𝕸𝖔𝖓𝖆𝖗𝖈𝖍

sunflower06h

33.9K 3.7K 1.9K

𝑌𝑒𝑠 𝑀𝑎𝑗𝑒𝑠𝑡𝑦, 𝑦𝑜𝑢'𝑟𝑒 𝑡ℎ𝑒 𝑡𝑟𝑢𝑒 𝑚𝑜𝑛𝑎𝑟𝑐ℎ ••••••••••••••••••••••••••••••••••••••••••••... Еще

Prologue
Episode: 1
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 2

1.1K 174 92
sunflower06h

ရာသီဥတုသာယာသော နေ့တစ်နေ့ဖြစ်သော်လည်း Eldoraအရှင်မှာ စိတ်အစုံတို့ မကြည်လင်နိုင်ပေ။

အကြောင်းအရင်းမှာတော့ ဇာစ်မြစ်ရှာ၍မရသော ခေါင်းခဲဝေဒနာနှင့် အလိုက်ကန်းဆိုးမသိစွာဖြင့် သူ့အား တစုံတခုကို အားတက်သရော တိုက်တွန်းထားသည့် တာဝန်ခံအမတ်တို့၏ စာလိပ်များကြောင့်ဖြစ်လေသည်။

"တစ်ခါလာလည်း လက်ဆက်ဖို့ တစ်ခါလာလည်း ဆက်ခံသူနဲ့ ဒီလူတွေ ရူးများနေကြပြီလား!"

ဖတ်လက်စ စာလိပ်အား ဆောင့်ချလိုက်သည့် အသံကျယ်ကျယ်ကြောင့် ပြတင်းပေါက်ရှိ ကျေးငှက်လေးများပင် ​ထိုနေရာမှ ရှောင်ခွာသွားကြလေသည်။ အရှင့်ဘေးရှိ အကြံပေးကြီးမှာတော့ လန့်သော်လည်း ရာဇအိဒ္ဓြေက ရှိသေးသည်မို့ ဟန်မပျက်သာ ပြန်၍ ရပ်ကာ အရှင့်ကို ဖြောင်းဖျတော့သည်။

"စိတ်လျှော့တော်မူပါ အရှင်"

"မလျှော့နိုင်ပါဘူး။ ဒီလူတွေ တင်ပြစရာက ဒီအကြောင်းအပြင်မရှိဘူးလား မသိ"

အရှင်က စောစောက ဆောင့်ချလိုက်သည့် စာလိပ်အား ခပ်လှမ်းလှမ်းရှိ စာလိပ်အပုံလိုက်ဆီသို့ လှမ်းပစ်လိုက်ပြီး ခေါင်းခဲဝေဒနာ သက်သာလို သက်သာငြား နားထင်ကို လက်ဖြင့် ခပ်ဖြေးဖြေး ပွတ်သပ်ကာ စိတ်ပျက်လက်ပျက်ပြောလေသည်။

"အရှင်ဟာ လက်ဆက်ပြီး ဆက်ခံသူ ရယူရမယ့်အချိန်ကိုရောက်လာပြီလေ အရှင်။ ဒီလိုအချိန်မှာ အရှင့်လိုလူကို သားမက်မတော်ချင်တဲ့သူများ ရှိမယ်တဲ့လား. omega သားသမီးပျိုရှိတဲ့ မိဘတိုင်းကတော့ ဒီအခွင့်အရေးကို အလွတ်မခံပဲ ကြိုးစားကြမှာပါပဲ"

"အဲ့လိုဆိုတိုင်း သူတို့ မတော်လောဘကို ဖြည့်ပေးဖို့ omegaသားသမီးပျိုတွေက လက်ဆောင်ပဏ္ဍာဆက်သလို ဆက်သခံရမယ်တဲ့လား. သိပ်ကို မလွန်လွန်းဘူးလား အကြံပေးကြီး"

"ဒါကတော့ ထုံးထမ်းပဲလေ အရှင်ရယ်. omegaအနေနဲ့ မွေးဖွားလာပြီးပြီမို့ ဒီနည်းလမ်းဟာ သူတို့အတွက် အကောင်းဆုံးပဲလေ. ဘုရင့်မျိုးဆက်ကိုလည်း မွေးဖွားပေးရဦးမယ်. တတိုင်းပြည်လုံးရဲ့ လေးစားခြင်းကိုလည်း ခံရမယ်။ ဒါဟာ သိပ်ကို ကြီးမြတ်တဲ့ အခွင့်အရေးမဟုတ်လား။ အရှင်ကပဲ နားလည်ပေးလိုက်ပါ"

"omegaရဲ့ ဖြစ်တည်မှုက မျိုးဆက်ပွားပေးဖို့ထက် ပိုတယ်ဆိုတာ ခင်ဗျား သိသင့်တယ် အကြံပေးကြီး"

တမြေ့မြေ့တက်လာသည့် မကျေမချမ်းမှုအား မျိုသိပ်ကာ တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သော်လည်း အကြံပေးကြီး၏ အမြင်ကျဥ်းမြောင်းသည့် အဖြေစကားက အရှင်၏သွေးတို့ကို ဆူပွက်စေလေသည်။

"အတိုင်းအတာတစ်ခုထိ နားလည်ပါတယ် အရှင်။ ဒါပေမယ့် သိတဲ့အတိုင်း အခြားသူတွေနဲ့ယှဥ်ရင် omegaဆိုတာ အားနည်းတယ် မဟုတ်လား"

မိမိခံယူချက်အတိုင်းသာ ဖြေကြားလိုက်သည့် အကြံပေးကြီးကတော့ ဖောင်တိန်ကိုင်ထားသော အရှင့်၏ လက်သီးဆုပ်က ပို၍ တင်းကျပ်လာသည်ကို သတိထားမိပုံ မပေါ်ပေ။

ဟန်မပျက် နားထောင်နေသည့်အရှင်မှာတော့ စိတ်ထဲတွင် အကြံပေးကြီးအား မှတ်သားလောက်အောင် ပညာပြပြီးနေပြီပင် ဖြစ်လေသည်။

အလကား အဖိုးကြီး။ အမြော်အမြင်ကြီးသလိုလိုနဲ့ သူလည်း ဒီအတွေးအခေါ်တွေကနေ ရုန်းမထွက်နိုင်ဘူးပဲ

"ရှေးတုန်းကလူတွေ သူတို့ လိုရာဆွဲ​ပြီး သတ်မှတ်ထားတဲ့ ထုံးထမ်းဆိုတဲ့ အရာတွေအပေါ်မှာ မွေ့လျော်နေမယ့်အစား လက်တွေ့နဲ့ အများကြီး ယှဥ်တွေးကြည့်သင့်တယ် အကြံပေးကြီး"

ထို့နောက် ဖောင်တိန်ကို ချ၍ ဝတ်ရုံနှင့် သရဖူအား ပြန်၍ပြင်ဆင်ကာ ခုံမှ ထသွားသော အရှင်။ ဩဇာကြီးမားသူဖြစ်သည့်အလျောက် ဘယ်သူကမှလည်း အာခံပြီး မတားဝံ့ပေ။

"အာ.. နောက်ပြီး သေချာတာ တစ်ခုကတော့ ကိုယ်တော် ဘယ်တော့မှ omegaတစ်ယောက်ကို ဆန္ဒမပါပဲ ကြင်ယာတင်မြှောက်မှာမဟုတ်ဘူး. အကြံပေးကြီးလည်း အဲ့ဒါကို မြဲနေအောင် မှတ်ထားလိုက်ပါ။ ကိုယ်တော် သွားပြီ"

တံခါးဝသို့ ရောက်သည့်အခါမှ ခုံနံဘေးတွင် ရပ်လျက်ကျန်ရှိသော အကြံပေးကြီးအား စေ့စေ့ပြန်ကြည့်ကာ ပြတ်သားသော လေသံဖြင့် စကားဆိုလိုက်လေတော့ မော်ပင် မကြည့်ရဲပဲ ဦးညွှတ်နှုတ်ဆက်သည့် အကြံပေးကြီး။ အရှင်တစ်​ယောက် နှုတ်ခမ်းတစ်ဖက်ကွေးညွတ်သည်အထိ ပြုံးကာ အစေခံများ အသင့်ဖွင့်ပေးထားသည့် ကျွန်းတံခါးမကြီးမှ ထွက်သွားလေတော့သည်။

အင်း ခင်ဗျားတို့ရဲ့ စံသတ်မှတ်ချက်တွေထဲက အဲ့ဒီ အားနည်းတယ်ဆိုတဲ့ omegaကိုပဲ အရှင်လို့ခေါ်ပြီး ဦးညွတ်ခစားနေရတယ်မဟုတ်လား။ သိပ်ကို ကျေနပ်စရာကောင်းတာပါပဲ။

•••••

တခွပ်ခွပ် မြည်ဟည်းနေသည့် မြင်းခွာသံသည် မိုးမခပင်တို့ အုံ့ဆိုင်းသော Eldoraပိုင်နက်အစွန်ရှိ တောအုပ်အတွင်း၌ ပဲ့တင့်သံ ထပ်လျက်ရှိလေသည်။

ထိုမြင်းခွာသံတို့၏ တရားခံကတော့ ဝါဂွမ်းလေးကဲ့သို့ ဖြူဖွေးကာ အခြားသော မြင်းများထက်ပင် ထွားကျိုင်းသန်မာသော မြင်းဖြူကို စီးနင်း၍ ခရီးနှင်လာသော Eldoraအရှင်ပင်ဖြစ်လေသည်။

အတော်လေး နက်သည့်နေရာထိ ရောက်ပြီးချိန်တွင်တော့ မြင်းပေါ်မှဆင်းကာ ကျေနပ်စွာပြုံးသည့် အရှင်ဂျွန်။ လူအများရှေ့တွင် တည်ကြည်နေတတ်သည့် မျက်နှာချောချောသည် ယခုကဲ့သို့ ပြုံးသည့်အခါ အလွန်ပင် ချစ်စဖွယ်ဖြစ်လေသည်။

အရှင်ဂျွန့်အား ပြုံးစေသည့်အရာကတော့ မိုးမခပင်တို့၏နောက်တွင် လုံခြုံစွာတည်ရှိနေသော ရေတံခွန်နှင့် စမ်းချောင်းငယ်လေးကြောင့်ပင် ဖြစ်လေသည်။ မိုးမခပင်တို့၏ လုံးပတ်က အတော်လေးကြီးမားသည်မို့ ထိုအပင်ကြီးတို့နှင့်ကွယ်နေသော အိုအေစစ်ကလေးကား ဂျွန်တဦးတည်းသာသိသော နိဗ္ဗာန်ဘုံလေးပင်ဖြစ်လေသည်။

ထို့နောက် မြင်းဖြူလေးအား ရေတိုက် အစာကျွေး၍ အမောဖြေခိုင်းပြီးချိန်တွင် အရှင်သည်လည်း ပတ်ဝန်းကျင် အခြေအနေကို ကြည့်ကာ အဝတ်များကို ချွတ်၍ ထိုစမ်းချောင်းငယ်လေးတွင်းသို့ ဆင်းကာ ကိုယ်လက်သန့်စင်​လေတော့သည်။

ရေတံခွန်အနီးရှိ ကျောက်ဆောင်ကို မှီတင်းနေရင်း စိတ်ကို ဖြေလျှော့လိုက်တော့ တဖြည်းဖြည်း ပျံ့လွင့်လာသည့် စွဲမက်ဖွယ် လာဗင်ဒါ ရနံ့။ မှိတ်ထားသော မျက်ခွံအောက်ရှိ မျက်ဆံဝိုင်းဝိုင်းသည်လည်း သံသယဝင်စရာမလိုအောင် ခရမ်းဆွဲကျောက်အရောင်သို့ ကူးပြောင်းနေပြီ ဖြစ်လေသည်။

ထိုအခါမှ အချိန်အတန်ကြာ နှိပ်စက်နေသော ခေါင်းခဲဝေဒနာသည် အနည်းငယ် သက်သာသွားကာ အနေချောင်လာလေသည်။ လက်စသတ်တော့ ဆေးများ၏ ဘေးထွက်ဆိုးကျိုးကြောင့် ထိုကဲ့သို့ ဝေဒနာခံစားနေရသည်ကိုး။

အတန်အသင့် သက်သာလာသည့်အခါ  ကျောက်ဆောင်ကို မှီတင်းနေရာမှ ထကာ ရေတံခွန်အောက်သို့ သွား၍ ဦးခေါင်းမှစ  စိုစွတ်စေတော့ ပို၍ လန်းဆန်းလာ​တော့သည်။

ကြည်လင်သော ရေတံခွန်မှ ရေတို့သည် ဂုတ်အကျော်ထိ ရှည်လျားသည့် နူးညံ့သော အညိုရောင်ဆံနွယ်ကိုဖြတ်၍ ဖြူဖွေးဝင်းမွတ်သော ကိုယ်ခန္ဓာပေါ်သို့ တစိမ့်စိမ့်စီးဆင်းသည်။ Alphaတစ်ဦးကဲ့သို့ ကျယ်ပြန့်သော ပုခုံးနှင့် ကျော​​ပြင်ရှိသော်လည်း တြိဂံသဏ္ဍာန် ပြန်၍ ကျဥ်းမြောင်းသွားသည့် သူ၏ ခါးသိမ်သိမ်ဟာ လက်တပွေ့စာသာ ရှိလိမ့်မည်။ ခါးသိမ်သိမ်၏ အောက် အချိုးတကျ ပြန်၍ စွင့်ကားသွားသော တင်သားစိုင်တို့ကြောင့် သဲနာရီနှင့်ပင် အလားသဏ္ဍာန်တူနေသော Eldora အရှင်၏ ကိုယ်လုံးကိုယ်ပေါက်သည် အပြစ်ပြောဖွယ်မရှိအောင်ပင် ပြီးပြည့်စုံလွန်းလှသည်။

ထို့အပြင်ရေစက်များ ကပ်ငြိနေသည့် ​ဖြူ​ဖြူချောချော မျက်နှာဝိုင်းကလေး, ဆေးအကူအညီမလိုပဲ နီစွေး​​နေသည့်နှုတ်ခမ်းပါး, ခရမ်းဆွဲရောင်မျက်ဝန်းတို့အား ကွယ်ဝှက်ထားသည့် မျက်ခွံပေါ်မှ မျက်တောင်ရှည်ရှည်များနှင့် ဖြောင့်စင်းကာ အဆုံးပိုင်းလေးမှ လုံးဝန်းသွားသော နှာခေါင်းလေးက အရှင်ဂျွန်၏ ဆွဲဆောင်မှုကို ပို၍အားဖြည့်နေသည်မို့ တိုင်းပြည်အနှံ့အပြားမှ သားရှင် သမီးရှင်တို့၏ ပစ်မှတ်ဖြစ်ရသည်မှာ အထူးအဆန်း မဟုတ်ပေ။ ရုပ်ရည် လက်ရုံးရည် ဥာဏ်ပညာ စည်းစိမ် စသဖြင့် အလုံးစုံပြည့်စုံသည့် အရှင့်လိုလူအား လက်လွတ်ခံလျှင် ထိုသူတို့ ရူးရာသာ ကျလိမ့်မည်လေ။

အေးစိမ့်သည့် ရေတံခွန်မှ ရေတို့ကြောင့် တဖြည်းဖြည်း စိတ်ကြည်လင်လာသော အရှင်။ စွဲမက်ဖွယ်ကောင်းအောင် ချိုအီသော လာဗင်ဒါနံ့ကလည်း ပို၍ ပြင်းရှစွာ လွှမ်းချုံလာသည်လေ။

"ဒီလိုကျတော့လည်း သိပ်ကို မွေးပျံ့တဲ့ ရနံ့လေးပဲ။ ချုပ်နှောင်ထားမိတာ စိတ်မကောင်းပါဘူး လာဗင်ဒါ"

မိမိ၏ လာဗင်ဒါရနံ့အား ပြန်၍ ခံစားရင်း သဘောကျနေမိသလို တချိန်တည်းမှာပင် ချုပ်နှောင်ခံရသော မိမိဖြစ်တည်မှု အစစ်အတွက်လည်း စိတ်မကောင်းဖြစ်မိလေပြန်သည်။

"ဒါပေမယ့်ကွယ်... ငါတို့က ဦးဆောင်အုပ်ချုပ်ခွင့်မရှိဘူးလို့ သတ်မှတ်ခံထားရတာမလား... အားမနည်းမှန်း သန်မာမှန်း ငါတို့ကိုယ်တိုင် သိပေမယ့်လည်း လူများစုကတော့ အဓိပ္ပါယ်မရှိတဲ့ ထုံးထမ်းတွေကနေ ရုန်းထွက်ကြမှာ မဟုတ်ဘူးလေနော်..."

"ဒါကြောင့် ဆက်ပြီး ပုန်းကွယ်နေပေးပါ လာဗင်ဒါ...အချိန်အတိုင်းအတာ တစ်ခုအထိပေါ့"

ထို့နောက် မိမိကိုယ်မိမိစကားပြန်ပြောနေမိ​ကြောင်း သတိထားမိ၍ တစ်ဖန်ရယ်မိပြန်သော အရှင်ဂျွန်။ အပြုံးချိုချိုလေးက မျက်နှာတည်တည်ထက်ပင် ပို၍ နှစ်လိုဖွယ်ကောင်းပါသည်။

သို့သော်လည်း အရှင်ဂျွန်၏ အပြုံးတို့အား ပျောက်ကွယ်စေသည့် အဖြစ်အပျက်က ပေါ်လာခဲ့လေသည်။

အနံ့ခံအာရုံထဲသို့ တိုးဝင်လာသည့် ထူးခြားသည့် ရနံ့။ ထိုအနံ့သည် မိုးရွာလျှင် ထွက်ပေါ်တတ်သည့် မြေသင်းနံ့နှင့်ဆင်သော်လည်း မြေသင်းနံ့ထက်ပင် ပို၍ မွှေးပျံ့​သေးသည်။

အစက မိုးရွာလာသည်ကြောင့် ထိုအနံ့ရလာသည်ဟု ထင်မိသော်လည်း သတိကပ်မိတော့ မိုးတိမ်တောင်ပင်ရှိမနေသည်မို့ သူထိတ်ပြာရတော့သည်။ သည်အခြင်းအရာသည် အနီးအနားတွင် တစ်စုံတစ်ယောက်ရှိနေသည့် လက္ခဏာပင် မဟုတ်လား။

"ဘယ်သူလဲ!"

တမြေ့မြေ့သင်းပျံ့နေသည့် လာဗင်ဒါအနံ့တို့အားရုတ်သိမ်း၍ မာန်ပါသည့် လေသံဖြင့် မေးမိသော်လည်း တုံ့ပြန်မှု တစုံတလေမှ ပြန်၍ ရရှိခြင်းမရှိပေ။

သို့သော်လည်း ခပ်ပျံ့ပျံ့ မိုးရနံ့က ယခုထိတိုင် လှိုင်၍ ကျန်နေသည်ကြောင့် ထိုအနံ့ပိုင်ရှင်သည် အနီးအနားတွင်သာ ရှိဦးမည်ဖြစ်ကြောင်း သူသေချာပေါက်သိပါသည်။

ထို့ကြောင့် ကမ်းစပ်သို့ ခပ်သုတ်သုတ်ပြန်သွားကာ အဝတ်အစားတို့ဘေးတွင် အသင့်ချထားသည့် လေးနှင့်မြှားကို ယူ၍ သံသယရှိသည့်နေရာသို့ လှမ်းပစ်လိုက်လေတော့သည်။ အနံ့များ အပြင်းထန်ဆုံး ထွက်လာသည့်နေရာမို့ ခပ်လှမ်းလှမ်းရှိ ထိုချုံပုတ်သည် ရန်သူခိုအောင်းရာနေရာဖြစ်နိုင်သည်လေ။

မြှားက ထိုချုံပုတ်မှ ဖောက်ထွင်း၍ နောက်မှ မိုးမခပင်တွင် သွား၍ စိုက်နေသော်လည်း မြှား၏ အရှိန်နှင့် ဦးတည်ရာအရ ပစ်မှတ်ကို ရှပ်၍ ထိသွားကြောင်းတော့ သူရိပ်မိပါသည်။

ထို့ကြောင့် အဝတ်အစားတို့ကို အလျင်အမြန်ပြန်ဝတ်ကာ ထိုနေရာသို့ အမြန်သွားကြည့်မိတော့ ခြေရာလက်ရာပျက်နေသည့် သစ်ရွက်နှင့် မြေကြီးအချို့သာရှိလေသည်ကြောင့် စိတ်ပျက်ရလေသည်။

သို့သော်လည်း မိုးမခပင်စည်တွင် စိုက်နေသော မြှားထိပ်၌ သွေးစအချို့ ကပ်ငြိနေသည်ကို မြင်ရသည်ကြောင့် ရတက်မအေးစွာ ရှာပုံတော်ဖွင့်ရပါတော့သည်။ ကျိန်းသေပေါက် သူ့ပုံစံအမှန်အား မြင်သွားသူရှိနေပြီလေ။

ထိုကြောင့် ထိုနေရာအနီးတဝိုက်တွင် နှံ့စပ်စွာ ရှာပါသော်လည်း အရိပ်အယောင်မတွေ့ရလေတော့ ကြည်လင်ခဲ့သောစိတ်တို့က အလုံးစုံ ညစ်နွမ်းသွားတော့သည်။

ရှာ၍မတွေ့မှတော့ ထိုနေရာမှ အမြန်ဆုံးထွက်ခွာခြင်းက အန္တရာယ်အကင်းဆုံးဖြစ်သည်မို့ ​ပြန်လည်ထွက်ခွာရန် အပြင် ခပ်လှမ်းလှမ်းရှိ မိုးမခပင်၏နောက်မှ ​ကျောက်စိမ်းရောင်လဲ့နေသော အရာတစ်ခုက သူ့အာရုံကို ဖမ်းစားသည်။

ထိုအရာကို မိနစ်ပိုင်းအကြာ စိုက်ကြည့်ပြီးမှ ကျောက်မဟုတ်ပဲ မျက်လုံးဖြစ်ကြောင်း ရိပ်မိသည့်အခါ လေးနှင့်မြားကို ပြင်ကာ ထိုနေရာသို့ ဦးတည်၍ ပစ်လိုက်တော့သည်။ သို့သော်လည်း ထူထဲသည့် မိုးမခပင်အား ဖောက်ထွင်းရန်မဖြစ်နိုင်သည်ကြောင့် ပင်စည်တွင်သာ စိုက်၍နေလေသည်။

စိတ်အနှောင့်အယှက် ဖြစ်စွာ စုတ်သပ်ရင်း ထိုနေရာသို့ အပြေးကြည့်မိလေတော့ သူ့အား ဆက်တိုက် အနှောင့်အယှက်ပေးနေသော မိုးရနံ့သည်လည်း ပျောက်ကွယ်သွားသလို လူရိပ်လူယောင်လည်း မတွေ့ရတော့ပေ။

သေချာသည်ကတော့ ထိုအနံ့ပိုင်ရှင်သည် Eldoraမှ မဖြစ်နိုင်။ စိမ်းစိုလှပသည့် တိုင်းပြည်ဖြစ်သည်​ကြောင့် Eldoraမှ Alphaတို့သည် သစ်တောနှင့် စပ်လျဥ်းသည့် ရနံ့ကို ပိုင်ဆိုင်ကာ Omegaတို့သည်တော့ ပန်းရနံ့များကို ပိုင်ဆိုင်ကြသည်လေ။ ယခု အနံ့ကား မိုးရနံ့မျိုးဖြစ်၍ သေချာပေါက် Eldoraမှ လူမဖြစ်နိုင်ပေ။

လုံခြုံမှုတင်းကျပ်သည်ဆိုသည့် သူ့တိုင်းပြည်ကို ခိုးဝင်သူရှိနေပြီများလား... ထိုသူကရော ဖြစ်တည်မှုအစစ်ကိုများ သိရှိသွားလေပြီလား ပူပင်ကာ အရှင်တစ်ယောက် ထိုနေရာမှ အလျင်အမြန်သာ ထွက်လာလိုက်တော့လေသည်။  

ထိုပဟေဋ္ဌိဆန်သော ကျောက်စိမ်းရောင်မျက်ဝန်းပိုင်ရှင်က ဘယ်သူများဖြစ်နေလိမ့်မလဲ...?

#Tbc

A/N: တခြားficတန်းလန်းတွေကို အရင်upပြီး ဒါလေးကို tuesdayမှ upမလို့ပေမယ့် ရေးလို့ မပြီးသေးတာနဲ့ ဒါလေးပဲ upလိုက်ပါပြီ :') Second Choiceနဲ့ တပ်သားကင်မ်တို့ ficလေးတွေလည်း ဒီအပတ်ထဲမှာပဲ upပေးပါ့မယ်နော် စောင့်နေစေရလို့ အားနာပါတယ်ရှင် >< ဒီအပိုင်းလေးအပေါ် ဝေဖန်အကြံပြုချင်တာလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦး♥

See you in next episode~

- 해바라기

ZG

ရာသီဥတုသာယာေသာ ေန႕တစ္ေန႕ျဖစ္ေသာ္လည္း Eldoraအရွင္မွာ စိတ္အစုံတို႔ မၾကည္လင္နိုင္ေပ။

အေၾကာင္းအရင္းမွာေတာ့ ဇာစ္ျမစ္ရွာ၍မရေသာ ေခါင္းခဲေဝဒနာႏွင့္ အလိုက္ကန္းဆိုးမသိစြာျဖင့္ သူ႕အား တစုံတခုကို အားတက္သေရာ တိုက္တြန္းထားသည့္ တာဝန္ခံအမတ္တို႔၏ စာလိပ္မ်ားေၾကာင့္ျဖစ္ေလသည္။

"တစ္ခါလာလည္း လက္ဆက္ဖို႔ တစ္ခါလာလည္း ဆက္ခံသူနဲ႕ ဒီလူေတြ ႐ူးမ်ားေနၾကၿပီလား!"

ဖတ္လက္စ စာလိပ္အား ေဆာင့္ခ်လိဳက္သည့္ အသံက်ယ္က်ယ္ေၾကာင့္ ျပတင္းေပါက္ရွိ ေက်းငွက္ေလးမ်ားပင္ ထိုေနရာမွ ေရွာင္ခြာသြားၾကေလသည္။ အရွင့္ေဘးရွိ အႀကံေပးႀကီးမွာေတာ့ လန့္ေသာ္လည္း ရာဇအိေျဒၶက ရွိေသးသည္မို႔ ဟန္မပ်က္သာ ျပန္၍ ရပ္ကာ အရွင့္ကို ေျဖာင္းဖ်ေတာ့သည္။

"စိတ္ေလွ်ာ့ေတာ္မူပါ အရွင္"

"မေလွ်ာ့နိုင္ပါဘူး။ ဒီလူေတြ တင္ျပစရာက ဒီအေၾကာင္းအျပင္မရွိဘူးလား မသိ"

အရွင္က ေစာေစာက ေဆာင့္ခ်လိဳက္သည့္ စာလိပ္အား ခပ္လွမ္းလွမ္းရွိ စာလိပ္အပုံလိုက္ဆီသို႔ လွမ္းပစ္လိုက္ၿပီး ေခါင္းခဲေဝဒနာ သက္သာလို သက္သာျငား နားထင္ကို လက္ျဖင့္ ခပ္ေျဖးေျဖး ပြတ္သပ္ကာ စိတ္ပ်က္လက္ပ်က္ေျပာေလသည္။

"အရွင္ဟာ လက္ဆက္ၿပီး ဆက္ခံသူ ရယူရမယ့္အခ်ိန္ကိုေရာက္လာၿပီေလ အရွင္။ ဒီလိုအခ်ိန္မွာ အရွင့္လိုလူကို သားမက္မေတာ္ခ်င္တဲ့သူမ်ား ရွိမယ္တဲ့လား. omega သားသမီးပ်ိဳရွိတဲ့ မိဘတိုင္းကေတာ့ ဒီအခြင့္အေရးကို အလြတ္မခံပဲ ႀကိဳးစားၾကမွာပါပဲ"

"အဲ့လိုဆိုတိုင္း သူတို႔ မေတာ္ေလာဘကို ျဖည့္ေပးဖို႔ omegaသားသမီးပ်ိဳေတြက လက္ေဆာင္ပ႑ာဆက္သလို ဆက္သခံရမယ္တဲ့လား. သိပ္ကို မလြန္လြန္းဘူးလား အႀကံေပးႀကီး"

"ဒါကေတာ့ ထုံးထမ္းပဲေလ အရွင္ရယ္. omegaအေနနဲ႕ ေမြးဖြားလာၿပီးၿပီမို႔ ဒီနည္းလမ္းဟာ သူတို႔အတြက္ အေကာင္းဆုံးပဲေလ. ဘုရင့္မ်ိဳးဆက္ကိုလည္း ေမြးဖြားေပးရဦးမယ္. တတိုင္းျပည္လုံးရဲ႕ ေလးစားျခင္းကိုလည္း ခံရမယ္။ ဒါဟာ သိပ္ကို ႀကီးျမတ္တဲ့ အခြင့္အေရးမဟုတ္လား။ အရွင္ကပဲ နားလည္ေပးလိုက္ပါ"

"omegaရဲ႕ ျဖစ္တည္မႈက မ်ိဳးဆက္ပြားေပးဖို႔ထက္ ပိုတယ္ဆိုတာ ခင္ဗ်ား သိသင့္တယ္ အႀကံေပးႀကီး"

တေျမ့ေျမ့တက္လာသည့္ မေက်မခ်မ္းမႈအား မ်ိဳသိပ္ကာ တည္ၿငိမ္သည့္ေလသံျဖင့္ ေျပာလိုက္ေသာ္လည္း အႀကံေပးႀကီး၏ အျမင္က်ဥ္းေျမာင္းသည့္ အေျဖစကားက အရွင္၏ေသြးတို႔ကို ဆူပြက္ေစေလသည္။

"အတိုင္းအတာတစ္ခုထိ နားလည္ပါတယ္ အရွင္။ ဒါေပမယ့္ သိတဲ့အတိုင္း အျခားသူေတြနဲ႕ယွဥ္ရင္ omegaဆိုတာ အားနည္းတယ္ မဟုတ္လား"

မိမိခံယူခ်က္အတိုင္းသာ ေျဖၾကားလိုက္သည့္ အႀကံေပးႀကီးကေတာ့ ေဖာင္တိန္ကိုင္ထားေသာ အရွင့္၏ လက္သီးဆုပ္က ပို၍ တင္းက်ပ္လာသည္ကို သတိထားမိပုံ မေပၚေပ။

ဟန္မပ်က္ နားေထာင္ေနသည့္အရွင္မွာေတာ့ စိတ္ထဲတြင္ အႀကံေပးႀကီးအား မွတ္သားေလာက္ေအာင္ ပညာျပၿပီးေနၿပီပင္ ျဖစ္ေလသည္။

အလကား အဖိုးႀကီး။ အေျမာ္အျမင္ႀကီးသလိုလိုနဲ႕ သူလည္း ဒီအေတြးအေခၚေတြကေန ႐ုန္းမထြက္နိုင္ဘူးပဲ

"ေရွးတုန္းကလူေတြ သူတို႔ လိုရာဆြဲၿပီး သတ္မွတ္ထားတဲ့ ထုံးထမ္းဆိုတဲ့ အရာေတြအေပၚမွာ ေမြ႕ေလ်ာ္ေနမယ့္အစား လက္ေတြ႕နဲ႕ အမ်ားႀကီး ယွဥ္ေတြးၾကည့္သင့္တယ္ အႀကံေပးႀကီး"

ထို႔ေနာက္ ေဖာင္တိန္ကို ခ်၍ ဝတ္႐ုံႏွင့္ သရဖူအား ျပန္၍ျပင္ဆင္ကာ ခုံမွ ထသြားေသာ အရွင္။ ဩဇာႀကီးမားသူျဖစ္သည့္အေလ်ာက္ ဘယ္သူကမွလည္း အာခံၿပီး မတားဝံ့ေပ။

"အာ.. ေနာက္ၿပီး ေသခ်ာတာ တစ္ခုကေတာ့ ကိုယ္ေတာ္ ဘယ္ေတာ့မွ omegaတစ္ေယာက္ကို ဆႏၵမပါပဲ ၾကင္ယာတင္ျမႇောက္မွာမဟုတ္ဘူး. အႀကံေပးႀကီးလည္း အဲ့ဒါကို ၿမဲေနေအာင္ မွတ္ထားလိုက္ပါ။ ကိုယ္ေတာ္ သြားၿပီ"

တံခါးဝသို႔ ေရာက္သည့္အခါမွ ခုံနံေဘးတြင္ ရပ္လ်က္က်န္ရွိေသာ အႀကံေပးႀကီးအား ေစ့ေစ့ျပန္ၾကည့္ကာ ျပတ္သားေသာ ေလသံျဖင့္ စကားဆိုလိုက္ေလေတာ့ ေမာ္ပင္ မၾကည့္ရဲပဲ ဦးၫႊတ္ႏႈတ္ဆက္သည့္ အႀကံေပးႀကီး။ အရွင္တစ္ေယာက္ ႏႈတ္ခမ္းတစ္ဖက္ေကြးၫြတ္သည္အထိ ၿပဳံးကာ အေစခံမ်ား အသင့္ဖြင့္ေပးထားသည့္ ကြၽန္းတံခါးမႀကီးမွ ထြက္သြားေလေတာ့သည္။

အင္း ခင္ဗ်ားတို႔ရဲ႕ စံသတ္မွတ္ခ်က္ေတြထဲက အဲ့ဒီ အားနည္းတယ္ဆိုတဲ့ omegaကိုပဲ အရွင္လို႔ေခၚၿပီး ဦးၫြတ္ခစားေနရတယ္မဟုတ္လား။ သိပ္ကို ေက်နပ္စရာေကာင္းတာပါပဲ။

•••••

တခြပ္ခြပ္ ျမည္ဟည္းေနသည့္ ျမင္းခြာသံသည္ မိုးမခပင္တို႔ အုံ႕ဆိုင္းေသာ Eldoraပိုင္နက္အစြန္ရွိ ေတာအုပ္အတြင္း၌ ပဲ့တင့္သံ ထပ္လ်က္ရွိေလသည္။

ထိုျမင္းခြာသံတို႔၏ တရားခံကေတာ့ ဝါဂြမ္းေလးကဲ့သို႔ ျဖဴေဖြးကာ အျခားေသာ ျမင္းမ်ားထက္ပင္ ထြားက်ိဳင္းသန္မာေသာ ျမင္းျဖဴကို စီးနင္း၍ ခရီးႏွင္လာေသာ Eldoraအရွင္ပင္ျဖစ္ေလသည္။

အေတာ္ေလး နက္သည့္ေနရာထိ ေရာက္ၿပီးခ်ိန္တြင္ေတာ့ ျမင္းေပၚမွဆင္းကာ ေက်နပ္စြာၿပဳံးသည့္ အရွင္ဂြၽန္။ လူအမ်ားေရွ႕တြင္ တည္ၾကည္ေနတတ္သည့္ မ်က္ႏွာေခ်ာေခ်ာသည္ ယခုကဲ့သို႔ ၿပဳံးသည့္အခါ အလြန္ပင္ ခ်စ္စဖြယ္ျဖစ္ေလသည္။

အရွင္ဂြၽန့္အား ၿပဳံးေစသည့္အရာကေတာ့ မိုးမခပင္တို႔၏ေနာက္တြင္ လုံၿခဳံစြာတည္ရွိေနေသာ ေရတံခြန္ႏွင့္ စမ္းေခ်ာင္းငယ္ေလးေၾကာင့္ပင္ ျဖစ္ေလသည္။ မိုးမခပင္တို႔၏ လုံးပတ္က အေတာ္ေလးႀကီးမားသည္မို႔ ထိုအပင္ႀကီးတို႔ႏွင့္ကြယ္ေနေသာ အိုေအစစ္ကေလးကား ဂြၽန္တဦးတည္းသာသိေသာ နိဗၺာန္ဘုံေလးပင္ျဖစ္ေလသည္။

ထို႔ေနာက္ ျမင္းျဖဴေလးအား ေရတိုက္ အစာေကြၽး၍ အေမာေျဖခိုင္းၿပီးခ်ိန္တြင္ အရွင္သည္လည္း ပတ္ဝန္းက်င္ အေျခအေနကို ၾကည့္ကာ အဝတ္မ်ားကို ခြၽတ္၍ ထိုစမ္းေခ်ာင္းငယ္ေလးတြင္းသို႔ ဆင္းကာ ကိုယ္လက္သန့္စင္ေလေတာ့သည္။

ေရတံခြန္အနီးရွိ ေက်ာက္ေဆာင္ကို မွီတင္းေနရင္း စိတ္ကို ေျဖေလွ်ာ့လိုက္ေတာ့ တျဖည္းျဖည္း ပ်ံ့လြင့္လာသည့္ စြဲမက္ဖြယ္ လာဗင္ဒါ ရနံ႕။ မွိတ္ထားေသာ မ်က္ခြံေအာက္ရွိ မ်က္ဆံဝိုင္းဝိုင္းသည္လည္း သံသယဝင္စရာမလိုေအာင္ ခရမ္းဆြဲေက်ာက္အေရာင္သို႔ ကူးေျပာင္းေနၿပီ ျဖစ္ေလသည္။

ထိုအခါမွ အခ်ိန္အတန္ၾကာ ႏွိပ္စက္ေနေသာ ေခါင္းခဲေဝဒနာသည္ အနည္းငယ္ သက္သာသြားကာ အေနေခ်ာင္လာေလသည္။ လက္စသတ္ေတာ့ ေဆးမ်ား၏ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ထိုကဲ့သို႔ ေဝဒနာခံစားေနရသည္ကိုး။

အတန္အသင့္ သက္သာလာသည့္အခါ ေက်ာက္ေဆာင္ကို မွီတင္းေနရာမွ ထကာ ေရတံခြန္ေအာက္သို႔ သြား၍ ဦးေခါင္းမွစ စိုစြတ္ေစေတာ့ ပို၍ လန္းဆန္းလာေတာ့သည္။

ၾကည္လင္ေသာ ေရတံခြန္မွ ေရတို႔သည္ ဂုတ္အေက်ာ္ထိ ရွည္လ်ားသည့္ ႏူးညံ့ေသာ အညိုေရာင္ဆံႏြယ္ကိုျဖတ္၍ ျဖဴေဖြးဝင္းမြတ္ေသာ ကိုယ္ခႏၶာေပၚသို႔ တစိမ့္စိမ့္စီးဆင္းသည္။ Alphaတစ္ဦးကဲ့သို႔ က်ယ္ျပန့္ေသာ ပုခုံးႏွင့္ ေက်ာျပင္ရွိေသာ္လည္း ႀတိဂံသ႑ာန္ ျပန္၍ က်ဥ္းေျမာင္းသြားသည့္ သူ၏ ခါးသိမ္သိမ္ဟာ လက္တေပြ႕စာသာ ရွိလိမ့္မည္။ ခါးသိမ္သိမ္၏ ေအာက္ အခ်ိဳးတက် ျပန္၍ စြင့္ကားသြားေသာ တင္သားစိုင္တို႔ေၾကာင့္ သဲနာရီႏွင့္ပင္ အလားသ႑ာန္တူေနေသာ Eldora အရွင္၏ ကိုယ္လုံးကိုယ္ေပါက္သည္ အျပစ္ေျပာဖြယ္မရွိေအာင္ပင္ ၿပီးျပည့္စုံလြန္းလွသည္။

ထို႔အျပင္ေရစက္မ်ား ကပ္ၿငိေနသည့္ ျဖဴျဖဴေခ်ာေခ်ာ မ်က္ႏွာဝိုင္းကေလး, ေဆးအကူအညီမလိုပဲ နီေစြးေနသည့္ႏႈတ္ခမ္းပါး, ခရမ္းဆြဲေရာင္မ်က္ဝန္းတို႔အား ကြယ္ဝွက္ထားသည့္ မ်က္ခြံေပၚမွ မ်က္ေတာင္ရွည္ရွည္မ်ားႏွင့္ ေျဖာင့္စင္းကာ အဆုံးပိုင္းေလးမွ လုံးဝန္းသြားေသာ ႏွာေခါင္းေလးက အရွင္ဂြၽန္၏ ဆြဲေဆာင္မႈကို ပို၍အားျဖည့္ေနသည္မို႔ တိုင္းျပည္အႏွံ႕အျပားမွ သားရွင္ သမီးရွင္တို႔၏ ပစ္မွတ္ျဖစ္ရသည္မွာ အထူးအဆန္း မဟုတ္ေပ။ ႐ုပ္ရည္ လက္႐ုံးရည္ ဥာဏ္ပညာ စည္းစိမ္ စသျဖင့္ အလုံးစုံျပည့္စုံသည့္ အရွင့္လိုလူအား လက္လြတ္ခံလွ်င္ ထိုသူတို႔ ႐ူးရာသာ က်လိမ့္မည္ေလ။

ေအးစိမ့္သည့္ ေရတံခြန္မွ ေရတို႔ေၾကာင့္ တျဖည္းျဖည္း စိတ္ၾကည္လင္လာေသာ အရွင္။ စြဲမက္ဖြယ္ေကာင္းေအာင္ ခ်ိဳအီေသာ လာဗင္ဒါနံ႕ကလည္း ပို၍ ျပင္းရွစြာ လႊမ္းခ်ဳံလာသည္ေလ။

"ဒီလိုက်ေတာ့လည္း သိပ္ကို ေမြးပ်ံ့တဲ့ ရနံ႕ေလးပဲ။ ခ်ဳပ္ႏွောင္ထားမိတာ စိတ္မေကာင္းပါဘူး လာဗင္ဒါ"

မိမိ၏ လာဗင္ဒါရနံ႕အား ျပန္၍ ခံစားရင္း သေဘာက်ေနမိသလို တခ်ိန္တည္းမွာပင္ ခ်ဳပ္ႏွောင္ခံရေသာ မိမိျဖစ္တည္မႈ အစစ္အတြက္လည္း စိတ္မေကာင္းျဖစ္မိေလျပန္သည္။

"ဒါေပမယ့္ကြယ္... ငါတို႔က ဦးေဆာင္အုပ္ခ်ဳပ္ခြင့္မရွိဘူးလို႔ သတ္မွတ္ခံထားရတာမလား... အားမနည္းမွန္း သန္မာမွန္း ငါတို႔ကိုယ္တိုင္ သိေပမယ့္လည္း လူမ်ားစုကေတာ့ အဓိပ္ပါယ်မရွိတဲ့ ထုံးထမ္းေတြကေန ႐ုန္းထြက္ၾကမွာ မဟုတ္ဘူးေလေနာ္..."

"ဒါေၾကာင့္ ဆက္ၿပီး ပုန္းကြယ္ေနေပးပါ လာဗင္ဒါ...အခ်ိန္အတိုင္းအတာ တစ္ခုအထိေပါ့"

ထို႔ေနာက္ မိမိကိုယ္မိမိစကားျပန္ေျပာေနမိေၾကာင္း သတိထားမိ၍ တစ္ဖန္ရယ္မိျပန္ေသာ အရွင္ဂြၽန္။ အၿပဳံးခ်ိဳခ်ိဳေလးက မ်က္ႏွာတည္တည္ထက္ပင္ ပို၍ ႏွစ္လိုဖြယ္ေကာင္းပါသည္။

သို႔ေသာ္လည္း အရွင္ဂြၽန္၏ အၿပဳံးတို႔အား ေပ်ာက္ကြယ္ေစသည့္ အျဖစ္အပ်က္က ေပၚလာခဲ့ေလသည္။

အနံ႕ခံအာ႐ုံထဲသို႔ တိုးဝင္လာသည့္ ထူးျခားသည့္ ရနံ႕။ ထိုအနံ႕သည္ မိုး႐ြာလွ်င္ ထြက္ေပၚတတ္သည့္ ေျမသင္းနံ႕ႏွင့္ဆင္ေသာ္လည္း ေျမသင္းနံ႕ထက္ပင္ ပို၍ ေမႊးပ်ံ့ေသးသည္။

အစက မိုး႐ြာလာသည္ေၾကာင့္ ထိုအနံ႕ရလာသည္ဟု ထင္မိေသာ္လည္း သတိကပ္မိေတာ့ မိုးတိမ္ေတာင္ပင္ရွိမေနသည္မို႔ သူထိတ္ျပာရေတာ့သည္။ သည္အျခင္းအရာသည္ အနီးအနားတြင္ တစ္စုံတစ္ေယာက္ရွိေနသည့္ လကၡဏာပင္ မဟုတ္လား။

"ဘယ္သူလဲ!"

တေျမ့ေျမ့သင္းပ်ံ့ေနသည့္ လာဗင္ဒါအနံ႕တို႔အား႐ုတ္သိမ္း၍ မာန္ပါသည့္ ေလသံျဖင့္ ေမးမိေသာ္လည္း တုံ႕ျပန္မႈ တစုံတေလမွ ျပန္၍ ရရွိျခင္းမရွိေပ။

သို႔ေသာ္လည္း ခပ္ပ်ံ့ပ်ံ့ မိုးရနံ႕က ယခုထိတိုင္ လွိုင္၍ က်န္ေနသည္ေၾကာင့္ ထိုအနံ႕ပိုင္ရွင္သည္ အနီးအနားတြင္သာ ရွိဦးမည္ျဖစ္ေၾကာင္း သူေသခ်ာေပါက္သိပါသည္။

ထို႔ေၾကာင့္ ကမ္းစပ္သို႔ ခပ္သုတ္သုတ္ျပန္သြားကာ အဝတ္အစားတို႔ေဘးတြင္ အသင့္ခ်ထားသည့္ ေလးႏွင့္ျမႇားကို ယူ၍ သံသယရွိသည့္ေနရာသို႔ လွမ္းပစ္လိုက္ေလေတာ့သည္။ အနံ႕မ်ား အျပင္းထန္ဆုံး ထြက္လာသည့္ေနရာမို႔ ခပ္လွမ္းလွမ္းရွိ ထိုခ်ဳံပုတ္သည္ ရန္သူခိုေအာင္းရာေနရာျဖစ္နိုင္သည္ေလ။

ျမႇားက ထိုခ်ဳံပုတ္မွ ေဖာက္ထြင္း၍ ေနာက္မွ မိုးမခပင္တြင္ သြား၍ စိုက္ေနေသာ္လည္း ျမႇား၏ အရွိန္ႏွင့္ ဦးတည္ရာအရ ပစ္မွတ္ကို ရွပ္၍ ထိသြားေၾကာင္းေတာ့ သူရိပ္မိပါသည္။

ထို႔ေၾကာင့္ အဝတ္အစားတို႔ကို အလ်င္အျမန္ျပန္ဝတ္ကာ ထိုေနရာသို႔ အျမန္သြားၾကည့္မိေတာ့ ေျခရာလက္ရာပ်က္ေနသည့္ သစ္႐ြက္ႏွင့္ ေျမႀကီးအခ်ိဳ႕သာရွိေလသည္ေၾကာင့္ စိတ္ပ်က္ရေလသည္။

သို႔ေသာ္လည္း မိုးမခပင္စည္တြင္ စိုက္ေနေသာ ျမႇားထိပ္၌ ေသြးစအခ်ိဳ႕ ကပ္ၿငိေနသည္ကို ျမင္ရသည္ေၾကာင့္ ရတက္မေအးစြာ ရွာပုံေတာ္ဖြင့္ရပါေတာ့သည္။ က်ိန္းေသေပါက္ သူ႕ပုံစံအမွန္အား ျမင္သြားသူရွိေနၿပီေလ။

ထိုေၾကာင့္ ထိုေနရာအနီးတဝိုက္တြင္ ႏွံ႕စပ္စြာ ရွာပါေသာ္လည္း အရိပ္အေယာင္မေတြ႕ရေလေတာ့ ၾကည္လင္ခဲ့ေသာစိတ္တို႔က အလုံးစုံ ညစ္ႏြမ္းသြားေတာ့သည္။

ရွာ၍မေတြ႕မွေတာ့ ထိုေနရာမွ အျမန္ဆုံးထြက္ခြာျခင္းက အႏၱရာယ္အကင္းဆုံးျဖစ္သည္မို႔ ျပန္လည္ထြက္ခြာရန္ အျပင္ ခပ္လွမ္းလွမ္းရွိ မိုးမခပင္၏ေနာက္မွ ေက်ာက္စိမ္းေရာင္လဲ့ေနေသာ အရာတစ္ခုက သူ႕အာ႐ုံကို ဖမ္းစားသည္။

ထိုအရာကို မိနစ္ပိုင္းအၾကာ စိုက္ၾကည့္ၿပီးမွ ေက်ာက္မဟုတ္ပဲ မ်က္လုံးျဖစ္ေၾကာင္း ရိပ္မိသည့္အခါ ေလးႏွင့္ျမားကို ျပင္ကာ ထိုေနရာသို႔ ဦးတည္၍ ပစ္လိုက္ေတာ့သည္။ သို႔ေသာ္လည္း ထူထဲသည့္ မိုးမခပင္အား ေဖာက္ထြင္းရန္မျဖစ္နိုင္သည္ေၾကာင့္ ပင္စည္တြင္သာ စိုက္၍ေနေလသည္။

စိတ္အႏွောင့္အယွက္ ျဖစ္စြာ စုတ္သပ္ရင္း ထိုေနရာသို႔ အေျပးၾကည့္မိေလေတာ့ သူ႕အား ဆက္တိုက္ အႏွောင့္အယွက္ေပးေနေသာ မိုးရနံ႕သည္လည္း ေပ်ာက္ကြယ္သြားသလို လူရိပ္လူေယာင္လည္း မေတြ႕ရေတာ့ေပ။

ေသခ်ာသည္ကေတာ့ ထိုအနံ႕ပိုင္ရွင္သည္ Eldoraမွ မျဖစ္နိုင္။ စိမ္းစိုလွပသည့္ တိုင္းျပည္ျဖစ္သည္ေၾကာင့္ Eldoraမွ Alphaတို႔သည္ သစ္ေတာႏွင့္ စပ္လ်ဥ္းသည့္ ရနံ႕ကို ပိုင္ဆိုင္ကာ Omegaတို႔သည္ေတာ့ ပန္းရနံ႕မ်ားကို ပိုင္ဆိုင္ၾကသည္ေလ။ ယခု အနံ႕ကား မိုးရနံ႕မ်ိဳးျဖစ္၍ ေသခ်ာေပါက္ Eldoraမွ လူမျဖစ္နိုင္ေပ။

လုံၿခဳံမႈတင္းက်ပ္သည္ဆိုသည့္ သူ႕တိုင္းျပည္ကို ခိုးဝင္သူရွိေနၿပီမ်ားလား... ထိုသူကေရာ ျဖစ္တည္မႈအစစ္ကိုမ်ား သိရွိသြားေလၿပီလား ပူပင္ကာ အရွင္တစ္ေယာက္ ထိုေနရာမွ အလ်င္အျမန္သာ ထြက္လာလိုက္ေတာ့ေလသည္။ 

ထိုပေဟ႒ိဆန္ေသာ ေက်ာက္စိမ္းေရာင္မ်က္ဝန္းပိုင္ရွင္က ဘယ္သူမ်ားျဖစ္ေနလိမ့္မလဲ...?

#Tbc

A/N: တျခားficတန္းလန္းေတြကို အရင္upၿပီး ဒါေလးကို tuesdayမွ upမလို႔ေပမယ့္ ေရးလို႔ မၿပီးေသးတာနဲ႕ ဒါေလးပဲ upလိုက္ပါၿပီ :') Second Choiceနဲ႕ တပ္သားကင္မ္တို႔ ficေလးေတြလည္း ဒီအပတ္ထဲမွာပဲ upေပးပါ့မယ္ေနာ္ ေစာင့္ေနေစရလို႔ အားနာပါတယ္ရွင္ >< ဒီအပိုင္းေလးအေပၚ ေဝဖန္အႀကံျပဳခ်င္တာေလးေတြရွိရင္လည္း ေျပာခဲ့ၾကပါဦး ❤

See you in next episode~

- 해바라기

Продолжить чтение

Вам также понравится

260K 12.9K 60
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
197K 7.1K 65
[Everything is fine but you will die no matter what you do ★] [Synonym for a shitty game of luck ★] [Is there anyone who has seen an ending other tha...
31.6K 2.8K 18
A Royal family renowned for their illustrious name and fame, A family full of pride and rage, A Family for which everyone bows their head - The Agnih...
236K 9.3K 31
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚