(Unicode)
ကေစီက အဲ့ဒါကိုကြားလိုက်တာနဲ့တပြိုင်နက် သူတို့က ပိုင်မုနဲ့ လေ့လာဖို့ သွားနေတာဆိုတာကို နားလည်သွားပြီး သူ့ထက်ပိုကောင်းမွန်ပြီး ခဲယ်လ်တစ်ရဲ့မျက်၀န်းတွေကို ယူဆောင်သွားခဲ့တဲ့ ဒဏ္ဍာရီလာအမျိုးသမီးကို သတိရသွားတယ်။ ကေစီက အရမ်းတော့မယုံကြည်ဘူး။ ကေစီက ငယ်စဉ် ကလေးဘ၀တည်းက သူ့မိသားစုရဲ့ အလိုလိုက်ခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက မလွဲမသွေကို အနည်းငယ် မာနကြီးကာ မိမိကိုယ်ကို ဗဟိုပြုနေမှာဖြစ်တယ်။ သူ့မှာ လိုအပ်ချက်တွေ ရှိနေသရွေ့ မိန်းမတွေပေါ် တုန်နေအောင်ချစ်တဲ့ orcs တွေက သူ့အတွက် လုပ်ပေးလိမ့်မယ်။
ကေစီက အရပ် 1.78 မီတာခန့်ရှိပြီး သေးသွယ်တဲ့ အရွယ်ရောက်ပြီးသူ မိန်းမပျိုလို့ ဆိုနိုင်တယ်။ သူ့မှာ ပျော့ပျောင်းတဲ့ သစ်အယ်သီးရောင် ဆံပင်လိမ်လိမ်လေးတွေ၊ အညိုရောင်မျက်၀န်းတွေက အမြဲလိုလို စိုလဲ့လဲ့ဖြစ်နေပြီး ဖြူဖွေးတဲ့ အသားအရည်၊ အလွန်သနားချင့်စဖွယ်ကောင်းတဲ့ အရုပ်လေးနဲ့ ခပ်ဆင်ဆင်တူတဲ့သွင်ပြင်မျိုးရှိတယ်။ ကေစီရဲ့သွင်ပြင်က ပိုင်မုငယ်ငယ်တုန်းကထက်တောင် ပိုထင်ရှားတယ်လို့ ပြောရမယ်။ပိုင်မုက ကေစီလောက် ရုပ်ရည်မကောင်းမွန်ပါဘူး။ ပိုင်မု သူ့ကို ရိုက်ချနိုင်ခဲ့တာက လူတွေကို အရမ်းသက်တောင့်သက်သာခံစားရစေတဲ့ အတွင်းစိတ်က ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြပြီး ထွက်လာတဲ့ ငြိမ်သက်အေးချမ်းမှုကြောင့် ဖြစ်တယ်။ သူနဲ့ အချိန်အကြာကြီး အဆက်အသွယ်လုပ်နေသရွေ့ သူက ကေစီထက် ပိုကောင်းမွန်တယ်လို့ ခံစားရလိမ့်မယ်။
ပြီးတော့ ကေစီက ခဲယ်လ်တစ်ကို ဘာလို့ သဘောကျရတယ်ဆိုတဲ့ အကြောင်းရင်းက သူက မျိုးနွယ်စုထဲရှိ လူငယ်မျိုးဆက်ရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် ဖြစ်တယ်။ ဒါပေမယ့် အရေးကြီးဆုံးအရာကတော့ ခဲယ်လ်တစ်က ဒီလူငယ်orcစစ်သည်တော်တွေထဲ ကြည့်အကောင်းဆုံးဖြစ်လို့ပါပဲ။ ဒီခဲယ်လ်တစ်တစ်ယောက်တည်းကပဲ သူ့နဲ့ ထိုက်တန်တယ်လို့ ကေစီက ခံစားရတယ်။ သူတို့နှစ်ယောက်မှာ ကလေးရှိခဲ့ရင် သူတို့(ကလေး)က ပိုကြည့်ကောင်းလိမ့်မယ် ၊ သူတို့က မိန်းမပျိုလေးတွေဆိုရင်လည်း သူတို့က သူ့လိုပဲ နာမည်ကြီးလိမ့်မယ်။
"ငါ မင်းနဲ့လိုက်ခဲ့လို့ရမလား" ကေစီက အယ်လ်ဗင်ကို စိုလဲ့လဲ့မျက်၀န်းတစ်စုံနဲ့ အသနားခံလျက် ကြည့်လိုက်တယ်။
အယ်လ်ဗင်က အရမ်းရှက်သွားတယ်။ သူက ကေစီကို မခေါ်ချင်ဘူး ၊ ကေစီက သူ့ဘာသာသွားနိုင်တာပဲကို။ သူသာ သူ့(ကေစီ)ကို အဲဒီကို ခေါ်သွားရင် အန်းချီလော့က သူ့ကို နောက်ကျရင် သေချာပေါက်အော်လိမ့်မယ်။လူစုတာကို သူမပြောချင်ပေမယ့် ကေစီရဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံကို မြင်တော့ သူ မငြင်းပယ်နိုင်တော့ဘူး။ အယ်လ်ဗင်ရဲ့သားရဲအဖေက လန်မုကို သယ်ဆောင်ပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့ကလေးက ရှုပ်ထွေးနေတာကို ဘေးက ရပ်ကြည့်နေခဲ့တယ်။ သူတို့ရဲ့ အယ်လ်ဗင်က အထက်မြက်ဆုံးဖြစ်ပြီး အရာအားလုံးကို သူ(အယ်လ်ဗင်)ကိုင်တွယ်နိုင်တယ်လို့ သူ(အယ်လ်ဗင့်အဖေ)ယုံကြည်ခဲ့တယ်။
"ရပါတယ် " နောက်ဆုံးမှာတော့ အယ်လ်ဗင်က ကေစီကို အိန်ဂျလိုရဲ့အိမ်ဆီ ချီတုံချတုံနဲ့ ခေါ်သွားခဲ့ပါတယ် ။ရလဒ်အနေနဲ့ အသင်းက လူ၃ယောက်ဖြစ်သွားတယ်။
သူတို့ ခဲယ်လ်တစ်ရဲ့အိမ်ကို ရောက်တဲ့အခါ၊ ဆီဇာ၊ အယ်လီ(အရှေ့အပိုင်းက ရိလိုင်ဖြစ်မယ်)နဲ့ သူရဲ့ချစ်သူ အေဘယ်၊ ဆိုင်ရယ်နဲ့ သူရဲ့အစ်ကိုကြီးတို့လည်း ရောက်ရှိလာကြတယ်။ ဆိုင်ရယ်က သူ့အစ်ကိုကြီးကို ပိုင်မုနဲ့ မိတ်ဆက်ပေးနေပြီး ခဲယ်လ်တစ်က ဘေးမှာ နီးနီးကပ်ကပ် စိုက်ကြည့်နေတယ်။
" ပိုင်မု၊ ဒါက ကျွန်တော့်အစ်ကို ဇက်ခ်ရိဖြစ်ပြီး ကျွန်တော့်အစ်ကိုက မျိုးနွယ်စုထဲမှာ အကောင်းဆုံးအမဲလိုက်မုဆိုးပဲ "ဆိုင်ရယ်က ဂုဏ်ယူစွာနဲ့ ကြည့်လိုက်တယ်။
"ဟယ်လို ပိုင်မု " ဇက်ခ်ရိက ပိုင်မုကို အနည်းငယ်ရှက်ရှက်နဲ့ နှုတ်ဆက်လိုက်တယ်။ သူ(ဆိုင်ရယ်) အန်းချီလော့ရဲ့အိမ်ကပြန်လာပြီးနောက်မှာ သူ့အစ်ကိုက ပိုင်မုကိုလိုက်ဖို့ သူ့ကို တောင်းဆိုနေခဲ့တာ။ ပိုင်မုက အရမ်းလှတယ်လို့ သူ(ဇက်ခ်ရိ)ထင်တယ်၊ သူ(ဇက်ခ်ရိ)ကလည်း အရည်အချင်းအရမ်းကောင်းပြီး သူက ကောင်းမွန်တဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်တာကြောင့် သူလည်း ကြိုးစားမှာပဲ။ခဲယ်လ်တစ်အတွက်ကတော့ လူတိုင်းက တရားမျှတစွာ ယှဉ်ပြိုင်နိုင်တယ်လေ။
"ဟယ်လို " ပိုင်မုက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေပြီး သူ့ကို ကြည့်လိုက်တယ်။ *ဇက်ခ်လေက သစ္စာရှိပြီး ရိုးသားပုံရကာ အနည်းငယ် ရှက်နေပုံရတယ်။ သူက သူ့ညီနဲ့ မတူညီတဲ့ ပုံစံမျိုးရှိတယ်။ဒါပေမယ့် ဆံပင်အရောင်နဲ့ မျက်၀န်းတွေကတော့ အတူတူပါပဲ။(မသိဘူး ဇက်ခ်ရိလည်း ဇက်ခ်လေပဲ)
"အစ်ကိုကြီးပိုင်မု ၊ကျွန်တော့်အစ်ကိုက အပြာရောင်သစ်သားတွေ ကျွန်တော့်ကို ကူညီပြီးယူပေးဖို့ နေလို့ရနိုင်မလား" သူ့အစ်ကိုဖြစ်သူက သူ့(ပိုင်မု)ကို နှုတ်ဆက်လိုက်တာကို သူ(ဆိုင်ရယ်)မြင်တဲ့အခါ ဆိုင်ရယ်က သူဘယ်မှာရပ်တည်နေမှန်းမသိတော့ဘူး။ သူက တိတ်တဆိတ် စိုးရိမ်နေမိတယ်။ သူက သူ့အစ်ကိုကြီးအတွက် အခွင့်အရေးတွေ ပိုပြီးဖန်တီးပေးချင်တယ်။
အဲ့ဒီလူက ဆက်နေသေးကြောင်း ကြားတဲ့အခါ ခဲယ်လ်တစ်ရဲ့မျက်နှာက မည်းမှောင်သွားတယ်။ ဒီမိန်းမပျိုတွေက သူ့(ပိုင်မု)ဆီကနေ သင်ယူဖို့ လာတာဆိုရင် အရေးမကြီးပေမယ့် ပိုင်မုကို တွေ့ဖို့ ရည်ရွယ်ချက်ရှိတဲ့ အရွယ်ရောက်ပြီးorcကတော့ အရမ်းလေးနက်သွားပြီ။
"နောက်ဆုံးတော့ ဒါက ခဲယ်လ်တစ်ရဲ့အိမ်ပဲလေ၊ ခဲယ်လ်တစ်ကို မေးလို့ရပါတယ် " ပိုင်မုက ခဲယ်လ်တစ်ရဲ့မျက်နှာ မည်းမှောင်နေတာကို မြင်လိုက်ရပြီး သူက အရမ်းတုန်လှုပ် နေတာပဲလို့ တွေးပြီး တိတ်တိတ်လေး ရယ်နေတယ် ။ သူ(ပိုင်မု) သူ့(ခဲယ်လ်တစ်)ကို လက်ခံဖို့ ကြိုးစားမယ်လို့ သဘောတူထားပြီးပြီမို့ တခြားသူတွေနဲ့ သူဘယ်လိုနေနိုင်မလဲ။ ဆိုင်ရယ်ရဲ့ တောင်းဆိုချက်ကို သူသဘောမတူလိုက်ဘဲ သူ့ကိုယ်သူ(ခဲယ်လ်တစ်ကိုယ်တိုင်)ဖြေရှင်းဖို့ ခဲယ်လ်တစ်ဆီ ထားခဲ့လိုက်တယ်။
"လိုအပ်တယ်လို့ ငါမထင်ဘူး ငါတို့အိမ်က သေးသေးလေးကို လူက တော်တော်များနေပြီ အပြာရောင်သစ်သားအမြှောင်းတွေ ရအောင် ငါ သူတို့ကို ကူညီပေးမှာပါ"ခဲယ်လ်တစ်က ဇက်ခ်လေရဲ့တောင်းဆိုချက်ကို ပါးပါးနပ်နပ်နဲ့ ငြင်းဆိုလိုက်တယ်။
ဆိုင်ရယ်က ကြီးမားလှတဲ့ ဂူကြီးကို ကြည့်လိုက်တယ်။ လူပြည့်ကျပ်နေတဲ့ ခံစားချက်ကြီး မရှိပါဘူးနော်။ခဲယ်လ်တာက မျက်လုံးကြီးဖွင့်ပြီး အဓိပ္ပယ်မရှိတဲ့စကားတွေကို တကယ်ကြီးပြောနေတာပဲ။ သူ့ရဲ့နှေးကွေးလေးလံလှတဲ့ အစ်ကိုဖြစ်သူက အရင်ဆုံးပြောတယ်ဆိုတာကို ဘယ်သူသိလဲလို့ သူ ချေပလိုက်ချင်တယ်။
"ဒါဆိုရင် ငါမင်းကို ဒုက္ခပေးရတော့မှာပဲ မင်းမှာအမဲလိုက်ဖို့ အချိန်မရှိဘူးလို့ ငါထင်တယ် မင်းတို့အတွက် ငါအမဲလိုက်သွားပေးမယ်" ခဲယ်လ်တစ်က တရားမျှတတယ်လို့ ဇက်ခ်လေ ခံစားလိုက်ရတယ်။သူ့ညီက တစ်စုံတစ်ယောက်ရဲ့အိမ်မှာ လေ့လာနေတယ်လို့ ပြောခဲ့ပြီး သူကပါ နေရင် မဖြစ်သင့်ဘူးလို့ပြောရမယ်။
ဆိုင်ရယ်က သံနဲ့သံမဏိလိုအကြည့်နဲ့ သူ(ဇက်ခ်လေ)ဘာကြောင့် အရမ်းတုံးအနေရလဲလို့ သူ့အစ်ကိုကြီးကို စူးစူးဝါးဝါးကြည့်လိုက်တယ်။ ပိုင်မုက ဇက်ခ်လေဟာ တကယ်တော့ သဘာဝအတိုင်းတုံးအနေတာလို့ ခံစားမိပေမယ့် ခဲယ်လ်တစ်ကတော့ ဒီသူငယ်ချင်းက အရမ်းတော်တယ်လို့ သေချာပေါက် ထင်ပါတယ်။လူတိုင်းက ဆိုင်ရယ်ကို သနားစိတ်နဲ့ ကြည့်နေကြတယ်။ သူ့အကြံအစည်က ဘယ်တော့မှ အကောင်အထည်ပေါ်လာမှာမဟုတ်ဘူးလေ။
"ဒါဆို ကျေးဇူးပဲ" ခဲယ်လ်တာက ဇက်ခ်လေရဲ့ ပုခုံးပေါ် ပျော်ရွှင်စွာ ပုတ်လိုက်ကာ ညီအစ်ကိုကောင်းတစ်ယောက်လို ကြည့်နေတယ်။ အန်းချီလော့နဲ့ ခြင်္သေ့လေးတို့က ရလဒ်အတွက် အရမ်းကျေနပ်ခဲ့ကြပေမယ့် သူတို့က သူ့တို့ရဲ့အစ်ကိုကြီးလိုပဲ တူညီတဲ့စစ်မြေပြင်မှာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြတယ်။ ရမ်းကားတဲ့လူတွေကို ကောင်းကောင်းကြီးကြပ်နိုင်ဖို့အလို့ငှာ တခါတစ်ရံ အိမ်နဲ့အဝေးကိုရောက်နေတတ်တဲ့ ခြင်္သေ့လေးကလည်း ဒီနေ့ အိမ်မှာ တမင်တကာနေခဲ့တယ်။
(Zawgyi code)