
“မား၊ သူမကို ဒီအိမ္ကေန ႏွင္ထုတ္ဖို႔ မားတို႔ႏွစ္ေယာက္ ဘာလုပ္ခဲ့ၾကတာလဲ”
သူ ေျဖ႐ွင္းလို႔ မၿပီးေသးခင္ မုပိုင္ တိုက္႐ိုက္ေမးလိုက္သည္။
“…” သခင္မႀကီး႐ွီးမ်က္ႏွာ မိႈင္က်သြားသည္။
“သားက ကိုယ့္အေမကို မယုံဘူးလား”
“ဘယ္လိုလုပ္ ယုံႏိုင္မွာလဲ” မုပိုင္ ျဖည္းညင္းစြာျပန္ေခ်ပလိုက္သည္။ ၎က သခင္မႀကီး႐ွီးကို တိတ္သြားေစသည္။
သူမသားသည္ တစ္ခါတစ္ရံ အရမ္းကိုပါးနပ္လြန္းသည္။ သူမ သူ႕ကို ထပ္လွည့္စားရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း သူမ သိလိုက္သည္။
ယုတၱိတန္သည့္ အေျဖတစ္ခုကို ရသြားသည္အထိ သူ ၾကားရလိုက္သည္။ သူ႕ကို သူမ စကားမ်ားႏွင့္ ထပ္လွည့္စား၍ အက်ိဳး မ႐ွိေတာ့ေခ်။ အလုပ္ျဖစ္မွာ မဟုတ္ေပ။
သခင္မႀကီး႐ွီး ေနာင္တႏွင့္ ေဒါသေၾကာင့္ ပူေလာင္လာသည္။ ဒါေတြအားလုံး ႐ွ႐ွင္းဟယ္ေၾကာင့္ပဲ ျဖစ္ရတာ။
သူမေၾကာင့္သာ မဟုတ္ရင္ မုပိုင္က ဒါေတြကို ဘယ္လိုလုပ္သိမွာလဲ။
ထ်န္း႐ွင္းက သခင္မႀကီး႐ွီး၏လက္ကို ကိုင္ကာ “မုပိုင္ ႐ွင္ဘယ္လိုလုပ္ ကြၽန္မတို႔ကို မယုံဘဲ ႐ွ႐ွင္းဟယ္ကို ယုံေနရတာလဲ။ အန္တီက ႐ွင့္အေမရင္းေလ၊ ႐ွင္ သူမကို ဘာလို႔မယုံရတာလဲ”ဟု ေဖ်ာင္းဖ်ေလသည္။
မုပိုင္က သူတို႔ကို မတရားသျဖင့္ ဆက္ဆံေနသည့္အလား သခင္မႀကီးက သူ႕ကို သနားစဖြယ္ မ်က္ႏွာလုပ္ျပေနသည္။
သူ႕မ်က္လုံးထဲ၌ စိတ္ပ်က္မႈတို႔ ႐ွိေနသည္။
သူ႕အေမဆီမွာ ဤကဲ့သို႔ ႐ွင္းဟယ္ကို အႏိုင္က်င့္တတ္သည့္ အက်င့္စ႐ိုက္႐ွိမည္ဟု သူ မထင္ထားေပ။
႐ွင္းဟယ္ အမွားတစ္ခုမွမလုပ္ထားဘူးေလ။ ေျပာရရင္ သူမက လင္းလင္းအေမပဲဟာ။
အဲဒါကို မားက ဘယ္လိုလုပ္ သူမကို ဒီလိုမ်ိဳးဆက္ဆံၿပီး သူမကို ႏွင္ထုတ္ဖို႔ ထ်န္း႐ွင္းနဲ႔ေတာင္ ေပါင္းၾကံႏိုင္ရတာလဲ။
ဒါဆို သူတို႔ကြာ႐ွင္းရတာ ေနာက္ကြယ္ကေန ႀကိဳးကိုင္ေနတဲ့သူေတြ႐ွိလို႔ေပါ့…
“လင္းလင္း ဘယ္မွာလဲ” မုပိုင္ ေကြ႕ပတ္မေနဘဲ တည့္တိုးေမးလိုက္သည္။
သခင္မႀကီး႐ွီး ႐ုတ္တရက္လန္႔သြားကာ “သူ႕အေဘးနဲ႔ အတူ႐ွိေနတယ္ေလ၊ ပါးကေျပာတယ္၊ သူ႕ျမစ္ေလးကို လြမ္းေနၿပီတဲ့၊ အဲဒါနဲ႔ ငါလည္း လင္းလင္းကို သူနဲ႔ ရက္အနည္းငယ္ တူတူေနဖို႔ လႊတ္လိုက္တာ”ဟု ေျဖလိုက္သည္။
လင္းလင္းက ဘယ္ေတာ့မွ သူ႕ဘာသာ ႐ွီးမိသားစုရဲ႕ အိမ္ေဟာင္းဆီ မသြားဖူးဘူး၊ ညအိပ္ဖို႔ဆို ပိုဆိုးေပသည္။ ဒီအကြက္က တမင္တကာလုပ္မွန္း သိသာလြန္းသည္။
“ဒီေန႔ ကြၽန္မလာမယ္ဆိုတာ အန္တီသိထားေတာ့ သူ႕ကို တမင္သက္သက္ အေဝးကို ပို႔လိုက္တာမလား” ဟု ႐ွင္းဟယ္ ႐ုတ္ျခည္းေမးလိုက္သည္။
သခင္မႀကီး႐ွီးက ႐ွင္းဟယ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ “တမင္လုပ္တယ္ လို႔ေျပာတာ ဘာသေဘာလဲ။ နင္ေျပာေနတာ ငါ့ေျမးအေၾကာင္းေနာ္။ သူက သူသြားခ်င္တဲ့ေနရာသြားလို႔ရတယ္၊ နင္နဲ႔ မဆိုင္ဘူး”
“ကြၽန္မသားကို ေတြ႕ဖို႔ ဒီကိုလာရတာ…”
“ၿပီးေတာ့ နင္က ႐ွီးမိသားစုဝင္မဟုတ္ေတာ့ဘူး၊ ငါတို႔ ႐ွီးမိသားစုက နင့္လို မိန္းမမ်ိဳးကို လင္းလင္းအေမအျဖစ္ အသိအမွတ္ မျပဳဘူးလို႔ ငါေျပာၿပီးသားပဲ”
သခင္မႀကီး႐ွီးက ထိုစကားထက္ ပိုနာက်င္ေစမည့္ စကားမ်ိဳး ေျပာခ်င္ေသာ္လည္း ထ်န္း႐ွင္းက သူမအက်ႌလက္ကို ဆြဲကာ မုပိုင္အနားမွာ ႐ွိေသးေၾကာင္း အခ်က္ျပေလသည္။
႐ွင္းဟယ္ အသာေလးျပဳံးလိုက္သည္။ သူမ မုပိုင္ကို အျပစ္တင္လိုက္သလို ၾကည့္လိုက္သည္။
“႐ွင္ေျပာေတာ့ ကြၽန္မက ကြၽန္မသားဆီ ႀကိဳက္တဲ့အခ်ိန္လာလို႔ရတယ္ဆို၊ ဒါေပမဲ့ ဒါလား ႐ွင့္မိသားစုက ကတိတည္တဲ့ပုံစံ၊ ဒီေန႔ ကြၽန္မ မလာသင့္မွန္း သိသားပဲ”
႐ွင္းဟယ္ စိတ္ဆိုးမာန္ဆိုးေျပာကာ လွည့္ထြက္သြား၏။
မုပိုင္ အားနာစိတ္ေၾကာင့္ ႏွလုံးသားက ဆြဲညႇစ္ခံလိုက္ရသလို ခံစားရၿပီး သူမေနာက္သို႔ လိုက္သြားရန္ ျပင္လိုက္သည္။
“မုပိုင္ အဲေနရာမွာတင္ ရပ္လိုက္” သခင္မႀကီး႐ွီးက ေအာ္လိုက္ေသာ္လည္းမုပိုင္က တစ္စကၠန္႔ေတာင္မရပ္ေပ။
ထ်န္း႐ွင္းသည္လည္း သူတို႔ေနာက္လိုက္ရန္ တံခါးဆီေျပးသြား၏…
႐ွင္းဟယ္ ေဒါသတႀကီးျဖင့္ သြက္သြက္ေလွ်ာက္သြား၏၊ ႐ွီးမိသားစု၏ ဂိတ္တံခါးသို႔ အျမန္ ေရာက္သြားေလသည္။ သူမ ကားေပၚသို႔တက္လုနီးနီး၌ မုပိုင္က သူမလက္ေမာင္းကို လွမ္းဆြဲလိုက္သည္။
“ကိုယ္ ကမ္းလွမ္းခ်က္ကေတာ့ အတည္ပါ” သူ စိတ္႐ွည္႐ွည္ျဖင့္ ႐ွင္းျပေလသည္။ ဘာေၾကာင့္မွန္းမသိ သူမကို ႐ွင္းျပရန္ အေႂကြး႐ွိသည္ဟု သူခံစားရသည္။
႐ွင္းဟယ္ ေခါင္းေမာ့လာၿပီး အသက္မဲ့သည့္မ်က္လုံးမ်ားက သူ႕မ်က္လုံးမ်ားႏွင့္ ဆုံသြား၏။ “အဲေတာ့ ဘာျဖစ္လဲ။ ကြၽန္မသားကို လာေတြ႕တိုင္း ႐ွင့္မိသားစုက ၾကားဝင္ပါမွာပဲ။ ႐ွီးမုပိုင္၊ တကယ္လို႔ ႐ွင္ တကယ္သိခ်င္ေနတာဆိုရင္ေလ ဒီႏွစ္ ေတြထဲ ကြၽန္မသားကို မေတြ႕ခ်င္လို႔ လာမေတြ႕တာမဟုတ္ဘူး။ ကြၽန္မလာေတြ႕ရင္ေတာင္ ေတြ႕ခြင့္ရမွာမဟုတ္လို႔ကို လာမေတြ႕တာ။ ႐ွင့္မိသားစု ကြၽန္မကိုႏွင္ထုတ္တာက ကိစၥတစ္ခု၊ ဒါေပမဲ့ ကြၽန္မဆီကေန ကြၽန္မသားကို သူတို႔ လုယူသြားခြင့္ ဘယ္သူက ေပးထားလို႔လဲ။ ကြၽန္မက ႐ွင္တို႔ ႐ွီးမိသားစုအတြက္ ကေလးေမြးေပးတဲ့စက္ထက္မပိုဘူးလား”
...
အခန္း ၁၆၂။ သူတို႔ မင္းအေပၚ ဘာေတြ လုပ္ခဲ့တာလဲ။
‘ကေလးေမြးေပးတဲ့စက္’ ဟူသည့္ စကားလုံးက မုပိုင္ရင္ကို နာက်င္ေစေလသည္။
သူမလက္ကို ဆုပ္ကိုင္ထားသည့္လက္မွာ ပိုတင္းသြားၿပီး ေလသံတိုးသြား၏။ “မင္းက ကိုယ့္အတြက္ အဲလိုမဟုတ္ဘူး”
သူတို႔ လက္ထပ္ထားစဥ္က အခ်စ္မ႐ွိခဲ့ေသာ္လည္း သူ သူမကို မွ်မွ်တတဆက္ဆံခဲ့သည္။ သူ သူမကို တစ္ခါမွ အထင္မေသးဖူးေခ်။
အကယ္၍ သူသာ သူမကို ‘ကေလးေမြးေပးတဲ့စက္’ဟူ၍ ျမင္ခဲ့ပါက သူမအစား ေ႐ြးခ်ယ္စရာ အျခား အမ်ိဳးသမီးမ်ားစြာ႐ွိေလသည္။ သူ႕ကေလးကို ေမြးေပးရန္ တစ္ေယာက္ကို တစ္ေယာက္ နင္းေျခမည့္ အေလာင္းအလ်ာမ်ားစြာ ႐ွိေလသည္။
အကယ္၍ သူသာ သူမကို ‘ကေလးေမြးေပးတဲ့စက္’ဟု ျမင္ခဲ့ပါက လင္းလင္းကို ေမြးၿပီးသည္ႏွင့္ သူ သူမကို ကန္ထုတ္လိုက္မည္ျဖစ္သည္။
႐ွင္းဟယ္ ယဲ့ယဲ့ေလး ျပဳံးလိုက္၏။ “႐ွင္ကေတာ့ ကြၽန္မကို အဲလိုမျမင္ေပမဲ့ ႐ွင့္မိသားစုကေတာ့ အဲလိုျမင္ေနတာ။ ႐ွင့္အေမ ကြၽန္မကို ဘယ္လိုဆက္ဆံလဲဆိုတာ ႐ွင္ခုပဲ ျမင္လိုက္သားပဲ။ သူက ကေလးကို ကြၽန္မနဲ႔ မပတ္သက္ေစခ်င္ တာ”
သူ႕အေမအတြက္ ဆင္ေျခ႐ွာေပးမည့္အစား မုပိုင္က အတည္ေျပာလာသည္။
“ေနာက္ဆို မင္း လင္းလင္းကို ေတြ႕ခ်င္ရင္ ကိုယ့္ဆီ အခ်ိန္မေ႐ြးလာလို႔ရတယ္။ မင္းကို ကတိေပးတယ္၊ ဘယ္သူမွ တားလို႔မရေစရဘူး…”
ထို႔ေနာက္ မုပိုင္ ဆက္ေျပာလာသည္။ “ၿပီးေတာ့ မင္းက အၿမဲ လင္းလင္းရဲ႕အေမပါ”
“တကယ္လား” ႐ွင္းဟယ္ မ်က္ရည္ဝဲလာ၏။
မုပိုင္ ယုံၾကည္ခ်က္႐ွိ႐ွိ ျပဳံးျပလိုက္၏။ “ကိုယ္လုပ္ခ်င္တာကို ဘယ္သူမွတားလို႔ရမယ္လို႔ ကိုယ္မထင္ဘူး”
“ေကာင္းၿပီေလ၊ ေနာက္ဆို ႐ွင့္ကိုပဲဆက္သြယ္ပါ့မယ္။ ခု ႐ွင္ ကြၽန္မကို လႊတ္ ေပးလို႔ရၿပီ”
“ေနာက္ဆုံးေမးခြန္း” မုပိုင္ လႊတ္မေပးေခ်။ “သူတို႔ မင္းအေပၚ ဘာေတြလုပ္ခဲ့တာလဲ”
“မုပိုင္…” ထ်န္း႐ွင္း မုပိုင္လက္ကို ႐ုတ္တရက္ ဆြဲလိုက္ၿပီး “အန္တီ့ၾကည့္ရတာ အဆင္ေျပပုံမေပၚဘူး၊ အိမ္ထဲ ျပန္ဝင္ၾကရေအာင္ေလ…” ဟု ညင္သာစြာ ေျပာေလသည္။
၎က ထ်န္း႐ွင္းအတြက္ ေနာက္ဆုံး အားထားရာပင္။ ႐ွင္းဟယ္ အကုန္ဖြင့္ေျပာလိုက္မည္ကို သူမစိုးရိမ္ေန၏။
မုပိုင္ ထ်န္း႐ွင္းကို လုံးဝလ်စ္လ်ဴ႐ႈထားသည္။ သူ ႐ွင္းဟယ္ကိုသာ စိုက္ၾကည့္ေနၿပီး ထပ္ေမးေလသည္။
"သူတို႔ ဘာလုပ္ခဲ့တာလဲ"
"မုပိုင္၊ ႐ွင္ ဘာလို႔ သူမကို အဲအေၾကာင္း ေမးေနတာလဲ။ ႐ွင္ အရမ္း စိတ္ဝင္စားရင္ အန္တီႏွင့္ ကြၽန္မတို႔ ႐ွင့္ကို ေျပာျပပါ့မယ္" ဟု ထ်န္း႐ွင္း ေျပာေလသည္။
မုပိုင္က သူမကို မတရားသျဖင့္ ဆက္ဆံသကဲ့သို႔ သူမေလသံမွာ ေၾကကြဲသံျဖင့္ ျဖစ္၏။
မုပိုင္ေလသံမွာ ေအးစက္စက္ျဖစ္လာကာ “႐ွင္းဟယ္ မင္း ေျပာျပ” ဟု ေျပာလိုက္သည္။
“မုပိုင္၊ ႐ွင့္မ်က္လုံးထဲမွာ ကြၽန္မတို႔က မယုံၾကည္ရဘူးလား။ ကြၽန္မတို႔
႐ွင္းဟယ္ကို ဘာမွမလုပ္ထားဘူး။ တကယ္လို႔ သူမေျပာသလို တကယ္ တစ္ခုခုျဖစ္ခဲ့ရင္ သူ အခုခ်ိန္ထိ ေစာင့္ၿပီးေျပာပါ့မလား” ထ်န္း႐ွင္း မ်က္လုံးမ်ားမ်က္ရည္မ်ားျဖင့္ နီရဲေနသည္။ ယခင္က သူမ၏ ဤစြမ္းေဆာင္ရည္ျဖင့္ေယာက်္ားမ်ားဆီမွ အသနားခံရာတြင္ မ႐ႈံးနိမ့္ဖူးေခ်။
သို႔ေသာ္ သူမေ႐ွ႕မွ ေယာက်္ားသည္ ႐ွီးမုပိုင္ျဖစ္ေန၏။ သူသည္ ဆင္ေျခတုံတရား အလြန္ေကာင္းေသာ သူျဖစ္သည္။
ထ်န္း႐ွင္း ေနမထိထိုင္မသာျဖစ္ေနသည္ကို ျမင္ရ၍ ႐ွင္းဟယ္ ေနလို႔ေကာင္းေန၏။
သူမ ထ်န္း႐ွင္းကို ၾကည့္ကာ ေလွာင္ျပဳံးျပဳံးလိုက္ၿပီး “သူတို႔က ကြၽန္မကို ဘာမွ မလုပ္ခဲ့ပါဘူး…” ဟု ေျပာလိုက္သည္။
ထ်န္း႐ွင္း အံ့ဩသြားမႈႏွင့္ စိတ္သက္သာရသြားမႈေၾကာင့္ ေျခေထာက္တြင္ အားမ႐ွိေတာ့သလို ခံစားသြားရသည္။
႐ွင္းဟယ္ ဘာတစ္ခုကိုမွ ေဖာ္ထုတ္မည္မဟုတ္ေၾကာင္း သူမ သိခဲ့သင့္သည္။
သူမ အက်င့္ကို သူမ ေနာေက်ေနသည္။ ႐ွင္းဟယ္သည္ သူမ၏ နာက်င္မႈႏွင့္ သူမခံစားခ်က္ကို ထုတ္ေျပာရသည္ထက္ တစ္ေယာက္တည္း အားလုံးကို ႀကိတ္ ခံတတ္သည္။
ထို႔ျပင္ ထိုႏွစ္က ျဖစ္ခဲ့သည့္ကိစၥကို ျပန္႐ွင္းျပရန္ အလြန္ခက္ခဲလွသည္။
၎က သူမ ယခင္က စကားတစ္ခြန္းမွ မဟခဲ့ရသည့္ အေၾကာင္းအရင္းျဖစ္ၿပီး ယခုလည္း ထိုအေၾကာင္းအရင္းေၾကာင့္ တစ္ခြန္းမွ မဟႏိုင္ေပ။
“ဒါေပမဲ့ သူတို႔ ႐ွင့္အေပၚမွာေတာ့ အမ်ားႀကီးလုပ္ခဲ့တယ္” ႐ွင္းဟယ္ ႐ုတ္တရက္ မုပိုင္ဖက္သို႔ ျပန္လွည့္လိုက္သည္။
ထ်န္း႐ွင္း၏ ႏွလုံး ပါးစပ္ထဲမွ ထြက္က်လုနီးပါးျဖစ္သြား၏။
မုပိုင္ ေျဖ႐ွင္းခ်က္မေတာင္းခင္မွာတင္ သူမ ဟန္ေဆာင္ လုပ္ရယ္ေလသည္။
“႐ွင္းဟယ္၊ နင္ေနာက္ေနတာမလား။ ဘယ္လိုလုပ္ အန္တီနဲ႔ငါက မုပိုင္အေပၚ တစ္ခုခုလုပ္ခဲ့ရမွာလဲ။ အန္တီက မုပိုင္ရဲ႕အေမေလ၊ၿပီးေတာ့ ငါက မုပိုင္နဲ႔ ေစ့စပ္ ထားတာေလ၊ ငါတို႔ သူ႕ကို ဒုကၡေပးလိမ့္မယ္လို႔ နင္ထင္ေနတာလား။ ျပႆနာမ႐ွာပါနဲ႔ေတာ့”
႐ွင္းဟယ္ ဉာဏ္နီဉာဏ္နက္မ်ားသည့္ ပုံစံျဖင့္ ရယ္လိုက္သည္။
“ငါလည္း ဘာမွ မေျပာရေသးပါဘူး။ နင္က ဘာလို႔ အဲေလာက္ အသည္းအသန္ျဖစ္ေနရတာလဲ။ တကယ္လို႔ နင္သာ လုံးဝ အျပစ္ကင္းတယ္ဆို နင္ဘာလို႔ စိုးရိမ္ေနတာလဲ”
“ငါစိုးရိမ္ေနတယ္လို႔ ဘယ္သူေျပာလဲ” ဟု ထ်န္း႐ွင္း ေဒါသတႀကီး ျပန္ရန္ေတြ႕ေလသည္။
...