(Completed) Reborn as a good...

De Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... Mais

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《197》

6K 995 22
De Xiao_Yiii

Unicode

အခန်း(၁၉၇)

ကျောင်းဟွာမှာ ပြောတော့မယ့် စကားက ပါးစပ်ဝတင် တစ်သွားရသည်။ ယန်မြောင်ရဲ့ မျက်လုံးများကတော့ သရဲတစ္စေအား မြင်လိုက်သလိုမျိုး ပြုးကျယ်သွားရလေသည်။ ဒေါသကို ဖိနှိပ်ထားရဆဲဖြစ်သည့် ယန်ဟွေနဲ့ ယန်ရန်တို့ကတော့ ပိုင်ယန်ရဲ့ စကားကြောင့် ထရယ်မိမတတ် ဖြစ်သွားသည်။ ရိဟန်ရဲ့ နှုတ်ခမ်းဆီမှလည်း တစ်ခွီးခွီး ရယ်သံ ပိစိလေး ထွက်လာသည်။ မှောင်မိုက်နေသည့် မျက်နှာနဲ့ ကျင်းယွမ်တောင်မှ ပိုင်ယန်အား လှည့်ကြည့်လာသည်လေ။

"ညီအစ်ကိုရေ အဲ့ဒီလို မလုပ်နဲ့လေ" ကျင်းယွမ်က ခဏရပ်ကာ အလေးအနက် စဉ်းစားပြီးနောက်မှာ ထုတ်ပြောလာသည်။

"ငါတို့တွေ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုဘူးဖြစ်စေ ဘယ်လိုလုပ် ခွဲခြားလို့ ရမှာလဲ? အကယ်၍ ငါသာ ပိုင်မိသားစုအိမ်ကို လက်ထပ်ပြီး ဝင်ရမယ်ဆိုရင် မိသားစုနှစ်ခုက ကွဲပြားသွားမှာ မဟုတ်ဘူးလား?"

"ငါပြောတာ ငါက ကျောင်းဟွာရဲ့ မိသားစုထဲကို လက်ထပ်ပြီးဝင်မှာလို့" ပိုင်ယန်က မျက်လုံးလှန်ပြသည်။

"မင်းကို ပိုင်မိသားစုထဲ လက်ထပ်ဝင်ဖို့ ပြောတာ မဟုတ်ဘူး"

(T/N - ပိုင်ယန်က သူ့ကိုယ်သူ သတို့သမီး နေရာက ထားလိုက်တာပါ။ တရုတ် ထုံးစံအရ မိန်းကလေး ဖြစ်သူက ယောကျာ်းလေး ဖြစ်သူရဲ့ အိမ်ထဲ လက်ထပ်ဝင်ရတာမို့လို့ ပိုင်ယန်က ကျောင်းဟွာရဲ့ အိမ်ကို သတို့သမီးအနေနဲ့ ဝင်မှာလို့ ပြောတာပါ။ အဓိက ကတော့ ယန်မြောင်က ယောကျာ်းလေး သတို့သမီး ဆိုပြီး အထင်သေးနေလို့ပါ)

"အဲ့ဒါတော့ မဖြစ်ဘူး" ကျင်းယွမ်က ပြန်ပြောသည်။ သူက ခဏ ရပ်လိုက်ပြီးမှ စကားဆက်၏။

"တကယ်တော့ ငါတို့ မိသားစုနှစ်ခုသာ ပေါင်းစည်းနေသ၍ အဆင်ပြေပါတယ်" ထို့နောက်သူက ရိဟန်ဘက် လှည့်သွားသည်။

"ဟန်ဟန် မင်းရော ဘယ်လိုထင်လဲ?"

ရိဟန်မှာ သူ့ချစ်သူက ဒီလို လျှောက်နောက်နေတဲ့အထဲ ဝင်ပါမယ်လို့ မထင်လိုက်မိပေ။ ဒီမှာ ဘာကို နှိုင်းယှဉ်ပြီး ပြိုင်ဆိုင်နေစရာ ရှိလို့လဲ?

"မင်း ငါ့မိသားစုထဲကို လက်ထပ်ပြီး ဝင်စရာ မလိုပါဘူး" ရိဟန်က သူ့မျက်နှာအား လက်လေးနဲ့ ဖုန်းကာပြီး ပြန်ဖြေသည်။

"ငါတို့အခုပုံစံကလည်း အဆင်ပြေပါတယ်"

"ဟန်ဟန်က ဟင့်အင်းတဲ့" ကျင်းယွမ်က ပိုင်ယန်အား ပြန်လှည့်ကြည့်ပြီးပြောသည်။

"မင်းလည်း လက်ထပ်ပြီး မဝင်ရဘူး"

"ဟန်ဟန် ငြင်းတယ် ဆိုတာက မင်းကို မထိုက်တန်ဘူး ထင်လို့လေ" ပိုင်ယန်က ပြန်ပက်သည်။

"အဲ့ဒါက ငါ့ မင်္ဂလာဆောင်နဲ့ ဘာဆိုင်လို့လဲ?"

ရိဟန် "......"

ကျင်းယွမ်က မထိုက်တန်ဘူးလို့ မထင်မိပါဘူး။ အစ်ကိုရေ ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်သွားရတာလဲ? ရန်ဖြစ်ဖို့ ကြိုးစားနေတာလား?

"ဘယ်လိုပဲဖြစ်ဖြစ် မင်းမလုပ်ရဘူး" ကျင်းယွမ်က ပြောသည်။ "ငါတို့ အိမ်ပြန်ရောက်မှာ အဲ့ဒီအကြောင်း ပြောကြတာပေါ့"

ငါ့ဟန်ဟန်က ဘယ်သူ့ထက်မှ လျော့နည်းနေစရာ အကြောင်းမရှိဘူး။ တစ်ခြားသူတွေမှာ ရှိတဲ့ဟာ သူ့မှာလည်း ရှိရမယ်

ယန်မြောင်ကတော့ လုံးဝကို ကြက်သေသေနေသည်။ အာဏာရှိ မိသားစုကြီး နှစ်ခုရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒီလူနှစ်ယောက်။ အလှည့်အပြောင်း သေးသေးလေး တစ်ခုက အရာအားလုံးကို ပြောင်းလဲနိုင်တယ်။ ဘယ်လိုများ ဒီလိုကိစ္စမျိုးကို ဘာမှ ဂရုမစိုက်ပဲ ပြောနိုင်ရတာလဲ? သူတို့အားလုံး အဲ့ဒီလောက်တောင် အရှက်မဲ့တာလား?

ကျင်းယွမ်က ယန်မြောင်အား ပြန်ကြည့်လိုက်သည်။ ထို့နောက်မှာတော့ သူမစိတ်အား ဖတ်နိုင်နေသလိုမျိုး အေးစက်စက် စကားစလိုက်၏။

"ဒီကမ္ဘာပေါ်က လူတိုင်း ဘယ်သူကမှ ခင်ဗျားလို မဟုတ်ဘူး မဒမ်ဟဲ။ ခင်ဗျားက ဂုဏ်သိက္ခာတွေ မျက်နှာတွေက ဒီကမ္ဘာပေါ်က အရာအားလုံးထက် ပိုပြီး အရေးကြီးတယ်လို့ ထင်နေတာ။ ထပ်ပြောရရင်တော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ဂုဏ်သတင်းဆိုတာ ဘယ်သူက ဘယ်သူ့ကို လက်ထပ်ယူတယ် ဘယ်သူက လက်ထပ်ပြီး ဝင်သွားတယ် ဆိုတာပေါ် မူတည်နေတာ မဟုတ်ဘူး။ ရိုးသားမှုနဲ့ လေးစားမှု ရှိနေသ၍ ဘာကိုမှ ရှက်နေစရာ မလိုဘူး။ ဆန့်ကျင်ဘက်အနေနဲ့တော့ ကိုယ့် ပါတနာအပေါ် သစ္စာမရှိတဲ့လူ၊ တစ်ကိုယ်ကောင်းဆန်တဲ့လူ၊ အေးစက်ပြီး ဆူးချွန်လို စကားတွေကို ပြောတတ်တဲ့သူမျိုးကသာ ရှက်သင့်တဲ့လူမျိုး"

"မဒမ်ဟဲ, ကျွန်တော်တို့ အိမ်ထောင်ရေးက ဘာပဲဖြစ်နေပါစေ ကျွန်တော်တို့က ခင်ဗျားအိမ်မှာ နေနေတာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ ကိစ္စကို ဝင်မပါပါနဲ့။ အကယ်၍ အချိန်အားနေရင် ကိုယ့်မိသားစုကိုယ်သာ အရင်ဆုံး ဂရုစိုက်နေသင့်တယ်"

သူမရဲ့ မိသားစု? သူမရဲ့ မိသားစုက ဘာဖြစ်နေလို့လဲ?

ယန်မြောင်က စိတ်ထဲမှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

သူမရဲ့ ခင်ပွန်းသည်က သူမကို ချစ်တယ်။ ကလေးတွေကလည်း လိမ်မာတယ် ဉာဏ်ကောင်းတယ်။ ဒီမြို့ထဲက လူတိုင်း သူမကို လေးစားပြီး အားကျကြတယ်။ သူမက ဘာကို စိတ်ပူရမှာလဲ? ဒီလူက ပြောစရာ စကားမရှိတော့ဘူးလား?

ယန်ချုံးသည် သူ့ညီမက စကားပြောဖို့ ပါးစပ်ပြင်နေသည်အား မြင်သောအခါ ကမန်းကတန်း လှမ်းပိတ်ပြောလိုက်သည်။

"Mr မု , Mr ပိုင်, သူမရဲ့ စကားကြမ်းတွေအပေါ် စိတ်ထဲ မထည့်ပါနဲ့ဗျာ။ အဖေနဲ့ ငါက သူမကို အရမ်း အလိုလိုက်ထားမိလို့ သူမ စကားပြောတဲ့အခါ ဘယ်တော့မှ ရှေ့နောက် မစဉ်းစားတတ်ဘူး။ ကျေးဇူးပြုလို့ သူမကို လစ်လျူရှုပေးပါ"

ယန်မြောင်သည် သူမရဲ့ အစ်ကိုက သူမကို ဆိုးဆိုးဝါးဝါး ပြောနေသည်အား ကြားသောအခါ ဒေါသများ တောက်လောင်လာရသည်။ သို့ပေမယ့် ဒီအချိန်မှာတော့ တစ်ခုခု ထပြောဖို့ သတ္တိမရှိပေ။ သူမ လုပ်နိုင်သမျှက ဟဲယွမ်ရဲ့ လက်မောင်းအား ပြင်းပြင်းထန်ထန် ဆွဲဆိတ်လိုက်ခြင်းသာ။

ဟမ့်, သူရဲဘောကြောင်တဲ့လူ! ဒီလူတွေ အကုန်လုံးက သူတို့ရဲ့ ချစ်သူတွေအတွက် ရင်ဆိုင်တိုက်ခိုက်ပေးနေကြတယ်။ ဒီလူကတော့ အနောက်မှာပဲ ပုန်းနေပြီး စကားပြောဖို့ကိုတောင် အရမ်းကြောက်နေသေးတယ်!

ဟဲယွမ်သည် သူ့လက်မောင်းဆီမှ စူးစူးရှရှ နာကျင်မှုအား ခံစားလိုက်ရသည်။ ၎င်းက သူ့အား ဒေါသထွက်သွားစေ၏။

ဒီငတုံး မိန်းမက မုကျင်းယွမ်နဲ့ ပိုင်ယန်ရဲ့ ရှေ့မှာ ပိုင်သခင်လေးကို ဝေဖန်ရဲတဲ့အထိ ရူးနှမ်းလွန်းတယ်။ သူမရ့ အစ်ကိုက သူမကို စကားပြောတဲ့အချိန် စဉ်းစားဆင်ခြင်ဉာဏ် မရှိတဲ့သူပါလို့ ပြောတာကတင် တော်တော်လေး ကြင်နာနေပြီ! ဒီမိန်းမက ဘေးဥပါဒ်တစ်ခုကို စတင်လိုက်တာတောင် ဒေါသတွေကို သူ့ဆီ လာပြီးဖြေလျော့နေတယ်! အကယ်၍ ဒီမိန်းမသာ ယန်မိသားစုရဲ့ သမီး မဟုတ်ဘူးဆိုရင် မြို့ထဲကနေ မြို့ပြင်ထိ ပါးရိုက်ပြီးတော့တောင် ခေါ်ထုတ်သွားလောက်ပြီ! သူ့ကို ကြောက်ရွံ့နေမယ့် အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး!

"အရမ်းယဉ်ကျေးလွန်းနေပါပြီ" ကျင်းယွမ်က အပြုံးဖျော့ဖျော့လေးနဲ့ ပြန်ပြောသည်။

"မဒမ်ဟဲက စိတ်ခံစားချက် ဆိုးဝါးနေလို့ သူမရဲ့ ဒေါသတွေကို ရိဟန်ဆီ ပုံချလိုက်တာ ဖြစ်မှာပါ"

ယန်ချုံးက ခြောက်ကပ်ကပ် ပြုံးသည်။

"သူမ မလုပ်ပါဘူး။ ဒီမြို့ထဲမှာ ရိဟန်အပေါ် ဘယ်သူကဒေါသ ပုံချရဲမှာလဲ?, Mr မု နဲ့ Mr ပိုင်တင်ပဲ ခွင့်မပြုတာ မဟုတ်ဘူး။ ငါ့အဖေကလည်း ခွင့်ပြုမှာ မဟုတ်ဘူး" ထိုသို့ပြောရင်းဖြင့် သူက ဟဲယွမ်အား တစ်ချက် ကြည့်လိုက်သည်။

ဟဲယွမ်က ထိုအကြည့်အား မြင်သောအခါ အလျင်စလိုဖြင့် ယန်မြောင်ရဲ့ လက်မောင်းအား ဆုပ်ကိုင်လိုက်ပြီး ကျင်းယွမ်နဲ့ ကျန်တဲ့သူများအား ပြောလာ၏။

"Mr မု, ပိုင်သခင်လေး, Mr ပိုင်, ကျွန်တော်တို့ စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ မြောင်မြောင်က ဒီနေ့ မသက်မသာ ခံစားနေရလို့။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော်တို့ အရင် ပြန်နှင့်လိုက်ပါ့မယ်"

ဟဲယွမ်ရဲ့ လက်က ယန်မြောင်ရဲ့ လက်မောင်းပေါ် ရောက်တာနဲ့ ယန်မြောင်က ချက်ချင်းရုန်းထွက်ပစ်သည်။ သူမက သူ့အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သော်လည်း သူမရဲ့ ခင်ပွန်းသည်က အသနားခံသည့် မျက်လုံးများဖြင့် ပြန်ကြည့်နေသည်။ ဒီမှာဆက်နေရင်လည်း ကောင်းလာစရာ မရှိဘူးလေ။ ထို့ကြောင့် ဟဲယွမ်က သူမကို နောက်တစ်ခေါက် ပြန်ကိုင်လာတဲ့အခါမှာ သူမက ဆက်မရုန်းတော့။ ခေါင်းကို မြင့်မြင့်မော့ရင်းဖြင့်သာ သူ့နောက်က လိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။

ကျင်းယွမ်ရဲ့ နှုတ်ခမ်းပါးက လိုင်းတစ်ခု အသွင် ပြောင်းသွားသည်။ ယန်မြောင်ထွက်သွားသည်အား စိုက်ကြည့်နေရင်း သူ့မျက်လုံးများ ကျဉ်းမြောင်းသွား၏။

ပိုင်ယန်သည်လည်း ယန်မြောင်အား လှည့်ကြည့်ကာ သူ့နှုတ်ခမ်း ထောင့်စွန်းလေးနားက အပြုံးမမည်သည့် အပြုံးတစ်ခု ဝေဝေဝါးဝါး ပေါ်သွားသည်။

ယန်ချုံးက ထိုလူနှစ်ယောက်အား ကြည့်ကာ သက်ပြင်းချမိသည်။ သူ့ညီမက တစ်ချက်ပဲ လှုပ်ရှားလိုက်တာ တိုက်တိုက်ဆိုင်ဆိုင် ကျင်းယွမ်နဲ့ ပိုင်မိသားစုရဲ့ 'အမျက်အကြေးခွံ' ကိုမှ သွားကန်မိရတယ်လို့။ သူမက လူနှစ်ယောက်တည်းကိုပဲ ဆန့်ကျင်လိုက်တာ မဟုတ်ဘူး။ သူမက ကွင်းဆက်တုန့်ပြန်မှု တစ်ခုကို အစပြုလိုက်မိတာပဲ။

ကြည့်တာနဲ့တင် မုကျင်းယွမ်နဲ့ ပိုင်မိသားစုက သူမကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်လောက်ဘူး။ အကယ်၍ သူက သူမကို ကူညီချင်ရင်တောင် သူလည်း ကူကယ်ရာမဲ့နေမိတယ်။ အကယ်၍ သူ့ ညီမသာ သူတို့အဖေရဲ့ စကားကို နားထောင်ပြီး ဒေါသကို နည်းနည်းလောက် ထပ်ထိန်းထားနိုင်ခဲ့မယ် ဆိုရင် တစ်ခေါက်တည်းနဲ့ လူအများကြီးကို ဆန့်ကျင်မိမှာ မဟုတ်ဘူး။ သူမ ဆန့်ကျင်တာက တစ်ခြားသူဆိုရင် တော်သေးတယ်။ ယန်မိသားစုက သူတို့ကို နောက်ပြန်ဆုတ်အောင် လုပ်လို့ ရနိုင်တယ်။ ဒါပေမဲ့ အခုတော့ သူမ ဆန့်ကျင်လိုက်တဲ့ မိသားစု နှစ်ခုလုံးက ယန်မိသားစုနဲ့ တန်းတူ ရပ်တည်နိုင်တဲ့ သူတွေကြီးပဲ။ ဒါတောင်ပိုင်မိသားစုရဲ့ လက်ထပ်ပွဲအရ ဆက်စပ်နေတဲ့ ချန်မိသားစုကို ထည့်မတွက်ရသေးဘူး။

ယန်ချုံးက ချန်သခင်လေးနားမှာ ပြုံးပြီး ရပ်နေသည့် ပိုင်ရွှယ်ချင်းအား လှမ်းကြည့်မိသည်။ သူမသာ ဒီအကြောင်း သိသွားရင် ပေါက်ကွဲသွားခဲ့မှာ။ ဒီနှစ် အစတုန်းက သူ့အဖေ မွေးနေ့ပွဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ဖုန်းချွင် ဘာဖြစ်သွားခဲ့မှန်း ဘယ်သူမှ မမှတ်မိကြတော့ဘူး မဟုတ်ဘူးလား? ဒီမိန်းကလေးက ဘယ်သူမှန်တယ် မှားတယ်ဆိုတာ ဂရုစိုက် မနေဘူး။ သူမက နေရာမှာတင် ဖုန်းချွင်ကို လည်ပင်းညှစ်သတ်ချင်ခဲ့တာ!

ချန်မိသားစုက သခင်လေးကလည်း ပိုင်ရွှယ်ချင်းကို နှစ်ပေါင်းများစွာ ချစ်ခင် စုံမက်နေခဲ့တာ။ အကယ်၍ သူမလူသတ်မှုတစ်ခုကျူးလွန်ခဲ့မယ် ဆိုရင်တောင် သူက အလောင်းကို သင်္ဂြိုဟ်ခွင့်အတွက် တိုက်ပွဲဝင်မယ့်သူမျိုး။ ပိုင်ရွှယ်ချင်းရဲ့ လက်သည်းလေး တစ်ချောင်း ကျိုးသွားတာကိုတောင် ချန်ထျန်းယောင်က ဖုန်းချွင်ရဲ့ အရိုးသုံးချောင်းကို ချိုးပစ်ခဲ့တာ။ ဒါနဲ့တင် ပိုင်သခင်မလေးက သူ့အတွက် ဘယ်လောက် အရေးကြီးလဲ ရှင်းနေပြီ။

ချန်မိသားစုကလည်း ခေါင်းဆောင် အပြောင်းအလဲ ကာလ ဖြစ်နေတာလေ။ လက်ရှိ ချန်မိသားစုခေါင်းဆောင်က သူ့အာဏာကို သူ့သားဆီ တစ်ဖြည်းဖြည်းချင်းဆီ လွှဲပေးနေပြီ။ လူငယ်လေးက ချန်မိသားစု ခေါင်းဆောင် တစ်ယောက်လောက် နီးပါးကို အခွင့်အာဏာရှိနေတာ။ အကယ်၍ ပိုင်ရွှယ်ချင်းသာ စိတ်မကောင်း ဖြစ်ရရင် သူဒီအတိုင်း ဘေးထွက်ထိုင်နေမှာ မဟုတ်ဘူး။

ယန်မြောင်က ရိုးရှင်းတဲ့ စကားလေး တစ်ခွန်းတည်းနဲ့ မြို့ထဲက မိသားစုကြီး ငါးခုထဲက သုံးခုကို ဆန့်ကျင်ပစ်လိုက်ပြီ။ ဒါတောင် ဒေါသထွက်လွန်းလို့ အစိမ်းရောင် ပြောင်းနေတဲ့ သူ့သားနှစ်ယောက် မပါသေးဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကတင် အဖေက သူတို့တွေ သူ့ညီမလေးကို ပုတ်သိုးတဲ့အထိ အလိုလိုက်ထားခဲ့မိတယ်လို့ ပြောခဲ့တာ။

သူမဘက်က ဘယ်လို ပြဿနာပဲ ရှာပါစေ သူမကို ဖုန်းကွယ်ပေးမယ့် ယန်မိသားစု ရှိနေတယ်။ ဒါက သူမရဲ့ အတ္တကို လောင်စာဖြည့်ပေးနေသလို ဖြစ်နေတာမို့လို့ သိပ်ကောင်းတဲ့ အရာတော့ မဟုတ်ဘူး။ ယန်မိသားစုက သူမကို မကူညီနိုင်တဲ့ ဒုက္ခတစ်ခုခုကို နှိုးဆော်မိတဲ့နေ့ရောက်ခဲ့ရင် သူမ ရင်ဆိုင်ရမယ့် အရာအားလုံးက သေခြင်းတရားနဲ့ ပျက်စီးခြင်းပဲ။

ကျေးဇူးတင်စရာ ကောင်းစွာနဲ့ ဒီတစ်ခေါက် သူမက နားဝင်ဆိုးတဲ့ ပုံစံနဲ့ စကားတစ်ခွန်းလောက်ပဲ ပြောခဲ့လို့သာပေါ့။ အကယ်၍ မုကျင်းယွမ်နဲ့ ပိုင်မိသားစုက သူမရဲ့ စကားအတွက် ပြန်ပေးဆပ်ခိုင်းရင်တောင်မှ သူ့အဖေရဲ့ မျက်နှာကို ထောက်ပြီး သူမကို အူတိုင်ထိ ထိခိုက်သွားအောင်တော့ မလုပ်လောက်ဘူး။

ယန်ချုံးအနေနဲ့လည်း ဒီအခွင့်အရေးကို သုံးပြီး သူမကို သင်ခန်းစာ ပေးချင်မိတယ် ပြီးတော့ မျှော်လင့်မိတာက အနာဂတ်မှာ သူမရဲ့ လုပ်ရပ်တွေ စကားတွေအတွက် ပိုပြီးစဉ်းစား ဆင်ခြင်ဉာဏ်လေး ရှိလာအောင်ပဲ

ယန်ချုံးက သူ့သားနှစ်ယောက်ရဲ့ အေးစက်နေသည့် မျက်နှာအား နောက်တစ်ဖန် ပြန်ကြည့်မိသည်။ စိတ်ထဲမှာတော့ ခါးသက်စွာသာ ရယ်မိတော့သည်။ သူ့ဘက်က သူ့ညီမလေးအတွက် ဘယ်လောက်ပဲ အစီအစဉ်တွေ ချပြီး ကြံစည်ပေးပါစေ သူမကတော့ သူ့ကို ဘယ်တော့မှ မစဉ်းစားခဲ့ဘူး။ အကယ်၍ သူမသာ သူ့အပေါ်မှာ ငွေမှုံစာလောက် လေးစားမှုလေး ရှိနေရင်တောင် သူ့သားနဲ့ သူ့သားမက်အပေါ် ဒီလိုမျိုး ဆိုးဆိုးဝါးဝါး ပြောခဲ့မှာမဟုတ်ဘူး။ သူမက ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် သူ့ဇနီးနဲ့ သားအပေါ်မှာပါ ရန်ငြှိုးထားနိုင်သေးတယ်။ သူ့ကိုတောင် ဆန့်ကျင်လာနိုင်နေတာ။ သူ့ဘက်က သူမကို တစ်ချိန်လုံး ကူညီပေးခဲ့တာတွေက ဘာမှ မဟုတ်တော့ဘူးလေ။

အာ, ကံကောင်းလို့ သူ့အဖေ အပေါ်ထပ် တက်သွားလို့သာပေါ့။ အကယ်၍ သူသာ ယန်မြောင်ရဲ့ စကားကို ကြားရင် ဒေါသအမျက် ချောင်းချောင်း ထွက်မိလိမ့်မယ်။ ယန်ချုံးကတော့ သူ့ဖခင်အိုကြီးကို သူမရှိတုန်း ဖြစ်ခဲ့တဲ့ ဒီကိစ္စတွေ ဘယ်လိုပြောပြရမှန်းတောင် မသိတော့ဘူး။ သူ့အဖေရဲ့ ခန္တာကိုယ်က ဒေါသကြောင့် မလဲသွားပါစေနဲ့လို့ပဲ မျှော်လင့်ရမှာပဲ

သူ့ညီမက လက်ရှိကိုပဲ ဂရုစိုက်တာကိုး။ သူမက အနာဂတ်ကို ဘယ်တုန်းကမှ ထည့်သွင်းစဉ်းစားခြင်း မရှိဘူး။ သူမကို ချစ်မြတ်နိုးတဲ့ အဖေနဲ့ အစ်ကိုကြီး အသက်အရွယ် ကြီးရင့်လာခဲ့ရင် သူ့သားကသာ ယန်မိသားစုကို တာဝန်ယူမှာလေ။ သူမက အခု သူတို့နဲ့ ရန်သူဖွဲ့ခဲ့ပြီ။ ကျန်းစုနဲ့ ရွှီးယိုရန်တို့ကို ပြောတဲ့ စကားတိုင်းကလည်း မထီမဲ့မြင်ပြုခြင်းနဲ့ စိတ်ပျက်ခြင်းတွေပဲ ပြည့်နှက်နေခဲ့တာ။

သူမဘက်က မိသားစုလို့ တစ်ခွန်းထွက်တဲ့ အချိန်တိုင်း သူ့သားတွေ အကုန်လုံး မျက်မှောင်ကို တင်းနေအောင် ကြုံ့ထားကြတာကြီးပဲ။ အကယ်၍ ဖြစ်နိုင်မယ် ဆိုရင်သူတို့က သူ့တို့ချစ်သူတွေကိုတောင် သူတို့အဒေါ်နဲ့ ဘယ်တော့မှ ပေးတွေ့မှာ မဟုတ်တော့ဘူး ဟုတ်တယ်မှတ်လား?

သူတို့ ယန်မိသားစုကို ထိန်းသိမ်းပြီးတာနဲ့ သူမနဲ့ ချက်ချင်း မတိုက်ခိုက်ဘူး ဆိုရင်တောင် သတင်းကောင်းဖြစ်နေပြီ။ သူမရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုများ စဉ်းစားကြတော့မှာလဲ? နောက်ပြီး သူ့ညီလေးရဲ့ သမီး ဖေးဖေးလည်း ရှိသေးတယ်။ အရင်တစ်ခေါက် ယန်မြောင် ဖုန်းခေါ်တုန်းက အနားမှာ ဖေးဖေးလည်း ရှိနေခဲ့တယ်။ အဲ့ဒီမိန်းကလေးက ယန်မြောင်ဆီက စကားကို ကြားတော့ သူမရဲ့ နှုတ်ခမ်းတွေက ရှုံ့မဲ့သွားတာမှ အရင်လိုတောင် ပြန်မဖြစ်တော့ဘူး။ အနာဂတ်မှာ ဒီမိန်းကလေးလည်း သူမရဲ့ အဒေါ်အပေါ် ကောင်းကောင်းမဆက်ဆံလောက်ဘူးဆိုတာ သေချာတယ်။

အဲ့ဒါတင်မကဘူး ယန်ချုံးအနေနဲ့ သူ့ညီကလည်း သူ့ညီမနဲ့ ခပ်ခွာခွာ နေနေတာကို ခံစားလို့ ရနိုင်တယ်။ ဟုတ်တာပဲလေ ယန်မြောင်က ဘယ်တုန်းကမှ အဒေါ်တစ်ယောက်လို ပြုမူခြင်း မရှိတဲ့ဟာ။ သူမက ဖေးဖေးဆီက မီးမောင်းထိုးခံရမှုတွေကို ခိုးယူသွားခဲ့တာ။ ကောင်မလေးက မွေးကတည်းက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် စိတ်မကောင်းဖြစ်ပြီး မျက်ရည်ကျခဲ့ရတယ်။

ဖေးဖေးရဲ့ အမေက ဘယ်လိုလုပ် ယန်မြောင်အပေါ် ကြည်သာမှာလဲ? သူ့ညီက သူ့ဇနီးသည်နဲ့ ခိုင်မာတဲ့ နှောင်ကြိုးရှိတယ်။ ဖေးဖေးက သူတို့ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တဲ့အပြင် သူ့မျက်လုံးထဲက ပန်းသီးလေးပဲ။ ယန်မြောင်က သူမအတွက် ဒုတိယအစ်ကို လုပ်ပေးတာတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပဲ အမြဲတမ်း အရာတိုင်းမှာ သူနဲ့ လိုက်ယှဉ်ပြိုင်နေခဲ့တာ။ သူ့ညီလေးက ယန်မြောင်နဲ့ ခပ်ကင်းကင်းနေတာက ပုံမှန်ပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ယန်ချုံးလည်း လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယန်မြောင်နဲ့ ဝေးဝေး မနေခဲ့တာ မဟုတ်ဘူး။ဘယ်လိုဆက်ဆံရေးမျိုးပဲ ဖြစ်နေပါစေ လက်ခုပ်က တစ်ဖက်တည်းပဲ တီးနေလို့ မရဘူးလေ။

အပေါ်က အရာတွေ အားလုံးကို လစ်လျူရှုထားမယ် ဆိုရင်တောင် ယန်မြောင်ရဲ့ အစ်ကိုတွေနဲ့ အဖေတို့အားလုံးက အသက်အရွယ် ရင့်ကျက်လာတဲ့ အချိန်မှာ သူမ တစ်ယောက်တည်းကပဲ သူမဘာသာ ငယ်နေခဲ့တာ။ ဒီမြို့ရဲ့ အနာဂတ်က လူငယ်မျိုးဆက်သစ်လေးတွေရဲ့ လက်ထဲကို ရောက်နေခဲ့ပြီ။

မိသားစုကြီး ငါးခုရဲ့ မြေခွေးအိုကြီးတွေကလည်း သူတို့ရဲ့ အာဏာကို လက်လွှဲပေးနေပြီ။ သူတို့က မတူညီတဲ့ မျိုးဆက်ကြားက အသွင်ကူးပြောင်းဆဲ ကာလကို ရောက်နေကြပြီလေ။ ယန်မြောင်က ဘယ်လိုများ အန္တာရယ်ကို မခံစားရတာလဲ? ယန်ချုံးနဲ့ သူတို့အဖေက သူမ ပိုသတိထားဖို့အတွက် သွယ်ဝိုက်တဲ့ ဆုံးမစကားတွေနဲ့ အရိပ်အမြွက်ပြနေတာပဲ။ ဘယ်လိုများ ယန်မြောင်က ယန်ဟွေနဲ့ ယန်ရန်တို့ကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်ရတာလဲ?

သူတို့ပြောတဲ့ ဆုံးမစကားတွေ အရိပ်အမြွက် ပြတာတွေကိုတောင် သူတို့က အဲ့ဒီ ကောင်လေးတွေကို သူမထက် ပိုပြီး ချစ်ခင်နေလို့ ဆိုပြီးတွေးနေသေးတယ်။ သူမက သူတို့အဒေါ် ဖြစ်တာနဲ့ပဲ ခြွင်းချက်မရှိ ထာဝရ လမ်းတစ်ခု ဖောက်ပေးလိမ့်မယ်လို့ တွေးနေတာလား? ယန်ချုံးတို့ ညီအစ်ကိုကြောင့်သာ မဟုတ်ရင် ဒီကောင်လေး နှစ်ယောက်က အစောကတည်းက သူမကို ပစ်မှတ်ထားပြီးနေလောက်ပြီ!

အကယ်၍ ယန်ချုံးသာ ဖြစ်လာမယ့် အရာကို မကြောက်ရွံ့ဘူးဆိုရင် အစောကတည်းက အနားယူချင်နေတာ။ နေ့တိုင်း ပန်းခြံထဲမှာ အချိန်ကုန်ဆုံးမယ် အိမ်မွေး တိရစ္ဆာန်လေး တစ်ကောင် မွေးမယ်။ သူ့အဖေ ကျန်းမာနေတုန်း သူ့အဖေနဲ့ အတူတူ အချိန်ကုန်ဆုံးချင်တယ်။ ပြီးရင် အလုပ်တွေကြောင့် လစ်လျူရှုထားခဲ့မိတဲ့ သူ့ဇနီးသည်ကို အဲ့ဒီနှစ်တွေအတွက် အလျော်ပေးချင်တယ်။ မမျှော်လင့်ပဲ သူ့ညီမက သူဘယ်လောက် အနစ်နာခံထားရလဲ ဆိုတာကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ နှစ်တွေ ကြာလာခဲ့ပြီလေ။ သူ့ချစ်ခြင်းမေတ္တာနဲ့ ဇောတွေလည်း စပြီး နည်းပါးလာပြီပေါ့။

ယန်မြောင် ထွက်သွားတာနဲ့ တစ်ပြိုင်နက် လေထုက ပိုမိုပေါ့ပါးသွားသည်။ ကျင်းယွမ်နဲ့ တစ်ခြားသူများအားလုံးက ယန်ချုံးအား ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်စကားတစ်ချို့ ပြောပြီးနောက် ထောင်တစ်နေရာအားရှာကာ ယိုရန်တို့ ယန်ရန်တို့နဲ့အတူ စကားသွားပြောနေကြတော့သည်။

"ရိဟန် ငါတောင်းပန်ပါတယ်" ယိုရန်က ပြောလာသည်။

"ငါ့ကြောင့် မင်းကို ရည်ရွယ်တဲ့ မနှစ်မြို့စရာစကားတွေကို ကြားခဲ့ရတယ်"

ယန်ရန်က အပြစ်ရှိစိတ်များဖြင့် သူ့ချစ်သူရဲ့ ပုခုံးအား သိုင်းဖက်ထားမိသည်။

သူက အရမ်းကို အသုံးမကျတာပဲ။ သူ့ယိုရန်လည်း ဒီလိုမျိုးမနှစ်မြို့စရာ ဝေဖန်မှုတွေကို ကြုံတွေခဲ့ရတာပဲ မဟုတ်ဘူးလား?

"အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ?" ရိဟန်က ရယ်သည်။

"ကျေးဇူးပြုပြီး ရှိသမျှ အပြစ်တွေကို ယူနေတာ ရပ်လိုက်ပါတော့လား?"

ရိဟန်က ကျင်းယွမ်ရဲ့ စိတ်မကောင်းဖြစ်နေတဲ့ အမူအယာကို သတိပြုမိသောအခါ သူ့လက်မောင်းအား ညင်ညင်သာသာ ချိတ်တွယ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ မင်းရောပဲ။ မင်းက ဘာလို့ စိတ်မကောင်းဖြစ်နေရသေးတာလဲ? ငါတို့မှာ ငါတို့ဘဝ ရှိတယ်လေ။ တစ်ခြားသူတွေ ဘယ်လို စဉ်းစားလဲ ဆိုတာကို လိုက်ထိန်းချုပ်နေလို့မှ မရတာ။ သူတို့ရဲ့ သဘောထားတွေက ဘာအရေးလဲ။ တစ်စုံတစ်ယောက်ရဲ့ အမြင်ကြောင့် ဒေါသထွက်နေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါလည်း သူမကို အစကတည်းက ကောင်းကောင်းပြောလိမ့်မယ် မမျှော်လင့်ထားဘူးရယ်။ သူမက အတွေးကို ဒီအတိုင်း ထုတ်ပြောလာတာကိုပဲ အံ့အားသင့်မိတာ"

===================
Zaw Gyi

အခန္း(၁၉၇) - သူမဘာလို႔ အနာဂတ္ကို မေတြးတာလဲ။

ေက်ာင္းဟြာမွာ ေျပာေတာ့မယ့္ စကားက ပါးစပ္ဝတင္ တစ္သြားရသည္။ ယန္ေျမာင္ရဲ႔ မ်က္လံုးမ်ားကေတာ့ သရဲတေစၥအား ျမင္လုိက္သလိုမ်ိဳး ျပဳးက်ယ္သြားရေလသည္။ ေဒါသကို ဖိနွိပ္ထားရဆဲျဖစ္သည့္ ယန္ေဟြနဲ႔ ယန္ရန္တို႔ကေတာ့ ပိုင္ယန္ရဲ႔ စကားေၾကာင့္ ထရယ္မိမတတ္ ျဖစ္သြားသည္။ ရိဟန္ရဲ႔ နွုတ္ခမ္းဆီမွလည္း တစ္ခြီးခြီး ရယ္သံ ပိစိေလး ထြက္လာသည္။ ေမွာင္မိုက္ေနသည့္ မ်က္နွာနဲ႔ က်င္းယြမ္ေတာင္မွ ပိုင္ယန္အား လွည့္ၾကည့္လာသည္ေလ။

"ညီအစ္ကိုေရ အဲ့ဒီလို မလုပ္နဲ႔ေလ" က်င္းယြမ္က ခဏရပ္ကာ အေလးအနက္ စဥ္းစားျပီးေနာက္မွာ ထုတ္ေျပာလာသည္။

"ငါတို႔ေတြ အိမ္ေထာင္ျပဳသည္ျဖစ္ေစ မျပဳဘူးျဖစ္ေစ ဘယ္လိုလုပ္ ခြဲျခားလို႔ ရမွာလဲ? အကယ္၍ ငါသာ ပိုင္မိသားစုအိမ္ကို လက္ထပ္ျပီး ဝင္ရမယ္ဆိုရင္ မိသားစုနွစ္ခုက ကြဲျပားသြားမွာ မဟုတ္ဘူးလား?"

"ငါေျပာတာ ငါက ေက်ာင္းဟြာရဲ႔ မိသားစုထဲကို လက္ထပ္ျပီးဝင္မွာလို႔" ပိုင္ယန္က မ်က္လုံးလွန္ျပသည္။

"မင္းကို ပိုင္မိသားစုထဲ လက္ထပ္ဝင္ဖို႔ ေျပာတာ မဟုတ္ဘူး"

(T/N - ပိုင္ယန္က သူ႔ကိုယ္သူ သတို႔သမီး ေနရာက ထားလုိက္တာပါ။ တရုတ္ ထံုးစံအရ မိန္းကေလး ျဖစ္သူက ေယာက်ာ္းေလး ျဖစ္သူရဲ႔ အိမ္ထဲ လက္ထပ္ဝင္ရတာမို႔လို႔ ပိုင္ယန္က ေက်ာင္းဟြာရဲ႔ အိမ္ကို သတို႔သမီးအေနနဲ႔ ဝင္မွာလို႔ ေျပာတာပါ။ အဓိက ကေတာ့ ယန္ေျမာင္က ေယာက်ာ္းေလး သတို႔သမီး ဆိုျပီး အထင္ေသးေနလို႔ပါ)

"အဲ့ဒါေတာ့ မျဖစ္ဘူး" က်င္းယြမ္က ျပန္ေျပာသည္။ သူက ခဏ ရပ္လုိက္ျပီးမွ စကားဆက္၏။

"တကယ္ေတာ့ ငါတို႔ မိသားစုနွစ္ခုသာ ေပါင္းစည္းေနသ၍ အဆင္ေျပပါတယ္" ထို႔ေနာက္သူက ရိဟန္ဘက္ လွည့္သြားသည္။

"ဟန္ဟန္ မင္းေရာ ဘယ္လိုထင္လဲ?"

ရိဟန္မွာ သူ႔ခ်စ္သူက ဒီလို ေလွ်ာက္ေနာက္ေနတဲ့အထဲ ဝင္ပါမယ္လို႔ မထင္လုိက္မိေပ။ ဒီမွာ ဘာကို နွိဳင္းယွဥ္ျပီး ျပိဳင္ဆုိင္ေနစရာ ရွိလို႔လဲ?

"မင္း ငါ့မိသားစုထဲကို လက္ထပ္ျပီး ဝင္စရာ မလိုပါဘူး" ရိဟန္က သူ႔မ်က္နွာအား လက္ေလးနဲ႔ ဖုန္းကာျပီး ျပန္ေျဖသည္။

"ငါတို႔အခုပံုစံကလည္း အဆင္ေျပပါတယ္"

"ဟန္ဟန္က ဟင့္အင္းတဲ့" က်င္းယြမ္က ပိုင္ယန္အား ျပန္လွည့္ၾကည့္ျပီးေျပာသည္။

"မင္းလည္း လက္ထပ္ျပီး မဝင္ရဘူး"

"ဟန္ဟန္ ျငင္းတယ္ ဆိုတာက မင္းကို မထိုက္တန္ဘူး ထင္လို႔ေလ" ပိုင္ယန္က ျပန္ပက္သည္။

"အဲ့ဒါက ငါ့ မဂၤလာေဆာင္နဲ႔ ဘာဆိုင္လို႔လဲ?"

ရိဟန္ "......"

က်င္းယြမ္က မထိုက္တန္ဘူးလို႔ မထင္မိပါဘူး။ အစ္ကိုေရ ဘယ္လိုျဖစ္လို႔ ဒီလိုျဖစ္သြားရတာလဲ? ရန္ျဖစ္ဖို႔ ၾကိဳးစားေနတာလား?

"ဘယ္လိုပဲျဖစ္ျဖစ္ မင္းမလုပ္ရဘူး" က်င္းယြမ္က ေျပာသည္။ "ငါတုိ႔ အိမ္ျပန္ေရာက္မွာ အဲ့ဒီအေၾကာင္း ေျပာၾကတာေပါ့"

ငါ့ဟန္ဟန္က ဘယ္သူ႔ထက္မွ ေလ်ာ့နည္းေနစရာ အေၾကာင္းမရွိဘူး။ တစ္ျခားသူေတြမွာ ရွိတဲ့ဟာ သူ႔မွာလည္း ရွိရမယ္

ယန္ေျမာင္ကေတာ့ လံုးဝကို ၾကက္ေသေသေနသည္။ အာဏာရွိ မိသားစုၾကီး နွစ္ခုရဲ႔ ေခါင္းေဆာင္ေတြျဖစ္တဲ့ ဒီလူနွစ္ေယာက္။ အလွည့္အေျပာင္း ေသးေသးေလး တစ္ခုက အရာအားလံုးကို ေျပာင္းလဲနုိင္တယ္။ ဘယ္လိုမ်ား ဒီလိုကိစၥမ်ိဳးကို ဘာမွ ဂရုမစိုက္ပဲ ေျပာနုိင္ရတာလဲ? သူတို႔အားလံုး အဲ့ဒီေလာက္ေတာင္ အရွက္မဲ့တာလား?

က်င္းယြမ္က ယန္ေျမာင္အား ျပန္ၾကည့္လုိက္သည္။ ထို႔ေနာက္မွာေတာ့ သူမစိတ္အား ဖတ္နုိင္ေနသလိုမ်ိဳး ေအးစက္စက္ စကားစလိုက္၏။

"ဒီကမာၻေပၚက လူတုိင္း ဘယ္သူကမွ ခင္ဗ်ားလို မဟုတ္ဘူး မဒမ္ဟဲ။ ခင္ဗ်ားက ဂုဏ္သိကၡာေတြ မ်က္နွာေတြက ဒီကမာၻေပၚက အ၇ာအားလံုးထက္ ပိုျပီး အေရးၾကီးတယ္လို႔ ထင္ေနတာ။ ထပ္ေျပာရရင္ေတာ့ လူတစ္ေယာက္၇ဲ႔ ဂုဏ္သိကၡာနဲ႔ ဂုဏ္သတင္းဆိုတာ ဘယ္သူက ဘယ္သူ႔ကို လက္ထပ္ယူတယ္ ဘယ္သူက လက္ထပ္ျပီး ဝင္သြားတယ္ ဆုိတာေပၚ မူတည္ေနတာ မဟုတ္ဘူး။ ရိုးသားမွုနဲ႔ ေလးစားမွု ရွိေနသ၍ ဘာကိုမွ ရွက္ေနစရာ မလိုဘူး။ ဆန္႔က်င္ဘက္အေနနဲ႔ေတာ့ ကိုယ့္ ပါတနာအေပၚ သစၥာမ၇ွိတဲ့လူ၊ တစ္ကိုယ္ေကာင္းဆန္တဲ့လူ၊ ေအးစက္ျပီး ဆူးခ်ြန္လို စကားေတြကို ေျပာတတ္တဲ့သူမ်ိဳးကသာ ရွက္သင့္တဲ့လူမ်ိဳး"

"မဒမ္ဟဲ, က်ြန္ေတာ္တို႔ အိမ္ေထာင္ေရးက ဘာပဲျဖစ္ေနပါေစ က်ြန္ေတာ္တိ္ု႔က ခင္ဗ်ားအိမ္မွာ ေနေနတာ မဟုတ္ဘူး။ ေက်းဇူးျပဳျပီး က်ြန္ေတာ္တို႔ ကိစၥကို ဝင္မပါပါနဲ႔။ အကယ္၍ အခ်ိန္အားေနရင္ ကိုယ့္မိသားစုကိုယ္သာ အရင္ဆံုး ဂရုစိုက္ေနသင့္တယ္"

သူမရဲ႔ မိသားစု? သူမရဲ႔ မိသားစုက ဘာျဖစ္ေနလို႔လဲ?

ယန္ေျမာင္က စိတ္ထဲမွာ ေအးစက္စက္ နွာေခါင္းရွံဳ႔လိုက္သည္။

သူမရဲ႔ ခင္ပြန္းသည္က သူမကို ခ်စ္တယ္။ ကေလးေတြကလည္း လိမ္မာတယ္ ဉာဏ္ေကာင္းတယ္။ ဒီျမိဳ႔ထဲက လူတုိင္း သူမကို ေလးစားျပီး အားက်ၾကတယ္။ သူမက ဘာကို စိတ္ပူရမွာလဲ? ဒီလူက ေျပာစရာ စကားမရွိေတာ့ဘူးလား?

ယန္ခ်ံဳးသည္ သူ႔ညီမက စကားေျပာဖို႔ ပါးစပ္ျပင္ေနသည္အား ျမင္ေသာအခါ ကမန္းကတန္း လွမ္းပိတ္ေျပာလုိက္သည္။

"Mr မု , Mr ပိုင္, သူမရဲ႔ စကားၾကမ္းေတြအေပၚ စိတ္ထဲ မထည့္ပါနဲ႔ဗ်ာ။ အေဖနဲ႔ ငါက သူမကို အရမ္း အလိုလုိက္ထားမိလို႔ သူမ စကားေျပာတဲ့အခါ ဘယ္ေတာ့မွ ေရွ႔ေနာက္ မစဥ္းစားတတ္ဘူး။ ေက်းဇူးျပဳလုိ႔ သူမကို လစ္လ်ဴရွဳေပးပါ"

ယန္ေျမာင္သည္ သူမရဲ႔ အစ္ကိုက သူမကို ဆိုးဆိုးဝါးဝါး ေျပာေနသည္အား ၾကားေသာအခါ ေဒါသမ်ား ေတာက္ေလာင္လာရသည္။ သို႔ေပမယ့္ ဒီအခ်ိန္မွာေတာ့ တစ္ခုခု ထေျပာဖို႔ သတၱိမရွိေပ။ သူမ လုပ္နုိင္သမ်ွက ဟဲယြမ္ရဲ႔ လက္ေမာင္းအား ျပင္းျပင္းထန္ထန္ ဆြဲဆိတ္လုိက္ျခင္းသာ။

ဟမ့္, သူရဲေဘာေၾကာင္တဲ့လူ! ဒီလူေတြ အကုန္လံုးက သူတို႔ရဲ႔ ခ်စ္သူေတြအတြက္ ရင္ဆုိင္တုိက္ခိုက္ေပးေနၾကတယ္။ ဒီလူကေတာ့ အေနာက္မွာပဲ ပုန္းေနျပီး စကားေျပာဖို႔ကိုေတာင္ အရမ္းေၾကာက္ေနေသးတယ္!

ဟဲယြမ္သည္ သူ႔လက္ေမာင္းဆီမွ စူးစူးရွရွ နာက်င္မွုအား ခံစားလိုက္ရသည္။ ၎က သူ႔အား ေဒါသထြက္သြားေစ၏။

ဒီငတံုး မိန္းမက မုက်င္းယြမ္နဲ႔ ပိုင္ယန္ရဲ႔ ေရွ႔မွာ ပိုင္သခင္ေလးကို ေဝဖန္ရဲတဲ့အထိ ရူးနွမ္းလြန္းတယ္။ သူမရ႔ အစ္ကိုက သူမကို စကားေျပာတဲ့အခ်ိန္ စဥ္းစားဆင္ျခင္ဉာဏ္ မရွိတဲ့သူပါလို႔ ေျပာတာကတင္ ေတာ္ေတာ္ေလး ၾကင္နာေနျပီ! ဒီမိန္းမက ေဘးဥပါဒ္တစ္ခုကို စတင္လုိက္တာေတာင္ ေဒါသေတြကို သူ႔ဆီ လာျပီးေျဖေလ်ာ့ေနတယ္! အကယ္၍ ဒီမိန္းမသာ ယန္မိသားစုရဲ႔ သမီး မဟုတ္ဘူးဆိုရင္ ျမိဳ႔ထဲကေန ျမိဳ႔ျပင္ထိ ပါးရိုက္ျပီးေတာ့ေတာင္ ေခၚထုတ္သြားေလာက္ျပီ! သူ႔ကို ေၾကာက္ရြံ႔ေနမယ့္ အခြင့္အေရးေတာင္ ရလုိက္မွာ မဟုတ္ဘူး!

"အရမ္းယဥ္ေက်းလြန္းေနပါျပီ" က်င္းယြမ္က အျပံဳးေဖ်ာ့ေဖ်ာ့ေလးနဲ႔ ျပန္ေျပာသည္။

"မဒမ္ဟဲက စိတ္ခံစားခ်က္ ဆိုးဝါးေနလို႔ သူမရဲ႔ ေဒါသေတြကို ရိဟန္ဆီ ပံုခ်လုိက္တာ ျဖစ္မွာပါ"

ယန္ခ်ံဳးက ေျခာက္ကပ္ကပ္ ျပံဳးသည္။

"သူမ မလုပ္ပါဘူး။ ဒီျမိဳ႔ထဲမွာ ရိဟန္အေပၚ ဘယ္သူကေဒါသ ပံုခ်ရဲမွာလဲ?, Mr မု နဲ႔ Mr ပိုင္တင္ပဲ ခြင့္မျပဳတာ မဟုတ္ဘူး။ ငါ့အေဖကလည္း ခြင့္ျပဳမွာ မဟုတ္ဘူး" ထိုသို႔ေျပာရင္းျဖင့္ သူက ဟဲယြမ္အား တစ္ခ်က္ ၾကည့္လုိက္သည္။

ဟဲယြမ္က ထိုအၾကည့္အား ျမင္ေသာအခါ အလ်င္စလိုျဖင့္ ယန္ေျမာင္ရဲ႔ လက္ေမာင္းအား ဆုပ္ကိုင္လုိက္ျပီး က်င္းယြမ္နဲ႔ က်န္တဲ့သူမ်ားအား ေျပာလာ၏။

"Mr မု, ပိုင္သခင္ေလး, Mr ပိုင္, က်ြန္ေတာ္တို႔ စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္။ ေျမာင္ေျမာင္က ဒီေန႔ မသက္မသာ ခံစားေနရလို႔။ ေက်းဇူးျပဳျပီး ခြင့္လႊတ္ေပးပါဗ်ာ။ က်ြန္ေတာ္တို႔ အရင္ ျပန္နွင့္လုိက္ပါ့မယ္"

ဟဲယြမ္ရဲ႔ လက္က ယန္ေျမာင္ရဲ႔ လက္ေမာင္းေပၚ ေရာက္တာနဲ႔ ယန္ေျမာင္က ခ်က္ခ်င္းရုန္းထြက္ပစ္သည္။ သူမက သူ႔အား စူးစူးဝါးဝါး စိုက္ၾကည့္လုိက္ေသာ္လည္း သူမရဲ႔ ခင္ပြန္းသည္က အသနားခံသည့္ မ်က္လံုးမ်ားျဖင့္ ျပန္ၾကည့္ေနသည္။ ဒီမွာဆက္ေနရင္လည္း ေကာင္းလာစရာ မရွိဘူးေလ။ ထို႔ေၾကာင့္ ဟဲယြမ္က သူမကို ေနာက္တစ္ေခါက္ ျပန္ကိုင္လာတဲ့အခါမွာ သူမက ဆက္မရုန္းေတာ့။ ေခါင္းကို ျမင့္ျမင့္ေမာ့ရင္းျဖင့္သာ သူ႔ေနာက္က လုိက္သြားဖို႔ ဆံုးျဖတ္လုိက္သည္။

က်င္းယြမ္ရဲ႔ နွုတ္ခမ္းပါးက လိုင္းတစ္ခု အသြင္ ေျပာင္းသြားသည္။ ယန္ေျမာင္ထြက္သြားသည္အား စိုက္ၾကည့္ေနရင္း သူ႔မ်က္လံုးမ်ား က်ဥ္းေျမာင္းသြား၏။

ပိုင္ယန္သည္လည္း ယန္ေျမာင္အား လွည့္ၾကည့္ကာ သူ႔နွုတ္ခမ္း ေထာင့္စြန္းေလးနားက အျပံဳးမမည္သည့္ အျပံဳးတစ္ခု ေဝေဝဝါးဝါး ေပၚသြားသည္။

ယန္ခ်ံဳးက ထိုလူနွစ္ေယာက္အား ၾကည့္ကာ သက္ျပင္းခ်မိသည္။ သူ႔ညီမက တစ္ခ်က္ပဲ လွုပ္ရွားလုိက္တာ တုိက္တိုက္ဆုိင္ဆိုင္ က်င္းယြမ္နဲ႔ ပိုင္မိသားစုရဲ႔ 'အမ်က္အေၾကးခြံ' ကိုမွ သြားကန္မိရတယ္လို႔။ သူမက လူနွစ္ေယာက္တည္းကိုပဲ ဆန္႔က်င္လို္က္တာ မဟုတ္ဘူး။ သူမက ကြင္းဆက္တုန္႔ျပန္မွု တစ္ခုကို အစျပဳလုိက္မိတာပဲ။

ၾကည့္တာနဲ႔တင္ မုက်င္းယြမ္နဲ႔ ပိုင္မိသားစုက သူမကို အလြယ္တကူ လႊတ္ေပးမွာ မဟုတ္ေလာက္ဘူး။ အကယ္၍ သူက သူမကို ကူညီခ်င္ရင္ေတာင္ သူလည္း ကူကယ္ရာမဲ့ေနမိတယ္။ အကယ္၍ သူ႔ ညီမသာ သူတို႔အေဖရဲ႔ စကားကို နားေထာင္ျပီး ေဒါသကို နည္းနည္းေလာက္ ထပ္ထိန္းထားနုိင္ခဲ့မယ္ ဆိုရင္ တစ္ေခါက္တည္းနဲ႔ လူအမ်ားၾကီးကို ဆန္႔က်င္မိမွာ မဟုတ္ဘူး။ သူမ ဆန္႔က်င္တာက တစ္ျခားသူဆိုရင္ ေတာ္ေသးတယ္။ ယန္မိသားစုက သူတို႔ကို ေနာက္ျပန္ဆုတ္ေအာင္ လုပ္လုိ႔ ရနုိင္တယ္။ ဒါေပမဲ့ အခုေတာ့ သူမ ဆန္႔က်င္လိုက္တဲ့ မိသားစု နွစ္ခုလံုးက ယန္မိသားစုနဲ႔ တန္းတူ ရပ္တည္နုိင္တဲ့ သူေတြၾကီးပဲ။ ဒါေတာင္ပိုင္မိသားစုရဲ႔ လက္ထပ္ပြဲအရ ဆက္စပ္ေနတဲ့ ခ်န္မိသားစုကို ထည့္မတြက္ရေသးဘူး။

ယန္ခ်ံဳးက ခ်န္သခင္ေလးနားမွာ ျပံဳးျပီး ရပ္ေနသည့္ ပိုင္ရႊယ္ခ်င္းအား လွမ္းၾကည့္မိသည္။ သူမသာ ဒီအေၾကာင္း သိသြားရင္ ေပါက္ကြဲသြားခဲ့မွာ။ ဒီနွစ္ အစတုန္းက သူ႔အေဖ ေမြးေန႔ပြဲမွာ ျဖစ္ခဲ့တဲ့ ကိစၥမွာ ဖုန္းခ်ြင္ ဘာျဖစ္သြားခဲ့မွန္း ဘယ္သူမွ မမွတ္မိၾကေတာ့ဘူး မဟုတ္ဘူးလား? ဒီမိန္းကေလးက ဘယ္သူမွန္တယ္ မွားတယ္ဆိုတာ ဂရုစိုက္ မေနဘူး။ သူမက ေနရာမွာတင္ ဖုန္းခ်ြင္ကို လည္ပင္းညွစ္သတ္ခ်င္ခဲ့တာ!

ခ်န္မိသားစုက သခင္ေလးကလည္း ပိုင္ရႊယ္ခ်င္းကို နွစ္ေပါင္းမ်ားစြာ ခ်စ္ခင္ စံုမက္ေနခဲ့တာ။ အကယ္၍ သူမလူသတ္မႈတစ္ခုက်ဴးလြန္ခဲ့မယ္ ဆိုရင္ေတာင္ သူက အေလာင္းကို သၿဂႋဳဟ္ခြင့္အတြက္ တိုက္ပြဲဝင္မယ့္သူမ်ိဳး။ ပိုင္ရႊယ္ခ်င္းရဲ႔ လက္သည္းေလး တစ္ေခ်ာင္း က်ိဳးသြားတာကိုေတာင္ ခ်န္ထ်န္းေယာင္က ဖုန္းခ်ြင္ရဲ႔ အရိုးသံုးေခ်ာင္းကို ခ်ိဳးပစ္ခဲ့တာ။ ဒါနဲ႔တင္ ပိုင္သခင္မေလးက သူ႔အတြက္ ဘယ္ေလာက္ အေရးၾကီးလဲ ရွင္းေနျပီ။

ခ်န္မိသားစုကလည္း ေခါင္းေဆာင္ အေျပာင္းအလဲ ကာလ ျဖစ္ေနတာေလ။ လက္ရွိ ခ်န္မိသားစုေခါင္းေဆာင္က သူ႔အာဏာကို သူ႔သားဆီ တစ္ျဖည္းျဖည္းခ်င္းဆီ လႊဲေပးေနျပီ။ လူငယ္ေလးက ခ်န္မိသားစု ေခါင္းေဆာင္ တစ္ေယာက္ေလာက္ နီးပါးကို အခြင့္အာဏာရွိေနတာ။ အကယ္၍ ပိုင္ရႊယ္ခ်င္းသာ စိတ္မေကာင္း ျဖစ္ရရင္ သူဒီအတုိင္း ေဘးထြက္ထုိ္င္ေနမွာ မဟုတ္ဘူး။

ယန္ေျမာင္က ရိုးရွင္းတဲ့ စကားေလး တစ္ခြန္းတည္းနဲ႔ ျမိဳ႔ထဲက မိသားစုၾကီး ငါးခုထဲက သံုးခုကို ဆန္႔က်င္ပစ္လုိက္ျပီ။ ဒါေတာင္ ေဒါသထြက္လြန္းလို႔ အစိမ္းေရာင္ ေျပာင္းေနတဲ့ သူ႔သားနွစ္ေယာက္ မပါေသးဘူး။ လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းကတင္ အေဖက သူတို႔ေတြ သူ႔ညီမေလးကို ပုတ္သိုးတဲ့အထိ အလိုလိုက္ထားခဲ့မိတယ္လို႔ ေျပာခဲ့တာ။

သူမဘက္က ဘယ္လို ျပႆနာပဲ ရွာပါေစ သူမကို ဖုန္းကြယ္ေပးမယ့္ ယန္မိသားစု ရွိေနတယ္။ ဒါက သူမရဲ႔ အတၱကို ေလာင္စာျဖည့္ေပးေနသလုိ ျဖစ္ေနတာမို႔လို႔ သိပ္ေကာင္းတဲ့ အရာေတာ့ မဟုတ္ဘူး။ ယန္မိသားစုက သူမကို မကူညီႏိုင္တဲ့ ဒုကၡတစ္ခုခုကို ႏႈိးေဆာ္မိတဲ့ေန႔ေရာက္ခဲ့ရင္ သူမ ရင္ဆိုင္ရမယ့္ အရာအားလုံးက ေသျခင္းတရားနဲ႔ ပ်က္စီးျခင္းပဲ။

ေက်းဇူးတင္စရာ ေကာင္းစြာနဲ႔ ဒီတစ္ေခါက္ သူမက နားဝင္ဆိုးတဲ့ ပံုစံနဲ႔ စကားတစ္ခြန္းေလာက္ပဲ ေျပာခဲ့လို႔သာေပါ့။ အကယ္၍ မုက်င္းယြမ္နဲ႔ ပိုင္မိသားစုက သူမရဲ႔ စကားအတြက္ ျပန္ေပးဆပ္ခိုင္းရင္ေတာင္မွ သူ႔အေဖရဲ႔ မ်က္နွာကို ေထာက္ျပီး သူမကို အူတိုင္ထိ ထိခိုက္သြားေအာင္ေတာ့ မလုပ္ေလာက္ဘူး။

ယန္ခ်ံဳးအေနနဲ႔လည္း ဒီအခြင့္အေရးကို သံုးျပီး သူမကို သင္ခန္းစာ ေပးခ်င္မိတယ္ ျပီးေတာ့ ေမ်ွာ္လင့္မိတာက အနာဂတ္မွာ သူမရဲ႔ လုပ္ရပ္ေတြ စကားေတြအတြက္ ပိုျပီးစဥ္းစား ဆင္ျခင္ဉာဏ္ေလး ရွိလာေအာင္ပဲ

ယန္ခ်ံဳးက သူ႔သားနွစ္ေယာက္ရဲ႔ ေအးစက္ေနသည့္ မ်က္နွာအား ေနာက္တစ္ဖန္ ျပန္ၾကည့္မိသည္။ စိတ္ထဲမွာေတာ့ ခါးသက္စြာသာ ရယ္မိေတာ့သည္။ သူ႔ဘက္က သူ႔ညီမေလးအတြက္ ဘယ္ေလာက္ပဲ အစီအစဥ္ေတြ ခ်ျပီး ၾကံစည္ေပးပါေစ သူမကေတာ့ သူ႔ကို ဘယ္ေတာ့မွ မစဥ္းစားခဲ့ဘူး။ အကယ္၍ သူမသာ သူ႔အေပၚမွာ ေငြမွံဳစာေလာက္ ေလးစားမွဳေလး ရွိေနရင္ေတာင္ သူ႔သားနဲ႔ သူ႔သားမက္အေပၚ ဒီလိုမ်ိဳး ဆိုးဆိုးဝါးဝါး ေျပာခဲ့မွာမဟုတ္ဘူး။ သူမက ဒီေန႔ ျဖစ္ခဲ့တဲ့ ကိစၥအတြက္ သူ႔ဇနီးနဲ႔ သားအေပၚမွာပါ ရန္ျငွိဳးထားနုိင္ေသးတယ္။ သူ႔ကိုေတာင္ ဆန္႔က်င္လာနိုင္ေနတာ။ သူ႔ဘက္က သူမကို တစ္ခ်ိန္လံုး ကူညီေပးခဲ့တာေတြက ဘာမွ မဟုတ္ေတာ့ဘူးေလ။

အာ, ကံေကာင္းလို႔ သူ႔အေဖ အေပၚထပ္ တက္သြားလို႔သာေပါ့။ အကယ္၍ သူသာ ယန္ေျမာင္ရဲ႔ စကားကို ၾကားရင္ ေဒါသအမ်က္ ေခ်ာင္းေခ်ာင္း ထြက္မိလိမ့္မယ္။ ယန္ခ်ံဳးကေတာ့ သူ႔ဖခင္အိုၾကီးကို သူမရွိတုန္း ျဖစ္ခဲ့တဲ့ ဒီကိစၥေတြ ဘယ္လိုေျပာျပရမွန္းေတာင္ မသိေတာ့ဘူး။ သူ႔အေဖရဲ႔ ခႏာၱကိုယ္က ေဒါသေၾကာင့္ မလဲသြားပါေစနဲ႔လို႔ပဲ ေမ်ွာ္လင့္ရမွာပဲ

သူ႔ညီမက လက္ရွိကုိပဲ ဂရုစိုက္တာကိုး။ သူမက အနာဂတ္ကို ဘယ္တုန္းကမွ ထည့္သြင္းစဥ္းစားျခင္း မရွိဘူး။ သူမကို ခ်စ္ျမတ္နုိးတဲ့ အေဖနဲ႔ အစ္ကိုၾကီး အသက္အရြယ္ ၾကီးရင့္လာခဲ့ရင္ သူ႔သားကသာ ယန္မိသားစုကို တာဝန္ယူမွာေလ။ သူမက အခု သူတို႔နဲ႔ ရန္သူဖြဲ႔ခဲ့ျပီ။ က်န္းစုနဲ႔ ရႊီးယိုရန္တို႔ကို ေျပာတဲ့ စကားတိုင္းကလည္း မထီမဲ့ျမင္ျပဳျခင္းနဲ႔ စိတ္ပ်က္ျခင္းေတြပဲ ျပည့္နွက္ေနခဲ့တာ။

သူမဘက္က မိသားစုလို႔ တစ္ခြန္းထြက္တဲ့ အခ်ိန္တုိင္း သူ႔သားေတြ အကုန္လံုး မ်က္ေမွာင္ကို တင္းေနေအာင္ ၾကံဳ႔ထားၾကတာၾကီးပဲ။ အကယ္၍ ျဖစ္နုိင္မယ္ ဆိုရင္သူတို႔က သူ႔တို႔ခ်စ္သူေတြကိုေတာင္ သူတို႔အေဒၚနဲ႔ ဘယ္ေတာ့မွ ေပးေတြ႔မွာ မဟုတ္ေတာ့ဘူး ဟုတ္တယ္မွတ္လား?

သူတို႔ ယန္မိသားစုကို ထိန္းသိမ္းျပီးတာနဲ႔ သူမနဲ႔ ခ်က္ခ်င္း မတိုက္ခုိက္ဘူး ဆိုရင္ေတာင္ သတင္းေကာင္းျဖစ္ေနျပီ။ သူမရဲ႔ လိုအင္ဆႏၵေတြကို ျဖည့္ဆည္းေပးဖို႔ ဘယ္လိုမ်ား စဥ္းစားၾကေတာ့မွာလဲ? ေနာက္ျပီး သူ႔ညီေလးရဲ႔ သမီး ေဖးေဖးလည္း ရွိေသးတယ္။ အရင္တစ္ေခါက္ ယန္ေျမာင္ ဖုန္းေခၚတုန္းက အနားမွာ ေဖးေဖးလည္း ရွိေနခဲ့တယ္။ အဲ့ဒီမိန္းကေလးက ယန္ေျမာင္ဆီက စကားကို ၾကားေတာ့ သူမရဲ႔ နွုတ္ခမ္းေတြက ရွံဳ႔မဲ့သြားတာမွ အရင္လုိေတာင္ ျပန္မျဖစ္ေတာ့ဘူး။ အနာဂတ္မွာ ဒီမိန္းကေလးလည္း သူမရဲ႔ အေဒၚအေပၚ ေကာင္းေကာင္းမဆက္ဆံေလာက္ဘူးဆိုတာ ေသခ်ာတယ္။

အဲ့ဒါတင္မကဘူး ယန္ခ်ံဳးအေနနဲ႔ သူ႔ညီကလည္း သူ႔ညီမနဲ႔ ခပ္ခြာခြာ ေနေနတာကို ခံစားလို႔ ရနုိင္တယ္။ ဟုတ္တာပဲေလ ယန္ေျမာင္က ဘယ္တုန္းကမွ အေဒၚတစ္ေယာက္လို ျပဳမူျခင္း မရွိတဲ့ဟာ။ သူမက ေဖးေဖးဆီက မီးေမာင္းထိုးခံရမွုေတြကို ခိုးယူသြားခဲ့တာ။ ေကာင္မေလးက ေမြးကတည္းက အႀကိမ္ေပါင္းမေရမတြက္ႏိုင္ေအာင္ စိတ္မေကာင္းျဖစ္ျပီး မ်က္ရည္က်ခဲ့ရတယ္။

ေဖးေဖးရဲ႔ အေမက ဘယ္လိုလုပ္ ယန္ေျမာင္အေပၚ ၾကည္သာမွာလဲ? သူ႔ညီက သူ႔ဇနီးသည္နဲ႔ ခိုင္မာတဲ့ ေနွာင္ၾကိဳးရွိတယ္။ ေဖးေဖးက သူတို႔ရဲ႔ တစ္ဦးတည္းေသာ သမီးျဖစ္တဲ့အျပင္ သူ႔မ်က္လံုးထဲက ပန္းသီးေလးပဲ။ ယန္ေျမာင္က သူမအတြက္ ဒုတိယအစ္ကို လုပ္ေပးတာေတြကို ဘယ္တုန္းကမွ ဂရုမစိုက္ခဲ့ပဲ အျမဲတမ္း အရာတုိင္းမွာ သူနဲ႔ လိုက္ယွဥ္ျပိဳင္ေနခဲ့တာ။ သူ႔ညီေလးက ယန္ေျမာင္နဲ႔ ခပ္ကင္းကင္းေနတာက ပံဳမွန္ပါပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ယန္ခ်ံဳးလည္း လြန္ခဲ့တဲ့ နွစ္ေတြတုန္းက ယန္ေျမာင္နဲ႔ ေဝးေဝး မေနခဲ့တာ မဟုတ္ဘူး။ဘယ္လိုဆက္ဆံေရးမ်ိဳးပဲ ျဖစ္ေနပါေစ လက္ခုပ္က တစ္ဖက္တည္းပဲ တီးေနလို႔ မရဘူးေလ။

အေပၚက အရာေတြ အားလံုးကို လစ္လ်ဴရွဳထားမယ္ ဆိုရင္ေတာင္ ယန္ေျမာင္ရဲ႔ အစ္ကိုေတြနဲ႔ အေဖတို႔အားလံုးက အသက္အရြယ္ ရင့္က်က္လာတဲ့ အခ်ိန္မွာ သူမ တစ္ေယာက္တည္းကပဲ သူမဘာသာ ငယ္ေနခဲ့တာ။ ဒီျမိဳ႔ရဲ႔ အနာဂတ္က လူငယ္မ်ိဳးဆက္သစ္ေလးေတြရဲ႔ လက္ထဲကို ေရာက္ေနခဲ့ျပီ။

မိသားစုၾကီး ငါးခုရဲ႔ ေျမေခြးအိုၾကီးေတြကလည္း သူတို႔ရဲ႔ အာဏာကို လက္လႊဲေပးေနျပီ။ သူတို႔က မတူညီတဲ့ မ်ိဳးဆက္ၾကားက အသြင္ကူးေျပာင္းဆဲ ကာလကို ေရာက္ေနၾကျပီေလ။ ယန္ေျမာင္က ဘယ္လိုမ်ား အႏာၱရယ္ကို မခံစားရတာလဲ? ယန္ခ်ံဳးနဲ႔ သူတို႔အေဖက သူမ ပိုသတိထားဖို႔အတြက္ သြယ္ဝိုက္တဲ့ ဆံုးမစကားေတြနဲ႔ အရိပ္အျမြက္ျပေနတာပဲ။ ဘယ္လိုမ်ား ယန္ေျမာင္က ယန္ေဟြနဲ႔ ယန္ရန္တို႔ကို ၾကမ္းၾကမ္းတမ္းတမ္း တိုက္ခုိက္နုိင္ရတာလဲ?

သူတို႔ေျပာတဲ့ ဆံုးမစကားေတြ အရိပ္အျမြက္ ျပတာေတြကိုေတာင္ သူတို႔က အဲ့ဒီ ေကာင္ေလးေတြကို သူမထက္ ပိုျပီး ခ်စ္ခင္ေနလို႔ ဆိုျပီးေတြးေနေသးတယ္။ သူမက သူတို႔အေဒၚ ျဖစ္တာနဲ႔ပဲ ျခြင္းခ်က္မရွိ ထာဝရ လမ္းတစ္ခု ေဖာက္ေပးလိမ့္မယ္လို႔ ေတြးေနတာလား? ယန္ခ်ံဳးတို႔ ညီအစ္ကိုေၾကာင့္သာ မဟုတ္ရင္ ဒီေကာင္ေလး နွစ္ေယာက္က အေစာကတည္းက သူမကို ပစ္မွတ္ထားျပီးေနေလာက္ျပီ!

အကယ္၍ ယန္ခ်ံဳးသာ ျဖစ္လာမယ့္ အရာကို မေၾကာက္ရြံ႔ဘူးဆိုရင္ အေစာကတည္းက အနားယူခ်င္ေနတာ။ ေန႔တုိင္း ပန္းျခံထဲမွာ အခ်ိန္ကုန္ဆံုးမယ္ အိမ္ေမြး တိရစာၦန္ေလး တစ္ေကာင္ ေမြးမယ္။ သူ႔အေဖ က်န္းမာေနတုန္း သူ႔အေဖနဲ႔ အတူတူ အခ်ိန္ကုန္ဆံုးခ်င္တယ္။ ျပီးရင္ အလုပ္ေတြေၾကာင့္ လစ္လ်ဴရွဳထားခဲ့မိတဲ့ သူ႔ဇနီးသည္ကို အဲ့ဒီနွစ္ေတြအတြက္ အေလ်ာ္ေပးခ်င္တယ္။ မေမ်ွာ္လင့္ပဲ သူ႔ညီမက သူဘယ္ေလာက္ အနစ္နာခံထားရလဲ ဆုိတာကို ဘယ္တုန္းကမွ နားမလည္ခဲ့ဘူး။ နွစ္ေတြ ၾကာလာခဲ့ျပီေလ။ သူ႔ခ်စ္ျခင္းေမတၱာနဲ႔ ေဇာေတြလည္း စျပီး နည္းပါးလာျပီေပါ့။

ယန္ေျမာင္ ထြက္သြားတာနဲ႔ တစ္ျပိဳင္နက္ ေလထုက ပိုမိုေပါ့ပါးသြားသည္။ က်င္းယြမ္နဲ႔ တစ္ျခားသူမ်ားအားလံုးက ယန္ခ်ံဳးအား ယဥ္ယဥ္ေက်းေက်း နွုတ္ဆက္စကားတစ္ခ်ိဳ႔ ေျပာျပီးေနာက္ ေထာင္တစ္ေနရာအားရွာကာ ယိုရန္တို႔ ယန္ရန္တို႔နဲ႔အတူ စကားသြားေျပာေနၾကေတာ့သည္။

"ရိဟန္ ငါေတာင္းပန္ပါတယ္" ယိုရန္က ေျပာလာသည္။

"ငါ့ေၾကာင့္ မင္းကို ရည္ရြယ္တဲ့ မနွစ္ျမိဳ႔စရာစကားေတြကို ၾကားခဲ့ရတယ္"

ယန္ရန္က အျပစ္ရွိစိတ္မ်ားျဖင့္ သူ႔ခ်စ္သူရဲ႔ ပုခံုးအား သိုင္းဖက္ထားမိသည္။

သူက အရမ္းကို အသံုးမက်တာပဲ။ သူ႔ယိုရန္လည္း ဒီလိုမ်ိဳးမႏွစ္ၿမိဳ႕စရာ ေဝဖန္မွုေတြကို ၾကံဳေတြခဲ့ရတာပဲ မဟုတ္ဘူးလား?

"အဲဒါက မင္းနဲ႔ ဘာဆုိင္လို႔လဲ?" ရိဟန္က ရယ္သည္။

"ေက်းဇူးျပဳျပီး ရွိသမွ် အျပစ္ေတြကို ယူေနတာ ရပ္လုိက္ပါေတာ့လား?"

ရိဟန္က က်င္းယြမ္ရဲ႔ စိတ္မေကာင္းျဖစ္ေနတဲ့ အမူအယာကို သတိျပဳမိေသာအခါ သူ႔လက္ေမာင္းအား ညင္ညင္သာသာ ခ်ိတ္တြယ္လိုက္ျပီး ေျပာလုိက္သည္။

"ေကာင္းျပီ မင္းေရာပဲ။ မင္းက ဘာလို႔ စိတ္မေကာင္းျဖစ္ေနရေသးတာလဲ? ငါတို႔မွာ ငါတုိ႔ဘဝ ရွိတယ္ေလ။ တစ္ျခားသူေတြ ဘယ္လို စဥ္းစားလဲ ဆိုတာကို လုိက္ထိန္းခ်ဳပ္ေနလို႔မွ မရတာ။ သူတို႔ရဲ႕ သေဘာထားေတြက ဘာအေရးလဲ။ တစ္စုံတစ္ေယာက္ရဲ႕ အျမင္ေၾကာင့္ ေဒါသထြက္ေနဖို႔ မလိုပါဘူး။ ဘာပဲျဖစ္ျဖစ္ ငါလည္း သူမကို အစကတည္းက ေကာင္းေကာင္းေျပာလိမ့္မယ္ မေမွ်ာ္လင့္ထားဘူးရယ္။ သူမက အေတြးကို ဒီအတိုင္း ထုတ္ေျပာလာတာကိုပဲ အ့ံအားသင့္မိတာ"

===================

Continue lendo

Você também vai gostar

1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...
938K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
344K 27.3K 29
Mini Story Uni Life Style Sweet Romance
60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...