ငါ မင်းရဲ့ကောင်လေးကို အချိန်အ...

De xingliang_baobei

55.1K 7.9K 493

Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ This is just a fun translation. I do not o... Mais

Description
Chp(1)
Chp(2)
Chp(3)
Chp(4)
Chp (5)
Chp (6)
Chp (7)
Chp (8)
Chp (9)
Chp (10)
Chp (11)
Chp(13)
Chp(14)
Chp(15)
Chp(16)
Chp(17)
Chp(18)
Chp(19)
Chp(20)
Chp(21)

Chp (12)

1.9K 353 29
De xingliang_baobei

[Unicode]

လော့ချင်ရှန်း အသံကို ကြားကြားချင်း ဖိန့်ရန်ရဲ့ ချက်ချင်းတုန့်ပြန်မှုက ဂိမ်းထဲကနေ ထွက်လိုက်ဖို့ပါ။

စက္ကန့်အနည်းငယ်ကြာတော့ သူ 'cancel' ကို နှိပ်ပြီး မြေပုံဖွင့်ကာ သူ့အတွက်သူ ကြိုက်ရာအမှတ်တစ်မှတ် ချလိုက်တယ်။

လော့ချင်ရှန်းကတော့ ပီတိတွေဖြာနေပြီး အဆက်အစပ်မိတဲ့ ဝါကျတစ်ကြောင်း ပြောဖို့ အချိန်တစ်ခု ကြာသွားခဲ့တယ် :: "ဒီရက်ပိုင်းတွေမှာ...ကိုယ် အိမ်မှာပဲ ရှိနေတာ။ အပြင်ကို လုံးဝမထွက်ရသေးဘူး။ ကိုယ့်မား ပြောတာကတော့ အနားမှာ ဂျပန်အစားအစာဆိုင်တစ်ဆိုင် အသစ်ဖွင့်ထားတယ်တဲ့။ မင်း သွားစားချင်..."

ဖိန့်ရန်က တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်တယ် :: "မင်း ငါ ပို့ထားတာကို ကြည့်ပြီးပြီလား?"

လော့ချင်ရှန်း အေးခဲသွားတယ်။ လွန်ခဲ့တဲ့ရက်တုန်းက ဖိန့်ရန်က သူ့ဆီ တစ်ခုပဲ ပို့ထားတယ်။ သူတို့တူတူရှိခဲ့တဲ့ အချိန်တုန်းက သူ ဖိန့်ရန်ကို ပေးခဲ့တဲ့ လက်ဆောင်စုစု‌ပေါင်းစာရင်းပဲ။

"ဟင့်အင်း" လော့ချင်ရှန်းအသံက တအားတိုးနေတယ် :: "အဲ့ထဲက တော်တော်များများက ကိုယ် တစ်ချက် ကြည့်ပြီး မင်းအတွက် ဝယ်လာခဲ့တာ။ အရမ်းကြာသွားပြီကို ကိုယ် အကုန်လုံး မမှတ်မိတော့ဘူး။"

ဖိန့်ရန်က ခပ်ဝေးဝေးareaမှာ ဆင်းသက်ပြီး ပစ္စည်းတွေကို ဖြည်းဖြည်းချင်း စကောက်တယ် :: "အားလုံးကို ဈေးတွက်ပေးထားတယ်။ ဒါပေမဲ့ ဈေးကွက်ထဲ မရှိတော့တဲ့ ဖိနပ်နှစ်ရံရဲ့ ဈေးနှုန်းတွေကို ငါ မရှာနိုင်ခဲ့ဘူး။"

"Baby" လော့ချင်ရှန်း ဆို့နင့်သွားတယ်။ အဲ့နောက် သူ့ကိုယ်သူ ပြန်ထိန်းရင်း "ဖိန့်ရန် မင်း ဒီလိုလုပ်မှရမှာလား?"

ဖိန့်ရန် :: "ဒီလိုဖြစ်အောင်လုပ်ခဲ့တာ ငါမှမဟုတ်တာ"

"ကိုယ်သိတယ်။ ကိုယ် သိပါတယ်။ ကိုယ့်အမှားဆိုတာ ဝန်ခံပြီးပြီလေ" လော့ချင်ရှန်း ဆက်ပြောတယ် :: "ဒါပေမဲ့ ကိုယ်နဲ့စူးနျန်ကြား တကယ် ဘာမှမဖြစ်ခဲ့ပါဘူး။ ကိုယ် သူ့အပေါ် လုံးဝခံစားချက်မရှိဘူး။ မင်း ကိုယ့်အကြောင်း သိပါတယ်။ ကိုယ်က သူ့ကို သူငယ်ချင်းတွေထဲက တစ်ယောက်အဖြစ်ပဲ သတ်မှတ်ထားတာ ဒါပေမဲ့ သူက အဲ့လိုဖြစ်မယ်လို့ ကိုယ် မထင်ထား..."

ဖိန့်ရန်တစ်ယောက် အခန်းထဲမှာ စက္ကန့်အနည်းငယ်လောက် ရပ်တန့်နေပြီးမှ ခါးကိုင်းကာ ပစ္စည်းလှမ်းကောက်လိုက်တယ် :: "တော်လောက်ပြီ"

"ကိုယ့်မှာ ရှင်းပြဖို့ အခွင့်အရေးလေး‌ကိုတောင် မင်း မပေးတော့ဘူးလား?" လော့ချင်ရှန်းက တိုးတိုးဆက်ပြောတယ် :: "ဖိန့်ရန် ကိုယ် ဒီရက်တွေမှာ အများကြီး တွေးပြီးသွားပြီ။ ကိုယ် တွေးတာ မင်း ဖြစ်ပျက်ခဲ့သမျှကို တကယ်ဂရုစိုက်ရဲ့လား? မင်း ဘာလို့ တစ်ချက်လေးတောင် စိတ်မဆိုးရတာလဲ? မင်း လုပ်သမျှအားလုံးက နှုတ်ဆိတ်ပြီး ကိုယ် မင်းကို အထက်တန်းတုန်းက လိုက်ပိုးခဲ့တုန်းကအတိုင်း ကိုယ့်ကို မမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်နေတာပဲ။ မင်း ကိုယ့်ကို မမြင်ဖူး မသိဖူးသလို ဟန်ဆောင်ပြီး လျစ်လျူရှုထားတယ်။"

သူက ဘယ်လိုရှင်းပြရမှာလဲ? ပြီးတော့ရော သူ ဘာကို စိတ်ဆိုးရမှာလဲ တန်လို့လား? ဖိန့်ရန် တွေးနေမိတယ်။

လော့ချင်ရှန်းက ဖိန့်ရန် သူ့ကို စစ်ဆေးမေးမြန်းတာ ခံချင်နေတာလား? သူနဲ့စူးနျန် ဘယ်နှစ်ခေါက် နမ်းဖူးလဲ ဒါမှမဟုတ် သူ တကယ်ပဲ စူးနျန်ဖုန်းနံပါတ်ကို ဖျက်ပစ်လိုက်တာလား ဆိုတဲ့အကြောင်းတွေကိုလား?

ဒါမှမဟုတ် လော့ချင်ရှန်းက ဖိန့်ရန်ကို စူးနျန်နဲ့အတူ လူအများရှေ့မှာ ငြင်းခုံရန်ဖြစ်ပြီး ပွက်လောရိုက်စေချင်တာလား?

ဖိန့်ရန်က အချိန်အကြာကြီး တိတ်ဆိတ်သွားတဲ့အတွက် လော့ချင်ရှန်းက သူ မိုက်ပိတ်သွားတာလား ဒါမှမဟုတ် ဂိမ်းထဲကပဲ ထွက်သွားတာလား‌ဆိုပြီး တွေးနေတယ်။

"ငါ အကျည်းတန်တဲ့ လမ်းခွဲမှုမျိုး မလိုချင်ရုံပဲ" ဖိန့်ရန်က အလွန်အေးဆေးညင်သာစွာ ပြန်ဖြေလိုက်တယ်။

ကိစ္စအားလုံး ဖြစ်ပျက်ပြီးသွားတည်းကစပြီး ဖိန့်ရန်ရဲ့ လုံးဝမျှော်လင့်ချက်ကုန်ခန်းနေတဲ့ စကားသံမျိုးကို လော့ချင်ရှန်း ပထမဆုံး ကြားရခြင်းပဲ။

ဖိန့်ရန် များများစားစား မပြောပေမဲ့ လော့ချင်ရှန်း နားလည်သွားတဲ့ပုံပဲ။

ဖိန့်ရန်မိဘနှစ်ပါးလုံးက အနုပညာရှင်တွေ။ ဖိန့်ရန်ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်‌ဦးရဲ့ ဂုဏ်ကျက်သရေမျိုးနဲ့ မွေးဖွားလာခဲ့တာ။ သူ ပြီးပြည့်စုံမှုကို ရှာဖွေတယ်။ ကြည်နူးဖွယ် ချစ်ခြင်းမေတ္တာကို ရှာဖွေတယ်။ လော့ချင်ရှန်း အချစ်ရဆုံးကလည်း ဒါပဲ။

လော့ချင်ရှန်းနှာသီးဝမှာ ကျဉ်တက်လာတယ် :: "ကိုယ် တောင်းပန်ပါတယ်။"

သူ့မျက်လုံးကို ပွတ်သုတ်ပြီး ဖိန့်ရန်ကို ပိုပြီးတော့တောင် လွမ်းလာတယ်။ အတော်လေးကြာမှ သူ ထုတ်ပြောလာတယ် :: "ဒါဆို ကိုယ်တို့တွေ သူငယ်ချင်းတွေ ဆက်ဖြစ်နိုင်အုံးမလားဟင်?"

ဖိန့်ရန် :: "........"

"မရဘူးလို့ မပြောပါနဲ့။ ကိုယ် မင်းကို တောင်းဆိုနေတာပါ" လော့ချင်ရှန်း ဆက်ပြောတယ် "အနည်းဆုံးတော့ ကိုယ့်ကို အချိန်တစ်ချို့ပေးပါ"

ဖိန့်ရန်အဖြေက ငြင်းဖို့ပါပဲ။ သူတို့နှစ်ဦးကြားက မဖြေရှင်းရသေးတဲ့ ကိစ္စသာ ရှိမနေရင် ဖိန့်ရန် သူ့ကို အစောကြီးတည်းက blockပြီးပြီ။

လော့ချင်ရှန်းက နှုတ်ခမ်းကို ဖိကိုက်ကာ အောင့်သက်သက် ရယ်သံထွက်လာခဲ့တယ်။ သူ့ရဲ့ဝှက်ဖဲကို ထုတ်သုံးဖို့ ဆုံးဖြတ်လိုက်တယ် :: "ဒါနဲ့လေ...ဒီရက်ပိုင်း မိုးတွေ တအားရွာပြီး မတရားချမ်းနေတော့ ကိုယ့်ရဲ့ လက်ချောင်းတွေဆို တဆစ်ဆစ် ကိုက်နေတာ။ မင်းရဲ့လက်ချောင်းတွေရော ကိုက်ခဲသေးလား? နွေးနွေးထွေးထွေး ဝတ်နော်။ မဟုတ်ရင် မင်း အအေးမိလိမ့်မယ်။"

ဖိန့်ရန်က သူ ဒီလိုပြောတဲ့အခါတိုင်း အမြဲတမ်း အလျှော့ပေးရစမြဲပဲ။ လော့ချင်ရှန်း ဒီဝှက်ဖဲကို ထုတ်သုံးရလို့ သူ့ကိုယ်သူ ဂုဏ်ယူဝမ်းမြောက်တာမျိုး မဖြစ်မိပေမဲ့ သူ တအားကျေးဇူးတင်မိတယ်။

သေချာပေါက်ပါပဲ၊ ဖိန့်ရန် အချိန်တစ်ခုကြာ တိတ်ကျသွားပြီးမှ မေးလာတယ် :: "မင်း စစ်ဆေးဖို့ ဆေးရုံသွားပြီးပြီလား?"

"အာ အဲ့လောက်ကြီး ဆိုးရွားတာမှ မဟုတ်တာ" ဖိန့်ရန် စိတ်ပျော့ပျောင်းသွားတာကို သဘောပေါက်တော့ လော့ချင်ရှန်းတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချပြီး ခေါင်းစဉ်မြန်မြန် ပြောင်းလိုက်တယ် :: "မင်းမှာ သေနတ်တစ်လက်ရှိလား? ဒီမှာ မရှာနဲ့တော့ ကိုယ် မင်းကို M24တစ်လက် ပစ်ပေးလိုက်မယ်။ မှန်ပြောင်းအား ခြောက်ဆရှိတယ်။"

ဖိန့်ရန်က မရပ်ဘဲ လော့ချင်ရှန်းကို ကျော်ကာ ဆက်လျှောက်သွားတယ် :: "ကျေးဇူးပဲ ငါ စနိုက်ပါ မသုံးဘူး။"

------

"ညာဘက်မှာ ရန်သူကစားသမားတွေ! ကျေးဇူးတင်ပါတယ် ဒုံးပျံအတွက် ‌ကျေးဇူးအထူးပါ မစ္စတာကွတ်ကီးဗျ မွမွ..." လင်ရွှီးဟွမ့်တစ်ယောက် သူ့ရဲ့ Livestream ဖန်ပရိသတ်များနဲ့ အပြန်အလှန် ချစ်ကြည်နူးတစ်တီတူးနေတုန်း သူ့အသင်းသား ဦးတည်နေတဲ့နေရာကို တစ်ချက်လှမ်းကြည့်မိပြီး ထိုင်နေရာကနေတောင် ခုန်ထမိသွားတယ် :: "သေစမ်း! နံပါတ်၂ စိတ်ငြိမ်ငြိမ်ထားစမ်း! နံပါတ်၂ ငါ့ကို စောင့်အုံးလေဟ! နံပါတ်၂...ကော! မင်း သောက်ကျိုးနည်း ရပ်ပါတော့ဟ! အဲ့ဒီ့မှာ ရန်သူကစားသမား လေးယောက်တောင် ရှိနေတာလေ!!!"

ယန်းကျွင်က ‌ဆိုင်ကယ်စီးနေတာ။ လင်ရွှီးဟွမ့်မှာ ဘီးလေးဘီး ပါတဲ့ ခပ်သေးသေး ခပ်ညစ်ညစ် ကုန်ကားတစ်စီး ရှိနေရင်တောင် သူ့ကို အမှီလိုက်နိုင်မှာ မဟုတ်ပေ။ ဒါကြောင့်မို့ ယန်းကျွင်တစ်ယောက် ရန်သူအဖွဲ့ဆီ တုန့်ဆိုင်းခြင်းမရှိ တဟုန်ထိုး မောင်းသွားတာကို ကြည့်ရုံသာ ကြည့်နေနိုင်တော့တယ်။

"အို သေစမ်းကွာ၊ နှစ်ယောက်တွဲအသင်းက မင်းခေါင်းကို လင်ပန်း‌ပေါ်တင်ပြီး သူတို့ဆီ ကိုယ်တိုင် သွားမဆက်သခင်တည်းက ခက်ခဲနေပြီးသားကွ!" လင်ရွှီးဟွမ့် ပေါက်ကွဲထွက်တော့မယ် :: "မင်း ရုတ်တရက်ကြီး ငါနဲ့ ကစားချင်လာတာ မဆန်းတော့ပါဘူး။ မင်း ငါ့ရဲ့rankတွေကို ဖြုတ်ချပစ်ချင်နေတာပဲ..."

[111GODက TIKERXကို AKMဖြင့် knock outလိုက်ပါသည်]

[111GODက HUMI2Bကို AKMဖြင့် knock outလိုက်ပါသည်]

[111GODက JEONGကို Frag Grenadeဖြင့် knock outလိုက်ပါသည်]

[111GODက MRxuကို Frag Grenadeဖြင့် knock outလိုက်ပါသည်]

ယန်းကျွင် :: "အကုန်သေပြီ"

"ဟားဟား ငါ အခုပဲ ပြောတော့မလို့ ငါ့ရဲ့ကောက အဲ့ဒီကို ပြေးသွားတည်းက သူ ဘာလုပ်နေတာလည်းဆိုတာ သူ့ကိုယ်သူ သေချာပေါက် သိပြီးသား!" လင်ရွှီးဟွမ့် ပြုံးဖြီးဖြီးနဲ့ "အားလုံးပဲ ငါ့ကော ပြသွားတဲ့ ရှိုးကို ကြိုက်နှစ်သက်ကြတယ်မလား? မင်းတို့ သူ့ကို ကြိုက်တယ်ဆို ငါ့ကို လက်ဆောင်တွေ အများကြီး ကျဲချလိုက်ဗျာ"

လင်ရွှီးဟွမ့်က သေတ္တာတွေကို လိုက်မွှေနှောက်နေရင်း မေးတယ် :: "မင်း ဘာဖြစ်နေတာလဲ ကော? ကြည့်ရတာ စိတ်အခြေအနေ မကောင်းတာများလား?"

ယန်းကျွင် ပြန်ဖြေလိုက်တယ် :: "ငါ စိတ်အခြေအနေ ကောင်းနေရင် မင်းနဲ့လာဆော့နေမှာတဲ့လား?"

"ငါယိုး" လင်ရွှီးဟွမ့်က နှာမှုတ်လိုက်တယ် :: "ကောင်းပြီလေ ဒါဆိုလည်း ဘာဖြစ်နေလို့လဲ ပြောပြမှ ငါ မင်းကို ကူညီပေးဖို့ ရမှာပေါ့ဟ"

"မင်း မကူညီနိုင်ဘူး" ယန်းကျွင်က သေတ္တာတွေထဲက သူ လိုအပ်တာတွေကို မြန်မြန်ယူပြီးတာနဲ့ ပစ်မှတ်ရှာဖို့ ခေါင်မိုးပေါ် တက်လိုက်တယ် :: "တိတ်တိတ်နေစမ်း။ ငါ ခြေလှမ်းသံတွေတောင် မကြားရတော့ဘူး။"

လင်ရွှီးဟွမ့်က ဒါမျိုးကို ကျင့်သားရနေပြီ။ သူ live commentတွေကို ကြည့်ပြီး ပြန်ဖြေလိုက်တယ် :: "နိုးနိုးနိုး သူက ဟက်ကာမဟုတ်ဘူး... ငါ ဘယ်လိုသိလဲ ဟုတ်လား? လက်တွေ့ဘဝမှာ ငါတို့နှစ်ယောက် ဘယ်နှစ်ခေါက် တူတူဆော့ခဲ့ဖူးမှန်းတောင် မရေနိုင်တော့ဘူး။ ငါတို့ နောက်တစ်ခေါက် အခွင့်အရေး ထပ်ရရင် သူ့ရှုထောင့်ကနေ မင်းတို့ကို ကြည့်ခိုင်းမယ်။ မင်းတို့ ကြည့်ပြီးတာနဲ့ သူ အမှန်တကယ် ဆော့နေတာမှန်း သိသွားလိမ့်မယ်။"

"သူက ငါတို့အသင်းရဲ့ လေ့ကျင့်ရေး ကစားသမား မဟုတ်ဘူး။ လေ့ကျင့်ရေး ကစားသမားတစ်ယောက်သာ ဒီလိုအကွက်တွေ ပိုင်လို့ကတော့ ငါ အနားယူလိုက်တာ ပိုကောင်းမယ်။"

"ငါ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်စွမ်း မြင့်မြင့် ထားပါတယ်နော်။ သူကိုက မဟားတရားကြီး တော်လွန်းနေတာကွ! မင်းတို့တွေ ငါ့မယုံရင် အခြား PUBG ပရိုကစားသမားတစ်ယောက်ရဲ့ channelကို သွားပြီးမေးကြည့်ကြည့် ၊ သူတို့တွေ 111GODကို သိလားဆိုတာ မေးကြည့်ကြကွာ"

ယန်းကျွင်ကတော့ လင်ရွှီးဟွမ့် လေပေါသမျှကို မျက်နှာသေဖြင့် နားထောင်နေရင်း သူ့ဘာသာသူ တစ်ယောက်တည်း soloဆော့တာကမှ ကောင်းအုံးမယ်လို့ တွေးနေမိတယ်။

ပွဲအပြီးမှာတော့ ယန်းကျွင်က 21killနိုင်လိုက်ပြီး အောင်အောင်မြင်မြင် ကြက်သားစားလိုက်ပါတော့တယ်။

"ငါယိုးကွာ မင်းက တကယ့်အဖိုးတန် အမဲသားကိတ်ပဲ!" လင်ရွှီးဟွမ့် သက်ပြင်းချတယ်။

ယန်းကျွင်ကတော့ သူ့ရဲ့စကားလုံး ရွေးချယ်နိုင်စွမ်းအပေါ် စိတ်ပျက်သွားရတယ်။ စီးကရက်တစ်လိပ်ကို မီးညှိပြီး လင်ရွှီးဟွမ့်ကို လျစ်လျူရှုလိုက်တော့တယ်။

ကီးဘုတ်ရှေ့က ဖုန်းကို ငုံ့ကြည့်ပြီး chat boxထိပ်ဆုံးကို ခဏခဏ ဝင်လိုက်ထွက်လိုက် လုပ်နေလေရဲ့။

"ကော ငါ့channelက လူတိုင်းက မင်းရဲ့ဂိမ်းကစားဖော်အဖြစ် ငှားလို့ရတဲ့ ‌appနေရာကို လိုချင်နေကြတယ်။ မင်း ငါ့ကို ပြောပြလေ၊ ဒါမှ ငါ မင်းကို ကြော်ငြာပေးနိုင်မှာပေါ့" လင်ရွှီးဟွမ့်က ပြောတယ် :: "မင်းရဲ့အော်ဒါတွေက ခေါင်မိုးထိ ဖောက်ထွက်သွားမှာ ငါ လောင်းရဲတယ်! ဈေးအရင် သွားမြှင့်ချည်"

ယန်းကျွင်က မီးခိုးတစ်ရှိုက်အပြည့် ရှုထုတ်လိုက်ကာ "မလိုဘူး။ ငါ မလုပ်တော့ဘူး။"

"......" လင်ရွှီးဟွမ့်မျက်နှာမှာ ခံစားချက်မျိုးစုံ ပြောင်းလဲသွားတော့တယ် :: "မင်း ဒီလောက်မြန်မြန် လက်လျှော့ပစ်လိုက်တာလား? မင်းက ဇွဲလည်းမရှိပါလား လူငယ်လေး"

ယန်းကျွင် :: "အမ် ကြိုးစားကြည့်ပြီး စိတ်မပါတော့လို့"

လင်ရွှီးဟွမ့်က Livestream micကို ပြန်ဖွင့်ကာ "ဆက်တိုက်မန့်နေတာတွေ ရပ်လို့ရပြီ။ သူက အော်ဒါထပ်မယူတော့ဘူးတဲ့။ ဘာလို့လဲ ဟုတ်လား? အကြောင်းပြချက် မရှိဘူး။ သခင်လေးတွေက သူတို့စိတ်ကျေနပ်သလို လုပ်မှာပဲ။ ခဏ ကော ငါ့အသင်းက ဝက်တွေ အခုမှ အိပ်ရာထလာပြီး အဖွဲ့လိုက် ကစားချင်တယ် လုပ်နေကြတယ်။"

ယန်းကျွင်က ပြန်မပြောပေ။ သူ့လက်ကို မြှောက်ပြီး စီးကရက်ပြာမှုန်ကို ခါထုတ်မလို့ရှိသေး၊ သူ့ဖုန်းက မြည်လာခဲ့တယ်။ သူ ငုံ့ကြည့်ပြီး သူ့စီးကရက်တစ်လိပ်လုံးကို အမှိုက်ပုံးထဲ ခါထုတ်မိတော့မလိုတောင် ဖြစ်သွားတယ်။

ဖိန့်ရန် :: [ငါ ပြီးပြီ။ မင်း ကစားချင်သေးလား?]

အဖွဲ့ဖွဲ့တာ စုစုပေါင်း နှစ်မိနစ်လေးပဲ ကြာလိုက်တာပါ။ လင်ရွှီးဟွမ့် 'start' ဆိုတာကိုလည်း နှိပ်လိုက်ရော systemက သူ့ကစားသမားတွေက တစ်ယောက် မရှိတော့ဘူးလို့ သတင်းပေးလာတယ်။

သူ စစ်ကြည့်လိုက်တော့ 111GOD ပျောက်သွားတာပဲ။

"ငါ သွားပြီ။ မင်းတို့ကောင်တွေပဲ ကစားကြတော့" ယန်းကျွင် ပြောလိုက်တယ်။

"ဟမ်?" ယောက်ျားလေးတစ်ယောက်အသံ ထွက်လာတယ်။ အသင်းရဲ့ assaulterပဲ :: "ငါ မင်းနဲ့ကစားချင်လွန်းလို့ အိပ်ရာထဲကနေ တွားသွားထွက်လာရတာလေ။ အခုတော့ မင်းက သွားတော့မယ်တဲ့လား? မင်း ဘယ်သွားမလို့လဲ?"

ယန်းကျွင် ပြန်ဖြေလိုက်တယ် :: "ဘယ်ကမှာလဲ? ငါ့bossကို အဖော်သွားပြုပေးဖို့ပေါ့"

ယန်းကျွင်က channelတစ်ခုလုံးကို ကော်ရှင်မတ်တွေနဲ့ ပြည့်သွားအောင် လုပ်ပြီးမှ ထွက်သွားခဲ့တယ်။ ဖန်တွေက ‌ဝိုင်းမေးကြပါလေရော "မင်း ပြောတော့ သူ အော်ဒါမယူတော့ဘူး‌ဆို? မင်း ငါတို့ကို ပလေးတာလား?"

လင်ရွှီးဟွမ့်က မဖြုံပါဘူး :: "ငါ ပြောတယ်လေ သခင်လေးတွေက သူတို့စိတ်ကျေနပ်သလို လုပ်မှာပဲလို့"

ဖိန့်ရန်က message ပို့လိုက်ပေမဲ့ ယန်းကျွင် လက်ရှိ ဂိမ်းဆော့နေလောက်မှာကို တွေးမိပြီး နောက်တစ်ကြောင်း အလျင်အမြန် ရိုက်ကာ ထပ်ပို့လိုက်တယ်။

ဖိန့်ရန် :: [မင်း ဂိမ်းထဲမှာ ရှိနေသေးတယ်ဆိုရင်လည်း ရတယ်နော်]

ယန်းကျွင် :: [ငါ့ကို ဖိတ်လိုက်]

ဖိန့်ရန် အရင်တုန်းက တစ်ခါမှ ခေါင်းဆောင်နေရာ မယူဖူးဘူး။ inviteပို့ဖို့ သူ အချိန်တစ်မိနစ်လောက် ယူလိုက်ရတယ်။ ပြီးတဲ့နောက် 111GODက သူ့အဖွဲ့ထဲ ချက်ချင်းရောက်လာတယ်။

"ဘယ်မြေပုံ သွားကြမလဲ?"

"မင်းတစ်ယောက်တည်းလား?"

နှစ်ယောက်သားက တစ်ပြိုင်နက်တည်း ပြောလာတယ်။

ဖိန့်ရန်က တုန့်ဆိုင်းသွားပြီး "အင်းလေ ငါတစ်ယောက်တည်းပဲ။ မင်း အခြားသူတွေကို ဖိတ်ချင်လို့လား?"

"မဟုတ်ဘူး" ယန်းကျွင်က ရပ်သွားပြီးမှ "စောနက မင်း နှစ်ယောက်တွဲကစားနေတာ မြင်လိုက်လို့"

ဖိန့်ရန် :: "ငါ စောနက မင်း invite လုပ်လိုက်တယ်လို့ မှတ်ပြီး IDကို သေချာမဖတ်ဘဲ အဖွဲ့မှား joinမိလိုက်တာရယ်"

ယန်းကျွင် မျက်ခုံးပင့်သွားတယ် :: "အို့ ငါလို့ ထင်မိလို့ပေါ့"

ဖိန့်ရန်က သူ့လေသံထဲက သိမ်မွေ့နက်နဲတဲ့ ရယ်သံကို သတိမပြုမိလိုက်ပေ။ သူ ဟုတ်ကြောင်း အသံပြုပြီး ထပ်မေးလိုက်တယ် :: "ဘယ်မြေပုံ သွားကြမလဲ?"

"Erangelကို သွားကြစို့" ယန်းကျွင် ပြောတယ် "ငါ မင်းကို helicopter နဲ့ ခေါ်သွားပေးမယ်လို့ ပြောထားတယ်လေ"

သူတို့ကစားနေရင်း ဖိန့်ရန်ဖုန်းက မရပ်မနား တုန်ခါလာတယ်။

သူ လော့ချင်ရှန်းဆီက voice messageတွေကို ကြည့်ပြီး တကယ်ဖွင့်နားမထောင်ချင်ပေ။ ဒါပေမဲ့ လော့ချင်ရှန်းလက်နဲ့ ပတ်သက်တဲ့ အကြောင်းတစ်ခုခု ဖြစ်မှာလည်း စိုးတဲ့အတွက် အဆုံးမှာတော့ အတိုဆုံးmessageကို ဖွင့်နားထောင်လိုက်တယ်။

"မနက်ဖြန် မင်း ဘယ်အချိန် ကျောင်းပြန်လာမှာလဲ? တူတူပြန်ကြမလား? ကိုယ် မင်းကို လာခေါ်ရမလား....?"

ဖိန့်ရန်က message မဆုံးခင်မှာပဲ ရပ်လိုက်တယ်။ ချက်ချင်းပဲ သူ ခေါင်းငုံ့ကာ ပြန်ဖြေလိုက်တယ် "မလိုဘူး"

----

ယန်းကျွင်တစ်ယောက် dateကို ကြည့်မိတယ်။ စောနလေးတင်မှ ပျောက်သွားတဲ့ စိတ်မကြည်မသာမှုက သူ့ဆီ နောက်ကြောင်းပြန်လှည့်လာပြီ။ မွန်းကျပ်တဲ့ ခံစားချက်ကြောင့် စီးကရက်နောက်တစ်လိပ် ထပ်ညှိချင်စိတ် ပေါက်လာရတယ်။

အဲ့ဒီနောက် နားကြပ်ကနေ ထွက်လာတဲ့ သကြားလုံး အခွံချွတ်သံလို ဆူညံသံသေးသေးလေးကို ကြားမိလိုက်တယ်။

သူ့ဆန္ဒကို ဖိနှိပ်ပြီး အံဆွဲကို ဆွဲဖွင့်ကာ သူ့ဆာလောင်မှုကို နှိမ်နင်းပစ်ဖို့ ယုန်ဖြူသကြားလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်တယ်။

ဖိန့်ရန်နဲ့ ဂိမ်းကစားရရင် သကြားလုံးတွေ တော်တော်စားမိတာပဲ။

သူတို့ကစားလို့ပြီးတဲ့အချိန် အတော်လေး နောက်ကျနေပြီ။ မည်းမှောင်နေတဲ့ ကွန်ပျူတာscreenကို စိုက်ကြည့်ရင်း ဖိန့်ရန် တစ်ခုခုကို ရုတ်တရက် အမှတ်ရလိုက်တယ်။ သူ ဂိမ်းကစားဖော် websiteကို ဖွင့်ပြီး ရောင်းဝယ်မှုကို ပြီးဆုံးစေလိုက်တယ်။

ဒီထူးထူးခြားခြား ဂိမ်းကစားဖော် websiteက ကတ်စတန်မာကို အရင်အော်ဒါတင်စေတယ်။ အော်ဒါပြည့်သွားပြီး‌ နောက်ဆုံးမှ ကတ်စတန်မာက ငွေသွားချေရတာ။ အဲ့တော့မှပဲ ဂိမ်းကစားဖော်က ‌ငွေကို လက်ခံနိုင်မှာ။

အများဆုံး ငှားနိုင်တဲ့ နာရီပေါင်းက ၅၀ပဲ။ ဂိမ်းကစားဖော်က တစ်လအတွင်း အော်ဒါပြီးအောင် ဆောင်ရွက်ပေးရတယ် မဟုတ်ရင် အော်ဒါပျက်သွားရော။

ယန်းကျွင် :: [ ? ]

ဖိန့်ရန် :: [ငါ ကျောင်းပြန်ရောက်ရင် ကစားဖို့ အချိန်ရှိလောက်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ငါ အခု ငွေချေလိုက်တာ]

ဖိန့်ရန် :: [ငါ အခွင့်အရေးရရင် ထပ်ဆော့ပါ့မယ်]

ဖိန့်ရန်တစ်ယောက် သူ့ရဲ့နောက်‌ဆုံးစာကြောင်းက ဟာကွက်ဘယ်လောက် များနေမှန်း သတိမထားမိလိုက်ပေ။ 'ငါ အခွင့်အရေးရရင် ထပ်ဆော့ပါ့မယ်' နဲ့ 'ငါ ထပ်မဆော့တော့ဘူး' ဆိုတာနဲ့ အများကြီး ကွာမနေဘူး။

ယန်းကျွင် နောက်ဆုံးတော့ မထိန်းနိုင်တော့ဘူး။ သူ ဝရံတာကို ထွက်ပြီး စီးကရက် မီးညှိလိုက်ပေမဲ့ မသောက်ဖြစ်လိုက်ပါဘူး၊ သူ့အကြည့်တွေက ထိုဝါကျမှာပဲ စွဲကပ်နေတယ်။

အချိန်အတော်ကြာမှ သူ နောက်ဆုံးတော့ လှုပ်ရှားလာတယ်။

ယန်းကျွင် :: [သင့်ဆီ ယွမ်၁၂၀၀ လွှဲပေးလိုက်ပါသည်]

ဖိန့်ရန်က စိတ်ရှုပ်ထွေးသွားသလို '?' ပြန်ပို့လာတယ်။

သူ ခပ်မြန်မြန်ပဲ voice message တစ်စောင် ရလာတယ်။ ဖိန့်ရန် ဖုန်းကို သူ့နားနားကပ်ပြီး နားထောင်လိုက်တယ်။

"ငါက ဂိမ်းကစားဖော်အဖြစ် အလုပ်လုပ်နေတယ်လို့ မင်း တကယ်ထင်နေတာလား?"

ဖိန့်ရန်တစ်ယောက် နောက်ထပ် ကော်ရှင်မတ်တစ်ခု ထပ်ပို့ချင်ပေမဲ့ တအားကြီး မယဉ်ကျေးသလို ဖြစ်မှာစိုးတဲ့အတွက် voice ခလုတ်ကို နှိပ်ကာ တုံးအအ ပြန်ဖြေလိုက်တယ် :: "အင်း?"

နောက်ထပ် voice message တစ်ခုမှာတော့ ယန်းကျွင်ရဲ့ မထိန်းနိုင်တော့သလို ခပ်တိုးတိုး ရယ်သံကို ကြားလိုက်ရတယ်။

"ငါ့လို ဂိမ်းကစားဖော် လုပ်တဲ့သူတွေထဲမှာ အဆိုးဆုံးလူတောင် ယွမ်၂၀၀ထက်မနည်း ငှားရမ်းငွေ ရှိတယ်။"

"ငါ အခုချိန်မှာ ငွေပြတ်နေတာမျိုးလည်း မရှိဘူး။"

"မင်းကို အော်ဒါတင်ဖို့ ဖြောင်းဖြတာက ငါ မင်းနဲ့တူတူ ဂိမ်းကစားချင်ရုံသက်သက်ပဲ။"

ဖိန့်ရန် ထိုvoice message သုံးစောင်ကို တစ်ပြိုင်တည်း နားထောင်ပြီးနောက် ဖုန်းဖိထားတဲ့ သူ့နားရွက်က ပူတက်လာတယ်။

သူ အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြန်မေးလာတယ် :: ".....မင်း အသစ်တွေနဲ့ ကစားရတာမျိုးကို သဘောကျတာလား?"

ယန်းကျွင် မထိန်းနိုင်တော့ဘူး။ သူ စီးကရက်ကို မီးသတ်ကာ တစ်မိနစ်လောက် ကောင်းကောင်းရယ်နေပြီးမှ လေးနက်မှုအပြည့်နဲ့ ပြန်ဖြေလိုက်တယ်။

"မဟုတ်ဘူး။ ငါ မင်းနဲ့ကစားရတာကိုပဲ သဘောကျတာ"

"ပိုပြီးတိတိကျကျ ပြောရရင် မင်းနဲ့ဆို ဘာပဲလုပ်ရလုပ်ရ ငါ အကုန်သဘောကျတယ်"

"ငါ ပြောချင်တာက ငါ မင်းကို သဘောကျတယ် မင်း နားလည်လား? မင်း ကစားသမားအသစ် ဖြစ်နေတာနဲ့ ဘာမှမဆိုင်ဘူး"

ဖိန့်ရန်မှာ တစ်ယောက်ယောက် သူ့ကို ရပ်တန့်ခလုတ် နှိပ်လိုက်သလိုမျိုး နေရာမှာတင် တောင့်ခဲသွားတယ်။

သူ စက္ကန့်အနည်းငယ်လောက်တောင် အသက်ရှုအောင့်မိသွားတယ်။ သူ့ခေါင်းထဲမှာ ကြားနေရတဲ့ တစ်ခုတည်းသော အသံက ကျယ်လောင်စူးရှတဲ့ ဒရမ်တီးသံလို သူ့နားထင်ကိုပါ တဒုတ်ဒုတ် ဖြစ်စေတဲ့ သူ့နှလုံးခုန်သံပဲ။

ဖုန်းကို ချလိုက်ချိန်မှာ voice messageကို မတော်တဆ ထပ်နှိပ်မိပြီး ယန်းကျွင်ရဲ့အသံက ထပ်ထွက်လာ---

"ငါ ပြောချင်တာက ငါ မင်းကို သဘောကျတယ်..."

ဖိန့်ရန် စမ်းတဝါးဝါး လှမ်းပိတ်လိုက်တယ်။ သူ့မျက်တောင်ကို နှစ်ကြိမ်လောက် ခပ်မြန်မြန် ပုတ်ခတ်ပြီး ပြတင်းပေါက်ဆီ အပြေးသွားကာ ဘမ်းခနဲ ဆွဲပိတ်လိုက်တယ်။

မိုးသံက တအားကျယ်တာပဲ ၊ သူ တွေးလိုက်တယ်။

----------

•ဟဲဟဲ ပြောကုန်ပြီလို့ ထင်ပါသလား????

•အောက်က ကားပုံလေးက လင်ရွှီးဟွမ့် ပြောတဲ့ သူ့ရဲ့ ခပ်သေးသေး ခပ်ညစ်ညစ် လေးဘီးကားပုံစံပါ။

________

[Zawgyi]

ေလာ့ခ်င္ရွန္း အသံကို ၾကားၾကားခ်င္း ဖိန႔္ရန္ရဲ့ ခ်က္ခ်င္းတုန႔္ျပန္မႈက ဂိမ္းထဲကေန ထြက္လိုက္ဖို႔ပါ။

စကၠန႔္အနည္းငယ္ၾကာေတာ့ သူ 'cancel' ကို ႏိွပ္ၿပီး ေျမပံုဖြင့္ကာ သူ႔အတြက္သူ ႀကိဳက္ရာအမွတ္တစ္မွတ္ ခ်လိုက္တယ္။

ေလာ့ခ်င္ရွန္းကေတာ့ ပီတိေတျြဖာေနၿပီး အဆက္အစပ္မိတဲ့ ဝါက်တစ္ေၾကာင္း ေျပာဖို႔ အခ်ိန္တစ္ခု ၾကာသြားခဲ့တယ္ :: "ဒီရက္ပိုင္းေတြမွာ...ကိုယ္ အိမ္မွာပဲ ရိွေနတာ။ အျပင္ကို လံုးဝမထြက္ရေသးဘူး။ ကိုယ့္မား ေျပာတာကေတာ့ အနားမွာ ဂ်ပန္အစားအစာဆိုင္တစ္ဆိုင္ အသစ္ဖြင့္ထားတယ္တဲ့။ မင္း သြားစားခ်င္..."

ဖိန႔္ရန္က တည္တည္ၿငိမ္ၿငိမ္ ျပန္ေမးလိုက္တယ္ :: "မင္း ငါ ပို႔ထားတာကို ၾကၫ့္ၿပီးၿပီလား?"

ေလာ့ခ်င္ရွန္း ေအးခဲသြားတယ္။ လြန္ခဲ့တဲ့ရက္တုန္းက ဖိန႔္ရန္က သူ႔ဆီ တစ္ခုပဲ ပို႔ထားတယ္။ သူတို႔တူတူရိွခဲ့တဲ့ အခ်ိန္တုန္းက သူ ဖိန႔္ရန္ကို ေပးခဲ့တဲ့ လက္ေဆာင္စုစု‌ေပါင္းစာရင္းပဲ။

"ဟင့္အင္း" ေလာ့ခ်င္ရွန္းအသံက တအားတိုးေနတယ္ :: "အဲ့ထဲက ေတာ္ေတာ္မ်ားမ်ားက ကိုယ္ တစ္ခ်က္ ၾကၫ့္ၿပီး မင္းအတြက္ ဝယ္လာခဲ့တာ။ အရမ္းၾကာသြားၿပီကို ကိုယ္ အကုန္လံုး မမွတ္မိေတာ့ဘူး။"

ဖိန႔္ရန္က ခပ္ေဝးေဝးareaမွာ ဆင္းသက္ၿပီး ပစၥည္းေတြကို ျဖည္းျဖည္းခ်င္း စေကာက္တယ္ :: "အားလံုးကို ေဈးတြက္ေပးထားတယ္။ ဒါေပမဲ့ ေဈးကြက္ထဲ မရိွေတာ့တဲ့ ဖိနပ္ႏွစ္ရံရဲ့ ေဈးႏႈန္းေတြကို ငါ မရွာႏိုင္ခဲ့ဘူး။"

"Baby" ေလာ့ခ်င္ရွန္း ဆို႔နင့္သြားတယ္။ အဲ့ေနာက္ သူ႔ကိုယ္သူ ျပန္ထိန္းရင္း "ဖိန႔္ရန္ မင္း ဒီလိုလုပ္မွရမွာလား?"

ဖိန႔္ရန္ :: "ဒီလိုျဖစ္ေအာင္လုပ္ခဲ့တာ ငါမွမဟုတ္တာ"

"ကိုယ္သိတယ္။ ကိုယ္ သိပါတယ္။ ကိုယ့္အမွားဆိုတာ ဝန္ခံၿပီးၿပီေလ" ေလာ့ခ်င္ရွန္း ဆက္ေျပာတယ္ :: "ဒါေပမဲ့ ကိုယ္နဲ႔စူးန်န္ၾကား တကယ္ ဘာမွမျဖစ္ခဲ့ပါဘူး။ ကိုယ္ သူ႔အေပၚ လံုးဝခံစားခ်က္မရိွဘူး။ မင္း ကိုယ့္အေၾကာင္း သိပါတယ္။ ကိုယ္က သူ႔ကို သူငယ္ခ်င္းေတြထဲက တစ္ေယာက္အျဖစ္ပဲ သတ္မွတ္ထားတာ ဒါေပမဲ့ သူက အဲ့လိုျဖစ္မယ္လို႔ ကိုယ္ မထင္ထား..."

ဖိန႔္ရန္တစ္ေယာက္ အခန္းထဲမွာ စကၠန႔္အနည္းငယ္ေလာက္ ရပ္တန႔္ေနၿပီးမွ ခါးကိုင္းကာ ပစၥည္းလွမ္းေကာက္လိုက္တယ္ :: "ေတာ္ေလာက္ၿပီ"

"ကိုယ့္မွာ ရွင္းျပဖို႔ အခြင့္အေရးေလး‌ကိုေတာင္ မင္း မေပးေတာ့ဘူးလား?" ေလာ့ခ်င္ရွန္းက တိုးတိုးဆက္ေျပာတယ္ :: "ဖိန႔္ရန္ ကိုယ္ ဒီရက္ေတြမွာ အမ်ားႀကီး ေတြးၿပီးသြားၿပီ။ ကိုယ္ ေတြးတာ မင္း ျဖစ္ပ်က္ခဲ့သမ်ွကို တကယ္ဂရုစိုက္ရဲ့လား? မင္း ဘာလို႔ တစ္ခ်က္ေလးေတာင္ စိတ္မဆိုးရတာလဲ? မင္း လုပ္သမ်ွအားလံုးက ႏႈတ္ဆိတ္ၿပီး ကိုယ္ မင္းကို အထက္တန္းတုန္းက လိုက္ပိုးခဲ့တုန္းကအတိုင္း ကိုယ့္ကို မျမင္ခ်င္ေယာင္၊ မသိခ်င္ေယာင္ေဆာင္ေနတာပဲ။ မင္း ကိုယ့္ကို မျမင္ဖူး မသိဖူးသလို ဟန္ေဆာင္ၿပီး လ်စ္လ်ူရႈထားတယ္။"

သူက ဘယ္လိုရွင္းျပရမွာလဲ? ၿပီးေတာ့ေရာ သူ ဘာကို စိတ္ဆိုးရမွာလဲ တန္လို႔လား? ဖိန႔္ရန္ ေတြးေနမိတယ္။

ေလာ့ခ်င္ရွန္းက ဖိန႔္ရန္ သူ႔ကို စစ္ေဆးေမးျမန္းတာ ခံခ်င္ေနတာလား? သူနဲ႔စူးန်န္ ဘယ္ႏွစ္ေခါက္ နမ္းဖူးလဲ ဒါမွမဟုတ္ သူ တကယ္ပဲ စူးန်န္ဖုန္းနံပါတ္ကို ဖ်က္ပစ္လိုက္တာလား ဆိုတဲ့အေၾကာင္းေတြကိုလား?

ဒါမွမဟုတ္ ေလာ့ခ်င္ရွန္းက ဖိန႔္ရန္ကို စူးန်န္နဲ႔အတူ လူအမ်ားေရ႔ွမွာ ျငင္းခံုရန္ျဖစ္ၿပီး ပြက္ေလာရိုက္ေစခ်င္တာလား?

ဖိန႔္ရန္က အခ်ိန္အၾကာႀကီး တိတ္ဆိတ္သြားတဲ့အတြက္ ေလာ့ခ်င္ရွန္းက သူ မိုက္ပိတ္သြားတာလား ဒါမွမဟုတ္ ဂိမ္းထဲကပဲ ထြက္သြားတာလား‌ဆိုၿပီး ေတြးေနတယ္။

"ငါ အက်ည္းတန္တဲ့ လမ္းခြဲမႈမ်ိဳး မလိုခ်င္ရံုပဲ" ဖိန႔္ရန္က အလြန္ေအးေဆးညင္သာစြာ ျပန္ေျဖလိုက္တယ္။

ကိစၥအားလံုး ျဖစ္ပ်က္ၿပီးသြားတည္းကစၿပီး ဖိန႔္ရန္ရဲ့ လံုးဝေမ်ွာ္လင့္ခ်က္ကုန္ခန္းေနတဲ့ စကားသံမ်ိဳးကို ေလာ့ခ်င္ရွန္း ပထမဆံုး ၾကားရျခင္းပဲ။

ဖိန႔္ရန္ မ်ားမ်ားစားစား မေျပာေပမဲ့ ေလာ့ခ်င္ရွန္း နားလည္သြားတဲ့ပံုပဲ။

ဖိန႔္ရန္မိဘႏွစ္ပါးလံုးက အႏုပညာရွင္ေတြ။ ဖိန႔္ရန္ကိုယ္တိုင္ကလည္း အႏုပညာရွင္တစ္‌ဦးရဲ့ ဂုဏ္က်က္သေရမ်ိဳးနဲ႔ ေမြးဖြားလာခဲ့တာ။ သူ ၿပီးျပၫ့္စံုမႈကို ရွာေဖြတယ္။ ၾကည္ႏူးဖြယ္ ခ်စ္ျခင္းေမတၲာကို ရွာေဖြတယ္။ ေလာ့ခ်င္ရွန္း အခ်စ္ရဆံုးကလည္း ဒါပဲ။

ေလာ့ခ်င္ရွန္းႏွာသီးဝမွာ က်ဉ္တက္လာတယ္ :: "ကိုယ္ ေတာင္းပန္ပါတယ္။"

သူ႔မ်က္လံုးကို ပြတ္သုတ္ၿပီး ဖိန႔္ရန္ကို ပိုၿပီးေတာ့ေတာင္ လြမ္းလာတယ္။ အေတာ္ေလးၾကာမွ သူ ထုတ္ေျပာလာတယ္ :: "ဒါဆို ကိုယ္တို႔ေတြ သူငယ္ခ်င္းေတြ ဆက္ျဖစ္ႏိုင္အံုးမလားဟင္?"

ဖိန႔္ရန္ :: "........"

"မရဘူးလို႔ မေျပာပါနဲ႔။ ကိုယ္ မင္းကို ေတာင္းဆိုေနတာပါ" ေလာ့ခ်င္ရွန္း ဆက္ေျပာတယ္ "အနည္းဆံုးေတာ့ ကိုယ့္ကို အခ်ိန္တစ္ခ်ိဳ႕ေပးပါ"

ဖိန႔္ရန္အေျဖက ျငင္းဖို႔ပါပဲ။ သူတို႔ႏွစ္ဦးၾကားက မေျဖရွင္းရေသးတဲ့ ကိစၥသာ ရိွမေနရင္ ဖိန႔္ရန္ သူ႔ကို အေစာႀကီးတည္းက blockၿပီးၿပီ။

ေလာ့ခ်င္ရွန္းက ႏႈတ္ခမ္းကို ဖိကိုက္ကာ ေအာင့္သက္သက္ ရယ္သံထြက္လာခဲ့တယ္။ သူ႔ရဲ့ဝွက္ဖဲကို ထုတ္သံုးဖို႔ ဆံုးျဖတ္လိုက္တယ္ :: "ဒါနဲ႔ေလ...ဒီရက္ပိုင္း မိုးေတြ တအားရြာၿပီး မတရားခ်မ္းေနေတာ့ ကိုယ့္ရဲ့ လက္ေခ်ာင္းေတြဆို တဆစ္ဆစ္ ကိုက္ေနတာ။ မင္းရဲ့လက္ေခ်ာင္းေတြေရာ ကိုက္ခဲေသးလား? ေနြးေနြးေထြးေထြး ဝတ္ေနာ္။ မဟုတ္ရင္ မင္း အေအးမိလိမ့္မယ္။"

ဖိန႔္ရန္က သူ ဒီလိုေျပာတဲ့အခါတိုင္း အၿမဲတမ္း အေလ်ွာ့ေပးရစၿမဲပဲ။ ေလာ့ခ်င္ရွန္း ဒီဝွက္ဖဲကို ထုတ္သံုးရလို႔ သူ႔ကိုယ္သူ ဂုဏ္ယူဝမ္းေျမာက္တာမ်ိဳး မျဖစ္မိေပမဲ့ သူ တအားေက်းဇူးတင္မိတယ္။

ေသခ်ာေပါက္ပါပဲ၊ ဖိန႔္ရန္ အခ်ိန္တစ္ခုၾကာ တိတ္က်သြားၿပီးမွ ေမးလာတယ္ :: "မင္း စစ္ေဆးဖို႔ ေဆးရံုသြားၿပီးၿပီလား?"

"အာ အဲ့ေလာက္ႀကီး ဆိုးရြားတာမွ မဟုတ္တာ" ဖိန႔္ရန္ စိတ္ေပ်ာ့ေပ်ာင္းသြားတာကို သေဘာေပါက္ေတာ့ ေလာ့ခ်င္ရွန္းတစ္ေယာက္ စိတ္သက္သာရာရစြာ သက္ျပင္းခ်ၿပီး ေခါင္းစဉ္ျမန္ျမန္ ေျပာင္းလိုက္တယ္ :: "မင္းမွာ ေသနတ္တစ္လက္ရိွလား? ဒီမွာ မရွာနဲ႔ေတာ့ ကိုယ္ မင္းကို M24တစ္လက္ ပစ္ေပးလိုက္မယ္။ မွန္ေျပာင္းအား ေျခာက္ဆရိွတယ္။"

ဖိန႔္ရန္က မရပ္ဘဲ ေလာ့ခ်င္ရွန္းကို ေက်ာ္ကာ ဆက္ေလ်ွာက္သြားတယ္ :: "ေက်းဇူးပဲ ငါ စႏိုက္ပါ မသံုးဘူး။"

------

"ညာဘက္မွာ ရန္သူကစားသမားေတြ! ေက်းဇူးတင္ပါတယ္ ဒံုးပ်ံအတြက္ ‌ေက်းဇူးအထူးပါ မစၥတာကြတ္ကီးဗ် မြမြ..." လင္ရႊီးဟြမ့္တစ္ေယာက္ သူ႔ရဲ့ Livestream ဖန္ပရိသတ္မ်ားနဲ႔ အျပန္အလွန္ ခ်စ္ၾကည္ႏူးတစ္တီတူးေနတုန္း သူ႔အသင္းသား ဦးတည္ေနတဲ့ေနရာကို တစ္ခ်က္လွမ္းၾကၫ့္မိၿပီး ထိုင္ေနရာကေနေတာင္ ခုန္ထမိသြားတယ္ :: "ေသစမ္း! နံပါတ္၂ စိတ္ၿငိမ္ၿငိမ္ထားစမ္း! နံပါတ္၂ ငါ့ကို ေစာင့္အံုးေလဟ! နံပါတ္၂...ေကာ! မင္း ေသာက္က်ိဳးနည္း ရပ္ပါေတာ့ဟ! အဲ့ဒီ့မွာ ရန္သူကစားသမား ေလးေယာက္ေတာင္ ရိွေနတာေလ!!!"

ယန္းကြၽင္က ‌ဆိုင္ကယ္စီးေနတာ။ လင္ရႊီးဟြမ့္မွာ ဘီးေလးဘီး ပါတဲ့ ခပ္ေသးေသး ခပ္ညစ္ညစ္ ကုန္ကားတစ္စီး ရိွေနရင္ေတာင္ သူ႔ကို အမွီလိုက္ႏိုင္မွာ မဟုတ္ေပ။ ဒါေၾကာင့္မို႔ ယန္းကြၽင္တစ္ေယာက္ ရန္သူအဖြဲ႔ဆီ တုန႔္ဆိုင္းျခင္းမရိွ တဟုန္ထိုး ေမာင္းသြားတာကို ၾကၫ့္ရံုသာ ၾကၫ့္ေနႏိုင္ေတာ့တယ္။

"အို ေသစမ္းကြာ၊ ႏွစ္ေယာက္တြဲအသင္းက မင္းေခါင္းကို လင္ပန္း‌ေပၚတင္ၿပီး သူတို႔ဆီ ကိုယ္တိုင္ သြားမဆက္သခင္တည္းက ခက္ခဲေနၿပီးသားကြ!" လင္ရႊီးဟြမ့္ ေပါက္ကြဲထြက္ေတာ့မယ္ :: "မင္း ရုတ္တရက္ႀကီး ငါနဲ႔ ကစားခ်င္လာတာ မဆန္းေတာ့ပါဘူး။ မင္း ငါ့ရဲ့rankေတြကို ျဖဳတ္ခ်ပစ္ခ်င္ေနတာပဲ..."

[111GODက TIKERXကို AKMျဖင့္ knock outလိုက္ပါသည္]

[111GODက HUMI2Bကို AKMျဖင့္ knock outလိုက္ပါသည္]

[111GODက JEONGကို Frag Grenadeျဖင့္ knock outလိုက္ပါသည္]

[111GODက MRxuကို Frag Grenadeျဖင့္ knock outလိုက္ပါသည္]

ယန္းကြၽင္ :: "အကုန္ေသၿပီ"

"ဟားဟား ငါ အခုပဲ ေျပာေတာ့မလို႔ ငါ့ရဲ့ေကာက အဲ့ဒီကို ေျပးသြားတည္းက သူ ဘာလုပ္ေနတာလည္းဆိုတာ သူ႔ကိုယ္သူ ေသခ်ာေပါက္ သိၿပီးသား!" လင္ရႊီးဟြမ့္ ၿပံဳးၿဖီးၿဖီးနဲ႔ "အားလံုးပဲ ငါ့ေကာ ျပသြားတဲ့ ရိႈးကို ႀကိဳက္ႏွစ္သက္ၾကတယ္မလား? မင္းတို႔ သူ႔ကို ႀကိဳက္တယ္ဆို ငါ့ကို လက္ေဆာင္ေတြ အမ်ားႀကီး က်ဲခ်လိုက္ဗ်ာ"

လင္ရႊီးဟြမ့္က ေသတၲာေတြကို လိုက္ေမႊေနွာက္ေနရင္း ေမးတယ္ :: "မင္း ဘာျဖစ္ေနတာလဲ ေကာ? ၾကၫ့္ရတာ စိတ္အေျခအေန မေကာင္းတာမ်ားလား?"

ယန္းကြၽင္ ျပန္ေျဖလိုက္တယ္ :: "ငါ စိတ္အေျခအေန ေကာင္းေနရင္ မင္းနဲ႔လာေဆာ့ေနမွာတဲ့လား?"

"ငါယိုး" လင္ရႊီးဟြမ့္က ႏွာမႈတ္လိုက္တယ္ :: "ေကာင္းၿပီေလ ဒါဆိုလည္း ဘာျဖစ္ေနလို႔လဲ ေျပာျပမွ ငါ မင္းကို ကူညီေပးဖို႔ ရမွာေပါ့ဟ"

"မင္း မကူညီႏိုင္ဘူး" ယန္းကြၽင္က ေသတၲာေတြထဲက သူ လိုအပ္တာေတြကို ျမန္ျမန္ယူၿပီးတာနဲ႔ ပစ္မွတ္ရွာဖို႔ ေခါင္မိုးေပၚ တက္လိုက္တယ္ :: "တိတ္တိတ္ေနစမ္း။ ငါ ေျခလွမ္းသံေတြေတာင္ မၾကားရေတာ့ဘူး။"

လင္ရႊီးဟြမ့္က ဒါမ်ိဳးကို က်င့္သားရေနၿပီ။ သူ live commentေတြကို ၾကၫ့္ၿပီး ျပန္ေျဖလိုက္တယ္ :: "ႏိုးႏိုးႏိုး သူက ဟက္ကာမဟုတ္ဘူး... ငါ ဘယ္လိုသိလဲ ဟုတ္လား? လက္ေတြ့ဘဝမွာ ငါတို႔ႏွစ္ေယာက္ ဘယ္ႏွစ္ေခါက္ တူတူေဆာ့ခဲ့ဖူးမွန္းေတာင္ မေရႏိုင္ေတာ့ဘူး။ ငါတို႔ ေနာက္တစ္ေခါက္ အခြင့္အေရး ထပ္ရရင္ သူ႔ရႈေထာင့္ကေန မင္းတို႔ကို ၾကၫ့္ခိုင္းမယ္။ မင္းတို႔ ၾကၫ့္ၿပီးတာနဲ႔ သူ အမွန္တကယ္ ေဆာ့ေနတာမွန္း သိသြားလိမ့္မယ္။"

"သူက ငါတို႔အသင္းရဲ့ ေလ့က်င့္ေရး ကစားသမား မဟုတ္ဘူး။ ေလ့က်င့္ေရး ကစားသမားတစ္ေယာက္သာ ဒီလိုအကြက္ေတြ ပိုင္လို႔ကေတာ့ ငါ အနားယူလိုက္တာ ပိုေကာင္းမယ္။"

"ငါ အၿမဲတမ္း ကိုယ့္ကိုယ္ကိုယ္ ဆင္ျခင္ႏိုင္စြမ္း ျမင့္ျမင့္ ထားပါတယ္ေနာ္။ သူကိုက မဟားတရားႀကီး ေတာ္လြန္းေနတာကြ! မင္းတို႔ေတြ ငါ့မယံုရင္ အျခား PUBG ပရိုကစားသမားတစ္ေယာက္ရဲ့ channelကို သြားၿပီးေမးၾကၫ့္ၾကၫ့္ ၊ သူတို႔ေတြ 111GODကို သိလားဆိုတာ ေမးၾကၫ့္ၾကကြာ"

ယန္းကြၽင္ကေတာ့ လင္ရႊီးဟြမ့္ ေလေပါသမ်ွကို မ်က္ႏွာေသျဖင့္ နားေထာင္ေနရင္း သူ႔ဘာသာသူ တစ္ေယာက္တည္း soloေဆာ့တာကမွ ေကာင္းအံုးမယ္လို႔ ေတြးေနမိတယ္။

ပြဲအၿပီးမွာေတာ့ ယန္းကြၽင္က 21killႏိုင္လိုက္ၿပီး ေအာင္ေအာင္ျမင္ျမင္ ၾကက္သားစားလိုက္ပါေတာ့တယ္။

"ငါယိုးကြာ မင္းက တကယ့္အဖိုးတန္ အမဲသားကိတ္ပဲ!" လင္ရႊီးဟြမ့္ သက္ျပင္းခ်တယ္။

ယန္းကြၽင္ကေတာ့ သူ႔ရဲ့စကားလံုး ေရြးခ်ယ္ႏိုင္စြမ္းအေပၚ စိတ္ပ်က္သြားရတယ္။ စီးကရက္တစ္လိပ္ကို မီးၫွိၿပီး လင္ရႊီးဟြမ့္ကို လ်စ္လ်ူရႈလိုက္ေတာ့တယ္။

ကီးဘုတ္ေရ႔ွက ဖုန္းကို ငံု႔ၾကၫ့္ၿပီး chat boxထိပ္ဆံုးကို ခဏခဏ ဝင္လိုက္ထြက္လိုက္ လုပ္ေနေလရဲ့။

"ေကာ ငါ့channelက လူတိုင္းက မင္းရဲ့ဂိမ္းကစားေဖာ္အျဖစ္ ငွားလို႔ရတဲ့ ‌appေနရာကို လိုခ်င္ေနၾကတယ္။ မင္း ငါ့ကို ေျပာျပေလ၊ ဒါမွ ငါ မင္းကို ေၾကာ္ျငာေပးႏိုင္မွာေပါ့" လင္ရႊီးဟြမ့္က ေျပာတယ္ :: "မင္းရဲ့ေအာ္ဒါေတြက ေခါင္မိုးထိ ေဖာက္ထြက္သြားမွာ ငါ ေလာင္းရဲတယ္! ေဈးအရင္ သြားျမႇင့္ခ်ည္"

ယန္းကြၽင္က မီးခိုးတစ္ရိႈက္အျပၫ့္ ရႈထုတ္လိုက္ကာ "မလိုဘူး။ ငါ မလုပ္ေတာ့ဘူး။"

"......" လင္ရႊီးဟြမ့္မ်က္ႏွာမွာ ခံစားခ်က္မ်ိဳးစံု ေျပာင္းလဲသြားေတာ့တယ္ :: "မင္း ဒီေလာက္ျမန္ျမန္ လက္ေလ်ွာ့ပစ္လိုက္တာလား? မင္းက ဇြဲလည္းမရိွပါလား လူငယ္ေလး"

ယန္းကြၽင္ :: "အမ္ ႀကိဳးစားၾကၫ့္ၿပီး ဆႏၵမရိွေတာ့လို႔"

လင္ရႊီးဟြမ့္က Livestream micကို ျပန္ဖြင့္ကာ "ဆက္တိုက္မန႔္ေနတာေတြ ရပ္လို႔ရၿပီ။ သူက ေအာ္ဒါထပ္မယူေတာ့ဘူးတဲ့။ ဘာလို႔လဲ ဟုတ္လား? အေၾကာင္းျပခ်က္ မရိွဘူး။ သခင္ေလးေတြက သူတို႔စိတ္ေက်နပ္သလို လုပ္မွာပဲ။ ခဏ ေကာ ငါ့အသင္းက ဝက္ေတြ အခုမွ အိပ္ရာထလာၿပီး အဖြဲ႔လိုက္ ကစားခ်င္တယ္ လုပ္ေနၾကတယ္။"

ယန္းကြၽင္က ျပန္မေျပာေပ။ သူ႔လက္ကို ေျမႇာက္ၿပီး စီးကရက္ျပာမႈန္ကို ခါထုတ္မလို႔ရိွေသး၊ သူ႔ဖုန္းက ျမည္လာခဲ့တယ္။ သူ ငံု႔ၾကၫ့္ၿပီး သူ႔စီးကရက္တစ္လိပ္လံုးကို အမိႈက္ပံုးထဲ ခါထုတ္မိေတာ့မလိုေတာင္ ျဖစ္သြားတယ္။

ဖိန႔္ရန္ :: [ငါ ၿပီးၿပီ။ မင္း ကစားခ်င္ေသးလား?]

အဖြဲ႔ဖြဲ႔တာ စုစုေပါင္း ႏွစ္မိနစ္ေလးပဲ ၾကာလိုက္တာပါ။ လင္ရႊီးဟြမ့္ 'start' ဆိုတာကိုလည္း ႏိွပ္လိုက္ေရာ systemက သူ႔ကစားသမားေတြက တစ္ေယာက္ မရိွေတာ့ဘူးလို႔ သတင္းေပးလာတယ္။

သူ စစ္ၾကၫ့္လိုက္ေတာ့ 111GOD ေပ်ာက္သြားတာပဲ။

"ငါ သြားၿပီ။ မင္းတို႔ေကာင္ေတြပဲ ကစားၾကေတာ့" ယန္းကြၽင္ ေျပာလိုက္တယ္။

"ဟမ္?" ေယာက္်ားေလးတစ္ေယာက္အသံ ထြက္လာတယ္။ အသင္းရဲ့ assaulterပဲ :: "ငါ မင္းနဲ႔ကစားခ်င္လြန္းလို႔ အိပ္ရာထဲကေန တြားသြားထြက္လာရတာေလ။ အခုေတာ့ မင္းက သြားေတာ့မယ္တဲ့လား? မင္း ဘယ္သြားမလို႔လဲ?"

ယန္းကြၽင္ ျပန္ေျဖလိုက္တယ္ :: "ဘယ္ကမွာလဲ? ငါ့bossကို အေဖာ္သြားျပဳေပးဖို႔ေပါ့"

ယန္းကြၽင္က channelတစ္ခုလံုးကို ေကာ္ရွင္မတ္ေတြနဲ႔ ျပၫ့္သြားေအာင္ လုပ္ၿပီးမွ ထြက္သြားခဲ့တယ္။ ဖန္ေတြက ‌ဝိုင္းေမးၾကပါေလေရာ "မင္း ေျပာေတာ့ သူ ေအာ္ဒါမယူေတာ့ဘူး‌ဆို? မင္း ငါတို႔ကို ပေလးတာလား?"

လင္ရႊီးဟြမ့္က မၿဖံဳပါဘူး :: "ငါ ေျပာတယ္ေလ သခင္ေလးေတြက သူတို႔စိတ္ေက်နပ္သလို လုပ္မွာပဲလို႔"

ဖိန႔္ရန္က message ပို႔လိုက္ေပမဲ့ ယန္းကြၽင္ လက္ရိွ ဂိမ္းေဆာ့ေနေလာက္မွာကို ေတြးမိၿပီး ေနာက္တစ္ေၾကာင္း အလ်င္အျမန္ ရိုက္ကာ ထပ္ပို႔လိုက္တယ္။

ဖိန႔္ရန္ :: [မင္း ဂိမ္းထဲမွာ ရိွေနေသးတယ္ဆိုရင္လည္း ရတယ္ေနာ္]

ယန္းကြၽင္ :: [ငါ့ကို ဖိတ္လိုက္]

ဖိန႔္ရန္ အရင္တုန္းက တစ္ခါမွ ေခါင္းေဆာင္ေနရာ မယူဖူးဘူး။ inviteပို႔ဖို႔ သူ အခ်ိန္တစ္မိနစ္ေလာက္ ယူလိုက္ရတယ္။ ၿပီးတဲ့ေနာက္ 111GODက သူ႔အဖြဲ႔ထဲ ခ်က္ခ်င္းေရာက္လာတယ္။

"ဘယ္ေျမပံု သြားၾကမလဲ?"

"မင္းတစ္ေယာက္တည္းလား?"

ႏွစ္ေယာက္သားက တစ္ၿပိဳင္နက္တည္း ေျပာလာတယ္။

ဖိန႔္ရန္က တုန႔္ဆိုင္းသြားၿပီး "အင္းေလ ငါတစ္ေယာက္တည္းပဲ။ မင္း အျခားသူေတြကို ဖိတ္ခ်င္လို႔လား?"

"မဟုတ္ဘူး" ယန္းကြၽင္က ရပ္သြားၿပီးမွ "ေစာနက မင္း ႏွစ္ေယာက္တြဲကစားေနတာ ျမင္လိုက္လို႔"

ဖိန႔္ရန္ :: "ငါ ေစာနက မင္း invite လုပ္လိုက္တယ္လို႔ မွတ္ၿပီး IDကို ေသခ်ာမဖတ္ဘဲ အဖြဲ႔မွား joinမိလိုက္တာရယ္"

ယန္းကြၽင္ မ်က္ခံုးပင့္သြားတယ္ :: "အို႔ ငါလို႔ ထင္မိလို႔ေပါ့"

ဖိန႔္ရန္က သူ႔ေလသံထဲက သိမ္ေမြ့နက္နဲတဲ့ ရယ္သံကို သတိမျပဳမိလိုက္ေပ။ သူ ဟုတ္ေၾကာင္း အသံျပဳျပီး ထပ္ေမးလိုက္တယ္ :: "ဘယ္ေျမပံု သြားၾကမလဲ?"

"Erangelကို သြားၾကစို႔" ယန္းကြၽင္ ေျပာတယ္ "ငါ မင္းကို helicopter နဲ႔ ေခၚသြားေပးမယ္လို႔ ေျပာထားတယ္ေလ"

သူတို႔ကစားေနရင္း ဖိန႔္ရန္ဖုန္းက မရပ္မနား တုန္ခါလာတယ္။

သူ ေလာ့ခ်င္ရွန္းဆီက voice messageေတြကို ၾကၫ့္ၿပီး တကယ္ဖြင့္နားမေထာင္ခ်င္ေပ။ ဒါေပမဲ့ ေလာ့ခ်င္ရွန္းလက္နဲ႔ ပတ္သက္တဲ့ အေၾကာင္းတစ္ခုခု ျဖစ္မွာလည္း စိုးတဲ့အတြက္ အဆံုးမွာေတာ့ အတိုဆံုးmessageကို ဖြင့္နားေထာင္လိုက္တယ္။

"မနက္ျဖန္ မင္း ဘယ္အခ်ိန္ ေက်ာင္းျပန္လာမွာလဲ? တူတူျပန္ၾကမလား? ကိုယ္ မင္းကို လာေခၚရမလား....?"

ဖိန႔္ရန္က message မဆံုးခင္မွာပဲ ရပ္လိုက္တယ္။ ခ်က္ခ်င္းပဲ သူ ေခါင္းငံု႔ကာ ျပန္ေျဖလိုက္တယ္ "မလိုဘူး"

----

ယန္းကြၽင္တစ္ေယာက္ dateကို ၾကၫ့္မိတယ္။ ေစာနေလးတင္မွ ေပ်ာက္သြားတဲ့ စိတ္မၾကည္မသာမႈက သူ႔ဆီ ေနာက္ေၾကာင္းျပန္လွၫ့္လာၿပီ။ မြန္းက်ပ္တဲ့ ခံစားခ်က္ေၾကာင့္ စီးကရက္ေနာက္တစ္လိပ္ ထပ္ၫွိခ်င္စိတ္ ေပါက္လာရတယ္။

အဲ့ဒီေနာက္ နားၾကပ္ကေန ထြက္လာတဲ့ သၾကားလံုး အခြံခြၽတ္သံလို ဆူညံသံေသးေသးေလးကို ၾကားမိလိုက္တယ္။

သူ႔ဆႏၵကို ဖိႏိွပ္ၿပီး အံဆြဲကို ဆြဲဖြင့္ကာ သူ႔ဆာေလာင္မႈကို ႏိွမ္နင္းပစ္ဖို႔ ယုန္ျဖဴသၾကားလံုးတစ္လံုးကို ပါးစပ္ထဲ ပစ္ထၫ့္လိုက္တယ္။

ဖိန႔္ရန္နဲ႔ ဂိမ္းကစားရရင္ သၾကားလံုးေတြ ေတာ္ေတာ္စားမိတာပဲ။

သူတို႔ကစားလို႔ၿပီးတဲ့အခ်ိန္ အေတာ္ေလး ေနာက္က်ေနၿပီ။ မည္းေမွာင္ေနတဲ့ ကြန္ပ်ူတာscreenကို စိုက္ၾကၫ့္ရင္း ဖိန႔္ရန္ တစ္ခုခုကို ရုတ္တရက္ အမွတ္ရလိုက္တယ္။ သူ ဂိမ္းကစားေဖာ္ websiteကို ဖြင့္ၿပီး ေရာင္းဝယ္မႈကို ၿပီးဆံုးေစလိုက္တယ္။

ဒီထူးထူးျခားျခား ဂိမ္းကစားေဖာ္ websiteက ကတ္စတန္မာကို အရင္ေအာ္ဒါတင္ေစတယ္။ ေအာ္ဒါျပၫ့္သြားၿပီး‌ ေနာက္ဆံုးမွ ကတ္စတန္မာက ေငြသြားေခ်ရတာ။ အဲ့ေတာ့မွပဲ ဂိမ္းကစားေဖာ္က ‌ေငြကို လက္ခံႏိုင္မွာ။

အမ်ားဆံုး ငွားႏိုင္တဲ့ နာရီေပါင္းက ၅၀ပဲ။ ဂိမ္းကစားေဖာ္က တစ္လအတြင္း ေအာ္ဒါၿပီးေအာင္ ေဆာင္ရြက္ေပးရတယ္ မဟုတ္ရင္ ေအာ္ဒါပ်က္သြားေရာ။

ယန္းကြၽင္ :: [ ? ]

ဖိန႔္ရန္ :: [ငါ ေက်ာင္းျပန္ေရာက္ရင္ ကစားဖို႔ အခ်ိန္ရိွေလာက္ေတာ့မွာ မဟုတ္ဘူး၊ ဒါေၾကာင့္ ငါ အခု ေငြေခ်လိုက္တာ]

ဖိန႔္ရန္ :: [ငါ အခြင့္အေရးရရင္ ထပ္ေဆာ့ပါ့မယ္]

ဖိန႔္ရန္တစ္ေယာက္ သူ႔ရဲ့ေနာက္‌ဆံုးစာေၾကာင္းက ဟာကြက္ဘယ္ေလာက္ မ်ားေနမွန္း သတိမထားမိလိုက္ေပ။ 'ငါ အခြင့္အေရးရရင္ ထပ္ေဆာ့ပါ့မယ္' နဲ႔ 'ငါ ထပ္မေဆာ့ေတာ့ဘူး' ဆိုတာနဲ႔ အမ်ားႀကီး ကြာမေနဘူး။

ယန္းကြၽင္ ေနာက္ဆံုးေတာ့ မထိန္းႏိုင္ေတာ့ဘူး။ သူ ဝရံတာကို ထြက္ၿပီး စီးကရက္ မီးၫွိလိုက္ေပမဲ့ မေသာက္ျဖစ္လိုက္ပါဘူး၊ သူ႔အၾကၫ့္ေတြက ထိုဝါက်မွာပဲ စြဲကပ္ေနတယ္။

အခ်ိန္အေတာ္ၾကာမွ သူ ေနာက္ဆံုးေတာ့ လႈပ္ရွားလာတယ္။

ယန္းကြၽင္ :: [သင့္ဆီ ယြမ္၁၂၀၀ လႊဲေပးလိုက္ပါသည္]

ဖိန႔္ရန္က စိတ္ရႈပ္ေထြးသြားသလို '?' ျပန္ပို႔လာတယ္။

သူ ခပ္ျမန္ျမန္ပဲ voice message တစ္ေစာင္ ရလာတယ္။ ဖိန႔္ရန္ ဖုန္းကို သူ႔နားနားကပ္ၿပီး နားေထာင္လိုက္တယ္။

"ငါက ဂိမ္းကစားေဖာ္အျဖစ္ အလုပ္လုပ္ေနတယ္လို႔ မင္း တကယ္ထင္ေနတာလား?"

ဖိန႔္ရန္တစ္ေယာက္ ေနာက္ထပ္ ေကာ္ရွင္မတ္တစ္ခု ထပ္ပို႔ခ်င္ေပမဲ့ တအားႀကီး မယဉ္ေက်းသလို ျဖစ္မွာစိုးတဲ့အတြက္ voice ခလုတ္ကို ႏိွပ္ကာ တံုးအအ ျပန္ေျဖလိုက္တယ္ :: "အင္း?"

ေနာက္ထပ္ voice message တစ္ခုမွာေတာ့ ယန္းကြၽင္ရဲ့ မထိန္းႏိုင္ေတာ့သလို ခပ္တိုးတိုး ရယ္သံကို ၾကားလိုက္ရတယ္။

"ငါ့လို ဂိမ္းကစားေဖာ္ လုပ္တဲ့သူေတြထဲမွာ အဆိုးဆံုးလူေတာင္ ယြမ္၂၀၀ထက္မနည္း ငွားရမ္းေငြ ရိွတယ္။"

"ငါ အခုခ်ိန္မွာ ေငျြပတ္ေနတာမ်ိဳးလည္း မရိွဘူး။"

"မင္းကို ေအာ္ဒါတင္ဖို႔ ေျဖာင္းျဖတာက ငါ မင္းနဲ႔တူတူ ဂိမ္းကစားခ်င္ရံုသက္သက္ပဲ။"

ဖိန႔္ရန္ ထိုvoice message သံုးေစာင္ကို တစ္ၿပိဳင္တည္း နားေထာင္ၿပီးေနာက္ ဖုန္းဖိထားတဲ့ သူ႔နားရြက္က ပူတက္လာတယ္။

သူ အတန္ၾကာ တိတ္ဆိတ္ေနၿပီးမွ ျပန္ေမးလာတယ္ :: ".....မင္း အသစ္ေတြနဲ႔ ကစားရတာမ်ိဳးကို သေဘာက်တာလား?"

ယန္းကြၽင္ မထိန္းႏိုင္ေတာ့ဘူး။ သူ စီးကရက္ကို မီးသတ္ကာ တစ္မိနစ္ေလာက္ ေကာင္းေကာင္းရယ္ေနၿပီးမွ ေလးနက္မႈအျပၫ့္နဲ႔ ျပန္ေျဖလိုက္တယ္။

"မဟုတ္ဘူး။ ငါ မင္းနဲ႔ကစားရတာကိုပဲ သေဘာက်တာ"

"ပိုၿပီးတိတိက်က် ေျပာရရင္ မင္းနဲ႔ဆို ဘာပဲလုပ္ရလုပ္ရ ငါ အကုန္သေဘာက်တယ္"

"ငါ ေျပာခ်င္တာက ငါ မင္းကို သေဘာက်တယ္ မင္း နားလည္လား? မင္း ကစားသမားအသစ္ ျဖစ္ေနတာနဲ႔ ဘာမွမဆိုင္ဘူး"

ဖိန႔္ရန္မွာ တစ္ေယာက္ေယာက္ သူ႔ကို ရပ္တန႔္ခလုတ္ ႏိွပ္လိုက္သလိုမ်ိဳး ေနရာမွာတင္ ေတာင့္ခဲသြားတယ္။

သူ စကၠန႔္အနည္းငယ္ေလာက္ေတာင္ အသက္ရႈေအာင့္မိသြားတယ္။ သူ႔ေခါင္းထဲမွာ ၾကားေနရတဲ့ တစ္ခုတည္းေသာ အသံက က်ယ္ေလာင္စူးရွတဲ့ ဒရမ္တီးသံလို သူ႔နားထင္ကိုပါ တဒုတ္ဒုတ္ ျဖစ္ေစတဲ့ သူ႔ႏွလံုးခုန္သံပဲ။

ဖုန္းကို ခ်လိုက္ခ်ိန္မွာ voice messageကို မေတာ္တဆ ထပ္ႏိွပ္မိၿပီး ယန္းကြၽင္ရဲ့အသံက ထပ္ထြက္လာ---

"ငါ ေျပာခ်င္တာက ငါ မင္းကို သေဘာက်တယ္..."

ဖိန႔္ရန္ စမ္းတဝါးဝါး လွမ္းပိတ္လိုက္တယ္။ သူ႔မ်က္ေတာင္ကို ႏွစ္ႀကိမ္ေလာက္ ခပ္ျမန္ျမန္ ပုတ္ခတ္ၿပီး ျပတင္းေပါက္ဆီ အေျပးသြားကာ ဘမ္းခနဲ ဆြဲပိတ္လိုက္တယ္။

မိုးသံက တအားက်ယ္တာပဲ ၊ သူ ေတြးလိုက္တယ္။

----------

•ဟဲဟဲ ေျပာကုန္ၿပီလို႔ ထင္ပါသလား????

•ေအာက္က ကားပံုေလးက လင္ရႊီးဟြမ့္ ေျပာတဲ့ သူ႔ရဲ့ ခပ္ေသးေသး ခပ္ညစ္ညစ္ ေလးဘီးကားပံုစံပါ။

________

Continue lendo

Você também vai gostar

90.3K 2.4K 24
ရိုးသားကြိုးစားသည့် ကျေးတောသူမလေး"စံပယ်မွှေး"နှင့် မြန်မာ့TopTenစာရင်း၀င် CEOလေး"နေဂုဏ်မာန်"တို့တွေ့ဆုံကြတဲ့အခါမှာ.. 🌼အသက်၉နှစ်ကွာတဲ့သူတို့နှစ်ယောက်...
996K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...